၉၈) လူတစ်ဦးက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်ကို ခွဲခြားခြင်း အခြေခံသဘောတရားများ

(၁) တရားစီရင်ခံရခြင်းနှင့် ပြစ်တင်ဆုံးမခံရခြင်း၊ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ဖြတ်သန်းစေခြင်းတို့အား လက်ခံနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့အနေဖြင့် စစ်မှန်သည့် မိမိကိုယ်ကိုယ် သိကျွမ်းခြင်း ရှိနိုင်စွမ်း ရှိမရှိဆိုသည်နှင့် စစ်မှန်စွာ နောင်တရပြီးဖြစ်သည် မဖြစ်သည်ကို ကြည့်လော့။

(၂) လူတစ်ဦး၏ ဘုရားသခင်နှင့် ဆက်ဆံရေးက ပုံမှန်ဖြစ်ခြင်း ရှိမရှိ၊ ၎င်းတို့သည် သူ့ကို ကြည်ညိုကာ ကျိုးနွံနာခံခြင်း ရှိမရှိ၊ ၎င်းတို့အနေဖြင့် သူနှင့် အမှန်တကယ် မိတ်သဟာယပြုခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။

(၃) လူတစ်ဦးသည် မိမိတို့၏ တာဝန်ကို ထိရောက်စွာ ထမ်းဆောင်ပြီး အခြေခံသဘောတရားအတိုင်း ပြုမူခြင်း ရှိမရှိ၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ ဘုရားသခင်အတွက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိမရှိကို ကြည့်လော့။

(၄) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရာတွင် အသစ်သော အလင်း ရှိသည်၊ မရှိသည်၊ သမ္မာတရားနှင့် သက်ဆိုင်သည့် လက်တွေ့ကျသော အသိပညာတစ်ခု ဖော်ပြနိုင်ခြင်း ရှိမရှိဆိုသည်နှင့် အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များနှင့် ၎င်းတို့၏ အသက် စိတ်သဘောထားတို့သည် ပြောင်းလဲမှုတစ်ခုတစ်လေကို ကြုံပြီးခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် လက်ဦးမှုရယူသော လမ်းပြခြင်းနှင့် အပြုသဘောဆောင်သော ဉာဏ်အလင်းပေးခြင်း ပုံစံတစ်ခု ဖြစ်သည်။ ယင်းက လူတို့ကို မတုန်မလှုပ်နေခွင့် မပေးပေ။ ယင်းက ၎င်းတို့ကို စိတ်သက်သာမှုကို ဆောင်ကြဉ်းပေးသည်၊ ယုံကြည်ခြင်းနှင့် သန္နိဋ္ဌာန်ကို ပေးပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့၎င်းတို့ကို အားထုတ်နိုင်စေသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သောအခါ၊ လူတို့သည် တက်ကြွစွာ ဝင်ရောက်နိုင်ကြ၏။ ၎င်းတို့သည် မတုန်မလှုပ်မနေ၊ သို့မဟုတ် ဖိအားပေးခြင်း မခံရဘဲ၊ ၎င်းတို့ကိုယ်တိုင်၏ ကိုယ်စွမ်းကိုယ်စဖြင့် ပြုမူကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ လူတို့သည် နာခံဖို့ လိုလားပြီး မိမိတို့ကိုယ်ကိုယ် နှိမ့်ချဖို့ ပျော်ရွှင်လျက်၊ ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီး လိုလိုလားလား ရှိကြလေသည်။ ၎င်းတို့သည် အတွင်း၌ နာကျင်ကာ နုနယ်သော်လည်း၊ ပူးပေါင်းလုပ်ဆောင်ရန် သန္နိဋ္ဌာန်ရှိကြလေသည်။ ၎င်းတို့သည် ဝမ်းမြောက်စွာ ဆင်းရဲဒုက္ခခံစားကြသည်၊ နာခံနိုင်ကြပြီး၊ လူ့အလိုဆန္ဒဖြင့် စွန်းထင်းခံရခြင်း မရှိ၊ လူသား၏ အယူအဆဖြင့် စွန်းထင်းခံရခြင်း မရှိသကဲ့သို့၊ လူသား၏ အလိုဆန္ဒများနှင့် ကြံရွယ်ချက်များ၏ စွန်းထင်းခံရခြင်း ဧကန်မုချ မရှိကြပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို တွေ့ကြုံခံစားရသောအခါ၊ ၎င်းတို့သည် အတွင်း၌ အထူးသဖြင့် သန့်ရှင်းကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပိုင်ဆိုင်ရသော သူတို့သည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများအား ချစ်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်အား ပျော်ရွှင်စေသည့် အရာများ၌ ပျော်ရွှင်ကြပြီး၊ ဘုရားသခင် ရွံရှာသည့်အရာများကို ရွံရှာကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်း ခံရသောလူတို့သည် ပုံမှန်လူ့သဘာဝရှိကြပြီး၊ သမ္မာတရားကို စဉ်ဆက်မပြတ် လေ့လာလိုက်စားကြကာ လူ့သဘာဝကို ပိုင်ဆိုင်ထားကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အတွင်း၌ အလုပ်လုပ်သောအခါ ၎င်းတို့၏ အခြေအနေသည် ကောင်းသထက် ကောင်းလာကြပြီး၊ ၎င်းတို့၏ လူ့သဘာ၀သည် ပုံမှန်ဖြစ်သထက် ဖြစ်လာလေကာ၊ ၎င်းတို့၏ ပူးပေါင်းလုပ်ဆောင်မှုအချို့သည် မိုက်မဲကောင်း မိုက်မဲနိုင်သော်လည်း၊ ၎င်းတို့၏ ကြံရွယ်ချက်များမှာ မှန်ကန်သည်၊ ၎င်းတို့၏ဝင်ရောက်မှုသည် အပြုသဘောဆောင်သည်၊ ၎င်းတို့အနေဖြင့် အနှောင့်အယှက် ဖြစ်စေဖို့ မကြိုးစားသကဲ့သို့၊ ၎င်းတို့အတွင်းတွင် ယုတ်မာမှု မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်သည် ပုံမှန်ဖြစ်ပြီး စစ်မှန်သည်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပုံမှန်လူသားဘဝ၏ စည်းမျဉ်းများနှင့်အညီ လူသား၏အထဲတွင် အလုပ်လုပ်ပြီး၊ သူသည် ပုံမှန်လူတို့၏ အမှန်တကယ် ရှာဖွေလိုက်စားခြင်းအတိုင်း လူတို့အတွင်းတွင် ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို ဆောင်ရွက်လေသည်။ လူတို့အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ သူသည် ပုံမှန်လူတို့၏ လိုအပ်ချက်နှင့်အညီ ၎င်းတို့ကို လမ်းပြပြီး ဉာဏ်အလင်းပေး၏။ သူသည် ၎င်းတို့၏ လိုအပ်ချက်များနှင့်အညီ ထောက်ပံ့ပေးပြီး၊ ၎င်းတို့ ချို့တဲ့သည့်အရာနှင့် ၎င်းတို့၏ မပြည့်စုံမှုများနှင့်အညီ အပြုသဘောဆောင်သော နည်းဖြင့် ၎င်းတို့ကို လမ်းပြပြီး ဉာဏ်အလင်းပေးလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုသည် လူတို့ကို တကယ့်အသက်တာတွင် ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ တကယ့်အသက်တာများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံမှသာလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ မြင်နိုင်ပေသည်။ ၎င်းတို့၏ နေ့စဉ်အသက်တာများတွင်၊ လူတို့သည် အပြုသဘောဆောင်သော အခြေအနေ တစ်ခုတွင်ရှိပြီး၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခု ရှိပါက၊ ၎င်းတို့အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်ကို ပိုင်ဆိုင်ကြပေသည်။ ထိုသို့သော အခြေအနေ တစ်ခုတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့ စားသောက်ကြသောအခါ ၎င်းတို့၌ ယုံကြည်ခြင်းရှိကြ၏။ ၎င်းတို့ ဆုတောင်းကြသောအခါ လှုံ့ဆော်ခံရကြ၏။ တစ်စုံတစ်ရာကို ၎င်းတို့ ရင်ဆိုင်ရသောအခါ၊ မတုန်မလှုပ် မဖြစ်ကြပေ။ ပြီးလျှင် အမှုအရာများ ဖြစ်ပျက်နေသည်နှင့်အမျှ၊ ထိုအရာများအတွင်းတွင် ဘုရားသခင်က ၎င်းတို့အား သင်ယူစေလိုသော သင်ခန်းစာများကို ၎င်းတို့ မြင်နိုင်ကြလေသည်။ ၎င်းတို့သည် မတုန်မလှုပ် သို့မဟုတ် အားနည်းခြင်း မရှိကြသကဲ့သို့၊ ၎င်းတို့၌ တကယ့် ပြဿနာများ ရှိကြသော်လည်း၊ ဘုရားသခင်၏ စီမံမှုများအားလုံးကို နာခံရန် လိုလိုလားလား ရှိကြပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်” မှ

