၁၃၀။ ဆန့်ကျင်ဖက်လိင်နှင့် အပြန်အလှန်ဆက်ဆံခြင်း နိယာမများ

(၁) လူသား၏ ယိုယွင်းမှု၏ နက်ရှိုင်းမှုများ၏ ဒုစရိုက် အနှစ်သာရကို ရှင်းလင်းစွာ မြင်လော့။ မည်သူမဆို မည်သည့်အချိန်တွင်ဆို စုံစမ်းနှောင့်ယှက်ခြင်းသို့ ကျရောက်နိုင်သည်။ ထို့ကြောင့် ဆန့်ကျင်ဖက်လိင်နှင့် အပြန်အလှန်ဆက်ဆံရာတွင် သတိရှိရပါမည်။

(၂) ဆန့်ကျင်ဖက် လိင်ရှိသူနှင့် ယှဉ်တွဲလုပ်ဆောင်ခြင်းကို ဝေးနိုင်သမျှ ဝေးဝေးရှောင်လော့။ ဒုစရိုက် အတွေးများ ထွက်ပေါ်လာလျှင်၊ ၄င်းတို့ ပျောက်ကွယ်စေရန် ဘုရားသခင်ထံ ဆုတောင်းလော့။ စိတ်ကို လျှော့ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် နှင့် သင်၏တာဝန်ကို လုပ်ဆောင်ရန် အားထုတ်လော့။

(၃) ပညာသတိရှိသူသည် အန္တရာယ်ကို မြင်ကာ ပုန်းရှောင်သည်။ ကိလေသာ၌ ကျင်လည်သူများထံမှ ခပ်ခွါခွါ နေသင့်သည်၊ စုံစမ်းနှောင့်ယှက်ခြင်းကို ကြုံတွေ့သောအခါ ဒုစရိုက်နှင့်ယှဉ်သော ဆန့်ကျင်ဖက်လိင်နှင့် ပြသနာဖြစ်စေသော အခြေအနေများမှ ထွက်ပြေးကာ ဘုရားသခင်ထံသို့ ဆုတောင်းသင့်သည်။

(၄) အရေးကိစ္စများအားလုံးတွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံရန် သင်ယူလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြန်၍ နှစ်ဆတိုးကာ ဖတ်ပြီး မိမိ၌ ဒုစရိုက်နှင့်ယှဉ်သော ရည်ရွယ်ချက်များ ရှိမရှိ ပြန်လည်သုံးသပ်ရမည်။ မိမိ၏ ဒုစရိုက်နှင့်ယှဉ်သော စိတ်သဘောထားကို ပြန်လည် ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လတ်တလောတွင် အသင်းတော်ထဲ၌ ငွေအလွဲသုံးစားလုပ်သော လူအချို့၊ အမျိုးသားများနှင့် အမျိုးသမီးများအကြားတွင် ရှင်းလင်းသော စည်းဘောင်များ မထိန်းသိမ်းသောလူအချို့၊ အကဲဖြတ်ခြင်း၊ အာခံခြင်းနှင့် ဘုရားသခင်၏ အမှုများကို လျှို့ဝှက်စွာ ဖြိုဖျက်ရန် ကြိုးစားခြင်းပြုသောလူအချို့ ရှိနေသေးသည်။ အဘယ်ကြောင့် ၎င်းတို့သည် အရာခပ်သိမ်း၌ အခြေအနေကောင်းနေကြသေးသနည်း။ ထိုကဲ့သို့သောအရာများ ပြုလုပ်ကြစဥ်တွင် ၎င်းတို့၌ အသိအမြင်ရှိခြင်းကို ပိုင်ဆိုင်ပြီး ၎င်းတို့၏စိတ်နှလုံးထဲတွင် အပြစ်တင်ခြင်း ခံစားကြရကာ ဤအကြောင်းကြောင့် တစ်ခါတစ်ရံတွင် ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်းကို ၎င်းတို့ခံစားကြသည်၊ သို့သော်လည်း ၎င်းတို့သည် အလွန်အရှက်ကင်းမဲ့ကြလေစွ။ လက်လွတ်စပယ်နေထိုင်ခြင်း၌ လူတို့ပါဝင်သည့်အချိန်ကဲ့သို့ပင်၊ ၎င်းတို့သည် ထိုအခိုက်အတန့်တွင် ၎င်းတို့ လုပ်နေသည့်အရာကို သတိပြုမိကြသော်လည်း ၎င်းတို့၏တဏှာရာဂမှာ အလွန်ကြီးမားပြီး ၎င်းတို့သည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ကို ဆုံးမပဲ့ပြင်သော်လည်း ၎င်းမှာ အရာမရောက်သဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ဆုံးမပဲ့ပြင်ခြင်းကို ပေးမည်မဟုတ်တော့ချေ။ အကယ်၍ ထိုအချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ကို ဆုံးမပဲ့ပြင်ခြင်း မပြုပါက၊ ၎င်းတို့သည် အပြစ်တင်ခြင်းကို မခံစားရသည့်အပြင် ၎င်းတို့၏ ဇာတိပကတိအပေါ် မည်သည့်အရာမျှ မဖြစ်လာပါက နောက်ပိုင်းတွင် မည်သည့် အပြစ်တင်ခြင်း လာနိုင်သနည်း။ အမှုက ပြီးစီးလေပြီ၊ မည်သည့်ဆုံးမပဲ့ပြင်ခြင်း ရှိနိုင်တော့သနည်း။ ၎င်းက သူတို့သည် အလွန်အရှက်ကင်းမဲ့ပြီး လူ့သဘာဝမရှိကြောင်းနှင့် သူတို့သည် ကျိန်ဆဲခြင်းများနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ထိုက်တန်နေကြောင်း သက်သေပြခြင်းသာဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် မလိုအပ်ဘဲ အမှုမပြုပေ။ အကယ်၍ သင်သည် သမ္မာတရားကို ကောင်းစွာသိသော်လည်း ၎င်းကို လက်တွေ့မကျင့်သုံးပါက၊ မည်သည့်မကောင်းမှုကိုမဆို ကျူးလွန်နိုင်စွမ်းရှိပါက သင်စောင့်မျှော်နိုင်သမျှမှာ ထိုဆိုးယုတ်သောသူနှင့်တကွ သင် အပြစ်ပေးခြင်းခံရမည့် ထိုနေ့ရက် ရောက်လာခြင်းပင် ဖြစ်သည်။ ဤသည်မှာ သင့်အတွက် အကောင်းဆုံးသော နိဂုံးဖြစ်လေသည်တကား။ ယခုတွင် ငါသည် အနိမ့်ဆုံးစံနှုန်းဖြစ်သည့် သြတ္တပ္ပစိတ်အကြောင်းကို ထပ်ခါတလဲလဲ ဟောပြောခဲ့ပြီးပြီ။ လူတို့သည် သြတ္တပ္ပစိတ်ကင်းမဲ့ပါက သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို ဆုံးရှုံးပြီဖြစ်ကာ ၎င်းတို့သည် ၎င်းတို့အလိုရှိသည့်အတိုင်း ပြုနိုင်ပြီး ဘုရားသခင်သည် ၎င်းတို့အပေါ် အာရုံစိုက်မည် မဟုတ်ပေ။ သြတ္တပ္ပစိတ်နှင့် ဆင်ခြင်တုံတရား အမှန်တကယ်ရှိသောသူများက ၎င်းတို့ တစ်စုံတစ်ခုကို ပြုမှားသောအခါ ၎င်းကို သတိပြုမိလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့၏ သြတ္တပစိတ်ထဲ၌ ပြစ်တင်ခြင်းအနည်းငယ်မျှ ခံစားမိသည်နှင့် စိတ်မအေးဘဲ ခံစားကြလိမ့်မည်။ စိတ်အတွင်းပိုင်း စစ်ထိုးပွဲကို ကြုံရပြီး နောက်ဆုံးတွင် ဇာတိပကတိကို စွန့်ပယ်ကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို အလွန်စိုးရိမ်ဖွယ်ရာ ဆန့်ကျင်သည့်တစ်စုံတစ်ခုကို ပြုလုပ်မိသည့်အဆင့်အထိ ၎င်းတို့ ရောက်လိမ့်မည်မဟုတ်ချေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ကို ဆုံးမပဲ့ပြင်ပြီး ပြစ်တင်ဆုံးမနေပါစေ လူတို့အားလုံးသည် အမှားတစ်စုံတစ်ရာကို ပြုသည့်အခါ ၎င်းတို့၌ ခံစားချက်အနည်းငယ် ရှိကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ယခုအခါ သမ္မာတရား အမျိုးပေါင်းစုံကို နားလည်ကြပြီဖြစ်ကာ သူတို့သည် ၎င်းတို့ကို လက်တွေ့မလုပ်ဆောင်လျှင်မူ ၎င်းမှာ လူသားတို့နှင့်ဆိုင်သော ကိစ္စဖြစ်သည်။ ငါသည် ဤကဲ့သို့သောလူတို့ကို တုံ့ပြန်ခြင်း မပြုသည့်အပြင် ၎င်းတို့အတွက် မည်သည့်မျှော်လင့်ချက်မျှ မထိန်းသိမ်းထားပေ။ သင် သဘောရှိသည့်အတိုင်း သင်ပြုပါလေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၁)” မှ

