၁၂၁) သာမန် လူ့သဘာ၀ကို အသက်ရှင်နေထိုင်ခြင်း၏ အခြေခံသဘောတရားများ

(၁) သာမန်လူ့သဘာ၀နှင့် ဖောက်ပြန်ပျက်စီးခြင်း၏ ဖော်ပြချက်များကို ခွဲခြားသိမြင်ရန်၊ ဖောက်ပြန်ပျက်စီးခြင်း၏ ဖော်ပြချက်အမျိုးအစား အသီးသီးကို ပြင်ဆင်ရန် သမ္မာတရားကို အသုံးချဖို့ သင်ယူရန် လိုအပ်သည်။ သို့မှသာလျှင် သာမန်လူ့သဘာ၀ကို အသက်ရှင်နေထိုင်နိုင်သည်။

(၂) လိမ်လည်ကောက်ကျစ်ခြင်း၌ ကျင်လည်ပြီး မိမိကိုယ်ကိုဖုံးကွယ်ခြင်းထက် ရိုးသားသူတစ်ယောက်ဖြစ်ရန် နှင့် မှန်ကန်စွာ ပြောဆိုနေထိုင်ရန် အချိန်တိုင်း မိမိကိုယ်မိမိ လေ့ကျင့်ရန်လိုအပ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဥပဒေသများအတိုင်း ပြုမူရန် သင်ယူလော့။

(၃) အခြားသူများနှင့် ချစ်ခင်ဖွယ် အပြန်အလှန်ဆက်သွယ်လော့။ သည်းခံခြင်း နှင့် စိတ်ရှည်ခြင်း၊ နားလည်ခြင်း နှင့် ရိုသေခြင်းကို ဆောက်တည်နိုင်စွမ်းရှိလော့။ တစ်ဦးနှင့်တစ်ဦး ကူညီ ပံ့ပိုးကြလော့။ အခြားသူများကို လွန်စွာ ဝေဖန်ခြင်းမပြုဘဲ၊ သင့်တင့်မျှတစွာ ဆက်ဆံလော့။

(၄) အရေးကိစ္စအားလုံးတို့တွင် သမ္မာတရားကို ရှာဖွေရန် လိုအပ်သည်။ သို့မှသာလျှင် လူ့ဇာတိကို စွန့်ပစ်နိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်။ ထိုထက်ပို၍၊ ဘုရားသခင်ကို ချစ်ရန် နှင့် ဘုရားသခင်ထံတွင် ကျိုးနွံနာခံရန် လုပ်ဆောင်ရာတွင် စွဲမြဲစွာ ကြိုးစားအားထုတ်သင့်သည်၊ မိမိတို့၏တာဝန်ကို ကောင်းစွာ နှင့် သစ္စာရှိစွာ လုပ်ဆောင်သင့်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် ထားရှိခဲ့ကာ ထိုအချိန်ကတည်းက ၎င်းတို့ကို ဦးဆောင်ပြီးဖြစ်သည်။ ထို့နောက် သူသည် ၎င်းတို့ကို ကယ်တင်ခဲ့ပြီး လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ် အဖြစ် အစေခံခဲ့သည်။ အဆုံးတွင် သူသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ရဦးမည်၊ လူသားများကို လုံးဝ ကယ်တင်ရဦးမည် ဖြစ်ပြီး၊ ၎င်းတို့ကို ၎င်းတို့၏ မူလ ပုံသဏ္ဌာန်သို့ ပြန်ဖြစ်စေရဦးမည် ဖြစ်သည်။ ဤသည်မှာ အစအဦးကတည်းက သူပါဝင်လုပ်ဆောင်ပြီးဖြစ်သည့် အမှု- လူသားမျိုးနွယ်ကို ၎င်း၏မူရင်း ပုံသဏ္ဌာန်နှင့် ရုပ်ဆင်းသဏ္ဌာန်သို့ ပြန်ဖြစ်စေခြင်း- ဖြစ်သည်။ ဘုရားသခင်သည် သူ၏နိုင်ငံတော်ကို တည်ထောင်လိမ့်မည် ဖြစ်ပြီး လူသားများ၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်နှင့် ဖန်ဆင်းခြင်းအားလုံး အလယ်တွင် သူ၏ ဩဇာအာဏာကို နဂိုအတိုင်း ပြန်ဖြစ်စေမည် ဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း စိတ်နှလုံးအပြင်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ တာဝန်ရှိသည့် အလုပ်တာဝန်ကိုလည်း ဆုံးရှုံးခဲ့ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်ကို မနာခံသော ရန်သူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် လူသားမျိုးနွယ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ခဲ့ပြီး စာတန်၏အမိန့်များကို လိုက်နာခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ဖန်ဆင်းခံသတ္တဝါများ ကြားတွင် အလုပ်လုပ်ရန် နည်းလမ်း မရှိခဲ့သကဲ့သို့၊ ၎င်းတို့၏ ကြောက်ရွံ့တတ်သော ကြည်ညိုမှုကို သာ၍ပင် မရရှိနိုင် ဖြစ်လာခဲ့သည်။ လူသားများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံခဲ့ရပြီး ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျောခိုင်းခဲ့ကြကာ ယင်းအစား စာတန်ကို ကိုးကွယ်ခဲ့ကြသည်။ စာတန်သည် ၎င်းတို့ စိတ်နှလုံးများထဲတွင် အသည်းကြော် ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏၊ ယင်းမှာ သူသည် လူသားမျိုးနွယ်အား ဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ဆုံးရှုံးခဲ့သည်ဟု ဆိုရပေမည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေရမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖယ်ရှားပစ်ရမည် ဖြစ်သည်။ စာတန်ထံမှ လူသားများကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့ကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းဖြင့်သာ ဘုရားသခင်သည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်နှင့် လုပ်ငန်းဆောင်တာကို တဖြည်းဖြည်း နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပြီး၊ နောက်ဆုံးတွင် သူ၏နိုင်ငံတော်ကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ၊ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် လူသား၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ကျိုးကြောင်းမမြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်း၌ ထုတ်ဖော်ပြလေသည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိစိတ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက၊ သူ့စိတ်သဘောထား ပြောင်းလဲမှုများမှာ မဖြစ်နိုင်သကဲ့သို့ပင် ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီဖို့လည်း မဖြစ်နိုင်ချေ။ လူ့အသိစိတ်သည် စိတ်မချရပါက၊ သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ဘဲ၊ ဘုရားသခင်က အသုံးပြုရန်လည်း မသင့်တော်ပေ။ “ပုံမှန်အသိစိတ်” ဟူသည်မှာ ဘုရားသခင်ကို နာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို တမ်းတခြင်း၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ ဖြစ်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း တို့ကို ရည်ညွှန်းသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ဘုရားသခင်ကို တမင်တကာ မဆန့်ကျင်ခြင်းကို ရည်ညွှန်းသည်။ မူမမှန်သော အသိစိတ် ရှိခြင်းသည် ဤသို့မဟုတ်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ ဖြစ်ပေါ်ကာ၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း မဆိုထားဘိ၊ ဘုရားသခင်ကို သစ္စာမရှိသကဲ့သို့ တမ်းတခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ပြီး သူ့ကို ဝေဖန်အကဲဖြတ်သည်၊ ထို့အပြင် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဆဲရေးခြင်းများ ပြုလုပ်သည်။ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလျက်၊ လူသားသည် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဝေဖန်အကဲဖြတ်ကာ ဘုရားသခင်ကို နာခံဖို့ ရည်ရွယ်ချက် မရှိပေ၊ ပြီးလျှင် သူ့ကို ကျိုးကြောင်းမမြင် တောင်းဆိုခြင်းနှင့် တောင်းခံခြင်းတို့ကိုသာ ပြုလုပ်သည်။ မူမမှန်သော အသိစိတ် ရှိသည့်- ဤကဲ့သို့လူများသည် မိမိကိုယ်တိုင်၏ စက်ဆုပ်ရွံရှာဖွယ် အပြုအမူကို သိနိုင်စွမ်း သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရနိုင်စွမ်း မရှိပေ။ အကယ်၍ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိနိုင်စွမ်းရှိသော်၊ ၎င်းတို့၏ အသိစိတ် အနည်းငယ်မျှ ပြန်လည် ရရှိလာပြီးဖြစ်သည်။ မိမိတို့ကိုယ်ကို မသိနိုင်သေးသည့်လူများသည် ဘုရားသခင်ကို ပုန်ကန်လေလေ၊ မိမိတို့ကိုယ်ကိုယ် မသိလေလေ၊ ၎င်းတို့တွင် ခြေခြေမြစ်မြစ်ရှိသော အသိစိတ် နည်းပါးလေလေ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်” မှ

