၁၀၁။ တစ်ဦးတစ်ယောက်သည် အရည်အချင်း ရှိသည် မရှိသည်ကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) တစ်ဦးတစ်ယောက်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ နားလည်နိုင်‌သည်ဆိုသည်နှင့် ၎င်းတို့၏ ကိုယ်ပိုင် အခြေအနေနှင့် လက်တွေ့ကျသော ပြဿနာများကို ပေါင်းစပ်ခြင်းမှတစ်ဆင့် သမ္မာတရားကို နားလည်နိုင်ပြီး ထိုသို့ဖြင့် လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားများကို ရှာတွေ့နိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။

(၂) တစ်ဦးတစ်ယောက်၏ မိမိကိုယ်ကိုယ် သိခြင်းသည် လက်တွေ့ကျခြင်း ရှိမရှိ၊ စစ်မှန်ပြီး တိကျခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။ အရည်အချင်း ညံ့ဖျင်းသော သူတို့သည် အနှစ်သာရမရှိသော အယူဝါဒကိုသာ ပြောဆိုလိမ့်မည်ဖြစ်ပြီး၊ စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ပေ။

(၃) တစ်ဦးတစ်ယောက်က မည်သို့ လုပ်ဆောင်နိုင်စွမ်းရှိသည်ကို ကြည့်လော့။ ကောင်းမွန်သော အရည်အချင်းရှိသည့်သူတို့သည် လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားများကို သမ္မာတရားအပေါ် အခြေခံ၍ သဘောပေါက်နိုင်ပြီး ပြဿနာမျိုးစုံကို ဖြေရှင်းနိုင်သည်။

(၄) တစ်ဦးတစ်ယောက်က မည်မျှ သိမြင်နိုင်စွမ်းရှိသည်၊ သမ္မာတရား အခြေခံသဘောတရားအပေါ် အခြေခံ၍ လူအမျိုးအစား အသီးသီးကို ခွဲခြားနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ဖြစ်ရပ်မျိုးစုံ၏ အချက်အချာနှင့် လူမှုရေး အင်အားတို့ကို မြင်နိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူများ၏အစွမ်းအစကို ငါတို့ မည်သို့ အကဲဖြတ်ကြသနည်း။ ၎င်းတို့၏ အစွမ်းအစကို အကဲဖြတ်ဖို့ အမှားအကင်းဆုံး နည်းလမ်းမှာ သမ္မာတရားကို ၎င်းတို့ နားလည်သည့် အတိုင်းအတာအပေါ် အခြေပြုခြင်း ဖြစ်သည်။ လူအချို့က အထူးပြုခြင်းအချို့ကို အလွန်လျင်မြန်စွာ သင်ယူနိုင်သော်လည်း၊ ၎င်းတို့က သမ္မာတရားကို ကြားသည့်အခါ၊ နားဝေတိမ်တောင်ဖြစ်ပြီး ငိုက်မျဉ်းကြသည်၊ ယင်းက ၎င်းတို့ကို ခေါင်းခြောက်စေသည်၊ ၎င်းတို့ကြားသမျှ မည်သည့်အရာကိုမျှ ၎င်းတို့ မမှတ်မိကြသကဲ့သို့၊ ၎င်းတို့ကြားနေသည့်အရာကို ၎င်းတို့ နားမလည်ကြပေ- ယင်းမှာ ညံ့ဖျင်းသော အစွမ်းအစဖြစ်သည်။ လူအချို့ကို သင်က ၎င်းတို့သည် ညံ့ဖျင်းသော အစွမ်းအစ ရှိသည်ဟု ၎င်းတို့အား ပြောပြီး ၎င်းတို့က သဘောမတူကြပေ။ ၎င်းတို့က အလွန်ပညာတတ်ပြီး နှံ့စပ်ခြင်းသည် ၎င်းတို့တွင် အစွမ်းအစကောင်း ရှိသည်ကို ဆိုလိုခြင်းဖြစ်သည်ဟု တွေးထင်ကြသည်။ ပညာရေး ကောင်းကောင်း တစ်ခုက မြင့်မားသော အစွမ်းအစကို လက်တွေ့ပြသလော။ ယင်းက လက်တွေ့မပြပါ။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို နားလည်သည့်အတိုင်းအတာတွင် အခြေပြုကာ လူများ၏ အစွမ်းအစကို တိုင်းတာပေသည်။ ဤသည်မှာ ယင်းကို လုပ်ဆောင်ဖို့ စံနှုန်းအကျဆုံးနှင့် အမှားအကင်းဆုံး နည်းလမ်းဖြစ်သည်။ တစ်စုံတစ်ဦး၏ အစွမ်းအစကို အခြားသောနည်းလမ်း တစ်စုံတစ်ရာဖြင့် တိုင်းတာအကဲဖြတ်ဖို့ ကြိုးစားခြင်းက အောင်မြင်သည့် ရလဒ်ကောင်းကို မရရှိနိုင်ချေ။ လူအချို့သည် ကျလောက်အောင် အပြောကောင်းပြီး ဇဝနဉာဏ်ရှိကြသည်၊ ပြီးလျှင် ၎င်းတို့သည် သူတစ်ပါးနှင့်ရင်းနှီးသင့်မြတ်ဖို့ ကြိုးစားရာတွင် အမှန်တကယ် တော်ကြသည်- သို့ရာတွင် ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး၊ ဒေသနာများကို နားထောင်သည့်အခါ၊ မည်သည့်အရာကိုမျှ ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့၏ကိုယ်ပိုင် အတွေ့အကြုံများနှင့် သက်သေခံချက်တို့နှင့်ပတ်သက်၍ ၎င်းတို့ စကားပြောသည့်အခါ၊ ၎င်းတို့သည် မကျွမ်းကျင်သေးသူများမျှသာ ဖြစ်သည်ကို မိမိတို့ကိုယ်ကိုယ် ထုတ်ဖော်ပြကြသည်၊ ပြီးလျှင် ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည်ကို အားလုံးက ခံစားရလေသည်။ ဤသည်တို့မှာ အစွမ်းအစကောင်း ရှိသူများ မဟုတ်ကြပေ။ ထို့ကြောင့် ထိုသို့သောလူများသည် ဘုရားသခင်၏ အိမ်တော်အတွက် အပြင်ပန်းအရေးကိစ္စအချို့ကို ကိုင်တွယ်နိုင်သည့် အရည်အချင်း ရှိသလော။ ဘုရားသခင်၏အိမ်တော်၏ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းခြင်းဆိုသည်မှာ- တစ်နည်းအားဖြင့်ပြောသော်၊ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သည်။ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် သမ္မာတရား၊ ဘုရားသခင်၏အမှုတော်၊ အပြုအမူဆိုင်ရာ အခြေခံသဘောတရားများနှင့် လူအမျိုးမျိုးကို ဆက်ဆံသည့် နည်းလမ်းများနှင့် စည်းစနစ်တို့ ပါဝင်ပြီး၊ ဤအရေးကိစ္စများ အားလုံးသည် မိမိ၏တာဝန်ကို မိမိ၏ထမ်းဆောင်ခြင်းတွင် ထိရောက်ပြီး လုံလောက်မှု ရှိမရှိ ဆိုသည်နှင့်ဆက်နွှယ်မှုတစ်ခု ရှိပေသည်။ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့်သက်ဆိုင်သည့် ဤအရေးကိစ္စများတွင် သမ္မာတရားပါဝင်သလော။ ယင်းတို့တွင် သမ္မာတရား ပါဝင်သော်လည်း၊ သင်သည် သမ္မာတရားကို နားမလည်ဘဲ၊ သင်၏သေးသိမ်သော လှည့်ကွက်များနှင့် အကြံအစည်များပေါ်တွင် မှီခိုနေဆဲဖြစ်ပါက၊ ဤတာဝန်ကို သင် သင့်တော်စွာ ထမ်းဆောင်နိုင်မည်လော။ သင်သည် ယင်းကို ဘုရားသခင်၏အလိုတော်အတိုင်း လုပ်ဆောင်နိုင်မည်လော။ မဟုတ်ပေ။ တစ်စုံတစ်ဦးက အမှုအရာအချို့တွင် မျှော်လင့်ထားသည့် အတိုင်း ဆက်လက် တိုးတက်နေလျှင်ပင်၊ ယင်းမှာ ၎င်းတို့ လုပ်ဆောင်နေသည့်အရာသည် သမ္မာတရား မပါဝင်သောကြောင့်၊ ပြီးလျှင် အပြင်ပန်းအရာတစ်ခု သက်သက်သာ ဖြစ်သောကြောင့်ပင်တည်း။ ၎င်းတို့ကို အခြေခံသဘောတရားအတိုင်း တစ်စုံတစ်ခုကို သွားလုပ်ခိုင်းပြီး၊ မမျှော်လင့်သည့် အခြေအနေ ဖြစ်ပေါ်လာပါက၊ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ရမည်ကို မသိကြပေ။ ၎င်းတို့က ၎င်းတို့၏ အတွေ့အကြုံများပေါ်တွင် အခြေပြု၍ ယင်းကို ကိုင်တွယ်ဖြေရှင်းနိုင်သင့်သည်ဟု