၁၂၄။ အခြားသူများနှင့် အပြန်အလှန် ဆက်ဆံခြင်း နိယာမများ

(၁) အခြားသူများနှင့် အပြန်အလှန် ဆက်ဆံရာတွင် နိယာမအတိုင်း ဖြစ်ရမည်။ သမ္မာတရားကို ချစ်မြတ်နိုးသူ၊ မှန်ကန်သောလမ်းတွင် လျှောက်သူ၊ လျောက်ပတ်သော အမှု၌ ကျင်လည်သူ၊ ဝံပူလွေများ မြေခွေးများနှင့် ပေါင်းသင်းခြင်းမရှိသူတို့နှင့် အပြန်အလှန် ဆက်ဆံသင့်သည်။

(၂) လူတို့သည် ရိုးသားရမည်၊ အပြန်အလှန် လေးစားခြင်း၊ နားလည်ခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်း ရှိနိုင်ပြီး၊ တစ်ဦးနှင့်တစ်ဦး အမှန် ကူညီရမည်။ တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းဆိုသည်မှာ ၄င်းကို ဆိုလိုပါသည်။

(၃) အခြားသူများကို လွန်စွာ အထင်သေးခြင်း နှင့် တန်ဖိုးနှိမ့်ခြင်း မရှိဘဲ၊ သာတူညီမျှ ဆက်ဆံရန် သင်ယူလော့။ သူတို့၏ အားနည်းချက်များ နှင့် ပစ်မှားခြင်းများကို မေတ္တာနှင့်ယှဉ်သော ကူညီမှုဖြင့် ဆက်ဆံလော့။

(၄) လူပုဂ္ဂိုလ် အမျိုးအစား အသီးသီးကို ခွဲခြားသိမြင်ရန် သင်ယူသင့်သည်။ သမ္မာတရားကို ချစ်မြတ်နိုးသူများနှင့် ပို၍ ဆက်ဆံပြီး၊ သမ္မာတရားကို မနှစ်သက်သော လိမ်လည်သူ ဒုစရိုက်သားတို့ကို ရှောင်ဖယ်လော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ပုံမှန်လူတို့၏ စိတ်နေသဘောထားများတွင် ကောက်ကျစ်စဥ်းလဲမှု သို့မဟုတ် လှည့်ဖြားမှုတို့ မရှိပေ၊ လူတို့သည် အချင်းချင်း တစ်ယောက် နှင့် တစ်ယောက် ပုံမှန်ဆက်ဆံရေး ရှိကြသည်၊ သူတို့သည် တစ်ဦးတည်း မရပ်တည်၊ သူတို့၏ အသက်တာများသည်လည်း သာမန်မျှသာ မဟုတ်သကဲ့သို့ ယိုယွင်းပျက်စီးမှုလည်း မရှိ။ ထိုနည်းတူစွာ ဘုရားသခင်သည် အားလုံးတို့အကြားတွင် ချီးမြှောက်ခံရသည်၊ သူ၏ နှုတ်ကပတ်တော်များသည်လည်း လူသားအလယ်တွင် စိမ့်ဝင်ပျံ့နှံ့သည်၊ ဘုရားသခင်၏ ကာကွယ်မှုနှင့် စောင့်ရှောက်မှု အောက်တွင် လူများသည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် သဟဇာတဖြစ်လျက် နေထိုင်ကြသည်၊ စာတန်၏ နှောင့်ယှက်မှု မပါဘဲနှင့် ကမ္ဘာမြေကြီးသည်လည်း စည်းလုံးညီညွတ်မှုနှင့် ပြည့်လွှမ်းနေကာ၊ လူသားအလယ်တွင် ဘုရားသခင်၏ ဘုန်းတော်သည် အရေးကြီးဆုံး အရာအဖြစ် ရှိ၏။ ထိုကဲ့သို့သော လူများ သည် ကောင်းကင်တမန်များကဲ့သို့ ဖြစ်၏၊ ဖြူစင်သည်၊ အားမာန်ပြည့် လျက်ရှိသည်၊ ဘုရားသခင် အကြောင်းကို မည်သည့်အခါမျှ ညည်းညူ ပြောဆိုခြင်းမရှိဘဲ၊ ၎င်းတို့၏ လုံ့လအားလုံးကို ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်၏ ဘုန်းတော်တစ်ခုတည်း အတွက်သာ ဆက်ကပ်အပ်နှံထားကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

အကယ်၍ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးရှိလိုပါက သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်ရမည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ်ထား၍၊ သင်သည် အခြားသူများနှင့်လည်း ပုံမှန် ဆက်ဆံရေးရှိလိမ့်မည်။ သင့်တွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမရှိပါက၊ အခြားသူများနှင့် ဆက်ဆံရေးကို သင်မည်မျှပင် ထိန်းသိမ်းစေကာမူ၊ သင်သည် မည်မျှပင် အလုပ်ကြိုးစားစေကာမူ၊ သင်သည် မည်မျှပင် အားထုတ်စေကာမူ၊ အားလုံးသည် အသက်ရှင်ရေးအတွက် လူသား၏ သဘောတရား ခံယူချက်နှင့်သာ ပတ်သက်ပေမည်။ လူများက သင့်ကို ချီးမွမ်းကြရန် သင်သည် လူ့အမြင်နှင့် လူ့သဘောတရားခံယူချက်တို့အားဖြင့် လူသားများအလယ်တွင် သင်၏အနေအထားကို ထိန်းသိမ်းနေသည်၊ သို့သော် လူများနှင့် ပုံမှန်ဆက်ဆံရေးများကို ထူထောင်ရန် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်နာခြင်း မရှိပေ။ အကယ်၍ သင်သည် အခြားလူများနှင့် ပုံမှန် ဆက်ဆံရေးကို အာရုံမစိုက်ဘဲ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကိုသာ ထိန်းသိမ်းလျှင်၊ အကယ်၍ သင်သည် သင့်စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ပြီး ကိုယ်တော်ကို နာခံရန်လိုလားလျှင်၊ အခြားသူများအားလုံးနှင့် သင်၏ ဆက်ဆံရေးသည် အလိုအလျောက် လျော်ကန်လာပေမည်။ ဤနည်းအားဖြင့် ထိုဆက်ဆံရေးများကို ဇာတိထဲ၌ မဟုတ်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအုတ်မြစ်ပေါ်တွင် တည်ထောင်ထားပေသည်။ ဇာတိကူးလူးဆက်ဆံမှု လုံးဝနီးပါးမရှိသော်လည်း စိတ်ဝိညာဉ်၌ မိတ်သဟာယဖွဲ့မှု၊ အပြန်အလှန်မေတ္တာ၊ အပြန်အလှန်နှစ်သိမ့်မှုနှင့် အချင်းချင်း ထောက်ပံ့ပေးမှုတို့ ရှိသည်။ ၎င်းတို့အလုံးစုံကို ဘုရားသခင်ကို ကျေနပ်စေသောစိတ်နှလုံးကို အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းဆက်ဆံရေးများကို လူသား၏ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်ပေါ်တွင် အားထားခြင်းဖြင့် ထိန်းသိမ်းထားသည် မဟုတ်ဘဲ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဝန်ကိုထမ်းရင်း အလွန်သဘာဝကျစွာ ဖြစ်ထွန်းလာခြင်းဖြစ်သည်။ ၎င်းသည် လူလုပ်အားထုတ်မှုများ မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားရန် လိုလိုလားလားရှိသလော။ ဘုရားသခင် ရှေ့မှောက်တွင် “အကြောင်းမဲ့သောသူ” ဖြစ်ရန် သင်လိုလိုလားလားရှိသလော။ သင့်စိတ်နှလုံးကို ဘုရားသခင်အား အကြွင်းမဲ့ပေးကာ လူများအလယ်တွင် သင့်အနေအထားကို ဥပေက္ခာပြုရန် သင်လိုလိုလားလား ရှိသလော။ သင်နှင့် အဆက်အသွယ်ရှိသူအားလုံးထဲတွင် သင်သည် မည်သူနှင့် အကောင်းဆုံး ဆက်ဆံရေးရှိသနည်း။ မည်သူနှင့် အဆိုးရွားဆုံး ဆက်ဆံရေး ရှိသနည်း။ လူတို့နှင့် သင်၏ဆက်ဆံရေးများသည် ပုံမှန်ဖြစ်သလော။ သင်သည် လူအားလုံးကို တန်းတူညီမျှ ဆက်ဆံသလော။ သင်၏ဆက်ဆံရေးအားလုံးကို သင်၏အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ ထိန်းသိမ်းထားသလော၊ သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသလော။ လူတစ်ဦးသည် သူ၏စိတ်နှလုံးကို ဘုရားသခင်အား မပေးပါက သူ၏ဝိညာဉ်သည် ထူသွားသည်၊ ထုံသွားပြီး သတိမဲ့သွားသည်။ ထိုလူစားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘယ်သောခါမျှ နားလည်မည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့်ပုံမှန် ဆက်ဆံရေးကို ဘယ်သောခါမျှ ရမည်မဟုတ်ပေ။ ထိုလူစား၏ စိတ်သဘောထားသည် ဘယ်သောခါမျှ ပြောင်းလဲမည်မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏” မှ

