၁၁၂။ အဆင်းနီသော နဂါးကြီးနှင့် စာတန်တို့ကို ခွဲခြားခြင်း အခြေခံသဘောတရားများ

(၁) စာတန်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် သက်ဆိုင်သည့် ဗိသုကာ ဆရာသခင်ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် စာတန်၏ ပြယုဂ် ဖြစ်ပြီး၊ ယင်းသည် ဆိုးယုတ်သော အင်အားစုများအားလုံး၏ အဓိက အရင်းအမြစ် ဖြစ်သည်။

(၂) အဆင်းနီသော နဂါးကြီးသည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်စေကာ သစ္စာဖောက်စေရင်း၊ ၎င်းတို့အား လှည့်ဖြားရန်၊ ထိန်းချုပ်ရန်နှင့် အကြီးအကျယ် ထိခိုက်ပျက်စီးစေရန်အလို့ငှာ မုသားများအပြင် မိစ္ဆာအယူဝါဒနှင့် အတွေးမှား မျိုးစုံကို အသုံးချလေသည်။

(၃) အဆင်းနီသော နဂါးကြီးက လုပ်ဇာတ်ခင်းသည့် အမျိုးမျိုးသော ကောလာဟလများနှင့် ဖောက်ပြန်ရေး ဝါဒီ သဘောတရားများကို ခွဲခြားနိုင်ရန် လိုအပ်ပြီး၊ ယင်း၏ ဘီလူးသရဲစီးသော အနှစ်သာရ- ဘုရားသခင်အပေါ် ခုခံကာ မုန်းတီးမှု သိုထားသည့် အနှစ်သာရတစ်ခုကို ရိပ်စားမိနိုင်ရန် လိုအပ်ပေသည်။

(၄) လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီး ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြင့် ပြည့်ကြလေသည်။ တစ်ဦးတစ်ယောက်သည် ယင်းကို စိတ်ဖြာလေ့လာကာ ခွဲခြားဖို့ သမ္မာတရားကို အသုံးပြုသင့်ပြီး မိမိတို့၏ ဆိုးယုတ်သော စိတ်သဘောထားကို စွန့်ပစ်သင့်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်သာ တစ်ဦးတစ်ယောက်သည် စာတန်ကို စွန့်လွှတ်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အဆင်းနီသော နဂါးကြီး၏ သရုပ်သကန်များမှာ ငါ့အားခုခံခြင်း၊ ငါ့နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်တို့ကို နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၊ ငါ့အား မကြာခဏ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ငါ၏စီမံခန့်ခွဲမှုအား နှောင့်ယှက်ရန်အတွက် အကြံအစည်များကို အသုံးပြုရန် ကြိုးစားခြင်းတို့ ဖြစ်ကြသည်။ စာတန်အား အောက်ပါအတိုင်း သိသာထင်ရှားစေသည်- အာဏာအတွက် ငါနှင့် အားထုတ်ယှဉ်ပြိုင်ခြင်း၊ ငါရွေးချယ်ထားသည့် လူတို့ကို ပိုင်ဆိုင်လိုခြင်းနှင့် ငါ၏လူတို့ကို လှည့်စားရန်အတွက် အပျက်သဘောဆောင်သော စကားလုံးများကို ထုတ်ပြန်ခြင်းတို့ ဖြစ်သည်။ မာရ်နတ်၏ သိသာထင်ရှားချက်များမှာ (ငါ၏ နာမကို လက်မခံသောသူများ၊ မယုံကြည်သူများ အားလုံးသည် မာရ်နတ်များ ဖြစ်ကြသည်။) အောက်ပါအတိုင်းဖြစ်သည်- ဇာတိပကတိ၏ သာယာမှုများကို အငမ်းမရလိုချင်ခြင်း၊ မကောင်းသော တပ်မက်မှုများ၌ မွေ့လျော်ခြင်း၊ စာတန်၏ ချည်နှောင်မှု၌ နေထိုင်ခြင်း၊ အချို့က ငါ့ကို အာခံခြင်းနှင့် အချို့က ငါ့ကို ပံ့ပိုးခြင်း တို့ရှိသည် (သို့သော် သူတို့သည် ငါချစ်မြတ်နိုးသော သားများဖြစ်ကြောင်း သက်သေမပြကြပေ)။ ကောင်းကင်တမန်မင်း၏ သရုပ်သကန်များမှာ အောက်ပါအတိုင်း ဖြစ်သည်- စော်ကားမော်ကား ပြောဆိုခြင်း၊ ဘုရားတရား မကြည်ညိုခြင်း၊ လူတို့ကို ဩဝါဒပေးရန် မကြာခဏ ငါ၏လေသံကို တုပခြင်း၊ အပြင်ပန်းအရ ငါအား အတုခိုးရန်ကိုသာ အာရုံစိုက်ခြင်း၊ ငါစားသည့်အရာကို စား၍ ငါသုံးသည့်အရာကို သုံးခြင်းတို့ ဖြစ်ကြသည်။ အတိုချုပ်ရသော် ငါနှင့်အဆင့်အတန်း တူရန် လိုလားပြီး ရည်မှန်းချက်ကြီးသော်လည်း၊ ငါ၏အစွမ်းအစနှင့် ငါ၏အသက်ကင်းမဲ့ကာ၊ စွန့်ပစ်ပစ္စည်း အပိုင်းအစသက်သက် ဖြစ်ခြင်းတို့ ဖြစ်ကြသည်။ စာတန်၊ မာရ်နတ်နှင့် ကောင်းကင်တမန်မင်းတို့ အားလုံးသည် အဆင်းနီသော နဂါးကြီး၏ သာဓကများ စစ်စစ်ဖြစ်ကြသောကြောင့် ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်း နှင့် ရွေးချယ်ခြင်းကို မခံရသောသူများအားလုံးသည် အဆင်းနီသော နဂါးကြီး၏ သားသမီးများ ဖြစ်ကြသည်- ဤသည်မှာ ၎င်းဖြစ်သည့်ပုံစံ တကယ်ဖြစ်သည်။ ဤအရာများအားလုံးသည် ငါ၏ရန်သူများ ဖြစ်ကြသည်။ (သို့သော်လည်း စာတန်၏ နှောင့်ယှက်ဖျက်ဆီးခြင်းများကို ဖယ်ထုတ်ထားသည်။ သင်၏ သဘာဝသည် ငါ၏ အရည်အသွေးဖြစ်လျှင် ယင်းကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုတွင် သင်တို့သည် ဇာတိပကတိ၌ အသက်ရှင်လျက် ရှိနေသေးသောကြောင့် မကြာခဏဆိုသလိုပင် စာတန်၏ ဖြားယောင်းသွေးဆောင်ခြင်းများကို ရင်ဆိုင်ရမည်- ဤသည်မှာ မလွဲမသွေဖြစ်သည်- သို့သော် သင်တို့သည် အမြဲသတိရှိရမည်။) ထို့ကြောင့် ငါသည် ငါ၏ သားဦးများမှလွဲ၍ အဆင်းနီသော နဂါးကြီး၏ သားသမီးများ အားလုံးကို စွန့်ပစ်မည်။ သူတို့၏ဗီဇသည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ၊ ယင်းသည် စာတန်၏ အရည်အသွေးဖြစ်သည်။ ယင်းသည် သူတို့ ထင်ရှားစေသည်မှာ မာရ်နတ်ဖြစ်ပြီး ယင်းသည်သူတို့ အသက်ရှင်လိုက်လျှောက်သည့် ကောင်းကင်တမန်မင်း ဖြစ်သည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။ ငါပြောသည့် အဆင်းနီသော နဂါးကြီးသည် ကြီးမားသော အနီရောင် နဂါးကြီးမဟုတ်ပေ။ ထို့ထက် ၎င်းသည် ငါ့အား ဆန့်ကျင်ပြုသော ဝိညာဉ်ဆိုးပင်ဖြစ်ပြီး “အဆင်းနီသော နဂါးကြီး” ဟူသည်မှာ ပမာပြုသုံးနှုန်းထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်မှလွဲ၍ ဝိညာဉ်များအားလုံးသည် ဝိညာဉ်ဆိုးများဖြစ်ကြပြီး အဆင်းနီးသော နဂါးကြီး၏ သားသမီးများဖြစ်သည်ဟုလည်း ဆိုနိုင်လေသည်။ ဤအရာအားလုံးမှာ လူတိုင်းအတွက် ရှင်းလင်းပြတ်သားသင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