ထင်ကြသော်လည်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် အနှောင့်အယှက်နှင့် တုံ့ဆိုင်းမှုတို့ကို ဖြစ်ပေါ်စေသည်။ ယင်းက အမှုအရာများကို ရှုပ်ထွေးစေသည်။ ဤနေရာတွင် တစ်စုံတစ်ရာ မမှားယွင်းနေသလော။ ပြီးလျှင် ယင်းကို ဖြစ်စေသည့်အကြောင်းအရင်းမှာ အဘယ်နည်း။ ဤသည်မှာ ၎င်းတို့၏ နားလည်မှုက မရှင်းသောကြောင့်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့သည် အခြေခံသဘောတရားများကို သဘောမပေါက်ကြချေ။ သမ္မာတရား သို့မဟုတ် အခြေခံသဘောတရားများ ပါဝင်သည့် တစ်စုံတစ်ခုကို ၎င်းတို့ကြုံတွေ့သည့်အခါ၊ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ရမည်မှန်း မသိကြပေ။ ၎င်းတို့၏ကိုယ်ပိုင် လူ့အကြံဉာဏ်များ ပေါ်လာပြီး ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်၏ အမှုနှင့် အကျိုးစီးပွားတို့ကို နောက်ဆုံးတွင် ထိခိုက်စေကာ၊ အရှက်တကွဲ ဖြစ်ရသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

အစွမ်းအစကောင်းရှိသည့်လူများတွင် မည်သည့်အရာ ထင်ရှားပြသသနည်း။ ၎င်းတို့ ဘုရားသခင်ကို မည်မျှကြာကြာ ယုံကြည်ပြီးဖြစ်စေ၊ ၎င်းတို့ ဒေသနာတစ်ခုကို ကြားသည့်အခါ၊ ၎င်းတို့ ယနေ့ နားထောင်နေသည့် ဤဒေသနာနှင့် သမ္မာကျမ်းစာတွင် ပြောထားသည့်အရာတို့အကြား ကွာခြားချက်ကို ခွဲခြားသိမြင်နိုင်စွမ်း ရှိကြသည်- ဤဒေသနာသည် သာ၍ နက်နဲသည်၊ သာ၍ အသေးစိတ်ကျသည်ဟု ဖြစ်သည်၊ ပြီးလျှင် နောက်ပိုင်းတွင် ၎င်းတို့၏ တကယ့်အသက်တာများတွင် ယင်းကို စတင် အသုံးပြုကြလေသည်။ ဥပမာအားဖြင့် ဘုရားသခင်က ရိုးသားဖို့ပြောထားသည်။ အစတွင် ၎င်းတို့သည် ၎င်းတို့စိတ်နှလုံးထဲတွင် ရှိသည့်အရာကိုပြောလျက်၊ ဤစည်းမျဉ်းကို ဖက်တွယ်ထားခြင်းထက် မည်သည့်အရာမျှ မလုပ်ဆောင်ကြပေ။ သို့သော် ဒေသနာများကို ၎င်းတို့ နားထောင်သည်နှင့်အညီ၊ ၎င်းတို့၏ကိုယ်ပိုင် တကယ့် ဘဝအတွေ့အကြုံများမှ အမှုအရာများကို အဆက်မပြတ် ဖြည်းဖြည်းချင်း အနှစ်ချုပ်လာသည်မှာ နောက်ဆုံးတွင် ၎င်းတို့ ကြုံရပြီး တွေ့ကြုံသည့်အရာမှ၊ သမ္မာတရား၏ ဤရှုထောင့်- ရိုးသားခြင်း- သည် မည်သည့်အရာဖြစ်သည်နှင့် ယင်း၏စစ်မှန်မှုသည် မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့ သဘောပေါက်လာကြသည်။ ၎င်းတို့သည် ဘုရားသခင် ပြောကြားသည့် နှုတ်ကပတ်တော်များနှင့် ဒေသနာများတွင် ထည့်သွင်းဆွေးနွေးထားသည့် သမ္မာတရားများကို ၎င်းတို့၏ တကယ့်အသက်တာများတွင် ကျင့်သုံးနိုင်ကြသည်၊ ပြီးလျှင် ယင်းတို့ကို ၎င်းတို့၏ စစ်မှန်မှုဖြစ်စေကာ၊ မိမိတို့ကိုယ်တိုင် ဖြည်းဖြည်းချင်း သာ၍နက်ရှိုင်းစွာ သဘောပေါက်စေဖို့ ဤတကယ့် အတွေ့အကြုံများကို အသုံးပြုသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့ကြားသည့် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ဒေသနာများ အတွင်းတွင် ပါဝင်သည့် သမ္မာတရားကို နားလည်နိုင်ပြီး ဤသမ္မာတရားသည် အနှစ်သာရမဲ့သည် အယူဝါဒအချို့မဟုတ်ဘဲ၊ ယင်းမှာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း သို့မဟုတ် သဘောတရားအချို့ မဟုတ်ဘဲ၊ ၎င်းတို့၏တကယ့်အသက်တာများတွင် ၎င်းတို့ ကြုံတွေ့ရသည့် အခက်အခဲများ၊ ပြီးလျှင် ၎င်းတို့ ထုတ်ဖော်ပြသည့် အခြေအနေများနှင့် ဆက်စပ်နေသည်ကို ၎င်းတို့ သဘောပေါက်နိုင်သည်ဟု ဖြစ်သည်။ ဤအခြေအနေများကို ၎င်းတို့က စစ်ဆေးနိုင်ကာ၊ ဘုရားသခင် ထုတ်ဖော်ပြသည့်အရာနှင့် နှိုင်းယှဉ်ပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်သည်။ ဤသည်မှာ အစွမ်းအစကောင်း ဖြစ်သည်။ အစွမ်းအစကောင်း၏ အဓိက သရုပ်သကန်မှာ အဘယ်နည်း။ ၎င်းတို့သည် ဒေသနာများကို နားထောင်သည့်အခါ၊ ပြောသွားသည့် အရာကို ၎င်းတို့ နားလည်နိုင်ပြီး ဤစကားများနှင့် ၎င်းတို့၏ တကယ့်အခြေအနေများအကြား ဆက်စပ်မှုက မည်သည့်အရာ ဖြစ်သည်၊ ၎င်းတို့ထဲတွင် ဤစကားများက မည်သည့်အခန်းကဏ္ဍကို ဆောင်ရွက်သည်တို့ကို နားလည်နိုင်ပြီး၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဤစကားများဖြင့် အစစ်ဆေးခံနိုင်ပေသည်။ ထို့အပြင် ၎င်းတို့၏ တကယ့်အသက်တာများတွင် ၎င်းတို့သည် လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများကို နားလည်နိုင်ပြီး၊ ဤအခြေခံသဘောတရားများကို ၎င်းတို့ကြုံတွေ့ရသည့် အခက်အခဲတိုင်း သို့မဟုတ် ကိစ္စတိုင်းတွင် ကျင့်သုံးနိုင်ကြသည်။ ဤသည်မှာ ထိုးထွင်းအမြင်ရှိခြင်းကို ဆိုလိုသည်။ ထိုသို့သော ထိုးထွင်းအမြင်များဖြင့် လူများသာလျှင် စစ်မှန်သော အစွမ်းအစကောင်း ရှိကြသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

လူတစ်ဦး၏ အစွမ်းအစ ကောင်းသည် ဆိုးသည်ကို အကဲဖြတ်သည့်အခါ၊ ၎င်းတို့၏နေ့စဉ်အသက်တာများတွင် အရာခပ်သိမ်း အပေါ် ၎င်းတို့၏သဘောထားကို ကြည့်လော့- သို့မဟုတ် ၎င်းတို့ကို အမှုအရာများ ဖြစ်ပျက်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့် သဘောထားကို၊ ၎င်းတို့ လိုက်နာသင့်သည့်အခြေခံသဘောတရားများကို၊ ၎င်းတို့ခံယူသင့်သည် နေရာကို၊ ပြီးလျှင် ၎င်းတို့ရှိသင့်သည့် သဘောထားကို နားလည်နိုင်ခြင်း ရှိမရှိကို ကြည့်လော့။ သင်သည် ဤအရာအားလုံးကို နားလည်နိုင်ပါက၊ သင်၌ အစွမ်းအစရှိသည်။ သင်နားလည်သည့်အရာသည် သင်၏ တကယ့်အသက်တာတွင် သင့်အတွက် ဘုရားသခင် စီစဉ်သည့် အရာအားလုံးနှင့် လားလားမျှ မသက်ဆိုင်ပါက၊ သင်၌ အစွမ်းအစ မရှိသကဲ့သို့၊ သင်သည် ညံ့ဖျင်းသော အစွမ်းအစ လေသည်။ ပေတရုနှင့် ယောဘတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုသည် မည်သို့ ဖြစ်လာသနည်း၊ ပြီးလျှင် ၎င်းတို့သည် နောက်ဆုံး၌ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုမှ ၎င်းတို့ရရှိသည့်အရာကို မည်သို့ရရှိခဲ့ပြီး ၎င်းတို့ရိတ်သိမ်းခဲ့သည့်အရာကို မည်သို့ရိတ်သိမ်းခဲ့သနည်း။ ၎င်းတို့က ယနေ့သင်တို့ လုပ်ဆောင်သည့် အရာကို မပျော်မွေ့ခဲ့ပေ။ သင်သည် သင့်အတွက် ထောက်ပံ့ဖို့၊ ထောက်ခံအားပေးဖို့၊ သင့်ကို ကူညီဖို့ တစ်စုံတစ်ဦး အစဉ်ရှိသည်၊ သင်တို့အတွက် နောက်ဆုံးစစ်ဆေးပေးဖို့ တစ်စုံတစ်ဦး အစဉ်ရှိလေသည်။ ၎င်းတို့ နားလည်ခဲ့သည့် သမ္မာတရား အများစုသည် ၎င်းတို့ နားလည်သဘောပေါက်ခဲ့သည့် အရာ၊ ၎င်းတို့ တွေ့ကြုံခဲ့သည့်အရာ၊ ၎င်းတို့၏နေ့စဉ် အသက်တာများတွင် ဖြည်းဖြည်းချင်း သဘောပေါက်ခဲ့ပြီး ဖြတ်ကျော်ခဲ့ရသည့်အရာများမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ မြင့်မားသည့် အစွမ်းအစ ဖြစ်လေသည်။ လူများက ထိုသို့သော အစွမ်းအစကို မပိုင်ဆိုင်ဘဲ၊ သမ္မာတရားနှင့် ကယ်တင်ခြင်းအပေါ် ဤသဘောထား မရှိသည့်အခါ၊ ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်စွမ်း မရှိကြပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

ပေတရုသည် အရည်အချင်းကောင်းရှိသော်လည်း၊ သူ၏အခြေအနေများသည် ပေါလု၏ အခြေအနေများကဲ့သို့ မဟုတ်ချေ။ ပေတရု၏ မိဘများသည် ငါ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်၊ ထိုမိဘများသည် စာတန်၏ ပိုင်ဆိုင်ခြင်းခံ ထားရသော မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ပေတရုအား ဘုရားသခင်နှင့် ပတ်သက်၍ တစ်စုံတစ်ခုမျှ မသွန်သင်ပေးခဲ့ကြပေ။ ပေတရုသည် ထက်မြက်သည်၊ ပါရမီရှိပြီး ငယ်စဉ်ဘဝကတည်းက သူ့မိဘများ၏ အလွန်ချစ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ သို့သော်လည်း အရွယ်ရောက်သူအဖြစ်၊ သူသည် ငါနှင့် သက်ဆိုင်သည့် အသိပညာကို ရှာဖွေလိုက်စားရာတွင် မည်သည့်အခါမျှ မရပ်တန့်ခဲ့သောကြောင့် သူ့မိဘများ၏ ရန်သူ ဖြစ်လာခဲ့ကာ၊ နောက်ပိုင်းတွင် သူ့မိဘများကို ကျောခိုင်းခဲ့ပေသည်။ ဤသို့ဖြစ်ရခြင်းမှာ အခြားအရာ အားလုံးထက် ပေတရုသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့မှာ အနန္တတန်ခိုးရှင်၏ လက်တော်ထဲ၌ရှိပြီး အပြုသဘောဆောင်သော အရာခပ်သိမ်းမှာ စာတန်၏ စီမံခြင်း မပါဘဲ၊ ဘုရားသခင်ထံမှလာပြီး ကိုယ်တော်ကပင် တိုက်ရိုက်ထုတ်ပေးသည်ဟု ယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။ ပေတရု၏ မိဘများ၏ ဆန့်ကျင် ကွဲပြားခြားနားချက်က သူ့အား ငါ၏ မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာတို့နှင့် သက်ဆိုင်သည့် ပို၍ ကြီးမားသော အသိကို ပေးခဲ့သည်၊ ထိုသို့ဖြင့် ငါ့အား ရှာဖွေရန် သူ၏လိုအင်ဆန္ဒသည် သာ၍ တိုးမြင့်လာခဲ့သည်။ သူသည် ငါ၏နှုတ်ကပတ်တော်များအား စားသောက်ခြင်းကိုသာ အာရုံစိုက် ခဲ့ရုံမျှမကသည့်အပြင် ငါ၏အလိုကို နားလည်ခြင်းကိုပါ အာရုံစိုက်ခဲ့ပြီး၊ သူ၏ စိတ်နှလုံးထဲတွင် ယခင်ထက်ပို၍ နိုးကြားခဲ့ပေသည်။ အကျိုးဆက်အနေဖြင့် သူသည် သူ၏စိတ်ဓာတ်၌ အမြဲတစေ အသိတရားရှိပြီး၊ သူလုပ်သမျှတွင် ငါ၏စိတ်တော်နှင့် တွေ့စေခဲ့သည်။ သူသည် ကျရှုံးမှု၌ ပိတ်မိလာခြင်းကို လွန်စွာကြောက်ရွံ့လျက်၊ သူ့ကိုယ်သူ အားပေးရန် အတိတ်မှ လူများ၏ ရှုံးနိမ့်မှုများကို မပြတ် အာရုံစိုက်ခြင်းအား ထိန်းသိမ်းခဲ့သည်။ ထို့ကြောင့် ခေတ်ကာလများ တစ်လျှောက်တွင် ဘုရားသခင်ကို ချစ်ခဲ့ကြသောလူများအားလုံး၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို စိတ်ထဲစွဲမှတ်ခြင်းကိုလည်း သူ အာရုံစိုက်ထားခဲ့သည်။ ဤနည်းဖြင့်- အပျက်သဘောဆောင်သည့် လက္ခဏာသွင်ပြင်များတွင်သာ မဟုတ်ဘဲ၊ သာ၍ များစွာ အရေးကြီးစွာပင် အပြုသဘောဆောင်သော လက္ခဏာသွင်ပြင်များ၌ပါ- ပေတရုသည် ငါ၏မျက်မှောက်တော်ထဲတွင် ငါ့ကို အသိကျွမ်းဆုံး ဖြစ်လာသည်အထိ သူသည် လျင်မြန်စွာ သာ၍ ကြီးထွားရင့်ကျက်လာပေသည်။ ထို့နောက် ပေတရုသည် သူ့တွင် ရှိသမျှသော အရာအားလုံးကို ငါ၏လက်ထဲသို့ မည်သို့ထည့်ထားနိုင်သည်၊ သူသည် စားခြင်း၊ ဝတ်ဆင်ခြင်း၊ အိပ်စက်ခြင်း၊ သို့မဟုတ် အဘယ်အရပ်တွင် နေထိုင်သည်တို့အပေါ် ဆုံးဖြတ်ချက်များ ချခြင်းကိုပင် သူမည်သို့စွန့်လွှတ်ခဲ့ပြီး၊ ထိုအစား အရာခပ်သိမ်းတွင် ငါ့ကို ဖြည့်ဆည်းခြင်းကို အခြေခံလျက် ငါ၏ ကြွယ်ဝမှုများကို မွေ့လျော်ခံစားခဲ့သည်တို့ကို စိတ်ကူးကြည့်ဖို့ မခက်ခဲပေ။ ငါသည် သူ့ကို မရေမတွက်နိုင်သော စမ်းသပ်မှုများ- အလိုအလျောက်အားဖြင့် သူ့ကိုသေလုမျောပါး ဖြစ်စေခဲ့သည့် စမ်းသပ်မှုများ- ခံစားစေခဲ့သော်လည်း ရာနှင့်ချီသော ထိုစမ်းသပ်မှုများ၏ အလယ်တွင် သူသည် ငါ့အား ယုံကြည်ခြင်းကို တစ်ကြိမ်မျှပင် ပျောက်ဆုံးသွားခြင်း မရှိခဲ့၊ သို့မဟုတ် ငါ့အား စိတ်ပျက်ခဲ့ခြင်း မရှိခဲ့ချေ။ ငါသည် သူ့အား စွန့်ပစ်ခဲ့ပြီးဖြစ်သည်ဟု ပြောခဲ့သည့်အချိန်တွင်ပင်၊ သူသည် စိတ်ပျက်အားလျော့ခြင်း မရှိခဲ့ဘဲ၊ လက်တွေ့ကျသော နည်းလမ်းတစ်ခုနှင့် အတိတ်မှ လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားများနှင့်အညီ ငါ့ကို ဆက်ချစ်ခဲ့သည်။ သူသည် ငါ့ကို ချစ်ခဲ့သော်ငြားလည်း၊ ငါသည် သူ့ကို ချီးကျူးမည် မဟုတ်ကြောင်း၊ အဆုံးတွင် သူ့အား စာတန်၏ လက်ထဲသို့ ပစ်ချလိမ့်မည်ဖြစ်ကြောင်းတို့ကို ငါသူ့အား ပြောခဲ့သည်။ သို့သော် သူ၏ဇာတိခန္ဓာပေါ် ကျရောက်ခဲ့ခြင်း မဟုတ်ဘဲ၊ နှုတ်ကပတ်တော်များ အားဖြင့် စမ်းသပ်မှုသာဖြစ်သည့် ထိုကဲ့သို့သော စမ်းသပ်မှုများ အလယ်တွင် သူသည် ငါ့ထံ ဆုတောင်းဆဲဖြစ်ပြီး၊ “အိုး ဘုရားသခင်၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့အလယ်တွင် အနန္တတန်ခိုးရှင် ဖြစ်သော ကိုယ်တော်၏ လက်တော်ထဲ၌ မရှိသော လူသားတစ်ယောက်တစ်လေ၊ ဖန်ဆင်းခံသတ္တဝါတစ်ကောင်တစ်လေ၊ သို့မဟုတ် အမှုအရာ တစ်ခုတစ်လေ ရှိလေသလော။ ကိုယ်တော်သည် အကျွန်ုပ်အား သနားကရုဏာ ရှိသောအခါ၊ အကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော်၏ သနားကရုဏာဖြင့် ကြီးစွာရွှင်လန်း ဝမ်းမြောက်ပါ၏၊ ကိုယ်တော်သည် အကျွန်ုပ်အား တရားစီရင်သောအခါ၊ အကျွန်ုပ်သည် မထိုက်တန်နိုင်သော်ငြားလည်း၊ ကိုယ်တော်သည် သြဇာအာဏာ၊ ဉာဏ်ပညာတို့နှင့် ပြည့်ဝတော်မူသောကြောင့် ကိုယ်တော့် ဆောင်ရွက်ချက်များ၏ ဉာဏ်မမီနိုင်သောနက်နဲမှုကို သာ၍ကြီးမားသော ခံစားမှုတစ်ခု ရရှိပါ၏။ အကျွန်ုပ်၏ဇာတိခန္ဓာသည် ဆင်းရဲဒုက္ခ ခံစားရသော်ငြားလည်း၊ အကျွန်ုပ်၏ဝိညာဉ်သည် သက်သာရာရပါ၏။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်ချက်များကို အကျွန်ုပ်သည် မည်သို့လျှင် မချီးမွမ်းဘဲနှင့် နေနိုင်ပါမည်နည်း။ ကိုယ်တော့်ကို သိကျွမ်းလာပြီးနောက်တွင် သေရမည်ဆိုလျှင်ပင်၊ ကျွန်ုပ်သည် အဘယ်သို့များ အလွန်ဝမ်းမြောက်စွာနှင့် ပျော်ရွှင်စွာ မသေဘဲ နေနိုင်မည်နည်း။ အနန္တတန်ခိုးရှင်ကိုယ်တော်၊ အကျွန်ုပ်အား ကိုယ်တော့်ကို တွေ့မြင်ခွင့်ပေးရန် အမှန်တကယ်ပင် အလိုမရှိသလော။ ကိုယ်တော်၏ တရားစီရင်ခြင်းကို လက်ခံရရှိခြင်းငှာ အကျွန်ုပ်သည် အမှန်တကယ်ပင် မထိုက်တန်သလော။ အကျွန်ုပ်၏အထဲတွင် ကိုယ်တော် မမြင်တွေ့လိုသော အရာတစ်စုံတစ်ခု ရှိနေခြင်းများ ဖြစ်နိုင်သလော။” ဟုပြောခဲ့သည်။ ထိုကဲ့သို့သော စမ်းသပ်မှုများ အတောအတွင်းတွင် ပေတရုသည် ငါ၏အလိုကို တိကျမှန်ကန်စွာ နားမလည်နိုင်ခဲ့သော်လည်း၊ သူသည် (လူသားမျိုးနွယ်သည် ငါ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို မြင်တွေ့စေရန်အလို့ငှာ ငါ၏တရားစီရင်မှုကို သူ ရရှိခဲ့သော်ငြားလည်း၊) ငါ့အားဖြင့် အသုံးပြုခြင်းခံရသည်ကို မြတ်နိုးပြီး ဂုဏ်ယူခဲ့ကြောင်းနှင့် သူသည် ဤစမ်းသပ်မှုများအားဖြင့် စိတ်သောကမရောက်ခဲ့ကြောင်းတို့မှာ သိသာထင်ရှားပေသည်။ ငါ၏ရှေ့မှောက်၌ သူ၏သစ္စာစောင့်သိမှုကြောင့်၊ ပြီးလျှင် သူ့အတွက် ငါ၏ ကောင်းချီးမင်္ဂလာများကြောင့် သူသည် လူသားတို့အတွက် နှစ်ထောင်ပေါင်းများစွာကြာအောင် စံနမူနာတစ်ဦးနှင့် စံပြတစ်ဦး ဖြစ်ခဲ့သည်။ ဤသည်မှာ သင်တို့အတုယူသင့်သောအရာ အတိအကျပင်ဖြစ်သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

သာမန်အစွမ်းအစရှိသည့်လူများတွင် မည်သည့်အရာ ထင်ရှားပြသသနည်း။ ဒေသနာတစ်ခုကို တစ်ကြိမ်နားထောင်ခြင်းက ၎င်းတို့တွင် မည်သည့်ထင်မြင်ချက်မျှ မဖြစ်စေပေ။ ၎င်းတို့ကို အမှုအရာများ ဖြစ်ပျက်ပါက၊ ယင်းတို့ကို မည်သို့ ကိုင်တွယ်ရမည် သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်ရမည်ကို ၎င်းတို့ မသိကြသေးပေ။ ၎င်းတို့လုပ်နိုင်သည့်အရာမှာ အနှစ်သာရမဲ့သည့် အယူဝါဒများကို ပြောခြင်းနှင့် စည်းမျဉ်းများကို ဖက်တွယ်ဖို့သာ ဖြစ်ကြသည်။ ဒေသနာတစ်ခုကို နှစ်ကြိမ်နားထောင်ခြင်းက ၎င်းတို့ကို ထင်မြင်ချက် အချို့ ဖြစ်စေသော်လည်း၊ ၎င်းတို့ကို အမှုအရာများ ဖြစ်ပျက်သည့်အခါတွင်၊ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိသေးပေ၊ ၎င်းတို့သည် စည်းမျဉ်းများကို ဖက်တွယ်ထားဆဲဖြစ်ပြီး၊ လူများကို ဩဝါဒချွေဖို့နှင့် ၎င်းတို့၏အလုပ်ကို လုပ်ဆောင်ဖို့ ကျမ်းဟောင်းတရား အနည်းငယ်ပြောပြီး အယူဝါဒကို အသုံးပြုသည်။ ဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ပြီးသည့်နောက်၊ ၎င်းတို့သည် သာ၍ သာ၍များသော အယူဝါဒဖြင့် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ပြီးဖြစ်သည်။ ယခင်က ၎င်းတို့သည် ပြောစရာအကြောင်းအရာမကုန်မီ အယူဝါဒပေါ် အခြေပြု၍ အတွေ့အကြုံအချို့နှင့် အသိပညာအချို့တို့ကို နှစ်မိနစ် သုံးမိနစ်ကြာသာ ပြောမည် ဖြစ်သည်။ နှစ်များကြာလာသည်နှင့်အမျှ၊ ၎င်းတို့သည် မိနစ် နှစ်ဆယ် သို့မဟုတ် သုံးဆယ်ကြာ ပြောနိုင်ကြသည်- သို့ရာတွင် သမ္မာတရားသည် မည်သည့်အရာဖြစ်သည် သို့မဟုတ် စစ်မှန်မှုသည် မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ နားမလည်နိုင်သေးပေ။ ၎င်းတို့ပြောသည့် အယူဝါဒသည် သမ္မာတရား ဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ စစ်မှန်မှုနှင့်ပတ်သက်၍ သို့မဟုတ် သမ္မာတရား စစ်မှန်မှုနှင့် ဆက်စပ်သည့် အတွေ့အကြုံများ၊ အသိပညာနှင့် လမ်းကြောင်းတို့နှင့်ပတ်သက်၍ အခြားသူများ ပြောသည့်အရာများ တစ်ခုမျှ ၎င်းတို့ မကြားကြပေ။ သမ္မာတရားနှင့် အယူဝါဒတို့သည် တစ်ခုတည်းသာ ဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ယင်းမှာ ၎င်းတို့ ဒေသနာမည်မျှ ကြားကြပါစေ၊ ဤဒေသနာများအတွင်းမှ ၎င်းတို့၏စိတ်သဘောထား ပြောင်းလဲမှုများ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် သဘာဝ အနှစ်သာရတို့နှင့်ဆက်စပ်သည့် သမ္မာတရားအကြောင်း မည်သည့် နားလည်သဘောပေါက်လာခြင်းမျှ မရရှိကြပေ။ ထို့နောက်တွင် ၎င်းတို့၏ တကယ့်အသက်တာများတွင် စည်းမျဉ်းများနှင့် ဟိတ်ဟန်များကို ဖက်တွယ်ထားခြင်းထက် ကျော်လွန်၍၊ စည်းဝေးပွဲများကို ပုံမှန်တက်ရောက်ခြင်း၊ လူများကို အယူဝါဒ ပြောခြင်းနှင့် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ အတော်အတန် ပင်ပန်းကြီးစွာလုပ်ဆောင်ခြင်းတို့ထက် ကျော်လွန်၍ ၎င်းတို့သည် စိတ်သဘောထား၌ ပြောင်းလဲမှုများ၊ ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို သိခြင်းနှင့် အသက်အတွင်း ဝင်ရောက်မှုတို့နှင့်ဆက်စပ်သည့် သမ္မာတရားများထဲသို့ ယေဘုယျအားဖြင့် ဝင်ရောက်ခြင်း မရှိသကဲ့သို့၊ သာ၍ နက်ရှိုင်းစွာ ဝင်ခြင်းလည်း မရှိကြပေ။ ဤသည်မှာ သာမန်အစွမ်းအစရှိခြင်း၏ စံနမူနာတစ်ခုဖြစ်သည်။ သာမန် အစွမ်းအစရှိသည့် လူများသည် ထို့ထက်ပို၍ ရှေ့မဆက်ကြပေ။ ဘုရားသခင်ကို နှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ကြာ ယုံကြည်ပြီးသူအချို့ရှိပြီး ၎င်းတို့သည် အယူဝါဒကိုသာ ပြောကြဆဲ ဖြစ်သည်။ ဤသည်မှာ သာမန်အစွမ်းအစရှိခြင်း ဖြစ်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

