၁၇၁။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သိရှိခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ခရစ်တော် ဖော်ပြသည့် သမ္မာတရားအားလုံးမှာ လူသား၏ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ ခရစ်တော်၏ အနှစ်သာရမှာ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ယင်းသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်။

(၂) တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျေးဇူးတော်၊ သနားခြင်းကရုဏာနှင့် သည်းခံမှုအနေဖြင့် အဓိက သတ်မှတ်ရင်း၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြင့် ဘောင်မခတ်ရ။ ပြင်းထန်သည့် တရားစီရင်ခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့သည် သာ၍ပင် လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖော်ပြချက်များ ဖြစ်သည်။

(၃) ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ကြုံရသည်နှင့်အမျှ၊ ၎င်းတို့သည် စာတန်၏ စွမ်းအားမှ ထွက်ပြေးလွတ်မြောက်ပြီး ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြောင်းလဲပေသည်။ ဤသည်မှာ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်သည်။

(၄) တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သက်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုတစ်ခု ရှိသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် စိတ်ပါလက်ပါ အသုံးတော်ခံနိုင်ကြသည်၊ မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိင်ကြပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တုံ့ပြန်နိုင်ကြသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ညစ်ညူး၍ ဖောက်ပြန်ပျက်စီးနေသည့် ဤလူတို့အကြားတွင် သူ၏အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာနှင့် ဤလူစုကို စုံလင်စေရန်အလို့ငှာ ဘုရားသခင်သည် မိမိကိုယ်မိမိ ဤအဆင့်အထိ နှိမ့်ချခဲ့သည်။ ဘုရားသခင်သည် လူသားများကြားတွင် နေထိုင်စားသောက်ရန်၊ လူသားများကို လမ်းပြဖို့ရန်နှင့် လူသားများ၏ လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးဖို့ရန်အလို့ငှာ လူ့ဇာတိခံယူခဲ့သည်သာ မဟုတ်ချေ။ သာ၍ အရေးအကြီးသည်မှာ သူ၏ကြီးမားသော ကယ်တင်ခြင်းနှင့် သည်းမခံနိုင်လောက်အောင် ဖောက်ပြန်ပျက်စီးနေသည့် လူသားများကို သိမ်းပိုက်ရန်အလုပ်ကို လုပ်ခြင်း ဖြစ်သည်။ လူသားများ အားလုံးအားပြောင်းလဲကာ အသစ်ပြုပြင်ရန်အလို့ငှာ သူသည် ဖောက်ပြန်ပျက်စီးဆုံး ဤလူတို့ကို ကယ်တင်ရေးအတွက် အဆင်းနီသောနဂါးကြီး၏ နှလုံးသားထဲသို့ လာခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင် ခံစားရသည့် ကြီးမားသော အခက်အခဲသည် လူ့ဇာတိခံယူသည့် ဘုရားသခင် ခံစားရသည့် အခက်အခဲမျှသာ မဟုတ်ဘဲ၊ အဓိကအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် အဆုံးစွန်သော အရှက်ခွဲခံရခြင်း ဖြစ်သည်၊ ဘုရားသခင်သည် မိမိကိုယ်ကို နှိမ့်ချလွန်းပြီး သိုဝှက်လွန်းသည့်အတွက် သူသည် သာမန်လူတစ်ယောက် ဖြစ်လာခဲ့သည်။ လူသားများသည် သူ့အား သာမန်လူ့ဘ၀ရှိပြီး သာမန်လူသား၏ လိုအပ်ချက်များကို သူလည်းလိုအပ်ကြောင်း မြင်စေရန်အလို့ငှာ ဘုရားသခင်သည် လူ့ဇာတိကိုခံယူခဲ့ပြီး ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်ခဲ့သည်။ ဘုရားသခင်သည် ကြီးမားသော အတိုင်းအတာအထိ နှိမ့်ချခဲ့ကြောင်းကို သက်သေပြရန် ဤအရာက လုံလောက်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို ဇာတိပကတိ၌ အကောင်အထည် ဖော်ထားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလွန်တရာ မြင့်မားကာ ကြီးမြတ်သည့်အရာဖြစ်၏၊ သို့သော် သူသည် သူ၏ဝိညာဉ်တော်၏ အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ၊ သာမန်လူတစ်ယောက်၏ သဏ္ဌာန်ကို ခံယူခဲ့သည်။ သင်တို့အသီးသီး၏ အရည်အချင်း၊ ထိုးထွင်းဉာဏ်၊ အာရုံခံစားမှု၊ လူ့သဘာဝနှင့် အသက်တာများတို့သည် ဘုရားသခင်၏ ဤအလုပ်မျိုးကို လက်ခံရန် အကယ်ပင် မထိုက်တန်ကြောင်းကို ပြသည်။ သင်တို့သည် ဘုရားသခင်ကို သင်တို့အတွက် ထိုကဲ့သို့ အခက်အခဲ ကြုံတွေ့စေရန် အကယ်ပင် မထိုက်တန်ပေ။ ဘုရားသခင်သည် အထွတ်အထိပ် ဖြစ်လွန်းလှပြီး၊ သူသည် လူတို့သည် အလွန်နိမ့်ကျသည်၊ သို့သော် သူသည် လူသားများအပေါ် လုပ်ဆောင်မြဲ ဖြစ်သည်။ သူသည် လူသားများအတွက် ထောက်ပံ့ပေးရန်၊ လူတို့နှင့် စကားပြောရန်၊ လူ့ဇာတိခံယူသည်သာမက၊ သူသည် လူသားများနှင့် အတူတကွပင် နေထိုင်ခဲ့သည်။ ဘုရားသခင်သည် အလွန်ပင်နှိမ့်ချကာ ချစ်ဖွယ်ကောင်းသော ဘုရားသခင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်” မှ

ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ကြွလာခဲ့ချိန်တွင်၊ သူသည် လောကနှင့် မသက်ဆိုင်ခဲ့သကဲ့သို့၊ လောကကို ပျော်မွေ့ရန် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။ အမှုပြုခြင်းက သူ၏ စိတ်သဘောထားကို ထုတ်ဖော်ပြပြီး အဓိပ္ပါယ်အရှိဆုံး ဖြစ်မည့်နေရာမှာ သူမွေးဖွားခဲ့သော နေရာဖြစ်သည်။ ယင်းမှာ သန့်ရှင်းသော တိုင်းပြည်ဖြစ်စေ၊ ညစ်ညူးသော တိုင်းပြည် တစ်ပြည်ဖြစ်စေ၊ မည်သည့်နေရာတွင် သူအမှုပြုပါစေ၊ သူသည် သန့်ရှင်း၏။ အရာအားလုံးသည် စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်သော်လည်း၊ လောကထဲရှိ အရာရာတိုင်းကို သူ ဖန်ဆင်းထားခြင်းဖြစ်၏။ သို့သော်လည်း အရာအားလုံးသည် သူနှင့် သက်ဆိုင်ဆဲဖြစ်၏။ ၎င်းတို့ အားလုံးသည် သူ၏ လက်ထဲတွင် ရှိကြသည်။ သူသည် သူ၏ သန့်ရှင်းခြင်းကို ထုတ်ဖော်ပြဖို့အလို့ငှာ ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာပြီး ထိုနေရာတွင် အမှုပြုလေသည်။ သူသည် ဤအရာကို သူ၏အမှုအတွက်သာ ပြုခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ ဤညစ်ညူးသောတိုင်းပြည်မှ လူတို့ကို ကယ်တင်ရန်အလို့ငှာ၊ သူသည် ထိုသို့သော အမှုကိုပြုဖို့ ကြီးစွာသော အရှက်ရခြင်းကို ခံရပ်လေသည်။ ဤသည်မှာ‌ လူသားမျိုးနွယ်အားလုံးအတွက် သက်သေခံဖို့ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့သော အမှုက လူတို့ကို ပြသသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး၊ ယင်းသည် ဘုရားသခင်၏ကြီးစိုးမှုကို ပို၍ကောင်းစွာ ပြသနိုင်သည်။ အခြားသူများက အထင်အမြင်သေးသည့် အောက်တန်းကျသော လူစုတစ်စုကို ကယ်တင်ခြင်းတွင် သူ၏ကြီးမြတ်ခြင်းနှင့် ဖြောင့်မတ်တည်ကြည်ခြင်းတို့ ထင်ရှားပေသည်။ ညစ်ညူးသော တိုင်းပြည်တစ်ခုတွင် မွေးဖွားခြင်းက သူသည် အရေးမပါသည်ကို သက်သေပြခြင်း လုံးဝ မဟုတ်ပေ။ ယင်းက သူ၏ ကြီးမြတ်ခြင်းနှင့် လူသားမျိုးနွယ်အတွက် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖန်ဆင်းထားသောအရာအားလုံးအား မြင်ခွင့်ပေးခြင်း သက်သက် ဖြစ်သည်။ ထိုသို့ သူလုပ်ဆောင်လေလေ၊ လူသားအတွက် သူ၏ဖြူစင်သော ချစ်ခြင်းမေတ္တာ၊ သူ၏ အပြစ်အနာအဆာ မရှိသော ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြလေလေ ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်၏။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့ပြီး၊ ညစ်ညူးမှုနှင့် ပြည့်နှက်နေသော လူတို့နှင့်အတူ အသက်ရှင်သော်လည်း၊ ကျေးဇူးတော်ခေတ်တွင် အပြစ်သားများ နှင့်အတူ ယေရှု အသက်ရှင်ခဲ့သည့်အတိုင်း သူ၏အမှုအားလုံးသည် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ရေးအတွက် လုပ်ဆောင်ခြင်း မဟုတ်လော။ လူသားမျိုးနွယ်အနေဖြင့် ကြီးမားသော ကယ်တင်ခြင်းကို ရရှိနိုင်ဖို့အလို့ငှာသာ ဖြစ်သည်မဟုတ်သလော။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က၊ သူသည် အပြစ်သားများ နှင့်အတူ နှစ်အနည်းငယ် အသက်ရှင်ခဲ့သည်။ ယင်းမှာ ရွေးနုတ်ခြင်းအတွက် ဖြစ်ခဲ့သည်။ ယနေ့တွင် သူသည် ညစ်ညူးကာ အရေးမပါသော လူတစ်စုနှင့်အတူ နေထိုင်လျက် ရှိသည်။ ဤသည်မှာ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ သူ၏အမှုအားလုံးသည် သင်တို့လူသားများ အတွက် မဟုတ်လော။ လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် နွားစားခွက်ထဲတွင် မွေးဖွားခဲ့ပြီးနောက် အဘယ်ကြောင့် အပြစ်သားများနှင့်အတူ နှစ်ပေါင်းများစွာ အသက်ရှင်ပြီး ဒုက္ခဆင်းရဲခံခဲ့မည်နည်း။ ပြီးလျှင် လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် အဘယ်ကြောင့် ဒုတိယအကြိမ် လူ့ဇာတိပြန်လည်ခံယူကာ၊ နတ်ဆိုးများ စုဝေးရာ ဤတိုင်းပြည်တွင် မွေးဖွားပြီး စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသော ဤလူတို့နှင့်အတူ အသက်ရှင်လိမ့်မည်နည်း။ ဘုရားသခင်သည် သစ္စာရှိသည် မဟုတ်လော။ သူ့အမှု၏ မည်သည့်အပိုင်းသည် လူသားမျိုးနွယ်အတွက် မဟုတ်ခဲ့သနည်း။ မည်သည့် အပိုင်းသည် သင်တို့၏ ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ဘုရားသခင်သည် သန့်ရှင်းတော်မူ၏- ဤသည်မှာ ပြောင်းလဲ၍ မရနိုင်ပေ။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာခဲ့သော်လည်း၊ အညစ်အကြေးများဖြင့် ညစ်ညမ်းမသွားခဲ့ပေ။ ဤအရာအားလုံးမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန့်အလွန် ကိုယ်ကျိုးမငဲ့သကဲ့သို့၊ သူခံရပ်သည့် ဒုက္ခဆင်းရဲနှင့် အရှက်ရခြင်းတို့သည် အလွန့်အလွန် ကြီးမားသည်ကိုသာ ဆိုလိုနိုင်ပေသည်။ သင်တို့အားလုံးနှင့် သင်တို့၏ ကံကြမ္မာအတွက် သူ ခံစားသည့် အရှက်ရခြင်း မည်မျှ ကြီးမားသည်ကို သင်တို့ မသိကြသလော။ ကြီးမြတ်သောလူများ သို့မဟုတ် ကြွယ်ဝချမ်းသာပြီး သြဇာကြီးသော မိသားစုများ၏ သားများကို ကယ်တင်ခြင်းထက်၊ အရေးမပါသကဲ့သို့ အထင်အမြင်သေးခြင်း ခံရသောသူများကို ကယ်တင်ခြင်းအား သူ မပျက်မကွက် လုပ်လေသည်။ ဤအရာအားလုံးသည် သူ၏သန့်ရှင်းခြင်း ဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးသည် သူ၏ ဖြောင့်မတ်ခြင်း ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ် အားလုံး၏ ရှင်သန်ခြင်းအတွက် သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားကာ အရှက်ရခြင်းအားလုံးကို ခံစားရန် သာ၍လိုလားခဲ့သည်။ ဘုရားသခင်သည် အလွန် စစ်မှန်၏- သူသည် မမှန်သောအမှုကို မပြုပေ။ အမှု၏ အဆင့်တိုင်းသည် အင်မတန် လက်တွေ့ကျသည့် နည်းလမ်းဖြင့် လုပ်ဆောင်ထားသည် မဟုတ်လော။ လူအားလုံးက သူ့ကို မကောင်းပြောကြပြီး သူသည် အပြစ်သားများနှင့် စားပွဲတွင် အတူထိုင်သည်ဟု ဆိုကြသော်လည်း၊ လူအားလုံးက သူ့ကို သရော်ကြပြီး သူသည် ညစ်ညူးမှု၏သားများနှင့်အတူ အသက်ရှင်သည်၊ လူတို့ထဲတွင် အနိမ့်ကျဆုံးဖြစ်သော သူများနှင့်အတူ အသက်ရှင်သည်ဟု ဆိုကြသော်လည်း၊ သူသည် ကိုယ်ကျိုးမငဲ့ဘဲ မိမိကိုယ်ကိုယ် ပေးအပ်နေဆဲဖြစ်ပြီး၊ ထိုကဲ့သို့ လူသားမျိုးနွယ်ကြားတွင် ငြင်းပယ်ခံရဆဲ ဖြစ်သည်။ သူခံရပ်ရသော ဒုက္ခဆင်းရဲသည် သင်တို့၏ ဒုက္ခဆင်းရဲထက် ပို၍ကြီးမားသည် မဟုတ်သလော။ သူ ပြုသောအမှုသည် သင်ပေးခဲ့သော အဖိုးအခထက် ပိုများသည် မဟုတ်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်” မှ

လူသား၏အလုပ်အတွက် ဘုရားသခင် ကြံ့ကြံ့ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ ကိုယ်တော်သည် သူ၏နေ့ရက်များကို လူသားနှင့်အတူ ကျော်လွန်ရန်၊ လူသားနေထိုင်သော အသက်ရှင်လျက် ငရဲရောက်နေသကဲ့သို့ ခံစားရသည့်အရပ်သို့ ဆင်းသက်လာခဲ့ကာ ကိုယ်တော်သည် လူသားအကြားယုတ်ညံ့မှုကို မည်သည့်အခါမျှ ညည်းညူခဲ့ဖူးခြင်းမရှိ၊ ထို့အပြင် လူသားအား ၎င်း၏နာခံမှု မရှိခြင်းအတွက် အပြစ်တင်ခဲ့ဖူးခြင်း မရှိဘဲ၊ သူ၏အမှုကို သူကိုယ်တိုင် ထမ်းဆောင်ရင်း အကြီးမားဆုံးသော အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံတော်မူ၏။ ဘုရားသခင်သည် ငရဲနှင့် အဘယ်သို့ သက်ဆိုင်နိုင်အံ့နည်း။ ကိုယ်တော်သည် ကိုယ်တော်၏ အသက်တာကို ငရဲ၌ အဘယ်သို့ ကုန်ဆုံးနိုင်အံ့သနည်း။ သို့သော် လူသားမျိုးနွယ် တစ်ရပ်လုံးသည် သာ၍ဆောလျင်စွာ ချမ်းသာခြင်းသို့ ရောက်ရန် ကိုယ်တော်သည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် ကမ္ဘာမြေကြီးသို့ လာရန် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခဲ့ကာ တရားမျှတမှုမရှိခြင်းကို ခံခဲ့သည့်အပြင်၊ လူသားကို ကယ်တင်ရန် သူကိုယ်တိုင် “ငရဲ” နှင့် “မရဏနိုင်ငံ” အတွင်း၊ ကျားအောင်းဂူအတွင်းသို့ ဝင်ရောက်ခဲ့၏။ လူသားသည် ဘုရားသခင်အား ဆန့်ကျင်ရန် အဘယ်သို့ အရည်အချင်း မီသနည်း။ ဘုရားသခင်အကြောင်း မကျေမနပ်ပြောရန် ၎င်းတွင် မည်သည့်အကြောင်းရင်း ရှိသနည်း။ ဘုရားသခင်ကို ကြည့်ရန် သူသည် အဘယ်သို့ ရဲတင်း၍ အရှက်မရှိ မျက်နှာပြောင်တိုက်နိုင်မည်နည်း။ ကောင်းကင်ဘုံ၏ ဘုရားသခင်သည် အညစ်ပေဆုံးသော ဤဒုစရိုက်ပြည်သို့ လာရောက်ခဲ့ပြီး ကိုယ်တော်၏ မကျေနပ်မှုများကို မည်သည့်အခါမျှ ထွက်ပေါက်ရှာခဲ့ဖူးခြင်း သို့မဟုတ် လူသားအကြောင်း ညည်းညူခဲ့ခြင်း မရှိဘဲ၊ ယင်းအစား လူသား၏ ဒဏ်ရာဒဏ်ချက်များနှင့် ဖိနှိပ်မှုတို့ကို တိတ်ဆိတ်စွာ လက်ခံ၏။ လူသား၏ မလျော်ကန်သော တောင်းဆိုမှုများကို မည်သည့်အခါမျှ တုံ့ပြန်ထိုးနှက်တိုက်ခိုက်ခြင်း မရှိ၊ လူသားအပေါ် လွန်ကဲသော တောင်းဆိုမှုများ မည်သည့်အခါမျှ မပြုခဲ့ဖူးသလို၊ လူသားအပေါ် မလျော်ကန်သော တောင်းဆိုမှုများ မည်သည့်အခါမျှ မပြုလုပ်ခဲ့ဖူးပေ၊ သူသည် သင်ကြားခြင်း၊ အသိဉာဏ် ပွင့်လင်းစေခြင်း၊ အပြစ်တင်ခြင်း၊ နှုတ်ကပတ်တော်များအား စစ်ဆေးခြင်း၊ သတိပေးခြင်း၊ အလေးအနက် တိုက်တွန်းခြင်း၊ နှစ်သိမ့်ခြင်း၊ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းစသည့် လူသား လိုအပ်သည့်အလုပ်ကို ညည်းညူမှုမရှိဘဲ၊ လုပ်ဆောင်ရုံသာ လုပ်ဆောင်၏။ ကိုယ်တော်၏ အဆင့်များအနက် အဘယ်အဆင့်သည် လူသား၏ ဘဝအတွက် မဟုတ်သနည်း။ ကိုယ်တော်သည် လူသား၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာကို ဖယ်ရှားခဲ့သော်လည်း၊ ဘုရားသခင် ဆောင်ရွက်ခဲ့သည့် အဆင့်များအနက် မည်သည့်အဆင့်သည် လူသား၏ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသား၏ရှင်သန်နိုင်ရေးအတွက် မဟုတ်သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် ဤဒုက္ခဝေဒနာနှင့် ညတမျှ မည်းနက်သော အမှောင်စွမ်းအားများ၏ ဖိနှိပ်ခြင်းတို့မှ လူသားအား လွတ်မြောက်စေရန် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသားအတွက် မဟုတ်သနည်း။ ချစ်ခင်ကြင်နာသော မိခင်၏ နှလုံးသားကဲ့သို့ဖြစ်သည့် ဘုရားသခင်၏ နှလုံးသားကို မည်သူ နားလည်နိုင်သနည်း။ ဘုရားသခင်၏ စိတ်အားထက်သန်သော နှလုံးသားကို မည်သူနားလည်နိုင်သနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၉)” မှ

ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် သူ၏တရားစီရင်ခြင်းကို အသုံးပြုသည်၊ သူသည် လူသားကို ချစ်ခဲ့ပြီး ကယ်တင်ခဲ့သည်၊ သို့သော် သူ၏ချစ်ခြင်းမေတ္တာထဲတွင် မည်မျှပါဝင်သနည်း။ တရားစီရင်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသနှင့် ကျိန်ဆဲမှုတို့ ပါဝင်သည်။ ဘုရားသခင်သည် လူသားကို ယခင်က ကျိန်ဆဲခဲ့သော်လည်း၊ သူသည် လူသားကို အနက်ဆုံးသောတွင်းထဲသို့ လုံးလုံးလျားလျား မပစ်ချခဲ့ဘဲ၊ ယင်းနည်းလမ်းကို အသုံးပြု၍ လူသား၏ ယုံကြည်ခြင်းကို သူစစ်ဆေးခဲ့သည်။ သူသည် လူသားကို မကွပ်မျက် ခဲ့သော်လည်း၊ လူသားကို စုံလင်အောင်ပြုရန် လုပ်ဆောင်ခဲ့သည်။ လူ့ဇာတိ၏အနှစ်သာရမှာ စာတန်၏အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်က ထိုသို့ပင် အတိအကျပြောခဲ့သည်- သို့သော် ဘုရားသခင် လုပ်ဆောင်ခဲ့သော ဖြစ်ရပ်များသည် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ ပြီးမြောက်ခဲ့ခြင်း မဟုတ်ပေ။ သင်သူ့ကို ချစ်လာကောင်း ချစ်လာစေရန်နှင့် ဇာတိပကတိ၏ အနှစ်သာရကို သင်သိကောင်း သိနိုင်စေရန် သူသည် သင့်ကို ကျိန်ဆဲခြင်းဖြစ်သည်။ သင်နိုးကြားကောင်း နိုးကြားလာစေရန်၊ သင့်အထဲမှ အားနည်းချက်များကို သင်သိစေရန်နှင့် လူသား၏ အကြွင်းမဲ့ မထိုက်တန်မှုကို သင်သိစေရန် သင့်ကို သူပြစ်တင်ဆုံးမခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ဘုရားသခင်၏ ကျိန်ဆိုခြင်းများ၊ တရားစီရင်ခြင်းများ အပြင်၊ သူ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ အားလုံးတို့သည် လူသားကို စုံလင်စေရန်အတွက်ဖြစ်သည်။ ယနေ့ ဘုရားသခင် လုပ်ဆောင်သည့် အရာများ အားလုံးနှင့် သင်တို့အတွင်း၌ သူထင်ရှားပေါ်လွင်စေသည့် ဖြောင့်မတ်သော စိတ်သဘောထား အားလုံးသည် လူသားကို စုံလင်စေရန် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ထိုကဲ့သို့ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ

ခရစ်တော်၏ အနှစ်သာရမှာ အဘယ်နည်း။ လူတို့အနေဖြင့် ခရစ်တော်၏ အနှစ်သာရမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်၊ သူ့နောက်လိုက်သောသူများအတွက်မူ ၎င်းမှာ အကန့်အသတ်မဲ့ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ အကယ်၍ သူ၌ ချစ်ခြင်းမေတ္တာ သို့မဟုတ် သနားခြင်းကရုဏာ မရှိခဲ့ပါက လူတို့သည် သူ့နောက်သို့ လိုက်လျှောက် လိမ့်မည် မဟုတ်ပေ။ လူအချို့က “ထိုသို့ဆိုသော် ဘုရားသခင်သည် မဖြောင့်မတ်သလော” ဟု ဆိုကြသည်။ သူသည် ဖြောင့်မတ်နေဆဲ ဖြစ်သည်မှာ မှန်ကန်သော်လည်း သူ၏ စိတ်သဘောထား ရှုထောင့်မှ ကြည့်ပါက သူ၏ ဖြောင့်မတ်ခြင်းမှာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း နှင့် ကောက်ကျစ်စဉ်းလဲခြင်းအပေါ် မုန်းတီးခြင်း ဖြစ်သည်။ အကယ်၍ သူ၌ ချစ်ခြင်းမေတ္တာ မရှိဘဲ ဖြောင့်မတ်ခြင်းသက်သက် ရှိခဲ့မည် ဆိုပါက အဘယ်သို့ ဖြစ်မည်နည်း။ အကယ်၍ ချစ်ခြင်းမေတ္တာသည် ဖြောင့်မတ်ခြင်းကို မကျော်လွှားနိုင်ခဲ့ပါက အဘယ်သို့ ဖြစ်မည်နည်း။ ထိုအခါ လူသားမျိုးနွယ် အကျပ်ရိုက်ပြီဟု ဆိုနိုင်သည်။ ထို့ကြောင့် သင်တို့ကို ငါ ပွင့်ပွင့်လင်းလင်း ပြောနေခြင်း ဖြစ်သည်- သူ၏ လူ့ဇာတိခံယူသည့် အချိန်အတောအတွင်း လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြုသောအမှုထဲတွင် သူ၏ အသိသာဆုံးနှင့် အရေးပါဆုံးသော အနှစ်သာရမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်၊ ၎င်းမှာ အနန္တသည်းခံခြင်း ဖြစ်သည်။ “အကယ်၍ ဘုရားသခင်သည် လူတစ်ဦးကို ဆုံးပါးစေရန် ရည်ရွယ်ပါက သူသည် ထိုသို့ပြုလိမ့်မည်၊ ထို့အပြင် အကယ်၍ သူသည် လူတစ်ဦးကို မုန်းပါက သူသည် ထိုလူကို အပြစ်ဒဏ်ပေးခြင်း၊ ကျိန်ဆဲခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ပြုလိမ့်မည်၊ သူသည် တင်းကျပ်လွန်းလှပါသည်တကား။သူသည် လူတို့ကို ဒေါသထွက်ပါက လူတို့သည် ကြောက်ရွံ့မှုဖြင့် တုန်လှုပ်ကြမည်ဖြစ်ပြီး သူ၏မျက်မှောက်တွင် မတ်တတ်ရပ်နိုင်စွမ်း ရှိကြမည်မဟုတ်ပေ။” ဟူ၍ သင်တို့ စိတ်ကူးသကဲ့သို့ မဟုတ်ပေ။ သို့သော် ထိုအရာမှ မှန်ကန်မှုမရှိပါ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြရန်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ နောက်ဆုံးတွင် သူ၏ ရည်ရွယ်ချက်မှာ ကယ်တင်ခြင်းပင် ဖြစ်သေးသည်။ သူ၏ ချစ်ခြင်းမေတ္တာသည် သူ၏ စိတ်သဘောထား ထုတ်ဖော်ခြင်းများအားလုံး၌ စိမ့်ဝင်ပျံ့နှံ့လျက်ရှိသည်။ ဤအရာကို ဆင်ခြင်လော့၊ လူ့ဇာတိ၌ အမှုပြုနေစဥ်အတွင်း လူတို့အတွက် ဘုရားသခင် အများဆုံးထုတ်ဖော်သောအရာမှာ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ စိတ်ရှည်ခြင်းဆိုသည်မှာ အဘယ်နည်း။ စိတ်ရှည်ခြင်း ဆိုသည်မှာ အတွင်းရှိ ချစ်ခြင်းမေတ္တာကြောင့် သနားကရုဏာရှိခြင်း ဖြစ်ပြီး ၎င်း၏ရည်ရွယ်ချက်မှာ လူတို့ကို ကယ်တင်ရန်ပင် ဖြစ်သည်။ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့် လူတို့အပေါ် သူ သနားခြင်းကရုဏာ ရှိနိုင်သည်။ ခင်ပွန်းနှင့်ဇနီးအကြား စစ်မှန်သော ချစ်ခြင်းမေတ္တာရှိလျှင် ၎င်းတို့သည် တစ်ဦး၏အားနည်ချက်များနှင့် အမှားများကို မကြည့်သကဲ့သို့ပင် ဖြစ်သည်။ အကယ်၍ ဒေါသထွက်စေရန် ၎င်းတို့ကိုဆွပေးပါက ၎င်းတို့သည် စိတ်ရှည်နိုင်ဦးမည် ဖြစ်သည်။ အရာခပ်သိမ်းသည် ချစ်ခြင်းမေတ္တာ အုတ်မြစ်ပေါ်၌ တည်ထားခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အမုန်းတရားနှင့်ပြည့်နှက်ပါက ၎င်းတို့၏သဘောထားသည် ရှိနေသည့်အတိုင်း ရှိကြမည် မဟုတ်ပေ၊ ၎င်းတို့၏ မျက်နှာအမူအရာသည် ရှိနေသည့်အတိုင်း ရှိကြမည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်၌ အမုန်းတရားနှင့် အမျက်ဒေါသသာ ရှိခဲ့ပါက၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုသာ ချမှတ်ပြီး ယင်းတို့အထဲတွင် မည်သည့်ချစ်ခြင်းမေတ္တာမျှ မရှိခဲ့ပါက အခြေအနေသည် သင်တို့ ယခုမြင်ရသောအရာ ဖြစ်လိမ့်မည်မဟုတ်ဘဲ ကပ်ဘေးဒုက္ခသည် သင်တို့လူတွေအပေါ် ကျရောက်လေမည်။ သူသည် သင်တို့အား သမ္မာတရားကို ပေးမည်လော။ လူတို့သည် ပြစ်တင်ဆုံးမခံရပြီး တရားစီရင်ခံရပြီးနောက်၊ ကျိန်ဆဲခြင်းခံခဲ့ရမည်ဆိုလျှင်၊ ၎င်းတို့ လုံးဝ ကျဉ်းထဲကျပ်ထဲ ကျသွားလိမ့်မည်ဖြစ်သည်။ သို့ဆိုလျှင်၊ ယနေ့ လူသားမျိုးနွယ်သည် မည်သို့ တည်ရှိလိမ့်ဦးမည်နည်း။ ၎င်းတို့က ချက်ချင်း မသေလျှင်ပင်၊ ဖျားနာသူများ သို့မဟုတ် မသန်မစွမ်းဖြစ်သူများ၊ ရူးသွပ်သူများ သို့မဟုတ် မျက်စိကန်းသူများအပြင် ခြေဖဝါးအောက် နင်းခြေခြင်းခံရဖို့ နတ်ဆိုးများနှင့် ညစ်ညမ်းသော မကောင်းဆိုးဝါးများထံသို့ လှည့်သည့်သူများရှိလိမ့်မည် ဖြစ်သည်၊ ပြီးလျှင် ဤလူများသည် ယနေ့ရှိသကဲ့သို့ ဖြစ်မည် မဟုတ်ကြပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်ထံမှ ချစ်ခြင်းမေတ္တာများစွာကို ပျော်မွေ့ခံစားပြီးဖြစ်သည်။ သူက သင့်အား များစွာသော သည်းခံခြင်း၊ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ပေးအပ်ပြီးဖြစ်သည်။ သို့ဖြစ်စေကာမူ လူများသည် “ဤသည်မှာ ဘုရားသခင်က လူသားများကို ဆက်ဆံသင့်သည့် ပုံစံဖြစ်သည်။ သူ၌ ဖြောင့်မတ်ခြင်းနှင့် အမျက်ဒေါသလည်း ရှိပြီး၊ ဤသည်တို့ကိုလည်း ကျွန်ုပ်တို့ များစွာ တွေ့ကြုံပြီးဖြစ်သည်။” ဟု မိမိတို့ဘာသာတွေးလျက် ဤသည်ကို ပြင်းထန်စွာ ကန့်ကွက်ကြသည်။ သင်အမှန်တကယ် တွေ့ကြုံပြီးဖြစ်သလော။ သင်တကယ် တွေ့ကြုံခဲ့ပြီးဖြစ်ပါက၊ သင့်ဘဝဆုံးသွားပြီး ဖြစ်လိမ့်မည်။ ယနေ့ခေတ်၏ လူသားမျိုးနွယ်သည် မည်သို့ တည်ရှိဦးမည်နည်း။ ဘုရားသခင်၏ မုန်းတီးမှု၊ အမျက်ဒေါသနှင့် ဖြောင့်မတ်ခြင်း အားလုံးတို့ကို ဤလူအုပ်စုကို ကယ်တင်ခြင်း၏ အခြေခံအုတ်မြစ်ဖြင့် ထုတ်ဖော်ပြသည်။ ဤစိတ်သဘောထားက ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာအပြင် အလွန်ကြီးမားသော သည်းခံခြင်းတစ်ခုလည်း ပါရှိလေသည်။ ဤအမုန်းက အခြားရွေးချယ်စရာမရှိခြင်း သဘောတစ်ခု ရှိသည်၊ ယင်းတွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အကန့်အသတ်မဲ့ ပူပန်ခြင်းနှင့် မျှော်လင့်စောင့်စားချက် ပါဝင်သည်။ ဘုရားသခင်၏ မုန်းတီးမှုသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကို ရည်ရွယ်သည်။ လူသားမျိုးနွယ်၏ ပုန်ကန်ခြင်းနှင့် အပြစ်များကို ရည်ရွယ်သည်။ ယင်းသည် တစ်ဖက်သတ်ဖြစ်ပြီး ချစ်ခြင်းမေတ္တာ၏ အခြေခံအုတ်မြစ်အပေါ် တည်ဆောက်ထားသည်။ ချစ်ခြင်းမေတ္တာရှိသည့်အခါမှသာ အမုန်းရှိသည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ မုန်းတီးမှုသည် စာတန်အပေါ် သူ၏ မုန်းတီးမှုနှင့် မတူပေ၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့ကို ကယ်တင်ပြီး စာတန်ကို မကယ်တင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်သောစိတ်သဘောထားသည် အမြဲ ရှိနေပြီးဖြစ်သည်။ သူ၌ အမျက်ဒေါသ၊ ဖြောင့်မတ်ခြင်းနှင့်၊ စီရင်ခြင်းတို့က အစအဦးကတည်းက ရှိပြီးဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်က လူသားမျိုးနွယ်ကို ယင်းတို့ဖြင့် ဦးတည်သည်နှင့် တစ်ပြိုင်နက် အသက်ဝင်ပေါ်ပေါက်လာခြင်းသက်သက် မဟုတ်ပေ။ ဤသည်မှာ လူသားများ မမြင်မီကတည်းက ဘုရားသခင်၏ စိတ်သဘောထားဖြစ်ခဲ့သည်။ ၎င်းတို့က ယင်းကို မြည်းစမ်းခဲ့ပြီးသည့်နောက်မှသာ ဤသည်မှာ သူ၏ ဖြောင့်မတ်ခြင်း၏သဘာဝ ဖြစ်သည်ကို ၎င်းတို့ နားလည်သဘောပေါက်ခဲ့ကြသည်။ အမှန်တွင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဖြစ်စေ၊ ဘုန်းအာနုဘော်တော် ရှိသည်ဖြစ်စေ သို့မဟုတ် အမျက်ဒေါသထွက်သည်ဖြစ်စေ၊ သူပြုသမျှ အမှုများ အားလုံးသည် ချစ်ခြင်းမေတ္တာမှ ရရှိလာသည့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ လူအချို့က “သို့ဆိုလျှင် ယင်းတွင် ချစ်ခြင်းမေတ္တာ မည်မျှ ပါဝင်သနည်း။” ဟု ပြောကြသည်။ ယင်းက ပမာဏနှင့် သက်ဆိုင်သည့်ကိစ္စ မဟုတ်ပေ။ ယင်း၏ ရာခိုင်နှုန်းပြည့်သည် ချစ်ခြင်းမေတ္တာဖြစ်သည်။ ထို့ထက်နည်းပါက၊ လူသားများသည် ကယ်တင်ခြင်း ခံရမည် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ ချစ်ခြင်းအားလုံးကို လူများအတွက် ရည်စူးထားသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာ” မှ