နှစ်ထောင်ပေါင်း အချို့ လွှမ်းခြုံသည့် ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်းနှင့်ဆိုင်သော အသိပညာသည် လူသား၏အတွေးအခေါ်၊ အယူအဆများနှင့် သူ၏ စိတ်ပိုင်းဆိုင်ရာ အမြင်တို့ကို အလွန်တင်းကျပ်စွာ ပိတ်ထားခဲ့သည်မှာ သြဇာမသက်ရောက်နိုင်သော အရာနှင့် မပျက်စီးနိုင်သောအရာ ဖြစ်စေဖို့ ဖြစ်သည်။ လူတို့သည် ဘယ်သောအခါမျှ အလင်း မမြင်နိုင်သည့် မြေအောက် အကျဉ်းတိုက်များထဲသို့ ဘုရားသခင်၏ နှင်ထုတ်ခြင်းကို ခံကြရပြီးဖြစ်သည့်အလားပင်၊ ငရဲ၏ ဆယ့်ရှစ်ခုမြောက် သံသရာထဲ၌ အသက်ရှင်ကြလေသည်။ ကံကျွေးချစနစ်ဆိုင်ရာ အတွေးအခေါ်သည် လူတို့ကို ဖိနှိပ်ထားလွန်းသည်မှာ ၎င်းတို့သည် အသက်ရှူနိုင်ရုံမျှဖြစ်ပြီး မွန်းကျပ်လျက်ရှိကြပေသည်။ ၎င်းတို့သည် ခုခံရန် ခွန်အား စိုးစဉ်းမျှပင် မရှိကြချေ။ ၎င်းတို့ လုပ်ဆောင်သမျှမှာ တိတ်ဆိတ်စွာ ခံရပ်ပြီးရင်း ခံရပ်ဖို့သာ ဖြစ်သည်။...မည်သူမျှ ဖြောင့်မတ်ခြင်းနှင့် တရားမျှတမှု အတွက် ရုန်းကန်ရန် သို့မဟုတ် ရပ်တည်ရန် လုံးဝမဝံ့ရဲကြချေ။ လူတို့သည် ကံကျွေးချစနစ်ဆိုင်ရာ ကျင့်ဝတ်များ၏ ထိုးနှက်မှုများနှင့် မတရားဖိနှိပ်မှုအောက်၌ တိရစ္ဆာန်တစ်ကောင်ထက် ဆိုးရွားသော အသက်တာကို တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ရှင်သန်ကာမျှ ရှင်သန်ကြလေသည်။ ၎င်းတို့သည် လူ့လောကထဲတွင် ပျော်ရွှင်မှုကို ခံစားရန် ဘုရားသခင်ကို ရှာဖွေဖို့ မည်သည့်အခါမှ မတွေးတောဖူးကြပေ။ ယင်းမှာ လူတို့သည် ညှိုးနွမ်းခြောက်သွေ့သော ဝါညိုညို ဆောင်းဦးရွက်ကြွေများကဲ့သို့ ဖြစ်သည်အထိ ရိုက်ချခံကြရပြီး ဖြစ်သည်။ လူတို့သည် အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့၏ မှတ်ဉာဏ်ကို ဆုံးရှုံးခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့သည် လူ့လောကဟု ခေါ်ဆိုသော ငရဲနှင့်အတူ ပျက်စီးဆုံးရှုံးနိုင်ကြဖို့အလို့ငှာ နောက်ဆုံးသော နေ့ရက် ရောက်ရှိလာခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့ တောင့်တသည့် နောက်ဆုံးသော နေ့ရက်သည် အေးအေးလူလူရှိသော ငြိမ်သက်ခြင်းကို လူသား မွေ့လျော်မည့် နေ့ရက်ဖြစ်သည့်အလား ဤငရဲတွင် ခိုကိုးရာမဲ့စွာ အသက်ရှင်ကြလေသည်။ ကံကျွေးချ စနစ်ဆိုင်ရာ ကျင့်ဝတ်များသည် လူသား၏ ခုခံရန် အစွမ်းတန်ခိုးကို သာ၍အားနည်းစေရင်း လူသား၏အသက်တာကို “မရဏနိုင်ငံ” ထဲသို့ ယူဆောင်သွားပြီဖြစ်သည်။ ဖိနှိပ်မှု မျိုးစုံတို့သည် လူသားကို ဘုရားသခင်ထံမှ ဝေးသထက်ဝေးသွားစေလျက်၊ မရဏထဲသို့ သာ၍နက်ရှိုင်းစွာ တစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းဖို့ တွန်းလေသည်၊ ယနေ့ထိတိုင် ၎င်းသည် ဘုရားသခင်အဖို့ သူစိမ်းလုံးလုံးပင် ဖြစ်သွားပြီးဖြစ်ကာ ၎င်းတို့ဆုံတွေ့ကြသောအခါ သူ့ကို အလျင်အမြန် ရှောင်ရှားလေသည်။ လူသားသည် ဘုရားသခင်ကို မည်သည့် အခါတွင်မျှ မသိဖူးသကဲ့သို့၊ သူ့ကို ယခင်က မမြင်ဖူးသည့်အလား သူ့ကို အရေးမစိုက်ဘဲ တစ်ဖက်တွင် တစ်ကိုယ်တည်း ရပ်နေစေရစ်လေသည်။ သို့တိုင် ဘုရားသခင်သည် သူ၏ မချုပ်တည်းနိုင်သော အမျက်ဒေါသကို လူသားအပေါ် မည်သည့် အခါတွင်မျှ မကျရောက်စေဘဲလျက်၊ တိတ်ဆိတ်စွာ စောင့်ဆိုင်းရုံမျှ စောင့်ဆိုင်းရင်း၊ စကားတစ်ခွန်း မဟဘဲ၊ လူသားအနေဖြင့် နောင်တရရန်နှင့် အသစ်တဖန် စတင်ရန် လူ့အသက်တာ၏ ရှည်လျားသော ခရီးလမ်းတစ်လျှောက်လုံးတွင် ဘုရားသခင်သည် လူသားကို စောင်းဆိုင်းလျက်ရှိနေပြီးဖြစ်သည်။ ဘုရားသခင်သည် လူ့လောက၏ ဆင်းရဲဒုက္ခများကို လူသားနှင့်အတူ မျှဝေခံစားဖို့ လူ့လောကထဲသို့ အချိန်ကြာမြင့်စွာက ကြွလာခဲ့ပေသည်။ လူသားနှင့်အတူ အသက်ရှင်ပြီးဖြစ်သော နှစ်ကာလများအားလုံးတွင်၊ သူ၏ တည်ရှိခြင်းကို မည်သူမျှ ရှာဖွေတွေ့ရှိခြင်း မရှိလေပြီ။ ဘုရားသခင်သည် သူကိုယ်တိုင် ယူဆောင်လာသည့် အမှုကို ဆောင်ရွက်နေစဉ်တွင်၊ လူ့လောကထဲရှိ ယုတ်ညံ့ခြင်း၏ ဝေဒနာကို တိတ်တဆိတ် သည်းခံ၍သာ နေလေသည်။ သူသည် ယခင်က လူသား လုံးဝမကြုံတွေ့ဖူးသည့် ဆင်းရဲဒုက္ခများကို ကြုံရရင်း၊ ခမည်းတော် ဘုရားသခင်၏ အလိုနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက် ဆက်လက်သည်းခံလေသည်။ လူသား၏ရှေ့မှောက်တွင် ဘုရားသခင်သည် လူသားကို တိတ်ဆိတ်စွာ စောင့်ဆိုင်းခဲ့ကာ လူသား၏ ရှေ့မှောက်တွင် သူသည် ခမည်းတော် ဘုရားသခင်၏ အလိုအတွက်နှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက်လည်း မိမိကိုယ်ကိုယ် နှိမ့်ချခဲ့သည်။ ရှေးဟောင်းယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အသိပညာသည် လူသားကို ဘုရားသခင်၏ မျက်မှောက်မှ ခိုးကြောင်ခိုးဝှက် ခိုးယူသွားပြီးဖြစ်ကာ သူ့ကို နတ်ဆိုးတို့၏ ရှင်ဘုရင်နှင့် ၎င်း၏ သားများထံ လွှဲအပ်လိုက်ပြီး ဖြစ်သည်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းက တို့သည် လူသား၏ အတွေးအခေါ်နှင့် အယူအဆတို့ကို အခြားသော ပုန်ကန်ခြင်းခေတ်ထဲသို့ ဆောင်ယူသွားပြီးဖြစ်ကာ၊ ထိုစာအုပ်၊ ဂန္တဝင်မှတ်တမ်းတို့ကို ပြုစုခဲ့ကြသူများကို ယခင်ထက် တိုး၍ လွန်လွန်ကဲကဲ မြှောက်စားမှု ပေးစေရင်းနှင့် အကျိုးဆက်အနေဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အယူအဆများကို တိုး၍ ပိုမိုဆိုးရွားစေလေသည်။ လူသားက မသိဘဲနှင့်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် ဘုရားသခင်ကို လူသား၏ စိတ်နှလုံးမှ သနားကြင်နာမဲ့စွာ မောင်းထုတ်ပြီး၊ ထို့နောက် ယင်းကို ၎င်းကိုယ်တိုင် အားရဝမ်းသာဖြင့် သိမ်းပိုက်လေသည်။ ထိုအချိန်ကတည်းက၊ လူသားသည် နတ်ဆိုးတို့ ရှင်ဘုရင်၏ အကျည်းတန်ကာ ဆိုးယုတ်သော ဝိညာဉ်နှင့် မျက်နှာကို ပိုင်ဆိုင်လာခဲ့၏။ ဘုရားသခင်ကို မုန်းတီးခြင်းသည် ၎င်း၏ ရင်တွင်ပြည့်ကာ၊ လူသား လုံးဝ ဝါးမျိုခံခဲ့ရသည်အထိ နတ်ဆိုးများ၏ ရှင်ဘုရင်၏ မလိုတမာစိတ်သည် လူသားအတွင်းတွင် တစ်နေ့ပြီးတစ်နေ့ ပျံ့နှံ့လေသည်။ လူသားသည် လွတ်လပ်မှု အနည်းငယ်မျှ မရှိတော့သကဲ့သို့၊ နတ်ဆိုးတို့၏ ရှင်ဘုရင်၏ ထောင်ချောက်မှ လွတ်မြောက်ရန် နည်းလမ်း လုံးဝ မရှိခဲ့ပေ။ လူသားသည် ထိုနေရာတွင်ပင် အဖမ်းခံရပြီး၊ ၎င်း၏ မျက်မှောက်တွင် အညံ့ခံကာ ပြိုလဲကျရုံမှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။ ကြာမြင့်စွာသောအချိန်က၊ လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ကနဦးအဆင့်တွင် ရှိဆဲဖြစ်ခဲ့ချိန်တွင်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် လူသားကို “သိပ္ပံနှင့် နည်းပညာကို သင်ယူပါ။ ခေတ်နှင့်အမီလိုက်ခြင်း လေးချက်ကို နားလည်ပါ။ ပြီးလျှင် လောက၌ ဘုရားသခင်ဟူသည် မရှိ” ဟူသကဲ့သို့သော ယုတ္တိအမှားများကို သွန်သင်ရင်း၊ ယင်းအထဲ၌ ဘုရားမဲ့ဝါဒီနှင့်ဆိုင်သည့် အကျိတ်၏ အစေ့ကို စိုက်ပျိုးခဲ့သည်။ ထိုမျှသာမက၊ ၎င်းသည် မိမိတို့၏ နိုင်ငံအဖို့ သစ္စာရှိသည့် အမှုထမ်းခြင်းကို ပေးဖို့ရန် ကလေးဘဝမှ ပြင်ဆင်ထားဖို့ အယောက်စီတိုင်းကို တောင်းဆိုရင်း၊ “လှပသော ဇာတိမြေကို တည်ဆောက်ဖို့ ကျွန်ုပ်တို့၏ ဝီရိယရှိသော အားထုတ်မှုကို အမှီပြုကြစို့” ဟု အခွင့်အခါသင့်တိုင်း အော်ဟစ်လေသည်။ ဂုဏ်ပြုလေးစားမှုအားလုံးကို (ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို သူ၏ လက်၌ ထိန်းသိမ်းထားခြင်းအတွက် ဘုရားသခင်နှင့်သက်ဆိုင်သော ဂုဏ်ပြုလေးစားမှုကို) မဆိုင်းမတွ ပိုင်စိုးပိုင်နင်း မိမိကိုယ်ကိုယ် ပေးသည့်နေရာဖြစ်သည့် ၎င်း၏ မျက်မှောက်သို့ လူသားသည် မရည်ရွယ်ပါဘဲနှင့် ခေါ်ဆောင်လာခြင်း ခံခဲ့ရလေသည်။ ၎င်းသည် မည်သည့်အခါတွင်မျှ ရှက်စိတ် တစ်ခုတစ်လေ မရှိခဲ့ပေ။ ထို့အပြင်၊ ၎င်းသည် ဘုရားသခင်၏လူတို့ကို အရှက်မရှိ ဖမ်းဆီးကာ၊ စားပွဲပေါ်သို့ ကြွက်တစ်ကောင်ကဲ့သို့ ခုန်တက်ကာ လူသားအား ၎င်းကို ဘုရားသခင်ကဲ့သို့ ကိုးကွယ်စေသည့် နေရာဖြစ်သော ၎င်း၏အိမ်ထဲသို့ ပြန်လည် တရွတ်တိုက် ဆွဲခေါ်လေသည်။ ထင်ရာစိုင်းသူတစ်ဦး ပါတကား။ ၎င်းသည် “လောကကြီး၌ ဘုရားသခင် ဟူသည် မရှိ။ လေသည် သဘာဝနိယာမများအရ အသွင်ပြောင်းလဲခြင်းများမှ လာသည်။ မိုးရေဆိုသည်မှာ ရေငွေ့က အေးသောအပူချိန်များနှင့် ဆုံတွေ့လျက်၊ ကမ္ဘာမြေပေါ်သို့ ကျသည့် မိုးစက်များအဖြစ်သို့ ငွေ့ရည်ဖွဲ့သည့်အခါ ဖြစ်လာသည်။ မြေငလျင်ဆိုသည်မှာ ဘူမိဗေဒဆိုင်ရာ ပြောင်းလဲခြင်းများကြောင့် ကမ္ဘာ့မျက်နှာပြင် တုန်ခါခြင်း ဖြစ်သည်၊ မိုးခေါင်ခြင်းဆိုသည်မှာ နေမင်း၏ မျက်နှာပြင်ပေါ်က အဏုမြူ ဒြပ်မှုန်များ ပြိုကွဲပျက်စီးမှုအားဖြင့် ဖြစ်ပေါ်လာသော လေထုထဲရှိ ခြောက်သွေ့မှုကြောင့် ဖြစ်သည်။ ဤအရာများသည် သဘာဝ ဖြစ်စဉ်များ ဖြစ်သည်။ ဤအရာအားလုံးတွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက် အဘယ်မှာ ရှိပါသနည်း” ဟူသကဲ့သို့သော မတော်တရော် တုန်လှုပ်ဖွယ် အရာများကို ဟစ်ကြော်လေသည်။ ၎င်းသည် အောက်ပါ ထွက်ဆိုချက်များကဲ့သို့သော မဖွင့်ဟသင့်သည့် ထွက်ဆိုချက်များကို ကြွေးကြော်သောသူများပင် ရှိလေသည်- “လူသားမှာ ရှေးအတိတ်ကာလက မျောက်ဝံများမှ ဆင်းသက်လာပြီး၊ ယနေ့ လောကကြီးသည် ခန့်မှန်းခြေအားဖြင့် လွန်ခဲ့သော ကပ်ကမ္ဘာမှ စတင်သည့် ရှေးကျသော လူ့အဖွဲ့အစည်းများ တစ်ခုပြီးတစ်ခုမှ လာသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားခြင်း သို့မဟုတ် ကျရှုံးခြင်းသည် ထိုနိုင်ငံ၏ ပြည်သူများ လက်ထဲတွင် လုံးဝ မူတည်သည်” ဟူ၍ ဖြစ်သည်။ နောက်ခံအကြောင်းအရာတွင်၊ ၎င်းသည် လူသားကို ၎င်းအား ဂါရဝပြုစေဖို့ ယင်းကို နံရံပေါ်၌ ချိတ်ဆွဲစေသည် သို့မဟုတ် စားပွဲပေါ် တင်စေလေသည်။ ၎င်းက “ဘုရားသခင် မရှိ” ဟု ဟစ်အော်သည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏နေရာတွင် ရပ်တည်ပြီး နတ်ဆိုးတို့၏ ရှင်ဘုရင် အခန်းကဏ္ဍကို ခံယူလျက် ဘုရားသခင်ကို ကမ္ဘာ၏ အကန့်အသတ် အတိုင်းအတာ ပြင်ပသို့ ရုတ်တရက် ကြမ်းတမ်းစွာ တွန်းထုတ်ခြင်းဖြင့်၊ ၎င်းသည် မိမိကိုယ်ကိုယ် ဘုရားသခင်အဖြစ် သတ်မှတ်လေသည်။ ကျိုးကြောင်း လုံးဝ ကင်းမဲ့လှပေတကား။ ၎င်းသည် လူတစ်ယောက်ကို မခံမရပ်နိုင်အောင် ၎င်းအား တကယ်ကို မုန်းတီးစေသည်။ ဘုရားသခင်နှင့် ၎င်းတို့သည် မပြေနိုင်သော ရန်သူများဖြစ်ပုံရပြီး နှစ်ဦး အတူတကွ မတည်ရှိနိုင်ပေ။ ၎င်းသည် ပညတ်တရား လက်လှမ်းမမီသည့်ပြင်ပတွင် လွတ်လွတ်လပ်လပ် သွားလာစဉ်တွင် ၎င်းသည် ဘုရားသခင်ကို မောင်းထုတ်ရန် ကျိတ်ကြံလေသည်။ ၎င်းမှာ နတ်ဆိုးတို့၏ ရှင်ဘုရင် ဖြစ်လိုက်လေသည်တကား။ ၎င်း၏ တည်ရှိမှုကို အဘယ်သို့ သည်းခံ၍ရနိုင်မည်နည်း။ ၎င်းသည် ဘုရားသခင်၏ အမှုကို ကမောက်ကမဖြစ်စေပြီး လုံးလုံး ဖရိုဖရဲ ဖြစ်ကျန်ရစ်စေသည်အထိ အနားယူမည်မဟုတ်သည်မှာ ၎င်းသည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သာ၍ပင် အင်တိုက်အားတိုက် ချဉ်းကပ်လျက်၊ ငါးသေလျှင်သေ သို့မဟုတ် ကွန်ပျက်လျှင်ပျက်ဆိုသည်အထိ ဘုရားသခင်ကို အကြိတ်အနယ် နောက်ဆုံးပွဲသိမ်းသည်အထိ ဆန့်ကျင်လိုသည့်အလား ဖြစ်သည်။ ၎င်း၏ အကျည်းတန်သော မျက်နှာသည် ကြာမြင့်စွာကတည်းက လုံးလုံးလျားလျား ဖော်ထုတ်ခြင်းခံခဲ့ရပြီး ယခုတွင်မူ ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး ဆိုးဆိုးရွားရွား အခြေအနေတွင် ရှိသော်လည်း၊ ၎င်းသည် ဘုရားသခင်ကို တစ်လုတ်စာ ဝါးမျိုခြင်းဖြင့်သာ မိမိ၏ စိတ်နှလုံးထဲတွင် လှောင်ထားသော အမုန်းကို သက်သာရာ ရစေနိုင်မည့်အလား၊ ဘုရားသခင်အပေါ် မိမိ၏ မုန်းတီးခြင်းကို လျှော့မည်မဟုတ်ပေ။ ဘုရားသခင်၏ ဤရန်သူကို ငါတို့သည် မည်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အမြစ်ဖြတ် ချေမှုန်းခံရခြင်းနှင့် လုံးလုံးလျားလျား သုတ်သင်ခံရခြင်းသည်သာ ငါတို့အသက်တာ၏ အလိုဆန္ဒကို ​အောင်မြင်ခြင်းသို့ ရောက်ရှိစေလိမ့်မည်ဖြစ်သည်။ ၎င်းကို ဆက်လက် ပြေးလွှားသောင်းကျန်းခွင့် အဘယ်သို့ ပေးနိုင်ရမည်နည်း။ ယင်းသည် လူသားကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်မှာ လူသားသည် ကောင်းကင်နေမင်းကို မသိသည့်အတိုင်းအတာ အထိဖြစ်ပြီး၊ ထုံထိုင်းကာ ခံစားချက်ကင်းမဲ့လာပြီဖြစ်သည်။ လူသားသည် ပုံမှန် လူသား ဆင်ခြင်တုံတရား ဆုံးရှုံးပြီဖြစ်သည်။ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုအားလုံးကို ဖယ်ထုတ်ဖို့နှင့် ဘုရားသခင်၏ အမှုကို မကြုံစဖူးသော ခံညားထည်ဝါမှုသို့ ‌အဆောတလျင် ရောက်ရှိစေခွင့်ပြုရန်၊ ၎င်းကို ဖျက်ဆီးဖို့နှင့် ၎င်းကို မီးရှို့ပစ်လိုက်ဖို့ ငါတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို အဘယ်ကြောင့် ငါတို့ မဆက်ကပ်ကြသနည်း။ ဤလူယုတ်မာ အုပ်စုသည် လူ့လောကထဲသို့ လာကြပြီး ယင်းကို ဝရုန်းသုန်းကားအခြေအနေသို့ အခြေဆိုက်စေပြီဖြစ်သည်။ ၎င်းတို့သည် လူသားတို့၏ အလောင်းကောင်များကို ဝါးမျိုနိုင်ဖို့အလို့ငှာ လူသားတို့ကို အစိတ်စိတ် အမွှာမွှာ ရိုက်ခတ်ခံရစေဖို့ တွန်းချရန် တိတ်တဆိတ် စီစဉ်ရင်း၊ လူသားမျိုးနွယ်အားလုံးကို ချောက်ကမ်းပါး အစွန်းသို့ ခေါ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် အန်စာတစ်ချက်ပစ်ကာ အရာရာကို လောင်းကြေးထပ်ရင်း ဘုရားသခင်၏ အစီအစဉ်ကို ဖြိုခွဲရန်နှင့် ဘုရားသခင်နှင့် ယှဉ်ပြိုင်မှုထဲသို့ ဝင်ရောက်ရန် အချည်းနှီး မျှော်လင့်လေသည်။ ဤသည်မှာ လုံးဝလွယ်ကူသည် မဟုတ်ချေ။ အဆုံးတွင်တော့၊ အယုတ်မာဆုံးသော ပြစ်မှုများအဖို့ အပြစ်ရှိသော နတ်ဆိုးတို့၏ ရှင်ဘုရင်အတွက် ကားတိုင်သည် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်နှင့် မသက်ဆိုင်ပေ။ သူသည် ထိုကားတိုင်ကို မာရ်နတ်အတွက် ဘေးသို့ ပစ်လိုက်နှင့်ပြီး ဖြစ်သည်။ ဘုရားသခင်သည် ယခုမတိုင်မီ ယခင်ကြာမြင့်စွာ ကတည်းက အောင်နိုင်လျက် ထွက်ပေါ်ပြီးဖြစ်ကာ လူသားမျိုးနွယ်၏ အပြစ်များအပေါ် ပူဆွေးခြင်းကို မခံစားရတော့ဘဲ၊ လူသားမျိုးနွယ် အားလုံးထံ ကယ်တင်ခြင်းကို ဆောင်ယူလာမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ အဆုံးအထိ စာတန်သည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်နေခဲ့ပြီးဖြစ်ကာ သူ့ကို ဆန့်ကျင်လျက် ပြုမူနေခဲ့ပြီး ဖြစ်သည်။ “ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်” နှင့် ပတ်သက်သည့် ဤပြောဆိုဆွေးနွေးခြင်း၊ အဖိုးထိုက်တန်သော “ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာ”၊ “တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ သွန်သင်မှုများ”နှင့် “ကွန်ဖြူးရှပ်ဝါဒ၏ ဂန္တဝင် ကျမ်းများနှင့် ကံကျွေးချစနစ်ဆန်သော ထုံးတမ်းများ” အားလုံးသည် လူသားကို ငရဲထဲသို့ ခေါ်ဆောင်သွားပြီးဖြစ်သည်။ မျက်မှောက်ခေတ် အဆင့်မြင့် သိပ္ပံပညာနှင့် နည်းပညာတို့အပြင် အလွန်တိုးတက်သော စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စီးပွားရေးတို့ကို မည်သည့် နေရာမှာတွင်မျှ မတွေ့မြင်ရပေ။ ယင်းထက်၊ ၎င်း လုပ်ဆောင်သမျှမှာ ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်ရန်၊ ဆန့်ကျင်ရန်နှင့် ဖြိုဖျက်ရန်အလို့ငှာ ရှေးကာလ၏ “မျောက်ဝံများ” အားဖြင့် ဖြန့်ခဲ့သည့် ကံကျွေးချစနစ်ဆိုင်ရာ ထုံးတမ်းများကို အလေးပေးရန် ဖြစ်သည်။ ၎င်းသည် လူသားကို ယနေ့ထိတိုင် ဆက်လက် ဒုက္ခပေးသည်သာမက၊ လူသားကို အကောင်လိုက်ဝါးမျို၆ ရန်ပင် ဆန္ဒရှိလေသည်။ ကံကျွေးချစနစ်နှင့်ဆိုင်သည့် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ သွန်သင်မှုများကို တစ်ဆင့်ပေးခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာကို လက်ဆင့်ကမ်းခြင်းတို့သည် လူသားကို နတ်ဆိုး အကြီး အသေးများအဖြစ်သို့ ပြောင်းလဲစေလျက်၊ လူသားမျိုးနွယ်ကို ကူးစက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံသောသူ နည်းပါးပေသည်၊ ဘုရားသခင်၏ ကြွလာခြင်းကို အထူးအားရ ရွှင်လန်းစွာ ကြိုဆိုကြမည့်သူ နည်းပါးပေသည်။ လူသားမျိုးနွယ်၏ မျက်နှာသည် လူသတ်မည့်အကြံနှင့် ပြည့်နေပြီး နေရာတိုင်းတွင်၊ သတ်ဖြတ်လိုသည့် အငွေ့အသက်က လေထုထဲတွင် ပျံ့နှံ့နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤနယ်မြေမှ နှင်ထုတ်ရန် ကြိုးစားကြသည်၊ လက်ထဲတွင် ဓားများ၊ ဓါးရှည်များဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို “အမြစ်ဖြတ်ချေမှုန်း” ရန် စစ်ပွဲအခင်းအကျင်းဖြင့် မိမိတို့ကိုယ်ကိုယ် စီမံကြလေသည်။ ဘုရားသခင်မရှိဟု လူသားသည် စဉ်ဆက်မပြတ် သွန်သင်ခြင်းခံရသည့်နေရာ၊ ရုပ်တုဆင်းတုများ ပျံ့နှံ့သည့်နေရာဖြစ်သည့် ဤနတ်ဆိုး၏ နယ်မြေအနှံ့ရှိ အားလုံးနှင့် အပေါ်လေထုသည် မီးလောင်နေသော စာရွက်များနှင့် အမွှေးနံ့သာတို့၏ ညှီစို့စို့အနံ့ဖြင့် စိမ့်ဝင်ပျံ့နှံ့နေပြီး ထိုအနံ့မှာ အသက်ရှုရကျပ်စေသည်အထိ အလွန်ပင်ထူထပ်ပေသည်။ ယင်းမှာ အဆိပ်ရှိသော မြွေ၏ ထွန့်ထွန့်လူးခြင်းဖြင့် လေနှင့်ပါလာသည့် အနည်အနှစ်တို့၏ အနံ့ဆိုးကဲ့သို့ဖြစ်သည်မှာ မပျို့အန်ဘဲ မနေနိုင်သည်အထိ ဖြစ်သည်။ ဤအရာအပြင်၊ ဝေးကွာလှသော ငရဲမှ လာသည်ဟု ထင်ရသော အသံတစ်ခုဖြစ်သည့်၊ ကျမ်းစာများကို သံပြိုင်ရွတ်ဆိုနေကြသည့် ဆိုးယုတ်သော မကောင်းဆိုးဝါးများ၏ အသံကို ယဲ့ယဲ့ကြားရသည်မှာ ကျောမချမ်းဘဲမနေနိုင်သည်အထိ ဖြစ်သည်။ နယ်မြေကို ကာမဂုဏ်အာရုံ သာယာကြည်နူးမှု လောကကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေလျက်၊ ဤနယ်မြေထဲက နေရာတိုင်းတွင် သက်တံရောင်စုံရှိသည့် ရုပ်တုဆင်းတုများ ထားရှိသော်လည်း၊ နတ်ဆိုးများ၏ ရှင်ဘုရင်သည် ၎င်း၏ ယုတ်မာသော အကြံအစည် အောင်မြင်သွားသည့်အလား ကောက်ကျစ်စဉ်းလဲစွာ ရယ်မောပြီးရင်း ရယ်မောနေပေသည်။ ထိုအချိန်အတောအတွင်းတွင်၊ လူသားသည် လုံးဝ သတိမမူမိသကဲ့သို့၊ အသိမဲ့လာပြီး ရှုံးနှိမ့်မှုဖြင့် သူ၏ဦးခေါင်း ငိုက်စိုက်ကျသည့် အခြေအနေအထိ နတ်ဆိုးက သူ့ကို ဖျက်ဆီးနှင့်ပြီးဖြစ်သည်ကို သူသည် မည်သည့် အရိပ်အမြွက်မျှ မသိပေ။ ၎င်းသည် ဘုရားသခင်နှင့်ပတ်သက်သည့် အရာတိုင်းကို တစ်ချက်တည်းနှင့် ရှင်းလင်းဖယ်ရှားရန်နှင့် ဘုရားသခင်ကို နောက်တစ်ဖန် ဖျက်ဆီးရမ်းကားပြီး လုပ်ကြံသတ်ဖြတ်ရန် ဆန္ဒရှိလေသည်။ ၎င်းသည် ဘုရားသခင်၏အမှုကို ဖြိုဖျက်ရန်နှင့် နှောင့်ယှက်ရန် ကြံစည်လေသည်။ ၎င်းသည် ဘုရားသခင်ကို တန်းတူအဆင့်အတန်း ဖြစ်ရန် အဘယ်သို့အခွင့်ပြုနိုင်မည်နည်း။ ကမ္ဘာမြေပေါ်တွင် လူတို့အကြား ၎င်း၏အလုပ်ကို ဘုရားသခင် “ဝင်ရောက်စွက်ဖက်ခြင်း” ကို ၎င်းသည် အဘယ်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အကျည်းတန်သော မျက်နှာကို ဖော်ထုတ်ရန် ဘုရားသခင်အား အဘယ်သို့နှင့် ခွင့်ပြုနိုင်မည်နည်း။ ၎င်း၏ အလုပ်ကို ဘုရားသခင်က ကစဉ့်ကလျားဖြစ်စေရန် ၎င်းသည် အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ဒေါသဖြင့် ယမ်းပုံမီးကျဖြစ်နေသော ဤနတ်ဆိုးသည် ကမ္ဘာမြေပေါ်ရှိ ၎င်း၏ အင်ပါယာနန်းတော်အပေါ် ဘုရားသခင်အား ထိန်းချုပ်ခွင့် အဘယ်သို့ ပေးနိုင်မည်နည်း။ ၎င်းထက် သာလွန်သော ကိုယ်တော်၏အင်အားကို ၎င်းသည် ဘယ်သို့ လိုလိုလားလား ဦးညွှတ်နိုင်မည်နည်း။ ၎င်း၏ အကျည်းတန်းသော မျက်နှာသည် အဖြစ်ကိုအဖြစ်အတိုင်း ဖော်ထုတ်ခံရပြီးဖြစ်သည်၊ သို့ဖြစ်၍ လူတစ်ဦးအနေဖြင့် ရယ်ရမည်၊ ငိုရမည်ဆိုသည်ကို မသိသကဲ့သို့ ယင်းသည် ပြောဆိုဖို့ရန် အမှန်တကယ် ခက်ခဲလေသည်။ ဤသည်မှာ ၎င်း၏ အနှစ်သာရဖြစ်သည် မဟုတ်လော။ အကျည်းတန်သော ဝိညာဉ်ဖြင့်၊ ၎င်းသည် မယုံနိုင်လောက်အောင်ပင် လှပသည်ဟု ၎င်းက ယုံကြည်ဆဲဖြစ်သည်။ ပြစ်မှုထဲက ဤကြံရာပါ အုပ်စု။ ကမ္ဘာလောကသည် ပြောင်းလဲလွယ်ပြီး မတည်တံ့သော နေရာဖြစ်လာကာ၊ လူသား၏ နှလုံးသားသည် ကြောက်လန့်မှုနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်သည်အထိ ၎င်းတို့သည် အမှုအရာများကို အလွန် မွှေနှောက်ကြလျက်၊ ၎င်းတို့သည် အပျော်အပါး၌ မွေ့လျော်ရန်နှင့် ရုတ်ရုတ်သဲသဲဖြစ်စေဖို့၊ သေမျိုးဖြစ်သော နယ်ပယ်ထဲသို့ ဆင်းသက်လာကာ၊ ၎င်းတို့သည် လူသားကို အလွန်ကစားခဲ့ကြသည်မှာ လူသား၏ သွင်ပြင်သည် အလွန့်အလွန် အကျည်းတန်လျက် စိုက်ကွင်း၏ လူမဆန်သော သားရဲတစ်ကောင်၏ သွင်ပြင်ဖြစ်လာပြီးဖြစ်ကာ၊ ယင်းမှ မူလက သန့်ရှင်းသောလူ၏ နောက်ဆုံး အရိပ်အယောင်သည် ပျောက်ဆုံးသွားပြီးဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် အချုပ်အခြာအာဏာကို သိမ်းပိုက်ရန်ပင် ဆန္ဒရှိကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို အလွန် ပိတ်ဆို့ကြသည်မှာ အရှေ့သို့ နည်းနည်းမျှ တိုးရန် အနိုင်နိုင်ဖြစ်ပြီး၊ ၎င်းတို့သည် လူသားကို ကြေးနီနှင့် သံမဏိတံတိုင်းများတမျှ တင်းကျပ်စွာ ပိတ်ထား၏။ များစွာသော ဆိုးရွားသည့် အပြစ်များကို ကျူးလွန်ပြီး များစွာသော ကပ်ဘေးဒုက္ခများ ဖြစ်စေပြီးနောက်၊ ၎င်းတို့သည် ပြစ်တင်ဆုံးမခြင်းမှလွဲ၍ အခြားတစ်စုံတစ်ရာကို မျှော်လင့်နေကြသေး သလော။ မကောင်းဆိုးဝါးများနှင့် ဆိုးယုတ်သော ဝိညာဉ်များသည် ကမ္ဘာမြေပေါ်၌ အချိန်ကာလတစ်ခုကြာအောင် ဒေါသတကြီး လျှောက်ရမ်းနေခဲ့ပြီး ဘုရားသခင်၏အလိုနှင့် အပင်ပန်းခံ အားထုတ်မှုတို့ကို ပိတ်ပင်ထားခဲ့သည်မှာ ၎င်းတို့သည် ထွင်းဖောက် မရနိုင်ပေ။ အမှန်ပင်၊ ဤသည်မှာ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့ မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့ အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ဆိုးရွားစွာ တားဆီးပြီး ဆန့်ကျင်ခဲ့ကြသည်။ ပုန်ကန်လိုက်လေတကား။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူ့အဖွဲ့အစည်းထဲ၌ ဆယ်စုနှစ်ချီ၍ တက်ကြွလှုပ်ရှားလာပြီးဖြစ်သာ လူတစ်ဦးအား- “သင့်အနေဖြင့် လောကကြီးထဲ၌ ကြာမြင့်စွာ အသက်ရှင်လာခဲ့ပြီး များစွာ စွမ်းဆောင်ရရှိပြီးသည်ကို ထောက်ဆလျှင်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများ အဘယ်နည်း။” ဟူ၍ မေးသည်ဟု စိတ်ကူးကြည့်လော့။ “‘အရာရှိများသည် တံစိုးလက်ဆောင်ပေးသူများကို မရိုက်ပုတ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။’ ဟူသည်မှာ အရေးအကြီးဆုံးတစ်ခုပင် ဖြစ်သည်” ဟု သူပြောကောင်း ပြောလိမ့်မည်။ ဤစကားများသည် ထိုလူ၏သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့်နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝဗီဇ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ခြင်းသည် သူ့ကိုအသက်ပေးသောအရာ ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