ညံ့ဖျင်းသောအစွမ်းအစ ရှိသည့်လူများတွင် မည်သည့်အရာကို ထင်ရှားပြသနည်း။ နှစ်ပေါင်းများစွာ ဒေသနာများကို နားထောင်ပြီးသည့်နောက်တွင်၊ ယင်းမှာ အားလုံးတူညီသည်၊ ငြီးငွေ့ဖွယ်ကောင်းသည့် မပြောင်းလဲသည့်အရာများသာ ဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့သည် သမ္မာတရားအကြောင်းကို မဆိုထားနှင့်၊ အယူဝါဒနှင့်သက်ဆိုင်သည့် အကြောင်းအရာကိုပင် မကြားနိုင်ကြပေ။ ဒေသနာများကို နားထောင်သည့်အချိန်တွင် ၎င်းတို့ မည်မျှ ကြိုးစားပါစေ သို့မဟုတ် ဒေသနာများကို နှစ်ပေါင်းမည်မျှ ၎င်းတို့နားထောင်ပါစေ၊ ၎င်းတို့ ကြားနေသည့်အရာကို ၎င်းတို့ နားမလည်ကြသေးပေ။ သမ္မာတရားသည် မည်သည့်အရာဖြစ်သည်နှင့် မိမိတို့ကိုယ်ကိုယ် သိခြင်းသည် မည်သည့်အရာကို ဆိုလိုသည်တို့ကို ၎င်းတို့ နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် အသစ်ဖြစ်သော အကြောင်းအရာများကို နားထောင်နေသည်ဖြစ်စေ၊ ခြေခြေမြစ်မြစ်ရှိသော အကြောင်းအရာကို နားထောင်နေသည်ဖြစ်စေ၊ သန့်ရှင်းသောဝိညာဉ်တော်၏ နှုတ်ကပတ်တော်အသစ်များနှင့် အလုပ်များကို နားထောင်နေသည်ဖြစ်စေ ၎င်းတို့ကြားရသည်မှာ ရိုးရှင်းသော အကြောင်းအရာများသာ ဖြစ်သည်။ ယင်းမှာလည်း ၎င်းတို့ မှတ်မိနိုင်သည့်အရာများသာ ဖြစ်သည်— ၎င်းတို့သည် ထို့ထက်ပို၍ မမှတ်မိနိုင်ကြပေ။ ပြီးလျှင် ၎င်းတို့၏ အစွမ်းအစသည် အမှုအရာ များစွာကို နားလည်နိုင်စွမ်းမရှိသည့် အစွမ်းအစဖြစ်သောကြောင့်၊ ၎င်းတို့ သမ္မာတရား စစ်မှန်မှုကို စွမ်းဆောင်ရရှိနိုင်ပါက မည်သည့်အရာ ဖြစ်ပျက်မည်နည်း။ ဤအကြောင်းကြောင့်၊ ၎င်းတို့သည် ဘာသာရေး လူများ ပြောသည်ကို မကြာခဏ လိုက်၍ပြောကြပေသည်။ “ကျွန်ုပ်သည် ကျွန်ုပ်မိခင်၏ဝမ်းထဲမှကတည်းက သခင့်ကို ယုံကြည်ခဲ့သည်၊ ကျွန်ုပ်သည် ကြာမြင့်သောအချိန်ကတည်းက ဗိတ္တိဇံခံယူပြီး သန့်စင်ခံရပြီးဖြစ်သည်။” ယင်းမှာ ဘုရားသခင်၏ အမှုတော်အသစ်ကို နှစ်အနည်းငယ် လက်ခံပြီးဖြစ်သည့်သူများ ပြောနေဆဲဖြစ်သည့်အရာ ဖြစ်လေသည်။ ၎င်းတို့သည် ညံ့ဖျင်းသော အစွမ်းအစ မရှိသလော။ အခြားသူများက “ကျွန်ုပ်သည် မိမိကိုယ်ကိုယ် မသိဟု သင်ပြောသည်- သင်တို့သာ သင်တို့ကိုယ်သင်တို့ မသိကြခြင်း ဖြစ်သည်။ ကျွန်ုပ်သည် ကြာမြင့်သောအချိန်ကတည်းက သန့်ရှင်းပြီး ဖြစ်သည်။” ဟု ပြောကြသည်။ ထိုသို့သော စကားများကို ပြောသည့်လူများသည် အဆိုးဆုံးသော အစွမ်းအစများ ရှိကြသည်ကို ပြောစရာပင် မလိုတော့ပေ။ ထိုသို့သောလူများကို သင် မည်သည့် ဒေသနာများ ဟောကြားနိုင်သနည်း။ ၎င်းတို့သည် ဒေသနာမည်မျှကို ကြားပါစေ၊ သမ္မာသည် မည်သည့်အရာဖြစ်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ကို နားမလည်သေးပေ- ဤအရာများကို ၎င်းတို့ နားလည်သဘောပေါက်နိုင်ခြင်း မရှိကြပေ၊ ယင်းတို့ကို နားလည်ဖို့ ၎င်းတို့အတွက် အလွန်ခက်ခဲလေသည်။ ၎င်းတို့ကို အမှုအရာများ ဖြစ်ပျက်သည့်အခါ၊ ၎င်းတို့သည် ထိုစည်းမျဉ်းအနည်းငယ်ကိုသာ ဆက်လက်လိုက်နာကြသည်၊ ၎င်းတို့က ဆုတောင်းသည်၊ ဘုရားသခင်ကို ရှာဖွေသည်၊ ဘုရားသခင်ကို ၎င်းတို့ မှီခိုသည်၊ ဘုရားသခင်ကို ၎င်းတို့ မငြင်းပယ်ပေ၊ မယုံကြည်သူများနှင့် ၎င်းတို့ မရောနှောပေ၊ ပြီးလျှင် လောကီရေးရာ လောကမှ မိမိတို့ကိုယ်ကိုယ် အဆက်အသွယ်ဖြတ်ကြသည်- အခြေခံအားဖြင့် ၎င်းတို့သည် ဤဘာသာရေးယုံကြည်မှု လုပ်ရိုးလုပ်စဉ်များမှလွဲ၍ နောက်ထပ် လုပ်ဆောင်ခြင်း မရှိကြပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် အမှုတော်တို့နှင့်ပတ်သက်၍ ၎င်းတို့ မည်မျှ ကြားပါစေ၊ ပြီးလျှင် ၎င်းတို့နားထောင်သည့် သမ္မာတရားနှင့်ပတ်သက်၍ ဒေသနာများ မည်မျှကို နားထောင်ပါစေ၊ ၎င်းတို့သည် ယင်းတို့ကို အပြည့်အဝ နားလည်ခြင်း မရှိကြပေ။ ဘုရားသခင်၏ ဤအမှုအဆင့်အတွင်းတွင် လူသားထံမှ မည်သည့်အရာကို တောင်းဆိုသည်ကို ၎င်းတို့အား သင်မေးပါက၊ ၎င်းတို့က သင့်ကို မပြောနိုင်ပေ၊ ပြီးလျှင် ရိုးရှင်းသော အယူဝါဒအချို့ကိုသာ ပြောနိုင်သည်။ ဤသည်မှာ ၎င်းတို့သည် အစွမ်းအစအလွန် ချို့တဲ့သည်ကို ပြနေသည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားမလည်နိုင်ကြပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

၎င်းတို့ကို တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတွင်၊ ၎င်းတို့အပြစ်ပြုမိပြီးဖြစ်သည်ဟု ယုံကြည်လျက်၊ ၎င်းတို့သည် အပြစ်တင်ဖို့ အပြင်ပန်းဖြစ်စဉ်အချို့ကို ရှာဖွေသည် သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် အပြုအမူ၏ရလဒ်ဟု မှတ်ယူသည်၊ ထို့ထက်မပိုပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေပြီး မိမိတို့ကိုယ်ကိုယ် သိကျွမ်းရမည်ဆိုသည်ကို မည်သည့်အချိန်တွင်မျှ နားမလည်ကြပေ။ ၎င်းတို့ကို မည်သည့်အမှားများ ထောက်ပြပါစေ၊ ၎င်းတို့အတွင်းရှိသည့်အရာကို ၎င်းတို့အား မည်သို့ထုတ်ဖော်ပြပါစေ၊ သို့မဟုတ် ၎င်းတို့ကို မည်သို့မိတ်သဟာယပြုပါစေ၊ ၎င်းတို့သည် မည်သည့် သမ္မာတရား အခြေခံသဘောတရားကို ၎င်းတို့ ချိုးဖောက်ပြီးဖြစ်သည် သို့မဟုတ် ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားမှာ မည်သည့်အရာ ဖြစ်သည်ကို သတိမပြုမိသေးဘဲ- ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်စွမ်း လုံးလုံး မရှိကြပေ။ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစဖြစ်သည်။ သင်သည် သမ္မာတရားအပေါ် မည်မျှ ရှင်းလင်းစွာ မိတ်သဟာယပြုပါစေ၊ ၎င်းတို့က ယင်းမှာ သမ္မာတရားဖြစ်သည်ကို နားမလည်ကြသေးဘဲ၊ သမ္မာတရားကို ဖုံးကွယ်ဖို့၊ ငြင်းပယ်ဖို့ ၎င်းတို့၏ ကိုယ်ပိုင် အကြောင်းပြချက်များနှင့် ဆင်ခြေများကို အသုံးပြုဆဲဖြစ်ပြီး၊ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုရှိသည်ကို ငြင်းပယ်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့ မည်မျှ အမှားပြုပါစေ၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ၎င်းတို့ မည်မျှ ထုတ်ဖော်ပါစေ၊ သို့မဟုတ် ၎င်းတို့ဖြစ်ပေါ်စေသည့် ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် အခြေအနေမည်မျှက ဆက်စပ်နေပါစေ၊ ၎င်းတို့က ဤသည်မှာ ၎င်းတို့၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဖြစ်သည်ကို သဘောမပေါက်ကြသေးပေ၊ ၎င်းတို့၏ အနှစ်သာရသည် မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ သဘောမပေါက်သကဲ့သို့၊ ဤအရေးကိစ္စကို ၎င်းတို့ မည်သို့နားလည်သင့်သည်၊ သမ္မာတရားကို ၎င်းတို့ မည်သို့ ရှာဖွေသင့်သည်၊ ပြီးလျှင် သမ္မာတရား၏ မည်သည့်ရှုထောင့်ကို ၎င်းတို့ ရရှိသင့်သည်တို့ကိုလည်း သဘောမပေါက်ကြပေ။ ၎င်းတို့သည် သမ္မာတရား၏ မည်သည့်ရှုထောင့်ကို ၎င်းတို့ ရရှိသင့်သည်တို့ကို မသိကြဘဲ၊ ၎င်းတို့၏စိတ်ဝိညာဉ်များတွင် ခံစားချက်ကင်းမဲ့ခြင်းများ ရှိနေပြီး၊ ဤအမှုအရာများနှင့်ပတ်သက်၍ အသိစိတ် စိုးစဉ်မျှ ၎င်းတို့တွင် မရှိကြပေ။ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစဖြစ်လေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