အချို့သူတို့သည် ဆန့်ကျင်ဘက်လိင်နှင့် ဆက်သွယ်ရန် ၎င်းတို့ချဉ်းကပ်ရာတွင် အလွန်ပုံမှန်ဖြစ်လွန်းပါသည်။ သူတို့သည် မည်သည်မှမဖြစ်သမျှကာလပတ်လုံး အရေးကြီးသောအရာမဟုတ်ဟု ခံစားတတ်ကြ သည့်အပြင် မည်သူမျှ တဏှာရမ္မက်အတွေးများကို အလိုလိုက်ခြင်း သို့မဟုတ် ဆိုးယုတ်သောခံစားချက် အချို့ကို ဖော်ပြခြင်း မရှိပါ။ ပုံမှန်လူသားဆန်မှုရှိသော လူတစ်ဦးတွင် ထိုကဲ့သို့အတွေးများ ရှိသင့်ပါသလား။ ၎င်းမှာ ပုံမှန်လူသားဆန်မှု လက္ခဏာတစ်ရပ် ဖြစ်ပါသလား။ သင်သည် အိမ်ထောင်ပြုနိုင်သည့် အရွယ်သို့ ရောက်ရှိလာသည်နှင့် ဆန့်ကျင်ဘက်လိင်နှင့် ဆက်သွယ်လာကြပြီး အတည်တကျချစ်ခင်စုံမက်လိုကြသည်၊ ပုံမှန်အတိုင်း အတည်တကျချစ်ခင်စုံမက်ကြလျှင် မည်သူမျှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ပါ။ သို့သော်လည်း အချို့သူတို့သည် အတည်တကျချစ်ခင်စုံမက်လိုခြင်း မရှိပါ—သူတို့သည် သူတို့မျက်စိမှာ သဘောကျသည့်သူ တစ်ယောက်ယောက်နှင့် ရက်ပေါင်းအနည်းငယ် အပျော်ရည်းစားထားလိုကြသည်၊ တစ်ယောက်ယောက်ကို သူတို့သဘောကျသည်နှင့် သူတို့သည် သူတို့၏လိုအင်ဆန္ဒကို စတင်ပြသလာသည်။ သူတို့ မည်သို့ ပြသကြသနည်း။ မျက်ခုံးလှုပ်ပြကြသည်၊ မျက်စိမှိတ်ပြကြသည်၊ သို့မဟုတ် သူတို့စကားပြောသည့်အခါ သူတို့၏စကားထဲမှာ လေသံပြောင်းလဲလာကြသည် သို့မဟုတ် သီးသန့်နည်းလမ်းတစ်ခုကို သူတို့ပြုလုပ်လာကြသည် သို့မဟုတ် သူတို့ကို သတိပြုမိလာအောင် ရယ်စရာစကားများ စတင်ပြောဆိုလာကြသည်၊ ဤသို့ဖြင့် သူတို့ပြသကြပါသည်။ ပုံမှန်အားဖြင့် ဤသို့အမှတ်တမဲ့ဖော်ပြသည့် စရိုက်လက္ခဏာများကို လူတစ်ယောက် မကြိုက်သည့်အခါ ၎င်းတို့မျက်စိတွင် သဘောကျသည့် ဆန့်ကျင်လက်လိင်ရှိသူအချို့ အနီးအနားတွင် ရှိနေသည်ကို သင့်အနေဖြင့် သေချာသိရှိနိုင်သည်။ ထိုလူများမှာ မည်သူများဖြစ်ကြသနည်း။ သူတို့မှာ ထိန်းမနိုင်တားမရသော သူများဖြစ်သည် သို့မဟုတ် အမျိုးသားများနှင့် အမျိုးသမီးများကြားတွင် ပြတ်သားသောကန့်သတ်ချက်များ မထားရှိကြ ဟု သင်ပြောဆိုကောင်းပြောဆိုနိုင်သည်၊ သို့သော် သူတို့သည် မနှစ်မြို့ဖွယ် အမူအရာတစ်စုံတစ်ရာမှ မပြသကြပါ။ အချို့သူများက သူတို့သည် အလေးအနက်မထားကြဟု ပြောဆိုကောင်းပြောဆိုနိုင်သည်။ အနည်းအားဖြင့်ပြောရလျှင် သူတို့သည် မိမိကိုယ်မိမိ သိက္ခာမဲ့သော ပုံစံဖြင့် ပြုမှုနေထိုင်ကြသည်၊ အလေးအနက်မထားကြသူတို့သည် မိမိကိုယ်မိမိ လေးစားရန် လိုအပ်သည်ကို နားမလည်ကြပါ။ အချို့သူတို့သည် နေ့စဉ်နိစ္စဓူဝဘဝမှာ ဤသို့ထူးခြားသောလက္ခဏာများကို ပြသကြသော်လည်း သူတို့၏တာဝန်များ စွမ်းဆောင်မှုကို မထိခိုက်ပါ၊ သူတို့၏အလုပ် ပြီးဆုံးမှုကိုလည်း မထိခိုက်ပါ၊ ထို့ကြောင့် ၎င်းမှာ အတယ့်ပြဿနာတစ်ခု ဖြစ်ပါသလား။ “၎င်းက သင်၏သမ္မာတရား ရှာဖွေ‌မှုကို အဟန့်အတားမပြုသမျှကာလပတ်လုံး ၎င်းကို တစ်စုံတစ်ရာ ပြောဆိုဆွေးနွေးရန် လိုအပ်သလား” - ဟု အချို့သူများက ပြောနေကြပါသည်။ ၎င်းသည် မည်သည့်အရာနှင့် ဆက်စပ်နေသနည်း။ လူတစ်ယောက် လူသားဆန်မှု၏ အရှက်နှင့် ဂုဏ်သိက္ခာ။ လူတစ်ယောက်၏ လူသားဆန်မှုသည် အရှက်နှင့် ဂုဏ်သိက္ခာ မရှိဘဲ မဖြစ်နိုင်ပါ၊ ၎င်းတို့မရှိဘဲ သူတို့၏လူသားဆန်မှုသည် ပုံမှန်လူသားဆန်မှု မဖြစ်နိုင်ပါ။ အချို့သူတို့သည် သူတို့လုပ်သမျှအရာအားလုံးမှာ ယုံကြည်စိတ်ချရသည်၊ စိတ်အားထက်သန်မှုရှိပြီး တာဝန်ယူကြသည်။ သူတို့သည် အလုပ်ကို ကြိုးစားလုပ်ကြသည်၊ ကောင်းမွန်သောဇာရိုက်တများ ရှိကြသည်၊ သို့သော်လည်း သူတို့သည် သူတို့ဘဝများမှ ဤရှုထောင့်ကို လေးလေးနက်နက် မထားကြပါ။ သင်သည် ဆန့်ကျင်ဘက်လိင်ရှိသူတစ်ဦးကို အပျော်ရည်းစား ထားသည့်အခါ ၎င်းမှာ အပြုသဘောဆောင်ပါသလား သို့မဟုတ် အပျက်သဘောဆောင်ပါသလား။ သင် အပျော်ရည်းစားထားသူတစ်ဦးသည် သင်နှင့် အတည်တကျချစ်ခင်စုံမက်လာလျှင် မည်သို့ဖြစ်လာမည်နည်း။ “ငါလိုချင်ခံသည့်အရာ သည်လိုမဟုတ်ဘူးဟု” သင်ပြောကောင်းပြောနိုင် ပါသည်။ ကောင်းပြီ၊ သင်မလိုချင်သည့်အရာ မဟုတ်မှန်းသိလျှက်နှင့် သင် တစ်ယောက်ယောက်ကို အပျော်ရည်းစားထားနေလျှင် သင်သည် ၎င်းတို့၏ ခံစားချက်များကို လိမ်လည်လှည့်စားရာ မရောက်ဘူးပါလား။ သင်သည် ၎င်းတို့ကို ဖျက်စီးရာရောက်ပြီး အကျင့်သိက္ခာမဲ့စွာ ဆောင်ရွက်နေခြင်းဖြစ်သည်။ ဤသို့လုပ်ဆောင်သည့် လူများသည် လူသားဆန်မှုအလွန် ခေါင်းပါးလွန်းလှသည်။ ထို့အပြင် သင်သည် ဤဆက်ဆံရေးကို ရှေ့ဆက်သွားရန် မရည်ရွယ်၊ ၎င်းကို အလေးအနက်လည်း မထားသည့်အပြင် သင့်အနေဖြင့် ဆန့်ကျင်ဘက် လိင်ရှိသူတစ်ဦးကို ဆက်လက်မျက်ခုံးလှုပ်ပြနေလျှင်၊ မျက်စိမှိတ်ပြနေလျှင်၊ ပျော်ရွှင်စရာနှင့် ဟာသသဘောဖြင့် ပြသနေလျှင်၊ သင့်တွင် စတိုင်ရှိကြောင်း၊ သင်သည် ခန့်ညားသောလူကြီးလူကောင်း တစ်ဦးဖြစ်ကြောင့် ပြသရန် အရာခပ်သိမ်းလုပ်ဆောင်နေလျှင်၊ သင်၏ နှစ်လိုဖွယ်ကောင်းသောရုပ်ရည်ကို ပြသနေလျှင်—သင်သည် ဤသို့ ပြသနေလျှင် သင် အမှန်တကယ် မည်သည့်အရာကို လုပ်နေပါသနည်း။ (လူများကို သွေးဆောင်ဖြားယောင်းခြင်း။) ယခု ဤသို့သွေးဆောင်ဖြားယောင်းသည့် အမူအရာသည် မြင့်မြတ်သော သို့မဟုတ် အကျည်းတန်ရုပ်ဆိုးသော အရာတစ်ခု ဖြစ်ပါသလား။ (၎င်းမှာ အကျည်းတန်ရုပ်ဆိုးသော အရာတစ်ခုသာ ဖြစ်ပါသည်။) ၎င်းသည် ဂုဏ်သိက္ခာတစ်စုံတစ်ရာ မရှိခြင်းဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၉)” မှ