လူသား၏ အသိပညာဟုဆိုသည့် အရာတွင်၊ စာတန်သည် ၎င်း၏ အသက်ရှင်မှုအတွက် အတွေးအခေါ်နှင့် ၎င်း၏ အတွေးကို အနည်းငယ် စိမ့်ဝင်စေသည်။ ဤအရာကို စာတန်က လုပ်သည် နှင့်အမျှ၊ လူသားအနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို ငြင်းပယ်နိုင်ဖို့၊ အရာခပ်သိမ်းနှင့် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အုပ်စိုးခြင်းကို ငြင်းပယ်နိုင်ဖို့အလို့ငှာ စာတန်သည် ၎င်း၏ စဉ်းစားမှု၊ အတွေးအခေါ်နှင့် ရှုထောင့် အမြင်များကို လူအား ခံယူခွင့်ပေးလေသည်။ ထို့ကြောင့် လူ၏ လေ့လာသင်ယူမှုများ တိုးတက်လာပြီး သာ၍များသော အသိပညာကို သူရရှိသည်နှင့်အမျှ၊ ဘုရားသခင်၏ တည်ရှိမှုမှာ မှေးမှိန်လာသည်ဟု သူခံစားရပြီး ဘုရားသခင် တည်ရှိသည်ဟုပင် ခံစားကောင်း ခံစားရတော့မည်မဟုတ်ပေ။ စာတန်က ရှုထောင့်အမြင်များ၊ အယူအဆများနှင့် အတွေးများကို လူ၏စိတ်ထဲ ထည့်သွင်းထားသည်နှင့်အမျှ၊ လူသည် ဤဖြစ်စဉ်တွင် ဖောက်ပြန်ပျက်စီးသည် မဟုတ်လော။ (ပျက်စီးပါသည်။) လူသည် မိမိ၏အသက်တာကို ယခုတွင် မည်သည့်အရာပေါ်အခြေခံသနည်း။ သူသည် ယင်းအသိပညာ အပေါ် အခြေခံကာ အမှန်တကယ် အသက်ရှင်နေပါသလော။ အသက်မရှင်ပေ။ လူသည် သူ၏အသက်တာကို ဤအသိပညာ အတွင်းတွင် ကွယ်ဝှက်ထားသော စာတန်၏ အတွေးများ၊ အမြင်များနှင့် အတွေးအခေါ်များအပေါ် အခြေပြုနေပေသည်။ ဤသည်မှာ လူသားကို စာတန် ဖောက်ပြန်ပျက်စီးစေခြင်း၏ ပဓာနကျသော အစိတ်အပိုင်း ဖြစ်ပေါ်သည့်နေရာဖြစ်သည်။ ဤသည်မှာ စာတန်၏ ရည်မှန်းချက်ပန်းတိုင်နှင့် လူသားကို ဖောက်ပြန်ပျက်စီးစေခြင်းအတွက် ၎င်း၏နည်းလမ်း နှစ်ခုလုံး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

