၄၄။ မိမိ၏ အကျင့်စရိုက်နှင့် အပြုအမူတို့ကို စေ့ငုစွာ သုံးသပ်ဆင်ခြင်ခြင်းအားဖြင့် မိမိကိုယ်မိမိ သိခြင်းဆိုင်ရာ မူများ

(၁) လူသားကို ကိုယ်တော်တရားစီရင်ပြီး ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စာကြောင်းတိုင်းကို မိမိ၏ အကျင့်စရိုက်နှင့် အပြုအမူတို့အား စေ့ငုစွာ မကြာခဏ သုံးသပ်ဆင်ခြင်ခြင်းအတွက် အခြေခံအဖြစ် အသုံးပြုရန် လိုအပ်သည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များ၏ စာတစ်ကြောင်းချင်းစီနှင့် မိမိကိုယ်မိမိ တိုက်ဆိုင်ကာ စဉ်းစားဆင်ခြင်ရန် ကြိုးပမ်းသင့်ပါသည်။

(၂) သင်၏ဖောက်ပြန်ပျက်စီးမှုကို ‌ သင်၏ စကားလုံးများတွင်၊ အပြုအမူတွင် သို့မဟုတ် ပြုမူပြောဆိုပုံတွင် သို့မဟုတ် သင်၏ အတွေးများ သို့မဟုတ် ထင်မြင်ချက်များတွင် ဖော်ပြမှုများရှိမရှိနှင့် ယင်းတို့သည် သမ္မာတရားနှင့် သဘောတူညီညွတ်ခြင်း ရှိမရှိ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း ရှိမရှိတို့အပေါ် ကိစ္စအားလုံးတွင် ဆင်ခြင်သုံးသပ်ပါ။

(၃) မိမိကိုယ်မိမိ ဆင်ခြင်သုံးသပ်ချိန်တွင် မိမိတို့၏ ပြစ်မှားခြင်းများနှင့် ဖောက်ပြန်ပျက်စီးမှုကို ဖော်ပြခြင်းများအား လက်မလွတ်တမ်းအသုံးချပြီး မိမိတို့၏ သဘာဝနှင့် အဖြစ်အနေကို သိရှိလာကာ မိမိတို့သည် မည်မျှသနားချင့်စဖွယ်ကောင်းကြောင်း မြင်လာရန် လိုအပ်ပါသည်။

(၄) စမ်းသပ်မှုများနှင့် စစ်ဆေးခြင်း သို့မဟုတ် ကျရှုံးခြင်းများနှင့် ဆုတ်ဆိုင်းမှုများ၏ ပြုပြင်ခံရခြင်းနှင့် ရင်ဆိုင်ခဲ့ရပြီး ကိုင်တွယ်ဖြေရှင်းခဲ့ရသောအခါ သမ္မာတရားထံ ကျိုးနွံနာခံရန်နှင့် ဇာတိပကတိကို စွန့်လွှတ်ရန် သင်ယူနိုင်စေရန်အလို့ငှာ အကြင်သူသည် ဘုရားသခင်ထံ ပို၍ပင် ဆုတောင်းသင့်၏။ အကြင်သူသည် မည်သည့်အခါမှ ရှာကြံအကြောင်းမပြရ။

(၅) အကောင်းဆုံး လေ့ကျင့်မှုဟူသည် အတုအယောင် ခေါင်းဆောင်များနှင့် အန္တိခရစ်တို့၏ မအောင်မြင်ခြင်း အတွေ့အကြုံများနှင့် မိမိကိုယ်မိမိ ဆင်ခြင်သုံးသပ်ရန် မဖြစ်မြောက်ခြင်းကို အသုံးပြုရန်ဖြစ်ပြီး ယင်းသည် သင်ကြားပေးခံရသော သင်ခန်းစာတို့ကို ဆတက်ထမ်းပိုး ဖြစ်စေ၏။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရရှိခြင်းတွင် အဓိကသော့ချက်မှာ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိရှိရန်ဖြစ်ပြီး၊ ဤအရာသည် ဘုရားသခင်ထံမှ ထုတ်ဖော်ခြင်းနှင့်အညီ ဖြစ်ပျက်ရမည်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌သာ တစ်ဦးတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်အကျည်းတန်သော သဘာဝကို သိရှိနိုင်သည်၊ မိမိ၏ ကိုယ်ပိုင်သဘာဝထဲက စာတန်၏ အမျိုးမျိုးသော အဆိပ်များကို သတိပြုနိုင်သည်၊ မိမိ မိုက်မဲပြီး မသိနားမလည်သည်ကို နားလည်နိုင်ပြီး မိမိ၏ သဘာဝထဲက အားနည်းပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများကို သတိပြုမိနိုင်သည်။ ဤအရာများကို အပြည့်အဝ သိရှိပြီး၊ မိမိကိုယ်ကိုယ် စစ်မှန်စွာ မုန်းတီးနိုင်ပြီး ဇာတိပကတိကို စွန့်လွှတ်ပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစ်သမတ်တည်း ဆောင်ရွက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံးဝ ကျိုးနွံနာခံဖို့ အလိုဆန္ဒ ရှိပြီးနောက်တွင်၊ ပေတရု၏ လမ်းကြောင်းပေါ် သင် စတင်ပြီး ခဲ့လိမ့်မည်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် သိခြင်းသည် အဓိကအားဖြင့် လူ့သဘာဝကို သိခြင်းအကြောင်းဖြစ်၏” မှ

