၁၁၇။ အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အလုပ်သမားများကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ရာထူးအဆင့်အတန်း၊ နာမည်ဂုဏ်သတင်းနှင့် အကျိုးအမြတ်အတွက်သာ အလုပ်လုပ်သူများ၊ သမ္မာတရားကို မလိုက်စားသူများနှင့် သမ္မာတရား စစ်မှန်မှုကို မပိုင်ဆိုင်သူများအားလုံးသည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများ ဖြစ်သည်။

(၂) မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသောသူများ၊ သမ္မာတရားကို အနည်းငယ်မျှ လက်မခံသောသူများနှင့် တစ်ဇွတ်ထိုးလုပ်သည့်၊ ထင်ရာမြင်ရာ လုပ်ရပ် လုပ်ဆောင်နိုင်စွမ်းရှိလျက် အခြေခံသဘောတရားများ မရှိဘဲ ပြုမူသောသူများသည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများ ဖြစ်သည်။

(၃) ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကိုသာ ဟောပြောသောသူများ၊ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးမပြုနိုင်သကဲ့သို့ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သူများသည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများ ဖြစ်သည်။

(၄) မိမိတို့ကိုယ်ကိုယ် မသိရှိသောသူများ၊ စစ်မှန်စွာ နောင်တမရလေသောသူများနှင့် အတွေ့အကြုံမှ လက်တွေ့ကျသော သက်သေခံချက်များကို မပေးနိုင်သောသူများသည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများ ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အရည်အချင်းပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် လူတို့ကို မှန်ကန်သော လမ်းသို့ ခေါ်ဆောင်နိုင်ပြီး ၎င်းတို့ကို သမ္မာတရားထဲသို့ သာ၍ ကြီးမားသည့် ဝင်ရောက်မှု ပေးနိုင်လေသည်။ သူအလုပ်သည် လူတို့ကို ဘုရားသခင် ရှေ့သို့ ခေါ်ဆောင်နိုင်သည်။ ထို့အပြင်၊ သူလုပ်ဆောင်သော အလုပ်သည် တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုရှိနိုင်ပြီး၊ လူတို့ကို လွတ်မြောက်မှုနှင့် လွတ်လပ်ခြင်းတို့ ရှိစေရင်း၊ စည်းမျဉ်းများဖြင့် ကန့်သတ်မထားသကဲ့သို့၊ အသက်တာတွင် လုပ်နိုင်စွမ်း တဖြည်းဖြည်း ကြီးထွားနိုင်ပြီး သမ္မာတရားထဲသို့ သာ၍နက်နဲသော ဝင်ရောက်မှုတစ်ခုကို ရရှိစေနိုင်သည်။ အရည်အချင်းမပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် အလွန်အဆင့်မမီပေ။ သူ၏အလုပ်သည် မိုက်မဲ၏။ သူ့အနေဖြင့် လူတို့ကို စည်းမျဉ်းစည်းကမ်းများထဲသို့သာ ပို့ဆောင်နိုင်ပြီး၊ လူတို့ကို သူတောင်းဆိုသော အရာသည် တစ်ဦးနှင့်တစ်ဦး မကွာခြားပေ။ သူသည် လူတို့၏ တကယ့် လိုအပ်ချက်များနှင့်အညီ အလုပ်မလုပ်ပေ။ ဤအလုပ်အမျိုးအစားတွင်၊ စည်းမျဉ်းစည်းကမ်း အလွန်များလှပြီး အယူဝါဒ အလွန်များလှကာ၊ လူတို့ကို လက်တွေ့အရှိတရားထဲသို့၊ သို့မဟုတ် အသက်တာ ကြီးထွားမှုနှင့်သက်ဆိုင်သည့် ပုံမှန်လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ မခေါ်ဆောင်နိုင်ပေ။ ယင်းသည် လူတို့ကို