၁၄၃။ ရောဂါကို ကိုင်တွယ်သည့် နည်းလမ်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) လူသားမျိုးနွယ်သည် စာတန်၏ဖျက်ဆီးခြင်းကို အလွန် ပြင်းထန်စွာ ခံရပြီးဖြစ်သည်မှာ မကြာခဏ ရောဂါဖြစ်ခြင်းသည် ၎င်းတို့အတွက် စံဖြစ်လာသည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ညည်းညူခြင်းနှင့် အပြစ်တင်ခြင်းမရှိဘဲ၊ ဖောက်ပြန်ပျက်စီးခြင်းကို မည်သို့ဖြေရှင်းရမည်ဆိုသည်နှင့်ပတ်သက်ပြီး ထိုရောဂါများမှ သင်ခန်းစာ ယူသင့်သည်။

(၂) တစ်စုံတစ်ဦးသည် ကံအားလျော်စွာဖြစ်ခြင်းအားဖြင့် ပြင်းထန်သည့်ရောဂါတစ်ခုကို မရရှိပေ။ နာမကျန်းဖြစ်ခြင်းတွင် တစ်စုံတစ်ဦးသည် ဘုရားသခင် ရှေ့မှောက်သို့ သွားပြီး ၎င်းတို့သည် လွန်ကျူးသောအပြစ်အချို့ ကျူးလွန်ပြီးခြင်းရှိမရှိ စစ်ဆေးကာ၊ နောင်တရခြင်း၌ သူ့ထံ ဝန်ခံသင့်သည်။

(၃) ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ရောဂါ၏ မျက်မှောက် ဖြစ်သည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ကို ကျိုးနွံနာခံသင့်သည်၊ နေမကောင်းသည့်အခါတွင်ပင် ၎င်းတို့၏တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး၊ အဆုံးထိ သစ္စာရှိမြဲ ရှိသင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့်သာလျှင် ဘုရားသခင်၏ လက်ခံနိုင်ဖွယ် ဖြစ်လေသည်။

(၄) နေမကောင်းသည့်အခါ၊ ဆေးကုသမှုခံယူဖို့ဖြစ်စေ၊ ယုံကြည်မှု တစ်ခုတည်းကို ကိုးစားဖို့ဖြစ်စေမှာ ဒုက္ခခံစားရသူ၏ ရွေးချယ်မှုဖြစ်သည်။ အရေးအကြီးဆုံးမှာ မိမိကိုယ်ကိုယ် သိနိုင်ပြီး မိမိ၏ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်နိုင်ခြင်း ဖြစ်သည်၊ ယင်းက ဘုရားသခင်၏အလိုတော်နှင့်အညီ ဖြစ်ဖို့ သေချာစေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ ရာသက်ပန် ဆင်းရဲဒုက္ခ၏ အရင်းအမြစ်မှာ အဘယ်နည်း။ အဘယ်အရာက လူတို့ကို ဤအရာများအား ရရှိစေခဲ့သနည်း။ လူသားတို့ ကနဦး ဖန်ဆင်းခံခဲ့ရစဉ်က သူတို့တွင် ထိုအရာများ မရှိခဲ့ကြသည် မဟုတ်လော။ သို့ဆိုလျှင် ဤအရာများသည် မည်သည့်နေရာမှ လာခဲ့သနည်း။ ထိုအရာများသည် လူသားများအနေဖြင့် စာတန်၏ သွေးဆောင်ဖြားယောင်းမှု ခံခဲ့ရပြီး ၎င်းတို့၏ ခန္ဓာ ဆုတ်ယုတ်လာခဲ့သည့်နောက်တွင် ဖြစ်တည်လာခဲ့ကြခြင်း ဖြစ်သည်။ လူသား ခန္ဓာ၏ နာကျင်မှု၊ ယင်း၏ ဝေဒနာများနှင့် ယင်း၏အနှစ်သာရမဲ့ခြင်းအပြင်၊ လူ့လောက၏ အလွန့်အလွန် စိတ်မချမ်းမြေ့ဖွယ် အရေးကိစ္စများသည် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်လာခဲ့ကြသည်သာ ဖြစ်သည်။ လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်၊ ယင်းက ၎င်းတို့ကို စတင် ညှဉ်းဆဲခဲ့လေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ပို၍ပို၍ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။ လူသားမျိုးနွယ်၏ အနာရောဂါများမှာ ပို၍ပို၍ ကြီးမားလာပြီး၊ သူတို့၏ ဆင်းရဲဒုက္ခမှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ တိုး၍ တိုး၍၊ လူတို့သည် လူ့လောက၏ အနှစ်သာရကင်းမဲ့ခြင်းနှင့် ကံဆိုးမိုးမှောင်ကျခြင်းအပြင်၊ ဆက်လက်ရှင်သန်နိုင်စွမ်းမရှိခြင်းတို့ကို ခံစားခဲ့ကြရပြီး၊ သူတို့သည် ကမ္ဘာလောကအတွက် မျှော်လင့်ချက် ပို၍ပို၍လျော့နည်းစွာ ခံစားခဲ့ကြရသည်။ ထို့ကြောင့် ဤဒုက္ခကို လူသားများအပေါ် စာတန်က ကျရောက်စေခြင်းဖြစ်ပြီး၊ ထိုအရာသည် သူတို့အား စာတန်မှ ဖောက်ပြန်ပျက်စီးစေပြီးနောက်မှသာ ရောက်လာကာ သူတို့၏ ဇာတိပကတိမှာ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လောကီ ဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အရေးပါမှု” မှ

ခပ်သိမ်းသော အရာတို့၏ ဦးသျှောင် ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ ရှင်ဘုရင်တန်ခိုးအာဏာကို သူ၏ပလ္လင်ထက်မှ စွဲကိုင်၏။ သူသည် စကြဝဠာနှင့် ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးပြီး၊ ကမ္ဘာမြေ တစ်ခုလုံးပေါ်၌ ငါတို့အား လမ်းပြလျက်ရှိသည်။ ငါတို့သည် သူနှင့် အချိန်တိုင်းတွင် နီးကပ်နေရမည် ဖြစ်ပြီး၊ အခိုက်အတန့်တစ်ခုကိုမျှ လုံးဝ လက်မလွှတ်ဘဲနှင့် ငါတို့အတွက် အချိန်တိုင်း သင်ယူဖို့ သင်ခန်းစာများဖြင့်၊ သူ၏ရှေ့မှောက်သို့ ဆိတ်ငြိမ်လျက် ရောက်ရှိကြရမည် ဖြစ်သည်။ ငါတို့၏ ပတ်လည်၌ရှိသည့် ပတ်ဝန်းကျင်မှသည် လူများ၊ အရေးကိစ္စများနှင့် အရာဝတ္ထုများအထိ၊ အားလုံးသည် သူ၏ ပလ္လင်တော်၏ ခွင့်ပြုချက်အားဖြင့် တည်ရှိကြခြင်း ဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် မည်သည့် အကြောင်းကြောင့်မျှ မကျေနပ်ချက်များ မရှိစေနှင့်၊ သို့မဟုတ် ဘုရားသခင်သည် သင်တို့အပေါ် သူ၏ ကျေးဇူးတော်ကို အပ်နှင်းလိမ့်မည် မဟုတ်။ နာမကျန်းမှု ပေါ်ပေါက်သည့်အခါတွင်၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အတွင်းတွင် သူ၏ ကြင်နာသော ရည်ရွယ်ချက်များ မုချ ရှိပေ၏။ သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသော်လည်း၊ စာတန်ထံမှ မည်သည့်စိတ်ကူးမျှ လက်သင့်မခံနှင့်။ ဖျားနာခြင်းအလယ်တွင် ဘုရားသခင်ကို ချီးမွမ်းကာ၊ သင်၏ ချီးမွမ်းခြင်း အလယ်တွင် ဘုရားသခင်၌ မွေ့လျော်လော့။ နာမကျန်းဖြစ်ခြင်းကို ရင်ဆိုင်ရာတွင် စိတ်ပျက်ခြင်း မရှိနှင့်၊ အဖန်ဖန် ကြိုးစားမြဲကြိုးစားကာ လက်မလျှော့နှင့်၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို သူ၏ အလင်းဖြင့် အလင်းပေးလိမ့်မည်။ ယောဘ၏ ယုံကြည်ခြင်းသည် အဘယ်သို့ဖြစ်ခဲ့သနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး‌‌‌‌ ပေတကား။ နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။ သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။