သင့်ကိုယ်သင် သိရှိရန်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်း နှင့်ဆိုင်သော ဖော်ပြချက်များ၊ သင်ကိုယ်တိုင်၏ ပဓာနကျသော အားနည်းချက်များ၊ သင်၏ စိတ်သဘောထား၊ သင်၏သဘာဝ အနှစ်သာရတို့ကို သင် သိရမည်။ သင်သည် သင်၏ ရည်ရွယ်ချက်များ၊ သင်၏ ရှုထောင့်အမြင်များနှင့် သင်၏ သဘောထားကဲ့သို့သော သင်၏ နေ့စဉ်ဘဝတွင် ထုတ်ဖော်ပြသည့် အရာများကိုလည်း၊ သင် အိမ်တွင် ရှိသည်ဖြစ်စေ အပြင်၌ရှိသည်ဖြစ်စေ၊ စုဝေးကြသည့်အခါများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက် နေသည့်အခါ၊ သို့မဟုတ် သင် ကြုံရသည့် ကိစ္စရပ်တစ်ခု စီတိုင်းတွင် တကယ့်နောက်ဆုံး အသေးစိတ်အချက်အလက် အထိ သင် သိရှိရမည်။ ဤအရာများမှတစ်ဆင့် သင့်ကိုယ်သင် သိရှိလာမည်။ သင့်ကိုယ်သင် ပိုမိုနက်ရှိုင်းသော အဆင့်၌ သိရှိဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ပေါင်းစပ်ရမည်၊ သူ၏ နှုတ်ကပတ်တော်များအပေါ် အခြေပြု၍ သင့်ကိုယ်သင် သိရှိခြင်းအားဖြင့်သာ ရလဒ်များကို သင် ရရှိနိုင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို လက်ခံရရှိသောအခါ၊ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ငါတို့၏ စိတ်နှလုံးများကို ထိုးဖောက်မည်ကို ကြောက်ရွံ့ခြင်း ရှိဖို့မဆိုထားနှင့်၊ ဆင်းရဲဒုက္ခကို ကြောက်ရွံ့ရမည်မဟုတ်သကဲ့သို့ နာကျင်မှုကိုလည်း မစိုးရွံ့သင့်ပေ။ ငါတို့သည် ငါတို့ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းနှင့် ငါတို့၏ ပျက်စီးသော အနှစ်သာရများကို ဖော်ထုတ်ခြင်းတို့နှင့်သက်ဆိုင်သော သူ၏ မိန့်မြွက်ချက််များကို သာ၍ ဖတ်ရှုသင့်သည်။ ကျွန်ုပ်တို့သည် ၎င်းတို့ကို ဖတ်ရှုပြီး ၎င်းတို့နှင့်ကိုက်ညီအောင် မိမိတို့ကိုယ်ကိုယ် ပို၍ ထိန်းသိမ်းရမည်။ အခြားသူများကို ၎င်းတို့နှင့် မနှိုင်းယှဉ်ပါနှင့်- ငါတို့သည် မိမိတို့ကိုယ်ကိုယ် ၎င်းတို့နှင့်နှိုင်းယှဉ်ရမည်။ ငါတို့သည် ဤအရာများ တစ်ခုချင်းစီ၌ မချို့တဲ့ကြပါ။ ငါတို့သည် ဤအရာများနှင့် အားလုံးကိုက်ညီနိုင်သည်။ သင် မယုံကြည်ပါက၊ ကိုယ်တိုင် သွား၍ တွေ့ကြုံခံစားလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ လူအချို့သည် ထိုနှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ကိုယ်အဖို့ ကျင့်သုံးနိုင်စွမ်းမရှိကြပေ။ ၎င်းတို့က ဤနှုတ်ကပတ်တော်များ၏ အစိတ်အပိုင်းများသည် ၎င်းတို့နှင့် မပတ်သက်ဘဲ၊ ယင်းအစား အခြားလူများနှင့် ပတ်သက်သည်ဟု ထင်ကြ၏။ ဥပမာအားဖြင့်၊ ဘုရားသခင်က လူတို့ကို မိန်းမပျက်များနှင့် ပြည့်တန်ဆာများအဖြစ် ဖော်ထုတ်သည့်အခါတွင်၊ ညီအစ်မအချို့က ၎င်းတို့သည် ၎င်းတို့၏ လင်ယောက်ျားများကို မလွဲမသွေ သစ္စာရှိကြပြီးဖြစ်သောကြောင့်၊ ထိုသို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့ကို ရည်ညွှန်းခြင်း ဖြစ်ရမည်မဟုတ်ဟု ခံစားရသည်။ ညီအစ်မ အချို့က၊ ၎င်းတို့အနေဖြင့် အိမ်ထောင်မပြုကြသကဲ့သို့ မည်သည့်အခါတွင်မျှ လိင်ဆက်ဆံခြင်းမရှိဖူးသည့်အတွက်၊ ထိုသို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့နှင့်လည်း ပတ်သက်မည်မဟုတ်ဟု ခံစားကြလေသည်။ ညီအစ်ကို အချို့က ဤနှုတ်ကပတ်တော်များသည် အမျိုးသမီးများကိုသာ ရည်ရွယ်ထားပြီး ၎င်းတို့နှင့် မည်သို့မျှ ပတ်သက်မှုမရှိဟု ထင်ကြသည်။ လူအချို့က ထိုသို့သော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကြားမကောင်းလွန်းလှဟု ယုံကြည်ကြပြီး ထိုနှုတ်ကပတ်တော်များကို လက်ခံဖို့ ငြင်းဆန်ကြသည်။ အချို့ဖြစ်ရပ်များတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မှားယွင်းသည်ဟု ပြောဆိုသော လူများပင် ရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ရှိသင့်သော မှန်ကန်သည့် သဘောထား ဖြစ်ပါသလော။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ် အခြေခံကာ မိမိတို့ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်နိုင်စွမ်းမရှိကြချေ။ ဤနေရာ၌၊ “မိန်းမပျက်များ” နှင့် “ပြည့်တန်ဆာများ” သည် လူတို့၏ လိင်မှုထွေပြားခြင်းနှင့်သက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးခြင်းကို ရည်ညွှန်းပေသည်။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ၊ အိမ်ထောင်ရှိသူဖြစ်စေ အိမ်ထောင်မရှိသူ ဖြစ်စေ၊ အယောက်တိုင်းသည် လိင်မှုထွေပြားခြင်းနှင့်သက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးခြင်းကို ပိုင်ဆိုင်ထားကြ၏- သို့ဆိုလျှင် ယင်းသည် သင်နှင့် မည်သို့မျှ မပတ်သက်ဘဲ ရှိနိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်၏။ အမျိုးသား ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ တစ်ဦးတစ်ယောက်၏ ဖောက်ပြန်ပျက်စီးခြင်း အဆင့်သည် တူညီပေသည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်မီ၊ ဤမိန့်မြွက်ချက်များက နားကြားကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့က ခါးသီးသော ခံစားမှုကို ပေးသည်ဖြစ်စေ၊ ချိုမြိန်သော ခံစားမှုတစ်ခုကို ပေးသည်ဖြစ်စေ၊ ဘုရားသခင် ပြောဆိုထားသည့် နှုတ်ကပတ်တော်များ တစ်ခုတိုင်းကို ငါတို့ လက်ခံရမည်ဖြစ်သည်ကို ငါတို့ နားလည်ထားရမည်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ငါတို့ ရှိသင့်သည့် သဘောထား ဖြစ်သည်။ ဤသည်မှာ မည်သို့သောသဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ဆက်ကပ်မှုရှိသော သဘောထား၊ သည်းခံမှုရှိသော သဘောထား သို့မဟုတ် ဆင်းရဲဒုက္ခကို ပွေ့ဖက်သည့် သဘောထား တစ်ခုလော။ သင်တို့ကိုငါပြောသည်၊ ဤအရာများထဲမှ တစ်ခုမျှမဟုတ်ပေ။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်း အတည်ပြုရမည်။ ၎င်းတို့သည် သမ္မာတရား ဖြစ်သောကြောင့် ငါတို့သည် ၎င်းတို့ကို ဆင်ခြင်တုံတရားဖြင့် လက်ခံသင့်သည်။ ငါတို့သည် ၎င်းကို လက်ခံနိုင်ခြင်း သို့မဟုတ် အသိအမှတ်ပြုနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငါတို့၏ ပထမ သဘောထားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခြွင်းချက်မရှိ လက်ခံခြင်း ဖြစ်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စာတစ်ကြောင်းစီတိုင်းက တိကျသော အခြေအနေတစ်ခုနှင့် ဆက်စပ်သည်။ ဆိုလိုသည်မှာ၊ သူ၏ မိန့်မြွက်ချက်များ၏ စာကြောင်းများထဲမှ မည်သည့်စာကြောင်းမျှ ပြင်ပ စည်းမျဉ်းများ သို့မဟုတ် လူတို့ထဲက ရိုးရှင်းသော အပြုအမူ ပုံစံတစ်ခုအကြောင်း ဖြစ်ဖို့မဆိုထားနှင့်၊ အပြင်ပန်း သွင်ပြင်များအကြောင်း မဟုတ်ပေ။ ၎င်းတို့သည် ထိုကဲ့သို့ မဟုတ်ပေ။ ဘုရားသခင် မိန့်မြွက်သော စာကြောင်းတိုင်းကို လူသား၏ ရိုးရှင်းသော အပြုအမူအမျိုးအစားတစ်ခုနှင့် ပတ်သက်သည့်အရာအဖြစ် သို့မဟုတ် အပြင်ပန်း သွင်ပြင်တစ်ခုအဖြစ် သင် မြင်လျှင်၊ သင်သည် ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသကဲ့သို့ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သင် မသိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လေးနက်၏။ မည်သို့ လေးနက်ကြသနည်း။ ဘုရားသခင် ပြောဆိုသည့်အရာတိုင်း၊ ထုတ်ဖော်ပြသည့်အရာတိုင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သူတို့၏ အသက်တာများအတွင်း ပဓာနကျပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သော အကြောင်းအရာတို့အကြောင်း ဖြစ်သည်။ ၎င်းတို့သည် ပဓာနကျသောအရာများဖြစ်ပြီး၊ အပြင်ပန်း သွင်ပြင်များ မဟုတ်သကဲ့သို့ အထူးသဖြင့် အပြင်ပန်း အပြုအမူများ မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား အားထုတ်ခြင်း၏ အရေးပါမှုနှင့် လမ်းကြောင်း” မှ