သုံးမရသော စည်းမျဉ်းစည်းကမ်း အနည်းငယ်တို့ကိုသာ လိုက်နာနိုင်စေသည်။ ထိုသို့သော လမ်းပြမှုမျိုးသည် လူတို့ကို လမ်းလွဲရုံသာ လမ်းလွဲစေနိုင်သည်။ သူသည် သင့်ကို သူနှင့်တူစေဖို့ ဦးဆောင်သည်။ သူသည် သင့်ကို သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းထဲသို့ ခေါ်ဆောင်နိုင်သည်။ နောက်လိုက်များအနေဖြင့် ခေါင်းဆောင်များ အရည်အချင်း ပြည့်မီခြင်း ရှိမရှိကို ရိပ်စားမိရန်၊ အဓိကသော့ချက်မှာ ၎င်းတို့ဦးဆောင်သော လမ်းကြောင်းနှင့် ၎င်းတို့အလုပ်၏ ရလဒ်များကို ကြည့်ရန်ဖြစ်ပြီး နောက်လိုက်များက သမ္မာတရားနှင့်အညီ အခြေခံသဘောတရားများကို ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ၎င်းတို့၏ ပြောင်းလဲခြင်းအတွက် သင့်တော်သော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများ ရရှိခြင်း ရှိ မရှိဆိုသည်ကို ကြည့်ရန် ဖြစ်သည်။ သင်သည် မတူညီသောလူအမျိုးအစားတို့၏ မတူညီသည့် အလုပ်များကို ခွဲခြားသိမြင်သင့်သည်။ သင်သည် မိုက်မဲသော နောက်လိုက်တစ်ဦး မဖြစ်သင့်ပေ။ ဤသည်မှာ လူတို့၏ဝင်ရောက်မှု ကိစ္စနင့် သက်ဆိုင်ပေသည်။ အကယ်၍ သင်သည် မည်သည့် လူ၏ဦးဆောင်မှုသည် လမ်းကြောင်းရှိပြီး၊ မည်သည့်လူ၏ ဦးဆောင်မှုက လမ်းကြောင်းမရှိသည်ကို မခွဲခြားမသိမြင်နိုင်ပါက၊ သင်သည် လွယ်ကူစွာ လှည့်စားခြင်းခံရလိမ့်မည်။ ဤအရာအားလုံးသည် သင်ကိုယ်တိုင်၏ အသက်တာနှင့် တိုက်ရိုက် သက်ဆိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

အသင်းတော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့်၊ သင်တို့သည် ဘုရားသခင်ရွေးချယ်ထားသော လူတို့ကို သမ္မာတရား၏ စစ်မှန်မှုထဲသို့ ခေါ်ဆောင်လိုပြီး ဘုရားသခင်၏ သက်သေခံများအဖြစ် အစေခံလိုပါက၊ အရေးကြီးဆုံးအနေဖြင့် သင်သည် လူတို့ကို ကယ်တင်ရာ၌ ဘုရားသခင်၏ ရည်မှန်းချက်နှင့် သူ့အလုပ်၏ ရည်ရွယ်ချက်တို့အပေါ် ပို၍နက်နဲသော သိနားလည်ခြင်း ရှိရမည်။ ဘုရားသခင်၏ အလိုတော်နှင့် လူတို့အပေါ် သူ၏ အမျိုးမျိုးသော သတ်မှတ်ချက်များကို သင်နားလည်ရမည်။ သင်၏ ကြိုးစားအားထုတ်မှုများ၌ လက်တွေ့ကျရမည်။ သင်နားလည်သမျှလောက်ကိုသာ လက်တွေ့လုပ်ဆောင်ပြီး သင်သိထားသည့်အရာအပေါ်၌သာ မိတ်သဟာယပြုလော့။ မကြွားဝါနှင့်၊ ပုံကြီးမချဲ့နှင့်၊ ပြီးလျှင် တာဝန်မဲ့သော မှတ်ချက်များကို မပြောလေနှင့်။ အကယ်၍ သင်သည် ပုံကြီးချဲ့ပြောလျှင် လူတို့က သင့်ကို မုန်းတီးလိမ့်မည်ဖြစ်၍ ထို့နောက်တွင် အပြစ်တင်ခံရလိမ့်မည်။ ဤသည်မှာ အလွန်တရာပင် မသင့်လျော်ပါပေ။ အခြားသူများကို သင် သမ္မာတရား ထောက်ပံ့ပေးသည့်အခါ သင်သည် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းဖို့နှင့် သမ္မာတရားကို ၎င်းတို့ ရရှိဖို့အတွက် ဆူပူကြိမ်းမောင်းစရာ သေချာပေါက် မလိုပါပေ။ သင်ကိုယ်တိုင်က သမ္မာတရားမရှိဘဲ အခြားသူများကို ကိုင်တွယ်ဖြေရှင်းပြီး ဆူပူကြိမ်းမောင်းပါက ၎င်းတို့ သင့်ကို ကြောက်လန့်မည်ဖြစ်သော်လည်း ယင်းက သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု မဆိုလိုပေ။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့၌မူ သင့်အနေဖြင့် အခြားသူများကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ဖို့နှင့် သူတို့ကို အတိုင်းအတာတစ်ခုအထိ ဆုံးမပဲ့ပြင်ဖို့မှာ သင့်အတွက် အဆင်ပြေသည်။ သို့သော် သင်သည် သမ္မာတရားကို မထောက်ပံ့ပေးနိုင်ဘဲ မည်ကဲ့သို့ ခြယ်လှယ်လွန်းပြီး အခြားသူများကို အပြစ်ဆိုရမည်ကိုသာ သိနားလည်ပါက သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အကျည်းတန်ခြင်းတို့ ဖော်ထုတ်ခံရလိမ့်မည် ဖြစ်သည်။ အချိန်ကုန်လွန်သည်နှင့်အမျှ လူတို့သည် သင့်ထံမှ အသက်တာ ထောက်ပံ့ပေးခြင်း သို့မဟုတ် လက်တွေ့ကျသော အရာများကို မရရှိနိုင်ပါက ၎င်းတို့သည် သင့်ကို မုန်းတီးလာပြီး သင့်အားဖြင့် စက်ဆုပ်ရွံရှာမှုကို ခံစားလာရလိမ့်မည်။ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူတို့သည် သင့်ထံမှ အပျက်သဘောဆောင်သော အရာများကို သင်ယူကြလိမ့်မည်။ အခြားသူများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပြုပြင်ရန်၊ စိတ်ဆိုးရန်နှင့် ၎င်းတို့၏ ဒေါသထွက်ရန်အတွက် သင်ယူကြလိမ့်မည်။ ယင်းမှာ ပေါလု၏လမ်းကြောင်းပေါ်နှင့် ထာဝရအပြစ်ဒဏ်ခံရမည့် လမ်းကြောင်းပေါ်သို့ အခြားသူများကို ခေါ်ဆောင်ခြင်းသဘော သက်ရောက်သည်မဟုတ်လော။ ယင်းမှာ ဒုစရိုက်အမှုပြုခြင်းတစ်ခု မဟုတ်သလော။ သင်၏အလုပ်က အခြားသူများအတွက် သမ္မာတရားကို မိတ်သဟာယပြုခြင်းနှင့် အသက်ကို ထောက်ပံ့ပေးခြင်းအပေါ် အာရုံစိုက်သင့်သည်။ အကယ်၍ သင်ပြုလုပ်သမျှမှာ အခြားသူများကို ကျိုးကြောင်းမမြင်ဘဲ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် သြဝါဒပေးခြင်းဖြစ်ပါက ၎င်းတို့သည် သမ္မာတရားကို မည်သို့ နားလည်ကြလိမ့်မည်နည်း။ အချိန်ကုန်လွန်သည်နှင့်အမျှ လူတို့က သင် အမှန်တကယ်မည်သူဖြစ်သည်ကို မြင်တွေ့လိမ့်မည်ဖြစ်ပြီး သင့်ကို စွန့်ခွာကြလိမ့်မည်။ သင်သည် ဤနည်းဖြင့် အခြားသူများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ရန် အဘယ်သို့ မျှော်မှန်းနိုင်သနည်း။ ဤအရာက အမှုကို မည်သို့ လုပ်ဆောင်ပေးနေသနည်း။ ဤနည်းအတိုင်း သင် ဆက်လက်လုပ်ဆောင်နေပါက လူတိုင်းကို ဆုံးရှုံးရလိမ့်မည်။ ထို့အပြင် မည်သည့်အမှုကို ပြီးမြောက်အောင်မြင်ရန် သင်မျှော်လင့်သနည်း။ အချို့သောခေါင်းဆောင်များသည် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မိတ်သဟာယပြုနိုင်စွမ်း မရှိကြပေ။ ထို့အစား ၎င်းတို့က အခြားသူများကို ကျိုးကြောင်းမမြင်ဘဲလျက်နှင့် ကိုင်တွယ်ဖြေရှင်းကာ အခြားသူများက ၎င်းတို့ကို ကြောက်လန့်ပြီး နာခံလာရန်အတွက် မိမိတို့၏ သြဇာအာဏာကို ကြွားလုံးထုတ်ကြသည်- ထိုကဲ့သို့သော လူတို့သည် အတုအယောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များနှင့်သာ စပ်ဆိုင်လေသည်။ မိမိတို့၏ စိတ်သဘောထား ပြောင်းလဲထားခြင်း မရှိသောသူတို့သည် အသင်းတော်အလုပ်ကို ထမ်းဆောင်နိုင်စွမ်း မရှိသည့်အပြင် ဘုရားသခင်ကို အစေမခံနိုင်ကြပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏ လက်တွေ့အရှိတရား ရှိသူများသာလျှင် ဦးဆောင်လမ်းပြနိုင်သည်” မှ