လူအချင်းချင်း ပုံမှန်ဆက်ဆံရေးကို ထူထောင်ရာတွင် လူသား၏အားထုတ်မှုမှ မဟုတ်ဘဲ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်းဟူသည့် အုတ်မြစ်ပေါ်တွင် ထူထောင်ထားသည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိပါက လူလူချင်း ဆက်ဆံရေးများသည် ဇာတိ၏ဆက်ဆံရေးများမျှသာ ဖြစ်သည်။ ယင်းဆက်ဆံရေးများသည် ပုံမှန်မဟုတ်ဘဲ၊ ရာဂနောက် စိတ်လွတ်လက်လွတ် လိုက်ပါသွားခြင်းဖြစ်သည်။ ဘုရားသခင် မုန်းတီးသော၊ ကိုယ်တော်စက်ဆုပ်သော ဆက်ဆံရေးများဖြစ်သည်။ သင့်ဝိညာဉ်တို့ထိခံရသည်ဟု သင်ပြောသော်လည်း၊ သင်သည် သင်နှစ်သက်သူ၊ သင်အထင်ကြီးသူ မည်သူမဆိုနှင့် အမြဲတစေ မိတ်သဟာယဖွဲ့လိုပြီး၊ အခြားသူတစ်ဦးက ရှာဖွေနေသော်လည်း၊ သင်က ထိုသူကိုမနှစ်သက်ဘဲ၊ သင်သည် ထိုသူအပေါ် အမြင်ပင်စောင်းကာ၊ ၎င်းနှင့်မဆက်ဆံပါက၊ ယင်းအချက်က သင်သည် ခံစားချက်များ၏ သက်ရောက်မှုရှိပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး အလျင်းမရှိကြောင်း နောက်ထပ် သက်သေပင်ဖြစ်၏။ သင်သည် ဘုရားသခင်ကို လှည့်စားရန်နှင့် သင်ကိုယ်တိုင်၏ အကျည်းတန်မှုကို ဖုံးအုပ်ရန် ကြိုးစားနေသည်။ သင်သည် သိနားလည်မှုအချို့ကို ဝေမျှနိုင်သော်လည်း မှားယွင်းသော ရည်ရွယ်ချက်များကို ထားရှိပါက၊ သင်လုပ်သမျှ အရာရာတိုင်းသည် လူ့စံနှုန်းများအရသာ ကောင်းမွန်နေသည်။ ဘုရားသခင်က သင့်ကို ချီးမွမ်းမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ ဝန်နှင့်အညီမဟုတ်ဘဲ ဇာတိနှင့်အညီသာ ပြုမူနေသည်။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့တွင် သင့်စိတ်နှလုံးကို ငြိမ်သက်အောင်ပြုနိုင်လျှင်၊ ဘုရားသခင်ကို ချစ်သောသူအားလုံးနှင့် ပုံမှန်ဆက်ဆံရေး ရှိမည်ဆိုလျှင်၊ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အသုံးပြုမှုအတွက် သင့်တော်ပေသည်။ ဤနည်းအားဖြင့် သင်သည် အခြားသူများနှင့် မည်သို့ပင် ပေါင်းသင်းသည်ဖြစ်စေ၊ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ မဟုတ်ဘဲ ဘုရားသခင်ရှေ့တွင် ကိုယ်တော်၏ဝန်ကို အရေးထားသော နေထိုင်နည်းဖြင့် အသက်ရှင်ခြင်း ဖြစ်လိမ့်မည်။ သင်တို့ထဲတွင် ထိုသို့သောလူ ဘယ်နှစ်ဦးရှိသနည်း။ အခြားသူများနှင့်သင်၏ ဆက်ဆံရေးများသည် အမှန်တကယ် လျော်ကန်သလော။ ၎င်းတို့ကို မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသနည်း။ သင့်ထဲ၌ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်များ မည်မျှရှိသနည်း။ ၎င်းတို့ကို စွန့်ပယ်ပြီးပြီလော။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို လုံးလုံးလျားလျား အားမကိုးနိုင်လျှင် သင်သည် ဘုရားသခင်နှင့်မသက်ဆိုင်ပေ၊ သင်သည် စာတန်ထံမှလာပြီး၊ အဆုံးတွင် သင့်ကို စာတန်ထံပြန်ပို့လိမ့်မည်။ သင်သည် ဘုရားသခင်၏ လူထဲမှ တစ်ဦးဖြစ်ရန် မထိုက်တန်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏” မှ

ဘုရားသခင်၏ အိမ်တော်တွင်၊ လူတို့ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြသည့်အရာသည် အခြေအနေအားလုံးတွင် သမ္မာတရားကို ယင်း၏ အခြေခံသဘောတရားနှင့် အခြေခံအုတ်မြစ်အဖြစ် ရှိသင့်ပေသည်။ သင်သည် ထိုသို့သော အခြေအနေတစ်ခုတွင် အသက်ရှင်ပါက၊ လူတို့အလယ်တွင် ညီမျှမှုရှိပြီး ဘုရားသခင်နှင့် အယောက်တိုင်း၏ ဆက်ဆံရေးသည် အဖန်ဆင်းခံ သတ္တဝါတစ်ဦးနှင့် ဖန်ဆင်းရှင်တို့ကြားက ဆက်ဆံရေး ဖြစ်သည်။ ထိုသို့ဖြင့်၊ လူတို့ကြားက အပြန်အလှန်ဆက်ဆံမှုများသည် များစွာ သာ၍ ရိုးရှင်းလာပြီး သာ၍ လွယ်ကူလာလေသည်။ ထိုအခါမှသာ လူတို့သည် စစ်မှန်စွာ လွတ်မြောက်နိုင်ပြီး ၎င်းတို့ အသက်ရှင်ပုံတွင် လွတ်လပ်နိုင်ကာ စစ်မှန်စွာ ပျော်ရွှင်နိုင်ပေသည်။ ဤအရာကို သင်တို့ စွမ်းဆောင် ရရှိပြီးပြီလော သို့မဟုတ် မရရှိသေးသလော။ (မရရှိသေးပါ။) ကိုင်း၊ သို့ဆိုလျှင် မည်သည့်အရာအားဖြင့် သင် အသက်ရှင်သနည်း။ သင်သည် ရှင်သန်ခြင်းအတွက်ဖြစ်သော ထိုအတွေးအခေါ်များမှ ချိုးဖောက်လွတ်မြောက်ခြင်း မရှိသေးပေ သို့မဟုတ် မိမိကိုယ်ကိုယ် ကျော်ကြားမှုနှင့် အခွင့်အလမ်းအတွက် ရုန်ကန်ခြင်းနှင့် မနာလိုမှုနှင့် ပဋိပက္ခတို့၏ ဘဝအခြေအနေမှ မလွတ်မြောက်စေနိုင်သေးပေ။ သင့်ကို အုပ်စိုးပြီး ထိန်းချုပ်သည်မှာ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု လုံးဝ ဖြစ်ပေသည်။ ထို့ကြောင့် သင်၏ အသက်ရှင်ခြင်း နည်းလမ်းသည် အလွန် ပင်ပန်းစရာဖြစ်ပြီး မကြာခဏ ထိုသို့ သင် ခံစားရသည်- “ဘုရားသခင်၏ အိမ်တော်ထဲက အသက်တာသည် လောကထဲက အသက်တာနှင့် အလွန် ဆင်တူရသည်မှာ အဘယ်ကြောင့်နည်း။ ဤနေရာတွင် ဘဝကလည်း ခြေကုန်လက်ပန်းကျစရာဖြစ်ပြီး၊ အရာရာတွင် ကျွန်ုပ် အမြဲ သတိထားဖို့ လိုကာ၊ ကျွန်ုပ် မပြုမူမီ လူတို့ မျက်နှာထားများကို အမြဲ လေ့လာစောင့်ကြည့်ရသည်။” ဤအခြေအနေသည် အဘယ်သို့ ဖြစ်လာခဲ့ရသနည်း။ယင်းမှာ သင်၏ အပြုအမူ အခြေခံသဘောတရားများ၊ အမှုအရာများအပေါ် ရှုထောင့်အမြင်များနှင့် အမှုအရာများကို ကိုင်တွယ်ခြင်း နည်းစနစ်များမှာ အားလုံး မှားယွင်းသောကြောင့် ဖြစ်သည်။ သင်သည် သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မပြုမူပေ။ ကိစ္စရပ်အားလုံးသည် အစအဦးများနှင့် အခြေခံအုတ်မြစ်များ ရှိသည်-ထို့ကြောင့်၊ သင် စိတ်ဆုံးဖြတ်သင့်သည့် ပထမဦးဆုံး၊ အခြေခံအကျဆုံးသော အရာမှာ အဘယ်နည်း။ ပထမဦးစွာ၊ သင်သည် သင်၏ အတွေးများ၊ သင်၏ စိတ်ကူးများ၊ သင်၏ အသိပညာနှင့် သင်၏ ရှုထောင့်အမြင်များကို စိတ်ဖြာလေ့လာသင့်ပြီး သိရှိလာသင့်ပေသည်။ ထို့နောက် အဘယ်အရာနည်း။ (မည်သည့် ရှုထောင့်အမြင်မျိုးဖြင့် သင့် အနီးအနားရှိ အမှုအရာများကို သင် သဘောထားသင့်သည်၊ ယင်းတို့ကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သည်ဆိုသည်နှင့် သင်၏ လုပ်ရပ်များတွင် မည်သည့် အခြေခံသဘောတရားများကို သင် အသုံးပြုသင့်သည်ဆိုသည်တို့ကို ရှာဖွေပါ။) ဤသည်မှာ လက်တွေ့လုပ်ဆောင်မှု ပါဝင်ပေသည်။ တကယ့် အသက်တာတွင်၊ လူသား အပြန်အလှန် ဆက်ဆံမှု၏ အခြေခံအကျဆုံးသော အခြေခံသဘောတရားတစ်ခု ရှိရပေမည်။ အယောက်တိုင်းသည် မိမိတို့၏ ကိုယ်ပိုင် တာဝန်ကို ချော်ထွက်မသွားဘဲလျက်၊ အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ သင့်တော်သော ရာထူးအဆင့်အတန်းတွင် ရပ်တည်ရမည်။ မည်သူမျှ အခြားသူထက် သာ၍ မကောင်း သို့မဟုတ် သာ၍ မဆိုးပေ။ လူအားလုံးသည် ရှင်သန်ခြင်းအတွက် အတွေးအခေါ်များ၊ အမှုအရာများကို လုပ်ဆောင်ခြင်းနှင့်သက်ဆိုင်သည့် စာတန်၏ အခြေခံသဘောတရားများနှင့် နည်းစနစ်များကို ချိုးဖောက်လွတ်မြောက်လျက်၊ သမ္မာတရား အခြေခံသဘောတရားအတိုင်း ပြုမူရမည်ဖြစ်ပြီး၊ အခြားသူတို့အား အလားတူ သမ္မာတရား အခြေခံသဘောတရားအတိုင်း ၎င်းတို့အား ဆက်ဆံရန် တောင်းဆိုရင်း၊ အခြားသူတို့အား သမ္မာတရား အခြေခံသဘောတရားနှင့်အညီ ဆက်ဆံရမည် ဖြစ်သည်။ ယခု၊ ဤသည်မှာ သင်တို့အလယ် ဖြစ်ပေါ်သင့်သည့် အခြေအနေမျိုး ဖြစ်သည်။ အသင်းတော် တစ်ခုလုံးတစ်လျှောက်၊ ညီအစ်ကို မောင်နှမအားလုံးထဲတွင်၊ အခြေအနေအမျိုးအစားတစ်ခု- သင်ဖြစ်စေ အခြား မည်သူမဆိုဖြစ်စေ ကန့်သတ်ချုပ်ချယ်မခံရဖို့အလို့ငှာ ဘုရားသခင်၏ မိသားစုရှိသင့်ကာ ညီအစ်ကို မောင်နှမများထဲတွင် တည်ရှိသင့်သည့် အမျိုးအစား- ဖြစ်ပေါ်စေသင့်ပေသည် ။ သင်သည် အခြားသူတို့ကို မကန့်သတ်သကဲ့သို့ ၎င်းတို့က သင့်ကို မကန့်သတ်ပေ- ဤသည်မှာ နောက်ထပ် လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားဖြစ်ပြီး၊ ပုံမှန် လူလူချင်း ဆက်ဆံရေးများကို ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်သည့် အခြေခံအကျဆုံးသော အခြေခံသဘောတရား ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်” မှ