ပုံမှန်လူ့သဘာဝတွင် မည်သည့်ရှုထောင့်များ ပါဝင်သနည်း။ ထိုးထွင်းသိမြင်ခြင်း၊ ဆင်ခြင်ဉာဏ်၊ အသိတရားနှင့် အကျင့်စရိုက်တို့ဖြစ်၏။ ဤရှုထောင့်အသီးသီးတွင် ပုံမှန်ဖြစ်ခြင်းကို သင် ရရှိနိုင်ပါက၊ သင်၏ လူ့သဘာဝသည် စံချိန်မီလိမ့်မည်။ သင်သည် ပုံမှန် သက်ရှိလူသားတစ်ဦး၏ ပုံသဏ္ဌာန်ရှိသင့်ပြီး၊ ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးနှင့် ဆင်တူသင့်သည်။ သင့်အနေဖြင့် အလွန်များစွာ ရရှိဖို့မလို သို့မဟုတ် လူမှုဆက်ဆံရေး ပရိယာယ်တွင် ပါဝင်ပတ်သက်စရာမလိုပေ။ သင့်အနေဖြင့် အမှုအရာများကို ရိပ်မိနိုင်ဖို့ရန် ပုံမှန် လူတစ်ဦး၏ အသိဉာဏ်ရှိသည့် ပုံမှန်လူသားတစ်ဦး ဖြစ်ဖို့သာ လိုပြီး၊ အနည်းဆုံးအနေဖြင့် ပုံမှန်လူသားတစ်ဦးနှင့် တူရမည် ဖြစ်သည်။ ယင်းသည် လုံလောက်လိမ့်မည်။ ယနေ့ သင့်ကို တောင်းဆိုသည့် အရာအားလုံးသည် သင်၏ တတ်စွမ်းနိုင်မှုများ အတွင်းတွင် ရှိ၏။ ဤသည်မှာ ဘဲကို ငှက်အိပ်တန်းပေါ် မောင်းရန် ကြိုးစားနေသည့် ကိစ္စတစ်ခု မဟုတ်ပေ။ သင့်အပေါ် အချည်းနှီး စကားများ သို့မဟုတ် အချည်းနှီး အလုပ်ကို ဆောင်ရွက်လိမ့်မည် မဟုတ်ပေ။ သင့်အသက်တာထဲတွင် ဖော်ပြထားသည့် သို့မဟုတ် ဖွင့်ပြထားသည့် အကျည်းတန်ခြင်း အားလုံးကို ဖယ်ရှားရမည်။ သင်တို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်ကာ စာတန်၏ အဆိပ်များဖြင့် ပြည့်လျှံလျက်ရှိသည်။ သင့်ကို တောင်းဆိုသမျှမှာ ဤဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားကို ဖယ်ရှားဖို့ ဖြစ်သည်။ သင့်ကို အဆင့်မြင့်မားသည့် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ကျော်ကြားသော လူတစ်ဦး သို့မဟုတ် ကြီးမြတ်သော လူတစ်ဦး ဖြစ်လာဖို့ တောင်းဆိုထားခြင်း မဟုတ်။ ယင်းတွင် အဓိပ္ပာယ်မရှိချေ။ သင်တို့၌ လုပ်ဆောင်သည့် အမှုသည် သင်တို့ထဲက မွေးရာပါဖြစ်သည့်အရာကိုသာ ထည့်တွက်သည်။ လူတို့ကို ငါတောင်းဆိုသည့်အရာအား အကန့်အသတ်များအတွင်းတွင် သတ်မှတ်ထား၏။ အကယ်၍ သင်သည် ပညာတတ်များ ပြောဆိုသည့် နည်းလမ်းနှင့် အသံနေအသံထားဖြင့် သင် လေ့ကျင့်ခဲ့ပါက၊ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်ပေ။ ယင်းကို သင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ သင်တို့၏ အရည်အချင်းကို ထောက်ဆလျှင်၊ သင်တို့သည် အနည်းဆုံးအနေဖြင့် ဉာဏ်ပညာနှင့် လိမ္မာပါးနပ်မှုတို့ဖြင့် စကားပြောဆိုနိုင်သင့်ပြီး ကိစ္စရပ်များကို ရှင်းလင်းပြီး နားလည်သဘောပေါက်နိုင်သည့် ပုံစံဖြင့် ရှင်းပြနိုင်သင့်ပေသည်။ ယင်းမှာ သတ်မှတ်ချက်များကို ဖြည့်ဆည်းဖို့ လိုသမျှ အရာအားလုံး ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်သည် ထိုးထွင်းအမြင်နှင့် အသိဉာဏ်တို့ကို ရရှိပါက၊ အလုပ်ဖြစ်ပါလိမ့်မည်။ ယခု အရေးကြီးဆုံးသော အရာမှာ သင်၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားကို စွန့်ပစ်ခြင်း ဖြစ်သည်။ သင်၌ ထင်ရှားသည့် အကျည်းတန်ခြင်းကို သင်စွန့်ပစ်ရမည်။ ဤအရာများကို သင်မစွန့်ပစ်ပါက၊ အမြင့်ဆုံးသော အသိဉာဏ်နှင့် အမြင့်ဆုံးသော ထိုးထွင်းသိမြင်မှုအကြောင်းကို သင်မည်သို့ ပြောဆိုနိုင်မည်နည်း။ လူများစွာသည် ခေတ်ကာလ ပြောင်းလဲပြီးဖြစ်သည်ကို မြင်သော်လည်း၊ မည်သည့် နှိမ့်ချခြင်း၊ သို့မဟုတ် စိတ်ရှည်ခြင်း လုံးဝ မရှိကြဘဲ၊ မေတ္တာတရား၊ သို့မဟုတ် သန့်ရှင်းသူကဲ့သို့ အပြုအမူ အနေအထိုင် တစ်ခုမျှ မရှိလျှင်လည်း သာ၍ကောင်းလိမ့်မည်။ ထိုသို့သော လူများသည် အဓိပ္ပါယ်မဲ့လှပါတကား။ ၎င်းတို့၌ ပုံမှန်လူ့သဘာဝ တစ်စက်မျှပင် ရှိကြသလော။ ပြောစရာ သက်သေခံချက် တစ်စုံတစ်ရာ ရှိကြသလော။ ၎င်းတို့သည် ထိုးထွင်းအမြင်နှင့် အသိဉာဏ်တို့ လုံးဝမရှိကြချေ။ လူတို့၏ ကျင့်ကြံမှုများနှင့်ဆိုင်သည့် သွေဖည်ပြီး မှားယွင်းသည့် ရှုထောင့်အချို့ကို ပြုပြင်ဖို့လိုသည်မှာ မှန်ပေ၏။ ဥပမာအားဖြင့် ၎င်းတို့၏ ယခင်က တင်းမာသော ဝိညာဉ်ရေးရာ အသက်များနှင့် ၎င်းတို့၏ တွေဝေထိုင်းမှိုင်းပြီး မိုက်မဲသော သွင်ပြင်- ဤအရာအားလုံးကို ပြောင်းလဲရမည် ဖြစ်သည်။ ပြောင်းလဲခြင်း ဆိုသည်မှာ သင် ပြောဆိုလိုသည့် အရာမှန်သမျှကို ပြောဆိုရင်း၊ သင့်ကို ကိုယ်ကျင့်သိက္ခာ ကင်းမဲ့ဖို့ သို့မဟုတ် ဇာတိပကတိတွင် မွေ့လျော်ဖို့ အခွင့်ပေးခြင်းကို မဆိုလိုပေ။ သင့်အနေဖြင့် မရေမရာ စကားမပြောရ။ ပုံမှန်လူသားတစ်ဦး၏ အပြောအဆိုနှင့် အပြုအမူတို့ ရှိဖို့ဆိုသည်မှာ “ဟုတ်သည်” ကို “ဟုတ်သည်”၊ “မဟုတ်သည်” ကို “မဟုတ်သည်” ဟု ဆိုရင်း၊ ရှင်းရှင်းလင်းလင်း ပြောဆိုဖို့ ဖြစ်သည်။ အမှန်တရားများကို ဆုပ်ကိုင်ထားပြီး သင့်တင့်လျောက်ပတ်စွာ ပြောဆိုလော့။ မလှည့်စားနှင့်၊ မုသားမပြောနှင့်။ စိတ်သဘောထား ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ပုံမှန်လူတစ်ဦး ရောက်ရှိနိုင်သည့် အတိုင်းအတာများကို နားလည်ထားရမည်။ အကယ်၍ နားမလည်ပါက၊ သင်သည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရည်အချင်းကို မြှင့်တင်ခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရေးအတွက် ဖြစ်သည်” မှ

