၆၄။ ခေါင်းဆောင်များနှင့် အလုပ်သမားများကို စွပ်စွဲပြစ်တင်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) လင်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သည့် ခေါင်းဆောင်များနှင့် အလုပ်သမားများကို သမ္မာတရားအား သိနားလည်သည့် လူအချို့က ထိုသို့ အတည်ပြုသည့်အခါတွင်၊ လူသိရှင်ကြား ရှုတ်ချရနိုင်သည်၊ စွပ်စွဲပြစ်တင်နိုင်ပြီး အစားထိုးနိုင်သည်။

(၂) စိတ်မချရသော ပုံစံဖြင့် ပြုမူကာ အလုပ်အစီအစဉ်များကို ပြင်းပြင်းထန်ထန် ချိုးဖောက်သည့် ခေါင်းဆောင်များနှင့် အလုပ်သမားများကို ၎င်းတို့၏ ထိုသို့သော လုပ်ဆောင်ပြီးခြင်းအား တိကျမှန်ကန်သည့် အတည်ပြုခြင်းခံရသည့်အခါတွင်၊ လူသိရှင်ကြား ရှုတ်ချနိုင်သည်၊ စွပ်စွဲပြစ်တင်နိုင်ပြီး အစားထိုးနိုင်သည်။

(၃) အပြစ်ဒုစရိုက်တစ်ခုကို ကျူးလွန်သည့် သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြသည့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးကို ချစ်ခင်စွာဖြင့် ကူညီသင့်သည်။ သမ္မာတရားကို လက်ခံဖို့ ၎င်းတို့ ငြင်းဆန်ပါက၊ ၎င်းတို့ကို လူသိရှင်ကြား ရှုတ်ချနိုင်သည်၊ စွပ်စွဲပြစ်တင်နိုင်ပြီး အစားထိုးနိုင်သည်။

(၄) ခေါင်းဆာင် သို့မဟုတ် အလုပ်သမားတစ်ဦးသည် ဆိုးယုတ်မှုနှင့်သက်ဆိုင်သည့် အထူးထူး အပြားပြားသော လုပ်ရပ်များကို ကျူးလွန်မိပြီး အခြားသူတို့အား ထောင်ဖမ်းကာ မမှန်မကန် စွပ်စွဲရင်း ဆင်းရဲဒုက္ခခံစားစေပါက၊ ၎င်းတို့ကို စွပ်စွဲပြစ်တင်ကာ လူသိရှင်ကြား ရှုတ်ချရမည်ဖြစ်ပြီး ၎င်းတို့အား ထုတ်ပယ်ခြင်းကို ထုတ်ပြန်ရမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများသည် အန္တိခရစ်များကို မည်သို့ဆက်ဆံသင့်သနည်း။ ၎င်းတို့သည် ထိုသူတို့ကို ခွဲခြားသိမြင်ရမည်၊ ဖော်ထုတ်ရမည်၊ တိုင်ကြားရမည်ဖြစ်ပြီး နှင်ထုတ်ရမည် ဖြစ်သည်။ အန္တိခရစ်တစ်ဦးက ခေါင်းဆောင်မှု နေရာတစ်ခုသို့ မည်သို့ရောက်လာသည်ဖြစ်စေ၊ သူသည် အစဉ် ဘုရားသခင်ကို ခုခံသူတစ်ဦး ဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦး၏ ခေါင်းဆောင်မှုကို လက်ခံရမည်မဟုတ်သကဲ့သို့၊ သူလုပ်ဆောင်သည့်အရာမှာ သင့်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဦးဆောင်ဖို့ မဟုတ်သည့်အတွက်၊ သူ့ကို ခေါင်းဆောင်တစ်ဦးအဖြစ် သင်အသိအမှတ်မပြုရ။ သူသည် သင့်ကို ငရဲသို့ ဆွဲချလိုပြီး သူလျှောက်လှမ်းနေသည့် အန္တိခရစ်များ၏ တူညီသော လမ်းကြောင်းတစ်လျှောက် သင့်ကို တရွတ်တိုက်ဆွဲလို၏။ ဘုရားသခင်အား ဆန့်ကျင်ခုခံခြင်းနှင့် ဘုရားသခင်၏ အမှုကို နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့တွင် သူသည် သင့်ကို သူနှင့်အတူ ပူးပေါင်းစေသည်။ သင်သည် သူနှင့်အတူ ရွှံ့နွံထဲတွင် လူးလိမ့်ပျော်မြူးလာဖို့အလို့ငှာ သူသည် သင့်ကို သုတ်ယူကာ ဆွဲလေသည်။ ဤအရာကို သင်လိုက်လျောမည်လော။ သင်လိုက်လျောပါက၊ ထို့ပြင် သင်သည် သူနှင့် အပေးအယူလုပ်ပါက၊ သနားကရုဏာအတွက် သူ့ကို တောင်းခံပါက၊ သို့မဟုတ် သူ၏ သိမ်းပိုက်ခြင်းကို ခံရပါက၊ သင်သည် သက်သေမခံလေပြီ၊ ပြီးလျှင် သင်သည် သမ္မာတရားနှင့် ဘုရားသခင် နှစ်ခုလုံးကို သစ္စာဖောက်သော လူတစ်ဦးဖြစ်ပြီး- ထိုသို့သော လူတို့ကို ကယ်တင်၍ မရနိုင်ပေ။ ကယ်တင်ခြင်းရရှိဖို့အလို့ငှာ လူတစ်ဦးပြည့်မီရမည့် သတ်မှတ်ချက်များမှာ အဘယ်နည်း။ ပထမဦးစွာ၊ ၎င်းတို့သည် ဆိုးယုတ်သော အန္တိခရစ်များကို ခွဲခြားရန် အစွမ်းအစကို ပိုင်ဆိုင်ရမည်။ ၎င်းတို့၌ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာ ရှိရမည်။ ဘုရားသခင်ကို ၎င်းတို့ စစ်မှန်စွာ ယုံကြည်နိုင်ပြီး လူကို ကိုးကွယ်ခြင်း၊ သို့မဟုတ် လူနောက်လိုက်ခြင်းအား ရှောင်ကြဉ်နိုင်သည်မှာ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာအား ပိုင်ဆိုင်ခြင်းအားဖြင့်သာ ဖြစ်သည်။ အန္တိခရစ်များကို ခွဲခြားနိုင်သော လူတို့သာ ဘုရားသခင်ကို အမှန်တကယ် ချစ်ဖို့နှင့် သူ့နောက် လိုက်ပြီး သက်သေခံဖို့ အစွမ်းအစ ရှိပေသည်။ အန္တိခရစ်များကို ခွဲခြားဖို့အလို့ငှာ၊ လူတို့သည် ပထမဦးစွာ လူများနှင့် အမှုအရာများကို ပြီးပြည့်စုံသော ရှင်းလင်းမှုနှင့် သိနားလည်မှုတို့ဖြင့် တွေ့မြင်ရန် သင်ယူရမည်။ ၎င်းတို့သည် အန္တိခရစ်များ၏ အနှစ်သာရကို သိမြင်နိုင်ရမည်ဖြစ်ပြီး ၎င်းတို့၏ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်များ၊ လှည့်စားချက်များ၊ အတွင်း အရင်းခံအကြောင်းများနှင့် ရည်မှန်းချက်များအားလုံးကို ရိပ်စားမိရမည်။ ဤအရာကို သင်လုပ်ဆောင်နိုင်ပါက၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်ပေသည်။ ကယ်တင်ခြင်းကို သင်ရရှိလိုပါက၊ သင်အောင်မြင်ရမည့် ပထမဆုံးသော စစ်ဆေးမှုမှာ စာတန်ကို မည်သို့ အနိုင်ယူရမည်ဆိုသည်နှင့် ပြင်ပလောကမှ ရန်လိုသော အင်အားစုများနှင့် ဝင်ရောက်စွက်ဖက်ခြင်းတို့ကို မည်သို့အောင်မြင်ကျော်လွှားကာ အောင်နိုင်ရမည်ဆိုသည်တို့ကို သင်ယူဖို့ ဖြစ်သည်။ သင်သည် စာတန်၏ အင်အားစုများကို ဆန့်ကျင်တိုက်ပွဲဝင်ရာတွင် အဆုံးထိ မဆုတ်မနစ် လုံ့လထုတ်ရန် ဝိညာဉ်ရင့်ကျက်မှုနှင့် လုံလောက်သော သမ္မာတရားတို့ကို ပိုင်ဆိုင်ပြီး ၎င်းတို့ကို အနိုင်ယူပြီးသည်နှင့်တစ်ပြိုင်နက်- ထိုအခါတွင်သာ- သင်သည် သမ္မာတရားကို မှန်မှန်လိုက်စားနိုင်ပြီး ထိုအခါမှသာ သင်သည် သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ပေးအပ်ခံရခြင်း လမ်းကြောင်းပေါ် တည်ကြည်ခိုင်မာစွာနှင့် မတော်တဆ ထိခိုက်ခြင်း မရှိဘဲ ခြေလှမ်းနိုင်ပေသည်။ သင်သည် ဤစစ်ဆေးမှုကို မအောင်မြင်နိုင်ပါက၊ သင်သည် ကြီးမားသော အန္တရာယ်တွင်ရှိနေပြီး အန္တိခရစ်၏ ဖမ်းဆီးခံရကာ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်လာရနိုင်ဖွယ်ရှိသည်ဟု ဆိုနိုင်ပေသည်။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကြားတွင် သမ္မာတရား လိုက်စားနေသည့် လူများကို တားဆီးပြီး ခြေထိုးကြသူအချို့ လတ်တလောတွင် ရှိနိုင်ခြေရှိပြီး ၎င်းတို့သည် လူတို့၏ရန်သူများ ဖြစ်၏။ ဤအရာကို သင်လက်ခံသလော။ ဤအချက်ကို ရင်မဆိုင်ဝံ့သကဲ့သို့ ယင်းကို အမှန်တရားအဖြစ်လည်း လက်မခံဝံ့သည့် အချို့သော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ရှိ၏။ လက်တွေ့အရှိတရားတွင်၊ အသင်းတော်ထဲ၌ ဤအရာများ ဧကန်အမှန် တည်ရှိ၏။ လူတို့က ၎င်းတို့ကို မသိမြင်နိုင်ခြင်းသာ ဖြစ်သည်။ အကယ်၍ သင်သည် ဤစစ်ဆေးမှုကို- အန္တိခရစ်များနှင့်ဆိုင်သော စစ်ဆေးမှုကို- မအောင်မြင်နိုင်ပါက၊ သင်သည် အန္တိခရစ်များ၏ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်ခြင်း ခံရပေသည်၊ သို့မဟုတ် ၎င်းတို့၏ ဆင်းရဲဒုက္ခခံစေခြင်း၊ ညှဉ်းဆဲခြင်း၊ တွန်းထုတ်ခြင်း၊ ဖိနှိပ်ခြင်းနှင့် စော်ကားခြင်းတို့ကို ခံရပေသည်။ နောက်ဆုံးတွင်၊ သင်၏ အလွန်တန်ဖိုးနည်းသည့် သေးငယ်သောဘဝသည် ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ညှိုးခြောက်သွားလိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိတော့မည် မဟုတ်သကဲ့သို့၊ “ဘုရားသခင်သည် ဖြောင့်ပင်မဖြောင့်မတ်တော်မူပါ။ ဘုရားသခင် အဘယ်မှာနည်း။ ဤလောကတွင် ဖြောင့်မတ်ခြင်းသော်လည်းကောင်း၊ အလင်းသော်လည်းကောင်း မရှိသကဲ့သို့ လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်းကဲ့သို့သော အရာမျိုး မရှိပါ။ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ နေ့ရက်များကို အလုပ်သွားခြင်းနှင့် ငွေရှာခြင်းဖြင့် ဖြတ်သန်းပါက ပိုကောင်းဦးမည်” ဟု ပြောရင်း သူ့ကို သင်စွန့်ခွာလိမ့်မည်။ သင်သည် ဘုရားသခင်ကို ငြင်းပယ်ပြီး သူတည်ရှိကြောင်း မယုံကြည်တော့ပေ။ သင်ကယ်တင်ခြင်းရမည်ဆိုသည့် မျှော်လင့်ချက်တစ်ခုတလေ လုံးဝ ကုန်ဆုံးသွား၏။ ထို့ကြောင့် သင်သည် ကယ်တင်ခြင်း ရရှိနိုင်သည့် နေရာသို့ ရောက်ရှိလိုပါက၊ သင်အောင်မြင်ရမည့် ပထမဆုံး စစ်ဆေးချက်မှာ စာတန်ကို ရိပ်စားမိနိုင်ခြင်းဟူသော စစ်ဆေးချက်တစ်ခု ဖြစ်ပြီး၊ သင်သည် ထရပ်ကာ စာတန်ကို ဖော်ထုတ်ကာ စွန့်ပစ်ဖို့ သတ္တိလည်း ရှိရမည်။ သို့ဆိုလျှင် စာတန် အဘယ်မှာရှိသနည်း။ စာတန်သည် သင့်နံဘေးနှင့် သင်၏ ဘက်ပေါင်းစုံတွင် ရှိသည်။ သူသည် သင့်စိတ်နှလုံးအတွင်းတွင်ပင် အသက်ရှင်နေနိုင်သည်။ သင်သည် စာတန်၏ စိတ်သဘောထားအတွင်းတွင် အသက်ရှင်နေပါက၊ သင်သည် စာတန်နှင့် သက်ဆိုင်သည်ဟု ဆိုနိုင်၏။ သင်သည် ဝိညာဉ်လောကနှင့်ဆိုင်သည့် စာတန်ကို မမြင်နိုင်၊ သို့မဟုတ် မထိတွေ့နိုင်သော်လည်း လက်တွေ့ဘဝတွင် တည်ရှိသည့် စာတန်သည် နေရာတကာတွင် ရှိ၏။ သမ္မာတရားကို အလွန်မုန်းတီးသည့်လူ မည်သူမဆိုသည် ဆိုးယုတ်ပြီး သမ္မာတရားကို လက်မခံသည့် မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် မည်သည့်အမှုတော်ဆောင်မဆိုသည် အန္တိခရစ်နှင့် ဆိုးယုတ်သော လူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ရှင်သန်နေသည့် စာတန်များဖြစ်ကြသည် မဟုတ်လော။ ဤလူများမှာ သင်ကိုးကွယ်ပြီး ကြည်ညိုသည့်သူများစင်စစ် ဖြစ်နေနိုင်၏။ ၎င်းတို့မှာ သင့်ကို ဦးဆောင်သော လူများ၊ သို့မဟုတ် သင်၏စိတ်နှလုံးထဲတွင် သင်ကြာမြင့်စွာ တောင့်တနေခဲ့ရသူများ၊ လေးစားနေခဲ့ရသူများ၊ ယုံကြည်ကိုးစားပြီး အားကိုးနေခဲ့ရသူများ ဖြစ်နိုင်သည်။ သို့သော်၊ စင်စစ်အားဖြင့် ၎င်းတို့သည် သင်၏လမ်းတွင် တားဆီးနေပြီး ကယ်တင်ခြင်းမရအောင် သင့်ကိုဟန့်တားနေသည့် လမ်းဆို့များဖြစ်သည်။ ၎င်းတို့သည် အန္တိခရစ်များဖြစ်ကြ၏။ ၎င်းတို့သည် သင်၏ဘဝနှင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းတို့ကို ထိန်းချုပ်နိုင်ပြီး၊ ကယ်တင်ခြင်း ပေးအပ်ခံရမည့် သင်၏အခွင့်အရေးကို ဖျက်ဆီးနိုင်သည်။ ၎င်းတို့ကို သင်မခွဲခြားနိုင်သကဲ့သို့ မရိပ်စားမိနိုင်ပါက၊ အချိန်မရွေး၊ သင်သည် ၎င်းတို့၏ ထောင်ချောက်များထဲသို့ ထိုးစိုက်ကျနိုင်သည်၊ သို့မဟုတ် ၎င်းတို့၏ ဖမ်းဆီးခြင်းနှင့် ခေါ်ဆောင်သွားခြင်းကို ခံရနိုင်ပေသည်။ ထို့ကြောင့်၊ သင်သည် ကြီးမားသော အန္တရာယ်တွင် ရှိ၏။ ဤအန္တရာယ်ကို လွတ်မြောက်နိုင်သူ များစွာရှိသလော။ ယင်းကို သင်တို့ လွတ်မြောက်ပြီးပြီလော။ မိမိတို့ကိုယ်ကို သမ္မာတရား လိုက်စားသူများဟု ခေါ်ဆိုပြီး၊ အန္တိခရစ်များကို ၎င်းတို့မကြောက်ဟု ပြောသောသူအချို့ ရှိ၏- ဤသည်မှာ သင်္ကြန်အမြောက်မျှသာဖြစ်သည် မဟုတ်လော။ မိမိတို့၏ အစွယ်များကို ဖြဲပြနေပြီး မိမိတို့၏ လက်သည်းများကို ဝှေ့ရမ်းပြလျက်ရှိသည့် လူ့သဘာဝညံ့ဖျင်းပြီး မကောင်းမှုပြုနေသည့် အန္တိခရစ်တစ်ဦးကို သင်ကြုံရပါက၊ ၎င်းတို့ကို သင်သတိပြုမိဖို့ သေချာသည်။ သို့သော် အတော်အတန် ဘုရားတရား ကိုင်းရှိုင်းပုံရပြီး လူတို့၏ အယူအဆများကို လက်ခံသည့်၊ ၎င်း၏လူ့သဘာဝက ထူးကဲ့သည့်၊ ၎င်း၏စကားနှင့် လုပ်ရပ်တို့က အလွန်ပညာသားပါကာ၊ နူးညံ့ပြီး ထောက်ထားတတ်သည့် အန္တိခရစ်တစ်ဦးရှိပါက၊ သင်သည် ထိုသူကို ရိပ်စားမိနိုင်လိမ့်မည် မဟုတ်- သို့သော် ၎င်းတို့၏ အပြုအမူ၊ အတွေးများနှင့် အမြင်များအပြင် အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့် နည်းလမ်းများနှင့် သမ္မာတရားကို ၎င်းတို့သိနားလည်သည့် နည်းလမ်းများသည်ပင်၊ အားလုံးက သင့်ကို ထိခိုက်စေနိုင်လိမ့်မည်။ ယင်းတို့၏ သက်ရောက်မှု အတိုင်းအတာမှာ အဘယ်နည်း။ ယင်းတို့သည် သင်ပြုမူသည့်နည်းလမ်း၊ သင်လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် ဘုရားသခင်အပေါ် သင်၏သဘောထားတို့ကို