အကယ်၍ လူတို့သည် ၎င်းတို့ကိုယ်ကိုယ် နားလည်ရမည်ဆိုပါက သူတို့သည် သူတို့၏ စစ်မှန်သော အခြေအနေများကို နားလည်ရမည်။ မိမိ၏ ကိုယ်ပိုင်အခြေအနေကို နားလည်ခြင်းနှင့်ဆိုင်သော အရေးကြီးဆုံးကဏ္ဍမှာ မိမိ၏ ကိုယ်ပိုင်အတွေးများနှင့် စိတ်ကူးများကို နားလည်သဘောပေါက်မှု ရှိရန်ပင် ဖြစ်သည်။ အချန်ကာလတိုင်းတွင် လူတို့၏ အတွေးများသည် အဓိကကျသော အရာတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံထားရပြီးဖြစ်သည်။ အကယ်၍ သင်သည် သင်၏အတွေးများအပေါ် ထိန်းချုပ်မှုကို ရရှိနိုင်ပါက သင်သည် ၎င်းတို့ နောက်ကွယ်၌ရှိသော အရာများအပေါ် ထိန်းချုပ်မှုကို ရရှိနိုင်မည်ဖြစ်သည်။ လူတို့သည် မိမိတို့၏ အတွေးများနှင့် စိတ်ကူးများကို မထိန်းချုပ်နိုင်ကြသော်လည်း၊ ဤအတွေးများနှင့် စိတ်ကူးများ မည်သည့်အရပ်မှ လာသည်၊ ၎င်းတို့ နောက်ကွယ်တွင် မည်သည့်အကြောင်းရင်းများ ရှိသည်၊ ဤအတွေးများနှင့်စိတ်ကူးများ မည်သို့ ထွက်ပေါ်သည်၊ မည်သည့်အရာက ၎င်းတို့ကို ထိန်းချုပ်သည်ဆိုသည်နှင့် ၎င်းတို့၏ သဘာဝက မည်သည့်အရာဖြစ်သည်တို့ကို ၎င်းတို့ သိဖို့လိုအပ်သည်။ သင်၏ စိတ်သဘောထား ပြောင်းလဲပြီးနောက်တွင်၊ သင်၏ ပြောင်းလဲသော အစိတ်အပိုင်းများက ထွက်ပေါ်စေခဲ့သည့် သင်၏ အတွေးများနှင့် စိတ်ကူးများ၊ သင်၏ စိတ်နှလုံးက လိုက်လံရှာဖွေသည့် ဆန္ဒများနှင့် လိုက်စားမှုနှင့် ပတ်သက်သည့် သင်၏ ရှုထောင့်အမြင်များသည် ကွဲပြားလိမ့်မည်ဖြစ်သည်။ သင်၏ မပြောင်းလဲသော အစိတ်အပိုင်းများမှ ပေါ်ပေါက်သည့် အတွေးများနှင့် စိတ်ကူးများ၊ သင် ရှင်းရှင်းလင်းလင်း နားမလည်သော အရာများနှင့် သမ္မာတရားအပေါ် အတွေ့အကြုံများဖြင့် သင် အစားမထိုးရသေးသည့် အရာများတို့သည် ညစ်ညူးပြီး ညစ်ပတ်ကာ အကျည်းတန်ပေသည်။ ဘုရားသခင်၏အမှုကို နှစ်ပေါင်းအချို့ တွေ့ကြုံခံစားထားပြီးဖြစ်သော ယနေ့ခေတ် လူတို့၌ ဤကိစ္စရပ်များနှင့် ပတ်သက်၍ အသိတရားနှင့် နားလည်သဘောပေါက်မှုအချို့ ရှိသည်။ ဘုရားသခင်၏အမှုကို အချိန်ကာလတစ်ခဏသာ တွေ့ကြုံခံစားထားရသော သူများကမူ ဤကိစ္စရပ်များကို နားမလည်ကြသေးပေ၊ ထိုသူတို့သည် မရှင်းကြသေးပေ။ ထိုသူတို့သည် မိမိတို့၏ ပျော့ကွက်မှာ အဘယ်နေရာ၌ရှိသည်၊ သို့မဟုတ် မည်သည့်နယ်ပယ်များတွင် မိမိတို့ကျရှုံးရန်မှာ လွယ်ကူသည်ကို မသိကြ။ မိမိသည် မည်သို့သောလူအမျိုးအစားဖြစ်သည်ကို လက်ရှိတွင် သင်တို့မသိကြ၊ ထို့ပြင် သင်သည် မည်သို့သောလူအမျိုးအစားဖြစ်သည်ကို အခြားလူများက အတိုင်းအတာတစ်ခုအထိ မြင်နိုင်ကြသော်လည်း သင်ကမူ ထိုအရာကို သတိမပြုမိနိုင်ပေ။ သင်သည် သင်၏ သာမန်အတွေးများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းစွာ မခွဲခြားနိုင်၊ ထို့ပြင် ဤကိစ္စရပ်များ၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည့်အကြောင်း ရှင်းလင်းသော နားလည်မှု သင်၌မရှိချေ။ ရှုထောင့်တစ်ခုကို သင် ပိုမိုနက်နက်ရှိုင်းရှိုင်း သိနားလည်လေလေ၊ ထိုရှုထောင့်တွင် သင် ပိုမို ပြောင်းလဲလေလေ ဖြစ်မည်၊ ထိုသို့ဖြင့်၊ သင် လုပ်ဆောင်မည့်အရာများသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် ဖြည့်ဆည်းနိုင်လိမ့်မည်ဖြစ်ပြီး၊ သင်သည် ဘုရားသခင်၏ အလိုတော်နှင့် ပိုမို နီးစပ်လိမ့်မည်ဖြစ်သည်။ ဤနည်းဖြင့် ကြိုးစားခြင်းအားဖြင့်သာ ရလဒ်များကို သင် ရရှိနိုင်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် အမြဲတစေ တောင်းဆိုချက်များ ပြုသည့်လူများသည် ဆင်ခြင်တုံတရား အနည်းဆုံးလူများ ဖြစ်သည်” မှ

