၁၁။ ဘုရားသခင်၏ ရှေ့မှောက် အသက်ရှင်ခြင်း၏ အခြေခံသဘောတရားများ

(၁) နေ့စဉ်၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ကျမ်းတစ်ပိုဒ် သို့မဟုတ် စာတစ်ပုဒ်ကို စားသောက်ဖို့နှင့် ထို့နောက်တွင် ယင်းတို့အတွင်း၌ ရှာဖွေကာ ဆုတောင်းပြီး သူနှင့်အတူ စစ်မှန်စွာ မိတ်သဟာယပြုဖို့ လိုအပ်ပေသည်။

(၂) သင် ကြုံရသည့် မည်သည့်အရာတွင်မဆို သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ရှိသော လမ်းကြောင်းတစ်ခုဖြင့် သူ၏ ရှေ့မှောက်တွင် ငြိမ်သက်ခြင်းကို စွမ်းဆောင်ရရှိရန် တတ်နိုင်လော့။

(၃) အခြားသူများနှင့်အတူ အပြန်အလှန် ချစ်ခြင်းမေတ္တာနှင့် စိတ်သဘောထားညီညွတ်ခြင်းတို့ဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်လော့။ အခက်အခဲများကို သင် ကြုံရပါက၊ ဘုရားသခင်၏ ရှေ့မှောက်သို့ လာကာ ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေသင့်သည်။

(၄) အရာခပ်သိမ်း၌ ဘုရားသခင်၏ စိစစ်မှုကို လက်ခံလော့။ သင်၏ စကားများ၊ ဟန်အမူအရာနှင့် လုပ်ဆောင်ချက်များက သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိ သုံးသပ်ဆင်ခြင်ကာ မိမိကိုယ်ကိုယ် အမှန်တကယ် သိရှိလာလော့။

(၅) မိမိ၏ နှလုံးသားနှင့် စိတ်တစ်ခုလုံးဖြင့် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ဖို့ လိုအပ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်လာပြီး အခြေခံသဘောတရားအတိုင်း ပြုမူလော့။ ဤသည်မှာ ဘုရားသခင်၏‌ ရှေ့မှောက်တွင် အသက်ရှင်ဖို့ဖြစ်သည့်အရာ ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာရမည်၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်၍ ဆင်ခြင်တွေးတောရမည်ဖြစ်ပြီး၊ သင့်အပေါ် သူ၏ ဆုံးမပဲ့ပြင်ခြင်းနှင့် လမ်းပြခြင်းကို လက်ခံရမည်။ သင်သည် သင့်အတွက် ဘုရားသခင် ်စီစဉ်ထားပေးသော ပတ်ဝန်းကျင်များ၊ လူများ၊ အမှုအရာများနှင့် အကြောင်းအရာများကို ကျိုးနွံနာခံနိုင်စွမ်း ရှိရမည်ဖြစ်ပြီး၊ သင် တကယ်နားမလည်သည့် အကြောင်းအရာများနှင့် ပတ်သက်လာလျှင် သင်သည် သမ္မာတရားကိုရှာဖွေရင်း မကြာခဏ ဆုတောင်းရမည်၊ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်းအားဖြင့်သာလျှင် ရှေ့ဆက်ရမည့်လမ်းကို သင်ရှာတွေ့နိုင်မည်။ သင်သည် ဘုရားသခင်ကို ကြည်ညိုလေးစားခြင်း၌ တည်ပြီး သင်ပြုလုပ်သင့်သည့်အရာကို သတိထားကာ လုပ်ဆောင်ရမည်၊ သင်သည် ဘုရားသခင်၏ရှေ့မှောက်၌ မကြာခဏ အေးချမ်းစွာ ရှိနေရမည်ဖြစ်ကာ၊ အပျော်အပါး၌ မွေ့လျော်ခြင်း မရှိရပေ။ အနည်းဆုံးအနေဖြင့် သင်၌ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ သင်၏ ပထမဆုံး တုံ့ပြန်မှုမှာ သင့်ကိုယ်သင် ငြိမ်သက်စေဖို့ရန်၊ ပြီးလျှင် ချက်ချင်း ဆုတောင်းဖို့ရန် ဖြစ်သင့်သည်။ ဆုတောင်းခြင်း၊ စောင့်စားခြင်းနှင့် ရှာဖွေခြင်းအားဖြင့် သင်သည် ဘုရားသခင်၏ အလိုတော်အား နားလည်ခြင်းကို ရယူနိုင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်အား ကြည်ညိုလေးစားခြင်းကို ပြသည့် သဘောထားပင်ဖြစ်သည် မဟုတ်သလော။ အတွင်းစိတ်၌ သင်သည် ဘုရားသခင်ကို ကြည်ညိုလေးစားပြီး ဘုရားသခင်ကို ကျိုးနွံနာခံလျှင်၊ ထို့ပြင် ဘုရားသခင်၏ရှေ့မှောက်၌ ငြိမ်သက်ပြီး သူ၏ အလိုတော်ကို နားလည်သဘောပေါက်နိုင်လျှင်ကား၊ ဤနည်းအတိုင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်းအားဖြင့် သင်သည် ကာကွယ်ပေးခြင်းခံရနိုင်မည်။ သင်သည် စုံစမ်းသွေးဆောင်ခြင်းကို ကြုံတွေ့ရမည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားလိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်ကို နှောင့်ယှက်သည့်အရာများကို ပြုလုပ်လိမ့်မည် မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို နှိုးဆွပေးလောက်အောင်လည်း သင်ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်ကိုကြောက်ရွံ့သော နှလုံးသားနှင့်အတူ သင်သည် ဘုရားသခင်ကို စော်ကားပြစ်မှားဖို့ ကြောက်ရွံ့လိမ့်မည်၊ စုံစမ်းသွေးဆောင်ခြင်းကို သင်ရင်ဆိုင်ရသည့် အခိုက်တွင် သင်သည် ကြောက်ရွံ့ခြင်းနှင့် တုန်လှုပ်လျက် ကိုယ်တော်၏ရှေ့မှောက်၌ အသက်ရှင်လိမ့်မည်ဖြစ်ပြီး၊ အရာခပ်သိမ်းတွင် သင်သည် ကိုယ်တော့်ကို ကျိုးနွံနာခံပြီး ကျေနပ်စေနိုင်မည်ဟု မျှော်လင့်လိမ့်မည်။ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း၊ ထိုကဲ့သို့သော အခြေအနေ၌ မကြာခဏ အသက်ရှင်နေထိုင်ခြင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အေးချမ်းစွာနေခြင်းအားဖြင့်သာလျှင် သင်သည် စုံစမ်းသွေးဆောင်ခြင်းနှင့် ဆိုးယုတ်ခြင်းအကြောင်းကို စဉ်းစားစရာပင် မလိုဘဲ ၎င်းမှ သင့်ကိုယ်သင် ကင်းကွာစေနိုင်စွမ်း ရှိလိမ့်မည်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