ပုံမှန်လူတို့၏ စိတ်နေသဘောထားများတွင် ကောက်ကျစ်စဥ်းလဲမှု သို့မဟုတ် လှည့်ဖြားမှုတို့ မရှိပေ၊ လူတို့သည် အချင်းချင်း တစ်ယောက် နှင့် တစ်ယောက် ပုံမှန်ဆက်ဆံရေး ရှိကြသည်၊ သူတို့သည် တစ်ဦးတည်း မရပ်တည်၊ သူတို့၏ အသက်တာများသည်လည်း သာမန်မျှသာ မဟုတ်သကဲ့သို့ ယိုယွင်းပျက်စီးမှုလည်း မရှိ။ ထိုနည်းတူစွာ ဘုရားသခင်သည် အားလုံးတို့အကြားတွင် ချီးမြှောက်ခံရသည်၊ သူ၏ နှုတ်ကပတ်တော်များသည်လည်း လူသားအလယ်တွင် စိမ့်ဝင်ပျံ့နှံ့သည်၊ ဘုရားသခင်၏ ကာကွယ်မှုနှင့် စောင့်ရှောက်မှု အောက်တွင် လူများသည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် သဟဇာတဖြစ်လျက် နေထိုင်ကြသည်၊ စာတန်၏ နှောင့်ယှက်မှု မပါဘဲနှင့် ကမ္ဘာမြေကြီးသည်လည်း စည်းလုံးညီညွတ်မှုနှင့် ပြည့်လွှမ်းနေကာ၊ လူသားအလယ်တွင် ဘုရားသခင်၏ ဘုန်းတော်သည် အရေးကြီးဆုံး အရာအဖြစ် ရှိ၏။ ထိုကဲ့သို့သော လူများ သည် ကောင်းကင်တမန်များကဲ့သို့ ဖြစ်၏၊ ဖြူစင်သည်၊ အားမာန်ပြည့် လျက်ရှိသည်၊ ဘုရားသခင် အကြောင်းကို မည်သည့်အခါမျှ ညည်းညူ ပြောဆိုခြင်းမရှိဘဲ၊ ၎င်းတို့၏ လုံ့လအားလုံးကို ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်၏ ဘုန်းတော်တစ်ခုတည်း အတွက်သာ ဆက်ကပ်အပ်နှံထားကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။ ငါပြောသောအရာမှာ အလွန် ရိုးရှင်းသော်ငြားလည်း၊ သင်တို့အတွက် နှစ်ဆ ခက်ခဲနေပေလိမ့်မည်။ အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။ မရိုးဖြောင့်သောသူများ အတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။ သင်တို့သည် ရိုးသားဖို့ မည်မျှ ခက်ခဲသည်ကို ငါကောင်းစွာ သိသည်မှာ မှန်ပေ၏။ သင်တို့အားလုံးသည် အလွန် လိမ္မာပါးနပ်ကာ၊ သင်တို့၏သေးနုပ်သော စံပေတံလေးနှင့် လူများကို တိုင်းတာရာတွင် အလွန် ကျွမ်းကျင်လှသောကြောင့် ငါ့အမှုသည် သာ၍ ရိုးရှင်းသွားသည်။ ထို့အပြင် သင်တို့တစ်ဦးစီသည် သင်တို့၏ လျှို့ဝှက်ချက်များကို သင်တို့၏ရင်ခွင်၌ ပိုက်ထွေးထားသည့်အတွက်၊ သို့ဆိုလျှင် သင်တို့ တစ်ဦးပြီးတစ်ဦးကို မီးဖြင့် “သင်ယူဖို့ရန်” ဒုက္ခဆင်းရဲထဲသို့ စေလွှတ်မည်၊ သို့မှသာ ယင်းနောက်တွင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည် လာနိုင်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် သစ္စာစောင့်သိသော ဘုရားသခင်တစ်ပါး” ဆိုသည့် စကားများကို သင်တို့၏ နှုတ်မှ ငါ ဆွဲနုတ်ယူမည် ဖြစ်ပြီး၊ သို့ဖြစ်၍ သင်တို့သည် ရင်ဘတ်စည်တီး၍ “လှည့်ဖျားတတ်သည်မှာ လူသား၏ နှလုံးသားဖြစ်သည်။” ဟု ငိုချင်းချလိမ့်မည်။ ဤအချိန်တွင် သင်တို့ စိတ်အခြေအနေမှာ အဘယ်သို့ ရှိမည်နည်း။ သင်သည် ယခုကဲ့သို့ အောင်မြင်၍ တက်ကြွပျော်မြူးအားရနေလိမ့်မည် မဟုတ်ဟု ငါထင်သည်။ ထို့အပြင် သင်သည် ယခုကဲ့သို့ “သိမ်မွေ့ပြီးနက်နဲ” ရန်မှာ သာ၍ နည်းပေမည်။ တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန် မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” ရှိရန် အလွန် ကြိုးစားသော်လည်း၊ ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ခြိမ်းခြောက်သည့် ဟန်ပန်များ လှပ်ပြလေသည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်” မှ

လူတို့သည် သူတို့ကိုယ်သူတို့ များစွာ မတောင်းဆိုကြသော်လည်း ဘုရားသခင်ကို များစွာ တောင်းဆိုတတ်ကြသည်။ သူတို့ကို အထူးသနားကြင်နာမှု ပြရန်၊ သူတို့အပေါ် စိတ်ရှည်သည်းခံရန်၊ သူတို့ကို ချစ်ခင်မြတ်နိုးရန်၊ သူတို့ကို ထောက်ပံ့ပေးရန်၊ သူတို့ကို ပြုံးရယ်ပြရန်နှင့် နည်းလမ်းများစွာဖြင့် သူတို့ကို စောင့်ရှောက်ရန် သူ့ကို သူတို့ တောင်းဆိုကြသည်။ သူတို့သည် သူက သူတို့အပေါ် လုံးဝတင်းကျပ်ခြင်းမရှိရန် သို့မဟုတ် သူတို့ကို စိုးစဥ်းမျှပင် ဝမ်းနည်းစေမည့် မည်သည့်အရာကိုမျှ မပြုရန် သူ့ကို မျှော်လင့်ကြပြီး သူ့အနေဖြင့် သူတို့ကို နေ့ရက်စဉ်တိုင်း ချော့မော့မှသာ သူတို့ကျေနပ်ကြသည်။ လူသားများမှာ ဆင်ခြင်တုံတရားအရာ၌ အလွန်ချို့တဲ့လေစွ။ လူတို့သည် မိမိတို့ လုပ်ဆောင်သင့်သည့်အရာ၊ မိမိတို့ ပြီးမြောက်သင့်သည့်အရာ၊ မိမိတို့ ရှိသင့်သည့် ရှုထောင့်အမြင်များ၊ ဘုရားသခင်ကို အစေခံဖို့ရာတွင် မိမိတို့ ရပ်တည်သင့်သည့် အနေအထားနှင့် မိမိတို့ကိုယ်ကိုယ် ထားရှိဖို့ မည်သည့်အနေအထားက ၎င်းတို့အတွက် သင့်လျော်သည်ဆိုသည်တို့အပေါ် မရှင်းလင်းကြချေ။ အဆင့်အတန်း အနည်းငယ်မျှရှိသည့် လူတို့သည် မိမိတို့ကိုယ်ကိုယ် အလွန်အထင်ကြီးကြပြီး၊ အဆင့်အတန်းမရှိသည့် လူတို့သည်လည်း မိမိတို့ကိုယ်ကိုယ် အတော်လေး အထင်ကြီးကြ၏။ လူတို့သည် မိမိတို့ကိုယ်ကိုယ် မည်သည့်အခါမျှ မသိရှိကြချေ။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင် သင့်ကို ဘုရားသခင် မည်သို့ ပြောဆိုပါစေ၊ သူက သင်နှင့်ပတ်သက်၍ မည်မျှတင်းကျပ်ပါစေ၊ ပြီးလျှင် သင့်ကို သူ မည်မျှ လျစ်လျူရှုပါစေ၊ ညည်းညူခြင်းမရှိဘဲ ဆက်ယုံကြည်ကာ သင်၏ တာဝန်ကို လုပ်ဆောင်နေကျအတိုင်း ဆက်လက်လုပ်ဆောင်နိုင်သည့် အတိုင်းအတာအထိ သင် ရောက်လာရမည်။ ထိုအခါ သင်သည် ရင့်ကျက်ပြီး အတွေ့အကြုံရှိသည့် လူတစ်ဦးဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဝိညာဉ်အသက်တာ အချို့နှင့် ပုံမှန်လူတစ်ဦး၏ ဆင်ခြင်တုံတရား အနည်းငယ် သင် အမှန်တကယ်ရှိလိမ့်မည်။ ဘုရားသခင်အပေါ် တောင်းဆိုမှုများ သင် ပြုလိမ့်မည်မဟုတ်၊ လွန်ကဲသော စိတ်ဆန္ဒများ သင် ရှိတော့မည် မဟုတ်သကဲ့သို့၊ သင်၏ နှစ်သက်မှုများအတိုင်း အခြားသူများအပေါ် သို့မဟုတ် ဘုရားသခင်အပေါ် တောင်းခံချက်များ သင် ပြုတော့မည်မဟုတ်။ ဤအရာက၊ သင်သည် အတော်အတန် အတိုင်းအတာတစ်ခုအထိ လူသားတစ်ဦး၏ ပုံသဏ္ဌာန် ပိုင်ဆိုင်သည်ကို ပြလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် အမြဲတစေ တောင်းဆိုချက်များ ပြုသည့်လူများသည် ဆင်ခြင်တုံတရား အနည်းဆုံးလူများ ဖြစ်သည်” မှ

