၁၂၇။ အခြားသူများကို မေတ္တာဖြင့် ကူညီခြင်း နိယာမများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေခံကာ မတူညီသော လူအမျိုးအစားများအကြား ခွဲခြားရန် လိုအပ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သည့် လူကောင်းများကို မေတ္တာဖြင့် အပြန်အလှန် ဆက်ဆံလော့၊ တစ်ဦးနှင့်တဦး မှန်ကန်စွာ ဆက်ဆံပြီး တစ်ဦးကိုတစ်ဦး ကူညီလော့။

(၂) အခြားသူများကို မေတ္တာဖြင့် ကူညီသောသူသည် အခြားအကြောင်းအရာတစ်ချို့အတွက် သို့မဟုတ် တစ်စုံတစ်ခုကို ပြန်လည်ရရှိလိုသောသဘောဖြင့် မပြုသင့်ပါ။ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ သူတို့၏ တာဝန်ကို ကောင်းစွာ ပြုရန် နှင့် အခြားသူများကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ရန်သာ အဓိကထားကာ ပြုသင့်သည်။

(၃) တစ်ဦးနှင့်တစ်ဦး ကူညီသောအခါ၊ အခြားသူ၏ အခက်အခဲများကို အသီးသီး နားလည်သင့်သည်၊ သူတို့မှ လျော်ကန်သည်ဟုခံစားသော၊ လက်ခံသော နည်းလမ်းများအားဖြင့် တစ်ဦးနှင့်တစ်ဦး၏ ပြသနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်။

(၄) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေခံကာ အခြားသူများကို သာတူညီမျှ ဆက်ဆံသင့်သည်။ အခြားသူများကို မှားယွင်းစွာ ရှုမြင်ရန် မိမိ၏ ယူဆချက်များ နှင့် စိတ်ကူးများကို အသုံးမပြုရပါ သို့မဟုတ် သူတို့၏ ပစ်မှားခြင်းများကို အခြေခံကာ ပြစ်တင်ရှုံ့ချခြင်းမပြုရပါ။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူတစ်ဦးသည် ကောင်းသည် ဆိုးသည်၊ ပြီးလျှင် သူ သို့မဟုတ် သူမကို မည်သို့ ဆက်ဆံသင့်သည် ဆိုသည်အတွက်မူ၊ လူတို့သည် အပြုအမူနှင့်ဆိုင်သည့် မိမိတို့၏ ကိုယ်ပိုင် အခြေခံသဘောတရားများ ရှိသင့်ကြ၏။ သို့သော်၊ ထိုလူ၏ရလဒ်က မည်သည့်အရာဖြစ်မည် ဆိုသည်အတွက်မူ- သူ သို့မဟုတ် သူမသည် ဘုရားသခင်၏ အပြစ်ပေးခံရခြင်းဖြင့် အဆုံးသတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ၊ သို့မဟုတ် သူ သို့မဟုတ် သူမသည် တရားစီရင်ခံရကာ ပြစ်တင်ဆုံးမခံရခြင်းဖြင့် အဆုံးသတ်သည်ဖြစ်စေ၊ မသတ်သည်ဖြစ်စေ- ယင်းသည် ဘုရားသခင်၏ အရေးကိစ္စဖြစ်၏။ လူတို့ ဝင်ရောက်မစွက်ဖက်သင့်ပေ။ ဘုရားသခင်သည် သူ့ကိုယ်စား သင့်ကို ပဏာမခြေလှမ်း လှမ်းခွင့်ပေးလိမ့်မည် မဟုတ်ပေ။ ထိုသူကို မည်သို့ ဆက်ဆံရမည်မှာ ဘုရားသခင်၏ အရေးကိစ္စဖြစ်သည်။ ထိုသို့သော လူများ မည်သည့် ရလဒ်မျိုးကို ရှိလိမ့်မည်ကို ဘုရားသခင် မဆုံးဖြတ်သေးသရွေ့၊ ၎င်းတို့ကို မနှင်ထုတ်သေးသကဲ့သို့၊ ၎င်းတို့ကို အပြစ်မပေးသေးသရွေ့၊ ပြီးလျှင် ၎င်းတို့ ကယ်တင်ခြင်းခံရသရွေ့၊ သင်သည် ၎င်းတို့ကို ချစ်ခြင်းမေတ္တာဖြင့် စိတ်ရှည်စွာ ကူညီသင့်ပေသည်။ ထိုသို့သော လူတို့၏ ရလဒ်ကို ဆုံးဖြတ်ဖို့ သင် မမျှော်လင့်သင့်သကဲ့သို့၊ ၎င်းတို့ကို ထိထိရောက်ရောက် နှိမ်နှင်းဖို့ သို့မဟုတ် အပြစ်ပေးဖို့ရန် လူ့နည်းလမ်းများကို သင် အသုံးမပြုသင့်ပေ။ ထိုသို့သော လူတို့ကို သင် ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်နိုင်သည် သို့မဟုတ် ၎င်းတို့ကို ကူညီဖို့ရန် သင်၏ စိတ်နှလုံးကို ဖွင့်ပြီး အူလှိုက်သည်းလှိုက် မိတ်သဟာယဖွဲ့ခြင်းဖြင့် ပါဝင်ပေးနိုင်သည်။ သို့သော်၊ ဤလူတို့ကို အပြစ်ပေးခြင်း၊ ဖယ်ကြဉ်ခြင်းနှင့် အမှုဆင်ခြင်းတို့ကို သင် စဉ်းစားပါက၊ သင် ဒုက္ခရောက်လိမ့်မည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်လော။ ထိုသို့သော အတွေးများရှိခြင်းသည် စိတ်ပြင်းထန်ခြင်းမှ ဖြစ်ပေါ်ပေသည်။ ထိုသို့သော အတွေးများသည် စာတန်ထံမှ လာပြီး လူသား၏မကျေမချမ်းဖြစ်မှုအပြင် လူသား၏ မနာလိုခြင်းနှင့် စက်ဆုပ်ခြင်းတို့မှ ပေါ်ပေါက်၏။ ထိုသို့သော အပြုအမူသည် သမ္မာတရားနှင့် မကိုက်ညီပေ။ ဤသည်မှာ သင့်ကို ဒဏ်ခတ်ခံစေရမည့် အရာတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် မကိုက်ညီပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်” မှ