ထိခိုက်နိုင်၏။ အဆုံးတွင်၊ ၎င်းတို့သည် သင်၏ရုပ်တုဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ သင်၏စိတ်နှလုံးတွင် နေရာတစ်ခု ယူကြလိမ့်မည်ဖြစ်ကာ၊ သင်သည် ၎င်းတို့ကို ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ပေ။ ဤအတိုင်းအတာထိ သင်လွှမ်းမိုးခံရသည့်အခါတွင်၊ သင်၏ ကယ်တင်ခြင်း မျှော်လင့်ချက်သည် အတော်အတန် နည်းပါးကောင်း နည်းပါးလာနိုင်သည်။ သင့်ကို ဘုရားသခင်နှင့် သမ္မာတရားက ထိုမျှအတိုင်းအတာတစ်ခုထိ အမှုပြုခဲ့မည်ဆိုပါက၊ ယင်းကို ကြိုဆိုလက်ခံရမည်ဖြစ်ပြီး ကောင်းမွန်သော အရာတစ်ခု ဖြစ်မည်ဖြစ်သော်လည်း၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့်‌ လူတစ်ဦး၊ သို့မဟုတ် စာတန်အမျိုးတစ်ဦး၏ ထိန်းချုပ်မှုကို ထိုမျှ အတိုင်းအတာတစ်ခုထိ ခံရထားရခြင်းမှာ- ယင်းသည် သင့်အတွက် ကပ်ဆိုက်မှုတစ်ခု ဖြစ်မည်လော၊ သို့မဟုတ် ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်မည်လော။ သင့်အတွက် ကပ်ဆိုက်မှုတစ်ခု ဖြစ်မည်ဖြစ်ပြီး ကောင်းချီးမင်္ဂလာ လုံးဝမဖြစ်နိုင်ပေ။ ၎င်းတို့သည် သင့်ကို ယာယီ လမ်းကြောင်းတစ်ခု ပေးကောင်းပေးနိုင်သော်လည်း၊ သို့မဟုတ် သင့်ကို ယာယီထောက်ပံ့ပေးခြင်း၊ ကူညီပေးခြင်း၊ တည်ဆောက်ပေးခြင်း၊ အစရှိသဖြင့် ပြုကောင်းပြုနိုင်သော်လည်း၊ ထို့ပြင် ဤအရာက သင့်အဖို့ ကြီးမားသော အကျိုးကျေးဇူးရှိပုံ ရမည်ဖြစ်သော်လည်း၊ ၎င်းတို့သည် သင်၏ရှေ့ဆက်ဦးတည်ချက်ကိုပင် စီစဉ်ညွှန်ကြားနိုင်သည်အထိ သင်၏ စိတ်နှလုံးထဲတွင် နေရာတစ်ခုယူပြီး၊ သင်၏အတွေးများနှင့် အမြင်များကို ၎င်းတို့ထိန်းချုပ်ကာ စီစဉ်ညွှန်ကြားနိုင်ကြသည်ဆိုပါက၊ သင်သည် ဒုက္ခရောက်ပေပြီ- ထိုအခါ သင်သည် စာတန်၏ ထိန်းချုပ်မှုအောက်တွင် ရှိလိမ့်မည်ဖြစ်သည်။ အန္တိခရစ်တစ်ဦးနှင့် သက်ဆိုင်၍၊ “သူသည် စာတန်မဟုတ်ပါ။ သူသည် သမ္မာတရားကို လိုက်စားသည့် ဝိညာဉ်ရေးရာပြည့်ဝသော လူတစ်ဦးဖြစ်ပါသည်” ဟု ပြောသောသူများ ရှိသည်။ ယင်းသည် ခိုင်လုံသော ထွက်ဆိုချက် ဟုတ်ပါသလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ရှာဖွေနိုင်ဖို့နှင့် ဘုရားသခင်ရှေ့မှောက်သို့ သင်လာကာ သူ့အပေါ် မှီခိုရန်နှင့် သူ့ကို ရှာဖွေရန် သင်ယူဖို့အလို့ငှာ၊ ထို့ပြင် သူနှင့် သင်၏ဆက်ဆံရေးက တိုး၍ နီးသည်ထက် နီးစပ်လာဖို့အလို့ငှာ၊ သမ္မာတရားကို အမှန်တကယ် လိုက်စားသူ မည်သူမဆိုက သင့်ကိုပေးသည့် လမ်းပြမှု၊ ကူညီမှုနှင့် ထောက်ပံ့မှုတို့သည်- သင့်ထံ ၎င်းတို့ဆောင်ကြဉ်းပေးသည့် လွှမ်းမိုးမှု၊ သို့မဟုတ် အကျိုးကျေးဇူးသည်- သင့်ကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာပေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ တိုး၍ နီးသည်ထက် နီးစပ်သွားသည်မှာ သင်နှင့် ထိုလူ၏ ဆက်ဆံရေးဖြစ်ပါက၊ အဘယ်အရာ ဖြစ်ပျက်နေသနည်း။ ယခု သင်လျှောက်လှမ်းနေသည့် လမ်းကြောင်းသည် ပြောင်းပြန်ဖြစ်သွားပြီး၊ သင်သည် မှားယွင်းသောလမ်းကို ဦးတည်နေပေသည်။ ဤအရာက မည်သည့်အကျိုးဆက်များဆီသို့ ဆိုက်ရောက်စေသနည်း။ လူ့ရှေ့မှောက်သို့ ခေါ်ဆောင်ခံရပြီးနောက်တွင်၊ သင်သည် ဘုရားသခင်ထံမှ အလွန်ဝေးကွာသွားလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်က သင်ကိုးကွယ်သည့် ရုပ်တုကို အကျိုးမပြုသည့် တစ်စုံတစ်ရာကို လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက်၊ သင်သည် ချက်ချင်း ပုန်ကန်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဖြစ်နေကျ ဖြစ်ရပ်တစ်ခု ဖြစ်သည်။ အချို့သော ခေါင်းဆောင်များ အစားထိုးခံရသည့်အခါ၊ သို့မဟုတ် အချို့သော ကိစ္စရပ်များတွင် ၎င်းတို့နှင်ထုတ်ခံရသည့်အခါ၊ ၎င်းတို့၏ နောက်လိုက်များသည့် ၎င်းတို့နှင့်အတူ ထွက်ခွာသွားကြပြီး ယုံကြည်ခြင်းကို ရပ်လိုက်ကြသည်။ ဤသည်မှာ ဖြစ်နေကျ ဖြစ်ရပ်တစ်ခု မဟုတ်လော။ အဘယ်သို့ဖြစ်၍ ၎င်းတို့သည် ယုံကြည်ခြင်းကို ရပ်လိုက်ကြသနည်း။ ၎င်းတို့က၊ “ကျွန်ုပ်၏ခေါင်းဆောင်သည် ကယ်တင်မခံရနိုင်ပါက၊ ကျွန်ုပ်သည် မည်သည့်မျော်လင့်ချက် ရှိပါသနည်း” ဟု ပြောကြသည်။ ဤသည်မှာ မရေရာသော စကားဖြစ်သည် မဟုတ်လော။ ထိုသို့သော အရာတစ်ခုကို ၎င်းတို့ အဘယ်သို့ ပြောနိုင်ကြသနည်း။ ၎င်းတို့၏ ခေါင်းဆောင်များက ၎င်းတို့ကို လှည့်ဖြားထားပြီး ဖြစ်သည်။ လှည့်ဖြားခံရခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့ခေါင်းဆောင်၏ ထိန်းချုပ်မှုအောက်တွင် ရောက်နှင့်နေကြခြင်းဖြစ်ပေသည်။ ၎င်းတို့ခေါင်းဆောင်၏ စကားနှင့် လုပ်ရပ်တိုင်း၊ လုပ်ဆောင်ချက်နှင့် လှုပ်ရှားမှုတိုင်း၊ ထို့ပြင် ၎င်းတို့၏ခေါင်းဆောင် စွဲကိုင်သည့် မည်သည့်အမြင်များကိုမဆို၊ ၎င်းတို့သည် အစုလိုက်အပြုံလိုက် လက်ခံပြီး ယင်းတို့ကို စံများနှင့် သာဓကများအဖြစ် အသုံးပြုကာ၊ အမြင့်ဆုံးသော သမ္မာတရားအဖြစ် မှတ်ယူကြလေသည်။ ထို့ကြောင့် တစ်ဦးတလေက ၎င်းတို့ခေါင်းဆောင်များ၏ စကားများ၊ လုပ်ရပ်များ၊ သို့မဟုတ် အမြင်များကို မှားသည်ဟု ပြောခြင်း၊ သို့မဟုတ် ၎င်းတို့၏ ခေါင်းဆောင်များနှင့်ပတ်သက်၍ အပျက်သဘောဆောင်သည့် အရာတစ်ခုတလေ ပြောဆိုခြင်း၊ သို့တည်းမဟုတ် ၎င်းတို့၏ ခေါင်းဆောင်များကို ရှုတ်ချခြင်းနှင့် ကောက်ချက်များ ချခြင်းတို့ကို ၎င်းတို့သည်းမခံကြချေ။ ခေါင်းဆောင်က နှင်ထုတ်ခံလိုက်ရသည်နှင့်၊ သို့မဟုတ် အဖြုတ်ခံလိုက်ရသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ထိန်းချုပ်သောသူများသည် မိမိတို့၏ခံယူချက်တွင် မယိမ်းမယိုင်ဘဲလျက် ၎င်းတို့နှင့်အတူ ထွက်ခွာသွားပြီး၊ မည်မျှပင် ဖျောင်းဖျသည်ဖြစ်စေ ၎င်းတို့ကို ပြန်လည်မခေါ်ဆောင်နိုင်ပေ။ ၎င်းတို့သည် ၎င်းတို့ခေါင်းဆောင်၏ ထိန်းချုပ်မှုအောက်တွင် ရှိကြသည် မဟုတ်လော။ ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင်သာ သင်သည် ၎င်းတို့ကိုယ်စား တရားမျှတမှုအတွက် တိုက်ပွဲဝင်ပေမည်၊ သို့မဟုတ် ၎င်းတို့၏ ပူပန်သောကများ၊ ၎င်းတို့၏ အတွေးများ၊ ၎င်းတို့၏ မျက်ရည်များနှင့် ၎င်းတို့၏ နာကြည်းချက်တို့ကို မျှဝေခံစားမည်၊ ဘုရားသခင်ကို အသိအမှတ်မပြုတော့သည်အထိ ဖြစ်ကြပေမည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ သင်သည် ၎င်းတို့ကို သင့်စိတ်နှလုံး၏ အတွင်းအကျဆုံးသောနေရာက ကျိုးနွံမှုဖြင့် နာခံပြီး ၎င်းတို့နောက် လိုက်ဖို့အလို့ငှာနှင့် ဘုရားသခင်အပေါ် ငြင်းပယ်ခြင်း သဘောထားကို သင်ခံယူဖို့အလို့ငှာ၊ သင်၏သခင်၊ သင်၏ဘုရားသခင်၊ သင်မှီခိုသည့်အရာ ၎င်းတို့ဖြစ်ဖို့ဖြစ်သည်။ သင်သည် အန္တိခရစ်ကို ဘုရားသခင်အဖြစ် မှတ်ယူလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ကို သင်၏သခင်နှင့် ဘုရားသခင် ဖြစ်စေပြီး ဖြစ်လိမ့်မည်။ သင့်အဖို့၊ ဘုရားသခင်သည် အချည်းနှီးဖြစ်လိမ့်မည်- ယင်းမှာ ရလဒ်ဖြစ်၏။ သင်လျှောက်သည့် လမ်းကြောင်း မှားယွင်းပါက၊ ဤသည်မှာ မြေကြီးလက်ခတ်မလွဲသော ရလဒ်ဖြစ်သည့်အတွက်၊ အန္တိခရစ်အားဖြင့် လှည်ဖြားခံရခြင်းနှင့်ပတ်သက်၍ သင်မစိုးရိမ်သကဲ့သို့၊ အန္တိခရစ်တစ်ဦးနောက်ကို လိုက်ခြင်းအား သင်မကြောက်ရွံ့ဟု ပြောခြင်းသည် အသုံးမဝင်ပေ။ ယင်းကို သင်မလွတ်မြောက်နိုင်သကဲ့သို့ ဤအမှန်တရားကို သင်မပြောင်းလဲနိုင်ပေ။ သင်ရွေးချယ်ပြီးဖြစ်သည့် လမ်းကြောင်းတစ်လျှောက် သင်လျှောက်လှမ်းသည်နှင့်အမျှ၊ ဤရလဒ်သည် အပေါ်ယံသို့ တစ်စချင်း ပေါလောပေါ်လာပြီး ၎င်းကိုယ်၎င်း ထင်ရှားပြပေသည်။ ထိုအခါတွင်၊ မရေမရာဖြစ်စရာ တစ်ခုတလေမျှ မရှိ- ရလဒ်သည် မြေကြီးလက်ခတ်မလွဲဖြစ်ပေ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁)” မှ

ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ သူ လုပ်ဆောင်သည့်အရာ မှန်ပါက၊ သူ့ကို သင် နာခံနိုင်သည်။ သူ လုပ်ဆောင်သည့်အရာ မှားယွင်းပါက၊ သူ့ကို သင် ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ခြင်းပင်ပြုကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ သူသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင်၊ အတုအယောင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက၊ သူ၏ ခေါင်းဆောင်မှုကို သင် ငြင်းနိုင်ပြီး၊ သင်သည်လည်း သူ့အကြောင်း တိုင်ကြားကာ သူ့ကို ဖော်ထုတ်နိုင်သည်။ သို့သော်၊ ဘုရားသခင် ရွေးကောက်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ထို့ကြောင့် မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ဝံ့ကြချေ။ ၎င်းတို့က၊ “ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက၊ ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက၊ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်ကို ကျွန်ုပ် စွန့်ခွာပါက၊ ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ အသင်းတော်သည် ဘုရားသခင်ကို ကိုယ်စားပြုပါသည်” ဟု ပြောကြသည်။ ဤသို့တွေးတောပုံများသည် ထိုသို့သောလူ၏ အမှုအရာများကိုသဘောထားပုံအပေါ် သက်ရောက်မှုရှိသည် မဟုတ်လော။ ခေါင်းဆောင်က သင့်ကို နှင်ထုတ်ပါက၊ သင် ကယ်တင်ခြင်း မခံရနိုင်တော့သည်မှာ အမှန်တကယ် မှန်နိုင်ပါမည်လော။ သင်၏ ကယ်တင်ခြင်းနှင့်ဆိုင်သော စဉ်းစားရမည့် အကြောင်းအရာသည် သင်၏ ခေါင်းဆောင်၏ သင့်အပေါ်သဘောထားအပေါ် တည်မှီသလော။ များလှစွာသော လူတို့သည် ထိုသို့သော အကြောက်တရား အတိုင်းအတာတစ်ခု အဘယ်ကြောင့် ရှိကြသနည်း။ ခေါင်းဆောင် အတုအယောင် သို့မဟုတ် အန္တိခရစ်တစ်ဦး ဖြစ်သူက သင့်ကို ခြိမ်းခြောက်သည်နှင့်တစ်ပြိုင်နက် ယင်းကို သင်က အထက်သို့ အကြောင်းမကြားဝံ့သည့်အပြင်၊ ထိုအချိန်မှစ၍ သင်သည် ခေါင်းဆောင်နှင့် တစ်စိတ်တည်းဖြစ်လိမ့်မည်ဟု အာမခံပါက၊ သင်သည် ကျဉ်းထဲကျပ်ထဲကျပြီ မဟုတ်လော။ ဤသည်မှာ သမ္မာတရား ရှာဖွေသော လူစားမျိုးလော။ သင်သည် စာတန်ဆန်သော အန္တိခရစ်များက ကျူးလွန်နိုင်သည့်အရာဖြစ်သည့် ထိုသို့သော ယုတ်မာသည့် အပြုအမူကို မဖော်ထုတ်ဝံ့သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့်၊ ထိုအန္တိခရစ်များကို နာခံပြီး ၎င်းတို့၏ စကားများကို သမ္မာတရားအဖြစ်ပင်ခံယူပြီး ယင်းတို့ကို သင် နာခံလေသည်။ ဤသည်မှာ မိုက်မဲမှု၏ စံနမူနာ ဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ထိခိုက်နစ်နာသည့်အခါ၊ ယင်းက သင်နှင့် ထိုက်တန်သည့်အရာ မဟုတ်သလော။ ဘုရားသခင်က သင့်အား ထိခိုက်နစ်နာစေပြီး ဖြစ်သလော။ ယင်းကို သင့်ဘာသာသင် ဆန္ဒပြုခဲ့ခြင်းဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦးကို သင်၏ခေါင်းဆောင်အဖြစ် ခံယူပြီး၊ သူ့အား ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မ တစ်ဦးအလား ဆက်ဆံခဲ့သည်- ပြီးလျှင် ယင်းက သင်၏အမှားဖြစ်သည်။ အန္တိခရစ်တစ်ဦးကို ဆက်ဆံသင့်သည့် သဘောထားမှာ အဘယ်နည်း။ သူ့ကို ဖော်ထုတ်ပြီး ၎င်းကို ခုခံတွန်းလှန်ဖို့ အင်တိုက်အားတိုက် ကြိုးစားသင့်သည်။ သင်သည် ဤသည်ကို တစ်ဦးတည်း မလုပ်ဆောင်နိုင်ပါက၊ လူပေါင်းစုံတို့က အတူတကွ စုပေါင်းလျက်၊ ၎င်းကို တိုင်ကြားရမည်။ အထက်မှ ခေါင်းဆောင်အချို့နှင့် အမှုတော်ဆောင်အချို့တို့သည် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နေကာ၊ တကယ့်အလုပ်ကို မလုပ်နေဘဲ၊ ညီအစ်ကိုမောင်နှမများကို ဒုက္ခရောက် စေပြီး၊ ဂုဏ်ဒြပ်နှင့်သက်ဆိုင်သည့် ကောင်းကြီးမင်္ဂလာများကို ငမ်းငမ်းတက် လိုချင်နေသည်ကို သိရှိရခြင်း၌ လူအချို့သည် ထိုအန္တိခရစ်များကို ဖယ်ရှားဖို့ ပန်ကြားခြင်းတစ်ခုကို လက်မှတ်ထိုးခဲ့ကြသည်။ ဤလူများသည် အဘယ် ဆန်းကြယ်သည့်အလုပ်ကို လုပ်ခဲ့ကြသနည်း။ ယင်းက ဤလူများသည် သမ္မာတရားကို နားလည်ကြောင်း၊ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှုပမာဏ အချို့ကို ပိုင်ဆိုင်ကြောင်းနှင့် ၎င်းတို့သည် စာတန်အားဖြင့် ထိန်းချုပ်ခံရခြင်း မရှိသကဲ့သို့၊ လှည့်စားခံရခြင်းလည်း မရှိကြောင်း ပြနေသည်။ ဤသည်က အန္တိခရစ်များနှင့် ခေါင်းဆောင်အတုအယောင်များသည် အသင်းတော်၌ အဓိကဖြစ်သော ရာထူးတစ်ခုကို မကိုင်စွဲထားဘဲ၊ ၎င်းတို့သည် ၎င်းတို့ပြောသမျှနှင့် လုပ်သမျှတွင် ၎င်းတို့၏စရိုက်မှန်ကို ထင်ထင်ရှားရှား မပြရဲကြောင်းကိုလည်း သက်သေပြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် တကယ် ထုတ်ဖော်ပြပါကလည်း၊ ၎င်းတို့ကို စောင့်ကြည့်စစ်ဆေးဖို့၊ ဖော်ထုတ်ဖို့နှင့် ဖယ်ရှင်းဖို့ လူများရှိသည်။ ဆိုလိုသည်မှာ သမ္မာတရားကို အမှန်တကယ် နားလည်သူများ၏ စိတ်နှလုံးများတွင် လူပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်ဒြပ်၊ ဩဇာတိက္ကမနှင့် ဩဇာအာဏာတို့သည် ဩဇာလွှမ်းမိုးနိုင်သည့် အရာများ မဟုတ်ပေ။ သမ္မာတရားကို နားလည်သည့် သူများအားလုံးသည် ထိုးထွင်းသိမြင်မှု ရှိနိုင်ကြပြီး ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုတွင် လူများသည် မည်သည့်လမ်းကြောင်းကို လိုက်လျှောက် သင့်သကဲ့သို့၊ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ၎င်းတို့ မည်သို့ ဆက်ဆံသင့်သည်ကို ပြန်တွေးပြီး ပြန်လည် သုံးသပ်ကြသည်။ ၎င်းတို့သည် မည်သူ့နောက်ကို လူများလိုက်သင့်သည်၊ လူများနောက်လိုက်ခြင်းတွင် မည်သည့်အပြုအမူ ပါဝင်ပြီး ဘုရားသခင် နောက်လိုက်ခြင်းတွင် မည်သည့်အပြုအမူ ပါဝင်သည်တို့နှင့်ပတ်သက်၍လည်း စတင် တွေးတောကြသည်။ ဤသမ္မာတရားများကို နှစ်ပေါင်းများစွာ တွေးဆပြီး ဒေသနာများကို မကြာခဏ နားထောင်ပြီးသည့်နောက်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားများကို မရည်ရွယ်ဘဲ နားလည်လာပြီးဖြစ်သောကြောင့်၊ ၎င်းတို့၌ ဝိညာဉ်ရင့်ကျက်မှု အချို့ ရရှိပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် လမ်းကြောင်းမှန်ပေါ်သို့ စတင်ပြီးဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁)” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများက သမ္မာတရား စစ်မှန်မှု ရှိသည် မရှိသည်ကို ဆန်းစစ်ရန် သမာသမတ်အရှိဆုံးနှင့် အမျှတဆုံးသော နည်းလမ်းကို အဓိကအားဖြင့် ၎င်းတို့ကို ဘုရားသခင်၏ ရွေးချယ်ထားသောလူ အများစုက လက်ခံကာ ထောက်ခံခြင်းရှိမရှိဆိုသည့်အပေါ် အခြေပြုသင့်ပေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသူများ၏ အားပေးမှုနှင့် ထောက်ခံမှု မရရှိသော ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးသည် သမ္မာတရား စစ်မှန်မှု မရှိဖို့ရန် သေချာပေသည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးသည် ဘုရားသခင်၏ ရွေးချယ်ထားသူများထဲမှ လူအတော်များများ၏ စွပ်စွဲမှုနှင့် မုန်းတီးခြင်းတို့ကို ခံရပါက၊ ဤလူသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၊ အန္တိခရစ် နှင့် နတ်ဆိုးတစ်ဦးဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များ၊ အန္တိခရစ်များနှင့် နတ်ဆိုးများကို ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏ ရွေးချယ်ထားသူများသည် ထိုလူကို လူသိရှင်ကြား စွပ်စွဲရှုတ်ချခြင်း၊ ဖယ်ရှားခြင်းနှင့် နှင်ထုတ်ခြင်းတို့တွင် ပေါင်းစည်းနိုင်ပေသည်။ ထိုသို့သော လုပ်ရပ်များကို ဆောင်ရွက်ခြင်းသည် ဘုရားသခင်၏ ရွေးချယ်ထားသူများကို ကာကွယ်ပြီး စာတန်အား ဘုရားသခင်၏ အမှုကို နှောင့်ယှက်ခြင်းနှင့် ဝင်စွက်ဖက်ခြင်းတို့မှ ကာကွယ်ရန်အလို့ငှာ လိုအပ်ပေသည်။ ဘုရားသခင်က လူတို့ကို ကယ်တင်ရန် အမှုပြုနေစဉ်တွင် အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများသည် ၎င်းတို့၏ အသက်စိတ်သဘောထားများတွင် ပြောင်းလဲမှု အပြည့်အဝ မကြုံရသေးသောကြောင့်၊ ဘုရားသခင်၏ ရွေးချယ်ထားသူတို့အတွက် အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများ၏ ကြီးကြပ်မှုကို လက်တွေ့လုပ်ဆောင်ရန်မှာ သမ္မာတရား အခြေခံသဘောတရားနှင့် ဘုရားသခင်၏ အလိုတော်တို့နှင့် အညီ လုံးဝ ဖြစ်ပေသည်။ အချို့သော လူတို့သည် ရာထူးအဆင့်အတန်း၊ အာဏာ၊ ငွေနှင့် နာမည်ဂုဏ်သတင်းတို့နှင့် ရင်ဆိုင်ရချိန်တွင် ၎င်းတို့၏ စစ်မှန်သော စရိုက်မှန်များကို ထုတ်ဖော်ပြလိမ့်မည်မှာ မလွဲမသွေ ဖြစ်သည်။ စွန်ပစ်ခံရပြီးဖြစ်သည့် အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အယောင်ဆောင်သော အလုပ်သမားများသည် ဤအရာကို သက်သေပြုနိုင်ပေသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်တစ်လျှောက်တွင်၊ အတော်အတန် နည်းပါးသည့် ဘုရားသခင်၏ ရွေးချယ်ထားသူများသည် အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ လှည့်စားခြင်းခံရပြီးဖြစ်သည်၊ ထိန်းချုပ်ခံရပြီးဖြစ်ကာ ထိခိုက်နစ်နာစေခြင်းခံရပြီးဖြစ်သည်။ ၎င်းတို့သည် ထိုသူတို့၏ လက်များတွင် အလွန် ဆိုးရွားစွာ ဆင်းရဲဒုက္ခခံရပြီးဖြစ်ကာ၊ သမ္မာတရား စစ်မှန်မှု မပိုင်ဆိုင်သောသူများသည် မကိုးစားလောက်သကဲ့သို့ ယုံကြည်ကိုးစားခြင်းနှင့် မထုက်ကြသည်ကို ယခု တွေ့မြင်ကြပြီး ဖြစ်သည်။ ထို့ကြောင့်၊ အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများ၏ ကြီးကြပ်မှုကို လက်တွေ့လုပ်ဆောင်ရန်မှာ လုံးဝ လိုအပ်ပေသည်။ ခေါင်းဆောင်များနှင့် အလုပ်သမားများက မကောင်းမှု ကျူးလွန်ကြပြီးဖြစ်သည်ကို ဘုရားသခင်၏ ရွေးချယ်ထားသူများက ရှာတွေ့ပါက၊ ထိုသူတို့ကို ၎င်းတို့ အချိန်မရွေး အကြောင်းကြားနိုင်သည်။ ၎င်းတို့အား အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများအဖြစ် ခွဲခြားနိုင်စရာအဖြစ် တွေ့ရှိရပါက၊အပြစ်တင်ခြင်းနှင့် နုတ်ထွက်ခြင်းတို့ကို လက်ခံရန် ၎င်းတို့ကို ဘုရားသခင်၏ ရွေးချယ်ထားသူတို့က ဖျောင်းဖျနိုင်သည်။ အကယ်၍ ၎င်းတို့က ထိုသို့လုပ်ဆောင်ဖို့ ငြင်းပယ်ပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အန္တိခရစ်များအဖြစ် ထုတ်ဖော်ပြပြီးဖြစ်ကာ ၎င်းတို့ကို ထုတ်ပစ်ကာ ပိတ်ပင်ဖို့ ဘုရားသခင်၏ ရွေးချယ်ထားသူများက အင်အားများ ပူးပေါင်းရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အညီ လုံးဝ ဖြစ်ပေသည်။