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအားဖြင့် မည်သည့်အကျိုးတရားများကို ရရှိသနည်း။ သင်သည် မိုက်မဲသောသူ ဖြစ်နိုင်ပြီး သိမြင်မှု ကင်းမဲ့ကောင်း ကင်းမဲ့နိုင်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ဖို့ရှိကာ၊ သင့်အထဲတွင် ယုံကြည်ခြင်း ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို ကျေနပ်လောက်အောင် မချစ်နိုင်ဟူ၍ သင် အမြဲခံစားရလိမ့်မည်။ ရှေ့တွင် အခက်အခဲများ မည်မျှ ကြီးမားပါစေ ပူးပေါင်းဆောင်ရွက်ဖို့ သင်လိုလိုလားလား ရှိလိမ့်မည်။ အကြောင်းကိစ္စတို့သည် သင်၌ ဖြစ်ပျက်လာလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်ထံမှ လာသည် သို့မဟုတ် စာတန်ထံမှ လာသည်ဆိုသည်မှာ သင့်အဖို့ ရှင်းလင်းလိမ့်မည် မဟုတ်သော်လည်း၊ သင်သည် စောင့်ဆိုင်းနိုင်လိမ့်မည် ဖြစ်ပြီး၊ တုံဏှိဘာဝေဖြစ်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ပေါ့လျော့ခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံမှန်အမှု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်းတွင် အလုပ်လုပ်သောအခါ တကယ့်ခက်ခဲမှုများကို သင် ရင်ဆိုင်ရသေး၏- တစ်ခါတစ်ရံတွင် သင့်ကို ငိုကြွေးစေလိမ့်မည်ဖြစ်ပြီး၊ တစ်ခါတစ်ရံ သင် ကျော်လွှားနိုင်စွမ်းမရှိသော အရာများ ရှိလိမ့်မည်၊ သို့သော် ဤအရာအားလုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံမှန်အမှုနှင့်ဆိုင်သော အဆင့်တစ်ဆင့်သာ ဖြစ်၏။ သင်သည် ထိုအခက်အခဲများကို မကျော်လွှားခဲ့သော်လည်း၊ ထို့အပြင် ထိုအချိန်၌ သင်သည် အားနည်းပြီး မကျေနပ်မှုများဖြင့် ပြည့်သော်လည်း၊ နောက်ပိုင်းတွင် သင်သည် အကြွင်းမဲ့သော ယုံကြည်ခြင်းဖြင့် ဘုရားသခင်ကို ချစ်နိုင်ဆဲဖြစ်၏။ သင်၏ တုံဏှိဘာဝေဖြစ်ခြင်းသည် ပုံမှန်အတွေ့အကြုံများကို သင် မရှိဖို့ရန် မဟန့်တားနိုင်သကဲ့သို့၊ အခြားသူများက မည်သည့်အရာပြောပြီး၊ သင့်ကို မည်သို့ တိုက်ခိုက်ကြသည်ဖြစ်စေ သင်သည် ဘုရားသခင်ကို ချစ်နိုင်ဆဲဖြစ်၏။ ဆုတောင်းချိန်အတွင်း၌၊ အတိတ်တွင် ဘုရားသခင်ထံ သင် အလွန် ကျေးဇူးကြွေးတင်ရှိခဲ့သည်ဟု အမြဲခံစားရပြီး၊ ထိုသို့သော အရာများကို တစ်ဖန်ကြုံရသည့်အခါတိုင်း ဘုရားသခင် စိတ်ကျေနပ်စေရန်နှင့် ဇာတိပကတိကို ပစ်ပယ်ရန် သင် စိတ်ဆုံးဖြတ်လေသည်။ ဤခွန်အားသည် သင့်အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ရှိသည်ကို ပြသပေသည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော ပုံမှန်အခြေအနေပင် ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်” မှ

လူတို့၏ အခြေအနေများ ပုံမှန်ဖြစ်သည့်အခါတွင်၊ ၎င်းတို့၏ ဝိညာဉ်ရေးရာ အသက်တာများနှင့် ဇာတိပကတိထဲက ၎င်းတို့၏ အသက်တာများသည် ပုံမှန်ဖြစ်ကြသကဲ့သို့၊ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် ပုံမှန်ဖြစ်ပြီး အစီစဉ်တကျရှိလေသည်။ ၎င်းတို့ ဤအခြေအနေတွင် ရှိကြသည့်အခါ၊ မိမိတို့ကိုယ်ကိုယ်အတွင်း၌ ၎င်းတို့ တွေ့ကြုံခံစားပြီး၊ သိလာကြသည့် အရာသည် ယေဘုယျအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် တို့ထိခံရခြင်းမှ လာသည်ဟု ဆိုနိုင်ပေသည်။ (ဘုရားသခင်၏ နှုတ်ကပတ်များကို ၎င်းတို့စားသောက်သောအခါ ထိုးထွင်း သိမြင်မှု ရှိခြင်း သို့မဟုတ် ရိုးရှင်းသော အသိပညာအချို့ကို ပိုင်ဆိုင်ခြင်း၊ သို့မဟုတ် အချို့သော အရာများတွင် သစ္စာရှိခြင်း၊ သို့မဟုတ် အချို့သော အရာများတွင် ဘုရားသခင်ကို ချစ်ရန် ခွန်အားရှိခြင်း— ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပေသည်။) လူသား၏ အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် အထူးသဖြင့် ပုံမှန်ဖြစ်၏။ အမှန်တွင် ထိုအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သော်လည်း၊ လူသားသည် ထိုအရာကို ခံစားနိုင်စွမ်းမရှိသကဲ့သို့၊ ယင်းသည် လူသားကိုယ်တိုင်မှတစ်ဆင့် လာသည်ဟု ထင်ရ၏။ နေ့စဉ်အသက်တာတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အယောက်တိုင်း၌ ကြီးမားသော အမှုနှင့် သေးငယ်သော အမှု နှစ်ခုလုံးကို လုပ်ဆောင်ပြီး၊ ကွဲပြားသည်မှာ ဤအမှု၏ အတိုင်းအတာသာ ဖြစ်သည်။ လူအချို့သည် အရည်အချင်းကောင်း ရှိကြပြီး အမှုအရာများကို ၎င်းတို့ လျင်မြန်စွာ နားလည်တတ်ကြကာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းသည် ၎င်းတို့အတွင်းတွင် အထူးသဖြင့် ကြီးမား၏။ ထိုအချိန်အတောအတွင်းတွင်၊ လူအချို့သည် ညံ့ဖျင်းသော အရည်အချင်း ရှိကြပြီး၊ အကြောင်းကိစ္စများကို နားလည်ရန် ၎င်းတို့ သာ၍ အချိန်ကြာတတ်ကြ၏၊ သို့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို အတွင်း၌ တို့ထိပြီး၊ ၎င်းတို့သည်လည်း ဘုရားသခင်ကို သစ္စာရှိခြင်း ရရှိနိုင်ကြပေသည်- သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်ကို ရှာဖွေလိုက်စားသူတို့အားလုံးတွင် အမှုပြု၏။ နေ့စဉ်အသက်တာတွင် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း သို့မဟုတ် ပုန်ကန်ခြင်း မရှိသည့်အခါ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မကိုက်ညီသော အရာများကို မလုပ်ဆောင်ဘဲ ဘုရားသခင်၏ အမှုကို မနှောင့်ယှက်ကြသည့်အခါ၊ ၎င်းတို့ အသီးသီးတွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် သာ၍ကြီးမားသော အတိုင်းအတာအထိဖြစ်စေ သာ၍နည်းပါးသော အတိုင်းအတာအထိဖြစ်စေ အမှုပြုလေသည်။ သူသည် ၎င်းတို့ကို တို့ထိသည်၊ ဉာဏ်အလင်း ပေးသည်၊ ယုံကြည်ခြင်း ပေးသည်၊ ခွန်အားကို ပေးပြီး ပျင်းရိခြင်းမရှိ သို့မဟုတ် ဇာတိပကတိ၏ ပျော်ရွှင်မှုများကို တပ်မက်ခြင်းမရှိဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တောင့်တလျက်၊ အခြေအနေကို ဖန်တီးယူလျက်ဝင်ရောက်ရန် ၎င်းတို့ကို တို့ထိလေသည်။ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော် ထံမှ လာသည့် အမှု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်” မှ

ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားရာတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိခြင်းသည် တစ်ခါတစ်ရံ ဖြစ်ပေါ်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်ရှိခြင်းမှာမူ တစ်ချိန်လုံးနီးပါးဖြစ်၏။ လူတို့၏ ဆင်ခြင်တုံတရားနှင့် တွေးခေါ်မှုတို့ ပုံမှန်ဖြစ်နေပြီး ၎င်းတို့၏ အခြေအနေများသည် ပုံမှန်ဖြစ်နေသမျှ ကာလပတ်လုံး သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ဧကန်မုချပင် ရှိလိမ့်မည်။ လူတို့၏ဆင်ခြင်တုံတရားနှင့် တွေးခေါ်မှုတို့ ပုံမှန် မဟုတ်ကြသောအခါတွင်မူ၊ ၎င်းတို့၏ လူ့သဘာဝသည်လည်း ပုံမှန် မဟုတ်ချေ။ အကယ်၍ ဤအခိုက်အတန့်တွင် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်သည် သင့်အထဲတွင် ရှိပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ဧကန်မုချပင် သင်နှင့်အတူရှိနေလိမ့်မည်။ သို့သော် အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် သင်နှင့်အတူ ရှိနေလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် သေချာပေါက် အလုပ်လုပ်နေသည်နှင့် အလားမတူပေ၊ အကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် အထူး အချိန်အခါများ၌ အလုပ်လုပ်သောကြောင့် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော် ရှိခြင်းသည် လူတို့၏ ပုံမှန် တည်ရှိမှုကိုသာ ထိန်းသိမ်းပေးနိုင်၏၊ သို့သော် သန့်ရှင်းသောဝိညာဉ်တော်သည် အချို့သော အချိန်အခါများတွင်သာ အလုပ်လုပ်သည်။ သာဓက အနေဖြင့် အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် လုပ်သားတစ်ဦးဖြစ်လျှင်၊ သင်သည် အသင်းတော်ကို ရေလောင်းပြီး အာဟာရကျွေးမွေးသောအခါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် အခြားသူများအတွက် စိတ်ဓာတ်မြှင့်တင်ပေးပြီး အချို့သော သင့်ညီအစ်ကိုမောင်နှမများ၏ လက်တွေ့ပြဿနာများကို ဖြေရှင်းပေးနိုင်သည့် နှုတ်ကပတ်တော်အချို့ထံ သင့်အား ဉာဏ်အလင်း ရစေလိမ့်မည်၊ ထိုသို့သော အချိန်များတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နေသည်။ တစ်ခါတစ်ရံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်နေချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် အထူးသဖြင့် ဆီလျော်သော နှုတ်ကပတ်တော်အချို့နှင့် သင့်ကို ဉာဏ်အလင်းရစေသောအခါ သင်ကိုယ်တိုင်၏ အခြေအနေများနှင့် ပတ်သက်သော သာ၍ကြီးမားသည့် အသိပညာကို သင့်အား ရစေလေသည်၊ ဤသည်မှာလည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်လေသည်။ တစ်ခါတစ်ရံ ငါပြောဆိုသောအခါ သင်တို့နားထောင်ကြပြီး သင်တို့ကိုယ်တိုင်၏ အခြေအနေများကို ငါ၏နှုတ်ကပတ်တော်များနှင့်ယှဉ်၍ သင်တို့ တိုင်းထွာချင့်ချိန်နိုင်ကြပြီး၊ တစ်ခါတစ်ရံ သင်တို့သည် တို့ထိခံရသည်၊ သို့မဟုတ် စေ့ဆော်ခံရသည်၊ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲ၌ တစ်ချိန်လုံး အလုပ်လုပ်နေသည်ဟု အချို့သော လူများက ပြောကြသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့က သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည် လက်တွေ့ကျပေလိမ့်မည်။ အကယ်၍ ၎င်းတို့က ၎င်းတို့၏ တွေးခေါ်ခြင်းနှင့် အသိစိတ်တို့သည် အချိန်တိုင်း ပုံမှန်ဖြစ်နေသည်ဟု ပြောမည်ဆိုပါက ယင်းသည်လည်း လက်တွေ့ကျနေမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေကြောင်းကို ယင်းက ပြသပေလိမ့်မည်။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ အစဉ်အမြဲ အလုပ်လုပ်နေကာ၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ချိန်လုံး ခံစားနေရပြီး၊ အချိန်တိုင်းတွင် အသစ်သော အသိပညာရရှိသည်ဟု ပြောပါက၊ ဤသည်မှာ မည်သည့်နည်းနှင့်မျှ ပုံမှန်မဟုတ်ချေ။ ဤသည်မှာ လုံးလုံးလျားလျား သဘာဝလွန်အရာ ဖြစ်သည်။ ယင်းသို့သော လူများသည် နတ်ဆိုးများ ဖြစ်ကြသည်မှာ သံသယ စိုးစဉ်းမျှ ဖြစ်စရာမလိုချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၄)” မှ

