၅၈။ အသင်းတော် အသက်တာကို အသက်ရှင်ခြင်း၏ အခြေခံသဘောတရားများ

၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာ ဖတ်ရှုရန် လိုအပ်သည်။ ယင်းတို့မှတစ်ဆင့်၊ မိမိကိုယ်ကိုယ် သိရှိခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အတွေ့အကြုံမှ သင်၏ သက်သေခံချက်ကို မိတ်သဟာယပြုရကာ အချင်းချင်း အားပေးပြီး ထောက်ပံ့ပေးရမည်။

၂။ သင်၏ တာဝန်ကို လုပ်ဆောင်ဖို့ သင့်ကိုယ်သင်လည်း လေ့ကျင့်ရမည်။ ယင်းကို ဖြည့်ဆည်းရာတွင်၊ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သိလာကာ သမ္မာတရားကို ကျိုးနွံနာခံဖို့ သင်ယူလော့၊ အခြားသူများနှင့် စိတ်သဘောထား ညီညွှတ်ခြင်းဖြင့် အလုပ်လုပ်ကာ လူသား ပုံသဏ္ဍာန်တစ်ခုကို အသက်ရှင်နေထိုင်လော့။

၃။ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို လက်ခံရန် လိုအပ်သည်။ တစ်ဦးတစ်ယောက်သည် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မိမိကိုယ်ကိုယ် သိရမည်၊ ထိုသို့ဖြင့် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်စေရမည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အသက်တာတွင် တိုးတက်မှု ပြုလုပ်ခြင်းအဖို့ အကြီးမားဆုံးသော အကျိုးကျေးဇူး ရှိပေသည်။

၄။ အရေးကိစ္စအားလုံးကို အသက်ရှင်ခြင်းအတွက် စိတ်ခံစားချက် သို့မဟုတ် အတွေးအခေါ်များပေါ်တွင် မဟုတ်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေပြုလော့။ အခြားသူများနှင့် သင်၏ ဆက်ဆံရေးများတွင် ကိုယ်ကျင့်တရားရှိလော့ အချင်းချင်း ချစ်ကာ အချင်းချင်း ကြီးကြပ်ပြီး ကူညီလော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ရှေ့ဆက်သွားရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အကြောင်းကို ပြောဆိုခြင်းသည် သင် စကားပြောရာတွင် အသုံးပြုသည့် အခြေခံသဘောတရား ဖြစ်သင့်သည်။ သာမန်အားဖြင့်၊ သင်တို့ စုဝေးလာသောအခါတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့၏ အပြန်အလှန် ဆက်ဆံခြင်းနှင့်ဆိုင်သည့် အကြောင်းအရာ ဖြစ်စေလျက်၊ ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ သင် သိသည့်အရာ၊ ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်က မည်သို့အလုပ်လုပ်သည့်အကြောင်းကို ပြောဆိုရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပတ်သက်သည့် မိတ်သဟာယတွင် သင်တို့ ပါဝင်သင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယပြုသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အလင်းပေးလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် ကမ္ဘာလောကကို စွမ်းဆောင်ရရှိခြင်းသည် လူသား၏ ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်ပေသည်။ သင်သည် ဤအရာထဲသို့ မဝင်ရောက်လျှင်၊ ဘုရားသခင်သည် အမှုပြုခြင်းငှာ နည်းလမ်းရှိမည်မဟုတ်ပေ။ သင်သည် သင်၏ နှုတ်ကိုပိတ်ထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို မပြောလျှင်၊ ဘုရားသခင်သည် သင့်ကို အလင်းပေးနိုင်မည် မဟုတ်။ သင် အလုပ်မများသည့် အချိန်တိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို ပြောပြီး၊ အချည်းနှီးသော စကားစမြည်ပြောဆိုခြင်းတွင် မပါဝင်နှင့်။ သင်၏ အသက်တာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပြည့်စေလော့- ထိုအခါမှသာ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်လိမ့်မည်။ သင်၏ မိတ်သဟာယသည် အပေါ်ယံဖြစ်သည် ဖြစ်စေ အရေးမကြီးပေ။ ပေါ့တန်ခြင်း မရှိဘဲနှင့် နက်ရှိုင်းမှု မရှိနိုင်။ နည်းစနစ်တစ်ခု ရှိရမည်။ သင်၏ လေ့ကျင့်မှုမှတစ်ဆင့်၊ သင့်အပေါ် သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပေးမှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ ထိရောက်စွာ စားသောက်ရမည်ဆိုသည်ကို သင် သဘောပေါက်လိမ့်မည်။ စူးစမ်းမှု ကြားကာလပြီးသည့်နောက်တွင်၊ သင်သည် ဘုရားသခင် နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်လိမ့်မည်။ သင်သည် ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားမှသာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိနိုင်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