ငါတို့သည် ငါတို့အတွင်း၌ ခရစ်တော်၏ ရှင်ပြန်ထမြောက်သော အသက်ကို ပိုင်ဆိုင်၏။ ငါတို့သည် ဘုရားသခင်၏ မျက်မှောက်၌ သိသိသာသာ ယုံကြည်ခြင်း ကင်းမဲ့ကြပေသည်- ဘုရားသခင်သည် ငါတို့၏အတွင်း၌ စစ်မှန်သော ယုံကြည်ခြင်းကို ထည့်ပေးမည်သာပင်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဧကန်အမှန် ချိုမြိန်သည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထိရောက်သောဆေးဝါး ဖြစ်ပေသည်တကား။ ယင်းက နတ်ဆိုးများ နှင့် စာတန်ကို အရှက်ရစေသည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သဘောပေါက်ခြင်းက ငါတို့ကို ထောက်ပံ့မှုပေး၏။ သူ၏ နှုတ်ကပတ်တော်သည် ငါတို့၏ စိတ်နှလုံးများကို ကယ်တင်ဖို့ အလျင်အမြန် လုပ်ဆောင်လေသည်။ ယင်းက အရာအားလုံးကို ပပျောက်စေပြီး၊ အရာအားလုံးကို အေးချမ်းစေ၏။ ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန် ဖြစ်နိုင်သမျှသောနည်းလမ်းတိုင်းကို ကြိုးစားနေ၏။ ငါတို့ကို သူ၏အလင်းဖြင့် အလင်းပေးဖို့ အချိန်တိုင်း ဘုရားသခင်ထံ ငါတို့ ဆုတောင်းသင့်သည်၊ ငါတို့အတွင်းမှ စာတန်၏ အဆိပ်အတောက်ကို သန့်စင်စေရန် ဘုရားသခင်အပေါ် အချိန်တိုင်း ငါတို့ မှီခိုသင့်သည်၊ ဘုရားသခင်နှင့် မည်သို့နီးကပ်လာရမည်ဆိုသည်ကို ငါတို့၏ စိတ်ဝိညာဉ်အတွင်း၌ အချိန်တိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးအပေါ် ဘုရားသခင်ကို အုပ်စိုးခွင့်ပေးသင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

သင်အပေါ် မကျန်းမာဖြစ်သည့်အခါ၊ ယင်းကို သင် မည်သို့ တွေ့ကြုံသင့်သနည်း။ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရင်းနှင့် သဘောပေါက်ဖို့ရန် ကြိုးစားရင်း၊ ဘုရားသခင်ရှေ့မှောက်သို့ ဆုတောင်းဖို့ သင်လာသင့်၏။ မည်သည့်အရာမျိုးကို ကျွန်ုပ် မှားယွင်း လုပ်ဆောင်ခဲ့သနည်း၊ သို့မဟုတ် ကျွန်ုပ်၏ စိတ်သဘောထားနှင့် ပတ်သက်၍ ကျွန်ုပ်အတွင်းတွင် မဖြေရှင်းရသေးသည့် မည်သည့်အရာများ ရှိသနည်း။ ဤအရာများကို ဒုက္ခဝေဒနာ ခံစားရခြင်းမရှိဘဲ ဖြေရှင်းမရနိုင်ပေ၊ လူတို့သည် အသောက်အစား အပျော်အပါး၌ မွေ့လျော်မှုကို ရပ်ပြီး ဘုရားသခင် ရှေ့မှောက် အမြဲရှိကြဖို့ရန်အလို့ငှာ ဒုက္ခခံစားရခြင်းမှတဆင့် စိတ်ချုပ်တည်းရမည်ဖြစ်သည်။ လူတို့ စိတ်ပျက်မှုကို ခံစားရသည့်အခါ၊ ၎င်းတို့ အမြဲဆုတောင်းကြပြီး၊ ၎င်းတို့၏ စိတ်န္ဒများ ပျောက်ကွယ်သွားကြသည်။ အစားအသောက်ကောင်း၊ အဝတ်အထည်ကောင်း၊ ကြည့်ဖို့နှင့် ကစားဖို့ ကောင်းသည့်အရာများ တစ်ခုကိုမျှ ၎င်းတို့ မလိုချင်ကြပေ။ တစ်ဦးတစ်ယောက်သည် အမှန်တကယ် စိတ်ပျက်သည့်အခါ၊ မည်သည့်အရာကို ၎င်းတို့ စားလိုသနည်း။ မည်သည့်အရာကိုမျှ ၎င်းတို့ မစားလိုပေ။ မည်သည့်အရာကို ဝတ်လိုကြပါသနည်း။ မည်သည့်အရာဝတ်ရမည်ကို သူတို့ လုံးဝ မစဉ်းစားကြ။ ထိုနေရာတွင် မလှုပ်ရှားဘဲ လဲလျောင်းဖို့ကလွဲ၍ မည်သည့်အရာကိုမျှ ၎င်းတို့ မလိုချင်ပေ။ သို့သော် ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ ယခုတစ်လော အမှား တစ်ခုခုကို လုပ်ဆောင်မိသည်၊ မလုပ်ဆောင်မိသည်ကို သုံးသပ်ဆင်ခြင်လျက် ၎င်းတို့ ဆုတောင်းရမည်။ သို့သော် လူအများစုအတွက်၊ ကြီးမားသည့် မကျန်းမာမှု သို့မဟုတ် ဆိုးယုတ်သည့် အနာရောဂါတစ်ခုကို ၎င်းတို့ ခံစားရသည့်အခါ၊ ကြီးမားသည့် နာကျင်မှု သို့မဟုတ် အန္တရာယ်ကို ၎င်းတို့ ကြံ့ကြံ့ခံသည့်အချိန်တွင်၊ ဤအရာသည် အကြောင်းတိုက်ဆိုင်မှုကြောင့် ဖြစ်သည် မဟုတ်ပေ။ သင် နာမကျန်းဖြစ်သည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ ထိုအရာအားလုံး၏ နောက်ကွယ်တွင် ဘုရားသခင်၏ အလိုတော် ရှိ၏။ သာမန်အားဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့်အခါ၊ အရာရာ အဆင်ပြေသည်ဟု သင် ခံစားရသည်။ သင် ကျန်းမာနေသည့်အချိန်တွင်၊ ဘုရားသခင်ကို သင် ရှာဖွေနိုင်သော်လည်း၊ အခက်အခဲ ဆိုက်ခြင်းတွင် သင် မရှာဖွေနိုင်သကဲ့သို့ မည်သည့် ရှာဖွေရမည်ကို သင် မသိပေ။ သင်သည် ယင်းကို အလျင်အမြန် ကျော်လွှားနိုင်ဖို့အလို့ငှာ မည်သို့ ကုသပျောက်ကင်းနိုင်သည်ကိုသာ တွေးတောရင်း၊ နာမကျန်းမှုအလယ်တွင် အသက်ရှင်ရုံမျှ ရှင်လေသည်။ ထိုသို့သော အချိန်များတွင် နာမကျန်းမှု မရှိသူများကို သင် မနာလိုဖြစ်ပြီး၊ ဤနာမကျန်းဖြစ်ခြင်းကို တတ်နိုင်သမျှ မြန်မြန် သင် လွတ်မြောက်ရန် ဆန္ဒရှိလေသည်- ဤသည်မှာ အပျက်သဘောဆောင်ပြီး ရန်မူလိုသော စိတ်နေစိတ်ထားတစ်ခု ဖြစ်သည်။ တစ်ခါတစ်ရံ၊ လူတို့က မိမိတို့ကိုယ်ကိုယ်၊ “ဤနာမကျန်းဖြစ်ခြင်းသည် ငါ၏ ကိုယ်ပိုင် မိုက်မဲမှုအားဖြင့် ဖြစ်ခဲ့သည် မဟုတ်ပါလား၊ သို့မဟုတ် ထိုအရာနောက်ကွယ်တွင် ဘုရားသခင်၏ အလိုတော် ရှိပါသလား” ဟု တွေးကြသည်။ အချို့သော နာမကျန်းဖြစ်ခြင်းများသည် သင်အအေးမိသည့် အချိန်ကဲ့သို့ သို့မဟုတ် လွန်ကဲသော အတွင်းအပူရှိန်မှ ခံစားရချိန် သို့မဟုတ် သင် တုပ်ကွေးရှိသည့်အချိန်ကဲ့သို့ ပုံမှန်ဖြစ်သည်။ သို့သော် ပြင်းထန်သည့် နာမကျန်းမှုတစ်ခုတစ်လေနှင့်ပတ်သက်၍- သင်သည် ရောဂါဖြင့် ဆုံးပါးသွားသည့်အချိန်၊ ပြီးလျှင် ရုတ်တရက် ဘဝက မခံမရပ်နိုင် ဖြစ်လာချိန်- ထိုခံစားရခြင်းမျိုး သို့မဟုတ် နာမကျန်းမှုမျိုးသည် မတော်တဆ မဖြစ်ပေ။ နာမကျန်းမှု သို့မဟုန် နာကျင်မှုဝေဒနာ၏ အစတွင်၊ သင်သည် ဘုရားသခင်ကို ဆုတောင်းကာ ရှာဖွေပါသလော။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေးရုံမျှပေးပါသလော။ ဤသည်မှာ သူ အမှုပြုသည့် တစ်ခုတည်းသော နည်းလမ်း မဟုတ်ပေ။ လူတို့ကို ဘုရားသခင်က မည်သို့ စမ်းသပ်သနည်း။ ယင်းသည် ၎င်းတို့အား နာကျင်မှု ခံစားစေခြင်းမှတစ်ဆင့် မဟုတ်လော။ စမ်းသပ်မှုများ ရှိသည့်နေရာတွင် နာကျင်မှု ရှိသည်- လူတို့သည် အဘယ်သို့ စမ်းသပ်မှုများမရှိဘဲနှင့် ဆင်းရဲဒုက္ခခံစားရမည်နည်း။ ဆင်းရဲဒုက္ခမရှိဘဲနှင့် လူတို့သည် အဘယ်သို့ ပြောင်းလဲနိုင်မည်နည်း။ စမ်းသပ်မှုများကို နာကျင်မှုက အဖော်ပြုသည့်အခါ၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်သည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် လူတို့အား နာကျင်မှု ပေးသည်၊ သို့မဟုတ်ပါက၊ ၎င်းတို့သည် ကောင်ကင်ဘုံ၏ အမြင်များ သို့မဟုတ် မြေကြီး၏ အနက်များကို သိကြမည် မဟုတ်သကဲ့သို့၊ ၎င်းတို့ မိုက်ရိုင်းလာကြပေမည်။ အချို့သော ကိစ္စရပ်များတွင်၊ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းအပေါ် မှီခိုခြင်းမျှသည် ပြဿနာကို ဖြေရှင်းလိမ့်မည်မဟုတ်ပေ။ အခြားသော လူတို့သည် သင်၏ ပြဿနာများကို သင့်ထံ ထောက်ပြကြပြီး၊ သင်ကိုယ်တိုင်က ယင်းကို သိသော်လည်း၊ မပြောင်းလဲနိုင်ပေ။ မိမိကိုယ်ကိုယ် ချုပ်တည်းခြင်းကို ကျင့်သုံးရန် သင်၏ စိတ်စွမ်းအားအပေါ် သင် မည်သို့ မှီခိုသည်ဖြစ်စေ၊ သင့်ကိုယ်သင် မျက်နှာကို ရိုက်ကာ မိမိဘာသာ ခေါင်းကို ခေါက်သည်အထိပင် လုပ်ဆောင်ကောင်း လုပ်ဆောင်မည်ဖြစ်စေ၊ သင်၏ သဘာဝက သင့်အတွင်းတွင် တည်ရှိသည့်အတွက်၊ ယင်းသည် ပြဿနာကို မဖြေရှင်းသေးပေ။ ဤအရာသည် အသက်ရှင်လျက်ရှိ၏၊ ယင်းသည် လူသား၏ ရှင်သန်နေသော အတွေးများကဲ့သို့ဖြစ်ပြီး၊ အချိန်မရွေး