၁၀၀) လူတစ်ဦးက သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်ကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေချိန်တွင် လူတစ်ဦးသည် မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ခြင်းတွင် ပါဝင်နိုင်ခြင်း ရှိမရှိ၊ အသက်တာတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုက မည်သို့ ထုတ်ဖော်ပြသည်ကို ရှာဖွေတွေ့ရှိနိုင်စွမ်း ရှိမရှိဆိုသည်နှင့် မိမိတို့ကိုယ်ကိုယ် သိကျွမ်းနိုင်ပြီး စစ်မှန်စွာ နောင်တရနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။

(၂) လူတစ်ဦးက မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရား ရှာဖွေနိုင်ခြင်း ရှိမရှိ၊ ပြဿနာများကို ဖြေရှင်းရန် ယင်းကို အသုံးပြုနိုင်ခြင်း ရှိမရှိ၊ အခြားသူတို့ကို မျှတစွာ ဆက်ဆံနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။

(၃) ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အပြင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းက သန့်စင်ခံရသည်အထိ ယင်းတို့အားဖြင့် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို လူတစ်ဦးက လက်ခံနိုင်ခြင်း ရှိမရှိဆိုသည်နှင့် မိမိတို့၏ အတွေ့အကြုံမှ စစ်မှန်သော သက်သေခံချက်ကို ဖော်ပြနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။

(၄) အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များ၊ အသက်နှင့် စံနှုန်းများအပေါ် သဘောထားအမြင်နှင့် သက်ဆိုင်သည့် စစ်မှန်သော ပြောင်းလဲမှု တစ်ခုတစ်လေ ရှိပြီးဖြစ်သည်၊ မဖြစ်သည်၊ အမှုအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ ၎င်းတို့ ရှုမြင်နိုင်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့သည် နှုတ်ကပတ်တော်နှင့် လုပ်ဆောင်ချက် နှစ်ခုလုံးတွင် ရိုးသားကြခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်- သူ၏ အမှုအားလုံး လက်တွေ့ကျသည်၊ သူပြောသည့် နှုတ်ကပတ်တော်အားလုံး လက်တွေ့ကျပြီး၊ သူဖော်ပြသည့် သမ္မာတရားအားလုံး လက်တွေ့ကျလေသည်။ သူ၏ နှုတ်ကပတ်တော်များ မဟုတ်သော အရာအားလုံးသည် နားဝေတိမ်တောင် ဖြစ်သည့်အရာဖြစ်သည်၊ အမှန်တကယ်မရှိသကဲ့သို့ မခိုင်လုံပေ။ ယနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ လမ်းပြရန်ဖြစ်သည်။ အကယ်၍ လူတို့သည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုကို လိုက်စားဖို့ဖြစ်ပါက၊ လက်တွေ့အရှိတရားကို ၎င်းတို့ ရှာဖွေရမည်ဖြစ်ပြီး လက်တွေ့အရှိတရားကို ၎င်းတို့ သိရမည်၊ ထို့နောက်တွင် ၎င်းတို့သည် လက်တွေ့အရှိတရားကို တွေ့ကြုံရမည်ဖြစ်ပြီး လက်တွေ့အရှိတရား၌ အသက်ရှင်နေထိုင်ရမည်။ လူတို့သည် လက်တွေ့အရှိတရားကို သိရှိလေလေ၊ အခြားသူများ၏ စကားများက စစ်မှန်သည် မစစ်မှန်သည်ကို ၎င်းတို့ သိမြင်နိုင်လေလေ ဖြစ်သည်။ လက်တွေ့အရှိတရားကို လူတို့ သိရှိလေလေ၊ အယူအဆများ နည်းပါးလေလေ ဖြစ်သည်။ လက်တွေ့အရှိတရားကို လူတို့ တွေ့ကြုံလေလေ၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သော ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ၎င်းတို့ သိလေလေဖြစ်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများမှ လွတ်မြောက်ဖို့ ၎င်းတို့အတွက် လွယ်ကူလေလေ ဖြစ်သည်။ လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ ဘုရားသခင်ကို ၎င်းတို့ သိရှိလေလေဖြစ်ပြီး၊ ဇာတိပကတိကို ၎င်းတို့ စက်ဆုပ်ရွံရှာလေလေ ဖြစ်ကာ သမ္မာတရားကို ချစ်မြတ်နိုးလေလေ ဖြစ်သည်။ ပြီးလျှင် လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ ဘုရားသခင်၏ သတ်မှတ်ချက်များ၏ စံချိန်စံညွှန်းများနှင့် ၎င်းတို့ နီးစပ်လေလေဖြစ်သည်။ ဘုရားသခင်၏ ရယူခြင်းခံရသော လူတို့သည် လက်တွေ့အရှိတရားကို ပိုင်ဆိုင်သူများ၊ လက်တွေ့အရှိတရားကို သိရှိသူများနှင့် လက်တွေ့အရှိတရားကို တွေ့ကြုံခြင်းမှတစ်ဆင့် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်ချက်များကို သိရှိလာသောသူများ ဖြစ်သည်။ သင်သည် လက်တွေ့ကျသော နည်းလမ်းတစ်ခုဖြင့် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ကာ သင်၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းကြပ်မတ်လေလေ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိလေလေ ဖြစ်လိမ့်မည်၊ လက်တွေ့အရှိတရားကို သင် ရရှိလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်၊ ထိုသို့ဖြင့် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် သာ၍ ကြီးမားလေလေ ဖြစ်လာလိမ့်မည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် အလင်းအောက်တွင် အသက်ရှင်နိုင်ပါက၊ လက်ရှိလက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် သင့်အဖို့ ပိုမိုရှင်းလင်းလာလိမ့်မည်ဖြစ်ပြီး၊ သင်သည် ဘာသာရေး အယူအဆများနှင့် အတိတ်က အလေ့အထဟောင်းများမှ မိမိကိုယ်ကိုယ် ပိုမိုဖယ်ရှားနိုင်လိမ့်မည် ဖြစ်သည်။ ယနေ့ လက်တွေ့အရှိတရားသည် အချက်အချာ ဖြစ်၏- လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ သမ္မာတရားနှင့်သက်ဆိုင်သော ၎င်းတို့၏ အသိပညာသည် ရှင်းလင်းလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏အလိုနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သိနားလည်မှု ကြီးမားလေလေ ဖြစ်သည်။ လက်တွေ့အရှိတရားသည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ အားလုံးကို ကျော်လွှားအောင်မြင်နိုင်သည်၊ သဘောတရားများနှင့် ကျွမ်းကျင်မှုအားလုံးကို ကျော်လွှားအောင်မြင်နိုင်သကဲ့သို့၊ လူတို့သည် လက်တွေ့အရှိတရားကို အာရုံစိုက်လေလေ၊ ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ချစ်မြတ်နိုးလေလေ ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များကို ဆာလောင်ငတ်မွတ်လေလေ ဖြစ်သည်။ သင်သည် လက်တွေ့အရှိတရားကို အမြဲ အာရုံစိုက်ပါက၊ သင်၏ ရှင်သန်ခြင်းအတွက် အတွေးအခေါ်များ၊ ဘာသာရေးအယူအဆများနှင့် ပင်ကိုစရိုက်တို့သည် ဘုရားသခင်၏အမှုနောက်တွင် အလိုအလျောက် ဖျောက်ဖျက်ခံရလိမ့်မည်။ လက်တွေ့အရှိတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သော အသိပညာမရှိသူတို့သည် သဘာဝလွန်သည့်အရာ နောက်သို့လိုက်ရန် အလားအလာရှိကြပြီး၊ အလွယ်တကူ လိမ်လည်လှည့်ဖြား ခံရလိမ့်မည်။ ထိုသို့သောလူများ၌ သန့်ရှင်းသောဝိညာဉ်တော်သည် အမှုပြုရန် နည်းလမ်း လုံးဝ မရှိသောကြောင့် ၎င်းတို့သည် လစ်ဟာမှုကို ခံစားကြရပြီး ၎င်းတို့၏ ဘဝများက အဓိပ္ပာယ်မရှိဟု ခံစားကြရလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့အရှိတရားကို သိရှိပုံ” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုပ်ကိုင်ပြီး ၎င်းတို့ကို ရဲရဲတင်းတင်း ရှင်းပြနိုင်ခြင်းက သင်သည် စစ်မှန်မှုကို လက်ဝယ်ရရှိထားသည်ဟု မဆိုလိုပေ၊ အမှုအရာများသည် သင် ထင်မှတ်သကဲ့သို့ မရိုးစင်းပေ။ စစ်မှန်မှုကို သင် လက်ဝယ် ရရှိထားခြင်း ရှိ မရှိဟူသည် သင် ပြောဆိုသည့်အရာအပေါ် အခြေမခံပေ၊ ထို့ထက် ယင်းသည် သင် အသက်ရှင် နေထိုင်သည့်အရာအပေါ် အခြေခံသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက သင်၏ အသက်တာနှင့် သင်၏ပင်ကိုဖော်ပြချက် ဖြစ်လာသောအခါတွင်သာ၊ သင့်တွင် စစ်မှန်မှု ရှိသည်ဟု ဆိုနိုင်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် စစ်မှန်သော အသိအမြင်နှင့် အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုကို ရရှိခဲ့ပြီးဖြစ်သည်ဟု မှတ်ယူနိုင်သည်။ သင်သည် ရှည်လျားသော အချိန်ကာလများတစ်လျှောက် စစ်ကြောခြင်းကို ကြံ့ကြံ့ခံနိုင်ရမည် ဖြစ်ကာ ဘုရားသခင် သတ်မှတ်ထားသည့် ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်ရမည်။ ယင်းသည် ဟန်ပြခြင်းမျှသာ မဖြစ်ရပေ၊ ယင်းသည် သင့်အထဲမှ သဘာဝအလျောက် စီးဆင်းလာရမည်။ ထိုအခါမှသာ သင်သည် စစ်မှန်မှုကို အမှန်တကယ် ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် အသက်တာကို ရရှိပြီးဖြစ်လိမ့်မည်။ လူတိုင်းရင်းနှီးသည့် အစေခံသူတို့၏ စမ်းသပ်ခံရခြင်း ဥပမာကို ငါအသုံးပြုမည်- အစေခံသူများနှင့် စပ်လျဉ်း၍ အမြင့်မြတ်ဆုံး အယူအဆများကို မည်သူမဆို ပေးနိုင်ပြီး ဤအကြောင်းအရာနှင့် ပတ်သက်သည့် သင့်တင့်လျောက်ပတ်သော သိနားလည်ခြင်း တစ်ခု လူတိုင်းတွင် ရှိကြ၏။ ၎င်းတို့သည် ယင်းအကြောင်း ဟောပြောကြပြီး ဟောပြောချက် တစ်ခုချင်းစီသည် ယခင်တစ်ခုထက် သာလွန်သည်မှာ ယှဉ်ပြိုင်မှု တစ်ခုသဖွယ်ပင် ဖြစ်၏။ သို့သော်လည်း အကယ်၍ လူသားသည် ကြီးမားသော စမ်းသပ်မှု တစ်ခုကို မကြုံရသေးပါက၊ ၎င်းတွင် ထွက်ဆိုရန် ကောင်းသော သက်သေခံချက် တစ်ခု ရှိသည်ဟု ဆိုရန် လွန်စွာခဲယဉ်းပေသည်။ တိုတိုပြောရလျှင် လူသား၏သိနားလည်ခြင်းနှင့် လုံးဝဆန့်ကျင်လျက် သူ အသက်ရှင်နေထိုင်မှုသည် လွန်စွာချို့တဲ့နေဆဲ ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူသား၏ ဝိညာဉ်ရင့်ကျက်မှု အမှန် မဖြစ်သေးပေ၊ ထို့အပြင် ယင်းသည် လူသား၏အသက်တာ မဟုတ်သေးပေ။ လူသား၏ သိနားလည်ခြင်းသည် လက်တွေ့အဖြစ် ဖော်ဆောင်ခြင်း မခံရသေးသောကြောင့်၊ သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ ယိုင်နဲ့နဲ့နှင့် ပြိုကျပျက်စီးလုလု ဖြစ်နေလျက်၊ သဲပေါ် ဆောက်ထားသည့် ရဲတိုက် တစ်ခုပမာ ဖြစ်နေသေးသည်။ လူသားသည် စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းမှာ အလွန် နည်းပါးလွန်း၏။ လူသား၏အထဲ၌ စစ်မှန်မှု တစ်စုံတစ်ရာကို ရှာတွေ့ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ လူသား၏အထဲမှ သဘာဝအလျောက် စီးဆင်းလာနေသော စစ်မှန်မှုသည် အလွန်ပင် နည်းပါးလှပြီး၊ သူတို့ အသက်ရှင်နေထိုင်သော စစ်မှန်မှု အလုံးစုံသည် အတင်းအဓမ္မ လုပ်ယူထားခြင်း ဖြစ်သည်၊ ထိုအကြောင်းကြောင့် လူသားသည် စစ်မှန်မှုကို လုံးဝ မပိုင်ဆိုင်ဟု ငါဆိုခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် သူတို့၏ချစ်ခြင်းသည် မည်သည့်အခါမျှ မပြောင်းလဲပါဟု လူတို့ အခိုင်အမာဆိုသော်လည်း၊ ယင်းသည် မည်သည့်စမ်းသပ်မှုများကိုမှ ၎င်းတို့ရင်မဆိုင်ရသေးမီ၊ ပြောဆိုသည့် အရာမျှသာ ဖြစ်သည်။ ၎င်းတို့သည် တစ်နေ့တွင် စမ်းသပ်မှုများနှင့် ရုတ်တရက် ရင်ဆိုင်ရသောအခါ၊ ၎င်းတို့ပြောဆိုသော အကြောင်းအရာများသည် စစ်မှန်မှုနှင့် လိုက်လျောညီထွေမှုမရှိ နောက်တစ်ကြိမ် ထပ်၍ ဖြစ်သွားလိမ့်မည် ဖြစ်ပြီး၊ လူသားသည် စစ်မှန်မှုကို မပိုင်ဆိုင်ကြောင်း၊ ယင်းက ထပ်မံ၍ သက်သေပြလိမ့်မည်။ သင့်အယူအဆများနှင့် မကိုက်ညီသည့် အရာများနှင့် သင့်ကိုယ်သင် ဘေးဖယ်ထားရန် လိုအပ်သည့်အရာများကို သင် နဖူးတွေ့ဒူးတွေ့ ကြုံရသောအခါတိုင်းတွင်၊ ထိုအရာများသည် သင်၏စမ်းသပ်မှုများဟု ဆိုနိုင်သည်။ ဘုရားသခင်၏ အလိုတော်အား မထုတ်ဖော်မီတွင် လူသားတိုင်းသည် ပြင်းထန်သော စစ်ဆေးမှုတစ်ခုနှင့် ဧရာမ စမ်းသပ်မှု တစ်ခုကို ကြုံတွေ့ရသည်။ ယင်းကို သင် နားလည်သဘောပေါက်နိုင်သလော။ ဘုရားသခင်သည် လူတို့ကို စစ်ကြောလိုသောအခါ စစ်မှန်သော သမ္မာတရားကို မထုတ်ဖော်မီ ကိုယ်တော်က ၎င်းတို့အား ၎င်းတို့၏ ရွေးချယ်မှုများ အမြဲပြုခွင့်ပေးသည်။ ယင်းက ဘုရားသခင်သည် လူကို စမ်းသပ်မှု ခံစေသည့်အခါ၊ ကိုယ်တော်သည် သင့်အား သမ္မာတရားကို မည်သည့်အခါမျှ ပြောပြလိမ့်မည်မဟုတ်ဟု ဆိုလိုပေသည်၊ ထိုအရာသည် လူသားတို့ ဖော်ထုတ်ပြသခံရမည့် နည်းဟန် ဖြစ်သည်။ ဤသည်မှာ မျက်မှောက်ခေတ်၏ ဘုရားသခင်အား သင် သိနားလည်ခြင်း ရှိ မရှိကို မြင်တွေ့ရန်နှင့် စစ်မှန်မှု တစ်စုံတစ်ရာ သင် ပိုင်ဆိုင်ခြင်း ရှိ မရှိကို မြင်တွေ့ရန်၊ ဘုရားသခင်က သူ၏အမှုကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ သင်သည် သံသယများ အမှန်တကယ် ကင်းရှင်းသလော။ ကြီးမားသော စမ်းသပ်မှု တစ်ခု သင့်အပေါ်သို့ ကျရောက်လာသောအခါ၊ သင်သည် အမှန်တကယ် အခိုင်အမာ ရပ်တည်နိုင်လိမ့်မည်လော။ “မည်သည့်ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ကြောင်း ကျွန်ုပ် အာမခံသည်။” ဟု မည်သူ ဆိုဝံ့သနည်း။ “အခြားသူများတွင် သံသယများ ရှိကောင်း ရှိမည်။ သို့သော် ကျွန်ုပ်တွင် မည်သည့်အခါမျှ သံသယရှိလိမ့်မည် မဟုတ်ပါ။” ဟု မည်သူရဲရဲတင်းတင်း ပြောဝံ့သနည်း။ ယင်းသည် ပေတရု စမ်းသပ်မှုများ ခံစားရသည့် အချိန်ကဲ့သို့ပင် ဖြစ်သည်- သမ္မာတရားအား မထုတ်ဖော်မီတွင် သူအမြဲ မိမိကိုယ်ကိုယ် အမွှမ်းတင်ခဲ့သည်။ ဤသည်မှာ ပေတရုတွင်သာ သီးသန့်တစ်မူထူးသော ပုဂ္ဂိလ်ရေး အားနည်းချက်တစ်ခု မဟုတ်ပေ၊ ဤသည်မှာ လူသားတိုင်း လက်ရှိ ရင်ဆိုင်နေသည့် အကြီးမားဆုံးသော အခက်အခဲပင် ဖြစ်သည်။ ယနေ့ ဘုရားသခင်၏အမှုအပေါ် သင်တို့၏ သိနားလည်ခြင်းသည် အဘယ်အရာ ဖြစ်ကြောင်း မြင်နိုင်ရန်အတွက် ငါသည် နေရာ အနည်းငယ်သို့ လာကြည့်ရမည်ဆိုပါက သို့မဟုတ် အနည်းငယ်သော ညီအစ်ကို မောင်နှမများထံ လာကြည့်ရမည်ဆိုပါက၊ သင်တို့၏ အသိပညာ အကြောင်းကို သင်တို့သည် သေချာပေါက် များစွာ ပြောဆိုနိုင်လိမ့်မည် ဖြစ်ကာ သင်တို့တွင် မည်သို့မျှ သံသယ မရှိဟု ထင်ရပေမည်။ “မျက်မှောက်ခေတ်၏အမှုကို ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သည်ဟု သင် အမှန်တကယ် အဆုံးအဖြတ် ပေးနိုင်သလော။ မည်သည့်သံသယမျှ မရှိသလော။” ဟု သင့်ကို ငါမေးခဲ့လျှင် “ယင်းသည် ဘုရားသခင်၏ဝိညာဉ်တော် လုပ်ဆောင်သောအမှု ဖြစ်ပြီး မည်သို့မျှ သံသယမရှိပါ။” ဟု သင် သေချာပေါက်ပြန်ဖြေ လိမ့်မည်။ ထိုကဲ့သို့သော နည်းလမ်းဖြင့် သင် အဖြေပေးပြီးသည်နှင့် တစ်ပြိုင်နက် သင်သည် သံသယ တစ်စွန်းတစ်စမျှ ဧကန်မုချ ခံစားရလိမ့်မည် မဟုတ်ဘဲ၊ စစ်မှန်မှု အနည်းငယ်ကို ရရှိခဲ့ပြီးဖြစ်သည်ဟု တွေးရင်း အတော်အသင့် ကျေနပ်အားရမှုကိုပင် သင် ခံစားရလိမ့်မည်။ အမှုအရာများကို ဤပုံစံဖြင့် နားလည်လေ့ရှိသူများသည် သာ၍ နည်းသော စစ်မှန်မှုကို လက်ဝယ် ရရှိသူများ ဖြစ်ကြ၏။ အကြင်သူသည် ထိုအရာအား ရရှိပြီးပြီဟု တွေးထင်လေလေ စမ်းသပ်မှုများနှင့် ရင်ဆိုင်ရသည့်အခါ၊ ထိုသူအဖို့ အခိုင်အမာ ရပ်တည်နိုင်စွမ်း နည်းလေလေပင် ဖြစ်သည်။ မာနကြီးပြီး ‌မောက်မာသူများသည် အမင်္ဂလာ ရှိကြသည်၊ မိမိတို့ကိုယ်ကိုယ် လုံးဝ မသိသူများသည် အမင်္ဂလာ ရှိကြသည်။ ထိုကဲ့သို့သောလူများသည် အဟောအပြောတွင် အထူး ကျွမ်းကျင်ကြသော်လည်း၊ ၎င်းတို့၏ စကားလုံးများကို လက်တွေ့လုပ်ဆောင်သောအခါ၊ သာ၍ ဆိုးကြလေ သည်။ ဤလူများသည် အသေးဆုံး ဒုက္ခ အရိပ်လက္ခဏာ၌ သံသယများ စတင် ရှိလာပြီး လက်လွှတ်အရှုံးပေးရန် အတွေးသည် ၎င်းတို့၏စိတ်ထဲသို့ ချွတ်နင်း ဝင်ရောက်လာတော့သည်။ ၎င်းတို့သည် မည်သည့်စစ်မှန်မှုကိုမျှ လက်ဝယ်မပိုင်ဆိုင်ကြပေ။ ဘာသာတရား အထက်ရှိ အယူအဆများသာ ၎င်းတို့တွင် ရှိကြပြီး ယခု ဘုရားသခင် လိုအပ်သည့် စစ်မှန်မှုဟူ၍ စိုးစဉ်းမျှ မရှိပေ။ စစ်မှန်မှု စိုးစဉ်းမျှ ပိုင်ဆိုင်မှုမရှိဘဲ၊ အယူအဆများကိုသာ ပြောဆိုတတ်သူများကို ငါ အရွံရှာဆုံး ဖြစ်သည်။ ၎င်းတို့၏အလုပ်ကို ဆောင်ရွက်နေစဉ်တွင် ၎င်းတို့သည် အကျယ်လောင်ဆုံး အော်တတ်ကြသော်လည်း၊ စစ်မှန်မှုနှင့် ရင်ဆိုင်ရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့ ပြိုကွဲသွားတော့သည်။ ယင်းက ဤလူများတွင် စစ်မှန်မှု မရှိကြောင်း မပြသလော။ လေနှင့်လှိုင်းများ မည်သို့ပင် ပြင်းထန် ကြမ်းကြုတ်ပါစေ၊ သင့်စိတ်ထဲသို့ သံသယ တစ်စွန်းတစ်စမျှ ပေးမဝင်ဘဲ၊ ဆက်လက် ရပ်တည်နေနိုင်ပြီး အခြားမည်သူ တစ်ဦးတစ်ယောက်မျှ မကျန်တော့သည့်အခါတွင်ပင်လျှင်၊ သင် အခိုင်အမာ ရပ်တည်နေနိုင်ကာ ငြင်းပယ်ခြင်းမှ လွတ်ကင်းနေပါက၊ သင့်တွင် စစ်မှန်သော သိနားလည်ခြင်း ရှိကြောင်းနှင့် စစ်မှန်မှုကို အမှန်တကယ် လက်ဝယ်ပိုင်ဆိုင်နေကြောင်း မှတ်ယူခြင်း ခံရပေမည်။ သင်သည် စီစဉ်ခြင်း သို့မဟုတ် စဉ်းစားတွေးတောခြင်း မရှိပါက၊ အများစုနောက်သို့ သင်လိုက်ပါပြီး အခြားသူများ၏ စကားကို သံယောင်လိုက်ရန် သင်ယူပါက၊ သင်မည်သို့ စကားပြောကောင်းစေကာမူ၊ ယင်းသည် သင် စစ်မှန်မှုကို လက်ဝယ်ရရှိထားကြောင်း သက်သေဖြစ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် အနှစ်သာရမဲ့သော စကားများကို အလောတကြီး အော်ဟစ် မပြောဆိုဖို့ ငါ အကြံပေးသည်။ ဘုရားသခင် မည်သည့်အရာ လုပ်လိမ့်မည်ကို သင်သိသလော။ သင်သည် သင့်ကိုယ်သင် အရှက်ရစေပြီး ဂုဏ်ယူ ဝင့်ကြွားနိုင်စွမ်း ဆုံးရှုံးသွားမည်စိုး၍ နောက်ထပ်ပေတရုကဲ့သို့ မပြုမူလေနှင့်၊ ယင်းက မည်သူ့ကိုမျှ မည်သည့်ကောင်းကျိုးမျှ မပေးပေ။ လူအများစုတွင် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိကြပေ။ ဘုရားသခင်သည် အမှုများစွာ ပြုခဲ့ပြီးသော်လည်း၊ ကိုယ်တော်သည် စစ်မှန်မှုကို လူတို့အပေါ်သို့ ယူဆောင်လာခဲ့ပြီးခြင်း မရှိသေးပေ။ ပိုမိုတိကျရလျှင် ကိုယ်တော်သည် မည်သူ့ကိုမျှ ကိုယ်တိုင်ကိုယ်ကျ ပြစ်တင်ဆုံးမခြင်း မည်သည့်အခါမျှ မပြုခဲ့ဖူးပေ။ လူအချို့သည် ဘုရားသခင်ကို အသာစီးယူရန် လွယ်ကူပြီး ၎င်းတို့ လုပ်ချင်သမျှ လုပ်နိုင်သည်ဟု တွေးကာ၊ ၎င်းတို့၏ အပြစ်နှင့်ပြည့်သော လက်များက သာ၍ သာ၍ အဝေးသို့ လှမ်းလျက် ထိုကဲ့သို့သော စမ်းသပ်မှုများအားဖြင့် ဖော်ထုတ်ပြသခြင်းကို ခံကြရသည်။ ဤကဲ့သို့သော စမ်းသပ်မှုကိုပင် ၎င်းတို့ ကြံ့ကြံ့ခံနိုင်စွမ်း မရှိကြသည့်အတွက် ၎င်းတို့အတွက် ပိုမိုခက်ခဲသော စမ်းသပ်မှုများမှာ မဖြစ်နိုင်တော့သကဲ့သို့ စစ်မှန်မှုကို ရရှိခြင်းသည်လည်း မဖြစ်ပျက်နိုင်တော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို အရူးလုပ်ရန် ကြိုးစားနေခြင်းမျှသာ မဟုတ်သလော။ စစ်မှန်မှု ရရှိခြင်းဟူသည်မှာ ဟန်ဆောင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ စစ်မှန်မူဟူသည်လည်း ထိုအရာကို သိခြင်းမှ သင် ရယူနိုင်သည့် အရာတစ်ခုလည်း မဟုတ်ပေ။ ယင်းသည် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုအပေါ် မူတည်သကဲ့သို့၊ စမ်းသပ်မှုများ အားလုံးကို သင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိ မရှိဟူသည့်အပေါ်တွင်လည်း မူတည်၏။ သင် နားလည်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်” မှ

လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာသည် စစ်မှန်မှု အကြောင်း ပြောဆိုနိုင်စွမ်း ရှိရုံမျှသာ မဟုတ်ပေ။ ယင်းသည် အလွန် လွယ်ကူနေမည် မဟုတ်သလော။ သို့ဆိုလျှင် အသက်တာ၌ ဝင်ရောက်မှု အကြောင်းကို ဘုရားသခင် အဘယ်ကြောင့် ပြောဆိုသနည်း။ ကိုယ်တော်သည် ပြောင်းလဲခြင်းအကြောင်းကို အဘယ်ကြောင့် ပြောဆိုသနည်း။ အကယ်၍ လူတို့သည် စစ်မှန်မှုအကြောင်း အနှစ်သာရမဲ့ ဟောပြောရုံမျှသာ စွမ်းဆောင်နိုင်ပါက၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုအား ရရှိနိုင်ပါမည်လော။ နိုင်ငံတော်၏ စစ်သည်ကောင်းများကို စစ်မှန်မှုအကြောင်း ပြောရုံသာပြောနိုင်သော သို့မဟုတ် ဝါကြွားရုံသာ တတ်နိုင်သော လူအုပ်စုတစ်ခု ဖြစ်လာရန် လေ့ကျင့်ပေးခြင်း မဟုတ်ပေ၊ ယင်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အချိန်ပြည့် အသက်ရှင်နေထိုင်နိုင်ရန်၊ မည်သည့် ဆုတ်ဆိုင်းမှုများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ အလျှော့မပေးဘဲ ဆက်လက်ရှိနေစေရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အဆက်မပြတ် အသက်ရှင်နေထိုင်ပြီး လောကသို့ ပြန်မသွားရန် ၎င်းတို့အား လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ပြောသည့် စစ်မှန်မှု ဖြစ်၏၊ ဤသည်မှာ လူသားများထံမှ ဘုရားသခင်၏တောင်းဆိုချက် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ပြောဆိုသည့် စစ်မှန်မှုကို ရိုးစင်းလွန်းသောအရာ အဖြစ် မမှတ်ယူလေနှင့်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းရခြင်း သက်သက်မှာ စစ်မှန်မှုကို လက်ဝယ်ပိုင်ဆိုင်ခြင်းနှင့် မညီမျှပေ။ လူသား၏ ဝိညာဉ်ရင့်ကျက်မှုသည် ဤကဲ့သို့မဟုတ်ပေ၊ ယင်းသည် လူသားများ၏ ဖြည့်ဆည်းပေးမှု တစ်ခုမျှ မပါဝင်သော ဘုရားသခင်၏ကျေးဇူးတော် ဖြစ်ပေသည်။ လူသားတစ်ဦးစီသည် ပေတရု၏ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံရမည် ဖြစ်ပြီး ထိုထက်ပင်ပို၍ ဘုရားသခင်၏အမှုကို လူသားများ ရရှိပြီးနောက် ၎င်းတို့အသက်ရှင် နေထိုင်သည့် ပေတရု၏ဘုန်းအသရေကိုလည်း ပိုင်ဆိုင်ရမည် ဖြစ်သည်။ ယင်းကိုသာလျှင် စစ်မှန်မှုဟု ခေါ်နိုင်၏။ စစ်မှန်မှုအကြောင်းကို သင် ပြောဆိုနိုင်ရုံသက်သက်ဖြင့် စစ်မှန်မှုကို သင် ပိုင်ဆိုင်သည်ဟု မထင်မှတ်လေနှင့်။ ဤသည်မှာ အထင်အမြင်မှားခြင်း ဖြစ်၏။ ထိုအတွေးများသည် ဘုရားသခင်၏အလိုတော်နှင့် မကိုက်ညီသည့်အပြင်၊ ယင်းတွင် တကယ့် အရေးပါမှု မရှိပေ။ နောင်တွင် ထိုကဲ့သို့သောအရာများကို မပြောလေနှင့်၊ ထိုကဲ့သို့သော အပြောအဆိုများကို အဆုံးသတ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှားယွင်းစွာ သိနားလည်ကြသူများ အားလုံးသည် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့၌ စစ်မှန်သော သိခြင်း တစ်စုံတစ်ရာမျှ မရှိကြပေ၊ စစ်မှန်သောဝိညာဉ်ရင့်ကျက်မှု သာ၍ နည်း၏၊ ၎င်းတို့သည် စစ်မှန်မှု မရှိသည့် ပညာမဲ့သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရ အပြင်ဘက်တွင် နေထိုင်သူများသည် မယုံကြည်သူများ ဖြစ်ကြ၏။ လူတို့က မယုံကြည်သူများဟု မှတ်ယူခံရသော သူများသည် ဘုရားသခင်၏အမြင်၌ သားရဲများဖြစ်ကြပြီး၊ ဘုရားသခင်က မယုံကြည်သူများဟု မှတ်ယူခံရသောသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့၏အသက်တာအဖြစ် မပိုင်ဆိုင်သောသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို မပိုင်ဆိုင်သူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ရန် ပျက်ကွက်သူများသည် မယုံကြည်သူများ ဖြစ်ကြသည်ဟု ဆိုနိုင်၏။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ လူတိုင်း ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ကြစေရန်အလို့ငှာ ဖြစ်သည်။ စစ်မှန်မှုအကြောင်းကို လူတိုင်း ပြောစေရန်သာ မဟုတ်ဘဲ၊ ထို့ထက်ပို၍ ကိုယ်တော်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို လူတိုင်း အသက်ရှင်နေထိုင်နိုင်စွမ်း ရှိရန် ဖြစ်သည်။ လူသားသိရှိထားသည့် စစ်မှန်မှုမှာ အပေါ်ယံဆန်လွန်းသည်။ ယင်းသည် တန်ဖိုးမရှိဘဲ ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်ပေ။ ယင်းသည် နိမ့်ပါးလွန်းပြီး ဖော်ပြရန်ပင် မထိုက်တန်။ ယင်းသည် များစွာ ချို့တဲ့နေပြီး ဘုရားသခင်၏သတ်မှတ်ချက်များ၏ စံနှုန်းများမှ လွန်စွာဝေးကွာလွန်းနေသည်။ သင်တို့အထဲ၌ မည်သူသည် လမ်းကြောင်းကို ညွှန်ပြနိုင်စွမ်း မရှိဘဲ၊ မိမိ၏သိနားလည်ခြင်း အကြောင်းကို ပြောတတ်ရုံမျှသာ ရှိသည်ကို မြင်တွေ့ရန်နှင့် သင်တို့အထဲ၌ မည်သူသည် အသုံးမဝင်သော အမှိုက်စများ ဖြစ်သည်ကို ဖော်ထုတ်ရန်အလို့ငှာလည်း၊ သင်တို့ အယောက်စီတိုင်းသည် ကြီးမားသော စစ်ဆေးခြင်းကို ခံရလိမ့်မည်။ ယင်းကို ယခုမှစ အမှတ်ရလော့။ အနှစ်သာရမဲ့သော သိနားလည်ခြင်း အကြောင်းကို မပြောလေနှင့်၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းအကြောင်းနှင့် စစ်မှန်မှုအကြောင်းကိုသာ ပြောလော့။ စစ်မှန်သောသိခြင်းမှ အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်းသို့ ကူးပြောင်းလော့၊ ထို့နောက် လက်တွေ့လုပ်ဆောင်ခြင်းမှ စစ်မှန်သော အသက်ရှင်နေထိုင်ခြင်းသို့ ကူးပြောင်းလော့။ အခြားသူများအား သြဝါဒမပေးလေနှင့်၊ ပြီးလျှင် စစ်မှန်သောသိခြင်းအကြောင်း မပြောလေနှင့်။ အကယ်၍ သင်၏ သိနားလည်ခြင်းသည် လမ်းကြောင်းတစ်ခု ဖြစ်ပါက၊ ထိုအရာအပေါ် သင် လွတ်လပ်စွာ ပြောဆိုလော့။ အကယ်၍ ထိုသို့မဟုတ်ပါက ကျေးဇူးပြုပြီး သင့်ပါးစပ်ကို ပိတ်ထား၍ စကားပြောခြင်းကို ရပ်လော့။ သင် ပြောသောအရာသည် အသုံးမဝင်ပေ။ ဘုရားသခင်ကို လှည့်ဖြားရန်နှင့် အခြားသူများ သင့်အပေါ် မနာလို ဖြစ်စေရန်အလို့ငှာ သင်သည် သိနားလည်ခြင်း အကြောင်းကို ပြော၏။ ယင်းသည် သင်၏ရည်မှန်းချက် မဟုတ်သလော။ သင်သည် အခြားသူများအား တမင်သက်သက် ကစားနေခြင်း မဟုတ်သလော။ ယင်း၌ တန်ဖိုးတစ်စုံတစ်ရာ ရှိသလော။ သိနားလည်ခြင်းကို သင်တွေ့ကြုံပြီးနောက် ထိုအကြောင်းကို ပြောလျှင် သင်သည် ကြွားဝါနေသည်ဟု အမြင်ခံရလိမ့်မည်မဟုတ်။ သို့မဟုတ်ပါက သင်သည် စိတ်ကြီးဝင်သောစကားလုံးများကို တဗျစ်တောက်တောက် ပြောသူတစ်ဦး ဖြစ်သည်။ သင်၏တကယ့်အတွေ့အကြုံထဲတွင် သင် မကျော်လွှားနိုင်သော အမူအရာများစွာ ရှိပြီး သင်သည် သင်ကိုယ်တိုင်၏ ဇာတိပကတိကို မဖီဆန်နိုင်ပေ။ သင်သည် ဘုရားသခင်၏အလိုတော်ကို မည်သည့်အခါမှ မဖြည့်ဆည်းဘဲ သင် လုပ်လိုသမျှကို အမြဲတစေ လုပ်နေသော်လည်း၊ သင်သည် အယူအဆဆိုင်ရာ သိနားလည်ခြင်းကိုပြောဆိုရန် ရိုင်းစိုင်းအတင့်ရဲနေသေးသည်။ သင်သည် အရှက်ကင်းမဲ့သည်တကား။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏သိနားလည်ခြင်းအကြောင်း ပြောနိုင်အောင် အတင့်ရဲနေသေးသည်။ သင်သည် လွန်စွာ အရှက်ကင်းမဲ့လိုက်လေတကား။ ဟောပြောခြင်းနှင့် ကြွားဝါခြင်းသည် သင်၏ ဗီဇသဘောစင်စစ် ဖြစ်လာပြီး သင်သည် ထိုလုပ်ဆောင်ခြင်းကို ကျင့်သားရလာပြီဖြစ်သည်။ သင်ပြောလိုသော အချိန်တိုင်းတွင် သင်သည် လွယ်လင့်တကူ ပြောဆိုသော်လည်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက် လာသည့်အခါတွင်မူ အဆင်တန်ဆာ၌ သင် မွေ့လျော်လေသည်။ ယင်းသည် အခြားသူများအား အရူးလုပ်ရန် နည်းလမ်းတစ်ခု မဟုတ်သလော။ သင်သည် လူသားများအား အရူးလုပ်ကောင်း လုပ်နိုင်မည်ဖြစ်သော်လည်း ဘုရားသခင်ကို လှည့်စား၍ မရပေ။ လူသားများသည် သတိမမူကြ၊ ထိုးထွင်းသိမြင်မှု မရှိကြသော်လည်း ဘုရားသခင်က ထိုကဲ့သို့သောအကြောင်းအရာများကို အလေးအနက် ထားသဖြင့် ကိုယ်တော်သည် သင့်ကို သက်ညှာမည်မဟုတ်ပေ။ သင်၏ ညီအစ်ကို မောင်နှမများက သင်၏ သိနားလည်ခြင်းကို ချီးမွမ်းပြီး သင့်ကို ကြည်ညိုလေးစားကာ ထောက်ခံကောင်း ထောက်ခံနိုင်သော်လည်း၊ သင့်တွင် စစ်မှန်မှု လက်ဝယ်မရှိပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို သက်ညှာလိမ့်မည် မဟုတ်ပေ။ လက်တွေ့ကျသောဘုရားသခင်သည် သင်၏ အပြစ်အနာအဆာများအား မရှာဖွေဘဲ နေကောင်းနေလိမ့်မည် ဖြစ်သော်လည်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို လျစ်လျူရှုလိမ့်မည်ဖြစ်ကာ ယင်းသည် သင့်အတွက် ခံနိုင်ရန် ခက်ခဲလိမ့်မည်။ ယင်းကို သင်ယုံကြည်သလော။ လက်တွေ့လုပ်ဆောင်ခြင်း၏ စစ်မှန်မှုအကြောင်း သာ၍ပြောဆိုဦးလော့၊ ယခုပင် သင်မေ့လျော့နေပြီလော။ လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ လမ်းကြောင်းများအကြောင်း ထပ်မံပြောဆိုဦးလော့၊ ယခုပင် သင်မေ့လျော့နေပြီလော။ “မြင့်မြတ်သော အယူအဆများ သို့မဟုတ် တန်ဖိုးမဲ့ပြီး ချဲ့ကားထားသော အဟောအပြောကို လျှော့လော့၊ ယခုမှစ၍ လက်တွေ့ စတင်လုပ်ဆောင်ရန် အကောင်းဆုံးဖြစ်သည်။” ဤနှုတ်ကပတ်တော်များကို သင်မေ့လျော့နေပြီလော။ သင်လုံးဝနားမလည်သလော။ ဘုရားသခင်၏အလိုတော်အား သိနားလည်ခြင်း သင့်တွင် မရှိသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်” မှ