အချိန် သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ကျွန်ုပ်တို့၏ ပတ်ဝန်ကျင် မည်သည့်အရာဖြစ်စေ၊ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုယ် သိရှိနိုင်သည်၊ မိမိတို့ကိုယ်ကိုယ် စိတ်ဖြာလေ့လာကာ နှိုက်နှိုက်ချွတ်ချွတ် ကြိုးစားရှာဖွေနိုင်ကြသည်- ပြီးလျှင် ဤကိစ္စရပ်များကို ကျွန်ုပ်တို့၏ ပထမဦးစားပေးအဖြစ် ကျွန်ုပ်တို့ သဘောထားနိုင်ကြသည်။ ကျွန်ုပ်တို့ သဘောထားပါက၊ ဆုလာဘ်ကို ကျွန်ုပ်တို့ သေချာပေါက် ခံစားကြရလိမ့်မည်ဖြစ်ပြီး မိမိတို့ကိုယ်ကိုယ် သိရှိခြင်း ကိစ္စရပ်တွင် ဖြည်းညင်းသော တိုးတက်မှုကို သေချာပေါက် ပြုလုပ်လိမ့်မည်ဖြစ်ပြီး၊ ကျွန်ုပ်တို့ တိုးတက်သည်နှင့်အမျှ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်၊ သာ၍ သာ၍ သမ္မာတရား ရှိကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ စစ်မှန်မှုသည် ကျွန်ုပ်တို့၏ အသက်တာသို့ ယခင်ထက် သာ၍ပင် ရောက်လာလိမ့်မည်ဖြစ်သည်။ သို့သော်၊ သင်သည် မိမိကိုယ်ကိုယ် သိရှိခြင်း ကိစ္စရပ်ထဲသို့ လုံးဝ ဝင်ရောက်ခြင်း မရှိပါက၊ သင်သည် ပြင်ပ ဖြစ်ရပ်များစွာအားဖြင့် လှည့်စားခံရလိမ့်မည်ဖြစ်သည့်အတွက် သမ္မာတရားနှင့်သက်ဆိုင်သည့် သင်၏ လက်တွေ့လုပ်ဆောင်မှုသည် မှားယွင်းလိမ့်မည်။ သင်၏ အပြုအမူ တိုးတက်ပြီ၊ သင်သည် ယခင်ထက် သာ၍ နူးညံ့သိမ်မွေ့သည်၊ သာ၍ အခြားသူတို့ကို အရေးထားသည်၊ အခြားသူတို့ကို သာ၍ စိတ်ရှည်ကာ သည်းခံသည်၊ အခြားသူတို့ကို သာ၍ ခွင့်လွှတ်တတ်သည်ဟု ခံစားကောင်းခံစားရမည်။ ထို့ကြောင့် သင်သည် ကြီးမြတ်သည့် အပြစ်အနာအဆာမရှိသည့်၊ ပုံမှန် လူ့သဘာဝကို ပိုင်ဆိုင်သည့် လူစားတစ်ဦး ဖြစ်နှင့်ပြီးသား ဖြစ်သည်ဟု သင် ထင်သည်။ သို့သော်၊ ဘုရားသခင်၏ ရှုထောင့်အမြင်မှ၊ သင်သည် သူ၏ စံနှုန်းများနှင့် သတ်မှတ်ချက်များမှ အလွန် အလှမ်းဝေးမြဲ ဝေးနေပေသည်။ ဤအရာက ကျွန်ုပ်တို့သည် မည်သည့်အချိန်ကာလများ၌ သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်နေကြပြီး မည်သည့်အချိန်ကာလများတွင် ယင်းကို လုံးဝ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ ကျွန်ုပ်တို့၏ ပြင်ပ အပြုအမူများတွင် အနည်းငယ်မျှ ပြောင်းလဲပြီးဖြစ်သည်ကို မသိကြကြောင်း ပြသပေသည်။ မိမိတို့၏ အသင်းတော် အသက်တာသည် ပုံမှန်ဖြစ်သည်၊ ၎င်းတို့သည် မိမိတို့၏ ညီအစ်ကို မောင်နှမများနှင့် အပြန်အလှန်ဖြစ်သော စိတ်ရှည်ခြင်းဖြင့် အဆင်ပြေကာ အသင့်မြတ်ဆုံးဖြစ်ကြသည်ဟု တွေးထင်သည့် လူများစွာ ရှိသည်။ ၎င်းတို့က ခိုက်ရန်ဖြစ်ခြင်းမရှိဘဲ မည်သူမဆိုနှင့် အဆင်ပြေနိုင်ပြီး၊ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သည်းခံခြင်းကို ၎င်းတို့ ကျင့်သုံးနိုင်ကာ မှန်ကန်သော ချဉ်းကပ်မှု ပြုနိုင်သည်ဟု ထင်ကြသည်။ ၎င်းတို့က ၎င်းတို့၏ ဝိညာဉ်ရေးရာ အသက်တာသည်လည်း အထူးသဖြင့် ပုံမှန်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ ဖတ်ရှုခြင်းတွင် ၎င်းတို့သည် လုံ့လဝီရိယရှိပြီး၊ သူ့အတွက် ကြောက်ရွံ့ခြင်း စိတ်နှလုံးတစ်ခု ရှိကြသည်ဟု ထင်ကြသည်- သို့သော် ကိစ္စရပ်များစွာနှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်များသည် သမ္မာတရားကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေမြဲဖြစ်ပြီး ဘုရားသခင်ကို ရန်လိုနေ‌မြဲ ဖြစ်သည်။ ဤအရာက ၎င်းတို့သည် သမ္မာတရား မရရှိသေးသည်ကို ပြသရန် လုံလောက်ပေသည်။ ထို့ကြောင့်၊ မိမိတို့ကိုယ်ကိုယ်၏ သွင်ပြင်လက္ခဏာတိုင်းကို သိရှိခြင်း ကိစ္စရပ်တွင်၊ သမ္မာတရားကို ကျွန်ုပ်တို့ ရှာဖွေရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ မိမိကိုယ်ကိုယ် သိခြင်းအား နက်သထက်နက်လာစေရန် ကြိုးစားရမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် ကိုယ့်ကိုကိုယ်သိခြင်း သော့ချက်မှာ ဤသို့ဖြစ်သည်- အချို့သော ကဏ္ဍများတွင် သင်ကောင်းစွာပြုခဲ့ပြီးသည် သို့မဟုတ် မှန်ကန်သောအရာကို ပြုလုပ်ခဲ့ပြီးသည်ဟု သင်ပို၍ခံစားရလေ၊ ထို့ပြင် သင်သည် ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေနိုင်သည် သို့မဟုတ် အချို့သောကဏ္ဍများတွင် ကြွားဝါ၍ရသည်ဟု ပိုထင်လေဆိုလျှင် ထိုကဏ္ဍများ၌ သင့်ကိုယ်သင်သိရန် ပို၍ထိုက်တန်ပြီး သင်၌ မည်သည့်မစင်ကြယ်မှုများ ရှိကြောင်းကိုသိရန် ၎င်းတို့ကို နက်နဲစွာတူးဖော်ရန်လည်းကောင်း၊ သင့်အထဲရှိ မည်သည့်အရာများသည် ဘုရားသခင်၏အလိုတော်ကို ကျေနပ်စေနိုင်ခြင်း မရှိကြောင်းကို ကြည့်ရန် ပို၍ထိုက်တန်လေ ဖြစ်သည်။ ပေါလုကို ပုံဥပမာတစ်ခုအဖြစ် ယူကြစို့။ ပေါလုသည် အထူးနှံ့စပ်သိရှိပြီး သူ၏ ဟောပြောခြင်းအလုပ်တွင် ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ပေသည်။ သူသည် အထူးသဖြင့် များစွာသောသူတို့၏ ကြည်ညိုမှုကို ခံခဲ့ရသည်။ အကျိုးဆက်အနေဖြင့်၊ အလုပ်များစွာ ပြီးစီးသည့်နောက်တွင်၊ သူ့အတွက် သရဖူတစ်ခု ဖယ်ထားပြီးဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်။ ဤအရာက သူ့ကို နောက်ဆုံး ဘုရားသခင်အားဖြင့် အပြစ်ပေးခံရသည်အထိ မှားယွင်းသော လမ်းကြောင်းတစ်လျှောက် သာ၍ ဝေးဝေး ဆက်သွားစေခဲ့သည်။ ထိုအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး စိတ်ဖြာလေ့လာခဲ့လျှင်၊ ယင်းကို သူ တွေးခဲ့လိမ့်မည် မဟုတ်ပေ။ တနည်းအားဖြင့်၊ ပေါလုသည် သခင်ယေရှု၏ နှုတ်ကပတ်တော်များထဲက သမ္မာတရားကို ရှာဖွေခြင်းအပေါ် အာရုံမစိုက်ခဲ့ပေ၊ သူသည် သူ၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကိုသာ ယုံကြည်ခဲ့သည်။ ကောင်းမွန်သော အရာအနည်းငယ်ကို သူ လုပ်ဆောင်ပြီး အပြုအမူကောင်းကို ပြသသရွေ့၊ ဘုရားသခင်၏ ချီးမွမ်းခြင်းနှင့် ဆုချီးမြှင့်ခြင်းခံရမည်ဟု သူ ထင်ခဲ့သည်။ နောက်ဆုံးတွင်၊ သူ၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများက သူ၏ စိတ်ဝိညာဉ်ကို ကန်းစေခဲ့ပြီး သူ၏ စရိုက်မှန်ကို ဖုံးကွယ်ခဲ့သည်။ သို့သော်၊ ဤအရာကို လူတို့သည် မသိခဲ့ကြဘဲ၊ ဤအရာကို ဘုရားသခင်၏ ဖော်ထုတ်ပေးခြင်းမရှိဘဲနှင့် ပေါလုကို သူတို့ ရည်မှန်းရမည့် စံနှုန်းတစ်ခု၊ အသက်ရှင်ရမည့် စံနမူနာတစ်ခုအဖြစ် ဆက်လက်ထားရှိခဲ့ကြပြီး၊ သူ့ကို ၎င်းတို့ ဖြစ်လိုသည့်သူ တစ်ဦးအဖြစ် ၎င်းတို့ ရှာဖွေလိုက်စားခြင်း၏ ရည်မှန်းချက်နှင့် အတုယူရမည့် တစ်စုံတစ်ဦးအဖြစ် မှတ်ယူကြလေသည်။ ပေါလုနှင့်ပတ်သက်သော ဤအဖြစ်အပျက်သည် ဘုရားသခင်၌ ယုံကြည်သောသူတိုင်းအတွက် သတိပေးချက်တစ်ခုအဖြစ် အသုံးဝင်သည်၊ ယင်းမှာ ကျွန်ုပ်တို့သည် အထူးသဖြင့် ကောင်းစွာပြုလုပ်ပြီးပြီဟု ခံစားရသည့်အခါ သို့မဟုတ် ကျွန်ုပ်တို့သည် အချို့သောအရာ၌ အထူးသဖြင့် အထုံပါရမီရှိသည်ဟု ယုံကြည်သည့်အခါ သို့မဟုတ် အချို့သောအရာ၌ ကျွန်ုပ်တို့သည် ပြောင်းလဲရန် သို့မဟုတ် ကိုင်တွယ်ခံခြင်းခံရရန် မလိုအပ်ကြောင်း ထင်ရသည့်အခါ ကျွန်ုပ်တို့သည် ထိုအရာ၌ မိမိကိုယ်ကိုယ် ဆင်ခြင်ရန်နှင့် ပို၍သိနားလည်ရန် ကြိုးပမ်းသင့်လေသည်၊ ဤသည်မှာ အရေးပါလှသည်။ ဤသည်မှာ သင်တို့ကိုယ်တိုင်၏ ကဏ္ဍများ၌ ဘုရားသခင်ကို ဆန့်ကျင်သည့်အရာတစ်ခုခု အမှန်တကယ်ပါရှိသည် မပါရှိသည်ကို သိမြင်ဖို့အလို့ငှာ ကောင်းမြတ်သည်ဟု သင် ယုံကြည်သည့် ကဏ္ဍများကို သင် ဧကန်မုချ တူးဖော်ခြင်း၊ အာရုံစိုက်ခြင်း သို့မဟုတ် ခွဲခြမ်းလေ့လာခြင်း မပြုခဲ့သေးခြင်းကြောင့်ပင် ဖြစ်ပါသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