ဘုရားသခင်အား သူတို့ ယုံကြည်ရာတွင် အကယ်၍ လူတို့သည် သူ၏ရှေ့မှောက်၌ မကြာခဏ အသက်မရှင်ကြလျှင်၊ သူတို့သည် သူ့အတွက် မည်သည့်ကြောက်ရွံ့မှုမျှ ရှိနိုင်မည် မဟုတ်ကြသည့်အပြင် မကောင်းမှုကို ရှောင်ကြဉ်ခြင်းငှာလည်း တတ်နိုင်မည် မဟုတ်ကြချေ။ ဤအမှုအရာများသည် ဆက်နွှယ်လျက် ရှိကြ၏။ သင်၏ စိတ်နှလုံးက ဘုရားသခင်ရှေ့တွင် မကြာခဏ အသက်ရှင်လျှင်၊ သင် ထိန်းချုပ်ခံရလိမ့်မည်ဖြစ်ပြီး၊ အမှုအရာများစွာတို့တွင် ဘုရားသခင်ကို သင် ကြောက်ရွံ့လိမ့်မည်။ သင် အလွန်ဝေးဝေး သွားလိမ့်မည်မဟုတ်၊ သို့မဟုတ် အသောက်အစား အပျော်အပါး၌ မွေ့လျော်သော မည်သည့်အရာကိုမျှ သင် လုပ်ဆောင်လိမ့်မည် မဟုတ်။ ဘုရားသခင် စက်ဆုပ်သော အရာကို သင် လုပ်ဆောင်လိမ့်မည် မဟုတ်သကဲ့သို့၊ အဓိပ္ပါယ်မရှိသော စကားများကို သင် ပြောဆိုလိမ့်မည် မဟုတ်။ ဘုရားသခင်၏ အကဲခတ်ခြင်းကို သင် လက်ခံပြီး ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို သင် လက်ခံလျှင်၊ ဆိုးညစ်သော အရာများစွာကို လုပ်ဆောင်ခြင်းအား သင် ရှောင်ရှားလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ မကောင်းသောအကျင့်ကို သင် ရှောင်ကြဉ်ပြီးလိမ့်မည် မဟုတ်လော။ အကယ်၍ ဘုရားသခင်ကို သင်၏ယုံကြည်မှု၌ စိတ်ရှုပ်ထွေးသည့် အခြေအနေတစ်ခု မကြာခဏ ရှိခြင်း၊ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲ၌ ရှိမရှိ မသိခြင်း၊ သင်၏စိတ်နှလုံးထဲ၌ မည်သည့်အရာကို လုပ်ဆောင်လိုကြောင်း မသိခြင်း၊ ဘုရားသခင်ရှေ့၌ ငြိမ်သက်ခြင်း မရနိုင်ခြင်းနှင့် တစ်စုံတစ်ရာဖြစ်သောအခါ ဘုရားသခင်ထံ ဆုမတောင်းခြင်း သို့မဟုတ် သမ္မာတရားကို မရှာဖွေခြင်း၊ သင်၏အလိုအတိုင်း မကြာခဏ ပြုမူလုပ်ဆောင်ခြင်း၊ သင်၏စာတန်ဆိုင်ရာ စိတ်သဘောထားအတိုင်း အသက်ရှင်ပြီး သင်၏မာနကြီးသော စိတ်သဘောထားကို ဖော်ထုတ်ခြင်း၊ ဘုရားသခင်၏ စိစစ်ခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းကို လက်မခံခြင်းနှင့် ဘုရားသခင်ကို မနာခံခြင်းပြုပါက၊ ထိုသို့သော လူတို့၏ စိတ်နှလုံးများသည် စာတန်ရှေ့၌ အစဉ် ရှင်သန်ရလိမ့်မည်ဖြစ်ပြီး စာတန်နှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ယင်းကဲ့သို့ လူများသည် ဘုရားသခင်ကို အနည်းငယ်မျှ ကြည်ညိုခြင်း မရှိကြချေ။ ၎င်းတို့သည် မကောင်းမှုကို အမှန်ပင် မရှောင်နိုင်ကြသည့်အပြင် ၎င်းတို့သည် မကောင်းသောအရာများကို မပြုသော်လည်း၊ ၎င်းတို့တွေးသမျှမှာ မကောင်းသောအရာ ဖြစ်နေဆဲဖြစ်၍၊ ၎င်းမှာ သမ္မာတရားနှင့် စပ်ဆက်မှုမရှိသည့်အပြင် သမ္မာတရားနှင့် ဆန့်ကျင်၏။ ထို့ကြောင့် ယင်းကဲ့သို့ လူများ၌ အခြေခံအားဖြင့် ဘုရားသခင်နှင့် ဆက်နွှယ်မှုမရှိသလော။ ၎င်းတို့သည် ဘုရားသခင်၏အုပ်စိုးခြင်းကို ခံကြရသော်လည်း ၎င်းတို့သည် ဘုရားသခင်ရှေ့တွင် မည်သည့်အခါမျှ သတင်းပို့ကြခြင်း မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သည့်အခါမျှ သဘောမထားခဲ့ကြပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့အပေါ် အုပ်စိုးသော ဖန်ဆင်းရှင်အဖြစ် မည်သည့်အခါမျှ သဘောထားကြခြင်း မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏ ဘုရားသခင်နှင့် ၎င်းတို့၏အရှင်သခင်အဖြစ် မည်သည့်အခါမျှ အသိအမှတ်ပြုခဲ့ကြခြင်း မရှိသည့်အပြင် ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏စိတ်နှလုံးများဖြင့် ကိုးကွယ်ရန် မည်သည့်အခါမျှ စဉ်းစားခဲ့ဖူးခြင်း မရှိကြပေ။ ယင်းကဲ့သို့ လူများသည် ဘုရားသခင်ကို ကြောက်ရွံခြင်းဟူသော အဓိပ္ပာယ်ကို နားမလည်ကြသည့်အပြင် မကောင်းမှုကျူးလွန်ခြင်းမှာ ၎င်းတို့၏အခွင့်အရေး ဖြစ်ကြောင်း ထင်ကြပြီး “ငါ လုပ်လိုသည်ကို ငါလုပ်မည်။ ငါ့ကိစ္စ ငါရှင်းမည်၊ အခြားမည်သူနှင့်မျှမဆိုင်” ဟု ဆိုကြ၏။ မကောင်းမှုကျူးလွန်ခြင်းမှာ ၎င်းတို့၏အခွင့်အရေးဖြစ်သည်ဟု ထင်ကြပြီး ၎င်းတို့သည် ဘုရားသခင်၌ယုံကြည်ခြင်းကို မန္တန်တရားအမျိုးအစားတစ်ခု၊ ဟိတ်ဟန်ပုံစံတစ်ခုအဖြစ် သဘောထားကြသည်။ ဤအရာမှာ ၎င်းတို့ကို မယုံကြည်သူများ မဖြစ်စေသလော။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲတွင် ဤလူတို့ကို မည်သည့်အမည် မှည့်သနည်း။ တစ်နေ့လုံး၊ ၎င်းတို့ တွေးသမျှ အားလုံးသည် ဆိုးယုတ်၏။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်၏ ကိုယ်ကျင့်တရား ပျက်သူများဖြစ်ပြီး၊ ထိုသို့သော လူတို့ကို သူ၏ အိမ်တော်သားများအဖြစ် သူ အသိအမှတ်မပြုပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

တစ်နေ့လုံးတွင် သင်သည် ဘုရားသခင့်ရှေ့၌ အမှန်တကယ် ရှိခြင်း၌ နာရီပေါင်းမည်မျှ အချိန်ကုန်ဆုံးသနည်း။ သင့်နေ့ရက်၏မည်မျှကို ဘုရားသခင်အား အမှန်တကယ် ပေးထားသနည်း။ ဇာတိပကတိကို မည်မျှ ပေးထားသနည်း။ မိမိ၏နှလုံးသားကို ဘုရားသခင်ဆီသို့ စိတ်သန်စေခြင်းသည် သူ၏ စုံလင်စေခြင်း လမ်းကြောင်းမှန်ပေါ် ရှိခြင်းအဖို့ ပထမခြေလှမ်း ဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံး၊ ခန္ဓာနှင့် သင်၏စစ်မှန်သော ချစ်ခြင်းမေတ္တာ အားလုံးကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ယင်းတို့ကို ဘုရားသခင်ရှေ့တွင် ထားရှိနိုင်ပါက၊ သူ့အပေါ် လုံးဝ နာခံနိုင်ပြီး သူ၏အလိုကို လုံးဝ ထောက်ထားနိုင်ပါက- ဇာတိပကတိအတွက် မဟုတ်၊ မိသားစုအတွက် မဟုတ်၊ သင်၏ ကိုယ်ရေးကိုယ်တာ ဆန္ဒများအတွက် မဟုတ်ဘဲ၊ ဘုရားသခင့်အိမ်တော်၏ အကျိုးများအတွက်၊ အရာရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အခြေခံသဘောတရားနှင့် အခြေခံအုတ်မြစ် အဖြစ်ခံယူလျက်- ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်၏ ရည်ရွယ်ချက်များနှင့် သင်၏ ရှုထောင့်အမြင်များအားလုံးသည် နေရာမှန်တွင် ရှိကြလိမ့်မည်ဖြစ်ပြီး၊ ထိုအခါ သင်သည် ဘုရားသခင့်ရှေ့တွင် သူ၏ချီးမွမ်းမှုကို ရရှိသော လူတစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင်နှစ်သက်သူများသည် သူ့အပေါ် အကြွင်းမဲ့ရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝဥဿုံ ဆက်ကပ်အပ်နှံနိုင်သော သူများ ဖြစ်သည်။ ဘုရားသခင် စက်ဆုပ်ရွံရှာသောသူများမှာ သူ့အပေါ် စိတ်မပါ့တပါဖြစ်သောသူများနှင့် သူ့ကို ဆန့်ကျင်ပုန်ကန်သောသူများ ဖြစ်သည်။ သူ့ကို ယုံကြည်ပြီး သူ့ကို အမြဲ မွေ့လျော်လိုသော်လည်း၊ သူ့အတွက် မိမိတို့ကိုယ်ကိုယ် လုံးဝ အသုံးပြုမခံနိုင်သောသူများကို သူ စက်ဆုပ်၏။ သူ့ကို ချစ်သည်ဟုပြောသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သူ့အား ဆန့်ကျင်ပုန်ကန်သူများကို သူ စက်ဆုပ်၏။ လှည့်ဖြားခြင်း၌ ပါဝင်လုပ်ဆောင်ရန် စကားပြောကောင်းသည့်၊ ကွန့်လွန်းသော စကားများကို အသုံးပြုသောသူများအား သူ စက်ဆုပ်သည်။ ဘုရားသခင်အား အမှန်တကယ် မဆက်ကပ်သောသူများ သို့မဟုတ် သူ့၏ ရှေ့မှောက်တွင် အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိသောသူများသည် သစ္စာဖေါက်ပြီး သဘာဝအားဖြင့် အလွန် မာနထောင်လွှားကြသည်။ ပုံမှန်၊ လက်တွေ့ကျသော ဘုရားသခင်ရှေ့၌ အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်းမရှိနိုင်သော သူများသည် သာ၍ပင် မာနထောင်လွှားကြပြီး ၎င်းတို့သည် အထူးသဖြင့် ကောင်းကင်တမန်မင်း၏ တာဝန်ကျေသော သားသမီးများ ဖြစ်ကြသည်။ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အမှန်တကယ် အသုံးခံသောသူများသည် သူ၏ရှေ့တွင် ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို ခင်းကျင်းထားသည်။ ၎င်းတို့သည် သူ၏ မိန့်မြွက်ချက်များအားလုံးကို အမှန်တကယ် ကျိုးနွံနာခံပြီး၊ သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့၏ တည်ရှိခြင်း အခြေခံအုတ်မြစ် ဖြစ်စေပြီး မည်သည့်အပိုင်းများအား လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိဖို့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ စိတ်အားထက်သန်စွာ ရှာဖွေနိုင်ကြလေသည်။ ယင်းမှာ ဘုရားသခင်ရှေ့တွင် အမှန်တကယ် အသက်ရှင်သော လူများဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်” မှ