လူသား၏ အသိပညာ သင်ယူခြင်း ဖြစ်စဉ်အတွင်း၊ စာတန်သည် ဇာတ်လမ်းများကို ပြောပြခြင်းဖြစ်စေ၊ အသိပညာ တစ်စိတ်တစ်ပိုင်း ပေးလိုက်ခြင်း သက်သက် ဖြစ်စေ၊ သို့မဟုတ် လူတို့၏ ဆန္ဒများ သို့မဟုတ် ၎င်းတို့၏ ရည်မှန်းချက်များကို ဖြည့်ဆည်းခွင့် ပေးသည်ဖြစ်စေ နည်းလမ်းမျိုးစုံကို အသုံးပြု လေသည်။ စာတန်သည် သင့်ကို မည်သည့်လမ်းဖြင့် ခေါ်ဆောင်ချင်ပါသနည်း။ အသိပညာကို သင်ယူလေ့လာခြင်း နှင့် ပတ်သက်၍ မည်သည့်အရာမျှ မှားယွင်းခြင်း မရှိ၊ လုံးဝ သဘာဝကျသည်ဟု လူတို့က ထင်ကြ၏။ နှစ်သက်ဖွယ်ကောင်းသည့် နည်းလမ်းဖြင့် ပြောရမည် ဆိုလျှင်၊ မြင့်မားသော စံအယူအဆများ ရှိခြင်း သို့မဟုတ် ရည်မှန်းချက်များ ရှိခြင်းသည် ပြင်းပြသောဆန္ဒများ ရှိခြင်းဖြစ်ပြီး၊ ဤသည်မှာ အသက်တာတွင် မှန်ကန်သောလမ်း ဖြစ်သင့်သည်ဟု လူတို့က ထင်ကြသည်။ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် စံအယူအဆများအား ဖြစ်မြောက်စေနိုင်သည် သို့မဟုတ် ၎င်းတို့၏အသက်တာတွင် အသက်မွေးဝမ်းကျောင်းတစ်ခု အောင်မြင်စွာ ပြုနိုင်သည် ဆိုလျှင်၊ ထိုနည်းလမ်းသည် လူတို့အသက်ရှင်နေထိုင်ရန် အတွက် ပို၍ ဂုဏ်ဝင့်ဖွယ်ကောင်းသောနည်းလမ်း မဟုတ်လော။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် မိမိ၏ဘိုးဘေးများကို ဂုဏ်ပြုရုံသာမက၊ သမိုင်းတွင် မိမိ၏အမှတ်အသားတစ်ခု ကျန်ရစ်စေဖို့ အခွင့်အရေးတစ်ခုလည်း ရှိနိုင်ပေသည်- ဤသည်မှာ ကောင်းသော အရာတစ်ခု မဟုတ်သလော။ ဤသည်မှာ လောကီလူတို့၏အမြင်တွင် ကောင်းသောအရာတစ်ခု ဖြစ်နေပြီး၊ ၎င်းတို့အတွက်ကား သင့်လျော်ကာ အပြုသဘောဆောင်နေသင့်၏။ သို့ရာတွင် အန္တရာယ် ပြုမည့် လက္ခဏာရှိသော စေ့ဆော်မှုများရှိသည့် စာတန်သည် လူတို့ကို ဤလမ်းမျိုးဆီ ခေါ်ဆောင်ပြီးနောက်တွင်၊ ဤမျှသာလော။ လုံးဝ မဟုတ်ပေ။ အမှန်တွင် လူသား၏ စံအယူအဆများသည် မည်မျှမြင့်မားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ရယူချင်သည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်း၏ အသက်တာအတွက် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” တို့ ဖြစ်၏။ စာတန်သည် လူတို့၏ အယူအဆများနှင့် အလွန်များစွာပူးပေါင်း ထားသော နည်းလမ်းဖြစ်သည့် လွန်စွာ သိမ်မွေ့ညင်သာသော နည်းလမ်းမျိုးကို အသုံးပြု၏။ ယင်းသည် လုံးဝ အစွန်းရောက်သော နည်းလမ်း မဟုတ်။ ယင်းမှတစ်ဆင့် ၎င်း၏ရှင်သန်ခြင်း နည်းလမ်း၊ လိုက်နာရမည့် သူ၏စည်းကမ်းများကို စာတန်က လူတို့အား အမှုမဲ့အမှတ်မဲ့ လက်ခံစေကာ၊ ဘဝပန်းတိုင်များနှင့် အသက်တာ ဦးတည်ချက်များကို ထူထောင်စေလေသည်၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် အသက်တာထဲတွင် ရည်မှန်းချက်များကိုလည်း အမှုမဲ့အမှတ်မဲ့ ရှိလာကြ လေသည်။ ဤဘဝရည်မှန်းချက်များက မည်မျှပင် ကြီးကျယ်ခမ်းနား ပုံရသည် ဖြစ်စေ၊ ဤအရာ တို့သည် “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” နှင့် ခွဲမရအောင် ချိတ်ဆက်ထားလေသည်။ အမှန်တကယ်၌ ကြီးမြတ်သော၊ ကျော်ကြားသော ပုဂ္ဂိုလ် မည်သူမဆို၊ လူအားလုံးတို့သည် အသက်တာတွင် ၎င်းတို့ လိုက်သည့်အရာသည် “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” ဟူသော ဤစကားလုံး နှစ်လုံးနှင့်သာ ဆက်စပ်နေသည်။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက်၊ မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝခြင်းတို့ကို ခံစားရန်နှင့် အသက်တာကို ပျော်မွေ့ရန် အတွက် ဤအရာများကို အကျိုးရှိအောင် အသုံးချနိုင်မည်ဟု ထင်ကြ၏။ ၎င်းတို့အနေဖြင့် ကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့ကို အပျော်အပါးလိုက်စားသည့် အသက်တာနှင့် ကာယိန္ဒြေမစောင့်ဘဲ ဇာတိပကတိ၌ ပျော်မွေ့ခြင်း အသက်တာကို ရရှိဖို့ အသုံးပြုနိုင်သည့် အရင်းအနှီးမျိုးဟု ထင်ကြလေသည်။ လူသားမျိုးနွယ် အလွန်တပ်မက်သည့် ဤကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့အတွက်၊ လူတို့သည် ၎င်းတို့၏ခန္ဓာနှင့် စိတ်၊ ၎င်းတို့တွင်ရှိသည်များ အားလုံး၊ ၎င်းတို့၏အနာဂတ်များနှင့် ကံကြမ္မာများအားလုံးကို အမှုမဲ့အမှတ်မဲ့ ဖြစ်သော်လည်း စိတ်လိုလက်ရဖြင့် စာတန်အား ပေးအပ်ကြလေ၏။ ထိုသူတို့သည် တုံ့ဆိုင်းခြင်း အလျှင်းမရှိသည့်အပြင်၊ ၎င်းတို့ လွှဲအပ်သမျှကို ပြန်၍ရယူရန် လိုအပ်သည်ကိုလည်း လုံးဝမသိနားမလည်ဘဲ ထိုသို့ပြုကြ၏။ လူတို့သည် စာတန်ထံတွင် ဤသို့ ခိုလှုံကြပြီး၊ ၎င်းအပေါ် သစ္စာရှိ သွားကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိကိုယ်ကိုမိမိ ထိန်းချုပ်နိုင်ဦးမည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် နွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းတွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ ဖြောင့်မတ်သောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အပေါ်တွင် ရှိသော ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့၏ ဆွဲဆောင်မှု အင်အားသည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အတွက် ဘဝတစ်လျှောက်လုံး လိုက်စားသည့် အရာများ၊ အဆုံးမရှိ ထာဝရလိုက်စားသည့် အရာများပင် ဖြစ်သွားကြ၏။ ဤသည်မှာ အမှန် မဟုတ်သလော။ လူအချို့က အသိပညာ သင်ယူခြင်း ဟူသည်မှာ ခေတ်နောက်ကျမကျန်ခဲ့စေရန် သို့မဟုတ် ကမ္ဘာကြီးတွင် နောက်ကျမကျန်စေရန်အတွက်၊ စာအုပ်များ ဖတ်ခြင်း သို့မဟုတ် ၎င်းတို့ မသိသေးသောအရာအချို့ကို လေ့လာသင်ယူခြင်းထက် မပိုဟု ဆိုကြသည်။ ၎င်းတို့ကိုယ်တိုင်၏ အနာဂတ်အတွက် သို့မဟုတ် အခြေခံ လိုအပ်မှုများကို ထောက်ပံ့ရန် ၎င်းတို့ ထမင်းစားပွဲတွင် စားစရာရှိနေရန်အတွက်သာ အသိပညာကို သင်ယူခြင်း ဖြစ်သည်ဟု ပြောကြလိမ့်မည်။ အခြေခံ လိုအပ်ချက်များ သက်သက်အတွက်၊ အစားအစာကိစ္စကို ဖြေရှင်းရန် သက်သက်အတွက်ဖြင့် ဆယ်စုနှစ်တစ်ခုစာ ပင်ပင်ပန်းပန်း လေ့လာ သင်ယူသည့် လူတစ်ဦးတစ်လေ ရှိပါသလော။ ဤကဲ့သို့သောလူမျိုး တစ်ဦးမျှမရှိပေ။ သို့ဆိုလျှင် လူတစ်ဦးသည် ဤနှစ်များအားလုံးအတွက် အဘယ်ကြောင့် ဤဆင်းရဲဒုက္ခခံပါသနည်း။ ဤသည်မှာ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက်ဖြစ်သည်။ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့သည် သူ့ကို လက်ယပ်ခေါ်လျက်၊ အဝေးတွင် စောင့်ကြို နေကြ၏။ ၎င်းတို့အနေဖြင့် မိမိတို့၏ကိုယ်ပိုင် လုံ့လဝီရိယ၊ အခက်အခဲများနှင့် ရုန်းကန်မှုများအားဖြင့်သာ ၎င်းတို့ကို ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့ကို ရရှိဖို့ ဦးဆောင်မည့် လမ်းကို လိုက်နိုင်သည်ဟု ယုံကြည်ကြလေသည်။ ထိုသို့သော လူသည် သူကိုယ်တိုင်၏ အနာဂတ် လမ်းကြောင်းအတွက်၊ အနာဂတ် ပျော်ရွှင်မှုအတွက်နှင့် ပို၍ကောင်းမွန်သော ဘဝတစ်ခုကို ရရှိဖို့ ဤသို့သော အခက်အခဲများကို ဒုက္ခခံရပေမည်။ ဤသည်မှာ မည်သို့သော အသိပညာနည်း၊ သင်တို့ ငါ့အား ပြောပြနိုင်သလော။ ထိုအရာသည် လူတို့၏ အသိပညာသင်ယူခြင်း ဖြစ်စဉ်တွင် စာတန်က ၎င်းတို့ထဲ သွတ်သွင်းပေးလိုက်သည့် စည်းကမ်းများ၊ စာတန်က ၎င်းတို့ကို သင်ကြားပေးလိုက်သည့် ရှင်သန်နေထိုင်နည်း စည်းကမ်းများ မဟုတ်သလော။ ၎င်းအရာသည် စာတန်က လူသား၏အထဲတွင် သွတ်သွင်းပေးလိုက်သည့် ဘဝ၏ “မြင့်မားသော စံများ” ဖြစ်သည်မဟုတ်လော။ ဥပမာဆိုရသော် ကြီးမြတ်သော လူတို့၏စိတ်ကူးများ၊ နာမည်ကျော်ကြားသူတို့၏ တည်ကြည်မှု သို့မဟုတ် လူစွမ်းကောင်းတို့၏ ရဲရင့်သောစိတ်ဓာတ်တို့ကို ကြည့်လော့။ သို့တည်းမဟုတ် သိုင်းဝတ္ထုများထဲမှ ဇာတ်လိုက်များ၊ ဓါးသမားများ၏ သူရဲကောင်းစိတ်ဓါတ်နှင့် ကြင်နာတတ်မှုတို့ကို ကြည့်လော့- ဤအရာများ အားလုံးသည် စာတန်က ဤစံများကို သွတ်သွင်းသည့် နည်းလမ်းများ ဖြစ်သည် မဟုတ်လော (ဟုတ်ပါသည်။) ဤအယူအဆတို့သည် မျိုးဆက်များ တစ်ခုပြီးတစ်ခုအပေါ် လွှမ်းမိုးလျက်ရှိနေသကဲ့သို့၊ မျိုးဆက် တစ်ခုစီ၏ လူတို့သည် ဤအယူအဆတို့အား လက်ခံရန်၊ ဤအယူအဆများအတွက် အသက်ရှင်နေထိုင်ရန်နှင့် ၎င်းတို့နောက် အဆုံးမရှိ လိုက်ကြရ၏။ ဤသည်မှာ စာတန်က လူသားကို အသိပညာအားဖြင့် ဖျက်ဆီးရန် အသုံးပြုသည့် နည်းလမ်း သို့မဟုတ် လမ်းကြောင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

