၁၁၈။ အန္တိခရစ် မကောင်းဆိုးဝါးများကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) အန္တိခရစ် မကောင်းဆိုးဝါးများ အားလုံးသည် မည်သူကိုမျှ ကျိုးနွံနာခံခြင်းမရှိဘဲ၊ မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ မချီးမြှောက် သို့မဟုတ် သူ့ကို သက်သေမခံဘဲ အခြားသူတို့ကို လှည့်ဖြားသည့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ဟောပြောရာတွင် ပါရမီအရှိဆုံး ဖြစ်ကြလေသည်။

(၂) အန္တိခရစ် မကောင်းဆိုးဝါးများအားလုံးသည် သမ္မာတရားကို မုန်းတီးကာ ခုခံကြလေသည်။ ၎င်းတို့သည် အနည်းငယ်မျှ မိမိတို့ကိုယ်ကိုယ် မသိကြချေ၊ မိမိတို့ကိုယ်ကိုယ် ထိုးထွင်းသိမြင်မှု မရှိကြသကဲ့သို့ အထူးသဖြင့် မာနထောင်လွှားကာ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူကြလေသည်။

(၃) အန္တိခရစ် မကောင်းဆိုးဝါးများသည် တန်ခိုးအာဏာနှင့် အကျိုးအမြတ်အတွက် တိုက်ခိုက်ခြင်းတွင်သာ စိတ်ဝင်စားကြသည်။ ၎င်းတို့သည် အခြားသူတို့ကို လှည့်ဖြားဖို့၊ မိဖို့နှင့် ထိန်းချုပ်ဖို့- မိမိတို့၏ ကိုယ်ပိုင် နိုင်ငံများကို တည်ထောင်ဖို့၊ အခြားသူတို့အား ၎င်းတို့ကို ကျိုးနွံနာခံစေရန် အမြဲ ကြိုးစားကြသည်။

(၄) အန္တိခရစ် မကောင်းဆိုးဝါးများထဲတွင် ရေတွက်သည့် သူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူနှင့် သက်ဆိုင်သည့် အရိုးထဲထိ နက်ရှိုင်းသော အမုန်းတရား သိုထားကြပြီး၊ သူ၏ နေရာကို ယူခြင်း မျှော်လင့်ချက်ဖြင့် သူ့ကို သိက္ခာချရန်၊ အသရေဖျက်ရန်နှင့် တိုက်ခိုက်ရန် နည်းစနစ်မျိုးစုံကို အသုံးပြုကြလေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အန္တိခရစ်နှင့်ပတ်သက်သည့် ဘုရားသခင်၏ အနက်ဖွင့်ဆိုမှုမှာ အဘယ်နည်း။ ဘုရားသခင်ကို ရန်လိုသူ တစ်ဦး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရန်သူဖြစ်သည်။ ဘုရားသခင်ကို ရန်လိုသည့်သူတစ်ဦး၊ သမ္မာတရားကို ရန်လိုသည့်၊ ဘုရားသခင်ကို စက်ဆုပ်ရွံရှာသည့်၊ ပြီးလျှင် အပြုသဘောဆောင်သည့် အရာမှန်သမျှကို လုံးလုံး စက်ဆုပ်ရွံရှာသည့်သူ တစ်ဦး၊ ဤသည်မှာ တဒင်္ဂမျှသာ စိတ်ဓာတ်ပျော့ညံ့ကာ၊ မိုက်မဲပြီး ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များတွင် အနည်းငယ် မှားယွင်းသကဲ့သို့၊ သမ္မာတရားနှင့် မကိုက်ညီသည့် အနည်းငယ် အဓိပ္ပာယ်မရှိသော နားလည်မှုတစ်ခုဖြင့် သာမန်လူတစ်ဦး မဟုတ်ပေ။ ၎င်းတို့သည် ဤကဲ့သို့သော လူစားမျိုး မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်တစ်ဦး၊ ဘုရားသခင်၏ ရန်သူတော်တစ်ဦး ဖြစ်သည်။ သူ၏ အခန်းကဏ္ဍသည် အပြုသဘောဆောင်သည့်အရာ အားလုံးကို လုံးဝမုန်းသည့်၊ သမ္မာတရားအားလုံးကို မုန်းသည့်၊ ပြီးလျှင် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ အားလုံးကို မုန်းသည့်သူတစ်ဦး၏ အခန်းကဏ္ဍ ဖြစ်သည်။ ဘုရားသခင်သည် ဤအခန်းကဏ္ဍ ရှိသူ တစ်ဦးကို မည်သို့ ဆက်ဆံသနည်း။ ဘုရားသခင်သည် ၎င်းတို့ကို မကယ်တင်ပေ။ ထိုသို့သောလူများသည် သဘာဝအားဖြင့် သမ္မာတရားကို အထင်သေးပြီး စက်ဆုပ်ရွံရှာသည်။ ဤနေရာတွင် ဖော်ထုတ်ခံရသည့် အရာသည် မာနထောင်လွှားခြင်း၊ အနည်းငယ် တင်းမာခြင်း သို့မဟုတ် အသေးအဖွဲ လှည့်စားမှုတို့ကဲ့သို့သော အရာများဖြစ်သည့် လူအမြောက်အများ၏ သာမန်ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား မဟုတ်ပေ။ ဤနေရာတွင် ဖော်ထုတ်ခံရသည့်အရာသည် ဆိုးယုတ်မှု၊ ကြမ်းကြုတ်ရက်စက်ခြင်းနှင့် သမ္မာတရားအပေါ် အလွန် မုန်းတီးစက်ဆုပ်ခြင်း ဖြစ်သည်၊ ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အကြားတွင် အစိုးရိမ်ရဆုံးသော သရုပ်သကန်များနှင့် စိတ်သဘောထားများ ဖြစ်ပြီး၊ ယင်းတို့သည် စာတန်အတွက် ထုံးစံအကျဆုံးနှင့် ပဓာနအကျဆုံး အရာများဖြစ်၏။ ဤသည်မှာ သမ္မာတရားအပေါ် စစ်မှန်သော ခြိမ်းခြောက်မှု တစ်ခုကို မဖြစ်စေသကဲ့သို့၊ ကုံလုံသော အင်အားစုတစ်ခုထဲသို့ ပေါင်းစည်းနိုင်ခြင်းလည်း မရှိသည့် သာမန် ဖောက်ပြန်ပျက်စီးသော လူများတွင် ရှိသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရေးမပါသည့် ထုတ်ဖော်ချက် မဟုတ်ချေ၊ ဤသည်မှာ ဘုရားသခင်ကို ရန်လိုသည့် အင်အားတစ်ခု ဖြစ်သည်။ ယင်းတို့သည် အသင်းတော်ကို နှောင့်ယှက်ပြီး ထိန်းချုပ်နိုင်ပြီး၊ ယင်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှုတော်ကို ဖျက်ဆီးပြီး ကြားဝင်နှောင့်ယှက်နိုင်သည်။ ဤသည်မှာ သာမန် ဖောက်ပြန်ပျက်စီးသည့် လူများ လုပ်ဆောင်သည့် အရာတစ်ခု ဖြစ်သလော။ လုံးဝ မဟုတ်ချေ၊ ထို့ကြောင့် သင်သည်လည်း ယင်းကို လျှော့မတွက်သင့်ပေ။ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုရှိသည့် လူအချို့လည်း ရှိသည်၊ ၎င်းတို့အနက် အချို့က အတ္တကြီးစွာနှင့် စက်ဆုပ်ဖွယ်ကောင်းစွာ ပြုမူကြသည်၊ အချို့က အခြားသူများက ၎င်းတို့အား ဩဇာပေးသည်ကို ခွင့်မပြုဘဲ၊ “လူများက ကျွန်ုပ်ကို မစော်ကားပါက၊ ကျွန်ုပ်သည် ၎င်းတို့ကို မစော်ကားပါ။” ဟု တွေးတောသည့် အလွန့်အလွန် ကောက်ကျစ်စွာ ပြုမူကြသည်။ အန္တိခရစ်များသည် ဤသည်မှ မည်သို့ ကွဲပြားခြားနားသနည်း။ ၎င်းတို့၏ အဓိက စိတ်သဘောထားသည် မာနထောင်လွှားခြင်း မဟုတ်ဘဲ၊ လုံးလုံးလျားလျား ဆိုးယုတ်မှုဖြစ်သည်။ ပြီးလျှင် ဤဆိုးယုတ်မှုကို အဓိကအားဖြင့် မည်သို့ ထင်ရှားပြသသနည်း။ ယင်းကို ၎င်းတို့၏ အမှုအရာများ လုပ်ဆောင်သည့် ထူးခြားဆန်းကြယ်သော နည်းလမ်းတွင် တွေ့မြင်နိုင်သည်၊ ယင်းကို ဉာဏ်အချို့၊ အသိပညာအချို့၊ ပြီးလျှင် လူမှုရေးအတွေ့အကြုံအချို့ရှိသည့် သာမန်လူများ သတိပြုမိဖို့ ခက်ခဲသည်။ ဤသည်မှာ ဆိုးယုတ်မှုသို့ မြင့်တက်သွားသည်၊ ပြီးလျှင် ယင်းမှာ လှည့်စားမှု မဟုတ်ပေ။ ၎င်းတို့သည် မထင်မရှားလှည့်ကွက်များ နှင့် ပရိယာယ်များ ပြုနိုင်သည်၊ ပြီးလျှင် ယင်းတို့ကို လူအများစုထက် “ပိုတော်”၍ လုပ်ဆောင်နိုင်သည်။ သာမန်လူအများစုသည် ၎င်းတို့နှင့် မယှဉ်နိုင်ကြဘဲ၊ ၎င်းတို့နှင့်မဆက်ဆံနိုင်ပေ။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြစ်သည်။ သာမန်လူများသည် ၎င်းတို့နှင့် မဆက်ဆံနိုင်ဟု အဘယ်ကြောင့်ပြောခဲ့သနည်း။ ယင်းမှာ ၎င်းတို့၏ ဆိုးယုတ်မှုသည် အလွန်ဆိုးရွားလှသည်မှာ လူများကို လှည့်စားဖို့ ၎င်းတို့ထံတွင် အလွန်ကြီးမားသော စွမ်းအား ပိုင်ဆိုင်သောကြောင့် ဖြစ်လေသည်။ ကျွန်ုပ်တို့သည် အန္တိခရစ်များ၏ သရုပ်သကန်များအကြောင်း အဘယ်ကြောင့် မိတ်သဟာယပြုနေကြသနည်း။ အကြောင်းမှာ အန္တိခရစ်များသည် လူများကို အလွန် လှည့်စားနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ရုတ်တရက် ပေါ်ပေါက်မှုတစ်ခု၌ ယင်း၏ ရောဂါကူးစက်ခြင်းမှတစ်ဆင့် များစွာတို့ကို ဒုက္ခပေးပြီး သတ်ဖြတ်နိုင်သည့် သေစေလောက်သော ကပ်ဆိုးကဲ့သို့၊ လူတသီတတန်းကြီးကို တစ်ပြိုင်နက်တည်း လှည့်စားသည်။ ယင်းသည် အလွန်တရာ ကူးစက်တတ်ပြီး ကျယ်ပြန့်စွာ ရောက်ရှိသည်၊ ပြီးလျှင် ယင်း၏ကူးစက်နိုင်ခြင်းနှင့် သေဆုံးမှုနှုန်းတို့သည် သာမန်ရောဂါများ၏ ကူးစက်နိုင်ခြင်းနှင့် သေဆုံးမှုနှုန်းတို့ထက် ပို၍ ကြီးမားလေသည်။ ဤသည်တို့မှာ ပြင်းထန်သော အကျိုးဆက်များ မဟုတ်လော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၄)” မှ

