၁၀၂။ တစ်ဦးတစ်ယောက်က ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်ခြင်းရှိမရှိ ဆိုသည်ကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) အထမဦးစွာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် ထိုနှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် တစ်ဦးတစ်ယောက်၏ သိနားလည်ခြင်းသည် စင်ကြယ်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့အနေဖြင့် မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အခြေအနေကို ပေါင်းစပ်နိုင်ပြီး ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြထားသည့် အရာနှင့် ယှဉ်၍ တိုင်းတာနိုင်ခြင်းရှိမရှိဆိုသည်တို့ကို ကြည့်လော့။

(၂) တစ်ဦးတစ်ယောက်က သမ္မာတရားကို ရှာဖွေနိုင်ပြီး ယင်းကို စကားနှင့် လုပ်ဆောင်ချက်တို့ဖြင့် လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ သို့မဟုတ် ၎င်းတို့သည် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအတိုင်း ဆောင်ရွက်ခြင်း ရှိမရှိ သို့မဟုတ် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း ရှိမရှိ ဆိုသည်တို့ကို ကြည့်လော့။

(၃) တစ်ဦးတစ်ယောက်က လူအမျိုးအစား အသီးသီးကို ခွဲခြားနိုင်ခြင်း ရှိမရှိ၊ ၎င်းတို့အနေဖြင့် အသီးသီးကို အခြေခံသဘောတရားများနှင့်အညီ ဆက်ဆံနိုင်ခြင်း ရှိမရှိ၊ တရားဒေသနာများနှင့် မိတ်သဟာယတို့ကို ပုံမှန် နားထောင်ရာတွင် သမ္မာတရားကို ၎င်းတို့ နားလည်နိုင်ပြီး လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ရှိနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။

(၄) တစ်ဦးတစ်ယောက်၏ မိမိကိုယ်ကိုယ် သိရှိခြင်းအား ပြောဆိုခြင်းသည် လက်တွေ့ကျခြင်း ရှိမရှိ၊ ၎င်းတို့အနေဖြင့် အမှန်တကယ် နောင်တရပြီးခြင်း ရှိမရှိဆိုသည်နှင့် အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များ၊ အသက်တာနှင့် ၎င်းတို့၏ တန်ဖိုးများအပေါ် ၎င်းတို့၏ သဘာထားသည် စစ်မှန်သော ပြောင်းလဲခြင်း ကြုံရပြီးခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် ၎င်းတို့၏သဘောထားတွင် ဝိညာဉ်ရေးရာ အရေးကိစ္စများကို နားမလည်သည့်သူများက ထိုနှုတ်ကပတ်တော်များက မည်သည့်အရာကို ပြောသည်ကို မသိကြသကဲ့သို့ ယင်းတို့က မည်သည့်အရာကို ရည်ညွှန်းသည်ကိုလည်း မသိကြပေ။ ထိုသို့သော လူများက ဘုရားသခင် ထုတ်ဖော်သည့် အခြေအနေများကို မသိကြသကဲ့သို့၊ ဤအရာများနှင့် နှိုင်းယှဉ်ပြီး မိမိတို့ကိုယ်ကိုယ် မစစ်ဆေးနိုင်ကြပေ။ ၎င်းတို့အားလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စည်းမျဉ်းများ၊ ကျမ်းဟောင်းတရားများ၊ ဆောင်ပုဒ်များနှင့် အယူဝါဒများအဖြစ် သဘောထားကြပြီး “ဘုရားသခင်၏နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်။” ဟူသည့် စကားရပ်၏ စစ်မှန်သော အဓိပ္ပာယ်ကို ၎င်းတို့သည် မည်သည့်အချိန်တွင်မျှ နားလည်သဘောပေါက်ခြင်း မရှိကြပေ။ ဤသည်မှာ ဝိညာဉ်ရေးရာ အရေးကိစ္စများကို နားမလည်သူများ၏ ဖော်ပြချက်တစ်ခုဖြစ်သည်... ဝိညာဉ်ရေးရာ အရေးကိစ္စများကို နားလည်နိုင်စွမ်း ရှိသူများသည် သမ္မာတရားကို နားလည်နိုင်စွမ်းရှိပြီး၊ မိမိတို့ကိုယ်ကိုယ် သမ္မာတရားနှင့်နှိုင်းယှဉ် အကဲဖြတ်နိုင်သည်။ ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့် အရာကို ထုတ်ဖော်သည်၊ သူ၏နှုတ်ကပတ်တော်များ ထဲမှ သမ္မာတရားသည် မည်သည့်အရာဖြစ်သည်၊ ပြီးလျှင် သူ၏ သတ်မှတ်ချက်များက မည်သည့်အရာ ဖြစ်သည်တို့ကို သိကြသည်။ ဤအရာများကို နားလည်နိုင်ခြင်းက ဝင်ရောက်မှုကို ကြိုးပမ်းရရှိခြင်းနှင့် တူညီသလော။ (မဟုတ်ပေ။) သို့ဆိုလျှင် “နားလည်နိုင်ခြင်း” က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းက မည်သည်ကို ရည်မှန်းသနည်း။ ဤအရာများနှင့်ပတ်သက်၍ မိမိတို့ကိုယ်ကိုယ် စစ်ဆေးနိုင်သည့်သူတစ်စုံတစ်ဦး၊ ဘုရားသခင် ထုတ်ဖော်ပြသည်နှင့်အညီ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် အမျိုးမျိုးသော အခြေအနေများကို အသိအမှတ်ပြုနိုင်သည့်သူ၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို အတိုင်းအတာအချို့အထိ နားလည်နိုင်သည့်သူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏အလိုတော်တို့၌ ပြောကြားထားသည့် အခြေခံသဘောတရားများကို နားလည်နိုင်သည့်သူ- ဤအရာအားလုံးနှင့်စပ်လျဉ်း၍ ရှင်းလင်းမှုနှင့် နားလည်သဘောပေါက်ခြင်း ရှိသည့်သူ ထိုသို့သော လူတစ်ယောက်ကို ထို့ကြောင့် ဝိညာဉ်ရေးရာ အရေးကိစ္စများကို နားလည်သည်ဟု ဆိုကြသည်။ ဝိညာဉ်ရေးရာ အရေးကိစ္စများကို နားလည်သဘောပေါက်သည့်သူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့ စားသောက်ရင်း မိမိတို့ကိုယ်ကိုယ် ယင်းတို့နှင့် နှိုင်းယှဉ်နိုင်သည်။ သူ၏ရည်ညွှန်းချက်များနှင့် သူ၏ သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်ကို ၎င်းတို့ နားလည်နိုင်ကြသည်။ ထိုသို့သော လူများသည် သဘောပေါက်လက်ခံဖို့အတွက် လုပ်နိုင်စွမ်းရှိသကဲ့သို့ သမ္မာတရားကို လက်ခံဖို့ အစွမ်းအစနှင့် လုပ်နိုင်စွမ်းတို့လည်း ရှိလေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လိုက်စားခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်” မှ

ဝိညာဉ်ရေးရာ အရေးကိစ္စများကို နားလည်သည့် လူများနှင့် နားမလည်သည့်လူများ၏ ဖော်ပြချက်များမှာ အဘယ်နည်း။ ဝိညာဉ်ရေးရာ အရေးကိစ္စများကို နားမလည်သည့်သူများသည် သမ္မာတရား သို့မဟုတ် အခြေအနေများ၏ အဓိပ္ပာယ်၊ နောက်ခံအကြောင်းတို့နှင့် ပတ်သက်၍လည်းကောင်း၊ ဘုရားသခင် ပြောသည့် အရာ၏ ရည်ညွှန်းချက်များကိုလည်းကောင်း မည်သည့်အရာမျှ လုံးလုံး မသိကြပေ။ ယင်းတို့ကို ၎င်းတို့ သဘောမပေါက်နိုင်ကြသကဲ့သို့၊ ၎င်းတို့သည် နှိုင်းယှဉ်ဖို့အတွက် မိမိတို့ကိုယ်ကိုယ် အစစ်ဆေး မခံနိုင်ကြပေ။ ဝိညာဉ်ရေးရာ အရေးကိစ္စများကို နားလည်သူများကမူ အတော်အတန် ဆန့်ကျင်ဘက် ဖြစ်သည်။ ဥပမာအားဖြင့် ၎င်းတို့၏မာကျောမှု၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ မိုက်မဲခြင်း၊ ဘုရားသခင်အပေါ် ၎င်းတို့၏ရန်ငြိုး နှင့် သူ့ကို ခုခံခြင်း၊ ပြီးလျှင် သူ့ကို ၎င်းတို့၏ အထင်လွဲခြင်းတို့ ပါဝင်သည့်အကြောင်းအရာတစ်ခုဖြစ်သည့် လူများ၏ မနာခံခြင်းနှင့်ပတ်သက်၍ ငါမိတ်သဟာယပြုသည့် အခါနှင့် ဤအကြောင်းအရာ ပါဝင်သည့် အခြေအနေများ အားလုံးကို နမူနာများမှ တစ်ဆင့်ဖြစ်စေ သို့မဟုတ် သမ္မာတရား၏ ရှုထောင့်တစ်ခုကို ပြောခြင်းအားဖြင့် ဖြစ်စေ သို့မဟုတ် သင်၏စိတ်နှလုံးထဲရှိ အခြေအနေ အတိအကျတစ်ခု ဖြစ်သည့် အခြေအနေတစ်ခုကို ထောက်ပြခြင်းအားဖြင့်ဖြစ်စေ၊ သို့မဟုတ် ဆက်နွှယ်သည့် အခြေခံသဘောတရားများအတွင်း အကြောင်းအရာများနှင့်ပတ်သက်၍ စကားပြောခြင်းအားဖြင့်သက်သက် ဖြစ်ကောင်းဖြစ်ပါစေ ငါပြောသည့်အခါ- သင်နားလည်သည်၊ ပြီးလျှင် အချို့ပုံရိပ်များသည် သင့်စိတ်နှင့် အတွေးအခေါ်များ၏မျက်နှာပြင်ပေါ်သို့ ပေါ်လာပြီး သင်က “လက်စသတ်တော့ ထိုတစ်ချိန်က ကျွန်ုပ်၏ အခြေအနေသည် မနာခံခြင်း အခြေအနေ တစ်ခု ဖြစ်ခဲ့လေသည်။” ဟု ပြောသည်။ သို့မဟုတ် စကားပြောခြင်းက ဘုရားသခင်ကို အထင်လွဲခြင်းသို့ ပြောင်းသွားသည့်အခါ၊ သင်ထုတ်ဖော်ပြီးဖြစ်သည့် အခြေအနေများနှင့် ဖော်ပြချက်များကို သင်ကြည့်ပြီး၊ လူများသည် ထိုသို့သော အကြံဉာဏ်များ ရှိသည့်အတွက် သို့မဟုတ် သူ့အား ထိုသို့သော တောင်းဆိုမှုများနှင့် စိတ်ကူးများ ရှိသည့်အတွက်၊ ဘုရားသခင်ကို အထင်လွဲခြင်းဖြစ်သည်ကို နားလည်သဘောပေါက်ပါက၊ သင်သည် မိမိကိုယ်ကိုယ် ဤအရာများနှင့်နှိုင်းယှဉ်၍ အစစ်ခံပြီးဖြစ်သည်ဟု ဆိုလိုသည်။ ဘုရားသခင်ကို ရန်ငြိုးထားပြီး သူ့ကို ခုခံခြင်းနှင့်ပတ်သက်၍ ငါပြောသည့်အခါ၊ သင်၌ ထိုသို့သော ခံစားချက်ရှိပြီး ထိုသို့သော အခြေအနေတစ်ခုတွင် ရှင်သန်ပါက သို့မဟုတ် ထိုသို့သော စိတ်သဘောထားတစ်ခု သို့မဟုတ် အနှစ်သာရတစ်ခုသည် သင့်ထဲ၌ ရှိပါက၊ သင်သည် ဤအရာများကို နှိုင်းယှဉ်စစ်ဆေးနိုင်သည်။ ထိုသို့သော နှိုင်းယှဉ်မှုအတွက် သင်မည်သည့်အရာများကို ကျိုးနွံနာခံနိုင်သနည်း။ အကြံဉာဏ်များနှင့် အတွေးအခေါ်များ၊ သို့မဟုတ် သင်ထင်ရှားပြသည့် လုပ်ရပ်များနှင့် အပြုအမူများတို့ကို နေရာမရွေး စစ်ဆေးနိုင်ပေသည်။ ဤသည်က သင်သည် ဘုရားသခင်ပြောသည့်အရာကို နားလည်နိုင်ပြီး ဒေသနာများတွင် ဟောကြားသည့်အရာကို နားလည်နိုင်ကြောင်းနှင့် သင်၏အပြုအမူများနှင့် သင်၏ကိုယ်ပိုင် ထုတ်ဖော်ချက်များ၊ သရုပ်သကန်များ၊ အခြေအနေများနှင့် အနှစ်သာရများထဲမှ မည်သည့်အရာသည် ဘုရားသခင်ထုတ်ဖော်ထားပြီး ဒေသနာများတွင် ဟောကြားထားသည့် အရာများနှင့် တူညီသည်ကို သိနိုင်ကြောင်း ဆိုလိုသည်။ ဤသည်တို့သည် ဝိညာဉ်ရေးရာ အရေးကိစ္စများကို နားလည်သဘောပေါက်သည့် သူတစ်ယောက်၏ ဖော်ပြချက်များဖြစ်လေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လိုက်စားခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်” မှ

ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည့်သူများ သမ္မာတရားကို လိုက်စားသည့် နည်းလမ်းနှင့်သက်ဆိုင်သည့် အဓိက ဖော်ပြချက်မှာ အဘယ်နည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက စည်းမျဉ်းကို အတိအကျ အသေးစိတ် လိုက်နာခြင်းကဲ့သို့ ထင်ရှားပြသည်။ ၎င်းတို့က ယူဝါဒဆိုင်ရာ လူများကို စကားပြောကြပြီး အခြားသူများ၏နည်းစနစ်များကို တင်းတင်းကျပ်ကျပ် ကျင့်သုံးကြသည်။ သို့ဆိုလျှင် ထိုသို့သော လူများ၏ အနှစ်သာရသည် အဘယ်နည်း။ ၎င်းတို့အား သမ္မာတရားကို လိုက်စားခြင်းဖြင့် စည်းမျဉ်းများကို ဇဝေဇဝါ လိုက်နာခြင်းကို ဖြစ်စေသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ဤပြဿနာကို ဖြစ်စေသည်မှာ အဘယ်နည်း။ အကြောင်းခံမှာ အဘယ်နည်း။ သင်တို့ ရှာဖွေနိုင်သလော။ (ထိုသို့သော လူများသည် သဘာဝအားဖြင့် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေပေ။ ထိုထက် ၎င်းတို့က မှန်ကန်သည်ဟု တွေးထင်သည့်အရာကို သမ္မာတရားဖြစ်သည့်အလား မှတ်ယူသည်။) ယင်းမှာ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည့်သူ အချို့အတွက် မှန်ကန်ပေသည်၊ သို့ရာတွင် ယင်းမှာ အကြောင်းခံ မဟုတ်ပေ။ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်သဘောပေါက်ခြင်း မရှိသည့်သူများနှင့် စည်းမျဉ်းများကို လိုက်နာဖို့ နှစ်သက်သည့် ဤလူများသည် သမ္မာတရားနှင့် ဒေသနာများကို နားထောင်သည့်အခါ၊ ၎င်းတို့သည်- အထူးသဖြင့် မိမိတို့၏လက်တွေ့လုပ်ဆောင်မှုများနှင့် သက်ဆိုင်သည့် ထိုအရာများကို- ဂရုတစိုက် အာရုံစိုက်ခြင်းဖြင့် အတော်အတန် ဝီရိယရှိရှိ ထိုသို့ လုပ်ဆောင်လေသည်။ ဥပမာအားဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မည်သို့ ထမ်းဆောင်ရမည် သို့မဟုတ် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို မည်သို့ကောင်းစွာ လုပ်ဆောင်ရမည်တို့နှင့်သက်ဆိုင်သည့် အကြံဉာဏ်များကို မမှိတ်မသုန် နားထောင်ကြသည်။ အဓိကပြဿနာမှာ ၎င်းတို့သည် ၎င်းတို့ကြားသည့် ဒေသနာများ၏ ပါဝင်သည့်အကြောင်းအရာများကို ၎င်းတို့၏ ကိုယ်ပိုင် အခြေအနေများနှင့် မနှိုင်းယှဉ်နိုင်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် လူသားများ၏ ပုန်ကန်လိုခြင်းနှင့်ပတ်သက်သည့် ဆွေးနွေးချက် တစ်ခုကို ၎င်းတို့ ကြားသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့က “ပုန်ကန်လိုခြင်းလော။ ကျွန်ုပ်သည် ပုန်ကန်လိုခြင်း မရှိပေ။ ယင်းက ခွင့်မပြုသည့်အတွက် ကျွန်ုပ်သည် ဤအခြေအနေမျိုးကို တစ်ခါမျှ ကြုံရပါက၊ ကျွန်ုပ်၏ ပါးစပ်ကိုသာ ပိတ်ထားလိုက်မည်၊ ငြိမ်သက်စွာနေဖို့ ကြိုးစားပြီး၊ အခြေအနေကို သေချာစွာ ဆင်ခြင်စဉ်းစားမည်၊ ပြီးလျှင် ကျွန်ုပ်အနီးအနားမှ လူတိုင်းလုပ်သည့်အရာကို လုပ်ဆောင်မည်။” ဟု ၎င်းတို့က ပြောကြသည်။ တစ်စုံတစ်ခုကို ကြားပြီးသည့်နောက်၊ ၎င်းတို့က မိမိတို့၏ ကိုယ်ပိုင် လက်တွေ့လုပ်ဆောင်မှုနှင့် သက်ဆိုင်သည့် ကျိုးကြောင်းဆီလျော်သည့် ပုံစံများနှင့် နည်းစနစ်များ တစ်စုံမှ ယူကြသော်လည်း၊ စိတ်ထဲတွင် ၎င်းတို့၏ အတွေးအခေါ်များသည် သမ္မာတရားနှင့် စပ်လျဉ်းပါက၊ ဒေသနာများတွင် ဖော်ထုတ်ပြီး ဖော်ပြထားသည့် အခြေအနေအမျိုးမျိုးနှင့်စပ်လျဉ်းပါက မကြည်လင်ကြပေ။ ၎င်းတို့၏အတွေးအခေါ်များသည် မကြည်လင်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ပြောသွားသည့်အရာကို ၎င်းတို့ နားမလည်ဘဲ၊ မိမိတို့ဘာသာ “ဤမိတ်သဟာယပြုခြင်း၏ အကြောင်းအရင်းမှာ အဘယ်နည်း။ ယင်းတို့ကို အဘယ်ကြောင့် အနည်းငယ် သာ၍ရိုးရှင်းစွာ မရှင်းပြသနည်း။ ယနေ့ ယင်းက မိတ်သဟာယတစ်မျိုးဖြစ်ပြီး၊ မနက်ဖြန်တွင် နောက်တစ်ခု ဖြစ်သည်။” ဟု တွေးကြသည်။ ၎င်းတို့၏အမြင်တွင် တစ်စုံတစ်ဦး၏ စိတ်သဘောထားတွင် ပြောင်းလဲမှုဖြစ်ပေါ်စေဖို့မှာ ရိုးရှင်းပေသည်- သင့်ကို ခိုင်းသည့်အတိုင်းသာ သင်လုပ်လော့။ ၎င်းတို့က မိမိတို့ကိုယ်ကိုယ် ဤအခြေအနေများနှင့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့နှင့် နှိုင်းယှဉ်စစ်ဆေးနိုင်ခြင်း မရှိကြပေ။ ယင်းက ထုတ်ဖော်ချက်များ၊ အတွေးအခေါ်များ၊ အကြံဉာဏ်များ၊ ရည်ရွယ်ချက်များနှင့် အသက်ဝင်ရောက်မှု ဖြစ်စဉ်တွင် ပတ်ဝန်းကျင်အမျိုးမျိုး၌ ပေါ်ပေါက်သည့် လူ၏ဖောက်ပြန်ပျက်စီးသည် စိတ်သဘောထားနှင့် သက်ဆိုင်သည့် သရုပ်သကန်အမျိုးမျိုးနှင့် ပတ်သက်ပါက၊ ယင်းတို့နှင့် အခြေခံအားဖြင့် တူညီလေသည်။ ၎င်းတို့သည် ဘာမျှသိနားလည်ခံစားပုံ မရဘဲ၊ ဤအရာများနှင့် မိမိတို့ကိုယ်ကိုယ် နှိုင်းယှဉ်စစ်ဆေးနိုင်ခြင်း မရှိကြပေ။ ဤအရာများနှင့် မိမိတို့ကိုယ်ကိုယ် မစစ်ဆေးနိုင်သည့်လူများသည် သမ္မာတရားကို ကြားသည့်အခါ၊ ၎င်းတို့သည် မည်သို့ ခံစားရသနည်း။ (၎င်းတို့က ယင်းသည် အခြားလူများကို ရည်ညွှန်းပြီး၊ ၎င်းတို့နှင့်ဆက်စပ်မှု မရှိဟု ခံစားကြရသည်။) ယင်းမှာ ၎င်းတို့၏ အဓိကဉာဉ် ဖြစ်သည်- မကောင်းသောအရာများကို ဖော်ပြသည့်အခါ၊ ၎င်းတို့သည် ယင်းတို့သည် အခြားသူများနှင့် အားလုံးသက်ဆိုင်သည်ဟု ယုံကြည်ကြသော်လည်း၊ ၎င်းတို့ လိုက်နာနိုင်ပြီး သဘောပေါက်နိုင်သည့် စည်းမျဉ်းများကို ဖော်ပြသည့်အခါ၊ ၎င်းတို့သည် ယင်းတို့နှင့် ဆက်စပ်သည်ဟု ခံစားရသည်။ အခြေအနေများ၊ စိတ်သဘောထား ပြောင်းလဲမှုများနှင့် လူတစ်ယောက်၏ သဘာဝ အနှစ်သာရနှင့် စိတ်သဘောထားတို့နှင့်ပတ်သက်ပါက ၎င်းတို့သည် ယင်းတို့ထဲမှ တစ်ခုကိုမျှ အသိအမှတ်မပြုမိကြပေ။ ၎င်းတို့သည် ယင်းတို့ကို လက်မခံနိုင်ကြသကဲ့သို့၊ ယင်းတို့ကိုနားမလည်နိုင်ကြပေ။ ဝိညာဉ်ရေးရာ အရေးကိစ္စများကို နားမလည်သည့် လူတိုင်းတွင် ဤအင်္ဂါရပ်က တွေ့နေကျဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် လူများ၏အခြေအနေအမျိုးမျိုးကို ထုတ်ဖော်သည့် ဘုရားသခင်ပြောသမျှအရာအားလုံးနှင့် ၎င်းတို့၏အနှစ်သာရ၏ သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များနှင့် မိမိတို့ကိုယ်ကိုယ် နှိုင်းယှဉ် မစစ်ဆေးနိုင်ဘဲ၊ ၎င်းတို့တွင် ထိုးထွင်းသိမြင်မှု စိုးစဉ်းမျှ မရှိကြပေ။ ၎င်းတို့သည် ပန်းသီးများကို လိမ္မော်သီးများဖြင့် အမြဲနှိုင်းယှဉ်နေကြသည်။ ယင်းက ၎င်းတို့စားပြီးခြင်း ရှိမရှိကို သင်က ၎င်းတို့ကို မေးသည့်အခါ၊ ၎င်းတို့က ရေတစ်စက်မျှ မသောက်ရသေးကြောင်း ပြောသည့်အလားဖြစ်သည်။ သို့မဟုတ် ၎င်းတို့ အိပ်ငိုက်နေခြင်းရှိမရှိ သင်က ၎င်းတို့အား မေးမြန်းသည့်အခါ၊ ၎င်းတို့က ရေမငတ်ကြောင်း ပြောသည့်အလား ဖြစ်သည်။ ထိုသို့သော အခြေအနေတစ်ခု- ထိုသို့သော ကိစ္စရပ်များ၏ အခြေအနေတစ်ခု- အတော်အတန် မကြာခဏ ဖြစ်လေ့ရှိသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လိုက်စားခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်” မှ

ဝိညာဉ်ရေးရာ အရေးကိစ္စများကို နားမလည်သည့် လူများ၏ အဓိက ဖော်ပြချက်မှာ စည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာခြင်း ဖြစ်သည်။ ၎င်းတို့သည် ဝါကျတစ်ကြောင်း သို့မဟုတ် ဖြစ်ရပ်တစ်ခုကို မကြာခဏ ယူပြီး လိုက်နာဖို့ စည်းမျဉ်းတစ်ခု သို့မဟုတ် နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ကြသည်။ သို့ဆိုလျှင် ဤလူများသည် သမ္မာတရားကို တစ်ပုံစံတည်း သဘောထားမည်လော။ ဝိညာဉ်ရေးရာ အရေးကိစ္စများကို နားမလည်သည့်သူများသည် သင်ယနေ့ မိတ်သဟာယပြုခဲ့သည့် သမ္မာတရား၏ သရုပ်သကန်များထဲမှ ရှုထောင့်တစ်ခုကို မှတ်မိကြသည်။ ထိုစကားများနှင့် အပြုအမူများကို တစ်ခုချင်းစီအား မပျက်မကွက် အမှတ်ရလျက်၊ လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများအဖြစ် ၎င်းတို့က သတ်မှတ်လိုက်ကြသည်။ သို့ဆိုလျှင် နောက်တစ်ကြိမ်တွင် မတူညီကွဲပြားသည့် အခြေအနေ တစ်ခုကို ကြုံတွေ့ပြီး မည်သူမျှ မိတ်သဟာယပြုခြင်း