တစ်စုံတစ်ယောက်က ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခု၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသည့် အတွေးအခေါ်များနှင့် စိတ်ကူးများကို ထုတ်ဖော်ပြသည့်အခါတိုင်း ယင်းသည် သေးငယ်သည့် အရေးကိစ္စမဟုတ်ပေ။ သင်သည် ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေပါက ဤဖောက်ပြန်ပျက်စီးခြင်းများကို သန့်စင်ဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ တစ်ဖက်တွင် သင်သည် သမ္မာတရားကို အကျိုးသင့်အကြောင်းသင့် ရှာဖွေနိုင်ပါက သင့်အမှား၏ အရင်းအမြစ်ကို အလွယ်တကူ ခွဲခြားသိမြင်နိုင်လိမ့်မည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ ဖော်ပြချက်များနှင့် ပတ်သက်သည့် ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်။ သင်သည် စောင့်မျှော်ဖို့နှင့် ရှာဖွေဖို့ သင်၏ဝိညာဉ်ထဲသို့ သာ၍ ပြန်သွားနိုင်သည်နှင့်အမျှ ပြဿနာ၏ အဖြစ်အနေကို ခွဲခြားသိမြင်ရန် အသုံးပြုဖို့ ဘုရားသခင် နှုတ်ကပတ်တော်များ၏ သက်ဆိုင်ရာ ကျမ်းပိုဒ်များကို ရှာတွေ့ရန် လွယ်ကူလာလိမ့်မည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သာ၍ သာ၍ နည်းပါးစွာ ထုတ်ဖော်လိမ့်မည်၊ ပြီးလျှင် သင်၏ ဆင်ခြင်တုံတရားသည် တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည်— တစ်စုံတစ်ဦး၏ဆင်ခြင်တုံတရားက တိုး၍ ပုံမှန်ဖြစ်လာလေ၊ ၎င်းတို့သည် စည်းဘောင်များအတွင်း၌ သာ၍ ပြုမူလေဖြစ်ကာ ၎င်းတို့၏အယူအဆများနှင့် စိတ်ကူးအထင်များပေါ် အခြေခံ၍ ပြောဆိုခြင်း၊ သို့မဟုတ် ပြုမူခြင်း မရှိတော့ပေ။ “စည်းဘောင်များအတွင်း၌ ပြုမူရန်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သာမန် လူ့သဘာဝ၏ စံနှုန်းများအတိုင်း၊ တစ်စုံတစ်ဦး၏ အသိစိတ်အတိုင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များဆိုင်ရာ စံနှုန်းများအတိုင်းနှင့် သမ္မာတရား အခြေခံသဘောတရားများအတိုင်း လိုက်နာသည့် နည်းလမ်း တစ်ခုဖြင့် ပြုမူခြင်းကို ဆိုလိုသည်။ ပြုမူဖို့ စေ့ဆော်ခြင်း ခံရသည်နှင့်တစ်ပြိုင်နက် သင်သည် နက်နက်နဲနဲ မတွေးဘဲ သင်၏လက်ကို ဝှေ့ယမ်းကာ “ထိုသို့သာ လုပ်ဆောင်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မည်” ဟု ပြောပါက သင်သည် သာမန်လူ့သဘာဝ၏ အသိစိတ်ကောင်းဖြင့် ပြုမူနေခြင်း ဖြစ်သလော။ ဤတွင် သာမန်လူ့သဘာဝ၏ ဖော်ပြချက် ရှိသလော။ ဤသည်တို့မှာ သာမန်လူ့သဘာဝ၌ မရှိသင့်သည့် ဖော်ပြချက်များ ဖြစ်သည်။ ထို့ကြောင့် သင့်ထံ မည်သည့်ပြဿနာ ကျရောက်ပါစေ သင်သည် ဦးစွာ စိတ်ကို ငြိမ်စေပြီး ယင်းကို စဉ်းစားဆင်ခြင်ရမည်၊ ဘုရားသခင်ရှေ့မှောက်သို့ လာရမည်၊ သင်၏ဝိညာဉ်ထဲသို့ ပြန်သွားရမည်၊ ပြီးလျှင် ဆိတ်ငြိမ်လာရမည်— ပထမဦးစွာ ဤအရေးကိစ္စကို မည်သို့လုပ်ဆောင်သင့်သည်နှင့် ယင်းကို မည်သို့ဆွေးနွေးသင့်သည်ကို ဘုရားသခင်ထံမှ ရှာဖွေလော့။ ဤသည်မှာ အချိန်များစွာ လိုအပ်သလော။ မဟုတ်ပေ၊ မလိုအပ်ချေ။ သာမန်လူ့သဘာဝတွင် ဤကျိုးကြောင်းဆီလျော်သည့် အရာများ ပါဝင်သည်၊ ပြီးလျှင် လူများသည် မိမိတို့ကိုယ်ကို ချုပ်တည်းနိုင်ပြီး ယင်းတို့ကို စွမ်းဆောင်ရရှိနိုင်ကြသည်။ ၎င်းတို့စွမ်းဆောင်ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ဖို့ ၎င်းတို့လိုလားခြင်း ရှိမရှိပေါ်တွင်သာ မူတည်သည်။ သင်သည် သင့်ကိုယ်သင် ဝါကြွားဖို့၊ အစဉ် အထက်စီး၌နေဖို့၊ သင့်ကိုယ်သင် ပြစားဝင့်ဝါဖို့၊ အခြားလူများ၏ စိတ်နှလုံးများထဲတွင် ကိုးကွယ်ရာ ဖြစ်လာဖို့နှင့် ယင်းတွင် သင်၏ကိုယ်ပိုင်ပုံရိပ်ကို တည်ထောင်ဖို့ အမြဲ ဆန္ဒရှိပါက သင်သည် အမြဲတမ်း မဆင်မခြင် ပြုမူလိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင် ရှေ့မှောက်သို့ မည်သည့်အခါမျှ လာနိုင်လိမ့်မည်မဟုတ်၊ သို့မဟုတ် သင်၏ဝိညာဉ်ထဲသို့ ပြန်သွားနိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် အမှုအရာများကို အမြဲပင် သင်၏ကိုယ်ပိုင် နည်းလမ်းအတိုင်း လုပ်ဆောင်လိုပြီး ထိုသို့လုပ်လည်း လုပ်ဆောင်ခဲ့ပါက၊ သင်သည် ကြီးစွာ အရေးပါသည့် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ သို့မဟုတ် ကြီးစွာသော တာဝန်အချို့ကို ပြီးမြောက်ပြီးဖြစ်ကြောင်းနှင့် သင်သည် အလွန် ပါရမီထူးပြီး သာမန်လူများနှင့်မတူကြောင်း အစဉ် တွေးနေပါက ဤသည်မှာ သင်သည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် လျှောက်မနေကြောင်းကို ဆိုလိုသည်။ သင်၏စိတ်နှလုံးသည် အချိန်ပြည့် ဆိတ်ငြိမ်နေရမည်ဖြစ်ပြီး ပြဿနာတစ်ခုကို သင်ကြုံရသည့်အခါ သင်သည် ကသိကအောက်ဖြစ်ကာ ခေါင်းမာနေခြင်း မရှိရ၊ သို့မဟုတ် မဆင်မခြင်မပြုရ။ ဟန်မများနှင့်၊ သို့မဟုတ် ယုံမှားစေခြင်း မပြုနှင့်၊ ထိုအစား ဆိတ်ငြိမ်စေဖို့ သင်ယူပြီး အကျိုးအကြောင်း ဆီလျော်စွာ ပြုမူလော့။ ဤသည်တို့မှာ သာမန် လူ့သဘာဝက ထင်ရှားပြသသင့်သည့် နည်းလမ်းများ ဖြစ်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကိုဖြေရှင်းရန် လမ်းကြောင်း” မှ

လူတစ်ဦးသည် သမ္မာတရားကို နားမလည်သည့်အခါ၊ သူ၏အသိတရားက မည်မျှကြီးမားသော အခန်းကဏ္ဍကိုခု ဆောင်ရွက်နိုင်သည်ဆိုသည်မှာ သူ၏လူ့သဘာဝက မည်သည့်အရာနှင့်တူသည် ဆိုသည့်အပေါ် မူတည်၏။ ဤလူသည် သမ္မာတရားကို နားမလည်သကဲ့သို့ သူ၏အသိတရားအတိုင်း မပြုမူပါက၊ ထို့ပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားမှုပြပြီး သူ့အထဲတွင် ဘုရားသခင်ကို ရိုသေလေးမြတ်မှုပြသည့် သူ့လုပ်ရပ်၏ သွင်ပြင်လက္ခဏာတစ်ခုတလေကိုမျှ သင်မမြင်ရပါက၊ ဤလူကို အသိတရားနှင့် လူ့သဘာဝ ပိုင်ဆိုင်သည့်လူအဖြစ် မှတ်ယူ၍ ရနိုင်သလော။ ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ ဤလူစားမျိုးကို လူသားအပြုအမူနှင့်ဆိုင်သော အနိမ့်ဆုံးစံနှုန်းအောက် ကျဆင်းပြီးဖြစ်သည့် လူ့သဘာဝမရှိသော တစ်စုံတစ်ဦးအဖြစ် အတိအကျ သတ်မှတ်ထားပေသည်။ သူ၌ အသိတရားမရှိသည့်အပြင် သူသည် အမှုအရာများကို ဆင်ခြင်တုံတရားအား အခြေခံ၍ မလုပ်ဆောင်သကဲ့သို့ အသိတရားအတိုင်းလည်း မလုပ်ပေ။ လူအချို့သည် သမ္မာတရားများစွာကို နားမလည်ကြပေ။ ၎င်းတို့သည် ပြဿနာများ ကြုံရသည့်အခါ လုပ်ဆောင်ရန် မှန်ကန်သောအရာကို မသိကြသကဲ့သို့၊ အခြေခံသဘောတရားများကို ၎င်းတို့ မပိုင်နိုင်ကြသေးချေ။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ၎င်းတို့ပြည့်မီသင့်သည့် အနိမ့်ဆုံးစံနှုန်းမှာ အသိတရားအတိုင်း ပြုမူဖို့ ဖြစ်သည်။ အသိတရားအတိုင်း မည်သို့ပြုမူသင့်သနည်း။ အကြောင်းအချက်များမှာ လူတစ်ဦး ဆောင်ရွက်သည့်အခါ၊ သူသည် စစ်မှန်သော စိတ်နှလုံးတစ်ခုအပေါ် အမှီပြု၍ ထိုသို့လုပ်ဆောင်ရမည်ဖြစ်ပြီး ဘုရားသခင်က ဤဘဝကို ငါတို့အား ပေးပြီးခြင်းနှင့် ထိုက်တန်ရမည်ဖြစ်ပြီး ကယ်တင်ခြင်းရရှိဖို့ ဤဘုရားသခင်ပေးသည့် အခွင့်အရေးနှင့် ထိုက်တန်ရမည်ဖြစ်သည်။ သင်သည် စံနှုန်းများထဲမှ ဤမရှိမဖြစ်လိုအပ်သော အနိမ့်ဆုံးစံနှုန်းကို ပြည့်မီသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ကွယ်ကာခြင်းကို ရရှိပြီးဖြစ်လိမ့်မည်။ ထိုအခါ သင်သည် ဘုရားသခင်ကို မနာခံရန်၊ သို့မဟုတ် သင်၏တာဝန်များကို အချောင်ခိုရန် အမှုအရာများကို အလွန်လွယ်ကူစွာ လုပ်ဆောင်လိမ့်မည်မဟုတ်သကဲ့သို့ ဝတ်ကျေတမ်းကျေ ပုံစံတစ်ခုဖြင့်‌ပြုမူဖို့ သိပ်အလားအလာရှိလိမ့်မည်မဟုတ်ပေ။ သင်သည် သင်၏ကိုယ်ပိုင်ရာထူး၊ ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် အနာဂတ်တို့အတွက် အလွန် ကြံစည်တတ်လေ့ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အသိတရားက ဆောင်ရွက်သည့် အခန်းကဏ္ဍဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ နှစ်ခုလုံးသည် လူတစ်ဦး၏ လူ့သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သင့်သည်။ ဤသည်တို့ နှစ်ခုလုံးသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ သို့မဟုတ် ဆိုးသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်” မှ