အခြေခံသဘောတရားအတိုင်း ပြုမူခြင်းတွင် အထူးသဖြင့် မည်သည့်အရာ ပါဝင်သနည်း။ ဥပမာအားဖြင့် အခြားသူများကို မည်သို့ဆက်ဆံရမည်နှင့်စပ်လျဉ်း၍ ဂုဏ်ဒြပ်ရှိသူများနှင့် မရှိသူများအပြင်၊ သာမန် ညီအစ်ကိုမောင်နှမများနှင့် အဆင့်အမျိုးမျိုးမှ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို သင်ဆက်ဆံသည့်ပုံစံ၏ နောက်ကွယ်မှ အခြေခံသဘောတရားများမှာ အဘယ်နည်း။ သင်၏ ညီအစ်ကိုမောင်နှမများကို မယုံကြည်သူများက လူများကို ဆက်ဆံသည့်ပုံစံအတိုင်း တစ်ထေရာတည်း ဆက်ဆံ၍ မရနိုင်ပေ။ သင်သည် တရားမျှတပြီး အကျိုးအကြောင်း ဆီလျော်ရမည်။ သင်သည် ဤတစ်ယောက်နှင့် ရင်းနှီး၍ မရသကဲ့သို ထိုတစ်ယောက်နှင့်လည်း ရင်းနှီး၍မရပေ၊ သို့မဟုတ် သင်သည် ဂိုဏ်းများ သို့မဟုတ် အဖွဲ့ဖွဲ့ခြင်းများ မပြုသင့်ပေ။ သင်သည် လူများကို မနှစ်သက်သောကြောင့်၊ ၎င်းတို့ကို အနိုင်ကျင့်၍ မရနိုင်သကဲ့သို့၊ ရှိန်လောက်သော သူများကို ဖော်လံဖားလုပ်၍လည်း မရနိုင်ပေ။ ဤသည်မှာ အခြေခံသဘောတရားများအတိုင်း ဟူသည့်အရာကို ဆိုလိုခြင်းဖြစ်သည်။ အခြားလူများနှင့် သင်ဆက်ဆံသည့် နည်းလမ်း၌ သင်သည် ကိုယ်ကျင့်တရားကောင်းရမည်။ သင်သည် ၎င်းတို့အားလုံးကို မျှတစွာ ဆက်ဆံရမည်။ သင်က အလွန်ကောင်းသည်ဟု ထင်မြင်သည့်သူများကို သင့်ဖက်သို့ ဆွယ်ထားသော်လည်း၊ သင်ချဉ်းကပ်ဖို့ ခက်ခဲသည့်သူများကို ကြဉ်ထားပါက၊ သင်သည် အခြေခံသဘောတရားများ မကင်းမဲ့သလော။ ဤသည်မှာ ကမ္ဘာပေါ်တွင် ရှင်သန်ဖို့အတွက် မယုံကြည်သူများ၏ ဒဿနအမြင်ဖြစ်ပြီး၊ ယင်းက ၎င်းတို့ အခြားသူများကို ဆက်ဆံသည့် နည်းလမ်းနောက်ကွယ်မှ အခြေခံသဘောတရား ဖြစ်သည်။ ဤသည်မှာ စာတန်ဆန်သော စိတ်သဘောထားရော၊ စာတန်ဆန်သော ဆင်ခြင်တွေးခေါ်မှု စနစ်ပါ နှစ်ခုလုံး ဖြစ်ပေသည်။ မည်သည့်အခြေခံသဘောအရ ဘုရားသခင်၏ မိသားစုဝင်များကို သင် ဆက်ဆံသင့်သနည်း။ (ညီအစ်ကို မောင်နှမ အယောက်စီတိုင်းကို မျှမျှတတ ဆက်ဆံရပါမည်။) သူတို့ကို သင်တို့ မျှမျှတတ မည်သို့ ဆက်ဆံကြသနည်း။ အယောက်တိုင်းက အသေးအဖွဲ အမှားများနှင့် အားနည်းချက်များ ရှိကြသည့်အပြင်၊ တစ်ဦးချင်းစီအလိုက် ထူးခြားမှုများအချို့ ရှိကြသည်၊ လူအားလုံးက မိမိကိုယ်ကိုယ် မှန်သည်ဟု ယူမှတ်မှု၊ အားနည်းချက်နှင့် သူတို့ ချို့တဲ့သည့် နယ်ပယ်များ ရှိကြသည်။ သူတို့ကို ချစ်ခင်သော စိတ်နှလုံးတစ်ခုဖြင့် သင် ကူညီသင့်ပြီး၊ စိတ်ရှည်ကာ သည်းခံသင့်သလို သေးငယ်သော အသေးစိတ်အချက်အလက်တိုင်းအပေါ် လွန်စွာ မကြမ်းတမ်းသင့် သို့မဟုတ် အရေးမပေးလွန်းသင့်ပါ။ ငယ်ရွယ်သောသူ၊ သို့မဟုတ် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ မယုံကြည်သေးသူ၊ သို့မဟုတ် သူတို့၏ တာဝန်များကို ဆောင်ရွက်ရန် များမကြာမီကသာ အစပြုရုံပြုကြပြီး၊ သီးသန့် တောင်းဆိုမှုအချို့ ရှိကြသည့် လူတို့နှင့် ပတ်သက်၍၊ သင်က ဤအရာများကို စွဲကိုင်ကာ ၎င်းတို့ကို အဆိုးမြင်ပါက၊ ဤသည်မှာ ကြမ်းတမ်းခြင်းဟု ခေါ်သည့်အရာ ဖြစ်သည်။ သင်က ထိုအယောင်ဆောင်သော ခေါင်းဆောင်များနှင့် အန္တိခရစ်တို့ ပြုလုပ်သည့် မကောင်းမှုကို မသိကျိုးကျွန်ပြုသော်လည်း၊ သင်၏ ညီအစ်ကို မောင်နှမများထဲက သေးငယ်သော အားနည်းချက်များနှင့် အမှားများကို ရှာတွေ့သောအခါ သူတို့ကို ကူညီဖို့ သင်ငြင်းပယ်၏၊ ယင်းအစား ထိုအရာများအပေါ် သင် အရေးပေးလွန်းပြီး သူတို့ကွယ်ရာတွင် သူတို့ကို ဝေဖန်သည်၊ ထိုသို့အားဖြင့် သာ၍ပင်များပြားသော လူများက သူတို့ကို ဆန့်ကျင်၊ ဖယ်ထုတ်ပြီး ဝိုင်းပယ်ဖို့ပင် ဖြစ်စေလေသည်။ ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်ပါသနည်း။ ဤသည်မှာ သင်၏ ပုဂ္ဂိုလ်ရေး နှစ်သက်မှုများအပေါ် အခြေခံပြီး အမှုအရာများကို လုပ်ဆောင်ခြင်းသာဖြစ်ပြီး၊ လူတို့ကို မျှမျှတတ မဆက်ဆံနိုင်ခြင်း ဖြစ်သည်၊ ဤအရာက ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားတစ်ခုကို ဖော်ပြ၏။ ဤသည်မှာ အပြစ်တစ်ခု ဖြစ်သည်။ လူတို့က အမှုအရာများကို လုပ်ဆောင်သည့်အချိန်တွင် ဘုရားသခင်က စောင့်ကြည့်နေ၏၊ မည်သည့်အရာကို သင်လုပ်ဆောင်ပါစေ၊ မည်သို့ သင် စဉ်းစားပါစေ၊ သူ မြင်၏။ ဤအခြေခံသဘောတရားများကို သင်သဘောပေါက်လိုလျှင်၊ သမ္မာတရားကို ဦးစွာ သင်နားလည်ရမည်။ သမ္မာတရားကို သင်နားလည်သည်နှင့် တပြိုင်နက်၊ ဘုရားသခင်၏ အလိုတော်ကို သင် သဘောပေါက်နိုင်သည်၊ သမ္မာတရားကို သင် နားမလည်လျှင်၊ ဘုရားသခင်၏ အလိုတော်ကို သေချာပေါက် နားလည်လိမ့်မည် မဟုတ်။ လူတို့ကို မည်သို့ ဆက်ဆံရမည်ကို သမ္မာတရားက သင့်အား ပြောပြပြီး၊ ဤအရာကို သင်နားလည်သည်နှင့်တပြိုင်နက်၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ လူတို့ကို မည်သို့ ဆက်ဆံရမည်ကို သင် သိလိမ့်မည်။ အခြားသူများကို သင်မည်သို့ ဆက်ဆံရမည်ဆိုသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှင်းရှင်းလင်းလင်း ပြသထားပြီး ညွှန်ပြထား၏။ အခြားသူများကို မည်သို့ ဆက်ဆံရမည်ဆိုသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် ရှင်းရှင်းလင်းလင်း ပြသထား၏၊ သို့မဟုတ် အရိပ်အမြွက်ပြထား၏။ လူသားမျိုးနွယ်ကို ဘုရားသခင် ဆက်ဆံသည့် သဘောထားမှာ ၎င်းတို့ အချင်းချင်းဆက်ဆံရာတွင် လူတို့ ခံယူသင့်သည့် သဘောထား ဖြစ်သည်။ လူအယောက်စီတိုင်းကို ဘုရားသခင်က မည်သို့ ဆက်ဆံပါသနည်း။ လူအချို့တို့သည် မရင့်ကျက်သည့် ဝိညာဉ်ရေးအသက်တာကို ပိုင်ဆိုင်ကြသည်၊ သို့မဟုတ် ငယ်ရွယ်ကြသည်၊ သို့မဟုတ် တိုတောင်းသည့် အချိန်တစ်ခုသာ ဘုရားသခင်ကို ယုံကြည်ဖူးကြ၏။ ဘုရားသခင်သည် ဤလူတို့ကို သဘာဝနှင့် အနှစ်သာရအားဖြင့် ဆိုးသည်ဟု မြင်ကောင်းမြင်လိမ့်မည်မဟုတ်သကဲ့သို့၊ မလိုမုန်းထားသည်ဟုလည်း မြင်ကောင်းမြင်လိမ့်မည်မဟုတ်ပေ။ ယင်းမှာ သူတို့က အတိုင်းအတာတစ်ခုအထိ မသိနားမလည်ကြ သို့မဟုတ် အရည်အချင်း ချို့တဲ့ကြခြင်း သက်သက်ဖြစ်သည်၊ သို့မဟုတ် လူမှုအဖွဲ့အစည်းအားဖြင့် သူတို့ အလွန်များစွာ ဆိုးညစ်မှုခံရပြီးခြင်း ဖြစ်သည်။ သမ္မာတရား၏ စစ်မှန်မှုထဲ ၎င်းတို့ မဝင်ရောက်ကြသေး၊ ထို့ကြောင့် မိုက်မဲသော အရာအချို့ကို လုပ်ဆောင်ခြင်း သို့မဟုတ် မသိနားမလည်သည့် လုပ်ရပ်အချို့ကို ကျူးလွန်ခြင်းမှ ထိန်းသိမ်းဖို့ရန် သူတို့အတွက် ခက်ခဲပေသည်။ သို့သော်၊ ဘုရားသခင်၏ ရှုထောင့်အမြင်မှ၊ ထိုကိစ္စရပ်များမှာ အရေးမကြီးပေ၊ သူက လူတို့၏ စိတ်နှလုံးများကိုသာ ကြည့်သည်။ သမ္မာတရား၏ စစ်မှန်မှုထဲ ဝင်ရောက်ဖို့ ၎င်းတို့ စိတ်ဆုံးဖြတ်လျှင်၊ မှန်သော ဦးတည်ချက်ကို သူတို့ ဦးတည်နေခြင်းဖြစ်ပြီး၊ ဤသည်မှာ သူတို့၏ ရည်မှန်းချက်ဖြစ်သည်၊ ထို့နောက် ဘုရားသခင်က သူတို့ကို စောင့်ကြည့်နေသည်၊ သူတို့အတွက် စောင့်ဆိုင်းနေပြီး သူတို့ကို ဝင်ရောက်ခွင့်ပေးသည့် အချိန်နှင့် အခွင့်အရေးကို သူတို့အား ပေးနေပါ၏။ ယင်းမှာ ဘုရားသခင်က သူတို့ကို ရိုက်ချက်တစ်ချက်ဖြင့် ထိုးလှဲလိုက်ခြင်းမဟုတ်သကဲ့သို့ တစ်ကြိမ် သူတို့ ကျူးလွန်မိခဲ့သည့် ချိုးဖောက်မှုတစ်ခုကို ဖမ်းဆုပ်ကာ လက်လွှတ်ရန် ငြင်းပယ်ခြင်းလည်း မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို ဤသို့ လုံးဝ မဆက်ဆံဖူးပေ။ ဤသို့ဆိုသော်ငြားလည်း၊ လူတို့က အချင်းချင်း ထိုသို့သော ပုံစံဖြင့် အချင်းချင်း ဆက်ဆံကြလျှင်၊ ဤအရာက သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြသသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အတိအကျ ဖြစ်ပေသည်။ မသိနားမလည်ဘဲ မိုက်မဲသော လူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံသည်၊ မရင့်ကျက်သည့် ဝိညာဉ်အသက်တာရှိသူတို့ကို သူ မည်သို့ ဆက်ဆံသည်၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပုံမှန်သရုပ်သကန်များကို သူ မည်သို့ ဆက်ဆံပုံနှင့် မလိုမုန်းထားသော သူတို့ကို သူ ဆက်ဆံပုံတို့ကို သင် ကြည့်ရှုလေ့လာရမည်။ မတူညီသော လူတို့ကို ဆက်ဆံနည်း အမျိုးမျိုး ဘုရားသခင်တွင် ရှိပြီး၊ မတူညီသော လူတို့၏ အခြေအနေ အမြောက်အများကို စီမံခန့်ခွဲနည်းအမျိုးမျိုးလည်း သူ့ထံတွင် ရှိ၏။ ဤအရာများ၏ သမ္မာတရားကို သင် နားလည်ရမည်။ ဤသမ္မာတရားများကို သင်နားလည်သည်နှင့်တစ်ပြိုင်နက်၊ ယင်းတို့ကို သင် ယခု တွေ့ကြုံနိုင်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်” မှ