မှန်ကန်သင့်လျော်သော အသင်းတော်အသက်တာ ရှိရန် လိုအပ်ခြင်းကို တရားဒေသနာများတွင် မကြာခဏ ဖော်ပြ‌လေ့ရှိသည်။ သို့ဆိုလျှင် အသင်းတော် အသက်တာသည် မတိုးတက်သေးဘဲ နဂိုပုံစံဟောင်းအတိုင်းသာ ရှိသေးသည်မှာ အဘယ်ကြောင့်နည်း။ လုံးဝဥဿုံအသစ်ဖြစ်ပြီး ကွဲပြားခြားနားသော အသက်တာပုံစံ အဘယ်ကြောင့် ရှိမနေသနည်း။ ၁၉၉၀ ပြည့်လွန်နှစ်များက လူတစ်ယောက်အဖို့ လွန်လေပြီးသော ခေတ်ကာလ၏ ဘုရင်တစ်ပါးသဖွယ် နေထိုင်ခြင်းသည် ပုံမှန်ဖြစ်နိုင်မည်လော။ ယနေ့လူတို့ စားသောက်သည့် အရာများသည် ယခင်ခေတ်များက ကြုံတောင့်ကြုံခဲ မြည်းစမ်းရခဲ့သည့် စားကောင်းသောက်ဖွယ်များ ဖြစ်သော်လည်း၊ အသင်းတော်အသက်တာတွင် အဓိကပြောင်းလဲခြင်းများ မရှိခဲ့ပေ။ ယင်းမှာ ပုလင်းအသစ်များထဲသို့ စပျစ်ရည်ဟောင်းကို ထည့်ခြင်းနှင့် အလားတူနေခဲ့သည်။ သို့ဆိုလျှင် ဘုရားသခင်က များစွာပြောကြားခြင်းသည် အဘယ်မှာ အသုံးဝင်အံ့နည်း။ နေရာအများစုရှိ အသင်းတော်များသည် လုံးဝမပြောင်းလဲကြသေးပေ။ ယင်းကို ငါ့ကိုယ်ပိုင်မျက်လုံးများနှင့်မြင်ပြီး ငါ့နှလုံးသား ထဲတွင် ရှင်းလင်း၏။ ငါကိုယ်တိုင် အသင်းတော်အသက်တာကို ကြုံတွေ့ခံစားဖူးခြင်း မရှိသော်လည်း၊ အသင်းတော် အစည်းအဝေးများ၏ အခြေအနေတို့ကို ငါကောင်းစွာ သိ၏။ သူတို့သည် များစွာတိုးတက်ခြင်း မရှိကြ။ ပုလင်းအသစ်များထဲသို့ စပျစ်ရည်အဟောင်းကို ထည့်ခြင်းနှင့် အလားတူ၏ ဟူသော ဆိုရိုးကို ပြန်လည် သုံးသပ်ရပါဦးမည်။ မည်သည့်အရာမျှ မပြောင်းလဲသေးပေ။ ၎င်းတို့ကို တစ်စုံတစ်ယောက်က လမ်းပြနေသည့်အခါ၊ မီးပမာ လောင်ကျွမ်းသော်လည်း၊ သူတို့ကို ထောက်ပံ့ကူညီသူ တစ်ယောက်မျှ မရှိလျှင်မူ သူတို့သည် ရေခဲတုံးနှင့် အလားတူလေ၏။ လက်တွေ့ကျသော အရာတို့ကို ပြောဆိုနိုင်သူ အများအပြား မရှိသကဲ့သို့၊ ပဲ့ကိုင်နိုင်သူမှာလည်း အလွန်တရာ ရှားပါး၏။ တရားဒေသနာများမှာ မြင့်မြတ်သော်လည်း၊ ဝင်ရောက်မှု တစ်စုံတစ်ရာရရှိထားသူ ရှိခဲ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မြတ်နိုးသူ နည်း၏။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စတင်လုပ်ဆောင်သောအခါ၊ မျက်ရည်လည်ကြပြီး ၎င်းကို ဘေးဖယ်ထားသည့်အခါ ရွှင်မြူးဝမ်းမြောက်ကြပြီး၊ ၎င်းထံမှ သူတို့ သွေဖည်သည့် အခါတွင်မူ ပေါ့ပြက်ပြီး အားမာန်ကင်းမဲ့သွားရလေသည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တကယ်ကို မြတ်နိုးခြင်းမရှိကြပေ၊ ထို့အပြင် ယနေ့ သူကိုယ်တိုင်၏ နှုတ်မှထွက်ပေါ်လာသော နှုတ်ကပတ်တော်တို့ကို ရတနာတစ်ပါးအဖြစ် သင်တို့ လုံးဝ မမြင်ကြပေ။ သင်တို့သည် သူ၏ နှုတ်ကပတ်တော်ကို ဖတ်ရှုနေသည့်အခါတွင်၊ စိုးရိမ်ပူပန်လာပြီး အာဂုံဆောင်နေသည့် အခါတွင် ပင်ပန်းသည်ဟု ခံစားကြရကာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင် ၎င်းသည် ရေတွင်း ရေစုပ်စက်၏ လက်ကိုင်ကို မြင်းမြီးတစ်မျှင်နှင့် ဆွဲ၍လှည့်နှိုးရန် ကြိုးစားသည့်ပမာ ဖြစ်သည်- သင်တို့မည်မျှ ပင်ပန်းခက်ခဲစွာ ကြိုးစားသည်ဖြစ်စေ လုံလောက်သော စွမ်းအင်ကို တိုးမြှင့်နိုင်မည်မဟုတ်ချေ။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုချိန်တွင် အစဉ်အမြဲ အားရှိကြသော်လည်း၊ လက်တွေ့လုပ်ဆောင်ချိန်တွင်မူ မေ့လျော့တတ်ကြ၏။ အမှန်တွင်၊ ဤနှုတ်ကပတ်တော်တို့သည် အလွန် ဒုက္ခသုက္ခခံပြီး ပြောဆိုစရာ၊ အလွန် စိတ်ရှည်စွာ အဖန်တလဲလဲ ပြန်ရွတ်ဆိုစရာ မလိုပေ၊ သို့သော် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ နားထောင်ရုံသာ နားထောင်ကြသည့်အချက်သည် သူ၏အမှုအတွက် အတားအဆီးတစ်ခု ဖြစ်လာပြီ ဖြစ်သည်။ ငါသည် ယင်းကို စတင် မပြောပြ၍ မဖြစ်၊ ယင်းအကြောင်းကို မပြောဘဲ နေ၍မရပေ။ ငါသည် ထိုသို့ မဖြစ်မနေ လုပ်ဆောင်ရပေသည်။ ယင်းမှာ တစ်ပါးသူတို့၏ အားနည်းချက်များကို ဖော်ထုတ်ခြင်းကို ငါ မွေ့လျော်သည် မဟုတ်။ သင်တို့၏ လက်တွေ့လုပ်ဆောင်မှုသည် အနည်းနှင့်အများ လုံလောက်သည်ဟု သင်တို့ ထင်သည်- ထုတ်ဖော်ချက်များ အထွတ်အထိပ် ရောက်သည့်အခါ၊ သင်တို့၏ ဝင်ရောက်မှု သည်လည်း အထွတ်အထိပ်တွင် ရှိသလော။ ယင်းသည် ဤမျှရိုးရှင်းသလော။ သင်တို့သည် သင်တို့၏ တွေ့ကြုံမှုများ အခြေခံအားဖြင့် တည်ဆောက်ထားသော အခြေခံအုတ်မြစ်ကို မည်သည့်အခါမျှ ဆန်းစစ်ခြင်း မရှိကြချေ။ ယခုအချိန်မှစ၍ သင်တို့၏ စုဝေးပွဲများကို မှန်ကန်သော အသင်းတော်အသက်တာဟု ခေါ်၍မရသကဲ့သို့၊ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာလည်း မဟုတ်ပေ။ ယင်းသည် စကားစမြည်ပြောခြင်းနှင့် သီချင်းဆိုခြင်းကို မွေ့လျော်ကြသော လူတစ်စု စုဝေးကြခြင်းသာဖြစ်၏။ အတိအကျဆိုရလျှင်၊ ယင်းတွင် လက်တွေ့အရှိတရား သိပ်မရှိပေ။ ပိုမိုရှင်းလင်းအောင် ပြောရမည်ဆိုလျှင် သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက စစ်မှန်မှုဟူသည် အဘယ်မှာနည်း။ သင့်တွင် စစ်မှန်မှုရှိသည်ဟုဆိုရန်မှာ ကြွားဝါခြင်း ဖြစ်သည်မဟုတ်လော။ အမှုကို အစဉ်ပြုသူတို့သည် စိတ်ကြီးဝင်ပြီး မာနထောင်လွှားနေကြသော်လည်း၊ အစဉ် နာခံကြသူတို့မှာမူ လေ့ကျင့်ခြင်းအတွက် မည်သည့်အခွင့်အရေးမျှ မရှိဘဲ ဆိတ်ဆိတ်နေကာ ခေါင်းငုံ့ထားတတ်ကြ၏။ အမှုကိုပြုသူတို့သည် ကြီးကျယ်သော စကားများဖြင့် ကြာရှည်စွာဆက်ကာ ဆွေးနွေးခြင်းမှတစ်ပါး မည်သည့်အရာကိုမှ မလုပ်ကြသကဲ့သို့၊ နောက်လိုက်များက နားထောင်ရုံသာဖြစ်၏။ ပြောပလောက်သော ပြောင်းလဲခြင်းဟူ၍ မရှိပေ။ ဤအရာအားလုံးမှာ အတိတ်ကနည်းလမ်းများသာ ဖြစ်ကြ၏။ ယနေ့တွင် သင်၏ နာခံနိုင်ခြင်းနှင့် သင်စိတ်ရှိတိုင်း နှောင့်ယှက်ရန် သို့မဟုတ် ပြုမူရန် မဝံ့ရဲခြင်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ ရောက်လာခြင်းကြောင့်ဖြစ်၏။ အတွေ့အကြုံများမှတစ်ဆင့် သင် ကြုံရသည်မှာ ပြောင်းလဲခြင်း မဟုတ်ပေ။ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို ချိုးဖောက်သည့် အရာအချို့ကို သင့်အနေဖြင့် ယနေ့ မပြုလုပ်ဝံ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အမှုသည် သိသာထင်ရှားသော အကျိုးသက်ရောက်မှုရှိပြီး လူတို့ကို သိမ်းပိုက်ပြီးဖြစ်သောကြောင့် ဖြစ်၏။ တစ်စုံတစ်ယောက်သောသူကို ငါမေးမည်- ယနေ့ သင်၏ အောင်မြင်မှု မည်မျှသည် သင်၏ ကြိုးစားလုပ်ဆောင်မှု၏ချွေးဖြင့် ရရှိခဲ့သနည်း။ ယင်း၏ အဘယ်မျှကို သင့်အား ဘုရားသခင်က တိုက်ရိုက်ပြောပြခဲ့သနည်း။ သင်မည်သို့ဖြေမည်နည်း။ သင့်အနေဖြင့် မှင်တက်အံ့အားသင့်ကာ အာစေးမိမည်လော။ အခြားသူတို့က သင့်အား အာဟာရပေးရန် ၎င်းတို့၏ တကယ့် အတွေ့အကြုံများစွာတို့ကို ပြောပြနိုင်သော်လည်း၊ သင်ကမူ အခြားသူများ ချက်ပြုတ်ပြီးသည့် အစာတို့ကို အလွယ်တကူ မွေ့လျော်သည်မှာ အဘယ်ကြောင့်နည်း။ သင်မရှက်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ခြင်းကို ရရှိသည့် လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားလျက်ရှိသူ ဖြစ်သည်” မှ

ကျွန်ုပ်တို့ကို ကယ်တင်ပြီး ပြောင်းလဲဖို့အလို့ငှာ ဘုရားသခင်သည် အမြည်းသို့မဟုတ် ပရောဖက်ပြုခြင်း တစ်ခုကိုသာ ယူဆောင်လာသည့် အမှုအနည်းငယ်မျှသာ လုပ်ဆောင်ပြီး၊ ထိုအမှု ပြီးဆုံးသည့်အခါတွင် အပြီးသတ်ခြင်းမဟုတ်သကဲ့သို့၊ သူသည် လူများ၏ အပြင်ပန်းအပြုအမူကို ပြောင်းလဲခြင်း မရှိသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ ထို့ထက် ကျွန်ုပ်တို့ စိတ်နှလုံးများ၏အတွင်းကျကျ နက်ရှိုင်းသောနေရာများနှင့် ကျွန်ုပ်တို့၏ စိတ်သဘောထားနှင့် ကျွန်ုပ်တို့၏ အနှစ်သာရ စင်စစ်တို့မှစ၍၊ အရင်းအမြစ်၌ ကျွန်ုပ်တို့ တစ်ယောက်ချင်းစီကို အသွင်ပြောင်းလျက်၊ သူက ကျွန်ုပ်တို့ တစ်ယောက်ချင်းစီကို ပြောင်းလဲ စေလိုသည်။ ဤသည်မှာ ဘုရားသခင် အလုပ် လုပ်သည့်ပုံစံ ဖြစ်သည်ကိုထောက်လျှင်၊ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုယ်အပေါ် မည်သို့ ပြုမူသင့်သနည်း။ ကျွန်ုပ်တို့သည် မိမိတို့၏ စိတ်သဘောထားများအတွက်၊ ကျွန်ုပ်တို့ ရှာဖွေသည့် အရာအတွက် ပြီးလျှင် ကျွန်ုပ်တို့ လုပ်သမျှ အရာအတွက် တာဝန်ယူသင့်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ လုပ်သမျှအရာအားလုံး၌ လေးနက်သင့်သည်၊ မည်သည့်အရာတွင်မျှ မလျော့ရဲ မပေါ့ဆသင့်ဘဲ၊ ကျွန်ုပ်တို့၏အပြုအမူနှင့် သက်ဆိုင်သည့် ရှုထောင့်အားလုံးကို စေ့စေ့စပ်စပ် စစ်ဆေးခြင်း ခံနိုင်ရမည်။ သင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးသည့်အခါတိုင်း၊ သင် လုပ်ဆောင်သည်မှာ မှန်ကန်သည်ဟု သင်ထင်သည့် အပိုင်းကိုလည်း စေ့စေ့စပ်စပ် စစ်ဆေးခြင်း ခံနိုင်ရမည်၊ ထို့အပြင် သင်လုပ်ဆောင်သည်မှာ မှားသည်ဟု သင်ထင်သည့်အပိုင်းကိုလည်း စေ့စေ့စပ်စပ် စစ်ဆေးခြင်း ခံနိုင်ရမည်။ ဤသည်က ညီအစ်ကိုမောင်နှမများသည် အတူတကွ မိတ်သဟာယပြုဖို့၊ ရှာဖွေဖို့နှင့် အချင်းချင်း ကူညီဖို့ အချိန်ပိုယူရန် လိုအပ်သည်။ ကျွန်ုပ်တို့ သာ၍ မိတ်သဟာယပြုလေ၊ အလင်းရောင်က ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲသို့ သာ၍ ဝင်ရောက်လေဖြစ်သည်။ ထို့နောက်တွင် ဘုရားသခင်က ကျွန်ုပ်တို့၏ ပြဿနာများ အားလုံးနှင့် စပ်လျဉ်း၍ အသိဉာဏ် ပွင့်လင်းစေလိမ့်မည်။ ကျွန်ုပ်တို့သည် မည်သူမျှ ဖွင့်မပြောဘဲ၊ အခြားသူများ၏စိတ်ထဲတွင် ထင်မြင်ချက်ကောင်း ဖြစ်စေဖို့နှင့် ၎င်းတို့အား ကျွန်ုပ်တို့နှင့်ပတ်သက်၍ အထင်ကြီးစေဖို့နှင့် ကျွန်ုပ်တို့အား မသရော်စေဖို့ မျှော်လင့်လျက်၊ ကြည့်ကောင်းစေရန် မိမိတို့ကိုယ်ကိုယ် ပြရုပ်တင်ရုံသာ ရှိပါက၊ ကျွန်ုပ်တို့သည် ကြီးထွားတိုးတက်ဖို့ ဖြစ်နိုင်လိမ့်မည်။ သင်သည် ကြည့်ကောင်းဖို့ သင့်ကိုယ်သင် အစဉ် ပြရုပ်တင်ပါက၊ သင်သည် ကြီးထွားတိုးတက်လိမ့်မည် မဟုတ်ဘဲ၊ အမှောင်၌ သင် ထာဝရ ရှင်သန်လိမ့်မည်။ သင်သည် ပြောင်းလဲနိုင်စွမ်း မရှိလည်း ဖြစ်လိမ့်မည်။ သင်ပြောင်းလဲဖို့ ဆန္ဒရှိပါက၊ အဖိုးအခပေးဆပ်ရမည် ဖြစ်ပြီး၊ သင့်ကိုယ်သင် ချပြရမည်၊ အခြားသူများကို သင်ရင်ဖွင့်ရမည်၊ ပြီးလျှင် ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် သင့်ကိုယ်သင်နှင့် အခြားလူများ နှစ်ဦးလုံးကို အကျိုးဖြစ်ထွန်း စေလိမ့်မည်။ တစ်စုံတစ်ယောက်က “သင်၏ လတ်တလော အတွေ့အကြုံများနှင့် ပတ်သက်၍ အနည်းငယ် အဘယ့်ကြောင့် မပြောသနည်း။” ဟု ပြောသည့်အခါ၊ မည်သူကမျှ အနှစ်သာရနှင့် သက်ဆိုင်သည့် အရေးကိစ္စများကို မပြောကြပေ။ မည်သူကမျှ သူ့ကိုယ်သူ စိတ်ဖြာလေ့လာခြင်း မရှိသကဲ့သို့၊ သူ့ကိုယ်သူ ချခင်းခြင်းမရှိပေ။ လူများသည် နှုတ်ကပတ်တော်များနှင့် အယူဝါဒများ အကြောင်း ပြောသည့်အခါ၊ မည်သူ၌မျှ ပြဿနာ မရှိပေ၊ သို့ရာတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သိကျွမ်းခြင်း အကြောင်း ပြောသည့်အခါ၊ မည်သူမျှ မည်သည့်အရာကိုမျှ မပြောကြပေ။ မိမိတို့ကိုယ်ကိုယ်နှင့်သက်ဆိုင်သည် အသိအနည်းငယ် ရှိသူများသည် ယင်းကိုလည်း ချခင်းမပြဝံ့ကြပေ။ ယင်းတို့သည် ထိုသို့လုပ်ဆောင်ဖို့ သတ္တိမရှိကြပေ။ အဆုံး၌ မည်သည့်အရာ ဖြစ်ပျက်သနည်း။ လူများ အတူတကွ ရှိသည့်အခါ၊ ၎င်းတို့သည် အပြန်အလှန် မြှောက်ပင့်ကြခြင်းဖြင့် အချင်းချင်း မျက်နှာလို မျက်နှာရလုပ်ကြသည်။ မည်သူကမျှ လူတိုင်း၏ စိတ်ဖြာလေ့လာခြင်းခံရဖို့နှင့် အသိခံရဖို့ သူ၏စစ်မှန်သော မျက်နှာကို ပြရန် လိုလားမနေကြပေ။ ထိုသို့သော အခြေအနေတစ်ခု ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ စစ်မှန်သော အသင်းတော် အသက်တာကို ရရှိနိုင်မည်လော။ မရနိုင်ပေ။ လူအချို့က “ကျွန်ုပ်သည် နှစ်ပေါင်းများစွာ အသင်းတော်အသက်တာကို တွေ့ကြုံခံစားပြီး ဖြစ်သည်၊ ပြီးလျှင် ကျွန်ုပ်သည် အတော်အတန် စိတ်ကျေနပ်သည်ဟု အမြဲခံစားရသည်။ ကျွန်ုပ်သည် အချိန်တိုင်း ပျော်ရွှင်မှုကို ခံစားရသည်။ စုဝေးပွဲများတွင် ကျွန်ုပ်တို့သည် ဆုတောင်းပြီး ချီးမွမ်းခြင်း သီချင်းများ သီဆိုကြသည်။ ကျွန်ုပ်တို့အားလုံးသည် အလွန်တို့ထိခြင်းခံရသည်မှာ ကျွန်ုပ်တို့မျက်နှာများတွင် မျက်ရည်များကျလာသည်။ တစ်ခါတစ်ခရံတွင် ကျွန်ုပ်တို့သည် အလွန်နှိုးဆော်ခြင်း ခံရသည်မှာ ကျွန်ုပ်တို့ ချွေးများ စတင်ထွက်လာပြီး ညီအစ်ကိုမောင်နှမများ အားလုံးသည် ကခုန်ပြီး သီဆိုကြသည်။ ကျွန်ုပ်တို့ အသင်းတော် အသက်တာသည် အလွန် နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်သည့်အခါ၊ သူသည် ကျွန်ုပ်တို့ စိတ်နှလုံးများ၏ နက်ရှိုင်းရာသို့ စကားပြောနေသည်ဟု ကျွန်ုပ်တို့ ခံစားရသည်။ ကျွန်ုပ်တို့ မိတ်သဟာယပြုသည့်အခါ၊ လူတိုင်းက ခွန်အားပြည့်ကြသည်။” ဟု ပြောကြသည်။ အသင်းတော်အသက်တာကို ဤကဲ့သို့ ဆယ်နှစ်ခန့် တွေ့ကြုံခံစားခြင်း၏ ရလဒ်သည် မည်သည့်အရာ ဖြစ်သနည်း။ မည်သူကမျှ ရိုးသားခြင်းအပေါ် အာရုံမစိုက်ကြဘဲ၊ မည်သူကမျှ သူ့ကိုယ်သူ စိတ်ဖြာလေ့လာခြင်းမရှိကြ၊ မည်သူကမျှ သူ၏ ညီအစ်ကိုမောင်နှမများကို သူ၏စစ်မှန်သော အခြေအနေကို မဝေမျှကြပေ၊ ပြီးလျှင် မည်သူမျှ သူ၏အတွင်းပိုင်း ကြံရွယ်ချက်များနှင့် အတွင်းပိုင်း ဖောက်ပြန်ပျက်စီးခြင်းကို ချခင်းခြင်းမရှိကြပေ။ အသင်းတော်အသက်တာ၏ ထိုဆယ်နှစ်ခန့်သည် လူများ၏ ခံစားချက်များနှင့် “ပျော်ရွှင်မှု” ဟု ခေါ်သည့်အရာအလယ်တွင် အားလုံးက ကခုန်ပြီး သီဆိုလျက်သာ၊ အချည်းနှီး ရှင်သန်ပြီးခြင်းသာ ဖြစ်သည်။ ထိုသို့သော ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်မှုသည် မည်သည့်နေရာကလာသနည်း။ ဘုရားသခင် မြင်တွေ့လိုသည့်အရာသည် လူများ၌ ပြောင်းလဲခြင်းဖြစ်ပြီး၊ လူများသည် သူ၏ နှုတ်ကပတ်တော်များကို အမှန်တကယ် အသက်ရှင် နေထိုင် နေသည်ကို တွေ့မြင် လိုသည့်အတွက်၊ ယင်းက ဘုရားသခင် တွေ့မြင်လိုသည့်အရာ မဟုတ်သကဲ့သို့၊ ယင်းက သူ့ကို ကျေနပ်စေခြင်းမရှိဟု ငါပြောရဲသည်။ သင် စုဝေးပွဲများ တက်ရောက်သည့်အခါ သို့မဟုတ် သင် အထူးသဖြင့် စိတ်ထက်သန်နေသည့်အခါ သင်က သင်၏ ဓမ္မသီချင်း စာအုပ်များကို ကိုင်ပြီး သီချင်းဆိုခြင်း သို့မဟုတ် သူ့ကို ချီးမွမ်းခြင်းဖြင့် ကခုန်ခြင်းတို့ကို သူက မမြင်လိုပေ။ သူက ဤအရာများကို မြင်ဖို့ ဆန္ဒမရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် ဘုရားသခင်က ဤအမှုအရာများကို မြင်သည့်အခါ၊ သူသည် သန်းနှင့်ချီသော နှုတ်ကပတ်တော်များကို ပြောကြားသော်လည်း၊ သင်တို့တစ်ယောက်ကမျှ ယင်းတို့ကို မည်သူမျှ မလုပ်ဆောင်သကဲ့သို့၊ ယင်းတို့ကို မည်သူမျှ အသက်ရှင် မနေထိုင်သောကြောင့်၊ သူက ဝမ်းနည်းကြေကွဲပြီး ရင်ကွဲနာကျလေသည်၊ ပြီးလျှင် အလွန် စိုးရိမ်ကြောင့်ကြသည်။ ဤသည်မှာ ဘုရားသခင် စိုးရိမ်ပူပန်သည့်အရာဖြစ်သည်။ မကြာခဏ ဆိုသကဲ့သို့ သင်တို့သည် အသင်းတော်အသက်တာကို တွေ့ကြုံခံစားခြင်း ရှိပြီးသည့်နောက် ရောင့်ရဲတင်းတိမ်ကြသည်။ သင်သည် အတော်အတန် ပျော်ရွှင်ပြီး ငြိမ်းချမ်းသည်ဟု ခံစားသည့်အခါနှင့် သင်သည် ပျော်ရွှင်မှုနှင့် နှစ်သိမ့်မှု ခံစားချက်တစ်ခု ရှိသည် သို့မဟုတ် ဘုရားသခင်ကို ချီးမွမ်းခြင်း၌ ဝိညာဉ်ရေးရာ အတော်အတန် ခံစားသည့်အခါ၊ သင်သည် သင်၏ယုံကြည်မှု၌ အလွန်ကောင်းမွန်စွာ လုပ်ဆောင်ပြီးဖြစ်သည်ဟု သင်ထင်သည်။ သင်သည် ဤမှားယွင်းသော ပုံရိပ်များကို ဆက်လက် ဆုပ်ကိုင်ထားပြီး ယင်းတို့ကို သင်၏ အရင်းအနှီး အဖြစ်- သင်၏ယုံကြည်မှု၍ သင်ရရှိပြီးဖြစ်သည့် အရာများအဖြစ်- သဘောထားပြီး သင်သည် စိတ်သဘောထား ပြောင်းလဲခြင်းနှင့် ကယ်တင်ခြင်း လမ်းကြောင်းထဲသို့ ဝင်ရောက်မှုအတွက် အစားထိုးအနေဖြင့် ယင်းတို့ကို အသုံးပြုသည်။ ထို့နောက်တွင် သင်သည် သမ္မာတရားကို လိုက်စားဖို့ သို့မဟုတ် ရိုးသားဖို့ ကြိုးစားရန် မလိုအပ်တော့ပေ။ သင်သည် သင့်ကိုယ်သင် မချခင်းပြသကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း မရှိပေ။ ဤအကြောင်းကြောင့် ဘုရားသခင်က သင်နှင့်ပတ်သက်၍ နက်ရှိုင်းစွာ စိုးရိမ်လေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

ဤသည်မှာ အသင်းတော်တွင် သင်၌ရှိရမည့် သွင်ပြင်အခြေအနေမျိုး ဖြစ်သည်- လူတိုင်းက သမ္မာတရားကို အာရုံစိုက်ပြီး ယင်းကို ကြိုးပမ်းရရှိဖို့ အားထုတ်ကြသည်။ လူများသည် မည်မျှ ကြီးသည် ငယ်သည်က အရေးမကြီးသကဲ့သို့၊ ၎င်းတို့သည် ဝါရင့်ယုံကြည်သူများ ဟုတ်မဟုတ် သို့မဟုတ် ၎င်းတို့ မည်မျှ စွမ်းဆောင်နိုင်ခြင်းရှိသည်တို့က အရေးမကြီးပေ။ သင် ကြည့်ရမည့်အရာများက မည်သည့်လူများက မှန်ကန်စွာ စကားပြောသည်၊ မည်သည့်လူများက သမ္မာတရားနှင့် ကိုက်ညီသည်၊ မည်သည့်လူများက ဘုရားသခင်၏အိမ်တော်၏ အကျိုးစီးပွားများနှင့် ပတ်သက်၍ တွေးတောနေသည်နှင့်၊ မည်သည့်သူက သူ၏အလုပ်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အထားရှိဆုံးဖြစ်သည်၊ မည်သည့်လူများက အပြုသဘောဆောင်သည့်အရာများ နှင့်ပတ်သက်၍ နားလည်မှုများစွာရှိသည်၊ မည်သည့်လူများ၌ ဖြောင့်မတ်ခြင်း အသိစိတ်တစ်ခုရှိပြီး မည်သည့်လူများက အဖိုးအခ ပေးဆပ်ဖို့ လိုလားကြသည်တို့ဖြစ်ပေသည်။ ထိုသို့သောလူများသည် ၎င်းတို့၏ ညီအစ်ကို မောင်နှမများ၏ ထောက်ပံ့ခြင်းခံရသင့်ပြီး ဩဘာပေးခြင်း ခံရသင့်သည်။ သမ္မာတရားကို လိုက်စားခြင်းမှ လာသည့် ဤအကျင့်သိက္ခာရှိသော သွင်ပြင်အခြေအနေသည် အသင်းတော်အတွင်း၌ ပျံ့နှံ့ရမည်ဖြစ်သည်။ ဤနည်းဖြင့် သင်၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်က ကောင်းကြီးမင်္ဂလာများနှင့် လမ်းညွှန်ချက်တို့ကို ပေးအပ်လိမ့်မည်။ အသင်းတော် အတွင်း၌ ပျံ့နှံ့နေသည့် သွင်ပြင်အခြေအနေသည် သူတစ်ပါးအကြောင်း အတင်းအဖျင်ပြောခြင်း၊ အချင်းချင်းစိတ်ဆိုးကာ အပြစ်တင်ခြင်း၊ အချင်းချင်း အာဃာတအစွဲအလမ်းထားခြင်း၊ အချင်းချင်း မနာလိုဖြစ်ခြင်းနှင့် အချင်းချင်း အငြင်းပွားခြင်းတို့ ဖြစ်ပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့၌ သေချာပေါက် အလုပ်လုပ်မည် မဟုတ်ပေ။ အချင်းချင်း ခုခံတွန်းလှန်ပြီး တိတ်တဆိတ် ခိုက်ရန်ဖြစ်ပွားခြင်း၊ လှည့်စားခြင်း၊ လိမ်လည်ခြင်းနှင့် အချင်းချင်း မတော်မတရား လျှို့ဝှက်ပူးပေါင်းကြံစည်ခြင်း- ဤသည်မှာ ဆိုးယုတ်မှု၏ သွင်ပြင်အခြေအနေ ဖြစ်သည်။ ထိုသို့သော သွင်ပြင်အခြေအနေတစ်ခုက အသင်းတော်ထဲ၌ ပျံ့နှံ့နေပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏အလုပ်ကို သေချာပေါက် လုပ်လိမ့်မည် မဟုတ်ချေ။ သခင်ယေရှုက ဆက်နွှယ်မှုရှိသည့် စာကြောင်း အချို့ကို ပြောခဲ့သည်။ ယင်းက မည်သည့်အရာဖြစ်သည်ကို သင်တို့ မှတ်မိနိုင်သလော။ (“တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။” (ရှင်မဿဲခရစ်ဝင် ၁၈:၁၉-၂၀) ဤသည်မှာ သမ္မာတရားဖြစ်သည်။ ဘုရားသခင်သည် သူပြောသကဲ့သို့ လုပ်ဆောင်သည်။ သင်သည် သူ၏ အလိုတော်ကို ဆန့်ကျင်လုပ်ဆောင်ပြီး သူပြောသည့် အတိုင်း မလုပ်ဆောင်ပါက၊ သူသည် သင်နှင့် ဝေးကွာလိမ့်မည်။ ထို့ကြောင့် သင်သည် သူတစ်ပါး၏ အမှားများကို အစဉ်ကြည့်ရှုပြီး အခြားသူများနှင့် ပတ်သက်သည့် သင်သဘောမကျသည့်အရာများကိုသာ အာရုံစိုက်လိမ့်မည်၊ ပြီးလျှင် သင့်ကို အခြားသူများက မနှစ်သက်သည့်အချက်ကို မကြာခဏ အာရုံစိုက်မိလိမ့်မည်။ ဤသည်မှာ ပြဿနာများကို ဖြစ်စေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်မလုပ်ပါက၊ ဘုရားသခင်က သင့်ကို ကောင်းချီးမပေးသကဲ့သို့ လမ်းမညွှန်ပါက၊ သင်သည် သင်၏ကိုယ်ပိုင် ခွန်အားနှင့် အထုံပါရမီများနှင့် အရည်အချင်းများကိုသာ အားကိုးပါက၊ သင်လုပ်သည့် မည်သည့်အရာမျှ ကောင်းစွာ ပြီးမြောက် လိမ့်မည် မဟုတ်ပေ၊ သင်လုပ်သည့် မည်သည့်အရာမျှ ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီလိမ့်မည် မဟုတ်ပေ၊ ပြီးလျှင် သင်မည်မျှ အလုပ်ကြိုးစားပါစေ၊ ယင်းမှာ အင်အားကို ဖြုန်းတီးခြင်းတစ်ခုသာ ဖြစ်လိမ့်မည်။ သင်တို့သည် ဤသည်ကို အတွေ့အကြုံမှတစ်ဆင့် ဖြည်းဖြည်းချင်း သင်ယူလာလိမ့်မည်။ သင်တို့ လုပ်ဆောင်သမျှ၌၊ သင်တို့သည် သဘောတညီတညွတ်တည်း ရှိရမည်။ သင်တို့သည် မည်သို့ သဘောတညီတညွတ်တည်း ရှိနိုင်သနည်း။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်။ သို့မှသာလျှင် သင်တို့သည်- အားလုံးအတူတကွ၊ ပြီးလျှင် သဘော တညီတညွတ်တည်း- တုတ်ချောင်း တစ်စည်းကဲ့သို့ သန်စွမ်းလာမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရာ၌ သင်၏စိတ်နှလုံး၊ ဉာဏ်နှင့် ဝိညာဉ်တို့ကို အသုံးပြုသည့်အခါမှသာ သင်၌လူသားပုံသဏ္ဌာန်ရှိလိမ့်မည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

အသင်းတော်အသက်တာကို ဘုရားသခင်၏ အမှုတော်အား တွေ့ကြုံဖို့ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အတွက် ဖန်ဆင်းထားပြီး ဖြစ်သည်။ အသင်းတော် အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ခြင်း၊ သမ္မာတရားများကို နားလည်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း အသက်တာ ဖြစ်သည်။ ယင်းသည် သမ္မာတရားများကို လက်ခံခြင်း၊ ဖောက်ပြန်ပျက်စီးခြင်းတို့ကို ဖြေရှင်းခြင်းနှင့် စစ်မှန်သော လူသား ပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်ခြင်း အသက်တာလည်း ဖြစ်သည်။ အသင်းတော် အသက်တာအတွင်းတွင်၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံရပြီး သူ၏ ကယ်တင်ခြင်း ရရှိဖို့အလို့ငှာ သမ္မာတရားများထဲသို့ ဝင်ရောက်လေသည်။ ဤအရာများကို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မှတစ်ဆင့် လုံးဝ စွမ်းဆောင်ရရှိပေသည်။ အသင်းတော် အသက်တာသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်၊ သမ္မာတရားများအပေါ် မိတ်သဟာယပြုသည့်၊ သူ့အတွက် သက်သေခံပြီး သူ၏ ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားရသည့် တကယ့် နေရာ ဖြစ်သောကြောင့် အသင်းတော် အသက်တာတစ်ခု မရှိသည့်သူများအတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိဖို့ မလွယ်ကူပေ။ ယင်းသည် ဘုရားသခင်၏ ရွေးချယ်ထားသည့် လူများက အချင်းချင်းအတွက် အစေခံပြီး အာဟာရ ထောက်ပံ့ပေးနိုင်သည့်၊ မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းပြီး ဘုရားသခင်ကို အစေခံနိုင်သည့် နေရာဖြစ်သော နိုင်ငံတော်၏ လေ့ကျင့်ခြင်းအတွက် နေရာလည်း ဖြစ်သည်။ အသင်းတော် အသက်တာအတွင်းတွင် အသက်ရှင်ခြင်းအားဖြင့်သာ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သာ၍ မွေ့လျော်နိုင်ကာ သာ၍ များသော နည်းလမ်းများဖြင့် ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်သည်၊ သမ္မာတရားကို နားလည်နိုင်ပြီး၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ သာ၍ လျင်မြန်စွာ ဝင်ရောက်နိုင်သည်၊ မိမိတို့၏ အသက် စိတ်သဘောထားထဲတွင် ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်ပြီး၊ ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်ပြီး ကျိုးနွံနာခံသော သူများ ဖြစ်လာနိုင်ကြပေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူများ၏ အတွေ့အကြုံမှာ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်တို့အနေဖြင့် ကောင်းမွန်သော အသင်းတော် အသက်တာတစ်ခု ကင်းမဲ့ပါက၊ သူ၏ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းတို့ကို မည်သည့်အခါတွင်မျှ ကျွန်ုပ်တို့ ရရှိလိမ့်မည် မဟုတ်ဟူသည့် လုံလောက်သော သက်သေ ဖြစ်သည်။ ဤသည်မှာ ငြင်းမရနိုင်သည့် အချက်တစ်ခု ဖြစ်သည်။ ထို့ကြောင့်၊ ကောင်းမွန်သော အသင်းတော် အသက်တာတစ်ခုမှာ ဘုရားသခင်၏ ရွေးချယ်ထားသော လူများ လိုအပ်သည့်အရာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အတွက် ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းတို့ကို ရရှိခြင်းတွင် မရှိမဖြစ်သော အရာလည်း ဖြစ်သည်။ အသင်းတော် အသက်တာမှ ထွက်သွားသောသူ မည်သူမဆိုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မှလည်း ခွာသွားပြီး ဖြစ်သည်။ အသင်းတော် အသက်တာမှ ထွက်သွားသောသူ မည်သူမဆိုသည် ဘုရားသခင်ကို သစ္စာဖောက်ပြီး ဖြစ်သည်။ ထိုသို့သော လူတို့သည် မိမိတို့ကိုယ်တိုင်၏ သင်္ချိုင်းများကို တူးဖော်ကြပြီး ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