သိပ္ပံပညာက လုပ်ဆောင်ပေးသည်မှာ ရုပ်ဝတ္ထုကမ္ဘာရှိ အရာဝတ္ထုများကို လူတို့အား မြင်ခွင့်ပေးခြင်းမျှသာဖြစ်ပြီး၊ လူတို့၏ စူးစမ်းလိုစိတ်ကို ကျေနပ်စေရုံမျှသာ ဖြစ်သည်၊ သို့သော် ထိုအရာက အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသည့် ဥပဒေသများကို လူတို့အားမသိစေနိုင်ပေ။ လူသည် သိပ္ပံပညာ ထဲတွင် အဖြေများကို ရှာတွေ့ပုံရသော်လည်း၊ ထိုအဖြေများသည် ပဟေဠိဆန်ပြီး လူသား၏စိတ်နှလုံးကို ရုပ်ဝတ္ထုကမ္ဘာတွင် အကျဉ်းကျစေရန်သာ ပြုသည့် ကျေနပ်မှုဖြစ်သော ယာယီ စိတ်ကျေနပ်မှုကိုသာ ယူဆောင်ပေးသည်။ သိပ္ပံပညာမှ အဖြေများ ရရှိပြီဟု လူက ခံစားရသည်၊ ထို့ကြောင့် မည်သည့် ပြဿနာ ပေါ်ပေါက်ပါစေ၊ ထိုပြဿနာကို သက်သေပြဖို့နှင့် လက်ခံဖို့ ၎င်းတို့၏ သိပ္ပံပညာအမြင်များကို အခြေပြု အကြောင်းအရင်း အဖြစ် အသုံးပြုကြလေသည်။ လူ၏ နှလုံးသားသည် သိပ္ပံပညာ၏ ပိုင်ဆိုင်ခြင်းကို ခံလာရပြီး ဘုရားသခင်ကို သိရှိဖို့၊ ဘုရားသခင်ကို ကိုးကွယ်ဖို့နှင့် ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်ထံမှ လာပြီး အဖြေများ အတွက် ဘုရားသခင်ကို ရှာဖွေသင့်သည်ဆိုသော စိတ် မရှိတော့သည့် အဆင့်အထိ ဖြားယောင်းခြင်းခံရလေသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ လူတစ်ဦးသည် သိပ္ပံပညာကို ပိုယုံကြည်လေ၊ အရာရာတိုင်းတွင် သိပ္ပံပညာဆိုင်ရာ ဖြေရှင်းမှု တစ်ခုရှိကာ သုတေသန ပြုခြင်းက မည်သည့်အရာကိုမဆို ဖြေရှင်းနိုင်သည်ဟု ယုံကြည်လျက်၊ ပို၍ အဓိပ္ပာယ်မဲ့လေ ဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မရှာဖွေကြသကဲ့သို့ သူတည်ရှိသည်ကို မယုံကြည်ကြပေ။ ဘုရားသခင်နောက် နှစ်ပေါင်းများစွာ လိုက်လျှောက်ပြီးဖြစ်သည့် လူအချို့ပင်လျှင် ပေါက်ပေါက်ရှာရှာ စိတ်ကူးဖြင့် သွား၍ ဗက်တီးရီးယားပိုးကို သုတေသနပြုကြလိမ့်မည် သို့မဟုတ် အကြောင်းကိစ္စတစ်ခုအဖို့ အဖြေရရန် အချက်အလက်အချို့ကို ရှာဖွေကြလိမ့်မည်။ ထိုသို့သော လူတို့သည် အကြောင်းကိစ္စများကို သမ္မာတရား၏ ရှုထောင့်အမြင်မှ မကြည့်သကဲ့သို့၊ များသောအားဖြင့် ပြဿနာများကို ဖြေရှင်းရန် သိပ္ပံပညာ အမြင်များ၊ သို့မဟုတ် အသိပညာ သို့မဟုတ် သိပ္ပံဆိုင်ရာ ဖြေရှင်းချက်များကို အားထား လိုကြသည်။ ဘုရားသခင်ကို ၎င်းတို့ အားမကိုးကြသကဲ့သို့ ဘုရားသခင်ကို မရှာဖွေကြပေ။ ဤသို့သော လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် ရှိသလော။ (မရှိပါ။) သိပ္ပံပညာကို ၎င်းတို့ လေ့လာသကဲ့သို့ ဘုရားသခင်ကို သုတေသန ပြုလိုသည့် လူအချို့ပင် ရှိသည်။ ဥပမာအားဖြင့်၊ သင်္ဘောရပ်နားသည့် တောင်ကို သွားရောက်သည့် ဘာသာရေး ပညာရှင်များစွာ ရှိသည်၊ ထိုသို့ဖြင့် သင်္ဘောရှိခဲ့ကြောင်းကို ၎င်းတို့ သက်သေပြခဲ့ကြသည်။ သို့သော် သင်္ဘော၏ ပေါ်ထွန်းခြင်းတွင် ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့မမြင်ကြပေ။ ၎င်းတို့သည် ဇာတ်လမ်းများ နှင့် သမိုင်းကိုသာ ယုံကြည်ကြ၏။ ဤသည်မှာ ၎င်းတို့၏ သိပ္ပံပညာ သုတေသနပြုခြင်းနှင့် ရုပ်ဝတ္ထုကမ္ဘာကို လေ့လာခြင်း၏ ရလဒ်ဖြစ်သည်။ သင်သည် ရုပ်ဝတ္ထုအရာများကို သုတေသန ပြုပါက၊ ယင်းသည် အဏုဇီဝဗေဒဖြစ်စေ၊ နက္ခဗေဒ ဖြစ်စေ၊ သို့မဟုတ် ဘူမိဗေဒဖြစ်စေ၊ ဘုရားသခင် တည်ရှိသည် သို့မဟုတ် သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည် ဆိုသည်ကို ဆုံးဖြတ်ပေးသည့် ရလဒ်တစ်ခုကို ဘယ်သောအခါမျှ ရှာတွေ့လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်လျှင် သိပ္ပံပညာသည် လူသားအတွက် မည်သည့်အရာ လုပ်ဆောင် သနည်း။ ယင်းသည် လူကို ဘုရားသခင်ထံမှ ဝေးကွာစေသည် မဟုတ်လော။ ယင်းက လူကို ဘုရားသခင်အား လေ့လာသင်ယူ စေသည် မဟုတ်လော။ ယင်းသည် လူတို့အား ဘုရားသခင်၏ တည်ရှိခြင်းကို ပိုမိုသံသယ ဝင်စေသည် မဟုတ်လော။ (ဝင်စေပါသည်။) ဤသို့လျှင် စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေရန် သိပ္ပံပညာကို မည်သို့ အသုံးပြုလိုသနည်း။ လူတို့ကို လှည့်ဖြား၍ ထုံအစေရန် စာတန်သည် သိပ္ပံပညာဆိုင်ရာ ကောက်ချက်ချမှုများကို အသုံးပြုလိုပြီး လူတို့အနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို မရှာဖွေဖို့ သို့မဟုတ် မယုံကြည်ဖို့ရန်အလို့ငှာ လူတို့၏ စိတ်နှလုံးမျာကို စွဲကိုင်ထားရန် ဒွိဟဖြစ်စေသော အဖြေများကို အသုံးပြုချင်သည် မဟုတ်လော။ (အသုံးပြုချင်ပါသည်။) ထို့အတွက်ကြောင့် ဤသည်မှာ သိပ္ပံပညာသည် လူတို့ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသည့် နည်းလမ်းများ ထဲမှ တစ်ခုဖြစ်သည်ဟု ငါပြောရသည့်အကြောင်းရင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

စာတန်သည် လူတို့ကို ရိုးရာယဉ်ကျေးမှု သို့မဟုတ် အယူသီးသော ပုဂ္ဂိုလ်များနှင့်သက်ဆိုင်သော နက်ရှိုင်းသည့် အထင်ကြီးမှုများ ကျန်ရစ်စေလျက် ရိုးရာပုံပြင်များစွာ သို့မဟုတ် သမိုင်းစာအုပ်များထဲတွင် မြင်ရသည့် ဇာတ်လမ်းများကို လုပ်ကြံဖန်တီး ထားလေသည်။ ဥပမာအားဖြင့်၊ တရုတ်ပြည်တွင် “ပင်လယ်ကို ဖြတ်သော မသေမျိုးရှစ်ဦး”၊ “အနောက်ဘက်သို့ ခရီး”၊ “ကျောက်စိမ်း ဧကရာဇ်”၊ “နဂါးဘုရင်ကို အောင်နိုင်သော နီကျား” နှင့် “နတ်ဘုရားတို့၏ အာဏာအပ်နှင်းပွဲ” တို့ ရှိ၏။ ဤအရာတို့သည် လူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်လာပြီ မဟုတ်လော။ သင်တို့ထဲမှ အချို့သည် အသေးစိတ် အားလုံးကို သိပင် မသိသော်ငြား၊ ယေဘုယျ ဇာတ်လမ်းများကို သင်တို့ သိကြလိမ့်ဦးမည်ဖြစ်ပြီး သင်တို့ မမေ့နိုင်ဖို့အလို့ငှာ သင်၏နှလုံးသားနှင့် သင်၏စိတ်ထဲတွင် ကပ်ငြိနေသည်မှာ ဤယေဘုယျ အကြောင်းအရာဖြစ်ပေသည်။ ဤအရာတို့သည် စာတန်က လူသားအတွက် အချိန်ကြာမြင့်စွာ ကတည်းက ပြင်ဆင်ထားခဲ့သည့် အမျိုးမျိုးသော အယူအဆများ သို့မဟုတ် ဒဏ္ဍာရီများ ဖြစ်ပြီး၊ ယင်းသည် မတူသောအချိန်များတွင် ဖြန့်ဖြူးထားပြီးဖြစ်ပေသည်။ ဤအရာတို့သည် လူတို့၏ ဝိညာဉ်များကို တိုက်ရိုက် ထိခိုက်စေကာ တိုက်စားပစ်ပြီး၊ ဖမ်းစားခြင်းတစ်ခုပြီး တစ်ခုအောက်တွင် လူတို့ကို ထားလေ၏။ ဆိုလိုသည်မှာ ထိုသို့သော ရိုးရာယဉ်ကျေးမှု၊ ပုံပြင်များ သို့မဟုတ် အယူသီးသော အရာတို့ကို သင် လက်ခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် သင်၏ စိတ်ထဲတွင် အခြေခိုင်သွားသည် နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် သင်၏ နှလုံးသားထဲတွင် ၎င်းတို့ ကပ်ငြိသည်နှင့်တစ်ပြိုင်နက်၊ ယင်းမှာ သင်သည် ညှို့ယူဖမ်းစား ခံထားရသည့်အလား ဖြစ်သည်- သင်သည် ဤယဉ်ကျေးမှုဆိုင်ရာ အဆောင်အယောင် အဆင်တန်ဆာများ၊ ဤအယူအဆများနှင့် ရိုးရာဇာတ်လမ်းပုံပြင်တို့အားဖြင့် ရုန်းမထွက်သာအောင်မိနေပြီး လွှမ်းမိုးခံလာရလေသည်။ ၎င်းတို့သည် သင်၏ဘဝ၊ သင်၏ ဘဝပေါ် အမြင်နှင့် အမှုအရာများအပေါ် သင်၏ ဝေဖန်ပိုင်းခြားမှုကို လွှမ်းမိုး၏။ ထို့ထက်ပို၍ အသက်တာ၏ စစ်မှန်သောလမ်းခရီးအတွက် သင်၏ လိုက်စားမှုကို ၎င်းတို့က လွှမ်းမိုးလေသည်။ ဤသည်မှာ ဧကန်အမှန် ဆိုးယုတ်သော မန္တန်တစ်ခုဖြစ်၏။ သင် ကြိုးစားနိုင်သမျှ ကြိုးစားလော့၊ ၎င်းတို့ကို ခါချမရနိုင်ပေ။ ၎င်းတို့ကို သင်ခုတ်ဖြတ် ပစ်သော်ငြား၊ ခုတ်လှဲမရနိုင်ပေ၊ သင်သည် ၎င်းတို့ကို ရိုက်နှက် သော်ငြား၊ ၎င်းတို့ကို အနိုင်မရနိုင်အောင်ရှိ၏။ ထို့အပြင် လူတို့သည် ဤသို့သော မန္တန်အောက်တွင် အမှုမဲ့အမှတ်မဲ့ဖြင့် ထားရှိခံရပြီးနောက်၊ ၎င်းတို့၏ နှလုံးသားများထဲတွင် စာတန်၏ပုံရိပ်ကို မွေးမြူရင်း စာတန်အား အမှုမဲ့အမှတ်မဲ့ဖြင့် စတင်ကိုးကွယ်ကြ လေသည်။ တစ်နည်းဆိုရသော်၊ ၎င်းတို့သည် စာတန်အား ၎င်းတို့အတွက် ကိုးကွယ်ပြီး ကြည်ညို လေးစားရမည့် အရာတစ်ခုဖြစ်သည့် ၎င်းတို့၏ ရုပ်တုအဖြစ် တည်ထောင်ကာ၊ ဘုရားသခင်အဖြစ် မှတ်ယူသည်အထိပင် လုပ်ဆောင်ကြလေသည်။ ဤအရာတို့သည် လူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များကို ထိန်းချုပ်လျက်၊ ၎င်းတို့၏ နှလုံးသားများ ထဲတွင် အမှုမဲ့အမှတ်မဲ့ ရှိနေကြ၏။ ထို့အပြင်၊ သင်သည် ဤပုံပြင်များနှင့် ဒဏ္ဍာရီများကို မှားယွင်းသည်ဟု ကနဦးတွင် မှတ်ယူသော်လည်း၊ ထို့နောက် သင်သည် ၎င်းတို့ကို အမှန်တကယ် ရှိသော လူပုဂ္ဂိုလ်များဖြစ်စေရင်းနှင့် စစ်မှန်သော အရာများအဖြစ် ပြောင်းလဲစေရင်း ဤဇာတ်လမ်း ပုံပြင်များ၏တည်ရှိမှုကို အမှုမဲ့အမှတ်မဲ့ဖြင့် သင်အသိအမှတ်ပြုလေသည်။ သင် သတိမမူမိခြင်းတွင်၊ သင်သည် ဤအယူအဆများ နှင့် ဤအရာများ၏ တည်ရှိမှုကို မသိစိတ်၏ စေ့ဆော်မှုအရ လက်ခံလေသည်။ သင်သည် နတ်ဆိုးများ၊ စာတန်နှင့် ရုပ်တုများကိုလည်း သင်၏ အိမ်နှင့် သင်၏ နှလုံးသားထဲသို့ မသိစိတ်၏ စေ့ဆော်မှုအရ လက်ခံမိလေသည်- ဤသည်မှာ ဧကန်အမှန် မန္တန်တစ်ခုဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေရန် လူမှုရေး ရေပန်းစားမှုကို အသုံးပြုသည်။ “လူမှုရေး ရေပန်းစားမှုများ” တွင် အကြောင်းအရာများစွာ ပါဝင်၏။ လူအချို့က၊ “လူမှုရေး ရေပန်းစားမှုများဆိုသည်မှာ နောက်ဆုံးပေါ် ဖက်ရှင်များ၊ အလှအပပစ္စည်းများ၊ ဆံပင်ပုံစံများနှင့် အစားကောင်း အသောက်ကောင်းများကို ဆိုလိုသလော” ဟူ၍ ပြောကြသည်။ ဤအရာတို့ကို လူမှုရေး ရေပန်းစားမှုများဟု မှတ်ယူပါသလော။ ၎င်းတို့သည် လူမှုရေး ရေပန်းစားမှုများ၏ အစိတ်အပိုင်းတစ်ခုကို ဖန်တီးသော်လည်း၊ ငါတို့သည် ၎င်းတို့အကြောင်းကို ဤနေရာတွင် ပြောမည်မဟုတ်။ လှုမှုရေး ရေပန်းစားမှုများက လူတို့အထဲသို့ ယူဆောင်လာသော အယူအဆများ၊ ကမ္ဘာကြီးထဲတွင် ၎င်းတို့က လူတို့ကို မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်စေသည့် နည်းလမ်းနှင့် လူတို့အထဲတွင် ၎င်းတို့ ယူဆောင်သည့် ဘဝပန်းတိုင်းများနှင့် အမြင်တို့အကြောင်းကိုသာ ငါတို့ ဆွေးနွေးချင်သည်။ ဤအရာများသည် လွန်စွာအရေးကြီး၏၊ ၎င်းတို့သည် လူသား၏ စိတ်အခြေအနေကို ထိန်းချုပ်ကာ၊ လွှမ်းမိုးနိုင်၏။ ဤရေပန်းစားမှုများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ် လာပြီး လူတို့ကို အသိစိတ်၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ကို ဆုံးရှုံးဖို့ ဖြစ်စေရင်း၊ ၎င်းတို့၏ ကိုယ်ကျင့်တရားများနှင့် အကျင့်စရိုက် အရည်အသွေးတို့ကို သာ၍ပင် အားနည်းစေလျက်၊ လူသားမျိုးနွယ်ကို အဆက်မပြတ် ဆုတ်ယုတ်စေသည့် ဆိုးယုတ်သော လွှမ်းမိုးမှု သယ်ဆောင်သည်မှာ ယခုတွင် လူအများစုသည် ဂုဏ်သိက္ခာ၊ လူ့သဘာဝ မရှိသလို၊ ဆင်ခြင်တုံတရားရှိဖို့ မဆိုထားနှင့်၊ အသိစိတ် တစ်ခုတစ်လေပင် မရှိဟု ငါတို့ ပြောနိုင်သည့်အတိုင်းအတာထိ ဖြစ်လေသည်။ ထိုသို့ဆိုလျှင် ဤလူမှုရေး ရေပန်းစားမှုများသည် မည်သည့်အရာများဖြစ်သနည်း။ ၎င်းတို့သည် သင်တို့ ပကတိမျက်စိဖြင့် မမြင်နိုင်သည့် ရေပန်းစားမှုများဖြစ်သည်။ ရေပန်းစားမှု အသစ်တစ်ခုသည် ကမ္ဘာလောက တစ်လျှောက် ရိုက်ခတ်သည့်အခါ၊ အရေအတွက် အနည်းငယ်သော လူတို့သာ ဖက်ရှင်ရှေ့ဆောင်များ အဖြစ် ပြုမူရင်း ခေတ်အမီဆုံးဖြစ်ကောင်း ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် အသစ်သော အရာတစ်ချို့ကို စတင်လုပ်ဆောင်ပြီးနောက် အယူအဆ အမျိုးအစားတစ်ချို့ သို့မဟုတ် ရှုထောင့်အမျိုးအစား တစ်ချို့ကို လက်ခံကြခြင်းဖြစ်သည်။ သို့ရာတွင် လူအများစုမှာကား အမှုမဲ့အမှတ်မဲ့နှင့် ဆန္ဒအလျောက် မဟုတ်ဘဲ ထိုအရာကို လက်ခံကာ၊ ထိုအထဲတွင် နစ်မြုပ်ပြီး ထိန်းချုပ် ခံရသည်အထိတိုင်၊ ဤရေစားမှုမျိုးဖြင့် အဆက်မပြတ် ကူးစက်ခံရ၏၊ လက်သင့်ခံရကာ ဆွဲဆောင်ခံရလိမ့်မည်ဖြစ်သည်။ ထိုသို့သော ရေပန်းစားမှုများက ကိုယ်နှင့် စိတ်မကျန်းမာသူ၊ သမ္မာတရားဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကို မသိသူများနှင့် အပြုသဘောဆောင်သောအရာနှင့် အပျက် သဘောဆောင်သော အရာတို့ကြား မခွဲခြားတတ်သူတို့ကို စာတန်ထံမှလာသော ဘဝအမြင်များနှင့် တန်ဖိုးတို့ကို တစ်ခုပြီး နောက်တစ်ခု ပျော်ရွှင်စွာ လက်ခံစေလေသည်။ ၎င်းတို့သည် ဘဝကို မည်သို့ ချဉ်းကပ်ရမည့်အကြောင်း စာတန် ပြောသည့်အရာနှင့် ၎င်းတို့အပေါ် စာတန် “နှင်းအပ်” သည့် အသက်ရှင်ဖို့နည်းလမ်းကို လက်ခံကြသကဲ့သို့၊ ၎င်းတို့အနေဖြင့် ခုခံဖို့ သတိမူမိခြင်းရှိဖို့ မဆိုထားနှင့်၊ ခွန်အား မရှိသကဲ့သို့ အစွမ်းအစလည်း မရှိကြချေ။...