ပြီးလျှင် သင်၏ နှလုံးသားထဲ၌ သင် တွေးသည့်အရာကို ငါ မသိဟု မထင်လေနှင့်။ သင်တို့အနေဖြင့် မိမိ၏ တပ်မက်မှုနှင့် မိမိ၏ ဇာတိပကတိကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်သင့်၏၊ သို့သော် သင်၏ စိတ်နှလုံးထဲက သင် သိုထားသည့် အတွေးများကို အဘယ်သို့ ငါ မသိနိုင်ရမည်နည်း။ သင်၏ မျက်လုံးများ တပ်မက်သည့်အရာအားလုံးကို အဘယ်သို့ ငါ မသိနိုင်ရမည်နည်း။ သင်တို့၏ ခန္ဓာကိုယ်ကို ထုတ်ပြဖို့အလို့ငှာ အသင် မိန်းမငယ်တို့သည် မိမိတို့ကိုယ်ကိုယ် အလွန်လှပစေကြသည် မဟုတ်လော။ ယောက်ျားများသည် သင်တို့အဖို့ အဘယ်အကျိုးရှိ သနည်း။ သင်တို့ကို ဒုက္ခပင်လယ်မှ ၎င်းတို့က အမှန်ပင် ကယ်တင်နိုင်သလော။ သင်တို့ကြားက ဂိုက်ထုတ်လွန်းသူများအတွက်မူ၊ သင်တို့အားလုံးသည် မိမိတို့ကိုယ်ကိုယ် မွန်မွန်ရည်ရည် ရှိပြီး ခံ့ညားသည့်ပုံပေါ်စေဖို့ ဝတ်ဆင်ကြ၏၊ သို့သော် ဤသည်မှာ သင်တို့၏ မြူးကြွားကြွရွ နှစ်လိုဖွယ်ကောင်းသော ပုံပန်းများဆီသို့ အာရုံစိုက်စေဖို့ စီစဉ်ထားသည့် မာယာတစ်ခု ဖြစ်သည် မဟုတ်လော။ ဤအရာကို သင်တို့ မည်သူ့အတွက် လုပ်ဆောင်နေကြသနည်း။ မိန်းမများသည် သင်တို့အဖို့ မည်သည့် အကျိုးရှိသနည်း။ ၎င်းတို့သည် သင်တို့ အပြစ်၏ အရင်းအမြစ် ဖြစ်ကြသည် မဟုတ်လော။ အသင် ယောက်ျားနှင့် မိန်းမတို့၊ သင်တို့ကို နှုတ်ကပတ်တော်များစွာ ငါ ပြောပြီးလေပြီ၊ သို့တိုင် သင်တို့သည် ၎င်းတို့အနည်းငယ်မျှကိုသာ လိုက်နာခဲ့ပြီးဖြစ်သည်။ သင်တို့ နားများသည် ထိုင်းကြ၏၊ သင်တို့ မျက်စိများ မှုန်သွားကြပြီး သင်တို့၏ စိတ်နှလုံးများက မာကျောကြသည်မှာ သင်တို့ ခန္ဓာကိုယ်များတွင် တပ်မက်မှုကလွဲ၍ ဘာမျှမရှိသည်အထိ၊ ထိုအထဲတွင် သင်တို့ မိနေကြပြီး မလွတ်မြောက်နိုင်သည်အထိ ဖြစ်သည်။ လောက်ကောင်များဖြစ်သည့်၊ ညစ်ညူးမှုနှင့် အညစ်အကြေးထဲတွင် လူးလွန့်ကြသည့် သင်တို့အနီး မည်သည့်နေရာကိုမဆို အဘယ်သူ သွားချင်မည်နည်း။ သင်တို့သည် နောက်ချေးပုံထဲမှ ငါ ချီးမြှောက်ခဲ့သည့်သူများထက် ဘာမျှမပိုသည်ကို၊ နဂိုမူလအားဖြင့် ပုံမှန် လူ့သဘာဝအား သင်တို့ မပိုင်ဆိုင်ခဲ့ကြသည်ကို မမေ့လျော့နှင့်။ သင်တို့ကို ငါ တောင်းဆိုသော အရာမှာ မူလက သင်တို့ မပိုင်ဆိုင်ခဲ့ကြသည့် ပုံမှန် လူ့သဘာဝဖြစ်သည်၊ သင်တို့၏ တပ်မက်မှုကို ထုတ်ပြဖို့ မဟုတ်သကဲ့သို့၊ နှစ်ပေါင်းအလွန်များစွာကြာ နတ်ဆိုးက လေ့ကျင့်ပေးခဲ့သည့် သင်တို့၏ ဆီချေးစော်နံသော ဇာတိပကတိကို အတားအဆီးမဲ့ ပြုမူခွင့်ပေးဖို့ မဟုတ်ချေ။ ထိုသို့ သင်တို့ကိုယ်သင်တို့ ဝတ်ဆင်ကြသည့်အခါ၊ သင်တို့ ပိုမို နက်ရှိုင်းစွာ ကျော့ကွင်း မိလာကြမည်ကို မကြောက်ကြသလော။ သင်တို့သည် နဂိုမူလက အပြစ်နှင့်သက်ဆိုင်သည်ကို မသိကြသလော။ သင်တို့၏ ခန္ဓာကိုယ်များသည် သင်တို့၏ အခြေအနေများကို သည်းမခံနိုင်အောင် အကျည်းတန်ပြီး ညစ်ညူးသော နတ်ဆိုးများအဖြစ် ထုတ်ဖော်ပြရင်း သင်တို့၏ အဝတ်အစားမှပင် ယိုစိမ့်သည့် တပ်မက်မှုဖြင့် အလွန်ပြည့်လှသည်ကို သင်တို့ မသိကြသလော။ ဤအရာကို သင်တို့သည် မည်သူမဆိုထက် သာ၍ ရှင်းလင်းစွာ သိကြသည်မှာ မှန်သည် မဟုတ်လော။ သင်တို့၏ စိတ်နှလုံးများ၊ သင်တို့၏ မျက်စိများ၊ သင်တို့၏ နှုတ်ခမ်းများ- ၎င်းတို့အားလုံးကို ညစ်ညူးသော နတ်ဆိုးများက ညစ်ညမ်းစေပြီး ဖြစ်သည် မဟုတ်လော။ သင်၏ ဤအစိတ်အပိုင်းများသည် ညစ်ညူးကြသည် မဟုတ်လော။ သင် မပြုမူသရွေ့ အသန့်ရှင်းဆုံး ဖြစ်သည်ဟု သင် ထင်သလော။ လှပသော အဝတ်အစားများကို ဝတ်ဆင်ခြင်းက သင်တို့၏ ယုတ်ညံ့သော ဝိညာဉ်များကို ဖုံးကွယ်နိုင်သည်ဟု သင် ထင်သလော။ ယင်းက အလုပ်ဖြစ်မည် မဟုတ်။ သာ၍ လက်တွေ့ကျရန် သင်တို့ကို ငါ အကြံပေး၏။ အယောင်မဆောင်၊ ဟန်မဆောင်နှင့်၊ ပြီးလျှင် မိမိတို့ကိုယ်ကိုယ် ပြစားဝင့်ဝါခြင်း မရှိနှင့်။ သင်တို့သည် အချင်းချင်း သင်တို့၏ တပ်မက်မှုကို ကြွားလုံးထုတ်ကြသည်၊ သို့သော် အပြန်အလှန်အားဖြင့် သင်တို့ ရရှိမည့်အရာမှာ ထာဝရ ဆင်းရဲဒုက္ခခံစားခြင်းနှင့် ရက်စက်သော ပြစ်တင်ဆုံးမခြင်းသာ ဖြစ်သည်။ သင်တို့ အချင်းချင်း မျက်စပစ်ဖို့နှင့် စိတ်ကူးယဉ်ချစ်ဇာတ်လမ်းထဲ မွေ့လျော်ဖို့ အဘယ်လိုအပ်သနည်း။ ဤသည်မှာ သင်တို့၏ ဂုဏ်သိက္ခာ အတိုင်းအဆ၊ သင်တို့၏ တည်ကြည်မှု အတိုင်းအတာလော။ သင်တို့ထဲမှ မကောင်းသော ဆေးနှင့် နတ်ဝိဇ္ဇာအတတ်တို့တွင် ပါဝင်ပတ်သက်သူများကို ငါ စက်ဆုပ်၏။ သင်တို့အထဲတွင် မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိကို ချစ်သော ငယ်ရွယ်သည့် ယောက်ျားများနှင့် မိန်းမများကို ငါ စက်ဆုပ်၏။ ယခု သင်တို့ကို ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်ဖို့ သတ်မှတ်ထားပြီး သင်တို့၏ တပ်မက်မှုကို သင်တို့အား ကြွားလုံးထုတ်ခွင့် မပြုထားသောကြောင့် သင်တို့ မိမိကိုယ်ကိုယ် ချုပ်တည်းပါက ပိုကောင်းပေမည်- သို့တိုင် သင်တို့၏ ဇာတိပကတိသည် အလွန်ပေါများပြီး သင်တို့၏ တပ်မက်မှုက အလွန်ကြီးမားသည့်အတွက် သင်တို့သည် ရရှိနိုင်သော အခွင့်အရေးတိုင်းကို အရယူကြပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၇)” မှ