သင်တို့က ပေါလုတွင် အစွမ်းအစရှိသည်ဟု ပြောမည်လော။ ပေါလု၏ အစွမ်းအစသည် မည်သည့် အတန်းအစားနှင့် သက်ဆိုင်သနည်း။ (ယင်းမှာ အလွန်ကောင်းမွန်ပါသည်။) သင်တို့သည် ဒေဿနာများစွာကို ကြားပြီးဖြစ်သော်လည်း၊ ကွာခြားချက်ကို သိမြင်နိုင်စွမ်း မရှိကြပေ။ ပေါလု၏ အစွမ်းအစသည် ကောင်းမွန်သည်ဟု သဘောထားနိုင်သလော။ (မဟုတ်ပါ၊ ယင်းမှာ ဆိုးရွားပါသည်။) ပေါလု၏ အစွမ်းအစသည် အဘယ့်ကြောင့် ဆိုးရွားရသနည်း။ (သူက သူ့ကိုယ်သူ မသိဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် ညံ့ဖျင်းသော နားလည်မှုတစ်ခု ရှိခဲ့ပါသည်။) ယင်းမှာ သူသည် သမ္မာတရားကို နားမလည်သောကြောင့် ဖြစ်သည်။ ထိုအချိန်က သူလည်း သခင်ယေရှု ဟောကြားသည့် ဒေသနာများကို ကြားခဲ့ပြီးဖြစ်သည်၊ ထို့အပြင် သူ အလုပ်လုပ်ခဲ့သည့်ကာလအတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိခဲ့သည်မှာ မှန်ပေသည်။ ထို့ကြောင့် သူသည် ထိုအလုပ်များ အားလုံးကို လုပ်ခဲ့သည့်အချိန်က ထိုဩဝါဒစာစောင်များ အားလုံးကို မည်သို့ ရေးခဲ့ပြီး ထိုအသင်းတော်များအားလုံးတွင် မည်သို့ လျှောက်ခဲ့သနည်း၊ သူသည် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အရာမျှ နားမလည်ဆဲဖြစ်ခဲ့သလော။ သူပြောသမျှသည် အယူဝါဒသာ ဖြစ်သည်။ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစရှိသည့်သူတစ်ဦး ဖြစ်သည်။ ထို့အပြင် ပေါလုသည် သခင်ယေရှုနှင့် သူ၏တပည့်တော်များကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်၊ ထို့နောက်တွင် သခင်ယေရှုက သူ့ထံ ပေါ်ထွန်းခဲ့ပြီး၊ သူ့ကို ထိုးလှဲခဲ့သည်။ သို့သော် ထိုသို့ အလွန်အရေးပါသည့် ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ပြီးသည့်နောက်၊ သူသည် မည်သည့်နည်းလမ်းကို စတင်အသုံးပြုခဲ့ပြီး မည်သို့ နားလည်သဘောပေါက်ခဲ့သနည်း။ သူက “သခင်ယေရှုက ကျွန်ုပ်ကို ထိုးလှဲခဲ့သည်၊ ကျွန်ုပ် အပြစ် ပြုလုပ်ခဲ့သောကြောင့်၊ ဤအရာအတွက် ထေမိစေဖို့ ကျွန်ုပ် အလုပ်ကြိုးစားရမည်၊ ပြီးလျှင် ကျွန်ုပ်၏ကောင်းမှုများက ကျွန်ုပ်၏ မကောင်းမှုများနှင့် တန်းတူဖြစ်လာပြီးသည်နှင့်တစ်ပြိုင်နက်၊ ကျွန်ုပ်သည် ဆုလာဘ်ပေးခြင်း ခံရလိမ့်မည်။” ဟု တွေးခဲ့သည်။ သူ့ကိုယ်သူ သူသိခဲ့သလော။ သူမသိခဲ့ပေ။ သူ၏မလိုမုန်းထားသော သဘာဝကြောင့်၊ သူ၏ အန္တိခရစ်တစ်ဦး၏ သဘာဝကြောင့် သခင်ယေရှုကို သူ ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်ကို သူမပြောခဲ့ပေ။ သူသည် သူ့ကိုယ်သူနှင့်ပတ်သက်၍ ထိုသို့သော သိခြင်းမျိုး မပိုင်ဆိုင်ခဲ့ပေ။ ပြီးလျှင် သူသည် သူ၏ဩဝါဒစာစောင်များတွင် ဤအဖြစ်အပျက်ကို မည်သို့ မှတ်တမ်းတင်ခဲ့သနည်း။ ယင်းနှင့်သက်ဆိုင်သည့် သူ၏အမြင်ရှုထောင့်မှာ အဘယ်နည်း။ ဘုရားသခင်သည် သူ့ကို ကြီးစွာသော အလင်းဖြင့် ခေါ်ခဲ့ကြောင်းနှင့် ဘုရားသခင်သည် သူ့ကို ကောင်းစွာ စတင်အသုံးပြုမည် ဖြစ်ကြောင်း သူ ယုံကြည်ခဲ့သည်။ သူ့ကိုယ်သူနှင့်ပတ်သက်သည့် သိခြင်း စိုးစဉ်းမျှ မရှိလျက်၊ ဤသည်မှာ သူ ဆုလာဘ်ချီးမြှင့်ခြင်းခံရပြီး သရဖူဆောင်းခြင်းခံရမည့် အစွမ်းအထက်ဆုံးသော သက်သေဖြစ်သည့်အပြင်၊ ဆုလာဘ်များနှင့် သရဖူတစ်ခုတို့ကို ရရှိဖို့ သူအသုံးပြုနိုင်သည့် အကြီးမားဆုံး အရင်းအနှီးလည်းဖြစ်သည်ဟု သူယုံကြည်ခဲ့သည်။ ထို့အပြင် သူ့အတွင်း နက်နက်ရှိုင်းရှိုင်းတွင် “ဆူး” တစ်ခုရှိသည်ကိုလည်း သူခံစားခဲ့ရသည်။ သခင်ယေရှုကို ယခင်က သူ၏အာခံခြင်း ဖြစ်သည်။ ယင်းကို သူမည်သို့ ကိုင်တွယ်ခဲ့သနည်း။ ယင်းမှာ သူ့အသက်တာ၏ ကြီးမားသော အမှားများထဲမှ တစ်ခုဖြစ်ပြီး၊ ယင်းက သူ၏ကောင်းကင်ဘုံသို့ သွားခြင်းနှင့် သရဖူဆောင်းခံရခြင်းတို့ကို အန္တရာယ်ပေးနိုင်သည်ဟု သူခံစားခဲ့ရသည်။ သူ၏စိတ်နှလုံးထဲတွင် ယင်းနှင့်ပတ်သက်ပြီး အမြဲတမ်း ပူပန်ခဲ့သည်။ “ဤ ကမ်းကုန်သော အမှားအတွက် မည်သို့ ထေမိစေနိုင်သနည်း။ ယင်းက ကျွန်ုပ်၏ အလားအလာများနှင့် ကျွန်ုပ် သရဖူဆောင်းခံရခြင်းတို့ကို အကျိုးမသက်ရောက်စေဖို့၊ ယင်းကို မည်သို့ ဖယ်ရှားနိုင်မည်နည်း။ ကျွန်ုပ်သည် သခင့်အမှုကို သာ၍ လုပ်ဆောင်ရမည်၊ သာ၍ကြီးမားသည့် အဖိုးအခကို ပေးဆပ်ရမည်၊ နောက်ထပ် ဩဝါဒစာစောင်များကို ရေးသားပြီး အလုပ်ရှုပ်ခြင်း၊ စာတန်ကို တိုက်ခိုက်ခြင်းနှင့် နှစ်လိုဖွယ်ကောင်းသော သက်သေခံချက်များ ပေးခြင်းတို့တွင် အချိန်သာ၍ ကုန်ဆုံးရမည်။” ယင်းမှာ သူ ကိုင်တွယ်သည့်နည်းလမ်းဖြစ်သည်။ သူ၌ နောင်တစိုးစဉ်းမျှ မရှိခဲ့ပေ၊ သူ့ကိုယ်သူ သိခြင်းတစ်စုံတစ်ရာမျှရှိဖို့ သာ၍ နည်းပါးလေသည်။ သူ၌ ဤအမှုအရာများ တစ်ခုမျှ မရှိပေ။ ယင်းမှာ ပေါလု၏ အစွမ်းအစဖြစ်ခဲ့သည်။ တစ်စိတ်တစ်ဒေသအားဖြင့် သူ၏လူ့သဘာဝနှင့် သူလိုက်စားသည့်အရာတို့ကြောင့် ဖြစ်ပြီး၊ တစ်စိတ်တစ်ဒေသအားဖြင့် သူ၏အစွမ်းအစကြောင့် သူသည် ဤအမှုအရာများကို သဘောမပေါက်နိုင်သကဲ့သို့ နားမလည်နိုင်ခဲ့ပေ။ “ဤသည်မှာ လူ့သဘာဝ ဖြစ်သည်၊ လူ့သဘာဝသည် အလွန် ဆိုးရွားသည်၊ အလွန်ဆိုးယုတ်သည်။ လူ့သဘာဝသည် စာတန်နှင့် အန္တိခရစ်တို့၏ သဘာဝဖြစ်ပြီး၊ လူသည် ဘုရားသခင်၏ ရွေးနုတ်ခြင်းကို လက်ခံသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ ရွေးနုတ်ခြင်းကို လူတို့ လိုအပ်ခြင်း၏ အရင်းအမြစ် ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးသည် သူ၏ ရွေးနုတ်ခြင်းကို လက်ခံဖို့ ဘုရားသခင်ရှေ့မှောက် မည်သို့ လာသင့်သနည်း။” သူသည် ထိုသို့သောအရာများကို မည်သည့်အခါမျှ မပြောခဲ့ပေ။ သူ၏အာခံခြင်းနှင့်ပတ်သက်သည့် အသိတစ်စုံတစ်ရာ သူ၌ မရှိခဲ့ဘဲ၊ သူတွေးသမျှမှာ ယင်းကို မည်သို့ ဖယ်ရှားရမည်၊ ယင်းကို လွန်ကျူးသောအပြစ်တစ်ခု မဖြစ်အောင် လုပ်ဖို့၊ ကောင်းမွန်သော အစေခံမှုမှတစ်ဆင့် သူ၏အပြစ်များကို ရွေးနုတ်ဖို့နှင့် သူ၏အကုသိုလ်များကို ပြေရာပြေကြောင်းလုပ်ဖို့ လုံလောက်သည့် ကောင်းမှုကို မည်သို့ ရရှိပြီး နောက်ဆုံးတွင် သူမျှော်လင့်သည့် သရဖူနှင့် ဆုလာဘ်ကို မည်သို့ ရရှိဖို့တို့သာ ဖြစ်သည်။ သူသည် သူ့အား ဖြစ်ပျက်နေသည့် မည်သည့်အရာကမျှ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုတော်တို့ကို လုံးဝ နားမလည်ခဲ့ပေ၊ ယင်းမှာ အစွမ်းအစ အနည်းဆုံး ရှိသူတစ်ဦး ဖြစ်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

လူများသည် ကွဲပြားခြားနားကြသည်။ ၎င်းတို့၏ ကွဲပြားခြားနားချက်သည် ၎င်းတို့၏အစွမ်းအစနှင့် သမ္မာတရားအပေါ် ၎င်းတို့၏သဘောထား၌ တည်ရှိသည်။ သမ္မာတရားကို ချစ်ပြီး အစွမ်းအစကောင်း ရှိသူများသည် သမ္မာတရား စစ်မှန်မှုထဲသို့ လျင်မြန်စွာ ဝင်ရောက်နိုင်ပြီး အသက်ကို ရရှိနိုင်ကြသည်။ သာမန်အစွမ်းအစ ရှိသူများသည် ခေါင်းမာပြီး ခံစားချက် ကင်းမဲ့နေကြသည်။ ၎င်းတို့၏ သမ္မာတရားဝင်ရောက်မှုသည် နှေးကွေးသည်၊ ပြီးလျှင် ၎င်းတို့အသက်တာများရှိ တိုးတက်မှုသည် အလွန် နှေးကွေးသည်။ ညံ့ဖျင်းသော အစွမ်းအစရှိသူများသည် မသိနားမလည်ဘဲ၊ ခေါင်းမာပြီး မာနထောင်လွှားကြသည်။ ၎င်းတို့၏ မျက်နှာအမူအရာများ၌လည်း ခံစားချက်ကင်းမဲ့ခြင်းခြင်းနှင့် နုံခြင်းတို့က သိသာထင်ရှားနေသည်၊ ၎င်းတို့၏ဝိညာဉ်များသည် ခံစားချက် ကင်းမဲ့နေပြီး ၎င်းတို့သည် သမ္မာတရားကို နားလည်ဖို့ နှေးကွေးလေသည်။ ထိုသို့သောလူများသည် သမ္မာတရားကို နားမလည်ဘဲ၊ အယူဝါဒကို ပြောခြင်း၊ ဆောင်ပုဒ်များကို အော်ဟစ်ခြင်းနှင့် စည်းမျဉ်းများအတိုင်း လိုက်နာခြင်းကလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်သောကြောင့်၊ ၎င်းတို့သည် အသက်ကင်းမဲ့သည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ပါက၊ သမ္မာတရား စစ်မှန်မှုထဲသို့ ၎င်းတို့ မဝင်ရောက်နိုင်ပေ- သမ္မာတရား စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်သည့်သူများအတွင်းတွင် အသက် ရှိသလော။ (မရှိပါ။) အသက်ကင်းမဲ့သော လူများ၌ အမှုအရာများ ဖြစ်ပျက်သည့်အခါ၊ ၎င်းတို့သည် ကျိုးကြောင်းမမြင်ဘဲ ပြုမူကြပြီး၊ ကြိုးပမ်းမှုများတွင် မည်သည့်အခါမျှ အောင်မြင်ခြင်းမရှိဘဲ၊ ၎င်းတို့သည် သနားစဖွယ်နှင့် ကူကယ်ရာမဲ့သူများအဖြစ် ပြလျက်၊ မည်သည့်အရာကို လုပ်ဆောင်ရမှန်း အစဉ် မသိကြချေ။ နှစ်များတစ်လျှောက် ၎င်းတို့ကို အမှုအရာများဖြစ်ပျက်သည့်အခါ၊ မည်သည့်အရာကို လုပ်ဆောင်ရမှန်း ၎င်းတို့မသိကြောင်း လူများက ပြောသည်ကို ငါ အမြဲ ကြားရပြီး ဖြစ်သည်။ ၎င်းတို့သည် ဒေသနာများစွာကို နားထောင်ပြီးသည့်နောက် မည်သို့များ ထိုသို့ဖြစ်နေသေးသနည်း။ ပြီးလျှင် ၎င်းတို့ကိုတစ်ချက် ကြည့်ရုံမျှဖြင့် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိသည်ကို ပြနေသည်။ ၎င်းတို့၏ မျက်နှာအမူအရာများတွင် ခံစားချက်ကင်းမဲ့ခြင်းနှင့် နုံအခြင်းတို့က သိသာထင်ရှားနေသည်။ လူအချို့က “ကျွန်ုပ်သည် အဘယ့်ကြောင့် ခံစားချက်ကင်းမဲ့ရသနည်း။ ကျွန်ုပ်သည် ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသည့်အရာများကို အတော်အတန် သိမြင်ခံစားတတ်သည်။ ဆော့ဖ်ဝဲများ၊ လက်ကိုင်ဖုန်းများနှင့် အီလက်ထရွန်းနစ် ပစ္စည်းများကို မည်သို့ အသုံးပြုရမည်ကို ကျွန်ုပ်သိသည်၊ ပြီးလျှင် သင်တို့ မသိကြ။ သင်၏ အစွမ်းအစသည် မည်သို့များ အလွန်ညံ့ဖျင်းရသနည်း။” ဟု ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏ ဉာဏ်ကောင်းခြင်း အနည်းငယ်သည် ကျွမ်းကျင်မှုတစ်ခုသာ ဖြစ်သည်- ယင်းက အစွမ်းအစအဖြစ် ထည့်တွက်၍မရပေ။ ၎င်းတို့သည် ဒေသနာတစ်ခုကို ကြားသည့်အခါ သို့မဟုတ် သမ္မာတရားနှင့်သက်ဆိုင်သည့် အရာတစ်စုံတစ်ခု ၎င်းတို့ကို ဖြစ်ပျက်သည့်အခါ၊ ဤလူများသည် ဖော်ထုတ်ခြင်းခံကြရသည်။ ၎င်းတို့၏ဝိညာဉ်များတွင် ၎င်းတို့သည် အင်မတန် ခံစားချက်ကင်းမဲ့ကြသည်။ ၎င်းတို့သည် မည်မျှ ခံစားချက် ကင်းမဲ့သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်များကြာအောင် ယုံကြည်ပြီးဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ကယ်တင်ခြင်းခံရလိမ့်မည် ဟုတ်မဟုတ်ကို သိမြင်နိုင်စွမ်း မရှိသေးသကဲ့သို့၊ ၎င်းတို့သည် မည်သည့် လူစားမျိုးဖြစ်သည်ကိုလည်း မရှင်းလင်းကြပေ။ ၎င်းတို့၏အစွမ်းအစနှင့် ပတ်သက်၍ ၎င်းတို့ မည်သည့်အရာကို တွေးထင်သနည်းဟု သင်မေးပါက၊ အစွမ်းအစကောင်းရှိသူတစ်ဦး၏ အောက်တွင် အနည်းငယ်သာ ရှိသော်လည်း၊ သာမန်အစွမ်းအစရှိသည့်လူများထက် များစွာသာသည်ဟု ၎င်းတို့က ပြောကြလိမ့်မည်။ ယင်းမှာ ၎င်းတို့၏အစွမ်းအစ မည်မျှ ညံ့ဖျင်းပုံ ဖြစ်လေသည်။ ဤသည်မှာ အနည်းငယ် မိုက်မဲသည်မဟုတ်လော။ ယင်းမှာ မည်သည့်အရာ ဖြစ်ပါစေ၊ ယင်းသည် သမ္မာတရား သို့မဟုတ် အခြေခံသဘောတရား ပါဝင်ပါက၊ ၎င်းတို့ကြားသည့် မည်သည့်အရာကိုမျှ ၎င်းတို့ နားမလည်ပေ၊ ပြီးလျှင် ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစ ဖြစ်လေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