ဘုရားသခင်၏ ဝိညာဉ်တော် လမ်းပြခြင်းခံရသူများနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိခြင်းကို ခံရသောသူအားလုံးသည် ဘုရားသခင်၏ အမှုကို ပိုင်ဆိုင်ကြသည်၊ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ၎င်းတို့အတွင်းတွင် အမြစ်တွယ်ပြီးဖြစ်သည်ကို ပြသပေသည်။ လူအချို့က “ကျွန်ုပ်သည် သင်ကဲ့သို့ ကျွန်ုပ်၏ ဆုတောင်းခြင်းများတွင် စိတ်အားမထက်သန်သကဲ့သို့၊ ကျွန်ုပ်သည် ဘုရားသခင်၏ တို့ထိခြင်းကိုလည်း သိပ်မခံစားရပါ။ တစ်ခါတစ်ရံ- ကျွန်ုပ် နှလုံးသွင်းဆင်ခြင်ပြီး ဆုတောင်းသည့်အခါ- ဘုရားသခင်သည် ချစ်ဖွယ်ကောင်းပြီး၊ ကျွန်ုပ်၏စိတ်နှလုံးသည် ဘုရားသခင်၏ တို့ထိခြင်း ခံရသည်ကို ကျွန်ုပ် ခံစားရသည်။” ဟု ဆိုကြသည်။ လူ၏စိတ်နှလုံးထက် မည်သည့် အရာမျှ သာ၍ အရေးမကြီးပေ။ သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်ပြီးသောအခါတွင်၊ သင်၏ဖြစ်တည်မှုတစ်ခုလုံးသည် ဘုရားသခင်ထံသို့ လှည့်ပြီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ ထိုအချိန်တွင် သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိခြင်းကို ခံရပြီးဖြစ်လိမ့်မည် ဖြစ်သည်။ သင်တို့အထဲမှ အများစုတို့သည် ထိုသို့သော အတွေ့အကြုံ တစ်ခု ရှိကြပြီးဖြစ်သည်- ယင်းမှာ သင်တို့ အတွေ့အကြုံများ၏ အတိမ်အနက်များက မတူညီကြခြင်းသာ ဖြစ်သည်။ လူအချို့က၊ “ကျွန်ုပ်သည် စကားလုံးများစွာဖြင့် ဆုမတောင်းပါ၊ အခြားသူများ၏ မိတ်သဟာယဖွဲ့ခြင်းကိုသာ ကျွန်ုပ် နားထောင်ပြီး ကျွန်ုပ်အတွင်းတွင် ခွန်အား ထွက်ပေါ်လာပါသည်။” ဟု ဆိုကြသည်။ ဤအရာက သင်သည် အတွင်း၌ ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးဖြစ်သည်ကို ပြပေသည်။ အတွင်း၌ ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးသောသူများသည် အခြားသူများ မိတ်သဟာယဖွဲ့ခြင်းကို ကြားသည့်အခါ၊ လှုံ့ဆော်မှု ခံစားရလေသည်။ အကယ်၍ လှုံ့ဆော်နေသည့် စကားများကို ၎င်းတို့ ကြားချိန်တွင် လူတစ်ဦး၏ စိတ်နှလုံးက လုံးဝ မလှုပ်ရှားပါက၊ ဤအရာက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့အတွင်း မရှိသည်ကို သက်သေပြပေသည်။ ၎င်းတို့အတွင်းတွင် တမ်းတမှု မရှိပေ၊ ယင်းက ၎င်းတို့သည် စိတ်ဆုံးဖြတ်ချက် မရှိကြသကဲ့သို့၊ ထိုသို့ဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မရှိကြသည်ကို သက်သေပြပေသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးဖြစ်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ကြားကြသည့်အခါတွင် တုံ့ပြန်မှု တစ်ခု ရှိကြလိမ့်မည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ တို့ထိခြင်းကို မခံရသေးပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ထိတွေ့ခြင်း မရှိကြသေးပေ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိကြသကဲ့သို့ ၎င်းတို့သည် အသိဉာဏ်ပွင့်လင်းခံရနိုင်စွမ်း မရှိကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးဖြစ်ကာ တုံ့ပြန်မှုမရှိသောသူများသည် ဘုရားသခင်၏ တို့ထိခြင်းကို မခံရသေးသောသူများ ဖြစ်ကြသည်- ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မရှိကြသောလူများ ဖြစ်သည်။ အသစ်သော အလင်းကို လက်ခံနိုင်သောသူ အားလုံးသည် ထိတွေ့ခံရကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်ကြပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့” မှ

အချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းသည် ငြီးငွေ့ဖွယ်ဖြစ်သည်ဟု မြင်ကောင်းမြင်နိုင်သည်၊ ယင်းမှာ ပုံမှန်အခြေအနေ မဟုတ်ပေ။ ပုံမှန်အခြေအနေ ဖြစ်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား မည်သည့်အခါတွင်မျှ မငြီးငွေ့ခြင်း၊ ယင်းတို့ကို အမြဲ ဆာငတ်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကောင်းမွန်သည်ဟု အမြဲ မြင်ခြင်း ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဝင်ရောက်ပြီးသော သူက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပုံ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန့်အလွန် လက်တွေ့ကျပြီး လူ ဝင်ရောက်သင့်သောအရာ အတိအကျ ဖြစ်သည်ဟု သင်ခံစားရသောအခါ၌၊ သူ၏ နှုတ်ကပတ်တော်များသည် လူသားအဖို့ ကြီးမားစွာ အထောက်အကူ ဖြစ်ပြီး အကျိုးပြုသကဲ့သို့၊ လူသား၏ အသက် အထောက်အပံ့ ဖြစ်သည်ဟု သင် ခံစားရသည့်အခါတွင်- သင့်ကို ဤခံစားချက်ပေးသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ သင့်ကို တို့ထိသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သည်။ ဤအရာက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်လုပ်နေပြီး၊ ဘုရားသခင်သည် သင့်ထံမှ မစွန့်ခွာသွားသေးသည်ကို သက်သေပြပေသည်။ လူအချို့က ဘုရားသခင် အမြဲ စကားပြောနေသည်ကို မြင်လျက်၊ သူ၏ နှုတ်ကပတ်တော်များကို ငြီးငွေ့လာကြပြီး ယင်းတို့ကို ၎င်းတို့ ဖတ်သည်ဖြစ်စေ၊ မဖတ်သည်ဖြစ်စေ မည်သည့်အကျိုးဆက်မျှ မရှိဟု ထင်ကြသည်- ယင်းမှာ ပုံမှန်အခြေအနေ မဟုတ်ပေ။ ၎င်းတို့သည် လက်တွေ့အရှိတရား ထဲသို့ ဝင်ရောက်ဖို့ ဆာငတ်သည့် နှလုံးသား ကင်းမဲ့ကြပြီး၊ ထိုသို့သောလူတို့သည် စုံလင်စေခြင်းကို မဆာငတ်ကြသကဲ့သို့ အရေးကြီးသည်ဟု မခံယူကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သင် ဆာငတ်ခြင်း မရှိသည်ကို ရှာဖွေတွေ့ရှိသောအခါတိုင်းတွင်၊ ဤအရာက သင်သည် ပုံမှန် အခြေအနေတွင် မရှိသည်ကို ပြသပေသည်။ အတိတ်တွင် ဘုရားသခင်သည် သင့်ထံမှ ထွက်ခွာပြီးဖြစ်သည်၊ မဖြစ်သည်ကို သင်၏အတွင်း၌ ငြိမ်သက်ခြင်း ရှိ မရှိဆိုသည်နှင့် သင်သည် မွေ့လျော်မှု တွေ့ကြုံခဲ့ရခြင်း ရှိ မရှိဆိုသည်တို့အပေါ် ဆုံးဖြတ်ပေသည်။ ယခုတွင် အဓိကအချက်မှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်ခြင်း ရှိ မရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ လက်တွေ့အရှိတရား ဖြစ်ခြင်း ရှိ မရှိ၊ သင်သည် သစ္စာရှိခြင်း ရှိ မရှိဆိုသည်နှင့်၊ ဘုရားသခင်အတွက် သင် လုပ်နိုင်သမျှ အားလုံးကို လုပ်နိုင်ခြင်း ရှိ မရှိဆိုသည်တို့ ဖြစ်သည်။ တစ်နည်းအားဖြင့် လူသည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားအားဖြင့် တရားစီရင်ခြင်း ခံရပေသည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို လူသားမျိုးနွယ် အားလုံးထံသို့ ညွှန်ကြားသည်။ သင်သည် ထိုနှုတ်ကပတ်တော်များကို ဖတ်ရှုရန် လိုလားနေပါက၊ သူသည် သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်၊ သို့သော် သင်က မလိုလားပါက၊ သူသည် သင့်ကို အသိဉာဏ် ပွင့်လင်းစေမည် မဟုတ်။ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကို ဆာငတ်ကာ မွတ်သိပ်သော သူတို့ကို အသိဉာဏ်ပွင့်လင်းစေပြီး၊ သူ့ကို ရှာ‌ဖွေသောသူတို့ကို အသိဉာဏ် ပွင့်လင်းစေသည်။ အချို့က သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှု ပြီးသည့်နောက်တွင်ပင်၊ ဘုရားသခင်သည် ၎င်းတို့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိဟု ပြောကြသည်။ သို့သော် ဤနှုတ်ကပတ်တော်များကို သင်တို့ မည်သည့်နည်းလမ်းဖြင့် ဖတ်ရှုကြသနည်း။ လူတစ်ဦးက မြင်းစီးလျက် ပန်းများကို ကြည့်သည့်ပုံစံဖြင့် သူ၏ နှုတ်ကပတ်တော်များကို သင်ဖတ်ရှုပြီး၊ လက်တွေ့အရှိတရားအပေါ် အရေးမထားပါက၊ ဘုရားသခင်သည် သင့်ကို မည်သို့ အသိဉာဏ်ပွင့်လင်းစေနိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးမထားသူသည် ဘုရားသခင်၏ စုံလင်စေခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးမထားပါက၊ သင်သည် သမ္မာတရား ဖြစ်စေ၊ လက်တွေအရှိတရားဖြစ်စေ၊ ရှိလိမ့်မည်မဟုတ်။ သူ၏ နှုတ်ကပတ်တော်များကို သင် တန်ဖိုးထားလျှင်၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်ပြီး၊ ထိုအခါတွင်မှ လက်တွေ့အရှိတရားကို သင် ပိုင်ဆိုင်လိမ့်မည်။...ဘုရားသခင်သည် စကားများစွာ ပြောပြီးသည့်နောက်၊ သင်သည် သူ၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ အစွမ်းကုန် ကြိုးစားသင့်သည်၊ ထို့နောက် မသိလိုက်ဘဲနှင့်၊ သင် နားလည်လာမည် ဖြစ်ပြီး မသိလိုက်ဘဲနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူကို အသိဉာဏ်ပွင့်လင်းစေသောအခါတွင်၊ ယင်းသည် မကြာခဏ လူ၏ သတိပြုမိခြင်း မရှိဘဲ ဖြစ်ပေသည်။ သင် ဆာငတ်ကာ မွတ်သိပ်သောအခါ၌ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့် အခြေခံသဘောတရားသည် သင် စားသောက်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြု ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အရေးမထားသကဲ့သို့- ၎င်းတို့၏ စိတ်ရှုပ်ထွေးသော အတွေးထဲတွင်၊ သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်သည်၊ မဖတ်သည်ကို စိတ်ဝင်စားခြင်းမရှိသည့် ကိစ္စတစ်ခု ဖြစ်သည်ဟု ယုံကြည်လျက်- သူ၏ နှုတ်ကပတ်တော်များအပေါ် မတူကွဲပြားသော သဘောထားတစ်ခု အမြဲ ရှိသူများအားလုံးသည် လက်တွေ့အရှိတရား မပိုင်ဆိုင်သူများ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ် ပွင့်လင်းစေခြင်းဖြစ်စေ မတွေ့ရနိုင်ပေ။ ဤကဲ့သို့သော လူများသည် အားမစိုက်ဘဲ၊ လုပ်ဆောင်ရုံမျှ လုပ်ဆောင်နေသူများ၊ ပုံဥပမာနှင့်ဆိုင်သည့်က ဦးနန်ဂုအို ကဲ့သို့၊ စစ်မှန်သော အရည်အချင်းများ မရှိဘဲ ဟန်ဆောင်နေသူများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

