၁၂၀။ မိမိ၏ သဘာဝ အနှစ်သာရကို ခွဲခြားခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) တစ်စုံတစ်ဦး၏ သဘာဝ အနှစ်သာရကို ခွဲခြားရန်၊ ၎င်းတို့၏ လိုက်စားမှုတွင် မည်သည့်အရာ ရရှိဖို့ ၎င်းတို့ ကြိုးစားသည်၊ မည်သူ့ကို ၎င်းတို့ ကိုးကွယ်သည်ဆိုသည်နှင့် ၎င်းတို့၏ နှစ်သက်မှုများအတိုင်း ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းတို့ကို ကြည့်လော့။

(၂) လူတစ်ဦး၏ သဘာဝ အနှစ်သာရကို ခွဲခြားရန်၊ ၎င်းတို့၏ တစ်သမတ်တည်းဖြစ်သော အပြုအမူနှင့် ၎င်းတို့ မကြာခဏ ထုတ်ဖော်ပြသည့် စိတ်သဘောထား၏ သွင်ပြင်လက္ခဏာများအပြင် ၎င်းတို့၏ အပေါင်းအသင်းကို ကြည့်လော့။

(၃) လူတစ်ဦး၏ သဘာဝ အနှစ်သာရကို ခွဲခြားရန်၊ ၎င်းတို့၏ အားနည်းချက်၊ ၎င်းတို့၏ ပျော့ကွက်နှင့် မည်သည့် အလေ့အကျင့်များက ၎င်းတို့အပေါ် အထိန်းချုပ်ဆုံးဖြစ်သည်ဆိုသည်တို့ကို ကြည့်လော့။

(၄) လူတစ်ဦး၏ သဘာဝ အနှစ်သာရကို တည်ထောင်ဖို့၊ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များနှင့် လောကအမြင်များ၊ အသက်တာအပေါ် သဘောထားများနှင့် ၎င်းတို့ ထိန်းသိမ်းသည့် တန်ဖိုးများကို ကြည့်လော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

မည်သူမဆို မိမိတို့၏ စစ်မှန်သော သွင်ပြင်ကို ကိုယ်စားပြုဖို့ မိမိတို့၏ ကိုယ်ပိုင် စကားများနှင့် လုပ်ရပ်များကို အသုံးပြုနိုင်၏။ ဟုတ်ပေ၏၊ ဤစစ်မှန်သော သွင်ပြင်သည် ၎င်းတို့၏ သဘာဝ ဖြစ်သည်။ သင်သည် ဝေ့လည်ကြောင်ပတ် နည်းလမ်းဖြင့် စကားပြောသူ ဖြစ်ပါက၊ သင်သည် ကွေ့ကောက်သော သဘာဝ ရှိ၏။ သင်၏သဘာဝသည် ကောက်ကျစ်စဉ်းလဲပါက၊ သင်သည် လှည့်ဖြားတတ်သော နည်းလမ်းဖြင့် ပြုမူပြီး အခြားသူများအနေဖြင့် သင်၏ လှည့်ဖြားမှုကို ခံရဖို့ အလွန် လွယ်ကူစေသည်။ သင်၏ သဘာဝသည် အလွန်ယုတ်မာပါက၊ သင်၏စကားများသည် နားဝင်ချိုလိမ့်မည် ဖြစ်သော်လည်း၊ သင့်အပြုအမူများသည် သင်၏ ယုတ်မာသော လှည့်ကွက်များကို မဖုံးကွယ်နိုင်ပေ။ သင်၏သဘာဝသည် ပျင်းရိပါက၊ သင် ပြောသမျှအားလုံးသည် သင်၏ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းနှင့် ပျင်းရိမှုအတွက် တာဝန်ယူမှုကို ခေါင်းရှောင်ရန်သာ ရည်ရွယ်သည်။ ပြီးလျှင် သင်၏ လုပ်ရပ်များသည် နှေးကွေးကာ ဝတ်ကျေတမ်းကျေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို ဖုံးကွယ်ရာတွင် အတော်အတန် ကျွမ်းကျင်လိမ့်မည်။ သင်၏သဘာဝသည် စာနာတတ်ပါက၊ သင်ပြောသော စကားသည် အကျိုးသင့် အကြောင်းသင့် ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏ လုပ်ဆောင်ချက်များသည်လည်း သမ္မာတရားနှင့် ကောင်းစွာ ကိုက်ညီလိမ့်မည်။ သင်၏သဘာဝသည် သစ္စာရှိပါက၊ သင်၏စကားများသည် ဧကန်မုချ ရိုးသားစစ်မှန်ပြီး သင် လုပ်ဆောင်ပုံသည် သင်၏ သခင်ကို မသက်မသာ ဖြစ်စေနိုင်မည့် မည်သည့်အရာမဆိုနှင့် ကင်းရှင်းလျက် အခြေခိုင်ပေသည်။ သင်၏သဘာဝသည် ရာဂစိတ်ပြင်းထန်ပါက သို့မဟုတ် ငွေကို တပ်မက်ခြင်းရှိပါက၊ သင်၏စိတ်နှလုံးသည် ဤအရာများဖြင့် မကြာခဏ ပြည့်နှက်နေလိမ့်မည်ဖြစ်ကာ၊ သင်သည် လူတို့ ပေါ့ပေါ့တန်တန် မေ့ပျောက်မည် မဟုတ်သကဲ့သို့၊ လူတို့ကို စက်ဆုပ်ရွံရှာစေမည့် စံသွေပြီး အကျင့်ပျက်သော လုပ်ဆောင်ချက်များကို အမှတ်တမဲ့ ကျူးလွန်မိလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)” မှ

လူတစ်ဦး၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည်ကို သင် မည်သို့ ပြောနိုင်မည်နည်း။ လူတို့သည် မည်သည့်အရာမျှ မပြုလုပ်သည့်အခါ သို့မဟုတ် သူတို့ အသေးအဖွဲကိစ္စ ပြုလုပ်သည့်အခါ၊ လူတစ်ဦး၏ သဘာဝ အနှစ်သာရက အဘယ်အရာဖြစ်သည်ကို သင်မပြောနိုင်ပေ။ ဤအရာတို့ကို သူတို့၏ လုပ်ဆောင်ချက်များ နောက်ကွယ်ရှိ အကြောင်းရင်းများ၊ သူတို့ ပြုလုပ်သည့်အရာ၏ နောက်ကွယ်ရှိ ကြံရွယ်ချက်များ၊ သူတို့ လက်ခံသိုလှောင်ထားသည့် ဆန္ဒများနှင့် သူတို့ လျှောက်လှမ်းသည့် လမ်းကြောင်းတွင် ပုံမှန်ပြသထားသည်။ ပို၍ပင် အရေးကြီးသည်မှာ ဤအရာများသည် ဘုရားသခင် စီစဉ်ထားသည့် ပတ်ဝန်းကျင်တစ်ခုနှင့် သူတို့ ကြုံတွေ့သောအခါ၊ သူတို့အပေါ် ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့် တစ်စုံတစ်ရာနှင့် သူတို့ ကြုံတွေ့သောအခါ၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကို သူတို့ခံရသောအခါ၊ သို့မဟုတ် ကိုင်တွယ်ခြင်းနှင့် ပြုပြင်ခြင်းကို ခံရသောအခါ၊ သို့မဟုတ်ပါက သူတို့ကို ဘုရားသခင်ကိုယ်တော်တိုင် အလင်းပေးပြီး လမ်းပြသောအခါ သူတို့၏ တုံ့ပြန်ပုံ၌ ပြသထားသည်။ ဤအရာအားလုံးသည် အဘယ်အရာနှင့် ဆက်စပ်သနည်း။ ယင်းသည် လူတစ်ဦး၏ လုပ်ဆောင်ချက်များ၊ သူတို့ အသက်ရှင်နေထိုင်ပုံနှင့် သူတို့ကိုယ်သူတို့ ပြုမူနေထိုင်သည့် အခြေခံသဘောတရားများနှင့် ဆက်စပ်လေသည်။ ယင်းသည် သူတို့ ရှာဖွေလိုက်စားမှု၏ ဦးတည်ချက်နှင့် ပန်းတိုင်များနှင့် သူတို့ရှာဖွေလိုက်စားသည့် နည်းလမ်းများနှင့် ဆက်စပ်သည်။ တစ်နည်းအားဖြင့်၊ ယင်းမှာ ဤလူလျှောက်လှမ်းသည့် လမ်းကြောင်း၊ သူတို့အသက်ရှင်ပုံ၊ သူတို့ခံယူသည့်အရာနှင့် သူတို့ဖြစ်တည်ခြင်း၏ အခြေခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သည် ဟူသည်နှင့် ဆက်စပ်လေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေါလု၏ သဘောသဘာဝနှင့် အနှစ်သာရကို ထိုးထွင်းသိမြင်နည်း” မှ

လူသားသဘာဝကို သင် မည်သို့ နားလည်ပါသနည်း။ သင်၏ သဘာဝကို နားလည်ခြင်းသည် အမှန်တကယ်တွင် သင့်စိတ်ဝိညာဉ်၏ အတွင်းကျကျအရာများကို စိတ်ဖြာလေ့လာခြင်းဟု အဓိပ္ပာယ်ရ၏၊ ယင်းသည် သင်၏အသက်၌ ရှိသည့်အရာ နှင့် ပတ်သက်သည်။ သင် အသက်ရှင်နေခဲ့သည်မှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် စာတန်၏ ရှုထောင့်အမြင်များ ဖြစ်၏။ ဆိုလိုသည်မှာ ယင်းသည် သင် အသက်ရှင်နေခဲ့သည့် စာတန်၏ အသက်ဖြစ်၏။ သင့်ဝိညာဉ်၏ နက်ရှိုင်းသော အတွင်းနေရာက အစိတ်အပိုင်းများကို တူးဖော်ခြင်းအားဖြင့်သာ၊ သင်၏ သဘာဝကို သင် နားလည်နိုင်သည်။ ဤအရာများကို မည်သို့ တူးဖော်နိုင်သနည်း။ ၎င်းတို့သည် ဖြစ်ရပ် တစ်ခု၊ နှစ်ခုမျှဖြင့် တူးဖော်၍မရနိုင်ပေ သို့မဟုတ် စိတ်ဖြာလေ့လာ၍ မရနိုင်ပေ။ အကြိမ်များစွာ၊ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်း သင် ပြီးစီးသည့်နောက်တွင်၊ သိနားလည်ခြင်းသို့ သင် ရောက်ရှိခြင်းမရှိသေးပေ။ သဘောပေါက်မိခြင်းနှင့် သိနားလည်ခြင်း အနည်းငယ်မျှကို သင်ရရှိဖို့ သုံးနှစ် သို့မဟုတ် ငါးနှစ် ကြာနိုင်ပေသည်။ အခြေအနေများစွာတွင်၊ သင်သည် မိမိကိုယ်ကိုယ် ဆန်းစစ်ရမည်ဖြစ်ပြီး၊ မိမိကိုယ်ကိုယ် သိလာရမည်ဖြစ်ကာ၊ နက်နက်တူးဖော်ခြင်းကို သင် လုပ်ဆောင်ပြီးသည့်အခါမှသာ၊ ရလဒ်များကို သင် မြင်ရလိမ့်မည်။ သမ္မာတရားနှင့်ဆိုင်သော သင်၏ သိနားလည်မှု တိုး၍ နက်နဲသထက်နက်နဲလာသည်နှင့်အမျှ၊ သင်သည် မိမိကိုယ်ကိုယ် ဆန်းစစ်ခြင်းနှင့် မိမိကိုယ်ကိုယ် သိရှိခြင်းတို့မှတစ်ဆင့် သင်၏ ကိုယ်ပိုင်သဘာဝ အနှစ်သာရကို တဖြည်းဖြည်း သိရှိလာလိမ့်မည်။ သင်၏ သဘာဝကို သိရှိဖို့ရန်အလို့ငှာ၊ အရာအချို့ကို သင် ပြီးမြောက်ရမည်။ ပထမဦးစွာ၊ သင်နှစ်သက်သောအရာကို သင် ရှင်းရှင်းလင်းလင်း သိရမည်။ ဤအရာက သင် စားလို၊ ဝတ်လိုသည့်အရာကို မရည်ညွှန်းပါ။ ယင်းထက်၊ သင် မွေ့လျော်သည့် အရာများ၊ သင် အားကျသည့် အရာများ၊ သင် ကိုးကွယ်သည့်အရာများ၊ သင် ရှာဖွေသည့်အရာများနှင့် သင်၏ စိတ်နှလုံးတွင် သင် အာရုံစိုက်သည့် အရာမျိုးများကို ဆိုလိုသည်။ ထိတွေ့ဆက်သွယ်ရာ၌ သင်ပျော်မွေ့သည့် လူအမျိုးအစားများ၊ သင်ပြုလုပ်လိုသည့် အရာများနှင့် သင့်စိတ်နှလုံးတွင် သင်ပုဂ္ဂိုလ်ရေး ကိုးကွယ်မိသည့် လူအမျိုးအစားများပင်ဖြစ်သည်။...