သင်တို့သည် သန့်ရှင်းသူတစ်ဦးဖြစ်ခြင်း၏ ခံစားချက်နှင့် အခြေခံသဘောတရားများကို ရှာမတွေ့သေးပါက၊ သင်တို့၏ အသက်ဝင်ရောက်မှုသည် အလွန်ပေါ့တန်ကြောင်းနှင့် သင်တို့သည် သမ္မာတရားကို နားမလည်သေးကြောင်းကို ဤအရာက သက်သေပြနေသည်။ ဤသည်က နေ့စဉ် သင်အသက်ရှင်သည့် အပြုအမူနှင့် ပတ်ဝန်းကျင်၌၊ သင်တို့ကို ပျော်မွေ့ခံစားဖို့နှင့် တွေးဆဖို့၊ တစ်ဦးနှင့်တစ်ဦး မိတ်သဟာယပြုဖို့၊ တစ်ဦးနှင့်တစ်ဦး အားပေးဖို့၊ တစ်ဦးနှင့်တစ်ဦး သတိပေးနှိုးဆော်ဖို့၊ တစ်ဦးနှင့်တစ်ဦး ကူညီဖို့နှင့် စောင့်ရှောက်ဖို့၊ ပြီးလျှင် တစ်ဦးနှင့်တစ်ဦး ပံ့ပိုးဖို့နှင့် ထောက်ပံ့ဖို့ လိုအပ်လေသည်။ သူတစ်ပါး၏ အမှားပေါ်တွင် အမြဲ အာရုံမစိုက်နှင့်၊ သို့ရာတွင် သင့်ကိုယ်သင် မကြာခဏ ပြန်လည်သုံးသပ်လော့၊ ပြီးလျှင် အခြားသူများကို နှောင့်ယှက်ခြင်း သို့မဟုတ် ထိခိုက်ခြင်း ဖြစ်စေသည့် သင်လုပ်ဆောင်ခဲ့သည့်အရာကို နောက်ပိုင်းတွင် ၎င်းတို့အား ဝန်ခံဖို့ အခြေအနေကို ဖန်တီးယူလော့။ သင့်ကိုယ်သင် ဖွင့်ဟဖို့နှင့် မိတ်သဟာယပြုဖို့ သင်ယူပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သို့ လက်တွေ့ကျကျ မိတ်သဟာယပြုရမည်ကို အတူတကွ မကြာခဏ ဆွေးနွေးလော့။ သင့်အသက်တာများ၏ ပတ်ဝန်းကျင်သည် မကြာခဏ ထိုသို့ဖြစ်သည့်အခါ၊ ညီအစ်ကိုမောင်နှမများကြား ဆက်ဆံရေးသည် ပုံမှန် ဖြစ်လာသည်- မယုံကြည်သူများကြားမှ ဆက်ဆံရေးများကဲ့သို့ ရှုပ်ထွေးခြင်း၊ ညံ့ဖျင်းခြင်း၊ အေးစက်ခြင်း သို့မဟုတ် ရက်စက်ခြင်း မရှိပေ။ သင်သည် ထိုသို့သော ဆက်ဆံရေးများကို အာရုံထဲမှ ဖြည်းဖြည်းချင်း ဖျောက်ပစ်လိမ့်မည်။ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း သာ၍ နီးကပ်ပြီး ရင်းနှိီးလာသည်။ သင်တို့သည် အချင်းချင်း ထောက်ပံ့နိုင်ပြီး အချင်းချင်း ချစ်နိုင်သည်။ သင်တို့၏စိတ်နှလုံးများတွင် စေတနာရှိလာသည်၊ သို့မဟုတ် သင်တို့သည် အချင်းချင်းအပေါ် သည်းခံနိုင်စွမ်းနှင့် သနားကရုဏာထားနိုင်စွမ်းရှိသည့် စိတ်နေစိတ်ထားတစ်ခု ရှိလာသည်၊ ပြီးလျှင် သင်တို့သည် အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ အချင်းချင်း နင်းခြင်း၊ အချင်းချင်း မနာလိုဖြစ်ခြင်း၊ တိတ်တဆိတ် ယှဉ်ပြိုင် တိုက်ခိုက်ခြင်း၊ အချင်းချင်း မမြင်ကွယ်ရာတွင် အထင်အမြင် သေးခြင်း သို့မဟုတ် ပမာမထားခြင်းတို့ကို သိုထားခြင်း၊ သို့မဟုတ် အချင်းချင်း တစ်ယောက်မျှ မနာခံခြင်း အခြေအနေ တစ်ခုနှင့် သဘောထားတစ်ခုထက်၊ အချင်းချင်း ထောက်ပံ့ပြီး စောင့်ရှောက်ကြသည်။ ထိုသို့သော အနေအထားများ သို့မဟုတ် အခြေအနေများတွင် အသက်ရှင်ခြင်းသည် လူများကြားတွင် ဆိုးရွားသည့် ဆက်ဆံရေးများကို ဖြစ်ပေါ်စေသည်။ ယင်းက သင့်အပေါ်တွင် အပျက်သဘောဆောင်သည့် လွှမ်းမိုးမှု အမျိုးမျိုးကို ဖြစ်ပေါ်စေပြီး၊ သင့်ကို ထိခိုက်စေရုံသာမက၊ တစ်ပါးသူများကိုလည်း အတိုင်းအတာအမျိုးမျိုးအထိ အပျက်သဘောဆောင်စွာ လွှမ်းမိုးမှုများနှင့် ထိခိုက်မှုများ ဖြစ်ပေါ်စေသည်။ ဤသည်ကို လူများ အောင်မြင်ကျော်လွှားဖို့အတွက် ယေဘုယျအားဖြင့် အလွန် ခက်ခဲသည်- လူများက သင့်ကို တလွဲမြင်သည့်အခါ၊ သင်စိတ်ဆိုးသည် သို့မဟုတ် ၎င်းတို့က သင်၏ဆန္ဒနှင့် မကိုက်ညီသည့် တစ်စုံတစ်ခုကို ပြောသည့်အခါ၊ ပြီးလျှင် သင်၏အရည်အချင်းပြဖို့ အခွင့်အရေးကို တစ်စုံတစ်ဦးက ပိတ်ပင်ဖို့ တစ်စုံတစ်ခု လုပ်ဆောင်သည့်အခါ၊ သင်သည် ၎င်းတို့ကို မကျေမချမ်းနိုင်ဖြစ်ပြီး ကသိကအောက်ဖြစ်ကာ၊ စိတ်မချမ်းမြေ့ဖြစ်ရသည်၊ ပြီးလျှင် သင်၏ဂုဏ်သတင်းကို မည်သို့ နဂိုအတိုင်းပြန်ဖြစ်စေဖို့ကိုသာ သင်တွေးနိုင်သည်။ အမျိုးသမီးများနှင့် လူများသည် ဤသည်ကို အထူးသဖြင့် အောင်မြင်ကျော်လွှားနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ဤသေးသိမ်သော စိတ်သဘောထားများ၊ ဤဒေါထခြင်းများ၊ ဤသေးသိမ်သော စိတ်ခံစားချက်များ၌ မိနေကြပြီး ၎င်းတို့အတွက် ဘုရားသခင်ရှေ့မှောက်သို့ လာဖို့ ခက်ခဲကြလေသည်။ ဤရှုပ်ထွေးသော ပင့်ကူအိမ်ကဲ့သို့ ဆက်ဆံရေးများတွင် ငြိနေကာ၊ ယင်းတို့၌ ရစ်ပတ်ခြင်း ခံရလျက်၊ လူများအတွက် ဘုရားသခင် ရှေ့မှောက်တွင် မိမိတို့ကိုယ်ကိုယ် ငြိမ်သက်စေဖို့ ခက်ခဲကြပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များ၌ မိမိတို့ကိုယ်ကိုယ် ငြိမ်သက်စေဖို့ ခက်ခဲကြသည်။ ထို့ကြောင့် သင်သည် သင်၏ညီအစ်ကိုမောင်နှမများနှင့် မည်သို့သင့်မြတ်ဖို့ကို ပထမဦးစွာ သင်ယူရမည်။ သင်တို့သည် အချင်းချင်း သည်းခံရမည်၊ အချင်းချင်း သက်ညှာရမည်၊ အချင်းချင်းနှင့် ပတ်သက်သည့် ထူးခြားချက်သည် မည်သည့်အရာ ဖြစ်သည်ကို၊ အချင်းချင်း၏ အားသာချက်များသည် မည်သည့်အရာဖြစ်သည်ကို မြင်နိုင်ရမည်- ပြီးလျှင် အချင်းချင်း၏ ထင်မြင်ချက်များကို လက်ခံရန် နှင့် မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်းနှင့် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းကို ဆောင်ရွက်ဖို့ သင်ကိုယ်တိုင်၏ ရပ်တည်ချက်ကို နက်ရှိုင်းစွာ ပြင်ဆင်ပြောင်းလဲရန် သင်ယူရမည်။ သင့်ကိုယ်သင် စိတ်အလိုမလိုက်ရ သို့မဟုတ် သင်၏ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများကို ဇက်ကုန် မလွှတ်ရ သို့မဟုတ် သင်၏ အားသာချက်မျှဖြင့်ပင်၊ အခြားသူများက သင့်ကို နားထောင်ဖို့၊ သင်ပြောသည့်အတိုင်း လုပ်ဆောင်ဖို့၊ သင့်ကို ကြည်ညိုဖို့ နှင့် သင့်ကို ပင့်ထားဖို့ အတင်းစေခိုင်းသော်လည်း၊ သူတစ်ပါး၏ ချွတ်ယွင်းချက်များကို အဆက်မပြတ် လူသိရှင်ကြား ပြောကာ၊ သိမ်ငယ်စေပြီး အထင်အမြင် သေးလျက်၊ ၎င်းတို့၏ချွတ်ယွင်းချက်များကို ချုပ်တည်းမှု မရှိဘဲ ချဲ့ကားပြောပြီး ပုံကြီးချဲ့သော်လည်း၊ ၎င်းတို့၏ အားသာချက်များကို သတိမမူမိသည်မှာ သို့မဟုတ် သူတစ်ပါးကို နာကျင်စေဖို့နှင့် နှောင့်ယှက်ဖို့ စကားများနှင့် အခြားနည်းလမ်းများကို သုံးသည်မှာ သင်သည် ၎င်းတို့ကို သင့်အား နာခံစေပြီးဖြစ်လိမ့်မည်၊ အရေးထားစေပြီး ဖြစ်လိမ့်မည်၊ ကြောက်စေပြီးဖြစ်လိမ့်မည်၊ ပြီးလျှင် သင့်ထံမှ ပုန်းကွယ်စေပြီးဖြစ်လိမ့်မည်အထိပင် ဖြစ်လေသည်။ လူများအကြား ထိုသို့သော ဆက်ဆံရေးတစ်ခု ဖြစ်လာခြင်း သို့မဟုတ် တည်ရှိခြင်းကို သင်တို့ မြင်လိုသလော။ ယင်းမှာမည်သို့ရှိသည်ကို သင်တို့ ခံစားလိုမည်လော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုအတွက် ပဓာနအကျဆုံး အခြေခံသဘောတရား” မှ