ယနေ့တွင် ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်မခံနိုင်သောသူများသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိနိုင်မည်မဟုတ်ပေ၊ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူတို့သည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်၏လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ရှေ့တော်သို့ ယူဆောင် လာနိုင်မည်လော ဟူသည်ကို ကြည့်လော့။ သင်၏ လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ ရှေ့တော်သို့ မယူဆောင် လာနိုင်ပါက၊ သင်သည် ဒုစရိုက်ကိုပြုသောသူတစ်ဦး ဖြစ်ကြောင်း ယင်းက ပြနေသည်။ ဒုစရိုက်ကိုပြုသောသူများသည် စုံလင်စေခြင်း ခံရနိုင်မည်လော။ သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်ရွယ်ချက် အားလုံးနှင့် တုံ့ပြန်မှုများအားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင် လာရမည်။ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာအသက်တာတွင်ပင်- သင်၏ ဆုတောင်းခြင်းများ၊ ဘုရားသခင်နှင့်နီးကပ်မှုများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်း၊ ထို့ပြင် အသင်းတော်အတွင်းရှိ သင်၏အသက်တာနှင့် သင်၏ တွဲဖက်ဆောင်ရွက်၍ အစေခံခြင်းတို့ကို ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို ခံရန်အတွက် သူ၏ ရှေ့တော်သို့ ယူဆောင်လာနိုင်သည်။ သင့်အား ဘဝတွင် ရင့်ကျက်သူတစ်ဦး ဖြစ်လာစေရန် ကူညီမည့် အရာသည် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်ခံခြင်းဖြစ်စဉ်သည် သန့်စင်ခြင်းဖြစ်စဉ် ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံနိုင်လေလေ၊ သင်စင်ကြယ်ခြင်း ခံရလေလေ ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီလေလေ ဖြစ်သဖြင့် ကာမဂုဏ်လွန်ကြူးခြင်းနှင့် အပျော်အပါးလိုက်စားခြင်း၏ ဆွဲဆောင်ခြင်းနောက် မလိုက်ဘဲ၊ သင်၏ စိတ်နှလုံးသည်လည်း ကိုယ်တော်၏မျက်မှောက်တွင် နေထိုင်ပေလိမ့်မည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို သင်လက်ခံလေလေ၊ စာတန် အရှက်ရလေလေဖြစ်ပြီး သင်သည် ဇာတိပကတိကို ပစ်ပယ်နိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အကဲခတ်ခြင်းကို လက်ခံခြင်းသည် လူတို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ မည်ကဲ့သို့သော အမှုအရာများကို သင်ပြုလုပ်နေပါစေ၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုသည့် အခါ၌ပင်လျှင်၊ သင်သည် သင်၏လုပ်ရပ်များကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍၊ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို တောင်းခံကာ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို နာခံရန် ရည်မှန်းနိုင်သည်၊ ယင်းသည် သင်လက်တွေ့လုပ်ဆောင်သည့် အရာကို ပိုမိုမှန်ကန်စေ ပေလိမ့်မည်။ သင်ဆောင်ရွက်သမျှကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံမှသာလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နေသူတစ်ဦး ဖြစ်နိုင်ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်” မှ

သင်သည် မည်သည့်ပြဿနာများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ သင်၏ ကိုယ်ပိုင်အကျိုးအမြတ်ကို အမြဲတမ်းကာကွယ်ခြင်း မပြုလေနှင့်။ ယင်းအစား သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ လေ့လာသင်ယူလော့။ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးမှုများ ဖော်ပြနေသည်ဖြစ်စေ မစစ်ဆေးဘဲ မနေလေနှင့်။ သင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဆင်ခြင်သုံးသပ်ပြီး သိမှတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ နေ့စဉ် အခြေအနေများတွင် သင်၏ အတွေးတို့သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား မည်သို့ဖြေရှင်းရမည်၊ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ သမ္မာတရား၏ အခြေခံသဘောတရားတို့သည် မည်သည်တို့ဖြစ်သည် ဆိုသည်တို့အပေါ်တွင် ရှိနေလျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့်အညီ သင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့အသုံးပြုရမည်ကို သင်ယူလေ့လာနိုင်စွမ်းရှိသည်။ ဤသို့ ပြုခြင်းအားဖြင့် သင်သည် လက်တွေ့အရှိတရားထဲသို့ တဖြည်းဖြည်းချင်း ဝင်ရောက်လိမ့်မည်။ သင်၏စိတ်သည် ပိုမိုမြင့်မားသောအဆင့်ကို မည်သို့ရရှိရမည် သို့မဟုတ် သင့်ကို အခြားသူများက သဘောကျစေရန် သူတို့ရှေ့၌ မည်သည့်အရာ ပြုလုပ်ရမည်ဟူသည့် အတွေးများနှင့် ပြည့်နှက်နေပါက၊ သင်သည် လမ်းမှားပေါ် ရောက်နေသည်။ ယင်းက သင်သည် စာတန်အတွက် အမှုအရာများ လုပ်ဆောင်နေသည်၊ သင်သည် အစေခံနေသည်ကို ဆိုလိုသည်။ အကယ်၍ သင်၏ စိတ်က သင်သည် လူသားတစ်ဦးနှင့် သာ၍ သာ၍ တူလာဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီဖို့၊ သူ့ကို ကျိုးနွံနာခံနိုင်ပြီး သူ့ကို ကြောက်ရွံ့နိုင်စွမ်းရှိဖို့၊ ပြီးလျှင် သင်ပြုလုပ်သမျှ အရာတိုင်း၌ ထိန်းချုပ်မှုကို ပြသပြီး သူ၏ စိစစ်ခြင်းကို လက်ခံနိုင်စွမ်းရှိဖို့အလို့ငှာ မည်သို့ ပြောင်းလဲရမည်ဆိုသည့် အတွေးများနှင့် ပြည့်ပါက၊ သင်၏အခြေအနေသည် ပို၍ပို၍ ကောင်းမွန်လာမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ရှေ့မှောက်တွင် အသက်ရှင်သောသူတစ်ဦးဖြစ်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဤသို့ဖြစ်သဖြင့် လမ်းကြောင်းနှစ်ခုရှိလေသည်- တစ်ခုက လူတစ်ဦးကိုယ်တိုင်၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် အစီအစဥ်များကို ဖြည့်ဆည်းလျက် အပြုအမူကိုသာ အသားပေးသည်၊ ဤသည်မှာ စာတန်၏ရှေ့မှောက်တွင် အသက်ရှင်ခြင်းနှင့် ၎င်း၏အုပ်စိုးမှုအောက်တွင် အသက်ရှင်ခြင်းဖြစ်သည်။ အခြားသောလမ်းကြောင်းက ဘုရားသခင်အား ကြောက်ရွံ့ပြီး မိမိ၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့အလို့ငှာ ဘုရားသခင်၏အလိုတော်ကို မည်သို့ ဖြည့်ဆည်းရမည်၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ မည်သို့ဝင်ရောက်ရမည်၊ ဘုရားသခင်ကို မည်သို့နာခံရမည်၊ သူ့အပေါ် နားလည်မှုလွဲမှားခြင်းများ သို့မဟုတ် မနာခံမှု မည်သို့မထားရှိရမည်ကို အလေးထားလေသည်။ ဤသည်မှာ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ပုံမှန်လူသားသဘာဝကို ပိုင်ဆိုင်နိုင်သည်” မှ