အန္တိခရစ်တစ်ဦး၏ အနှစ်သာရနှင့်သက်ဆိုင်သည့် အသိသာဆုံးသော ဝိသေသလက္ခဏာများထဲမှ တစ်ခုမှာ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အာဏာရှင်စနစ်ကို အုပ်ချုပ်မင်းလုပ်နေသည့် အာဏာရှင်များကဲ့သို့ဖြစ်သည်- ၎င်းတို့သည် မည်သူ့ကိုမျှ နားမထောင်ပေ၊ ၎င်းတို့သည် လူတိုင်းကို အထင်သေးပြီး၊ အခြားတစ်စုံတစ်ဦး ပြောသည့်အရာ၊ လုပ်ဆောင်သည့်အရာ၊ ထိုသူတို့တွင်ရှိသည့် ထိုးထွင်းအမြင်၊ ထိုသူတို့၏အမြင်ရှုထောင့်၊ ထိုသူတို့၏ အားသာချက်များ အားလုံးသည် ၎င်းတို့အမြင်တွင် နိမ့်ကျသည်။ ၎င်းတို့က ဤလူများသည် ၎င်းတို့ လုပ်ဆောင်လိုသည့်အရာတွင် ပါဝင်ဖို့ မသင့်တော်သကဲ့သို့၊ သူတို့သည် ဆွေးနွေးတိုင်ပင်ဖို့ သို့မဟုတ် အကြံပြုချက်များ ပေးဖို့ အရည်အချင်းမပြည့်မီဟု တွေးထင်ကြသည်၊ ဤသည်မှာ ၎င်းတို့တွင် ရှိသည့် စိတ်သဘောထားမျိုး ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ဝိသေသလက္ခဏာများနှင့်သက်ဆိုင်သည့် သွင်ပြင်လက္ခဏာ တစ်ခု မဟုတ်သလော။ ဤသည်မှာ နိမ့်ကျသော စရိုက်နှင့်သက်ဆိုင်သလောဟု လူအချို့က မေးကြသည်။ ဤသည်ကို စရိုက်နှင့်ဆက်နွှယ်ဖို့ ယင်းမှာ အလွန် အပေါ်ယံဆန်လွန်းသည်၊ ယင်းသည် နိမ့်ကျသည့်စရိုက်နှင့် လားလားမျှ မသက်ဆိုင်ပေ။ ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားနှင့် သဘာဝဖြစ်သည်။ ၎င်းတို့၏ သဘာဝသည် အလွန့်အလွန် ခက်ထန်သည်။ ၎င်းတို့၏ သဘာဝသည် အလွန့်အလွန် ခက်ထန်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်၏အမှုနှင့် အသင်းတော်၏ အကျိုးစီးပွားတို့ကို ၎င်းတို့၏ကိုယ်ပိုင်အဖြစ်၊ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုအဖြစ် ယူဆကြသောကြောင့်၊ ဘုရားသခင်အိမ်တော်၏ အမှုကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့ တွေးသည့်တစ်ခုတည်းသော အရာများမှာ ၎င်းတို့၏ အကျိုးစီးပွားများ၊ ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်ဒြပ်နှင့် ဩဇာတိက္ကမတို့သာ ဖြစ်သည်။ ၎င်းတို့အမြင်တွင် ၎င်းတို့၏ဂုဏ်ဒြပ်နှင့် ဂုဏ်သတင်းကို ဒုက္ခပေးမည့်ဟန်ရှိသည့်သူ မည်သူကိုမဆို ၎င်းတို့ ငြင်းပယ်သည်။ ၎င်းတို့သည် ထိုသူတို့ကို ဖိနှိပ်ပြီး ဝိုင်းပယ်ထားကြသည်။ အသင်းတော်အဖို့ အသုံးတည့်ပြီး အထူးတာဝန်အချို့ကို ထမ်းဆောင်ခြင်းအတွက် သင့်တော်သည့်သူများကိုပင် ၎င်းတို့က ကြဉ်ထားပြီး ဖိနှိပ်ထားသည်။ ၎င်းတို့သည် ဘုရားသခင်အိမ်တော်၏ အမှုတော်အတွက် သို့မဟုတ် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများအတွက် အရေးထားခြင်း စိုးစဉ်းမျှ မရှိပေ။ သင်သည် ၎င်းတို့၏ ဂုဏ်ဒြပ်အတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်ပါက၊ သင်သည် ၎င်းတို့ကို ကျိုးနွံနာခံခြင်းမရှိပါက၊ သင်သည် ၎င်းတို့ကို အထင်မကြီးပါက၊ ၎င်းတို့သည် သင့်ကို ကြဉ်ထားသည်၊ သင့်ကို ခပ်ခွာခွာနေကြသည်၊ သင့်ကို ၎င်းတို့နှင့် ပူးပေါင်းခွင့်မပေးဘဲ၊ ၎င်းတို့တာဝန်ရှိသည့် အလုပ်နယ်ပယ်အတွင်း သင့်ကို မည်သည့်အရေးပါသည့် အခန်းကဏ္ဍ၌မျှ ပါဝင်ခွင့်မပြုသကဲ့သို့၊ သင့်ကို မည်သည့်အရေးပါသည့် အသုံးဝင်မှုကိုမျှ ဖြစ်ခွင့်မပေးပေ။ ၎င်းတို့သည် ထိုသို့သော လူများကို ကြဉ်ကြသည်။ ထိုလူတို့ထဲမှ တစ်စုံတစ်ဦးက ကောင်းသောအရာတစ်ခုခုကို၊ ဘုရားသခင်အိမ်တော်အတွက် အကျိုးစီးပွားဖြစ်စေသည့် တစ်စုံတစ်ခုကို လုပ်ဆောင်ပါက၊ အန္တိခရစ်များက ညီအစ်ကိုမောင်နှမများကို တွေ့ခွင့်မပေးပေ၊ အခြားမည်သူ့ကိုမျှ ၎င်းတို့က သိခွင့်မပေးပေ။ ဤလူ၏ လုပ်ဆောင်ချက်က မည်မျှ အကျိုးခံစားထိုက်ပါစေ သို့မဟုတ် ထိုသူသည် ဘုရားသခင်အိမ်တော်အတွက် မည်မျှကြီးမြတ်သည့် အမှုအရာကို လုပ်ဆောင်ပြီးဖြစ်ပါစေ၊ အန္တိခရစ်များက ယင်းကို ဖုံးဖိထားသည်၊ လျှောချပြီး ညီအစ်ကိုမောင်နှမများကို အသိမပေးဘဲထားသည်။ ထို့အပြင် အန္တိခရစ်များသည် ဤလူများ၏ အားနည်းချက်များနှင့် ဖောက်ပြန်ပျက်စီးခြင်းများကို ညီအစ်ကိုမောင်နှမများ အလယ်တွင် မကြာခဏ စတင် ပြောဆိုဆွေးနွေးသည်၊ ဤလူများသည် မာနထောင်လွှားကြောင်း၊ ထိုသူတို့သည် မရောင်ရာဆီလူးပြီး လူများ၊ အရေးကိစ္စများနှင့် ပတ်သက်၍ စိတ်ဆိုးညည်းညူကြကြောင်း၊ ထိုသူတို့သည် ဘုရားသခင်အိမ်တော်၏အကျိုးစီးပွားများကို သစ္စာဖောက်နိုင်ချေ ရှိကြောင်း၊ ထိုသူတို့သည် ဘုရားသခင်အိမ်တော်အစား အပြင်လူများကို ကူညီတတ်ကြောင်း၊ ထိုသူတို့သည် မသိနားမလည်ကြောင်း စသည်ဖြင့် ၎င်းတို့က ပြောကြသည်။ ဤလူများကို ကြဉ်ပြီး ဖိနှိပ်ဖို့ ၎င်းတို့တတ်နိုင်သမျှ အမှားမျိုးစုံကို ရှာဖွေကြသည်။ အမှန်တွင် ဘုရားသခင်အိမ်တော်ရှိ လူများစွာအကြား၊ အချို့သည် အထူးကျွမ်းကျင်မှုများရှိကြပြီး အချို့တွင် သေးငယ်သော အမှားတစ်ခုရှိသော်လည်း၊ တာဝန်အချို့ကို ထမ်းဆောင်နိုင်ဆဲ ဖြစ်ကြသည်။ ထိုသူတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ သင့်တော်သည်၊ တာဝန်တစ်ခုကို ထမ်းဆောင်သူများအတွက် အခြေခံသဘောတရားများနှင့် ထိုသူတို့ ကိုက်ညီကြသည်၊ သို့သော် အန္တိခရစ်များ၏အမြင်တွင် မည်သို့ရှိသနည်း။ ၎င်းတို့က မည်သည့်အရာကို ယုံကြည်သနည်း။ “ကျွန်ုပ်သည် မိမိကိုယ်ကိုယ် လှည့်စားမည်လော။ သင်သည် ကျွန်ုပ်နှင့်ယှဉ်ပြိုင်ဖို့ ကျွန်ုပ်၏ အဖွဲ့ထဲတွင် အခန်းကဏ္ဍတစ်ခု လိုချင်သည်။ ယင်းမှာ မဖြစ်နိုင်ပေ၊ စဉ်းတောင်မစဉ်းစားလေနှင့်။ သင်သည် ကျွန်ုပ်ထက် သာ၍ တတ်နိုင်စွမ်းသည်၊ ကျွန်ုပ်ထက် သာ၍ ရှင်းလင်းစွာ ပြောဆိုနိုင်သည်၊ ကျွန်ုပ်ထက် သာ၍ ပညာတတ်ပြီး ကျွန်ုပ်ထက် လူကြိုက်များသည်။ ကျွန်ုပ်၏ ထင်ရှားကျော်ကြားမှုနှင့်ဩဇာအာဏာကို သင် လုယူသွားပါက ကျွန်ုပ် မည်သို့လုပ်ရမည်နည်း။ သင်သည် ကျွန်ုပ်အား သင်နှင့်တွဲဖက်၍ အလုပ်လုပ်စေလိုသလော။ စဉ်းတောင်မစဉ်းစားလေနှင့်။” ၎င်းတို့သည် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများကို ဆင်ခြင်ထောက်ထားနေခြင်းလော။ မဟုတ်ပေ။ ၎င်းတို့ တွေးတောသမျှ အရာအားလုံးသည် ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်ဒြပ်ကို ထိန်းသိမ်းနိုင်ခြင်း ရှိမရှိသာ ဖြစ်သောကြောင့် ၎င်းတို့သည် ဤလူများကို အသုံးပြုခြင်းထက် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများကိုသာ ထိခိုက်စေလိမ့်မည်။ ဤသည်မှာ ကြဉ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အရည်အချင်းမရှိသည့် ငတုံးများ၊ မကျွမ်းကျင်သောလူများ၊ အမိန့်ပေးရလွယ်သည့်၊ သွေးဆောင်ရန်လွယ်ကူသည့်၊ ပြီးလျှင် မသိနားမလည်သည့် ထိုးထွင်းသိမြင်မှုမရှိသည့်၊ ကိုယ့်ဦးနှောက်နှင့်ကိုယ် မတွေးသည့်၊ သမ္မာတရားကို နားမလည်သည့်သူများကို စည်းရုံးသည်၊ ထိုသူတို့ကိုသာ ၎င်းတို့က စည်းရုံးသည်။...ဤနည်းလမ်းဖြင့် ပြုမူခြင်းသည် ဘုရားသခင်အိမ်တော်၏ အမှုတော်အတွက် အကျိုးဖြစ်ထွန်းစေသလော။ မဖြစ်ထွန်းစေပါ။ ပြီးလျှင် ၎င်းတို့သည် ဤသည်ကို ထည့်သွင်းစဉ်းစားသလော။ ၎င်းတို့သည် မည်သည့်အရာနှင့်ပတ်သက်၍ တွေးနေကြသနည်း။ “ကျွန်ုပ်သည် ကျွန်ုပ်နှင့် အလုပ်လုပ်နိုင်သည့်သူနှင့် သင့်မြတ်နိုင်သည့်သူ မည်သူကိုမဆို၊ ကျွန်ုပ်ကို အရေးပါသည်ဟု ခံစားရစေသည့်သူနှင့် ကျွန်ုပ်၏ တန်ဖိုးကို မီးမောင်းထိုးပြနိုင်သည့်သူ မည်သူကိုမဆို ရှာဖွေနေသည်။” ၎င်းတို့၏စိတ်တူကိုယ်တူလူသိုက်သည် ဝိညာဉ်ရေးရာ ကိစ္စများကို နားမလည်သည့် ငတုံးတစ်သိုက်ဖြစ်ကြသည်။ ၎င်းတို့ ပြဿနာတစ်ခု ကြုံတွေ့သည့်အခါ၊ ၎င်းတို့ထဲမှ တစ်ဦးမျှ သမ္မာတရားကို မရှာဖွေဘဲ၊ ၎င်းတို့ထဲမှ တစ်ဦးမျှ သမ္မာတရားကို နားမလည်ပေ၊ ၎င်းတို့ထဲမှ တစ်ဦးမျှ သမ္မာတရား အခြေခံသဘောတရားများအတိုင်း အမှုအရာများကို ကိုင်တွယ်ခြင်း မရှိကြပေ။ သို့သော် အန္တိခရစ်များက ထိုသူတို့ကို အမှန်တကယ် နှစ်သက်သည့် အရာတစ်ခုရှိသည်- ထိုသို့သော သူများ ပြဿနာတစ်ခု ကြုံတွေ့သည့်အခါ၊ ၎င်းတို့က အန္တိခရစ်များကို ရှာဖွေပြီး ၎င်းတို့ပြောသည့်အရာကို လုပ်ဆောင်ကြသည်။ ဤသည်မှာ အန္တိခရစ်များက တွဲဖက်၍ အလုပ်လုပ်ဖို့ လူများကို ရှာဖွေသည့် အခြေခံသဘောတရားဖြစ်သည်။ ၎င်းတို့သည် အလုပ်လုပ်ဖို့နှင့် ၎င်းတို့ကို ခယဝယလုပ်ဖို့ ငတုံးတစ်သိုက်၊ အမှိုက်တစ်ပုံကို ရှာဖွေသည်၊ ပြီးလျှင် နောက်ဆုံး၌ ဘုရားသခင်အိမ်တော်၏ အမှုတော်အချို့သည် ဆိုင်းငံ့ကုန်ကြသည်။ အသင်းတော်၏အကျိုးစီးပွားများနှင့် အလုပ်၏အရှိန်တို့ကို ထိခိုက်သည်၊ သို့ရာတွင် ဤသူတို့တွင် ယင်းနှင့်ပတ်သက်သည့် အသိစိတ်လုံးဝ မရှိဘဲ၊ “ယင်းမှာ ကျွန်ုပ်၏ တာဝန်သာမဟုတ်။” ဟုပင် ပြောကြသည်။ လူတိုင်းက ဤသည်မှာ ၎င်းတို့ကိုယ်တိုင်၏ တာဝန် မဟုတ်ဟု ပြောပါက၊ ယင်းမှာ မည်သူ့တာဝန် အတိအကျ ဖြစ်သနည်း။ ပြဿနာတစ်ခု ဖြစ်ပေါ်သည့်အခါ၊ မည်သူကမျှ တာဝန်မယူပါက၊ ဤနှစ်များအားလုံးတွင် ဒေသနာများကို ၎င်းတို့နားထောင်ခဲ့ခြင်း၏ အကျိုးမှာ အဘယ်နည်း။ အမှန်တရားများသည် ၎င်းတို့၏မျက်စိရှေ့တည့်တည့်တွင် ရှိသော်လည်း၊ ၎င်းတို့သည် ထိုအမှန်တရားများကို သတိမပြုမိဆဲ ဖြစ်ကြသည်။ ဤလူများသည် အဘယ်လူစားမျိုးနည်း။ အန္တိခရစ်များ ရွေးချယ်သည့် လူများသည် အသုံးမကျသူများဖြစ်သည်ကို ဤအချက်က သက်သေပြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံကြပေ။ အန္တိခရစ်များသည် ငတုံးများ၊ စက်ဆုပ်ဖွယ် ဖြစ်သော အကောင်ယုတ်များနှင့် သမ္မာတရားကို လက်မခံသကဲ့သို့ မချစ်သည့် အသုံးမကျသောသူများဖြင့် တမင်သက်သက် လက်တွဲကြသည်။ ၎င်းတို့သည် ရင်းနှီးသည့် ပေါင်းသင်းဆက်ဆံရေးတစ်ခုတွင် အချင်းချင်း သဟဇာတဖြစ်လာသည်အထိ ထိုသူတို့ကို အယုံသွင်း၍ ချဉ်းကပ်လျက်၊ ထိုသူတို့ကို ဖြားယောင်းသွေးဆောင်သည်၊ ပြီးလျှင် ၎င်းတို့သည် အတူတကွ ကောင်းစွာ သင့်မြတ်ကြသည်။ ဤသည်မှာ အဘယ်နည်း။ ယင်းမှာ အန္တိခရစ်တစ်သိုက် မဟုတ်လော။ သင်သည် ၎င်းတို့၏ “ဘိုးဘေးများ” ကို အစားထိုးသည့်အခါ၊ ၎င်းတို့၏ သစ္စာရှိသော သားသမီးတို့က ကန့်ကွက်ကြသည်၊ ဝေဖန်အကဲဖြတ်ကြပြီး အထက်က မတရားကြောင်းပြောပြီး၊ ၎င်းတို့အတွက် ရပ်တည်ဖို့ အတူတကွ စုရုံးကြသည်။ အန္တိခရစ်များသည် ဆိုးယုတ်သော လူအချို့သာလော။ အန္တိခရစ်အချို့တို့သည် မည်သည့်အရေးပါသည့် ပင်ကိုစွမ်းရည်မျှ မရှိသည့် ဖြုန်းသူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့နှင့်ပတ်သက်သည့် အရာတစ်ခုရှိသည်- ဂုဏ်ဒြပ်အတွက် ၎င်းတို့၏အထူး တွယ်တာခြင်း ဖြစ်သည်။ ပင်ကိုစွမ်းရည်မရှိသကဲ့သို့ ပညာမတတ်သော်လည်း၊ ၎င်းတို့တွင် ဂုဏ်ဒြပ်ကို နှစ်သက်ခြင်း မရှိဟု မထင်လေနှင့်။ ယင်းမှာ မှားယွင်းသည်၊ ပြီးလျှင် သင်သည် အန္တိခရစ်များ၏ အနှစ်သာရကို စေ့စေ့စပ်စပ် နားမလည်သေးသည်ကို ယင်းက ပြနေသည်။ အန္တိခရစ်တစ်ဦးဖြစ်သည့် မည်သူမဆိုသည် ဂုဏ်ဒြပ်ကို ချစ်မြတ်နိုးသည်။ အန္တိခရစ်များသည် မည်သူနှင့်မျှ တွဲဖက်၍ အလုပ်လုပ်နိုင်စွမ်း မရှိသည့်အတွက် ၎င်းတို့သည် ပင်ကိုအားဖြင့် ဆိုးရွားစွာပြုမူပြီး ပြဿနာရှာလိုသူများနှင့် ခယဝယလုပ်သူတို့တစ်သိုက်ကို မည်သို့စည်းရုံးနိုင်စွမ်း ရှိသနည်း။ ၎င်းတို့သည် ထိုသို့သော လူများနှင့် တွဲဖက်၍ အလုပ်လုပ်လိုသလော။ ၎င်းတို့သည် ဤလူများနှင့် အမှန်တကယ် တွဲဖက်၍ အလုပ်လုပ်နိုင်ပါက၊ ထိုစကားများသည် မှန်ကန်မည် မဟုတ်ပေ။ ၎င်းတို့သည် မည်သူနှင့်မျှ တွဲဖက်၍ အလုပ်လုပ်နိုင်စွမ်းမရှိပေ၊ ပြီးလျှင် ထို “မည်သူနှင့်မျှ” တွင် ၎င်းတို့စည်းရုံးသည့်လူများလည်း ပါဝင်သည်။ သို့ဆိုလျှင် ၎င်းတို့သည် ထိုလူများကို အဘယ့်ကြောင့် စည်းရုံးနေကြသနည်း။ ၎င်းတို့သည် ဩဇာပေးဖို့နှင့် ကြိုးကိုင်ခြယ်လှယ်ဖို့ လွယ်ကူသည့်၊ ကိုယ့်ဦးနှောက်နှင့်ကိုယ်မတွေးနိုင်သည့်၊ သူတစ်ပါးပြောသမျှ လုပ်သည့်၊ မိမိတို့၏ဂုဏ်ဒြပ်ကို ကာကွယ်ဖို့ ၎င်းတို့နှင့် အလုပ်လုပ်သည့်သူတစ်စုကို စည်းရုံးသည်။ အကူအညီပါဘဲ ၎င်းတို့၏ဂုဏ်ဒြပ်ကို ကာကွယ်ဖို့သည် အနည်းငယ် ခက်ခဲကာ၊ အနည်းငယ် ခက်ခဲကြမ်းတမ်းမည် ဖြစ်သောကြောင့်၊ ၎င်းတို့သည် ထိုသို့သော လူတစ်စုကို စည်းရုံးကြလေသည်- ၎င်းတို့အမြင်တွင် “ဝိညာဉ်ရေးရာပြည့်စုံသည်” ဟု ဆိုရသည့်သူတစ်စု၊ ဆင်းရဲဒုက္ခကို ပျော်ရွှင်စွာ ကြံ့ကြံ့ခံနိုင်ပြီး “ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများ”ကို ကာကွယ်နိုင်သည့် လူတစ်စု ဖြစ်သည်။ ၎င်းတို့ အသီးသီးသည် အမျိုးမျိုးသော အလုပ်တာဝန်များစွာကို လုပ်ဆောင်ကြပြီး ၎င်းတို့ ပြဿနာတစ်ခု ကြုံတွေ့တိုင်း မေးခွန်းများမေးဖို့ သို့မဟုတ် ဆွေးနွေးတိုင်ပင်ဖို့ အန္တိခရစ်များထံသို့ သွားကြသည်။ ဤသည်မှာ လူများနှင့်တွဲဖက်၍ အလုပ်လုပ်ခြင်းကို ဆိုလိုသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ သို့ရာတွင် ယင်းသည် ဟုတ်သလော။ ၎င်းတို့သည် ဩဇာပေးဖို့၊ ၎င်းတို့၏ အလုပ်ပြီးဖို့၊ ၎င်းတို့၏ ဂုဏ်ဒြပ်ကို ခိုင်မာစေဖို့ လူတစ်သိုက်ကို ရှာဖွေကြသည်။ ဤသည်မှာ ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်ပေ- ယင်းမှာ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို စီမံခန့်ခွဲနေခြင်း ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၈)” မှ

အန္တိခရစ်တစ်ဦးက မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံသည့်အခါနှင့် သာမန်လူတစ်ဦးက မိမိကိုယ်ကို ချီးမြှောက်ပြီး သက်သေခံသည့်အခါ ကွဲပြားခြားနားချက်မှာ အဘယ်နည်း။ သာမန်လူများသည် အခြားသူများက ၎င်းတို့ကို အထင်ကြီးစေဖို့ မကြာခဏ လေလုံးထွားပြီး ကြွားဝါကြသည်။ ၎င်းတို့သည်လည်း ထိုသို့သော စိတ်သဘောထားများကို ပိုင်ဆိုင်ကြပြီး၊ ထိုသို့သော အခြေအနေများကို ပြလေ့ရှိကြသည်။ ဤနေရာတွင် ကွဲပြားခြားနားချက်မှာ အဘယ်နည်း။ ဤသည်ကို သင်ရှင်းလင်းစွာ ဖော်ပြပြောဆိုနိုင်ပါက၊ သင်သည် အန္တိခရစ်၏ အနှစ်သာရသည် အဘယ်အရာဖြစ်သည်ကို မြင်နိုင်ပေသည်။ ဤအရာကို သင်သဘောမပေါက်ဘဲ၊ မိမိကိုယ်ကို ချီးမြှောက်မှု၊ သို့မဟုတ် ကြွားဝါမှု၏ ရံဖန်ရံခါ သရုပ်သကန်များအားလုံးကို အန္တိခရစ်၏ လုပ်ဆောင်ချက်နယ်ပယ်တွင် သတ်မှတ်ပါက၊ ဤသည်မှာ အယူအဆပေါ်အခြေတည်သော အမှားတစ်ခု မဟုတ်လော။ သို့ဆိုလျှင် သင်မည်သို့ခွဲခြားသိမြင်သနည်း။ မိမိတို့ကိုယ်ကို တမင်သက်သက် ချီးမြှောက်ပြီး သက်သေခံသည့်သူများနှင့် မရည်ရွယ်ဘဲ ထိုသို့ပြုသည့် သူများအကြား ပဓာနကျသည့် ကွဲပြားခြားနားချက်မှာ အဘယ်နည်း။ (၎င်းတို့၏ ကြံရွယ်ချက်များသည် ကွဲပြားခြားနား၏။) ယင်းမှာ ခြားနားချက်ဖြစ်သည်။ သာမန်လူများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး လေလုံးထွားသည့်အခါ၊ ၎င်းတို့သည် ကြွားဝါဖို့ ကြိုးစားနေခြင်းဖြစ်ပြီး၊ ယင်းမှာ ထို့ထက်မပိုပေ။ အခြားသူများက ၎င်းတို့ကို အထင်ကြီးနိုင်သည်၊ သို့မဟုတ် ၎င်းတို့ကို အထင်သေးနိုင်သည်- ၎င်းတို့က ဂရုမစိုက်ချေ။ ၎င်းတို့၏ ကြံရွယ်ချက်များသည် မရှင်းမလင်းဖြစ်နေပြီး၊ ၎င်းတို့၏ အပြုအမူသည် စိတ်သဘောထားတစ်မျိုးအားဖြင့် စိုးမိုးခံရကာ၊ ယင်းမှာ ထိုစိတ်သဘောထားမျိုး ပွင့်အံထွက်လာခြင်း တစ်ခုမျှသာဖြစ်၍ ထိုထက်မပိုပေ။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ပြစ်တင်ဆုံးမခံရခြင်းတို့ကို လက်ခံပါက၊ ဤစိတ်သဘောထားမျိုးသည် ဖြည်းဖြည်းချင်း လျော့ပါးသွားနိုင်ကာ၊ တဖြည်းဖြည်းနှင့် ၎င်းတို့သည် တည်ကြည်မှုနှင့် အရှက်ရမှု အသိစိတ်ရှိလာမည်ဖြစ်ပြီး သာ၍ ဆင်ခြင်တုံတရားရှိလာမည် ဖြစ်သည်။ ထိုသို့သော အပြုအမူသည် သာ၍ ရှားလာမည်ဖြစ်ပြီး၊ ၎င်းတို့က မိမိတို့ကိုယ်ကို ထိန်းချုပ်ထားပြီး မိမိတို့ကိုယ်ကို ချုပ်တည်းထားလျက်၊ ယင်းကို ရှုတ်ချကြလိမ့်မည်။ ဤသည်မှာ လူများသည် မိမိတို့ကိုယ်ကိုနှင့်ပတ်သက်၍ မရည်ရွယ်ဘဲ ချီးမြှောက်ပြီး သက်သေခံသည့်အချိန် ဖြစ်သည်။ မိမိကိုယ်ကိုနှင့်ပတ်သက်၍ တမင်သက်သက် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းတွင် ရှိရင်းစွဲ စိတ်သဘောထားသည် မရည်ရွယ်ဘဲ ထိုသို့ပြုလုပ်ခြင်းနှင့် တူညီသော်လည်း၊ ယင်းတို့၏သဘာဝများသည် မတူညီကြပေ။ မိမိကိုယ်ကိုနှင့်ပတ်သက်၍ တမင်သက်သက် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းသည် လျှို့ဝှက်ကြံရွယ်ချက် တစ်ခုဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်သူတစ်ဦးသည် စိတ်ကူးရသည်နှင့် ကောက်ကာငင်ကာ ပြောနေခြင်း မဟုတ်ချေ— ၎င်းတို့သည် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံသည့် အချိန်တိုင်းတွင် အရင်းခံအကြောင်းရင်းတစ်ခုခုနှင့် လျှို့ဝှက်သော ရည်ရွယ်ချက်တစ်ခုဖြင့် ထိုသို့ပြုလုပ်ခြင်း ဖြစ်လေသည်၊ ပြီးလျှင် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် စာတန်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒတို့၏ အင်္ဂါရပ်များကို ဆောင်လေသည်။ အပြင်ပန်းတွင် အပြုအမူသည် တူညီပုံရသည်။ အခြေအနေနှစ်ရပ်လုံးတွင် လူများသည် မိမိတို့ကိုယ်ကိုနှင့်ပတ်သက်၍ ချီးမြှောက်ပြီး သက်သေခံနေကြခြင်း ဖြစ်သည်၊ သို့ရာတွင် ၎င်းတို့သည် မရည်ရွယ်ဘဲ ထိုသို့လုပ်ဆောင်သည့်အခါ၊ ဘုရားသခင်က ဤသည်ကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ပွင့်အံထွက်လာခြင်းအဖြစ် သတ်မှတ်၏။ ၎င်းတို့အနေဖြင့် ထိုသို့ တမင်ရည်ရွယ် လုပ်ဆောင်သည့်အခါ၊ ဘုရားသခင်က ဤသည်ကို မည်သို့ သတ်မှတ်သနည်း။ ဘုရားသခင်က ဤသည်ကို လူများက ၎င်းတို့ကို အားကျစေဖို့၊ ၎င်းတို့ကို ကြည်ညိုလေးစားစေဖို့၊ ၎င်းတို့ကို အထင်ကြီးစေဖို့၊ ပြီးနောက်တွင် ၎င်းတို့နောက်သို့ လိုက်စေဖို့ ရည်ရွယ်ချက်တစ်ခုနှင့် လှည့်စားခြင်းအဖြစ် သတ်မှတ်သည်။ ၎င်းတို့၏ ဤအပြုအမူဆိုင်ရာ သဘာဝသည် လှည့်ဖြားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်က လူများကို လှည့်စားဖို့၊ လူများကို ထိန်းချုပ်ဖို့နှင့် လူများက ၎င်းတို့၏ နောက်ကိုလိုက်စေဖို့ ဖြစ်သည့်အခါ၊ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်ချက်များတွင် နည်းစနစ်များနှင့် နည်းနိဿယအချို့ကို ၎င်းတို့အသုံးပြုကြလေသည်။ သမ္မာတရားကို နားမလည်ဘဲ၊ ဝိညာဉ်ရင့်ကျက်မှု နုနယ်သူများ၊ သို့မဟုတ် အတော်အတန် ပေါ့တန်သော အခြေခံအုတ်မြစ်တစ်ခု ရှိသည့်လူများသည် အလွယ်တကူ လှည့်စားခံရပြီး လမ်းလွဲသို့ သွေးဆောင်ခံရသည်၊ ပြီးလျှင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ၎င်းတို့ ခွဲခြားမသိမြင်နိုင်ပေ။ ၎င်းတို့သည် ဤအရာကို ကျိုးကြောင်းမမြင်ရုံသာမက၊ ဤလူများကို အထင်ကြီးပြီး အားကျနိုင်ဖွယ်လည်း ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ၊ ၎င်းတို့သည်လည်း ထိုလူများကို ကြည်ညိုလေးစားပြီး ထိုလူများနောက်ပင် လိုက်လိမ့်မည်။ နေ့စဉ်အသက်တာတွင် တွေ့မြင်နေကျအဖြစ်ဆုံး ဖြစ်စဉ်များထဲမှ တစ်ရပ်မှာ လူအချို့သည် ခုလေးတင် ၎င်းတို့နာယူခဲ့သည့် ဒေသနာတစ်ခုနှင့်ပတ်သက်၍ ကောင်းမွန်သည့် နားလည်မှုတစ်ခု ရှိပုံရသော်လည်း နောက်ပိုင်း ၎င်းတို့ ကြုံတွေ့ရသည့် ပြဿနာများကို မဖြေရှင်းနိုင်သည့်အချိန် ဖြစ်သည်။ ၎င်းတို့သည် ရှာဖွေဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာကြသည့်အခါတွင်ပင်လျှင်၊ ခရီးမရောက်ဘဲ၊ နောက်ဆုံးတွင် ၎င်းတို့ ပြဿနာတစ်ခုကြုံသည့်အခါတိုင်း သတိရသည့်သူတစ်ဦး ဖြစ်လာသည့် ၎င်းတို့၏ ခေါင်းဆောင်ကို မဖြစ်မနေ ရှာဖွေကြရသည်။ ယင်းမှာ ဘိန်းရှုသည့်အကျင့်ရှိခြင်းကဲ့သို့ ဖြစ်သည်- ၎င်းတို့သည် အကျင့်စွဲနေကြသည်။ ထို့ကြောင့် မိမိတို့ကိုယ်ကိုနှင့်ပတ်သက်၍ ချီးမြှောက်ပြီး သက်သေခံသည့် အန္တိခရစ်များသည် မည်သည့်အရာဖြစ်ပျက်နေသည်ကို သိမြင်နိုင်ခြင်းမရှိသည့် ထိုမသိနားမလည်သော ဝိညာဉ်ရင့်ကျက်မှု နုနယ်သည့်သူတို့အတွက် မူးယစ်ဆေးတစ်ခုနီးပါး ဖြစ်လာလေသည်။ ဤလူများသည် ပြဿနာတစ်ခုရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် အန္တိခရစ်ကို သွားရှာကြ၏။ ပြဿနာတစ်ခုကို အုပ်စုဖြင့် ဆွေးနွေးခြင်းနှင့် သမ္မာတရား အခြေခံမူများကို ရှင်းလင်းစွာ နားလည်သဘောပေါက်ခြင်း ရှိပြီးသည့်နောက်တွင်ပင်၊ ၎င်းတို့သည် ၎င်းတို့တွေးထင်သည့်အတိုင်း မပြောဝံ့သကဲ့သို့၊ ယင်းကို ကိုင်တွယ်ဖြေရှင်းဝံ့ခြင်းလည်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့လေးစားအားကျသည့် “ဆရာကြီး” ကောက်ချက်ချဖို့၊ ပြဿနာကို အနက်ဖွင့်ဆိုဖို့၊ ဆုံးဖြတ်ချက်ချဖို့တို့ကို စောင့်မျှော်နေကြသည်— ပြီးလျှင် ၎င်းတို့၏ “ဆရာကြီး” က မည်သည့်အရာမျှ မပြောပါက၊ ဆွေးနွေးနေကြသည့် ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ မည်သူမျှ စိတ်ချယုံကြည်မှု မရှိကြချေ။ ၎င်းတို့သည် အဆိပ်မိထားကြပြီးဖြစ်သည် မဟုတ်လော။ ဤလူတို့ကို အလွန်ဆိုးရွားစွာ အဆိပ်ခတ်ဖို့ အန္တိခရစ်များအတွက် အလုပ်မည်မျှ— အဆိပ်မည်မျှ— လိုအပ်လေသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မကြာခဏ ခွဲခြမ်းစိတ်ဖြာပြီး မိမိတို့ကိုယ်ကို သိပါက၊ ၎င်းတို့၏ အားနည်းချက်များ၊ အမှားများနှင့် အပြစ်များကို လူတိုင်းထံ မကြာခဏ ဖော်ထုတ်ပြပါက၊ လူတိုင်းက ၎င်းတို့ကို ထိုသို့ကြည်ညိုလေးစားမည်လော။ လုံးဝ မကြည်ညိုမလေးစားပေ။ ၎င်းတို့သည် ဤ “အောင်မြင်မှု” ကို ရရှိဖို့ အတော်အသင့် ကြိုးပမ်းအားထုတ်မှုကို အသုံးပြုကြပုံရသည်၊ ယင်းက ၎င်းတို့ တောင့်တသည့် ရလဒ်အတိအကျဖြစ်ပေသည်။ လူများသည် ၎င်းတို့နှင့် ဝေးကွာနေသည့်အချိန်တွင် မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိကြပေ။ သူတို့သည် ပြဿနာတစ်ခုကို ကြုံတွေ့သည့်အခါ၊ အခြေခံမူ ကင်းမဲ့ပြီး ဘာလုပ်ရမှန်းမသိဖြစ်ကြသည်။ သိသာထင်ရှားစွာပင်၊ အန္တိခရစ်များသည် ၎င်းတို့ကို ထိန်းချုပ်နေစဉ်တွင် အဆိပ်ပမာဏ အနည်းငယ်မျှသာ ကျွေးခဲ့ခြင်း မဟုတ်ပေ။ ၎င်းတို့သည် ထိုလူများကို အမှန်တကယ်ပင် ကြိုးကိုင်လွှမ်းမိုးရန် ကြိုးစားခဲ့သည်။ ၎င်းတို့သည် စကားအနည်းငယ်သာ ပြောခဲ့ပါက၊ ဤလူများသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ အလွန်များစွာ ကျရောက်ပြီးဖြစ်မည်လော။ လုံးဝမဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၂)” မှ

အထက်မှ အလုပ်အစီအစဉ်များအပေါ် ၎င်းတို့၏ သဘောထားတွင် လုံးလုံး မထီမဲ့မြင်လုပ်လွန်းသော သူအချို့ရှိကြသည်။ ၎င်းတို့က “အထက်က အလုပ် အစီအစဉ်များကို ပြုလုပ်သည်။” “ပြီးလျှင် ကျွန်ုပ်တို့က အလုပ်လုပ်လျက် အောက်၌ ရှိကြသည်။ ပြောခဲ့သည့် အရာအချို့နှင့် အလုပ်တာဝန်အချို့တို့ကို ပြောင်းလွယ်ပြင်လွယ် အကောင်အထည် ဖော်၍ ရနိုင်ပေသည်၊ ယင်းတို့ ကျွန်ုပ်တို့ထံ ကျရောက်လာသည့်အခါ၊ ယင်းတို့ကို ပြင်၍ ရနိုင်သည်။ တကယ်တမ်းတွင် အထက်က အပြောများသာရှိပြီး၊ ကျွန်ုပ်တို့က လက်တွေ့ကျသည့်အလုပ်ကို လုပ်နေသူများ ဖြစ်ကြသည်။ အသင်းတော်ရှိ အခြေအနေကို ကျွန်ုပ်တို့ နားလည်သော်လည်း၊ အထက်က နားမလည်သောကြောင့်၊ ကျွန်ုပ်တို့ကို ပေးထားသည့် အသင်းတော်၏ လူများနှင့် အလုပ်တို့သည် ကျွန်ုပ်တို့ သင့်တော်သလို လုပ်ဆောင်ဖို့ ကျွန်ုပ်တို့၏အလုပ်များ ဖြစ်သည်။ ကျွန်ုပ်တို့ သဘောရှိ လုပ်ဆောင်နိုင်သည်၊ ပြီးလျှင် မည်သူမျှ ဝင်စွက်ခွင့်မရှိ။” ဟု တွေးကြသည်။ ထိုသို့သောလူများအဖို့၊ ဘုရားသခင်ကို အစေခံခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားသည် ဤအရာဖြစ်သည်- “ကျွန်ုပ်က တစ်စုံတစ်ခုသည် မှန်ကန်သည်ဟု တွေးထင်ပါက၊ ယင်းကို ကျွန်ုပ် အာရုံစိုက်မည်။ တစ်စုံတစ်ခုသည် လုပ်ကိုင်ရန်မဖြစ်နိုင်ဟု ကျွန်ုပ်တွေးထင်ပါက၊ ယင်းကို ကျွန်ုပ် လျစ်လျူရှုမည်။ သင့်ကို ကျွန်ုပ် ခုခံလိုပါက ခုခံနိုင်သည်၊ သို့မဟုတ် ဆန့်ကျင်ပြီးလျှင် ကျွန်ုပ် မလုပ်ချင်သည့် မည်သည့်အရာကိုမျှ ကျွန်ုပ် အကောင်အထည်ဖော်ဖို့ သို့မဟုတ် လုပ်ဆောင်ဖို့ မလိုအပ်ပေ။ သင်ပြောသည့် တစ်စုံတစ်ရာကို မသင့်လျော်ဟု ကျွန်ုပ်တွေးထင်ပါက၊ ယင်းကို သင့်ကိုယ်စား ကျွန်ုပ် တည်းဖြတ်ပေးမည်၊ ပြီးလျှင် ကျွန်ုပ် စိစစ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ အောက်သို့ ကျွန်ုပ် လက်ဆင့်ကမ်းပေးလိုက်မည်။ ကျွန်ုပ် အတည်မပြုရသေးသည့် မည်သည့်အရာကိုမျှ ပုံနှိပ်ဖို့ ပို့ခွင့်မရှိ။” အခြားနေရာတိုင်းတွင် ၎င်းတို့သည် အထက်မှ အစီအစဉ်များကို ယင်းတို့၏နဂိုမူလ ပုံစံအတိုင်း ဖြန့်ဖြူးသော်လည်း၊ ဤလူကမူ ၎င်းတို့ဦးဆောင်သည့် ဒေသရှိ လူများထံသို့ ၎င်းတို့ အလုပ်အစီအစဉ်၏ တည်းဖြတ်ထားသည့်ပုံစံကို ပေးပို့သည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို ဘေးဖယ်ထားဖို့ အမြဲ ဆန္ဒရှိသည်၊ ပြီးလျှင် လူတိုင်းက ၎င်းတို့နောက်ကို လိုက်ဖို့နှင့် ၎င်းတို့ကို ယုံကြည်ဖို့ အသည်းအသန် ဆန္ဒရှိကြသည်။ ၎င်းတို့အမြင်ပုံတွင် ဘုရားသခင်သည် အချို့အပိုင်းများတွင် ၎င်းတို့နှင့် တန်းတူမဟုတ်ပေ၊ ၎င်းတို့သည်လည်း ဘုရားသခင် ဖြစ်သင့်ပြီး လူတိုင်းက ၎င်းတို့ကို ယုံကြည်သင့်သည်။ ယင်းမှာ ၎င်းတို့ လုပ်ဆောင်သည့်အရာ၏ သဘာဝ ဖြစ်သည်။ သင်တို့ ဤအရာကို နားလည်ခဲ့ပါက၊ ထိုသို့သောလူတစ်ဦး ဖယ်ရှားခြင်းခံရပြီး အစားထိုးခြင်းခံရသည့်အခါ၊ သင် ငိုကြွေးဦးမည်လော။ ၎င်းတို့အတွက် သင် စာနာဦးမည်လော။ “အထက်မှ လုပ်ဆောင်သည့်အရာသည် မလိုအပ်သကဲ့သို့ တရားမမျှတပေ၊ ဤမျှဒုက္ခခံရပြီးသူတစ်ဦးကို အထက်က အဘယ်သို့များ ထုတ်ပစ်နိုင်သနည်း။” ဟု သင် တွေးဦးမည်လော။ ၎င်းတို့က မည်သူ့အတွက် ဒုက္ခခံခဲ့သနည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်ဒြပ်အတွက် ဒုက္ခခံခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အစေခံနေခြင်းလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ကျိုးနွံနာခံသလော။ ၎င်းတို့သည် စာတန်၏ လက်ပါးစေများသာ ဖြစ်ပြီး၊ ၎င်းတို့၏ အလုပ်သည် နတ်ဆိုး၏ စိုးမိုးမှု ဖြစ်သည်။ ယင်းက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဖျက်ဆီးပြီး သူ၏အမှုကို နှောင့်ယှက်သည်။ ယင်းမှာ မည်ကဲ့သို့သော ယုံကြည်မှုမျိုးနည်း။ ၎င်းတို့သည် နတ်ဆိုးတစ်ပါးသာ၊ အန္တိခရစ်တစ်ဦးသာ ဖြစ်ကြသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း ဆိုသည်မှာ အဘယ်နည်း။” မှ