အကယ်၍ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း စိတ်ချယုံကြည်နိုင်ရမည် ဆိုပါက၊ အချင်းချင်း ကူညီနိုင်ပြီး၊ ၎င်းတို့အတူတကွရှိသောအခါ အချင်းချင်း ထောက်ပံ့နိုင်ရမည် ဆိုပါက အယောက်တိုင်းစီသည် ၎င်းတို့၏စစ်မှန်သော အတွေ့အကြုံများအကြောင်းကို ပြောရမည်။ အကယ်၍ သင်သည် သင်၏ စစ်မှန်သောအတွေ့အကြုံများအကြောင်းကို မပြောဘဲ ကြီးကျယ်သောစကားများ၊ သြဝါဒဆိုင်ရာနှင့် အပေါ်ယံဆန်သောစကားများကိုသာ ပြောပါက သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်ပေ၊ ထို့အပြင် သင်၌ ရိုးသားနိုင်စွမ်း မရှိပေ။ ဥပမာအားဖြင့် နှစ်အချို့ကြာ အတူနေထိုင်ခဲ့စဉ်တွင်၊ ခင်ပွန်းတစ်ဦးနှင့် ဇနီးတစ်ခုတို့သည် ရံဖန်ရံခါ စတင်စကားများ ရန်ဖြစ်ကြလျက်၊ အချင်းချင်း နေသားကျဖို့ ကြိုးစားကြသည်။ သို့ရာတွင် သင်တို့နှစ်ဦးလုံးသည် သာမန်လူ့သဘာဝရှိပါက၊ သင်သည် သူ့ကို အစဉ် စိတ်နှလုံးထဲမှ စကားပြောမည်ဖြစ်ပြီး သူကလည်း သင့်ကို ထိုသို့စကားပြောပေမည်။ အသက်တာ၌ သင် ကြုံတွေ့ရသည့် မည်သည့်အခက်အခဲများကိုမဆို၊ သင်၏ အလုပ်၌ ပေါ်ပေါက်သည့် မည်သည့်ပြဿနာများကိုမဆို၊ သင်စိတ်ထဲ၌တွေးနေသည့် မည်သည့်အရာကိုမဆို၊ အမှုအရာများကို ဖြေရှင်းဖို့ သင်မည်သို့စီစဉ်နေပါစေ၊ သင်၏သားသမီးများအတွက် သင်၌ မည်သည့် အကြံဉာဏ်များနှင့် အစီအစဉ်များ ရှိနိုင်ပါစေ- သင်သည် သင်၏လက်တွဲဖော်ကို အရာအားလုံးကို ပြောပြလိမ့်မည်။ ထိုသို့ဖြင့် သင်တို့နှစ်ဦးသည် အချင်းချင်း အထူးတလည် နီးစပ်ပြီး ရင်းနှီးနေမည် မဟုတ်လော။ သူသည် သူ၏အတွင်းကျကျ အတွေးအခေါ်များကို သင့်ကို မည်သည့်အခါမျှ မပြောဘဲ၊ အိမ်သို့ လစာ ယူဆောင်လာခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်ပါက၊ ပြီးလျှင် သင်က သူ့အား သင်၏အတွေးအခေါ်များကို မည်သည့်အခါမျှ မပြောဘဲ၊ သူ့ကို မည်သည့်အခါမျှ ယုံကြည်စွာ ရင်ဖွင့်မပြောပြပါက၊ သင်တို့နှစ်ဦးကြားတွင် စိတ်ခံစားချက်ဆိုင်ရာ ကွာဟချက် တစ်ခု ရှိနေသည်မဟုတ်လော။ သင်တို့သည် အချင်းချင်း၏ အတွေးအခေါ်များနှင့် ရည်ရွယ်ချက်များကို နားမလည်ကြသည့်အတွက် ကွာဟချက် ရှိနေသည်မှာ သေချာသည်။ အဆုံး၌ သင်၏လက်တွဲဖော်သည် မည်သည့် လူမျိုးဖြစ်သည်ကို သင်မသိမြင်နိုင်သကဲ့သို့၊ သူကလည်း သင်မည်သည့်လူမျိုးဖြစ်သည်ကို မသိမြင်နိုင်ပေ။ သင်သည် သူ၏လိုအပ်ချက်များကို နားမလည်သကဲ့သို့၊ သူကလည်း သင်၏လိုအပ်ချက်များကို နားမလည်ပေ။ လူများ၌ နှုတ်ဖြင့်ဖြစ်စေ၊ ဝိညာဉ်ရေးရာဖြင့်ဖြစ်စေ ဆွေးနွေးပြောဆိုခြင်း မရှိပါက၊ ၎င်းတို့ကြားတွင် ရင်းနှီးမှုရဖို့ ဖြစ်နိုင်ချေ မရှိပေ၊ ပြီးလျှင် ၎င်းတို့သည် အချင်းအချင်းအတွက် မထောက်ပံ့နိုင်သကဲ့သို့ မကူညီနိုင်ပေ။ သင်တို့သည် ဤသည်ကို ယခင်က တွေ့ကြုံပြီးဖြစ်သည်၊ မဟုတ်လော။ သင်၏မိတ်ဆွေက သူတွေးနေသည့်အရာအားလုံးနှင့် သူခံစားနေရသည့် မည်သည့်အရာမဆို သို့မဟုတ် သူသိုထားသည့် မည်သည့်ပျော်ရွှင်မှုကိုမဆို သင့်အား ဖွင့်ဟလျက်၊ သင့်အား အရာအားလုံးကို ယုံကြည်စွာ ရင်ဖွင့်ပြောပြပါက၊ သင်သည် အထူးသဖြင့် သူနှင့်ရင်းနှီးသည်ဟု မခံစားရသလော။ ဤအရာများကိုသင့်အား သူပြောဖို့ လိုလားနေသည့်အကြောင်းအရင်းမှာ သင်က သူ့ကိုလည်း သင်၏အတွင်းအကျဆုံး အတွေးများကို ယုံကြည်စွာ ပြောပြထားပြီးဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် အထူးသဖြင့် ရင်းနှီးပြီး ယင်းက သင်သည် အချင်းချင်း သင့်မြတ်ပြီး အချင်းချင်း ကူညီနိုင်သောကြောင့် ဖြစ်သည်။ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများအကြား ဤကဲ့သို့ မိတ်သဟာယဖွဲ့ခြင်းနှင့် အပြန်အလှန်ပြုခြင်း မရှိလျှင် ညီအစ်ကိုမောင်နှမများအကြားတွင် မည်သည့်အခါမျှ သဟဇာတဖြစ်ခြင်း ရှိလိမ့်မည်မဟုတ်ပေ။ ဤအရာမှာ ရိုးသားခြင်း၏လိုအပ်ချက်များထဲမှ လိုအပ်ချက်တစ်ခုဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