တစ်စုံတစ်ဦးသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ခြင်း ရှိမရှိ မည်သို့တွေ့မြင်နိုင်သနည်း။ ယင်းမှာ ၎င်းတို့စကားပြောဖို့ ပါးစပ်ဟလိုက်သည့် အချိန်ကတည်းက သိသာထင်ရှားလေသည်။ သမ္မာတရား စစ်မှန်မှု မရှိသည့်သူတစ်ဦးသည် မည်သည့် အကြောင်းအရာပင် ဖြစ်ပါစေ အယူဝါဒအကြောင်းကိုသာ ရာနှုန်းပြည့်ပြော၏။ ၎င်းတို့သည် သမ္မာတရားကို အများအားဖြင့် လက်တွေ့လုပ်ဆောင်ခြင်း မရှိကြောင်း တစ်ချက်ကြည့်ရုံမျှဖြင့် သိရသည်။ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သည့်သူ တစ်ယောက်က သင်နှင့် ထိတွေ့ဆက်ဆံသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မိတ်သဟာယပြုချက်သည် သင့်ကို ဝိုင်းရံဖိစီးနေသည့် ပြဿနာများကို ချက်ချင်း ဖြေရှင်းပေးနိုင်သည်။ သင့်ကို နှစ်ပေါင်းများစွာ စိတ်သောကပေးနေသည့် ပြဿနာများ၊ အယူဝါဒကို ဟောကြားခြင်းအားဖြင့် မည်သူ တစ်ဦးတစ်ယောက်ကမျှ ရှင်းလင်းစေနိုင်ခဲ့ခြင်း မရှိသည့် ပြဿနာများကို ၎င်းတို့က စကားအနည်းငယ်မျှဖြင့် ဖော်ထုတ်ပြလေသည်၊ ပြီးလျှင် ၎င်းတို့က သင့်အား သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်တို့ကို နားလည်စေသည်။ သင်သည် စိတ်သောကမရောက်တော့သကဲ့သို့ ချုပ်ချယ်ခံထားရသည်ဟု ခံစားရခြင်းလည်း မရှိတော့ပေ။ သင်သည် ဘောင်ခတ်ခံရခြင်း မရှိတော့ဘဲ လွတ်လပ်ပြီး လွတ်မြောက်သွားလေသည်။ ထို့ကြောင့် ထိုလူများက ပြောသည့်အရာသည် သမ္မာတရား စစ်မှန်မှု ဖြစ်ပေသည်၊ ဟုတ်သည် မဟုတ်လော။ ၎င်းတို့ မည်သည့်အရာကို ပြောသည်ဖြစ်စေ ၎င်းတို့၏ စကားများကို သင်နားမလည်ပါက၊ ထို့ပြင် ၎င်းတို့ပြောသည့်အရာသည် သင်၏ပြဿနာကို အရင်းအမြစ်မှ မဖြေရှင်းပေးပါက ၎င်းတို့ပြောနေသည့် အရာသည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများမျှသာ ဖြစ်သည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသည် လူများကို မထောက်ပံ့ပေးနိုင်သကဲ့သို့ ကူညီပေးနိုင်ခြင်းလည်း မရှိချေ၊ ယင်းတို့သည် လူများ၏ လက်တွေ့ကျသည့် အခက်အခဲများကို မဖြေရှင်းပေးနိုင်ပေ။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

တစ်စုံတစ်ဦးသည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးခြင်း ရှိမရှိအတွက် တိကျသော အရိပ်လက္ခဏာရှိသည်— သင်သည် မည်သည့်လူပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း၊ သင်၏သြတပ္ပစိတ်နှင့် အသိစိတ်တို့က မည်ကဲ့သို့ရှိကြောင်းကို တိတိကျကျ အကဲဖြတ်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်အသုံးပြုနိုင်စွမ်း ရှိသည့်အချိန် ဖြစ်သည်။ ဥပမာ၊ သင်၏အပြုအမူများက မာနထောင်လွှားမှုရှိမရှိ၊ သင်သည် မာနထောင်လွှားကြောင်း သင်ကိုယ်တိုင် ပြသထားပြီးခြင်း ရှိမရှိတို့ကို သင်မပြောနိုင်ပါက သင်၌ ဝင်ရောက်မှု မရှိပေ။ သင်သည် သမ္မာတရား၏ ဤလက္ခဏာကို နားမလည်သောကြောင့် သင်၌ အခြေခံ မရှိချေ။ သင်သည် သမ္မာတရားကို နားလည်ပါက မည်သည့်အရာက မာနထောင်လွှားမှုကို ညွှန်းဆိုပြသည်၊ မည်သည့်အရာက မာနထောင်လွှားမှု ကင်းမဲ့ကြောင်း ညွှန်းဆိုပြသည်ဟူသည့်အပြင် သင့်ကိုယ်သင် မည်သို့မျက်နှာပန်းပြရမည်၊ ဆင်ခြင်တုံတရားရှိစွာနှင့် သာမန်လူ့သဘာဝနှင့်အတူ မည်သို့ပြုမူကျင့်ကြံရမည်ကို သင်နားလည်လိမ့်မည်။ တစ်ခါတစ်ရံ သင်သည် တိုးတက်ကောင်းမွန်အောင် အဘယ်သို့ လုပ်ရမည်၊ သို့မဟုတ် သမ္မာတရားကို အဘယ်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိကောင်း မသိနိုင်သော်လည်း ထိုကဲ့သို့သော အကြောင်းအရာများ၌ ဝင်ရောက်မှုအတွက် နေရာရှိကြောင်းကို သင်သိလိမ့်မည်။ သို့သော် အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားပါက၊ အကယ်၍ သင်သည် ဘုရားနှုတ်ကပတ်တော် သမ္မာတရား၏ စစ်မှန်မှုနှင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရအတွက် ဘုရားသခင်၏ ထုတ်ဖော်ခြင်းအပေါ် အခြေခံ၍ သင့်ကိုယ်သင် မဆင်ခြင်သည့်အပြင် ဤအရာများနှင့်ယှဉ်၍ သင့်ကိုယ်သင် မစစ်ဆေးကြည့်ပါက သင်သည် အစဉ်အမြဲ မရေမရာ ဖြစ်နေလိမ့်မည်။ သမ္မာတရားနှင့်ဆိုပါက သင်သည် ခြားနားချက်ကို ပြောနိုင်ပေမည်။ သမ္မာတရားက သင့်ကို ချက်ချာပါးနပ်စေကာ ပညာရှိစေပြီး ယင်းက သင့်အား အသိတရားကို ပေး၏၊ ယင်းက သင့်ကို အမှန်နှင့်အမှား၊ အဖြူနှင့်အမည်း၊ အပြုသဘောနှင့် အပျက်သဘောတို့ကို ခွဲခြားနိုင်ခွင့်ပေး၏။ အကယ်၍ သမ္မာတရားကို သင်နားမလည်လျှင် ခြားနားချက်က သင့်အတွက် မည်သည့်အခါမျှ ရှင်းလင်းလိမ့်မည်မဟုတ်၊ သင်သည် အမြဲတမ်း နားဝေတိမ်တောင် ဖြစ်နေလိမ့်မည်။ ယင်းက ထိုအတိုင်းပင် ဖြစ်သည်။ သင့်အမှားက အဘယ်မျှကြီးမားပါစေ၊ သို့မဟုတ် သင့်အပြုအမူများက အဘယ်မျှမှန်ကန်ပါစေ သင်သည် ထိုကဲ့သို့သော အရာများ၏ သဘာဝကို သင်ကိုယ်တိုင် သတ်မှတ်ဆုံးဖြတ်၍ မရသေးပေ။ ဘုရားသခင်အတွက်၊ သို့မဟုတ် သမ္မာတရားရှေ့မှောက်တွင် ဤအရာများက ကောင်းသည်ဆိုးသည်ကို သင်လုံးဝမသိပေ။ တစ်စုံတစ်ခုကို ကောင်းသည်ဟု သင်ထင်မြင်သောအချိန်များ ရှိနိုင်သကဲ့သို့ မကောင်းဟု သင်ထင်မြင်သောအချိန်များ ရှိနိုင်သည်။ သင်၌ ရှင်းလင်းပြတ်သားမှု မရှိ၊ သင့်အခြေအနေမှာ အစဉ်သဖြင့် ရှုပ်ထွေးနေပြီး မရှင်းမလင်း ဖြစ်နေသည်— ယင်းက သင်သည် သမ္မာတရားကို လုံးဝ မမှီငြမ်းခဲ့ကြောင်း ပြသ၏။ သမ္မာတရားကို လုံးဝ မမှီငြမ်းသောသူတို့သည် သမ္မာတရားစစ်မှန်မှုထဲ လုံးဝ မဝင်ရောက်ကြချေ။ အကယ်၍ သင်သည် အမှုအရာအများအပြား၌ သမ္မာတရားကို မှီငြမ်းနိုင်ပါက— အမှန်နှင့်အမှား၊ အပြုသဘောနှင့် အပျက်သဘောတို့ကြားက ခြားနားချက်မှာ သင့်အတွက် ရှင်းလင်းပြီး ပွင့်လင်းမြင်သာပါက— သင်၏ ပိုင်းခြားသိမြင်နိုင်စွမ်းတို့မှာ အားကောင်းပြီး ထိုကဲ့သို့သော အကြောင်းအရာများ၌ သင်သည် သမ္မာတရားစစ်မှန်မှုထဲ ဝင်ရောက်ပြီးပြီဖြစ်သည်။ အကယ်၍ သင်သည် ဝင်ရောက်မှုကို မစွမ်းဆောင်မရရှိသေးပါက သင်သည် ဤအရာများ၌ အမြဲတမ်း ရောထွေးနေမည်ဖြစ်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေါလု၏ သဘောသဘာဝနှင့် အနှစ်သာရကို ထိုးထွင်းသိမြင်နည်း” မှ

