နိဒါန်း
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်တို့၏ ကံကြမ္မာအတွက် ဘုရားသခင်၏ လက်သင့်ခံမှုကို သင်တို့ရှာဖွေသင့်သည်။ ဆိုလိုသည်မှာ သင်တို့သည် ဘုရားအိမ်တော်၏ အိမ်တော်သားတစ်ယောက်ဖြစ်သည်ကို အသိအမှတ် ပြုသဖြင့်၊ သင်တို့သည် ဘုရားသခင်ထံသို့ စိတ်နှလုံး တည်ငြိမ်အေးချမ်းခြင်းကို ယူဆောင် လာသင့်ပြီး အရာရာတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်သည်။ တစ်နည်းအားဖြင့် သင်၏ လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းကာ၊ ထိုလုပ်ရပ်များတွင် သမ္မာတရားနှင့် လိုက်လျောညီထွေ နေသင့်သည်။ အကယ်၍ ဤသည်မှာ သင်၏ လုပ်ဆောင် နိုင်စွမ်းထက်ကျော်လွန်ပါက၊ သင်သည် ဘုရားသခင်၏ ရွံမုန်းခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရကာ လူတိုင်း၏ ပစ်ပယ်ခြင်းကို ခံရလိမ့်မည်။ ထိုကဲ့သို့ အကျပ်အတည်းနှင့် သင် ရင်ဆိုင်တွေ့ပါက၊ သင့်ကို ဘုရားသခင်၏ အိမ်တော်ထဲတွင် ထည့်သွင်းစဉ်းစား၍ မရနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်၏ လက်သင့်ခံမှုကို မရရှိခြင်း၏ အဓိပ္ပာယ် အတိအကျဖြစ်လေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်”) ဘုရားသခင့် နှုတ်ကပတ်တော်၏ ဤအခန်းကဏ္ဍသည် အရေးကြီးသည့် သမ္မာတရားတစ်ခုကို ရှင်းပြ၏။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်ကို ယုံကြည်သော လူတိုင်းအတွက်၊ သူ့အား သင့်ကို အတည်ပြုစေလိုပါက၊ သင်သည် “သင်တို့သည် ဘုရားသခင်ထံသို့ စိတ်နှလုံး တည်ငြိမ်အေးချမ်းခြင်းကို ယူဆောင် လာသင့်ပြီး အရာရာတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်သည်။ တစ်နည်းအားဖြင့် သင်၏ လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းကာ၊ ထိုလုပ်ရပ်များတွင် သမ္မာတရားနှင့် လိုက်လျောညီထွေ နေသင့်သည်။” ဤအရာသည်သာ ကယ်တင်ခံရခြင်းနှင့် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင် စုံလင်စေခြင်း ခံရခြင်း စံနှုန်းစံထား ဖြစ်သည်။
ဤစာအုပ်သည် သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံသဘောတရား တစ်ရာ့ ခုနှစ်ဆယ်ကို စားရင်းပြုစုထားပြီး၊ ဘုရားသခင်ကို ယုံကြည်နေချိန်တွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း သွင်ပြင်လက္ခဏာရပ် အမျိုးမျိုးကို ထည့်သွင်းစဉ်းစားလေသည်။ ဤသည်တို့မှာ ဘုရားသခင် ရွေးချယ်ထားသူများ၏ အသက်ဝင်ရောက်မှုအတွက် အလွန် အကျိုးရှိသည်။ သင်၏ အသက်တာ အတွေ့အကြုံတွင် သင်သည် အခြေခံသဘောတရား ၁၇၀ ကို အသုံးပြုရန် သင်ယူနိုင်ပါက၊ သင်သည် သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်း လွယ်ကူသည့် အချိန်ကာလတစ်ခု ရှိလိမ့်မည်။ ဤအခြေခံသဘောတရားများ အများစုကို လေးခုအဖြစ်သို့ အကျဉ်းချုံးနိုင်သည် - စုံလင်စွာ မဟုတ်သော်လည်း သမ္မာတရားကို ဤပုံစံဖြင့် သင် လက်တွေ့လုပ်ဆောင်နိုင်သရွေ့၊ အခြေခံသဘောတရားအတိုင်း သင် ဆောင်ရွက်နေနိုင်သည့် နေရာသို့ သင် ရောက်ရှိနိုင်သည်။ လူတို့၏ အတွေ့အကြုံ နက်သထက်နက်လာသည်နှင့်အမျှ၊ သာ၍ပင် ခိုင်လုံသည့်၊ မှန်ကန်တိကျပြီး စုံလင်သည့် အခြေခံသဘောတရားများကို ၎င်းတို့ ခွဲနိုင်ပေသည်။ ဤသည်မှာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း လမ်းကြောင်း ဖြစ်သည်။