လူများ၊ အဖြစ်အပျက်များနှင့် အမှုကိစ္စများကို လူတို့ဆက်ဆံရာ၌ ၎င်းတို့ထုတ်ဖော်ပြလေ့ရှိသည့် သဘောထား၊ အတွေးအခေါ်များနှင့် ထင်မြင်ချက်တို့ဖြစ်သော လူ့သဘာဝနှင့် နီးစပ်ဆက်နွှယ်နေသည့် အရာများသည် အလွန် ထိထိမိမိ ဖော်ပြနေသည်။ ယင်းတို့သည် အဘယ်အရာကို ထိထိမိမိ ဖော်ပြနေသနည်း။ လူတစ်ဦး၏ လူ့သဘာဝနှင့်သက်ဆိုင်သည့် အရည်အသွေးကို မည်သို့မြင်တွေ့နိုင်ကြောင်းနှင့် ထိုသူသည် ရည်မွန်ပြီး တည်ကြည်သောသူ ဟုတ်မဟုတ်တို့ကို ယင်းတို့က ဖော်ပြနေသည်။ ၎င်းတို့သည် အမှန်တကယ် ရည်မွန်ပြီး တည်ကြည်သောသူ ဖြစ်ပါက မည်သည့်အရာကို ၎င်းတို့လုပ်ပါစေ ၎င်းတို့သည် ထိုထိုသော စိတ်နေစိတ်ထားတစ်ခုဖြင့် ယင်းကို လုပ်ဆောင်ကြသည်— “ဤအမှုကိစ္စ လုပ်ဆောင်ရသည်ကို ငါကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ယင်းက ငါ၏စိတ်ဝင်စားမှု နယ်ပယ်အတွင်း ကျရောက်သည်ဖြစ်စေ၊ ငါစိတ်ဝင်စားမှု အနည်းငယ်သာ ရှိသည့်အရာတစ်ခု ဖြစ်သည်ဖြစ်စေ— ငါ့ကို လုပ်ဆောင်ဖို့ ပေးထားခြင်းဖြစ်၍ ယင်းကို ငါကောင်းစွာ လုပ်ဆောင်မည်။ ယင်းကို အစမှ စတင်လေ့လာမည်ဖြစ်ပြီး အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် ယင်းကို တစ်ဆင့်ချင်း ငါတာဝန်ယူ ဆောင်ရွက်မည်။ အဆုံးတွင် လုပ်ငန်းဆောင်တာ၌ ငါမည်မျှဆောင်ရွက်ပြီးစီးပါစေ ငါသည် အစွမ်းကုန် ဆောင်ရွက်ပြီး ဖြစ်လိမ့်မည်။” ယုတ်စွအဆုံးအနေဖြင့် လက်တွေ့အကျဆုံး သဘောထား၊ စိတ်နေစိတ်ထားမျိုးကို သင်ပိုင်ဆိုင်ရမည်။ လုပ်ငန်းဆောင်တာတစ်ခုကို သင်တာဝန်ယူ ဆောင်ရွက်သည့် အချိန်ကတည်းက သင်သည် ယင်းကို စိတ်ရှုပ်ရှုပ်နှင့် လုပ်ဆောင်ပြီး ယင်းနှင့် ပတ်သက်၍ နည်းနည်းမျှ ဂရုမစိုက်ပါက— ယင်းကို သင်သည် အလေးအနက် သဘောမထားသည့်အပြင် ဆီလျော်သော အရင်းအမြစ်များကို မှီငြမ်းခြင်း၊ အသေးစိတ်ကျသည့် ပြင်ဆင်ချက်များကို လုပ်ဆောင်ခြင်း မရှိပါက၊ သို့မဟုတ် အခြားသူများ၏ အကြံဉာဏ်ကို မရှာဖွေဘဲ ၎င်းတို့နှင့် တိုင်ပင်ခြင်းမရှိပါက၊ ပြီးလျှင် ထို့ထက်ပို၍ ယင်းလုပ်ငန်းဆောင်တာ၌ သင်သည် ဤကျွမ်းကျင်မှု၊ သို့မဟုတ် ဤအလုပ်အကိုင်တွင် တစ်ဖက်ကမ်းခတ်ခြင်းကို ကြိုးပမ်းရရှိကာ အစဉ် တိုးတက်နိုင်ဖို့အလို့ငှာ ဤအရာကို အချိန်တိုးမြှင့်၍ မလေ့လာဘဲ ယင်းအပေါ် မထီမဲ့မြင်လုပ်သော သဘောထား၊ ယင်းအပေါ် သင်၏ပြုမူခြင်း၌ ပြီးစလွယ်လုပ်သော သဘောထားတစ်ခုကို ထိန်းသိမ်းထားပါက ဤသည်မှာ သင်၏လူ့သဘာဝ၌ ပြဿနာ တစ်ခုဖြစ်ပေသည်။ ဤသည်မှာ တော်စွလျော်စွ ကြုံရာကျပန်း လုပ်နေခြင်းသာဖြစ်သည် မဟုတ်လော။ အချို့က “သင်ကျွန်ုပ်ကို ဤတာဝန်မျိုး ပေးသည့်အခါ ကျွန်ုပ်မကြိုက်” ဟု ပြောကြသည်။ ယင်းကို သင်မကြိုက်ပါက လက်မခံနှင့်— ယင်းကို လက်ခံလျှင်မူ သင်သည် အလေးအနက်ထားကာ တာဝန်သိသည့် သဘောထားဖြင့် ထိုတာဝန်ကို ချဉ်းကပ်သင့်သည်။ ယင်းမှာ သင်၌ ရှိသင့်သည့် သဘောထားမျိုးဖြစ်သည်။ ဤသည်မှာ သာမန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် သဘောထားဖြစ်သည် မဟုတ်လော။ ရည်မွန်ခြင်းနှင့် တည်ကြည်ခြင်းဆိုသည်မှာ ဤအရာဖြစ်သည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ ယုတ်စွအဆုံးအနေဖြင့် သင်သည် သာမန်လူ့သဘာဝ၏ လက်တွေ့ကျမှုရှိခြင်း အရည်အသွေး၊ ယင်း၏ အလွန်စိတ်ထက်သန်ခြင်းနှင့် ယင်း၏ တာဝန်ယူစိတ်တို့နှင့်အတူ သတိ၊ တင်းကျပ်မှုနှင့် အဖိုးအခ ပေးလိုခြင်းတို့ကို လိုအပ်သည်။ ဤအရာများကို ရှိခြင်းသည် လုံလောက်၏။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)” မှ