ယင်းမှာ သမ္မာတရား၏ ရှုထောင့်တစ်ခုကို နားလည်ခြင်းဖြစ်စေ၊ အသက်မွေးဝမ်းကြောင်းတစ်ခုကို သင်ယူခြင်း ဖြစ်စေ၊ အစွမ်းအစကောင်းရှိသည့် လူများသည် ၎င်းတို့လုပ်သမျှ အရာအားလုံးတွင်၊ ၎င်းတို့ ပါဝင်သမျှ အလုပ်တိုင်းတွင်၊ မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်ပြီး မှန်ကန်သည့် စံနှုန်းများနှင့် အခြေခံသဘောတရားများကို ချမှတ်ဖို့အလို့ငှာ၊ အတွင်းရှိ အခြေခံသဘောတရားကို နားလည်သဘောပေါက်နိုင်သည်၊ အမှုအရာများ၏ အရင်းအမြစ်ကို နားလည်နိုင်သည်၊ ပြီးလျှင် စစ်မှန်မှုနှင့် အနှစ်သာရကို ဖော်ထုတ်နိုင်သည်။ ဤသည်မှာ အစွမ်းအစကောင်းဖြစ်သည်။ အစွမ်းအစကောင်းရှိသည့်လူများသည် ဘုရးသခင်၏အိမ်တော်၏ အမှုအမျိုးမျိုး အပေါ်တွင် နောက်ဆုံး စစ်ဆေးမှုများ လုပ်ဆောင်နိုင်သည်။ သာမန်အစွမ်းအစ သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစ ရှိသူများသည် ထိုသို့သော အလုပ်ကို လုပ်နိုင်စွမ်း မရှိကြပေ။ ဤသည်မှာ ဘုရားသခင်၏အိမ်တော်က လူအချို့ကို မျက်နှာသာပေးခြင်း သို့မဟုတ် လူအချို့ကို အထင်သေးခြင်း အခြေအနေတစ်ခု မည်သည့်နည်းနှင့်မျှ မဟုတ်ပေ- ယင်းမှာ လူများစွာတို့သည် ၎င်းတို့၏အစွမ်းအစကြောင့် ဤအမှုကို လုပ်နိုင်စွမ်း မရှိခြင်းသာ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့အနေဖြင့် နောက်ဆုံးစစ်ဆေးမှုကို မလုပ်နိုင်ရသည့်အကြောင်းအရင်း၏ အရင်းခံမှာ ၎င်းတို့သည် သမ္မာတရားကို နားမလည်သောကြောင့် ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားမလည်သည့် အကြောင်းအရင်းမှာ ၎င်းတို့၏ အစွမ်းအစသည် အလွန် သာမန်ဖြစ်သောကြောင့် သို့မဟုတ် ညံ့ပင်ညံ့ဖျင်းသောကြောင့် ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ သဘောမပေါက်နိုင်ကြဘဲ၊ ၎င်းတို့သည် သမ္မာတရားကို ကြားသည့်အခါ၊ ယင်းကို နားမလည်နိုင်ကြပေ။ လူအချို့က အလေးဂရုပြု၍ နားမထောင်သောကြောင့်၊ သမ္မာတရားကို နားမလည်နိုင်ကြပေ သို့မဟုတ် ၎င်းတို့သည် ငယ်ရွယ်ပြီး ဘုရားသခင်ထံ ၎င်းတို့၏ ယုံကြည်မှု၌ အခြေမချရသေးသောကြောင့် ဖြစ်ပြီး၊ ၎င်းတို့အတွက် ယင်းက ကြီးစွာသော စိတ်ဝင်စားဖွယ် မရှိသောကြောင့် ဖြစ်နိုင်သည်။ သို့သော် ဤသည်မှာ အဓိက အကြောင်းအရင်း မဟုတ်ပေ။ အဓိကအကြောင်းရင်းမှာ ၎င်းတို့၏အစွမ်းအစသည် တတ်နိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ နိမ့်ကျသည့် အစွမ်းအစရှိသည့် လူများသည် ၎င်းတို့၏တာဝန် မည်သည့်အရာ ဖြစ်ပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှကြာအောင် အလုပ်လုပ်နေခဲ့ပါစေ၊ သင်သည် ၎င်းတို့ကို မည်သို့ ကြိုးစားပြီး သင်ကြားပေးပါစေ၊ ၎င်းတို့ မည်မျှ ဒေသနာများကို ကြားပြီးဖြစ်စေ၊ ၎င်းတို့သည် ယင်းကို နားမလည်နိုင်သေးပေ၊ ၎င်းတို့၏အလုပ်ကို အချိန်ဆွဲကာ၊ အမှုအရာများကို လုံးလုံး ရှုပ်ထွေးစေပြီး မည်သည့်အရာမျှ မဖြစ်မြောက်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

အစွမ်းအစကောင်းနှင့် ညံ့ဖျင်းသော အစွမ်းအစတို့သည် မည်သည့်အရာဖြစ်သည်ကို နားလည်သဘောပေါက်ခြင်းနှင့် မိမိ၏ကိုယ်ပိုင် အစွမ်းအစ၊ သဘာဝ အနှစ်သာရတို့နှင့်ပတ်သက်၍ ရှင်းလင်းခြင်းတို့အားလုံးသည် မိမိကိုယ်ကို သိကျွမ်းခြင်းအတွက် အကျိုးရှိလေသည်။ လူများက ၎င်းတို့ရပ်တည်သည့်နေရာကို သိသည့်အခါ၊ သာ၍နည်းသော အမှားများကို ၎င်းတို့ပြုကြလိမ့်မည်။ လူများသည် မိမိတို့ကိုယ်ကို နားလည်ပြီး မည်သို့ကိုင်တွယ်ရမည်ကို သိသည့်အခါ၊ ၎င်းတို့သည် မာနထောင်လွှားခြင်းမှ ရပ်လိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့၏အပြုအမူသည် သာ၍ တာဝန်သိပြီး ဝတ္တရားကျေပွန်လိမ့်မည်။ မိမိကိုယ်ကိုယ် မသိခြင်းသည် ပြဿနာများစွာကို ဖြစ်စေနိုင်သည်။ သာမန်အစွမ်းအစရှိသည့် လူအချို့ရှိသော်လည်း၊ ၎င်းတို့သည် အစွမ်းအစ မြင့်မားသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့၌ ခေါင်းဆောင်မှုအတွက် အထုံပါရမီရှိသည်ဟု ယုံကြည်ကြသည်။ အတွင်း၌ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့၊ အဖွဲ့ကို ကြီးကြပ်ကွပ်ကဲဖို့ စိတ်အားထက်သန်စွာ စောင့်နေကြသော်လည်း၊ မည်သူကမျှ ၎င်းတို့ကို မရွေးချယ်ဖူးပေ။ ပြီးလျှင် ဤသည်က ၎င်းတို့ကို စိတ်အနှောင့်အယှက်မပေးသလော။ လူများက ထိုသို့သော အရာများအားဖြင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး နေမထိထိုင်မသာ ဖြစ်သည့်အခါ၊ ၎င်းတို့၏တာဝန်ကို ၎င်းတို့ ကောင်းစွာ မထမ်းဆောင်ဘဲ၊ ဘုရားသခင် စက်ဆုပ်ရွံရှာသည့် အသိတရားမဲ့သောအရာများ၊ အရှက်ရခြင်းကို ဖြစ်စေသည့် မိုက်မဲသောအရာများကို လုပ်တတ်ကြသည်။ ထိုသို့ဖြင့် ရှေးဦးစွာ မိမိတို့ကိုယ်ကိုယ် သိခြင်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ ဤအခြေခံကျသည့် ထုတ်ဖော်ချက်များကို ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်သည်။ ယင်းတွင် မာနထောင်လွှားခြင်း၊ အသိတရားမဲ့ခြင်း၊ ၎င်းတို့၏အစွမ်းအစ ကောင်းကြောင်း၊ ၎င်းတို့သည် အခြားသူများထက် သာလွန်ကြောင်း၊ အခြားသူများကို ၎င်းတို့က လမ်းညွှန်သင့်ကြောင်း စသည်တို့ကို အစဉ်တွေးနေခြင်း ပါဝင်သည်။ ဤပြဿနာများ ပြေလည်သွားပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်၊ သင်၏တာဝန်ကို သင်သည် ကောင်းမွန်စွာ ထမ်းဆောင်ခြင်း၊ သင်၏အပြုအမူတွင် သာ၍ သင့်တင့်လျောက်ပတ်ခြင်းတို့တွင် တည်ကြည်ခိုင်မာလိမ့်မည်၊ ပြီးလျှင် အပြင်ပန်းရန်လိုမှု၊ စိတ်ကြီးဝင်ခြင်း၊ မောက်မာခြင်းနှင့် သင်သည် ထူးကဲသည်ဟု တွေးထင်ခြင်းတို့ကဲ့သို့သော အတွေးများနှင့် အပြုအမူများသည် သင့်ကို ဒုက္ခပေးလိမ့်မည် မဟုတ်ဘဲ၊ သင်သည် သာ၍များစွာ ရင့်ကျက်လာပြီးဖြစ်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

အရှေ့သို့- ၁၀၀။ တစ်ဦးတစ်ယောက်က သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်ကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၀၂။ တစ်ဦးတစ်ယောက်က ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်ခြင်းရှိမရှိ ဆိုသည်ကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်