အလုပ်အစီအစဉ်များ မှ

အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အလုပ်သမားများကို သတင်းပို့ခြင်း၏ လျော်ကန်သော လုပ်ငန်းစဉ်

အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အလုပ်သမားများကို ခွဲခြားခြင်းနှင့် ဖော်ထုတ်ခြင်းအတွက် အခြေခံသဘောတရား သုံးခု ရှိသည်။ ၁၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည်မှာ လုံးဝ သေချာရမည်။ ၂၊ ၎င်းတို့က မကောင်းသည့် လူ့သဘာဝနှင့် နာမည်ဆိုးနှင့် ကျော်ကြားခြင်းတို့ ရှိသည်။ ၃၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို လျစ်လျူရှုကြသည်၊ လက်တွေ့ကျသည့် အလုပ်ကို မလုပ်ဆောင်ကြသကဲ့သို့ မကောင်းမှုများစွာ ကျူးလွန်ကြသည်။

အထက်က အခြေခံသဘောတရား သုံးချက်အတိုင်း အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အလုပ်သမားများကို ခွဲခြားပြီး ဖော်ထုတ်ရန်မှာ အမှန်ကန် အတိကျဆုံးသော နည်းစနစ် ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသည့် လူများသည် မည်သူမျှ မပြည့်စုံသကဲ့သို့ ယေဘုယျအားဖြင့် ခေါင်းဆောင်များနှင့် အလုပ်သမားများသည် အပြစ်များ ကျူးလွန်ကာ ဖောက်ပြန်ပျက်စီးခြင်းကို ပြသသည်ဟူသည့် အချက်နှင့်သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခု ရှိရမည်ဖြစ်သည်။ သို့သော်၊ ဤသည်မှာ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များ သို့မဟုတ် အယောင်ဆောင် အလုပ်သမားများဖြစ်သည်ဟု သေချာပေါက် မဆိုလိုပေ။ အပြစ်များ ကျူးလွန်ခြင်းနှင့် မကောင်းမှု ကျူးလွန်ခြင်းတို့သည် အခြေခံအားဖြင့် ကွာခြား၏။ အပြစ်သည် မှားယွင်းသော အရာတစ်စုံတစ်ခုကို လုပ်ဆောင်ခြင်း၊ မှားယွင်းသော လမ်းကို လျှောက်ခြင်း၊ သို့မဟုတ် ဖုံးအုပ်နေသည့် ဝန်ဖန်မှုအောက်တွင် မှားယွင်းသော လူကို ရွေးချယ်ခြင်း ဖြစ်သည်၊ မကောင်းမှုမှာမူ အာသာဆန္ဒပြင်းပြစွာ တမင်တကာနှင့် ရည်ရွယ်ချက်ဖြင့် မကောင်းသည့်အရာများကို လုပ်ဆောင်ခြင်း ဖြစ်သည်။ အပြစ်များကို ကျူးလွန်ရန်မှာ လူတစ်ဦးအတွက် ပုံမှန်ဖြစ်သော်လည်း၊ အကယ်၍ တစ်ဦးတစ်ယောက်သည် မကောင်းသည့် လုပ်ရပ်မျိုးစုံကို ကျူးလွန်နိုင်စွမ်းရှိပါက၊ ထိုလူသည် တကယ်ကို ဆိုးယုတ်ပေသည်။ အကယ်၍ ခေါင်းဆောင် သို့မဟုတ် အလုပ်သမား တစ်ဦးတစ်လေသည် ဤနည်းလမ်း သုံးခုထဲမှ တစ်ခုတစ်လေဖြင့် ပြုမူသည်ကို တွေ့ရှိရပါက၊ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အယောင်ဆောင် အလုပ်သမားတစ်ဦး ဖြစ်ဖို့ သေချာပေသည်။

အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အယောင်ဆောင် အလုပ်သမားတစ်ဦးနှင့်ပတ်သက်၍ သတင်းပို့ခြင်းအတွက် လျော်ကန်သည့် လုပ်ငန်းစဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်- သမ္မာတရားကို အတော်အတန် နားလည်သည့် လူအချို့၏ ညှိနှိုင်းဆောင်ရွက်မှုနှင့် ထောက်ပံ့ပေးခြင်းတို့ဖြင့် အခြေခံသဘောတရား သုံးချက်အတိုင်း အချက်အလက်များကို တစ်ခုချင်း စားရင်းတင်နေချိန် လုံလောက်သော သက်သေများနှင့် အထောက်အထားများ တင်ပြထားသည့်အချိန်တွင်၊ ပြောထားသည့် ခေါင်းဆောင် သို့မဟုတ် အလုပ်သမားကို အထက်အဆင့် ခေါင်းဆောင်များထံ သတင်းပို့နိုင်ပေသည်။ ခရိုင် အဆုံးအဖြတ်ပေးသော အဖွဲ့ဝင်တစ်ဦးနှင့်ပတ်သက်၍ သတင်းပို့ခြင်းကို ဒေသဆိုင်ရာ အဆုံးအဖြတ်ပေးသော အဖွဲ့ထံ တင်ပြနိုင်သည်။ အကယ်၍ အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများသည် တာဝန်မဲ့ပြီး၊ အရေးယူဆောင်ရွက်မှုများတွင် နှေးကွေးပါက၊ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူထံ တိုက်ရိုက် တင်ပြနိုင်သည်။ ဤသည်မှာ အဆင့်အားလုံးရှိ ခေါင်းဆောင်များ၊ အလုပ်သမားများနှင့် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က လိုက်လျှောက်သင့်သည့် အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အယောင်ဆောင် အလုပ်သမားတစ်ဦးနှင့်ပတ်သက်၍ သတင်းပို့ခြင်းအတွက် မှန်ကန်သော လုပ်ထုံးလုပ်နည်း ဖြစ်သည်။ အကယ်၍ အထူးသဖြင့် ဆိုးရွားပြီး တစ်စုံတစ်ဦးသည် မကောင်းမှုများစွာ ကျူးလွန်မိပြီးဖြစ်ကာ လူထု အမျက်ဒေါသကို နိုးဆွပြီးဖြစ်သည့် အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အယောင်ဆောင် အလုပ်သမားတစ်ဦးအဖြစ် ရှင်းလင်းစွာ ဖော်ထုတ်ခံရပါက၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ၎င်းတို့ကို တိုက်ရိုက် ဖယ်ရှားရန် လုပ်ပိုင်ခွင့်များ ရှိသည်။ မည်သည့်အဆင့်မဆိုရှိ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးသည် ဤလူကို ကာကွယ်ဖို့ ကြိုးပမ်းပါက၊ ၎င်းတို့ကို တိုက်ရိုက် ဖယ်ရှားနိုင်သည်။ သို့သော်၊ ယင်းကို လုံလောက်သော အဖြစ်မှန် အခြေခံအကြောင်းရင်းဖြင့်၊ အကောင်အထည်ဖော်ဖို့ရန်အလို့ငှာ အများစုက ခွဲခြားနိုင်သည့် ယုံကြည်လောက်ပြီး သိသာသော