သင့်တို့ကိုယ်သင်တို့သိခြင်းမှာ သင်တို့၏စိတ်ကူးများနှင့် သဘောထားများထဲတွင် ဘုရားသခင်ကို ဆန့်ကျင်ပြီး သမ္မာတရားနှင့် လိုက်လျောညီထွေမှု လုံးဝမရှိသည့်အပြင် သမ္မာတရားကို မပိုင်ဆိုင်ထားသော မည်သည့်အရာများရှိကြောင်း သိခြင်းဖြစ်သည်။ ဥပမာ၊ လူသားတို့၏ မာနထောင်လွှားမှု၊ မိမိကိုယ်ကိုမှန်ကန်သည်ဟု ယူမှတ်မှု၊ အလိမ်အညာများနှင့် လှည့်ဖြားခြင်းတို့ကို သိနားလည်ခြင်း- ဤသည်တို့မှာ သတိပြုမိရန် လွယ်ကူသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်။ ထို့အပြင် လူတိုင်းသည် မာနထောင်လွှားမှုနှင့် လိမ်လည်လှည့်ဖြားမှုကို မတူညီသော အတိုင်းအတာများဖြင့် ပိုင်ဆိုင်သည်။ သင်သည် သမ္မာတရားကို အကြိမ်အနည်းငယ် မိတ်သဟာယပြုခြင်းအားဖြင့် သို့မဟုတ် မကြာခဏ မိတ်သဟာယပြုခြင်းအားဖြင့် သို့မဟုတ် သင်၏ ညီအစ်ကို မောင်နှမများအား သင်၏ အခြေအနေကို ထောက်ပြစေခြင်းအားဖြင့် ယင်းတို့နှင့်သက်ဆိုင်သည့် အသိပညာအချို့ကို တကယ်ရလာနိုင်ပေသည်။ ထို့အပြင် လူတိုင်းသည် မာနထောင်လွှားမှုနှင့် လိမ်လည်လှည့်ဖြားမှုကို မတူညီသော အတိုင်းအတာများဖြင့် ပိုင်ဆိုင်သည်။ သို့သော်လည်း လူတို့၏ စိတ်ကူးများနှင့် သဘောထားများမှာ သိနားလည်ရန် မလွယ်ကူပေ။ ၎င်းတို့မှာ လူတို့၏ စိတ်သဘောထားများကို သိရှိခြင်းလောက် မလွယ်ကူပေ။ ဤသည်တို့မှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော အရာများဖြစ်ကြသည်။ ထို့ကြောင့် သင်၏ အမူအကျင့်နှင့် အပြင်ပန်း အနေအထိုင်တို့တွင် အနည်းငယ်သော ပြောင်းလဲမှုကို သင် ရရှိထားသောအခါ ဘုရားသခင်နှင့် ဆန့်ကျင်ပြီး သင်ရှာဖွေတွေ့ရှိမထားသေးသည့် သင်၏ အတွေးအခေါ်၊ အယူအဆများ၊ သဘောထားများနှင့် သင်ရရှိထားသည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အသိပညာတို့ တည်းဟူသော သွင်ပြင်လက္ခဏာများစွာ ရှိနေသေးသည်။ ထိုကဲ့သို့သော အရာများမှာ ဘုရားသခင်အား သင်၏ဆန့်ကျင်နေခြင်း၏ မူလဇာစ်မြစ်ပင် ဖြစ်ပေသည်။ ထို့ကြောင့်၊ သင်၏ အယူအဆများနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာ သို့မဟုတ် ဘုရားသခင် လုပ်ဆောင်ဖို့ သင် စိတ်ကူးသည့်အရာမှ ကွဲပြားသည့် တစ်စုံတစ်ရာကို ဘုရားသခင်က လုပ်ဆောင်သည့်အခါ၊ သင်သည် ယင်းကို ခုခံကာ ဆန့်ကျင်လိမ့်မည်။ ဘုရားသခင်က ထိုသို့ အဘယ်ကြောင့် ဆောင်ရွက်ခဲ့သည်ကို သင် နားလည်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းတွင် သမ္မာတရားရှိသည်ကို သင် သိရှိပြီး ကျိုးနွံနာခံရန် သင် ဆန္ဒရှိကောင်း ရှိနိုင်သော်လည်း၊ ထိုသို့ မလုပ်ဆောင်နိုင်သည်ကို သင့်ကိုယ်သင် တွေရလိမ့်မည်။ အဘယ်ကြောင့် သင်သည် ကျိုးနွံနာခံနိုင်ခြင်း မရှိသနည်း။ အဘယ်ကြောင့် ထိုသို့ ခုံခံခြင်းနှင့် ဆန့်ကျင်ခြင်း ရှိသနည်း။ အကြောင်းရင်းမှာ လူသား၏ အတွေးများနှင့် အမြင်များထဲတွင် ဘုရားသခင်ကို ရန်လိုပြီး သူ ဆောင်ရွက်သည့် အခြေခံသဘောတရားများနှင့် သူ၏ အနှစ်သာရကို ရန်လိုသည့် အရာအချို့ ရှိသောကြောင့် ဖြစ်သည်။ ဤအတွေးများနှင့် အမြင်များသည် လူသားအတွက် သိရှိဖို့ ခက်ခဲပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