...လူမှုရေး ရေပန်းစားမှုထဲတွင် ပိတ်မိကြသည့် လူတို့သည် ငွေကြေးနှင့်၊ ရုပ်ဝတ္ထု တပ်မက်မှုများ၊ ဆိုးယုတ်မှုနှင့် အကြမ်းဖက်မှုတို့ကို အမှုမဲ့အမှတ်မဲ့ အားပေးမိကြဖို့အလို့ငှာ စာတန်သည် လူတို့အား နတ်ဆိုးတို့၏ ရိပ်မြုံထဲသို့ ဖြည်းဖြည်းချင်း သွေးဆောင်ရန် ဤလူမှုရေး ရေပန်းစားမှုများကို အသုံးပြုလေသည်။ ဤအရာတို့သည် လူသား၏ စိတ်နှလုံးထဲသို့ ဝင်ရောက်သွားသည်နှင့်၊ လူသားသည် မည်သည့်အရာ ဖြစ်လာသနည်း။ လူသားသည် နတ်ဆိုး၊ စာတန်နတ်ဆိုးဖြစ်လာသည် တကား။ အဘယ်ကြောင့်နည်း။ လူသား၏စိတ်နှလုံးထဲတွင် မည်သည့် စိတ်ပိုင်းဆိုင်ရာ ယိမ်းယိုင်မှုကြောင့် ဖြစ်သနည်း။ လူသားက မည်သည့်အရာကို မြတ်နိုးသနည်း။ လူသားသည် ငြိမ်သက်ခြင်း မဆိုထားနှင့်၊ အလှတရား သို့မဟုတ် ကောင်းမြတ်ခြင်းကို ချစ်ခင်နှစ်သက်ခြင်းမရှိဘဲလျက်၊ ဆိုးယုတ်မှုနှင့် အကြမ်းဖက်မှုတို့တွင် စတင် ပျော်မွေ့ကြသည်။ လူတို့သည် ပုံမှန် လူ့သဘာဝ၏ ရိုးရှင်းသောဘဝကို နေထိုင်ရန် လိုလားခြင်းမရှိဘဲ၊ ယင်းအစား ၎င်းတို့ကို ပြန်ဆွဲထားမည့် ကန့်သတ်ချုပ်ချယ်မှုများ၊ နှောင်ကြိုးများမဲ့လျက် မိမိတို့၏ ဇာတိပကတိကို ဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားရင်း၊ တစ်နည်းအားဖြင့်၊ မိမိတို့ ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရင်း၊ မြင့်မားသောအဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝမှုကို ခံစားပျော်မွေ့ရန်၊ ဇာတိပကတိ သာယာမှုများထဲတွင် သောက်စားပျော်မြူးရန် ဆန္ဒရှိကြလေသည်။ ထို့ကြောင့် လူသားသည် ဤသို့သော ရေပန်းစားမှုများထဲ၌ နစ်မြုပ် လာပြီးသည့်အခါ၊ သင် သင်ယူထားသော အသိပညာသည် သင့်ကိုယ်သင် လွတ်မြောက်ဖို့ ကူညီပေးနိုင်ပါသလော။ ရိုးရာယဉ်ကျေးမှုနှင့် အယူသီးမှုတို့နှင့်ဆိုင်သည့် သင်၏ သိနားလည်မှုသည် ဤကြောက်မက်ဖွယ် အကျပ်အတည်းမှ လွတ်မြောက်ဖို့ သင့်ကို ကူညီပေးနိုင်ပါသလော။ လူသား သိသည့် ရိုးရာကိုယ်ကျင့်တရားနှင့် ထုံးတမ်းစဉ်လာတို့သည် လူတို့ကို သည်းခံခြင်းကို ကျင့်ကြံဖို့ ကူညီ ပေးနိုင်သလော။ ဥပမာအားဖြင့်၊ စရိုက်သုံးခု ဂန္တဝင်စာအုပ်ကို ကြည့်လော့။ ၎င်းသည် လူတို့အား ဤရေပန်းစားမှုတို့၏ နွံအိုင်ထဲမှ မိမိတို့၏ ခြေများကို ကူညီ ဆွဲထုတ်ပေးနိုင်သလော (မကူညီပေးနိုင်ပါ။) ဤသို့ဖြင့် လူသားသည် ပို၍ ပို၍ ဆိုးယုတ်လာ၏၊ မာနထောင်လွှားလာ၏၊ တင်စီးလာ၏၊ တစ်ကိုယ်ကောင်းဆန်ကာ မလိုမုန်းထားလာလေသည်။ လူတို့ကြားတွင် မည်သည့်ချစ်ခင်မှုမျှ မရှိတော့၊ မိသားစုဝင်တို့ကြားတွင် မည်သည့် ချစ်ခြင်းမေတ္တာမျှ မရှိတော့၊ ဆွေမျိုးများနှင့် မိတ်ဆွေများကြားတွင် မည်သည့်နားလည်မှုမျှ မရှိတော့ပေ။ လူသားချင်း ဆက်ဆံရေးတို့သည် အကြမ်းဖက်မှုအသွင် ဆောင်လာလေပြီ။ လူအယောက်ချင်း စီတိုင်းသည် ၎င်းတို့၏ ရောင်းရင်းလူသားတို့ကြား ရှင်သန်နေထိုင်ဖို့ရန် အကြမ်းဖက်သော နည်းလမ်းတို့ကို အသုံးပြုဖို့ ကြိုးစားကြ၏။ မိမိတို့၏ နေ့စဉ်အစာကို အကြမ်းဖက်မှုသုံးလျက် အရယူကြသည်။ အကြမ်းဖက်မှုကို သုံးလျက် ၎င်းတို့၏ ရာထူးနေရာများကို ရယူပြီး၊ ၎င်းတို့၏ အကျိုးအမြတ်များကို ရရှိကြသကဲ့သို့၊ ၎င်းတို့ လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့ အကြမ်းဖက်ပြီး မကောင်းသော နည်းလမ်းများကို သုံးကြလေသည်။ ဤလူ့သဘာဝသည် ထိတ်လန့်စရာ မကောင်းပါသလော။ (ကောင်းပါသည်။)

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

လူသားကို ဖျက်ဆီးရန် စာတန်အသုံးချသော အဓိကလှည့်ကွက်များ ခြောက်ခုရှိ၏။

ပထမသည်ကား ထိန်းချုပ်ခြင်းနှင့် အကျပ်ကိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်သည် သင်၏နှလုံးသားကို ထိန်းချုပ်ရန်အတွက် ဖြစ်နိုင်သမျှ အရာအားလုံးကို ပြုလုပ်လိမ့်မည်ဖြစ်သည်။ “အကျပ်ကိုင်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်မနာခံပါက ခံစားရမည့် အကျိုးဆက်များကို သင့်အား တွေးတောစေလျက် သင့်အား သူ့ကိုနာခံစေဖို့ ခြိမ်းခြောက်မှု နှင့် အတင်းအဓမ္မ နည်းလမ်းများအား အသုံးပြုခြင်းကို ဆိုလိုသည်။ သင်သည် ကြောက်ရွံ့ပြီး မဖီဆန်ရဲသောကြောင့် ထိုအခါ သင်သည် သူ့ကို ကျိုးနွံနာခံလေသည်။

ဒုတိယမှာ လိမ်လည်ခြင်းနှင့် လှည့်စားမှု ဖြစ်သည်။ “လိမ်လည်ခြင်းနှင့် လှည့်စားခြင်း” တွင် မည်သည့်အရာ လိုအပ်သနည်း။ စာတန်သည် ဇာတ်လမ်းပုံပြင်များနှင့် မုသားအချို့ကို ဖန်တီးကာ၊ သင့်အား ထိုအရာတို့ကို ယုံကြည်လာစေရန် လှည့်စားခြင်း ဖြစ်၏။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းဖြစ်သည်ဟူ၍ ၎င်းက သင့်အား လုံးဝမပြောသကဲ့သို့ သင့်အား ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းမဟုတ်ဟူ၍လည်း တိုက်ရိုက်မပြောပေ။ ၎င်းသည် “ဘုရားသခင်” ဟူသော စကားလုံးကို လုံးလုံး အသုံးမပြုဘဲ၊ ယင်းအစား အစားထိုးအနေဖြင့် အခြားတစ်စုံအရာကို အသုံးပြုကာ၊ ဘုရားသခင်၏ တည်ရှိခြင်းကို အခြေခံအားဖြင့် သင်မသိနိုင်ဖို့အလို့ငှာ သင့်အားလှည့်စားဖို့ရန် ဤအရာကို အသုံးပြုလေသည်။ ဟုတ်ပေ၏၊ ဤ “လှည့်စားမှု” တွင် ဤအရာတစ်ခုသာ မဟုတ်၊ သွင်ပြင်လက္ခဏာရပ်များစွာ ပါဝင်ပေ၏။

တတိယမှာ အယူဝါဒ အဓမ္မသွတ်သွင်းခြင်းဖြစ်သည်။ မည်သည့်အရာဖြင့် လူတို့သည် အယူဝါဒ သွတ်သွင်းခံရကြသနည်း။ အယူဝါဒ အဓမ္မသွတ်သွင်းခြင်းကို လူသားကိုယ်တိုင်၏ ရွေးချယ်မှုဖြင့် လုပ်ဆောင်သလော။ ယင်းကို လူသား၏ သဘောတူညီမှုဖြင့် လုပ်ဆောင်ခြင်းလော။ (မဟုတ်ပါ။) သင်သဘောမတူလျှင်ပင်၊ ထိုအရာနှင့်ပတ်သက်၍ သင်လုပ်နိုင်သည့်အရာ ဘာမျှမရှိပေ။ သင်၏ သတိမမူမိခြင်းကြောင့်၊ စာတန်သည် သူ၏အတွေးအခေါ်၊ သူ၏ ဘဝစည်းမျဉ်းများနှင့် သူ၏ အနှစ်သာရတို့ကို သင့်အထဲ မွေးမြူလျက် အယူဝါဒ သွတ်သွင်းလေသည်။

