၁၅။ ဘုရားသခင်ထံ သစ္စာများပြုခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) လူသားနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ စိစစ်ခြင်းသည် သူ၏ အတွင်းကျကျ စိတ်နှလုံးအထဲထိပင် တိုးချဲ့သည်ကို နားလည်ရန် လိုအပ်သည်။ အားလုံးသည် သူ၏ စိစစ်ခြင်း ခံရသည်။ ဘုရားသခင်ထံ အရေးပါမှုရှိသည့် တစ်ခုတည်းသော သစ္စာများနှင့် အဓိဋ္ဌာန်များမှာ သူ့ကို စိတ်ကျေနပ်စေခြင်း ကြံရွယ်ချက်ဖြင့် ပြုလုပ်ထားသည့် အရာများ ဖြစ်သည်။

(၂) ဘုရားသခင်ထံ သစ္စာများနှင့် အဓိဋ္ဌာန်များကို ပြုလုပ်ရာတွင်၊ သူ့ကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံသည့် နှလုံးသားတစ်ခုသည် မရှိမဖြစ် ဖြစ်သည်။ ထိုသို့သော နှလုံးသားတစ်ခုဖြင့်၊ တစ်ဦးတစ်ယောက်သည် မိမိတို့ကိုယ်ကိုယ် တရားမျှတမှုဆီသို့ တိမ်းညွှတ်စေရန် လှုံ့ဆော်ခံရပြီး ၎င်းတို့၏ သက်သေခံချက်တွင် အခိုင်အမာ ရပ်တည်ပေသည်။

(၃) ဘုရားသခင်ထံ သစ္စာများနှင့် အဓိဋ္ဌာန်များကို အသက်ဝင်ရောက်မှုနှင့်ဆိုင်သည့် အစေခံမှုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ မှားယွင်းသော သစ္စာများကို ပြုလုပ်ခြင်းအားဖြင့် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ အသုံးချ၍ မရနိုင်ပေ။

(၄) ဘုရားသခင်ထံ သစ္စာတစ်ခု သို့မဟုတ် အဓိဋ္ဌာန်တစ်ခု ပြုလုပ်ပြီးနောက်တွင်၊ ယင်းကို ထိန်းသိမ်းပြီး လိုအပ်သည့်အရာကို လုပ်ဆောင်ဖို့ ကြိုးပမ်းရန် လိုအပ်သည်။ ထိုသို့ မလုပ်ဆောင်ခြင်းသည် တာဝန်ကို တမင်ပျက်ကွက်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို အသုံးချကာ လှည့်ဖြားဖို့ စီစဉ်ထားသည့် အလိမ်အညာတစ်ခု ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်သည် ငါ့ကို အစေခံရန် စိတ်ပိုင်းဖြတ်နှင့်ပြီး ဖြစ်သည့်အတွက်၊ ငါသည် သင့်ကို အလွတ်ပေးမည် မဟုတ်။ ငါသည် မကောင်းမှုကို မုန်းသော ဘုရားသခင်ဖြစ်ပြီး လူသားမျိုးနွယ်အပေါ် သဝန်တိုတတ်သော ဘုရားသခင် ဖြစ်၏။ သင်သည် သင်၏ စကားများကို ယဇ်ပလ္လင်ထက် ထားရှိနှင့်ပြီးဖြစ်သည့်အတွက်၊ ငါ၏ ပကတိ မျက်စိရှေ့မှ သင် ထွက်ပြေးသည်ကို ငါ သည်းခံမည် မဟုတ်သကဲ့သို့၊ သခင်နှစ်ဦးအား သင်အစေခံနေသည်ကို ငါ သည်းခံမည် မဟုတ်။ ငါ၏ ယဇ်ပလ္လင်ထက်နှင့် ငါ၏ မျက်စိရှေ့တွင် သင်၏ စကားများကို ထားရှိပြီးနောက်၊ သင် ဒုတိယအချစ် ရှိနိုင်မည်ဟု သင် ထင်ခဲ့လေသလော။ ငါသည် လူတို့ကို ထိုပုံစံဖြင့် ငါ့ကို အရူးလုပ်ရန် အဘယ်သို့ အခွင့်ပေးနိုင်မည်နည်း။ သင်သည် ငါ့အား အဓိဌာန်များနှင့် သစ္စာများကို သာမန်ကာလျှံကာ ပြုနိုင်မည်ဟု ထင်ခဲ့သလော။ အမြင့်ဆုံးသော