မရှိလျက်၊ ၎င်းတို့သည် ယခင် နည်းစနစ်များနှင့် စည်းမျဉ်းများကို လက်လွတ်စပယ် ကျင့်သုံးလိမ့်မည် ဖြစ်ပြီး၊ ယင်းတို့ကို လက်တွေ့လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ ဝိညာဉ်ရေးရာ အရေးကိစ္စများကို နားမလည်သည့် လူများ၏ ခိုင်မာသည့် သရုပ်သကန် တစ်ခုဖြစ်သည်။ ထိုသို့သော လူများသည် စည်းမျဉ်းများကို ထိုသို့လိုက်နာနေစဉ် မည်သို့ ခံစားရသနည်း။ (ပင်ပန်းပါသည်။) ၎င်းတို့ မပင်ပန်းပေ။ ၎င်းတို့ ပင်ပန်းခဲ့လျှင်ပင်၊ ၎င်းတို့က ရပ်မည် မဟုတ်ပေ။ ၎င်းတို့က သမ္မာတရားကို လက်တွေ့ လုပ်ဆောင်နေသည်ဟု ခံစားရသည်။ ၎င်းတို့က စည်းမျဉ်းတစ်စုံကို လိုက်နာနေသည်ဟု မခံစားရသကဲ့သို့၊ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ဟု မခံစားကြရပေ။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သေးဟုလည်းကောင်း၊ သမ္မာတရား အခြေခံသဘောတရားများက မည်သည့်အရာ ဖြစ်သည်ကို နားလည်ခြင်း မရှိဟုလည်းကောင်း သာ၍ မခံစားရပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က သမ္မာတရား၏ လက်တွေ့ကျသည့်ဘက်ကို နားလည်ပြီးဖြစ်သကဲ့သို့ သမ္မာတရား၏ ထိုဘက်နှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများကိုလည်း နားလည်ပြီးဖြစ်သည်ဟု ထင်မြင်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု တစ်ချိန်လုံး ယုံကြည်လျက်၊ ၎င်းတို့က ဘုရားသခင်၏ အလိုတော်ကို နားလည်ပြီးဖြစ်သည်၊ ၎င်းတို့က ၎င်းတို့၏ စည်းမျဉ်းများအတိုင်း ပြုမူပါက၊ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်ဟု တွေးထင်ကြသည်။ ထိုသို့သော သမ္မာတရားကို တရားသေ လက်တွေ့လုပ်ဆောင်မှုတစ်ခုသည် သမ္မာတရားကို လိုက်စားခြင်း၏ ဖော်ပြချက်တစ်ခု အမှန်တကယ် ဖြစ်သလော။ (မဖြစ်ပါ။) ဤသည်မှာ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည့်လူမျိုး၊ အစဉ်အလာဖြင့် ဘောင်ခတ်ခြင်း ခံရသည့်လူမျိုးနှင့် ပျင်းရိသည့်လူမျိုး၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ ပြဿနာတစ်ခုကို ကြုံတွေ့ရာတွင် ဤလူမျိုးသည် သမ္မာတရားကို မရှာဖွေပေ။ ၎င်းတို့က သမ္မာတရား အကြောင်း မတွေးသကဲ့သို့၊ ဆန်းစစ်ခြင်းလည်း မရှိသည့်အပြင်၊ သမ္မာတရားကို အသေးစိတ် လေ့လာစုံစမ်းခြင်းလည်း မရှိပေ။ ထို့အပြင် ၎င်းတို့သည် သမ္မာတရားကို စစ်ဆေးမည်ဆိုလျှင်ပင်၊ ၎င်းတို့သည် ယင်းကို နားလည်နိုင်ဦးမည် မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို အဘယ့်ကြောင့် နားမလည်နိုင်သနည်း။ အရင်းအမြစ်၌ ယင်းမှာ ၎င်းတို့သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်သဘောပေါက်ခြင်း မရှိသောကြောင့် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လိုက်စားခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်” မှ

ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှပင် ကြာသည်ဖြစ်စေ သို့မဟုတ် သမ္မာတရားအား မည်သို့ အားထုတ်သည့်ပုံပေါ်သည်ဖြစ်စေ ဝိညာဉ်ရေးရာကိစ္စရပ်များအား နားမလည်သောသူတို့သည် မည်သည့်တိုးတက်မှုမှ မရှိပေ။ ယုံကြည်သူဖြစ်သည်မှာ နှစ်ပေါင်း မည်မျှပင် ကြာခဲ့ပြီဖြစ်စေ ဝိညာဉ်ရေးရာကိစ္စရပ်များကို နားမလည်သောသူတို့သည် မိမိကိုယ်ကိုယ်သိခြင်းဆိုသည်မှာ မည်သည်ကိုဆိုလိုသည်၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဆိုသည်မှာ မည်သည့်အရာဖြစ်သည်တို့ကို မသိနားမလည်ပေ။ ၎င်းတို့သည် ပြဿနာတစ်ခုကို ကြုံရသည့်အခါတွင် မာနထောင်လွှားသော စိတ်သဘောထားကို ပြသခြင်းသည် သို့မဟုတ် သမ္မာတရားအား နာခံမှုကို ပြသခြင်းသည် မည်သည့်အရာဖြစ်သည်ကို သတိမမူမိပေ။ ရိုးသားသောသူများအဖြစ် မိမိတို့ကိုယ်ကိုယ် မည်သို့ နေထိုင်ပြုမူရမည် သို့မဟုတ် မည်သို့သော အပြုအမူက လှည့်ဖြားခြင်းဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ နာခံခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံမှုများအား ပုန်ကန်သည်၊ ဆန့်ကျင်သည်နှင့် ငြင်းပယ်သည်ဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသည်တို့ကို ၎င်းတို့ မသိကြပေ။ ကောင်းသော လူ့စိတ်သဘောဆိုသည်မှာ သို့မဟုတ် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံမှုများကို နာခံခြင်းဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့၏ တာဝန်ကို ဆောင်ရွက်ခဲ့ရာတွင် ၎င်းတို့သည် သစ္စာရှိမရှိ၊ သို့မဟုတ် ပေါ့ပေါ့ဆဆလုပ်နေခဲ့ခြင်း ရှိမရှိကို မသိကြပေ။ ၎င်းတို့အတွင်း၌ မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ထုတ်ဖော်ပြနေသည်ကိုလည်းကောင်း၊ ၎င်းတို့၏စိတ်ဓာတ်လှုံဆော်မှုများသည် မည်သည့်အရာဖြစ်သည် သို့မဟုတ် ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းသည် မှန်ကန်သောလမ်း ဟုတ်မဟုတ်ကိုလည်းကောင်း မသိကြပေ။ ၎င်းတို့၏ လက်တွေ့ကျင့်ကြံလုပ်ဆောင်မှုအပေါ် အမြင်ရှုထောင့်သည် မှန်ကန်မှုရှိမရှိ သို့မဟုတ် မည်သို့သော အပြုအမူမျိုးကို ဘုရားသခင်က ချစ်မြတ်နိုးသည်၊ မည်သို့သော အပြုအမူမျိုးကို ဘုရားသခင် စက်ဆုပ်ရွံရှာသည်ကို ၎င်းတို့ မသိကြပေ။ ဤအသေးအဖွဲ အချက်အလက်များအကြား ခြားနားမှုများနှင့်ပတ်သက်၍ ၎င်းတို့ လုံးဝ မသိရှိကြပေ။ ၎င်းတို့သည် ဤနည်းအတိုင်း ဆက်လက်ပြုမူလုပ်ဆောင်လျှင် သေချာပေါက် ဘုရားသခင်၏ ချီးမြှောက်ခြင်းကို ခံရမည်၊ ၎င်းတို့ ထင်မြင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သင့်သည်ဟု ယုံကြည်ကြသည်- ဤသည်မှာ အလွန်ရိုးရှင်းပြီး အသေးစိတ်အချက်အလက်များ မပါဝင်ပေ။ လူတချို့တွင် ဝိညာဉ်ရေးရာ နားလည်မှုရှိကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို အားထုတ်ခြင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း မရှိကြပေ။ ပင်ပန်းစွာ လုပ်ဆောင်ခြင်းနှင့် အချို့တာဝန်တို့ကို ဆောင်ရွက်ခြင်းတို့ကိုသာ ပြုလုပ်ကြသည်။ အချို့လူတို့တွင် ဝိညာဉ်ရေးရာနားလည်မှု လုံးဝမရှိပေ။ ထို့အပြင် အသက်တာတွင် ဝိညာဉ်ရေးရာကိစ္စရပ်များအား နားမလည်ပေ။ ၎င်းတို့သည် စည်းမျဉ်းများကို လိုက်နာရုံသာရှိပြီး အခြား မည်သည့်အရာမှ မလိုက်နာပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ခြင်းနှင့် သာမန် ဝိညာဉ်အသက်တာအတိုင်း အသက်ရှင်ခြင်းတို့ကိုသာ စွဲစွဲမြဲမြဲလုပ်ဆောင်သည်။ ၎င်းတို့၏ တာဝန်ကို ဆောင်ရွက်ရာတွင် အချိန်ဖြုန်းခြင်း သို့မဟုတ် ပြဿနာဖြစ်စေခြင်း မရှိပေ။ တုံ့ဆိုင်းခြင်း သို့မဟုတ် အနှောင့်အယှက်ဖြစ်စေသည့် အရာများကို ၎င်းတို့ တမင်သက်သက် မလုပ်ဆောင်ကြပေ။ ၎င်းတို့ကို ခိုင်းစေသည့်အရာကို လုပ်ဆောင်ပြီး ရိုးရှင်းသည့် အခြေခံသဘောတရားများကို လိုက်နာသည်။ သို့သော် အသေးစိတ် အချက်အလက်များ၊ အသက်တာဝင်ရောက်မှုတွင် ပါ၀င်သည့် အခြေအနေများနှင့် အမျိုးမျိုးသော ရှုထောင့်အမြင်များ၊ သဘောထားများနှင့် ပတ်သက်၍မူ ၎င်းတို့သည် ထိုအရာတို့ကို လုံးဝ လျစ်လျူရှုကြသည်။ သင်သည် အယူအဆများကို ဖြေရှင်းခြင်းအကြောင်း ပြောသည့်အခါ၊ ၎င်းတို့သည် ၎င်းတို့တွင် အယူအဆတစ်ခုခု ရှိသည်ဟု မထင်ကြပေ။ ၎င်းတို့၏ အယူအဆများအားလုံးသည် ပြေလည်နှင့်ပြီးဖြစ်ကာ သင် မိတ်သဟာယဖွဲ့သည့်အရာက ၎င်းတို့နှင့် လုံးဝမသက်ဆိုင်ဟု ထင်မြင်ကြသည်။ သင်က မည်သည့်အယူအဆများကို ရည်ညွှန်းပြောဆိုသည်ကို သို့မဟုတ် သင် မိတ်သဟာယဖွဲ့နေသည့်အရာနှင့်ပတ်သက်ပြီး သမ္မာတရား၏ စစ်မှန်မှုမှာ မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ သင်က မိမိကိုယ်ကိုယ် သိခြင်းအကြောင်းကို ပြောသည့်အခါ ၎င်းတို့က “လူသားက ပုန်ကန်တတ်ပြီး မာနထောင်လွှားတာတွေ မရှိဘူးလား။ လူတစ်ဦး ပြဿနာတစ်ခုကို ကြုံရတဲ့အခါ ပုန်ကန်တာ ဒါမှမဟုတ် ကိုယ်ရည်ကိုယ်သွေးပြတာ မလုပ်သင့်ဘဲ မာနမကြီးဘဲ နှိမ့်ချသင့်တယ်။ ဒါဆိုရင် မလုံလောက်ဘူးလား။” ဟူ၍ ပြောကြသည်။ သင်က နာခံခြင်းအကြောင်း ပြောသည့်အခါ ၎င်းတို့က “နာခံခြင်းလား။ ဒါကနာခံခြင်း၊ ဒါကနာခံခြင်း မဟုတ်ဘူးတို့ ဘာတို့အကြောင်းကို မင်း ဆက်ပြောနေတယ်။ ဒါက ဘာလို့ ဒီလောက် ရှုပ်ထွေးရတာလဲ။” ဟု ပြောကြသည်။ သင်က လူတို့သည် မိမိကိုယ်ကိုယ် စွန့်လွှတ်ပြီး ထိန်းသိမ်းကြပ်မတ်ရမည် သို့မဟုတ် ဘုရားသခင်ကို ချစ်ရမည်ဟု ပြောသည့်အခါ၊ ပြီးလျှင် ၎င်းတို့သည် ပတ်ဝန်းကျင်တစ်ခုတွင် ရောက်နေသည်ကို ၎င်းတို့ တွေ့ရှိပြီး ၎င်းတို့၏ ကိုယ်ပိုင် တွန်းအားများနှင့် ရည်မှန်းချက်များကို ဘေးဖယ်ရသည့်အခါ ၎င်းတို့သည် “ငါ့မှာ အဲဒီလောက် များတဲ့ စိတ်ဓာတ် လှုံ့ဆော်မှုတွေနဲ့ ရည်မှန်းချက်တွေ မရှိဘူး” ဟု ပြောကြသည်။ ၎င်းတို့၏ စဉ်းစားပုံသည် ဤမျှ ရိုးရှင်းလှသည်။ ဤသို့သောလူတို့သည် အဆုံးတွင် သမ္မာတရားကို ရနိုင်ပါသလား။ (မရနိုင်ပါ။) သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားသည် မည်သို့နည်း။ ၎င်းတို့သည် ၎င်းတို့အထဲတွင် မည်သည့် ဖောက်ပြန်ပျက်စီးမှုမျှ မရှိဟု ထင်ကြပြီး၊ ဤအရာအားလုံးတို့ကို ၎င်းတို့ ယခင်က ကြားပြီးဖြစ်သည်ဟု ထင်ကြသည်။ အနည်းနှင့် အများအတူတူပင် ဖြစ်သည်ဟု ထင်ကြသည်- နာခံပြီး ခိုင်းသည့်အတိုင်းလုပ်ပါ။ သို့သော် ယင်းသည် ဤမျှ ရိုးရှင်းသလော။ အခြားလူများ အပျက်သဘောဆောင်ပြီး အားနည်းသည်ကို မြင်သည့်အခါ အချို့သည် “ဘုရားသခင်ကိုသာ ချစ်လိုက်ပါ။ ဘာတွေ အပျက်သဘောဆောင်နေစရာ ရှိလို့လဲ။” ဟု ပြောကြသည်။ ၎င်းတို့၏ စိတ်သည် ဤမျှရိုးရှင်းပြီး ၎င်းတို့သည် ဝိညာဉ်ရေးရာကိစ္စရပ်များကို နားမလည်ကြပေ။ လူတို့သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ကြသောအခါဆိုသည်မှာ မည်သည့်အဓိပ္ပာယ် ရှိသနည်း။ ၎င်းမှာ သင်သည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သမ္မာတရား၏ မည်သည့်ရှုထောင့်ကို ပြောသည်ဖြစ်စေ၊ ထိုအရာအားလုံးတို့သည် ၎င်းတို့အတွက် သီအိုရီနှင့် တူသည် ဟု အဓိပ္ပာယ်ရသည်။ ပါဝင်သော ရင်းနှီးမြုပ်နှံမှုကို သို့မဟုတ် ဤအရာကို သင် ဘာကြောင့် မိတ်သဟာယဖွဲ့ရသည်ကို ၎င်းတို့ နားမလည်ကြပေ။ သမ္မာတရား၏ ဤရှုထောင့်သည် မည်သည့်အရာဖြစ်သည်နှင့်ပတ်သက်၍ သော်လည်းကောင်း၊ လူတို့၏ ဝင်ရောက်မှု၊ ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ခြင်းအသက်တာတို့နှင့် ၎င်း၏ ဆက်နွှယ်မှုမှာ မည်သည့်အရာ ဖြစ်သည်ကို လည်းကောင်း၊ လူများ တကယ့်ဘဝတွင် ကြုံရသည့် အခက်အခဲများ၊ ၎င်းတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်း၏ဆက်နွှယ်မှုမှာ မည်သည့်အရာဖြစ်သည်ကို လည်းကောင်း၊ သမ္မာတရားနှင့် လူသားမျိုးနွယ်ကြားရှိ ဆက်နွှယ်မှု၊ သမ္မာတရားနှင့် အသိစိတ်တို့ကြား ဆက်နွှယ်မှုမှာ မည်သည့်အရာဖြစ်သည်ကို လည်းကောင်း ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့သည် ဤအသေးစိတ် အချက်အလက်များနှင့် ဘုရားသခင် ပြောကြားသော နှုတ်ကပတ်တော်များသည် လူတို့၏ တကယ့် ဘဝများတွင် ထုတ်ဖော်ပြီး ဖော်ပြသည့်အရာများ၊ လူများ လက်တွေ့လုပ်ဆောင်ရမည့်အရာတို့နှင့် မည်သို့သက်ဆိုင်သည်ကို ၎င်းတို့ လုံးဝ မသိနားမလည်ကြပေ။ ၎င်းတို့ ကြားသည့်အရာကို နားမလည်ကြပေ။ ၎င်းတို့ ကြားသမျှမှာ “နာခံခြင်း၊ သစ္စာရှိခြင်း၊ ပေါ့ပေါ့တန်တန် မပြုလုပ်နှင့်၊ အနှောင့်အယှက်မဖြစ်စေနှင့်” စသည်တို့ကဲ့သို့သော