ထွက်ပေါ်နိုင်သည်။ ထို့ကြောင့် ဖြေရှင်းမရနိုင်ပါက သင် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ လူတို့သည် အချို့သော မကျန်းမာမှုဖြင့် စစ်ဆေးခံရမည်ဖြစ်ပြီး ၎င်းတို့ စစ်ဆေးခံရသည့်အခါတွင်၊ ညှဉ်းဆဲမှုကို မခံနိုင်ဖြစ်ကာ စတင် ဆုတောင်းပြီး ရှာဖွေသောသူများ ရှိလေသည်။ သင် နာမကျန်းမဖြစ်မီ၊ သင်သည် အကျင့်ပျက်ကာ မိုက်ရိုင်းသော်လည်း၊ နာမကျန်းမှုက သင့်ကို လိမ္မာစေသည်။ သင်သည် မိုက်ရိုင်းနေနိုင်ဦးမည်လော။ သင်၏ စကားလုံးတိုင်းက အားနည်းသည့်အခါ၊ လူတို့ကို သင် ဟောပြောပို့ချဦးမည်လော၊ သင် မာနထောင်လွှားနိုင်ဦးမည်လော။ ထိုသို့သော အချိန်များတွင်၊ သင်သည် မည်သည့်အရာအတွက်မျှ မတောင်းပေ၊ နာကျင်မှု အဆုံးသတ်ရန်အတွက်သာ သင် တောင်းလျှောက်ပြီး၊ မည်သည့်အရာ စားရမည်၊ မည်သည့်အရာ ဝတ်ရမည်၊ မည်သည့်အရာ မွေ့လျော်ရမည်ဆိုသည်တို့ကို သင် မတွေးတောပေ။ သင်တို့အများစုသည် ထိုသို့သော ခံစားချက်တစ်ခုကို မတွေ့ကြုံရသေးပေ။ သင်တို့ တွေ့ကြုံရသည့်အခါ၊ သင်တို့ နားလည်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အရာခပ်သိမ်းတို့ကို သမ္မာတရားရှုထောင့်မှ ကြည့်ရမည်” မှ

တစ်ခါတစ်ရံ ဘုရားသခင်သည် သင့်ကို အချို့‌သော‌ အခြေအနေများတွင် ထားသည်၊ သို့မဟုတ် သင့်ကို ကိုင်တွယ်ဖြေရှင်းဖို့၊ သင့်ကို စိတ်မချမ်းမသာ ခံစားစေဖို့၊ သင့်ကို သင်ခန်းစာတစ်ခု သင်ပေးဖို့ အချို့သော လူများကို အသုံးပြုသည်။ ဤသည်မှာ ယနေ့ ဘုရားသခင်၏ အမှုဖြစ်သည်၊ ဤသည်မှာ ယင်း၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ အခြားသော သွင်ပြင်လက္ခဏာတစ်ခုမှာ ဘုရားသခင်သည် သင်၏ ဇာတိပကတိအပေါ်သို့ နာကျင်မှု ကျရောက်စေခြင်း ဖြစ်သည်။ ယင်းမှာ ပေါလုက သူ၏ ဇာတိပကတိတွင် ဆူးတစ်ချောင်းရှိခဲ့သည်ဟု အမြဲ ပြောခဲ့သကဲ့သို့ ဖြစ်သည်။ သူသည် မည်သည့် ဆူးကို ပြောဆိုနေခဲ့သနည်း။ ယင်းမှာ နာမကျန်းဖြစ်ခြင်း ဖြစ်သည်။ သူ၏ နာမကျန်းဖြစ်ခြင်းက မည်သည့်အရာဖြစ်သည်ဆိုသည်ကို သူ အားလုံးကို ကောင်းကောင်း သိခဲ့သည်။ ယင်းမှာ သူ၏ စိတ်သဘောထား၊ သူ၏ သဘာဝနှင့် သက်ဆိုင်‌ပေသည်။ ဤဆူးမရှိဘဲနှင့်၊ သူသည် နာမကျန်းမှုဖြင့် ဝန်းရံဖိစီးမခံခဲ့ရပါက၊ အချိန်မရွေး၊ နေရာမရွေး သူသည် သူ၏ ကိုယ်ပိုင် နိုင်ငံကို တည်ထောင်ရန် ကြိုးစားဖွယ်ရှိမည်ဖြစ်သည်၊ သို့သော် သူ နာမကျန်းဖြစ်ခဲ့ချိန်တွင်၊ ယင်းကို လုပ်ဆောင်ရန် အားအင် သူ ဆုံးရှုံးသွားခဲ့သည်။ ထို့ကြောင့်၊ နာမကျန်းဖြစ်ခြင်းသည် လူတို့အတွက် အလွန်ဆုံး မကြာခဏ “အကာအကွယ်ပေးသော ထီး”တစ်ချောင်း ဖြစ်လေသည်။ သင် နာမကျန်းမဖြစ်ခဲ့ပါက၊ သင်သည် ကောင်းမွန်သည့် ကြံ့ခိုင်မြူးကြွခြင်းတွင် ရှိခဲ့ပါက၊ အချို့သော မကောင်းမှုကို ဆက်လက် သင် ကျူးလွန်မိကောင်း ကျူးလွန်မိမည် သို့မဟုတ် ထိခိုက်နစ်နာမှုအချို့ လုပ်ဆောင်မိကောင်း လုပ်ဆောင်မိပေမည်။ သင်သည် မိုက်ရိုင်းပြီး အကျင့်ပျက်ချိန်တွင်၊ သင်သည် မလျော်မကန်ဖြစ်လာနိုင်ဖွယ်ရှိပြီး၊ သင် ပြဿနာ ဖြစ်စေသည့်အခါ နောင်တရလိမ့်မည်ဖြစ်ကာ ဖြစ်ပျက်သည့်အရာသည် သင့်သဘောအတိုင်း ဖြစ်တော့မည် မဟုတ်ပေ။ ထို့ကြောင့် နာမကျန်ဖြစ်မှု အနည်းငယ်သည် ကောင်းသော အရာတစ်ခုဖြစ်သည်၊ ယင်းက လူတို့ကို ကာကွယ်ပေးသည်။ ယင်းမှာ သင်သည် အခြားလူတို့၏ အခက်အခဲများကို ဖြေရှင်းလာနိုင်ပြီး၊ ပြဿနာများကို သင်၏ ကိုယ်ပိုင် အတွေးဖြင့်လည်း ဖြေရှင်းနိုင်သည်မှာ ဖြစ်နိုင်ပေသည်။ သင်၏ နာမကျန်းဖြစ်ခြင်းက မသက်သာပါက၊ ယင်းနှင့်ပတ်သက်၍ သင် လုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ သင် နေမကောင်းဖြစ်သည့်အခါ၊ ယင်းသည် အမှန်တကယ် သင့် သဘောအတိုင်း မဟုတ်ပေ။ သင် နာမကျန်းဖြစ်ပြီး မည်သည့်အရာကို သင် လုပ်ဆောင်သည်ဖြစ်စေ မသက်သာပါက၊ ဤနာကျင်မှုသည် သင် ရထိုက်သောအရာဖြစ်သည်၊ ထို့ကြောင့် ယင်းကို ရှောင်ရှားရန် မကြိုးစားနှင့်။ သင် ဆုတောင်းရမည်၊ ရှာဖွေကာ ကျိုးနွံနာခံရမည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရမည်- “အို ဘုရားသခင်။ ကျွန်ုပ် ဖောက်ပြန်ပျက်စီးကြောင်း၊ ကျွန်ုပ်၏ သဘာဝက ဆိုးရွားကြောင်း၊ ကျွန်ုပ်သည် ကိုယ်တော်ကို ပုန်ကန်ကာ ဆန့်ကျင်သည့် အရာများ၊ ကိုယ်တော့်ကို နာကျင်ခြင်းနှင့် စိတ်ထိခိုက်ခြင်းတို့ကို ဆောင်ကြဉ်းသည့် အရာများ လုပ်ဆောင်တတ်ကြောင်းတို့ကို ကျွန်ုပ် သိပါ၏၊ ထို့ကြောင့် ကျွန်ုပ်ကို ဤနာမကျန်မှု ကိုယ်တော် ပေးသည်မှာ ကောင်းပါသည်။ ထိုအရာကို ကျွန်ုပ် ကျိုးနွံနာခံသင့်ပါသည်။ သို့သော် ကိုယ်တော် ကျွန်ုပ်ကို အသိဉာဏ်ပွင့်လင်းစေဖို့၊ ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ်အား သိခွင့်ပေးဖို့နှင့် ကျွန်ုပ်နှင့်ပတ်သက်၍ မည်သည့်အရာ ကိုယ်တော် ပြောင်းလဲကာ စုံလင်စေမည်ဖြစ်သည်ကို ကျွန်ုပ်အား သိနားလည်စေရန် ကျွန်ုပ် တောင်းလျှောက်ပါ၏။ ကိုယ်တော် ကျွန်ုပ်ကို လမ်းပြဖို့၊ လူ့ဘဝ၏ လမ်းကြောင်း ဦးတည်ချက်ကို ကျွန်ုပ်အား နားလည်ခွင့်ပေးရန်၊ ဤသမ္မာတရားကို ကိုယ်တော်က ကျွန်ုပ်အား နားလည်ခွင့်ပေးရန်သာ ကျွန်ုပ် တောင်းလျှောက်ပါ၏။” သင် ရှာဖွေကာ ဆုတောင်းရမည်။ “ဘာမျှမဟုတ်ပါ။ ကျွန်ုပ်သည် ဘုရားသခင်ကို တကယ်ကို ပုန်ကန်ပြစ်မှားခြင်း မရှိပါ” ဟု တွေးရင်း တော်စွ လျော်စွ ကြုံရာကျန်ပန်း မနေနှင့်။ အလွန် ပေါ့တန်စွာ ချက်ချင်း ကောက်ချက်မချနှင့်။ ဘုရားသခင်သည် သင်၏ စိတ်နှလုံးထဲတွင် အမှန်တကယ် ရှိပါက၊ သင့်ကို ကျရောက်သည့် မည်သည့်အရာကိုမဆို သင် လက်လွတ်လိမ့်မည် မဟုတ်ပေ။ သင်သည် ဆုတောင်းကာ ရှာဖွေလိမ့်မည်၊ သင်သည် ဖြစ်ပျက်သည့် အရာရာတိုင်းတွင် ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်လိမ့်မည်ဖြစ်ပြီး၊ သင် မည်သို့ နာခံသည်ကို ဘုရားသခင် မြင်သည့်အခါ၊ သင်၏ နာကျင်မှုကို သူ တဖြည်းဖြည်း လျော့ပါးစေလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အရာခပ်သိမ်းတို့ကို သမ္မာတရားရှုထောင့်မှ ကြည့်ရမည်” မှ

သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်ပါစေ ဘုရားသခင်ရှေ့ သင်လာရမည်၊ ဤသည်မှာ ပြုလုပ်ရမည့် မှန်ကန်သောအရာဖြစ်သည်။ တစ်ဖက်တွင် သင် စဉ်းစားဆင်ခြင်ရမည်ဖြစ်ပြီး၊ အခြားတစ်ဖက်တွင် သင့်တာဝန်ကို လုပ်ဆောင်ရာ၌ သင် မနှောင့်နှေးရပေ။ မိမိကိုယ်ကိုယ် စဉ်းစားဆင်ခြင်ရုံပြုပြီး သင့်တာဝန်ကို မဆောင်ရွက်ဘဲ မနေနှင့်—ယင်းမှာ မှားယွင်းလိမ့်မည်။ သင့်အပေါ်သို့ မည်သည့် စမ်းသပ်မှု ကျရောက်ပါစေ၊ သင်က ယင်းကို ဘုရားသခင်က သင့်အား ပေးသည့် ဝန်တစ်ခုအဖြစ် သဘောထားရမည်။ လူအချို့က ကြီးစွာသော နာမကျန်းဖြစ်ခြင်းနှင့် မခံနိုင်သော ဒုက္ခတို့ဖြင့် ဝိုင်းရံဖိစီးခြင်းခံရကာ၊ အချို့က သေခြင်းတရားကိုပင် ရင်ဆိုင်ရသည်ဟု ဆိုကြပါစို့။ ဤအခြေအနေမျိုးကို သင်သည် မည်သို့ ချဉ်းကပ်သင့်သနည်း။ လူတို့အား ဘုရားသခင်ပေးသည့် စမ်းသပ်မှုများမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်တတ်သည့် အချိန်များစွာ ရှိသည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်ထုပ်မှာ မည်မျှပင် လေးလံပါစေ ယင်းကို သင် ထမ်းပိုးသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင့်ကိုနားလည်ပြီး ယင်းကို သင်သယ်ဆောင်နိုင်ကြောင်း သိသောကြောင့် ဖြစ်သည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်ထုပ်သည် သင့် အကန့်အသတ်များကို ကျော်လွန်လိမ့်မည်မဟုတ်၊ သင် ဧကန်ပင် သယ်ဆောင်နိုင်လိမ့်မည်။ ဘုရားသခင် သင့်ကို မည်သို့သောဝန်ထုပ်မျိုး ပေးပါစေ သို့မဟုတ် သူသင့်ကို မည်သည့်စမ်းသပ်မှုမျိုး ပေးပါစေ၊ ဤအရာကို သတိရလော့- ဆုတောင်းသောအခါ ဘုရားသခင်၏ အလိုတော်ကို သင် နားလည်လာသည်ဖြစ်စေ နားမလည်သည်ဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းကို သင် ရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ၊ ထို့ပြင် စမ်းသပ်မှုမှာ ဘုရားသခင် သင့်ကို ဆုံးမပဲ့ပြင်နေသည့် သို့မဟုတ် ပေးနေသည့် သတိပေးချက်တစ်ခု ဖြစ်နေပါစေ၊ ယင်းကို သင်နားမလည်လျှင်လည်း ကိစ္စမရှိပေ။ သင် ပြုလုပ်သင့်သည့် တာဝန်အား ပြုလုပ်နေခြင်းကို မရပ်တန့်ဘဲ ယင်းကို သစ္စာရှိစွာ သင် ဖက်တွယ်ထားနိုင်သရွေ့ ဤနည်းအားဖြင့် ဘုရားသခင်သည် ကျေနပ်မည်ဖြစ်ပြီး သင်သည်လည်း သက်သေရပ်တည်ပြီး ဖြစ်လိမ့်မည်။ ၎င်းတို့သည် ပြင်းထန်သော ရောဂါတစ်ခုကို ခံစားနေရပြီး သေဆုံးတော့မည်ကို မြင်လျက်၊ လူအချို့က မိမိတို့ဘာသာ တွေးကြသည်။ “သေခြင်းတရားကို ရှောင်ရှားလိုသည့်အတွက် ဘုရားသခင်ကို ကျွန်ုပ် စတင် ယုံကြည်ခဲ့သည်- သို့ရာတွင် အမှန်တော့ ကျွန်ုပ်၏ တာဝန်ကို ဤနှစ်များအားလုံးတွင် ထမ်းဆောင်ပြီးသည့်နောက်တွင်ပင်၊ သူက ကျွန်ုပ်ကို သေခွင့်ပေးတော့မည်။ ကျွန်ုပ်သည် ကိုယ့်ကိစ္စကိုသာ လုပ်ဆောင်ပြီး ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းအား မေ့သင့်သည်။” ဤစိတ်သဘောထားက အဘယ်နည်း။ သင်သည် ဤနှစ်များတစ်လျှောက် သင်၏တာဝန်ကို ထမ်းဆောင်နေပြီးဖြစ်သည်၊ သင်သည် ဤဒေသနာများ အားလုံးကို နားထောင်ပြီးဖြစ်ကာ၊ သမ္မာတရားကို သင်နားမလည်သေးပေ။ စမ်းသပ်မှု တစ်ခုက သင့်အား ပြိုလဲစေသည်၊ သင့်ကို ကျရှုံးစေသည်၊ သင့်ကို ဖော်ထုတ်ပြသည်။ ထိုသို့သော လူတစ်ယောက်သည် ဘုရားသခင်၏ စောင့်ရှောက်ခံရခြင်းနှင့် ထိုက်တန်သလော။ ၎င်းတို့သည် သစ္စာစောင့်သိခြင်း လုံးလုံး မရှိသူများ ဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဤနှစ်များ အားလုံးကို အကုန်ခံပြီး ထမ်းဆောင်ခဲ့သည့် တာဝန်ကို မည်သို့ သိထားကြသနည်း။ ယင်းကို “အစေခံမှုပြုခြင်း” ဟု သိထားကြပြီး၊ ၎င်းတို့သည် အားထုတ်ကြိုးပမ်း နေခဲ့ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း၌ သင်က၊ “ဘုရားသခင်က ကျွန်ုပ်အပေါ် မည်သည့်ရောဂါ သို့မဟုတ် သဘောမတူဖွယ် ဖြစ်ရပ်များကို ကျရောက်ခွင့်ပြုပါစေ- ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်ပါစေ- ကျွန်ုပ်သည် နာခံပြီး ဖန်ဆင်းခံသတ္တဝါတစ်ယောက်အဖြစ် ကျွန်ုပ်၏ နေရာတွင် နေရမည်။ အခြားအရာအားလုံးထက်ပိုပြီး သမ္မာတရား၏ ဤရှုထောင့်ကို- နာခံခြင်း- ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရမည်၊ ယင်းကို ကျွန်ုပ် အကောင်အထည်ဖော်ပြီး ဘုရားသခင်ကို နာခံခြင်း စစ်မှန်မှုတွင် အသက်ရှင်နေထိုင်သည်။ ထို့အပြင် ဘုရားသခင်က ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းသည့် အရာနှင့် ကျွန်ုပ်ထမ်းဆောင်သင့်သည့် တာဝန်ကို ကျွန်ုပ် ဘေးမဖယ်၍မဖြစ်ပေ။ ကျွန်ုပ်၏ နောက်ဆုံးထွက်သက်တွင်ပင်၊ ကျွန်ုပ်သည် မိမိ၏တာဝန်ကို လက်ခံရမည်။” ဟု ဆိုနိုင်သည်။ ဤသည်မှာ သက်သေခံချက်ပေးခြင်း မဟုတ်လော။ သင်၌ ဤသန္နိဌာန်မျိုးနှင့် ဤအခြေအနေမျိုး ရှိသည့်အခါ၊ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူနိုင်သေးသလော။ မဟုတ်ပေ၊ သင် မညည်းညူနိုင်ပေ။ ထိုသို့သော အချိန်တစ်ခုတွင် သင်သည် သင့်ကိုယ်သင်၊ “ဘုရားသခင်က ကျွန်ုပ်ကို ဤဇီဝအသက်ကို ပေးသည်၊ သူသည် ဤနှစ်များ တစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးပြီး ဖြစ်သည်၊ သူသည် ကျွန်ုပ်ထံမှ နာကျင်မှုများစွာ ယူပြီးဖြစ်သည်၊ ကျွန်ုပ်ကို ကျေးဇူးတော်များစွာနှင့် သမ္မာတရားများစွာတို့ကို ကျွန်ုပ်အား ပေးပြီးဖြစ်သည်။ ကျွန်ုပ်သည် မျိုးဆက်များကြာအောင် လူများ နားမလည်သေးသည့် သမ္မာတရားများစွာနှင့် နက်နဲမှုများစွာကို နားလည်ပြီးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်ထံမှ များစွာ ရရှိပြီးဖြစ်သောကြောင့် ဘုရားသခင်ကို ကျွန်ုပ် ပြန်လည်ပေးဆပ်ရမည်။ ယခင်က ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည်၊ ကျွန်ုပ်သည် မည်သည့်အရာကိုမျှ နားမလည်ဘဲ ကျွန်ုပ် ပြုသမျှအရာအားလုံးသည် ဘုရားသခင်ကို နာကျင်စေသည်။ ကျွန်ုပ်သည် အနာဂတ်တွင် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ဖို့ နောက်ထပ် အခွင့်အရေး ရှိနိုင်မည် မဟုတ်ပေ။ ဤနှစ်များတစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးခြင်းသည် အချည်းနှီးမဖြစ်ဘဲ၊ အကျိုးဖြစ်ထွန်းပြီးဖြစ်သည်ကို ဘုရားသခင် တွေ့မြင်နိုင်ဖို့အလို့ငှာ၊ ကျွန်ုပ် အချိန်မည်မျှ ကျန်ပါစေ၊ ကျွန်ုပ်၌ရှိသည့် အနည်းငယ်သော ခွန်အားကို ပူဇော်ဆက်ကပ်ပြီး ဘုရားသခင်အတွက် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရမည်။ ဘုရားသခင်ကို နှစ်သိမ့်မှု ဆောင်ကြဉ်းပေးပါရစေ၊ ပြီးလျှင် သူ့ကို မနာကျင်စေတော့သကဲ့သို့ စိတ်မပျက်စေတော့ပေ။” ဟု တွေးရမည်။ ဤနည်းလမ်းဖြင့် တွေးတောခြင်းကရော အဘယ်သို့ ရှိသနည်း။ “ဤရောဂါက မည်သည့်အချိန်တွင် ပျောက်မည်နည်း။ ပျောက်သည့်အချိန်တွင်၊ ကျွန်ုပ်၏ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ပြီး သစ္စာစောင့်သိမည်။ ကျွန်ုပ်သည် မကျန်းမာသည့်အခါတွင်၊ မည်သို့ သစ္စာစောင့်သိနိုင်သနည်း။ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။” ဟု တွေးလျက် သင့်ကိုယ်သင် မည်သို့ကယ်တင်ဖို့ သို့မဟုတ် လွတ်မြောက်ဖို့ မတွေးလေနှင့်။ သင်၌ ထွက်သက် တစ်ခုရှိသမျှ ကာလပတ်လုံး၊ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိသလော။ သင်သည် ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး ဘုရားသခင်ကို အရှက်ရစေနိုင်စွမ်း မရှိသလော။ သင်၌ ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး သင်၏စိတ်သည် ကြည်လင်သမျှကာလပတ်လုံး၊ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မညည်းညူနိုင်စွမ်း ရှိသလော။ ယခုအခါတွင် “ဟုတ်ပါသည်” ဟု ပြောရသည်မှာ လွယ်ကူသော်လည်း၊ ဤသည်က သင့်ကို အမှန်တကယ် ဖြစ်ပျက်သည့်အခါတွင် ယင်းက အလွန်လွယ်ကူ လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် သမ္မာတရားကို လိုက်စားရမည်၊ သမ္မာတရားနှင့် ပတ်သက်၍ မကြာခဏ အလုပ်ကြိုးစားရမည် ဖြစ်ပြီး၊ “ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ် မည်သို့ ကျေနပ်စေနိုင်သနည်း။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မည်သို့ ပေးနိုင်သနည်း။ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။” ဟု တွေးခြင်း၌ သာ၍ အချိန် ကုန်ဆုံးရမည်။ ဖန်ဆင်းခံသတ္တဝါ တစ်ဦး ဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားထောင်ရုံမျှသည် ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ဖြစ်သလော။ မဟုတ်ပေ— ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်ရှင် နေထိုင်ဖို့ ဖြစ်သည်။ သင်သည် ဤအရာများကို အသက်ရှင်နေထိုင်နိုင်ပြီး သူ့အား သက်သေခံနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် သင့်အား သမ္မာတရားများစွာ၊ လမ်းခရီးများစွာနှင့် အသက်များစွာကို ပေးပြီးဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လမ်းကြောင်းသည် သမ္မာတရားကို သမ္မာတရားကို မကြာခဏ တွေးဆခြင်း” မှ

ဖျားနာခြင်းအချို့က လူတို့၏ အသက်များကို အချိန်မရွေး အန္တရာယ်ဖြစ်စေနိုင်သောကြောင့်၊ မကျန်းမာမှုကို ခံစားခြင်းသည် လူတို့အတွက် အခက်အခဲတစ်ခု ဖြစ်သည်။ အမှန်တွင်၊ လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်း အမှန်တကယ်ရှိပါက၊ ၎င်းတို့ ပထမဆုံး သိရှိအပ်သည့်အရာမှာ ၎င်းတို့၏ ဘဝ သက်တမ်းမှာ ဘုရားသခင်၏ လက်ထဲတွင် ရှိသည့်အကြောင်း ဖြစ်သည်။ ဘုရားသခင်သည် လူတို့အား မကျန်းမာမှုကို ပေးသည့်အခါ၊ ယင်းသည် ၎င်းတို့အဖို့ နာဖျားမှုကဲ့သို့ ခံစားရသော်လည်း၊ တကယ့်အမှန်တရားတွင်၊ ၎င်းတို့အား ပေးထားပြီးသည့်အရာမှာ ကျေးဇူးတော်ဖြစ်သည်၊ မကျန်းမာမှု မဟုတ်ပေ။ လူတို့သည် ပထမဦးစွာ ဤအချက်ကို သတိပြုကာ သေချာရမည်ဖြစ်ပြီး ယင်းကို အလေးအနက် ထားရမည်ဖြစ်သည်။ လူတို့သည် မကျန်းမာမှု ခံစားနေရချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာနိုင်ပြီး၊ ဆင်ခြင်မျှော်တွေးမှုနှင့် သတိဖြင့် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာ လုပ်ဆောင်ရန် သေချာစေနိုင်ပြီး အခြားသူများထက် သာ၍ ကြီးမားသော သတိနှင့် လုံ့လတို့ဖြင့် မိမိတို့၏ တာဝန်ကို လုပ်ဆောင်နိုင်ကြလေသည်။ လူတို့နှင့် ပတ်သက်သရွေ့၊ ဤသည်မှာ ကွယ်ကာခြင်း ဖြစ်သည်၊ အချည်အနှောင်များ မဟုတ်ပေ။ ယင်းမှာ အမှုအရာများကို အပျက်သဘောဆောင်သည့် ကိုင်တွယ်ခြင်း နည်းလမ်း ဖြစ်သည်။ ထို့အပြင်၊ အယောက်တိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်ခွဲခန့်ထားပြီး ဖြစ်သည်။ မကျန်းမာမှုတစ်ခုသည် အပေါ်ယံတွင် ကျွမ်းနေပုံရသော်လည်း၊ ဘုရားသခင်၏ ရှုထောင့်အမြင်မှ၊ သင်၏ အချိန်ကာလသည် မကျရောက်သေးသကဲ့သို့ သင်၏ တာဝန်သည် မပြီးစီးသေးပါက၊ သူသည် သင့်ကို ရုပ်သိမ်းလိမ့်မည် မဟုတ်ပေ။ သင်သည် သေဆုံးရန် မရည်ရွယ်ပါက၊ သင် ဆုမတောင်းလျှင်ပင် သို့မဟုတ် မိမိကိုယ်ကိုယ် ဂရုမစိုက်လျှင်ပင်၊ သို့မဟုတ် သင်၏ အခြေအနေကို အလေးအနက်များလျှင်ပင် သို့မဟုတ် ယင်းကို ကုသမှု ရှာဖွေရလောက်အောင် ဆိုးရွားသည့် ကိစ္စတစ်ခုအဖြစ် မမြင်လျှင်ပင်၊ သင် မသေနိုင်ပေ။ ဘုရားသခင်သည် သင့်အား စေခိုင်းချက်တစ်ခု ပေးအပ်ပြီးဖြစ်ပြီး၊ သင်၏ တာဝန်သည် မပြီးစီးပါက၊ သူသည် သင့်ကို သေခွင့်ပေးလိမ့်မည်မဟုတ်ဘဲ၊ နောက်ဆုံး အခိုက်အတန့်အထိ သင့်ကို အသက်ရှင်စေလိမ့်မည် ဖြစ်သည်။ ဤအရာ၌ သင် ယုံကြည်ခြင်း ရှိပါသလော။ သင် ယုံကြည်ခြင်းမရှိပါက၊ သင်သည်၊ “ဘုရားသခင်။ ကျွန်ုပ်၏ စေခိုင်းချက်တာဝန်ကို ကျွန်ုပ် ပြီးစီးရပါမည်။ ကျွန်ုပ်သည် မည်သည့်နောင်တမျှ နောက်ချန်မထားဖို့အလို့ငှာ၊ ကိုယ်တော်ကို အကြွင်းမဲ့ ဆက်ကပ်မှုဖြင့် ကျွန်ုပ်၏ နောက်ဆုံးသော နေ့ရက်များကို ကျွန်ုပ် ကုန်ဆုံးချင်ပါသည်” ဟု ပြောရင်း၊ စဉ်ဆက်မပြတ် သတိရှိရှိ ဆုတောင်းနေလိမ့်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် အားထုတ်မှုအနေဖြင့် ထိုသို့သော ဆင်ခြေများကို မကြာခဏပြုလုပ်ကာ ထိုသို့သော နည်းစနစ်များကို အသုံးပြုလိမ့်မည်။ အမှန်တွင်၊ သာ၍ များသော အချိန်အတွက် အပေးအယူလုပ်ရန် သင် ကြိုးစားသည်ဖြစ်စေ၊ သင်၏ မကျန်းမာမှုကို လုံးဝ အလေးအနက် မထားသည်ဖြစ်စေ၊ ကိစ္စမရှိပေ။ ဘုရားသခင်၏ ရှုထောင့်အမြင်မှ၊ သင်၏ တာဝန်ကို သင် ဖြည့်ဆည်းနိုင်ပြီး၊ အသုံးဝင်သေးသရွေ့၊ ပြီးလျှင် သူသည် သင့်ကို အသုံးပြုချင်သေးပြီး ထိုသို့ လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်သရွေ့- သင်သည် သေဆုံးရန် ရွည်ရွယ်မထားပါက- ဘုရားသခင်သည် သင်၏ ဘဝသက်တမ်းကို ကမ္ဘာလောကအား ဖန်ဆင်းခြင်းမတိုင်မီတွင် ဆုံးဖြတ်ခဲ့သည့်အတွက်၊ သင် မသေဆုံးနိုင်ပေ။ ဤအရာတွင် သင် ယုံကြည်ခြင်း ရှိပါသလော။ ဤအရာကို အယူဝါဒ ကိစ္စရပ်တစ်ခုအဖြစ်သာ သင် အသိအမှတ်ပြုပါက၊ သင်၏ ဆောင်ရွက်ပုံနည်းလမ်းသည် ဆောင်ရွက်ပုံနည်းလမ်းတစ်ခုထက် ပိုလိမ့်မည် မဟုတ်ပေ။ သင်၏ စိတ်နှလုံး အတွင်းနက်နက်တွင် ဘုရားသခင်က ဤအရာ လုပ်ဆောင်လိမ့်မည်ဟု သင် အသိအမှတ်ပြုပါက၊ အမှုအရာများကို သင် လုပ်ဆောင်ပုံနှင့် သင်၏ လက်တွေ့လုပ်ဆောင်ပုံတို့တွင် အပြောင်းအလဲများစွာ ရှိလိမ့်မည်။ ဟုတ်ပေ၏၊ နာမကျန်း ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ လူအားလုံးသည် ၎င်းတို့၏ ကျန်းမာရေးကို ထိန်းသိမ်းခြင်းနှင့် ပတ်သက်လာသည့်အခါ၊ မိမိတို့၏ ဘဝများကို