သင်တို့၏ နေ့စဉ် အသက်တာများတွင်၊ ဘုရားသခင်၏အမှုကို သင်တို့ တွေ့ကြုံခံစားရပြီး သူ့ထံ ဆုတောင်းသည့်အခါ၊ သင်တို့သည် သတိမမူဘဲ လုပ်ဆောင်ကြ၏- သင်တို့သည် အလုပ်လုပ်စဉ် ဘုရားသခင်ထံ ဆုတောင်းကြသည်။ ဤအရာကို ဘုရားသခင်ထံ သင်၏ စိတ်နှလုံးပေးအပ်ခြင်းဟု ခေါ်ဆိုနိုင်သလော။ သင်တို့သည် အိမ်မှုကိစ္စများ သို့မဟုတ် ဇာတိပကတိ အရေးကိစ္စများအကြောင်းကို စဉ်းစားနေကြ၏။ သင်တို့သည် အစဉ်အမြဲ စိတ်နှခွဖြစ်နေကြသည်။ ဤအရာကို ဘုရားသခင်မျက်မှောက်၌ သင်၏ စိတ်နှလုံးကို ငြိမ်သက်စေခြင်းဟု ယူဆ၍ရနိုင်သလော။ ဤသည်မှာ သင်၏ စိတ်နှလုံးက အပြင်ပန်း အရေးကိစ္စများအပေါ် အမြဲ အစွဲအလမ်းကြီးခြင်းကြောင့်ဖြစ်ပြီး၊ ဘုရားသခင်ရှေ့မှောက်သို့ ပြန်မလာနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်သက်စေမည်ဆိုပါက၊ သတိရှိလျက် ပူးပေါင်းလုပ်ဆောင်ခြင်းအလုပ်ကို သင် လုပ်ဆောင်ရမည်။ ဆိုလိုသည်မှာ သင်တို့ အယောက်တိုင်းသည် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ဘေးဖယ် ထားသည့်အချိန်၊ သင်၏ ကိုးကွယ်ဆက်ကပ်ခြင်းများအတွက် အချိန်တစ်ခု ရှိရမည်- သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် အေးငြိမ်းစေပြီး မိမိကိုယ်ကိုယ် တည်ငြိမ် စေရမည်။ အယောက်တိုင်းသည် ဘုရားနှုတ်ကပတ်တော်နှင့်ဆိုင်သော ၎င်းတို့၏ အသိပညာနှင့် ၎င်းတို့၏ စိတ်ဝိညာဉ် တို့ထိခံရပုံတို့သည် နက်နဲသည်ဖြစ်စေ အပေါ်ယံမျှဖြစ်စေ ၎င်းတို့ကို ရေးမှတ်ထားလျက် တစ်ဦးချင်းစီ၏ ကိုးကွယ် ဆည်းကပ်မှုဆိုင်ရာ မှတ်စုများ ထားရမည်။ အယောက်တိုင်း ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် သတိရှိရှိ ငြိမ်သက်စေရမည်။ သင်သည် စစ်မှန်သော ဝိညာဉ်ရေးရာ အသက်တာအဖို့ တစ်နေ့ကို တစ်နာရီ သို့မဟုတ် နှစ်နာရီ ဆက်ကပ်နိုင်ပါက၊ ထိုနေ့ သင်၏ အသက်တာသည် ကြွယ်ဝလိမ့်မည်ဖြစ်ပြီး သင်၏စိတ်နှလုံးသည် ရွှင်ပျကာ ကြည်လင်ပေလိမ့်မည်။ ဤသို့သော ဝိညာဉ်ရေးရာ အသက်တာမျိုးကို သင် နေ့စဉ် နေထိုင်ပါက၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ ပိုင်ဆိုင်သည့်အရာအဖြစ်သို့ သာ၍ ပြောင်းလဲနိုင်လိမ့်မည်၊ သင်၏ဝိညာဉ်သည် သာ၍ အားကောင်းသထက် အားကောင်းလာလိမ့်မည်၊ သင်၏ အခြေအနေသည် စဉ်ဆက်မပြတ် တိုးတက်လိမ့်မည်၊ သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သောလမ်းကြောင်းကို သင်သည် သာ၍ လျှောက်လှမ်းနိုင်စွမ်း ရှိလာလိမ့်မည်ဖြစ်ပြီး သင့်အပေါ်သို့ ကောင်းချီးမင်္ဂလာများကို ဘုရားသခင်က တိုး၍အပ်နှင်းလိမ့်မည် ဖြစ်သည်။ သင်၏ ဝိညာဉ်ရေးရာ အသက်တာ၏ ရည်ရွယ်ချက်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်ကို သတိရှိရှိ ရရှိဖို့ ဖြစ်သည်။ ယင်းမှာ စည်းမျဉ်းများကို လိုက်နာဖို့ သို့မဟုတ် ဘာသာရေး ထုံးတမ်းဓလေ့များကို လုပ်ဆောင်ဖို့မဟုတ်ဘဲ၊ ဘုရားသခင်နှင့် အမှန်တကယ် အတူပူးပေါင်းလုပ်ဆောင်ဖို့၊ သင်၏ကိုယ်ခန္ဓာကို ထိန်းသိမ်းကြပ်မတ်ဖို့ ဖြစ်သည်။ ဤသည်မှာ လူသား လုပ်ဆောင်သင့်သည့် အရာဖြစ်၏၊ ထို့ကြောင့် ဤအရာကို အစွမ်းကုန် အားထုတ်ကာ သင်တို့ လုပ်ဆောင်သင့်သည်။ သင်၏ ပူးပေါင်းလုပ်ဆောင်မှု ကောင်းလေလေဖြစ်ပြီး အားထုတ်မှုကို သင် ဆက်ကပ်လေလေ၊ သင်၏စိတ်နှလုံးသည် ဘုရားထံသို့ ပြန်လာနိုင်လေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို သာ၍ကောင်းမွန်စွာ ငြိမ်သက် စေနိုင်လေလေ ဖြစ်သည်။ တစ်ချိန်ချိန်တွင်၊ ဘုရားသခင်သည် သင့်စိတ်နှလုံးကို လုံးလုံးလျားလျား ရယူလိမ့်မည်။ သင်၏စိတ်နှလုံးကို မည်သူမျှ တိမ်းညွတ်စေနိုင်မည် မဟုတ်၊ သို့မဟုတ် ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ဘဲ၊ သင်သည် ဘုရားသခင်နှင့် လုံးဝ သက်ဆိုင်လိမ့်မည်။ ဤလမ်းကြောင်းကို သင်လျှောက်လှမ်းပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မိမိဘာသာ သင့်ထံ တစ်ချိန်လုံး ထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ သင် နားမလည်သော အရာအားလုံးနှင့် ပတ်သက်၍ သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်- ဤအရာအားလုံးကို သင်၏ ပူးပေါင်းလုပ်ဆောင်ခြင်းမှတစ်ဆင့် ရရှိနိုင်ပေသည်။ ထို့ကြောင့် ဘုရားသခင်က၊ “ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်သော သူအားလုံး၊ ငါသည် ဆုလာဘ် နှစ်ဆပေးမည်” ဟု အမြဲ ဆိုရခြင်း ဖြစ်သည်။ ဤလမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်ရမည်။ အကယ်၍ သင်သည် လမ်းကြောင်းမှန်ကို လျှောက်လှမ်းရန် ဆန္ဒရှိပါက၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သင်လုပ်နိုင်သမျှ လုပ်ဆောင်ရမည်။ ဝိညာဉ်ရေးရာ အသက်တာတစ်ခု ရရှိနိုင်ဖို့ သင်သည် လုပ်နိုင်သမျှ လုပ်ဆောင်ရမည်။ အစတွင် သင်သည် ဤလိုက်စားမှုတွင် ကြီးမားသော ရလဒ်များ မရဘဲ ရှိကောင်း ရှိနိုင်သော်လည်း၊ သင်သည် မိမိကိုယ်ကိုယ် ဆုတ်ယုတ်ခွင့် ပြုရမည်မဟုတ်၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်း၌ သာယာခွင့်ပြုရမည်မဟုတ်- သင်သည် ဆက်လက်၍ ကြိုးစားလုပ်ဆောင်ရမည်။ ဝိညာဉ်ရေးရာ အသက်တာ၌ သင် အသက်ရှင်လေလေ၊ သင်၏ စိတ်နှလုံးသည် ဤကိစ္စများကို အမြဲစိတ်ဝင်စားရင်း၊ ဤဝန်ထုပ်ကို အမြဲသယ်ဆောင်လျက်၊ ဘုရားနှုတ်ကပတ်တော်များ၏ နေရာယူခြင်း ခံရလေလေ ဖြစ်သည်။ ထို့နောက်တွင်၊ သင်၏ အတွင်းကျဆုံးသော အမှန်တရားကို သင်၏ ဝိညာဉ်ရေးရာ အသက်တာမှတစ်ဆင့် ဘုရားသခင်ထံ ထုတ်ဖော်ပြလော့။ သင် လုပ်ဆောင်ရန် လိုလားနေသောအရာ၊ သင်စဉ်းစားနေသည့်အရာ၊ သူ၏ နှုတ်ကပတ်တော်နှင့်ဆိုင်သော သင်၏ သိနားလည်မှုနှင့် အမြင်တို့ကို သူ့အား ပြောပြလော့။ မည်သည့်အရာကိုမျှ နည်းနည်းလေးမျှပင် ချုပ်တည်းမထားနှင့်။ သင်၏ စိတ်နှလုံးအတွင်းရှိ စကားများကို ပြောဆိုခြင်းနှင့် ဘုရားသခင်ထံ သင်၏ စစ်မှန်သော ခံစားချက်များကို ထုတ်ဖော်ပြခြင်းအား လက်တွေ့လုပ်ဆောင်လော့။ သင်၏ စိတ်နှလုံးထဲတွင် ရှိပါက၊ ပြောသာပြောလော့။ ဤသို့ သင် ပြောဆိုလေလေ၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို သင် ခံစားရလေလေ ဖြစ်ပြီး၊ ဘုရားသခင်သည် သင်၏ စိတ်နှလုံးကို ဆွဲဆောင်လေလေ ဖြစ်လိမ့်မည်။ ဤအရာ ဖြစ်သည့်အခါတွင်၊ ဘုရားသခင်သည် အခြားမည်သူမဆိုထက် သင့်အဖို့ သာ၍ နှစ်လိုဖွယ်ဖြစ်သည်ဟု သင် ခံစားရလိမ့်မည်။ မည်သည့်အရာဖြစ်ပါစေ၊ သင်သည် ဘုရားသခင်၏ထံပါးမှ ဘယ်သောအခါမျှ စွန့်ခွာလိမ့်မည်မဟုတ်။ ဤသို့သော ဝိညာဉ်ရေးရာ အသက်တာမျိုးကို နေ့စဉ်နေ့တိုင်း သင် လက်တွေ့လုပ်ဆောင်ပြီး၊ သင်၏စိတ်ထဲမှ မထုတ်ဘဲ၊ ယင်းကို သင်၏ အသက်တာတွင် ကြီးမားသော အရေးပါသည့် ကိစ္စတစ်ခုအဖြစ် သဘောထားပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်၏ စိတ်နှလုံးကို နေရာယူလိမ့်မည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိမှုခံရခြင်းဟု ဆိုလိုသောအရာ ဖြစ်သည်။ ယင်းမှာ သင်၏ စိတ်နှလုံးက ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို အမြဲ ခံခဲ့ရသည့်အလား၊ သင် ချစ်ခင်နှစ်သက်သည့်အရာက သင်၏ စိတ်နှလုံးထဲတွင် အမြဲရှိသည့်အလား ဖြစ်ပေလိမ့်မည်။ အဘယ်သူမျှ ထိုအရာကို သင့်ထံက ယူမသွားနိုင်ပေ။ ဤအရာဖြစ်ပျက်သည့်အခါ၊ ဘုရားသခင်သည် သင့်အထဲတွင် အမှန်တကယ် အသက်ရှင်လိမ့်မည်ဖြစ်ပြီး၊ သင့်စိတ်နှလုံးထဲတွင် နေရာတစ်ခု အမှန်တကယ် ရှိလိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် လူတို့ကိုလမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ပေး၏” မှ