သင်သည် တစ်စုံတစ်ဦးအပေါ် အချိန်တစ်ခုကြာ ကောင်းနေနိုင်သည်၊ သို့သော် ဤအရာက ၎င်းတို့ကို သင် နှစ်သက်သည်ဟု သက်သေမပြပေ။ သင်အမှန်တကယ် နှစ်သက်သောအရာများသည် သင်၏သဘာဝတွင် ရှိသည့်အရာ အတိအကျပင်ဖြစ်၏။ သင်၏ အရိုးများ ကွဲကြေခဲ့လျှင်ပင်၊ ယင်းကို သင် နှစ်သက်ပျော်မွေ့ဆဲဖြစ်လိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ စွန့်ပစ်နိုင်မည်မဟုတ်။ ဤသည်မှာ ပြောင်းလဲရန် မလွယ်ကူပေ။ ဥပမာ၊ အဖော်ကို ရှာဖွေခြင်းအား ကြည့်လော့။ အမျိုးသမီးတစ်ဦးသည် တစ်စုံတစ်ဦးနှင့် အမှန်တကယ် ချစ်ကျွမ်းဝင်မိပါက၊ သူမကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။ သူ၏ ခြေထောက်များ ကျိုးလျှင်ပင်၊ သူမသည် ထိုသူနှင့်အတူ ရှိချင်ဦးမည်ဖြစ်သည်။ သူမ သေဆုံးရမည်ဆိုလျှင်ပင်၊ ထိုသူကို လက်ထပ်ချင်မည်ဖြစ်သည်။ ဤအရာမှာ မည်သို့များ ဖြစ်နိုင်သနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့က မိမိတို့ကိုယ်ကိုယ်အတွင်း နက်နက်ရှိုင်းရှိုင်း ရှိထားသည့်အရာကို မည်သူမျှ မပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ လူတစ်ဦးသေလျှင်ပင်၊ သူ၏ စိတ်ဝိညာဉ်သည် အလားတူသောအရာများကို နှစ်သက်ဦးမည် ဖြစ်သည်။ ဤအရာများသည် လူသားသဘာဝနှင့်ဆိုင်သော အမှုအရာများဖြစ်ပြီး၊ ယင်းတို့က လူတစ်ယောက်၏ အနှစ်သာရကို ကိုယ်စားပြုပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ” မှ

မိမိကိုယ်တိုင်၏ သဘာဝကို သိရှိဖို့ရန် ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ သိရှိနိုင်သနည်း။ ယင်းကို မည်သည့် ရှုထောင့်များမှ သိရှိရသနည်း။ ထို့အပြင်၊ မိမိ ထုတ်ဖော်ပြသည့် အရာများမှတစ်ဆင့် မိမိ၏ သဘာဝကို မည်မျှ တိတိကျကျ ရှုမြင်သင့်ပါသနည်း။ ပထမဦးစွာ၊ လူသား၏ သဘာဝကို ၎င်း၏ စိတ်ဝင်စားမှုများမှတစ်ဆင့် သင် တွေ့မြင်နိုင်သည်။ ဥပမာအားဖြင့်၊ လူအချို့သည် ကခုန်ဖို့ရန် အထူး နှစ်သက်ကြသည်၊ အချို့က အဆိုတော်များ သို့မဟုတ် ရုပ်ရှင်ကြယ်ပွင့်များကို အထူးသဖြင့် ချစ်ကြပြီး၊ အချို့သည် နာမည်ကျော်ကြားသည့် လူအချို့ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်ကြသည်။ ဤစိတ်ဝင်စားမှုများမှ၊ ဤလူတို့၏ သဘာဝက မည်သည့်အရာဖြစ်သည်ကို ငါတို့ မြင်နိုင်သည်။ ဥပမာအားဖြင့်၊ အချို့သည် ထိုထိုသော အဆိုတော်တစ်ဦးကို တကယ်ကို ပုဂ္ဂိုလ်ရေးကိုးကွယ်သည်မှာ ဤအဆိုတော်၏ လှုပ်ရှားမှုတိုင်း၊ အပြုံးတိုင်းနှင့် စကားလုံးတိုင်းကို စွဲလမ်းသည့် အဆင့်ထိပင် ရောက်တတ်သည်။ သူတို့သည် ထိုအဆိုတော်အား အစွဲအလမ်းကြီးကြပြီး ထိုအဆိုတော် ဝတ်ဆင်သည့်အရာတိုင်းကို ၎င်းတို့ ဓာတ်ပုံပင်ရိုက်ပြီး အတုခိုးကြသည်။ ဤပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်း အဆင့်က လူတစ်ဦး၏ သဘာဝဗီဇနှင့်ပတ်သက်၍ မည်သည့်အရာကို ပြသပါသနည်း။ ယင်းက ထိုလူသည် ၎င်း၏ စိတ်နှလုံးထဲတွင် ထိုအရာများသာရှိပြီး ဘုရားသခင် မရှိသည်ကို ပြသ၏။ ဤလူ တွေးသည့်အရာ၊ ချစ်သည့်အရာနှင့် ရှာဖွေသည့်အရာ အားလုံးသည် စာတန်နှင့် သက်ဆိုင်၏။ ၎င်းတို့က ထိုအရာများအပေါ် အပ်နှံထားသည့် ဤလူ၏ စိတ်နှလုံးတွင် နေရာယူလေသည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ တစ်စုံတစ်ရာသည် အစွန်းရောက်သည့်အထိ နှစ်သက်ခံရလျှင်၊ ထိုအရာသည် လူတစ်ဦး၏ ဘဝဖြစ်လာနိုင်ပြီး၊ ၎င်း၏ စိတ်နှလုံး၌ နေရာယူလာနိုင်ကာ၊ ထိုလူသည် ဘုရားသခင်ကို မလိုချင်ဘဲ ယင်းအစား နတ်ဆိုးကို ချစ်သည့် ရုပ်တုဆင်းတု ကိုးကွယ်သူဖြစ်သည်ကို အပြည့်အဝ သက်သေပြလျက် ရှိပေသည်။ ထို့ကြောင့် ထိုသို့သော လူတစ်ဦး၏ သဘာဝဗီဇသည် နတ်ဆိုးကို ချစ်ပြီး ကိုးကွယ်ကာ သမ္မာတရားကို မချစ်ဘဲ၊ ဘုရားသခင်ကို မလိုချင်သည့် အရာတစ်ခု ဖြစ်သည်ဟု ငါတို့ ကောက်ချက်ချနိုင်သည်။ ဤသည်မှာ လူတစ်ဦး၏ သဘာဝဗီဇကို ရှုမြင်သည့် မှန်ကန်သော နည်းလမ်းတစ်ခု ဖြစ်သည်မဟုတ်လော။ ယင်းမှာ လုံးဝ မှန်ကန်ပေသည်။ ဤသည်မှာ လူသား၏ သဘာဝကို စိတ်ဖြာလေ့လာပုံဖြစ်၏။ ဥပမာ လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။ နောက်ထပ် ဥပမာတစ်ခု ပေးရမည်ဆိုပါက၊ လူအချို့သည် အခြားသူများကို ဆုံးရှုံးနစ်နာစေလျက် မတရားသည့် အကျိုးအမြတ်ကို ရယူရန် အထူး နှစ်သက်ကြပြီး၊ ဤလူများသည် အရာရာတွင် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ဖြည့်ဆည်းဖို့ ကြိုးစားကြလေသည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမဆို ၎င်းတို့ကို အကျိုးပြုရမည်၊ သို့မဟုတ်ပါက ၎င်းတို့ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ကို အကျိုးအမြတ် တစ်စုံတစ်ရာ မပေးပါက၊ မည်သည့်အရာနှင့်မျှ စိတ်အနှောင့်အယှက် အဖြစ်မခံသကဲ့သို့၊ ၎င်းတို့၏ လုပ်ရပ်များအားလုံး နောက်ကွယ်တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိလေသည်။ ၎င်းတို့သည် ၎င်းတို့ကို အကျိုးပြုသည့် မည်သူကိုမဆိုကို အကောင်းပြောပြီး၊ ၎င်းတို့ကို မြှောက်ပင့်သည့် မည်သူကိုမဆို ချီးမြှောက်လေသည်။ ၎င်းတို့၏ အသည်းကြော်များက ပြဿနာများ ရှိသည့်အခါတွင်ပင်၊ ထိုလူများက မှန်ကန်သည်ဟု ၎င်းတို့ ပြောကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့အတွက် ဖုံးဖိပေးဖို့နှင့် ခုခံကာကွယ်ပေးဖို့ ကြိုးစားကြလေသည်။ ထိုသို့သော လူများသည် မည်သည့် သဘာဝ ရှိကြသနည်း။ ၎င်းတို့၏ သဘာဝကို ၎င်းတို့၏ အပြုအမူများအပေါ် အခြေခံ၍ သင်တို့ သိသာထင်ရှားစွာ လုံးဝ မြင်နိုင်ကြသည်၊ ဟုတ်သလော။ ၎င်းတို့သည် အခြေအနေတိုင်းတွင် အပေးအယူဆိုင်ရာ အပြုအမူကို စဉ်ဆက်မပြတ် လုပ်ဆောင်ရင်း၊ ၎င်းတို့၏ လုပ်ရပ်များမှတစ်ဆင့် မတရားသည့် အကျိုးအမြတ်ကို ရယူဖို့ ကြိုးပမ်းကြသကဲ့သို့၊ ၎င်းတို့၏ သဘောသဘာဝမှာ အကျိုးအမြတ်ကို စိတ်ပါလက်ပါ ငမ်းငမ်းတက်လိုချင်သည့် အရာတစ်ခု ဖြစ်သည်ကို သင်တို့ သေချာနိုင်ပေသည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သည့် အရာတိုင်းတွင် မိမိတို့ကိုယ်ကိုယ်အတွက် ကြိုးပမ်းကြသည်။ ၎င်းတို့ကို အကျိုးမပြုပါက၊ ၎င်းတို့ စောစော ထကြလိမ့်မည်မဟုတ်။ ၎င်းတို့သည် လူများထဲမှ တစ်ကိုယ်ကောင်း အဆန်ဆုံးသောသူများ ဖြစ်သည်၊ လုံးဝ မတင်းတိမ်နိုင်သူများဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့၏ သဘောသဘာဝကို ၎င်းတို့၏ အကျိုးအမြတ်ကို ချစ်ခြင်းနှင့် သမ္မာတရားအတွက် မည်သည့်ချစ်ခြင်းမျှ မရှိခြင်းအားဖြင့် ထင်ရှားစေလေသည်။ အမျိုးသားအချို့သည် မိမိတို့လုပ်သမျှ အရာတိုင်းတွင် အမျိုးသမီးများအကြောင်းကို အမြဲ စဉ်းစားကြပြီး မိမိတို့ သွားသည့်နေရာတိုင်းတွင် ၎င်းတို့ကို ပိုးပန်းကြလေသည်။ လှပသည့် အမျိုးသမီးများသည် ထိုသို့သော လူတို့၏ ချစ်ခင်မှု ခံရသူများဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးများထဲတွင် အမြင့်မားဆုံးသော အထင်ကြီးမှုကို ထားရှိကြလေသည်။ ၎င်းတို့သည် လှပသော အမျိုးသမီးများအတွက် မိမိတို့၏ အသက်များကို ပေးရန်နှင့် အရာရာတိုင်းကို စွန့်လွတ်ရန် လိုလားနေကြပေသည်။ အမျိုးသမီးများသည် ၎င်းတို့၏ စိတ်နှလုံးကို ဖြည့်ဆည်းပေးသည့်အရာ ဖြစ်လေသည်။ ဤအမျိုးသားများ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့၏ သဘောသဘာဝမှာ လှပသည့် အမျိုးသမီးများကို ချစ်ဖို့နှင့် ၎င်းတို့ကို ကိုးကွယ်ဖို့ ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် ဆိုးယုတ်၍ တပ်မက်သော သဘောသဘာဝရှိသည့် တဏှာရူးများ ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များက လောဘကြီးသော သဘာဝကို ထုတ်ဖော်ပြသည်- ဤအပြုအမူများသည် အခါအားလျော်စွာဖြစ်တတ်သော ကျူးလွန်မှုများသာ မဟုတ်သကဲ့သို့ ထိုသို့သော လူများသည် သာမန်လူတို့ထက် အနည်းငယ်မျှသာ ဆိုးရွားသည်မဟုတ်ပေ- ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ တကယ့် သဘာဝနှင့် အနှစ်သာရ ဖြစ်လာပြီးဖြစ်သည့် ဤအရာများ၏ လုံးဝ နေရာယူခြင်းကို ခံကြရသည့်အဖြစ်သို့ ရောက်ရှိကြပြီး ဖြစ်သည်။ ထို့ကြောင့်၊ ဤအရာများသည် ၎င်းတို့ သဘောသဘာဝ၏ သရုပ်သကန်များ ဖြစ်လာကြပြီ ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