ဘုံအသိစိတ်ဖြင့် အသက်ရှင်ရမည်။ သင် နာမကျန်း ဖြစ်ပါက၊ သင်၏ မကျန်းမာမှုအား မည်သို့ ကုသရမည်ဆိုသည်နှင့်သက်ဆိုင်သည့် အထွေထွေ အသိပညာအချို့လည်း သင် ရှိသင့်ပေသည်။ ဤသည်မှာ လူတို့က မိမိတို့ကိုယ်တိုင် လုပ်ဆောင်သင့်သည့်အရာ တစ်စုံတစ်ခု ဖြစ်သည်။ သို့သော် မကျန်းမာမှုကို ဤနည်းဖြင့် သဘောထားခြင်းသည် သင့်အတွက် ဘုရားသခင် ချမှတ်ထားသည့် ဘဝ သက်တမ်းကို စိန်ခေါ်ရန် မရည်ရွယ်သင့်သကဲ့သို့ ဘုရားသခင် သင့်အတွက် ချမှတ်ပြီးဖြစ်သည့် ဘဝသက်တမ်းကို သင် အသက်ရှင်နေထိုင်နိုင်သည်ဟု အာမခံရန် ထိုသို့ မလုပ်ဆောင်သင့်ပေ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းကို ဤနည်းဖြင့် ပြောဆိုနိုင်သည်- မတုန်မလှုပ်သည့်အနေဖြင့်၊ သင်သည် ဤမကျန်းမာမှုကို လေးလေးနက်နက် သင် သဘောမထားပါက၊ သင် ဖြည့်ဆည်းသင့်သည့် မည်သည့်နည်းဖြင့်မဆို သင်၏ တာဝန်ကို ဖြည့်ဆည်းပြီး အခြားသူများထက် အနည်းငယ်သာ၍ အနားယူပါက၊ သင်၏ အနာရောဂါ သာ၍ ဆိုးရွားလိမ့်မည်လော။ ဆိုးရွားလိမ့်မည် မဟုတ်သကဲ့သို့ ယင်းသည် သင်၏ သေခြင်းသို့ ဆိုက်ရောက်စေလိမ့်မည်လည်း မဟုတ်ပေ၊ ယင်းသည် ဘုရားသခင် လုပ်ဆောင်သည့်အရာအပေါ် မူတည်ပေသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ အမြင်တွင် သင်၏ စီမံထားသည့် ဘဝသက်တမ်းမှာ သူဘာသာသူ ဖြစ်မသွားသေးပါက၊ သင် နေမကောင်းလျှင်ပင်၊ သူသည် သင့်ကို သေဆုံးခွင့် ပေးလိမ့်မည် မဟုတ်ပေ။ သင်၏ မကျန်းမာမှုက ရောဂါမကျွမ်းသော်လည်း၊ သင်၏ အချိန်ကျလာပြီးဖြစ်ပါက၊ ဘုရားသခင်သည် သူ အလိုရှိသည့် မည်သည့်အချိန်တွင်မဆို သင့်ကို ရုပ်သိမ်းလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင့် စိတ်ကူး၏ ပြုသမျှနုရမည့်အရာ လုံးဝ ဖြစ်သည် မဟုတ်လော။ ယင်းသည် သူ၏ ကြိုတင်စီရင်ထားခြင်း၏ ပြုသမျှနုရမည့်အရာ ဖြစ်ပေသည်။ ဤသည်မှာ ဤကိစ္စရပ်ကို သင် ကြည့်သင့်သည့်ပုံ ဖြစ်သည်။ သင်သည် သင့်အပိုင်းကို လုပ်ဆောင်ကာ ဆရာဝန်ထံသို့ သွားမည်၊ ဆေးဝါးအချို့ကို သုံးစွဲမည်၊ သင်၏ ကျန်းမာရေးကို စောင့်ရှောက်မည်ဖြစ်ပြီး လေ့ကျင့်ခန်း ပြုလုပ်မည်ဖြစ်သော်လည်း၊ လူတစ်ဦး၏ အသက်သည် ဘုရားသခင်၏ လက်ထဲတွင် ရှိပြီး လူတစ်ဦး၏ ဘဝ သက်တမ်းကို ဘုရားသခင်က ကြိုတင်စီရင်ထားသည်ကို စိတ်ထဲတွင် သင် နားလည်ရန် လိုအပ်သည်။ ဘုရားသခင် ကြိုတင်စီရင်ပြီးသည့်အရာကို မည်သူမျှ မကျော်လွန်နိုင်။ သင်သည် ဤသိနားလည်မှု အတိုင်းအတာ အနည်းငယ်ကိုပင် မပိုင်ဆိုင်ပါက၊ သင်သည် အမှန်တကယ် ယုံကြည်ခြင်းမရှိသကဲ့သို့ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ပေ။

လူတို့သည် အနည်းငယ် နာမကျန်းဖြစ်သည်နှင့်တစ်ပြိုင်နက်၊ ယင်းကို ကုသဖို့ ဦးနှောက်ခြောက်အောင် စဉ်းစားပြီး နည်းလမ်းမျိုးစုံ အသုံးပြုကြသော်လည်း၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ကို ကုသ၍ မရနိုင်ပေ။ နာကျန်းမှုကို ၎င်းတို့ သာ၍ ကုသလေလေ၊ ယင်းက သာ၍ ဆိုးရွားလေလေ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့အား မည်သည့်အရာက အတိအကျ နာမကျန်းဖြစ်သည်ကို ရှာဖွေရန် သို့မဟုတ် ၎င်းတို့၏ နာမကျန်မှု အရင်းအမြစ်ကို ရှာဖွေတွေ့ရှိရန် ဘုရားသခင်၏ ရှေ့မှောက်သို့ တကယ်ကို မလာကြချေ။ ယင်းကို မည်သို့ ကိုင်တွယ်ရမည်ကို မိမိတို့ဘာသာ စဉ်းစားကြသည်။ အကျိုးဆက်အနေဖြင့်၊ နည်းစနစ်အားလုံးကို ၎င်းတို့ အသုံးပြုပြီးဖြစ်သော်လည်း၊ ၎င်းတို့၏ နာမကျန်းမှု ကျန်ရှိနေသည်မှာ၊ ယင်းကို ကုသဖို့ ကြိုးစားခြင်းအား ၎င်းတို့ ရပ်တန့်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ သတိမထားမိဘဲနှင့် ရုတ်တရက် ပျောက်သွားသည်အထိ ဖြစ်သည်။ မထူးခြားသော နာမကျန်းမှုတစ်ခုဖြစ်ပုံရသည့်အရာနှင့်အတူ အခြားသောလူက နာမကျန်းဖြစ်လာပြီး၊ “ဘာမျှမဟုတ်ပါ။ ကျွန်ုပ် ကြည့်ခိုင်းစရာမလိုပါ။ ဘုရားသခင်၌သာ ယုံကြည်ကိုးစားမှု ကျွန်ုပ် ထားရှိသည်” ဟု ပြောပြီး- ထို့နောက် တစ်နေ့တွင်၊ ၎င်းတို့ ရုတ်တရက် သေဆုံးသွားသည်။ အဘယ်ကြောင့် ဤအရာ ဖြစ်ရသနည်း။ ယင်းမှာ ဘုရားသခင်၏ အမြင်တွင်၊ ကမ္ဘာမြေပေါ်ရှိ ဤလူ၏ တာဝန်မှာ ပြီးစီးသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်က သူ့ကို ရုပ်သိမ်းခြင်း ဖြစ်ပေသည်။ နာမကျန်းဖြစ်ခြင်း မရှိဘဲ သေဆုံးသော သူများလည်းရှိပြီး၊ အကြီးစား ရောဂါတစ်ခုဖြင့် မသေသောသူများလည်း ရှိကာ နောက်ထပ် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ပင် အသက်ရှင်နိုင်ကြလေသည်။ ဤသည်မှာ ဘုရားသခင် ကြိုတင်စီရင်ထားပြီးဖြစ်သည့်အရာအပေါ်သာ မူတည်ပေသည်။ ဤအရာကို သင် အသိအမှတ်ပြုပါက၊ သင်သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိပေသည်။ အချိန်ကြာသည်နှင့်အမျှ သင်၏ နာမကျန်းမှုသည် ဆိုးရွားလာပြီး ယင်းကို ထိန်းချုပ်ဖို့ ဆေးဝါးအနည်းငယ် သုံးစွဲဖို့လိုအပ်ပါက၊ သင်၏ ဆေးဝါးကို ပုံမှန်အတိုင်း သုံးစွဲပြီး လေ့ကျင့်ခန်းအချို့ကို ပြုလုပ်လော့။ စိတ်အေးလက်အေးနေပြီး သင်၏ အခြေအနေကို တည်ငြိမ်စွာ ကုသလော့။ ဤသဘောထားနှင့်သက်ဆိုင်၍ မည်သည့်အရာ သင် တွေးပါသနည်း။ ဤသည်မှာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းရှိသည့် လူတို့က မွေ့လျော်သည့် သဘောထားမျိုး ဖြစ်သည်။ သင်သည် ဆေးဝါး မသုံးစွဲ သို့မဟုတ် ဆေးထိုးခြင်းကို လက်မခံသကဲ့သို့ လေ့ကျင့်ခန်းမလုပ် သို့မဟုတ် သင်၏ ကျန်းမာရေးကို မထိန်းသိမ်းဘဲ၊ အလွန့်အလွန် စိုးရိမ်ပူပန်ဆဲဖြစ်ကာ၊ စဉ်ဆက်မပြတ် ဆုတောင်းသည်။ သင်က၊ “ဘုရားသခင်၊ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းဖို့ ကျွန်ုပ် အကောင်းဆုံး လုပ်ဆောင်ရပါမည်။ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် မပြီးစီးသေးပါ။ ကျွန်ုပ်တို့ ဆန္ဒတစ်ခုရှိပြီး စိတ်ဆုံးဖြတ်ထားပါ၏။ ကိုယ်တော်သာ ကျွန်ုပ်ကို နောက်ဆုံးနာရီအထိ အသက်ရှင်ခွင့်ပေးနိုင်ပြီး၊ ကိုယ်တော်သာ ကျွန်ုပ်၏ ဆန္ဒကို ဖြည့်ဆည်းနိုင်ပါသည်။ ကျွန်ုပ် မသေနိုင်ပါ။ ကျွန်ုပ် သေပါက၊ ကျွန်ုပ်သည် အဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းနိုင်မည် မဟုတ်ပါ။ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ကျွန်ုပ် ဖြည့်ဆည်းချင်ပါသည်။ ကိုယ်တော်ကို ကျွန်ုပ် ဘုန်းထင်ရှားစေလိုပြီး အဆုံးထိ ကိုယ်တော်ကို ချီးမွမ်းချင်ပါ၏။ ကိုယ်တော်၏ ဘုန်းအသရတော် နေ့ရက်ကို ကျွန်ုပ် မြင်ချင်ပါသည်” ဟု ပြောသည်။ အပေါ်ယံအားဖြင့်၊ ဆေးဝါး သုံးဖို့ သို့မဟုတ် ဆေးထိုးခံရဖို့ သင်၏ ငြင်းပယ်မှုသည် သင့်အား အလွန်သန်မာကာ ဘုရားသခင်၌ယုံကြည်ခြင်း အပြည့်အဝ ရှိပုံရစေမည်ဖြစ်သော်လည်း၊ သင်၏ ယုံကြည်ခြင်းမှာ အမှန်တကယ်တွင် မုန့်ညင်းစေ့တစ်စေ့ထက် သာ၍ သေးငယ်ပေသည်။ သင်သည် ကြောက်လန့်ပြီး ဘုရားသခင်၌ ယုံကြည်ကိုးစားမှု မရှိပေ။ မည်သည့်အရာ ဖြစ်ပါသနည်း။ သင်သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း မရှိသည်မှာ အဘယ်သို့ ဖြစ်လာခဲ့သနည်း။ ဖန်ဆင်းရှင်က အဖန်ဆင်းခံ သတ္တဝါများအား အရေးထားသည့် သဘောထား၊ အခြေခံသဘောတရားများနှင့် နည်းစနစ်များကို လူသားများက လုံးဝ သဘောမေပေါက်ကြပေ။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အလွန်သေးငယ်သော သံသယများ၊ အယူအဆများနှင့် ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်လိမ့်မည်ကို မှန်းဆရန် စိတ်ကူးစိတ်သန်းများ အပေါ် မှီခိုကြလေသည်။ ဘုရားသခင်က သင့်အား အသက်ရှင်ခွင့်ပေးမည်ဆိုပါက၊ သင်၏ မကျန်းမာမှု မည်မျှ ဆိုးရွားသည်ဖြစ်စေ၊ သင် နေကောင်းလိမ့်မည်။ သင့်ကို သူ အသက်ရှင်ခွင့် ပေးမည်မဟုတ်ပါက၊ သင်သည် နာမကျန်းဖြစ်ခြင်း လုံးဝ မရှိလျှင်ပင် သင် သေသင့်ကာ သေရမည်ဖြစ်သည်။ ဤအရာကို သိရှိရန်မှာ စစ်မှန်သော အသိပညာနှင့် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်သည် လူတို့အား ကြုံရာကျပန်း နာဖျားစေသလော။ ယင်းသည် ကြုံရာကျပန်း မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ ယုံကြည်ခြင်းကို စစ်ဆေးရန် နည်းလမ်းတစ်ခု ဖြစ်သည်။ ယင်းသည် လူတို့ သည်းခံရမည့် ဆင်းရဲဒုက္ခ ဖြစ်သည်။ သူသည် သင့်အား နာမကျန်း ဖြစ်စေပါက၊ ယင်းကို လွတ်မြောက်ရန် မကြိုးစားနှင့်။ အားလုံးသည် ဖန်ဆင်းရှင်၏ လက်များထဲတွင် ရှိပြီး လူတို့သည် သဘာဝတရားအား အလိုအလျောက် ဖြစ်ခွင့်ပေးရန် သင်ယူရမည်။ သဘာဝတရားဆိုသည်မှာ အဘယ်နည်း။ သဘာဝတရားထဲက မည်သည့်အရာမျှ ကြုံရာကျပန်း မဟုတ်ပေ။ ထိုအရာအားလုံး ဘုရားသခင်ထံမှ လာ၏။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ တူညီသော ရောဂါခံစားရသူများထဲတွင်၊ အချို့ သေဆုံးပြီး အခြားသူများ အသက်ရှင်ကြသည်။ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်စီရင်ထားခြင်း ဖြစ်ပေသည်။ သင် အသက်ရှင်နိုင်ပါက၊ ယင်းမှာ သင်သည် ဘုရားသခင်က သင့်ကို ပေးသည့် တာဝန် မပြီးစီးသေးသည်ကို သက်သေပြပေသည်။ သင်သည် ယင်းကို ပြီးစီးစေရာတွင် ကြိုးစားအလုပ်လုပ်သင့်ပြီး၊ ဤအချိန်ကာလကို ချစ်ခင်မြတ်နိုးသင့်ပေသည်။ မဖြုန်းတီးနှင့်။ ဤသည်မှာ ဆိုလိုသည့်အရာ ဖြစ်သည်။ သင် နာမကျန်းဖြစ်ပါက၊ ယင်းကို လွတ်မြောက်ရန် မကြိုးစားနှင့်၊ ပြီးလျှင် သင် နာမကျန်း မဖြစ်ပါက၊ ယင်းကို မတောင်းလျှောက်နှင့်။ မည်သည့်ကိစ္စတွင်မဆို၊ တောင်းလျှောက်ခြင်းမျှဖြင့် သင် လိုချင်သည့်အရာကို သင် မရနိုင်သကဲ့သို့၊ သင် အလိုရှိသောကြောင့်မျှဖြင့် မည်သည့်အရာကိုမဆို သင် မလွတ်မြောက်နိုင်ပေ။ ဘုရားသခင်က လုပ်ဆောင်ရန် ဆုံးဖြတ်ပြီးသည့်အရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်” မှ

လူအချို့သည် ၎င်းတို့ နာမကျန်းဖြစ်သည်နှင့်တစ်ပြိုင်နက် ဆုတောင်းကြသော်လည်း၊ ၎င်းတို့ ဆုတောင်းခြင်း ပြီးသည့်နောက်တွင် မိမိတို့ကိုယ်ကိုယ် မသက်သာသည်ကို မြင်သည့်အခါ၊ “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သော်လည်း၊ သူသည် ကျွန်ုပ်ကို မသက်သာစေသေးပါ။ တစ်နေ့လုံး ကျွန်ုပ် နာမကျန်ဖြစ်နေသည်။...” ဟု ပြောရင်း၊ စဉ်ဆက်မပြတ် ညည်းညူနေ၍ နာမကျန်းမှုဖြင့်သာ နေကြလေသည်။ ညည်းညူပြီးသည့်နောက်တွင် ၎င်းတို့ သေဆုံးသွားကြသည်။ ဘုရားသခင်သည် သင်၏ ဇာတိပကတိကို ဖယ်ရှားသုတ်သင်ပြီး၊ မရဏနိုင်ငံထဲသို့ သင့်ကို ပစ်လိုက်ပါက၊ သင့်အတွက် အားလုံး ပြီးသွားပြီဖြစ်သည်၊ သင်သည် ကယ်တင်ခြင်းအခွင့်အရေး တစ်စုံတစ်ရာမျှ မရှိတော့ပေ။ သင်သည် သေဆုံးပြီး ငရဲသို့သွားပါက၊ သင်၏ ဝိညာဉ်သည် အဆုံးခံရပေသည်။ ကယ်တင်ခြင်း အမှုသည် ယင်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိပြီး သင်သည် ကယ်တင်မခံရသေးပါက၊ သင်၌ နောက်ထပ်အခွင့်အရေး ရှိလိမ့်ဦးမည်လော။ သင်သည် နောက်ထပ် အခွင့်အရေးများ ရှိလိမ့်မည် မဟုတ်။ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုအတွင် သင်သည် ပျက်စီးဆုံးရှုံးပါက၊ သင်၏ ခရီးပန်းတိုင်သည် ချမှတ်ထားနှင့်ပြီး ဖြစ်ပေမည်။ သင်သည် သက်ကြီး ရောဂါဖြင့် သေဆုံးရလိမ့်မည်မဟုတ်။ သင်၏ သေဆုံးခြင်းသည် ပုံမှန် သေဆုံးခြင်းတစ်ခု ဖြစ်လိမ့်မည်မဟုတ်၊ သင်သည် အပြစ်ပေးခံရခြင်းမှ သေဆုံးလိမ့်မည်။ အပြစ်ပေးခံရခြင်းမှ သေဆုံးသောသူတို့သည် ကယ်တင်ခြင်း အခွင့်အရေးတစ်ခုတစ်လေမျှ မရှိတော့သကဲ့သို့ မည်သည့်နေရာတွင်မဆို အပြစ်ပေးခံရနိုင်သည်။ ပေါလုသည် ဤတစ်ချိန်လုံး မရဏနိုင်ငံတွင် အပြစ်ပေးခံရပြီးဖြစ်သည် မဟုတ်လော။ နှစ်နှစ်ထောင်ကြာမြင့်ပြီးဖြစ်ကာ သူသည် ထိုနေရာတွင် အပြစ်ပေးခံရဆဲ ဖြစ်သည်။ သင်သည် အပြစ်ကို တမင်သက်သက် ပြုမိလျှင် သာ၍ပင် ဒုက္ခရောက်လိမ့်မည်၊ သင်၏ အပြစ်ဒဏ်သည် သာ၍ပင် ပြင်းထန်လိမ့်မည်။

လူအချို့က “သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် အချိန်အချို့ကြာ ကျွန်ုပ်ထံမှ ကင်းမဲ့နေသကဲ့သို့ ကျွန်ုပ်ခံစားရသည်။ ကျွန်ုပ်သည် အမြဲ မကျန်းမမာဖြစ်နေပြီး နေထိုင်မကောင်း ခံစားနေရကာ၊ ကျွန်ုပ်သည် ခက်ခဲသော အခြေအနေများကို အမြဲ ရင်ဆိုင်နေရသည်” ဟု ပြောကြသည်။ ဤသည်မှာ မှန်ပေ၏။ တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် နည်းလမ်းတစ်ခုဖြင့် အလုပ်လုပ်ပြီး တစ်ခါတစ်ရံတွင် အခြားတစ်နည်းဖြင့် အလုပ်လုပ်၏။ တစ်ခါတစ်ရံတွင် သမ္မာတရားအချို့ကို သိနားလည်ခွင့်ပေးဖို့ မိတ်သဟာယကို အသုံးပြုရင်း သူသည် သင့်ကို အသိဉာဏ်ပွင့်လင်းစေသကဲ့သို့၊ တစ်ခါတစ်ရံတွင် သူသည် သင့်ကို ရှင်းပြဖို့၊ သင် ကြီးထွားနိုင်ဖို့အလို့ငှာ သင် စစ်ဆေးခံရသည့်၊ ဖေးမခံရပြီး လေ့ကျင့်ပေးခြင်းခံရသည့် အခြေအနေများကို အသုံးပြု၏။ သို့သော် အချို့သော ရောဂါများမှာ လူလုပ်ဖြစ်သည်။ ယင်းတို့မှာ သင်သည် မိမိကိုယ်ကိုယ် မည်သို့ စောင့်ရှောက်ရမည် သို့မဟုတ် သင်၏ ကျန်းမာရေးကို မည်သို့ ဂရုစိုက်ရမည်ကို မသိသောကြောင့် ဖြစ်ခြင်းဖြစ်သည်၊ ယင်းအခြေအနေတွင် သင်သည် သာ၍ အာရုံစိုက်သင့်သည်။ သို့သော် ရောဂါသည် လူလုပ်ဖြစ်စေ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အပ်နှင်းခံရသည်ဖြစ်စေ၊ အားလုံးက သင်သည် သင်ခန်းစာတစ်ခုကို သင်ယူနိုင်ဖို့အလို့ငှာ၊ ယင်းသည် သင့်အပေါ် ဘုရားသခင်၏ အထူး ကျေးဇူးတော် အမြဲ ဖြစ်လေသည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်ကို ကျေးဇူးတင်ရမည်ဖြစ်ပြီး ညည်းညူရမည်မဟုတ်။ ညည်းညူခြင်း တစ်ခုစီသည် သင့်အပေါ် အစွန်းအထင်းတစ်ခု၊ တိုက်ချွတ်ဆေးကြော သန့်ရှင်း၍ရနိုင်သည့် အပြစ်တစ်ခု မဟုတ်ပေ။ သင် တစ်ကြိမ် ညည်းညူသည့်အခါ၊ သင်၏ အခြေအနေကို ပြောင်းလဲဖို့ မည်မျှ ကြာလိမ့်မည်နည်း။ သင်သည် အနည်းငယ် အပျက်သဘောဆောင်လာသည့်အခါ၊ သင့်ကိုယ်သင် တစ်ဖန် မှန်ကန်စေဖို့ တစ်လ ကြာနိုင်သည်။ သင် ညည်းညူပြီး အချို့သော အပျက်သဘောဆောင်သည့်အရာများကို ပြောသည့်အခါ၊ သင်သည် တစ်နှစ်အတွင်းတွင်ပင် သင့်ကိုယ်သင် မှန်ကန်စေကောင်း မှန်ကန်စေနိုင်မည် မဟုတ်သကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ အလုပ်ကို ရပ်တန့်လိမ့်မည်။ ယင်းသည် ညည်းညူဖို့ ကြီးလေးသည့် ကိစ္စတစ်ခု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိဖို့ သင့်အတွက် သာ၍ပင် ခက်ခဲလာသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အနည်းငယ် ရရှိဖို့ ဆုတောင်းရာတွင် အားထုတ်မှုများစွာ လိုသကဲ့သို့ သင်၏ ပုံသေအတွေးအခေါ်ကို လုံးဝ ပြောင်းလဲဖို့ဆိုသည်မှာ လွယ်ကူသော စွမ်းဆောင်မှု မဟုတ်ပေ။ ဤအရာကို သမ္မာတရား ရှာဖွေခြင်းအားဖြင့်သာ ဖြေရှင်း၍ ရနိုင်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အရာခပ်သိမ်းတို့ကို သမ္မာတရားရှုထောင့်မှ ကြည့်ရမည်” မှ

မည်သူမျှ ဆင်းရဲဒုက္ခမရှိဘဲ ၎င်းတို့၏ တစ်ဘဝလုံး မသွားကြပေ။ လူအချို့အတွက် ယင်းက မိသားစုနှင့်သက်ဆိုင်သည်၊ အချို့အတွက်မူ အလုပ်နှင့်သက်ဆိုင်သည်၊ အချို့အတွက် အိမ်ထောင်ရေးနှင့် သက်ဆိုင်ပြီး၊ အချို့အတွက် ကိုယ်မကျန်းမာခြင်းနှင့်သက်ဆိုင်သည်။ လူတိုင်း ဒုက္ခခံစားကြသည်။ လူအချို့က “လူများသည် အဘယ့်ကြောင့် ဒုက္ခခံစားရမည်နည်း။ ကျွန်ုပ်တို့၏ အသက်တာများတစ်ခုလုံး၌ ငြိမ်းချမ်းစွာနှင့် ပျော်ရွှင်စွာ ရှင်သန်ဖို့ဆိုသည်မှာ မည်မျှ ကောင်းလိုက်မည်နည်း။ ကျွန်ုပ်တို့ ဒုက္ခမခံ၍ မရနိုင်သလော။” ဟု ပြောကြသည်။ မရပေ- လူတိုင်း ဒုက္ခခံစားရမည်။ ဒုက္ခက လူပုဂ္ဂိုလ်တိုင်းကို ရုပ်ခန္ဓာ အသက်၏ မြောက်မြားလှသော ခံစားရခြင်းများကို တွေ့ကြုံစေသည်၊ ဤခံစားရခြင်းများသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ၊ နိုးကြားတက်ကြွသည်ဖြစ်စေ သို့မဟုတ် မတုန်မလှုပ်ရှိသည်ဖြစ်စေ၊ ဒုက္ခက လူတိုင်းကို ကွဲပြားသော ခံစားချက်များနှင့် နားလည်သဘောပေါက်ခြင်းတို့ကို ပေးသည်၊ သင့်အတွက်မှာမူ ယင်းက အသက်တာ အတွေ့အကြုံများသာ ဖြစ်ပေသည်။ ဤသည်မှ သမ္မာတရားနှင့် ဘုရားသခင်၏အလိုတော်တို့ကို သင် ရှာဖွေနိုင်ပါက၊ သင်သည် ဘုရားသခင်က သင့်အား ပေးပြီးဖြစ်သည့် ရည်မှန်းချက်များထံ ယခင်ထက် သာ၍ နီးကပ်လာလိမ့်မည်။ ယင်းက ရှုထောင့် တစ်ခုဖြစ်ပြီး ယင်းမှာ လူများကို သာ၍အတွေ့အကြုံ ရှိစေဖို့လည်း ဖြစ်သည်။ နောက်ထပ် ရှုထောင့်မှာ ဘုရားသခင်က လူသားကို ပေးသည့် တာဝန် ဖြစ်သည်။ မည်သည့်တာဝန်နည်း။ ဤဒုက္ခကို ခံစားဖို့ ဖြစ်သည်။ သင်သည် ဤဒုက္ခကို သည်းခံရမည်။ သင်သည် ယင်းကို သည်းခံနိုင်ပါက၊ ဤသည်မှာ သက်သေခံချက်ဖြစ်ပေသည်။ အနာရောဂါကို ရင်ဆိုင်လျက်၊ အချို့လူများသည် သူတစ်ပါး သိသွားမည်ကို စိုးရွံ့ကြသည်၊ အမှန်မှာမူ ဤသည်မှာ ဘာမျှ ရှက်စရာ မဟုတ်သည့်အချိန်တွင်၊ ၎င်းတို့က ယင်းမှ ရှက်စရာတစ်ခုဟု တွေးထင်ကြသည်။ သာမန်လူတစ်ဦးအနေဖြင့် အနာရောဂါအလယ်တွင် သင်သည် ဘုရားသခင်က သင့်အတွက် စီစဉ်ပေးသည့် ဒုက္ခမျိုးစုံကို လက်ခံနိုင်ပြီး သင်၏ တာဝန်ကို ပုံမှန်အားဖြင့် ထမ်းဆောင်နိုင်ဆဲ ဖြစ်ကာ၊ သင့်အား ဘုရားသခင်က ပေးသည့် တာဝန်ပေး စေခိုင်းချက်ကို ပုံမှန်အားဖြင့် စုံလင်စေနိုင်ပါက၊ ဤသည်မှာ သက်သေခံချက်ဖြစ်ပြီး၊ ယင်းက စာတန်ကို အရှက်ရစေပြီး အနိုင်ယူသည့် တစ်စုံတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် ဖန်ဆင်းခံသတ္တဝါတိုင်းနှင့် လူတိုင်းတို့သည် မည်သည့်ဒုက္ခမဆိုကို လက်ခံပြီး ကျိုးနွံနာခံသင့်သည်။ ဤသည်မှာ ယင်းကို သင် နားလည်သင့်သည့်ပုံစံဖြစ်သည်၊ ဤသည်က ဘုရားသခင်၏အလိုတော်နှင်ကိုက်ညီပြီး ယင်းက ဘုရားသခင်၏ရည်ရွယ်ချက် ဖြစ်ပေသည်။ ဤသည်က ဘုရားသခင်က ဖန်ဆင်းရှင် သတ္တဝါတိုင်း အတွက် စီစဉ်ပေးထားသည့် အရာဖြစ်သည်။ သူက သင့်အား ဤအခြေအနေများနှင့် အနေအထားများ၌ ထားခြင်းက သင့်အား တာဝန်တစ်ခု၊ ဝတ္တရား တစ်ခုနှင့် တာဝန်ပေးစေခိုင်းချက်တို့ကို ပေးခြင်းနှင့် သာတူညီမျှဖြစ်သောကြောင့်၊ သင်သည် ယင်းတို့ကို လက်ခံသင့်သည်။ ဤသည်က သမ္မာတရား မဟုတ်သလော။ ယင်းက ဘုရားသခင်ထံမှ လာသမျှ ကာလပတ်လုံး၊ ဘုရားသခင်က သင့်ကို ထိုသို့သော တောင်းဆိုမှုတစ်ခု ပြုသမျှကာလပတ်လုံး၊ ယင်းက သမ္မာတရားဖြစ်ပေသည်။ ယင်းက သမ္မာတရား ဖြစ်သည်ဟု အဘယ့်ကြောင့် ဆိုရသနည်း။ ဤသည်မှာ သင်က ဤနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်ခံပါက၊ ပြဿနာတစ်ခုကို သင်ကြုံရသည့်အခါ၊ ဤနှုတ်ကပတ်တော်များက သင်၏အယူအဆများနှင့် ပုန်ကန်လိုခြင်းများကို ဖြေရှင်း ပေးနိုင်မည်၊ ယင်းတို့က ဤပြဿနာမှတစ်ဆင့် သင့်ကို ချောမွေ့သော လမ်းကြောင်းတစ်ခု အခွင့်ပေးလိမ့်မည် ဖြစ်ပြီး၊ ယင်းတို့က သင့်အား သက်သေခံဖို့ အခွင့်ပေးလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင် လုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ခြင်း မပြုဖို့ သင့်ကို အခွင့်ပေးလိမ့်မည်။ ဘုရားသခင်က သင့်အား နေရာချပေးသည့် အခြေအနေများနှင့် အနေအထားများကို ကျိုးနွံနာခံနိုင်ပါက၊ သင်သည် သမ္မာတရားကို နားလည်ပြီး သင်သည် ထိုသို့သော သက်သေခံချက်ကို ပေးနိုင်ပါက၊ သင်သည် စာတန်ကို အရှက်ရစေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏ အယူအဆများကို ရွေးထုတ်သည့်အခါမှသာ ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သည့် လမ်းကြောင်း ပေါ် သင် ဝင်ရောက်နိုင်သည် (၁)” မှ

အရှေ့သို့- ၁၄၂။ သဘာဝအလျောက်နှင့် လူလုပ် ဘေးဒုက္ခများကို သဘောထားသည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၄၄။ သေခြင်းတရားကို ကိုင်တွယ်သည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်