အမှန်တရားကို ပြောဆိုသည့်လူများ၊ သင်၏ဂုဏ်ဒြပ်ကို ပဓာနမထားဘဲ သင်ခံထိုက်သည့်အချိန်တွင် သင့်ကို ပြစ်တင်မောင်းမဲပြီး ဖော်ထုတ်သူများထံသို့ သင်ချဉ်းကပ်ရမည်၊ ၎င်းတို့သည် သင့်ကို မည်မျှ ထုတ်ဖော်ပြီး ပြစ်တင်မောင်းမဲပါစေ၊ သင့်ကို ကူညီပြီး စောင့်ကြည့်နိုင်လေသည်။ ထိုသို့သော လူများထံသို့ သင် ချဉ်းကပ်ရမည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသည့် တော်ဖြောင့်သောလူများ ဖြစ်သည်။ စိတ်မချရသော လှည့်စားတတ်သည့် လူများ၏ အဖော်ပြုခြင်းကို မရှာဖွေနှင့်။ ထိုသို့သော လူများထံမှ ဝေးဝေးတွင်နေလော့။ ဤသည်မှာ မှန်ကန်သည့် နည်းလမ်းဖြစ်သည်။ သမ္မာတရားကို လိုက်စားသည့် တော်ဖြောင့်သောသူများသည် သင်၏ဂုဏ်ဒြပ်နှင့် ထောက်ပံ့ဖြည့်ဆည်းမှုများကို ဂရုမစိုက်ပေ။ သင်သည် ၎င်းတို့ကို အစားထိုးဖို့ ခြိမ်းခြောက်လျှင်ပင်၊ ၎င်းတို့သည် ပွင့်လင်းစွာ စကားပြောဆဲဖြစ်ပြီး အခြေခံသဘောတရားအတိုင်း ပြုမူဖြစ်ကာ၊ ဘုရားသခင်အိမ်တော်က လူများကို ဆက်ဆံသည့် အခြေခံသဘောတရားအတိုင်း သင့်ကို ဆက်ဆံလျက်၊ ၎င်းတို့သည် အရဲစွန့်ဖို့ လိုလားကြသည်။ သင်၏လုပ်ရပ်များက အခြေခံသဘောတရားကို ချိုးဖောက်သည့်အခါ၊ ဤလူများက သင့်ကို ဖော်ထုတ်သည်၊ သင့်ကို အကြံဉာဏ်ပေးပြီး သင်၏ ပြဿနာများကို ပွင့်လင်းစွာနှင့် ပြည့်ပြည့်ဝဝ ထောက်ပြကြသည်။ ၎င်းတို့သည် သင်၏မာနကို ထိခိုက်မည်ကို မကြောက်ကြဘဲ၊ သင့်ကို လူအုပ်ရှေ့တွင်ပင် အရှက်ရစေလျက်၊ ချောင်ပိတ်ဖမ်းကြလိမ့်မည်။ ထိုသို့သောလူများကို သင်မည်သို့ ဆက်ဆံသင့်သနည်း။ ၎င်းတို့ကို ထိထိရောက်ရောက် နှိမ်နှင်းသင့်သလော သို့မဟုတ် ၎င်းတို့၏ လုပ်ရပ်များကို စောင့်ကြည့်သင့်သလော။ (စောင့်ကြည့်သင့်ပါသည်။) ယင်းမှာ မှန်ကန်သော်လည်း၊ ထိုသို့လုပ်ဆောင်ဖို့ တကူးတက မလုပ်လေနှင့်— ယင်းသည် စိတ်ရင်းအတိုင်း သိပ်မဟုတ်ပေ။ သင်သည် စိတ်တိုစိတ်ရှုပ်နေသည့် အချိန်တွင်၊ ၎င်းတို့ထံမှ ခဏတာ ခပ်ဝေးဝေး နေသည်မှာ ကောင်းပါသည်။ ၎င်းတို့နှင့် သွားပြီး မိတ်သဟာယပြုဖို့ သင်နားလည်လာသည်အထိ စောင့်လော့။ “သင်၏အကြံပြုချက်သည် မှန်ကန်သည်။ ကျွန်ုပ်၏စိတ်နှလုံးထဲတွင် ဝင့်ဝါမှု ရှိခဲ့ပြီး ဂုဏ်ဒြပ်အတွက် စိုးရိမ်ပူပန်မှု ရှိခဲ့သည်။ ဤနှစ်များတွင် ကျွန်ုပ် ခေါင်းဆောင်တစ်ယောက် ဖြစ်ပြီးကတည်းက၊ ထိုလူများအားလုံးရှေ့တွင် သင်သည် ကျွန်ုပ်၏ မာနကို ထိခိုက်မည့်ကိစ္စများကို ရှောင်ရှားသင့်သည်ဟု ကျွန်ုပ်တွေးခဲ့သော်လည်း၊ ယခုမူ ကျွန်ုပ်၏ လုပ်ဆောင်ချက်များသည် အခြေခံသဘောတရားနှင့် အမှန်တကယ် မကိုက်ညီဘဲ၊ သမ္မာတရား မရှိသည်ကို ကျွန်ုပ်မြင်ရပြီး၊ ကျွန်ုပ်သည် ယင်းတို့ကို မလုပ်ဆောင်ခဲ့သင့်ပေ။ ထိုသို့သော ဂုဏ်ဒြပ်ရှိခြင်း၏ အဓိကအချက်မှာ အဘယ်နည်း။ ယင်းသည် တာဝန် မဟုတ်လော။ ကျွန်ုပ်တို့အားလုံးသည် တန်းတူညီမျှ ဖြစ်ကြသည်။ ကျွန်ုပ်သည် သင့်ထက် တာဝန် အနည်းငယ် ပို၍ရှိရုံသာ ဖြစ်သည်၊ ထို့ထက်မပိုပေ။ အနာဂတ်တွင် သင်ပြောရမည့်အရာကို ပြောလော့။ ကျွန်ုပ်တို့နှစ်ဦးကြားတွင် ပြဿနာမရှိပေ။ ဘုရားသခင်၏အိမ်တော်တွင်၊ ဘုရားသခင် ရှေ့မှောက်တွင်၊ ပြီးလျှင် သမ္မာတရား၏ ရှေ့တွင် ကျွန်ုပ်တို့သည် စည်းလုံးကြပြီး၊ ကျွန်ုပ်တို့ကြားတွင် မည်သည့်အရာမျှ မရှိပေ။” ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ချစ်ခြင်း သဘောထားဖြစ်သည်။ သင်သည် အန္တိခရစ်များ၏လမ်းကြောင်းကို ရှောင်ဖို့ ဆန္ဒရှိပါက၊ သင်မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် သမ္မာတရားကို ချစ်သည့် တော်ဖြောင့်သော လူများကို တက်ကြွစွာ ချဉ်းကပ်သင့်သည်။ သင့်ကို အကြံဉာဏ်ပေးနိုင်သည့် လူများ၊ သင့်ကို တိုက်ရိုက် ဝေဖန် အကဲဖြတ်မည့်သူများ၊ မျက်နှာချို မသွေးသူများ၊ သင် အမှား တစ်စုံတစ်ခု လုပ်ဆောင်သည့်အခါနှင့် သင်သည် သင့်ကိုယ်သင် ချီးမြှောက်ပြီး သက်သေခံကာ အခြားသူများကို လှည့်စားဖို့ ကြိုးစားသည့်အခါ၊ ထောက်ပြသည့် သူများထံသို့ ချဉ်းကပ်လော့။ ဤသည်မှာ မှန်ကန်သည့်လမ်းကြောင်းဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၂)” မှ

သင်မည်သည့်အုပ်စုတွင်ရှိပါစေ၊ သင်သည် လူများကြားတွင် တည်ရှိသည့် မစ္ဆရိယစိတ်၊ အငြင်းပွားမှု၊ သရော်ခြင်းနှင့် သေးသိမ်စေခြင်းတို့နှင့် လူများက အချင်းချင်း ဆက်ဆံကြရာတွင် အသုံးပြုလေ့ရှိသည့် နာကျင်စေမှုအမျိုးမျိုးနှင့် နည်းနိဿယ အမျိုးမျိုးတို့ကို အောင်မြင်ကျော်လွှားနိုင်ပါက၊ သင်သည် ယင်းတို့ကို သတိပြုမိနိုင်ပြီး၊ ဤအရာများအားဖြင့် အုပ်စိုးခြင်း မခံရဘဲ၊ စိတ်ပြင်းပြမှု၊ သဘာဝကျမှု သို့မဟုတ် စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်ခုတို့ ပြန်မဖြစ်ဘဲ၊ ယင်းတို့ကို မှန်ကန်စွာ ချဉ်းကပ်နိုင်ပါက၊ အခြားလူများနှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လာပြီး သင်သည် အခြားသူများနှင့် တစ်လုံးတစ်ဝတည်း သဟဇာတ ဖြစ်နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် သာမန်လူတစ်ဦးနှင့် သဟဇာတဖြစ်စွာ သင့်မြတ်နိုင်ပြီး၊ အခြားလူများနှင့် ရှိနေစဉ် မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာတို့အားဖြင့်မျှ နှောင့်ယှက်ခြင်း မခံရပါက၊ သင်၏အနေအထားသည် ပုံမှန်ဖြစ်ပြီး သင်သည် ဘုရားသခင်၏ရှေ့မှောက်တွင် အသက်ရှင် လိမ့်မည်။ လူများရှိသည့် မည်သည့်နေရာမဆို အငြင်းပွားမှုများ ရှိကြသည်။ အငြင်းပွားမှုများရှိသည့်အခါ၊ သင်သည် သမ္မာတရားအားဖြင့် မရှင်သန်ပါက၊ ယင်းတို့၏ ဆွဲဆောင်ခြင်းကို သင်ခံရလိမ့်မည်။ အငြင်းပွားမှုတွင် မည်သည့်အရာ ပါဝင်သနည်း။ သဘောထားကွဲလွဲခြင်း၊ မစ္ဆရိယစိတ်ပွားခြင်း၊ အမုန်းတရား၊ အထင်သေးခြင်း၊ ယှဉ်ပြိုင်ခြင်း၊ အချင်းချင်း ဝေဖန်ကောက်ချက်ချခြင်း၊ မြင့်မားသော ရာထူးများအတွက် အချင်းချင်း ယှဉ်ပြိုင်တုပခြင်း၊ အထုံပါရမီများ၊ စွမ်းဆောင်ရည်များ၊ ပုံပန်းသဏ္ဌာန်များ၊ အလှအပ၊ အစွမ်းအစ၊ ဂုဏ်ဒြပ်၊ ဂုဏ်သတင်း၊ အခန်းကဏ္ဍများ၊ မည်သူ့စကားက ဩဇာသက်ရောက်မှုပိုရှိသည်၊ မည်သူက ပို၍အသုံးဝင်သည်၊ ပြီးလျှင် မည်သူက ပို၍ စိတ်ဓာတ်ကြံ့ခိုင်သည်တို့ဖြစ်သည်။ သင်သည် ဤအရာများ၌ အခြားသူများဖြင့် သင့်ကိုယ်သင် နှိုင်းယှဉ်ခြင်း၊ ဤအငြင်းပွားမှုများတွင် ပါဝင်ပတ်သက်ခြင်း၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုကို မရှင်သန်နိုင်ခြင်းတို့နှင့် ဘုရားသခင်ရှေ့မှောက်တွင် ပုံမှန် ငြိမ်းချမ်းမှု မရှိနိုင်ခြင်းတို့ဖြင့် တစ်နေ့လုံးကုန်ဆုံးလေသည်။ သင်၏စိတ်နှလုံးထဲတွင် သင်သည် ဤအငြင်းပွားမှုများ၊ ခိုက်ရန်ဖြစ်မှုများနှင့် စကားများခြင်းများဖြင့် မကြာခဏ စိတ်လှုပ်ရှားနေသည်၊ ယင်းက သင် တစ်ယောက်တည်းသာ ထိခိုက်စေမည် မဟုတ်ဘဲ၊ သူတစ်ပါးကိုလည်း ထိခိုက်စေသောကြောင့်၊ သင်သည် ဘုရားသခင် ရှေ့မှောက်သို့ မည်သည့်အခါမျှ လာနိုင်လိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်က သင့်အား ရက်စက်သော အရာတစ်စုံတစ်ခု ပြောသည့်အခါ၊ သင်သည် အပျက်သဘောဆောင်လာမည်။ တစ်စုံတစ်ဦးက သင့်ထက် အထုံပါရမီ ပို၍ရှိသည့်အခါ၊ သင့်ထက် သာ၍မြင့်မားသော အစွမ်းအစ ရှိသည့်အခါ၊ ပြီးလျှင် သင့်ထက် သာ၍ ဇဝနဉာဏ် ရှိသည့်အခါ၊ သင်သည် ကသိကအောက်နိုင်ပြီး ၎င်းတို့နှင့် ယှဉ်ပြိုင်ဖို့ ဆန္ဒရှိသည်။ သနားစရာကောင်းသော ခြေကုန်လက်ပန်း ကျပြီး နာကျင်ဖွယ် ရှင်သန်နည်း တစ်ခုပေတကား။ ပြီးလျှင် ဤသည်က ဝိညာဉ်ရေးရာ အသက်တာကို ဝင်ရောက်စွက်ဖက်ခြင်း မရှိလေသလော။ သင်သည် ဤသည်မှ ထွက်ပေါက်ကို ရှာမတွေ့ပါက၊ သင်၏ အသက်တာသည် ဆုံးရှုံးမှုကို မကြာခဏ ခံစားရလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုအတွက် ပဓာနအကျဆုံး အခြေခံသဘောတရား” မှ