၎င်းတို့သည် လက်တစ်ဆုပ်စာ အမွေးအတောင်များထက် မပိုသော အနှစ်သာရရှိသည်ကို ဤအရာက ပြသပေသည်။ ယင်းမှာ လူသားများသည် မိမိတို့ကိုယ်ကိုယ် တန်ဖိုးမထားကြသောကြောင့် အသုံးမကျသော ကံဆိုးသူများဟု ဆိုနိုင်ပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်ပင် မချစ်ဘဲ၊ ထိုအစား မိမိတို့ကိုယ်ကိုယ် နင်းခြေကြပါက၊ ဤသည်မှာ ၎င်းတို့၏ အသုံးမကျမှုကို ပြသည် မဟုတ်လော။ လူသားမျိုးနွယ်သည် မိမိကိုယ်ကိုယ် လှည့်စားကာ ကျူးလွန်ခြင်းခံရရန် မိမိကိုယ်ကိုယ် အခြားသူများထံ လိုလိုလားလား ပေးသော အကျင့်ပျက် အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်၏။ ထိုသို့ဖြစ်လျက်ပင် လူတို့သည် ၎င်းတို့ မည်မျှပင်နိမ့်ကျသည်ကို သတိမပြုမိဆဲ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သူတစ်ပါး၏ ထိန်းချုပ်မှုအောက်တွင် ထားလျက်၊ အခြားသူများအတွက် အလုပ်လုပ်ခြင်း၊ သို့မဟုတ် အခြားသူများနှင့် ပြောဆိုခြင်းတွင် ပျော်မွေ့ကြသည်။ ဤသည်မှာ လူသားမျိုးနွယ်၏ ညစ်ညူးမှု အတိအကျ ဖြစ်သည် မဟုတ်လော။ ငါသည် လူသားမျိုးနွယ်အလယ် ဘဝတစ်ခုကို တွေ့ကြုံရခြင်း မရှိသေးသကဲ့သို့၊ လူ့ဘဝကို အမှန်တကယ် မတွေ့ကြုံရသေးသော်လည်း၊ ငါသည် လူသား ပြုလုပ်သည့် လှုပ်ရှားမှုတိုင်း၊ လုပ်ရပ်တိုင်း၊ စကားလုံးတိုင်း၊ ရည်ရွယ်လုပ်ဆောင်ချက်တိုင်းနှင့်ဆိုင်သော အလွန်ရှင်းလင်းသည့် သိနားလည်မှုကို ရရှိကြပြီး ဖြစ်သည်။ ငါသည် လူသားများအား ၎င်းတို့၏ ကိုယ်ပိုင် လျှို့ဝှက်ကြံစည်မှုကို ထုတ်ဖော်မပြမဝံ့တော့သည်အထိ သို့မဟုတ် ၎င်းတို့၏ တပ်မက်ခြင်းကို အလျှော့မပေးဝံ့တော့သည်အထိ ၎င်းတို့၏ အနက်ရှိုင်းဆုံးသော အရှက်ကိုပင် ငါဖော်ထုတ်နိုင်၏။ ၎င်း၏အခွံထဲသို့ ပြန်ဝင်သွားသော ပက်ကျိများကဲ့သို့၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကျည်းတန်သော အခြေအနေများကို မဖော်ထုတ်ဝံ့တော့ပေ။ လူသားများသည် မိမိတို့ကိုယ်ကိုယ် မသိကြသောကြောင့်၊ ၎င်းတို့၏ အကြီးမားဆုံးအပြစ်အနာအဆာမှာ ၎င်းတို့၏ အကျည်းတန်သော မျက်နှာများကို ကြွားဝါရင်း၊ အခြားသူများရှေ့တွင် ၎င်းတို့၏ ဆွဲဆောင်မှုများကို ထုတ်ပြဖို့ လိုလားမှုတစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်အရွံရှာဆုံးသော အရာတစ်ခုဖြစ်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့အကြား ဆက်နွှယ်မှုများသည် မူမမှန်သကဲ့သို့၊ ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် ပုံမှန်ဆက်ဆံရေး ရှိဖို့မဆိုထားနှင့်၊ လူတို့ကြားတွင်ပင် ပုံမှန်အချင်းချင်း ဆက်ဆံရေးများ မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၄” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