သက်သေအထောက်အထားဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။ အကယ်၍ အချက်အလက်ကုန်ကြမ်းများက လုံလောက်ပြည့်စုံခြင်းမရှိပါက၊ လူတို့အဖို့ ယုံကြည်လောက်ဖွယ်မဖြစ်ပါက၊ အခြားသော အရိပ်လက္ခဏာများဖြင့် နုတ်ပယ်တည်းဖြတ်ထားပါက သို့မဟုတ် ထွင်လုံးများဖြင့် ရောထားပါက၊ သတင်းပေးပို့သည့် အဖွဲ့သည် သံသယဖြစ်ဖွယ်ရှိပေသည်။ ခေါင်းဆောင် သို့မဟုတ် အလုပ်သမားသည် ဆိုးယုတ်သော လူတို့၏ အမှုဆင်ခံရခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အနေဖြင့် ဆိုးယုတ်သော လူတို့၏ လှည့်ဖြားခြင်းနှင့် အမြတ်ထုတ်ခြင်း မခံရဘဲ ခွဲခြားနိုင်ရမည်ဖြစ်သည်။ ၎င်းတို့သည် လူကောင်းတစ်ဦးကို မတရား စွပ်စွဲရမည်မဟုတ်သကဲ့သို့ ဆိုးယုတ်သော လူတစ်ဦးကို လွှတ်လိုက်၍ မရပေ။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီဖို့အလို့ငှာ သမ္မာတရား အခြေခံသဘောတရားကို လိုက်နာစောင့်ထိန်းရမည် ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

အဆင့်အားလုံးမှ ရွေးကောက်ခံရသည့် ခေါင်းဆောင်များနှင့် အလုပ်သမားများသည် အထက်က အလုပ်အစီအစဉ်များကို လုံးဝ ကျိုးနွံနာခံရမည်ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားအတိုင်း အလုပ်ကို ဆောင်ရွက်နိုင်ပြီး၊ ၎င်းတို့၏ အလုပ်သည် အချို့သော ရလဒ်များ စွမ်းဆောင်ရရှိကြပြီးဖြစ်ပါက၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် လက်ခံကာ နာခံရမည်ဖြစ်သည်။ အကယ်၍အလုပ်သမားများနှင့် ခေါင်းဆောင်များသည် အလုပ် အစီအစဉ်များကို မနာခံသကဲ့သို့ အလုပ်ကို ဆောင်ရွက်နေချိန် သမ္မာတရား အခြေခံသဘောတရားကို ဆန့်ကျင်ရင်း၊ အခြားအရာ လုပ်ဆောင်ကာ အကြံပြုချက်ကို နားမထောင်သကဲ့သို့ ၎င်းတို့ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်ပါက၊ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများဖြစ်သည်၊ ၎င်းတို့သည် တကယ်ကို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မရှိကြသကဲ့သို့၊ အစားထိုးကာ ပြန်ရွေးကောက်ရမည် ဖြစ်သည်။ ၎င်းတို့သည် ခေါင်းမာစွာ မိမိတို့၏ ရာထူးများကို စွန့်ရန် ငြင်းပယ်ပါက၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ၎င်းတို့၏ ခေါင်းဆောင်မှုကို လက်ခံရန် ငြင်းဆိုဖို့၊ ၎င်းတို့ကို အရေးပေါ်ကိစ္စအတွက် ခေါ်ကာ အကြောင်းကြားဖို့ လုပ်ပိုင်ခွင့်ရှိပေသည်။ ဘုရားသခင်၏ အိမ်တော်သည် အယောင်ဆောင်‌ ခေါင်းဆောင်များနှင့် အလုပ်သမားများအား ဘုရားသခင့် အိမ်တော်၏ အလုပ်ကို နှောင့်ယှက်ခြင်းနှင့် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ယကို ထိန်းချုပ်ခြင်းမှ လုံးဝ တားမြစ်ထားပေသည်။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ရှာဖွေတွေ့ရှိခံထားရပြီးဖြစ်သည့် အယောက်တိုင်းကို မည်သည့် သက်ညှာမှုမျမရှိဘဲ ကိုင်တွယ်ဖြေရှင်းရမည်။ အကယ်၍ မည်သူမဆိုက အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် မကောင်းမှု လုပ်ဆောင်နေပြီး အသင်းတော် အလုပ်ကို နှောင့်ယှက်နေသည်ကို ၎င်းတို့အား အကြောင်းကြားပြီး ဖော်ထုတ်ခြင်းမရှိဘဲ သိရပြီးဖြစ်ပါက၊ ၎င်းတို့သည် တရားမျှတမှု အသိစိတ်မရှိသကဲ့သို့ ဘုရားသခင်၏ အမှုတော်ကို မကာကွယ်သည့် လူများ ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သည့်‌ စိတ်နှလုံးမရှိသော လူများ ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာစောင့်သိမှု မရှိကြချေ။ မကောင်းမှုပြုသူများကို မဖော်ထုတ် သို့မဟုတ် သတင်းမပို့သောသူအားလုံးသည် ထိုသူတို့ ကျူးလွန်သည့် မကောင်းမှုတွင် မျှဝေခံစားကြပြီး၊ ၎င်းတို့သည် ကြံရာပါများအဖြစ် စားရင်းမှတ်ခံရသင့်သည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို သတင်းပို့ပြီး ဖော်ထုတ်သောသူတို့ကို မည်သူမျှ လုံးဝ ဖိနှိပ်၍ မရ သို့မဟုတ် လက်တုံ့ပြန်၍ မရပေ။ အကယ်၍ အသင်းတော် တစ်ခုတစ်လေက မကောင်းသည့် လုပ်ဆောင်ချက်များကို သတင်းပို့ကာ ဖော်ထုတ်ဖို့ သတ္တိရှိကြသူများကို တစ်ဦးတစ်ယောက်က ဖိနှိပ်ကြောင်း သို့မဟုတ် လက်တုံ့ပြန်ကြောင်း သိရှိခံရပြီးဖြစ်ပါက၊ အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများသည် အခြေအနေကို စုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး မှန်ကန်ကြောင်း အတည်ပြုရမည်ဖြစ်သည့်အပြင်၊ ကိစ္စရပ်ကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ရမည်ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် မကောင်းသော လုပ်ရပ်များ ကျူလွန်ခြင်းအတွက် လူတို့ကို ဖော်ထုတ်ကာ အကြောင်းကြားနိုင်သည်။ ဤသည်မှာ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပြီး သူ၏ အလိုတော်ကို အလေးထားသည့် တရားမျှတသော လုပ်ရပ်အပြင် ကောင်းမွန်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ ၎င်းတို့ကို ဖိနှိပ်နိုင်စွမ်းရှိပြီး လက်တုံ့ပြန်နိုင်စွမ်းရှိသူများသည် ဘုရားသခင်ကို ကြောက်ရွံ့သည့်လူများ လုံးဝ မဟုတ်ပေ၊ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှု မရှိကြသည်မှာ အသေချာဆုံးဖြစ်သည်၊ အဆင့်အားလုံးမှ အလုပ်သမားများနှင့် ခေါင်းဆောင်များက ၎င်းတို့ကို စုံစမ်းစစ်ဆေးကာ ကိုင်တွယ်ဖြေရှင်းပိုင်ခွင့် ရှိစဉ်တွင်၊ ၎င်းတို့သည် ဧကန်မုချ အန္တိခရစ်များနှင့် မကောင်းမှုပြုသူများ ဖြစ်သည်။ ဤလူများကို မည်သည့်အခါတွင်မျှ ခွင့်လွှတ်၍မရပေ။ အကြောင်းမှာ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ကို ဖိနှိပ်ခြင်းနှင့်ဆိုင်သည့် ဆိုးယုတ်သော လုပ်ဆောင်ချက်များ ရှိသည့်နေရာတိုင်းတွင် မကောင်းမှုပြုသူများနှင့် အန္တိခရစ်များ ရှိကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ မည်သူမျှ ငြင်းမရသည့် အမှန်တရားတစ်ခု ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