ပုံမှန်လူတစ်ဦးနှင့် တူအောင် ထိန်းသိမ်းရန်အတွက်၊ ဆိုလိုသည်မှာ ပုံမှန်လူသားသဘာဝကို ရရှိစေရန်၊ လူတို့သည် သူတို့ စကားလုံးများဖြင့် ဘုရားသခင်ကို နှစ်သိမ့်ရုံဖြင့် မရနိုင်ပေ။ ယင်းသို့လုပ်ခြင်းဖြင့် သူတို့သည် သူတို့ကိုသူတို့သာ ထိခိုက်နာကျင်စေကြပြီး၊ ယင်းသည် သူတို့၏အသက်တာ ဝင်ရောက်မှုနှင့် ပြောင်းလဲမှုတို့အတွက် အကျိုးမပြုပေ။ ထို့ကြောင့် ပြောင်းလဲမှု ရရှိရန်အတွက် လူတို့သည် နည်းနည်းချင်းစီ လေ့ကျင့်ရမည်။ ဖြည်းညင်းစွာ ဝင်ရောက်ရမည်၊ နည်းနည်းချင်းစီ ရှာဖွေ စူးစမ်းရမည်၊ အပြုသဘောမှ ဝင်ရောက်ပြီး သန့်ရှင်းသူတို့၏ အသက်တာဖြစ်သော သမ္မာတရား၏ လက်တွေ့ ဘဝတွင် နေထိုင်ကြရမည်။ ၎င်းနောက်မှ စ၍ စစ်မှန်သော အရာများ၊ စစ်မှန်သည့် အဖြစ်အပျက်များနှင့် တကယ့် ပတ်ဝန်းကျင်များက လူများကို လက်တွေ့လေ့ကျင့်မှုများ ရှိစေမည်။ လူတို့သည် စိတ်မပါဘဲ ပြောရန် မလိုအပ်ပါ။ ယင်းအစား တကယ့် ပတ်ဝန်းကျင်များတွင် လေ့ကျင့်ရန် လိုအပ်သည်။ လူတို့သည် သူတို့တွင် အရည်အသွေး ညံ့ဖျင်းကြောင်း သိရှိလာကြပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်သုံးဆောင်ကြကာ၊ ဝင်ရောက်ကြပြီး ပုံမှန်လက်တွေ့လုပ်ဆောင်ကြသည်။ ဤနည်းအားဖြင့်သာ သူတို့သည် စစ်မှန်မှုကို ရရှိကြပြီး ဝင်ရောက်မှု ပိုမိုလျင်မြန်စွာပင် ဖြစ်ပေါ်နိုင်သည်။ လူတို့အား ပြောင်းလဲရန် လက်တွေ့ကျမှု အချို့ရှိရမည်၊ သူတို့သည် စစ်မှန်သည့်အရာများ၊ စစ်မှန်သည့် အဖြစ်အပျက်များ၊ စစ်မှန်သည့် ပတ်ဝန်းကျင်များနှင့်အတူ လက်တွေ့လုပ်ဆောင်ကြရမည်။ အသင်းတော်၏ အသက်တာကို မှီခိုရုံဖြင့်သာ စစ်မှန်သော လေ့ကျင့်မှုရရှိနိုင်သလော။ လူတို့သည် ဤနည်းဖြင့် စစ်မှန်မှုသို့ ဝင်ရောက်နိုင်မည်လော။ မဝင်ရောက် နိုင်ပေ။ လူတို့သည် စစ်မှန်သော အသက်တာအတွင်းသို့ မဝင်ရောက်နိုင်ပါက၊ ၎င်းတို့သည် သူတို့၏ ဘဝနေထိုင်မှု အဟောင်းများနှင့် လုပ်ကိုင်ဆောင်ရွက်ပုံများကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ယင်းမှာ လူတို့၏ ပျင်းရိခြင်း သက်သက်ကြောင့်နှင့် ကြီးမားသော မှီခိုမှုကြောင့် မဟုတ်ဘဲ ယင်းသည် လူတို့တွင် အသက်ရှင်နေထိုင်မှုအတွက် စွမ်းရည် မရှိခြင်းကြောင့်သာမက ဘုရားသခင်၏ အလိုတော်နှင့် အညီ ပုံမှန် လူသားတယောက်နှင့် တူသည့် စံချိန်စံညွှန်းများကို နားလည်မှု မရှိသောကြောင့် ဖြစ်သည်။ ယခင်က လူတို့သည် အစဉ်အမြဲ ဆွေးနွေးနေ ခဲ့ကြသည်၊ ပြောဆိုနေခဲ့ကြသည်၊ ဆက်သွယ်နေကြသည်၊ ထို့အပြင် ၎င်းတို့သည် “ဟောပြောသူများ” ပင် ဖြစ်သွားကြသည်၊ သို့သော်လည်း အသက်တာ စိတ်သဘောထား၌ ပြောင်းလဲခြင်းကို မည်သူကမျှ မရှာဖွေခဲ့ကြပေ။ ယင်းအစား ထိုသူတို့သည် လေးနက်သော သဘောတရားများကိုသာ မမြင်မကန်း ရှာဖွေခဲ့ကြသည်။ သို့ဖြစ်ရာ ယနေ့လူတို့သည် ၎င်းတို့ဘဝများ၌ ဘုရားသခင်ရှိသည်ဟူသည့် ဤဘာသာရေး ယုံကြည်မှုပုံစံကို ပြောင်းလဲပစ်ရမည်။ ထိုသူတို့သည် အဖြစ်အပျက်တစ်ခု၊ အရာတစ်ခု၊ လူတစ်ယောက်ကို အလေးထားခြင်းဖြင့် လက်တွေ့လုပ်ဆောင်မှုအတွင်း ဝင်ရောက်ကြရမည်။ ထိုသူတို့သည် ယင်းကို အာရုံစူးစိုက်မှုဖြင့် လုပ်ဆောင်ရမည်။ သို့မှသာ ထိုသူတို့သည် ရလဒ်များ ရရှိနိုင်ကြမည်။ လူတို့၏ ပြောင်းလဲခြင်းသည် သူတို့၏ အနှစ်သာရ ပြောင်းလဲခြင်းဖြင့် စတင်သည်။ ထိုအလုပ်သည် လူတို့၏ အနှစ်သာရများ၊ သူတို့၏ ဘဝ၊ ပျင်းရိခြင်း၊ မှီခိုခြင်းနှင့် လူတို့၏ စုံမှိတ်ပြီး နောက်လိုက်ခြင်းတို့ကို ပစ်မှတ်ထားရမည်။ ဤနည်းလမ်းဖြင့်သာ သူတို့ကို ပြောင်းလဲနိုင်မည်။

အချို့သော နေရာများတွင် အသင်းတော်အသက်တာက ရလဒ်များ ထွက်ပေါ်စေနိုင်သော်လည်း၊ လက်တွေ့အသက်တာက လူတို့ကို ပြောင်းလဲစေနိုင်သည်မှာ အဓိကကျသောအချက် ဖြစ်နေဆဲဖြစ်သည်။ လူတစ်ဦး၏ သဘာဝဗီဇဟောင်းသည် လက်တွေ့အသက်တာမရှိဘဲ မပြောင်းလဲနိုင်ပေ။ ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏ လုပ်ဆောင်မှုကို နမူနာအဖြစ် ကြည့်ကြစို့။ ယေရှုသည် ယခင် ပညတ်တရားများကို ဖျက်သိမ်းပြီး ခေတ်သစ်၏ ပညတ်ချက်များကို ချမှတ်စဉ်က၊ ကိုယ်တော်သည် လက်တွေ့အသက်တာမှ တကယ့်ဥပမာများ အသုံးပြု၍ မြွက်ကြားခဲ့သည်။ သခင်ယေရှုက သူ၏ တပည့်တော်များကို ဥပုသ်နေ့၌ ဂျုံခင်းကို ဖြတ်လျက် ဦးဆောင်လာစဉ်၊ တပည့်တော်များက ဆာလောင်လာပြီး ဂျုံစေ့များကို ခူးယူစားသောက်ကြသည်။ ယင်းကို ဖာရိရှဲများက တွေ့မြင်ပြီး၊ ထိုသူတို့သည် ဥပုသ်နေ့ကို လိုက်နာနေခြင်း မရှိဟု ဆိုကြသည်။ ဥပုသ်နေ့တွင် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ရဟု ဆိုကြလျက်၊ ဥပုသ်နေ့တွင် ကျင်းထဲကျနေသော နွားသားပေါက်များကိုပင် လူတို့ကယ်တင်ခွင့်မရှိဟုလည်း သူတို့က ဆိုကြသည်။ ယေရှုက ဤအဖြစ်အပျက်များကို ဓမ္မသစ်ခေတ်၏ ပညတ်ချက်များကို ဖြည်းဖြည်းချင်း ကြေညာဖို့ ကိုးကားခဲ့သည်။ ထိုအချိန်က ကိုယ်တော်သည် လူအများ နားလည်ပြီး ပြောင်းလဲစေရန် လက်တွေ့ ကိစ္စရပ် အများအပြားကို အသုံးပြုခဲ့သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်က သူ၏ အလုပ်များကို လုပ်ဆောင်သည့် အခြေခံ စည်းမျဉ်းဖြစ်ပြီး၊ ယင်းသည် လူများကို ပြောင်းလဲစေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ လက်တွေ့ကိစ္စရပ်များ မရှိဘဲ၊ လူများသည် သဘောတရားအရ၊ အသိဉာဏ်အရသာ နားလည်မှုကို ရနိုင်ကြပြီး၊ ယင်းသည် ပြောင်းလဲရန် ထိရောက်သည့် နည်းလမ်းမဟုတ်ပေ။ ထို့ကြောင့် ဉာဏ်ပညာနှင့် ထိုးထွင်းအမြင်ကို လေ့ကျင့်ခြင်းမှ မည်သို့ ရရှိသနည်း။ လူသားသည် ဉာဏ်ပညာနှင့် ထိုးထွင်းအမြင်တို့ကို နားထောင်ရုံ၊ ဖတ်ရှုရုံနှင့် အသိပညာ တိုးပွားရုံဖြင့် ရနိုင်သလော။ အဘယ်သို့ ဤသို့ ဖြစ်နိုင်သနည်း။ လူတို့သည် လက်တွေ့အသက်တာတွင် နားလည်ပြီး တွေ့ကြုံခံစားရမည်။ သို့ဖြစ်ရာ လူတစ်ဦးသည် လေ့ကျင့်ရမည် ဖြစ်ပြီး လက်တွေ့အသက်တာနှင့် မကင်းကွာရပေ။ လူတို့သည် မတူညီသော ရှုထောင့်များကို အာရုံစူးစိုက်ရမည် ဖြစ်ပြီး ရှုထောင့်အမျိုးမျိုးကို ဝင်ရောက်ရမည်။ ပညာရေး အဆင့်အတန်း၊ ဖော်ထုတ်ပြသနိုင်မှု၊ အမှုအရာတို့ကို မြင်နိုင်စွမ်း၊ အမြော်အမြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်စွမ်း၊ လူသားတို့၏ အခြေခံအသိဉာဏ်နှင့် စည်းကမ်းများနှင့် လူတို့တွင် ရှိသင့်သော အခြားသော လူသားသဘာဝဆိုင်ရာ အရည်အသွေးတို့ ဖြစ်သည်။ နားလည်မှုကို ရရှိပြီးသောအခါ လူတို့သည် ဝင်ရောက်မှုကို အလေးထားရမည်၊ သို့မှသာ ပြောင်းလဲခြင်းကို ရရှိနိုင်သည်။ တစ်စုံတစ်ယောက်သည် နားလည်မှုကို ရရှိသော်လည်း လက်တွေ့လုပ်ဆောင်မှုကို လျစ်လျူရှုထားပါက ပြောင်းလဲခြင်း မည်သို့ ဖြစ်နိုင်မည်နည်း။ ယခုအခါ လူတို့သည် များစွာ နားလည်သော်လည်း လက်တွေ့အသက်တာတွင် နေထိုင်ခြင်းမရှိ၊ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ်မျှသာ ထိရောက်စွာ နားလည်မှု ရှိသည်။ သင်သည် ဉာဏ်အလင်းပေးမှုကို အနည်းငယ်မျှသာ ရရှိသေးသည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပေးခြင်းကို အနည်းငယ်မျှသာ ရရှိသည်၊ သို့သော်လည်း သင်သည် လက်တွေ့အသက်တာတွင် ဝင်ရောက်မှု မရှိ၊ သို့မဟုတ် သင်သည် ဝင်ရောက်မှုအတွက် ဂရုစိုက်ခြင်းပင်မရှိ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဖြစ်ရာ သင်၏ ပြောင်းလဲခြင်းသည် လျော့နည်းသွားသည်။ ဤမျှကာလကြာရှည်ပြီးနောက်၊ လူတို့သည် အမှုအရာများစွာ နားလည်လာ၏။ သူတို့သည် သူတို့၏ အသိပညာနှင့် သက်ဆိုင်သည့် အယူအဆများကို အများအပြား ပြောဆိုနိုင်ကြသည်၊ သို့သော်လည်း သူတို့၏ အပြင်ပိုင်း စိတ်သဘောထားမှာ ယခင်အတိုင်း ရှိနေပြီး၊ သူတို့၏ မူလ စွမ်းရည်သည် ယခင်ကကဲ့သို့ ရှိနေကာ၊ အနည်းငယ်ပင် တိုးတက်ခြင်း မရှိပေ။ ယင်းသို့ဖြစ်နေပါက သင်သည် မည်သည့် အချိန်တွင်မှ နောက်ဆုံးတွင် ဝင်ရောက်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးခြင်း” မှ