ဘုရားသခင် လူ့ဇာတိမခံယူခဲ့သေးသည့် အချိန်ကာလတွင်၊ ဘုရားသခင်ကို လူသားက ဆန့်ကျင်ခြင်း ရှိ၊ မရှိဆိုသည်ကို တိုင်းတာမှုမှာ ကောင်းကင်ဘုံ၌ရှိသော မမြင်နိုင်သည့် ဘုရားသခင်ကို လူသားက ကိုးကွယ်ကာ ကြည်ညိုခြင်း ရှိ၊ မရှိဆိုသည့်အပေါ် အခြေခံခဲ့ပေသည်။ ထိုအချိန်က လူသားသည် ဘုရားသခင်ကို မမြင်နိုင်သကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန် မည်သည့်အရာနှင့်တူသည် သို့မဟုတ် သူမည်သို့ စကားပြောဆိုခဲ့ပြီး အမှုပြုခဲ့သည်ကို မသိခဲ့ကြသောကြောင့်၊ ဘုရားသခင်အား ဆန့်ကျင်ခြင်းကို အနက်ဖွင့်သည့် နည်းလမ်းမှာ လုံးဝ လက်တွေ့မကျခဲ့ပေ။ လူသားသည် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ လုံးဝ မရှိခဲ့သကဲ့သို့၊ ဘုရားသခင်သည် လူသားထံ မပေါ်ထွန်းသေးသောကြောင့် ဘုရားသခင်၌ မရေမရာ ယုံကြည်ခဲ့သည်။ ထို့ကြောင့်၊ လူသားသည် ဘုရားသခင်ကို မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် မည်သို့ ယုံကြည်သည်ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို လုံးဝ မမြင်နိုင်ခဲ့သောကြောင့်၊ ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချခြင်း မပြုသကဲ့သို့ လူသားအပေါ် များလှစွာသော တောင်းဆိုချက်များ မပြုခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ၊ သူ၏ လူ့ဇာတိခန္ဓာအတွင်းမှ ဘုရားသခင် ပြုသော လုပ်ဆောင်ချက်များကို မြင်ကြရ၏။ ထိုအခိုက်အတန့်တွင်၊ လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ၊ သူ့ကို လိုလားစွာ နာခံကြပါက၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ ဆန့်ကျင်သောသူတို့မှာမူ ဘုရားသခင်၏ ရန်ဘက်အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် ဆန့်ကျင်သော ရန်သူများ ဖြစ်ကြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူ မည်သူမဆိုသည် ဘုရားသခင်ကို ဆန့်ကျင်သောသူဖြစ်ပြီး၊ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်လာသော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေဖို့ မကြိုးစားကြသေးသူသည် ဘုရားသခင်၏ ရန်ဘက်တစ်ဦးအဖြစ် သာ၍ပင် ယူဆခံရပေသည်။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ကောင်းမွန်သည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

မည်သည့်လူစားမျိုးက မိမိ၏ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်သနည်း။ (အန္တိခရစ်တစ်ဦး ဖြစ်ပါသည်။) ထိုသို့သော လူတစ်ဦးကို “အန္တိခရစ်တစ်ဦး” ဟု အဘယ်ကြောင့်ခေါ်သနည်း။ ပထမဦးစွာ၊ “အန္တိ” ဆိုသည်မှာ ဆန့်ကျင်လိုပြီး ရန်မူလိုခြင်းကို ဆိုလိုကာ ယင်းသည် ခရစ်တော်အပေါ်၊ ဘုရားသခင်အပေါ်နှင့် သမ္မာတရားအပေါ် ဆန့်ကျင်လိုခြင်း ပါဝင်၏။ “ဆန့်ကျင်လိုပြီး ရန်မူလို” သည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (တိုက်ရိုက်ဆန့်ကျင်ရပ်တည်ခြင်းဖြစ်သည်။) (အမုန်းတရားရှိခြင်း ဖြစ်သည်။) ဘုရားသခင်ကို မုန်းတီးပြီး သူ့ကို တိုက်ရိုက်ဆန့်ကျင်ကြသည့် လူတို့သည် သမ္မာတရားကို လက်ခံနိုင်ကြသလော။ သမ္မာတရားကို ၎င်းတို့ချစ်နိုင်ကြသလော။ သေချာပေါက် မလုပ်နိုင်ကြချေ။ ၎င်းတို့ မိမိတို့ကိုယ်ကို ဖော်ပြသည့် ပထမဦးဆုံးသော နည်းလမ်းမှာ သမ္မာတရားကို မချစ်ရန် ဖြစ်သည်။ တစ်စုံတစ်ဦးက သမ္မာတရားကို ပြောဆိုသည့်အခါတိုင်းတွင် ၎င်းတို့သည် ထိုလူ၏မျက်နှာကို စေ့စေ့ကြည့်ပြီး မည်သည့်အရာကိုမျှ ဗြောင်မဖော်ပြကြဘဲ၊ ၎င်းတို့၏စိတ်နှလုံးထဲတွင် သမ္မာတရားကို ၎င်းတို့လက်မခံကြသကဲ့သို့ စိတ်ထဲတွင် ယင်းကို ၎င်းတို့ခုခံကြ၏။ ခုခံနေစဉ်တွင်၊ အပြုသဘောဆောင်သော အရာအားလုံးနှင့် စပ်လျဉ်း၍- ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ၎င်းတို့၏ တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်း၊ ရိုးသားသော လူများဖြစ်ခြင်း၊ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေခြင်း၊ အစရှိသည်တို့နှင့် စပ်လျဉ်း၍- ၎င်းတို့၌ နှလုံးသွင်းအရဖြစ်သော တမ်းတမှု၊ သို့မဟုတ် ချစ်ခြင်း အနည်းငယ်မျှ ရှိကြသလော။ အနည်းငယ်မျှ မရှိချေ။ ထို့ကြောင့်၊ ဤသဘာဝအနှစ်သာရမျိုး ၎င်းတို့ရှိကြသည်ကို ထောက်ဆသော်၊ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို တိုက်ရိုက်ဆန့်ကျင်ရပ်တည်နေကြပြီး ဖြစ်ပေသည်။ ထို့ကြောင့် မလွဲမဧကန်ပင် ထိုသို့သော လူများသည် ရင်ထဲတွင် သမ္မာတရား၊ သို့မဟုတ် အပြုသဘောဆောင်သော အရာတစ်ခုတလေကိုမျှ မချစ်ပေ။ ဥပမာအားဖြင့်၊ ခေါင်းဆောင်မှု ရာထူးများတွင်ရှိသည့် လူတို့သည် ၎င်းတို့ညီအစ်ကိုမောင်နှမများ၏ အမျိုးမျိုးသော အယူအဆများကို လက်ခံနိုင်ရမည်၊ ညီအစ်ကိုမောင်နှမများထံ မိမိတို့ကိုယ်ကို လမ်းဖွင့်ပေး၍ ညီအစ်ကိုမောင်နှမများ၏ အပြစ်တင်ခြင်းကို လက်ခံနိုင်ရမည်ဖြစ်ကာ ဂုဏ်ဒြပ်ကို မယူရပေ။ အန္တိခရစ်တစ်ဦးသည် ဤမှန်ကန်သော လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းအားလုံးကို မည်သို့တွေးထင်မည်နည်း။ သူက၊ “ညီအစ်ကိုမောင်နှမများ၏ အယူအဆများကို ကျွန်ုပ်ကြားနာမည်ဆိုပါက၊ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်နေဦးမည်လော။ ထိုအခါ ကျွန်ုပ်၌ ဂုဏ်ဒြပ်နှင့် ဩဇာတိက္ကမတို့ ရှိပါဦးမည်လော။ ကျွန်ုပ်ကို လူတို့ကြောက်ရွံ့စေရန် ကျွန်ုပ်ပြုနိုင်ဦးမည်လော။ လူတို့ကို ကျွန်ုပ်အား ကြောက်ရွံ့အောင် ကျွန်ုပ်မပြုနိုင်ပါက၊ ပြီးလျှင် ကျွန်ုပ်၌ ဩဇာတိက္ကမ မရှိပါက၊ မည်သည့်အလုပ်ကို ကျွန်ုပ်လုပ်ဆောင်နိုင်မည်နည်း” ဟု ပြောကောင်းပြောမည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ပိုင်ဆိုင်သည့် စိတ်သဘောထားမျိုး အတိအကျဖြစ်သည်။ သူသည် အသေးငယ်ဆုံးသော နည်းလမ်းဖြင့်ပင် သမ္မာတရားကို လက်မခံသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်တစ်ခုက သာ၍မှန်ကန်လေလေ၊ ယင်းကို သူသာ၍ခုခံလေလေ ဖြစ်သည်။ ဤမှန်ကန်သော လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများ ဖြစ်သည်ဟု သူဝန်မခံပေ။ သူယုံကြည်သည့်အတိုင်းဆိုပါက သမ္မာတရားမှာ အဘယ်နည်း။ ယင်းမှာ တစ်ဦးတစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ဖိနှိပ်ချုပ်ခြယ်မှု၊ ဒုစရိုက်အမှုများ၊ ရက်စက်သော နည်းလမ်းများနှင့် လျှို့ဝှက်သိုသိပ်သော နည်းလမ်းများကို အမြဲအသုံးပြုသင့်သည်၊ သမ္မာတရား၊ ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ မသုံးသင့်ဟူ၍ ဖြစ်သည်။ သူ၏နည်းလမ်းမှာ ဆိုးယုတ်သော နည်းလမ်းတစ်ခု ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်၏ အမျိုးနှင့် သက်ဆိုင်သော သူတို့၏ သဘာဝ အနှစ်သာရဖြစ်ပြီး ယင်းသည် အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့် နည်းလမ်းနှင့် ၎င်းတို့၏ လုပ်ရပ်များနောက်ကွယ်က တွန်းအား၊ ယင်းလုပ်ရပ်များ ပေါက်ဖွားသည့် အရင်းအမြစ်လည်း ဖြစ်၏။ ဤသည်မှာ ၎င်းတို့၏ အရင်းခံအကြောင်းအပြင် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် တူသောအရာ ဖြစ်သည်။ ၎င်းတို့ မကြာခဏ ထုတ်ဖော်ပြသည့်၊ ၎င်းတို့၏ အရင်းခံအကြောင်းများနှင့် ရည်ရွယ်ချက်များ၏ အနှစ်သာရမှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရ- သမ္မာတရားအပေါ် မနှစ်သက်ခြင်းနှင့် မုန်းတီးခြင်း- အတိအကျဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အနှစ်သာရ ဖြစ်၏။ သို့ဆိုလျှင် သမ္မာတရားနှင့် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို မုန်းတီးခြင်းအား ဆိုလို၏။ ဥပမာအားဖြင့်၊ ဖန်ဆင်းခြင်းခံရသည့် အရာတစ်ခုအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဘုရားသခင်က မည်သည့်အရာ ပြောမည်ဖြစ်စေ၊ လူသားများသည် ဖန်ဆင်းခြင်းခံရသည့် အရာများဖြစ်သည့်အတွက် လူတို့သည် ကျိုးနွံနာခံသင့်ကြ၏။ သို့သော် အန္တိခရစ်တစ်ဦးက မည်သို့တွေးထင်သနည်း။ “ကျွန်ုပ်က ဖန်ဆင်းခြင်းခံ အရာတစ်ခုဖြစ်သည်မှာ မမှန်သည်ကား မဟုတ်ပါ၊ သို့သော် ကျိုးနွံနာခံခြင်းနှင့် ပတ်သက်လာသည့်အခါ၊ ယင်းသည် အခြေအနေပေါ် မူတည်သည်။ ပထမနှင့် ဦးဆုံးအနေဖြင့်၊ ယင်းတွင် ကျွန်ုပ်အတွက် အကျိုးကျေးဇူးအချို့ ရှိရမည်။ ကျွန်ုပ်ကို အကျိုးယုတ်စေရမည် မဟုတ်၊ ထို့ပြင် ကျွန်ုပ်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကျွန်ုပ်ဦးစားပေးရမည်။ ဆုလာဘ်များနှင့် ကြီးမားသော ကောင်းချီးမင်္ဂလာများ ရရန်ရှိပြီး ကိုယ်တော်က ကျွန်ုပ်ကို ကျိုးနွံနာခံစေလိုပါက၊ အဆင်ပြေပါသည်၊ သို့သော် ဆုလာဘ်များ မရှိဘဲနှင့် ခရီးပန်းတိုင်တစ်ခု မရှိဘဲ၊ ကျွန်ုပ်မကျိုးနွံမနာခံနိုင်ပါ။” ယင်းမှာ အန္တိခရစ်တစ်ဦး မြင်သည့်ပုံ ဖြစ်သည်။ နောက်ထပ် ဥပမာတစ်ခုအနေဖြင့်၊ ဘုရားသခင်သည် လူတို့ကို ရိုးသားစေမည်ဖြစ်သော်လည်း၊ အန္တိခရစ်တစ်ဦးက ဤအရာနှင့်သက်ဆိုင်၍ မည်သည့်အရာကို တွေးသနည်း။ “မိုက်မဲသူများသာ ရိုးသားကြသည်။ လိမ္မာပါးနပ်သော လူများက မရိုးသားကြပါ။” ဤအယူအဆများ၌ သမ္မာတရားကို လက်ခံခြင်းမရှိသည့် သဘောထားတစ်ခု ပါဝင်သလော။ ဤသဘောထားမျိုး၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်း၏အနှစ်သာရမှာ သမ္မာတရားကို မုန်းတီးခြင်းဖြစ်သည်။ ဤသည်မှာ ထိုသို့သော အန္တိခရစ်များ၏ အနှစ်သာရ အတိအကျဖြစ်ပြီး ၎င်းတို့၏ အနှစ်သာရက မည်သည့်လမ်းကြောင်းမျိုး ၎င်းတို့လျှောက်လှမ်းကြသည်ကို ဆုံးဖြတ်ပေးကာ အပြန်အလှန်အနေဖြင့် ၎င်းတို့လျှောက်သည့် လမ်းကြောင်းက ဤတာဝန်မျိုးကို ၎င်းတို့ဖြည့်ဆည်းနေစဉ် ၎င်းတို့လုပ်ဆောင်ကြမည့်အရာကို ဆုံးဖြတ်ပေးလေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁)” မှ