စာများနှင့် အယူဝါဒများသာ ဖြစ်သည်။ ၎င်းတို့သည် ဤအရာတို့ထဲမှ တစ်ခုကို အနှစ်ချုပ်ယူလိုက်သည်- “အဲဒါတွေ တစ်ခုမှ ငါ မှတ်မိစရာမလိုဘူး။ ဘုရားသခင် ခိုင်းစေတဲ့ဟာကိုပဲ ငါ လုပ်လိုက်မယ်။ ငါ အစေခံရမှာကို ပျော်တယ်။” အစေခံခြင်းအပြင် လူသားတွင် ဖောက်ပြန်ပျက်စီးမှုများစွာရှိနေပြီး ရည်မှန်းချက်များ၊ ဆန္ဒများ၊ ကြိုက်နှစ်သက်မှုများ၊ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများလည်း ရှိနေသည်ကို ၎င်းတို့ မသိကြပေ။ လူတို့အထဲတွင် ကိုင်တွယ်ဖြေရှင်းခြင်း မပြုရသေးသည့် အရာများစွာ ရှိနေသည်။ ထို့ကြောင့် ဘုရားသခင်က ဤ နှုတ်ကပတ်တော်တို့ကို ပြောကြားသည့်အခါ သူသည် ဤ အရာများကို လူတို့ ဖြေရှင်းကြပြီး၊ သမ္မာတရားနှင့် အစားထိုးကြရန်အတွက် တောင်းဆိုနေခြင်းဖြစ်သည်။ ဤသမ္မာတရားများကို ပြောကြားရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ဤ သမ္မာတရားများကို သင် နားလည်ပြီး လက်ခံစေရန်ဖြစ်သည်။ ပြီးနောက်တွင် ဤ သမ္မာတရားများသည် သင်၏ လက်တွေ့အရှိတရား ဖြစ်လာပြီး သင့်အထဲ၌ ရှင်သန်နေထိုင်ရန် ဤ သမ္မာတရားများကို လက်တွေ့အသက်တာ၌ရှိသော ပြဿနာများကို ဖြေရှင်းရန်၊ သင့်တွင်ရှိသော အခက်အခဲများကို ဖြေရှင်းရန် အသုံးပြုနိုင်သည်။ ထိုအခါ သင့်အထဲ၌ ထုတ်ဖော်ပြသည့် အရာသည် မာနထောင်လွှားမှု၊ ရည်မှန်းချက်၊ ဆန္ဒများ၊ အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ အသိပညာ၊ အတွေးအခေါ်တို့ မဟုတ်တော့ဘဲ သမ္မာတရား၏ စစ်မှန်မှုဖြစ်လာသည်။ ဝိညာဉ်ရေးရာ နားလည်မှုမရှိသော သူတို့သည် ဤအရာကို နားမလည်ကြပေ။ တရားဒေသနာများကို နှစ်များစွာကြာ ကြားနာပြီးနောက်တွင် ၎င်းတို့သည် “တရားဒေသနာတိုင်းက အနည်းနဲ့အများတော့ အတူတူပဲဖြစ်နေတာ ဘယ်လိုဖြစ်တာလဲ။ မင်းက မိမိကိုယ်ကိုယ်သိခြင်းအကြောင်းကို တရားဟောနေတာ နှစ်တွေများလှပြီ။ ဒါက ကိုယ့်အားနည်းချက်နဲ့ ဖောက်ပြန်ပျက်စီးမှုကို သတိပြုမိတာနဲ့ ပတ်သက်တဲ့ကိစ္စပဲ မဟုတ်လား။” ဟု စဉ်းစားကြသည်။ အခြားလူများက ယခုခေတ် တရားဒေသနာများသည် ပိုမိုနက်နဲပြီး ယခင်ကထက် ပို၍ အသေးစိတ်သည်ဟု ဆိုကြသည်။ သို့သော် သူတို့သည် ထိုအရာကို နားမလည်ကြပေ။ ဤအရာတို့သည် ဝိညာဉ်ရေးရာ နားလည်မှုမရှိသော သူများမှ ဖော်ပြသောအရာများဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား နားလည်သူတို့သာလျှင် ဝိညာဉ်ရေးရာကိစ္စရပ်များအား နားလည်ကြသည်” မှ

သင်က ဝိညာဉ်ရေးရာ ကိစ္စရပ်များအား နားလည်ခြင်းရှိမရှိသည် သမ္မာတရားကို သင် နားလည်ဖို့ မည်မျှကြာမြင့်သည်ဆိုသည်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်သည် သမ္မာတရား၏ဤရှုထောင့်အား အမှန်တကယ် နားလည်ခြင်းရှိမရှိနှင့် သက်ဆိုင်သည်။ သမ္မာတရားတစ်ခုအား ကြားပြီးနောက်တွင် သင်သည် ၎င်းကိုနားလည်သည်ဟု ခံစားရသော်လည်း ပြဿနာတစ်ခုကြုံရသည့်အခါ သင်သည် နားမလည်သေးကြောင်း သိလာရလျှင် သင်သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ပေ။ ပြောခဲ့သည့်အရာကို ထိုအချိန်တွင် လူတစ်ယောက်က နားလည်သည်ဟု ခံစားရသော်လည်း အပြည့်အဝ နားမလည်ဘဲ အချိန်တစ်ခုလောက်အထိ ကြုံတွေ့ရပြီးနောက် ရှင်းလင်းသွားသည်၊ ဤ သမ္မာတရားရှုထောင့်ကို နားလည်သွားသည်ဆိုလျှင်၊ ထိုသူတွင် ဝိညာဉ်ရေးရာ နားလည်မှုရှိသည်။ စကားလုံးနှင့်စကားစုများ မည်မျှ နားလည်သည်ဆိုသည်နှင့် လုံးဝ သက်ဆိုင်မှု မရှိပေ။ ဤသည်မှာ လူတို့၏ အရည်အချင်းနှင့် သက်ဆိုင်ပြီး ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်း၊ ၎င်းတို့၏ အားထုတ်မှုတို့နှင့်လည်း သက်ဆိုင်သည်။ ကောင်းမွန်သော အရည်အချင်းရှိသည့် အန္တိခရစ်အချို့ ရှိသည်။ သူတို့ကို သင် တရားဟောပြီးနောက်တွင် သင်ပြောခဲ့သည့်အရာကို သူတို့ ပြန်လည်ပြောပြနိုင်ပြီး ထိုအရာထံမှ ကောက်ချက်ပင် ချနိုင်ကြသည်။ ထို့ကြောင့် တခြားလူများက သူတို့ စကားပြောသည်ကို ကြားပြီးနောက်တွင် သင် ဟောပြောသည့် တရားဒေသနာထက် ပို၍ရှင်းလင်းစွာ စဉ်းစားကြသည်။ သို့ရာတွင် ဤ အန္တိခရစ်တို့၌ တစ်စုံတစ်ခု ဖြစ်ပေါ်လာလျှင် ၎င်းတို့၏ လုပ်ရပ်များသည် ၎င်းတို့ နားလည်ခဲ့သည့် အယူဝါဒများနှင့် ကွဲလွဲနေပြီး ၎င်းတို့ နားလည်သည့်အရာကို အသုံးမချနိုင်ကြပေ။ ၎င်းတို့ ဟောပြောသော တရားဒေသနာများက ဤ သမ္မာတရား ရှုထောင့်ကို ၎င်းတို့နားလည်သည်ဆိုသည့် ပုံစံပေါ်စေသောကြောင့် ၎င်းတို့သည် မည်သည့်အရာကို ပြုလုပ်ရမည်ကို သိသင့်ပြီး ၎င်းတို့တွင် တစ်စုံတစ်ခုဖြစ်ပေါ်လျှင် အခြေခံသဘောတရားများကို နားလည်နိုင်သင့်သည်။ သို့သော် ထိုသို့ဖြစ်ပေါ်သောအခါ ၎င်းတို့သည် တလွဲပြောဆိုပြီး အခြား သီအိုရီအချို့ကို ထောက်ခံတတ်ကြသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရား၏ ဤရှုထောင့်ကို နားမလည်ဘဲ ၎င်းတို့ တရားဟောပြောနေသည့် အရာသည် ၎င်းတို့အတွက် အယူဝါဒ၊ သီအိုရီအမျိုးအစားတစ်ခု သက်သက်ဖြစ်ပြီး သမ္မာတရားကို ၎င်းတို့ နားမလည်ဆိုသည်ကို သက်သေပြသည်။ ၎င်းတို့က အယူဝါဒကို တရားဟောပြောသည်ကို သင်နားထောင်သည့်အခါတွင် ၎င်းတို့သည် ကောင်းကောင်းနားလည်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်မှုမရှိပေ။ သမ္မာတရားကို ၎င်းတို့ နားမလည်ကြသလို သမ္မာတရားကို အားထုတ်ခြင်းလည်းမရှိကြပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား နားလည်သူတို့သာလျှင် ဝိညာဉ်ရေးရာကိစ္စရပ်များအား နားလည်ကြသည်” မှ