ငါတို့၏ စိတ်နှလုံးတွင်ရှိသော အရာတစ်ခုစီတိုင်းသည် ဘုရားသခင်ကို ဆန့်ကျင်နေ၏။ ဤတွင် ကောင်းမြတ်သည်ဟု ငါတို့ ထင်သည့်အရာများနှင့် အပြုသဘောဆောင်သည်ဟု ငါတို့ ယုံကြည်နှင့်သည့် အရာများပင် ပါဝင်လေသည်။ ဤအရာများကို သမ္မာတရားများအဖြစ်၊ ပုံမှန် လူ့သဘာဝ၏ အစိတ်အပိုင်းအဖြစ်နှင့် အပြုသဘောဆောင်သော အရာများအဖြစ် ငါတို့ စာရင်းသွင်းခဲ့ကြသည်၊ သို့သော်၊ ဘုရားသခင်၏ ရှုထောင့်အမြင်အရ၊ ၎င်းတို့သည် သူ စက်ဆုပ်ရွံရှာသော အရာများ ဖြစ်ကြသည်။ ငါတို့တွေးထင်သည့်အရာနှင့် ဘုရားသခင်ပြောသည့် သမ္မာတရားကြားက ကွာဟချက်သည် အတိုင်းမသိဖြစ်၏။ ထို့ကြောင့်၊ ငါတို့သည် ကိုယ့်ကိုယ်ကိုယ် သိရှိရမည်။ ငါ့တို့၏ စိတ်ကူးများ၊ ရှုထောင့်အမြင်များနှင့် လုပ်ရပ်များမှသည် ငါတို့ ရရှိပြီးသည့် ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သော ပညာရေးတိုင်၊ အရာအသီးသီးသည် စူးစူးစိုက်စိုက် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေထိုက်ပြီး စေ့စေ့စပ်စပ် စိတ်ဖြာလေ့လာထိုက်ပေသည်။ ဤအရာများထဲမှ အချို့မှာ လူမှုရေး ပတ်ဝန်းကျင်များမှ လာသည်၊ အချို့မှာ မိသားစုများမှ လာသည်၊ အချို့မှာ ကျောင်းပညာရေးမှ လာပြီး၊ အချို့မှာ စာအုပ်များမှ လာလေသည်။ အချို့သည် ငါတို့၏ စိတ်ကူးများနှင့် အယူအဆများမှလည်း လာ၏။ ၎င်းတို့က ငါတို့၏ စကားများနှင့် လုပ်ရပ်များကို ချည်နှောင်ပြီး ထိန်းချုပ်ကာ၊ ငါတို့၏ စိတ်များကို စိုးမိုးပြီး ငါတို့ လုပ်ဆောင်သည့်အရာ၌ ငါတို့၏ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များနှင့် ပန်းတိုင်တို့ကို ဦးဆောင်လမ်းပြသည့်အတွက် ဤအရာမျိုးများသည် ထိတ်လန့်ဖွယ်အကောင်းဆုံး ဖြစ်သည်။ ဤအရာများကို ကျွန်ုပ်တို့ မဖော်ထုတ်ပါက၊ ကျွန်ုပ်တို့အတွင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ ကျွန်ုပ်တို့ အပြည့်အဝ လက်ခံလိမ့်မည် မဟုတ်ပေ၊ ထို့ပြင် ဘုရားသခင်၏ သတ်မှတ်ချက်များကို မည်သည့်အခါမျှ သံသယမရှိဘဲ လက်ခံပြီး လက်တွေ့လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်၏ ကိုယ်ပိုင် စိတ်ကူးများနှင့် ရှုထောင့်အမြင်များ၊ မှန်သည်ဟု သင်ယုံကြည်သည့် အရာများအပေါ် လက်ခံယုံကြည်မှုများကို သင် သိုထားသရွေ့၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ အပြည့်အဝ သို့မဟုတ် လုံးလုံးလျားလျား လက်ခံလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ မူရင်းပုံစံဖြင့် ၎င်းတို့ကို သင် လက်တွေ့လုပ်ဆောင်လိမ့်မည် မဟုတ်ချေ၊ သင်သည် ၎င်းတို့ကို သင့်စိတ်ထဲတွင် ပထမဆုံး စီမံပြီးနောက်တွင်သာ ဧကန်မုချ လက်တွေ့လုပ်ဆောင်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ အမှုအရာများကို သင် လုပ်လိမ့်မည့်ပုံဖြစ်ပြီး၊ ယင်းသည် အခြားသူများကို သင် ကူညီသည့် နည်းလမ်းလည်း ဖြစ်လိမ့်မည်- သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုကောင်း ပြုနိုင်ဆဲဖြစ်သော်လည်း၊ သင်ကိုယ်တိုင်၏ မစင်ကြယ်မှုများကို အမြဲ ရောမိလိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဟု ဆိုလိုသည့် အရာဖြစ်သည်၊ သမ္မာတရားကို သင် နားလည်ပြီးဖြစ်ကာ လိုချင်သမျှအရာအားလုံး သင်၌ ရှိသည်ဟု သင် တွေးမိပေလိမ့်မည်။ လူသား၏ အခြေအနေမှာ သနားစဖွယ်ဖြစ်သည် မဟုတ်လော။ ထိတ်လန့်ဖွယ်ရာ ဖြစ်သည် မဟုတ်လော။ ဤအရာများအား အလုံးစုံပြောပြရန် စကားတစ်လုံး၊ နှစ်လုံးသည် မလုံလောက်နိုင်ပေ။ ဟုတ်ပေ၏၊ အစောပိုင်းက အကျဉ်းချုပ်ထားသည့် စာတန် အဆိပ်တစ်ရာထက် သာ၍များသကဲ့သို့သော အခြားအရာများစွာ ဘဝတွင် ရှိပေသည်။ သင်သည် နှုတ်ကပတ်တော်များကို နားလည်ပြီးဖြစ်သော်လည်း၊ ယင်းတို့နှင့်ယှဉ်၍ သင်သည် မိမိကိုယ်ကိုယ် မည်သို့ တိုင်းတာသနည်း။ မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ခြင်းကို သင် လုပ်ဆောင်ဖူးသလော။ သင်သည်လည်း ဤအဆိပ်များကို မျှဝေခံစားရသည် မဟုတ်လော။ ယင်းတို့က သင် တွေးသည့်ပုံကိုလည်း ထင်ဟပ်သည် မဟုတ်လော။ အမှုအရာများကို သင် လုပ်ဆောင်နေချိန်တွင်၊ ဤအဆိပ်များအပေါ် သင်သည်လည်း မှီခိုသည် မဟုတ်လော။ သင့်အနေဖြင့် သင်၏ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံထဲသို့ နက်နက်ရှိုင်းရှိုင်း တူဖော်ရှာဖွေရမည်ဖြစ်ပြီး ယင်းကို ထိုစကားများဖြင့် ယှဉ်၍ တိုင်းတာရမည်။ သင်သည် ထိုစာတန် အဆိပ်များ၏ စာရင်းကို သာမန်ကာလျှံကာ ဖတ်ရှုရုံဖတ်ရှု သို့မဟုတ် တစ်ချက်ဝေ့ကြည့်ရုံကြည့်ပြီး၊ ထို့နောက် ချထားလိုက်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဆင်မခြင် ဖတ်ရှုလျက်၊ ယင်းတို့ကို လက်တွေ့အရှိတရားဆီသို့ မဆက်စပ်စေနိုင် သို့မဟုတ် ကျွန်ုပ်တို့၏ စစ်မှန်သော အခြေအနေများကို မမြင်နိုင်သကဲ့သို့၊ ကျွန်ုပ်တို့၏ လက်တွေ့လုပ်ဆောင်ခြင်းတွင် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ကျမ်းဟောင်းတရားနှင့် စည်းမျဉ်းတို့ကို လိုက်နာစောင့်ထိန်းရုံမျှစောင့်ထိန်းနေစဉ်တွင် သမ္မာတရားကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်နေသည်ဟု ယူဆနေပါက- ယင်းမှာ ထိုမျှ ရိုးရှင်းပါသလော။ လူတို့သည် အသက်ရှင်သော အရာများ ဖြစ်ကြသည်- ၎င်းတို့အားလုံးက အတွေးများရှိကြပြီး ၎င်းတို့၏ အတွေးများအတွင်းရှိ ဖန်တီးသုံးစွဲသည့်အရာများသည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် အမြစ်တွယ်လေသည်။ လူတစ်ဦးက အရေးယူဆောင်ရွက်သည့်အခါ၊ ဤဖန်တီးသုံးစွဲထားသော အရာများသည် ထိုလူ၏ ဘဝဖြစ်လာနှင့်ပြီးဖြစ်သည့်အတွက် ထွက်ပေါ်လာဖို့ သေချာပေသည်။ထို့ကြောင့်၊ သင် လုပ်ဆောင်သည့် အရာအသီးသီးတွင်၊ ထိုအရာကို သင် လုပ်ဆောင်သည့်ပုံအား စိုးမိုးသည့် ရှုထောင့်အ‌မြင်နှင့် အခြေခံသဘောတရားတစ်ခု ရှိပေသည်။ သင် ပြုမူသည့်အခါ၊ ထိုသို့သော အရာများ သင့်အတွင်းတွင် တည်ရှိသည် မတည်ရှိသည်ကို သင် သိလိမ့်မည်။ ဟုတ်ပေ၏၊ ယခုတွင် သင်၏ အတွေးများနှင့် အမြင်များကို သင် ဆန်းစစ်သည်နှင့်အမျှ၊ ဘုရားသခင်ကို ရန်လိုသည့်အရာ မည်သည့်အရာမျှ မရှိသည့်အလား သင် ခံစားရသည်။ သင်သည် ရိုးသားပြီး သစ္စာရှိကာ သင်၏ တာဝန်ကို လုပ်ဆောင် လိုလားသည်ထက်ပိုလျက် စွန့်လွှတ်မှုများကို ပြုလုပ်နိုင်စွမ်းရှိပြီး ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးတော်ခံနိုင်စွမ်းရှိကာ သင်သည် နယ်ပယ်တိုင်းတွင် အတော်အတန် အားကောင်းသည်ဟု သင် ခံစားရသည်။ သို့သော်၊ ဘုရားသခင်က သင်၏ သတ္တိသွေးကို စစ်ဆေးခဲ့မည်ဆိုပါက သို့မဟုတ် အလုပ်တာဝန်တစ်ခုကို သင် တာဝန်ယူဆောင်ရွက်ရမည်ဆိုပါက သို့မဟုတ် သင့်အပေါ်ကျရောက်သည့်အရာ တစ်စုံတစ်ခုကို ဘုရားသခင် လုပ်ဆောင်ခဲ့မည်ဆိုပါက၊ ရေတံခါးများ ကျိုးပေါက်ပြီးသည့်အလား၊ သင်၏ အတွေးများနှင့် အမြင်များသည် မရပ်မနား တစ်ဟုတ်ထိုးထွက်ကြပေသည်။ ယင်းတို့သည် သင်၏ ထိန်းချုပ်မှုကို ကျော်လွန်မည်- သင် မပိုင်တော့ဘဲဖြစ်မည်ဖြစ်ပြီး၊ သင် ဆန္ဒရှိသည့်အတိုင်း မုန်တီးပေမည်၊ ယင်းတို့သည် အလားတူ အားလုံး တစ်ဟုန်ထိုးထွက်ပေမည်၊ ဘုရားသခင်ကို ခုခံသာည့် အရာအားလုံးဖြစ်သည့် အမှုအရာများ တစ်လိပ်လိပ်တက်ခြင်း ဖြစ်ပေမည်။ သင်က၊ “ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ ကျွန်ုပ် အဘယ်ကြောင့် မလုပ်ဆောင်နိုင်မည်နည်း။ ဘုရားသခင်ကိုကျွန်ုပ် မခုံခံချင်ပါ၊ သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ် ခုခံရမည်နည်း။ ဘုရားသခင်အပေါ် ကျွန်ုပ် ဝေဖန်မှု မချမှတ်ချင်သကဲ့သို့ သူ လုပ်ဆောင်သည့်အရာနှင့်ပတ်သက်၍ အယူအများ ကျွန်ုပ် မရှိချင်ပါ၊ သို့ဆိုလျှင် ထိုသို့အယူအဆများ ကျွန်ုပ် အဘယ်သို့ ရှိနိုင်မည်နည်း” ဟု ပြောသည့်အခါ- ယင်းမှာ သင်သည် မိမိကိုယ်ကိုယ် သိရှိရန်၊ သင့်အထဲတွင် ဘုရားသခင်ကို ခုခံသည့်အရာ မည်သည့်အရာရှိသည်ဆိုသည်နှင့် သင့်အထဲတွက် မည်သည့်အရာက သူ လက်တလော လုပ်ဆောင်နေသည့် အလုပ်ကို ရန်လိုကာ ဆန့်ကျင်လိုသည်ဆိုသည်တို့ကို ဆန်းစစ်ရန် သင် ကြိုးပမ်းသင့်သည့်အချိန် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

