၁၁၆) အမျိုးမျိုးသော ဆိုးယုတ်သည့် လူများကို ခွဲခြားခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဆိုးယုတ်သော လူတို့သည် သမ္မာတရားအတွက် အထူး မုန်းတီးမှုတစ်ခု ရှိကြသည်။ ၎င်းတို့သည် ယင်းကို လက်မခံသကဲ့သို့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကိုလည်း လက်မခံကြချေ၊ ပြီးလျှင် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို သာ၍ပင် လက်မခံကြချေ။

(၂) ဆိုးယုတ်သော လူတို့သည် အကျိုးသင့် အကြောင်းသင့် ပြော၍မရပေ။ ၎င်းတို့သည် အမှန်နှင့် အမှားကို ပြောင်းပြန်လှန်ခြင်းနှင့် အချက်အလက်များကို လွဲချော်ခြင်းတွင် ကျွမ်းကျင်ကြသည်၊ ၎င်းတို့သည် အခြားသူတို့ကို တိုက်ခိုက်ကာ ပစ်မှတ်ထားပြီး၊ ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ မည်သည့်နည်းလမ်းကိုမဆို ၎င်းတို့ အသုံးပြုကြလိမ့်မည်။

(၃) ဆိုးယုတ်သော လူတို့သည် အသိတရား သို့မဟုတ် ဆင်ခြင်တုံတရား အနည်းငယ်မျှ မရှိသကဲ့သို့ သွေးအေး တိရစ္ဆာန်များကဲ့သို့ ဆိုးယုတ်မှု မည်မျှ ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် မည်မျှ အတိုင်းအတာအထိ အခြားသူတို့ကို အကြီးအကျယ် ထိခိုက်စေသည်ကို ဖြစ်စေ၊ ၎င်းတို့ လုံးဝ သတိမမူမိကြချေ။

(၄) မည်သည့်ဆိုးယုတ်သောလူတို့ကမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုသကဲ့သို့ သမ္မာတရားအပေါ် မိတ်သဟာယမပြုကြချေ။ ၎င်းတို့သည် ရာထူးအဆင့်အတန်း၊ နာမည်ဂုဏ်သတင်းနှင့် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်တို့အပေါ်သာ အာရုံစိုက်ကြပြီး၊ မိမိတို့၏ ကိုယ်ပိုင် ရာထူးအဆင့်အတန်း၊ နာမည်ဂုဏ်သတင်းနှင့် အကျိုးအမြတ်တို့အတွက်သာ ရပ်တည်ကြသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ငါသည် လူသားများ မတွေးတတ်အောင် ခက်ခဲနက်နဲသော အမှုအဆင့် တစ်ရပ်ကို ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အား လေတွင်ယိမ်းထိုးစေပြီးနောက် ၎င်းတို့အများအပြားသည် လေတိုက်သည့်အထဲတွင် တိတ်ဆိတ်စွာ လွင့်မျောသွားသည်။ အကယ်စင်စစ် ဤသည်မှာ ငါရှင်းလိုက်တော့မည့် “တလင်းပြင်” ဖြစ်သည်၊ ယင်းသည် ငါတောင့်တသည့်အရာနှင့် ငါ၏အစီအစဉ်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုးသွမ်းသူ အများအပြားသည် ငါအမှုပြုနေစဉ် တိတ်တဆိတ် ဝင်ရောက်လာခဲ့သော်လည်း၊ ငါသည် ၎င်းတို့ကို မောင်းနှင်ထုတ်ရန် အလျင်မလို သောကြောင့်ဖြစ်၏။ ထိုသို့မောင်းနှင်မည့်အစား အချိန်တန်သည့်အခါ၊ ငါသည် ၎င်းတို့အား တကွဲတပြား ပျံ့နှံ့သွားစေမည်။ ထို့နောက်မှသာလျှင် ငါသည် အသက်စမ်းရေဖြစ်ပြီး ငါ့ကို အမှန်တကယ် ချစ်မြတ်နိုးသူတို့အား ငါ့ထံမှ သင်္ဘောသဖန်းသီးနှင့် ကြာ၏ မွှေးကြိုင်သည့်ရနံ့တို့ကို ရယူခွင့်ပေးမည်။ စာတန် ခေတ္တ ကျင်လည်ရာ ဖုန်တောနယ်တွင် ရွှေစင်မရှိ၊ သဲသာရှိသဖြင့် ဤအခြေအနေများကို ရင်ဆိုင်လျက်၊ ငါသည် ထိုကဲ့သို့သော အမှု၏အဆင့်ကို ဆောင်ရွက်သည်။ ငါရရှိသည်မှာ အညစ်အကြေးကင်းသည့် ရွှေစင်ဖြစ်ပြီး သဲမဟုတ်ကြောင်းကို သင်သိသင့်သည်။ ဆိုးညစ်သောသူများသည် ငါ၏အိမ်တွင် အဘယ်သို့ ကျန်ရှိနိုင်မည်နည်း။ ငါ၏ပရဒိသုဘုံတွင် ကပ်ပါးကောင်များအဖြစ် မြေခွေးတို့ကို ငါအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ၎င်းတို့အားနှင်ထုတ်ရန် ကြံစည်၍ရသော နည်းတိုင်းကို ငါသည် အသုံးပြု၏။ ငါ၏အလိုကို ဖော်ထုတ်ခြင်းမပြုမီ၊ ငါပြုလုပ်တော့မည့်အရာကို မည်သူမျှ မသိချေ။ ဤအခွင့်အရေးကို အရယူလျက်၊ ငါသည် ထိုဆိုးညစ်သောသူတို့အား မောင်းထုတ်ပြီး ထိုသူတို့သည် ငါ၏ မျက်မှောက်မှ အတင်းအကျပ် နှင်ထုတ်ခံကြရသည်။ ငါသည် ဆိုးညစ်သောသူတို့ကို ဤသို့ပြု၏၊ သို့သော်လည်း ငါ့အတွက် အစေခံဖို့နေ့ ၎င်းတို့အတွက် ရှိပါဦးမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်” မှ

ယခုတွင် ငါသည် ငါနှင့်စိတ်နှလုံးညီညွတ်သူလူတစ်စု၊ ငါ၏ဝန်ထုပ်တို့ကို နားလည်စာနာပေးနိုင်သူလူတစ်စုကို တတ်နိုင်သမျှ အမြန်ဆုံး ပြုလုပ်လိုသည်။ သို့သော် ငါသည် အသင်းတော်ကို သန့်ရှင်းစေခြင်းနှင့် စင်ကြယ်စေခြင်းကို မချုပ်တည်းနိုင်ပေ၊ အသင်းတော်သည် ငါ၏နှလုံးသားဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်ကို သင်တို့ စားသောက်ခြင်းမရှိရန် တားဆီးသော ဆိုးယုတ်သူတို့ကို ငါစက်ဆုပ်ရွံရှာ၏။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ ငါ့ကိုအမှန်တကယ် အလိုမရှိသည့် အခြားလူအချို့ ရှိခြင်းကြောင့် ဖြစ်သည်။ ဤလူတို့သည် လိမ်ညာမှုနှင့်ပြည့်ဝလျက်၊ ၎င်းတို့သည် စစ်မှန်သောစိတ်နှလုံးဖြင့် ငါ့ထံသို့မတိုးဝင်ကြပေ၊ ၎င်းတို့သည် ဆိုးယုတ်ကြပြီး ငါ၏အလိုတော်ကို ဆောင်ရွက်ရာတွင် တားဆီးနှောင့်ယှက်သူများဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူများ မဟုတ်ကြပေ။ ဤသူတို့သည် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်ခြင်းနှင့် မာနကြီးခြင်းတို့ဖြင့် ပြည့်ဝလျက်၊ ၎င်းတို့သည် လွန်လွန်ကဲကဲ ရည်မှန်းချက် ကြီးလွန်းကြသည်၊ ၎င်းတို့သည် အထက်စီးမှ ဆက်ဆံခြင်းကို နှစ်သက်ကြသည်၊ ၎င်းတို့၏စကားမှာ နားဝင်ချိုလှသော်လည်း ၎င်းတို့သည် သမ္မာတရားကို တိတ်တဆိတ် လက်တွေ့မလုပ်ဆောင်ကြပေ။ ဤဆိုးယုတ်သူတို့သည် အဆက်ဖြတ်ခြင်းနှင့် ဖယ်ရှားခြင်းကို ခံရမည်၊ ၎င်းတို့သည် ဘေးဒုက္ခအလယ်တွင် ဆင်းရဲခံရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၄” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ဖယ်ရှားရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော နှလုံးသား မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများနှင့် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို နာခံခြင်း သို့မဟုတ် ချစ်ကြောက်ရိုသေခြင်းရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ မယုံကြည်သူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။ မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည်- အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် ဖယ်ရှားခြင်းအချို့ကို ရင်ဆိုင်ရသည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ရှင်းလင်းခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေအပါးများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော သူများ၏ စိတ်နှလုံးထဲတွင် ကိုယ်တော်အမြဲရှိနေပြီး ထိုသူတို့သည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော စိတ်နှလုံးများနှင့် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးများကို ၎င်းတို့အတွင်း၌ အစဉ်အမြဲ သယ်ဆောင်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သော သူများသည် အမှုအရာများကို သတိနှင့် နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်ပြီး၊ သူတို့လုပ်သမျှ အရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်သင့်ကာ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေနိုင်ရမည်။ ထိုသူတို့သည် မိမိတို့ သဘောရှိ လုပ်ဆောင်လျက် ခေါင်းမမာသင့်ပေ။ ထိုသို့ပြုခြင်းမှာ သန့်ရှင်းသူများ၏ ကျင့်ဝတ်နှင့် မအပ်စပ်ပေ။ လူများသည် အရပ်တကာတွင် ဘုရားသခင်၏ အောင်လံကိုလွှင့်ထူလျက် ကြွားလုံးထုတ်ပြီး၊ အကျိုးအမြတ် ထုတ်နေရင်း၊ နေရာတကာ ဒေါသတကြီး လျှောက်ရမ်းနေ၍မရပေ၊ ထိုသို့ပြုခြင်းသည် ပုန်ကန်မှုအပြုဆုံးသော အမူအကျင့်ဖြစ်သည်။ မိသားစုများ၌ ၎င်းတို့၏ စည်းကမ်းများရှိသလို နိုင်ငံများ၌လည်း ဥပဒေများရှိသည်- ဘုရားသခင်၏ အိမ်တော်တွင် သာ၍ပင် ရှိသည် မဟုတ်လော။ စံနှုန်းများက ပိုမို တင်းကျပ်သည် မဟုတ်လော။ ပိုများသော စီမံခန့်ခွဲမှုအမိန့်များ သာ၍ပင် ရှိသည် မဟုတ်လော။ လူများသည် မိမိတို့အလိုရှိသော အရာကို လွတ်လပ်စွာ လုပ်နိုင်သည်၊ သို့သော် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို သဘောရှိ ပြောင်းလဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် လူများ၏ စော်ကားမှုကို သည်းမခံသော ဘုရားဖြစ်သည်။ သူသည် လူများကို သေစေသော ဘုရားဖြစ်သည်။ ဤအရာကို လူများက အကယ်ပင် မသိသေးဘူးလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

ဆိုးယုတ်သော သူတို့သည် ဆိုးယုတ်သည့်၊ ရက်စက်သည့်၊ မလိုမုန်းထားသော အရာများကို နှစ်သက်ကြ၏။ ၎င်းတို့သည် အပျက်သဘော ဆောင်သော အရာများနှင့် ဆက်နွှယ်သည့် ဤအရာများအားလုံးကို ချစ်ကြသည်။ အပြုသဘောဆောင်သောအရာများကို ဖော်ပြပြောဆိုသည်နှင့်၊ တစ်စုံတစ်ရာသည် လူတို့အဖို့ အကျိုးရှိကြောင်း၊ ယင်းသည် ဘုရားသခင်ထံမှ လာကြောင်းကို ၎င်းတို့အား ပြောသည့်အခါ၊ ၎င်းတို့ကြားသည့်အရာကို ၎င်းတို့ မနှစ်သက်ကြသကဲ့သို့ စိတ်မဝင်စားဖြစ်လာကြသည်။ ထိုသို့ဖြစ်သောကြောင့်၊ ၎င်းတို့ ကယ်တင်ခံရနိုင်သည့် နည်းလမ်း မရှိပေ။ သမ္မာတရားကို မည်မျှကောင်းစွာ ရှင်းလင်းပြောဆိုနိုင်သည်ဖြစ်စေ၊ ဤလမ်းခရီး မည်မျှ မှန်ကန်သည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်ပါဝင်စားမှုကို မနှိုးဆွနိုင်ပေ၊ သို့သော် စားသောက်ခြင်း၊ ပျော်ပါးခြင်း၊ မိန်းမပျက်နှင့်ပျော်ပါးခြင်း၊ လောင်းကစားခြင်း၊ ခိုးဝှက်ခြင်း၊ လုယှက်ခြင်းတို့ကို ဖော်ပြပြောဆိုရာတွင်၊ ပြန်လည် လန်းဆန်းရွှင်ပြလာကြသည်။ ဤသည်မှာ ရက်စက်ပြီး ဆိုးယုတ်သော စိတ်သဘောထားဖြစ်၏၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ကောင်းမြတ်ခြင်း မရှိ၊ ထို့ကြောင့် ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို ချစ်နိုင်စွမ်း မရှိကြချေ။ အပြုသဘောဆောင်သောအရာများကို ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ မည်သို့ မှတ်ယူကြသနည်း။ အထင်သေးမှုဖြင့် ဖြစ်သည်။ ယင်းတို့ကို ၎င်းတို့ အထင်သေးကြပြီး ယင်းတို့နှင့် သက်ဆိုင်၍ လှောင်ပြောင်ကြလိမ့်မည်။ ရိုးသားခြင်းကို ဖော်ပြပြောဆိုသည်နှင့်၊ “ရိုးသားသော လူများသည် ဆင်းရဲဒုက္ခသာ ခံစားကြရသည်။ ကျွန်ုပ်သည် ရိုးသားမည် မဟုတ်။ ရိုးသားသည့်အတွက် သင်သည် မိုက်မဲပေ၏၊ သင်၏ တာဝန်ကို ဆောင်ရွက်ဖို့ သင့်အတွက် မည်မျှ ခက်ခဲသည်ကို ကြည့်ပါလေ။ သင်သည် မိမိကိုယ်ကိုယ် ထွက်ပေါက်ပေးဖို့ မည်သည့်အခါတွင်မျှ မစဉ်းစား၊ သင်၏ ကျန်းမာရေးကို မည်သည့်အခါတွင်မျှ ထည့်သွင်းမစဉ်းစားပေ။ သင် အားအင်ကုန်ခမ်းသွားသည့်အခါ သင့်ကို မည်သူ စောင့်ရှောက်လိမ့်မည်နည်း။ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် အားအင်ကုန်ခမ်းခွင့် မပေးနိုင်ပါ” ဟု မိမိတို့ကိုယ်ကိုယ် တွေးတတ်ကြသည်။ အချို့က “ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုယ် ထွက်ပေါက်တစ်ခု ပေးရမည်။ ကျွန်ုပ်တို့အနေဖြင့် ကြိုးစားခြင်းအားဖြင့် ကျိုးကြောင်းမမြင်ဘဲ ပင်ပင်ပန်းပန်း လုပ်မြဲလုပ်နေ၍ မဖြစ်။ ထွက်ပေါက်တစ်ခုကို ကျွန်ုပ်တို့ ပြင်ဆင်ရမည်၊ ထို့နောက် မည်ကာမတ္တ အားထုတ်မှုအချို့ကိုသာ ကျွန်ုပ်တို့ လုပ်ဆောင်နိုင်သည်” ဟု ပြောကြသည်။ ၎င်းတို့၏ စိတ်နှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် စကားပြောခြင်းက ၎င်းတို့ကို ပျော်ရွှင်စေသော်လည်း၊ အကြွင်းမဲ့နာခံခြင်း၊ သစ္စာရှိစွာ မိမိကိုယ်ကိုယ်အသုံးခံခြင်းနှင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းတို့နှင့်ပတ်သက်၍ မည်သည့်ဖော်ပြပြောဆိုချက် မဆိုသည် ၎င်းတို့ကို စက်ဆုပ်စေသည်၊ ယင်းကို ၎င်းတို့ မနှစ်သက်ဘဲ ယင်းကို ဂရုမစိုက်ကြချေ။ ထိုသို့သော လူများသည် ရက်စက်ကြသည် မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးများတွင် ရက်စက်မှုသာ ရှိ၏။ သမ္မာတရားနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့နှင့် ပတ်သက်၍ ဖော်ပြပြောဆိုရာတွင်၊ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများကို ထိပါးပါက၊ ၎င်းတို့ ငြင်းပယ်လာကြ၏၊ ယင်းကို ၎င်းတို့ မကြားချင်ကြချေ- “တစ်နေ့လုံး သမ္မာတရား၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများနှင့် ရိုးသားခြင်းအကြောင်း ဆက်ပြောနေသည်။ ရိုးသားခြင်းက စားပွဲပေါ် စားစရာ ထားပေးနိုင်သလော။ ရိုးသားခြင်းအားဖြင့် ကျွန်ုပ် ငွေရှာနိုင်သလော။ လိမ်ညာခြင်းအားဖြင့် ကျွန်ုပ် အကျိုးအမြတ်တစ်ခု ရှာနိုင်သည်။” ဤသည်မှာ မည်သည့် ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သနည်း။ ဤသည်မှာ “မြင်းစီးလမ်းဓားပြ၏ ဆင်ခြင်တွေးခေါ်မှုစနစ်” ဖြစ်၏။ ဤစိတ်သဘောထားသည် ရက်စက်သည် မဟုတ်လော။ ထိုသို့သော လူတို့၏ စိတ်နှလုံးများသည် ကြင်နာတတ်သလော။ (မကြင်နာတတ်ပါ။) ထိုသို့သော လူတို့သည် သမ္မာတရားကို မရရှိနိုင်ပေ။ ထို့ကြောင့် ၎င်းတို့ ဆက်ကပ်သည့်၊ အသုံးခံပြီး စွန့်လွှတ်သည့် အနည်းငယ်၌ ရည်မှန်းချက်တစ်ခု ရှိ၏။ ၎င်းတို့သည် ယင်းကို အကုန်အစင် တွေးတောပြီးဖြစ်သည်- အစိတ်အပိုင်းတစ်ခုကို ၎င်းတို့ ဆက်ကပ်လိမ့်မည်ဖြစ်ပြီး အစိတ်အပိုင်း ဆယ်ခုကို ၎င်းတို့ ပြန်ရလိမ့်မည် ဖြစ်သည်။ ဤအရာသည်သာ ၎င်းတို့အဖို့ အကျိုးရှိပုံရ၏။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဆိုးယုတ်မှုနှင့် ရက်စက်မှု ဖြစ်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင့်ကိုယ်သင် သိရှိသည့်အခါမှသာ သမ္မာတရားကို သင်ရှာဖွေလိုက်စားနိုင်သည်” မှ