ဘုရားသခင်၏ အသုံးပြုခြင်းခံရစေရန် လူတို့ ပြည့်မီရမည့် စံနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်- သူတို့၏ စိတ်နှလုံးသည် ဘုရားသခင်ကို အားကိုးသည်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ဝန်ကို ထမ်းဆောင်သည်၊ တမ်းတသောစိတ်နှလုံးရှိသည်၊ ထို့အပြင် သမ္မာတရားကို ရှာဖွေရန် သန္နိဌာန်ချထားသည်။ ထိုကဲ့သို့သောလူများသာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကိုရရှိနိုင်ကာ ဉာဏ်ပွင့်ခြင်းနှင့် အလင်းပေးခြင်းကို မကြာခဏရရှိကြသည်။ ဘုရားသခင် အသုံးပြုသော သူများသည် လျော်ကန်စွာ စကားဆိုပြီး၊ ပေါ့ပေါ့ဆဆပြောဆိုခြင်းမပြုသည့်အပြင်၊ ဘုရားသခင် ရှေ့မှောက်တွင် အမြဲတစေ ငြိမ်းချမ်းသော စိတ်နှလုံးထားရှိနိုင်သော်လည်း၊ အပြင်ပန်းတွင် ဆင်ခြင်တုံမရှိသူများ၊ အခြားသူများနှင့် ပုံမှန် ဆက်ဆံရေးမရှိသူများဟု ထင်ရသည်။ သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုရန် စံနှုန်းမီသူမှာ ထိုသို့သောလူစားသာလျှင် အတိအကျဖြစ်သည်။ ဘုရားသခင် မြွက်ဟသည့် ယင်း “ဆင်ခြင်တုံမဲ့” သူများသည် အခြားသူများနှင့် ပုံမှန် ဆက်ဆံရေးမရှိဟု ထင်ရပြီး၊ သူတို့သည် အပြင်ပန်းချစ်ခင်မှု သို့မဟုတ် အပြင်ပန်းကျင့်ထုံးများအပေါ် ထိုက်သင့်သလောက် အလေးမထားပေ၊ သို့သော် ဝိညာဉ်ရေးရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရာတွင် သူတို့သည် သူတို့၏နှလုံးသားကို ဖွင့်နိုင်စွမ်းရှိပြီး ဘုရားသခင် ရှေ့မှောက် တကယ့်အတွေ့အကြုံများမှ ရရှိလာသော အလင်းပေးခံရခြင်းနှင့် အသိဉာဏ်ပွင့်ခြင်းကို သူတစ်ပါးအား ကိုယ်ကျိုးမငဲ့ဘဲ ပံ့ပိုးနိုင်စွမ်းရှိသည်။ ဤသည်မှာ ဘုရားသခင်ကို သူတို့ချစ်ကြောင်းဖော်ပြပုံဖြစ်ပြီး ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပုံဖြစ်သည်။ အခြားသူများအားလုံးက သူတို့အား ကဲ့ရဲ့လှောင်ပြောင်နေကြစဉ်တွင် သူတို့သည် ပြင်ပမှလူများ၊ အကြောင်းကိစ္စများ၊ သို့မဟုတ် အမှုအရာတို့၏ ထိန်းချုပ်မှုကို ရှောင်ရှားနိုင်ကြကာ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်နိုင်ဆဲရှိကြသည်။ ထိုသို့သော လူတွင် ထူးခြားသော ကိုယ်ပိုင်ထိုးထွင်းသိမြင်မှု ရှိနေသည်ဟု ထင်မှတ်ရသည်။ အခြားသူများက မည်သည့်အရာပြုသည်ဖြစ်စေ၊ သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဘယ်သောခါမျှ ခွဲခွာမသွားပေ။ အခြားသူများ ပျော်ရွှင်စွာနှင့် ရယ်မောဖွယ်ကောင်းစွာ စကားလက်ဆုံကျနေစဉ်၊ သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ရှေ့တွင် ရှိမြဲရှိနေကာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို စဉ်းစားဆင်ခြင် နေကြသည်၊ သို့မဟုတ် နှလုံးသားတွင်းမှ ဘုရားသခင်ထံ အသံတိတ် ဆုတောင်းကာ ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေနေကြသည်။ ထိုသူတို့သည် အခြားသူများနှင့် ပုံမှန်ဆက်ဆံရေး ထိန်းသိမ်းထားခြင်းကို မည်သည့်အခါကမျှ အရေးမထား။ ထိုကဲ့သို့သောသူသည် အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်မရှိဟု ထင်ရသည်။ အပြင်ပန်းတွင် ထိုသူသည် ရွှင်ရွှင်ပျပျနှင့် ချစ်ဖွယ်ဖြစ်သည်။ ဖြူစင်သည်။ သို့သော် စိတ်အေးချမ်းမှုကိုလည်း ပိုင်ဆိုင်ထားသည်။ ဤသည်မှာ ဘုရားသခင် အသုံးပြုသောလူစား၏ ပုံစံပင်တည်း။ အသက်ရှင်ရေးအတွက် သဘောတရား ခံယူချက်ကဲ့သို့သော အရာများ၊ သို့မဟုတ် “သာမန်အကြောင်းရင်း” သည် ထိုလူစားမျိုးအတွက် လုံးဝအလုပ်မဖြစ်ပေ။ ယင်းသည် စိတ်နှလုံးတစ်ခုလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မြှုပ်နှံထားသော လူစားမျိုး ဖြစ်ပြီး သူတို့၏စိတ်နှလုံးတွင် ဘုရားသခင်သာ ရှိပုံရသည်။ ယင်းမှာ “အကြောင်းမဲ့သော” သူဟု ဘုရားသခင် ရည်ညွှန်းသော လူစားဖြစ်ပြီး ဤလူစားမှာ ဘုရားသခင် အသုံးပြုသည့် လူစား အတိအကျဖြစ်၏။ ဘုရားသခင် အသုံးပြုနေသောသူ၏ အမှတ်အသားမှာ- မည်သည့်အချိန် မည်သည့်နေရာတွင်မဆို သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ရှေ့တွင် အစဉ်ရှိသည်၊ ထို့အပြင် အခြားလူများ မည်မျှပင် အကျင့်ပျက်သည်ဖြစ်စေ၊ သူတို့၏ ရာဂနှင့်ဇာတိကို မည်မျှပင် အလိုလိုက်ကြသည်ဖြစ်စေ၊ ထိုလူ၏စိတ်နှလုံးကမူ ဘုရားသခင်ထံမှမခွဲခွာ၊ ထိုလူတို့သည် လူအများ၏ နောက်ကိုမလိုက်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏” မှ

ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲတွင် ရှိပြီး သင်သည် ဘုရားသခင်အား ယုံကြည်ပါက၊ သင်သည် သင်၏လူယုံတော်များကို ပြောမည့် ထိုအမှုအရာများ အပါအဝင်၊ သင်၏စိတ်နှလုံးထဲမှ ရှိသမျှအားလုံးကို သူ့အား ပြောနိုင်ပေလိမ့်မည်။ အမှန်တွင် ဘုရားသခင်သည် သင်၏ အနီးစပ်ဆုံး လူယုံတော် ဖြစ်သည်။ ဘုရားသခင်ကို သင်၏ အနီးစပ်ဆုံး လူယုံတော်အဖြစ်၊ သင်အားအထားဆုံး ၊ အားအကိုးဆုံး၊ အယုံကြည်ဆုံး၊ စိတ်ချအယုံကြည်ဆုံး သင်၏မိသားစုအဖြစ်၊ သင်နှင့်အရင်းနှီးဆုံးသူအဖြစ် ဆက်ဆံပါက၊ သင်၌ ဘုရားသခင်ကို ပြောစရာစကား တစ်ခုမျှ မရှိသည်မှာ မဖြစ်နိုင်ပေ။ သင်၌ ဘုရားသခင်ကို ပြောစရာတစ်စုံတစ်ခု အစဉ်ရှိပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် အမြဲ အသက်ရှင်မည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမြဲ အသက်ရှင်နိုင်ပါက၊ အခိုက်အတန့်တိုင်းတွင် ဘုရားသခင်က သင့်ကို မည်သို့ လမ်းပြသည်၊ သင့်ကို မည်သို့ စောင့်ရှောက်ပြီး ကွယ်ကာသည်၊ သင့်ထံ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို သူမည်သို့ ဆောင်ကြဉ်းသည်၊ သင့်ကို သူမည်သို့ ကောင်းချီးပေးသည်၊ သင့်ကို သူမည်သို့ ဉာဏ်အလင်းပေးသည်၊ ပြီးလျှင် သင့်ကို သူ မည်သို့ ပြစ်တင်မောင်းမဲသည်၊ သင့်ကို မည်သို့ ဆုံးမပဲ့ပြင်သည်၊ သင့်ကို မည်သို့ရိုက်နှက်သည်၊ ပြီးလျှင် သင့်ကို မည်သို့ စီရင်ပြီး ပြစ်တင်ဆုံးမသည်တို့ကို သင်ခံစားရလိမ့်မည်။ ဤအရာအားလုံးသည် သင်၏စိတ်နှလုံးထဲတွင် သင့်အဖို့ ရှင်းလင်းပြီး သိသာထင်ရှားလိမ့်မည်။ သင်သည် မည်သည့်အရာကိုမျှ မသိဘဲ၊ ဘုရားသခင်ကို ယုံကြည်သည်ဟုသာ ပြောရင်း၊ သင်၏ တာဝန်ကို ဖြည့်ဆည်းပြီး အပြင်ပန်းအတွက်သာ စုဝေးပွဲများ တက်ရင်း၊ နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ဆုတောင်းရင်း ဟန်ဆောင်နေရုံမျှ ဟန်ဆောင်ရင်း၊ နေ့စဉ်နေ့တိုင်းကို အိုးနင်းခွက်နင်း ပြီးမြောက်သွားလိမ့်မည် မဟုတ်ပေ၊ သင်၏နေ့စဉ်သည် ဤသို့သော အပြင်ပန်း ဘာသာရေး ဟိတ်ဟန်မျိုးမျှသာ ဖြစ်လိမ့်မည် မဟုတ်ပေ။ ထိုအစား သင်၏စိတ်နှလုံးထဲတွင် သင်သည် အခိုက်အတန့်တိုင်းတွင် ဘုရားသခင်ကို ကိုးစားပြီး ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်၊ သင်သည် အချိန်တိုင်း ဘုရားသခင်နှင့် ဆွေးနွေးပြောဆိုလိမ့်မည်၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်မည် ဖြစ်ကာ ဘုရားသခင် ရှေ့တွင် အသက်ရှင်နိုင်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ ရှေ့မှောက် အမြဲအသက်မရှင်နိုင်သူတို့မှာ မယုံကြည်သူများဖြစ်သည်” မှ

ဘုရားသခင်သည် လူများ၏စိတ်နှလုံးများကို မည်သို့ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးသနည်း။ သူက သူ၏မျက်လုံးများဖြင့်သာ ကြည့်ခြင်းမဟုတ်ပေ။ သင်၏စိတ်နှလုံးကို သူ၏လက်များဖြင့် တို့ထိလျက်၊ သင့်အတွက် သူက ပတ်ဝန်းကျင်များ သတ်မှတ် ပေးသည်။ ပြီးလျှင် ငါသည် ဤသည်ကို အဘယ့်ကြောင့် ပြောသနည်း။ အကြောင်းမှာ ဘုရားသခင်က သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို သတ်မှတ်ပေးသည့်အခါ၊ သင် မနှစ်သက်ခြင်းနှင့် ရွံရှာစက်ဆုပ်ခြင်းတို့ကို ခံစားရခြင်းရှိမရှိ သို့မဟုတ် ဝမ်းမြောက်ခြင်းနှင့် နာခံခြင်းတို့ကို ခံစားရခြင်း ရှိမရှိကို သူကြည့်သည်။ သင်သည် တိတ်ဆိတ်စွာ စောင့်ဆိုင်းခြင်းရှိမရှိ သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်း ရှိမရှိ မြင်ရဖို့ကို ကြည့်ရှုသည်။ သင်၏စိတ်နှလုံး မည်သို့ပြောင်းလဲပြီး သင်၏ စိတ်နှလုံးသည် မည်သည့်ဦးတည်ရာသို့ ကြီးထွားနေသည်ကို ဘုရားသခင်က ကြည့်သည်။ သင်၏စိတ်နှလုံးထဲမှ ပြောင်းလဲမှုများ၊ သင့်အတွက် သူသတ်မှတ်ပေးသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများနှင့်သက်ဆိုင်သည့် အတွေးအခေါ်တိုင်းနှင့် စိတ်ကူးတိုင်း၊ ပြီးလျှင် သင်၏ခံစားချက်များ၌ ပြောင်းလဲမှုတိုင်း- ဘုရားသခင်သည် ယင်းတို့အားလုံးကို ခံစား၍ ရနိုင်သည်။ သင်သည် ဤအရာများကိုမည်သူ့ကိုမျှ မပြောရသေးသကဲ့သို့၊ ယင်းတို့နှင့်ပတ်သက်ပြီး ဆုမတောင်းရသေးပေ။ သင်၏စိတ်နှလုံးထဲတွင်သာ၊ သင်၏ကိုယ်ပိုင် ကမ္ဘာထဲတွင်သာ၊ ယင်းတို့နှင့် ပတ်သက်၍ သင်တွေးခဲ့မိသည်- သို့သော် ဘုရားသခင်က ယင်းတို့ကို ကောင်းစွာသိပြီး ယင်းတို့သည် သူ့အတွက် အလွန်ပင် နားလည်ရ လွယ်ကူလေသည်။ လူများက သင့်ကို ၎င်းတို့၏ မျက်လုံးများဖြင့် ကြည့်ကြသော်လည်း၊ ဘုရားသခင်က သင်၏စိတ်နှလုံးကို သူ၏ စိတ်နှလုံးဖြင့် တို့ထိသည်။ ယင်းမှာ သူသည် သင်နှင့်မည်မျှနီးစပ်ပုံဖြစ်သည်။ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ခံနေရသည်ကို ခံစား၍ရနိုင်ပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ရှင်သန်နေခြင်း ဖြစ်သည်။ သင်မည်သည့်အရာကိုမျှ မခံစားရပါက၊ သင်သည် သင်၏ကိုယ်ပိုင် ကမ္ဘာထဲတွင် ရှင်သန်နေသည်၊ ယင်းအခြေအနေတွင် သင်သည် ပြဿနာရှိနေပြီဖြစ်သည်။ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် အသက်မရှင်ဘဲ၊ သင်နှင့်ဘုရားသခင်တို့ ကြားတွင် ကွာဟချက် တစ်ခုရှိနေသည်၊ သင်သည် ဘုရားသခင်နှင့် ဝေးကွာနေသည်၊ သင်တို့၏စိတ်နှလုံးများသည် မနီးစပ်ကြပေ၊ ယင်းတို့က မတို့ထိနေကြပေ၊ သင်သည် ဘုရားသခင်၏ စိစစ်ခြင်းကို လက်မခံပေ- ပြီးလျှင် ဘုရားသခင်ကလည်း ဤသည်ကို သိသည်၊ သူက ယင်းကို အထူးတလည် နားလည်သည်။ ထို့ကြောင့် သင်သည် သန္နိဌာန်နှင့် ရည်ရွယ်ချက်တို့ကို ပိုင်ဆိုင်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့ နှင့် သူ၏အလိုတော်ကို လိုက်နာသူတစ်ယောက် ဖြစ်လာဖို့အပြင်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သူတစ်ဦး ဖြစ်ဖို့ ဆန္ဒရှိပါက- ဤသန္နိဌာန် သင်၌ရှိပြီး သင်သည် ထိုသို့သော အရာများအတွက် မကြာခဏ ဆုတောင်းနေပြီး တောင်းလျှောက် နေကာ၊ ဘုရားသခင် ရှေ့မှောက်တွင် ရှင်သန်ပြီး သူ့ကို ရှောင်ကြဉ်ခြင်း သို့မဟုတ် စွန့်ခွာခြင်း မရှိပါက၊ ဤအမှုအရာများသည် သင့်အတွက် ရှင်းလင်းလာပြီး သူကဤသည်ကို သတိပြုမိလိမ့်မည်။ လူအချို့ “ဤသည်က ကျွန်ုပ်အတွက် ရှင်းလင်းသည်၊ ဘုရားသခင်က ယင်းကို သတိပြုမိသလော။” ဟု ပြောကြသည်။ ထိုသို့သော စကားများ၌ ယုံကြည်လက်ခံမှုမရှိပေ။ ယင်းကို ပြောခြင်းက သင်သည် ဘုရားသခင်နှင့် မည်သည့်အခါကမျှ ပြောဆိုဆွေးနွေးဖူးခြင်း မရှိကြောင်းနှင့် သင်နှင့်သူ့ကြားတွင် မည်သည့် ဆက်ဆံရေးမျှ မရှိကြောင်း သက်သေပြနေသည်။ မည်သည့်ဆက်ဆံရေးမျှ မရှိဟု ငါအဘယ့်ကြောင့် ပြောသနည်း။ အကြောင်းမှာ သင်သည် ဘုရားသခင် ရှေ့မှောက်၌ မရှင်သန်သောကြောင့်၊ ဘုရားသခင်သည် သင်နှင့်အတူ ရှိနေခြင်း ရှိမရှိ၊ သူက သင့်ကို လမ်းညွှန်နေခြင်း ရှိမရှိ၊ သူက သင့်အား ကွယ်ကာနေခြင်းရှိမရှိ၊ သင် အမှား တစ်စုံတစ်ခု လုပ်သည့်အခါ၊ သူက သင့်ကို ပြစ်တင်မောင်းမဲနေခြင်းရှိမရှိတို့ကို အသိစိတ် သင်၌ လုံးဝ မရှိပေ။ ဤသည်တို့ကို တစ်ခုမျှ သင် မခံစားရပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်၌ ရှင်သန်နေခြင်း မဟုတ်ပေ။ သင်သည် သင့်ကိုယ်သင် အတွက်သာ တွေးပြီး၊ ကိုယ့်အတွက်သာ ကိုယ်သိပါက၊ သင်သည် သင်၏ကိုယ်ပိုင် ကမ္ဘာထဲတွင် ရှင်သန်နေခြင်းဖြစ်ကာ၊ ဘုရားသခင် ရှေ့မှောက်တွင် ရှင်သန်နေခြင်း မဟုတ်ဘဲ၊ သင်နှင့် ဘုရားသခင်တို့ကြားတွင် မည်သည့်ဆက်ဆံရေးမျှ မရှိပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ ရှေ့မှောက် အမြဲအသက်မရှင်နိုင်သူတို့မှာ မယုံကြည်သူများဖြစ်သည်” မှ