စတုတ္ထသည်ကား ခြိမ်းခြောက်မှုနှင့် နားယောင်စေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သင့်အနေဖြင့် ၎င်းကို လက်ခံရန်၊ လိုက်နာရန်နှင့် ၎င်းအတွက် အမှုထမ်းရန်အလို့ငှာ စာတန်သည် အမျိုးမျိုးသော လှည့်ကွက်တို့ကို အသုံးချခြင်းဖြစ်၏။ ၎င်းသည် ၎င်း၏ ရည်မှန်းချက်များကို ရရှိရန် မည်သည့်အရာကိုမဆို လုပ်ဆောင် လိမ့်မည်ဖြစ်သည်။ ၎င်းသည် တစ်ချိန်လုံး သင့်ကို အပြစ်ကျူးလွန်မိစေရန် သွေးဆောင်လျက် တစ်ခါတစ်ရံ၌ သင့်အပေါ် မျက်နှာသာ အနည်းငယ်ပေး၏။ သင်သည် ၎င်းကို မလိုက်နာလျှင် သင့်ကို ဒုက္ခခံစားစေကာ၊ သင့်ကို ဒဏ်ပေးမည်ဖြစ်ပြီး သင့်အား တိုက်ခိုက်ရန်နှင့် အမိဖမ်းရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြု လိမ့်မည်ဖြစ်သည်။

ပဉ္စမမှာ လှည့်ဖြားခြင်းနှင့် တုံ့ဆိုင်းစေခြင်းဖြစ်သည်။ “လှည့်ဖြားခြင်းနှင့် တုံ့ဆိုင်းစေခြင်း” ဆိုသည်မှာ လူတို့၏ ဇာတိအခြေအနေ၊ ၎င်းတို့၏ အသက်တာများနှင့် အနာဂတ်များကို ထောက်ထားနေသည့်အလား ထင်ရစေဖို့၊ လူတို့၏ အယူအဆများနှင့် ကိုက်ညီသည့် စိတ်ကူးများနှင့် နားဝင်ချိုလှသော စကားလုံးအချို့ကို စာတန်က လုပ်ကြံဖန်တီးသည့်အချိန်သည် အမှန်တကယ်တွင် ၎င်း၏ တစ်ခုတည်းသော ရည်မှန်းချက်က သင့်ကို လှည့်စားဖို့ဖြစ်သည့်အချိန် ဖြစ်သည်။ ထို့နောက် မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်ကို သင် မသိစေဖို့အလို့ငှာနှင့်၊ သင် အမှတ်တမဲ့ လှည့်စားခံရကာ ထိုသို့ဖြင့် ၎င်း၏ထိန်းချုပ်မှု အောက်သို့ ရောက်လာဖို့အလို့ငှာ သူသည် သင့်ကို တုံ့ဆိုင်းစေလေသည်။

ဆဌမမှာ ကိုယ်နှင့်စိတ်ကို ဖျက်ဆီးခြင်းဖြစ်သည်။ စာတန်သည် လူသား၏ မည်သည့်အစိတ်အပိုင်းကို ဖျက်ဆီးသနည်း။ (လူ၏စိတ်နှင့် ဖြစ်တည်မှုတစ်ခုလုံး ဖြစ်ပါသည်။) သင့်အနေဖြင့် ခုခံရန် အစွမ်းမရှိအောင် ပြုလျက်၊ စာတန်သည် သင်၏ စိတ်ကို ဖျက်ဆီး၏၊ ဆိုလိုသည်မှာ သင်၏နှလုံးသားသည် စာတန်ဆီသို့ မရည်ရွယ်ဘဲ တဖြည်းဖြည်းချင်း လှည့်မိခြင်း ဖြစ်သည်။ သင့်အနေဖြင့် နောက်ဆုံးတွင် လူကောင်းတစ်ဦးဖြစ်ဖို့ ဆန္ဒမရှိတော့ရန်အလို့ငှာ၊ “ဖြောင့်မတ်ခြင်း” ဟု သင်ခေါ်ဆိုသော အရာအတွက် ရပ်တည်ချင်စိတ် မရှိတော့စေရန်အလို့ငှာ ၎င်းသည် သင့်ကို လွှမ်းမိုးပြီး လက်သပ်မွေးဖို့ရန် ဤအယူအဆများနှင့် ယဉ်ကျေးမှုများကို နေ့စဉ်အသုံးပြုရင်း၊ သင်၏ဆန္ဒကို နည်းနည်းစီ လှိုက်စားရင်း သင့်အထဲသို့ ဤအရာများကို နေ့စဉ် သွတ်သွင်းလေသည်။ အမှုမဲ့အမှတ်မဲ့ဖြင့်၊ သင်သည် ရေစီးကြောင်းကို ဆန်တက်ကူးခတ်ရန် စိတ်စွမ်းအား မရှိတော့ဘဲ၊ ယင်းအစား ရေစီးကြောင်းနှင့် အလိုက်သင့် မျောပါသွားလေသည်။ “ဖျက်ဆီးခြင်း” ဆိုသည်မှာ စာတန်သည် လူတို့ကို လွန်စွာ ညှဉ်းပန်းနှိပ်စက်သဖြင့် ၎င်းတို့သည် လူသားမဟုတ်တော့ဘဲ၊ မိမိတို့ကိုယ်တိုင်၏ အရိပ်အယောင်များ ဖြစ်လာကြလေသည်။ ဤသည်မှာ စာတန်က ၎င်းတို့အား တိုက်ခိုက်၊ ဖမ်းဆီးကာ ဝါးမျိုသောအခါတွင်ဖြစ်သည်။

လူသားကို ဖျက်ဆီးရန် စာတန်အသုံးချသော ဤလှည့်ကွက် တစ်ခုစီသည် လူသားအား ခုခံနိုင်စွမ်းမဲ့စေ၏။ ယင်းတို့ တစ်ခုစီတိုင်းသည် လူသားအတွက် ဆိုးဆိုးရွားရွား ဖြစ်စေနိုင်သည်။ တစ်နည်းအားဖြင့် စာတန်လုပ်ဆောင်သော အရာရာတိုင်းနှင့် ၎င်းအသုံးချသော လှည့်ကွက်ဟူသမျှက သင့်ကို ဆုတ်ယုတ် စေနိုင်သည်၊ စာတန်၏ ထိန်းချုပ်မှု အောက်သို့ ရောက်စေနိုင်ကာ၊ သင့်အား မကောင်းမှုနှင့် အပြစ်တို့၏ နွံထဲ၌ နစ်မြုပ်စေနိုင်၏။ ယင်းကဲ့သို့အရာများမှာ လူသားကိုဖျက်ဆီးရန် စာတန်အသုံးချသော လှည့်ကွက်များ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ထုတ်ပစ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သည့် နားလည်မှု ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။ ဘုရားသခင်၏ အမှုကို မည်သူ လက်ခံယုံကြည်ပြီနည်း။ ဘုရားသခင်၏ အမှုအတွက် မည်သူသည် ၎င်းတို့၏ အသက်ကို စွန့်လွှတ်ပြီနည်း သို့မဟုတ် အသွေးသွန်းပြီးပြီနည်း။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ကြာ၊ မိဘများမှသည် သားသမီးများအထိ၊ ကျွန်ပြုခံရသော လူသားသည် ဘုရားသခင်အား မပြောမဆို ကျွန်ပြုကြပြီး ဖြစ်သည်— အဘယ်သို့လျှင် ဤအရာသည် အမျက်ဒေါသကို မနှိုးဆော်ဘဲရှိနိုင်မည်နည်း။ နှစ်ထောင်ပေါင်းများစွာကြာသည့် အမုန်းတရားကို နှလုံးသားထဲတွင် စုစည်းထားသည်၊ ထောင်ချီနှစ်ကာလကြာ အပြစ်ရှိခြင်းကို နှလုံးသားထက်တွင် ရေးထွင်းထားသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ ဘုရားသခင်၏ရန်သူကို လုံးဝ ဇီဝိန်ချုပ်စေလျက် ၎င်းအား နောက်ထပ် သောင်းကျန်းခွင့်မပြုတော့သကဲ့သို့၊ ၎င်းဆန္ဒရှိသလောက် ပြဿနာများ နောက်ထပ် ဖန်တီးခွင့် မပေးတော့ဘဲ ဘုရားသခင်အတွက် လက်စားချေကြလော့။ ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။ ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိပ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့်မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ လူသားတို့ အလယ်တွင် နွေးထွေးမှုကား အဘယ်မှာနည်း။ လူတို့အလယ်တွင် ကြိုဆိုခြင်းကား အဘယ်မှာနည်း။ ဘုရားသခင်၌ ထိုသို့သော အသည်းအသန် တောင့်တခြင်းအား အဘယ်ကြောင့် ဖြစ်စေသနည်း။ ဘုရားသခင်အား အဘယ်ကြောင့် အထပ်ထပ် အော်ခေါ်စေသနည်း။ ဘုရားသခင်အား သူ၏ ချစ်လှစွာသော သားအတွက် စိတ်ပူစေရန် အဘယ်ကြောင့် အတင်းအကျပ် ပြုရသနည်း။ ဤမှောင်မိုက်သော လူ့အဖွဲ့အစည်းတွင် ၎င်း၏ ဆိုးရွားသည့် အစောင့်ခွေးများတို့သည် အဘယ်ကြောင့် ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာလောကအလယ်တွင် လွတ်လပ်စွာ ဝင်ထွက်သွားလာ ခွင့်မပြုရသနည်း။ နာကျင်မှုနှင့် ဆင်းရဲဒုက္ခတို့ အလယ်၌ အသက်ရှင်သော လူသားသည် အဘယ်ကြောင့် နားမလည်ရသနည်း။ သင်တို့အတွက် ဘုရားသခင်သည် ကြီးစွာသော ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံပြီးဖြစ်သည်၊ ကြီးစွာသော နာကျင်မှုဖြင့် သူသည် သူ၏ ချစ်လှစွာသောသား၊ သူ၏ အသွေးနှင့် အသားကို သင်တို့အား နှင်းအပ်ပြီးဖြစ်သည်— ထို့ကြောင့် သင်တို့သည် အဘယ်ကြောင့် မသိကျိုးကျွန်ပြုကြသေးသနည်း။ အယောက်တိုင်း၏ သိသာထင်ရှားသော အမြင်တွင်၊ သင်တို့သည် ဘုရားသခင်၏ ကြွရောက်လာခြင်းကို ငြင်းပယ်ကြပြီး ဘုရားသခင်၏ ခင်မင်ရင်းနှီးမှုကို ငြင်းခဲ့ကြ၏။ အဘယ်ကြောင့် သင်တို့သည် အလွန် လွန်လွန်ကဲကဲ ဖြစ်ကြသနည်း။ သင်တို့သည် ဤသို့သော မှောင်မိုက်သည့် လူ့အဖွဲ့အစည်းထဲတွင် မတရားမှုများကို ကြံ့ကြံ့ခံရန် လိုလားနေကြသလော။ နှစ်ထောင်ချီသော မုန်းတီးမှုဖြင့် သင်တို့၏ ဝမ်းဗိုက်များကို ဖြည့်ရမည့်အစား၊ သင်တို့သည် မိမိတို့ကိုယ်မိမိ နတ်ဆိုးတို့မင်း၏“ချေး” နှင့် အဘယ်ကြောင့် သိပ်ထည့်ကြသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” မှ

စာတန်သည် ကြင်နာတတ်ကာ တရားမျှတပြီး မွန်မြတ်သည်ဟု မြင်ရသော်လည်း စာတန်အနှစ်သာရမှာ ရက်စက်ပြီး ဆိုးယုတ်၏

စာတန်သည် လူတို့ကို လှည့်စားခြင်းဖြင့် သူ၏ဂုဏ်သတင်းကို တည်ဆောက်ပြီး သူ့ကိုယ်သူ ဖြောင့်မတ်ခြင်း၏ ဦးစီးခေါင်းဆောင်တစ်ဦးနှင့် စံနမူနာထားရမည့်သူတစ်ဦးအဖြစ် မကြာခဏ သက်သေထူသည်။ ဖြောင့်မတ်ခြင်းကို ကာကွယ်ခြင်းဟူသော ဟန်ဆောင်မှုအောက်၌ စာတန်သည် လူတို့ကို အန္တရာယ်ပြုပြီး သူတို့၏ဝိညာဉ်များကို ဝါးမျိုကာ လူသားကို တွေဝေထိုင်းမှိုင်းစေရန်၊ လှည့်စားရန်နှင့် လှုံ့ဆော်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ သူ၏ဆိုးယုတ်သည့် အပြုအမူကို လူသားက ထောက်ခံပြီး လိုက်လျောစေရန်၊ ဘုရားသခင်၏သြဇာအာဏာနှင့် အချုပ်အခြာအာဏာကို ဆန့်ကျင်ရာ၌ လူသားကို သူနှင့်ပူးပေါင်းအောင်လုပ်ရန်မှာ သူ၏ပန်းတိုင်ဖြစ်သည်။ သို့သော်လည်း လူတစ်ယောက်က စာတန်၏လျှို့ဝှက်အကြံအစည်များနှင့် အကွက်ချခြင်းများကို ရိပ်စားမိပြီး သူ၏ဆိုးညစ်သည့် အင်္ဂါရပ်များကို ရိပ်စားမိသောအခါ၊ သူ၏နင်းချေခြင်းနှင့် အရူးလုပ်ခြင်းတို့ကို ဆက်မခံချင်တော့သည့်အခါ၊ သို့မဟုတ် သူ့အတွက် ပင်ပန်းကြီးစွာ ဆက်မလုပ်ပေးချင်တော့သည့်အခါ၊ သို့မဟုတ် သူနှင့်အတူ အပြစ်ဒဏ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းကို မခံချင်သည့်အခါ စာတန်သည် သူ၏ သူတော်စင်နှင့်တူသည့် ယခင်က အင်္ဂါရပ်များကို ပြောင်းပစ်လိုက်သည့်အပြင် ဆိုးယုတ်ပြီး ရက်စက်ကာ အကျည်းတန်၍ ရိုင်းစိုင်းကြမ်းကြုတ်သည့် သူ၏သရုပ်မှန်ကို ထုတ်ဖော်ပြရန်အတွက် သူ၏မျက်နှာဖုံးအတုကို ဆွဲဖြဲလိုက်တော့သည်။ သူ၏ဆိုးယုတ်သည့် စွမ်းအားများကို ဆန့်ကျင်သည့်သူများနှင့် သူ့နောက်လိုက်ဖို့ ငြင်းဆန်သူများအားလုံးကို စာတန်သည် အလွန်ပင် အပြတ်ရှင်းပစ်ချင်သည်။ ဤအချိန်၌ စာတန်သည် ယုံကြည်စိတ်ချရသော၊ လူကြီးလူကောင်းဆန်သော အသွင်အပြင်ကို ပုံဖမ်း၍ မရတော့ပေ။ ထိုအစား သိုးရေခြုံအောက်မှ သူ၏ကြောက်စရာကောင်းပြီး မာရ်နတ်ဆန်သည့် အင်္ဂါရပ်အမှန်များသည် ထုတ်ဖော်ခံရတော့သည်။ စာတန်၏လျှို့ဝှက်အကြံအစည်များသည် သိသာထင်ရှားလာပြီး သူ၏အင်္ဂါရပ်အမှန်များသည် ဖော်ထုတ်ခံရပြီးသည်နှင့် သူသည် ယမ်းပုံမီးကျ ဒေါသထွက်ပြီး သူ၏ရက်စက်ကြမ်းတမ်းမှုကို ဖော်ပြပေလိမ့်မည်။ ဤနောက်တွင် လူများကို အန္တရာယ်ပြုရန်နှင့် ဝါးမျိုရန်ဖြစ်သည့် သူ၏ဆန္ဒသည် ပို၍သာ ပြင်းထန်လာသည်။ ဤသို့ဖြစ်ရခြင်းမှာ လူသားသည် အမှန်တရားကို သတိပြုမိသွားသောအခါ သူဒေါသထွက်သောကြောင့်ဖြစ်၏။ လွတ်လပ်မှုနှင့် အလင်းကို တောင့်တရန်နှင့် စာတန်၏ အကျဉ်းထောင်မှ လွတ်မြောက်ရန်ဖြစ်သည့် လူတို့၏ရည်မှန်းချက်ကြောင့် စာတန်၌ လူသားအပေါ် ပြင်းထန်သည့် အငြိုးဖြစ်ပေါ်လာသည်။ သူ၏ဒေါသသည် သူ၏ဆိုးယုတ်မှုကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန် ရည်ရွယ်ပြီး သူ၏ ရက်စက်ကြမ်းကြုတ်သည့် သဘာဝ၏ ထုတ်ဖော်ခြင်းအမှန်လည်းဖြစ်သည်။