ပါးနပ်ချက်ချာသော လူများနှင့် ဝိညာဉ်ရေးရာကိစ္စများကို နားလည်သော စစ်မှန်သော အရည်အချင်းရှိသူများမှာ သမ္မာတရားကို ရှာဖွေသောသူများ ဖြစ်သည်၊ ၎င်းတို့ထံ တစ်စုံတစ်ရာ ဆယ်ကြိမ် ဖြစ်ပျက်ပါက၊ ထိုကိစ္စများထဲမှ ရှစ်ကြိမ်တွင်၊ လှုံ့ဆော်အားပေးမှုတစ်ချို့ကို ၎င်းတို့ ရရှိနိုင်ကြပေမည်၊ သင်ခန်းစာတစ်ချို့ကို သင်ယူနိုင်ကြပေမည်၊ ဉာဏ်အလင်းပေးခြင်း အချို့ကို ရရှိကာ တိုးတက်မှု အချို့ကို ပြုလုပ်ကောင်း ပြုလုပ်နိုင်ကြပေမည်။ ဝိညာဉ်ရေးရာကိစ္စများကို နားမလည်သော လူနုံလူအတစ်ဦးအပေါ် အမှုအရာများ ဆယ်ကြိမ် ဖြစ်သောအခါ၊ တစ်ကြိမ်မျှ ၎င်းတို့၏ ဘဝကို အကျိုးရှိစေလိမ့်မည်မဟုတ်၊ တစ်ကြိမ်တစ်ခါမျှ ၎င်းတို့ကို ပြောင်းလဲစေလိမ့်မည်မဟုတ်သကဲ့သို့၊ တစ်ကြိမ်တစ်ခါမျှ သဘာဝကို နားလည်စေလိမ့်မည်မဟုတ်၊ ယင်းမှာ ၎င်းတို့အတွက် အဆုံးသတ်ဖြစ်ပေသည်။ ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်းတွင်၊ ၎င်းတို့ လဲကျကြသည်၊ ၎င်းတို့ လဲကျသည့်အခါတိုင်းတွင်၊ ၎င်းတို့ကို အားပေးဖို့နှင့် ချော့ဖို့ အခြားတစ်စုံတစ်ဦးကို ၎င်းတို့ လိုအပ်ကြသည်။ အားပေးခြင်းနှင့် ချော့မော့ခြင်း မရှိဘဲ၊ ၎င်းတို့ မထနိုင်ကြပေ။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အကြိမ်တိုင်းတွင် ၎င်းတို့ လဲကျမည့် အန္တရာယ်တွင် ရှိကြပါက၊ ပြီးလျှင် အကြိမ်တိုင်းတွင် ၎င်းတို့အနေဖြင့် ၎င်းတို့ စွန့်ပစ်ခံရမည့် အန္တရာယ်ရှိပါက၊ ဤသည်မှာ ၎င်းတို့အတွက် အဆုံးသတ်ဖြစ်သည် မဟုတ်လော။ ထိုသို့သော အသုံးမကျသည့် ဤလူများကို ကယ်တင်ရန်အတွက် အခြားအကြောင်းပြချက် တစ်ခုတစ်လေ ရှိသေးသလော။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ကယ်တင်ခြင်းမှာ သမ္မာတရားကို ချစ်သောသူတို့အား ကယ်တင်ခြင်း၊ လိုအင်ဆန္ဒနှင့် သန္နိဋ္ဌာန်ရှိသည့် ၎င်းတို့၏ တစ်စိတ်တစ်ဒေသနှင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို တမ်းတသော ၎င်းတို့၏ တစ်စိတ်တစ်ဒေသကို ကယ်တင်ခြင်း ဖြစ်သည်။ လူတစ်ဦး၌ စိတ်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းနှင့် သမ္မာတရားကို တမ်းတပြီး အသိတရား ပိုင်ဆိုင်သည့် ၎င်းတို့ စိတ်နှလုံးထဲရှိ ၎င်းတို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး ရရှိရန်၊ ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းသည် ဆေးကြောသန့်စင်ခံရပြီး ၎င်းတို့၏အသက်စိတ်သဘောထား ပြောင်းလဲနိုင်ရန်အလို့ငှာ ဘုရားသခင်သည် လူတို့၏ ဤတစ်စိတ်တစ်ဒေသကို ကယ်တင်ပြီး ယင်းမှတဆင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲလေသည်။ သင်သည် သင့်အတွင်း၌ ဤအရာများ မရှိလျှင်၊ ကယ်တင်မခံရနိုင်ပေ။ အကယ်၍ သင်အတွင်း၌ သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းနှင့် အလင်းအတွက် ပြင်းပြသောဆန္ဒမရှိပါက၊ သင် မကောင်းမှုနှင့် ကြုံတွေ့သည့်အခါတိုင်း၊ သင်သည် မကောင်းသောအရာများကို စွန့်ပစ်လိုစိတ် မရှိသကဲ့သို့၊ အခက်အခဲကို ခံစားရန် စိတ်ဆုံးဖြတ်ချက် မရှိပေ၊ ထို့အပြင် သင်၏အသိတရားသည် ထုံထိုင်းနေပါက၊ သမ္မာတရားကို လက်ခံနိုင်သော သင်၏စွမ်းရည်မှာလည်း ထုံထိုင်းကာ၊ သင်သည် သမ္မာတရား၊ ဖြစ်ပေါ်နေသော အဖြစ်အပျက်များနှင့် မယဉ်ပါးပါက၊ ပြီးလျှင် ကိစ္စရပ်အားလုံးတွင် သင်သည် မသိမြင်တတ်သကဲ့သို့၊ အမှုအရာများကို သင့်ဘာသာ မကိုင်တွယ်နိုင်ပါက၊ သို့မဟုတ် မဖြေရှင်းနိုင်ပါက၊ ကယ်တင်ခြင်းခံရရန် မဖြစ်နိုင်ပေ။ ထိုသို့သော လူတစ်ဦးသည် ၎င်းတို့ကို ထောက်ခံရန် တစ်စုံတစ်ခုမျှမရှိ၊ ဆက်လက်လုပ်ဆောင်ရန် ထိုက်တန်သောအရာ တစ်စုံတစ်ခုမျှ မရှိပေ။ ၎င်းတို့၏ အသိစိတ်က ထုံထိုင်းသည်၊ ၎င်းတို့၏ စိတ်က မကြည်လင်ပေ၊ ပြီးလျှင် သမ္မာတရားကို ၎င်းတို့ မချစ်ကြသကဲ့သို့၊ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ဖြောင့်မတ်ခြင်းကို မတမ်းတကြပေ၊ ဘုရားသခင်သည် သမ္မာတရားကိုမည်မျှပင် ရှင်းရှင်းလင်းလင်း သို့မဟုတ် ပွင့်ပွင့်လင်းလင်း ပြောစေကာမူ၊ ၎င်းတို့သည် သေဆုံးနှင့်ပြီးဖြစ်ကြသည့်အလား တုံ့ပြန်ခြင်းမရှိကြပေ။ အမှုအရာများသည် ၎င်းတို့အတွက် ဆုံးခန်းတိုင်ပြီ မဟုတ်သလော။ ၎င်းတို့ထဲတွင် ထွက်သက်ဝင်သက် ကျန်ရှိသော လူတစ်ဦးသည် အသက်ရှူကူခြင်းဖြင့် ကယ်တင်၍ရနိုင်သော်လည်း၊ အကယ်၍ ၎င်းတို့သည် သေဆုံးနှင့်ပြီး ၎င်းတို့၏ဝိညာဉ် ထွက်သွားခဲ့ပြီးပါက၊ အသက်ရှူကူခြင်းသည် မည်သို့မျှ အလုပ်ဖြစ်မည်မဟုတ်ပေ။ အကယ်၍ သင်သည် ပြဿနာတစ်ခုကို ကြုံတွေ့ရသည့်အချိန်တိုင်း၊ ထိုပြဿနာမှ နောက်တွန့်သွားကာ၊ ရှောင်ဖယ်ဖို့ ကြိုးစားပါက၊ ဤသည်မှာ သင်သည် သက်သေခံခြင်း မရှိသေးသည်ကို ဆိုလိုသည်။ ဤသို့ဖြင့် သင့်ကို မည်သည့်အခါမျှ ကယ်တင်၍ရမည် မဟုတ်ဘဲ၊ သင် ကြီးစွာ ဒုက္ခရောက်လေပြီ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်ဇဝေဇဝါဖြစ်နေသောလူများကို မကယ်တင်နိုင်ပေ” မှ