လူသား၏ ရှေးရိုးစွဲအယူအဆများထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သူ၏ကျေးဇူးတော်၊ သနားကရုဏာနှင့် လူသား၏ အားနည်းချက်ကို ညှာတာမှုဖြစ်သည်ဟု လူသားက ယုံကြည်သည်။ ဤအရာများသည် ဘုရားသခင်၏ ချစ်မေတ္တာဖြစ်သော်လည်း၊ ၎င်းတို့သည် တစ်ဖက်သတ်ဖြစ်လွန်း၍ လူသားကို ဘုရားသခင် စုံလင်အောင် ပြုလုပ်သည့် အဓိကနည်းလမ်းများ မဟုတ်ပေ။ အချို့သော လူတို့သည် နာမကျန်းဖြစ်ခြင်းကြောင့် ဘုရားသခင်ကို စတင်ယုံကြည် လာကြသည်။ ဤနာမကျန်းဖြစ်ခြင်းမှာ သင့်အတွက် ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်သည်။ ထိုအရာမရှိဘဲ သင်သည် ဘုရားသခင်ကို ယုံကြည်လာမည် မဟုတ်ပေ၊ ထို့ပြင် သင်သည် ဘုရားသခင်ကို မယုံကြည်ခဲ့ပါက၊ ဤအထိ ရောက်လာခဲ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဤကျေးဇူးတော်ပင်လျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်။ ယေရှုကို ယုံကြည်သည့် အချိန်တွင် လူတို့သည် သမ္မာတရားကို နားမလည်ခဲ့သောကြောင့် ဘုရားသခင်မချစ်မနှစ်သက်သည့် အရာများစွာကို ပြုလုပ်ခဲ့ကြသည်၊ သို့သော် ဘုရားသခင်၌ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာရှိပြီး သူသည် လူသားကို ယခုအချိန်အထိ ခေါ်ဆောင်လာခဲ့သည်၊ ထို့အပြင် လူသားသည် မည်သည့်အရာကိုမျှ နားမလည်သော်လည်း၊ ဘုရားသခင်သည် လူသားကို သူ့နောက်သို့လိုက်ရန် ခွင့်ပြုဆဲဖြစ်သည်၊ ထိုမျှမက လူသားကို ယနေ့တိုင်အောင် ဦးဆောင်လမ်းပြနေခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မဟုတ်သလော။ ဘုရားသခင်၏ စိတ်သဘောထားထဲ၌ ပေါ်လွင်သည့်အရာသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ ဤသည်မှာ အပြည့်အဝမှန်ကန်၏။ အသင်းတော်ကို တည်ဆောက်ခြင်းက အထွတ်အထိပ်သို့ ရောက်သောအခါ၊ ဘုရားသခင်သည် အစေခံသူများနှင့် ဆိုင်သည့် အမှု၏အဆင့်ကို လုပ်ဆောင်ပြီး လူသားကို အနက်ဆုံးသော တွင်းထဲသို့ ပစ်ချလေ၏။ အစေခံသူများ၏ ခေတ်ကာလမှ နှုတ်ကပတ်တော်များသည် ကျိန်ဆဲချက်များသာဖြစ်ခဲ့သည်။ သင်၏ လူ့ဇာတိကို ကျိန်ဆဲခြင်းများ၊ သင်၏ ဖောက်ပြန်ပျက်စီး၍ စာတန်နှင့်ဆိုင်သည့် စိတ်သဘောထားကို ကျိန်ဆဲခြင်းများနှင့် ဘုရားသခင်၏အလိုတော်ကို မဖြည့်ဆည်းနိုင်သည့် သင်နှင့် ပတ်သက်သော အရာများကို ကျိန်ဆဲခြင်းများ ဖြစ်ကြသည်။ ထိုအဆင့်တွင် ဘုရားသခင်ပြုလုပ်ခဲ့သည့် အမှုသည် ဘုန်းအာနုဘော်အဖြစ် ပေါ်လွင်ခဲ့ပြီးနောက် များမကြာမီ ဘုရားသခင်သည် ပြစ်တင်ဆုံးမခြင်း အမှု၏ အဆင့်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊ ထို့နောက်တွင် သေခြင်းတရား၏ စမ်းသပ်မှု ရောက်ရှိလာခဲ့သည်။ ယင်းကဲ့သို့အမှုထဲတွင် လူသားသည် ဘုရားသခင်၏ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မြင်တွေ့ခဲ့သည့်အပြင် ဘုရားသခင်၏ ကျေးဇူးတော်၊ သူ၏ချစ်ခြင်းမေတ္တာနှင့် သူ၏ သနားကရုဏာတို့ကိုလည်း မြင်တွေ့ခဲ့သည်။ ဘုရားသခင်ပြုခဲ့သမျှနှင့် သူ၏စိတ်သဘောထားအဖြစ် ပေါ်လွင်စေသမျှမှာ လူသားအပေါ်ထားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာပင်ဖြစ်ပြီး ဘုရားသခင်ပြုခဲ့သမျှမှာ လူသား၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်သာ ဖြစ်ခဲ့သည်။ လူသားကို စုံလင်စေရန်အလို့ငှာ ထိုသို့ သူလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူသား၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ သူထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ဤအရာကို ဘုရားသခင်မလုပ်ဆောင်ခဲ့ပါက၊ လူသားသည် ဘုရားသခင် ရှေ့မှောက်သို့ ရောက်လာနိုင်ကြမည် မဟုတ်ဘဲ၊ ဘုရားသခင်၏ စစ်မှန်သည့် သဘောသဘာဝကိုလည်း လုံးဝသိလိမ့်မည်မဟုတ်ပေ။ လူသားအနေဖြင့် အတွင်း၌ ဘုရားသခင်ကို တဖြည်းဖြည်း သိလာစေရန်အလို့ငှာ ဘုရားသခင်ကို ကနဦး သူစတင်ယုံကြည်သည့် အချိန်မှစပြီး ယနေ့ထိတိုင် ဘုရားသခင်သည် လူသား၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ သူ့ကို တဖြည်းဖြည်း ထောက်ပံ့ ပေးခဲ့လေသည်။ မျက်မှောက်ကာလသို့ ရောက်ရှိလာမှသာလျှင် လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းမှာ မည်မျှ အံ့သြဖွယ်ကောင်းသည်ကို နားလည်သဘောပေါက်ခြင်းဖြစ်သည်။ အစေခံသူများနှင့်ဆိုင်သည့် အမှု၏ အဆင့်မှာ ဖန်ဆင်းခြင်း အချိန်မှ ယနေ့ထိတိုင် ကျိန်ဆဲခြင်းအမှု၏ ပထမဦးဆုံး ဖြစ်ရပ်ဖြစ်ခဲ့သည်။ လူသားသည် အနက်ဆုံးသောတွင်းထဲသို့ ကျိန်ဆဲခြင်းကို ခံခဲ့ရသည်။ အကယ်၍ ဘုရားသခင်အနေဖြင့် ထိုသို့မပြုလုပ်ခဲ့ပါက၊ ယနေ့တွင် လူသား၌ ဘုရားသခင်နှင့်ပတ်သက်၍ မှန်ကန်သော အသိပညာရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ ကျိန်ဆဲခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏ စိတ်သဘောထားကို တရားဝင် ကြုံခဲ့ရခြင်း ဖြစ်သည်။ လူသားသည် အစေခံသူများ၏ စမ်းသပ်ခံရခြင်းအားဖြင့် ထုတ်ဖော်ခြင်းကို ခံခဲ့ရသည်။ လူသားအနေဖြင့် သူ၏သစ္စာရှိမှုသည် လက်ခံနိုင်ဖွယ် မရှိကြောင်း၊ သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ နုနယ်လွန်းကြောင်း၊ ဘုရားသခင်၏ အလိုတော်ကို သူမဖြည့်ဆည်းပေးနိုင်ကြောင်းနှင့် ဘုရားသခင်ကို သူကျေနပ်အားရစေသည်ဟူ၍ တစ်ချိန်လုံး ပြောဆိုနေခြင်းမှာ စကားလုံးများသာဖြစ်ကြောင်း သူတွေ့မြင်ခဲ့သည်။ အစေခံသူများနှင့်ဆိုင်သည့် အမှု၏အဆင့်တွင် ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သော်လည်း၊ ယခုပြန်ပြောင်းကြည့်သောအခါ ဘုရားသခင့်အမှု၏ ထိုအဆင့်သည် အံ့သြဖွယ်ကောင်းခဲ့ပေသည်။ ယင်းသည် လူသားအတွက် ကြီးမားသည့် အလှည့်အပြောင်းကို ယူဆောင်လာပေးခဲ့ပြီး သူ၏အသက်တာ စိတ်သဘောထား၌ ကြီးမားသည့် ပြောင်းလဲမှုကို ဖြစ်စေခဲ့သည်။ အစေခံသူများ၏ အချိန်ကာလမတိုင်မီတွင် လူသားသည် အသက်ကို လိုက်စားခြင်းအကြောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာကိုဆိုလိုကြောင်း၊ သို့မဟုတ် ဘုရားသခင့်အမှု၏ ဉာဏ်ပညာအကြောင်းတို့ကို နားလည်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်၏အမှုသည် လူသားကို စစ်ဆေးနိုင်ကြောင်းကိုလည်း သူနားမလည်ခဲ့ပေ။ အစေခံသူများ၏ အချိန်ကာလမှစ၍ ယနေ့ထိတိုင် လူသားသည် ဘုရားသခင်၏အမှုမှာ မည်မျှအံ့သြဖွယ်ကောင်းကြောင်း မြင်တွေ့ရသည်- ထိုအမှုသည် လူသားအတွက် ဉာဏ်မမီနိုင်အောင် နက်နဲ၏။ လူသားသည် ဘုရားသခင် အမှုပြုပုံကို သူ၏ဉာဏ်ကို အသုံးပြု၍ မစဉ်းစားနိုင်ပေ၊ ထို့ပြင် သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ မည်မျှနုနယ်ကြောင်းနှင့် သူ့ထံ၌ မနာခံမှု အလွန်များပြားနေကြောင်းကိုလည်း သူမြင်တွေ့ရသည်။ ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သောအခါ ယင်းသည် အကျိုးသက်ရောက်မှု တစ်ခုရရှိရန် ဖြစ်ပြီး လူသားကို သူ မကွပ်မျက်ခဲ့ပေ။ ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သော်လည်း၊ သူသည် နှုတ်ကပတ်တော်အားဖြင့်သာ ကျိန်ဆဲခဲ့ခြင်းဖြစ်ပြီး သူ၏ကျိန်ဆဲခြင်းများသည် လူသားအပေါ် အမှန်တကယ် မကျရောက်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကျိန်ဆဲခဲ့သည်မှာ လူသား၏ မနာခံခြင်းကို ဖြစ်သောကြောင့်ဖြစ်၏၊ ထို့ကြောင့် သူ၏ကျိန်ဆဲခြင်း နှုတ်ကပတ်တော်များမှာလည်း လူသားကို စုံလင်အောင်ပြုရန်ဖြစ်ခဲ့သည်။ ဘုရားသခင်သည် လူသားကို တရားစီရင်သည်ဖြစ်စေ၊ ကျိန်ဆဲသည်ဖြစ်စေ နှစ်ခုစလုံးသည် လူသားကိုစုံလင်စေ၏။ လူသားအတွင်း၌ မသန့်ရှင်းသောအရာကို စုံလင်စေရန် ထိုနှစ်ခုစလုံးကို ပြုခဲ့ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် လူသားသည် စစ်ဆေးခြင်းခံခဲ့ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့် အမှုအားဖြင့် လူသားအတွင်း၌ ချို့တဲ့နေသောအရာသည် စုံလင်စေခြင်းကို ခံခဲ့ရသည်။ ပြင်းထန်သော နှုတ်ကပတ်တော်များဖြစ်စေ၊ တရားစီရင်မှုဖြစ်စေ၊ ပြစ်တင်ဆုံးမမှုဖြစ်စေ ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် လူသားကို စုံလင်စေရန်ဖြစ်ပြီး လုံးဝသင့်လျော်မှုရှိသည်။ ဘုရားသခင်သည် ဤကဲ့သို့သော အမှုကို ခေတ်ကာလအဆက်ဆက်တွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဖူးပေ။ သူ၏ဉာဏ်ပညာကို သင်တို့ အသိအမှတ်ပြုစေရန် ယနေ့ သူသည် သင်တို့အတွင်း၌ အမှုပြုခြင်း ဖြစ်သည်။ သင်တို့သည် မိမိတို့၏အတွင်း၌ နာကျင်မှုအချို့ကို ခံစားခဲ့ပြီး သော်လည်း၊ သင်တို့၏စိတ်နှလုံးသည် တည်ကြည်မှုကို ခံစားရပြီး ငြိမ်သက်ခြင်း ရှိနေသည်။ သင်တို့အနေဖြင့် ဘုရားသခင့်အမှု၏ ဤအဆင့်ကို မွေ့လျော်ခံစားနိုင်ခြင်းမှာ သင်တို့၏ ကောင်းချီးမင်္ဂလာပင်ဖြစ်သည်။ အနာဂတ်တွင် သင်တို့အနေဖြင့် မည်သည့်အရာကို ရရှိနိုင်မည်ဖြစ်စေ ယနေ့တွင် သင်တို့အတွင်း၌ ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ သင်တို့မြင်ရသမျှမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို မကြုံတွေ့ရပါက၊ သူ၏လုပ်ဆောင်မှုများနှင့် စိတ်အားထက်သန်မှုသည် အပေါ်ယံအဆင့်တွင် အမြဲရှိနေမည်ဖြစ်ပြီး သူ၏စိတ်သဘောထားသည်လည်း အမြဲမပြောင်းမလဲ တည်ရှိနေမည် ဖြစ်သည်။ ဤအရာအား ဘုရားသခင်၏သိမ်းပိုက်ခြင်းကို ခံထားရခြင်း အဖြစ် မှတ်ယူ၍ ရသလော။ ယနေ့တွင် လူသားအတွင်း၌ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့ များစွာရှိနေသေးသော်လည်း၊ လူသား၏ စိတ်သဘောထားကမူ ယခင်ကထက် များစွာတည်ငြိမ်၏။ ဘုရားသခင်က သင့်အား ရိုက်နှက်ဆုံးမခြင်းမှာ သင့်ကို ကယ်တင်ရန် ဖြစ်၏၊ ထို့ပြင် သင့်အနေဖြင့် ထိုအချိန်တွင် နာကျင်မှုအနည်းငယ် ခံစားရနိုင်သော်လည်း၊ သင့်စိတ်သဘောထားထဲ၌ ပြောင်းလဲမှု ဖြစ်ပေါ်လာသည့် နေ့ရက် ရောက်ရှိလာလိမ့်မည်။ ထိုအချိန်တွင် သင်သည် ပြန်ပြောင်းတွေးကြည့်ပြီး ဘုရားသခင်၏အမှုသည် မည်မျှအမြော်အမြင် ရှိကြောင်းကို မြင်လိမ့်မည်ဖြစ်ကာ၊ ထိုအချိန်၌ ဘုရားသခင်၏ အလိုတော်ကို သင်အမှန်တကယ်နားလည်လိမ့်မည်။ ယနေ့တွင် ဘုရားသခင်၏အလိုတော်ကို နားလည်သည်ဟု ပြောဆိုကြသော လူအချို့ရှိသည်၊ သို့သော် ယင်းမှာ သိပ်လက်တွေ့မကျလှပေ။ စင်စစ်အားဖြင့် ၎င်းတို့သည် မုသားများကို ပြောနေကြခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အလိုတော်မှာ လူသားကို ကယ်တင်ရန်လော၊ သို့မဟုတ် ကျိန်ဆဲရန်လောဆိုသည်ကို လက်ရှိတွင် ၎င်းတို့နားမလည်ကြသေးခြင်းကြောင့် ဖြစ်သည်။ ယခုအချိန်တွင် သင်သည် ထိုအရာကို သင်ရှင်းလင်းစွာ မမြင်ကောင်း မမြင်နိုင်သေးသော်လည်း၊ လူ့ဘဝကို သင်သိလာပြီး သင့်ဇာတိခန္ဓာသည် ချစ်ခင်ကြင်နာသော ဘုရားသခင်၏ကမ္ဘာထဲ၌ နေထိုင်ရစေရန်၊ သင့်ဝိညာဉ်သည် လွတ်မြောက်မှုကို ရရှိပြီး သင့်အသက်တာသည် ပျော်ရွှင်ခြင်းနှင့် ပြည့်စုံကာ ဘုရားသခင်နှင့် သင်အမြဲနီးကပ်ကာ ဘုရားသခင်ကို သင်အစဉ်မျှော်ကြည့်စေရန် ဘုရားသခင်၏ ဘုန်းတန်ခိုး ထွန်းတောက်သည့်နေ့ရက် ရောက်လာသည်ကို သင်မြင်ရသောနေ့ရက် ရောက်လာမည်ဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်ခြင်းမှာ မည်မျှ အဓိပ္ပာယ်ရှိကြောင်း သင်တွေ့မြင်ရလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်၏ ယနေ့ကာလအမှုသည် မည်မျှတန်ဖိုးရှိကြောင်းကို သင်အမှန်တကယ် သိရှိလာလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ

သင်တို့အားလုံးသည် အပြစ်တရားနှင့် ကာမဂုဏ်လွန်ကျူးသော နယ်မြေတစ်ခုတွင် အသက်ရှင်ကြပြီး၊ သင်တို့အားလုံးသည် ကာမဂုဏ်လွန်ကျူးကာ အပြစ်နှင့်ပြည့်သော သူများဖြစ်ကြလေသည်။ ယနေ့တွင်၊ သင်တို့သည် ဘုရားသခင်ကို မကြည့်နိုင်သည်သာမက၊ သာ၍အရေးကြီးသည်မှာ၊ သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရရှိပြီးဖြစ်သည်၊ အမှန်တကယ် နက်နဲသော ကယ်တင်ခြင်းကို သင်တို့ ရရှိပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ သင်တို့သည် ဘုရားသခင်၏ အကြီးမြတ်ဆုံးသော ချစ်ခြင်းမေတ္တာကို ရရှိပြီးဖြစ်ပေသည်။ သူ လုပ်ဆောင်သမျှအားလုံးတွင်၊ ဘုရားသခင်သည် သင်တို့အပေါ် အမှန်တကယ် ချစ်ခင်ပေသည်။ သူသည် မကောင်းသော ရည်ရွယ်ချက် လုံးဝ မရှိပေ။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ပြီး ဤကြီးမားလှသော ကယ်တင်ခြင်းကို ရရှိဖို့အလို့ငှာ၊ သင်တို့၏ အပြစ်များကြောင့် သင်တို့ကို သူ တရားစီရင်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို လူသားအား စုံလင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ အစမှ အဆုံးတိုင်၊ ဘုရားသခင်သည် လူသားကိုကယ်တင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေခဲ့ပြီးဖြစ်ကာ၊ သူ၏ လက်များဖြင့် ဖန်ဆင်းခဲ့သော လူသားများကို လုံးဝ ဖျက်ဆီးရန် ဆန္ဒမရှိပေ။ ယနေ့တွင်၊ သူသည် သင်တို့အလယ် အမှုပြုရန် ကြွလာပြီးဖြစ်ကာ၊ ထိုသို့သော ကယ်တင်ခြင်းသည် သာ၍ပင် ကြီးမားသည် မဟုတ်လော။ သူသည် သင်တို့ကို မုန်းခဲ့ပါက၊ သင်တို့ကို သူကိုယ်တိုင် လမ်းပြရန် ထိုမျှအရေးပါမှု အတိုင်းအတာရှိသော အမှုကို လုပ်ဆောင်လိမ့်ဦးမည်လော။ သူသည် အဘယ်ကြောင့် ထိုသို့ ဆင်းရဲဒုက္ခခံရမည်နည်း။ ဘုရားသခင်သည် သင်တို့ကို မမုန်းပေ သို့မဟုတ် သင်တို့အပေါ် မကောင်းသော မည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို သင်တို့သိသင့်သည်။ လူတို့ကို တရားစီရင်ခြင်းမှတစ်ဆင့် သူ ကယ်တင်ရသည်မှာ လူတို့ မနာခံသောကြောင့်သာ ဖြစ်ပေသည်။ ဤအတွက်သာ မဟုတ်ပါက၊ ၎င်းတို့ကို ကယ်တင်ခြင်းသည် ဖြစ်နိုင်မည်မဟုတ်ပေ။ သင်တို့သည် မည်သို့အသက်ရှင်ရမည်ကို မသိသကဲ့သို့၊ မည်သို့အသက်ရှင်ရမည်ကို သတိပင် မမူမိသောကြောင့်၊ ပြီးလျှင် သင်တို့သည် ကာမဂုဏ် လွန်ကျူးကာ အပြစ်နှင့်ပြည့်သော ဤနယ်မြေတွင် အသက်ရှင်ပြီး၊ သင်တို့ကိုယ်တိုင်သည် ကာမဂုဏ်လွန်ကျူးကာ ညစ်ညူးသော နတ်ဆိုးများဖြစ်ကြသောကြောင့်၊ ဘုရားသခင်သည် သင်တို့ကို သာ၍ အကျင့်ပျက်လာခွင့် မပေးရက်ပေ၊ စာတန်၏ သဘောရှိ နင်းခြေခြင်းကို ခံရလျက်၊ ဤညစ်ညူးသောနယ်မြေ၌ ယခု သင်တို့ အသက်ရှင်သည့်အတိုင်း၊ အသက်ရှင်နေကြသည်ကို မကြည့်ရက်သကဲ့သို့၊ မရဏနိုင်ငံထဲသို့ သင်တို့ကို ကျဆင်းခွင့် မပေးရက်နိုင်ပေ။ ဘုရားသခင်သည် ဤလူစုကိုသာ ရရှိချင်ပြီး သင်တို့ကို လုံးလုံးလျားလျား ကယ်တင်ချင်၏။ ဤသည်မှာ သင်တို့အပေါ် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်- ယင်းမှာ ကယ်တင်ခြင်းအတွက်သာ ဖြစ်သည်။ သင့်အပေါ်၌ ပြုထားသမျှ အားလုံးသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း ဖြစ်သည်ကို သင်မမြင်နိုင်လျှင်၊ ယင်းသည် လူကို ညှဉ်းဆဲဖို့ နည်းစနစ်တစ်ခု၊ နည်းလမ်းတစ်ခုသာဖြစ်ပြီး ယုံကြည်စိတ်ချ၍မရသော အရာတစ်ခု ဖြစ်သည်ဟု သင်ထင်ပါက၊ သင်သည် နာကျင်မှုနှင့် အခက်အခဲများကိုခံရန် သင်၏လောကသို့ ပြန်သွားပါက သာ၍ကောင်းပေမည်။ အကယ်၍ သင်သည် ဤရေစီးကြောင်း၌ ရှိရန်နှင့် ဤတရားစီရင်ခြင်းနှင့် ဤအလွန်ကြီးမားသော ကယ်တင်ခြင်းကို မွေ့လျော်ရန်၊ ဤကောင်းချီးမင်္ဂလာများအားလုံး၊ လူ့လောကတွင် မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်သည့် ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရန်နှင့် ဤချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားရန် လိုလားလျက်ရှိပါက၊ ကောင်းကောင်း နေလော့။ သင့်အနေဖြင့် စုံလင်စေခြင်းခံရနိုင်ဖို့အလို့ငှာ၊ သိမ်းပိုက်ခြင်းအမှုကို လက်ခံရန် ဤရေစီးကြောင်း၌ နေလော့။ ယနေ့တွင်၊ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့် နာကျင်မှုနှင့် စစ်ဆေးမှု အနည်းငယ်ကို ခံစားကောင်း ခံစားရနိုင်သော်လည်း၊ ဤနာကျင်မှုကို ခံစားခြင်းတွင် တန်ဖိုးနှင့်အဓိပ္ပာယ် ရှိလေသည်။ လူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းအားဖြင့် စစ်ဆေးခံရကာ ရက်စက်စွာ ဖော်ထုတ်ခံရသော်လည်း- ရည်မှန်းချက်မှာ ၎င်းတို့အပြစ်များအတွက် ၎င်းတို့ကို အပြစ်ပေးခြင်း၊ ၎င်းတို့၏ ဇာတိပကတိကို အပြစ်ပေးခြင်း ဖြစ်ပြီး- ဤအမှုထဲက မည်သည့်အရာမျှသည် ၎င်းတို့၏ ဇာတိပကတိကို ပျက်စီးခြင်းသို့ စီရင်ဖို့ မရည်ရွယ်ထားပေ။ နှုတ်ကပတ်တော်၏ ပြင်းထန်သော ထုတ်ဖော်ပြမှုများအားလုံးသည် သင့်ကို မှန်သောလမ်းကြောင်းပေါ်သို့ ဦးဆောင်ရန် ရည်ရွယ်ချက်အတွက် ဖြစ်ပေသည်။ သင်တို့သည် ဤအမှုနှင့် သက်ဆိုင်၍ အလွန်များစွာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီးဖြစ်ကာ၊ ယင်းသည် သိသာထင်ရှားစွာ သင်တို့ကို ဆိုးယုတ်သော လမ်းကြောင်းတစ်ခုပေါ်သို့ မဆိုက်ရောက်စေခဲ့လေပြီတကား။ ထိုအရာအားလုံးသည် သင့်ကို ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်စေဖို့ ဖြစ်ပြီး၊ ထိုအရာအားလုံးကို သင်၏ပုံမှန်လူ့သဘာဝဖြင့် ရရှိနိုင်ပေသည်။ ဘုရားသခင်၏ အမှုအဆင့်တိုင်းသည် သင်၏လိုအပ်ချက်များအပေါ် အခြေပြုပြီး၊ သင်၏ အားနည်းချက်များအရ ဖြစ်ကာ သင်၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုအရ ဖြစ်ပြီး၊ မခံနိုင်သောဝန်ကို သင်တို့အပေါ်၌ မထားရှိပေ။ ဤအရာသည် ယနေ့ သင့်အဖို့ မရှင်းလင်းသကဲ့သို့၊ ငါသည် သင့်အပေါ်၌ ခက်ထန်လျက်ရှိသည့်အလား သင် ခံစားရကာ၊ စင်စစ် သင့်ကို ငါ နေ့စဉ် ပြစ်တင်ဆုံးမကာ၊ တရားစီရင်ပြီး အပြစ်တင်သည့်အကြောင်းရင်းမှာ သင့်ကို ငါ မုန်းသောကြောင့် ဖြစ်သည်ဟု သင် အမြဲ ယုံကြည်ပေသည်။ သို့သော် သင် ခံစားရသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သော်လည်း၊ ဤသည်မှာ အမှန်တွင် သင့်အတွက် ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အကြီးမားဆုံးသော ကွယ်ကာမှု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)” မှ

လူသားအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် လူများ စိတ်ကူးထားသကဲ့သို့ မဟုတ်ပေ၊ ယင်းက နားဝင်ချိုသည့် စကားများ ပြောခြင်းမျှ သို့မဟုတ် ကောင်းချီးမင်္ဂလာအတွက် ကျေးဇူးစကား မဟုတ်ပေ။ ဘုရားသခင်၏ လက်ရှိအမှုတော်တွင် လူများ၏ အလိုဆန္ဒများနှင့် သေချာပေါက် မကိုက်ညီသည့် နှုတ်ကပတ်တော် အချို့၊ ၎င်းတို့၏ စိတ်နှလုံးများကို ထိုးဖောက်ပြီး ၎င်းတို့အပေါ် နာကျင်စေသည့် နှုတ်ကပတ်တော်များ ရှိသည်။ တရားစီရင်ခြင်း နှုတ်ကပတ်တော်အချို့သည် လူများကို အမည်ပေးပုံရသည်၊ ၎င်းတို့ကို ကျိန်ဆဲပုံရသည်၊ သို့ရာတွင် ဤသည်၌ စစ်မှန်သော ဆက်စပ် အကြောင်းအရာ တစ်ခု ပါရှိလေသည်။ ဤနှုတ်ကပတ်တော်များသည် အမှန်တရားများနှင့် လုံးလုံး ကိုက်ညီပြီး၊ ယင်းတို့နှင့်ပတ်သက်၍ လွန်ကဲမှု တစ်ခုမျှ မရှိပေ။ ဘုရားသခင်သည် လူများ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရပေါ်တွင် အခြေခံပြီး စကားပြောသည်၊ ပြီးလျှင် လူများသည် ဤသည်ကို သိရှိဖို့ အချိန်အတော်ကြာ တွေ့ကြုံခံစားရန် လိုအပ်သည်။ ဤအရာများကို ပြောရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူများကို ပြောင်းလဲဖို့ နှင့် ၎င်းတို့ကို ကယ်တင်ဖို့ ဖြစ်သည်။ ဘုရားသခင်က ထိုသို့ စကားပြောခြင်းအားဖြင့်သာလျှင် အကောင်းဆုံး အကျိုးကို စွမ်းဆောင်ရရှိနိုင်သည်။ ဘုရားသခင်၏ ကြင်နာမှုရှိသော ရည်ရွယ်ချက်များမှာ လူတို့ကို ကယ်တင်ရန် အပြည့်အဝ စီစဉ်ထားခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံးအထဲ၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသာ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သင်ရှုမြင်သင့်သည်။ ဘုရားသခင်၏ အမှုထဲရှိ ဉာဏ်ပညာ၏ရှုထောင့်မှ သင်ကြည့်သည်ဖြစ်စေ၊ ဘုရားသခင်၏ အမှုထဲရှိ အဆင့်များနှင့် နည်းလမ်းများ၏ရှုထောင့်မှ သင်ကြည့်သည်ဖြစ်စေ၊ သို့မဟုတ် အမှု၏ကြာချိန်နှင့်ဆိုင်သော ရှုထောင့်မှဖြစ်စေ သို့မဟုတ် သူ၏ တိကျသော ကြိုတင်စီစဉ်မှုများနှင့် အကြံအစည်များ၏ ရှုထောင့်မှ သင်ကြည့်သည်ဖြစ်စေ အားလုံးတွင် သူ၏ ချစ်ခြင်းမေတ္တာ ဖွဲ့စည်းပါဝင်သည်။ ဥပမာအားဖြင့် လူတို့အားလုံးသည် သူတို့၏ သားများနှင့်သမီးများအပေါ် ချစ်ခြင်းမေတ္တာ ရှိကြပြီး သူတို့၏ သားသမီးများ မှန်ကန်သော လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ကြစေရန်အလို့ငှာ သူတို့အားလုံးသည် ကြီးမားသော အားထုတ်ကြိုးပမ်းမှုပမာဏကို စိုက်ထုတ်ကြသည်။ သူတို့သည် သူတို့ သားသမီးများ၏ အားနည်းချက်များကို တွေ့သောအခါ အကယ်၍ ၎င်းတို့သည် ညင်သာစွာစကားပြောပါက သူတို့၏ သားသမီးများသည် နားထောင်ခြင်းမရှိဘဲ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ဟူ၍ စိုးရိမ်ကြပြီး၊ အကယ်၍ ၎င်းတို့သည် အလွန်ခက်ထန်စွာ ပြောပါက သူတို့ သားသမီးများ၏ မိမိကိုယ်ကို တန်ဖိုးထားမှုကို ထိခိုက်စေပြီး သူ၏ သားသမီးများ ခံရပ်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဟူ၍ စိုးရိမ်ကြသည်။ ဤသည်မှာ ချစ်ခြင်းမေတ္တာအားဖြင့် ပြုခြင်းဖြစ်ပြီး သူတို့သည် ၎င်းထဲ၌ ကြီးစွာသော အားထုတ်ကြိုးပမ်းမှုကို ထည့်ထားခြင်း ဖြစ်သည်။ သင်တို့ကိုယ်တိုင် သားများနှင့် သမီးများအနေဖြင့် သင်တို့သည် သင်တို့၏ မိဘများ၏ ချစ်ခြင်းမေတ္တာကို ခံစားဖူးကောင်းခံစားခဲ့ကြမည်။ ချစ်ခြင်းမေတ္တာတွင် နူးညံ့သိမ်မွေ့ခြင်းနှင့် စာနာထောက်ထားခြင်းသည် ပါဝင်သည်သာမက ထို့ထက်ပို၍ပင် ၎င်းတွင် တင်းကျပ်သော ဆုံးမခြင်းလည်း ပါဝင်၏။ ဤအရာ၏အထက်တွင် လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြုသမျှအရာတိုင်းမှာ ချစ်ခြင်းမေတ္တာအားဖြင့် ပြုခြင်းဖြစ်သည်။ သူသည် ချစ်ခြင်းမေတ္တာ၏ မရှိမဖြစ်လိုအပ်ချက်အောက်တွင် အမှုပြုသည်၊ ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံ ကယ်တင်ခြင်းကိုသယ်ဆောင်ရန် သူအဆုံးစွန်ကြိုးစားရခြင်း၏ အကြောင်းရင်းဖြစ်သည်။ သူသည် လူတို့ကို ဝတ်ကျေတမ်းကျေ ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါ။ သူသည် တိကျသောအကြံအစည်များကို ပြုလုပ်ပြီး သူတို့နှင့် တစ်ဆင့်ချင်းရှေ့ဆက်ခြင်း ဖြစ်သည်။ မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်ကဲ့သို့သော အသံနေအသံထား၊ မည်သည့်စကားပြောပုံပြောနည်းနှင့် ကြိုးစားအားထုတ်မှု မည်မျှစိုက်ထုတ်ခဲ့သည်တို့နှင့် စပ်လျဉ်းပြီးဆိုပါက … ဤအရာအားလုံးက သူ၏ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ခြင်းဖြစ်ကြောင်းနှင့် လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းမေတ္တာမှာ အကန့်အသတ်မဲ့နှင့် အတိုင်းမသိဖြစ်ကြောင်း အပြည့်အဝ ရှင်းပြခြင်းဖြစ်ကြောင်း ဆိုနိုင်သည်။ ၎င်းတို့ စမ်းသပ်ခံရသည့်အခါ၊ လူများစွာတို့က ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်သည့် စကားများ ပြောသည် သို့မဟုတ် ညည်းညူကြသည်၊ သို့ရာတွင် ဘုရားသခင်က ၎င်းတို့ကို အမှတ်မထားသကဲ့သို့- ထို့အပြင် အကျိုးဆက်အနေဖြင့် ၎င်းတို့ထဲမှ တစ်ယောက်ကိုမျှ အပြစ်ဒဏ် မပေးပေ။ ဘုရားသခင်သည် လူသားကို ချစ်သောကြောင့် သူသည် အားလုံးကို သည်းခံသည်။ သူ၌ ချစ်ခြင်းမေတ္တာမရှိခဲ့ဘဲ၊ အမုန်းတရားသာ ရှိပါက၊ သူသည် လူများအားလုံးကို ကြာမြင့်သော အချိန်ကတည်းက စီရင်ပြီးဖြစ်လိမ့်မည်။ သို့ရာတွင် ဘုရားသခင်၌ ချစ်ခြင်းမေတ္တာရှိသောကြောင့်၊ သူသည် ယင်းတို့ကို ဤအရာများနှင့် ပတ်သက်၍ အမှတ်မထားဘဲ၊ သည်းခံလေသည်၊ ပြီးလျှင် သူက လူများ၏ အခက်အခဲများကို နားလည်သဘောပေါက်ပြီး သူလုပ်သမျှသည် ချစ်ခြင်းမေတ္တာအားဖြင့် ရည်ရွယ်သည်။ သင်သည် သင့်ကိုယ်သင် နားမလည်သည့်တိုင်- ဘုရားသခင်သာလျှင် လူများကို နားလည်သည်။ ယင်းက မမှန်ကန်သလော။ သေချာစွာ ပြန်တွေးလော့။ ထိုထိုဤဤနှင့် ပတ်သက်၍ ညည်းညူနေကြသည့် လူများ ရှိပြီး လူများသည် ကျိုးကြောင်းဆီလျော်မှု မရှိကြပေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကြားတွင် ရှင်သန်နေပြီး ယင်းကို သိပင်မသိကြပေ။ ဘုရားသခင်သည် ကောင်းကင်ဘုံမှ ကမ္ဘာမြေပေါ်သို့ ကြွလာဖို့ မည်မျှ ဒုက္ခခံပြီး ဖြစ်သည်ကို မည်သူမျှ မသိကြပေ။ ဘုရားသခင်သည် လူသားတစ်ယောက် ဖြစ်လာသည်၊ သူသည် အလွန်မြင့်မြတ်ပြီး ကြီးမြတ်သည့်သူ ဖြစ်သည်- ထိုသို့ အရေးမပါသည့်သူတစ်ယောက် ဖြစ်လာဖို့၊ ထိုသို့သော အရှက်ရခြင်းကို သည်းခံသည့် နှိမ့်ချသော လူသားတစ်ဦးဖြစ်ခြင်းမှာ သူခံစားရပြီးဖြစ်သည့် နာကျင်မှု ကြီးလိုက်လေတကား။... ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် ဤအဆင့်သို့ ရောက်ပြီဖြစ်သောကြောင့်၊ ဘုရားသခင်သည် ယနေ့ ဤအမှုကို ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို မချစ်ပါက လူသားမျိုးနွယ်ကို ကယ်တင်လိမ့်မည် မဟုတ်သကဲ့သို့၊ ယင်းမှာ သူသည် ချစ်ခြင်းမေတ္တာ၏ မရှိမဖြစ် လိုအပ်ချက်အောက်၌ ချစ်ခြင်းမေတ္တာဖြင့် လှုံ့ဆော်ခြင်းခံရသောကြောင့်၊ ထိုသို့ သူ အမှုပြုနိုင်ခြင်း ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင် လူ့ဇာတိခံယူခြင်း၌ ကြီးစွာသော အရှက်ရခြင်းကို ခံစားရသည်မှာ သူ၏ချစ်ခြင်းမေတ္တာ မည်မျှကြီးမြတ်ကြောင်း ပြည့်ဝသည့် သက်သေသာ ဖြစ်ပေသည်။

နှုတ်ကပတ်တော် လူကို ကုစား ခွန်အားပေးတယ် စစ်ကြော ကျိန်ဆို၊ ဖွင့်ပြချက်နှင့်ကတိတွေ ပေး။...နှုတ်ကပတ်တော် ဖော်ပြသမျှ သူ၏ချစ်ခြင်းမေတ္တာကြောင့် ဒါဟာ အမှုတော်၏ အနှစ်သာရပဲ။ ယနေ့ သင်တို့အားလုံးတွင် နားလည်မှုအချို့ရှိသည်၊ သို့ရာတွင် ယင်းက အထူးသဖြင့် မနက်ရှိုင်းပေ။ သို့ရာတွင် အနည်းဆုံးအနေဖြင့် သင်ခံစားနိုင်သည့် အရာအချို့ရှိသည်။ နောက်ပိုင်းတွင် သင်တို့ သုံးနှစ် သို့မဟုတ် ငါးနှစ် ကြုံတွေ့ပြီးသည့်အခါ၊ ဤချစ်ခြင်းမေတ္တာသည် မည်မျှ နက်နဲပြီး ကြီးမြတ်သည်ကိုလည်းကောင်း၊ ယင်းသည် လူ့ဘာသာစကားအားဖြင့် မည်မျှ ဖော်ပြနိုင်ခြင်းမရှိလောက်အောင် ဖြစ်သည်ကိုလည်းကောင်း သင်ခံစားရလိမ့်မည်။ လူများ၌ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာမရှိပါက၊ ၎င်းတို့က သူ့ချစ်ခြင်းမေတ္တာအတွက် မည်သို့ပြန်လည်ပေးဆပ်မည်နည်း။ သင်၏အသက်ကို ပေးလျှင်ပင်၊ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးနိုင်ခြင်း ရှိမည် မဟုတ်သေးပေ။ သင်တို့ နောက်ထပ် နှစ်အနည်းငယ် တွေ့ကြုံပါက၊ ချစ်ခြင်းမေတ္တာသည် မည်သည့်အရာဖြစ်သည်ကို သင်သိလိမ့်မည်၊ ပြီးလျှင် သင်သည် သင်၏စိတ်သဘောထားနှင့် ယနေ့ သင်တို့ထဲ၌ ထင်ရှားပြသည့်အရာကို ပြန်ကြည့်မိလိမ့်မည်၊ ပြီးလျှင် သင်တို့သည် အဆုံးစွန်သော နောင်တကို ခံစားရပြီး၊ ဘုရားသခင် ရှေ့မှောက်တွင် သင်တို့ ဒူးထောက်ရလိမ့်မည်။ ဘာကြောင့် လူများစွာ နောက်ကို လိုက်ကြလဲ။ ဘာကြောင့် သူတို့ ခွန်အားပြည့်နေကြလဲ။ ဘုရားရဲ့ချစ်ခြင်းနှင့်ကယ်တင်ခြင်းကို အားလုံး မြင်တွေ့ပြီ အချိန်ကိုက်တဲ့ ဘုရား သူ ဘယ်တော့မှ နောက်မကျဘူး။ ဘယ်ဝိညာဉ်ကိုမျှ မပျောက်ဆုံးစေလိုပါ မိမိအနာဂတ် ဘာဖြစ်မည် လူသား ဂရုမစိုက်။ မိမိဘဝကို ဘယ်လိုမြတ်နိုးရမည် မသိ။ ထို့ကြောင့် ဤကမ္ဘာတွင် သင့်ကို မည်သူက အချစ်ဆုံးနည်း။ သင့်ကိုယ်သင် သင် မချစ်ပေ၊ သင်ကိုယ်တိုင်၏ အသက်ကို မြတ်နိုးရမှန်း သို့မဟုတ် တန်ဖိုးထားရမှန်း သင်မသိပေ- ဘုရားသခင်၌ လူသားအတွက် အကြီးမားဆုံး ချစ်ခြင်းရှိပေသည်။ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ လူတွေ ထင်ကြ သို့သော် ဘယ်လိုအချစ်မျိုးလဲ။ ဘုရားရဲ့အချစ် အစစ်မှန်ဆုံးဆိုတာ သင် သိလာမယ်။ ဘုရား လူ့ဇာတိမခံ၊ လမ်းမပြဘဲ အချိန်တိုင်း လူသားနဲ့ မရှိခဲ့ရင် ဘုရားရဲ့အချစ်ကို လူတွေ သိနိုင်ဖို့ ခက်မယ်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သင်နားလည်သလော” မှ