လူများက စာတန်၏ အလွန်နက်ရှိုင်းစွာ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်ကာ၊ ၎င်းတို့သည် သမ္မာတရားကို နားလည်သဘောပေါက်မှု တစ်ခုတစ်လေ ကင်းမဲ့ကြသောကြောင့်၊ လူအမျိုးမျိုးကို သည်းခံခြင်းအား လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပေသည်- ပြီးလျှင် ငါ၏ နှစ်များစွာ သည်းခံခြင်းက ငါ့ကို မည်သည့်အရာ ဆုံးရှုံးနစ်နာစေပြီး ဖြစ်သနည်း။ ငါသည် အားလုံးကို သည်းခံသည်။ ငါသည် အားလုံးကို သည်းခံပြီး မည်သည့်အခါမျှ မကြမ်းတမ်းပေ။ ငါသည် စကားပြောခြင်းကို သိမ်မွေ့စွာ လမ်းညွှန်ပြရင်း၊ ၎င်းတို့ကို သတိမူမိစေရင်း၊ အမှုအရာများ၏ နောက်ကွယ်မှ အကြောင်းအရင်းကို ၎င်းတို့အား နားလည်သဘောပေါက်စေရင်း၊ လူများနှင့် တိုင်ပင်ဆွေးနွေးပြီး မိတ်သဟာယပြုသည်၊ ပြီးလျှင် ငါလည်း ၎င်းတို့အားလုံးအပေါ် ထိုသို့ ပြုမူသည်။ ငါမည်သည့်အရာကို ပြောသည်ဖြစ်စေ တစ်ခုမျှ အလုပ်မဖြစ်ပါက၊ ငါ သူတို့ကို လွှတ်ပေးလိုက်သည်။ အခြားသူများက သင့်ကို အရေးမထားသည့်အခါတွင်၊ သင်သည် အစော်ကားခံရပြီး ကြီးစွာသော သိက္ခာကျခြင်း အချို့ ခံရပြီးဖြစ်သည်ဟု ခံစားရသည်အထိ သင့်ကိုယ်သင် အလွန် အလေးမထားလေနှင့်။ ယင်းက အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ သင်မည်သည့်အရာကို ပြုပါစေ၊ ဘုရားသခင် ရှေ့မှောက်တွင် သင်လုပ်ဆောင်သည်။ သင်သည် ဘုရားသခင်၏ စစ်ကြောခြင်းကို ခံရမည်။ သင် လုပ်ဆောင်သမျှသည် သူတစ်ပါးအတွက် အကျိုးဖြစ်ထွန်းရမည်။ သင်တို့အဖို့၊ ဤသည်မှာ အနည်းငယ် ခက်ခဲသော သတ်မှတ်ချက် တစ်ခုဖြစ်ပုံရနိုင်သော်လည်း၊ ယင်းမှာ လူများသည် ထိုလူ့သဘာဝနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ ကင်းမဲ့သောကြောင့် ဖြစ်သည်။ အားလုံးထက်ပို၍ ဘုရားသခင် ရှေ့မှောက်တွင် သင်ရှင်သန်သည်နှင့်အညီ ပုံမှန်အခြေအနေတစ်ခုကို မည်သို့ ထိန်းသိမ်းရမည်ကို သင်ဆင်ခြင်တွေးတောရမည်။ သဘာဝကျခြင်း နှင့် စိတ်ပြင်းပြခြင်းတို့ ပွင့်အံထွက် လာခါနီးဆဲဆဲ ဖြစ်သည့်အခါ၊ သင်သည် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်၏ ရှေ့မှောက်သို့ အမြန်သွား၍ သူ၏နာမတော်ကို အော်ခေါ်လော့။ သင်သည် သူနာမတော်ကို အော်ခေါ်သည့်အခါ၊ သင်၏ ဒေါသနှင့် မကျေမချမ်းဖြစ်ခြင်းတို့ ပြေပျောက်ပြီး ပျောက်ကွယ်သွားသည်။ ယင်းတို့က မည်သည့်နေရာသို့ ရောက်သွားသနည်း။ သင်သည် သင်၏စိတ်ထဲမှ ထူးခြားသည့် အတွေးအခေါ်များနှင့် သဘောတရားများကို အဘယ့်ကြောင့် ရုတ်ခြည်း ပြန်ပြောင်း သတိမရနိုင်ရသနည်း။ မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ဘုရားသခင်က သင့်ကို ငြိမ်းချမ်းမှုနှင့် ဝမ်းမြောက်ခြင်းပေးရင်း၊ သင်၏စိတ်နှလုံးကို နည်းနည်းချင်း နှစ်သိမ့်ရင်း၊ စာတန် ဆောင်ရွက်သည့် အမှုအရာများနှင့် လူများ၏ စိတ်ထဲမှ ကျိုးကြောင်းပြချက်များနှင့် စိတ်ပြင်းပြမှုများကို ဖယ်ရှားရှင်းလင်း လိုက်သည်၊ ပြီးလျှင် သင်က “ယခုတွင်ပင် ငါသည် အဘယ်သို့များ အလွန် စိတ်လိုက်မာန်ပါ ပြုနိုင်ခဲ့ရသနည်း။ ငါသည် အဘယ်သို့များ အလွန် မိုက်မဲနိုင်ခဲ့သနည်း။ အလွန် စဉ်းစားဉာဏ်မရှိသလော။ ယင်းက မည်သည့် အရေးပါမှု ရှိသနည်း။ ငါ အလွန် စိတ်ဆိုးမိသည်— ငါသည် ဘုရားသခင်ကို အော်ခေါ်ပြီး သူက ငါ့ကို ကူညီကာ ခွန်အားပေးခဲ့သည်မှာ ကောင်းသည့်အရာတစ်ခု ဖြစ်လေသည်။ ဘုရားသခင်သည် ငါ့နောက်ကျောမှ ငါ့ကို အမှန်တကယ် ပံ့ပိုးကူညီနေခဲ့သည်။ သူက ငါ့ကို ကွယ်ကာပြီး သူ့ကို ဆန့်ကျင်အပြစ်ကျူးလွန်ခြင်းမှ ငါ့အား တားဆီးခဲ့သည်။ သူ၏ကျေးဇူးတော်ကို ငါအမှန်တကယ် ခံစား၍ရနိုင်လေသည်။” ဟု သင့်ကိုယ်သင် ပြောသည်။ ဘုရားသခင်၏သည်းခံခြင်း၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့က ကန့်သတ်ချက်မရှိပေ၊ ပြီးလျှင် လူများသည် ယင်းတို့ကို တောင်းလျှောက်ဖို့နှင့် လက်ခံဖို့ ဘုရားသခင် ရှေ့မှောက်သို့ လာရန် သင်ယူရမည်။ သင်၌ ယုံကြည်မှုနှင့် ရိုးသားမှု ရှိသမျှကာလပတ်လုံး၊ ဘုရားသခင်က သင့်အား ဤအရာများကို ပေးလိမ့်မည်၊ ပြီးလျှင် ယင်းတို့ အားလုံးကို စွမ်းဆောင်ရရှိဖို့ သင့်အား ကူညီလိမ့်မည်။ လူသား တစ်ယောက်သည် ထိုသို့သောအရာများကို မလုပ်ဆောင် နိုင်သော်လည်း၊ ဘုရားသခင်က လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် မည်သည့်အရာမျှ မလုပ်ဆောင်မီ ယင်းသည် အမှန်တကယ် လိုအပ်ခြင်း ရှိမရှိကို သင်သည် ပထမဦးစွာ တွေးရမည်။ သင်သည် ယင်းကို သေချာမစဉ်းစားရသေးပါက၊ သင်သည် ငြိမ်းချမ်းနေဖို့ သေချာပါစေ။ သင်လုပ်ဆောင်သမျှ အရာများအားလုံး မတိုင်မီ သင်၏စိတ်ပြင်းပြမှု ပွင့်အံမထွက်လာမီ၊ သင့်ကိုယ်သင် တည်ငြိမ်စေရမည်၊ ဘုရားသခင်၏ နာမတော်ကို အော်ခေါ်ပြီး သင် လုပ်ဆောင်နေသည့် အရာသည် သူ၏အလိုတော်နှင့် ကိုက်ညီခြင်းရှိမရှိကို တွေးလော့။ သင်လုပ်ဆောင်နေသည့် အရာသည် ဘုရားသခင်အဖို့ စိတ်ကျေနပ်ဖွယ်ရာ မဟုတ်ပါက၊ သင်၏ စိတ်ပြင်းပြမှုကို နည်းနည်းချင်း ယဉ်ပါးစေဖို့ သင့်ကို ကူညီလိမ့်မည် ဖြစ်ပြီး၊ ဤအခြေအနေကို ဖြေရှင်းပေးလိမ့်မည်။ ဤသည်က သင့်အတွက် အကျိုးအဖြစ်ထွန်းသလော။ လူများသည် ၎င်းတို့အတူတကွ ရှိသည့်အခါ အလွန် ပေကတ်ကတ်နိုင်ပါက၊ ၎င်းတို့၏ အစောဆုံး ဆက်ဆံရေး အခြေအနေကို ပြန်ရောက်ဖို့ ၎င်းတို့အတွက် ခက်ခဲလိမ့်မည် ဖြစ်သောကြောင့် သင်သည် ထွက်ပေါက်ရှာခါနီးသည့်အခါ၊ သဘာဝကျခြင်းနှင့် စိတ်ပြင်းပြခြင်းတို့က သင့်ထံမှ ပွင့်အံထွက်ခါနီး ဖြစ်သည့်အခါ၊ ပြီးလျှင် ဤသဘာဝကျခြင်းနှင့် စိတ်ပြင်းပြခြင်းတို့က အခြားသူများကို ထိခိုက်စေတတ်သည့်အခါ၊ သင်သည် ခဏတာ စဉ်းစားခဲ့ပြီး ဘုရားသခင်ထံ သာ၍ ဆုတောင်းပါက သာ၍ကောင်းလိမ့်မည်။ အသင်းတော်မှ ညီအစ်ကိုမောင်နှမများ သို့မဟုတ် သင့်မိသားစုဝင်များ- သင်သည် ၎င်းတို့အားလုံးနှင့် သင့်မြတ်ဖို့ လိုအပ်သည်။ ဤသည်မှာ အနည်းဆုံး လိုအပ်ချက် ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဤဆက်ဆံရေးများကို ဖြေရှင်းပြီးသည့်အခါ၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် ရင့်ကျက်လာပြီး ၎င်းတို့သည် လုပ်ငန်းဆောင်တာများကို အမှန်တကယ် လက်ခံ ဆောင်ရွက်နိုင်စွမ်း ရှိပြီး တာဝန်ယူနိုင်စွမ်း ရှိလာလိမ့်မည်၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံနိုင်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုအတွက် ပဓာနအကျဆုံး အခြေခံသဘောတရား” မှ