တစ်စုံတစ်ယောက်သည် ဝိညာဉ်ရေးရာနားလည်မှု ရှိမရှိကို ဆုံးဖြတ်ရာတွင် ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်ခြင်း ရှိမရှိကိုသာ ကြည့်လျှင် လက်ခံသင့်ပါသလား။ (လက်မခံသင့်ပါ။) ဤသို့ဆိုလျှင် အတိအကျဆိုသော် ဝိညာဉ်ရေးရာနားလည်မှု ရှိခြင်း ဆိုသည်မှာ မည်သို့ အဓိပ္ပာယ်ရသနည်း။ ပြည့်ဝသည့် ဝိညာဉ်ရေးရာနားလည်မှုကို မည်သို့ ရရှိနိုင်သနည်း။ တစ်ဖက်တွင် လူတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာငတ်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် အားစိုက်ထုတ်ရမည်။ ၎င်းတို့ကို ချင့်ချိန်စဉ်းစားဖို့၊ ဆုတောင်းလျက် ဖတ်ရှုဖို့၊ မိတ်သဟာယဖွဲ့ဖို့၊ ရှာဖွေဖို့ သင်ယူရမည်။ အရေးကြီးဆုံးအရာသည် အဘယ်နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားရမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားပြီးနောက်တွင် ဤနှုတ်ကပတ်တော်တို့သည် သင်၏ လက်တွေ့အရှိတရား ဖြစ်လာသည်။ ထိုအခါမှသာ သင်သည် နှုတ်ကပတ်တော်တို့က ရည်ညွှန်းပြောဆိုသည့်အရာကို၊ နှုတ်ကပတ်တော်တို့တွင် မည်သည့် သမ္မာတရားများ ပါဝင်သည်ကို အမှန်တကယ် နားလည်နိုင်သည်။ ထိုအခါမှသာ သင်သည် ပြည့်စုံသည့် ဝိညာဉ်ရေးရာ နားလည်မှုကို ရယူနိုင်သည်။ သို့ရာတွင် ဝိညာဉ်ရေးရာ နားလည်မှုကို ရယူခြင်းသည် ပန်းတိုင်မဟုတ်ပေ။ ပန်းတိုင်သည် အဘယ်နည်း။ ပန်းတိုင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် သမ္မာတရားကို နားလည်ဖို့ဖြစ်သည်။ သင့်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းရှိပြီး မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိလျှင်၊ ထို့အပြင် လက်တွေ့လုပ်ဆောင်ပြီး နောက်တွင် အတွင်းရှိ သမ္မာတရားကို သင် နားလည်နိုင်ပြီး အတွင်းမှ ဆက်နွှယ်မှုများ၊ စည်းမျဉ်းသဘောတရားများကို သိလာလျှင် သင်သည် ဝိညာဉ်ရေးရာ နားလည်မှုရှိသည့် သူတစ်ယောက်ဖြစ်ပြီး သမ္မာတရားအား နားလည်ခြင်း၏ အကျိုးရလဒ်ကို ရရှိပြီးဖြစ်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား နားလည်သူတို့သာလျှင် ဝိညာဉ်ရေးရာကိစ္စရပ်များအား နားလည်ကြသည်” မှ

ဝိညာဉ်ရေးရာ အရေးကိစ္စများကို နားမလည်သည့်သူ အချို့ရှိသော်လည်း၊ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏ လူ့သဘာဝသည် အတော်အတန် ကောင်းမွန်သည်။ ၎င်းတို့က အဖိုးအခပေးကြပြီး မိမိတို့ကိုယ်ကိုယ် လိုလိုလားလား အသုံးခံကြသည်၊ ပြီးလျှင် ဘုရားသခင် ပြောသမျှ အရာတိုင်းကို နာခံခြင်း နှလုံးသားများဖြင့် အရေးထားကြသည်။ သို့ရာတွင် သမ္မာတရားနှင့် ပတ်သက်ပါက၊ ၎င်းတို့သည် သဘောပေါက် လက်ခံလွယ်ဖို့ လုပ်နိုင်စွမ်းမရှိကြပေ။ သို့သော် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို နားလည်သဘောပေါက်နိုင်ပါက၊ ပြီးလျှင် မိမိတို့ကိုယ်ကိုယ် ယင်းတို့နှင့်နှိုင်းယှဉ် စစ်ဆေးနိုင်ပါက၊ ၎င်းတို့သည် ဝင်ရောက်မှုတစ်ခုနှင့် လက်တွေ့လုပ်ဆောင်မှု တစ်ခုကို ပိုင်ဆိုင်ကြသည်၊ သို့ဆိုလျှင် ထိုသို့သော လူများသည် ကယ်တင်ခံရခြင်း၏ မျှော်လင့်ချက်ရှိသည်။ ၎င်းတို့သည် ထိုသို့သော အတွေ့အကြုံတစ်ခုကို အချိန်အတော်ကြာ တွေ့ကြုံခံစားခြင်းအားဖြင့် ဝိညာဉ်ရေးရာ အရေးကိစ္စများကို ဖြည်းဖြည်းချင်း နားလည်နိုင်လာသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ သာ၍ မမှိတ်မသုန် ဖတ်ရှုလေ၊ သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့ကို ဉာဏ်အလင်းပေးလေဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ နားလည်သမျှကို ၎င်းတို့၏ကိုယ်ပိုင် အခြေအနေများဖြင့် နှိုင်းယှဉ်နိုင်လိမ့်မည်ဖြစ်ပြီး၊ သူ၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်း၊ သူ၏ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်း၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနိုင်လိမ့်မည် ဖြစ်သည်။ ဤအတွက် ၎င်းတို့သည် အဖိုးအခကို ပေးမည်ဖြစ်ပြီး အဆုံးတွင် ၎င်းတို့သည် စိတ်သဘောထား၌ အလားတူလိုက်လျောညီထွေသော ပြောင်းလဲမှုတစ်ခုကို စွမ်းဆောင်ရရှိနိုင်လိမ့်မည်။ ထိုသို့သော လူတစ်ဦးသည်လည်း သမ္မာတရားကို လိုက်စားသူ တစ်ဦးအဖြစ် ထည့်တွက်၍ ရနိုင်ပေသည်။ သမ္မာတရားကို လိုက်စားသူများအဖြစ် ထည့်တွက်နိုင်သည့် လူများသည် ကယ်တင်ခံရခြင်း မျှော်လင့်ချက် ရှိသလော။ သင်တို့၏ ထင်မြင်ချက်မှာ အဘယ်နည်း။ ၎င်းတို့တွင် မျှော်လင့်ချက်ရှိသည်။ ထို့ကြောင့် ထိုသို့သော လူများကို “သေဒဏ်” အပေးမခံရနိုင်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သမ္မာတရားကို နားလည်နိုင်ပြီး မိမိတို့ကိုယ်ကိုယ် ယင်းနှင့် နှိုင်းယှဉ်စစ်ဆေးနိုင်သော်လည်း၊ သမ္မာတရားထဲသို့ မည်သည့်အခါမျှ မဝင်ရောက်သည့် လူမျိုးများအတွက် အဆုံးသတ်မှာ မည်သည့်အရာ ဖြစ်သည်ကို ပြောဖို့ခက်သည်။ ဤပြဿနာ၏ အရင်းအမြစ်မှာ အဘယ်နည်း။ ယင်းက သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားဖြစ်သည်၊ ယင်းက အထင်သေးခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့ထဲမှ တစ်ခုဖြစ်သည်။ “မထီမဲ့မြင်ပြုခြင်း”က မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိခြင်းကို ဆိုလိုသည်။ ယင်းက သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် အသိအမှတ်မပြုခြင်းနှင့် ယင်းတို့ကို အရေးပါသည်ကို သဘောမထားခြင်းတို့ကို ဆိုလိုသည်။ ၎င်းတို့ကြားသည့်အရာကို ၎င်းတို့မည်မျှ နားလည်ပါစေ၊ ၎င်းတို့က လက်တွေ့မလုပ်ဆောင်ကြပေ။ ပြီးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် မိမိတို့ကိုယ်ကိုယ် မည်သည့်အတိုင်းအတာဖြင့် နှိုင်းယှဉ်စစ်ဆေးပါစေ၊ ၎င်းတို့သည် မည်သို့သော လူမျိုးဖြစ်သည်ကို သိပါစေ၊ ၎င်းတို့သည် လက်တွေ့မလုပ်ဆောင်သေးပေ။ “လက်တွေ့လုပ်ဆောင်ခြင်း” ဟူသည် စကားစင်စစ်က ထိုသို့သော လူများအပေါ် ဩဇာလွှမ်းမိုးနိုင်ခြင်းမရှိဘဲ၊ ၎င်းတို့၏ ကယ်တင်ခြင်းသည် အလွယ်တကူ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လိုက်စားခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်” မှ

အရှေ့သို့- ၁၀၁။ တစ်ဦးတစ်ယောက်သည် အရည်အချင်း ရှိသည် မရှိသည်ကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၀၃။ ဂျုံစပါးများကို တောပင်များမှ ခွဲခြားခြင်း၏ အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်