လူများ၌ ယုံကြည်မှု နှစ်ပေါင်း မည်မျှကြာအောင် ရှိပါစေ၊ ၎င်းတို့၌ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ မည်သည့်အရာ ကောင်းသည်ဆိုသည့် အသိစိတ်တစ်ခု မည်သည့်အခါမျှ မရရှိကြပေ။ ၎င်းတို့သည် ယုံကြည်မှုရှိခြင်းမှ ၎င်းတို့ရရှိနိုင်သည့် လက်ဆုပ်လက်ကိုင် ပြနိုင်သည့်အကျိုးအမြတ်များကို မခံစားနိုင်ကြဘဲ၊ မယုံကြည်သူများကဲ့သို့ပင် မကြာခဏ ဖြစ်ကြကာ၊ လောကီ အလားအလာများကို အနိုင်ရခြင်းမရှိသကဲ့သို့၊ ယင်း၏ စုံစမ်းသွေးဆောင်မှု နှင့် ဆွဲဆောင်မှုအမျိုးမျိုး သို့မဟုတ် ဇာတိပကတိ၏ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကိုလည်း အနိုင်ရခြင်း မရှိပေ။ ၎င်းတို့သည် အတော်အတန် အနှစ်သာရ မဲ့သည်ဟုပင် ခံစားရပြီး၊ ဤခံစားချက်သည် ရံဖန်ရံခါ ပေါ်ပေါက်လာပြီး၊ တိုး၍ သိသာထင်ရှားလာသည်။ ၎င်းတို့က “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် မည်သည့်အဓိပ္ပာယ်မျှ မရှိဘူး မဟုတ်လား။ ကျွန်ုပ်၏ ယုံကြည်မှုသည် ဤအတိုင်းအတာအထိ ကြီးထွားဖွံ့ဖြိုးလာပြီး၊ ကျွန်ုပ်သည် ထိုသို့ ရောက်နေလောက်သင့်ပြီ မဟုတ်လော။ ဤသည်မှာ ဖြစ်ပျက်လေ့ရှိသည့်ပုံစံဟု ကျွန်ုပ်ထင်သည်၊ ပြီးလျှင် ကျွန်ုပ် ကယ်တင်ခြင်းခံရနိုင်ခြင်းရှိမရှိကို မသိနိုင်ပေ။” ဟု သာ၍ သာ၍ တွေးလာကြသည်။ ဤသည်က မည်သည့်အရာကို ရည်ညွှန်းသနည်း။ (သမ္မာတရားကို နားမလည်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးခြင်း မရှိခြင်းဖြစ်သည်။) ယင်းမှာ ထိုအရာ အတိအကျပင် ဖြစ်သည်။ ၎င်းတို့သည် အမှန်တရား စစ်မှန်မှုထဲသို့ မဝင်ရောက်ရသေးပေ။ ယင်းမှာ လူများသည် ဘုရားသခင်က ၎င်းတို့အတွက် ပေးအပ်ပြီး ထောက်ပံ့ပေးသည့် ၎င်းတို့ နားလည်သင့်သည့် ထိုမည်သည့်သမ္မာတရားကိုမျှ နားမလည်သေးသည်ကို ဆိုလိုသည်။ ၎င်းတို့သည် အဘယ့်ကြောင့် နားမလည်ရသေးသနည်း။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့ နေ့စဉ်အသက်တာများတွင် အကောင်အထည် ဖော်ဖို့ လက်တွေ့လုပ်ဆောင်သည့် အခြေခံသဘောတရားများနှင့် လမ်းကြောင်း တစ်ခုအဖြစ် မှတ်ယူကာ၊ ယင်းတို့ကို ၎င်းတို့၏ ကိုယ်ပိုင် စစ်မှန်မှုအဖြစ် ပြောင်းလဲခြင်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့လုပ်သည့်အရာ၊ ၎င်းတို့ရှင်သန်သည့်ပုံစံ၊ ၎င်းတို့တည်ရှိသည့်ပုံစံ သို့မဟုတ် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများနှင့် ၎င်းတို့ဆက်ဆံသည့် မည်သည့်ပုံစံမျှ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အခြေပြု ထားခြင်း မရှိပေ။ သင်သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များ၏ တစ်ခုတစ်လေမျှကို တွေ့ကြုံပြီးခြင်း သို့မဟုတ် သင်ယူပြီးခြင်း မရှိသေးပေ၊ ပြီးလျှင် သူ့နှုတ်ကပတ်တော်များ၏စစ်မှန်သော အဓိပ္ပာယ်မှာ မည်သည့်အရာဖြစ်သည်ကို သင် ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံရသေးသကဲ့သို့ သိလည်းမသိပေ။ ဤအကြောင်းအရင်းအတွက် ဘုရားသခင်က အမှောင်ကမ္ဘာကို ဖော်ထုတ်သည့်အခါ၊ လူများ၏ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ပြီး လူအမျိုးအစားတိုင်း၏အခြေအနေ အမျိုးမျိုးကို ထုတ်ဖော်သည့်အခါ၊ သင်သည် ဤပြဿနာများ၏ အနှစ်သာရကို နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ သင်သည် အတွေ့အကြုံမရှိသည့်အပြင် ဝင်ရောက်မှုကို ကြိုးပမ်းမရရှိသေးသောကြောင့်၊ သင်သည် မည်သည့်အခါမျှ ယင်းကို နားလည်သဘောပေါက်မည် မဟုတ်ပေ။ အမည်အားဖြင့် သင်သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သော်လည်း၊ သင်သည် လောကီလူများနှင့်အတူတူ ဖြစ်နေသေးသည်။ သင်သည် လုံးဝ မပြောင်းလဲသေးပေ။ ယင်းမှာ သင့်စိတ်နှလုံး၏နက်ရှိုင်းရာနှင့် သင်၏သဘာဝ အနှစ်သာရတို့နှင့်စပ်လျဉ်း၍ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မသန့်စင်သေးသကဲ့သို့၊ သင်၏အသက် စိတ်သဘောထားသည်လည်း အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိသေးသည်ကို ဆိုလိုသည်။ ထို့ကြောင့် အစမှအဆုံးထိ သင်သည် ၎င်းတို့၏အရှိကို အရှိအတိုင်း မမြင်နိုင်သောကြောင့်၊ အမှောင်ကမ္ဘာကို၊ စာတန်ဆန်သော အလားအလာများကို၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို၊ ပြီးလျှင် ဂုဏ်ဒြပ်ကို စွန့်လွှတ်နိုင်ခြင်းမရှိပေ။ အသက်တာသည် အနှစ်သာရကင်းမဲပြီး အဓိပ္ပာယ် ကင်းမဲ့ဟုလည်းကောင်း၊ သင်၌ လမ်းကြောင်း သို့မဟုတ် ယုံကြည်မှု မရှိဟုလည်းကောင်း သင်မကြာခဏ ခံစားရသည်။ ဤသည်မှာ သင်သည် ဘုရားသခင်၏အမှုကို မသိဘဲ၊ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှုကို ဖြစ်စေနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အရာရာ၌ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်” မှ

သမ္မာတရား အသက် ကင်းမဲ့သော သူတစ်စုံတစ်ဦးသည် အဘယ် သရုပ်သကန်များ ထုတ်ဖော်ပြသနည်း။ သမ္မာတရား မရှိပါက လူတို့သည် သဘာဝအလျောက် ၎င်းတို့၏ စာတန်နှင့်ဆိုင်သော သဘာဝ၏ အကန့်အသတ်များနှင့် ချုပ်နှောင်ခြင်းများကို ခံကြရမည် ဖြစ်သည်၊ ၎င်းတို့သည် မာနထောင်လွှားပြီး ဘဝင်မြင့်သော၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သော၊ မဆင်မခြင်ဖြစ်ပြီး တဇွတ်ထိုးလုပ်သော စိတ်သဘောထားတစ်ခုကို သဘာဝအလျောက် ထုတ်ဖော်ကြလိမ့်မည် ဖြစ်သည်၊ ပြီးလျှင် တစ်ဦးတည်း ဆုံးဖြတ်ပြီး လုပ်ဆောင်နိုင်ဖွယ်ရှိသည်။ ထိုသို့သော လူများသည် လိမ်ညာပြီး လှည့်စားလိမ့်မည်၊ လှည့်ဖြားပြီး သစ္စာမတည်ဘဲ၊ အခြားသူများကို သံသယဖြစ်လေ့ရှိပြီး အခြားသူများကို တိုက်ခိုက်ပြီး ဝေဖန်အကဲဖြတ်လေ့ရှိလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အခြေအမြစ်မရှိသော အစွဲအလမ်းများနှင့် ကြံရွယ်ချက်များ၏ မှန်ဘီလူးမှတစ်ဆင့် လူများကို အမြဲ အကဲဖြတ်ကြလိမ့်မည် ဖြစ်သည်။ ထိုသို့သော လူများသည် စကားများရော လုပ်ဆောင်မှုများ၌ပါ ၎င်းတို့၏ နှစ်သက်မှုများကို အမြဲ အမှီပြုပြီး ဆုတ်ဆိုင်းမှုများ သို့မဟုတ် ဆုံးရှုံးမှုများကို ကြုံတွေ့ရသောအခါ အပျက်သဘောဆောင်လာကြသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် အလွန့်အလွန် မာနထောင်လွှားကြပြီး ရံဖန်ရံခါ အလွန် အပျက်သဘောဆောင်ခြင်းထဲ ကျရောက်ကြလိမ့်မည်ဖြစ်သဖြင့် ၎င်းတို့သည် မြေထဲသို့ တွင်းတူးဝင်သွားသည့် နီးပါး ဖြစ်ကြသည်။ ဤလူများ အစွန်းရောက်သွားကြပြီး မည်သည့်အခါမျှ ပုံမှန် မဟုတ်ကြချေ။ ၎င်းတို့သည် ၎င်းတို့၏ အစွယ်များကို မထုတ်ပြသည့်အခါ ၎င်းတို့၏ အပြစ်ကင်းပြီး နုံအသည့် မျက်နှာထားကို ထားကြသည်။ ဤသည်မှာ လတ်တလော သင်ရောက်နေသည့် အခြေအနေမျိုးဖြစ်သည်- သင်သည် ဆင်းရဲဒုက္ခခံစားဖို့နှင့် အဖိုးအခတစ်ခုပေးဖို့ လိုလားနေသည်။ သင်၏ သန္နိဋ္ဌာန်နှင့် ဆုံးဖြတ်ချက်တို့သည် ပြည့်စုံသည်- သို့သော် သမ္မာတရား စစ်မှန်မှုကို သင်မပိုင်ဆိုင်သေးပေ။ မိမိတို့၏ အသက်တာများအဖြစ် အသုံးတော်ခံဖို့ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သော လူတို့သည် မိမိတို့ကိုယ်ကို အဘယ်သို့ ဖော်ပြကြသနည်း။ အဓိကလက္ခဏာအနည်းငယ်ကို သင်တို့အား ငါပြောပြမည်။ တစ်ဖက်တွင်၊ လူတို့သည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သည့်အခါ၊ သမ္မာတရားအချို့ကို ၎င်းတို့နားလည်ကြ၏။ အခြားတစ်ဖက်တွင်၊ ၎င်းတို့သည် စိတ်သဘောထားထဲတွင် အပြောင်းအလဲအချို့ကို စတင်ပြသကြပြီး ဖြစ်သည်။ စိတ်သဘောထားအတွင်း ပြောင်းလဲမှုများတွင် ဝိသေသလက္ခဏာတစ်ခုရှိသည်။ ၎င်းမှာ မှန်သောအရာများနှင့် သမ္မာတရားနှင့်ညီသော အရာများကို နာခံနိုင်ခြင်း ဖြစ်၏။ သင့်ကို မည်သူက အကြံဉာဏ်များပေးပါစေ၊ သူတို့မှာ အသက်ငယ်ရွယ်သည်ဖြစ်စေ အိုမင်းသည်ဖြစ်စေ၊ သင်နှင့် အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ၊ သင်တို့ကြားက ဆက်ဆံရေး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ- သူတို့သည် မှန်ကန်ပြီး သမ္မာတရားနှင့်ညီကာ ဘုရားသခင့်အိမ်တော်၏ အလုပ်အတွက် အကျိုးလည်းရှိသရွေ့ သင်သည် ယင်းကို နားထောင်၊ ခံယူပြီး လက်ခံနိုင်ကာ အခြားသော မည်သည့်အကြောင်းရင်းများ၏ ထိခိုက်လွှမ်းမိုးမှုကို မခံရနိုင်ပေ။ ဤသည်မှာ ထိုဝိသေသလက္ခဏာ၏ ပထမရှုထောင့် ဖြစ်၏။ ပထမအနေဖြင့် သင်သည် သမ္မာတရားအပြင်၊ မှန်ကန်သော အရာများနှင့် သမ္မာတရားနှင့် ကိုက်ညီသော အရာများကို လက်ခံနိုင်သည်။ နောက်ထပ်ရှုထောင့်မှာ သင်သည် ပြဿနာတစ်ခုကို ကြုံတွေ့သည့်အခါတိုင်း သမ္မာတရားကို ရှာဖွေနိုင်စွမ်းရှိခြင်းဖြစ်၏။ သမ္မာတရားကို သင် လက်ခံနိုင်ရမည် ဖြစ်သည်သာမက၊ ရှာလည်း ရှာဖွေနိုင်ရပါမည်။ ဥပမာအားဖြင့် သင်သည် မည်သူမျှ နားမလည်နိုင်သည့် အသစ်သော ပြဿနာတစ်ခုကို ကြုံတွေ့ရပါက သင်သည် သမ္မာတရားကို ရှာဖွေနိုင်သည်၊ ထိုအကြောင်းကိစ္စကို သမ္မာတရား အခြေခံသဘောတရားများနှင့် ကိုက်ညီစေရန်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များ ပြည့်ဝစေရန် လုပ်သင့်သည့်အရာကိုဖြစ်စေ၊ လက်တွေ့လုပ်ဆောင်သင့်သည့်အရာကိုဖြစ်စေ သိမြင်နိုင်၏။ သို့သော်လည်း အခြားရှုထောင့်မှာ ဘုရားသခင်၏အလိုတော်အား အရေးထားနိုင်သော စွမ်းရည်ကို ရရှိခြင်းဖြစ်၏။ ကိုယ်တော်၏အလိုတော်ကို သင် မည်ကဲ့သို့ အရေးထားသင့်သနည်း။ ဤအရာသည် သင် ဆောင်ရွက်နေသည့် တာဝန်နှင့် ယင်းနှင့်ပတ်သက်ပြီး သူ၌ ရှိသည့် သတ်မှတ်ချက်များတို့အပေါ် မူတည်ပေသည်။ ဤအခြေခံသဘောတရားကို သင် မလွတ်တမ်းအသုံးချရမည်- ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်၏တာဝန်ကို လုပ်ဆောင်လော့၊ ပြီးလျှင် ဘုရားသခင်၏ ကျေနပ်မှုရသည်အထိ ယင်းကို ဖြည့်ဆည်းလော့။ သင်သည် ဘုရားသခင်၏ အလိုတော်နှင့် သင့်တာဝန်၏ လိုလားသောရလဒ်မှာ အဘယ်အရာဖြစ်သည်ကိုလည်း သင် နားလည်ရမည်ဖြစ်ပြီး တာဝန်ရှိမှုနှင့် သစ္စာစောင့်သိမှုဖြင့် ပြုမူဆောင်ရွက်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအားလုံးမှာ ဘုရားသခင်၏အလိုတော်ကို အရေးထားခြင်း နည်းလမ်းများပင်ဖြစ်၏။ လက်ရှိတွင် သင်ပြုလုပ်နေသော အရာတွင် ဘုရားသခင်၏အလိုတော်အား မည်ကဲ့သို့ အရေးထားရမည်ကို သင်မသိပါက ၎င်းကို ပြီးမြောက်စေရန်နှင့် သူ့ကိုကျေနပ်စေရန်အလို့ငှာ ရှာဖွေမှုအနည်းငယ် သင်လုပ်ရမည်။ ဤအခြေခံသဘောတရား သုံးခုကို သင်တို့ လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ ယင်းတို့အားဖြင့် သင် မည်မျှ ကောင်းစွာ အမှန်တကယ် အသက်ရှင်နေသည်ကို အကဲဖြတ်နိုင်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာတွေ့နိုင်လျှင်၊ အရေးကိစ္စများကို အခြေခံသဘောတရားနှင့်ညီသော ပုံစုံတစ်ခုဖြင့် သင် ကိုင်တွယ်နေလိမ့်မည်ဖြစ်သည်။ မည်သည့်အရာကို သင် ကြုံရနိုင်ပါစေ၊ မည်သည့် ပြဿနာများကို သင် ကိုင်တွယ်ဖြေရှင်းဖို့ ရှိပါစေ၊ လက်တွေ့လုပ်ဆောင်ဖို့ သင့်တော်သည့် အခြေခံသဘောတရားများ၊ ဤအရာများအသီးသီးက မည်သည့် အသေးစိတ်အချက်အလက်များ ပါဝင်သည်ဆိုသည်နှင့် ဤအခြေခံသဘောတရားများကို သင် ချိုးဖောက်မိမနေဖို့ ၎င်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်တို့ကို သင် အမြဲရှာဖွေရမည်။ ဤအရာများကို သင် ရှင်းရှင်းလင်းလင်း နားလည်သည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားကို သင် အလိုအလျောက် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့်သာ သင်သည် ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်းများကို ဖယ်ရှားပစ်နိုင်သည်” မှ

သမ္မာတရား ရှိသောသူများသည် သူတို့၏ လက်တွေ့အတွေ့အကြုံများတွင် နောက်သို့ ပြန်ဆုတ်ခြင်း အလျှင်းမရှိဘဲ၊ သူတို့၏ သက်သေခံချက်များ၌ ခိုင်မာစွာ ရပ်တည်နိုင်သောသူများ၊ သူတို့၏နေရာ၌ ခိုင်မာစွာရပ်တည် နိုင်သောသူများ၊ ဘုရားသခင်ကို သစ္စာရှိနိုင်သော သူများဖြစ်ပြီး ဘုရားသခင်ကို ချစ်သောသူများနှင့် ပုံမှန်ဆက်ဆံရေးရှိသောသူများ၊ တစ်စုံတစ်ခုဖြစ်သောအခါ ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်သောသူများ၊ သေသည်အထိ ဘုရားသခင်ကို နာခံနိုင်သောသူများ ဖြစ်ကြ၏။ လက်တွေ့ဘဝတွင် သင်၏လက်တွေ့လုပ်ဆောင်မှုနှင့် ထုတ်ဖော်မှုတို့သည် ဘုရားသခင်အတွက် သက်သေခံချက်ပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်အတွက် လူ၏အသက်ရှင်နေထိုင်ခြင်းနှင့် သက်သေခံချက်ဖြစ်၏၊ ထို့ပြင် ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို စစ်မှန်စွာ မွေ့လျော်ခြင်းဖြစ်သည်။ သင်သည် ဤအဆင့်အထိ တွေ့ကြုံခဲ့ပြီးသောအခါ၊ ထိုက်သင့်သော အကျိုးဆက်ကို ရရှိပြီးဖြစ်လိမ့်မည်။ သင်သည် စစ်မှန်သော အသက်ရှင်နေထိုင်မှုကို ပိုင်ဆိုင်ထားမည်ဖြစ်ပြီး သင့်လုပ်ဆောင်ချက်တိုင်းကို အခြားသူများက လေးစား အားကျမှုဖြင့် မော်ကြည့်ကြလိမ့်မည်။ သင်၏အဝတ်အစားနှင့် အပြင်ပန်းရုပ်သွင်သည် ထူးခြားခြင်းမရှိသော်လည်း၊ ဘုရားတရားကို အဆုံးစွန် ကိုင်းရှိုင်းသော အသက်တာကို သင်အသက်ရှင် နေထိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ပြောဆိုသည့် အချိန်တွင်၊ ဘုရားသခင်သည် သင့်အား လမ်းပြကာ ဉာဏ်အလင်းကို ဖွင့်ပေးမည်ဖြစ်သည်။ သင်သည် သင်၏ စကားလုံးများမှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို ပြောဆိုနိုင်မည်၊ လက်တွေ့အရှိတရားကိုလည်း ပြောဆိုနိုင်ပြီး ဝိညာဉ်တော် အားဖြင့် အသုံးခံခြင်းအကြောင်းကို