ငါသည် လူအားလုံး၊ အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးတို့ကို ရှင်းလင်းစွာ မြင်နိုင်၏။ ငါသည် လူတိုင်း၏ အနှစ်သာရကို ပြီးပြည့်စုံသော ရှင်းလင်းမှုဖြင့် နားလည်သည်၊ ဆိုလိုသည်မှာ ငါသည် လူတစ်ဦးက မိမိတို့ကိုယ်ကိုယ်အတွင်း၌ သိုထားသော အရာတို့ကို လုံးဝ ရိပ်စားမိသည်။ လူတစ်ဦးသည် ယေဇဗေလတစ်ဦးလော သို့မဟုတ် ပြည့်တန်ဆာတစ်ဦးလော ဆိုသည်ကို ရှင်းလင်းစွာ ငါမြင်နိုင်ပြီး အဘယ်သူသည် အဘယ်အရာကို တိတ်တဆိတ် လုပ်ဆောင်သည်ကို ငါသိ၏။ အသင် အယုတ်ကောင်၊ ငါ၏ ရှေ့တွင် သင်၏ နှစ်လိုဖွယ်ကောင်းခြင်းကို ကြွားလုံးမထုတ်နှင့်။ ဤနေရာမှ ယခု ထွက်သွားလော့။ ငါ၏နာမကို အရှက်ရစေခြင်းအား ရှောင်ရှားရန်အလို့ငှါ ထိုလူစားမျိုးကို ငါ အသုံးမပြု။ ၎င်းတို့သည် ငါ့နာမအဖို့ သက်သေ မခံနိုင်ကြသကဲ့သို့၊ ထိုအစား ၎င်းတို့သည် ဖြစ်စေလိုသည့်အရာနှင့် တခြားစီဖြစ်လျက်ပြုမူကြပြီး ငါ၏မိသားစုကို အရှက်ရစေသည်။ ၎င်းတို့သည် ငါ၏အိမ်မှ ချက်ချင်း နှင်ထုတ်ခြင်းကို ခံကြရလိမ့်မည်။ ၎င်းတို့ကို ငါ အလိုမရှိ။ ငါသည် တစ်စက္ကန့်မျှပင် နှောင့်နှေးခြင်းကို သည်းခံလိမ့်မည်မဟုတ်။ ငါ၏နိုင်ငံတော်တွင် အားလုံးသည် သန့်ရှင်းကြပြီး၊ မည်သည့်နည်းဖြင့်မဆို အပြစ်အနာအဆာ မရှိသည့်အတွက်၊ ထိုလူတို့အတွက် ၎င်းတို့ မည်သို့ကြိုးစားကြသည်ဖြစ်စေ၊ အချည်းနှီး ဖြစ်၏။ အကယ်၍ ငါသည် တစ်စုံတစ်ဦးကို အလိုမရှိဟုဆိုလျှင်- ယင်းသည် ငါ၏လူများအပါအဝင်ဖြစ်ပါက- ငါအမှန်တကယ် ဆိုခြင်းဖြစ်သည်။ ငါ၏စိတ်ပြောင်းလဲရန် မစောင့်ဆိုင်းနှင့်။ သင်သည် ယခင်က ငါ့အဖို့ မည်မျှ ကောင်းခဲ့သည်ကို ငါဂရုမစိုက်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

“လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပြီး၊ ထို့အပြင် စိတ်ခံစားမှုများ ရှိသည်။ ထို့သို့ဖြင့် ဘုရားသခင်ကို အစေခံချိန်တွင် ဆန့်ကျင်ဘက်လိင် အသင်းသား နှစ်ဦးအား အဖော်မပါဘဲ၊ အတူတကွ အလုပ်လုပ်ခြင်းကို လုံးဝ တားမြစ်ထား၏။ ထိုသို့လုပ်ဆောင်နေသည်ကို အမိခံရိသူ မည်သူမဆိုသည် ခြွင်းချက်မရှိ ထုတ်ပယ်ခြင်းခံရလိမ့်မည်။”

ညီအစ်ကိုအချို့က ညီအစ်မများနှင့်သာ မိတ်သဟာယပြုဖို့ မရမကတောင်းဆိုပြီး၊ ထိုသို့ပင် သီးခြားလုပ်ဆောင်ကြသည်။ ၎င်းတို့သည် သူတို့နှင့် မိတ်သဟာယပြုသည့်အခါ၊ ညီအစ်မများကို အမှန်တကယ် ရင်ဖွင့်ပြောပြပြီး အခြားသူ တစ်ယောက်တစ်လေဖြင့် ထိုသို့လုပ်ဆောင်ရန် ငြင်းဆန်ကြသည်။ ဤလူများသည် အကျင့်ကောင်း မရှိကြပေ။ ညီအစ်မအချို့သည် အခြားညီအစ်မများနှင့် မိတ်သဟာယမပြုဘဲ၊ သူတို့ကို မည်သည့်အခါမျှ ရင့်ဖွင့်ပြောပြခြင်းမရှိကြပေ၊ အတူ မိတ်သဟာယပြုဖို့ ညီအစ်ကိုများကို အထူးသီးသန့်ရှာဖွေကြသည်။ ဤလူများသည် မည်သည့်လူစားမျိုးနည်း။ သင့်ကို အားပေးထောက်ပံ့နိုင်သည့် ညီအစ်မတစ်ဦးမျှ မရှိလေသလော။ သင်နှင့် မိတ်သဟာယပြုမည့် ညီအစ်မ တစ်ဦးမျှ မရှိသလော။ ၎င်းတို့အားလုံးက သင့်ကို စက်ဆုပ်ရွံရှာကြသလော- တစ်ယောက်မျှ သင့်အတွက် မသင့်တော်လေသလော။ သင်သည် ညီအစ်ကိုများဖြင့်သာ သင့်မြတ်နိုင်သလော။ သင်၌ အခြား ကြံရွယ်ချက်များရှိသည်ဟု ငါထင်သည်။ ဆန့်ကျင်ဘက်လိင်များကိုသာ အထူးသီးသန့် ပေါင်းသင်းမြဲပေါင်းသင်းသူများရှိကြသည်။ သင်၏ သန္နိဌာန်ကို အသုံးပြုလျက် ဤအရာကို သင် အောင်နိုင်ကျော်လွှားရမည်- သင့်ကိုယ်သင် လက်လွတ်စပယ် စိတ်အလိုမလိုက်နှင့်၊ လူများတွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိကြသည်။ ၎င်းတို့အပေါ် မည်သည့်ချုပ်ချယ်မှုများမှ မထားရှိပါက၊ ၎င်းတို့သည် လိင်ကိစ္စများတွင် ဆိုးရွားစွာ ကိုယ်ကျင့်သိက္ခာ ကင်းမဲ့လာသည်။ လူများကို ထိန်းချုပ်ဖို့ နှင့် ၎င်းတို့ကို ဤအကြောင်းအရာများကို အမြဲသုံးသပ်ဆင်ခြင်ရန် အမှတ်ရစေဖို့ အရာများ အစဉ်ရှိရမည်။ ထိုသို့သောအရာများ တည်ရှိခြင်းအားဖြင့်၊ လူများ၏ အပြုအမူသည် သာ၍ ကောင်းမွန်လေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအကြောင်း စကားပြောခြင်း” မှ

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၉)” မှ

လူတစ်ဦး၏ သဘာဝကို ဖြေရှင်းခြင်းသည် ဇာတိပကတိကို စွန့်လွှတ်ခြင်းနှင့် စတင်ပြီး၊ ဇာတိပကတိကို စွန့်လွှတ်ခြင်းသည်လည်း အခြေခံသဘောတရားများ ရှိခြင်း လိုအပ်သည်။ လူတစ်ဦးသည် နားဝေတိမ်တောင်ဖြစ်နေစဉ်တွင် ဇာတိပကတိကို စွန့်လွှတ်နိုင်သလော။ ပြဿနာတစ်ခုကို သင် ကြုံရသည်နှင့်တစ်ပြိုင်နက်၊ ဇာတိပတိကို သင် အလျှော့ပေးသည်။ ညီအစ်ကို အချို့သည် လှပသော အမျိုးသမီးတစ်ဦးကို ၎င်းတို့၏ မျက်ခြေမပြတ် ကြည့်ခြင်းဖြင့် ရပ်တန့်ကောင်းရပ်တန့်နိုင်သည်။ ဤအရာကို သင် သည်လည်း လုပ်ဆောင်ပါက၊ မိမိကိုယ်ကိုယ်အတွက် ဆောင်ပုဒ်တစ်ခု သင် ထူထောင်ရမည်။ လှပသော အမျိုးသမီးတစ်ဦး ရောက်လာချိန်တွင်၊ သင် စွန်ခွာသင့်သလော သို့မဟုတ် အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ သူက သင့်လက်ကို ကိုင်ဖို့ လက်လှမ်းပါက၊ သင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ မည်သည့်အခြေခံသဘောတရားမျှ သင် မရှိပါက၊ ထိုသို့သော အခြေအနေတစ်ခုကို ရင်ဆိုင်ခြင်းသည် သင့်အား ခလုတ်တိုက်လဲစေလိမ့်မည်။ ငွေနှင့် ချမ်းသာကြွယ်မှုကို မြင်ရာတွင် သင်သည် မနာလိုဝန်တိုဖြစ်ပါက၊ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်သည် သင်၏ စိတ်ကို ဤပြဿနာတွင် အတိအကျ ထားရှိသင့်ပြီး၊ ယင်းကို ဖြေရှင်းရန် မိမိကိုယ်ကိုယ် လေ့ကျင့်ခြင်းအား အာရုံစိုက်သင့်ပြီး၊ သင်သည် ဇာတိပကတိကို တဖြည်းဖြည်း စွန့်လွှတ်နိုင်လိမ့်မည်။ ပြဿနာတစ်ခုကို သင် ကြုံနေသည့်အခါ သင် သာ၍ပင် ရှာဖွေသင့်သည့် အတော် အရေးပါသော အခြေခံသဘောတရားတစ်ခု ရှိ၏၊ ထိုပြဿနာကို ဘုရားသခင်၏ ရှေ့မှောက် သင် ယူဆောင်လာသင့်ပြီး ယင်းကို ပို၍ အချိန်ယူ သုံးသပ်ဆင်ခြင်သင့်သည်။ ထို့အပြင်၊ ညနေခင်းတိုင်းတွင်၊ သင်၏ ကိုယ်ပိုင်အခြေအနေကို ဆန်းစစ်ရမည်ဖြစ်ပြီး သင်၏ ကိုယ်ပိုင် အပြုအမူကို စေ့စေ့စပ်စပ်ကြည့်ရှု စစ်ဆေးရမည်- သင်၏ လုပ်ရပ်များထဲမှ မည်သည့်အရာက သမ္မာတရားနှင့်အညီ လုပ်ဆောင်ပြီးဖြစ်ကာ မည်သည့်အရာက အခြေခံသဘောတရားများကို ဆန့်ကျင်ခဲ့သနည်း။ ဤသည်မှာ နောက်ထပ် အခြေခံသဘောတရားတစ်ခုဖြစ်သည်။ ဤအချက်နှစ်ချက်က အရေးအကြီးဆုံးဖြစ်သည်- တစ်ခုမှာ သင် တစ်စုံတစ်ရာ လုပ်ဆောင်နေစဉ်တွင် မိမိကိုယ်ကိုယ် ဆန်းစစ်ရန်ဖြစ်ပြီး၊ အခြားတစ်ခုမှာ ၎င်းနောက်တွင် သင့်ကိုယ်သင် ဆန်းစစ်ရန်ဖြစ်သည်။ တတိယ အခြေခံသဘောတရားမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက မည့်သည့်အရာကို ဆိုလိုကြောင်းနှင့် ကိုယ်ကျင့်တရားကောင်းသည့် ပုံစံဖြင့် ကိစ္စရပ်များကို ကိုင်တွယ်ခြင်းက မည်သည့်အရာကို ရည်ညွှန်းကြောင်းတို့နှင့်ပတ်သက်၍ လုံးဝ ရှင်းလင်းစေဖို့ဖြစ်သည်။ ဤအရာအပေါ် သင် ပြတ်သားရှင်းလင်းသည်နှင့်တစ်ပြိုင်နက်၊ ကိစ္စရပ်များကို မှန်မှန်ကန်ကန် သင် ကိုင်တွယ်လိမ့်မည်။ ဤအခြေခံသဘောတရား သုံးခုကို လိုက်နာစောင့်ထိန်းခြင်းဖြင့်၊ ချုပ်တည်းခြင်းကို သင် ကျင့်သုံးနိုင်လိမ့်မည်။ သင်၏ ဖောက်ပြန်ပျက်စီးသော သဘာဝသည် မိမိကိုယ်ကိုယ် ထုတ်ဖော်ပြနိုင်လိမ့်မည်မဟုတ်၊ ပြန်ပေါ်လာလိမ့်မည်မဟုတ်။ ဤသည်မှာ လူသားသဘာဝကို ဖြေရှင်းခြင်းအတွက် အဓိကကျသော အခြေခံသဘောတရားလည်း ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း နှင့် ဗီဇကို ဖြေရှင်းခြင်း” မှ