လူတို့အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါ ၎င်းတို့ မည်သည့်အခြေအနေ၌ ရှိကြမည်ကို သင် သိနားလည်ခြင်းရှိဖို့ လိုသည်။ အထူးသဖြင့် ဘုရားသခင်အား အစေခံခြင်းကို ညှိနှိုင်းဆောင်ရွက်သူတို့သည် လူတို့အပေါ် သန့်ရှင်းသောဝိညာဉ်တော် ဆောင်ရွက်သည့် အမှုအားဖြင့် ဖြစ်ပေါ်သည့် အခြေအနေများစွာကို သာ၍အားကောင်းစွာ သဘောပေါက် ရပေမည်။ သင်သည် အတွေ့အကြုံများစွာ သို့မဟုတ် ဝင်ရောက်ခြင်းရရှိသည့် နည်းလမ်းများစွာအကြောင်းကိုသာ ပြောဆိုပါက၊ သင်၏အတွေ့အကြုံသည် အလွန်တစ်ဖက်သတ်ဖြစ်သည်ကို ထိုအရာက ပြသပေသည်။ သင်၏ စစ်မှန်သော အခြေအနေကို သိရှိခြင်းနှင့် သမ္မာတရား၏ အခြေခံသဘောတရားများကို သဘောပေါက်ခြင်းမရှိဘဲ၊ စိတ်သဘောထား ပြောင်းလဲရန် မဖြစ်နိုင်ချေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော အခြေခံသဘာတရားများကို သိရှိခြင်း၊ သို့မဟုတ် ယင်း၏အသီးအပွင့်ကို သိနားလည်ခြင်းမရှိဘဲ၊ နတ်ဆိုးများ၏အလုပ်ကို သိမြင်ရန် သင့်အတွက် ခက်ခဲပေလိမ့်မည်။ သင်သည် နတ်ဆိုးများ၏ အလုပ်အပြင် လူသား၏ အယူအဆများကို ဖော်ထုတ် ရမည်ဖြစ်ပြီး၊ ပြဿနာ၏ အရင်းအမြစ်ကိုတိုက်ရိုက် ထိုးထွင်းသိမြင်ရမည်။ လူများ၏ လက်တွေ့လုပ်ဆောင်မှု၌ရှိသော သွေဖည်မှုများစွာနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ၎င်းတို့ ရှိနိုင်သည့် ပြဿနာများကိုလည်း ၎င်းတို့ သတိပြုမိနိုင်ဖို့အလို့ငှာ ထောက်ပြရမည်။ အနည်းဆုံးအနေဖြင့်၊ သင်သည် ၎င်းတို့ကို အပျက်သဘောဆောင်ခြင်း သို့မဟုတ် တုံဏှိဘာဝေနေခြင်း မခံစားစေရ။ သို့ရာတွင်၊ လူအများစုအတွက် ဓမ္မဓိဋ္ဌာန်ကျကျ တည်ရှိသာ အခက်အခဲများကိုလည်း သင်နားလည်ရမည်၊ သင်သည် ယုတ္တိမတန်သောသူ သို့မဟုတ် “ကျွဲပါးစောင်းတီးသူ” မဖြစ်စေရ။ ယင်းသည် မိုက်မဲသောအပြုအမူ ဖြစ်သည်။ လူတို့ တွေ့ကြုံရသော အခက်အခဲများစွာကို ဖြေရှင်းရန် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အင်အားများကို ပထမဦးစွာ နားလည်ရမည်၊ သင်သည် မတူညီသောလူများအပေါ် သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်ကို မည်သို့ဆောင်ရွက်သည်ကို နားလည်ရမည်၊ လူတို့ ရင်ဆိုင်ရသည့် အခက်အခဲများနှင့် ၎င်းတို့၏ အားနည်းချက်များကို နားလည်မှု ရှိရမည်ဖြစ်ပြီး ပြဿနာ၏ အဓိကအကြောင်းရင်းများကို သွေဖည်ခြင်း သို့မဟုတ် အမှားများတစ်ခုတစ်လေ ပြုလုပ်ခြင်းမရှိဘဲ ရိပ်မိနိုင်ရမည်ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးသည်သာ ဘုရားသခင်ကို အစေခံရာတွင် ညှိနှိုင်း ဆောင်ရွက်ရန် အရည်အချင်းရှိပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပြည့်စုံသော သိုးထိန်းတစ်ဦး ရှိသင့်သည့်အရာ” မှ

အကယ်၍ သင်သည် ညီအစ်ကို သို့မဟုတ် မောင်နှမတစ်ဦးနှင့် ကောင်းသော ဆက်ဆံရေးရှိပြီး သူတို့၌ မည်သည့်အရာ မှားယွင်းနေကြောင်း ထောက်ပြရန် သင့်ကို တောင်းဆိုလျှင် သင် ယင်းကို အဘယ်သို့ ပြုသင့်သနည်း။ ဤသည်မှာ ကိစ္စရပ်အတွက် သင်အသုံးပြုသော ချဥ်းကပ်နည်းနှင့် ဆက်စပ်သည်။ သင်၏ ချဥ်းကပ်နည်းမှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း ချဥ်းကပ်နည်းလော၊ သို့မဟုတ် ဘဝနေထိုင်မှုဆိုင်ရာ ဒဿနများကို သင် အသုံးပြုသလော။ အကယ်၍ သင်သည် “သင်သည် နယ်ပယ်တိုင်းတွင် ကောင်းမွန်ပြီး ကျွန်ုပ်ထက် သာလွန်သည်။ သင်သည် အခက်အခဲများကို သည်းခံနိုင်ပြီး သင်၏အစွမ်းအစမှာ ကောင်းမွန်ပေသည်။ သင့်အနေဖြင့် အပျက်သဘောဆောင်စရာ မလိုအပ်ပါပေ။ သင်သည် လွန်စွာ ကောင်းမွန်ပေသည်။ နှိမ့်ချရန်အတွက် မည်သည့်အကြောင်း ရှိသနည်း။” ဟု ဆိုလျှင်၊ အကယ်၍ ယင်းတို့၌ မှားယွင်းသောအရာများ ရှိသည်ကို သင် ရှင်းလင်းစွာ မြင်တွေ့ရသော်လည်း သင်တို့နှစ်ဦးကြားထဲက ငြိမ်းချမ်းရေးကို မထိခိုက်စေရန်အလို့ငှာ သင့်အနေဖြင့် ၎င်းတို့ဖြစ်နေသည့်အတိုင်း ရှင်းလင်းစွာ မပြောလျှင်ကား သင်သည် ဘဝနေထိုင်မှုဆိုင်ရာ ဒဿနာကို အသုံးချနေပြီဖြစ်သည်။ ထိုကဲ့သို့သော ကိစ္စရပ်အတွက် ကွဲပြားသော ချဥ်းကပ်နည်းကို အသုံးပြုသောသူတစ်ဦးက “ကျွန်ုပ်၏ ဝိညာဥ်ရင့်ကျက်မှုက ယခုတွင် သေးငယ်ပြီး သင်၏ ပြဿနာများကို လုံးစေ့ပတ်စေ့ နားမလည်ပါ။ နားလည်သောအခါ ကျွန်ုပ် သင့်ကို ပြောပါမည်။” ဟု ဆိုတတ်သည်။ ဤသည်မှာ တစ်ပါးသူများကို အရူးလုပ်ရန် ကြိုးစားနေခြင်း မဟုတ်သလော။ သူတို့သည် မည်သည့်အရာကိုမျှ အမှန်တကယ် လုံးစေ့ပတ်စေ့ လုံးဝ နားမလည်နိုင်သလော။ သူတို့သည် ထိုကိစ္စအပေါ် ထင်မြင်ချက် လုံးဝ မရှိဘဲ နေထိုင်သလော။ သူတို့တွင် ထင်မြင်ချက်များ ရှိပါသည်။ သူတို့က စိတ်ဆိုးစရာ ဖြစ်စေမည် ကြောက်သောကြောင့် သူတို့ကို မပြောခြင်းသာ ဖြစ်သည်။ သူတို့က သင့်ကို ဘာမျှမပြောသည့်အပြင် သင့်ကိုယ်သင် အဆင်ပြေသည်ဟု ထင်အောင်ပြုလုပ်ကာ ထိုကိစ္စရပ်ကို သင် နားမလည်နိုင်အောင် ချန်ရစ်ထားလေသည်။ သင်သည် တစ်နေ့နေ့တွင် ကျရှုံးပြီး လဲကျစေပြီး သင်နောက်ကွယ်တွင် ရယ်မောနေကောင်း ရယ်မောနေလိမ့်မည်။ ထိုသို့ဖြစ်လာသောအခါ နှိုင်းယှဥ်ကြည့်လျှင် သူတို့မှာ ပို၍ကောင်းမွန်နေပုံပေါက်မည်။ ဤသည်မှာ သူတို့ သင့်အပေါ် လှည့်စားသည့်ပုံစံ ဖြစ်သည်။ ထိုကဲ့သို့သောလူက မဆိုးဝါးသလော။ ဤ ချဥ်းကပ်ပုံနှစ်ခုအနက် မည်သည်က နှစ်သက်စရာကောင်းသနည်း။ ယင်းတို့နှစ်ခုလုံးက အော်ဂလီဆန်စရာကောင်းသည်။ မည်သည့်အရာမျှ နှစ်သက်စရာမကောင်းပေ။ လူအချို့က သူတို့ အမှန်တရားကို ပြောရမည်ဟု ဆိုကြသည်။ သူတို့သည် “သင်သည် လူဆိုးတစ်ဦးဖြစ်ပြီး ဆိုးယုတ်ပေသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် သင် ကယ်တင်ခြင်းခံရမည်မဟုတ်ကြောင်း ကျွန်ုပ်ပြောနိုင်သည်။” ဟု ဆိုကြသည်။ သူတို့က ရိုးသားစွာ စကားပြောသော်လည်း ထိုကဲ့သို့သော လူတစ်ဦးက သူတို့စိတ်ထဲတွင် ထိုသို့မထင်ဘဲ သူတို့ “ကျွန်ုပ် ဤအရာကိုပြောလျှင် သင် သေချာပေါက် မာနကြီးခြင်း သို့မဟုတ် မောက်မာခြင်း ရှိမည်မဟုတ်ပေ။” ဟူ၍ ပြောရာ၌ ဖုံးကွယ်ထားသော အကြောင်းရင်းရှိသည့် အရိပ်အယောင်ရှိပေသည်။ ဤချဥ်းကပ်နည်းလည်း မှားသည်၊ ယင်းက တစ်ပါးသူများ၏ စိတ်ခံစားချက်များကို ထည့်သွင်းစဥ်းစားခြင်း မရှိသကဲ့သို့ အကျိုးဆက်များကို ဆင်ခြင်သုံးသပ်ခြင်း မရှိပေ။ ဤသို့သောလူမျိုး၏ စိတ်သဘောထားကို သင် မည်သို့ထင်သနည်း။ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသလော။ မနေကြပါ၊ ဤနည်းအတိုင်း ပြုမူခြင်းက သူတစ်ပါးကို အပျက်သဘော ဆောင်စေခြင်း သို့မဟုတ် ထိမိလဲကျစေခြင်း ရှိနိုင်လေသည်။ ဤအရာက သူတို့လျှောက်သော လမ်းကြောင်းကို အသည်းအသန် ဟန့်တားလိမ့်မည်။ လူတစ်ဦးက ဤအရာများအားလုံးကို ဆင်ခြင်သုံးသပ်ရမည်။ ဤချဥ်းကပ်နည်းသည်လည်း မကောင်းပါပေ။ ထိုအထဲ၌ စိတ်သဘောထားတစ်ခု ပါရှိသည်။ ယင်းမှာ သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားထဲမှနေ၍ စကားပြောခြင်း သို့မဟုတ် လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ သမ္မာတရားနိယာမအရ ပြုမူကျင့်ကြံခြင်းလည်း မဟုတ်ပါချေ။

သို့ဆိုလျှင် သမ္မာတရားနိယာမအရ ဤကိစ္စရပ်ကို သင် အဘယ်သို့ ချဥ်းကပ်သင့်သနည်း။ မည်သည့်လုပ်ဆောင်ချက်က သမ္မာတရားနှင့် ညီညွှတ်သနည်း။ ဆက်စပ်သော အခြေခံသဘောတရားများ မည်မျှရှိသနည်း။ သင်သည် အခြေခံသဘောတရားများအပေါ် ခိုင်မာသော နားလည်သဘောပေါက်မှု ရှိရမည်။ ပထမဦးစွာ တစ်ပါးသူများကို ထိမိ၍ လဲကျစေခြင်း မပြုနှင့်။ သင်သည် တစ်ပါးသူတို့၏ အားနည်းချက်များနှင့် သူတို့အား မည်သည့်စကားပြောနည်းက သူတို့အား ထိမိ၍လဲကျစေခြင်း မရှိစေမည့်နည်းလမ်းကို ဦးစွာ စဥ်းစားရမည်။ ဤသည်မှာ စဥ်းစားသုံးသပ်ရမည့် အသေးငယ်ဆုံးပင် ဖြစ်သည်။ ထို့နောက် အမှုအရာများ၏ အပြုသဘောဘက်ကို သင် စဥ်းစားသင့်သည်- သူတစ်ပါးကို ကူညီရန် သင် ဘာလုပ်နိုင်သနည်း။ သူတို့အား ကူညီခြင်း၏ ရည်ရွယ်ချက်မှာ သူတို့အနေဖြင့် ဘုရားသခင်၏ အလိုတော်ကို နားလည်ရန်၊ သူတို့ကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ရန်နှင့် ထိုမျှ ခက်ခဲသော အခြေအနေများကို သူတို့အား ချန်ရစ်ထားစေပြီး သင် ရရှိထားသကဲ့သို့ သမ္မာတရားကို ရရှိစေရန်ဖြစ်သည်။ ဤသည်မှာ အကြင်နာတတ်ဆုံးသော နှလုံးသားရှိသည့် အကောင်းဆုံးလူစားမျိုး ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ပထမအနေဖြင့် သူတို့ကို ထိမိ၍လဲကျစေခြင်း မရှိလေနှင့်။ ဒုတိယအနေဖြင့် သူတို့ကို ကူညီနိုင်စွမ်းရှိလော့။ တတိယအနေဖြင့် သူတို့အား သမ္မာတရားကို ရရှိခွင့်ပြုလော့။ သင်သည် ဤနိယာမသုံးခုကို နားလည်သဘောပေါက်ရမည်။ သို့တိုင် ယင်းတို့ကို အတိအကျ မည်သို့ ဓမ္မသတ်ပြုထားသနည်း။ သူတစ်ပါးတို့၏ အခက်အခဲကို သင် အမှန်တကယ် နားလည်သလော။ ဤသည်မှာ နောက်ပြဿနတစ်ခုပင် မဟုတ်လော။ သင်သည်- “သူတို့ပြဿနာ၏ အရင်းအမြစ်က အဘယ်နည်း။ ကျွန်ုပ် သူတို့ကို ကူညီနိုင်မည်လော။ အကယ်၍ ကျွန်ုပ် မကူညီနိုင်ဘဲ ထင်ရာမြင်ရာနှင့် သတိလက်လွတ် စကားပြောမိလျှင် သူတို့ကို ကျွန်ုပ် လမ်းမှား ညွှန်ပြမိနိုင်မည်။ ထို့ထက်ပို၍ ဤလူက သမ္မာတရားကို မည်မျှကောင်းစွာ နားလည်နိုင်ပြီး သူတို့၏ အစွမ်းအစက အဘယ်နည်း။ သူတို့ ခေါင်းမာသလော။ သူတို့က ဝိညာဥ်ရေးကိစ္စများကို နားလည်သလော။ သူတို့ သမ္မာတရားကို လက်ခံနိုင်သလော။ သူတို့ သမ္မာတရားကို လေ့လာလိုက်စားသလော။ အကယ်၍ ကျွန်ုပ်သည် သူတို့ထက် သာလွန်ပြီး သူတို့နှင့်အတူ ပြောဆိုဆွေးနွေးနေသေးလျှင် သူတို့ထဲ၌ မနာလိုမှု သို့မဟုတ် အပျက်သဘောဆောင်ခြင်း ပေါ်ပေါက်လာမည်လော။” ဟုလည်း စဥ်းစားရမည်။ ဤမေးခွန်းများအားလုံးကို စဥ်းစားသုံးသပ်ရမည်။ ဤသည်မှာ လူ့သဘောသဘာဝနှင့်ဆိုင်သော အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ဤကိစ္စကို သင် ကြုံရသောအခါ သင်သည် ဤအရာများကို ဦးစွာ စဥ်းစားပြီးမှ အပြုသဘောဆောင်သော၊ လိုလားတက်ကြွသော စိတ်ဖြင့် သူတို့ကို သွားဆွေးနွေးရမည်ဖြစ်ပြီး၊ ထိုသို့ပြုသောအခါ ဆုတောင်းပြီး သူတို့အား မည်သို့ကူညီရမည်၊ ဤနိယာမများကို သင် မည်သို့ လိုက်နာရမည်နှင့် သူတို့သည် မိမိတို့၏ အခက်အခဲကို ချန်ရစ်ထားပြီး အကျိုးရရှိစေရန် သင် မည်သို့ကူညီနိုင်ရမည်တို့ကို ရှာဖွေရမည်။ ဤသည်မှာ ပြုလုပ်ရမည့် ရိုးစင်းသောအရာ မဟုတ်လော။ ယင်းက ရိုးသားမှန်ကန်မှု လိုအပ်သည်။ အကယ်၍ လူတစ်ဦးက ယင်းသည် မရှိမဖြစ် အနည်းဆုံး ထင်မြင်ချက်ပေးရန်နှင့် “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး ဘုရားသခင်ကိုချစ်လော့။ သူ၏ ချစ်ခြင်းမေတ္တာကို သင် ပြန်ပေးဆပ်ရမည်။ ထို့အတွက် မည်သည့်အရာက သိပ်ခက်ခဲနေသနည်း။ သင်က မည်သည့်အရာ၌ အပျက်သဘော ဆောင်သနည်း။” ဟု ဆိုရန်အတွက်သာ လုံလောက်သည်ဟု ခံစားမိလျှင် သူတို့ပြုလုပ်နေသည့်အရာမှာ ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်ပြီး သူတစ်ပါးအား သူတို့ဆက်ဆံပြုမူခြင်းက မရိုးဖြောင့်ပါပေ။ ထိုကဲ့သို့သော လူတို့သည် ရိုးသားဖြောင့်မှန်မှုမရှိ၊ စိတ်ရင်း၌ မကြင်နာတတ်၊ သူတစ်ပါးတို့အပေါ် စာနာထောက်ထားမှု ကင်းမဲ့ပြီး သူတစ်ပါးတို့အတွက် မေတ္တာတရား မရှိကြပေ။ အကယ်၍ သင်၌ အမှန်တကယ် အသိတရားရှိလျှင် ဂရုတစိုက် စဥ်းစားပြီးလျှင် “သူတို့ ကျွန်ုပ်ကို တောင်းဆိုခဲ့သည့်အတွက် သူတို့သည် အတော်ပင် ခက်ခဲသောအဆင့်၌ ရှိနေရမည်။ သူတို့သည် သာမန်အားဖြင့် အလွန်စိတ်အားထက်သန်စွာ လိုက်လျှောက်ကြပြီး သူတို့၏တာဝန်ကို ထမ်းဆောင်စဥ် အလွန် အပြုသဘောဆန်ကြသည်။ အကယ်၍ ဤအခက်အခဲက သူတို့ကို အမှန်တကယ် ထိမိ၍ လဲကျစေလျှင် သို့မဟုတ် အပျက်သဘော ဆောင်စေပြီး သူတို့၏တာဝန်ကို ထိခိုက်လျှင် ယင်းမှာ သူတို့အတွက် သို့မဟုတ် ဘုရားသခင်၏အိမ်တော်အတွက် အကျိုးရှိမည်မဟုတ်ပေ။ သူတို့၏ပြဿနာ ပြေလည်ဖို့ရန်အတွက် ကျွန်ုပ် သူတို့ကို အဘယ်သို့ ကူညီရမည်နည်း။” ဟု တွေးဆရမည်ဖြစ်သည်။ သင်သည် ဤအရာကို တွေးဆပြီးလျှင် သင့်စိတ်နှလုံးထဲ၌ ရှေ့ကလမ်းကို ရှာတွေ့လျက် ပြုလုပ်ရမည့်အရာကို သင်သိပြီး သူတို့နှင့်အတူ သင် ပြောဆိုဆွေးနွေးရမည်။ တစ်ခါတစ်ရံ သင်ကိုယ်တိုင်ကလည်း တွေးဆခြင်း၊ ရှာဖွေခြင်းနှင့် ဆုတောင်းခြင်းကို ပြုလုပ်နေပြီး အကြောင်းအရာကို လုံးစေ့ပတ်စေ့ နားမလည်နိုင်သေးသဖြင့် သင်၏ ပထမဆုံးသော ပြောဆိုဆွေးနွေးချက်က အပြည့်အဝ ရှင်းလင်းနေမည်မဟုတ်ပေ။ သင်သည် မှန်ကန်သော စကားလုံးများကို ပြောဆိုဖို့ စဥ်းစားရန်နှင့် တစ်ပါးသူကို စိတ်ဓာတ်မြှင့်တင်ပေးပြီး အပျက်သဘောဆောင်လာသည့်ဟန် မတူမည့်အကြောင်း၊ သူတို့သည် ရှေ့ကလမ်းကြောင်းကို ရှာတွေ့နိုင်မည့်အကြောင်း ဤအရာများကို သင် မည်သို့ပြောနိုင်မည့်ပုံစံကို စဥ်းစားရန် အချိန်ယူရပေမည်။ ဤအရာများ အားလုံးက သတိထားသော ထင်မြင်ချက် လိုအပ်ပြီး သူတို့က သင့်အနေဖြင့် ယင်းတို့ကို ဂရုတစိုက် တွေးဆဖို့ အားထုတ်မှုပြုရန် လိုအပ်သည်။ ထို့အတွက်ကြောင့် သင်သည် ဂရုတစိုက် တွေးဆသည်၊ သင် ဆုတောင်းပြီးရင်းတောင်းသည်ဆိုလျှင် သင်ပြောသည့် စကားလုံးများက အစတွင် များစွာ အဆီအငေါ်တည့်ချင်မှတည့်မည် ဖြစ်သော်လည်း၊ သင် ပြောနေရင်းဖြင့် သင်ဆိုလိုသည့်အရာက ပို၍ပို၍ ထင်ရှားလာပြီး ရှင်းလင်းလာမည်၊ ထို့ပြင် အကြောင်းအရာကို သင် လုံးစေ့ပတ်စေ့ နားလည်သည့်အခါ သူတစ်ပါးကလည်း နားလည်လိမ့်မည်။ သင်သည် ပြဿနာကို ဖြေရှင်းသည့်အခါ သမ္မာတရားနိယာမအတိုင်း လုပ်ဆောင်သည်ဆိုလျှင် သင်သည်လည်း သမ္မာတရားရှုထောင့်တစ်ခုကို ရယူနိုင်မည်ဖြစ်ပြီး သူတစ်ပါးအတွက် အကူအညီဖြစ်နေစဥ်မှာပင် စိတ်ဓာတ်မြှင့်တင်ခြင်း ခံရလိမ့်မည်။ ဤသည်မှာ လူသားက သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ ဘုရားသခင်က သူ့ကို ပေးသော အထူးအရေးပေးမှုပင် ဖြစ်ပြီး လူသားကို ခိုင်မြဲစေသည့် အထူးအခွင့်အရေးပင် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