ငါ့နောက်ကွယ်တွင် လူအများအပြားသည် ရာထူးဂုဏ် အဆင့်အတန်းနှင့် သက်ဆိုင်သည့် ကောင်းချီးကို အငမ်းမရဖြစ်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲ စားသောက်ကြပြီး အိပ်စက်ခြင်းကို နှစ်ခြိုက်ပြီ၊ ဇာတိပကတိကိုလုံးဝ ဂရုစိုက်ကာ ဇာတိပကတိကို ရှောင်လွှဲ၍မရဟု အစဉ် စိုးရိမ်နေ၏။ ထိုသူတို့သည် အသင်းတော်တွင် သူတို့၏ သင့်လျော်ရာတာဝန်ကို မဆောင်ရွက်ဘဲ၊ အသင်းတော်ကို ကပ်စားကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် သြဇာအာဏာရှိသော အနေအထားမှ အခြားသူများအပေါ် ဆရာလုပ်ကာ ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ငါ့နှုတ်ကပတ်တော်များဖြင့် ဆိုဆုံးမပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေကြသည်ဟု ဆိုမြဲဆိုနေကြပြီး ၎င်းတို့သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုကြသည်- ဤသည်မှာ ရယ်ဖွယ်ပင် မဟုတ်လော။ အကယ်၍ သင့်ထံတွင် မှန်ကန်သော ရည်ရွယ်ချက်များရှိငြား၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေမခံနိုင်ပါက၊ သင်သည် မိုက်မဲနေခြင်းသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်၏ ရည်ရွယ်ချက်များသည် မမှန်ကန်ကြဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်တကား။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် သနားကြင်နာမှု မရှိလိုက်လေခြင်း။ ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်တွင် ကပ်စားကြကာ ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာတို့ကို အစဉ်တပ်မက်ကြပြီး ဘုရားသခင်၏အကျိုးများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ထိုသူတို့သည် အစဉ် မိမိကောင်းကျိုးရှာပြီး ဘုရားသခင်၏အလိုတော်ကို အလေးမပေးကြပေ။ ၎င်းတို့ ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က စိစစ်ခြင်းကို ၎င်းတို့လက်မခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အစဉ်ပင် အကွက်ဆင်ပြီး လှည့်ဖြားကြသည်။ ထို့အပြင် စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ မျက်နှာနှစ်ဘက်ရှိသောကြောင့်၊ စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားကြသည်။ ထိုသို့သောသူများသည် ဘုရားသခင်၏ ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ ကောင်းချီးများကို ရရှိရန် သင့်လျော်သလော။ သင်သည် သင်၏အသက်နှင့် အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ မယူပေ။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ရရှိရန် သင့်လျော်သလော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်စိတ်ချဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ၊ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသော တာဝန်ကို အပ်နှံဝံ့မည်လော။ ဤသည်မှာ အမှုတော်ကို နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေမည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း” မှ