လူတို့၏ အခြေအနေသည် ပုံမှန်မဟုတ်သည့်အခါ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်မှုကို ခံကြရ၏။ ၎င်းတို့စိတ်ထဲတွင်၊ မကျေမနပ်ပြောဆိုတတ်ကြပြီး သူတို့၏ ကြံရွယ်ချက်များ မှားယွင်းသည်၊ ၎င်းတို့ ပျင်းရိကြသည်၊ ဇာတိပကတိကို အလိုလိုက်ကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးများက သမ္မာတရားကို ပုန်ကန်လေသည်။ ဤအရာအားလုံးသည် စာတန်ထံမှ လာကြ၏။ လူတို့၏ အခြေအနေ ပုံမှန် မဟုတ်သောအခါ၊ ၎င်းတို့သည် အတွင်း၌ မှောင်မိုက်ပြီး ၎င်းတို့၏ ပုံမှန်ဆင်ခြင်တုံတရား ပျောက်ဆုံးသည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်မှုကိုခံကြရပြီး၊ မိမိတို့အတွင်း၌ ဘုရားသခင်ကို မခံစားနိုင်ကြသည့်အခါတွင်၊ ဤသည်မှာ ၎င်းတို့အတွင်း၌ စာတန် အလုပ် လုပ်နေသောအချိန် ဖြစ်သည်။ လူတို့သည် မိမိတို့အတွင်းတွင် ခွန်အားအမြဲရှိပြီး ဘုရားသခင်ကို အမြဲချစ်ပါက၊ ယေဘုဘျအားဖြင့် အမှုအရာများ ၎င်းတို့၌ ဖြစ်ပျက်သည့်အခါ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော် ထံမှလာပြီး၊ ၎င်းတို့ မည်သူကို ဆုံရသည်ဖြစ်စေ ထိုတွေ့ဆုံခြင်းသည် ဘုရားသခင်၏ အစီအစဉ်များ၏ အကျိုးဆက်ဖြစ်၏။ ဆိုလိုသည်မှာ သင်သည် ပုံမှန် အခြေအနေတစ်ခုတွင် ရှိသည့်အခါ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကြီးမြတ်သော အမှုအတွင်းတွင် ရှိသောအခါ၊ သင့်ကို ယိမ်းယိုင်စေဖို့ စာတန် မလုပ်ဆောင်နိုင်ပေ။ ဤအုတ်မြစ်အပေါ်အခြေပြု၍၊ အရာရာသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာပြီး သင်သည် မမှန်ကန်သော အတွေးများ ရှိကောင်းရှိနိုင်သော်လည်း ထိုအရာများကို သင် ပစ်ပယ်နိုင်သကဲ့သို့ ၎င်းတို့ကို သင် မလိုက်လျှောက်ဟု ဆိုနိုင်ပေသည်။ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုမှ လာသည်။ မည်သည့်အခြေအနေတွင် စာတန်သည် ဝင်ရောက်နှောင့်ယှက်သနည်း။ သင်၏ အခြေအနေ ပုံမှန်မဟုတ်သောအခါ၊ သင်သည် ဘုရားသခင်၏တို့ထိမှုကို မခံစားရဘဲ ဘုရားသခင်၏ အမှု သင့်၌ မရှိသောအခါ၊ သင်သည် အတွင်း၌ ခြောက်သွေ့ပြီး အကျိုးမဖြစ်သောအခါ၊ ဘုရားသခင်ထံ ဆုတောင်းသော်လည်း မည်သည့်အရာကိုမျှ သဘောမပေါက်သောအခါနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်သော်လည်း ဉာဏ်အလင်း ပေးခံရခြင်း သို့မဟုတ် အလင်းပြခံရခြင်း မရှိသော အချိန်အခါတို့တွင် စာတန်အတွက် သင့်အတွင်း၌ အလုပ်လုပ်ဖို့ လွယ်ကူပေသည်။ တစ်နည်းဆိုရသော်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းခံရပြီး ဘုရားသခင်ကို မခံစားနိုင်သောအခါတွင်၊ စာတန်၏ အပြစ်သွေးဆောင်ခြင်းမှ လာသော အမှုအရာများစွာ သင်၌ ဖြစ်လေသည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သကဲ့သို့၊ စာတန်သည်လည်း တစ်ချိန်လုံး အလုပ်လုပ်နေ၏။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား၏အတွင်း၌ တို့ထိနေစဉ်၊ တစ်ချိန်တည်းတွင် စာတန်သည် လူ့အထဲ၌ ဝင်ရောက်နှောင့်ယှက်၏။ သို့သော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် ဦးဆောင်နေသည့် အနေအထားကို ယူပြီး၊ မိမိတို့၏ အခြေအနေများ ပုံမှန်ဖြစ်နေသော လူတို့သည် အောင်နိုင်ကြ၏။ ဤသည်မှာ စာတန်၏ အလုပ်အပေါ် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်၏ အောင်ပွဲ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုစဉ်တွင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု လူတို့အတွင်းတွင် ရှိဆဲဖြစ်သည်။ သို့သော်၊ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့် အတောအတွင်းတွင်၊ လူတို့အတွက် မိမိတို့၏ ပုန်ကန်မှု၊ ကြံရွယ်ချက်များနှင့် မသမာမှုများကို ရှာဖွေတွေ့ရှိပြီး သတိပြုမိဖို့ လွယ်ကူပေသည်။ ထိုအခါမှသာ လူတို့သည် နောင်တစိတ်ခံစားရပြီး နောင်တရဖို့ တိုး၍ လိုလားလျက်ရှိကြသည်။ ထိုသို့ဖြစ်သဖြင့်၊ ၎င်းတို့၏ ပုန်ကန်တတ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘုရားသခင်၏ အမှုအတွင်းတွင် တဖြည်းဖြည်း စွန့်ပစ်ခံရကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် အထူးသဖြင့် ပုံမှန်ဖြစ်၏။ သူသည် လူတို့အတွင်း၌ အမှုပြုနေစဉ် ၎င်းတို့သည် ဒုက္ခများ ရှိနေကြဆဲ ဖြစ်သည်၊ ငိုကြွေးနေကြဆဲ ဖြစ်သည်၊ ဆင်းရဲဒုက္ခ ခံစားကြရဆဲ ဖြစ်သည်၊ အားနည်းနေကြဆဲ ဖြစ်ကာ၊ ၎င်းတို့အဖို့ မရှင်းလင်းသောအရာ များစွာ ရှိဆဲဖြစ်၏၊ သို့သော်လည်း ဤအခြေအနေတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဆုတ်ယုတ်ခြင်းမှ တားဆီးနိုင်ကြပြီး ဘုရားသခင်ကို ချစ်နိုင်ကြကာ၊ ၎င်းတို့ ငိုကြွေးပြီး စိတ်သောကရောက်ကြသော်လည်း၊ ဘုရားသခင်ကို ၎င်းတို့ ချီးမွမ်းနိုင်ကြဆဲ ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် စိုးစဉ်းမျှပင် သဘာဝလွန် မဟုတ်ဘဲ၊ အထူးသဖြင့် ပုံမှန်ဖြစ်၏။ လူအများစုက သန့်ရှင်းသော ဝိညာဉ်တော် စတင် အလုပ်လုပ်သည်နှင့် တစ်ပြိုင်နက်၊ လူတို့၏အခြေအနေတွင် ပြောင်းလဲမှုများ ဖြစ်ပွားကာ သူတို့အဖို့ ပဓာန ကျသည့်အရာများ ဖယ်ရှားခံရသည်ဟု ယုံကြည်ကြ၏။ ထိုသို့သော ယုံကြည်မှုများသည် မှားယွင်းကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားအထဲတွင် အလုပ်လုပ်သောအခါ၊ လူသား၏ မတုန်မလှုပ်ဖြစ်သော အရာများသည် ရှိနေသေးပြီး သူ၏ ဝိညာဉ် အသက်တာသည် ယခင်အတိုင်း ရှိမြဲရှိ၏၊ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပြခြင်းနှင့် ဉာဏ်အလင်းပေးခြင်းတို့ကို ရရှိပြီး၊ ထို့ကြောင့် သူ၏အခြေအနေသည် သာ၍ ဖန်တီးယူနိုင်စွမ်း ရှိလာသည်။ သူ့အတွင်းရှိ အခြေအနေများသည် ပုံမှန်ဖြစ်လာပြီး၊ သူသည် အလျင်အမြန် ပြောင်းလဲ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်” မှ