ယနေ့ အသင်းတော် အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သမ္မာတရားကို ၎င်းတို့ နားလည်လာဖို့၊ မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိရှိလာဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး သမ္မာတရားကို ရရှိလာနိုင်ဖို့နှင့် နောက်ဆုံးတွင် ကယ်တင်ခြင်း ရရှိလာနိုင်ဖို့အလို့ငှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးမျိုးကို ဖော်ထုတ်ခြင်းတို့ ပါဝင်လေသည်။ ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြုပြင်ဖို့ သို့မဟုတ် အသက်ကို ရရှိပြီး ကယ်တင်ခြင်း စွမ်းဆောင်ရရှိဖို့ထက် အခြားသော ရည်ရွယ်ချက်များအတွက် ဖတ်ရှုပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့၏ ဖတ်ရှုခြင်းသည် ယင်း၏ အရေးပါမှု ဆုံးရှုံးပေသည်။ ဘာသာတရားတွင်၊ ယုံကြည်သူများက ၎င်းတို့၏ အပြစ်များ ဖြေလွှတ်ခံရပြီးဖြစ်သည်ဟု မကြာခဏ ပြောဆိုကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အပြစ်များဖြစ်စေ အခြားသူတို့၏ အပြစ်များကိုဖြစ်စေ မည်သည့် အခါတွင်မျှ မဖော်ပြသကဲ့သို့ မည်သူမျှ အခြား မည်သူမဆိုကို မဖော်ထုတ်ဘဲ အယောက်တိုင်းသည် စိတ်သဘောထား ညီညွှတ်ခြင်းဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အရူးလုပ်နေကြခြင်း မဟုတ်လော။ ထိုသို့သော ဘုရားသခင်၌ ယုံကြည်ခြင်းသည် သမ္မာတရားဆီသို့ဖြစ်စေ၊ အသက်ဆီသို့ဖြစ်စေ လုံးဝ ဦးဆောင်လိမ့်မည် မဟုတ်ပေ။ နောက်ဆုံးတွင် ယင်းသည် အနှစ်သာရမဲ့သော အရာတစ်ခု၊ အရေးပါမှု မရှိသည့် အရာတစ်ခု ဖြစ်ပေသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ အိမ်တော်တွင်၊ သူ့ကို ယုံကြည်မှုသည် စစ်မှန်မှုနှင့် သက်ဆိုင်ပေသည်။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ အမှုတော်မှာ လူတို့ကို တရားစီရင်ဖို့၊ ပြစ်တင်ဆုံးမဖို့၊ သန့်ရှင်းစေဖို့နှင့် ကယ်တင်ဖို့ ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်ုပ်တို့ လက်မခံကြပါက၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အဘယ်သို့ အမှန်ပြုပြင်ခံရလိမ့်မည်နည်း။ ကျွန်ုပ်တို့အနေဖြင့် မိမိတို့ကိုယ်တိုင်ထံမှ စာတန်၏ အဆိပ်များ၊ အတွေးအခေါ်များနှင့် နိယာမများကို အဘယ်သို့ ထုတ်ပစ်လိမ့်မည်နည်း။ ဤဖောက်ပြန်ပျက်စီးမှုများကို ကျွန်ုပ်တို့ မပြုပြင်ပါက၊ ကျွန်ုပ်တို့ မည်သို့ ကယ်တင်ခံရနိုင်သနည်း။ ထို့ကြောင့်၊ အသင်းတော် အသက်တာတွင် အရေးအပါဆုံးနှင့် အခြေခံအကျဆုံးသော အရာမှာ သမ္မာတရားကို နားလည်ဖို့အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် လူတို့အနေဖြင့် သိရှိနိုင်ကြဖို့အလို့ငှာ ဖောက်ပြန်ပျက်စီးသော အခြေအနေမျိုးစုံကို ဖော်ထုတ်ရန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မိမိတို့၏ သဘာဝ အနှစ်သာရအတွင်းတွင် အလွယ်တကူ သိရှိ၍မရနိုင်သည့် အရာများကို ထုတ်ဖော်ပြသည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးမျိုးကို ဖော်ထုတ်လေသည်။ ထို့ကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ မိတ်သဟာယပြုသည်နှင့်အမျှ၊ ညီအစ်ကို မောင်နှမ အသီးသီးက ၎င်းတို့အတွင်းတွင် မည်သည့် ဆိုးယုတ်သော စိတ်သဘောထားနှင့် အဆိပ် အမျိုးအစားများ ရှိသည်ကို ရှင်းလင်းစွာ သိမြင်နိုင်ရင်း၊ မိမိတို့ကိုယ်ကိုယ် စစ်မှန်စွာ သိရှိနိုင်ကြဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ထုတ်ဖော်ပြထားသည့် အမျိုးမျိုး‌သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ တိကျသည့် သရုပ်သကန်များကိုလည်း ဖော်ထုတ်ကာ စိတ်ဖြာလေ့လာရမည်ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခြင်း လိုက်စားမှုတွင် အခြေခံအကျဆုံးသော အလုပ်ဖြစ်ပြီး၊ အသင်းတော် အသက်တာ၏ အဓိက အင်္ဂါရပ်လည်း ဖြစ်သည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အသင်းတော် အသက်တာ၏ ပတ်ဝန်းကျင်သည် အသက်တာ၌ ကျွန်ုပ်တို့၏ ကြီးထွားမှုအဖို့ ကြီးမားသော အကျိုးကျေးဇူးရှိလေသည်၊ ယင်းက ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသို့ ဆိုက်ရောက်စေလေသည်။ လူမှုအဖွဲ့အစည်းထဲတွင် ထိုသို့သော ပတ်ဝန်းကျင်တစ်ခု ရှိပါသလော။ လူမှုအဖွဲ့အစည်းထဲတွင်၊ တစ်စုံတစ်ဦးသည် တစ်စုံတစ်ရာအကြောင်းကို အနည်းငယ် သင်ယူပြီး လုပ်ရည်ကိုင်ရည် အနည်းငယ် တိုးတက်ပါက၊ ၎င်းတို့သည် တိုး၍ မာနထောင်လွှားလာပြီး တဖြည်းဖြည်း မိမိတို့၏ လူသား ပုံသဏ္ဍာန်ကို ဆုံးရှုံးကြလေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ပတ်ဝန်းကျင်သည် စက်ဆုပ်ဖွယ်ဖြစ်သောကြောင့်၊ ကြီးမားသော ဆိုးဆေး စည်ကြီးတစ်ခုနှင့် ဆင်ဆင်တူသောကြောင့် ဖြစ်သည်။ လူမှုအဖွဲ့အစည်းထဲသို့ ဝင်ရောက်သောသူ မည်သူမဆို တိုး၍ ဖောက်ပြန်ပျက်စီးလာလိမ့်မည်၊ တိုး၍ လူမဆန်ဖြစ်လာလိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် နတ်ဆိုးကိုယ်တိုင် ဖြစ်လာရင်း သာ၍ သာ၍ အမူအကျင့် ပျက်ပြားလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ လူမှုအဖွဲ့အစည်းထဲတွင်၊ လူတို့သည် သမ္မာတရားကို ရရှိနိုင်စွမ်း မရှိကြချေ။ သို့သော် ၎င်းတို့အနေဖြင့် အသင်းတော် အသက်တာထဲသို့ ဝင်ရောက်ချိန်တွင်၊ အမှုအရာများက ကွဲပြားခြားနားလေသည်။ အသင်းတော် အသက်တာကို အသက်ရှင်နေထိုင်ဖို့ လိုက်လျှောက်ရမည့် အခြေခံသဘောတရား အချို့ရှိသည်။ ပထမဦးစွာ၊ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရမည်ဖြစ်ပြီး သမ္မာတရားအပေါ် မိတ်သဟာယပြုရမည်။ ဒုတိယအနေဖြင့်၊ လူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ မိမိတို့ကိုယ်ကိုယ် လေ့ကျင့်သင့်ပြီး၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတွင် လူသား ပုံသဏ္ဍာန်တစ်ခုကို အသက်ရှင်နေထိုက်သင့်ပေသည်။ တတိယအနေဖြင့်၊ ညီအစ်ကို မောင်နှမများသည် မိမိတို့ကိုယ်ကိုယ်ထဲတွင် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်ပြီး၊ အချင်းချင်း ကူညီသင့်ပေသည်။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြီးလျှင် အပြန်အလှန် အကူအညီ မရှိဘဲနှင့်၊ လူတို့အတွက် မိမိတို့ကိုယ်ကိုယ် သိရှိဖို့ ခက်ခဲပြီး၊ ၎င်းတို့၏ ကြီးထွားမှု နှေးကွေးပေလိမ့်မည်။ အသင်းတော်ထဲတွင်၊ လူအချို့သည် တိုက်ရိုက် စကားပြောသော်လည်း၊ အချို့သည် လိမ္မားနပ်မှုဖြင့် စကားပြောကြသည်။ အချို့သည် အမှုအရာများနှင့် သက်ဆိုင်၍ အနည်းငယ် ဘက်လိုက်သည့် သို့မဟုတ် မမှန်ကန်သော အမြင်တစ်ခု ရှိကြသော်လည်း၊ အခြားသူတို့သည် မှန်ကန်တိကျမှုဖြင့် အမှုအရာများကို ကြည့်ကြလေသည်။ လူအမျိုးအစား မျိုးစုံ ရှိလေသည်။ ထို့ကြောင့်၊ တစ်ဦးတစ်ယောက်သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း မျိုးစုံကို တွေ့ကြုံရမည်ဖြစ်ပြီး၊ ယင်း၏ အရသာအသီးသီးကို မြည်းစမ်းရမည်ဖြစ်သည်။ ထို့ကြောင့်၊ အသင်းတော် အသက်တာတွင်၊ မိမိ၏ ညီအစ်ကို မောင်နှမများ၏ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတွင် သင်ယူရမည့် သင်ခန်းစာများစွာ ရှိ၏။ ယင်းကို မှန်ကန်စွာ ချဉ်းကပ်ရမည်၊ သမ္မာတရားကို ရှာဖွေဖို့ ကြိုးပမ်းရမည်ဖြစ်ပြီး မိမိတို့ကိုယ်ကိုယ် သိရှိရမည် ဖြစ်သည်။ လူအချို့ပြောသည့် အရာများက လုံးဝ မမှန်ကန်လျှင်ပင်၊ ယင်းကို ပထမဦးစွာ လက်ခံရမည်၊ သည်းခံကာ စိတ်ရှည်ဖို့ သင်ယူရမည်ဖြစ်ပြီး၊ သမ္မာတရားကို ကျိုးနွံနာခံရမည်ဖြစ်သည်။ အသင်းတော် အသက်တာ၏ ပတ်ဝန်းကျင်သည် အသက်တာတွင် လူတစ်ဦး၏ ကြီးထွားမှုနှင့် ဘုရားသခင်၏ အမှုတော်နှင့် သက်ဆိုင်သည့် ၎င်းတို့၏ အတွေ့အကြုံအဖို့ ကြီးမားသော အကျိုးကျေးဇူးရှိသည်၊ ယင်းက ကယ်တင်ခြင်းသို့ ဆိုက်ရောက်စေလေသည်။ ယင်းသည် သမ္မာတရား၏ ပတ်ဝန်းကျင်၊ သန့်ရှင်းသော ဝိညာဉ်တော်က အုပ်စိုးပြီး သမ္မာတရားက အချုပ်အခြာအာဏာရှိသည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်သည်။ လူတို့သည် ဤပတ်ဝန်းကျင်ကို ကျင့်သားမရနိုင်ကြပါက၊ ငုပ်နေသော ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို မချစ်ကြသကဲ့သို့ အသင်းတော် အသက်တာက သမ္မာတရား၏ ပတ်ဝန်းကျင်တစ်ခု ဖြစ်သည်ကို မမြင်နိုင်ကြချေ။ ယင်းသည် ဘုရားသခင်၏ အမှုတော် လုပ်ဆောင်ပြီးစီးသည့် နေရာတစ်ခု၊ သန့်ရှင်းသော ဝိညာဉ်တော် အုပ်စိုးသည့် နေရာတစ်ခုနှင့် နိုင်ငံတော်၏ လေ့ကျင့်ခြင်း ကျင့်ပသည့်နေရာ ဖြစ်သည်။ နိုင်ငံတော်၏ လေ့ကျင့်ခြင်း ကျင်းပရာနေရာကို စွန့်ခွာပါက တစ်ဦးတစ်ယောက်သည် ကယ်တင်ခြင်း လက်လှမ်းမမီနိုင်ပေ။ လူအချို့က မိမိတို့၏ ကိုယ်ပိုင် အိမ်၏ ပတ်ဝန်းကျင်မှ ၎င်းတို့၏ ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်ရင်း၊ ဘုရားသခင်ကို ဝါသနာတစ်ခုအဖြစ် ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့၏ အသက်တာတွင် မကြီးထွားနိင်ကြသကဲ့သို့၊ ကယ်တင်မခံရနိုင်ကြပေ။ ထို့ကြောင့်၊ အသင်းတော် အသက်တာ၏ ပတ်ဝန်းကျင်သည် အလွန် ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အရှေ့သို့- ၅၇။ ဘုရားသခင်ကို ခုခံမှု နှင့် ကိုယ်တော့်ကို အထင်မှားမှုတို့ကို ပြုပြင်ခြင်းဆိုင်ရာ မူများ

နောက်တစ်ခုသို့- ၅၉။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုဖို့ စုရုံးခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်