သင်၏ သဘာဝကို သိရှိခြင်းသည် အဓိကအားဖြင့် သင်က မည်သည့်လူစားမျိုး အမှန်တကယ် ဖြစ်သည်ကို သိနားလည်ခြင်း ပါဝင်လေသည်။ သင်က မည်သည့်လူစားမျိုးဖြစ်သည်ဆိုသည်က မည်သည့် သဘာဝအမျိုးအစား သင်၌ ရှိသည်ဆိုသည်ကို ညွှန်ပြပေသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက အကြင်မည်သော လူတစ်ဦးဖြစ်သည်ဟု ပြောခြင်းသည် သူ၏ သဘာဝကို သရုပ်အဖော်ဆုံးသော အရာဖြစ်သည်။ တစ်ဦးတစ်ယောက်ပိုင်ဆိုင်သည့် သဘာဝအမျိုးအစားက သူ မည်သည့် လူစားမျိုးဖြစ်သည်ဆိုသည်ကို အဆုံးအဖြတ်ပေး၏။ လူတစ်ဦး၏ သဘာဝသည် သူ၏ဘဝ ဖြစ်သည်။ လူတစ်ဦး၏ သဘာဝက မည်သည့်အရာနှင့် တူသည်ကို သင် မည်သို့ မြင်သနည်း။ သင်သည် ထိုသူနှင့် ပိုမို မကြာခဏ ထိတွေ့ဆက်ဆံလာရမည်ဖြစ်ပြီး၊ သူ မည်သည့်လူစားမျိုးဖြစ်သည်ကို လေ့လာရင်း ပိုမို အချိန်ကုန်ဆုံးရမည် ဖြစ်သည်။ သူနှင့်ပတ်သက်သည့် ထင်ရှားအပေါ်လွင်ဆုံးသော မည်သည့်အရာမဆိုနှင့် သူ၏ အနှစ်သာရနှင့် ထူးခြားသော လက္ခဏာများကို ကိုယ်စားပြုသည့် မည်သည့်အရာမဆိုကို သူ၏ သဘာဝနင့် အနှစ်သာရအဖြစ် ဆို၍ရနိုင်ပေသည်။ လူတစ်ဦး၏ အနှစ်သာရနှင့် သက်ဆိုင်သည့် ထူးခြားသော လက္ခဏာသည် သူ၏ သဘာဝနှင့် သက်ဆိုင်သည့် ထူးခြားသော လက္ခဏာဖြစ်သည်။ တစ်စုံတစ်ဦးက မည်သည့် လူစားမျိုး အမှန်တကယ်ဖြစ်သည်ကို တွေ့မြင်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင်၊ ဤသည်မှာ သူ့ကို ကြည့်ရာတွင် သာ၍ မှန်ကန်တိကျသော နည်းလမ်းတစ်ခု‌ ဖြစ်သည်။ လူတစ်ဦး၏ အနှစ်သာရက မည်သည့်အရာဖြစ်ပါစေ၊ ယင်းသည် သူ၏ သဘာဝ ဖြစ်ပေသည်။ လူတစ်ဦး၏ သဘာဝသည် သူက မည်သည့် လူစားမျိုး ဖြစ်သည်ဆိုသည်ကို အဆုံးအဖြတ်ပေး၏။ ဥပမာအားဖြင့်၊ တစ်စုံတစ်ဦး၏ အပေါ်လွင်ဆုံးသော အင်္ဂါရပ်က သူသည် ငွေကို အထူးချစ်သည်ဆိုပါက၊ သူ၏ သဘာဝကို စကားအနည်းငယ်ဖြင့် ပေါင်းရုံးနိုင်ပေသည်- သူသည် ငွေကို ချစ်သောသူ ဖြစ်သည်။ တစ်စုံတစ်ဦး၏ အပေါ်လွင်ဆုံးသော အင်္ဂါရပ်သည် အမျိုးသမီးများကို ချစ်ခြင်းဖြစ်ပါက- ပြီးလျှင် သူသည် အမြဲ မိန်းမလိုက်စားနေပါက၊ ဤလူသည် ဆိုးယုတ်မှုကို ချစ်မြတ်နိုးပြီး ဆိုးယုတ်သည့် သဘာဝတစ်ခု ရှိပေသည်။ လူအချို့သည် စားခြင်းကို အနှစ်သက်ဆုံး ဖြစ်သည်။ သင်သည် ထိုသို့သော လူတစ်ဦးကို သောက်စရာအနည်းငယ်နှင့် အသားတစ်ချို့ကို ပေးနိုင်ပါက၊ သို့မဟုတ် အခြား ကောင်းမွန်သည့် အစားအစာမျိုး တစ်ချို့ကို သူ့ကို မှာပေးနိုင်ပါက၊ သူသည် သင့်၏ အကျိုးအမြတ်အတွက် ပြုမူလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ဤအရာက ဤလူသည် အစားကြူးသည့် သဘာဝတစ်ခု ရှိသည်ကို ပြပေသည်။ လူတိုင်း၌ မိမိဘဝ၏ အခိုက်အတန့်တိုင်းကို လွှမ်းမိုးသည့်၊ ထိုလူနှင့် ပတ်သက်သည့် အရာရာတိုင်းတွင် တဖြည်းဖြည်းတိုး၀င်လာပြီး သူ လုပ်ဆောင်သည့် အရာတိုင်း၏ ရည်မှန်းချက်ဖြစ်လာသည့် သေလောက်သော အပြစ်အနာအဆာတစ်ခု ရှိလေသည်။ ထိုအရာသည် အဆုံး၌ ဤလူ၏ သဘာဝကို ကိုယ်စားပြုလေသည်။ သူ၏ သဘာဝကို သူ၏ အဆိုးရွားဆုံး အစိတ်အပိုင်းအဖြစ် ပြော၍ ရပေသည်။ သူ၏ သေလောက်သော အပြစ်အနာအဆာမှာ သူ၏ သဘာဝ ဖြစ်သည်။ လူအချို့သည် လက်ခံနိုင်စရာ သဘာဝတစ်ခု ရှိပုံရပြီး၊ အပေါ်ယံတွင် မည်သည့် ကြီးမားသော အပြစ်အနာအဆာမျှ မပြသသော်လည်း၊ ၎င်းတို့၏ပေါ်လွင်သော လက္ခဏာမှာ ထိခိုက်လွယ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘဝ ရည်မှန်းချက်များ သို့မဟုတ် စိတ်ဆန္ဒပြင်းပြမှုများ မရှိပေ။ ၎င်းတို့သည် တစ်စုံတစ်ဦးက နာကျင်စရာ အနည်းငယ်မျှပင် ပြောဆိုပါက လဲကျရင်းနှင့် အချိန်မရွေး တစ်ခုခုကြောင့် ယုံကြည်ခြင်း မရှိချင်တော့သည်အထိ အပျက်သဘောဆောင်လာရင်း၊ ဘဝကို အိုးနင်းခွက်နင်းနှင့်ပင် ဖြစ်ကြလေသည်။ ထိုသို့သော လူများ၏ ထူးခြားသော လက္ခဏာမှာ ထိခိုက်လွယ်ခြင်းဖြစ်ပြီး ၎င်းတို့၏ သဘာဝမှာ ခိုကိုးရာမဲ့ သူရဲဘောကြောင်ခြင်း ဖြစ်သည်။ လူအချို့သည် အလွန့်အလွန် စိတ်အာရုံခံစားချက်ပြင်းပြသော သဘာဝတစ်ခု ရှိကြလေသည်။ ၎င်းတို့ နေ့စဉ် ပြောဆိုပြီး လုပ်ဆောင်သည့်အရာတိုင်းနှင့် ၎င်းတို့၏ အပြုအမူအားလုံးတွင်၊ စိတ်ခံစားချက် ကမ္ဘာထဲတွင် ၎င်းတို့ တည်ရှိကြလေသည်။ ၎င်းတို့သည် ဤလူ၊ ထိုလူအပေါ် ချစ်ခင်မှု ခံစားကြပြီး နေ့တိုင်း မျက်နှာသာ ပြန်ပေးပြီး ခံစားချက်ကောင်းများ ပြန်ပေးရန် တာဝန်ရှိသည်ဟု ခံစားကြရလေသည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းတွင်၊ စိတ်ခံမှု နယ်ပယ်ထဲတွင် ၎င်းတို့ အသက်ရှင်ကြလေသည်။ ထိုသို့သော လူတစ်ဦး၏ မယုံကြည်သော ဆွေမျိုးများ သေဆုံးသောအခါတွင်၊ သူသည် သုံးရက်ကြာ ငိုကြွေးရပေသည်။ အခြားသူများက ၎င်း၏ ဆွေမျိုးကို မြေမြှု ပ်ချင်သော်လည်း၊ ဤလူက လက်မခံပေ။ ၎င်းသည် ကွယ်လွန်သူအတွက် ခံစားချက်များ ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့၏ စိတ်ခံစားချက်များသည် အလွန်စူးရှ၏။ စိတ်ခံစားချက်များသည် ဤလူ၏ သေစေနိုင်လောက်သည့် ချို့ယွင်းချက်၊ ၎င်း၏ အကြီးမားဆုံးသော အားနည်းချက်ဖြစ်သည်ဟု ဆိုနိုင်ပေသည်၊ ယင်းက သူ့အားလုံးဝ ပျက်ကိန်းဆိုက်စေနိုင်ပြီး သူ့ကို ဖျက်ဆီးနိုင်ပေသည်။ လွန်ကဲစွာ ပြင်းထန်သည့် စိတ်ခံစားချက်များက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ သူ့ကို တားဆီးထားပြီး၊ ဤအရာက သူသည် သမ္မာတရားမရှိသကဲ့သို့ အခြေခံသဘောတရားမရှိဘဲ ပြုမူသည်ကို ပြပေသည်။ သူသည် ဇာတိပကတိအတွက်သာ အရေးထားမှုကို ပြ၏။ သူသည် မိုက်မဲပြီး၊ နားဝေတိမ်တောင်ဖြစ်သည်။ သူ၏ သဘာဝမှာ ခံစားချက်များနှင့် စိတ်ခံစားချက်များဖြင့် အသက်ရှင်ခြင်းကို အထူးအရေးကြီးသည်ဟု ထင်မြင်ခြင်းဖြစ်သည်။ ထို့ကြောင့်၊ သင်၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုတစ်ခုကို သင် ရှာဖွေလိုပါက၊ သင်၏ သဘာဝကို သင် သိရမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

လူ၏သဘာဝကို သိရှိခြင်းနှင့် ပတ်သက်လာသည့်အခါ၊ အရေးကြီးဆုံးသော အရာမှာ ယင်းကို လူသား၏ လောကအမြင်၊ ဘဝအမြင်နှင့် တန်ဖိုးများ၏ ရှုထောင့်မှ ကြည့်ရန် ဖြစ်သည်။ နတ်ဆိုးနှင့်သက်ဆိုင်သော သူအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက် အသက်ရှင်ကြ၏။ ၎င်းတို့၏ ဘဝအမြင်များနှင့် ဆိုရိုးများက၊ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသကဲ့သို့သော စာတန်၏ ဆိုရိုးစကားများမှ အဓိက လာလေသည်။ ထိုနတ်ဆိုးဘုရင်များ၊ ကြီးမြတ်သူများနှင့် ကမ္ဘာမြေ၏ အတွေးအခေါ်ပညာရှင်များက ပြောဆိုသည့် စကားများသည် လူသား၏ တကယ့်ဘဝ ဖြစ်လာကြသည်။ အထူးသဖြင့်၊ တရုတ်လူမျိုးများက “ပညာရှိ”ဟု အမွှမ်းတင်ခံရသူ ကွန်ဖြူးရှပ်၏ စကားအများစုမှာ လူသား၏ ဘဝ ဖြစ်လာပြီးဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ဒေါင်အယူဝါဒတို့၏ နာမည်ကျော် စကားပုံများနှင့် နာမည်ကျော် ပုဂ္ဂိုလ်အမျိုးမျိုးတို့၏ မကြာခဏ ကိုးကားခံရသည့် ဂန္တဝင် ဆိုရိုးစကားများလည်း ရှိပေသည်၊ ဤအရာအားလုံးသည် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ သဘာဝတို့၏ အနှစ်ချုပ်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်၏ သဘာဝနှင့်ဆိုင်သော အကောင်းဆုံး သာဓကများနှင့် ရှင်းပြချက်များလည်း ဖြစ်ကြသည်။ လူသား၏ စိတ်နှလုံးထဲသို့ သွင်းပေးခံခဲ့ရသည့် ဤအဆိပ်များအားလုံး စာတန်ထံမှ လာလေသည်၊ ၎င်းတို့ထဲမှ နည်းနည်းမျှ ဘုရားသခင်ထံမှ မလာပေ။ ထိုသို့သော ဆိုးယုတ်သည့် စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်လည်း တိုက်ရိုက် ဆန့်ကျင်လျက် ရှိ၏။ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားများသည် ဘုရားသခင်ထံမှ လာပြီး၊ လူသားကို အဆိပ်ခတ်သည့် အပျက်သဘောဆောင်သော အရာများအားလုံးက စာတန်ထံမှာ လာသည်မှာ လုံးဝ ရှင်းသည်။ ထို့ကြောင့်၊ သင်သည် လူပုဂ္ဂိုလ်တစ်ဦး၏ သဘာဝဗီဇနှင့် သူသည် မည်သူနှင့် သက်ဆိုင်ကြောင်းကို သူ၏ဘဝအမြင်များနှင့် တန်ဖိုးများမှ သင် ထိုးထွင်းသိမြင်နိုင်သည်။ စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူ့အဖွဲ့အစည်းထဲ၌ ဆယ်စုနှစ်ချီ၍ တက်ကြွလှုပ်ရှားလာပြီးဖြစ်သာ လူတစ်ဦးအား- “သင့်အနေဖြင့် လောကကြီးထဲ၌ ကြာမြင့်စွာ အသက်ရှင်လာခဲ့ပြီး များစွာ စွမ်းဆောင်ရရှိပြီးသည်ကို ထောက်ဆလျှင်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများ အဘယ်နည်း။” ဟူ၍ မေးသည်ဟု စိတ်ကူးကြည့်လော့။ “‘အရာရှိများသည် တံစိုးလက်ဆောင်ပေးသူများကို မရိုက်ပုတ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။’ ဟူသည်မှာ အရေးအကြီးဆုံးတစ်ခုပင် ဖြစ်သည်” ဟု သူပြောကောင်း ပြောလိမ့်မည်။ ဤစကားများသည် ထိုလူ၏သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့်နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝဗီဇ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ခြင်းသည် သူ့ကိုအသက်ပေးသောအရာ ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ သင်တို့အတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ မကောင်းမှုပြုသူအချို့ကို သူတို့သည် ၎င်းတို့ ပြုခဲ့သည့်ပုံစံ အဘယ်ကြောင့် ပြုကြသည်ကို သင်မေးပါက၊ သူတို့က “လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်” ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသောစကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ သူတို့သည် အမှုအရာများကို ဤရည်ရွယ်ချက် သို့မဟုတ် ထိုရည်ရွယ်ချက်အတွက် ပြုလုပ်ကောင်းပြုလုပ်ကြသော်လည်း၊ ထိုသူတို့သည် ယင်းကို မိမိတို့အတွက်သာ ပြုကြခြင်းဖြစ်သည်။ ကိုယ့်အတွက်သာ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်၊ သူတို့သည် မိမိတို့၏ကိုယ်ပိုင် အကျိုးအတွက်သာ အသက်ရှင်သင့်ပြီး၊ အစားအစာနှင့် ကောင်းမွန်သော အဝတ်အစားအတွက် ရာထူးကောင်းတစ်နေရာ ရရှိရန် သူတို့ အရာရာကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်သင့်သည်ဟု အယောက်တိုင်းက ထင်မှတ်ကြသည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ၎င်းက လူသား၏ သဘာဝဗီဇကိုလည်း ကိုယ်စားပြုလေသည်။ စာတန်၏ ဤစကားများမှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး၊ လူတို့က ယင်းကို နှလုံးသွင်းကြသည့်အခါတွင်၊ ယင်းသည် သူတို့၏ သဘာဝဗီဇ ဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ယင်းတို့က ၎င်းကို လုံးလုံး ကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်များဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။ စာတန်ပြုသမျှအရာတိုင်းမှာ ၎င်းအတွက်သာပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်ထက် သာလွန်ရန်၊ ဘုရားသခင်ထံမှ လွတ်မြောက်ကင်းကွာရန်၊ ၎င်းကိုယ်တိုင် တန်ခိုးကိုင်စွဲရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခြင်း အားလုံးကို ပိုင်ဆိုင်ရန် ဆန္ဒရှိသည်။ ထို့ကြောင့် လူသား၏ သဘာဝဗီဇသည် စာတန်၏ သဘာဝဗီဇဖြစ်သည်။ အမှန်တွင် လူများစွာတို့၏ ဆောင်ပုဒ်များသည် ၎င်းတို့၏ သဘာဝကို ကိုယ်စားပြုပြီး ထင်ဟပ်နိုင်၏။ လူတို့သည် မိမိတို့ကိုယ်ကိုယ် ဖုံးကွယ်ရန် မည်သို့ ကြိုးစားပါစေ၊ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းနှင့် ပြောသမျှတိုင်းတွင်၊ ၎င်းတို့ မည်သူဖြစ်သည်ကို မဖုံးကွယ်နိုင်ကြ။ အမှန်တရားကို ဘယ်သောအခါမျှ မပြောဘဲ ဟန်ဆောင်ကောင်းသောသူ အချို့ရှိ၏၊ သို့သော် အခြားသူများက ၎င်းတို့နှင့် တစ်ခဏကြာ အပြန်အလှန် ဆက်ဆံပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ လှည့်ဖြားတတ်သော သဘာဝနှင့် လုံးဝ မရိုးဖြောင့်မှုကို မြင်တွေ့ရပေသည်။ နောက်ဆုံးတွင် အခြားသူတို့သည် အောက်ပါ ကောက်ချက်ကို ချကြလေသည်- ထိုလူသည် ဘယ်သောအခါမျှ မှန်သည့်စကား တစ်လုံးကို မပြောသကဲ့သို့ လှည့်ဖြားတတ်၏။ ဤထွက်ဆိုချက်သည် ထိုသို့သော လူတစ်ဦး၏ သဘာဝနှင့်ပတ်သက်သည့် အမှန်တရားကို ကိုယ်စားပြုပေသည်။ ယင်းသည် ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့်ဆိုင်သော အကောင်းဆုံး သာဓကနှင့် သက်သေ ဖြစ်၏။ ၎င်းတို့၏ ဘဝဒဿနမှာ မည်သူ့ကိုမျှ အမှန်တရား မပြောရန်ဖြစ်သည့်အပြင်၊ မည်သူ့ကိုမျှလည်း မယုံကြည်ရန် ဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝတွင် ဤအတွေးအခေါ် အမြောက်အမြား ပါဝင်သည်။ သင်သည် တစ်ခါတစ်ရံ သင်ကိုယ်တိုင် ယင်းကို သတိပင်မထားမိသကဲ့သို့ နားမလည်ပေ၊ သို့သော် သင့်ဘဝ၏ တဒင်္ဂတိုင်းသည် ယင်းအပေါ် အခြေခံလေသည်။ ထို့အပြင် ဤအတွေးအခေါ်မှာ အတော်အတန် မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်ကာ လုံးဝ မမှားယွင်းဟု သင်ထင်သည်။ ဤသည်မှာ စာတန်၏ အတွေးအခေါ်သည် လူတို့၏ သဘာဝ ဖြစ်လာပြီးဖြစ်ကာ၊ ၎င်းတို့သည် ယင်းကို စိုးစဉ်းမျှ တွန်းလှန်ခြင်းမရှိဘဲ၊ ယင်းနှင့်လုံးဝအညီ အသက်ရှင်နေကြသည်ကို ပြသရန် လုံလောက်ပေသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကို စဉ်ဆက်မပြတ် ထုတ်ဖော်နေကြပြီး၊ ကဏ္ဍအားလုံးတွင် ၎င်းတို့သည် စာတန်၏ အတွေးအခေါ်အားဖြင့် ဆက်လက် အသက်ရှင်ကြလေသည်။ စာတန်၏ သဘာဝသည် လူသားမျိုးနွယ်၏ အသက်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

မကောင်းဆိုးဝါးဆန်သော လူတို့မှာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် မနာခံခြင်း အနှစ်သာရတစ်ခု ဖြစ်ပြီး၊ ၎င်းတို့သည် သူ့ကို ကျိုးနွံနာခံခြင်း ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိကြပေ။ ထိုသို့သော လူများအားလုံးသည် ဖျက်ဆီးခံကြရလိမ့်မည်။ သင်သည် သမ္မာတရား ရှိပြီး၊ ဘုရားသခင်ကို ခုခံခြင်း ရှိမရှိဆိုသည်မှာ သင်၏ သွင်ပြင် သို့မဟုတ် အခါအားလျော်စွာ သင် မည်သို့ စကားပြောမည် သို့မဟုတ် မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင်မည်ဆိုသည်တို့အပေါ် မဟုတ်ဘဲ၊ သင်၏ အနှစ်သာရပေါ်တွင် မူတည်ပေသည်။ တစ်ဦးတစ်ယောက်သည် ဖျက်ဆီးခံရခြင်း ရှိမည်၊ မရှိမည်မှာ မိမိ၏ အနှစ်သာရအားဖြင့် သတ်မှတ်ခံရပေသည်။ ယင်းကို မိမိ၏ အပြုအမူနှင့် မိမိ၏ သမ္မာတရား လိုက်စားမှုက ထုတ်ဖော်ပြသည့် အနှစ်သာရနှင့်အညီ ဆုံးဖြတ်ပေသည်။ ၎င်းတို့ အလုပ်လုပ်ရာတွင် အချင်းချင်းကဲ့သို့ တူညီသူများနှင့် တူညီသော အလုပ်ပမာဏများကို လုပ်ဆောင်ကြသူ လူများထဲတွင်၊ မိမိ၏ လူသားအနှစ်သာရ ကောင်းမွန်ပြီး၊ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ကျန်ရှိမည့်သူများ ဖြစ်သော်လည်း၊ မိမိ၏ လူသားအနှစ်သာရများ ဆိုးယုတ်ပြီး၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို မနာခံသူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများဖြစ်လိမ့်မည်။ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် ဆက်နွှယ်သည့် ဘုရားသခင်၏အမှု သို့မဟုတ် နှုတ်ကပတ်တော်များသည် တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ လူတို့ကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်း လိမ့်မည်။ အမှားအယွင်း စိုးစဉ်းမျှ ဖြစ်ပွားမည် မဟုတ်သကဲ့သို့၊ အမှားတစ်ခုကိုမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ လူသား၏စိတ်ခံစားမှု သို့မဟုတ် အဓိပ္ပာယ်တို့ ရောနှောသွားသည်မှာ လူတို့ အလုပ်လုပ်ကြသည့် အချိန်တွင်သာ ဖြစ်သည်။ ဘုရားသခင် ပြုသော အမှုသည် အသင့်လျော်ဆုံး ဖြစ်သည်။ သူသည် မည်သည့် ဖန်ဆင်းခံသတ္တဝါထံကိုမျှ မှားယွင်းသည့် တောင်းဆိုမှုများ လုံးဝ မဆောင်ကြဉ်းချေ။ လတ်တလောတွင် လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင်ကို မသိမြင်နိုင်သည့်သူများနှင့် ငါ မိန့်မြွက်သော နှုတ်ကပတ်တော်များကို မယုံကြည်ကြသော လူများစွာ ရှိ၏။ မယုံကြည်သောသူအားလုံးအပြင်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

အရှေ့သို့- ၁၁၉။ ဖာရိရှဲများကို ခွဲခြားခြင်း အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၂၁။ သာမာန် လူ့သဘာ၀ကို အသက်ရှင်နေထိုင်ခြင်း နိယာမများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်