ဘုရားသခင်သည် တစ်ခါတစ်ရံ တစ်စုံတစ်ခုသော ခံစားချက်မျိုး၊ သင်၏အတွင်းထဲက ဝမ်းမြောက်မှုကို ဆုံးရှုံးစေပြီး ဘုရားသခင်ရှိနေခြင်းကို ဆုံးရှုံးစေသည့် ခံစားချက်မျိုး၊ သင့်ကို မှောင်မိုက်ထဲသို့ ထိုးကျသွားစေသည့် ခံစားချက်မျိုးကို ပေးတတ်သည်။ ဤသည်မှာ စစ်ဆေးခြင်းတစ်မျိုး ဖြစ်သည်။ တစ်စုံတစ်ခုကို သင်လုပ်ဆောင်သည့်အခါတိုင်း၊ ယင်းက အမြဲတမ်း လွဲချော်တတ်သည် သို့မဟုတ် ရပ်တန့်သွားတတ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် ဘုရားသခင်အား နာခံမှုမရှိဘဲ ပုန်ကန်တတ်သော အရာတစ်ခုခုကို ပြုလုပ်သည့်အခါ၊ အခြားမည်သူမျှ မသိနိုင်သော်လည်း ဘုရားသခင်သိ၏။ သူသည် သင့်ကို အလွတ်မပေးဘဲ၊ သင့်ကို သူဆုံးမပဲ့ပြင်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုမှာ အလွန်အသေးစိတ်ကျသည်။ သူသည် လူတို့၏ စကားလုံးနှင့် လုပ်ဆောင်ချက်တိုင်း၊ ၎င်းတို့၏ လုပ်ရပ်နှင့် လှုပ်ရှားမှုတိုင်းနှင့် ၎င်းတို့၏ အကြံအစည်နှင့် အတွေးအခေါ်တိုင်းကို အလွန်သေချာစွာ စောင့်ကြည့်သည်၊ သို့မှသာ လူတို့သည် ဤအရာများအပေါ် အတွင်းပိုင်း အမြင်ပွင့်ခြင်းကို ရရှိနိုင်မည်ဖြစ်သည်။ တစ်စုံတစ်ရာကို သင်တစ်ကြိမ်လုပ်ပြီး ယင်းက လွဲချော်သွားသည်၊ တစ်စုံတစ်ရာကို သင် ထပ်လုပ်ပြီး လွဲချော်နေသေးသည်၊ ထို့နောက် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို သင် တဖြည်းဖြည်း နားလည်လာမည်။ ကြိမ်ဖန်များစွာ ဆုံးမပဲ့ပြင်ခံရခြင်းအားဖြင့် သင်သည် ဘုရားသခင်၏အလိုအတော်နှင့်အညီ မည်သည့်အရာကို လုပ်ရမည်နှင့် မည်သည့်အရာက သူ၏အလိုတော်နှင့် မညီကြောင်းကို သိလိမ့်မည်။ အဆုံးတွင် သင်သည် သင့်အထဲမှနေ၍ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအတွက် မှန်ကန်တိကျသော တုံ့ပြန်မှုများ ရှိလိမ့်မည်။ တစ်ခါတစ်ရံ သင်သည် ဆန့်ကျင်ပုန်ကန်တတ်ပြီး အထဲမှနေ၍ ဘုရားသခင်၏ ပြစ်တင်ကြိမ်းမောင်းခြင်းကို သင်ခံရလိမ့်မည်။ ဤအရာအားလုံးမှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းမှ လာသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဖိုးမထားပါက၊ သူ၏အမှုကို သင် ပေါ့ပေါ့တန်တန် သဘောထားမိပါက၊ သူသည် သင့်ကို အရေးစိုက်တော့မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလေးအနက်ထားလေလေ၊ သင့်ကို သူ ဉာဏ်အလင်းပေးလေလေ ဖြစ်သည်။ ယခုအခါတွင်မူ အသင်းတော်ထဲတွင် ဇဝေဇဝါနှင့် ရှုပ်ထွေးနေသည့် ယုံကြည်ခြင်းရှိသော လူအချို့ရှိကြပြီး ၎င်းတို့သည် မသင့်လျော်သောအမှုအရာ မြောက်များစွာပြုပြီး စည်းကမ်းမရှိဘဲ ပြုမူကြသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ၎င်းတို့အထဲတွင် ရှင်းလင်းစွာ မမြင်ရနိုင်ပေ။ လူအချို့တို့သည် ငွေရှာရန်အလို့ငှာ မိမိ၏တာဝန်များကို နောက်ချန်ရစ်ကာ ဆုံးမပဲ့ပြင်ခံရခြင်းမရှိဘဲ စီးပွားရေး လုပ်ကိုင်ရန် ထွက်သွားကြသည်။ ထိုသို့သော လူစားမျိုး၌ ပို၍ပင် အန္တရာယ်ရှိသည်။ လတ်တလောတွင် ၎င်းတို့၌ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု မရှိသည်သာမက အနာဂတ်တွင် ၎င်းတို့ကို စုံလင်စေရန် ခက်ခဲလိမ့်မည်။ အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို မမြင်နိုင်သည့်အပြင် အတွင်း၌ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကိုလည်း မမြင်နိုင်သည့် လူများစွာရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်အပေါ် မရှင်းမလင်းဖြစ်ပြီး ဘုရားသခင်၏ အမှုကို မသိသောသူများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