လူ့သဘာဝ အမှန်တကယ်ရှိသည့် တစ်စုံတစ်ဦးအတွက်- ဆိုလိုသည်မှာ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သည့်‌ လူတစ်ဦးအတွက်- အမှုအရာများ လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ အခြေခံသဘောတရားများမှာ အဘယ်နည်း။ ပထမဦးစွာ၊ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ထားသူများ အများစုကို ၎င်းတို့ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ၊ ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံနိုင်ကြသည်။ တစ်စုံတစ်ဦးသည် ဆိုးယုတ်သော လူတစ်ဦး၊ သမ္မာတရားကို မနှစ်သက်သကဲ့သို့ မည်သည့်အခါတွင်မျှ မပြောင်းလဲနိုင်သည့် ဆိုးယုတ်သော လူတစ်ဦးဖြစ်သည်ဟု သင် လုံးဝ သေချာသည့်နောက်တွင်သာ၊ ထိုသို့သော လူတစ်ဦးကို ချစ်ခြင်းမေတ္တာအစား ဉာဏ်ပညာကို အသုံးပြုလျက် သင် ဆက်ဆံနိုင်ပေသည်။ ၎င်းတို့သည် သမ္မာတရားကို မနှစ်သက်သည့် ဆိုးယုတ်သော လူတစ်ဦးဖြစ်ပြီး လုံးဝ မျှော်လင့်ချက်မဲ့သည်ကို သင် လုံးဝ သေချာပါက၊ သင်သည် ၎င်းတို့ကို ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံရမည်ဖြစ်သည်။ ချစ်ခြင်းမေတ္တာဟူသည်မှာ အဘယ်နည်း။ ချစ်ခြင်းမေတ္တာဆိုသည်မှာ လူတို့ကို သမ္မာတရားအပေါ် အခြေခံကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ကူညီခြင်း၊ ရေလောင်းပေးခြင်း၊ ထောက်ပံ့ပေးခြင်းနှင့် အားပေးခြင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့အပြင်၊ယင်းသည် လူတို့၏ အခက်အခဲများနှင့် ပြဿနာများကို သမ္မာတရားအတိုင်း ဖြေရှင်းခြင်းဖြစ်ပြီး၊ ဤအရာက ၎င်းတို့ကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း၊ အပြစ်များ ကျူးလွန်ပြီးသူ သို့မဟုတ် မဆင်မခြင် အပြုအမူကို ပြသသူ သို့မဟုတ် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်သောသူ မည်သူမဆိုကို ပြင်းပြင်းထန်ထန် ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာခြင်းတို့ ပါဝင်သည်။ သင်သည် ၎င်းတို့ကို နူးညံ့သိမ်မွေ့စွာ စကားပြောသည်ဖြစ်စေ၊ ပြင်းပြင်းထန်ထန် ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ ယင်းသည် လူတို့အား ကူညီခြင်းနှင့် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် လမ်းပြခြင်းအတွက် ဖြစ်သရွေ့၊ ဤအရာအားလုံးသည် ချစ်ခြင်းမေတ္တာနယ်ပယ်အတွင်းတွင် အကျုံးဝင်လေသည်။ သင်သည် လူတို့အား စိတ်နှလုံးအကြွင်းမဲ့ လက်ခံစေရင်းနှင့် သင်သည် မလိုတမာစိတ်မရှိသကဲ့သို့ မျှတကာ သမာသမတ်ကျသည်ကို မြင်စေရင်း ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားအပေါ် အခြေခံ၍ မိတ်သဟာယပြုပါက၊၎င်းတို့သည် သင် ပြောသည့်အရာကို လက်ခံယုံကြည်ကြလိမ့်မည်။ သို့သော်၊ သင်သည် လူတို့ကို ကိုင်တွယ်နေချိန်တွင် အခြေခံသဘောတရားများ ရှိရမည်။ သင်သည် တစ်ဦးတစ်လေကို ၎င်းတို့၏ အပြစ်များကို ရှာတွေ့ပြီးနောက် ပထမဦးစွာ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း မရှိဘဲ သာမန်ကာလျှံကာ အစားထိုး၍ မရ၊ ဖယ်ရှင်းသုတ်သင်၍ရ သို့မဟုတ် နှင်ထုတ်၍မရပေ။ ထိုသို့လုပ်ဆောင်ခြင်းသည် လက်မခံနိုင်ဖွယ်ဖြစ်ပေမည်။ သင်သည် လူတို့ကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းနေချိန်တွင် ပြင်းထန်ကောင်းပြင်းထန်နိုင်သော်လည်း၊ ၎င်းတို့ကို သင် ကိုင်တွယ်ချိန်တွင် လူးသာလွန့်သာ အခြေအနေအချို့ကို လူတို့အား ပေးရမည်။ သင်သည် လူတို့အား သေသည်အထိ တုတ်တစ်ချောင်းဖြင့်သာ ရိုက်ဖို့ အလွန် နိုင်ထက်စီးနင်း လုပ်၍မရပေ။ သင်သည် ၎င်းတို့အား နောင်တရဖို့ အခွင့်အရေးတစ်ခု ပေးရမည်၊ ၎င်းတို့ကို မျှတစွာ ကိုင်တွယ်ရမည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူတို့အား ဖြစ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာဖြင့် ကယ်တင်သည်ကို မြင်ခွင့်ပေးရမည်။ သို့သော်၊ အချို့သော လူတို့က၊ “ဘုရားသခင်သည် လူတို့အား ဖြစ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာဖြင့် ကယ်တင်သည်”ဟူသည့် ထင်မြင်ချက်ကို ကယ်နုတ်မရနိုင်သည့် မကောင်းဆိုးရွားများနှင့် စာတန်ကို ဘုရားသခင်၏ အိမ်တော်ထဲတွင် ထိန်းသိမ်းဖို့ ဆင်ခြေတစ်ခုအဖြစ် အသုံးပြုပါက၊ဤသည်မှာ စာတန်၏ လှည့်ကွက် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့် အိမ်တော်၏ အလုပ်ကို အနှောင့်အယှက်များကို ဖြစ်စေဖို့ ဘုရားသခင်၏ အိမ်တော်ထဲတွင် စာတန်ကို ထိန်းသိမ်းခြင်းတည်းဟူသော ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိဖို့ ဤစကားများကို အသုံးပြုချင်ကြသည်။ ထို့ကြောင့်၊ ချစ်ခြင်းမေတ္တာမှ အခြားသူတို့ကို ကူညီခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားကို ကယ်တင်ခံရနိုင်သူများအဖို့ ကျင့်သုံးသင့်သော်လည်း၊ ရွေးနုတ်ကယ်တင်မရနိုင်သောလူများ ထိုအစား အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် အခြေခံသဘောတရားများအပြင် ဉာဏ်ပညာအတိုင်း ကိုင်တွယ်၍ရနိုင်သည့် လူများအဖို့ မကျင့်သုံးသင့်ပေ။ ဤသည်မှာ ကိစ္စရပ်များကို အခြေခံသဘောတရားဖြင့် ကိုင်တွယ်ဖို့ နည်းလမ်း ဖြစ်သည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

သင်တို့သည် အချင်းချင်း ချစ်နေချိန်တွင်၊ အခြေခံသဘောတရားများကိုလည်း သဘောပေါက်ရမည်။ အခြားသူများကို ကူညီပြီး မိတ်သဟာယပြုဖို့ လိုအပ်သည့်အခါ၊ ၎င်းတို့ကို သင် ကောင်းမွန်စွာနှင့် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် အခြေအနေများအညီ ထိရောက်စွာ ကူညီသင့်သည်။ ၎င်းတို့ လက်ခံဖို့ လုပ်ဆောင်နိုင်လိမ့်မည့် မည်သည့်နည်းလမ်းများဖြင့်မဆို ၎င်းတို့ကို ကူညီလော့။ တစ်စုံတစ်ဦးသည် တစ်စုံတစ်ရာကို အမှားလုပ်ဆောင်မိပြီးဖြစ်ကာ သင် မည်သို့ ဟောပြောသည်ဖြစ်စေ သင်၏ မိတ်သဟာယကို လက်ခံလိမ့်မည်မဟုတ်ပါက၊ လောလောဆယ် ထိုလူနှင့် မိတ်သဟာယပြုရန် ကြိုစားနေခြင်းကို သင် ရပ်တန့်သင့်သည်။ ထိုအစား၊ ၎င်းတို့အတွက် ဆုတောင်းခြင်းအားဖြင့် အစပြုပြီးနောက် မိတ်သဟာယပြုဖို့ အတူလာရန် သင့်တော်သည့် အခွင့်အရေးကို စောင့်ဆိုင်းလော့။ ၎င်းတို့ ပြောဆိုသည့် စကားများက မလျော်ကန်ပါက၊ ၎င်းတို့ကို သင် ပြုပြင်နိုင်သည်၊ သို့သော် ယင်းကို ၎င်းတို့၏ အခြေအနေပေါ်တွင်းလည်း သင် အခြေခံရမည်။ ၎င်းတို့က သင်၏ အပြုသဘောဆောင်သော ဝေဖန်မှုကို လက်ခံနိုင်ပါက၊ ၎င်းတို့အား ၎င်းတို့၏ ပြဿနာများကို သိစေဖို့ အမှုအရာများကို ၎င်းတို့ထံ တိုက်ရိုက်ထောက်ပြနိုင်သည်။ သို့သော်၊ ၎င်းတို့သည် သင်၏ ဝေဖန်မှုကို လက်ခံခြင်းငှာ ခက်ခဲကြပါက၊ ၎င်းတို့ မှားသည်ကို သင် တိုက်ရိုက် မပြောသင့်ပေ။ ထိုအစား၊ အမြော်အမြင် အနည်းငယ် အသုံးပြုခြင်းဖြင့် အစပြုလော့။ တိုတိုပြောရလျှင်၊ လူတို့ကို ကူညီရာတွင် အရေးအပါဆုံးသော အရာမှာ ၎င်းတို့အား သင် ကူညီပုံကို ယင်းအား ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေခံရန် ဖြစ်သည်။ ၎င်းတို့ လက်ခံနိုင်ပြီး၊ ကောင်းမွန်သော အကျိုးတရား စွမ်းဆောင်ရရှိနိုင်ပါက၊ သင် ရှေ့ဆက်နိုင်သည်။ ၎င်းတို့သည် သင်၏ အကူအညီကို လက်မခံနိုင်သကဲ့သို့၊ ကောင်းမွန်သော မည်သည့် အကျိုးတရားမျှ မစွမ်းဆောင်မရရှိနိုင်ပါက၊ သင်သည် မဆင်မခြင် မပြုမူသင့်သကဲ့သို့ သင်တို့ကြားက ဆက်သွယ်မှုကို သင်မဖျက်ဆီးမီ သင် ရပ်ဆိုင်းသင့်ပေသည်။ လူတို့သည် မိမိတို့၏ အသွေးအသားဖြင့် အလွန် ပြုမူတတ်လေ့ရှိသည်။ ဤဆက်သွယ်မှု ပျက်သွားပါက၊ အလုပ်လုပ်ဖို့ မလွယ်ကူပေ။ ဆက်သွယ်မှုကို ကာကွယ်ခြင်းဖြင့် စတင်ပြီးနောက် သင့်တော်သည့် လမ်းကြောင်းတစ်ခုကို ရှာခြင်းဖြင့် ဘုရားသခင်ထံ ဆုတောင်းလော့။ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းမှတစ်ဆင့်၊ သင်၏ အကူအညီကို အခြားလူအား တဖြည်းဖြည်း လက်ခံစေပြီး ဖြည်းညင်းသော တိုးတက်မှုများ ဖြစ်စေလော့။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

ခေါင်းဆောင်များနှင့် အလုပ်သမားများ ဖြစ်ကြသူများသည် ၎င်းတို့ အသုံးပြုသည့် နည်းစနစ်များကို အာရုံစိုက်ရင်း၊ မိမိတို့ ညီအစ်ကို မောင်နှမများ၏ ဝိညာဉ်ရင့်ကျက်မှုအတိုင်း မိမိတို့ ညီအစ်ကို မောင်နှမများ၏ ပြဿနာများကို ဖြေရှင်းရမည်။ ထိုအခါမှသာ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ကူညီခြင်းနှင့် သက်ဆိုင်သည့် ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်ပေသည်။ ထိုအခါမှသာ ၎င်းတို့၏ အလုပ် ထိရောက်နိုင်သည်။ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးက အမှန်တွင် ဆိုးရွားသည့် ပြဿနာတစ်ခု မဖြစ်စေသကဲ့သို့ ဘုရားသခင်ကို မခုခံ သို့မဟုတ် မဝေဖန်သည့် မလျော်ကန်သော တစ်စုံတစ်ရာကို ပြောဆိုသည့်အခါ၊ “သင်သည် ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်နေပြီး သူ့ကို ခုခံနေသည်။ သင်သည် ထိုထိုသော