ဤတရားဒေသနာများကိုနားထောင်ပြီးနောက် မည်သည့်အရာက သင့်ကို စိတ်ထက်သန်စေသည်ဆိုသည်မှာ အရေးမကြီးပေ။ အရာခပ်သိမ်းကို ပြောဆိုပြုလုပ်ပြီးချိန်တွင် တစ်ခုတည်းသောလမ်းမှန်မှာ သင့်အား ဘုရားသခင်ကိုကြောက်ရွံ့စေ၍၊ ဒုစရိုက်ကိုရှောင်ကြဉ်စေသောလမ်းဖြစ်သည်။ သင်သည် ဘုရားသခင်ကိုယုံကြည်သော်လည်း၊ သင်၏ ယုံကြည်ခြင်းသည် ကိုယ်တော်နှင့်ပတ်သက်ဆက်နွှယ်မှုမရှိလျှင်၊ သူသည် သင်၏အရှင်သခင်နှင့် သင်၏ဖန်ဆင်းရှင်မဟုတ်လျှင်၊ သူသည်သင်၏ ကံကြမ္မာကို အုပ်စိုးသောအရှင်ဖြစ်ကြောင်းကို သင်လက်ခံခြင်းမရှိလျှင်၊ သင့်အတွက် သူစီစဉ်ချမှတ်ထားသောအရာအားလုံးကို သင်ကျိုးနွံနာခံခြင်းမရှိလျှင်၊ သူသည် သမ္မာတရားဖြစ်ကြောင်းအဖြစ်မှန်ကို သင်လက်ခံခြင်းမရှိလျှင် သင်၏ကယ်တင်ခြင်းစိတ်ကူးအိပ်မက်သည် ဆိုးဆိုးဝါးဝါးဆုတ်ပြဲ ပျက်စီးနေသောအခြေအနေတွင်ရှိနေ၏။ ဤလမ်းကို သင်လျှောက်လမ်းလျှင် သင်သည်ပျက်ဆီးခြင်းလမ်းပေါ်တွင် ရှိနေ၏။ သင်နေ့စဉ်စူးစိုက်သောအရာ၊ လိုက်စားသောအရာ၊ ဆုတောင်းအသနားခံသောအရာက သင်သည်ဖန်ဆင်းရှင်အား ကျိုးနွံနာခံရမည်၊ ဘုရားသခင်သည် သင်၏အရှင်သခင်ဖြစ်သည်ဟူသော အသိစိတ်တိုးပွားနေမှုကို ဖြစ်ပေါ်စေသည် ဆိုပါစို့။ သင်သည် ကိုယ်တော်၏ အချုပ်အခြာအာဏာနှင့် သင့်အပေါ် စီစဉ်ညွှန်ကြားမှုကို ဝမ်းမြောက်စွာလက်ခံပြီး၊ နာခံ၍၊ ဘုရားသခင်က သင့်အတွက် ကြိုတင်စီစဉ်ထားသောအရာကို ပို၍ဝမ်းမြောက်စွာဖြင့် ကျိုးနွံနာခံလျက် သင့်အခြေအနေသည် တိုး၍တိုး၍ပုံမှန်ဖြစ်လာသည်၊ သင်နှင့် ဘုရားသခင်၏ဆက်ဆံရင်းနှီးမှုသည် ပို၍ရင်းနှီးလာသည်၊ ကိုယ်တော်အပေါ်၌ထားသော သင့်ချစ်ခြင်းမေတ္တာသည် ပို၍ စင်ကြယ်လာသည်၊ ထို့အပြင်၊ သင့်တွင် အလွန်အကျွံတောင့်တမှုများ၊ တိုင်တန်းညည်းတွားမှုများ၊ ဘုရားသခင်အား လွဲမှားစွာသိနားလည်ထားမှုများ ပို၍နည်းလာသည်။ သင်သည် မကောင်းမှု ကျူးလွန်မှု ပို၍ လျော့ကျလာကာ ပိုမိုရှောင်ကြဉ်လာပြီး၊ ဘုရားသခင်ကို သင်ကြောက်ရွံခြင်းသည်လည်း ပို၍စစ်မှန်လာသည်ဆိုပါစို့။ ဤအရာက မည်သည့်အရာကို ဆိုလိုမည်နည်း။ သင်သည် ကယ်တင်ခြင်းလမ်းပေါ်၌ ခြေကိုချထားသည်ဟု ဆိုလိုလိမ့်မည်။ သင်ရှာဖွေနေသော အရာသည် မှားယွင်းလွဲချော်နေသော အရာမဟုတ်ဟူ၍လည်းကောင်း၊ သင်လိုက်လျှောက်နေသောလမ်းသည် လမ်းမှန်ဖြစ်သည်ဟူ၍ လည်း‌ကောင်း သင်ထင်မှတ်ထားသော်လည်း သင်၏ရှာဖွေမှုများ အားလုံးပြီးနောက်တွင် သင်သည် ဘုရားသခင်၏ဆုံးမပဲ့ပြင်ခြင်းကို မခံရ၊ ကိုယ်တော်၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံစားသိနားလည်နိုင်ခြင်းမရှိ၊ ကိုယ်တော်၏စစ်ကြောခြင်းကို လိုလားမှုမရှိဖြစ်ပြီး၊ သင်သည် သင်ကိုယ်တိုင်၏ အကြီးအကဲဖြစ်လိုနေလျှင် ဤအရာသည် လမ်းမှန်မဟုတ်ပါ။ သင်သည် ကြိုးစားအားထုတ်လေလေ ဘုရားသခင်၏ရှေ့တွင် သင်အချိန်တိုင်းရှင်သန်ရမည်ဟူသော သင့်အသိစိတ်သည်လည်း ပို၍ကြီးမားလေလေဖြစ်ပြီး တစ်နေ့ တစ်ချိန်တွင် သင်သည် အမှားတစ်စုံတစ်ခုကို ကျုးလွန်၍၊ သင်ဂရုမစိုက်ပဲထားသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ပြစ်မှားစော်ကားမိ၍ ဒုက္ခရောက်ရမည်ကိုလည်းကောင်း၊ ထိုနောက် ကိုယ်တော်၏စွန့်လွှတ်ခြင်းကို အမှန်ခံရမည်ကိုလည်းကောင်း၊ ဤအရာ ထက်ပို၍ကြောက်လန့်ဖွယ် အခြားမည်သည့်အရာမျှ မရှိတော့ကြောင်းကိုလည်းကောင်း သင်စိုးရိမ်ကြောက်လန့်လာပြီး၊ လူတို့သည် ဘုရားသခင်ကိုယုံကြည်ကြသောအခါ သူတို့သည်ကိုယ်တော်ထံမှ လမ်းမှားသွေဖည်မသွားရမည်ကိုလည်းကောင်း၊ သူတို့သည် ကိုယ်တော်၏ဆုံးမပဲ့ပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ပေးခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့မှ လမ်းလွှဲသွေဖည်သွားကြလျှင်၊ ထိုအရာသည် ဘုရားသခင်၏ကြည့်ရှု စောင့်ရှောက်ခြင်းနှင့် ကွယ်ကာစောင့်မခြင်းတို့အား ဆုံးရှုံးရခြင်းနှင့် အတူတူဖြစ်ကြောင်း သင်ခံစားရလျှင်၊ ဤအရာများကို သင်သိရှိနားလည်လျှင် သင်သည် ဘုရားသခင်ထံ၌ဆုတောင်း၍ “အို၊ ဘုရားသခင်၊ အကျွန်ုပ်အား တရားစီရင်၍ပြစ်တင်ဆုံးမရန်အတွက်လည်းကောင်း၊ အပြစ်ဖော်ဆုံးမ၍ ထိန်းသိမ်း ကြပ်မတ်ပေးရန်အတွက်လည်းကောင်း၊ အကျွန်ုပ်အားအချိန်တိုင်း စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးရန်အတွက်လည်းကောင်း၊ ကိုယ်တော့် အားချစ်ကြောက်ရိုသေခြင်းကို အကျွန်ုပ်၌ခွင့်ပြုပေးသနားရန်အတွက် လည်းကောင်း၊ ဒုစရိုက်ကိုရှောင်ကြဉ်ဖို့ အကျွန်ုပ်အားပြုတော်မူရန်အတွက်လည်းကောင်း ကိုယ်တော့်ကိုအသနားခံတောင်းလျှောက်ပါ၏” ဟုပြောလိမ့်မည်။ ဤလမ်းကို သင်မည်သို့ ထင်မှတ်ပါသနည်း။ ဤလမ်းသည်လမ်းမှန်ဖြစ်၏။ ထို့ကြောင့်၊ သင်တို့သည် ဤစံနှုန်းများနှင့်ယှဉ်၍ မိမိတို့ကိုယ်ကိုယ် တိုင်းတာသင့်၏- သင်တို့သည် ကယ်တင်ခြင် လမ်းကြောင်းပေါ်တွင် ရှိကြသလော။ (မရှိပါ။) ကယ်တင်ခြင်း လမ်းကြောင်းကို လျှောက်ရန် လွယ်ကူသလော။ (ဘုရားသခင်ကို သူ၏ လမ်းပြခြင်းအတွက် ကျွန်ုပ်တို့ မှီခိုရမည်။) သင်တို့သည် ဘုရားသခင်အပေါ် မှီခိုရမည်ဖြစ်ပြီး၊ ယင်းသည် သင်ကိုယ်တိုင်၏ ပူးပေါင်းဆောင်ရွက်ခြင်းအပေါ်လည်း မူတည်ပေသည်။ ဤမှာကြားချက်ကို ကြားပြီးသည့်နောက် သင်တို့သည် ကယ်တင်ခြင်း လမ်းကြောင်းပေါ် ခြေမချရသေးသော်လည်း စိုးရိမ်ခြင်းမရှိကြဘဲ၊ ယင်းနှင့်သက်ဆိုင်၍ မည်သို့မျှ သဘောမထား၊ ပြီးလျှင် အနှေးနှင့်အမြန် သင်ခြေချသည့် နေ့ရက် ရောက်လာလိမ့်မည်ဟု ခံစားပါက၊ ဤသည်မှာ အမှုအရာများကို သင် မြင်သည့်ပုံဖြစ်ပါက၊ သင်သည် ကယ်တင်ခြင်း လမ်းကြောင်း လျှောက်လှမ်းရာတွင် ဒုက္ခရောက်လိမ့်မည်။ သို့ဆိုလျှင် ဤလမ်းကြောင်းပေါ် သင် ခြေချနိုင်ဖို့ သင်၏ စိတ်ဆုံးဖြတ်ချက်က မည်သည့်အရာ ဖြစ်သင့်သနည်း။ သင်က၊ “ကယ်တင်ခြင်း လမ်းကြောင်းပေါ် ကျွန်ုပ် မစတင်ရသေးပါ၊ ထို့ကြောင့် ကျွန်ုပ်၌ အန္တရာယ်ရှိသည်။ လူတို့အနေဖြင့် သူ၏ ရှေ့မှောက်တွင် တစ်ချိန်လုံး အသက်ရှင်ရမည်၊ ၎င်းတို့ သာ၍ ဆုတောင်းရမည်၊ စိတ်ထဲတွင် ၎င်းတို့ ငြိမ်သက်အေးချမ်းရမည်ဖြစ်ပြီး စိတ်မြန်လက်မြန်မဖြစ်ရဟု ဘုရားသခင် ပြောသည်။ ဤကဲ့သို့ ငါ ချက်ချင်း စတင် လက်တွေ့လုပ်ဆောင်သင့်သည်” ဟု ပြောသင့်သည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်းပေါ် ရှိခြင်းနှင့် နီးစပ်နေသည် မဟုတ်လော။ ယင်းသည် ထိုမျှ အတိအကျ ရိုးရှင်းပေ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားလျှင်ကြားချင်း လက်တွေ့လုပ်ဆောင်သော သူတို့သည် သမ္မာတရားကို ချစ်သောသူများ ဖြစ်သည်။ မည်သည့်လူစားမျိုးများသည် သူ၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် ယင်းတို့ကို အလေးအနက်မထားသော သဘောထားတစ်ခုဖြင့် ဆက်ဆံရင်းနှင့် ယင်းတို့ကို တစ်ဖက်နားက ဝင်၍ တစ်ဖက်နားက ထွက်ခွင့်ပေးရင်း၊ ခေါင်းမာမြဲ ခေါင်းမာပြီး၊ ဂရုမစိုက်သကဲ့သို့ စိတ်မပါ ဖြစ်မြဲဖြစ်ကြသနည်း။ ဤလူများသည် နားဝေတိမ်တောင်ဖြစ်ကြသည် မဟုတ်လော။ ယုံကြည်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်း ရရှိခြင်းဆီသို့ ဖြတ်လမ်းများ တစ်ခုတစ်လေ ရှိမရှိဆိုသည်ကို လူတို့ အမြဲ မေးကြသည်။ မရှိဟု သင်တို့ကို ငါပြောသကဲ့သို့ အင်မတန် ရိုးရှင်းသော လမ်းကြောင်းတစ်ခုကို သင်တို့အား ငါ ပြောပြပြီးဖြစ်သည်၊ သို့သော် ယင်းကို ကြားပြီးသည့်နောက်တွင်၊ သင်တို့သည် လက်တွေ့ မလုပ်ဆောင်ကြသေးပါက၊ မည်သည့်အရာ ကောင်းသည်၊ မကောင်းသည်ကို သင် မသိပေ။ ထိုသို့သော လူများသည် ကယ်တင်ခံရနိုင်သလော။ (ကယ်တင်မခံရနိုင်ပါ။) ၎င်းတို့ လုံးဝ ကယ်တင်ခံရလိမ့်မည် မဟုတ်ဘဲ၊ ကြီးမားသည့် အခက်အခဲကို သေချာပေါက် ကြုံရလိမ့်မည်ဟု ပြော၍ ရနိုင်သည်။ တစ်နေ့တွင် ၎င်းတို့ နိုးထကောင်းနိုးထကြမည်၊ အမှုအရာများကို အချိန်ယူစဉ်းစားပြီး၊ “ဤနှစ်များတစ်လျှောက်လုံးတွင် ငါသည် ဘုရားသခင်၌ ငါ၏ ယုံကြည်ခြင်းကို အလေးအနက်မထားမိလေပြီ။ ကိုယ်တော်က သူ၏ ရှေ့မှောက်တွင် လူတို့ အမြဲအသက်ရှင်ကြဖို့ တောင်းဆိုသော်လည်း၊ ငါ မလုပ်ဆောင်ပါ။ ငါ အမြန်လုပ်ပြီး ဆုတောင်းသင့်သည်” ဟု ပြောကောင်းပြောကြပေမည်။ ၎င်းတို့ အထိတ်တလန့် ဖြစ်သွားကြပြီး ၎င်းတို့ စတင်၍ ကောင်းမွန်စွာ ဆောင်ရွက်ရမည်ကို ၎င်းတို့ နားလည်ကြကာ၊ ယင်းသည် သိပ်နောက်မကျလွန်းပေ။ သို့သော် အိုမင်းသော အသက်အရွယ်က သင့်ကို မလှုပ်မရှားနိုင်ဖြစ်စေပြီး စတင်ရှာဖွေဖို့ သင် အားအင်မရှိတော့သည်အထိ မစောင့်ဆိုင်းနှင့်။ အကောင်းဆုံးသော အချိန်ကို အရေးမကြီးသည့် အရာများအပေါ် ဖြုန်းတီးခြင်းသည် မထိုက်တန်ပေ။ အချိန်ကျလာသည့်အခါ၊ သင်သည် ခရီးပန်းတိုင် သို့မဟုတ် ရလဒ် ရှိလိမ့်မည် မဟုတ်သကဲ့သို့ ကယ်တင်ခြင်းရရှိဖို့ အကောင်းဆုံး အချိန်ကို လက်လွှတ်ဆုံးရှုံးခြင်းအား နောင်တရဖို့ အချိန် ရှိလိမ့်မည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

အရှေ့သို့- ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်ခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်ကို အတည်ပြုခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်