သင် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင် မည်မျှဝါရင့်သည် သို့မဟုတ် နှစ်ပေါင်းမည်မျှ သင် အလုပ်လုပ်နေခဲ့ပြီး ဖြစ်သည်ဆိုသည့်အပေါ် မူတည်ခြင်းမရှိပေ၊ သင့်တော်သော အရည်အချင်းများကို တစ်ဆင့်ပြီးတစ်ဆင့် သင် မည်မျှတည်ဆောက်ပြီးပြီဆိုသည့်အပေါ် သာ၍ပင် မူတည်ခြင်းမရှိပေ။ ယင်းထက်၊ ထိုအရာသည် သင်၏လိုက်စားခြင်းက အသီးသီးခြင်း ရှိမရှိ ဆိုသည့်အပေါ် မူတည်လေသည်။ ကယ်တင်ခံရသူတို့သည် အသီးသီးသည့် “သစ်ပင်များ” ဖြစ်ပြီး၊ စိမ်းလန်းစိုပြေသော သစ်ရွက်များ၊ အလျှံပယ်သော ပန်းပွင့်များနှင့် ဖြစ်သော်လည်း မသီးပွင့်သည့် သစ်ပင်များ မဟုတ်သည်ကို သင် သိသင့်သည်။ လမ်းများတွင် နှစ်များစွာ လှည့်လည်သွားလာရင်း သင် အချိန်ကုန်ဆုံးပြီးဖြစ်လျှင်ပင်၊ ယင်းက မည်သည့်အရေးနည်း။ သင်၏ သက်သေခံချက်မှာ အဘယ်မှာနည်း။ ဘုရားသခင်အပေါ် သင်၏ ကြည်ညိုခြင်းသည် သင့်ကိုယ်သင် ချစ်ခြင်းနှင့် သင်၏ ရမ္မက်ကြီးသော ဆန္ဒများထက် များစွာ လျော့လေသည်- ဤကဲ့သို့သော လူမျိုးသည် အကျင့်ပျက်သော သူတစ်ဦး ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် ကယ်တင်ခြင်းအတွက် အဘယ်သို့ နမူနာနှင့် စံပုံစံ ဖြစ်နိုင်မည်နည်း။ သင်၏ သဘာဝဗီဇသည် ပြုပြင်မရ၊ သင်သည် အလွန်ပုန်ကန်လွန်းလှပြီး၊ သင့်ကို ကယ်တင်၍ ရနိုင်မည် မဟုတ်ပေ။ ထိုသို့သော လူတို့သည် ပယ်ရှင်းခံရမည့်သူများ ဖြစ်ကြသည် မဟုတ်လော။ ငါ၏ အမှုပြီးစီးသည့် အချိန်သည် သင်၏ နောက်ဆုံးနေ့ရက် ရောက်ရှိသည့်အချိန် ဖြစ်သည် မဟုတ်လော။ ငါသည် သင်တို့ကြားတွင် အလွန်များလှစွာသော အမှုများကို ပြုပြီးဖြစ်ကာ အလွန်များလှစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးလေပြီ- ထိုအရာထဲမှ သင်တို့ အမှန်တကယ် မည်မျှနားဝင်ခဲ့သနည်း။ သင်တို့ မည်မျှ နာခံဖူးပါသနည်း။ ငါ၏ အမှုအဆုံးသတ်သည့်အခါ၊ ယင်းသည် သင်ငါ့ကို ဆန့်ကျင်ခြင်း ရပ်သည့်အချိန်၊ ငါ့ကို ဆန့်ကျင်ရပ်တည်ခြင်းအား သင် ရပ်တန့်သည့်အချိန် ဖြစ်လိမ့်မည်။ ငါ အမှုပြုစဉ်၊ သင်တို့သည် စဉ်ဆက်မပြတ် ငါ့ကို ဆန့်ကျင်ပြုမူ၏။ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ ဘယ်သောအခါမျှ မလိုက်နာကြ။ ငါ၏ အမှုကို ငါလုပ်ဆောင်ပြီး သင်သည် သင်၏ ကိုယ်ပိုင်နိုင်ငံငယ်ကို ဖန်တီးရင်း သင်၏ ကိုယ်ပိုင် “အလုပ်” ကို လုပ်သည်။ သင်တို့သည် ငါ့ကို အရာရာတွင် ငါ့ကို ဆန့်ကျင်နေသည့် မြေခွေးများနှင့် ခွေးများ တစ်အုပ်သာဖြစ်သည်။ ၎င်းတို့၏ မဆုတ်မနစ်သော ချစ်ခြင်းမေတ္တာကို သင့်အား ပေးသောသူတို့ကို ထွေးပိုက်ရန် သင်တို့ စဉ်ဆက်မပြတ် ကြိုးစားနေကြ၏- သင်တို့၏ ရိုသေမှုမှာ အဘယ်မှာနည်း။ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသော အရာဖြစ်သည်။ သင်တို့တွင် နာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိသကဲ့သို့ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသောအရာနှင့် ပြစ်မှား စော်ကားသောအရာ ဖြစ်၏။ ထိုသို့သော လူတို့သည် ကယ်တင်ခံရ နိုင်သလော။ ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်ပြီး ကာမရာဂ စိတ်ပြင်းပြသော သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ပျော်မွေ့ခြင်းအတွက် မြူဆွယ်တတ်သော မိန်းမပျက်တို့ကို မိမိတို့ထံ အစဉ်အမြဲ ဆွဲခေါ်လိုကြလေသည်။ ထိုသို့သော ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်သော မကောင်းဆိုးဝါးများကို ငါသည် လုံးဝ ကယ်တင် လိမ့်မည်မဟုတ်။ ညစ်ညူးသော မကောင်းဆိုးဝါးတို့၊ အသင်တို့ကို ငါ မုန်း၏၊ ပြီးလျှင် သင်၏ ကာမရာဂစိတ်ပြင်းပြမှုနှင့် မြူဆွယ်ခြင်းတို့သည် သင်တို့ကို ငရဲသို့ ထိုးဆင်းစေလတ္တံ့။ သင်တို့ကိုယ်သင်တို့ မည်သို့ ရှင်းပြမည်နည်း။ အသင် ညစ်ညူးသော မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများတို့သည် ရွံ့ရှာဖွယ်ဖြစ်၏။ သင်တို့သည် စက်ဆုပ်ဖွယ် ဖြစ်၏။ ထိုသို့သော အမှိုက်သည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။ အပြစ်ထဲ၌ မိနေသည့် ၎င်းတို့သည် ကယ်တင်ခံရနိုင်သေးသလော။ ယနေ့၊ ဤသမ္မာတရား၊ ဤလမ်းခရီးနှင့် ဤအသက်တို့ကို သင်တို့ စိတ်မဝင်စားစေပေ။ ယင်းထက်၊ သင်တို့သည် အပြစ်နှင့်ပြည့်ဝခြင်း၊ ငွေ၊ ရပ်တည်ချက်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ဇာတိပကတိ၏ ပျော်မွေ့ခြင်း၊ အမျိုးသားများ၏ ချောမောခန့်ညားခြင်းနှင့် အမျိုးသမီးတို့၏ ဆွဲဆောင်မှုတို့ကို စိတ်ဝင်စားကြ၏။ ငါ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ရန် သင်တို့ကို မည်သည့်အရာက အရည်အချင်းနှင့် ပြည့်မီစေသနည်း။ လူတို့ကြား သင်တို့၏ သိက္ခာကို မဆိုနှင့်ဦးတော့၊ သင်တို့၏ ပုံရိပ်သည် ဘုရားသခင်၏ ပုံရိပ်ထက်ပင် ကြီးမား၏၊ သင်တို့၏ အဆင့်အတန်းသည် ဘုရားသခင်၏ အဆင့်အတန်းထက်ပင် မြင့်မား၏- သင်တို့သည် လူတို့ကိုးကွယ်သည့် ရုပ်တုဆင်းတုများ ဖြစ်လာကြပေပြီ။ သင်သည် ကောင်းကင်တမန်မင်း ဖြစ်လာပြီ မဟုတ်လော။ ကယ်တင်ခြင်း အမှု အဆုံးသတ်ဖို့ နီးမည့်အချိန်လည်းဖြစ်သော လူတို့၏နိဂုံး ထုတ်ဖော်ပြခံရသည့် အချိန်တွင်၊ သင်တို့သည် ကယ်တင်မရသည့် အလောင်းကောင်များ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ပယ်ရှင်းခံရကြပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၇)” မှ