လက်ရှိတွင် လူများစွာတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် ကလေးဆန်ဆဲဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့အနီးတစ်ဝိုက်မှ အငြင်းပွားမှုများကို ဖယ်ရှားနိုင်စွမ်း မရှိဖြစ်ကြသည်။ ၎င်းတို့သည် မကြခဏ ပိတ်မိနေသည်မှာ ၎င်းတို့သည် အသားကြိတ်စက်ထဲတွင် အကြိတ်ခံနေကြရသည့်အလား ဖြစ်ပြီး၊ ယင်း၏ မွှေနှောက်မှုက ၎င်းတို့ကို တစ်စစီစုတ်ဖြဲပြီး စုတ်ပြတ် သတ်သွားစေသည်- ပြီးလျှင် အဆုံး၌ ဘုရားသခင်၏အိမ်တော်က သင့်အား တိကျသော အလုပ်တစ်ခုကို လုပ်ဆောင်ဖို့နှင့် သင်၏ တာဝန်ကို ထမ်းဆောင်ဖို့ တာဝန်ပေးစေခိုင်းသည့်အခါ၊ သင်သည် ယင်းကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း မရှိပေ။ ယင်းက သင် မလုပ်ဆောင်လို၍ မဟုတ်ပေ၊ ပြီးလျှင် သင်သည် မဖြေရှင်းရသေးသည့်အတွက် သို့မဟုတ် သင် မဆုံးဖြတ်ရသေးသည့်အတွက် သို့မဟုတ် သင်၌ ခိုင်မာသောထင်မြင်ယူဆချက် မရှိသည့်အတွက် မဟုတ်ပေ၊ စွမ်းရည်ကင်းမဲ့သည့်အတွက် သာ၍ မဟုတ်ပေ။ ထိုအစား ယင်းက သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန်နုနယ်ပြီး၊ သင်သည် သင့်အနီးတဝိုက်ရှိ ရှုပ်ထွေးနက်နဲသော လူများ၊ အရေးကိစ္စများနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိသောကြောင့် ဖြစ်ပေသည်၊ ယင်းက သင့်ကို ဝင်ရောက်စွက်ဖက်ခြင်း အတိုင်းအတာ အမျိုးမျိုး ဖြစ်စေပြီး ထိုအလုပ်ကို တာဝန်ယူခြင်းမှ၊ ပြီးလျှင် သင့်အား တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းနှင့် သင်၏တာဝန်နှင့် သက်ဆိုင်သည့် အလုပ်ကို ပြီးစီးခြင်းတို့မှ တားဆီးလေသည်။ နောက်ဆုံးတွင် သင်သည် ကြွယ်ဝခြင်း သို့မဟုတ် ကြည်နူးဖွယ် အချစ်ရေး၏ စုံစမ်းသွေးဆောင်မှုများတွင် မနစ်မြှုပ်နေပါက၊ သင်သည် အခြားအမျိုးမျိုးသော ရှုပ်ထွေးသော၊ လူလူချင်း ဆက်ဆံမှုဆိုင်ရာ ဆက်ဆံရေးများတွင် နှစ်မြှုပ်နေလိမ့်မည် ဖြစ်ပြီး အငြင်းပွားမှုများတွင် ပါဝင်ပတ်သက်နေလိမ့်မည်၊ သို့မဟုတ် အချို့သော အမှုအရာများကို မည်သို့ လုပ်ဆောင်ရမည်ကို သင် မသိနားမလည်ဖြစ်ပြီး လုံးဝ ရပ်တန့်နေခြင်းတစ်ခုကို ရောက်ရှိသွားမည် သို့မဟုတ် သင်သည် အချို့သော အရေးကိစ္စများတွင် အရှုပ်အယှက်ထဲရောပါရင်း၊ အပျက်သဘောဆောင်ခြင်းတွင် ပိတ်မိကာ၊ ရှေ့ဆက်နိုင်စွမ်း မရှိဘဲ ဖြစ်လိမ့်မည်။ သင်၏သန္နိဌာန်၊ စိတ်ပိုင်းဖြတ်ချက်၊ ယုံကြည်မှုနှင့် လုံ့လ ဝီရိယတို့သည် အဘယ်သို့ ရောက်သွားပြီးဖြစ်လိမ့်မည်နည်း။ ထိုသို့သော အရေးကိစ္စများကို ရင်ဆိုင်လျက်၊ သင်၏ ယုံကြည်မှု၊ စိတ်ပိုင်းဖြတ်ချက်နှင့် သန္နိဌာန်တို့သည် အနည်းငယ်ဖော်ပြဖို့ပင် မထိုက်တန်ဘဲ ဖြစ်ကာ၊ ပထမဦးတိုက်ခိုက်မှု၌ပင် ကျရှုံးလိမ့်မည်။ ထို့ကြောင့် သင်၌ ကောင်းမွန်ပြီး အပြုသဘောဆောင်သည့် မျှော်လင့်ချက် တစ်ခုနှင့် ဆန္ဒတစ်ခုရှိပြီး၊ သင်၏ဆန္ဒ ဖြစ်မြောက်ဖို့ ဘုရားသခင်က သင့်အား ကူညီပေးဖို့ မျှော်လင့်ခြင်းဖြင့် ဘုရားသခင်ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခြင်းပြုပါက၊ မရှိမဖြစ်ထားရမည့် လိုအပ်ချက်မှာ အငြင်းပွားမှုများအပြင် သင့်အနီးတဝိုက်ရှိ လူများ အရေးကိစ္စများနှင့် အမှုအရာများကို ကိုင်တွယ်နိုင်ဖို့ လုံလောက်သည့် ဝိညာဉ်ရင့်ကျက်မှုနှင့် သမ္မာတရားတို့ကို သင် ပိုင်ဆိုင်ရမည် ဖြစ်သည်။ သင့်အနီးတဝိုက်တွင် မည်သည့်အရာ ဖြစ်ပျက်နေပါစေ၊ ပြီးလျှင် လူများ၊ အရေးကိစ္စများနှင့် အမှုအရာများ သို့မဟုတ် သင် ရှင်သန်သည့် ပတ်ဝန်းကျင်တို့နှင့်သက်ဆိုင်သည့် သင်၏ ဆက်စပ်တွေးတောရမည့် အခြေအနေ မည်သို့ရှိပါစေ၊ သင်သည် သင်၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နိုင်စွမ်း၊ ဤအရာများကို သမ္မာတရားဖြင့် ရင်ဆိုင်နိုင်စွမ်း၊ သမ္မာတရား အခြေခံသဘောတရားအတိုင်း လိုက်နာနိုင်စွမ်း ရှိသည်၊ ပြီးလျှင် သင်သည် အရှုံးမပေးဘဲ၊ စိတ်မထိခိုက်သကဲ့သို့ ဤအရာများအားဖြင့် စိတ်အနှောင့်အယှက်မဖြစ်ပါက- ယင်းမှာ သင်သည် လမ်းကြောင်းတစ်လျှောက် ရှေ့ဆက် လျှောက်နိုင်မည့်အချိန် ဖြစ်သည်။ ထိုအခါမှသာ သင်၏ ဝိညာဉ်ရင့်ကျက်မှုနှင့် သမ္မာတရားအတွင်း သင်၏ ဝင်ရောက်မှုတို့သည် နောက်တစ်ဆင့်သို့ တက်မည် ဖြစ်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုအတွက် ပဓာနအကျဆုံး အခြေခံသဘောတရား” မှ

အရှေ့သို့- ၁၂၃။ ဘုရားသခင်၌ ယုံကြည်ခြင်းတွင် အသိပညာနှင့်ယှဉ်သော ပြုမူခြင်း နိယာမများ

နောက်တစ်ခုသို့- ၁၂၅။ မိမိ၏ နှလုံးသားကို အခြားသူများသို့ ဖွင့်ခြင်း နိယာမများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊လျှောက်ရမယ့်လမ်းကို ညွှန်ပြသမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်