တစ်ခါတစ်ရံ၊ ပုံမှန်မဟုတ်သည့် အခြေအနေတွင်၊ သင်သည် ဘုရားသခင် ရှိနေခြင်းကို ဆုံးရှုံးပြီး သင် ဆုတောင်းသည့်အခါ ဘုရားသခင်ကို မခံစားနိုင် ဖြစ်လာသည်။ ထိုသို့သော အချိန်များတွင် စိုးရွံ့မှုခံစားရခြင်းမှာ ပုံမှန်ဖြစ်၏။ သင့်အနေဖြင့် ချက်ချင်း စတင် ရှာဖွေသင့်သည်။ သင် မစတင်ပါက၊ ဘုရားသခင်သည် သင့်ထံမှ ဝေးကွာ လိမ့်မည်ဖြစ်ပြီး သင်သည် တစ်ရက်ကြာ၊ နှစ်ရက်ကြာ၊ တစ်လ သို့မဟုတ် နှစ်လကြာပင် သန့်ရှင်းသော ဝိညာဉ်တော်- ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်- မရှိဘဲ ဖြစ်လိမ့်မည်။ ဤအခြေအနေများတွင် သင်သည် အလွန့်အလွန် ထုံထိုင်းလာပြီး အပြုအမူမျိုးစုံ ကျူးလွန်နိုင်စွမ်းရှိသည်အထိ စာတန်၏ ဖမ်းဆီးခြင်းကို နောက်တစ်ကြိမ် ခံရပေသည်။ ချမ်းသာကြွယ်ဝမှုကို သင် တပ်မက်သည်၊ သင်၏ ညီအစ်ကို မောင်နှမများကို လှည့်ဖြားသည်၊ ရုပ်ရှင်များနှင့် ဗီဒီယိုများကို ကြည့်ရှုသည်၊ မာဂျောင် ကစားပြီး စည်းမရှိကမ်းမရှိ ဆေးလိပ်နှင့် အရက်ပင်သောက်လေသည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးရာသို့ သွေဖည်သွားပြီဖြစ်သည်၊ သင်သည် မိမိ၏ကိုယ်ပိုင်လမ်းသို့ တိတ်တဆိတ် သွားလေပြီဖြစ်ကာ ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍ ထင်ရာမြင်ရာ ဝေဖန်လေပြီ။ အချို့ကိစ္စရပ်များတွင်၊ လူတို့သည် အလွန်နိမ့်ကျသည်မှာ လိင်မှုသဘာဝနှင့်ဆိုင်သော အပြစ်များကို ကျူးလွန်ရာတွင် မည်သည့် အရှက် သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းမျှ မခံစားကြရပေ။ ဤကဲ့သို့သော လူမျိုးကို သန့်ရှင်းသော ဝိညာဉ်တော်က စွန့်ပစ်ပြီးဖြစ်သည်။ အမှန်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က ထိုသို့သော လူထဲတွင် မရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဆိုးယုတ်မှု၏ လက်တံများသည် သာ၍ ဝေးဝေး ဆန့်ထုတ်သည်နှင့်အမျှ ဖောက်ပြန်ပျက်စီးခြင်းထဲသို့ ၎င်းတို့ သာ၍ နက်ရှိုင်းစွာ နစ်မြုပ်သည်ကိုသာ တွေ့မြင်နိုင်သည်။ နောက်ဆုံးတွင်၊ ဤလမ်းခရီး၏ တည်ရှိခြင်းကို ၎င်းတို့ ငြင်းပယ်ပြီး ၎င်းတို့ အပြစ်ပြုကြသည်နှင့်အမျှ စာတန်၏ ဖမ်းဆီးခြင်းကို ခံကြရလေသည်။ သန့်ရှင်းသော ဝိညာဉ်တော် ရှိခြင်းသာ သင်၌ရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် မရှိသည်ကို သင် တွေ့ရှိပါက ယင်းမှာ ရှိနေဖို့ အန္တရာယ်များသည့် အခြေအနေဖြစ်နှင့်ပြီးဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ရှိခြင်းကိုပင် သင် မခံစားရသည့်အခါ၊ သင်သည် သေလုနီးနီး ဖြစ်ပေသည်။ သင် နောင်တမရပါက၊ စာတန်ထံ လုံးဝ ပြန်သွားခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်ပြီး ဖယ်ရှားခံရသည့် သူများအလယ်တွင် သင် ရှိလိမ့်မည်။ ထို့ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်သာရှိသည့် အခြေအနေတစ်ခုထဲ သင်ရှိသည်ကို (သင် အပြစ်မပြု၊ မိမိကိုယ်ကိုယ် ချုပ်တည်းထားပြီး ဘုရားသခင်ကို ဗြောင်ကျကျ အာခံခြင်း တစ်ခုမျှ သင် မပြု) သင် တွေ့ရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ကင်းမဲ့သည်ကို (သင် ဆုတောင်းသည့်အခါ တို့ထိမှု မခံစားရ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်အခါ သိသာသည့် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ သင် မရရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် ပတ်သက်၍ သင် စိတ်မဝင်စား၊ သင့်အသက်တာတွင် မည်သည့်ကြီးထွားမှုမျှ လုံးဝမရှိသကဲ့သို့ ကြီးမားသည့် အလင်းပြခြင်း သင် ကင်းမဲ့ခဲ့သည်မှာ ကြာပြီ) သင် ရှာဖွေတွေ့ရှိသည့်အခါ- ထိုသို့သော အချိန်များတွင်၊ သင် သာ၍ သတိထားရမည်။ သင့်ကိုယ်သင် အလိုမလိုက်ရ၊ သင်၏ ကိုယ်ပိုင် အကျင့်စရိုက်ကို ရှေ့ဆက်၍ အကန့်အသတ်မရှိ လွှတ်မထားရ။ သန့်ရှင်းသော ဝိညာဉ်တော် ရှိနေခြင်းသည် အချိန်မရွေး ပျောက်ကွယ်နိုင်၏။ ဤသည်မှာ ထိုသို့သော အခြေအနေ အလွန်အန္တရာယ်များရသည့် အကြောင်းရင်း ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် ဤအခြေအနေမျိုးတွင်ရှိသည်ကို တွေ့ရှိရပါက၊ တတ်နိုင်သမျှမြန်မြန် အမှုအရာများကို ပြောင်းလဲဖို့ ကြိုးစားလော့။ ပထမဦးစွာ၊ နောင်တရသည့် ဆုတောင်းချက်ကို သင်ဆိုသင့်ပြီး သင့်အပေါ် သူ၏ ကရုဏာကို နောက်တစ်ကြိမ် ဘုရားသခင် ပေးစေဖို့ တောင်းလျှောက်လော့။ သာ၍ လေးလေးနက်နက် ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ စားသောက်ဖို့ သင်၏ စိတ်နှလုံးကို ငြိမ်သက်စေလော့။ ဤအခြေခံအုတ်မြစ်နှင့်အတူ၊ ဆုတောင်းခြင်းတွင် သင်၏ အချိန်ကို ပိုမို အသုံးပြုရမည်။ သီဆိုခြင်း၊ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းတို့တွင် သင်၏ အားထုတ်မှုများကို နှစ်ဆပြုလော့။ သင် အားအနည်းဆုံး ဖြစ်သည့်အချိန်တွင်၊ သင်၏ စိတ်နှလုံးသည် စာတန်၏ ပိုင်ဆိုင်ခြင်းကို သာ၍အလွယ်တကူခံရတတ်၏။ ထိုသို့ဖြစ်သည့်အခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ယူခြင်းခံရပြီး စာတန်ထံ ပြန်ပို့ခံရလေသည်၊ သည့်နောက် သင်သည် သန့်ရှင်းသော ဝိညာဉ်တော် မရှိဘဲ ဖြစ်လေသည်။ ထိုသို့သော အချိန်များတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပြန်လည်ရရှိဖို့ နှစ်ဆခက်ခဲလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင်နှင့်အတူ ရှိစဉ် သူ၏ အလုပ်ကို ရှာဖွေသည်က ပိုကောင်း၏၊ ယင်းက သင့်အပေါ် သူ၏ ဉာဏ်အလင်းပေးခြင်းကို သာ၍ ပေးသနားဖို့နှင့် သင့်ကို သူစွန့်မပစ်စေဖို့ ဘုရားသခင်ကို အခွင့်ပေးလေသည်။ ဆုတောင်းခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ သင်၏ တာဝန်ဝတ္တရားကို အစေခံခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း- ဤအရာအားလုံးသည် စာတန်က သူ၏ အလုပ်ကို လုပ်ဆောင်ဖို့ အခွင့်အရေးမရှိရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်က သင့်အတွင်းတွင် အမှုပြုနိုင်ဖို့အလို့ငှာ လုပ်ဆောင်ခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပုံမှန်အခြေအနေတစ်ခုထဲသို့ ဝင်ရောက်ပုံ” မှ