ယနေ့တွင် ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်မခံနိုင်သောသူများသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိနိုင်မည်မဟုတ်ပေ၊ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူတို့သည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်၏လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ရှေ့တော်သို့ ယူဆောင် လာနိုင်မည်လော ဟူသည်ကို ကြည့်လော့။ သင်၏ လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ ရှေ့တော်သို့ မယူဆောင် လာနိုင်ပါက၊ သင်သည် ဒုစရိုက်ကိုပြုသောသူတစ်ဦး ဖြစ်ကြောင်း ယင်းက ပြနေသည်။ ဒုစရိုက်ကိုပြုသောသူများသည် စုံလင်စေခြင်း ခံရနိုင်မည်လော။ သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်ရွယ်ချက် အားလုံးနှင့် တုံ့ပြန်မှုများအားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင် လာရမည်။ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာအသက်တာတွင်ပင်- သင်၏ ဆုတောင်းခြင်းများ၊ ဘုရားသခင်နှင့်နီးကပ်မှုများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်း၊ ထို့ပြင် အသင်းတော်အတွင်းရှိ သင်၏အသက်တာနှင့် သင်၏ တွဲဖက်ဆောင်ရွက်၍ အစေခံခြင်းတို့ကို ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို ခံရန်အတွက် သူ၏ ရှေ့တော်သို့ ယူဆောင်လာနိုင်သည်။ သင့်အား ဘဝတွင် ရင့်ကျက်သူတစ်ဦး ဖြစ်လာစေရန် ကူညီမည့် အရာသည် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်ခံခြင်းဖြစ်စဉ်သည် သန့်စင်ခြင်းဖြစ်စဉ် ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံနိုင်လေလေ၊ သင်စင်ကြယ်ခြင်း ခံရလေလေ ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီလေလေ ဖြစ်သဖြင့် ကာမဂုဏ်လွန်ကြူးခြင်းနှင့် အပျော်အပါးလိုက်စားခြင်း၏ ဆွဲဆောင်ခြင်းနောက် မလိုက်ဘဲ၊ သင်၏ စိတ်နှလုံးသည်လည်း ကိုယ်တော်၏မျက်မှောက်တွင် နေထိုင်ပေလိမ့်မည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို သင်လက်ခံလေလေ၊ စာတန် အရှက်ရလေလေဖြစ်ပြီး သင်သည် ဇာတိပကတိကို ပစ်ပယ်နိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အကဲခတ်ခြင်းကို လက်ခံခြင်းသည် လူတို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ မည်ကဲ့သို့သော အမှုအရာများကို သင်ပြုလုပ်နေပါစေ၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုသည့် အခါ၌ပင်လျှင်၊ သင်သည် သင်၏လုပ်ရပ်များကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍၊ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို တောင်းခံကာ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို နာခံရန် ရည်မှန်းနိုင်သည်၊ ယင်းသည် သင်လက်တွေ့လုပ်ဆောင်သည့် အရာကို ပိုမိုမှန်ကန်စေ ပေလိမ့်မည်။ သင်ဆောင်ရွက်သမျှကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံမှသာလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နေသူတစ်ဦး ဖြစ်နိုင်ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်” မှ

အရှေ့သို့- ၁၂၉။ အခြားသူများထံတွင် အမှားပြင်ဆင်ခြင်း နှင့် တောင်းပန်ခြင်း နိယာမများ

နောက်တစ်ခုသို့- ၁၃၁။ အခြားသူများအား မျှမျှတတ ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည်အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်