အချို့သူများသည် အမှုဆောင်၍ တရားဟောကာ၊ ဘုရားသခင်၏ မိန့်မြွက်ချက်များအပေါ် အပေါ်ယံအားဖြင့် မိတ်သဟာယပြုနေကြသည့်ပုံပေါ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အနက် အဓိပ္ပာယ်များကိုသာ ဆွေးနွေးနေကြခြင်းဖြစ်ပြီး၊ ခြေခြေမြစ်မြစ် ဖြစ်သော အရာတစ်ခုမျှ ပြောဆိုခြင်း မရှိပေ။ သူတို့၏ ဒေသနာများသည် ဘာသာစကား ပြဋ္ဌာန်းစာအုပ်မှ သင်ကြားမှုများ ကဲ့သို့၊ တစ်ချက်ပြီးတစ်ချက်နှင့် တစ်ကဏ္ဍပြီးတစ်ကဏ္ဍ စီစဉ်ထားပြီး၊ ၎င်းတို့ပြီးဆုံးသွားသည့်အခါ၊ လူတိုင်းက “ဤသူသည် လက်တွေ့အရှိတရားကိုပိုင်ဆိုင်၏။ သူသည် အလွန်ကောင်းမွန်စွာနှင့် အင်မတန် အသေးစိတ်ကျကျ ဟောကြား၏” ဟုပြောလျက် ချီးကျူးထောမနာပြုကြ၏။ ထိုသို့သော လူများ ဟောကြားပြီးသောအခါ၊ အခြားသူများကို ၎င်းတို့၏ တရားဒေသနာများကို စုဆောင်ပြီး လူအယောက်တိုင်းဆီသို့ပို့ရန် ပြောဆိုကြလေသည်။ ဤအရာကို လုပ်ဆောင်ရာတွင်၊ ၎င်းတို့သည် အခြားသူများကို လှည့်စားနေပြီး ၎င်းတို့ဟောကြားသမျှသည် မှားယွင်းသော အတွေးများသာ ဖြစ်သည်အထိ ရောက်ရှိကြပြီးဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ ဟောကြားနေပြီး ၎င်းတို့၏ တရားဒေသနာများက သမ္မာတရားနှင့် ကိုက်ညီပုံရ၏။ သို့သော် သာ၍စေ့စပ်သေချာစွာ ပိုင်းခြားသိမြင်ကြည့်ပါက၊ ထိုအရာများသည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် လွဲမှားသော တွေးခေါ်မြော်မြင်မှုနှင့်အတူ လူသား၏ စိတ်ကူးစိတ်သန်းအချို့နှင့် အယူအဆများအပြင်၊ ဘုရားသခင်အား ဘောင်ခတ်ထားသည့် အရာတစ်ချို့မှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ကြောင်း သင်တို့တွေ့လိမ့်မည်။ ဤ တရားဟောကြားမှုမျိုးသည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းတစ်ရပ်နှင့် ညီမျှသည်မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်သည့် အစေခံခြင်းဖြစ်၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

အချို့လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် ပြဿနာများကို ဖြေရှင်းရန်အတွက် မဟုတ်ဘဲ အရေးပေါ်အခြေအနေများ အတွက် သို့မဟုတ် မိမိတို့ကိုယ်ကိုယ် စွန့်ပယ်ရန်နှင့် အခြားသူများကို ကူညီရန် မိမိတို့ကိုယ်ကိုယ် အချို့သော သမ္မာတရားဖြင့်သာ ပြင်ဆင်ထားကြသည်၊ ၎င်းတို့ကို “တစ်ကိုယ်ကောင်းမဆန်သောလူများ” ဟု ငါတို့ ခေါ်ကြသည်။ ၎င်းတို့သည် အခြားသူများကို သမ္မာတရား၏ ရုပ်သေးများအဖြစ် သဘောထားကြပြီး မိမိတို့ကိုယ်ကိုယ် သမ္မာတရား၏ ဆရာသခင်များအဖြစ် သဘောထားကြ၍ အခြားသူများအား