များစွာ နားလည်လာလိမ့်မည်။ သင်သည် စကားပြောရာတွင် တဲ့တိုးပြောပြီး သိက္ခာရှိကာ ဖြောင့်မတ်မည်။ ထိပ်တိုက်ရင်ဆိုင်မှု မရှိဘဲ၊ ယဉ်ကျေးသိမ်မွေ့ကာ ဘုရားသခင်၏ အစီအစဉ်များကို နာခံနိုင်ပြီး တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက၊ သင်သည် သင့်သက်သေခံချက်အပေါ်တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်၊ မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်ဖြေရှင်းရာတွင် သင်သည် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ဖြစ်နေမည် ဖြစ်သည်။ ဤသို့သောသူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ အချို့သော သူများသည် ငယ်ရွယ်သေးသော်လည်း၊ လူလတ်ပိုင်းတစ်ဦး ကဲ့သို့ ပြုမူကြသည်၊ သူတို့သည် ရင့်ကျက်၍ သမ္မာတရားကို ပိုင်ဆိုင်ကာ အခြားသူများ၏ လေးစားအားကျမှုကို ခံကြရသည်၊ ဤလူများသည် သက်သေခံချက်ရှိသူများဖြစ်ပြီး ဘုရားသခင်၏ သရုပ်သကန် ဖြစ်ကြသည်။ ဆိုလိုသည့်မှာ သူတို့သည် အဆင့်တစ်ခုထိ တွေ့ကြုံခံစားပြီးသောအခါ၊ သူတို့၏စိတ်အတွင်းတွင် ဘုရားသခင်ကို ထိုးထွင်းသိမြင်နိုင်မှု ရှိလာပြီး သူတို့၏အပြင်ပန်း စိတ်သဘောထားသည်လည်း တည်ငြိမ်သွားလိမ့်မည်။ များစွာသော လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသကဲ့သို့၊ သူတို့၏ သက်သေခံချက်အပေါ်တွင် ခိုင်မာစွာ ရပ်တည်ခြင်းလည်း မရှိပေ။ ထိုသို့သောသူများ၌ ဘုရားသခင်အား ချစ်ခြင်းလည်း မရှိ၊ သို့မဟုတ် ဘုရားသခင်ကို သက်သေခံခြင်းလည်း မရှိပေ၊ ပြီးလျှင် ထိုသူတို့သည် ဘုရားသခင် အရွံရှာဆုံးသောသူများ ဖြစ်သည်။ သူတို့သည် ဝတ်ပြုအစည်းအဝေးများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ကြသော်လည်း၊ သူတို့ အသက်ရှင်နေထိုင်နေသည့်အရာမှာ စာတန်ဖြစ်နေပြီး၊ ဤသည်မှာ ဘုရားသခင်ကို ဂုဏ်သရေညှိုးစေခြင်း၊ သွားပုပ်လေလွင့်ပြောခြင်း နှင့် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ထိုကဲ့သို့သော သူတို့တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလက္ခဏာ လုံးဝ မရှိသကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် လုံးဝ မရှိပေ။ ထို့ကြောင့် လူများ၏ စကားများနှင့် လုပ်ရပ်များက စာတန်ကို ကိုယ်စားပြုနေသည်။ အကယ်၍ သင့်နှလုံးသားသည် ဘုရားသခင်၏ရှေ့တွင် အမြဲတမ်း ငြိမ်သက်ခြင်းရှိပြီး သင့်အနီးအနားတွင် ရှိသောသူများနှင့် အရာများ၊ သင့်အနီးအနားတွင် ဖြစ်နေသော အရာများကို သင်အမြဲဂရုပြုနေလျှင်၊ သင်သည် ဘုရားသခင်၏ ဝန်တာကို သင့်စိတ်ထဲတွင် ဂရုပြုကာ ဘုရားသခင်ကို ချစ်ကြောက်ရိုသေသည့် စိတ်နှလုံးအမြဲရှိလျှင်၊ ဘုရားသခင်သည် မကြာခဏဆိုသလိုပင် သင့်အထဲ၌ ဉာဏ်အလင်းကို ဖွင့်ပေးမည် ဖြစ်သည်။ အသင်းတော်ထဲတွင် “ကြီးကြပ်သူများ” ရှိကြသည်။ သူတို့သည် အခြားသူတို့၏ ကျရှုံးခြင်းကို စောင့်ကြည့်ရန် ရည်ရွယ်ထားကြပြီး အတုယူကာ လိုက်လုပ်ကြသည်။ သူတို့၌ ခွဲခြားနိုင်စွမ်း မရှိကြပေ၊ သူတို့သည် အပြစ်ကို မမုန်းကြပေ၊ စာတန်နှင့်ပတ်သက်သည့် အရာများကို စက်ဆုပ်မုန်းတီးခြင်း၊ သို့မဟုတ် ရွံရှာခြင်း မရှိကြပေ။ ထိုကဲ့သို့သော သူများ၌ စာတန်နှင့်ပတ်သက်သော အရာများဖြင့် ပြည့်နေပြီး သူတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ လုံးဝစွန့်ခွာမှုကို ခံကြရမည် ဖြစ်သည်။ သင့်နှလုံးသားသည် ဘုရားသခင်ရှေ့၌ အမြဲတမ်း ရိုသေလေးမြတ်မှုနှင့် ပြည့်နေသင့်သည်၊ သင်၏စကားများနှင့် လုပ်ရပ်များကို အစွန်းရောက်မှု မရှိအောင် ထိန်းသိမ်းကာ ဘုရားသခင်ကို ဆန့်ကျင်ရန်၊ သို့မဟုတ် စိတ်ပျက်အောင် လုပ်ရန် လုံးဝဆန္ဒမရှိသင့်ပေ။ သင့်အထဲရှိ ဘုရားသခင်၏ လုပ်ဆောင်မှု အလဟဿ ဖြစ်သွားစေရန် သို့မဟုတ် သင်သည်းခံခဲ့သော အခက်အခဲများအားလုံးနှင့် သင် လက်တွေ့လုပ်ဆောင်ခဲ့သောအရာအားလုံးကို အလဟဿ ဖြစ်သွားခွင့် ပြုရန် မလိုလားသင့်ပေ။ သင်သည် ပို၍ကြိုးစားလုပ်ကိုင်ကာ ရှေ့ဆက်လမ်းတွင် ဘုရားသခင်အား ပိုမိုချစ်ရန် လိုလားသင့်သည်။ ထိုလူများသည် ရူပါရုံတစ်ခုကို မိမိတို့၏ အခြေခံအုတ်မြစ်အဖြစ် တည်ထားသူများ ဖြစ်သည်။ ထိုသူတို့သည် တိုးတက်မှုကို ရှာဖွေသောသူများဖြစ်ကြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ

လူတို့သည် ဘုရားသခင်၏ စိတ်နေသဘောထားအား စစ်မှန်သောနားလည်ခြင်းရှိပြီး သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းအား လှိုက်လှိုက်လှဲလှဲချီးမွမ်းခြင်းကို ပေးနိုင်ပါက၊ သူတို့သည် သူ့ကို စစ်မှန်စွာ သိပြီး သမ္မာတရားကို ပိုင်ဆိုင်သည်ဟု ဆိုလိုပေသည်။ ထိုအခါမှသာ သူတို့သည် အလင်းထဲတွင် အသက်ရှင် နေထိုင်သည်။ လူ၏ လောကအမြင်နှင့် ဘဝအမြင်တို့ ပြောင်းလဲသည်နှင့်တစ်ပြိုင်နက်မှသာ၊ အခြေခံကျသော အသွင်ပြောင်းလဲခြင်းကို ကြုံရပေသည်။ လူတစ်ဦးတွင် ဘဝရည်မှန်းချက်တစ်ရပ်ရှိပြီး သမ္မာတရားနှင့်အညီ မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူသည့်အခါ၊ လူတစ်ဦးသည် ဘုရားသခင်အား လုံးဝ ကျိုးနွံနာခံပြီး သူ၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်နေထိုင်သည့်အခါ၊ လူတစ်ဦးသည် ငြိမ်းချမ်းမှု ခံစားရပြီး သူ၏ စိတ်ဝိညာဉ် အတွင်းနက်နက်နေရာများအထိ အလင်းပေးခြင်းခံရသည့်အခါ၊ လူတစ်ဦး၏နှလုံးသားတွင် အမှောင်ထုကင်းမဲ့သည့်အခါ၊ ပြီးလျှင် လူတစ်ဦးသည် လုံးဝ လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်ပြီး ဘုရားသခင်၏ မျက်မှောက်တွင် ချုပ်ထိန်းမခံရသည့်အခါ၊ ထိုအခါမှသာ သူသည် စစ်မှန်သော လူ့အသက်တာကို နေထိုင်ပြီး၊ ထိုအခါမှသာ တစ်ဦးတစ်ယောက်သည် သမ္မာတရားကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်လာပေသည်။ ထို့အပြင် သင်၏ ပိုင်ဆိုင်မှုထဲက ခပ်သိမ်းသော သမ္မာတရားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် ကိုယ်တော်တိုင်ထံမှ လာပြီးဖြစ်ပေသည်။ စကြဝဠာတစ်ခွင်လုံးနှင့် ခပ်သိမ်းသောအရာတို့အပေါ် အုပ်ချုပ်သူ— အမြင့်ဆုံးသောဘုရားသခင်— သည် သင့်ကို မှန်ကန်သော လူ့အသက်တာကို အသက်ရှင်နေထိုင်နေသည့် စစ်မှန်သော လူတစ်ဦးအဖြစ် သဘောကျ၏။ မည်သည့်အရာသည် ဘုရားသခင်၏နှစ်သက်သဘောကျခြင်းထက် သာ၍အဓိပ္ပာယ်ရှိနိုင်မည်နည်း။ ဤသည်မှာ သမ္မာတရားကို ပိုင်ဆိုင်ခြင်း၌ ရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

အရှေ့သို့- ၉၉) ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ခွဲခြားခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၀၁) လူတစ်ဦးက အရည်အချင်း ရှိမရှိဆိုသည်ကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်