ကောက်ကျစ်သောသူတို့၏ စိတ်သဘောထားများဆိုင်ရာ အဓိက လက္ခဏာသွင်ပြင်များထဲမှ တစ်ခုမှာ ယုတ်မာမှုဖြစ်သည်။ တစ်စုံတစ်ဦး၏ စိတ်ရင်းစေတနာကောင်းဖြင့် တွန်းအားပေးခြင်းများအပေါ်ဖြစ်စေ၊ သတိပေးခြင်းများအပေါ်ဖြစ်စေ၊ သို့မဟုတ် လူများက မိမိတို့၏ အားနည်းချက်အနည်းငယ်ကို ထောက်ပြသည့် အခါသမယများတွင်ပင် ကောက်ကျစ်သူများ၏ သဘောထားသည် ကျေးဇူးတင်ရှိခြင်း သဘောထား၊ နှိမ့်ချသော လက်ခံခြင်း သဘောထား မဟုတ်ဘဲ၊ ရန်လိုခြင်းနှင့် မုန်းတီးခြင်းတို့သာ ဖြစ်လေသည်— ယင်းက လက်စားချေခြင်းကိုပင် ဖြစ်ပေါ်စေသည်။ “ဤအချိန်ကာလအတွင်းတွင် သင်၏တာဝန်ကို ထမ်းဆောင်နေစဉ် သင်သည် သင့်ကိုယ်သင် အစဉ်မပြတ် ကြွားလုံးထုတ်နေခဲ့သည်၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်း၌ သင်သည် လုံးလုံး အရှုပ်အထွေးဖြစ်စေခဲ့ပြီ။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ရပ်တည်ဖို့ ထိုက်တန်သလော။ သင်၏တာဝန်ကို ဖြည့်ဆည်းနေသည့်အချိန်တွင်၊ သင်သည် လက်လွတ်စပယ် ပြုမူပြီး အခြေခံသဘောတရားအတိုင်း ပြုမူဖို့ ငြင်းပယ်ခဲ့သည်။ သမ္မာတရားကို သင်အဘယ့်ကြောင့် မရှာဖွေသနည်း။ အခြေခံသဘောတရားအရ သင်အဘယ့်ကြောင့် မပြုမူခဲ့သနည်း။ ညီအစ်ကိုမောင်နှမများက သင်နှင့် မိတ်သဟာယပြုသည့်အခါ သင်အဘယ့်ကြောင့် လျစ်လျူရှုသနည်း။ သင်သဘောရှိသည့်အတိုင်း အဘယ့်ကြောင့် ဆက်လက်ပြုမူနေသနည်း” ဟု ပြောခြင်းအားဖြင့် အန္တိခရစ်တစ်ဦးကို ကိုင်တွယ်ဖြေရှင်းသည့် သူအချို့ရှိကြသည်။ ဤ “အဘယ့်ကြောင့်နည်း” အချို့၊ ဤအလွန်အမင်း ထူးခြားမှုမရှိသော စကားများ၊ ၎င်းတို့၏ အနှစ်သာရကို ဖော်ထုတ်သည့် စကားများသည် ၎င်းတို့ကို စိတ်ရှုပ်ဒေါသထွက်စေသည်။ ထို့ကြောင့် ၎င်းတို့က “အဘယ့်ကြောင့်နည်း ဟုတ်သလော။ ဘာ ‘အဘယ့်ကြောင့်နည်း’ မျှ မရှိ— ငါလုပ်ချင်သည့်အရာ မှန်သမျှကို ငါလုပ်သည်။ သင်သည် အဘယ်သူဖြစ်၍ ငါ့ကို ကိုင်တွယ်ဖြေရှင်းရမည်နည်း” ဟု မိမိတို့ဘာသာ တွေးကြသည်။ ဤအရာများကို ၎င်းတို့ထုတ်မပြောကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးတွင် အငြိုးကြီးပြီး ရန်လိုသော အမျက်ဒေါသက ပေါ်ပေါက်လာကြသည်။ ဤအမျက်ဒေါသက မည်သည့်အရာကို ဖြစ်စေသနည်း။ “ငါ့ကို ကိုင်တွယ်ဖြေရှင်းဖို့ အဘယ်အရာက သင့်ကို အခွင့်ပေးသနည်း။ လက်လွတ်စပယ် ငါပြုမူခဲ့သည်ဟု မည်သည့်အခြေခံအကြောင်းရင်းဖြင့် သင်က ဆိုရသနည်း။ လက်လွတ်စပယ် ငါပြုမူလျှင်ရော ဘာဖြစ်သနည်း၊ ယင်းနှင့်ပတ်သက်၍ သင်ဘာလုပ်နိုင်သနည်း။ ငါ့တစ်သက်လုံး မည်သူကမျှ ငါ့ကို ထိုသို့သောအရာများ မပြောရဲခဲ့။ ငါကသာလျှင် ဤအရာများကို အခြားသူများအား ပြောခွင့်ရှိသည်— အခြားသူများက ယင်းတို့ကို ငါ့အား ပြောခွင့်မရှိ။ ငါ့ကို သင်ခန်းစာပေးနိုင်သည့်သူ၊ ငါ့ကို သင်ခန်းစာပေးဖို့ ထိုက်တန်သောသူသည် မမွေးဖွားသေး။ သို့ရာတွင် သင်သည် ငါ့ကို သင်ခန်းစာပေးဖို့ ကြိုးစားဝံ့သလော။” ဤနည်းအားဖြင့် ရန်လိုမှု ဖြစ်ပေါ်လာသည်။ ပြီးလျှင် အန္တိခရစ်များ၏ ယုတ်မာသော စိတ်သဘောထားများကို ထောက်သော် ရန်လိုမှု ပေါ်ပေါက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ယင်းကို ဤနေရာတွင် ကျေအေးလိုက်ဖို့ ရောင့်ရဲနိုင်မည်လော။ လုံးဝ မရောင့်ရဲနိုင်ပေ။ ထို့နောက် ၎င်းတို့သည် မိမိတို့ဘာသာ စတင်တွေးတောလိမ့်မည်— “ငါ့ကို ကိုင်တွယ်ဖြေရှင်းသည့် ဤလူသည် အသင်းတော်တွင် အာဏာတစ်စုံတစ်ခု ကိုင်စွဲထားသလော။ ၎င်းတို့ကို ငါလက်စားချေပါက တစ်စုံတစ်ယောက်ကများ ၎င်းတို့ကို ထောက်ခံကာကွယ်ပေးမည်လော။ ၎င်းတို့ကို ငါဒဏ်ခတ်ဖို့ ကြိုးစားလျှင် အသင်းတော်က ယင်းအတွက် ငါ့ကို အပြစ်ဒဏ်ပေးမည်လော။ ငါသိပြီ— ၎င်းတို့အပေါ် ငါတိုက်ရိုက်လက်စားမချေဘဲ လုံးလုံး သတိမထားမိသည့် အရာတစ်ခုခုကို ငါပြုမည်၊ ၎င်းတို့ မည်သို့ခေါ်သည်၊ ၎င်းတို့၏နေအိမ်က အဘယ်မှာရှိသည်၊ ၎င်းတို့နှင့်အတူ မည်သူတို့ နေထိုင်သည်တို့ကို ငါသိအောင်လုပ်မည်။ ၎င်းတို့ကို ငါလက်စားချေရမည်၊ ဤကိစ္စကို ဤအတိုင်း ဘေးချိတ်ထားလိုက်၍မရ။ ဤကဲ့သို့ မတရားဆက်ဆံခံရခြင်းမျိုးကို မည်သို့လျှင် ငါသည်းခံနိုင်မည်နည်း။ မတရားဆက်ဆံခြင်းခံရဖို့အလို့ငှာ ဘုရားသခင်ကို ငါယုံကြည်ခြင်းမဟုတ်၊ ရမယ်ရှာလိုသည့်သူ ရမယ်ရှာသည်ကို ခံရဖို့အလို့ငှာ ဘုရားသခင်ကို ငါယုံကြည်ခြင်းမဟုတ်— ကောင်းချီးခံစားရဖို့၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့အလို့ငှာ ငါလာခဲ့ခြင်း ဖြစ်သည်။ လူတို့သည် ဂုဏ်သတင်းအတွက် အသင်ရှင်ကြပြီး ၎င်းတို့၏သိက္ခာအတွက် ရေကုန်ရေခန်း ကြိုးပမ်းဖို့ သတ္တိရှိရမည်။ သင်ငါ့ကို အရိုအသေတန်ပါက၊ သင်ငါ့ကို အညတရကဲ့သို့ ဆက်ဆံပါက အကျိုးဆက်များကို သေချာပေါက် သင်ခံစားရအောင် ငါလုပ်မည်။ မည်သူက ပို၍ ကြမ်းသည်၊ မည်သူက မည်သူ့ကို အနိုင်ယူသည်ကို ငါတို့နှစ်ယောက် ကြည့်ကြစို့” ဟူသတတ်။ သမ္မာတရားနှင့် ရိုးသားမှုတို့၏ ရိုးရှင်းသော စကားအနည်းငယ်က အန္တိခရစ်ကို ဒေါသထွက်စေသည်၊ ရန်လိုမှုများစွာ၊ မကျေမချမ်းမှုများစွာကို ဖြစ်ပေါ်စေပြီး ထိုလူကို ၎င်းတို့ကိုယ်တိုင် လက်စားချေဖို့ အစွမ်းကုန် ကြိုးစားစေသည်။ ဧကန်အားဖြင့် ၎င်းတို့သည် လက်စားချေဖို့ လူအမျိုးအစား တစ်မျိုးတည်းသာ မရွေးချယ်ဘဲ ၎င်းတို့ကို ခြိမ်းခြောက်သည့်သူ မည်သူမဆို၊ ၎င်းတို့ကို ရိပ်စားမိသည့်သူ မည်သူမဆို၊ သမ္မာတရားကို နားလည်ပြီး ၎င်းတို့၏ အနှစ်သာရကို ဖော်ထုတ်နိုင်ကာ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်နိုင်သည့်သူ မည်သူမဆို၊ အမှန်တရားများကို ဖော်ပြဖို့ သမာဓိရှိကာ ၎င်းတို့၏ အမှန်တကယ် ဖြစ်ခြင်းကို အရှိအတိုင်း ဖော်ထုတ်နိုင်သည့်သူ မည်သူမဆိုတို့ကို မုန်းတီးဖို့ အဆင်သင့်ဖြစ်နေကြသည်။ “ငါ့ကို ကိုင်တွယ်ဖြေရှင်းသည့်သူ မည်သူမဆိုကို ကြမ်းတမ်းစွာ ငါဆက်ဆံမည်။ ငါ့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သည့်သူ မည်သူမဆို၊ ငါ၏ ကောင်းချီးမင်္ဂလာ ဝေစုကို လုယူသည့်သူ မည်သူမဆိုနှင့် ဘုရားအိမ်တော်မှ ငါ့ကို နှင်ထုတ်သည်ကို ခံရအောင် လုပ်သည့်သူ မည်သူမဆိုကို မည်သည့်အခါမျှ ငါလွှတ်ထားမည်မဟုတ်။ ငါသည် အပြင်လောက၌လည်း ထိုကဲ့သို့ပင် ဖြစ်သည်— မည်သူမျှ ငါ့ကို ပြဿနာမရှာရဲ၊ ငါ့ကို ဒုက္ခပေးရဲသည့်သူ မမွေးလာသေး” ဟူ၍ ပြောသာသူများပင် ရှိကြသည်။ ယင်းမှာ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့ပြောသည့် ဝေဖန်စော်ကားမှုများ ဖြစ်သည်။ ၎င်းတို့က ဝေဖန်စော်ကားသည့်အခါ အခြားသူများကို ခြိမ်းခြောက်ဖို့၊ သို့မဟုတ် မိမိတို့ကိုယ်ကို ကာကွယ်ရန် အော်ကြီးဟစ်ကျယ်ပြောဖို့ မဟုတ်ပေ— ယင်းက ၎င်းတို့တကယ်လုပ်ဆောင်ဖို့ ကြံစည်ထားသည့်အရာဖြစ်သည်။ သို့ဖြစ်၍ ထိုသို့သောလူများကို ကြုံတွေ့ရသည့်အခါ ထိုလူတို့ကို မချဉ်းကပ်ရဲသကဲ့သို့ ရန်လည်းမစရဲသည့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်အချို့တို့ ရှိကြသည်။ ထိုအစား ၎င်းတို့သည် ဤလူများကို ၎င်းတို့၏ ကာကွယ်မှုအောက်၌ အစဉ်ထားရှိကြရာ ရလဒ်အနေနှင့် ဤလူများသည် ၎င်းတို့၏အကျင့်များကို ပြင်နိုင်ခြင်း မရှိတော့ဘဲ အသင်းတော်ကို အစဉ်ဖရိုဖရဲဖြစ်စေပြီး အနှောင့်အယှက်များ ပေးကာ အဆုံး၌ ညီအစ်ကိုမောင်နှမများကို ထိန်းချုပ်သွားလေတော့သည်။ ဤသည်မှာ ဘေးဒုက္ခများ ဖြစ်ပေါ်လာသည့် ပုံစံဖြစ်သည်။ အန္တိခရစ်အချို့သည် ၎င်းတို့၏နည်းဗျူဟာများကို ညီအစ်ကိုမောင်နှမများက ဖော်ထုတ်ပြီး တိုင်ကြားခဲ့သောကြောင့် ထိုအရာကို သိသွားပြီးသည့်နောက်တွင် ထိုသူတို့အား အဆင်းနီသော နဂါးကြီးထံသို့၊ အစိုးရထံသို့ လွှဲပေးရင်း လက်စားချေသည်အထိပင် ဖြစ်လာနိုင်ပေသည်။ ဤသည်မှာ ယုတ်မာမှုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် အန္တိခရစ်များနှင့် မကောင်းမှုပြုသူများကို ညီအစ်ကိုမောင်နှမများအဖြစ် မှတ်ယူသည်မှာ ဧကန်မုချ မှားပေ၏။ သင်သည် ခွဲခြားသိမြင်မှု မရှိဘဲ အန္တိခရစ်များနှင့် မကောင်းမှုပြုသူများကို ရာထူးတိုးမြှင့်ပေးကာ ၎င်းတို့အား အရေးကြီးသော ရာထူးများ၌ အသုံးပြုပြီး ၎င်းတို့သည် သမ္မာတရားကို လိုက်စားသည့် ညီအစ်ကိုမောင်နှမများ ဖြစ်သည့်အလား ၎င်းတို့အား အရေးကြီးသော လုပ်ငန်းဆောင်တာများကို တာဝန်ပေးခြင်းပင် ပြုလျက် ၎င်းတို့ကို သင်၏ညီအစ်ကိုမောင်နှမများအဖြစ် ရေလောင်းကာ အာဟာရထောက်ပံ့ပေးပါက သင်သည် သင်၏ခေါင်းဆောင်မှု၌ ကြီးမားသော ဆိုးယုတ်မှုကို လုပ်ဆောင်နေပြီး အန္တိခရစ်များ၏ ဆိုးယုတ်မှုတွင် ပါဝင်ပတ်သက်နေကာ သင်သည် သုတ်သင်ဖယ်ရှင်းခြင်း ခံရသင့်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (အပိုင်း ၈)” မှ

လူတချို့၏ ဆိုးယုတ်ခြင်းမှာ သူတို့၌ အခြားသူတို့ကို အဆုံးစွန်သော မုန်းတီးမှုရှိကာ ထိုသူတို့နှင့် သူတို့၏ ဆက်ဆံရေးက ရွံရှာဖွယ်သာဖြစ်ပြီး စုဝေးခြင်း အလုပ်များအတွက်ပင် ထိုသူတို့ကို ရွေးမထုတ်သည်အထိပင် ဖြစ်၏။ သူတို့သည် အချင်းချင်း တိုက်ခိုက်ရန်၊ အချင်းချင်း ရန်စရန် အခွင့်အလမ်းရှာနေကြသေးကာ ညီအစ်ကိုမောင်နှမများအား နှောင့်ယှက်ရန် တတ်နိုင်သမျှအားလုံးကို ပြုလုပ်ကြသည်၊ ဤသို့ဖြစ်နေခဲ့လျှင် ထိုကဲ့သို့သော လူတို့ကို အသင်းတော်မှ ထုတ်ပယ်ရမည်ဟု အခြေခံသဘောတရားက ပြဋ္ဌာန်းထား၏။ ထိုသို့သော လူတို့မှာ ဆိုးယုတ်သလော။ အခြားသူတို့အပေါ် သူတို့၏ရန်လိုမှုအတိုင်းအတာတွင် ပေါ်လွင်နေသည့်အတိုင်း မည်သူမျှ သူတို့ကို စော်ကားခွင့်မရှိ၊ မည်သူကမျှ သူတို့ကို နာကျင်စေ၍မရ၊ သို့မဟုတ် အနာတရဖြစ်စေ၍မရ၊ သူတို့ကို စိုးစဉ်းမျှ သွားထိခိုက်၍မရ၊ သို့မဟုတ်ပါက သူတို့သည် သင့်ကို ကလဲ့စားပြန်ချေပြီး လုံးဝ လက်လွှတ်ခံမည် မဟုတ်ပေ။ သူတို့၏ လူ့သဘာဝ၌ စိတ်ရှည်ခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ သို့မဟုတ် သည်းခံခြင်း မရှိပေ။ သူတို့၏ အမူအကျင့်ကို မည်သည့်အခြေခံသဘောတရားအပေါ် အခြေခံထားသနည်း။ “ပေဖြစ်၍ အနှံခံရမည့်အစား တူသာ လုပ်လိုက်မည်။” မည်သူမျှ သူတို့ကို စော်ကားခွင့်မရှိ။ ဤသည်မှာ ယုတ်မာသောသူတို့၏ တွေးခေါ်မှုစနစ် ဟုတ်သလော။ ယုတ်မာသောသူတို့၏ တွေးခေါ်မှုစနစ်မှာ ဤသို့ဖြစ်သည်― မည်သူမျှ သူတို့ကို စော်ကားခွင့်မရှိ။ သင်သည် သူတို့ကို အနာတရဖြစ်စေခွင့် လုံးဝမရှိ၊ သို့မဟုတ်ပါက သင်သည် သူတို့၏ရန်သူ ဖြစ်လာမည်၊ ထို့ပြင် သူတို့က သင့်ကို လုံးဝ အလွတ်ပေးမည်မဟုတ်၊ သို့မဟုတ် လက်လွှတ်ခံမည် မဟုတ်― ဤသည်မှာ ယုတ်မာသောလူတို့ ဖြစ်သည့်ပုံစံ ဖြစ်သည်။ ထိုသို့သော အခြေအနေများတွင် ယုတ်မာသော ပုဂ္ဂိုလ်တစ်ဦးက စိုးရိမ်ဖွယ် အနှောင့်အယှက်ကို မဖန်တီးခင် ထိုသူအား အတတ်နိုင်ဆုံး အလျင်စလိုနှင့် မဆိုင်းမတွ ဖယ်ရှားသင့်သည်။ အသင်းတော်ထဲတွင် အမှုအရာများ သူတို့စတင်ပြုလုပ်သည်အထိ မစောင့်နှင့်၊ ညီအစ်ကိုမောင်နှမများကြားတွင် သူတို့အနှောင့်အယှက် ဖြစ်စေသည်အထိ မစောင့်လေနှင့်။

လူတစ်ဦးကို ယုတ်မာသည်ဟု သတ်မှတ်ထားပြီးပြီဆိုလျှင် သူနှင့် မိတ်သဟာယဖွဲ့ခြင်းက အကျိုးတစ်စုံတစ်ရာ ရှိသလော။ သူတို့ကို အခွင့်အရေးပေးခြင်းက အဓိပ္ပာယ်မဲ့သည်။ ယုတ်မာသောသူတို့အား အခွင့်အလမ်းများပေးခြင်းက အခြေခံသဘောတရားနှင့် ဆန့်ကျင်သည်။ ယင်းက အဘယ်ကြောင့် အခြေခံသဘောတရားနှင့် ဆန့်ကျင်သနည်း။ သူတို့၏ အဖြစ်အနေကို ထောက်ဆလျှင် သူတို့သည် မည်သည့်အခါမျှ နောင်တရမည် မဟုတ်ပေ။ သူတို့၏ အဘိဓာန်ထဲတွင် “နောင်တ” ဟူသည့်စကားလုံး မရှိပေ။ သူတို့ကို သင်အဘယ်သို့မိတ်သဟာဖွဲ့သည်ဖြစ်စေ သူတို့သည် သူတို့၏ အလေ့အထများ၊ ထင်မြင်ချက်များနှင့် စိတ်ဝင်စားမှုများကို ဘေးချိတ်ထားမည်မဟုတ်၊ သူတို့သည် မည်သည့်အရာကိုမျှ ဘေးချိတ်မထားနိုင်ချေ။ သူတို့သည် တစ်စုံတစ်ခုကို တွယ်ကပ်မိပြီဆိုလျှင် ယင်းကို လက်လွှတ်လိုက်ရန် မည်သူကမျှ သူတို့ကို မဖျောင်းဖျနိုင်ပေ။ အနှေးနှင့်အမြန်ပင် သူတို့သည် သူတို့၏အမုန်းခံ ဖြစ်လာသော မည်သူ့ကိုမဆို ဒဏ်ခတ်မည်ဖြစ်သည်။ ထိုသို့သောလူတို့က နောင်တရနိုင်သလော။ သူတို့သည် နောင်တရနိုင်စွမ်း မရှိကြ၊ ထို့ကြောင့် သူတို့ကို ဆိုးယုတ်သည်ဟု ရှင်းရှင်းလင်းလင်း မြင်တွေ့ထားပြီးမှ သူတို့အား အခွင့်အရေး ပေးနေသေးသည်မှာ မိုက်မဲရာမကျသလော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၄)” မှ