လူတစ်ဦးက သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို လိုက်စားသည်ဖြစ်စေ၊ ယင်းသည် ရိုးသားဖို့ ဆန္ဒပြင်းပြခြင်းဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံဖို့ မိမိကိုယ်ကိုယ် လေ့ကျင့်ခြင်းဖြစ်စေ၊ သို့မဟုတ် ယင်းသည် မိမိ၏ ညီအစ်ကို မောင်နှမများနင့် ရင်းရင်းနှီးနှီး ထိတွေ့မှုရှိခြင်း သို့မဟုတ် သာမန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းဖြစ်စေ၊ သမ္မာတရား အသီးသီးက မိမိကိုယ်ကိုယ် သိရှိခြင်းနှင့်ဆိုင်သည့် ကိစ္စကို ကိုင်တွယ်လျက်၊ လူတစ်ဦးသည် ယင်း၏ လက်တွေ့လုပ်ဆောင်ခြင်းကို မိမိ၏ ဘဝ နေ့ရက်တိုင်းတွင် လိုလားစွာ လက်ခံနိုင်ပေသည်။ ရိုးသားရန် ဆန္ဒပြင်းပြခြင်းသည် မိမိကိုယ်ကိုယ် သိရှိခြင်းနှင့် တစ်စုံတစ်ရာ ပတ်သက်သည် မဟုတ်လော။ သင်သည် သင်ကိုယ်တိုင်၏ လှည့်စားမှုနှင့် မရိုးသားမှုတို့ကို သိရှိမလာမီအထိ ရိုးသားဖို့ စိတ်ဆန္ဒပြင်းပြလိမ့်မည် မဟုတ်။ သင်သည် ဘုရားသခင်ကို မနာခံနိုင်သေးသည်ကို သိလာသည့်အခါ၊ သူ့ကို နာခံမှုအား သင် လက်တွေ့လုပ်ဆောင်လိမ့်မည် သို့မဟုတ် သူ့ကို နာခံဖို့ မည်သည့်အရာ လုပ်ဆောင်ရမည်ကို ရှာဖွေလိမ့်မည်။ သင်သည် မိမိကိုယ်ကိုယ် မသိရှိပါက၊ လူသား၏ စိတ်သဘောထားသည် ဖောက်ပြန်ပျက်စီးပြီး သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာမျှ လက်တွေ့လုပ်ဆောင်ရန် မလွယ်ကူသကဲ့သို့ သွင်ပြင်လက္ခဏာ အသီးသီးသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်းတွင် လက်တွေ့လုပ်ဆောင်ထားသည့်အတွက်၊ ရိုးသားဖို့ သင်၏ ဆန္ဒပြင်းပြခြင်း သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သက်ဆိုင်သည့် မည်သည့်ပြောဆိုခြင်းမဆိုသည် အနှစ်သာရမဲ့သည့်ပုံစံပေါက်ပေသည်။ သမ္မာတရား၏ သွင်ပြင်လက္ခဏာ တစ်ခုတစ်လေနှင့် ပတ်သက်၍ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းတွင်၊ ရိုးသားဖို့ သင်၏ ဆန္ဒပြင်းပြမှုကို ကဖျက်ကယက်လုပ်ရင်း၊ ဘုရားသခင်ကို သင်၏ ကျိုးနွံနာခံခြင်းအား ပိတ်ဆို့ရင်းနှင့် သင်၏ ညီအစ်ကို မောင်နှမများအတွက် သင်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ဟန့်တားရင်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သေချာပေါက် ပေါ်လာလိမ့်မည်။ ယင်းကို သင် သတိမပြုမိ၊ စိတ်ဖြာလေ့လာခြင်းမရှိ၊ မဖော်ထုတ်ဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သင်၏ စိတ်ကူးစိတ်သန်းများအပေါ် မှီခိုပါက၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းသည် မှန်ကန်သောအရာတစ်ခု ဖြစ်လိမ့်မည်မဟုတ်။ ထို့ကြောင့်၊ လူတစ်ဦးက သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို လက်တွေ့လုပ်ဆောင်နေသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ ပထမဦးစွာ မိမိကိုယ်ကိုယ် သိရှိရမည်။ သင့်ကိုယ်သင် သိရှိဖို့ဆိုသည်မှာ သင်၏ စကားနှင့် လုပ်ဆောင်ချက်တိုင်း၊ သင်၏ လှုပ်ရှားမှုတိုင်းနှင့် လုပ်ရပ်တိုင်းကို သိရှိဖို့ ဖြစ်သည်။ ယင်းသည် သင်၏ စိတ်နှင့် အတွေးများ၊ သင်၏ ကြံရွယ်ချက်များ၊ သင်၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို သိရှိဖို့ဖြစ်သည်။ ယင်းသည် အသက်ရှင်ခြင်းအတွက် လောကနှင့်သက်ဆိုင်သည့် သင်၏ အတွေးအခေါ်များနှင့် သင့်အတွင်းရှိ စာတန်၏ အဆိပ်အတောက် အမျိုးမျိုးတို့အပြင် ကျောင်းတွင် သင် ရရှိခဲ့သည့် အသိပညာနှင့် ပညာရေးတို့ကိုပင် သိရှိဖို့ ဖြစ်၏။ ဤအရာအားလုံးကို စိတ်ဖြာလေ့လာရမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