သမ္မာတရားကို မြဲမြံစွာ စွဲကိုင်ကြရန်နှင့် မတုန်မလှုပ် မနေကြရန် သွန်သင်ကြသော်လည်း၊ ၎င်းတို့ကိုယ်တိုင်သည် ဘေးစည်းမှနေ၍ ပွဲကြည့်ပရိသတ်များအဖြစ် ရှိမြဲရှိကြ လေသည်။ ဤလူများသည် မည်သို့သော လူအမျိုးအစားများ ဖြစ်ကြသနည်း။ ၎င်းတို့သည် သမ္မာတရား နှုတ်ကပတ်တော်အချို့ဖြင့်သာ မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ကြပြီး၊ အခြားသူများကို ဩဝါဒပေးရန်မျှသာ ထိုနှုတ်ကပတ်တော်များကို အသုံးပြုကြသော်လည်း၊ ၎င်းတို့ကိုယ်တိုင်၏ ပျက်စီးခြင်းနှင့် ကြုံတွေ့ရခြင်းအား တားဆီးရန် မည်သည့်အရာကိုမျှ လုံးဝ လုပ်ဆောင်ခြင်းမရှိကြချေ။ သနားစဖွယ်ကောင်းလေစွ။ အကယ်၍ ၎င်းတို့၏ နှုတ်ကပတ်တော်များသည် အခြားသူများကို ကူညီနိုင်ပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အဘယ်ကြောင့် မကူညီနိုင်ကြသနည်း။ ငါတို့သည် ၎င်းတို့ကို လက်တွေ့အရှိတရား ကင်းမဲ့သော ကြောင်သူတော်များအဖြစ် အမည်တပ်သင့်သည်။ ၎င်းတို့သည် အခြားသူများကို သမ္မာတရား နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးကြပြီး အခြားသူတို့အား ထိုနှုတ်ကပတ်တော်များကို လက်တွေ့ကျင့်ဆောင်စေ ကြသော်လည်း၊ ၎င်းတို့ကိုယ်တိုင် လက်တွေ့ကျင့်ဆောင်ရန် ကြိုးပမ်းအားထုတ်ခြင်း မရှိကြချေ။ ၎င်းတို့သည် စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ ယင်းကို ၎င်းတို့ကိုယ်တိုင် သိသိသာသာ မလုပ်ဆောင်နိုင်ကြသော်လည်း၊ အခြားသူများကို သမ္မာတရား နှုတ်ကပတ်တော်များအား လက်တွေ့လုပ်ဆောင်ရန် အတင်းအကျပ်ပြုကြသည်- ဤသည်မှာ ရက်စက်သော နည်းလမ်းတစ်ခုပါတကား။ ၎င်းတို့သည် အခြားသူများကို ကူညီရန် လက်တွေ့အရှိတရားကို အသုံးပြုနေခြင်း မရှိကြပေ။ ၎င်းတို့သည် အခြားသူများကို ထောက်ပံ့ပေးရန် ချစ်ခြင်းမေတ္တာကို အသုံးပြုနေခြင်း မဟုတ်ပေ။ ၎င်းတို့သည် လူတို့ကို လိမ်လည်လှည့်ဖြားပြီး အန္တရာယ်ပြုနေကြခြင်း သက်သက် ဖြစ်သည်။ အကယ်၍ ဤအရာသည် ဆက်လက် ဖြစ်ပွားပါက၊ လူအသီးသီးသည် သမ္မာတရား နှုတ်ကပတ်တော်များကို နောက်တစ်ဦးထံ လက်ဆင့်ကမ်းခြင်းဖြင့်၊ ဤသည်မှာ အယောက်တိုင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိစဉ်တွင် သမ္မာတရား နှုတ်ကပတ်တော်များကို ပြောဆိုရုံမျှပြောဆိုခြင်းဖြင့် အဆုံးသတ်လိမ့်မည်မဟုတ်လော။ ထိုသို့သော လူများသည် အဘယ်သို့ ပြောင်းလဲနိုင်မည်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ပြဿနာများကို လုံးဝ သတိမပြုမိကြပေ။ ၎င်းတို့အတွက် အဘယ်သို့ ရှေ့ဆက်ရမည့် လမ်းကြောင်း ရှိနိုင်မည်နည်း။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ချစ်သောသူတို့သည် ရှေ့ဆက်လမ်းကြောင်းတစ်ခု ရှိကြ၏” မှ

အရှေ့သို့- ၁၁၆။ အမျိုးမျိုးသော ဆိုးယုတ်သည့် လူများကို ခွဲခြားခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၁၈။ အန္တိခရစ် မကောင်းဆိုးဝါးများကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်