ယခုတွင် အသင်းတော်အားလုံး၌ “ကောရ အုပ်စု” တွင် ရှိခဲ့ကြသူများနှင့် ဆင်တူသည့် လူများ ရှိကြသည်။ ၎င်းတို့သည် မကောင်းနိုင်ကြပေ၊ အာဏာနှင့် အကျိုးအမြတ်အတွက် အလုအယှက် ယှဉ်ပြိုင်အားထုတ်ကြပြီး၊ နေရာတိုင်းက အသင်းတော်များတွင် အရမ်းပတာ အခြေအများနှင့် ဆူပူမှုများ ဖန်တီးကြသည်။ ၎င်းတို့သည် ဘုရားသခင့် အိမ်တော်၏ အတားအဆီးများနှင့် ခလုတ်ကန်သင်းများ စစ်စစ် ဖြစ်ကြသည်။ ဤလူများသည် သမ္မာတရားအတွက် ချစ်ခြင်းတစ်စက်မျှ မရှိကြသည့်အပြင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြပေ။ အစမှ ပြီးဆုံးသည်အထိ၊ မည်သည့်အချိန်တွင်မျှ ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများ မပြောင်းလဲကြ၊ မိမိတို့၏ ကိုယ်ပိုင် လွတ်လပ်သော နိုင်ငံ တည်ထောင်ရန်ဖြစ်သည့် ၎င်းတို့၏ ရည်မှန်းချက်သည် မည်သည့်အခါတွင်မျှ ပျောက်ကွယ်သွားခြင်းမရှိသကဲ့သို့ ဘုရားသခင်၏ အိမ်တော်ကို ဆန့်ကျင်ရာတွင် ကျွမ်းကျင်ကြလေသည်။ ၎င်းတို့သည် ယခု နေရာတိုင်း၌ ပရမ်းပတာ အခြေအနေများ ဖြစ်စေနေသည့်သူများ အတိအကျ ဖြစ်သည်။ ပရမ်းပတာအခြေအနေများ ရှိသည့်နေရာတိုင်းတွင်၊ မကောင်းမှု ကျူးလွန်နေပြီး ဆူပူမှုများ ဖြစ်နေစေသည့် အန္တိခရစ် မကောင်းဆိုးဝါးများ ရှိသည်။ ဤသည်မှာ “ကောရ အုပ်စု”က ကျူးလွန်ခဲ့သည့် အပြုအမူနှင့် ဆင်တူသည့် အပြုအမူမျိုး အတိအကျ ဖြစ်သည်။ အထက်၏ အလုပ် အစီအစဉ်များကို အမှန်တကယ် မနာခံနိုင်သကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူကို တမင်သက်သက် ခုခံကာ “ကောရ အုပ်စု”ကဲ့သို့ တူညီသည့် အတန်းအစားတွင် ပါဝင်သည့် မိမိတို့၏ ကိုယ်ပိုင် အမှုအရာများကို လုပ်ဆောင်နိုင်သူ အားလုံး၊ ထိုသို့သော လူအားလုံးကို အန္တိခရစ်များအဖြစ် မှတ်ယူထားပြီး၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့က ၎င်းတို့အား မည်သို့ ခွဲခြားပြီး ဤမကောင်းဆိုးဝါးများကို သတင်းပို့ကာ ဖော်ထုတ်ရမည်ကို သင်ယူသင့်ကြပေသည်။ ဘုရားသခင်၏ အမှုတော်ကို ဝင်စွက်ဖက်ပြီး နှောင့်ယှက်ကာ မကောင်းမှုမျိုးစုံ လုပ်ဆောင်သည့် ဆိုးယုတ်သော လူများကို မကောင်းဆိုးဝါးများအဖြစ် ယူဆထားပေသည်။ အကယ်၍ နေရာတကာတွင် အသင်းတော် လှုပ်ရှားမှုများ၌ ပါဝင်ကြသည့် ဆိုးယုတ်သော လူများနှင့် မကောင်းဆိုးဝါးများသည် ၎င်းတို့၏ စရိုက်အမှန်များကိုသိသည့် သူများအားဖြင့် သတင်းအပို့မခံရသကဲ့သို့ ဖော်ထုတ်မခံရပါက၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ရေရှည် စောင့်ကြည့်လေ့လာခြင်း နည်းလမ်းအားဖြင့် ၎င်းတို့ကို ရိပ်စားမိနိုင်လိမ့်မည်ဖြစ်ပြီး၊ ဤအရာက ဘုရားသခင့် အိမ်တော်၏ အလုပ်ကို နှောင့်နှေးစေကာ နှောင့်ယှက်လိမ့်မည်ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ အသက်တာများအဖို့ ဆုံးရှုံးမှုများ ဆောင်ကြဉ်းလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ ဆိုးယုတ်သော လူများနှင့် မကောင်းဆိုးဝါးများ၏ စရိုက်မှန်များကို သိရှိသည့်သူ မည်သူမဆို ထရပ်ရမည်၊ ဘုရားသခင်၏ အမှုတော်ကို ကာကွယ်ဖို့ ၎င်းတို့ကို ဖော်ထုတ်ကာ အကြောင်းကြားရမည်ဖြစ်ပြီး၊ ယင်းက ၎င်းတို့နှင့် မည်သို့မျှ မပတ်သက်သကဲ့သို့ မပြုမူရသကဲ့သို့ မည်သည့်အရာကိုမျှ မပြောဘဲမနေရ။ ဆိုးယုတ်သော လူများသည့် သေချာပေါက် နောင်တရကြလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်သည် ဆိုးယုတ်သော လူတို့ကို မကယ်တင်သောကြောင့်၊ ဆိုးယုတ်သော လူတို့၏ စရိုက်မှန်များကို သိရှိသောသူ သို့မဟုတ် ဆိုးယုတ်သော လူများနှင့် မကောင်းဆိုးဝါးများက အသင်းတော်ကို နှောင့်ယှက်နေသည်ကို မြင်သောသူ မည်သူမဆို ၎င်းတို့ကို ရဲဝံ့စွာ ဖော်ထုတ်ကာ အကြောင်းကြားသင့်ပြီး၊ ဤဆိုးယုတ်သော လူများနှင့် မကောင်းဆိုးဝါးများကို အပြစ်ပေးခြင်းတွင် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်သင့်ပေသည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားပြီး ဘုရားသခင်၏ အမှုတော်ကို ကာကွယ်သည့်လူများ ဖြစ်ကြပေသည်။ ဆိုးယုတ်သောလူများနှင့် မကောင်းဆိုးဝါးများ၏ စစ်မှန်သော စရိုက်များကို တွေ့မြင်သော်လည်း ၎င်းတို့ကို မဖော်ထုတ်သည့်သူ မည်သူမဆိုသည် ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များအဖို့ ကြံရာပါတစ်ဦးဖြစ်ကာ ၎င်းတို့အားဖြင့် ငြိစွန်းလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဆိုးယုတ်သော လူများနှင့် မကောင်းဆိုးဝါးများကို ဖယ်ရှင်းသုတ်သင်ခြင်းသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ ခေါင်းရှောင်မရနိုင်သည့် တာဝန်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် မှန်ကန်သည့်အရာကို လုပ်ဆောင်ရန်နှင့် ဧဝံဂေလိတရား တိုးချဲ့ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းအတွက် အတားအဆီးများနှင့် ခလုတ်ကန်သင်းများအားလုံးကို ဖယ်ရှင်းသုတ်သင်ဖို့ မည်သည့်အခါတွင်မျှ မတုံ့ဆိုင်းသင့်ပေ။ ဘုရားသခင်၏ ရွေးချယ်ထားသော လူများ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်- “ကောရ အုပ်စု” ကဲ့သို့သော သူအားလုံး ဖျက်ဆီးခံရမည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၆၃။ ခေါင်းဆောင်များနှင့် အလုပ်သမားများကို ရွေးချယ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၆၅။ တာဝန်ယူခြင်းနှင့် နုတ်ထွက်ခြင်းတို့ကို လက်ခံခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်