လူအချို့၌ အန္တိခရစ်တစ်ဦး၏ သရုပ်သကန်အချို့ ရှိကြပြီး အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ပွင့်အံထွက်ခြင်းအချို့ ရှိကြသည်၊ သို့ရာတွင် ၎င်းတို့သည် သမ္မာတရားကိုလည်း လက်ခံပြီး၊ အသိအမှတ်ပြုကြကာ၊ သမ္မာတရားကို ချစ်ကြသည်။ ၎င်းတို့သည် ကယ်တင်ခြင်း ခံရမည့်သူများ ဖြစ်နိုင်ချေရှိသည်။ ၎င်းတို့၏ အပြင်ပန်းသဏ္ဌာန် မည်သို့ရှိပါစေ၊ ၎င်းတို့၏ သဘာဝ အနှစ်သာရအားဖြင့် သမ္မာတရားအပေါ် ရန်လိုပြီး မုန်းတီးသည့်သူအချို့ ရှိသည်။ သင့်အနေဖြင့် သမ္မာတရားအကြောင်း ပြောသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့ကို တရားဟောကြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် သာ၍ စိတ်အနှောင့်အယှက်ဖြစ်ပြီး သာ၍ အတိုက်အခံ ဖြစ်လာသည်။ ၎င်းတို့သည် စတင်ငိုက်မျဉ်းသည်၊ ၎င်းတို့သည် အိပ်မောကျသည်၊ ၎င်းတို့သည် ပျင်းရိငြီးငွေ့ပြီး ၎င်းတို့နားလည်သည့်အချိန်တွင်ပင် စိတ်ပါဝင်စားခြင်း မရှိကြချေ။ သို့မဟုတ် ၎င်းတို့သည် အပြင်ပန်းတွင် ဇွဲရှိပုံပေါ်သော်လည်း၊ သမ္မာတရားကို ကွဲပြားခြားနားသည့် သဘောထားဖြင့်၊ သို့မဟုတ် အသိပညာနှင့် အယူအဆ တောင်ပုံရာပုံဖြင့် အကဲဖြတ်ကြသည်။ ဤသည်မှာ မှန်ကန်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များ မည်မျှကို ဖတ်ရှုပြီးဖြစ်စေ၊ ဒေသနာမည်မျှကို နားထောင်ပြီးဖြစ်စေ၊ နောက်ဆုံးတွင် ၎င်းတို့၏စိတ်သဘောထား၌ အနည်းဆုံးသော ပြောင်းလဲမှု မည်သည့်အခါမျှ ရှိမည်မဟုတ်ပေ၊ ထိုသဘောထားမှာ ဂုဏ်ဒြပ်နှင့် လောကီဆိုင်ရာ အမှုအရာများကို လိုက်စားခြင်းဖြစ်ကာ၊ ဘုရားသခင်ကို မလိုမုန်းထားမှုနှင့် သမ္မာတရားကို ရန်လိုမှုတို့ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်၏ ဉာဉ်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် လူများကို ၎င်းတို့ဘက်သို့ စည်းရုံးသိမ်းသွင်းဖို့ ရည်ရွယ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ ဂုဏ်ဒြပ်ကို တုပယှဉ်ပြိုင်ဖို့၊ လူများကို လှည့်စားဖို့ မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံကြောင်းနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် စာတန်နှင့် အန္တိခရစ်တို့၏ လုပ်ဆောင်ချက်များဖြစ်ကြောင်း သင်ပြောသည့်အခါ၊ ၎င်းတို့သည် ထိုသို့သော ပြစ်တင်ရှုတ်ချခြင်းကို လက်ခံသလော။ ၎င်းတို့လက်မခံပေ။ ၎င်းတို့က “ငါ့အနေနှင့် ဤနည်းလမ်းဖြင့်ပြုမူသည်မှာ မှန်ကန်ပြီး လျော်ကန်သည်။ ဤသည်မှာ အမှုအရာများကို ငါလုပ်ဆောင်သည့် ပုံစံဖြစ်သည်။ သင်ငါ့ကို သဘောရှိ ပြစ်တင်ရှုတ်ချပြီး ဝေဖန်နိုင်သည်- ဤလိုက်စားမှု၊ ဤလိုအင်ဆန္ဒ၊ သို့မဟုတ် အမှုအရာများကို လုပ်ဆောင်သည့် ဤနည်းလမ်းကို ငါစွန့်ပစ်မည်မဟုတ်” ဟု တွေးလေသည်။ ယင်းမှာ အတည်ပြုပြီးဖြစ်လေပြီ။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြ၏။ သင်ပြောသည့် မည်သည့်အရာကမျှ ၎င်းတို့၏ အမြင်ရှုထောင့်ကို မပြောင်းလဲနိုင်သကဲ့သို့၊ ၎င်းတို့၏ အရင်းခံအကြောင်းများနှင့် ရည်ရွယ်ချက်များ၊ သို့မဟုတ် ၎င်းတို့၏ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကိုလည်း မပြောင်းနိုင်ပေ။ ယင်းသည် အန္တိခရစ်စစ်စစ်တစ်ဦး၏ သဘာဝ အနှစ်သာရဖြစ်လေသည်။ ၎င်းတို့၏ အခြေအနေများ မည်သို့ပြောင်းလဲပါစေ၊ သို့မဟုတ် ၎င်းတို့အနီးအနားမှ လူများ၊ ကိစ္စများနှင့် အမှုအရာများ မည်သို့ပြောင်းလဲပါစေ၊ သို့မဟုတ် အချိန် မည်သို့ပြောင်းလဲပါစေ၊ ဘုရားသခင်ပြသသည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပဓာနမထားဘဲ၊ ပြီးလျှင် ဘုရားသခင်က ၎င်းတို့အား ကျေးဇူးတော်မည်မျှ ပေးပါစေ- သူက ၎င်းတို့ကို အပြစ်ဒဏ်ပေးလျှင်ပင်- ၎င်းတို့၏ ရည်ရွယ်ချက်များသည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ လူသားတစ်ဦးဖြစ်ခြင်း နည်းလမ်းနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတို့သည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့၊ သမ္မာတရားကို ၎င်းတို့၏ ရန်လိုသော သဘောထားသည်လည်း ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့လုပ်ဆောင်နေသည့်အရာသည် မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းဖြစ်ပြီး လူများကို လှည့်စားဖို့ ကြိုးစားနေခြင်း ဖြစ်ကြောင်း အခြားသူများက ထောက်ပြသည့်အခါ၊ ၎င်းတို့သည် ၎င်းတို့၏ စကားပြောသည့်ဟန်ပန်ကို အခြားသူများက အမှားရှာမတွေ့နိုင်သည့်၊ ပြီးလျှင် မည်သူကမျှ မသိမြင်နိုင်သည့် ဟန်ပန်တစ်ခုသို့ ပြောင်းလဲလိုက်သည်။ ၎င်းတို့သည် ၎င်းတို့၏ စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်ရန်နှင့် ၎င်းတို့၏လျှို့ဝှက်သော ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိရန် သာ၍ ပါးနပ်သော နည်းလမ်းများကိုပင် အသုံးပြုလေသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးတွင် ပြသသည့် အရာဖြစ်ပြီး ယင်းသည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရမှ ပေါက်ဖွားလာသည်။ ၎င်းတို့သည် အပြစ်ဒဏ်ပေးခြင်းခံရလိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏အဆုံးသတ် ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ကျိန်ဆဲခံရပြီး၊ အပြစ်စီရင်ခြင်းခံရကြောင်း ၎င်းတို့အား ဘုရားသခင်က ပြောလျှင်ပင်၊ ဤအရာက ၎င်းတို့၏ အနှစ်သာရကို ပြောင်းလဲနိုင်မည်လော။ ယင်းက သမ္မာတရားအပေါ် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းနိုင်မည်လော။ ယင်းက ဂုဏ်ဒြပ်၊ ကြွယ်ဝမှုနှင့် သြဇာတိက္ကမတို့ကို ၎င်းတို့၏ နှစ်သက်ခြင်းအား ပြောင်းလဲနိုင်မည်လော။ မပြောင်းလဲနိုင်ချေ။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သောလူများကို ဘုရားသခင်ကို ကိုးကွယ်သည့် သာမန်လူ့သဘာဝရှိသည့် လူများအဖြစ်သို့ ပြောင်းလဲခြင်းသည် ဘုရားသခင်၏အမှု ဖြစ်သည်။ ယင်းကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သို့သော် မကောင်းဆိုးဝါးများ၊ လူ့အရေကို ခြုံထားသော်လည်း စာတန်ဆန်သော အနှစ်သာရ ရှိသည့် လူများ၊ စာတန်၏စခန်းတွင် စာတန်ကို ကိုးကွယ်ပြီး ဘုရားသခင်ကို ရန်လိုသူများကို သာမန်လူများအဖြစ်သို့ ပြောင်းလဲရန်မှာ ဖြစ်နိုင်သလော။ ယင်းမှာ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤသို့သော အမှုမျိုးကို မလုပ်ဆောင်ချေ။ ဤလူများသည် ဘုရားသခင် ကယ်တင်သည့်သူများထဲတွင် မပါဝင်ပေ။ သို့ဆိုလျှင် ဘုရားသခင်သည် ထိုသို့သောလူများကို မည်သို့သတ်မှတ်သနည်း။ ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ခြင်း၊ သို့မဟုတ် ကယ်တင်ခြင်းကို ခံရသည့်သူများ မဟုတ်ကြပေ။ ဘုရားသခင်သည် ထိုသို့သောလူများကို မလိုချင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်တွင် ရှိပြီးဖြစ်သည်မှာ မည်မျှကြာမြင့်ပါစေ၊ ၎င်းတို့ မည်မျှဒုက္ခခံပြီးဖြစ်ပါစေ၊ ၎င်းတို့ မည်မျှပြီးမြောက် အောင်မြင်ပြီးဖြစ်ပါစေ၊ ၎င်းတို့၏ ရည်ရွယ်ချက်များ မပြောင်းလဲပေ။ ၎င်းတို့သည် ၎င်းတို့၏ ရည်မှန်းချက်များ၊ သို့မဟုတ် လိုအင်ဆန္ဒများကို ဘေးဖယ်ထားကြမည် မဟုတ်ချေ၊ ဂုဏ်ဒြပ်နှင့် လူများအတွက် ဘုရားသခင်နှင့် တုပယှဉ်ပြိုင်ရန် ၎င်းတို့၏ အရင်းခံအကြောင်းနှင့် အာသာဆန္ဒတို့ကို စွန့်လွှတ်ရန်မှာ သာ၍နည်းပါးပေသည်။ ထိုသို့သော လူများသည် ရှင်သန်နေသည့် အန္တိခရစ်များ ဖြစ်ကြလေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၂)” မှ