ဘုရားသခင်သည် လူသားကို အပြုသဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း၊ အပျက်သဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း စုံလင်စေနိုင်သည်။ ထိုအချက်မှာ သင့်အနေဖြင့် တွေ့ကြုံခံစားနိုင်ခြင်းရှိမရှိအပေါ် မူတည်ပြီး၊ ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံနေရခြင်းကို သင်လိုက်စားမှု ရှိ၊မရှိအပေါ် မူတည်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်စေနေခြင်းကို အမှန်တကယ် ရှာဖွေလျှင်၊ အပျက်သဘောသည် သင့်အား ဆုံးရှုံးမှုကို မခံရစေနိုင်ပေ၊ သို့သော် သာ၍စစ်မှန်သောအရာများကို သင့်ထံယူဆောင်လာနိုင်ပြီး သင်၏အထဲတွင် ချို့တဲ့နေသော အရာများကို သာ၍သိရှိစေနိုင်မည် ဖြစ်သည့်အပြင်၊ သင်၏ အခြေအနေအမှန်များကိုလည်း သာ၍ နားလည်စေနိုင်မည်ဖြစ်ပြီး၊ လူသား၌ ဘာမျှမရှိ၊ လူသားသည် ဘာမှမဟုတ်ဟူသည်ကို သိမြင်စေနိုင်သည်၊ အကယ်၍ သင်သည် စမ်းသပ်မှုများကို မကြုံရလျှင်၊ သိရှိမည်မဟုတ်ဘဲ မိမိကိုယ်မိမိ အခြားသူများ၏ အထက်၌ရှိကာ အခြားသူများအားလုံးထက် သာသည်ဟု အမြဲထင်မည် ဖြစ်သည်။ ဤအရာများအားလုံးအားဖြင့် သင်သည် ယခင်ဖြစ်ပွားခဲ့သည့် အရာများအားလုံးသည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများဖြစ်ပြီး ဘုရားသခင် ကာကွယ်စောင့်ရှောက်သည့်အရာများ ဖြစ်သည်ကို သင်သိလာလိမ့်မည် ဖြစ်သည်။ စမ်းသပ်မှုများအတွင်းသို့ ဝင်ရောက်ခြင်းသည် သင့်အား ချစ်ခြင်းနှင့်ယုံကြည်ခြင်း ကင်းမဲ့စေကာ၊ ဆုတောင်းခြင်းလည်း မရှိ၊ ဓမ္မသီချင်းများလည်း သီဆိုနိုင်စွမ်းမရှိ ဖြစ်စေမည်၊ ထို့ပြင် ထိုကဲ့သို့သောအချိန်မျိုးတွင် သင်သည် သတိမထားမိဘဲနှင့် မိမိကိုယ်မိမိ သိကျွမ်းလာမည်ဖြစ်သည်။ ဘုရားသခင်တွင် လူသားကို စုံလင်စေခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချပြီး၊ လူသားကို ဖော်ထုတ်ပြရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး၊ နောက်တစ်ဖက်တွင် လူသားကို ဖော်ထုတ်ပြကာ အခြားတစ်ဖက်တွင် လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော “နက်နဲရာများ” ကို တူးဆွကာ ဖော်ပြလျက်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေလျက်၊ လူသားကို ဖွင့်ဟပြသည်။ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိစေရန် ဘုရားသခင်သည် ဖော်ပြခြင်း၊ ကိုယ်တွယ်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စသည့် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်” မှ

တစ်ဖက်တွင် လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုကာလများအတွင်း သူ၏အားနည်းချက်များကို သိလာပြီး သူသည် အရေးမပါကြောင်း၊ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း၊ နိမ့်ကျကြောင်း၊ သူ၌ မည်သည့်အရာမျှ မရှိကြောင်းနှင့် သူသည် အနတ္တဖြစ်ကြောင်း မြင်လေ၏။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် သူ၏စမ်းသပ်မှု ကာလများအတွင်း သူ၏နှစ်လိုဖွယ်ကောင်းခြင်းကို လူသားအား ပိုမိုတွေ့ကြုံခံစားနိုင်စေသည့် မတူညီသော ပတ်ဝန်းကျင်များကို လူသား အတွက် ဖန်တီးပေး၏။ နာကျင်မှုသည် ကြီးမားပြီး တစ်ခါတစ်ရံ ပြင်းထန်သော ပူဆွေးမှုအဆင့်ကို ရောက်သည်အထိပင် မကျော်လွှားနိုင် ဖြစ်ရသော်လည်း၊ ၎င်းကို တွေ့ကြုံခံစားပြီးနောက် လူသားသည် သူ့အထဲ၌ ဘုရားသခင်၏အမှုမှာ မည်မျှနှစ်လိုဖွယ်ကောင်းကြောင်း မြင်လေ၏၊ ထို့ပြင် ဤအုတ်မြစ် အပေါ်၌သာ လူသားအတွင်းတွင် ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ မွေးဖွားလာခြင်းဖြစ်သည်။ ယနေ့ကာလတွင် လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ သက်သက်ဖြင့်သာဆိုလျှင် လူ့အနှစ်သာရကို သိရန် မဆိုထားနှင့်၊ သူ့ကိုယ်သူပင် အမှန်တကယ် မသိနိုင်ကြောင်း မြင်လေ၏။ ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းနှစ်ခုလုံးဖြင့်သာ၊ ထိုကဲ့သို့သော စစ်ဆေးခြင်းကာလအတွင်း၌သာ လူသားသည် သူ၏ အားနည်းချက်များကို သိနိုင်ပြီး သူ၌ဘာမျှမရှိကြောင်းကို သိနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ

အကြိမ်များစွာ ကျရှုံးခြင်းနှင့် ပြိုလဲကျခြင်းသည် ဆိုးသည့် အရာမဟုတ်သလို၊ ဖော်ထုတ်ခံနေရခြင်းသည်လည်း ဆိုးသည့် အရာ မဟုတ်ပါ။ သင် ကိုင်တွယ်ဖြေရှင်းခံရသည်ဖြစ်စေ၊ ပြုပြင်ခံရသည်ဖြစ်စေ၊ သို့မဟုတ် ဖော်ထုတ်ခံရသည်ဖြစ်စေ၊ ဤအရာကို တစ်ချိန်လုံး သင် မှတ်မိရမည်- ဖော်ထုတ်ခံရခြင်းဆိုသည်မှာ သင်သည် ရှုတ်ချခံနေရခြင်း ဖြစ်သည်ဟု မဆိုလိုပေ။ ဖော်ထုတ်ခံနေရခြင်းသည် ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်၊ မိမိကိုယ်ကိုယ် သိရှိရန် ယင်းမှာ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ယင်းက သင်၏ ဘဝအတွေ့အကြုံတွင် အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာနိုင်သည်။ ထိုအရာမရှိဘဲ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော အမှန်တရားကို သိနားလည်ခြင်းသို့ရောက်နိုင်ဖို့ အခွင့်အရေးရော အခြေအနေကိုပါ ပိုင်ဆိုင်လိမ့်မည်မဟုတ်သလို ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာကိုလည်း သင်ပိုင်ဆိုင်လိမ့်မည်မဟုတ်။ သင့်အတွင်းရှိ အမှုအရာများ၊ သတိပြုမိဖို့ ခဲယဉ်းပြီး တူးဖော်ဖို့ ခက်ခဲ့သည့် သင့်အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် ထိုရှုထောင့်များအားလုံးကို သင် သိရှိလာနိုင်လျှင်၊ ဤသည်မှာ ကောင်းသော အရာတစ်ခု ဖြစ်သည်။ သင့်ကိုယ်သင် အမှန်တကယ် သိရှိလာနိုင်ခြင်းသည် သင်၏လမ်းများကို ပြုပြင်ပြီး လူသစ်တစ်ဦးဖြစ်လာဖို့ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်၊ ယင်းမှာ သင့်အနေဖြင့် အသက်တာသစ်ကို ရရှိရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် အမှန်တကယ် သိရှိသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားက တစ်ဦးတစ်ယောက်၏ အသက်ဖြစ်လာသည့်အခါ၊ အမှန်ပင် တန်ဖိုးရှိသည့်အရာဖြစ်သည်ကို သင် တွေ့မြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားအတွက် သင် ဆာငတ်လိမ့်မည်ဖြစ်ပြီး စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လွန်စွာ ကြီးမြတ်သည့်အရာတစ်ခု ဖြစ်ပေ၏။ သင်ကျရှုံးသည့်အခါတိုင်း သို့မဟုတ် လဲကျသည့်အခါတိုင်း ဤအခွင့်အရေးကို သင် ဆုပ်ကိုင်နိုင်ပြီး အလွန်စိတ်ထက်သန်စွာ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကာ မိမိကိုယ်ကိုယ် စစ်မှန်သည့် သိကျွမ်းမှု ရရှိလျှင်၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်များကြားတွင်၊ သင်သည် ပြန်ထရပ်နိုင်လိမ့်မည်။ ဤအတိုင်းအတာကို သင်ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းကို သင် လှမ်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်” မှ

အရှေ့သို့- စုံလင်စေခြင်းခံရဖို့ ကြိုးစားခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၄၅။ ပြစ်မှားခြင်းများအပေါ် ဆင်ခြင်သုံးသပ်ခြင်းဆိုင်ရာ မူများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၇၅၈ ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

၁ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူဘုရားရဲ့ကောင်းချီး...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်