အန္တိခရစ်များနှင့် ဆိုးညစ်သူများသည် မည်သို့သင့်မြတ်ကြသနည်း။ ၎င်းတို့သည် ယေဘုယျအားဖြင့် ရယ်မောပြီး စနောက်ကြသည်။ ၎င်းတို့သည် တစ်ယောက်ကို တစ်ယောက် မြှောက်ပင့်ပြီး မျက်နှာလိုမျက်နှာရ ပြုကြသည်။ ဆိုးညစ်သူသည် အန္တိခရစ်များရှိသည့် မည်သည့်နေရာတွင်မဆို အုပ်သင်းဖွဲ့၏။ ၎င်းတို့သည် အနံ့ဆိုးနောက် လိုက်သည့် ယင်ကောင်များကဲ့သို့ အမြဲ အတူတကွ ရှိကြသည်။ ၎င်းတို့ အချင်းချင်း အဖော်ပြုချိန်တွင် မည်သည့်လေးနက်သည့် အလုပ်မျှ ပြီးမြောက်ခြင်း မရှိချေ။ ၎င်းတို့သည် မည်သူက မည်သူ့ကို အပုပ်ချသည်၊ သို့မဟုတ် မည်သူက ခေါင်းဆောင်များကို ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချသည်ဆိုသည့် အကြောင်းကိုသာ အတင်းအဖျင်းပြောကြသည်၊ သို့မဟုတ် ၎င်းတို့ကို ဒေါသထွက်စေသည့် လူများကို မြင်လျှင်၊ ၎င်းတို့သည် သူတို့ကို မည်သို့ပထုတ်ရမည်ကို ချင့်ချိန်စဉ်းစားကြပေမည်။ ၎င်းတို့ပြောသမျှမှာ အခြားသူများကို မည်သို့စိတ်အနှောင့်အယှက်ပေးမည်ဟူသည့် အကြောင်းသာဖြစ်သည်။ ၎င်းတို့သည် အထက်ကို မည်ကဲ့သို့ဆန့်ကျင်တွန်းလှန်ဖို့၊ ၎င်းတို့နှင့် ရှိသည့် ပြဿနာတစ်ခုကို တစ်စုံတစ်ဦးက တိုင်ကြားဖို့ ပြင်ဆင်ပါက ၎င်းတို့မည်သို့ကြိုတင်သိဖို့နှင့် ၎င်းတို့သိလာသည်နှင့်တစ်ပြိုင်နက် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်ဖို့တို့ကိုလည်း ဆွေးနွေးကြသည်။ ယင်းတို့မှာ ဤဆိုးညစ်သူတစ်သိုက် ပြောကြသည့် အရေးကိစ္စများဖြစ်သည်။ အတူတကွ ရှိသည့်အခါ၊ မည်သည့် ညီအစ်ကို မောင်နှများသည် အားနည်းနိုင်သည်၊ သို့မဟုတ် အပျက်သဘောဆောင်နိုင်သည်၊ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရာတွင် ခံယူချက် ကင်းမဲ့နိုင်သည်၊ သို့မဟုတ် တစ်စုံတစ်ခုကြောင့် လှည့်စားခြင်း ခံရပြီးဖြစ်နိုင်သည်တို့အကြောင်း မည်သည့်အခါမျှ မိတ်သဟာယမပြုကြ၊ ပြီးလျှင် ထိုညီအစ်ကိုမောင်နှများကို မည်သို့အကောင်းဆုံးကူညီဖို့နှင့် ထောက်ပံ့ဖို့အကြောင်း ၎င်းတို့မည်သည့်အခါမျှ မိတ်သဟာယမပြုကြသကဲ့သို့၊ အသင်းတော်၏ မည်သည့်ကဏ္ဍများတွင် ပိုကောင်းအောင် ဆောင်ရွက်နိုင်သည်၊ သို့မဟုတ် ဤပြဿနာများကို ဖြေရှင်းဖို့ နည်းလမ်းများနှင့် နည်းစနစ်များအကြောင်းကိုလည်း ၎င်းတို့ တစ်ခါမျှ မိတ်သဟာယမပြုဖူးချေ။ ထိုသို့သော အရေးကိစ္စများအကြောင်း ၎င်းတို့ မပြောကြပေ။ မည်သူက ၎င်းတို့ကို မလိုလားကြောင်း၊ မည်သူသည် ၎င်းတို့၏ရာထူးအဆင့်အတန်းကို ဒုက္ခပေးမည့်ဟန်ရှိကြောင်း၊ မည်သူက ၎င်းတို့နှင့်ပတ်သက်သည့် ပြဿနာတစ်ခုကို တိုင်ကြားတော့မည် ဖြစ်ကြောင်းနှင့် မည်သူက အထက်နှင့် ပြောဆိုဆွေးနွေးနေကြောင်းတို့ကိုသာ အတင်းအဖျင်း ပြောကြသည်။ တစ်စုံတစ်ခုကို ဆွေးနွေးပြီးသည့်နောက်တွင် အန္တိခရစ်များသည် အသင်းတော်များအနှံ့ သွားရောက်ကာ ထိုအရာကို စတင်အကောင်အထည်ဖော်သည်၊ ပြီးလျှင် ၎င်းတို့၏ မွှေနှောက်မှုသည် အသင်းတော်များကို ဗြောင်းဆန်သွားစေသည်။ ပြီးနောက်တွင် လူတိုင်းက ကျီးလန့်စာစားဖြစ်ကြကာ၊ နောက်ဆုံးတွင် ညီအစ်ကိုမောင်နှမများသည် တစ်ယောက်ကိုတစ်ယောက် ဖျက်ဆီးကြပြီး တစ်ယောက်ကိုတစ်ယောက် ဖော်ထုတ်ကြလျက်၊ တစ်ယောက်ကိုတစ်ယောက် စတင်သံသယဝင်ပြီး မနာလို ဖြစ်ကြသည်— ထိုသို့ဖြင့် အန္တိခရစ်များ၏ ရည်မှန်းချက်ပန်းတိုင်က ဖြစ်မြောက်သွားလေသည်။ ဤသည်မှာ အန္တိခရစ်များက အသင်းတော်များကို ဦးဆောင်သည့်ပုံစံ ဖြစ်သည်။ ဆိုးညစ်သူများသည် ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်ပါက၊ အန္တိခရစ်များသည် ၎င်းတို့ကို ကာကွယ်ကြသည်။ ဆိုးညစ်သူများက ၎င်းတို့ပြောသည့်အတိုင်း မလုပ်ဆောင်ပါက၊ ဆိုးညစ်သူများသည် ပထမဦးစွာ ကိုင်တွယ်ဖြေရှင်းခံရဖို့ ရှိလေသည်။ ဤဆိုးညစ်သူများသည် အန္တိခရစ်များနောက်သို့ လိုက်ပြီး၊ စည်းရုံးခံရနိုင်ကာ ဖြားယောင်းခံရနိုင်ပါက၊ အန္တိခရစ်များသည် ၎င်းတို့အတွက် ဆိုးယုတ်သော လုပ်ဆောင်ချက်များကို လုပ်ဆောင်ဖို့ ထိုဆိုးညစ်သူများကို ကြံရာပါများနှင့် သတင်းပေးများအဖြစ် ပြောင်းလဲလိမ့်မည်။ ၎င်းတို့၏နောက်ကွယ်တွင် ၎င်းတို့ကို မည်သူက အပုပ်ချနေသည်၊ မည်သူ၌ ၎င်းတို့နှင့်ပတ်သက်၍ မကျေနပ်ချက်များ ရှိသည်၊ မည်သူ၌ ဘုရားသခင်၏နှုတ်ကပတ်တော်များအပေါ် ထိုးထွင်းအမြင်အချို့ရှိပြီး ၎င်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ ၎င်းတို့၏အရှိကို အရှိအတိုင်း ထုတ်ဖော်ကောင်း ထုတ်ဖော်နိုင်သည့် အမှုအရာအချို့တို့အပေါ်၌လည်းကောင်း ထိုးထွင်းသိမြင်မှုကို မည်သူက ကျင့်သုံးလိုသည်၊ ၎င်းတို့အောက်မှ မည်သူက ၎င်းတို့ကို တိုင်ကြားဖို့ စီစဉ်သည်၊ ပြီးလျှင် မည်သူက အထက်နှင့် မကြာခဏ ပြောဆိုဆွေးနွေးလိုသည်တို့ကို သိဖို့ အခြားညီအစ်ကိုမောင်နှများ အလယ်တွင် ထိုဆိုးညစ်သူများကို ၎င်းတို့သူလျှိုထည့်လိမ့်မည်။ ဤအရာများအပေါ် ၎င်းတို့က အထူးသဖြင့် စောင့်ကြည့်ကြသည်၊ ပြီးနောက် ၎င်းတို့အားလုံး အတူတကွရှိချိန်တွင် ၎င်းတို့သည် နေ့စဉ် မည်သူ့ကို ထုတ်ပစ်နိုင်ကြောင်း အေးအေးဆေးဆေး စဉ်းစားလျက်၊ ထို့နောက်တွင် ယင်းကိစ္စကို မဲခွဲဆုံးဖြတ်ခြင်းအားဖြင့် တရားဝင်သွားပုံရအောင် ပြုလုပ်လျက် တန်ပြန်ရေးအစီအမံများကို ဆွေးနွေးကြလေသည်။ ဤသည်တို့မှာ အန္တိခရစ်များ လုပ်ဆောင်သည့် အမှုအရာများဖြစ်သည်။ ဤသည်မှာ အသင်းတော်များကို ၎င်းတို့ဦးဆောင်သည့်ပုံစံဖြစ်သည်။ အန္တိခရစ်များနှင့် ဆိုးညစ်သူများရှိသည့် တည်နေရာများတွင် နောက်ကျိသော သွင်ပြင်အခြေအနေတစ်ခုက အသင်းတော်များတွင် ပျံ့နှံ့ဝင်ရောက်လေသည်။ ဤသည်ကို နတ်ဆိုးက ကြီးကြပ်နေခြင်းဟု ခေါ်သည်။ နတ်ဆိုးကြီးကြပ်နေခြင်းမှ ကောင်းသောအရာတစ်စုံတစ်ခု ထွက်ပေါ်လာနိုင်သလော။ ယင်းသည် ဘုရားသခင် ရွေးချယ်ထားသူများအပေါ် ဘေးဒုက္ခသာ ဆောင်ကြဉ်းနိုင်လေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် လူတို့ကို ဝေခွဲမရဖြစ်စေပြီး သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ကာ ထိန်းချုပ်လေ၏” မှ

အသင်းတော်တိုင်း၌ အသင်းတော်ကို ဒုက္ခပေးသူများ သို့မဟုတ် ဘုရားသခင်၏အမှုတော်၌ စွက်ဖက်သော သူများရှိသည်။ ၎င်းတို့အားလုံးသည် ရုပ်ဖျက်ကာ ဘုရားသခင်၏ အိမ်တော်ကို ထိုးဖောက်ဝင်ရောက်သည့် စာတန်များဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် သရုပ်ဆောင်ကောင်းကြ၏။ ငါ၏ ရှေ့မှောက်သို့ ပျပ်ဝပ်ကာ၊ စုတ်ပြတ်လျက် ခွေးဝဲစားများကဲ့သို့ အသက်ရှင်ရင်းနှင့် မိမိတို့၏ ရည်ရွယ်ချက်များ အထမြောက်စိမ့်သောငှာ သူတို့၏ “အစွမ်းကုန်” ဆက်ကပ်ကြလျက် ကြီးမားသော ချစ်ကြောက်ရိုသေမှုဖြင့် လာကြသော်လည်း၊ ညီအစ်ကို မောင်နှမများရှေ့တွင် ၎င်းတို့၏ အကျည်းတန်သည့်ဘက်ကို ပြကြလေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူများကို ၎င်းတို့မြင်သောအခါ၊ ထိုးနှက်ကြပြီး တွန်းဖယ်ကြလေသည်။ သူတို့ကိုယ်တိုင်ထက် ခံ့ညားလောက်သော လူတို့ကို မြင်သောအခါ၊ မြှောက်ပင့်ပြီး မျက်နှာလုပ်တတ်ကြသည်။ အသင်းတော်ထဲတွင် ၎င်းတို့ အထိန်းအကွပ်မဲ့ကြလေသည်။ အသင်းတော်အများစုတွင် ထိုသို့သော “ဒေသခံ ဗိုလ်ကျသူများ”၊ ထိုသို့သော “ခိုင်းဖတ်များ” သည် အသင်းတော် အများစု၌ ရှိသည်ဟု ပြော၍ရသည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး မျက်စိမှိတ်ပြကာ လျှို့ဝှက် အချက်ပြကြလျက်၊ အတူတကွ ဆိုးယုတ်လှစွာ ပြုမူကြပြီး၊ ၎င်းတို့ထဲမှ မည်သူမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြချေ။ အဆိပ်အများဆုံးရှိသောသူသည် “မကောင်းဆိုးဝါးခေါင်းဆောင်” ဖြစ်ပြီး ဂုဏ်ဒြပ် အမြင့်ဆုံးဖြစ်သည့် သူသည် ဦးဆောင်ကာ ၎င်းတို့၏အလံကို လေထဲတွင် လွှင့်ထူပြီး သယ်ဆောင်လေသည်။ ဤလူများသည် ၎င်းတို့၏ အပျက်သဘောကို ဖြန့်ဝေလျက်၊ သေခြင်းတရားကို ထုတ်လွှတ်လျက်၊ မိမိတို့ သဘောရှိ လုပ်ဆောင်လျက်၊ မိမိတို့ သဘောရှိ ပြောဆိုလျက်နှင့် ၎င်းတို့ကို တားဆီးရန် မည်သူမျှ မဝံ့ရဲကြဘဲ၊ အသင်းတော်တွင် ဆူပူရမ်းကား ကြလေသည်။ ၎င်းတို့သည် စာတန်၏ စိတ်သဘောထားများဖြင့် ပြည့်လျှံကြလေသည်။ ဆူပူလှုပ်ရှားမှုကို ၎င်းတို့ ဖြစ်စေသည်နှင့် တစ်ပြိုင်နက် သေခြင်းတရား၏ အငွေ့အသက်တစ်ခုသည် အသင်းတော်ထဲကို ဝင်ရောက်လာသည်။ အသင်းတော်အတွင်း သမ္မာတရားကို လက်တွေ့ဆောင်ရွက်သောသူများသည် စွန့်ပစ်ခြင်းခံရပြီး သူတို့၏ ရှိသမျှ အစွမ်းကုန် မကြိုးစားနိုင်ကြသော်လည်း အသင်းတော်ကို နှောင့်ယှက်၍ အသင်းတော်အတွင်း သေခြင်းတရားကို ပြန့်စေသော သူများသည် စည်းလွတ်ဘောင်လွတ် ဖြစ်နေကြ၏၊ ထို့အပြင် လူအများစုက သူတို့နောက်သို့ လိုက်ကြသည်။ ဤကဲ့သို့သော အသင်းတော်မျိုးသည် အကယ်ပင် စာတန်၏ ထိန်းချုပ်မှုအောက်၌ရှိပြီး နတ်ဆိုးသည် သူတို့၏ဘုရင်ဖြစ်သည်။ အကယ်၍ အသင်းတော်က လူများသည် ထကြွကာ ထိုမကောင်းဆိုးဝါး ခေါင်းဆောင်များကို မငြင်းပယ်ပါက၊ သူတို့သည်လည်း အနှေးနှင့်အမြန် ပျက်စီးသွားမည်ဖြစ်သည်။ ယခုမှစ၍ ဤကဲ့သို့သော အသင်းတော်များကို အရေးယူရပေမည်။ အကယ်၍ သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသူတို့သည် မကြိုးပမ်းပါက၊ ထိုအသင်းတော်သည် ဖျက်ပစ်ခံရမည်ဖြစ်သည်။ အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို “သေခြင်းကို မြေမြှုပ်ခြင်း” ဟုခေါ်သည်၊ ယင်းသည် စာတန်ကိုနှင်ထုတ်ခြင်းကို ဆိုလိုသည်။ အကယ်၍ အသင်းတော်တွင် ဒေသခံ ဗိုလ်ကျသူအချို့ ပါရှိပြီး ၎င်းတို့နောက်သို့ ချင့်ချိန်နိုင်စွမ်း လုံးဝကင်းမဲ့သည့် “ယင်ကောင်ငယ်များ” လိုက်ပါက၊ ထို့အပြင် အသင်းသားများသည် သမ္မာတရားကို မြင်ပြီးနောက်တွင်ပင် ဤဗိုလ်ကျသူများ၏ အနှောင်အဖွဲ့များနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ငြင်းပယ်နိုင်စွမ်းမရှိသေးပါက၊ ထိုမိုက်မဲသူများ အားလုံးသည် အဆုံးတွင် သုတ်သင်ဖယ်ရှင်းခံရမည်ဖြစ်သည်။ ဤယင်ကောင်ငယ်များသည် မည်သည့် ဆိုးရွားသောအရာကိုမျှ မလုပ်ခဲ့ သော်ငြားလည်း၊ ၎င်းတို့သည် ပို၍ပင် လှည့်ဖြားတတ်ကာ၊ ပို၍ပင် ပါးနပ်ပြီး တိမ်းရှောင်တတ်၍၊ ဤကဲ့သို့သော လူတိုင်းသည် သုတ်သင်ဖယ်ရှင်း ခံရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်မျှ ကြွင်းကျန်ရစ်မည် မဟုတ်။ စာတန်နှင့်သက်ဆိုင်သော သူများသည် စာတန်ထံ ပြန်သွားကြ ရမည်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူများကမူ သမ္မာတရားကို ဧကန်အမှန်ပင် ရှာဖို့ကြိုးစား ကြလိမ့်မည်။ ဤအရာကို သူတို့၏သဘာဝဗီဇများအရ သတ်မှတ်ပိုင်းခြားထားခြင်း ဖြစ်သည်။ စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။ ထိုကဲ့သို့သော လူများကို မည်သည့်သနားခြင်းမျှ ပြသမည် မဟုတ်ပေ။ သမ္မာတရားကိုရှာသော သူများအား ထောက်ပံ့မှုများ ရရှိစေလော့၊ ပြီးလျှင်သူတို့၏စိတ်နှလုံးများ တင်းတိမ်ရောင့်ရဲသည်အထိ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သက် ပျော်မွေ့ကြပါစေ။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် မည်သူကိုမျှ မျက်နှာမလိုက်။ အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ရန် သင် မတတ်စွမ်းနိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေသော သူတစ်ယောက်ဆိုပါက၊ စာတန်၏ ဖမ်းချုပ်ထားခြင်းကို ဧကန်အမှန် သင်ခံရမည် မဟုတ်ပေ။ ဤသည်ကား ယုံမှားဖွယ်ရာ လုံး၀မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

တိုးတက်မှုအတွက် မကြိုးပမ်းသောသူများသည် အခြားလူများကို သူတို့ကဲ့သို့ပင် အပျက်သဘောဆောင်ဖို့နှင့် ပျင်းရိဖို့ရန် အမြဲ ဆန္ဒရှိကြသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများကို မနာလိုကြပေ၊ ထို့အပြင် ယောင်ချာချာ ဖြစ်သောသူများနှင့် ထိုးထွင်းသိမြင်မှု မရှိသောသူများကို အမြဲ လှည့်ဖြားချင်ကြသည်။ ထိုသူများ ဖွင့်ပြောသော အရာများသည် သင်တို့ကို ဆုတ်ယုတ်သွားစေခြင်း၊ လျှောကျသွားစေခြင်း၊ ပုံမှန်မဟုတ်သော အနေအထားများ ဖြစ်ပေါ်စေခြင်းများ ဖြစ်စေနိုင်ပြီး မှောက်မိုက်ခြင်းနှင့် ပြည့်နေစေနိုင်သည်။ သူတို့က သင့်ကို ဘုရားသခင်နှင့် ဝေးသွားအောင် ပြုလုပ်ကာ၊ သူတို့က သင့်ကို ဇာတိပကတိအား မြတ်နိုးစေပြီး သင့်ကိုယ်သင် အလိုလိုက်စေသည်။ သမ္မာတရားကို မနှစ်သက်သောသူများ၊ ဘုရားသခင်ကို ဝတ်ကျေတမ်းကျေသာ အမြဲတမ်း ဆက်ဆံသော သူများသည် ကိုယ့်ကိုယ်ကိုယ်သိစိတ် မရှိသောသူများဖြစ်ပြီး၊ ထိုသူတို့၏ စိတ်သဘောထားများက အခြားသူများကို အပြစ်ကျူးလွန်ဖို့နှင့် ဘုရားသခင်ကို အာခံဖို့ရန် ဖြားယောင်းကြသည်။ ထိုသူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ အခြားသူများကိုလည်း လက်တွေ့လုပ်ဆောင် ခွင့်မပြုပေ။ သူတို့သည် အပြစ်တရားကို မြတ်နိုးပြီး မိမိတို့ကိုယ်ကိုယ် စက်ဆုပ်ခြင်း မရှိကြ။ သူတို့သည် မိမိတို့ကိုယ်ကိုယ် မသိကြဘဲ၊ အခြားလူများကိုလည်း သူတို့ကိုယ်သူတို့ မသိအောင် ဟန့်တားသည်။ အခြားသူများကို သမ္မာတရားအား မတောင့်တရန် ဆီးတားလေသည်။ ထိုသူတို့ လှည့်ဖြားသောသူများသည် အလင်းကို မမြင်နိုင်ပေ- ၎င်းတို့သည် အမှောင်ထုထဲသို့ ကျသွားကြသည်၊ မိမိတို့ကိုယ်ကိုယ် မသိ၊ သမ္မာတရားကိုလည်း ရှင်းရှင်းလင်းလင်း မသိဘဲ၊ ဘုရားသခင်ထံမှ ဝေးသည်ထက် ဝေးသွားကြသည်။ သူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြဘဲ၊ အခြားသူများ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်ကိုလည်း ဟန့်တားကြပြီး ထိုမိုက်မဲသောသူများ အားလုံးကို သူတို့ရှေ့မှောက်သို့ ခေါ်လာကြသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သည်ဟု ပြောမည့်အစား သူတို့၏ ဘိုးဘေးများကို ယုံကြည်ကြသည်၊ သို့မဟုတ် သူတို့ယုံကြည်သည့်အရာသည် သူတို့၏ စိတ်နှလုံးထဲ၌ရှိသော ရုပ်တုများဖြစ်သည်ဟု ပြောခြင်းက ပို၍ကောင်းလိမ့်မည်။ ဘုရားသခင် နောက်ကို လိုက်သည်ဟု ပြောသောသူများသည် မိမိတို့ အဘယ်သူကို ယုံကြည်သည်ကို အတိအကျသိရန် မိမိတို့၏ မျက်လုံးများကို ဖွင့်ကာ သေသေချာချာကြည့်ပါက အကောင်းဆုံးဖြစ်ပေမည်။ သင်ယုံကြည်နေသည်မှာ ဘုရားသခင်ရော အမှန်တကယ် ဟုတ်သလော၊ သို့တည်းမဟုတ် စာတန်လော။ အကယ်၍ သင်ယုံကြည်သည်မှာ ဘုရားသခင်မဟုတ်ဘဲ၊ သင်၏ ကိုယ်ပိုင်ရုပ်တုများသာဖြစ်သည်ကို သင်သိပါက၊ သင်သည် ယုံကြည်သူ တစ်ယောက်ဖြစ်သည်ဟု မကြွေးကြော်လျှင် အကောင်းဆုံးဖြစ်မည်။ အကယ်၍ သင်သည် အဘယ်သူကို ယုံကြည်သည်ကို အကယ်စင်စစ် မသိပါက၊ တစ်ဖန် သင်သည် ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု မကြွေးကြော်သည်မှာ အကောင်းဆုံးဖြစ်ပေမည်။ ထိုသို့ပြောခြင်းသည် ဘုရားသခင်အား ပြစ်မှားစော်ကားခြင်း ဖြစ်ပေလိမ့်မည်။ သင့်ကို မည်သူကမျှ ဘုရားသခင်ကို အတင်းအကျပ် ယုံကြည်နေစေခြင်း မဟုတ်ပေ။ သင်တို့ ငါ့ကို ယုံကြည်သည်ဟု မပြောနှင့်။ ထိုစကားများကို ငါ လုံလုံလောက်လောက် ကြားခဲ့ရပြီးဖြစ်ကာ နောက်တစ်ဖန် ငါမကြားလိုတော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ ယုံကြည်သည်မှာ သင်တို့၏ စိတ်နှလုံး၌ရှိသော ရုပ်တုများနှင့် သင်တို့ အကြား၌ရှိသော ဒေသခံဗိုလ်ကျသူများ ဖြစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို ကြားသောအခါ ခေါင်းခါသောသူများ၊ သေခြင်းအကြောင်း ဆွေးနွေးမှုကို ကြားသည့်အခါ ပြုံးသောသူများသည် စာတန်၏သားသမီး အားလုံးဖြစ်ကာ ၎င်းတို့သည် သုတ်သင်ပယ်ရှင်းခံရမည့် သူများဖြစ်သည်။ အသင်းတော်၌ရှိသော လူများစွာတို့သည် ထိုးထွင်းသိမြင်မှု မရှိကြပေ။ လှည့်ဖြားမှု တစ်ခုခု ဖြစ်သောအခါ သူတို့သည် စာတန်ဘက်က မမျှော်လင့်ဘဲ ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေအပါးများဟု အခေါ်ခံ ရသောအခါ သာ၍ပင် စိတ်ဆိုးကြသည်။ ၎င်းတို့ ပိုင်းခြားသိမြင်မှုမရှိဟု လူတို့ ပြောကောင်း ပြောနိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား မရှိသည့်ဘက်တွင် အမြဲရပ်တည်ကြသည်၊ အရေးကြီးသည့်အချိန်တွင် သမ္မာတရားဘက်၌ ၎င်းတို့ ဘယ်သောအခါမျှ မရပ်တည်ကြ၊ သမ္မာတရားအတွက် ဘယ်သောအခါမျှ ရပ်တည်ခြင်းမရှိသလို၊ ချေပပြောဆိုခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြပါသလော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်၏ဘက်တွင် မမျှော်လင့်ဘဲ ရပ်တည်မိကြသနည်း။ သမ္မာတရားကို အားပေးသည့်အနေဖြင့် မျှတကာ အကျိုးသင့် အကြောင်းသင့်ရှိသော စကားတစ်လုံးပင် အဘယ်ကြောင့် မည်သည့်အခါမျှ မပြောကြသနည်း။ ၎င်းတို့၏တဒင်္ဂ စိတ်ရှုပ်ထွေးမှု၏ အကျိုးဆက်အနေဖြင့် ဤအခြေအနေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီလော။ လူတို့သည် ပိုင်းခြားသိမြင်မှု နည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤအရာက မည်သည်ကို ပြသနည်း။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် မကောင်းမှု ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာအမူအရာများ အားလုံးသည် ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမျိုးထဲက မဟုတ်ဘဲ ယင်းထက် သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ စာတန်ဘက်တွင် ၎င်းတို့ ရပ်တည်နိုင်ခြင်းက၊ စာတန်အတွက် တိုက်ခိုက်ပေးရင်း မိမိတို့၏ ဘဝများကုန်ဆုံးသည့် ထိုသေးနုပ်သော နတ်ဆိုးများကို စာတန်က အမှန်တကယ် ချစ်မြတ်နိုးသည်ကို သက်သေပြရန် လုံလောက်ပေသည်။ ဤအချက်များ အားလုံးက အလွန်ပင် ရှင်းလင်းလှသည် မဟုတ်လော။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသော လူတစ်ယောက် ဧကန်အမှန် ဖြစ်သည်ဆိုပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများကို အဘယ်ကြောင့် အလေးထားမှု သင်မရှိရသနည်း။ ထို့အပြင် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများ၏ အကြည့်တစ်ချက်နှင့်ပင် သင်သည် အဘယ်ကြောင့် ထိုသူတို့နောက်သို့ ချက်ချင်း လိုက်ရသနည်း။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးနည်း။ သင်၌ ပိုင်းခြားသိမြင်မှု ရှိသည် မရှိသည်ကို ငါဂရုမစိုက်။ သင်သည် မည်မျှ ကြီးမားသော အဖိုးအခ ပေးခဲ့သည်ကို ငါဂရုမစိုက်။ သင်၏ အင်အားက မည်မျှကြီးမားသည်ဆိုခြင်းကို ငါဂရုမစိုက်သကဲ့သို့ သင်သည် နယ်ခံဗိုလ်ကျသူလော သို့တည်းမဟုတ် အလံကိုင်သော ခေါင်းဆောင်လော ဆိုသည်ကို ငါဂရုမစိုက်။ အကယ်၍ သင်၏ အင်အားများက ကြီးမားသည်ဆိုလျှင် ထိုအရာသည် စာတန့်ခွန်အား၏ အကူအညီကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်၏ ဂုဏ်ဒြပ်က မြင့်မားပါက ထိုအရာသည် သင်၏ဘေးပတ်လည်၌ သမ္မာတရား လက်တွေ့မလုပ်ဆောင်သောသူများ အင်မတန် များသောကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်သည် နှင်ထုတ်မခံရသေးပါက ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ယခုအချိန်သည် နှင်ထုတ်သော အလုပ်လုပ်ရမည့် အချိန်မဟုတ်၍ ဖြစ်သည်။ ထိုအစား ယခုအချိန်သည် ဖယ်ရှားသော အလုပ်လုပ်ရမည့် အချိန်ဖြစ်သည်။ သင့်ကို ယခုနှင်ထုတ်ဖို့ အလျင်မလိုသေးပေ။ သင် သုတ်သင်ဖယ်ရှင်းခံရပြီးသည့်နောက် သင့်ကို ငါအပြစ်ပေးမည့်နေ့ သက်သက်ကိုသာ ငါ စောင့်နေခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော မည်သူမဆို သုတ်သင်ဖယ်ရှင်းခြင်းခံရပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို လက်တွေ့ လုပ်ဆောင်ရန် လိုလားသူများ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏သက်သေခံချက်တွင် ဧကန်အမှန် ရပ်တည်နိုင်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားသောသူများလည်း ဖြစ်ပြီး သမ္မာတရားဘက်၌ အမှန်တကယ် ရပ်တည်နိုင်သောသူများ ဖြစ်သည်။ လိမ်လည်လှည့်စားမှုနှင့် မတရားမှုတို့ကို ကျင့်သုံးသော သူများအားလုံးသည် သမ္မာတရား မရှိသောသူများဖြစ်ပြီး၊ သူတို့အားလုံးသည် ဘုရားသခင်ကို အရှက်ရစေကြ၏။ အသင်းတော်တွင် အငြင်းအခုံ ဖြစ်စေသော သူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး၊ စာတန်၏ပြယုဂ် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် အင်မတန် မလိုမုန်းထားတတ်ကြလေသည်။ ပိုင်းခြားသိမြင်မှု မရှိသူများနှင့် သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်စွမ်းနိုင်သော သူများအားလုံးသည် ဆိုးယုတ်သော ရည်ရွယ်ချက်များကို သိုထားကြပြီး