အကြောင်းအရာတိုင်း၌ စာတန်၏အပြုအမူက သူ၏ဆိုးယုတ်သည့် သဘာဝကို ဖော်ပြသည်။ သူ့နောက်လိုက်အောင် လူသားကို လှည့်ဖြားခြင်းငှာ သူ၏အစောပိုင်းအားထုတ်မှုမှစ၍ သူ၏ဒုစရိုက်အမှုများထဲသို့ လူသားကို ဆွဲသွင်းခြင်းဖြစ်သည့် လူသားကို သူအသုံးချခြင်းအထိ၊ သူ၏အင်္ဂါရပ်အမှန်များ ဖော်ထုတ်ခံရသဖြင့် လူသားက သူ့ကို သိမြင်လာပြီး စွန့်ပစ်လိုက်သည့်နောက် လူသားအပေါ် သူအငြိုးထားခြင်းအထိ- လူသားအပေါ် စာတန်လုပ်ဆောင်ခဲ့သော ဆိုးယုတ်သည့် လုပ်ရပ်အားလုံးထဲ၌ စာတန်၏ ဆိုးယုတ်သော အနှစ်သာရကို ဖော်ထုတ်ရန် ပျက်ကွက်သည့် လုပ်ရပ်တစ်ခုမျှ မရှိသကဲ့သို့၊ စာတန်သည် အပြုသဘောဆောင်သည့် အရာများနှင့် ဆက်စပ်မှုမရှိကြောင်းနှင့် စာတန်သည် ဆိုးယုတ်သည့် အရာအားလုံး၏ အရင်းအမြစ်ဖြစ်ကြောင်းကို သက်သေပြရန် ပျက်ကွက်သည့် လုပ်ရပ်တစ်ခုမျှ မရှိပေ။ သူ့လုပ်ရပ်တစ်ခုချင်းစီတိုင်းက သူ၏ဆိုးယုတ်မှုကို ကာကွယ်ပေးပြီး သူ၏ဆိုးယုတ်သည့်လုပ်ရပ်များ ဆက်တည်ရှိနေရန်အတွက် ထိန်းသိမ်းပေးကာ တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများနှင့် ဆန့်ကျင်သည့်အပြင် လူသားမျိုးနွယ်၏ ပုံမှန်ဖြစ်တည်မှုဆိုင်ရာ နိယာမများနှင့် အစီအစဉ်ကျမှုတို့ကို ဖျက်ဆီးလေသည်။ စာတန်၏ ဤလုပ်ရပ်တို့သည် ဘုရားသခင်ကို အပြင်းအထန်ဆန့်ကျင်ကြသည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင့်အမျက်ဒေါသ၏ ဖျက်ဆီးခြင်းကို ခံကြရလိမ့်မည်။ စာတန်၌ ကိုယ်ပိုင်ဒေါသရှိသော်လည်း သူ၏ဒေါသသည် သူ၏ဆိုးယုတ်သည့် သဘာဝကို ဖွင့်ချသည့်နည်းပင်ဖြစ်သည်။ စာတန်အနေဖြင့် စိတ်တိုပြီး ဒေါသအမျက်ခြောင်းခြောင်းထွက်သည့် အကြောင်းရင်းက ဤသို့ဖြစ်သည်- ပြောပြ၍မရနိုင်သည့် သူ၏လျှို့ဝှက်အကြံအစည်များက ပေါ်လွင်သွားသည်၊ သူ၏အကွက်ချစီစဉ်မှုများသည် လွယ်လွယ်နှင့် မလွတ်နိုင်၊ ဘုရားသခင်ကို အစားထိုးရန်နှင့် ဘုရားသခင်ကဲ့သို့ ပြုမူရန်ဟူသည့် သူ၏အထိန်းအကွပ်မဲ့ ရည်မှန်းချက်နှင့် အလိုရမ္မက်တို့သည် ရိုက်ချခံရပြီး ပိတ်ပင်ခံလိုက်ရသည်၊ လူသားမျိုးနွယ်အားလုံးကို ထိန်းချုပ်လိုသည့် သူ၏ပန်းတိုင်သည် ယခု ဘာမျှအရာမထင်ဘဲ ဘယ်တော့မျှ စွမ်းဆောင်ရရှိနိုင်မည်မဟုတ်။ စာတန်၏ အကွက်ချစီစဉ်မှုများ အကောင်အထည်မပေါ်လာအောင် ရပ်တန့်လိုက်ပြီး စာတန်၏ ဆိုးယုတ်မှု ပျံ့နှံ့ခြင်းနှင့် ထကြွသောင်းကျန်းခြင်းတို့ကို ဖြတ်တောက်ပစ်လိုက်သည့်အရာမှာ တစ်ကြိမ်ပြီးတစ်ကြိမ် မိမိ၏အမျက်ဒေါသကို ဘုရားသခင်၏ ထပ်တလဲလဲ ဆင့်ခေါ်မှုပင်ဖြစ်သည်။ ဤအကြောင်းကြောင့် စာတန်သည် ဘုရားသခင်၏ အမျက်ဒေါသကို မုန်းလည်းမုန်း၊ ကြောက်လည်း ကြောက်၏။ ဘုရားသခင်၏အမျက်ဒေါသ သက်ဆင်းလာသည့် အချိန်တိုင်းတွင် ၎င်းသည် စာတန်၏ဆိုးညစ်သည့် အသွင်အပြင်အမှန်ကို ဖွင့်ပြရုံတင်မကဘဲ စာတန်၏ ဆိုးယုတ်သည့် အလိုရမ္မက်ကိုလည်း အလင်းထဲသို့ ဖော်ထုတ်လေသည်။ ထိုသို့လုပ်ဆောင်စဉ်တွင် လူသားမျိုးနွယ်အပေါ် စာတန်ဒေါသူပုန်ထခြင်း၏ အကြောင်းရင်းများသည် လုံးဝပေါ်လွင်လာသည်။ စာတန်၏ ဒေါသပေါက်ကွဲခြင်းက သူ၏ဆိုးယုတ်သည့် သဘာဝကို ထုတ်ဖော်ခြင်းအမှန် ဖြစ်ပြီး သူ၏လျှို့ဝှက်အကြံအစည်များ ဖော်ထုတ်ခံရခြင်းဖြစ်သည်။ မှန်ပေ၏၊ စာတန်ဒေါသထွက်သည့် အကြိမ်တိုင်းသည် ဆိုးယုတ်သည့်အရာများ ပျက်စီးခြင်းအပြင် အပြုသဘောဆောင်သည့်အရာများ ကာကွယ်ခံရခြင်းနှင့် ဆက်လက်တည်နေခြင်းကို ကြေညာသည်၊ ဘုရားသခင်၏ အမျက်ဒေါသသည် ထိပါးစော်ကား၍ မရသည့်အမှန်တရားကို ကြေညာလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ စီမံခန့်ခွဲမှု ရည်ရွယ်ချက်မှာ ဘုရားသခင်ကို ကိုးကွယ်ပြီး သူ့ကို ကျိုးနွံနာခံသည့် လူတစ်စုကို ရရှိရန်ဖြစ်သည်။ ဤလူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးသော်လည်း၊ ၎င်းတို့သည် စာတန်ကို ၎င်းတို့၏ဖခင်ဟု မမြင်တော့ပေ။ စာတန်၏ ရွံရှာဖွယ် မျက်နှာကို ၎င်းတို့ သတိပြုမိကြပြီး ၎င်းကို ငြင်းပယ်ကြကာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို လက်ခံရန် ဘုရားသခင်ရှေ့သို့ လာကြလေသည်။ ၎င်းတို့သည် မည်သည့်အရာက အကျည်းတန်သည် ဆိုသည်နှင့် ယင်းသည် သန့်ရှင်းသည့်အရာနှင့် မည်သို့ ဆန့်ကျင်သည် ဆိုသည်တို့ကို သိရှိလာကြပြီး ဘုရားသခင်၏ ကြီးမြတ်မှုနှင့် စာတန်၏ ဆိုးယုတ်မှုတို့ကို သတိပြုမိလာကြလေသည်။ ဤသို့သော လူသားမျိုးနွယ်သည် စာတန်အတွက် အလုပ်မလုပ်တော့ပေ၊ သို့မဟုတ် စာတန်ကို မကိုးကွယ်ကြတော့ပေ၊ သို့မဟုတ် စာတန်ကို အမြတ်တနိုး မရှိကြတော့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်က အမှန်တကယ် ရယူပြီးဖြစ်သည့် လူတစ်စုဖြစ်ကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှု၏ အရေးပါမှုဖြစ်သည်။ ဤအချိန်ကာလနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု အတောအတွင်းတွင်၊ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းနှစ်ခုလုံးကို ခံရသူတစ်ဦးဖြစ်ပြီး၊ လူသားသည် ဘုရားသခင်နှင့် စာတန်တို့ တိုက်ခိုက်ကြရသည့် အကျိုးဖြစ်ပေသည်။ ဘုရားသခင်က သူ၏ အမှုကို ဆောင်ရွက်သည်နှင့်အမျှ၊ သူသည် လူသားကို စာတန်လက်မှ တဖြည်းဖြည်း ပြန်ယူနေပြီး၊ ထို့ကြောင့် လူသားသည် ဘုရားသခင်နှင့် ယခင်ထက် သာ၍ နီးကပ်လာပေသည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” မှ

အောက်ခြေမှတ်စု(များ)-

၁။ လူတို့အနေဖြင့် မိမိတို့၏ အသိပညာ၊ ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးရာ အမြင်များ တင်းကျပ်လွန်းသည်ကို ဆိုလိုရင်း၊ “မပျက်စီးနိုင်သောအရာ” ကို ဤနေရာတွင် သရော်သည့်စကားအဖြစ် ရည်ရွယ်သည်။

၂။ “ပညတ်တရား လက်လှမ်းမမီသည့်ပြင်ပတွင် လွတ်လွတ်လပ်လပ် သွားလာစဉ်တွင်” ဆိုသည်မှာ နတ်ဆိုးက ဒေါသပေါက်ကွဲပြီး လျှောက်ရမ်းသည်ကို ဖော်ညွှန်းပါသည်။

၃။ “လုံးလုံး ဖရိုဖရဲ” ဆိုသည်မှာ မာရ်နတ်၏ ကြမ်းကြုတ်သော အပြုအမူသည် မြင်ရန် မခံမရပ်နိုင်စရာ ဖြစ်ပုံကို ရည်ညွှန်းသည်။

၄။ “ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး” ဆိုသည်မှာ နတ်ဆိုးတို့၏ရှင်ဘုရင်၏ အကျည်းတန်သော မျက်နှာကို ရည်ညွှန်းသည်။

၅။ “အန်စာတစ်ချက်ပစ်ကာ အရာရာကို လောင်းကြေးထပ်ရင်း” ဆိုသည်မှာ နောက်ဆုံးတွင် အနိုင်ရခြင်းငှာ မျှော်လင့်ချက်များဖြင့် လောင်းကြေးတစ်ခုတွင် မိမိ၏ ရှိသမျှငွေကို ပုံအောခြင်းဟု ဆိုလိုသည်။ ဤသည်မှာ နတ်ဆိုး၏ မကောင်းသည့် ယုတ်မာသော အကြံအစည်များအတွက် တင်စားမှုတစ်ခု ဖြစ်သည်။ ဤစကားအသုံးအနှုန်းကို သရော်သည့်အနေဖြင့် သုံးထားပေသည်။

၆။ “ဝါးမျို” ဆိုသည်မှာ လူတို့ကို အလုံးစုံ အဓမ္မပြုသော နတ်ဆိုးတို့ ရှင်ဘုရင်၏ ကြမ်းကြုတ်သည့် အပြုအမူကို ရည်ညွှန်းသည်။

၇။ “ပြစ်မှုထဲက ဤကြံရာပါ” ဆိုသည်မှာ “လူရမ်းကားတစ်သိုက်” နှင့် အမျိုးအစားတူသည်။

၈။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း” သည် နတ်ဆိုးက လူတို့အား ဘေးပြုရန် သုံးသော နည်းစနစ်များကို ရည်ညွှန်းသည်။

၉။ “အလွန်အကျွံ စောင့်ကြပ်ခြင်း ခံရ၏” ဆိုသည်မှာ မာရ်နတ်က လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းစနစ်များသည် အထူးသဖြင့် ရက်စက်ပြီး၊ လူတို့ကို အလွန်တရာ ထိန်းချုပ်သည်မှာ ၎င်းတို့သည် လှုပ်ရှားရန် နေရာမရှိသည်ကို ညွှန်ပြသည်။

က။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းတို့သည် တရုတ်နိုင်ငံတွင် အားထားရသော ကွန်ဖြူးရှပ်ဝါဒ စာအုပ်များဖြစ်သည်။

အရှေ့သို့- ၁၁၁။ မိစ္ဆာဝါဒနှင့် အတွေးမှားတို့ကြား ခွဲခြားခြင်း အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၁၃။ အမျိုးမျိုးသော နတ်ဆိုးများကို ခွဲခြားခြင်း အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊လျှောက်ရမယ့်လမ်းကို ညွှန်ပြသမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်