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ လူ၏စိတ်က စိတ်ကူးနိုင်သည့် အချစ်မျိုး မဟုတ်ပေ။ လူတို့သည် ဤချစ်ခြင်းမေတ္တာကို စိတ်ကူးနိုင်စွမ်းမရှိကြပေ၊ ၎င်းတို့သည် ဤစကားလုံးကို အနက်ပြန်ဖို့ သင်ယူလေ့လာခြင်းနှင့် အသိပညာတို့ကို အသုံးပြုရမည်မဟုတ်ဘဲ၊ ယင်းကို နားလည်ရန်နှင့် တွေ့ကြုံခံစားရန် အခြားသော နည်းစနစ်ကို အသုံးပြုရမည်ဖြစ်သည်။ နောက်ဆုံးတွင်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ လောကီလူတို့က ပြောဆိုသည့် ချစ်ခြင်းမေတ္တာနှင့် ကွဲပြားကြောင်း၊ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမှာ အခြားမည်သည့်အရာနှင့်မျှမတူ၊ လူသားမျိုးနွယ်အားလုံးက နားလည်ထားသည့် ချစ်ခြင်းမေတ္တာနှင့် မတူကြောင်းကို သင်သိလာပေသည်။ သို့ဆိုလျှင် ဘုရားသခင်၏ ဤချစ်ခြင်းမေတ္တာသည် အဘယ်အရာ ဖြစ်သနည်း။ ပထမဦးစွာ သင်သည် ယင်းကို လူ၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများဖြင့် မချဉ်းကပ်ရ။ ဥပမာအားဖြင့် မိခင်၏မေတ္တာကို ကြည့်လော့- သူ၏သားသမီးများအပေါ် မိခင်တစ်ဦး၏ မေတ္တာမှာ အကြွင်းမဲ့ဖြစ်သည်၊ ယင်းသည် အကာအကွယ်ပေးပြီး နွေးထွေး၏။ ယခု၊ သင်ခံစားရသော လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းသည် မိခင်တစ်ဦး၏ ချစ်ခြင်းကဲ့သို့ တူညီသော အထိအတွေ့အာရုံနှင့် အဓိပ္ပာယ်အဆင့် ရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် ဤသည်မှာ ပြဿနာတစ်ခုဖြစ်၏- ယင်းမှာ မှားယွင်းပေသည်။ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မိဘ၏ မေတ္တာ၊ လင်ယောက်ျားတစ်ဦး၏ မေတ္တာ၊ ဇနီးတစ်ဦး၊ သို့မဟုတ် သားသမီးများ၏ မေတ္တာ၊ သင့်မိသားစုနှင့် ဆွေမျိုးသားချင်းတို့၏ မေတ္တာ၊ မိတ်ဆွေများ၏ ပူပန်မှုတို့မှ ခွဲခြားသိမြင်ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အသစ်တစ်ဖန် သိလာရမည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အဘယ်အရာ ဖြစ်သနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ စိတ်ခံစားချက်မရှိသကဲ့သို့၊ သွေးသားတော်စပ်မှုများ၏ အကျိုးသက်ရောက်ခြင်းကို မခံရပေ။ ယင်းသည် ချစ်ခြင်းမေတ္တာသက်သက် ဖြစ်၏။ သို့ဆိုလျှင် လူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မည်သို့နားလည်သင့်သနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အဘယ်ကြောင့် ငါတို့ဆွေးနွေးလာရခြင်း ဖြစ်သနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့က အသိအမှတ်ပြုရန်၊ လက်ခံရန်နှင့် တွေ့ကြုံရန်အပြင် နောက်ဆုံးတွင် ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်ကို နားလည်ပြီး ဤအရာများမှာ အနှစ်မဲ့သော စကားများမဟုတ်သကဲ့သို့ ဘုရားသခင်၏ အပိုင်းမှ အပြုအမူပုံစံအချို့ မဟုတ်ဘဲ၊ သမ္မာတရားဖြစ်သည်ကို အသိအမှတ်ပြုကြဖို့အလို့ငှာ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏ အမှုတွင် သရုပ်ထင်၏။ ယင်းကို သမ္မာတရားအဖြစ် သင်လက်ခံသည့်အခါ၊ ထိုအရာမှ သင်သည် ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော ဤလက္ခဏာသွင်ပြင်ကို သတိပြုမိနိုင်ပေသည်။ သင်သည် ယင်းကို အပြုအမူပုံစံအချို့အဖြစ် သဘောထားပါက၊ ယင်းကို သတိပြုခြင်းငှာ သင်အခက်အခဲရှိလိမ့်မည်။ “အပြုအမူ” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဥပမာအားဖြင့် မိခင်များကို ကြည့်လော့- ၎င်းတို့၏ သားသမီးများကို လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ရန် ၎င်းတို့သည် ၎င်းတို့၏ ငယ်ရွယ်နုပျိုမှု၊ ၎င်းတို့၏ အသွေး၊ ၎င်းတို့၏ ချွေးနှင့် မျက်ရည်များကို ပေးကြသည်၊ ၎င်းတို့သည် ၎င်းတို့၏ သားသမီးများကို သူတို့ အမှန်လုပ်သည်ဖြစ်စေ၊ အမှားလုပ်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်လမ်းကြောင်းကို လျှောက်ကြသည်ဖြစ်စေ ပဓာနမထားဘဲ သူတို့လိုချင်သည့်အရာ မည်သည့်အရာကိုမဆို ပေးကြသည်။ မိခင်တစ်ဦးသည် ကလေးငယ်ကို မှန်သောလမ်းကြောင်းကို လျှောက်လှမ်းခြင်းနှင့်ပတ်သက်၍ မည်သည့်အခါတွင်မျှ သွန်သင်ခြင်း၊ ကူညီခြင်း၊ သို့မဟုတ် လမ်းပြခြင်းတို့ မရှိဘဲ၊ နောက်ဆုံးတွင် ကလေးငယ်က အမှား၊ အမှန် မခွဲခြားနိုင်သည့် အတိုင်းအတာထိ သူတို့ကို လက်လွတ်စပယ် စောင့်ရှောက်ရင်း၊ ချစ်ရင်းနှင့် ကွယ်ကာရင်းဖြင့် ကိုယ်ကျိုးမငဲ့ဘဲ ပေးလေသည်။ ဤသည်မှာ မိခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်၊ သို့မဟုတ် ချစ်စိတ်ပြင်းထန်မှု၊ စိတ်ခံစားမှုများနှင့် လူသား၏ သွေးသားတော်စပ်မှုများမှ ပေါက်ဖွားလာသည့် ချစ်ခြင်းမေတ္တာတစ်မျိုးမျိုးဖြစ်သည်။ တစ်ဖက်တွင်မူ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ လုံးဝဆန့်ကျင်ဘက်ဖြစ်သည်- သင့်ကို ဘုရားသခင်ချစ်သည်ဆိုလျှင် သူသည် ဤအရာကို သင့်အား မကြာခဏ ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းအားဖြင့်၊ သင့်ကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းအားဖြင့် ဖော်ပြသည်။ ဤအရာက သင့်အတွက် သက်သောင့်သက်သာမရှိသော အရာများ ဖြစ်ကောင်းဖြစ်စေမည်၊ သင်၏ နေ့ရက်များသည် ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းတို့အလယ် ကုန်လွန်ကောင်း ကုန်လွန်ရနိုင်သည်၊ သို့သော် သင့်အနေဖြင့် ဤအရာကို တွေ့ကြုံပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်သည် များစွာ သင်ယူပြီးဖြစ်ကြောင်း၊ အခြားသူများနှင့် အပြန်အလှန် ဆက်ဆံဖို့ ဖြစ်လာသည့်အခါ သင်၌ ချင့်ချိန်နိုင်စွမ်း ရှိကာ၊ အမြော်အမြင်ရှိပြီး၊ သမ္မာတရားအချို့ကိုလည်း သင်နားလည်လာပြီးဖြစ်သည်ကို သင်သိရှိလိမ့်မည်။ အကယ်၍ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သင်စိတ်ကူးသကဲ့သို့ မိခင်တစ်ဦး၊ သို့မဟုတ် ဖခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာကဲ့သို့ ဖြစ်ခဲ့ပါက၊ သူသည် သူ၏စောင့်ရှောက်ပြုစုခြင်းတွင် အလွန်စေ့စပ်သေချာမှုရှိခဲ့ပြီး၊ အစဉ် အလိုလိုက်ခဲ့ပါက၊ ဤအရာများကို သင်ရရှိနိုင်မည်လော။ ရရှိနိုင်မည်မဟုတ်။ ထို့ကြောင့်၊ လူတို့သည် ဘုရားသခင်၏အမှု၌ သူ၏ချစ်ခြင်းမေတ္တာနှင့်သက်ဆိုင်၍ သိသာထင်ရှားသည့်အရာကို သမ္မာတရား၏ ရှုထောင့်မှ ချဉ်းကပ်ရမည်ဖြစ်ပြီး၊ ဤအရာအတွင်းတွင် သမ္မာတရားကို ရှာဖွေရမည် ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ မရှာဖွေပါက၊ ဖောက်ပြန်ပျက်စီးသောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက မည်သည့်အရာဖြစ်သည်၊ လူသား၌ပြုသော သူ့အမှု၏ ရည်မှန်းချက်က မည်သည့်အရာဖြစ်သည်နှင့် သူ၏ထောက်ထားစာနာသော ရည်ရွယ်ချက်များက မည်သည့်နေရာတွင် တည်ရှိသည်ဆိုသည်တို့နှင့် သက်ဆိုင်သည့် သိနားလည်မှုတစ်ခုကို ဗလာနတ္ထိထဲမှ မည်သို့ဖန်တီးနိုင်မည်နည်း။ လူတို့သည် ဤအရာများကို မည်သည့်အခါတွင်မျှ နားလည်မည်မဟုတ်ပေ။ ဤအရာက လူတို့ နားလည်မှုလွဲနိုင်ခြေအရှိဆုံးဖြစ်ပြီး သဘောပေါက်ခြင်းနှင့် အသိအမှတ်ပြုခြင်းငှာ အခက်ခဲဆုံးဖြစ်သော ဘုရားသခင့်အမှု၏ အစိတ်အပိုင်းတစ်ခု၊ ဘုရားသခင့်အနှစ်သာရ၏ သွင်ပြင်လက္ခဏာတစ်ခုနှင့် ဆက်နွှယ်ပေသည်။ ယင်းမှာ လူတို့က လေးလေးနက်နက်၊ မခေါက်မရက်နှင့် လက်တွေ့ကျကျ ထိတွေ့မှုရှိနိုင်သည့်အရာ ဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရလျှင်၊ ချစ်ခြင်းမေတ္တာဆိုသည်မှာ လူတို့အား ၎င်းတို့လိုချင်သည့်အရာကို ပေးခြင်း၊ ချိုမြိန်သည့် အရာတစ်ခုကို ၎င်းတို့လိုချင်သည့်အချိန်တွင် ခါးသီးသည့်အရာတစ်ခုကို မပေးခြင်း၊ သို့မဟုတ် နာမကျန်းမှုတစ်ခုကို ကုသဖို့ ၎င်းတို့အား ခါးသီးသည့် အရာတစ်ခုကို ပေးခြင်းဟု ဆိုလိုသည်။ အတိုချုပ်အားဖြင့်၊ ယင်း၌ လူသား၏ တစ်ကိုယ်ကောင်းဆန်မှု၊ စိတ်ခံစားချက်များနှင့် ချစ်စိတ်ပြင်းထန်မှုတို့ ပါဝင်သည်။ ယင်း၌ ရည်မှန်းချက်များနှင့် စေ့ဆော်မှုများ၏ သွင်ပြင်လက္ခဏာတစ်ခု ပါဝင်၏။ သို့သော် သင်၌ မည်သည့်အရာကို ဘုရားသခင်လုပ်ဆောင်သည်ဖြစ်စေ၊ သူ့ကို သင်နားလည်မှုလွဲပြီး၊ သင်၏စိတ်နှလုံးတွင် သူနှင့်ပတ်သက်၍ စောဒကတက်လျှင်ပင်၊ ဘုရားသခင်သည် မဆုတ်မနှစ်သော သည်းခံမှုဖြင့် သင့်အထဲတွင် ဆက်လက်အမှုပြုမည် ဖြစ်သည်။ ထိုသို့ပြုမူရာတွင် ဘုရားသခင်၏ နောက်ဆုံးရည်မှန်းချက်မှာ အဘယ်နည်း။ သူသည် သင့်ကို နိုးထစေရန်၊ သို့မဟုတ် ဘုရားသခင်၏ အလိုကို သင်နားလည်သည့် နေ့တစ်နေ့ ရောက်လာစေရန်အလို့ငှာ၊ ဤနည်းစနစ်ကို အသုံးပြု၏- သို့သော် ထိုရလဒ်ကို ဘုရားသခင် မြင်သည့်အခါ၊ သူသည် မည်သည့်အရာကိုမျှ အမှန်တကယ် မရရှိလေပြီ။ အဘယ်ကြောင့် ဤသို့ ငါဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင်၏အလုံးစုံသည် ဘုရားသခင်ထံမှ လာသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် မည်သည့်အရာကိုမျှ ရယူရန် မလိုအပ်ပေ။ ဘုရားသခင်လိုအပ်သမျှအားလုံးမှာ ဘုရားသခင်က သင့်ကို ရယူပြီး သူ၏ကြီးမြတ်သောအမှု ပြီးစီးဖို့အလို့ငှာ၊ သင့်အတွက် သူ၏အမှုကို သူဆောင်ရွက်စဉ်တွင် သင့်အနေဖြင့် သူတောင်းဆိုသည့်အရာနှင့်အညီ မှန်ကန်စွာ လိုက်လျှောက်ပြီး ဝင်ရောက်ဖို့၊ နောက်ဆုံးတွင် သမ္မာတရား စစ်မှန်မှုကို သင်အရိုးထုတ်နိုင်ဖို့၊ လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်ပြီး၊ စာတန်၏ လှည့်ဖြားခြင်း၊ လှည့်စားခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို သင်မခံရတော့ဖို့၊ စာတန်ကို သင်ကျောခိုင်းနိုင်ဖို့၊ ဘုရားသခင်ကို သင်နာခံကာ ကြောက်ရွံ့ဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်၏ အမှုဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