သမ္မာတရားကို ညှိုးနွမ်းစေသည်။ ထို့ထက်ပို၍ ၎င်းတို့သည် စာတန်ကို သမားရိုးကျ ကိုယ်စားပြုသော သူများဖြစ်သည်။ ၎င်းတို့သည် ရွေးနုတ်၍ မရနိုင်တော့လောက်အောင်ဖြစ်ပြီး၊ အလိုအလျောက် သုတ်သင်ဖယ်ရှင်း ခံရပေလိမ့်မည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို ဘုရားသခင်၏မိသားစုက ဆက်ရှိနေဖို့ ခွင့်မပြုသကဲ့သို့၊ အသင်းတော်ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲသူများကိုလည်း ရှိနေခွင့်မပြုပေ။ သို့သော် ယခုအချိန်သည် နှင်ထုတ်ခြင်းအမှုပြုရန် အချိန်မဟုတ်။ ထိုကဲ့သို့သော သူတို့သည် နောက်ဆုံးတွင် ဖော်ထုတ်ခံရမည်ဖြစ်ပြီး သုတ်သင်ဖယ်ရှင်း ခံရမည်သာ ဖြစ်သည်။ အသုံးမဝင်သော မည်သည့်အလုပ်ကိုမျှ ဤလူတို့အပေါ်၌ လုပ်တော့မည်မဟုတ်။ စာတန်နှင့် သက်ဆိုင်သောသူများသည် သမ္မာတရားဘက်တွင် မရပ်တည်နိုင်သော်လည်း၊ သမ္မာတရားကို ရှာသောသူများကမူ သမ္မာတရားဘက်တွင် ရပ်တည်နိုင်ကြသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် သမ္မာတရားလမ်းကို ကြားရဖို့ရန် မထိုက်တန်၊ သမ္မာတရားကို သက်သေခံဖို့ရန်လည်း မထိုက်တန်ပေ။ သမ္မာတရားသည် သူတို့ ကြားဖို့ လုံးဝမဟုတ်ချေ။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။ လူတိုင်း၏နိဂုံးကို ဖွင့်မပြမီ၊ အသင်းတော်ကို နှောင့်ယှက်သောသူများနှင့် အမှုတော်ကို အဆက်ပြတ်စေသောသူများသည် နောက်မှ ကိုင်တွယ်ဖြေရှင်းဖို့ရန် ယခု ပထမဦးစွာ ဘေးဖယ်ခံရမည်ဖြစ်သည်။ အမှုတော် ပြီးဆုံးသွားသည်နှင့် ဤလူများသည် အသီးသီး ဖော်ထုတ်ခံရမည်၊ ထို့နောက် ၎င်းတို့ သုတ်သင်ဖယ်ရှင်း ခံရပေလိမ့်မည်။ လောလောဆယ်တွင် သမ္မာတရားကို ထောက်ပံ့ပေးစဉ်အတွင်း ၎င်းတို့ လျစ်လျူရှုခံရလိမ့်မည်။ လူသားမျိုးနွယ်အား သမ္မာတရား တစ်ခုလုံးကို ဖွင့်ပြသောအခါ ထိုလူများသည် ဖယ်ရှားခံရမည်ဖြစ်သည်။ ထိုအချိန်သည် လူအားလုံးကို မိမိတို့၏ အမျိုးအစားအလိုက် အတန်းအစားသတ်မှတ်မည့် အချိန်လည်းဖြစ်သည်။ ပိုင်းခြားသိမြင်မှုမရှိသောသူများ၏ သေးနုပ်သည့် လှည့်စားမှုများသည် ဆိုးယုတ်သူများ၏ လက်၌ ၎င်းတို့ပျက်စီးခြင်းဆီသို့ ဆိုက်ရောက်စေလိမ့်မည်၊ သူတို့သည် မကောင်းသောလူများအားဖြင့် အဝေးသို့ သွေးဆောင် ခံရလိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ ပြန်လာနိုင်မည် မဟုတ်ချေ။ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့်၊ သမ္မာတရားဘက်က ရပ်တည်နိုင်စွမ်း မရှိသောကြောင့်၊ မကောင်းသောလူများနောက် လိုက်လျှောက်ပြီး၊ မကောင်းသည့်လူများဘက်က ရပ်တည်သောကြောင့်၊ မကောင်းသောလူများနှင့် ပူးပေါင်းကြံစည်ပြီး ဘုရားသခင်ကို အာခံသောကြောင့် ထိုသို့သော ဆက်ဆံခြင်းသည် ၎င်းတို့ ထိုက်တန်သောအရာ ဖြစ်သည်။ ထိုမကောင်းသောလူများ ရောင်ပြန်ဟပ်သည့်အရာသည် မကောင်းမှုဖြစ်သည်ကို သူတို့သည် ကောင်းစွာ သိသော်လည်း၊ သူတို့နောက် လိုက်ဖို့ မိမိတို့၏နှလုံးသားများကို မာကျောစေကြပြီး သမ္မာတရားကို ကျောခိုင်း ကြလေသည်။ သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ဘဲ ဖျက်ဆီးတတ်ပြီး စက်ဆုပ်ဖွယ်အရာများကိုလုပ်သော ဤသူများအားလုံးသည် မကောင်းမှု ကျူးလွန်နေကြသည် မဟုတ်လော။ ထိုလူများအကြား၌ မိမိတို့ကိုယ်မိမိ ဘုရင်များအဖြစ် ပုံဖမ်းကြသော သူများနှင့် ၎င်းတို့နောက်သို့ တကောက်ကောက်လိုက်သော အခြားသူများ ရှိကြသော်လည်း၊ ထိုသူတို့၏ ဘုရားသခင်ကို အာခံသော သဘာဝဗီဇများသည် အားလုံးအတူတူပင် မဟုတ်လော။ ဘုရားသခင်သည် သူတို့ကို မကယ်တင်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ ဘုရားသခင်က မဖြောင့်မတ်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ သူတို့ကို ဖျက်ဆီးနေသည်မှာ သူတို့ကိုယ်တိုင်၏ မကောင်းမှုပင် မဟုတ်လော။ သူတို့ကို ငရဲဆီ ဆွဲခေါ်နေသည်မှာ သူတို့ကိုယ်တိုင်၏ ပုန်ကန်မှုပင် မဟုတ်လော။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် ကယ်တင်ခံရမည်ဖြစ်ပြီး စုံလင်အောင် ပြုခြင်း ခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် မိမိတို့ကိုယ်ကိုယ် ပျက်စီးစေကြလိမ့်မည်။ ဤသည်တို့မှာ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများနှင့် လက်တွေ့ မလုပ်ဆောင်သောသူတို့ကို စောင့်နေသော နိဂုံးတို့ပင်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ရန် အစီအစဉ် မရှိသောသူများသည် အပြစ်များ နောက်ထပ်ကျုးလွန်ခြင်းကို ရှောင်ဖို့ရန် အသင်းတော်မှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားဖို့ ငါအကြံပေးသည်။ အချိန်တန်သောအခါ နောင်တရရန် အလွန်နောက်ကျသွားမည်ဖြစ်သည်။ အထူးသဖြင့် အုပ်စုဖွဲ့သောသူများ၊ ကွဲပြားမှုများဖြစ်အောင် ဖန်တီးသူများနှင့် အသင်းတော်အတွင်းရှိ ယုတ်မာသော ထိုနယ်ခံဗိုလ်ကျသူများသည် သာ၍ပင်စောစီးစွာ ထွက်သွားရမည်။ ဆိုးယုတ်သော ဝံပုလွေ၏ သဘာဝဗီဇရှိသည့် ဤလူများသည် ပြောင်းလဲရန် မတတ်စွမ်းနိုင်ကြ။ ညီအစ်ကိုမောင်နှမများ၏ လျော်ကန်သော အသက်တာကို နောက်ထပ် အနှောင့်အယှက် လုံးဝ မပေးတော့ရန် သူတို့သည် အသင်းတော်က တတ်နိုင်သမျှ အစောဆုံး ထွက်သွားသည်မှာ ပိုကောင်းသည်၊ ဤသို့ဖြင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးမှုကို ရှောင်ရန်ဖြစ်သည်။ သူတို့နှင့် စိတ်တူသဘောတူရှိခဲ့သော သင်တို့ထဲမှ သူများသည်လည်း မိမိတို့ကိုယ်မိမိတို့ ပြန်သုံးသပ်ဖို့ရန် ယခုအခွင့်အရေးကို အသုံးချလျှင် ကောင်းမည်ဖြစ်သည်။ သင်တို့သည် ဆိုးယုတ်သောသူများနှင့်အတူ အသင်းတော်မှ ထွက်ခွာမည်လော၊ အသင်းတော်၌ ဆက်ရှိနေပြီး နာခံလျက်နောက်လိုက်မည်လော။ သင်တို့သည် ဤကိစ္စကို သေချာစွာ စဉ်းစားတွေးတောရမည်။ ငါသည် သင်တို့ကို ရွေးချယ်စရာ ဤနောက်ထပ် အခွင့်အရေးတစ်ခု ပေးပြီး၊ သင်တို့၏အဖြေကို ငါစောင့်နေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

အရှေ့သို့- ၁၁၅) မယုံကြည်သူများကို ခွဲခြားခြင်း အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၁၇) အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အမှုတော်ဆော်များကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၂၁၀ ဘုရားသခင်၏ခြေရာတော်များအား မည်ကဲ့သို့ရှာရမည် နည်း

၁ဘုရားသခင်ခြေရာတော်များအား ကျွန်ုပ်တို့ရှာဖွေနေသည်ဖြစ်၍၊ဘုရား၏အလိုတော်အားရှာဖွေ ဖို့ ရှာဖွေရအုံးမည်၊နူတ်ကပတ်တော်နှင့်ဖွင့်ဟခြင်းများ...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်