ဘုရားသခင်၏ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအမှုတွင် လူအနည်းစုသည်သာ အိမ်သို့ ဆယ်နှစ်ကြာသည်အထိ၊ သို့မဟုတ် တစ်သက်လုံးအထိ ပြန်လာမည်မဟုတ်ဟု ၎င်းတို့ ခံစားရသည်အထိ အရာရာကို စွန့်လွှတ်နိုင်ပြီး ၎င်းတို့၏ မိသားစုကို စွန့်လွှတ်နိုင်ကြကာ ဤအတွက်ကြောင့် မည်သည့် ဆင်းရဲဒုက္ခကိုမျှ မခံစားရကြပေ။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်က လူတို့ကို ပေးအပ်သည့် အားအင်ဖြစ်သည်။ သို့သော် ဤအဆင့်သည် လူတစ်ယောက်၏ ဝိညာဉ်ရင့်ကျက်မှုမှတစ်ဆင့် မရောက်ရှိနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ကြဘဲ ဘုရားသခင်အတွက် အသုံးခံရန် ရိုးသားစစ်မှန်မှုအချို့ကိုသာ ပိုင်ဆိုင်သောကြောင့်ဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားကို အားထုတ်လိုက်စားရန် စိတ်ပိုင်းဖြတ်မှုအချို့ရှိသည့်အပြင် သန့်ရှင်းသောဝိညာဉ်တော်က ၎င်းကို ကျေးဇူးတော်အချို့ပေးလျှင် ၎င်းသည် ထိုအခိုက်အတန့်တွင် အထူးကျေနပ်အားရလိမ့်မည်။ ၎င်းတို့သည် ခွန်အားတစ်မျိုးကိုရမည်ဖြစ်ပြီး ရှေ့သို့ထွက်ကာ ဘုရားသခင်အတွက် အသုံးခံနိုင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ သို့သော် မိမိတို့၏တာဝန်တွင် မှန်ကန်သောလမ်းကြောင်းကို မလိုက်သောသူအချို့ ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို အားထုတ်လိုက်စားရန် အနည်းငယ်မျှအားစိုက်ခြင်း မရှိသည့်အပြင် အမှားမျိုးစုံကို လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ထိုကဲ့သို့သော အမှုကိစ္စများတွင် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အပေါ် အလုပ်လုပ်မည်မဟုတ်ပေ။ ဤသည်မှာ လူကမမှန်ကန်သည့် အမှုကိစ္စတစ်ခုဖြစ်ပြီး အတိတ်ကာလက ၎င်းတို့အပေါ် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်ပြီးဖြစ်နိုင်သည့် အလုပ်မျိုးသည်ပင် အဆုံးရှုံးခံရလိမ့်မည်။ ပြီးလျှင် မိမိတို့ကိုယ်ကိုယ် သတိမထားမိဘဲ အောက်သို့ကျဆင်းသောလမ်းကြောင်းပေါ်သို့ ရောက်ရှိလိမ့်မည်။ သင်သည် သမ္မာတရားကို အားထုတ်လိုက်စားရန် စိတ်ပိုင်းဖြတ်ချက်ရှိသူဖြစ်လျှင် သန့်ရှင်းသောဝိညာဉ်တော်သည် သင် မွေ့လျော်ခံစားရန် ကျေးဇူးတော်ကို ပေးလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သန့်ရှင်းသောဝိညာဉ်တော်မှ ဦးဆောင်သော လမ်းကြောင်းတစ်လျှောက်တွင် သင် ရှေ့ဆက်သွားနိုင်သည်။ သမ္မာတရားသည် သင့်အဖို့ ရှင်းသထက်ရှင်းလင်းလာလိမ့်မည်။ သင်၏ စိတ်ပိုင်းဖြတ်ချက်သည် တည်ငြိမ်သထက် တည်ငြိမ်လာလိမ့်မည်ဖြစ်ပြီး၊ သင့်အပေါ် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်သည် တိုး၍ လွယ်ကူလာလိမ့်မည်။ လူတစ်ယောက်သည် မှန်ကန်သောလမ်းကြောင်းကို မလျှောက်လျှင် သန့်ရှင်းသောဝိညာဉ်တော်သည် အဆုံး၌ ထိုသူတို့ကို ဖယ်ရှားလိမ့်မည်။ ဖယ်ရှားခြင်းခံရပြီးနောက်တွင် ၎င်းတို့၏ နဂိုမူလ စိတ်ပိုင်းဖြတ်ချက်၊ ၎င်းတို့၏ နဂိုမူလ စိတ်ထက်သန်မှုနှင့် ဘေးဖယ်ထားပြီး အသုံးတော်ခံရန် ၎င်းတို့၏ခွန်အားသည် ပျောက်ကွယ်လိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် “ထိုအချိန်က ငါ၏ ယုံကြည်ခြင်းကို ဘုရားသခင်အပေါ် အဘယ်ကြောင့်ထားခဲ့သနည်း။ ဘုရားသခင်အား ငါမယုံကြည်ခဲ့လျှင် ယခု ဤအရာအားလုံးကို ငါ ရင်ဆိုင်ရလိမ့်မည်လော” ဟု ပြောဆိုရန် စိတ်ပြင်းပျနေလိမ့်မည်။ ဤအခိုက်အတန့်တွင် ဤနောင်တများ၊ နာကြည်းချက်များနှင့် အပျက်သဘောဆောင်သောခံစားချက်များ ထွက်ပေါ်လာသည့်အခါတွင် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်းမရှိသည်မှာ ကြာမြင့်ပြီးဖြစ်လိမ့်မည်။ ဤလူကို ဧဝံဂေလိတရားကို ဟောပြောရန်၊ သို့မဟုတ် အခြားအလုပ်တစ်ခုခုကို လုပ်ဆောင်ရန် အသုံးပြု၍ ရနိုင်ဆဲဖြစ်သော်လည်း ထိုသူလုပ်ဆောင်နိုင်သည့်အရာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်မည်မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရသည့်အရာ၊ သို့မဟုတ် လမ်းပြခြင်းခံရသည့်အရာ ဖြစ်မည်မဟုတ်ပေ။ ယင်းကို ၎င်းတို့တွင်ရှိသည့် အသိဉာဏ်နှင့် ဖွံ့ဖြိုးမှုအနည်းငယ်အပေါ် အမှီပြု၍သာ ပြီးမြောက်လိမ့်မည်။ ၎င်းတို့သည် ဇာတိပကတိ ခန္ဓာဖြင့် စွမ်းဆောင်ရရှိနိုင်သည့် ဤအပြင်ပန်းအမှုအရာများကို လုပ်ဆောင်နိုင်စွမ်းရှိသော်လည်း ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ကိုယ်စားမပြုသကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ ရည်ရွယ်ချက်ကိုလည်း ကိုယ်စားမပြုပေ။ အစေခံသူတစ်ယောက်ကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အပေါ် အလုပ်မလုပ်လျှင်ပင် လူတစ်ယောက်သည် အချိန်ကာလတစ်ခုအထိ အစေခံနိုင်ဆဲဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့၌ လူသားစိတ်ကူးများ၊ လူ့ဦးနှောက်၏ လုပ်ဆောင်မှုများ ရှိကြသောကြောင့် သာမန်လူတစ်ယောက် လုပ်ဆောင်နိုင်သည့် အရာအချို့ကို လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ၎င်းတို့အနေဖြင့် မှားယွင်းသော လမ်းကြောင်းသို့ သက်ဆင်းသွားခြင်းသာဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား၊ သို့မဟုတ် ကယ်တင်ခြင်းကို အားထုတ်လိုက်စားခြင်း၊ သို့မဟုတ် ဘုရားသခင်၏ချစ်ခြင်းအတွက် ဘုရားသခင်အား ပြန်လည်ပေးဆပ်ရန် ကြိုးစားခြင်းတို့ မရှိပေ။ ထို့ကြောင့် မကြာခင်တွင် ၎င်းတို့၏လမ်းကြောင်းကုန်ဆုံးသွားသည်ကို တွေ့ကြရသည်။ ယခုအချိန်ကာလတွင် လူများစွာက၊ “ငါသည် သဘောသဘာဝအရ မကောင်းသည်ကို သိသည်။ ငါသည် စိတ်ခံစားချက်များလွန်းပြီး ပုန်ကန်လွန်းသည်”ဟု ပြောဆိုကြသည်။ သို့သော် မည်သည့်အရာကို ၎င်းတို့ပြောသည်ဖြစ်စေ၊ ၎င်းတို့၏ ကိုယ်ပိုင်သဘာဝကို ၎င်းတို့မသိကြသကဲ့သို့ သမ္မာတရား၏ မည်သည့်ရှုထောင့်ကိုမျှ မသိကြပေ။ ၎င်းတို့သည် နားလည်ရမည့်အရာရာတိုင်းကို နားလည်ကြသည့်အလား ၎င်းတို့၏ အယူဝါဒကို မည်မျှကြားကောင်းအောင် ၎င်းတို့ပြုလုပ်သည်ဖြစ်စေ ယင်းကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိပေ။ ဤသည်မှာ ၎င်းတို့အပေါ် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ် ပျောက်ဆုံးသွားနှင့်ပြီဖြစ်သည်ကို သက်သေပြရန် လုံလောက်သည်။ ထို့ကြောင့် သင်၏ လူ့သဘာဝက မည်ကဲ့သို့ရှိသည်ဖြစ်စေ၊ သို့မဟုတ် အယူဝါဒမည်မျှကို သင်နားလည်သည်ဖြစ်စေ၊ သို့မဟုတ် ဒုက္ခမည်မျှကို သင် သည်းခံပြီးသည်ဖြစ်စေ၊ သို့မဟုတ် သင်မည်မျှစွန့်လွှတ်ပြီးသည်ဖြစ်စေ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ် အလုပ်မလုပ်သရွေ့ အရာရာတိုင်းသည် အချည်းနှီးဖြစ်လာလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မရှိသည့်အခါတွင် လူတစ်ယောက်သည် တုံးအလာသည်။ ၎င်းတို့၏ ခွန်အားအနည်းငယ်မျှသည် မည်သည့်အရာနှင့် ညီမျှသနည်း။ ၎င်းတို့၏ ယုံကြည်ခြင်းစိုးစဉ်းမျှသည် မည်မျှရှိပါသနည်း။ ၎င်းတို့၏ အသိပညာတစ်စက်မျှသည် အဘယ်အသုံးဝင်မှု ရှိပါမည်နည်း။ အကျဉ်းထောင်၌နေရခြင်းကို ဥပမာအဖြစ် ကြည့်လော့- ဘုရားသခင်ကို လူတို့ စတင်ယုံကြည်သည့်အချိန်မှစ၍ ၎င်းတို့သည် ဤအရာကို တွေ့ကြုံရသည်။ ၎င်းတို့သည် မကြာခဏဖိနှိပ်ခံရပြီး လိုက်လံဖမ်းဆီးခံရသည်။ ခိုလှုံရန်အတွက် နေရာတိုင်းသို့ ထွက်ပြေးနေရသည်။ ဤအတွေ့အကြုံတို့သည် လူတစ်ယောက်ချင်းစီ၏ စိတ်နှလုံးနှင့် အတွေးများအတွင်းတွင် ဖျက်၍မရသောအရာအဖြစ် စွဲကျန်နေခဲ့သည်- “ငါ ယုဒဖြစ်၍ မဖြစ်။ အသင်းတော်နှင့်ပတ်သက်သည့်ကိစ္စများကို လုံးဝ ပြော၍မရ။” လူအများစုသည် ဤနည်းဖြင့် သူတို့ကိုယ်သူတို့ ပြင်ဆင်ထားကြသည်မဟုတ်လော။ သို့သော် ၎င်းတို့ အမှန်တကယ် အဖမ်းခံရသောအခါတွင်၊ ၎င်းတို့ဆန္ဒရှိသည့်အတိုင်း ပြုမူခြင်းမရှိနိုင်ပေ။ လူတစ်ယောက်သည် စိတ်ရှုပ်ထွေးသည့် အခိုက်အတန့်တွင် ယုဒဖြစ်မလာပေ။ အဆုံးတွင် သင်မည်သို့အဆုံးသတ်မည်ဆိုသည်မှာ သင်သည် ဘုရားသခင်၏ အတည်ပြုလက်ခံပြီးခြင်းရှိမရှိဆိုသည့်အပေါ်တွင် ပထမဦးဆုံး မူတည်သည်ဆိုသည်ကို ယခင်က ဆိုခဲ့ပြီးဖြစ်သည်။ ဆိုလိုသည်မှာ ယင်းသည် သင်၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်းရှိမရှိ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အား အသိဉာဏ်ပွင့်လင်းစေပြီးလမ်းပြနေခြင်းရှိမရှိနှင့် ကျေးဇူးတော်တစ်ခုခုသည် သင်နှင့် အတူ ရှိမရှိဆိုသည့်အပေါ်တွင် အဓိကမူတည်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သန့်ရှင်းသောဝိညာဉ်တော်၏အမှုကို ဆုံးရှုံးသွားသောသူများသည် အန္တရာယ်အရှိဆုံးဖြစ်ကြသည်” မှ