အရာများကို လုပ်ဆောင်နေသည်”ဟု ပြောရင်း၊ ၎င်းတို့ အမည်တပ်သည့် အချို့သော ခေါင်းဆောင်များနှင့် အလုပ်သမားများ ရှိသေလည်။ ဤအရာက ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို အကူအညီ ပေးသလော။ ဤသည်မှာ ၎င်းတို့ကို နှိပ်စက်ညှဉ်းပန်းခြင်း၊ အပြစ်ပေးခြင်းနှင့် အမည်တပ်ခြင်း နည်းလမ်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ညီအစ်ကို မောင်နှမများကို အစေခံသည့် နည်းလမ်း မဟုတ်ပေ။ သင်၏ ညီအစ်ကို မောင်နှမများထဲတွင် သမ္မာတရားနှင့် အညီ မဟုတ်သည့် တစ်စုံတစ်ရာကို တစ်စုံတစ်ဦးတွင် သင်ရှာတွေ့ပါက၊ သင့်တော်သည့် အခွင့်အရေး မထွက်ပေါ်မီ မဝေဖန်နှင့်၊ ပြီးလျှင် ၎င်းတို့၏ အပြစ်များကို ကျိုးကြောင်းမမြင်ဘဲ မညွှန်ပြနှင့်။ ကိစ္စရပ်ကို ထပ်သလဲလဲ မပြောနှင့်။ ပြဿနာကို မိတ်သဟာယမှတစ်ဆင့် ဖြေရှင်းဖို့ အချိန်ကျရောက်သည်အထိ ၎င်းတို့နှင့်အတူ ပုံမှန် အပြန်အလှန် ဆက်ဆံလော့။ သာဓကအနေဖြင့်၊ မှားယွင်းသည့် တစ်စုံတစ်ရာကို တစ်စုံတစ်ဦးက ပြောမီပြီးဖြစ်သည် သို့မဟုတ် လုပ်ဆောင်မိပြီးဖြစ်သည်ကို သင် ရှာတွေ့သည် ဆိုပါစို့။ သင်သည် ယင်းကို အချိန်ယူစဉ်းစားခြင်း၊ ဆီလျော်သည့် သမ္မာတရားကို တွေးဆခြင်းအားဖြင့် စတင်နိုင်ပြီး၊ ၎င်းတို့ ပြောဆို သို့မဟုတ် လုပ်ဆောင်သည့် မည်သည့်နည်းလမ်းက မှားယွင်းသည်ကို ကြည့်နိုင်သည်။ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာသည် ချိုးဖောက်ခံရသည်၊ စာတန်၏ အဆိပ်နှင့်သက်ဆိုင်သည့် မည်သည့် သွင်ပြင်လက္ခဏာက ယင်းကို ထိန်းချုပ်ထားသည်ဆိုသည်တို့နှင့်ပတ်သက်၍ စဉ်းစားလော့။ ထို့နောက် သင့်ကိုယ်သင် နှိုင်းယှဉ်ကာ ဆန်းစစ်လော့၊ ပြီးလျှင် ပြဿနာက သင့်အထဲတွင် တည်ရှိခြင်း ရှိမရှိဆိုသည်ကို ကြည့်လော့။ သင်ကိုယ်တိုင်ထဲတွင် အလားတူ ဖောက်ပြန်ပျက်စီးမှု သင် ရှာတွေ့ပါက၊ သင်၏ ကိုယ်ပိုင်ပြဿနာကို ပထမဦးစွာ ဖြေရှင်းလော့။ ထို့ကြောင့် သင်သည် အတွေ့အကြုံနှင့် သက်သေခံချက် ရှိလိမ့်မည်။ ဤအတွေ့အကြုံ သင် ရှိပြီး သင့်ကိုယ်သင် အမှန်တကယ် သိရှိပြီးနောက်တွင်၊ သင် ပြောင်းလဲပြီးနောက်တွင်၊ သင်၏ ညီအစ်ကို မောင်နှမများထံ သွားပြီး ၎င်းတို့နှင့်အတူ ဖြည်းညင်းစွာ မိတ်သဟာယပြုလော့။ သင်၏ မိတ်သဟာယထဲသို့ သင်၏ တကယ့် အတွေ့အကြုံကို ယူဆောင်လော့။ ထိုအရာကို ကြားပြီးနောက်တွင်၊ သင်၏ ညီအစ်ကို မောင်နှမများသည်လည်း မိမိတို့ကိုယ်ကိုယ်အပေါ် သုံးသပ်နိုင်ကြလိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို တွေ့မြင်နိုင်ကြလိမ့်မည်ဖြစ်ကာ ၎င်းတို့၏ ပြဿနာမာျးသည်လည်း ဖြေရှင်းခံရလိမ့်မည်။ ဤသည်မှာ လူတို့ကို ကူညီခြင်းအား လုပ်ဆောင်ဖို့ ကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ လူအများစုသည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးကြသည်၊ သမ္မာတရားများစွာ နားမလည်ကြသကဲ့သို့ ဆင်ခြင်နိုင်စွမ်းမရှိကြချေ၊ ထို့ကြောင့် အခြားတစ်စုံတစ်ဦး၌ ပြဿနာတစ်ခုကို သင် ရှာတွေ့ချိန်တွင်၊ မရပ်မနား ယင်းကို ထပ်သလဲလဲ မပြောနှင့်။ သင်၏ ကိုယ်ပိုင်ပြဿနာကို ပထမဦးစွာ အဖြေရှာလော့၊ ယင်းတို့ကို ဖြေရှင်းပြီးနောက်တွင် သင်၏ သက်သေခံချက်ကို ပြောဆိုခြင်း နည်းစနစ်အား အသုံးပြုရန် အခွင့်အရေးတစ်ခုကို ရှာဖွေပြီး၊ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို သင် မည်သို့ နားလည်လာသည်၊ ထုတ်ဖော်ပြထားသည့် ဖောက်ပြန်ပျက်စီးခြင်း၏ သွင်ပြင်လက္ခဏာကို သင် မည်သို့ သတိပြုမိသည်ဆိုသည်နှင့်၊ စာတန်၏ အဆိပ်နှင့်သက်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာကို သင် မည်သို့ ခွဲခြားကာ ရိပ်စားမိနိုင်ခဲ့သည်ဆိုသည်တို့နှင့်ပတ်သက်၍ မိတ်သဟာယပြုလော့။ ဤအရာကို ကြားပြီးနောက်တွင်၊ သင်၏ အတွေ့အကြုံအားဖြင့် အခြားသူများ အကူအညီဖြစ်နိုင်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ရှာတွေ့နိုင်ပေသည်။ ဤနည်းဖြင့်၊ သင်သည် အခြားသူတို့ကို မထိခိုက်သည်သာမက သို့မဟုတ် ၎င်းတို့၏ ရှာဖွေခြင်းကို ဩဇာသက်မရောက်သည်သာမက၊ ၎င်းတို့၏ ပြဿနာများကိုလည်း သင် ဖြေရှင်းလိမ့်မည်။ ဘုရားသခင်၏ အိမ်တော်ကို ဆန့်ကျင်သည့် ဖျက်ဆီးခြင်း သို့မဟုတ် ဆူပူမှုနှင့်သက်ဆိုင်သည့် စစ်မှန်သော လုပ်ရပ်များ ကျူးလွန်နေသည့်၊ ၎င်းတို့၏ ညီအစ်ကို မောင်နှမများ၏ အသက်ဝင်ရောက်မှုအပေါ် ကြီးလေးသည့် လွှမ်းမိုးမှုတစ်ခု