ဘုရားသခင်ကို ယုံကြည်ရာ၌ အကယ်၍လူတို့သည် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲစေလိုလျှင် ထိုသူတို့သည် မိမိတို့ကိုယ်ကိုယ် လက်တွေ့အသက်တာမှ ခွဲခွာခြင်း မပြုရပေ။ လက်တွေ့အသက်တာတွင် သင်သည် သင့်ကိုယ်သင် သိရမည်၊ သင့်ကိုယ်သင် စွန့်လွှတ်ရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံး ရမည်သာမက တဖြည်းဖြည်း ပြောင်းလဲခြင်းကို ရရှိနိုင်ခြင်း မရှိသေးမီတွင် အခြေခံသဘောတရားများ၊ အခြေခံအသိဉာဏ်နှင့် ခပ်သိမ်းသောအမှုအရာတို့၌ မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူ နေထိုင်ခြင်း စည်းမျဉ်းစည်းကမ်းများကို လေ့လာရမည်။ သင်သည် စစ်မှန်မှုအတွင်း နက်နက်ရှိုင်းရှိုင်း မသွားဘဲ၊ လက်တွေ့ဘဝထဲသို့ ဝင်ရောက်ခြင်း မရှိဘဲ၊ သဘောတရားဆိုင်ရာ အသိပညာကိုသာ စူးစိုက်ပြီး ဘာသာရေး ပွဲလမ်းသဘင်များ ကြားတွင်သာ နေထိုင်မည်ဆိုပါက၊ သင်သည် စစ်မှန်မှုအတွင်း မည်သည့်အခါမျှ ဝင်ရောက်မည် မဟုတ်၊ သင့်ကိုယ်သင်နှင့် သမ္မာတရားကို သို့မဟုတ် ဘုရားသခင်ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ သင်သည် အစဉ်အမြဲ မျက်စိကန်းလျက် အသိပညာ ကင်းမဲ့လျက်ရှိမည်။ ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်း အမှုသည် တိုတောင်းသော အချိန်ကာလပြီးနောက် ၎င်းတို့ကို ပုံမှန် လူသားဘဝများအား အသက်ရှင်ခွင့်ပေးဖို့ မဟုတ်သကဲ့သို့၊ ၎င်းတို့၏ မှားယွင်းသော အယူအဆများနှင့် အယူဝါဒများကို ပြောင်းလဲဖို့လည်း မဟုတ်ပေ။ ယင်းထက်၊ သူ၏ ရည်ရွယ်ချက်မှာ လူတို့၏ စိတ်သဘောထားဟောင်းများကို ပြောင်းလဲရန်၊ ၎င်းတို့၏ ဘဝနေထိုင်မှု နည်းလမ်းဟောင်း တစ်ခုလုံးကို ပြောင်းလဲရန်နှင့် ၎င်းတို့၏ခေတ်နောက်ကျသော တွေးတောပုံများကို ပြောင်းလဲရန်နှင့် သူ၏စိတ်အမြင်ကို ပြောင်းလဲရန် ဖြစ်သည်။ အသင်းတော်အသက်တာကိုသာ အာရုံစိုက်ခြင်းသည် လူတို့၏ အသက်တာ၏ အကျင့်ဟောင်းများ သို့မဟုတ် ကာလကြာရှည်စွာ သူတို့နေထိုင်ခဲ့ပုံ အဟောင်းများကို ပြောင်းလဲမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ၊ လူတို့သည် လက်တွေ့ဘဝမှ မကင်းကွာရပေ။ ဘုရားသခင်က လူတို့ကို အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့အသက်တာတွင် ပုံမှန်လူ့သဘာဝဖြင့် နေရန်၊ အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း နေရန်၊ အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့အသက်တာတွင် သူတို့၏တာဝန်ဝတ္တရားများကို အကောင်အထည်ဖော်ရန် တောင်းဆိုသည်။ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်မှာ လူတစ်ဦးသည် အရာရာကို လက်တွေ့ အသက်တာသို့ ဦးတည်ရမည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် လူတို့သည် လက်တွေ့ဘဝထဲ ဝင်ရောက်ခြင်းအားဖြင့် မိမိကိုယ်ကိုယ် သိနားလည်ခြင်း ရှိမလာနိုင်ပါက၊ ထို့ပြင် လက်တွေ့ဘဝတွင် ပုံမှန်လူ့သဘာဝကို အသက်မရှင်နိုင်ပါက၊ ထိုသူတို့သည် မဖြစ်ထွန်းသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်အား မနာခံသော သူအားလုံးတို့သည် လက်တွေ့အသက်တာကို မဝင်ရောက်နိုင်သူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် လူ့သဘာဝအကြောင်း ပြောဆိုသော်လည်း နတ်ဆိုးသဘာဝအတိုင်း အသက်ရှင်နေထိုင်ကြသူများ ဖြစ်သည်။ သူတို့အားလုံးသည် သမ္မာတရားအကြောင်း ပြောဆိုသော်လည်း ယင်းအစား အယူဝါဒများကိုသာ အသက်ရှင်နေထိုင်သူများ ဖြစ်ကြသည်။ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း မနေထိုင်နိုင်သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်၏ ရွံရှာမုန်းတီးမှုနှင့် ငြင်းပယ်မှုတို့ကို ခံရသူများ ဖြစ်သည်။ သင်သည် လက်တွေ့အသက်တာသို့ ဝင်ရောက်ခြင်းကို လေ့ကျင့်ရမည်၊ သင်ကိုယ်တိုင်၏ အားနည်းချက်များ၊ မနာခံမှုများနှင့် မသိနားမလည်မှုများကို သိရမည့်အပြင် သင်၏ ပုံမှန်မဟုတ်သော လူ့သဘာဝနှင့် အားနည်းချက်များကို သိရမည်။ ထိုနည်းဖြင့် သင်၏ အသိပညာသည် သင်၏ လက်တွေ့ အခြေအနေနှင့် အခက်အခဲများနှင့် ပေါင်းစပ်သွားလိမ့်မည်။ ယင်းသို့သော အသိပညာသည်သာ စစ်မှန်ပြီး သင်၏ ကိုယ်ပိုင်အခြေအနေကို အမှန်တကယ် နားလည် သဘောပေါက်စေမည်ဖြစ်ကာ သင်၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရရှိနိုင်သည်။