လက်ရှိတွင် စမ်းသပ်မှုများကို ကြုံရသည်နှင့်အမျှ အပျက်သဘောဆောင်သော သူအချို့ရှိပြီး၊ အချို့သည် ညည်းညူခြင်းပင်ပြုကြ၏။ ဘုရားသခင် စကားပြောဆိုခြင်း ပြီးဆုံးပြီဖြစ်သောကြောင့် အခြားလူတို့သည် ရှေ့မဆက်ကြတော့ချေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့ မဝင်ရောက်ကြသေးပေ။ ၎င်းတို့သည် အမှီအခိုကင်းစွာ အသက်မရှင်နိုင်ကြသကဲ့သို့၊ မိမိတို့ကိုယ်တိုင်၏ ဝိညာဉ်ရေးရာအသက်တာကို ထိန်းသိမ်းထားနိုင်ခြင်း မရှိကြပေ။ အချို့လူတို့သည် ရှေ့ဆက်၍ လိုက်ပါကြပြီး အားအင်ဖြင့် ဆက်လက် လုပ်ဆောင်ကြကာ၊ ဘုရားသခင် စကားပြောသည့်အချိန်တွင် လက်တွေ့လုပ်ဆောင်ရန် လိုလားလျက်ရှိကြသော်လည်း၊ ဘုရားသခင် စကားမပြောသည့်အခါ ၎င်းတို့ ရှေ့ဆက်မတိုးကြတော့ပေ။ လူတို့သည် မိမိတို့၏စိတ်နှလုံးများအတွင်းတွင် ဘုရားသခင်၏အလိုတော်ကို နားမလည်ကြသေးသကဲ့သို့၊ ဘုရားသခင်အတွက် အလိုအလျောက်ဖြစ်သော ချစ်ခြင်းမေတ္တာမရှိပေ။ ယခင်က ၎င်းတို့ ဖိအားပေးခံခဲ့ရသောကြောင့် ဘုရားသခင်နောက်သို့ ၎င်းတို့ လိုက်ခဲ့ကြ၏။ ယခုတွင် ဘုရားသခင်၏ အမှုတော်ကို ငြီးငွေ့သောသူအချို့ ရှိသည်။ ထိုသို့သော လူများတွင် အန္တရာယ်ရှိသည် မဟုတ်လော။ များစွာသော လူတို့သည် နိုင်နိုင်နင်းနင်း ဆောင်ရွက်နေရုံ အခြေအနေတွင် ရှိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ စားသောက်ပြီး သူ့ထံ ဆုတောင်းကြသော်လည်း၊ အလွန်စိတ်မပါ့တပါ လုပ်ဆောင်ကြကာ ၎င်းတို့ တစ်ချိန်ကရှိခဲ့ကြဖူးသည့် တက်ကြွမှု မရှိကြတော့ပေ။ လူအများစုသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းအမှု၌ စိတ်ဝင်စားမှု မရှိကြသကဲ့သို့၊ ၎င်းတို့သည် စဉ်ဆက်မပြတ် မည်သည့် အတွင်းပိုင်း တက်ကြွမှုမျှ မရှိကြသည့်အလား ဖြစ်သည်။ အပြစ်များ၏ စီးနင်းခြင်းကို ခံရချိန်တွင် ၎င်းတို့သည် ဘုရားသခင်အပေါ် ကျေးဇူးကြွေးရှိနေသည်ဟု မခံစားရသကဲ့သို့၊ နောင်တခံစားဖို့ အသိစိတ်လည်း မရှိကြချေ။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားပေ၊ သို့မဟုတ် အသင်းတော်ကို စွန့်ခွာခြင်း မပြုကြပေ၊ ယင်းအစား၊ ယာယီပျော်ရွှင်မှုများကိုသာ လိုက်စားကြလေသည်။ ဤလူများသည် လုံးဝ အသုံးမကျသည့် မိုက်မဲသောသူများ ဖြစ်သည်။ အချိန်ကျရောက်လာသည့်အခါ၊ သူတို့အားလုံး မောင်းထုတ်ပစ်ခြင်း ခံရမည်ဖြစ်ပြီး၊ တစ်ဦးတစ်ယောက်မျှ ကယ်တင်ခံရလိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် တစ်ကြိမ်တစ်ခါ ကယ်တင်ခြင်းခံရပါက၊ အမြဲတမ်းကယ်တင်ခြင်း ခံရမည်ဟု သင်ထင်သလော။ ဤယုံကြည်မှုသည် လှည့်ဖြားခြင်းစစ်စစ် ဖြစ်သည်။ အသက်ထဲသို့ ဝင်ရောက်ခြင်းကို ရှာဖွေခြင်းမရှိသူများသည် ပြစ်တင်ဆုံးမခြင်း ခံရလိမ့်မည်။ လူအများစုသည် အသက်ထဲ ဝင်ရောက်ခြင်း၊ ရူပါရုံများ သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းတို့၌ လုံးဝစိတ်ဝင်စားခြင်း မရှိကြပေ။ ၎င်းတို့သည် ဝင်ရောက်ခြင်းကို အားမထုတ်ကြသကဲ့သို့၊ ပို၍နက်ရှိုင်းစွာ ဝင်ရောက်ခြင်းကို သေချာပေါက် အားမထုတ်ကြချေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဖျက်ဆီးနေခြင်း မဟုတ်လော။ ယခု၊ မိမိတို့၏ အခြေအနေများ စဉ်ဆက်မပြတ် တိုးတက်နေသည့် လူတစ်ချို့ ရှိ၏။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်လေလေ ၎င်းတို့သည် ယုံကြည်စိတ်ချမှု ရရှိလေလေ ဖြစ်သည်။ ၎င်းတို့ တွေ့ကြုံရလေလေ၊ ၎င်းတို့သည် ဘုရားသခင်၏အမှု၏ နက်နဲသိမ်မွေ့သော လျှို့ဝှက်ဆန်းကြယ်မှုကို ခံစားရလေလေ ဖြစ်သည်။ ၎င်းတို့ နက်ရှိုင်းစွာ ဝင်ရောက်လေလေ နားလည်လေလေ ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အလွန်ကြီးမားသည်ကို ၎င်းတို့ခံစားရပြီး၊ မိမိတို့ကိုယ်ကိုယ်အတွင်းတွင် တည်ငြိမ်မှုခံစားရကာ ဉာဏ်အလင်း ပေးခံရသည်။ ဘုရားအမှုတော်နှင့် သက်ဆိုင်သော သိနားလည်မှုတစ်ခု ၎င်းတို့၌ ရှိကြသည်။ ဤသည်မှာ ၎င်းတို့အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့် လူများ ဖြစ်သည်။ လူအချို့က “ဘုရားသခင်ထံမှ အသစ်သော နှုတ်ကပတ်တော်များ မရှိသော်လည်း၊ သမ္မာတရားထဲသို့ ပိုပြီးနက်ရှိုင်းစွာ သွားဖို့ ငါ ကြိုးစားဆဲဖြစ်ရမည်။ ငါ၏ တကယ့်အတွေ့အကြုံတွင် အရာရာနှင့် ပတ်သက်၍ ငါစိတ်အားထက်သန် ရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရမည်” ဟု ပြောကြသည်။ ဤသို့သော လူစားမျိုးသည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် ပိုင်ဆိုင်ကြ၏။ ဘုရားသခင်သည် သူ၏ မျက်နှာကို မပြသကဲ့သို့၊ လူတစ်ဦးစီတိုင်းထံမှ ပုန်းကွယ်နေသော်လည်း၊ ပြီးလျှင် စကားတစ်လုံးမှ မြွက်ဆိုခြင်းမရှိဘဲ လူတို့သည် အတွင်းပိုင်း စစ်ဆေးခြင်းအချို့ကို တွေ့ကြုံရသည့် အချိန်များ ရှိသော်ငြားလည်း၊ ဘုရားသခင်သည် လူတို့ကို လုံးဝထားရစ်ခဲ့ခြင်း မရှိပေ။ လူတစ်ဦးသည် ၎င်းဆောင်ရွက်သင့်သည့် သမ္မာတရားကို ထိန်းသိမ်းနိုင်ခြင်း မရှိက၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” မှ

လူတို့သည် လေးလေးနက်နက် ရှာဖွေခြင်း ရှိမရှိဆိုသည်ကို အခြားသူတို့က ၎င်းတို့ကို မည်သို့ အကဲဖြတ်သည် သို့မဟုတ် ၎င်းတို့ အနီးအနားရှိ လူများက ၎င်းတို့ကို မည်သို့ ရှုမြင်သည်ဆိုသည်အားဖြင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့အပေါ် အမှုပြုခြင်း ရှိမရှိဆိုသည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက်ကို ၎င်းတို့ ရရှိပြီးခြင်း ရှိမရှိဆိုသည်တို့အားဖြင့် ဆုံးဖြတ်ပေသည်။ ထို့အပြင် ယင်းသည် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲမှု ရှိမရှိနှင့် အချိန်အတိုင်းအတာ တစ်ခုအတွင်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကြုံပြီးသည့်နောက်တွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာ ၎င်းတို့ ရပြီးခြင်း ရှိမရှိတို့အပေါ် မူတည်ပေသည်။ လူတစ်ဦးအပေါ် သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါတွင်၊ ဤလူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၌ ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်သည် တဖြည်းဖြည်း တိုး၍ ဖြူစင်လိမ့်မည် ဖြစ်သည်။ လူတို့သည် မည်မျှကြာကြာ ဘုရားသခင် နောက်လိုက်သည်ကို ပဓာန မထားဘဲ၊ ၎င်းတို့ ပြောင်းလဲပြီးသရွေ့ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အပေါ် အမှုပြုနေသည်ဟု ဆိုလိုသည်။ အကယ်၍ ၎င်းတို့ မပြောင်းလဲသေးပါက၊ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အပေါ် အမှုပြုနေခြင်း မရှိသည်ကို ဆိုလိုပေသည်။ ဤလူများသည် အစေခံမှုအချို့ ပေးကြလျှင်ပင်၊ ထိုသို့လုပ်ဆောင်ရန် ၎င်းတို့ကို လှုံ့ဆော်သည်မှာ ကောင်းမွန်သော အခွင့်အလမ်း ရရှိလိုသ‌ည့် ဆန္ဒတစ်ခု ဖြစ်သည်။ ရံဖန်ရံခါ အစေခံမှုကို လုပ်ဆောင်ခြင်းမျှသည် ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံခြင်းအား အစားမထိုးနိုင်ပေ။ နောက်ဆုံးတွင် စုံလင်စေခြင်းခံရပြီးသူများနှင့် ဘုရားသခင်ကို သစ္စာရှိသူတို့အား အစေခံမှုပြုရန် နိုင်ငံတော်ထဲတွင် အစေခံသူများ လိုအပ်မည် မဟုတ်သကဲ့သို့ စိတ်သဘောထား မပြောင်းလဲသေးသူ မည်သူ့ကိုမျှ လိုအပ်လိမ့်မည် မဟုတ်သည့်အတွက်၊ ၎င်းတို့သည် ဖျက်ဆီးခံရလိမ့်ဦးမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ပုံဥပမာနှင့်ဆိုင်သည့်” ဆိုသည့် စကားစု မပါဝင်ပါ။

အရှေ့သို့- ၉၇) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေခြင်းနှင့် သက်သေခံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၉၉) ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ခွဲခြားခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်