အသုံးပြုနေသည့် တစ်စုံတစ်ဦးရှိပါက၊ ထိုသို့သော အခြေအနေတစ်ခုတွင် သင်သည် ၎င်းတို့နှင့်အတူ မိတ်သဟာယပြုဖို့ လက်ငင်း အခွင့်အရေး ရှာတွေ့နိုင်သည်။ သို့သော်၊ သင် မိတ်သဟာယပြုသည့်အခါ၊ ဖောက်ပြန်ပျက်စီးခြင်းက လူအားလုံးထဲနှင့် အထူးသဖြင့် မိမိတို့၏ ဝိညာဉ်ရင့်ကျက်မှု နည်းပါးသည့် ယုံကြည်ခြင်းအဖို့ လူသစ်များထဲတွင် ထုတ်ဖော်ပြထားသည့်အတွက်၊ သင် အသုံးပြုသည့် နည်းစနစ် မှန်ကန်ရမည်။ ၎င်းတို့ကို သည်းခံမှုဖြင့် ကျွန်ုပ်တို့ ဆက်ဆံသင့်ပြီး၊ ၎င်းတို့နှင့်အတူ ကျွန်ုပ်တို့၏ မိတ်သဟာယကို သွယ်ဝိုက်သော ချဉ်းကပ်နည်းတစ်ခု ခံယူရမည်။ ၎င်းတို့သည်လည်း ထိုသို့သော သိနားလည်မှုတစ်ခုကို အလှမ်းမီနိုင်ကြဖို့အလို့ငှာ၊ သင်ကိုယ်တိုင်၏ ဆီလျော်သည့် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြချက်များနှင့် ဖြစ်ရပ်မှန်နောက်တွင် ယင်းတို့ကို သင် မည်သို့ ရှာတွေ့ကာ သတိပြုမိခဲ့သည်ဆိုသည့်အကြောင်းကို ပြောလော့။ သင် လုပ်သည့် မည်သည့်အရာတွင်မဆို၊ ၎င်းတို့အား ဖော်ထုတ်ရင်း၊ ရှုတ်ချရင်းနှင့် အမည်တပ်ရင်း၊ ၎င်းတို့၏ အားနည်းချက်များကို ထပ်သလဲလဲ မပြောနှင့်။ သင် ပြောပါက၊ ၎င်းတို့အတွက် လက်ခံရန် ခက်ခဲလိမ့်မည်။ ထို့ကြောင့်၊ အခြားသူတို့ကို ကူညီဖို့ သမ္မာတရားကို မိတ်သဟာယပြုနေချိန်တွင်၊ ၎င်းတို့ ထိုသို့ လုပ်ဆောင်သည့် နည်းဟန်ကို သင် အာရုံစိုက်ရမည်။ မိမိတို့၏ ဝိညာဉ်ရင့်ကျက်မှု အလွန်နည်းပါးသည့် လူအချို့ရှိသည်၊ ထို့ကြောင့် သင်သည် ဝိညာဉ်ရင့်ကျင်မှု အားနည်းသည် လူတို့နှင့် သင့်တော်သည့် နည်းစနစ်များဖြင့် ၎င်းတို့ကို သင် ဆက်ဆံသင့်သည်။ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားပြီးချိန်တွင်ဈ ၎င်းတို့ကို သာ၍ အနည်းငယ် တိုက်ရိုက် သို့မဟုတ် အနည်းငယ် သာ၍ ပြင်းထန်စွာ သင် ပြောဆိုနိုင်သည်။ ဤချဉ်းကပ်နည်းက ၎င်းတို့အား ခလုပ်တိုက်မိခြင်းမှ ထိန်းသိမ်း‌ပေသည်။ တိုတိုပြောရလျှင်၊ လူတို့ကို ကူညီကာ အစေခံဖို့နှင့် ယုံကြည်ခြင်းအဖို့ အသစ်ဖြစ်သော ညီအစ်ကို‌ မောင်နှမများကို ဦးဆောင်ရန်၊ သင်သည် သင်၏ ပြုမူပြောဆိုပုံနှင့် လုပ်ရပ်တို့ကို ချစ်ခြင်းမေတ္တာဖြင့် အလေးထားရမည်။ ဤနည်းဖြင့်၊ သင်၏ ညီအစ်ကို မောင်နှမများက သင် ပြောသည့်အရာကို လက်ခံရန် လွယ်ကူသည်ကို တွေ့ရှိကြလိမ့်မည်။ အခြားသူတို့နှင့် သင်၏ မိတ်သဟာယသည် ချစ်ခြင်းမဲ့ပြီး သင်၏ စိတ်နေစိတ်ထားက အထင်သေးခြင်းနှင့် လှောင်ပြောင်‌ခြင်းတစ်ခု ဖြစ်ပါကာ သင်သည် ၎င်းတို့ကို အပြစ်တင်ပါက၊ ၎င်းတို့ အာရုံပျက်ကာ ယုံကြည်လက်ခံခြင်းမရှိ ဖြစ်နေလိမ်မည့်။ ၎င်းတို့သည် သင်နှင့်အတူ ငြင်းခုံချင်ကြလိမ့်မည် သို့မဟုတ် အပြန်အလှန်အားဖြင့် သင်ကိုယ်တိုင်၏ ပြဿနာများကိုပင် ဖော်ထုတ်ချင်ကြလိမ့်မည်။ ဤသည်မှာ စိတ်အနှောင့်အယှက်ပေးသောအရာ ဖြစ်သည်။ ထို့ကြောင့်၊ သင်၏ ညီအစ်ကို မောင်နှမများက ဖောက်ပြန်ပျက်စီးခြင်းနှင့် မည်သည့် သွင်ပြင်လက္ခဏာ ရှိသည်ကို သင် ရှာတွေ့ပြီး၊ ၎င်းတို့ကို သင် ကူညီချင်သည့်အခါ၊ ၎င်းတို့အတွက် ပထမဦးစွာ ဆုတောင်းလော့။ ဆုတောင်းခြင်း ပြီးသည့်အခါ၊ သင်၏ ကိုယ်ပိုင် စိတ်နေစိတ်ထားကို ပြင်လော့၊ သင်၏ ပုံစံကျနေသော အမြင်ကို ပြုပြင်ပြီးနောက် ၎င်းတို့နှင့်သွား၍ မိတ်သဟာယပြုလော့။ ဤသည်မှာ အမှုအရာများကို ဖြေရှင်းဖို့ ကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သင်၏ ပုံစံကျနေသော အမြင်က မှားယွင်းပါက၊ သင် ရည်ရွယ်သည့်အရာ၏ ဆန့်ကျင်ဘက် အတိအကျကို သင် ပြီးမြောက်ရန် ဖြစ်ဖွယ်ရှိပေလိမ့်မည်။ သင်သည် သင်၏ ရာထူးမှ အမြဲ စကားပြောရင်း သင်၏ ညီအစ်ကို မောင်နှမများကို ဝေဖန်ဖို့ သို့မဟုတ် ပြစ်တင်ဖို့ လုပ်ပိုင်ခွင့်ရှိသည့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးအဖြစ် တွေးထင်ပါက၊ သင်၏ ညီအစ်ကို မောင်နှမများက သင်၏ စကားများကို လက်ခံရန် ခက်ခဲသည်ကို တွေ့ရလိမ့်မည်ဖြစ်ပြီး၊ အခြားသူတို့အား ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရန် ကူညီဖို့ လွယ်ကူလိမ့်မည် မဟုတ်ပေ။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အရှေ့သို့- ၁၃၀။ ဆန့်ကျင်ဖက်လိင်နှင့် အပြန်အလှန်ဆက်ဆံခြင်း နိယာမများ

နောက်တစ်ခုသို့- ၁၂၉။ အခြားသူများထံတွင် အမှားပြင်ဆင်ခြင်း နှင့် တောင်းပန်ခြင်း နိယာမများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်