အကယ်၍ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်တွေ့လိုပါက၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့ကြုံလိုပါက၊ သင်သည် လက်တွေ့အရှိတရားထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရမည်၊ စစ်မှန်သော ဘဝအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး ဘုရားသခင် ပြုသမျှသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ ဖြစ်ကြောင်း၊ သူပြုသမျှသည် မသန့်ရှင်းသည့် အရာများကို လူတို့ချန်ထားခဲ့နိုင်ရန် သူတို့ကို အထောက်အကူပေးဖို့ ဖြစ်ကြောင်း၊ ဘုရားသခင်၏အလိုတော်ကို မဖြည့်ဆည်းနိုင်သော လူတို့အတွင်းရှိ အရာများကို စစ်ဆေးဖို့ဖြစ်ကြောင်း သင့်အနေဖြင့် မြင်ရမည်။ ဘုရားသခင်သည် လူတို့ကို ထောက်ပံ့ရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြု၏။ လူသားတို့ ကြုံတွေ့ ခံစားရန်အတွက် လက်တွေ့ဘဝနှင့် ဆိုင်သည့် အခြေအနေများကို သူ စီစဉ်ပေးသည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အများအပြားကို စားသောက်ပါက၊ သူတို့အနေဖြင့် ထိုအရာများကို အကယ်စင်စစ် လက်တွေ့လုပ်ဆောင်သောအခါ၊ သူတို့၏ အသက်တာများထဲမှ အခက်အခဲအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်အများအပြားကို အသုံးပြုကာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ ဆိုလိုသည်မှာ လက်တွေ့အရှိတရားထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်ရန်အတွက် သင့်ထံ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိနေရမည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းလည်း မရှိ၊ သင့်ထံ၌ ဘုရားသခင်၏ အမှုလည်း မရှိပါက၊ သင်၏လက်တွေ့ဘဝတွင် မည်သည့် လမ်းကြောင်းမျှ ရှိမည်မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်ခါမျှ မစားမသောက်ပါက၊ တစ်စုံတစ်ခု ဖြစ်လာသောအချိန်တွင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်လိမ့်မည်။ ဘုရားသခင်ကို သင်ချစ်သင့်သည်ကိုသာ သင်သိသည်၊ သို့သော် သင်သည် မည်သည့်ပိုင်းခြားခြင်းကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိ၊ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းလည်း သင်၌ မရှိပေ။ သင်သည် မရေမရာနှင့် စိတ်ရှုပ်ထွေးနေပြီး ဇာတိပကတိကို ဖြည့်ဆည်းခြင်းသည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း ဖြစ်သည်ဟုပင် တစ်ခါတစ်ရံတွင် သင်ယုံကြည်၏— ဤအရာအားလုံးတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်ခြင်း၏ အကျိုးဆက် ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အကူအညီမပါဘဲ၊ လက်တွေ့အရှိတရားအတွင်းတွင်သာ စမ်းတဝါးဝါး ရှာဖွေနေပါက၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို အခြေခံအားဖြင့် သင်ရှာဖွေနိုင်စွမ်းမရှိပေ။ ဤကဲ့သို့သော လူများသည် ဘုရားသခင်ကို ချစ်ခြင်းမှာ အဘယ်အရာအား ဆိုလိုသည်ကို နားလည်ရန်ဝေးစွ၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာအား ဆိုလိုသည်ကိုပင် အကယ်နားမလည်ကြပေ။ အကယ်၍ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို အသုံးပြုပြီး မကြာခဏ ဆုတောင်းခြင်း၊ စူးစမ်းခြင်းနှင့် ရှာဖွေခြင်းတို့ကို ပြုလုပ်ကာ၊ ဤအရာမှတစ်ဆင့် သင်လက်တွေ့လုပ်ဆောင်သင့်သည့် အရာများကို တွေ့ရှိပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်အတွက် အခွင့်အရေးများကို ရှာဖွေ၍ ဘုရားသခင်နှင့် စစ်မှန်စွာ ပူးပေါင်းလျက် မရေမရာလည်းမဖြစ် စိတ်လည်း ရှုပ်ထွေးမနေတော့လျှင်၊ သင်သည် လက်တွေ့ဘဝတွင် လမ်းကြောင်းတစ်ခုကို ရရှိကာ ဘုရားသခင်ကို အမှန်တကယ် စိတ်ကျေနပ်စေနိုင်မည် ဖြစ်သည်။ ဘုရားသခင် စိတ်ကျေနပ်အောင် သင်ပြုလုပ်ပြီးသောအခါ၊ သင့်အထဲတွင် ဘုရားသခင်၏ လမ်းညွှန်မှု ရှိလာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အထူးတလည် ကောင်းချီးပေးခြင်းကို ခံရမည်ဖြစ်ကာ ထိုအရာက သင့်ကို ပျော်ရွှင်ခြင်း အသိစိတ်တစ်ခု ပေးမည်ဖြစ်သည်- ဘုရားသခင်ကို စိတ်ကျေနပ်စေပြီးဖြစ်သည်ကို သင်သည် အထူးဂုဏ်ယူမိပြီး၊ စိတ်ထဲတွင် အထူးသဖြင့် ကြည်လင်ရွှင်ပျကာ သင်၏ စိတ်နှလုံးထဲတွင် ရှင်းလင်း၍ ငြိမ်သက်လာမည် ဖြစ်သည်။ သင်၏ အသိစိတ်သည် နှစ်သိမ့်မှုကို ခံစားရကာ အပြစ်တင်ခြင်းများနှင့် ကင်းဝေး၍ သင်၏ ညီအစ်ကို မောင်နှမများကို တွေ့ရသည့်အချိန်တွင် သင့်စိတ်ထဲ၌ သာယာပျော်ရွှင်မှုကို ခံစားရမည် ဖြစ်သည်။ ထိုသို့ခံစားရခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ မွေ့လျော်ခြင်း ဖြစ်ပြီး၊ ထိုသို့ခံစားရခြင်းသည်သာလျှင် ဘုရားသခင်၌ စစ်မှန်စွာ မွေ့လျော်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့၏မွေ့လျော်ခြင်းသည် တွေ့ကြုံခံစားမှုမှတစ်ဆင့် ရရှိနိုင်သည်။ အခက်အခဲနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့ကို တွေ့ကြုံခံစားခြင်းအားဖြင့် သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိကြသည်။ အကယ်၍ သင်သည် ဘုရားသခင်က သင့်အား အမှန်တကယ် ချစ်ကြောင်း၊ ဘုရားသခင်သည် လူတို့အတွက် ကြီးလေးသော အဖိုးအခကို ဧကန်အမှန် ပေးခဲ့ကြောင်း၊ ဘုရားသခင်သည် မြောက်မြားစွာသော နှုတ်ကပတ်တော်တို့ကို စိတ်ရှည်စွာ၊ ကြင်နာစွာဖြင့် ပြောကြားခဲ့ပြီး လူတို့ကို အမြဲတမ်း ကယ်တင်ကြောင်းကိုသာ ပြောရုံသာ ပြောပါက၊ ဤစကားများကို သင်ပြောဆိုခြင်းသည် ဘုရားသခင်၌ မွေ့လျော်ခြင်း၏ ဘက်တစ်ဖက်သာ ဖြစ်သည်။ သို့သော်လည်း ပို၍ ကြီးမားသော ပျော်ရွှင်မှု- စစ်မှန်သော ပျော်ရွှင်မှုမှာ- လူသားတို့အနေဖြင့် သူတို့၏ လက်တွေ့ဘဝတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် အချိန်၌ ဖြစ်၏၊ ထို့နောက်တွင် သူတို့၏ နှလုံးသားထဲ၌ ငြိမ်သက်ခြင်းနှင့် ရှင်းလင်းမှုကို ခံစားကြရ၏။ သူတို့သည် အတွင်း၌ ကြီးစွာ စိတ်ထိတွေ့လှုပ်ရှားပြီး ဘုရားသခင်သည် ချစ်ခင်နှစ်သက်ဖွယ် အကောင်းဆုံးဖြစ်သည်ဟု ခံစားရသည်။ သင်ပေးခဲ့သော အဖိုးအခသည် ပေးဆပ်ထိုက်သည်ထက် ပိုများသည်ဟု သင်ခံစားရလိမ့်မည်။ သင့်ကြိုးစားအားထုတ်မှု၌ ကြီးမားသော အဖိုးအခကို ပေးထားပြီးဖြစ်ရာ သင့်စိတ်ထဲတွင် အထူးအားတက်လာလိမ့်မည်။ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အမှန်တကယ် မွေ့လျော်နေသည်ဟု ခံစားလာရပြီး ဘုရားသခင်သည် လူတို့အထဲတွင် ကယ်တင်ခြင်းအမှုအား လုပ်ဆောင်ပြီး ဖြစ်ကြောင်း၊ ဘုရားသခင်က လူသားများကို စစ်ဆေးခြင်းသည် သူတို့ကို သန့်စင်ရန်ဖြစ်ကြောင်း နှင့် ၎င်းတို့က သူ့အား အမှန်တကယ် ချစ် မချစ်ကို စမ်းသပ်ရန် ဘုရားသခင်က စစ်ကြောခြင်းဖြစ်ကြောင်းတို့ကို သင် နားလည်လာလိမ့်မည်။ သင်သည် သမ္မာတရားကို ဤသို့ အမြဲပင် လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်၏ အမှု များစွာနှင့်ပတ်သက်သည့် ရှင်းလင်းသော အသိတစ်ခုကို တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး၊ ထိုအချိန်တွင် သင့်ရှေ့၌ရှိသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဖန်သားတမျှ ရှင်းလင်းပြတ်သားသည်ဟု ခံစားလာရလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားများစွာကို ရှင်းလင်းစွာ နားလည်နိုင်ပါက၊ ကိစ္စအားလုံးသည် လက်တွေ့လုပ်ဆောင်ရန် လွယ်ကူကြောင်း၊ ပြဿနာတိုင်းကို အောင်မြင်ကျော်လွှားနိုင်ကာ မည်သည့် စုံစမ်းသွေးဆောင်မှုကိုမဆို အနိုင်ယူနိုင်ကြောင်း ခံစားလာရမည်ဖြစ်ပြီး၊ မည်သည့်ကိစ္စကမျှ သင့်အတွက် ပြဿနာ မဟုတ်ကြောင်း သိမြင်လာမည်၊ ထိုသို့ခံစားသိမြင်ခြင်းက သင့်အား ကြီးစွာ လွတ်လပ်စေပြီး လွတ်မြောက်စေလိမ့်မည်။ ဤအချိန်၌ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မွေ့လျော်နေလိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် သင့်အပေါ်သို့ သက်ရောက်ပြီး ဖြစ်လိမ့်မည်။ သမ္မာတရား၊ အသိဉာဏ်နှင့် ရူပါရုံများရှိပြီး သူ့ကို အမှန်တကယ်ချစ်သောသူများကို ဘုရားသခင်သည် ကောင်းချီးပေး၏။ အကယ်၍ လူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရန် ဆန္ဒရှိပါက၊ သူတို့အနေဖြင့် လက်တွေ့ဘဝတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်။ ဝေဒနာကို တောင့်ခံလိုစိတ် ရှိရမည်ဖြစ်ပြီး ဘုရားသခင် စိတ်ကျေနပ်စေရန် သူတို့ချစ်သော အရာများကို စွန့်လွှတ်ရမည်။ ထို့အပြင် သူတို့မျက်လုံးထဲတွင် မျက်ရည်များ ရှိသော်လည်း၊ ဘုရားသခင်၏ စိတ်နှလုံးကျေနပ်စေရန်အတွက် ပြုလုပ်နိုင်ကြရမည်။ ထိုသို့ပြုလျှင် ဘုရားသခင်သည် သင့်အား အမှန်တကယ် ကောင်းချီးပေးမည်ဖြစ်သည်။ ထိုသို့သော အခက်အခဲကို သင်သည်းခံနိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကလည်း နောက်မှ လိုက်လာလိမ့်မည်။ လက်တွေ့ဘဝအားဖြင့် သော်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းအားဖြင့် သော်လည်းကောင်း၊ လူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ် ကောင်းမှုကို မြင်နိုင်စွမ်းရှိကြသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြည်းစမ်းကြည့်ဖူးမှသာလျှင် သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်ကြမည် ဖြစ်သည်။

သမ္မာတရားကို လက်တွေ့လုပ်ဆောင်လေလေ သမ္မာတရားကို ပိုင်ဆိုင်လေလေ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လေလေ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်လေလေ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်လေလေ ဘုရားသခင်က ကောင်းချီးပေးလေလေ ဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့အမြဲ လက်တွေ့လုပ်ဆောင်ပါက၊ သင့်အပေါ်ထားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပေတရုက ဘုရားသခင်ကို သိကျွမ်းလာခဲ့သည့်နည်းတူ သင့်အား တဖြည်းဖြည်း တွေ့မြင်စေလိမ့်မည်- ဘုရားသခင်၌ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းသော ဉာဏ်ပညာ ရှိရုံမျှသာမကဘဲ၊ ထို့အပြင် လူတို့ထဲတွင် စစ်မှန်သော အမှုကို ပြုနိုင်သည့် ဉာဏ်ပညာလည်း ရှိသည်ဟု ပေတရုက ပြောခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သောကြောင့်သာမက၊ ထို့အပြင် လူကို ဖန်ဆင်းနိုင်သော၊ ကယ်တင်နိုင်သော၊ လူကို စုံလင်အောင် ပြုလုပ်နိုင်သော၊ လူထံ၌ သူ၏ချစ်ခြင်းမေတ္တာကို ပေးထားခဲ့နိုင်သော သူ့အစွမ်းတို့ကြောင့်လည်း လူတို့၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သည်ဟု ပေတရုက ပြောခဲ့သည်။ ထို့ကြောင့် ပေတရုက ဘုရားသခင်ထံတွင် လူသားတို့ ချစ်မြတ်နိုးရန် ထိုက်တန်သော အရာများစွာရှိသည်ဟုလည်း ပြောခဲ့၏။ “လူတို့၏ချစ်ခြင်းကို ကိုယ်တော်ခံထိုက်သည့် အကြောင်းရင်းမှာ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခြင်းကြောင့်သာ ဖြစ်ပါသလော။ ကိုယ်တော်ထံတွင် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော အရာများစွာရှိပါ၏။ ကိုယ်တော်သည် လက်တွေ့ဘဝတွင် ပြုမူလုပ်ဆောင်ပြီး လှုပ်ရှား သွားလာတော်မူသည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်အား အတွင်း၌ တို့ထိတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်အား အပြစ်တင်ကာ ဆုံးမတော်မူသည်— ဤအရာများက လူတို့၏ချစ်ခြင်းကို သာ၍ခံထိုက်ပါ၏။” ဟု ပေတရုက ယေရှုကို ပြောခဲ့သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်တွေ့ကာ ကြုံတွေ့ခံစားလိုသည့်ဆန္ဒ ရှိပါက၊ သင့်အနေဖြင့် လက်တွေ့ဘဝကို စူးစမ်းစစ်ဆေးကာ လက်တွေ့ဘဝ၌ ရှာဖွေရမည်ဖြစ်ပြီး သင့်ကိုယ်ပိုင် ဇာတိပကတိကို ဘေးသို့ ဖယ်ထားရန် လိုလားနေရမည်။ သင်သည် ထိုသန္နိဌာန်ကို ချရမည်။ သင်သည် ပျင်းရိခြင်း၊ သို့မဟုတ် ဇာတိပကတိကို မွေ့လျော်ခြင်းများကို တပ်မက်ခြင်း မရှိဘဲ၊ ဇာတိပကတိအတွက် အသက်ရှင်ခြင်း မဟုတ်ဘဲ၊ ဘုရားသခင်အတွက် အသက်ရှင်ဖို့ စိတ်ပိုင်းဖြတ်ထားသောသူ၊ အရာရာ၌ ဘုရားသခင် စိတ်ကျေနပ်အောင် လုပ်နိုင်သောသူ ဖြစ်ရမည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်အောင် မလုပ်ပေးသည့် အချိန်များ ရှိနိုင်သည်။ ထိုသို့ဖြစ်သည်မှာ ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်သောကြောင့် ဖြစ်သည်။ နောက်တစ်ကြိမ်တွင် လုံ့လထုတ်ရန် ပိုလိုအပ်မည် ဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်ကျေနပ်အောင် ပြုလုပ်ရမည်ဖြစ်ပြီး ဇာတိခန္ဓာကျေနပ်အောင် မပြုလုပ်ရ။ ဤသို့ သင်တွေ့ကြုံသောအခါ၊ သင်သည် ဘုရားသခင်ကို သိရှိလာပြီးဖြစ်လိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းနိုင်ကြောင်း၊ လူတို့သည် သူ့ကို အမှန်တကယ် မြင်နိုင်ရန်၊ သူနှင့် အမှန်တကယ် ထိတွေ့ဆက်ဆံနိုင်စေရန်အတွက် ဘုရားသခင်သည် လူ့ဇာတိခံခဲ့ကြောင်း သင်မြင်လိမ့်မည်ဖြစ်သည်။ ထို့ပြင် လူတို့အလယ်တွင် သူသွားလာနိုင်စွမ်းရှိကြောင်း၊ သူ၏ဝိညာဉ်တော်သည် သူ၏ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို လူတို့အား တွေ့မြင်ခွင့်ပေးကာ သူ၏ဆုံးမပဲ့ပြင်ခြင်းများ၊ ပြစ်တင်ဆုံးမခြင်းများနှင့် ကောင်းချီးမင်္ဂလာများကို လူတို့အား ကြုံတွေ့ခံစားခွင့်ပေးလျက်၊ လက်တွေ့ဘဝတွင် လူတို့ကို စုံလင်အောင် ပြုလုပ်ပေးနိုင်ကြောင်းကို သင်တွေ့မြင်လိမ့်မည်။ ဤသို့ အမြဲတမ်း တွေ့ကြုံခံစားရလျှင်၊ လက်တွေ့ဘဝတွင် သင်သည် ဘုရားသခင်နှင့် ခွဲခွာ၍ရမည် မဟုတ်ပေ၊ ပြီးလျှင် အကယ်၍ တစ်နေ့တွင် ဘုရားသခင်နှင့် သင့်ကြားရှိ ဆက်ဆံရေးသည် ပုံမှန်အတိုင်း မဟုတ်တော့လျှင်၊ သင်သည် ပြစ်တင်ရှုတ်ချမှုကို ခံနိုင်စွမ်းနှင့်နောင်တရနိုင်စွမ်းလည်း ရှိလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိချိန်တွင် ဘုရားသခင်အား လုံးဝ စွန့်ခွာလိုစိတ် ရှိမည်မဟုတ်။ အကယ်၍ တစ်နေ့ ဘုရားသခင်က သင့်ကို စွန့်ခွာသွားမည်ဟု ပြောလျှင်၊ သင်သည် ကြောက်ရွံ့ကာ ဘုရားသခင် ထားခဲ့ခြင်းကို ခံရမည်ထက် အသေခံလိုက်မည်ဟု ပြောလိမ့်မည်။ ဤသို့သော စိတ်ခံစားချက်များ ရှိသည်နှင့် တစ်ပြိုင်နက် သင်သည် ဘုရားသခင်ကို စွန့်ခွာနိုင်စွမ်းမရှိဟု ခံစားလာရမည်ဖြစ်ပြီး၊ ဤနည်းအားဖြင့် သင်၌ အခြေခံအုတ်မြစ်တစ်ခု ရှိလာကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ စစ်မှန်စွာ မွေ့လျော်လာနိုင်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ

သင်သည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အတွေးများနှင့် သဘောထားကို အမှန်တကယ် အသိအမှတ် ပြုနိုင်သောအခါတွင်၊ သင်သည် ဘုရားသခင်၏ စိတ်ခံစားမှုများနှင့် ဖန်ဆင်းခံတစ်ဦးစီအတွက် သူ၏ ပူပန်မှုကို အမှန်တကယ် နားလည်နိုင်သောအခါတွင်၊ ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့သော လူတို့တစ်ဦးချင်းစီတိုင်းအပေါ် ကုန်ဆုံးခဲ့သော ကြီးမားသောသံယောဇဉ်နှင့် ချစ်ခြင်းမေတ္တာကို သင် နားလည်နိုင်လိမ့်မည် ဖြစ်သည်။ ဤအရာ ဖြစ်ပျက်သောအခါတွင်၊ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန် စကားလုံးနှစ်လုံးကို သင်အသုံးပြုလိမ့်မည်။ ထို စကားလုံး နှစ်လုံးမှာ မည်သည်အရာများ ဖြစ်သနည်း။ လူအချို့က “ကိုယ်ကျိုးမငဲ့” ဟုပြောကြပြီး လူအချို့က “ပရဟိတ” ဟုပြောကြသည်။ ဤနှစ်ခုထဲမှ “ပရဟိတ” သည် ဘုရားသခင်၏ ချစ်ခြင်းကိုဖော်ပြရန် မသင့်တော်ဆုံးသော စကားလုံးဖြစ်သည်။ ဤသည်မှာ သဘောထားကြီးသောသူ သို့မဟုတ် တစ်ယူသန်အစွဲမထားသော သူတစ်ဦးကို ဖော်ပြရန် လူတို့ အသုံးပြုသော စကားလုံးတစ်လုံးဖြစ်သည်။ ဤစကားလုံးကို ငါ စက်ဆုပ်ရွံရှာ၏၊ အဘယ့်ကြောင့်ဆိုသော် ယင်းသည် အခြေခံသဘောတရားကို မစဉ်းစားဘဲ၊ လက်လွတ်စပယ် အလှူဒါနကို ကြုံရာကျပန်း ပေးဝေခြင်းကို ရည်ညွှန်းသောကြောင့် ဖြစ်သည်။ ယင်းသည် မိုက်မဲပြီး စိတ်မရှင်းလင်းသော လူတို့အဖို့ ဖြစ်နေကျအရာဖြစ်သည့် အလွန် စိတ်ကူးယဉ်ဆန်သော လိုအင်ဆန္ဒတစ်ခု ဖြစ်သည်။ ဤစကားလုံးကို ဘုရားသခင်၏ချစ်ခြင်းအား ဖော်ပြရန် အသုံးပြုသောအခါ၊ ပြစ်မှားစော်ကားသော ဂယက်အနက် မလွဲမသွေ ရှိသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပိုပြီး လိုက်ဖက်စွာ ဖော်ပြသော စကားလုံးနှစ်လုံး ငါ့မှာရှိသည်။ ၎င်းတို့သည် မည်သည့်အရာများ ဖြစ်သနည်း။ ပထမတစ်ခုက “အလွန့်အလွန် ကြီးမားသော” ဖြစ်သည်။ ဤစကားလုံးသည် စိတ်အာရုံကို အလွန်မနှိုးဆွပေးသည် မဟုတ်လော။ ဒုတိယမှာ “အလွန်ကြီးမားကျယ်ပြန့်သော” ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန် ငါ အသုံးပြုသော ဤစကားလုံးနှစ်လုံး နောက်တွင် စစ်မှန်သော အဓိပ္ပာယ်ရှိ၏။ တိုက်ရိုက်ယူရလျှင်၊ “အလွန့်အလွန်ကြီးမားသော”က အရာဝတ္ထု တစ်ခု၏ ထုထည်၊ သို့မဟုတ် လုပ်နိုင်စွမ်းကို ဖော်ပြသည်၊ သို့သော် ထိုအရာက မည်မျှကြီးသည်ကို ပဓာနမထားဘဲ၊ ယင်းသည် လူတို့ ထိနိုင်၊ မြင်နိုင်သော အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ထိုအရာ တည်ရှိသောကြောင့် ဖြစ်သည်- ယင်းသည် စိတ်ကူးသက်သက် ဖြစ်သော အရာဝတ္ထုတစ်ခု မဟုတ်ဘဲ၊ အတော်အတန် မှန်ကန်တိကျပြီး လက်တွေ့ကျသော နည်းလမ်းဖြင့် လူတို့ကို စိတ်ကူးများပေးနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းသည် စစ်မှန်သော နည်းလမ်းဖြင့် တကယ်တည်ရှိသော အရာဖြစ်သောကြောင့်၊ သင်သည် ယင်းကို ရှုထောင့် နှစ်ခုမှ ကြည့်သည်ဖြစ်စေ သုံးခုမှ ကြည့်သည်ဖြစ်စေ၊ ယင်း၏ တည်ရှိမှုကို သင် စိတ်ကူးကြည့်ရန် မလိုအပ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန် “အလွန့်အလွန် ကြီးမားသော” ဆိုသည်ကို အသုံးပြုခြင်းသည် သူ၏ချစ်ခြင်းကို တိုင်းတာဖို့ ကြိုးစားအားထုတ်မှုတစ်ခု ကဲ့သို့ ခံစားရနိုင်သော်လည်း၊ ယင်းက သူ၏ ချစ်ခြင်းမေတ္တာသည် တိုင်းတာ၍မရနိုင်ဟူသော ခံစားချက်ကိုလည်း ပေးသည်။ ဘုရားသခင်၏ ချစ်ခြင်းသည် အနှစ်မဲ့မဟုတ်သကဲ့သို့၊ ဒဏ္ဍာရီနှင့်ဆိုင်သည့် အရာတစ်ခုလည်း မဟုတ်သောကြောင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တိုင်းတာ၍ ရနိုင်သည်ဟု ငါပြောလိုသည်။ ယင်းထက် ထိုအရာသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ အရာခပ်သိမ်း ဝေမျှခံစားသော အရာတစ်ခု၊ အဆင့်အမျိုးမျိုးနှင့် မတူညီသော ရှုထောင့်တို့မှ ဖန်ဆင်းခံအားလုံးက မွေ့လျော်ခံစားရသော အရာတစ်ခု ဖြစ်သည်။ လူတို့သည် ယင်းကို မမြင်နိုင်သကဲ့သို့ မထိနိုင်သော်လည်း၊ ဤချစ်ခြင်းသည် အရာအားလုံးထံ ၎င်းတို့၏ အသက်တာများတွင် နည်းနည်းချင်း ထုတ်ဖော် ပြသည်နှင့်အမျှ အာဟာရနှင့် အသက်ကို ဆောင်ကြဉ်းပေးပြီး၊ ၎င်းတို့သည် ကုန်လွန်သည့် အချိန်တိုင်း၌ ၎င်းတို့ မွေ့လျော်ခံစားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ရေတွက်ပြီး သက်သေခံလေသည်။ အရာအားလုံးကို ဘုရားသခင် ပံ့ပိုးပေးခြင်းနှင့် အားဖြည့်ပေးခြင်းတို့နှင့် သက်ဆိုင်သည့် နက်နဲမှုသည် အရာခပ်သိမ်းအတွက် နှင့် အထူးသဖြင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အတွေးများနည်းတူ လူသားများအတွက် နားလည် သဘောပေါက်ရန် ခက်ခဲသော အရာတစ်ခု ဖြစ်သောကြောင့်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် တိုင်းတာ၍ မရနိုင်ဟု ငါ ပြောမည်။ ဆိုလိုသည်မှာ၊ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင် သွန်းလောင်းခဲ့ရသော သွေးနှင့် မျက်ရည်များကို အဘယ်သူမျှ မသိပေ။ သူကိုယ်တိုင်၏လက်များဖြင့် ဖန်ဆင်းခဲ့သော လူသားမျိုးနွယ် အတွက် ဖန်ဆင်းရှင်၏ချစ်ခြင်း၏ နက်ရှိုင်းမှု သို့မဟုတ် အလေးချိန်ကို မည်သူမျှသဘောမပေါက်နိုင်၊ မည်သူမျှ နားမလည်နိုင်ပေ။ ဘုရားသခင်၏ ချစ်ခြင်းကို အလွန့်အလွန် ကြီးမားသောအရာအဖြစ် ဖော်ပြခြင်းက ယင်း၏ အကျယ်အဝန်းနှင့် ယင်း၏ဖြစ်တည်မှု အမှန်တရားကို လူတို့အား အသိအမှတ်ပြုကာ နားလည်စေရန် ကူညီပေးဖို့ ဖြစ်သည်။ ယင်းသည် “ဖန်ဆင်းရှင်” ဟူသော စကားလုံး၏ တကယ့်အဓိပ္ပာယ်ကို လူတို့ သာ၍ နက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်ရန်အလို့ငှာနှင့် “ဖန်ဆင်ခြင်း” ဟူသော အမည်နာမ၏ စစ်မှန်သော အဓိပ္ပာယ်နှင့် သက်ဆိုင်သည့် သာ၍ နက်ရှိုင်းသော သိနားလည်မှုကို လူတို့ ရရှိနိုင်ရန်အလို့ငှာလည်း ဖြစ်သည်။ “အလွန်ကြီးမားကျယ်ပြန့်သော” ဆိုသည့် စကားလုံးက မည်သည့်အရာကို ဖော်ပြလေ့ရှိသနည်း။ ယင်းကို သမုဒ္ဒရာ သို့မဟုတ် စကြဝဠာကို ဖော်ပြရန် ယေဘုယျအားဖြင့် အသုံးပြုသည်၊ ဥပမာအားဖြင့်- အလွန်ကြီးမားကျယ်ပြန့်သော စကြဝဠာ၊ သို့မဟုတ် အလွန်ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာ ဟူ၍ ဖြစ်သည်။ စကြဝဠာ၏ ကျယ်ပြန့်မှုနှင့် ဆိတ်ငြိမ်သော နက်ရှိုင်းမှုသည် လူသား၏ နားလည်မှုကို ကျော်လွန်၏။ ယင်းသည် လူသား၏ စိတ်ကူးစိတ်သန်းကို ဖမ်းစားသော အရာတစ်ခု၊ ၎င်းတို့ ကြီးမားသည့် ရှုမောမှုခံစားရသည့် အရာတစ်ခု ဖြစ်သည်။ ယင်း၏ ထူးခြားဆန်းကြယ်မှုနှင့် နက်နဲမှုသည် မြင်ကွင်းအတွင်းတွင် ရှိသော်လည်း၊ လက်လှမ်း မမီနိုင်သော နေရာ၌ရှိ၏။ သမုဒ္ဒရာကို သင် စဉ်းစားသောအခါ၊ ယင်း၏ အကျယ်အဝန်းကို သင်စဉ်းစားသည်- အကန့်အသတ် မရှိဘူးဟု ထင်ရပြီး၊ ယင်း၏ ဆန်းကြယ်မှုနှင့် အမှုအရာများကို ကြီးမားသည့် ထိန်းသိမ်းနိုင်စွမ်းအား သင်ခံစားနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ချစ်ခြင်းကို ဖော်ပြရန်၊ ယင်းက မည်မျှ တန်ဖိုးရှိသည် ခံစားစေဖို့ လူများကို ကူညီပေးရန်၊ သူ၏ ချစ်ခြင်းမေတ္တာ၏ နက်နဲသည့် လှပမှုနှင့် ဘုရားသခင် ချစ်ခြင်းမေတ္တာ၏ တန်ခိုးသည် အဆုံးမဲ့ဖြစ်ကာ ကျယ်ပြန့်သည်ကို ခံစားစေဖို့ “အလွန်ကြီးမားကျယ်ပြန့်သော” ဟူသည့် စကားလုံးကို ငါ အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ သူ၏ချစ်ခြင်းမေတ္တာ၏ သန့်ရှင်းခြင်းနှင့် သူ၏ချစ်ခြင်း မှတစ်ဆင့် ထုတ်ဖော်ပြသော ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ပုန်ကန်ပြစ်မှား၍ မရခြင်းတို့ကို ခံစားနိုင်ရန် လူတို့ကို ကူညီပေးဖို့ ဤစကားလုံးကို ငါ အသုံးပြုခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

အောက်ခြေမှတ်စု(များ)-

၁။ လူသားတို့၏ နာခံမှုမရှိခြင်းကို ဖော်ထုတ်ရန် “ဒဏ်ရာဒဏ်ချက်များ” ကို အသုံးပြုထား၏။

အရှေ့သို့- ၁၇၀။ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၇၂။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တုံ့ပြန်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်