ယခုတွင် လူတို့အပေါ် စုံလင်စေခြင်းသည် တရားဝင် စတင်ပြီဖြစ်ရာ၊ သင်သည် လက်တွေ့အသက်တာအတွင်း ဝင်ရောက်ရမည်။ သို့ဖြစ်ရာ ပြောင်းလဲခြင်းကို ရရှိရန် သင်သည် လက်တွေ့အသက်တာထဲသို့ ဝင်ရောက်ခြင်းမှ စတင်ရမည်ဖြစ်ပြီး နည်းနည်းချင်းစီ ပြောင်းလဲရမည်။ သင်သည် လူသား၏ ပုံမှန်အသက်တာကို ငြင်းပယ်ပြီး ဝိညာဉ်ရေးရာ ကိစ္စများကိုသာ ပြောပါက၊ အမှုအရာများသည် ငြီးငွေ့ဖွယ် ကောင်းသွားသည်။ လက်တွေ့မကျသော အရာများ ဖြစ်သွားသည်၊ သို့ဖြစ်လျှင် လူတို့သည် မည်သို့ ပြောင်းလဲမည်နည်း။ ယခုတွင် စစ်မှန်သော အတွေ့အကြုံထဲသို့ ဝင်ရောက်ဖို့ အခြေခံ အုတ်မြစ်ကို တည်ဆောက်နိုင်ရေးအတွက် လေ့ကျင့်ရန် လက်တွေ့ အသက်တာသို့ သင့်ကို ဝင်ရောက်ခိုင်းသည်။ ယင်းသည် လူတို့ လုပ်ရမည့် အလုပ်များထဲမှ ရှုထောင့်တစ်ခု ဖြစ်သည်။ ကျန်သောအရာများသည် လူတို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုအပေါ် မူတည်နေချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် အဓိကအားဖြင့် လမ်းညွှန်ရန်သာ ဖြစ်သည်။ လူအယောက်စီတိုင်းသည် ဘုရားသခင်ကို လက်တွေ့ အသက်တာအတွင်းသို့ ရောက်လာစေနိုင်ပြီး၊ စစ်မှန်သော ပုံမှန်လူ့သဘာဝကို လက်တွေ့ အသက်ရှင်နေထိုင်နိုင်စေမည့် လမ်းကြောင်း အမျိုးမျိုးမှ တစ်ဆင့် လက်တွေ့အသက်တာသို့ ဝင်ရောက်နိုင်သည်၊ ယင်းသည်သာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးခြင်း” မှ

သမ္မာတရား ရှိသောသူများသည် သူတို့၏ လက်တွေ့အတွေ့အကြုံများတွင် နောက်သို့ ပြန်ဆုတ်ခြင်း အလျှင်းမရှိဘဲ၊ သူတို့၏ သက်သေခံချက်များ၌ ခိုင်မာစွာ ရပ်တည်နိုင်သောသူများ၊ သူတို့၏နေရာ၌ ခိုင်မာစွာရပ်တည် နိုင်သောသူများ၊ ဘုရားသခင်ကို သစ္စာရှိနိုင်သော သူများဖြစ်ပြီး ဘုရားသခင်ကို ချစ်သောသူများနှင့် ပုံမှန်ဆက်ဆံရေးရှိသောသူများ၊ တစ်စုံတစ်ခုဖြစ်သောအခါ ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်သောသူများ၊ သေသည်အထိ ဘုရားသခင်ကို နာခံနိုင်သောသူများ ဖြစ်ကြ၏။ လက်တွေ့ဘဝတွင် သင်၏လက်တွေ့လုပ်ဆောင်မှုနှင့် ထုတ်ဖော်မှုတို့သည် ဘုရားသခင်အတွက် သက်သေခံချက်ပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်အတွက် လူ၏အသက်ရှင်နေထိုင်ခြင်းနှင့် သက်သေခံချက်ဖြစ်၏၊ ထို့ပြင် ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို စစ်မှန်စွာ မွေ့လျော်ခြင်းဖြစ်သည်။ သင်သည် ဤအဆင့်အထိ တွေ့ကြုံခဲ့ပြီးသောအခါ၊ ထိုက်သင့်သော အကျိုးဆက်ကို ရရှိပြီးဖြစ်လိမ့်မည်။ သင်သည် စစ်မှန်သော အသက်ရှင်နေထိုင်မှုကို ပိုင်ဆိုင်ထားမည်ဖြစ်ပြီး သင့်လုပ်ဆောင်ချက်တိုင်းကို အခြားသူများက လေးစား အားကျမှုဖြင့် မော်ကြည့်ကြလိမ့်မည်။ သင်၏အဝတ်အစားနှင့် အပြင်ပန်းရုပ်သွင်သည် ထူးခြားခြင်းမရှိသော်လည်း၊ ဘုရားတရားကို အဆုံးစွန် ကိုင်းရှိုင်းသော အသက်တာကို သင်အသက်ရှင် နေထိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ပြောဆိုသည့် အချိန်တွင်၊ ဘုရားသခင်သည် သင့်အား လမ်းပြကာ ဉာဏ်အလင်းကို ဖွင့်ပေးမည်ဖြစ်သည်။ သင်သည် သင်၏ စကားလုံးများမှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို ပြောဆိုနိုင်မည်၊ လက်တွေ့အရှိတရားကိုလည်း ပြောဆိုနိုင်ပြီး ဝိညာဉ်တော် အားဖြင့် အသုံးခံခြင်းအကြောင်းကို များစွာ နားလည်လာလိမ့်မည်။ သင်သည် စကားပြောရာတွင် တဲ့တိုးပြောပြီး သိက္ခာရှိကာ ဖြောင့်မတ်မည်။ ထိပ်တိုက်ရင်ဆိုင်မှု မရှိဘဲ၊ ယဉ်ကျေးသိမ်မွေ့ကာ ဘုရားသခင်၏ အစီအစဉ်များကို နာခံနိုင်ပြီး တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက၊ သင်သည် သင့်သက်သေခံချက်အပေါ်တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်၊ မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်ဖြေရှင်းရာတွင် သင်သည် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ဖြစ်နေမည် ဖြစ်သည်။ ဤသို့သောသူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ အချို့သော သူများသည် ငယ်ရွယ်သေးသော်လည်း၊ လူလတ်ပိုင်းတစ်ဦး ကဲ့သို့ ပြုမူကြသည်၊ သူတို့သည် ရင့်ကျက်၍ သမ္မာတရားကို ပိုင်ဆိုင်ကာ အခြားသူများ၏ လေးစားအားကျမှုကို ခံကြရသည်၊ ဤလူများသည် သက်သေခံချက်ရှိသူများဖြစ်ပြီး ဘုရားသခင်၏ သရုပ်သကန် ဖြစ်ကြသည်။ ဆိုလိုသည့်မှာ သူတို့သည် အဆင့်တစ်ခုထိ တွေ့ကြုံခံစားပြီးသောအခါ၊ သူတို့၏စိတ်အတွင်းတွင် ဘုရားသခင်ကို ထိုးထွင်းသိမြင်နိုင်မှု ရှိလာပြီး သူတို့၏အပြင်ပန်း စိတ်သဘောထားသည်လည်း တည်ငြိမ်သွားလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ

လူတို့သည် ၎င်းတို့၏ဘဝအပေါ် အမြင်နှင့် ၎င်းတို့ ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်၊ အခြေခံအကြောင်းရင်းတို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည့်နေ့အထိ တွေ့ကြုံရသောအခါ၊ ၎င်းတို့၏အရိုးထဲအထိ ပြောင်းလဲသွားပြီး အခြားလူတစ်ဦး ဖြစ်သွားသောအခါ၊ ဤအရာမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ကြီးစွာသောပြောင်းလဲမှုတစ်ခု၊ ကမ္ဘာတုန်လောက်သော ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သင်သည် လောကကြီး၏ ကျော်ကြားခြင်းနှင့် ကြွယ်ဝခြင်း၊ အဆင့်အတန်း၊ ငွေကြေး၊ အပျော်အပါး၊ တန်ခိုးအာဏာနှင့် ဂုဏ်အသရေတို့ကို စိတ်ဝင်စားခြင်းမရှိတော့သကဲ့သို့ ၎င်းတို့ကို အလွယ်တကူ စွန့်လွှတ်နိုင်သောအခါမှသာ၊ သင်၌ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ရှိလိမ့်မည်။ အဆုံးတွင် စုံလင်စေခြင်းခံရမည့် သူများမှာ ဤကဲ့သို့သော လူစုတစ်စု ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားအတွက် အသက်ရှင်ကြသည်၊ ဘုရားသခင်အတွက် အသက်ရှင်ကြပြီး၊ တရားမျှတသောအရာအတွက် အသက်ရှင်ကြ၏။ ဤသည်မှာ စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝတွင် တူညီမှုများနှင့် ခြားနားချက် တို့ကို နားလည်ခြင်း” မှ

အရှေ့သို့- ၁၂၀) မိမိ၏ သဘာဝ အနှစ်သာရကို ခွဲခြားခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၂၂) ရိုးသားသော ပုဂ္ဂိုလ်ဖြစ်ခြင်း၏ အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်