အန္တိခရစ်အားလုံးသည် နောင်တရမည့်အစား သေသာအသေခံကြမည်။ ၎င်းတို့သည် ဘုရားသခင်ကို သေသည်အထိ ခုခံဖို့နှင့် အဆုံးထိတိုင်အောင် တိုက်ခိုက်ဖို့ သစ္စာကတိပြုထားလေသည်။ ဘုရားသခင် တစ်ပါးရှိကြောင်း၊ သူသည် လူသားကို ဖန်ဆင်းခဲ့ကြောင်းနှင့် လူသားမျိုးနွယ်ကို သူကယ်တင်နိုင်ကြောင်းတို့ကို ၎င်းတို့သည် စိတ်ထဲတွင် အသိအမှတ်ပြုသော်လည်း၊ ၎င်းတို့၏သဘာဝသည် ၎င်းတို့ရွေးချယ်ထားပြီးဖြစ်သော လမ်းကြောင်းကို ပြောင်းလဲနိုင်စွမ်းမရှိ ဖြစ်စေပြီး၊ ဘုရားသခင်ကို ၎င်းတို့၏ ရန်လိုမှုနှင့်သက်ဆိုင်သည့် အမှန်တရားကို ပြောင်းလဲနိုင်စွမ်း မရှိဖြစ်စေသည်။ ထို့ကြောင့် အန္တိခရစ်များ၏ အပြုအမူနှင့်သက်ဆိုင်သည့် အနှစ်သာရသည် ရာထူးအဆင့်အတန်း ရှိခြင်း၊ လူများကို သိမ်းသွင်းစည်းရုံးခြင်းနှင့် လူများကို ၎င်းတို့နောက်လိုက်စေပြီး ကြည်ညိုစေခြင်းတို့နှင့်ပတ်သက်သည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ နည်းလမ်းများနှင့် နည်းစနစ်များကို အစဉ်အသုံးပြုဖို့ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့သည် လူသားမျိုးနွယ်နှင့်ပတ်သက်၍ ဘုရားသခင်နှင့် တမင်သက်သက် ယှဉ်ပြိုင်နေခြင်း မဟုတ်သည်မှာ ဖြစ်နိုင်သည်၊ သို့ရာတွင် တစ်ခုတော့ သေချာပေသည်။ ၎င်းတို့သည် လူသားများအတွက် ဘုရားသခင်နှင့် မယှဉ်ပြိုင်သည့်အခါတွင်ပင်၊ လူများအလယ်တွင် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာတို့ကို ရရှိဖို့ ဆန္ဒရှိဆဲဖြစ်သည်။ ၎င်းတို့သည် ရာထူးအဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်နေသည်ကို ၎င်းတို့သဘောပေါက်သည့် နေ့ရက်အချိန် ရောက်လာပြီး၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းလျှင်ပင်၊ လူများအလယ်တွင် ရာထူးအဆင့်အတန်း ရရှိဖို့နှင့် အသိအမှတ်ပြုခြင်းခံရဖို့ အခြားနည်းစနစ်များကို အသုံးပြုဆဲဖြစ်သည်။ တိုတိုပြောရလျှင်၊ အန္တိခရစ်များ လုပ်သမျှအရာအားလုံးသည် ၎င်းတို့၏တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်မှု တစ်ခုပါဝင်ပုံရပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သော နောက်လိုက်များဖြစ်ပုံရသော်လည်း၊ လူများကို ထိန်းချုပ်ဖို့- ပြီးလျှင် လူများအလယ်တွင် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာရဖို့- ၎င်းတို့၏ ရည်မှန်းချက်သည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သို့မဟုတ် လုပ်ဆောင်သည်ဖြစ်စေ၊ ပြီးလျှင် လူများကို သူမည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်တို့နှင့် လိုက်လျောညီထွေဖြစ်သည့် နည်းလမ်းတစ်ခုဖြင့် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို မလုပ်ဆောင်ပေ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်များကို မဖြည့်ဆည်းပေ၊ သူ၏မိန့်မြွက်ချက်များနှင့် သမ္မာတရားကို နားလည်သဘောပေါက်ခြင်း၏ ရလဒ်တစ်ခုအနေဖြင့် တန်ခိုးအာဏာနှင့် ရာထူးအဆင့်အတန်းကို ၎င်းတို့၏ လိုက်စားခြင်းကိုလည်း ၎င်းတို့မစွန့်ပယ်ပေ။ တစ်လျှောက်လုံးတွင် ၎င်းတို့၏ ရည်မှန်းချက်က ၎င်းတို့ကို ဖမ်းစားထားကာ၊ ၎င်းတို့၏ အပြုအမူနှင့် အတွေးအခေါ်များကို ထိန်းချုပ်ပြီး ညွှန်ကြား၍ ၎င်းတို့လျှောက်သည့် လမ်းကြောင်းကို သတ်မှတ်ပေးသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ သရုပ်သကန် ဖြစ်သည်။ ဤနေရာတွင် မည်သည့်အရာကို အလေးထား ပြောထားသနည်း။ လူအချို့က “အန္တိခရစ်များသည် လူများကို ရရှိဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်သူများ၊ သူ့ကို အသိအမှတ်မပြုသူများဖြစ်ကြသည် မဟုတ်ပါသလား” ဟု မေးကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုကောင်း ပြုနိုင်မည်၊ ၎င်းတို့သည် သူ၏တည်ရှိမှုကို စစ်မှန်စွာ အသိအမှတ်ပြုပြီး ယုံကြည်ကောင်း ယုံကြည်နိုင်မည်၊ ပြီးလျှင် ၎င်းတို့သည် သူ့နောက်ကို လိုက်ဖို့နှင့် သမ္မာတရားကို ရရှိအောင်အားထုတ်ဖို့ လိုလားကောင်း လိုလားနိုင်မည်၊ သို့ရာတွင် တစ်ခုတော့ မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် တန်ခိုးအာဏာနှင့် ရာထူးအဆင့်အတန်းအတွက် ၎င်းတို့၏ ရည်မှန်းချက်ကို မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊ ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားကြောင့်ဖြစ်စေ ထိုအရာများကို ၎င်းတို့၏လိုက်စားမှုကိုလည်း မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်ပေ။ ဤသည်တို့မှာ အန္တိခရစ်များ၏ ထူးခြားသောလက္ခဏာများ ဖြစ်သည်။ လူတစ်ယောက်သည် မည်မျှဒုက္ခခံစားပြီးဖြစ်ပါစေ၊ သမ္မာတရားမည်မျှကို ၎င်းတို့နားလည်ပြီးဖြစ်ပါစေ၊ သမ္မာတရား စစ်မှန်မှုများမည်မျှကို ၎င်းတို့ဝင်ရောက်ပြီးဖြစ်ပါစေ၊ ပြီးလျှင် ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာမည်မျှကို ၎င်းတို့ ပိုင်ဆိုင်ပြီးဖြစ်ပါစေ၊ ဤအပြင်ပန်းဖြစ်စဉ်နှင့် သရုပ်သကန်များထက် ကျော်လွန်၍၊ ၎င်းတို့သည် ရာထူးအဆင့်တန်းနှင့် တန်ခိုးအာဏာတို့အတွက် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုက်စားခြင်းတို့ကို မည်သည့်အခါမျှ ထိန်းချုပ်မည် မဟုတ်ပေ၊ သို့မဟုတ် စွန့်လွှတ်မည် မဟုတ်ပေ၊ ပြီးလျှင် ဤအရာက ၎င်းတို့၏ သဘာဝအနှစ်သာရကို အတိအကျ သတ်မှတ်ပေးလေသည်။ ထိုသို့သောလူများကို အန္တိခရစ်များအဖြစ် ဘုရားသခင်၏ သမုတ်ခြင်းတွင် အမှားစိုးစဉ်းမျှ မရှိပေ။ ယင်းကို ၎င်းတို့၏ တကယ့်သဘာဝ အနှစ်သာရအားဖြင့် သတ်မှတ်ထားပြီးဖြစ်သည်။ လူအချို့က အန္တိခရစ်တစ်ဦးသည် လူသားမျိုးနွယ်နှင့်ပတ်သက်၍ ဘုရားသခင်နှင့် ယှဉ်ပြိုင်ဖို့ကြိုးစားသူ မည်သူမဆိုဖြစ်သည်ဟု ယုံကြည်ဖူးကောင်း ယုံကြည်ဖူးလိမ့်မည်။ သို့သော် တစ်ခါတစ်ရံတွင် အန္တိခရစ်များသည် ဘုရားသခင်နှင့် သေချာပေါက် ယှဉ်ပြိုင်ဖို့ မလိုအပ်ပေ။ ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာအတွက် ၎င်းတို့၏အသိပညာ၊ နားလည်သဘောပေါက်ခြင်းနှင့် လိုအပ်ချက်တို့သည် သာမန်လူများ၏ အသိပညာ၊ နားလည်သဘောပေါက်ခြင်းနှင့် လိုအပ်ချက်တို့နှင့် ခြားနားသောသူများ ဖြစ်ရန်သာ လိုသည်။ သာမန်လူများသည် ကြွားဝါလွန်းနိုင်သည်။ ၎င်းတို့သည် အခြားသူများ၏ချီးမွမ်းခြင်းခံရဖို့နှင့် အထင်ကြီးခံရစေဖို့ ကြိုးစားနိုင်သည်၊ ပြီးလျှင် ၎င်းတို့သည် ရာထူးကောင်းအတွက် ယှဉ်ပြိုင်ဖို့ ကြိုးစားနိုင်သည်။ ဤသည်မှာ သာမန်လူများ၏ ရည်မှန်းချက်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ရာထူးများ ဆုံးရှုံးလျက်၊ ခေါင်းဆောင်များအဖြစ်မှ အစားထိုးခံရသည့်အခါ၊ ယင်းကို ၎င်းတို့ မေ့လိုက်ကြသည်။ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ပြောင်းလဲမှုတစ်ခု၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုတွင် ကြီးထွားရင့်ကျက်မှုအချို့၊ သမ္မာတရားထဲသို့ ဝင်ရောက်မှုနှင့်သက်ဆိုင်သည့် ကြိုးပမ်းအားထုတ်ရရှိခြင်းအချို့၊ သို့မဟုတ် သမ္မာတရားအပေါ် သာ၍ နက်ရှိုင်းသော နားလည်သဘောပေါက်မှု ရရှိခြင်းတို့ကြောင့်၊ ၎င်းတို့၏ ရည်မှန်းချက်သည် ဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။ ၎င်းတို့လျှောက်သည့် လမ်းကြောင်းနှင့် ၎င်းတို့ခရီးနှင်သည့် ဦးတည်ချက်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ပြီး၊ အဆင့်အတန်းနှင့် တန်ခိုးအာဏာတို့ကို ၎င်းတို့၏ လိုက်စားခြင်းသည် ပျောက်ကွယ်သွားသည်။ ၎င်းတို့၏ လိုအင်ဆန္ဒများသည်လည်း ဖြည်းဖြည်းချင်း လျော့နည်းသွားလေသည်။ သို့ရာတွင် အန္တိခရစ်များကမူ ကွဲပြားခြားနားကြသည်။ ၎င်းတို့သည် အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ၎င်းတို့၏ လိုက်စားမှုကို မည်သည့်အခါမျှ စွန့်ပစ်နိုင်ခြင်း မရှိပေ။ မည်သည့်အချိန်တွင်မဆို၊ မည်သည့်ပတ်ဝန်းကျင်တွင်မဆို၊ ပြီးလျှင် ၎င်းတို့အနီးအနားတွင် မည်သည့်လူများရှိပြီး၊ ၎င်းတို့မည်သည့်အသက်အရွယ်ရှိပြီဖြစ်စေ၊ ၎င်းတို့၏ရည်မှန်းချက်သည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ရည်မှန်းချက်က မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်သည်ကို မည်သည့်အရာက ညွှန်ပြသနည်း။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များဖြစ်သည်ဟု ဆိုကြစို့။ ၎င်းတို့က အသင်းတော်ရှိ လူတိုင်းကို ထိန်းချုပ်လိုမည် ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့ခေါင်းဆောင်မဟုတ်သည့် နောက်ထပ် အသင်းတော်တစ်ခုသို့ သွားကောင်း သွားနိုင်သော်လည်း၊ ထိုရာထူးအဆင့်အတန်းအတွက် ၎င်းတို့တမ်းတဆဲ ဖြစ်လေသည်။ ထိုသို့သောလူများ မည်သည့်နေရာသို့သွားသည်ဖြစ်စေ၊ ၎င်းတို့သည် တန်ခိုးအာဏာကို စွဲကိုင်လိုကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ရည်မှန်းချက်ဖြင့် ပြည့်လျှမ်းမနေသလော။ ၎င်းတို့ပြသည့်အရာသည် သာမန်လူ့သဘာဝ၏နယ်ပယ်ကို ကျော်လွန်သွားသည်။ ဤသည်နှင့်ပတ်သက်၍ မူမမှန်သည့်အရာတစ်ခု မရှိသလော။ ယင်းနှင့်ပတ်သက်၍ မူမမှန်သည့်အရာမှာ အဘယ်နည်း။ ၎င်းတို့ပြသည့်အရာသည် သာမန်လူ့သဘာဝက ပြသသင့်သည့်အရာ မဟုတ်ပေ။ ၎င်းတို့သည် မည်သည့်အရာကို ပြသနည်း။ ဤသည်ကို ပြသဖို့ ဖြစ်စေသည့်အရာမှာ အဘယ်နည်း။ ယင်းကို ၎င်းတို့၏ သဘာဝက ဖြစ်စေသည်။ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြသည်။ ဤသည်မှာ သာမန်ဖောက်ပြန်ပျက်စီးခြင်းနှင့် မတူပေ။ ကွဲပြားခြားနားချက် ရှိလေသည်။ အန္တိခရစ်များသည် အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ၎င်းတို့လိုက်စားရာ၌ ဘာမဆိုလုပ်ကြမည်ဖြစ်သည်။ ၎င်းတို့သည် ထိုအရာ၏ လုံးဝဖမ်းစားခြင်း ခံထားရသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ အနှစ်သာရဖြစ်သည်။ ယင်းသည် ၎င်းတို့၏ နဂိုမူလ ပုံသဏ္ဌာန်ဖြစ်ပြီး၊ ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝဖြစ်သည်။ ၎င်းတို့သည် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရုံမျှသာ ယှဉ်ပြိုင်ခြင်း မဟုတ်ဘဲ၊ အဆင့်အတန်းအတွက် လူများနှင့်လည်း ယှဉ်ပြိုင်သည်။ အခြားသူများက လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ သို့တည်းမဟုတ် သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ၊ အန္တိခရစ်များသည် သူတို့၏ ဆန္ဒများကို အရေးမထားဘဲ၊ သူတို့ကို ထိန်းချုပ်ဖို့နှင့် သူတို့၏ ခေါင်းဆောင်များဖြစ်ဖို့ တက်ကြွစွာ ကြိုးစားကြလေသည်။ အန္တိခရစ်များသည် မည်သည့်နေရာ သွားပါစေ ကြီးကြပ်သူ ဖြစ်လိုပြီး ဆုံးဖြတ်ချက်ချလိုသည်။ ဤသည်မှာ ၎င်းတို့၏သဘာဝလော။ လူများက သင့်ကို နားထောင်လိုသလော။ ၎င်းတို့က သင့်ကို ရွေးချယ်ခဲ့သလော။ ၎င်းတို့က သင့်ကို ရွေးကောက်ခဲ့သလော။ သင်ဆုံးဖြတ်ချက်ချသည်ကို ၎င်းတို့က သဘောတူသလော။ ဤလူများကို မည်သူမျှ ဆုံးဖြတ်ချက်မချစေလိုဘဲ၊ မည်သူမျှ ၎င်းတို့ကို နားမထောင်လိုသော်လည်း၊ ၎င်းတို့သည် ဆုံးဖြတ်ချက်ချဖို့ ကြိုးစားဆဲ ဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သလော။ ၎င်းတို့သည် လုံးဝ အရှက်ကင်းမဲ့ကြပြီး အားတုံ့အားနာဖြစ်ခြင်း မရှိကြပေ။ ထိုသို့သော လူများသည် ခေါင်းဆောင်ဖြစ်သည့်အခါ၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ ခေါင်းဆောင်များ မဖြစ်သည့်အခါတွင်လည်း ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၃)” မှ

ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများသည် အန္တိခရစ်များကို မည်သို့ဆက်ဆံသင့်သနည်း။ ၎င်းတို့သည် ထိုသူတို့ကို ခွဲခြားသိမြင်ရမည်၊ ဖော်ထုတ်ရမည်၊ တိုင်ကြားရမည်ဖြစ်ပြီး နှင်ထုတ်ရမည် ဖြစ်သည်။ အန္တိခရစ်တစ်ဦးက ခေါင်းဆောင်မှု နေရာတစ်ခုသို့ မည်သို့ရောက်လာသည်ဖြစ်စေ၊ သူသည် အစဉ် ဘုရားသခင်ကို ခုခံသူတစ်ဦး ဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦး၏ ခေါင်းဆောင်မှုကို လက်ခံရမည်မဟုတ်သကဲ့သို့၊ သူလုပ်ဆောင်သည့်အရာမှာ သင့်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဦးဆောင်ဖို့ မဟုတ်သည့်အတွက်၊ သူ့ကို ခေါင်းဆောင်တစ်ဦးအဖြစ် သင်အသိအမှတ်မပြုရ။ သူသည် သင့်ကို ငရဲသို့ ဆွဲချလိုပြီး သူလျှောက်လှမ်းနေသည့် အန္တိခရစ်များ၏ တူညီသော လမ်းကြောင်းတစ်လျှောက် သင့်ကို တရွတ်တိုက်ဆွဲလို၏။ ဘုရားသခင်အား ဆန့်ကျင်ခုခံခြင်းနှင့် ဘုရားသခင်၏ အမှုကို နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့တွင် သူသည် သင့်ကို သူနှင့်အတူ ပူးပေါင်းစေသည်။ သင်သည် သူနှင့်အတူ ရွှံ့နွံထဲတွင် လူးလိမ့်ပျော်မြူးလာဖို့အလို့ငှာ သူသည် သင့်ကို သုတ်ယူကာ ဆွဲလေသည်။ ဤအရာကို သင်လိုက်လျောမည်လော။ သင်လိုက်လျောပါက၊ ထို့ပြင် သင်သည် သူနှင့် အပေးအယူလုပ်ပါက၊ သနားကရုဏာအတွက် သူ့ကို တောင်းခံပါက၊ သို့မဟုတ် သူ၏ သိမ်းပိုက်ခြင်းကို ခံရပါက၊ သင်သည် သက်သေမခံလေပြီ၊ ပြီးလျှင် သင်သည် သမ္မာတရားနှင့် ဘုရားသခင် နှစ်ခုလုံးကို သစ္စာဖောက်သော လူတစ်ဦးဖြစ်ပြီး- ထိုသို့သော လူတို့ကို ကယ်တင်၍ မရနိုင်ပေ။ ကယ်တင်ခြင်းရရှိဖို့အလို့ငှာ လူတစ်ဦးပြည့်မီရမည့် သတ်မှတ်ချက်များမှာ အဘယ်နည်း။ ပထမဦးစွာ၊ ၎င်းတို့သည် ဆိုးယုတ်သော အန္တိခရစ်များကို ခွဲခြားရန် အစွမ်းအစကို ပိုင်ဆိုင်ရမည်။ ၎င်းတို့၌ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာ ရှိရမည်။ ဘုရားသခင်ကို ၎င်းတို့ စစ်မှန်စွာ ယုံကြည်နိုင်ပြီး လူကို ကိုးကွယ်ခြင်း၊ သို့မဟုတ် လူနောက်လိုက်ခြင်းအား ရှောင်ကြဉ်နိုင်သည်မှာ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာအား ပိုင်ဆိုင်ခြင်းအားဖြင့်သာ ဖြစ်သည်။ အန္တိခရစ်များကို ခွဲခြားနိုင်သော လူတို့သာ ဘုရားသခင်ကို အမှန်တကယ် ချစ်ဖို့နှင့် သူ့နောက် လိုက်ပြီး သက်သေခံဖို့ အစွမ်းအစ ရှိပေသည်။ အန္တိခရစ်များကို ခွဲခြားဖို့အလို့ငှာ၊ လူတို့သည် ပထမဦးစွာ လူများနှင့် အမှုအရာများကို ပြီးပြည့်စုံသော ရှင်းလင်းမှုနှင့် သိနားလည်မှုတို့ဖြင့် တွေ့မြင်ရန် သင်ယူရမည်။ ၎င်းတို့သည် အန္တိခရစ်များ၏ အနှစ်သာရကို သိမြင်နိုင်ရမည်ဖြစ်ပြီး ၎င်းတို့၏ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်များ၊ လှည့်စားချက်များ၊ အတွင်း အရင်းခံအကြောင်းများနှင့် ရည်မှန်းချက်များအားလုံးကို ရိပ်စားမိရမည်။ ဤအရာကို သင်လုပ်ဆောင်နိုင်ပါက၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်ပေသည်။ ကယ်တင်ခြင်းကို သင်ရရှိလိုပါက၊ သင်အောင်မြင်ရမည့် ပထမဆုံးသော စစ်ဆေးမှုမှာ စာတန်ကို မည်သို့ အနိုင်ယူရမည်ဆိုသည်နှင့် ပြင်ပလောကမှ ရန်လိုသော အင်အားစုများနှင့် ဝင်ရောက်စွက်ဖက်ခြင်းတို့ကို မည်သို့အောင်မြင်ကျော်လွှားကာ အောင်နိုင်ရမည်ဆိုသည်တို့ကို သင်ယူဖို့ ဖြစ်သည်။ သင်သည် စာတန်၏ အင်အားစုများကို ဆန့်ကျင်တိုက်ပွဲဝင်ရာတွင် အဆုံးထိ မဆုတ်မနစ် လုံ့လထုတ်ရန် ဝိညာဉ်ရင့်ကျက်မှုနှင့် လုံလောက်သော သမ္မာတရားတို့ကို ပိုင်ဆိုင်ပြီး ၎င်းတို့ကို အနိုင်ယူပြီးသည်နှင့်တစ်ပြိုင်နက်- ထိုအခါတွင်သာ- သင်သည် သမ္မာတရားကို မှန်မှန်လိုက်စားနိုင်ပြီး ထိုအခါမှသာ သင်သည် သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ပေးအပ်ခံရခြင်း လမ်းကြောင်းပေါ် တည်ကြည်ခိုင်မာစွာနှင့် မတော်တဆ ထိခိုက်ခြင်း မရှိဘဲ ခြေလှမ်းနိုင်ပေသည်။ သင်သည် ဤစစ်ဆေးမှုကို မအောင်မြင်နိုင်ပါက၊ သင်သည် ကြီးမားသော အန္တရာယ်တွင်ရှိနေပြီး အန္တိခရစ်၏ ဖမ်းဆီးခံရကာ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်လာရနိုင်ဖွယ်ရှိသည်ဟု ဆိုနိုင်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁)” မှ

သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏ အမှုအားလုံး၌ သင်ယုံကြည်မှု ထားရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို နာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော “ရတနာများ” ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းများ” ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးထားအပ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ နာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားဘိ၊ နာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက် နိုင်ကြပါတကား။ ဘုရားသခင်၏ အမှုကို လူသားက အလွယ်တကူ မရရှိနိုင်ပေ။ သူတို့၌ရှိသော ခွန်အားမှန်သမျှ အသုံးပြုခြင်းအားဖြင့်ပင် လူတို့သည် ယင်း၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ ရရှိနိုင်မည်ဖြစ်ပြီး၊ အဆုံးသတ်တွင် စုံလင်အောင်ပြုခြင်းကို ရရှိခွင့်ပြုမည် ဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်၏အမှုကို ဖျက်ဆီးရန်ကြိုးစားသော ကောင်းကင်တမန်မင်း၏ သားသမီးများသည် မည်သို့ဖြစ်လိမ့်မည်နည်း။ သူတို့၌ ဘုရားသခင်၏ရယူခြင်းကို ခံရဖို့ မျှော်လင့်ချက်သည် သာ၍ပင် နည်းသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်” မှ

အရှေ့သို့- ၁၁၇။ အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အလုပ်သမားများကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၁၉။ ဖာရိရှဲများကို ခွဲခြားခြင်း အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်