ဘုရားသခင်၊ ငါ၏ပလ္လင်ဖြင့် သင်သည် သစ္စာများကို အဘယ်သို့ ကျိန်ဆိုနိုင် မည်နည်း။ သင်၏ သစ္စာများသည် ဆိတ်သုဉ်းနှင့်ပြီဟု သင် ထင်ခဲ့သလော။ သင်တို့ကို ငါ ပြောမည်- သင်တို့၏ ဇာတိခန္ဓာ ဆိတ်သုဉ်းသွားသော်လည်း၊ သင်တို့၏ သစ္စာများ မဆိတ်သုဉ်းနိုင်။ နောက်ဆုံးတွင် ငါသည် သင်တို့၏ သစ္စာများအပေါ် အခြေခံကာ သင်တို့ကို စီရင်မည်ဖြစ်သည်။ သို့ရာတွင် သင်၏စကားများကို ငါ့ရှေ့တွင် ထားရှိလျက် ငါကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး၊ သင်တို့၏ စိတ်နှလုံးများက ညစ်ညူးသော ဝိညာဉ်များနှင့် နတ်ဆိုးများကို အစေခံနိုင်သည်ဟု သင်တို့ ယုံကြည်ကြသည်။ ငါ၏ အမျက်ဒေါသသည် ငါ့ကို လိမ်လည်လှည့်ဖြားသော ခွေးတူ၊ ဝက်တူ လူများကို အဘယ်သို့ သည်းခံနိုင်မည်နည်း။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ငါဆောင်ရွက်ရမည်ဖြစ်ပြီး၊ ငါ့အား စည်းစနစ်ကျသော ပုံစံဖြင့် “လိုလေသေးမရှိ ပြုစု” နိုင်ကြဖို့၊ ငါ၏နွားထီးများ၊ ငါ၏မြင်းများဖြစ်ကာ ငါ၏ သတ်ဖြတ်ခြင်းမှ ချမ်းသာရာရရှိကြဖို့အလို့ငှာ၊ ငါ၌ ယုံကြည်ခြင်းရှိသော ကိန်းကြီးခန်းကြီးနိုင်သော၊ “ဘာသာတရားကိုင်းရှိုင်းသော” သူများအားလုံးကို ညစ်ညူးသော ဝိညာဉ်များ၏ လက်ထဲမှ ငါ ပြန်ဆွဲလုရမည်။ ငါသည် သင့်အား သင်၏ ယခင်က စိတ်ပိုင်းဖြတ်ချက်ကို ကောက်ယူပြီး ငါ့အား နောက်တစ်ဖန် ပြန်အစေခံစေမည်။ ငါ့ကို လိမ်လည်လှည့်ဖြားသော မည်သည့် ဖန်ဆင်းခြင်းကိုမျှ ငါ သည်းခံမည် မဟုတ်။ သင်သည် ငါ၏ ရှေ့တွင် လက်လွတ်စပယ် တောင်းဆိုမှုများသာ ပြုပြီး လိမ်ညာနိုင်မည်ဟု သင် ထင်ခဲ့သလော။ ငါသည် သင်၏စကားများနှင့် လုပ်ဆောင်ချက်များကို မကြား သို့မဟုတ် မမြင်ခဲ့ဟု သင် ထင်ခဲ့သလော။ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ငါ၏ မြင်ကွင်းတွင် အဘယ်သို့ မရှိနိုင်မည်နည်း။ ငါသည် လူတို့ကို ထိုသို့ ငါ့ကို လှည့်ဖြားရန် အဘယ်သို့ အခွင့်ပေးနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား” မှ

သင်တို့ထဲမှ မည်သူသည် ငါ့ရှေ့မှောက်၌ သန္နိဋ္ဌာန်များချပြီး၊ နောက်ပိုင်းတွင် ယင်းတို့ကို မစွန့်ပစ်လေပြီနည်း။ အဘယ်သူသည် အမှုအရာများအပေါ် မကြာခဏ စိတ်ပိုင်းဖြတ်ခြင်းအစား၊ ငါ့ရှေ့မှောက်တွင် ရေရှည် သန္နိဋ္ဌာန်များ ချမှတ်ဖူးသနည်း။ လူသားများသည် သက်သောင့်သက်သာ ရှိနေချိန်များတွင် ငါ့ရှေ့မှောက်၌ သန္နိဋ္ဌာန်များ အမြဲချမှတ်ပြီးနောက်၊ ဒုက္ခရောက်ချိန်များတွင် ယင်းတို့အားလုံးကို အရေးမပါဟု သဘောထားလိုက်ကြသည်။ ထို့နောက် နောက်ပိုင်းတွင် ၎င်းတို့သည် ၎င်းတို့၏ သန္နိဋ္ဌာန်ကို ပြန်ကောက်ယူကာ ငါ့ရှေ့မှောက်တွင် ထားကြ၏။ လူသားမျိုးနွယ်က အမှိုက်ပုံမှ ကောက်ယူလေပြီးဖြစ်သည့် ဤဗြုတ်စဗျင်းတောင်းကို သာမန်ကာလျှံကာ လက်ခံမည့်အထိပင် ငါသည် အလွန်မလေးစားဖွယ် ဖြစ်ပါသလော။ လူသားအနည်းငယ်က ၎င်းတို့၏ သန္နိဋ္ဌာန်များကို မြဲမြံစွာ စွဲကိုင်ကြ၏၊ အနည်းငယ်က ဖြူစင်ကြကာ အနည်းငယ်သည် ငါ့ကို ယဇ်ပူဇော်ရာတွင် ၎င်းတို့အဖို့ တန်ဖိုးအရှိဆုံးသောအရာများကို ပူဇော်ကြ၏။ သင်တို့အားလုံးသည် တူညီကြသည် မဟုတ်လော။ နိုင်ငံတော်ရှိ ငါ၏ လူများထဲမှ အဖွဲ့ဝင်များအနေဖြင့် သင်တို့သည် သင်တို့၏တာဝန်များကို မထိန်းသိမ်းနိုင်ကြပါက၊ သင်တို့သည် ငါ၏ စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းကို ခံကြရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၄” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘာသာရေး အခမ်းအနားနှင့်ဆိုင်သော ဆုတောင်းချက်များထက် ဘုရားသခင် သာ၍ စက်ဆုပ်ရွံရှာသောအရာ မည်သည့်အရာမျှ မရှိပေ။ စစ်မှန်ရိုးသားသောအခါမှသာ ဘုရားသခင်ထံ ဆုတောင်းချက်များကို လက်ခံပေသည်။ သင့်အနေ့ဖြင့် မည်သည့် ရိုးသားစစ်မှန်သော အရာမျှ ပြောစရာ မရှိပါက၊ တိတ်ဆိတ်စွာ နေလော့။ မမှန်ကန်သော စကားများကို အမြဲမပြောနှင့်၊ ပြီးလျှင် ဘုရားသခင်ကို လှည့်ဖြားဖို့ ကြိုးစားရင်း၊ သူ့ကို သင် မည်မျှချစ်သည်၊ သူ့ကို သင် မည်မျှ သစ္စာစောင့်သိရန် ဆန္ဒရှိသည်တို့ကို ပြောဆိုရင်း၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ကျိုးကြောင်းမမြင်ဘဲ ကျမ်းသစ္စာများ မပြုနှင့်။ သင်သည် သင်၏ စိတ်ဆန္ဒများကို ရရှိနိုင်စွမ်းမရှိပါက၊ ဤစိတ်ဆုံးဖြတ်ချက်နှင့် ဝိညာဉ်အသက်တာ သင် ကင်းမဲ့ပါက၊ မည်သည့် အခြေအနေများအောက်တွင်မဆို ဤကဲ့သို့ ဘုရားသခင်ထံ ဆုမတောင်းနှင့်။ ယင်းမှာ လှောင်ပြောင်သရော်မှု ဖြစ်သည်။ လှောင်ပြောင်သရော်မှုဆိုသည်မှာ တစ်စုံတစ်ဦးကို လှောင်ခြင်း၊ ၎င်းတို့ကို ပြက်ချော်ချော်လုပ်ခြင်းဟု ဆိုလိုသည်။ လူတို့သည် ဤစိတ်သဘောထားမျိုးဖြင့် ဘုရားသခင်၏ ရှေ့မှောက် ဆုတောင်းကြသည့်အခါ၊ အနည်းဆုံးအနေဖြင့် ဤသည်မှာ လှည့်ဖြားမှု ဖြစ်၏။ အဆိုးဆုံးအနေဖြင့်၊ ဤအရာကို သင် မကြာခဏ လုပ်ဆောင်ပါက၊ သင်၌ လုံးဝ စက်ဆုပ်ဖွယ်ဖြစ်သော အကျင့်စရိုက်ရှိ၏။ ဘုရားသခင်သည် သင့်ကို ရှုတ်ချရမည်ဆိုပါက၊ ယင်းသည် ပြစ်မှားစော်ကားခြင်းဟု ခေါ်ဆိုရပေမည်။ လူတို့သည် ဘုရားသခင်အပေါ် ကြောက်ရွံ့မှု မရှိကြချေ၊ ဘုရားသခင်ကို မည်သို့ ကြောက်ရွံ့ရမည်၊ သို့မဟုတ် သူ့ကို မည်သို့ချစ်ပြီး စိတ်ကျေနပ်စေရမည်ကို ၎င်းတို့ မသိကြချေ။ သမ္မာတရားသည် သူတို့အဖို့ မရှင်းမလင်းဖြစ်ပါက၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထား ဖောက်ပြန်ပျက်စီးနေပါက၊ ဘုရားသခင်သည် ယင်းကို ပြုပြင်မည်မဟုတ်။ သို့သော် ၎င်းတို့သည် ထိုသို့သော အကျင့်စရိုက်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ယူဆောင်လာကြပြီး မယုံကြည်သူများက အခြားလူတို့ကို ဆက်ဆံသကဲ့သို့ ဘုရားသခင်ကို ဆက်ဆံကြလေသည်။ ထို့အပြင်၊ ၎င်းတို့သည် ဘုရားသခင်ကို စမ်းသပ်ပြီး နားပူနားဆာလုပ်ဖို့ ဤစကားများကို အသုံးပြုရင်း ဆုတောင်းခြင်းဖြင့် ဘုရားသခင်၏ ရှေ့မှောက်တွင် လေးလေးနက်နက် ဒူးထောက်ကြပြီး၊ ၎င်းတို့ ပြီးစီးသွားသည့်အခါ၊ မိမိကိုယ်ကိုယ် ပြစ်တင်ခြင်း ၎င်းတို့ မခံစားရသည်သာမက၊ ၎င်းတို့၏ လုပ်ရပ်များနှင့်သက်ဆိုင်သော လေးနက်မှုအပေါ် အသိစိတ်လည်း မခံစားကြပေ။ ထိုအခြေအနေတွင်၊ ဘုရားသခင်သည် သူတို့နှင့်အတူ ရှိသလော။ ဘုရားသခင်၏ မျက်မှောက် လုံးဝ မရှိသည့် လူတစ်ဦးသည် ဉာဏ်အလင်းပေးခံရပြီး အလင်းပြခံရနိုင်သလော။ ၎င်းတို့သည် သမ္မာတရားဖြင့် ဉာဏ်အလင်းပေးခြင်းခံရနိုင်သလော။ (မခံရနိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့ ဒုက္ခရောက်ပေပြီ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင့်ကိုယ်သင် သိရှိသည့်အခါမှသာ သမ္မာတရားကို သင်ရှာဖွေလိုက်စားနိုင်သည်” မှ

သင် ဆုတောင်းသည့်အခါ၊ သင်၏ညီအစ်ကို၊ ညီအစ်မများနှင့် မိတ်သဟာယ ပြုသည့်အခါ၊ သို့မဟုတ် သင်၏တာဝန်ကို လုပ်ဆောင်ပြီး သင်၏လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ဆောင်ရွက်သည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် တစ်ချိန်လုံး ဆက်ကပ်ရမည်။ သင်၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သည့် အခါတွင် ဘုရားသခင်သည် သင်နှင့်အတူ ရှိမည်ဖြစ်ပြီး၊ သင်၏ရည်ရွယ်ချက်သည် မှန်ကန်ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် ဖြစ်နေသမျှ၊ သင်၏ လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်သည် လက်ခံပေမည်၊ သင်သည် သင်၏လုပ်ငန်းဆောင်တာကို ဖြည့်ဆည်းဖို့ရန် သင့်ကိုယ်သင် စိတ်ရင်းမှန်ဖြင့် လုံးလုံးလျားလျား ပေးအပ် မြှုပ်နှံထားသင့်သည်။ သင်ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကိုချစ်ပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်း၊ ကွယ်ကာခြင်းနှင့် စေ့စေ့စပ်စပ် စစ်ဆေးခြင်းတို့ကို ရှာဖွေလျှင်၊ အကယ်၍ ထိုအရာများသည် သင်၏ရည်ရွယ်ချက်ဖြစ်လျှင်၊ သင်၏ ဆုတောင်းချက်များသည် ထိရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် အစည်းအဝေးများတွင် သင် ဆုတောင်းသည့်အခါ မုသားမပြောဘဲ သင်၏ စိတ်နှလုံးကိုဖွင့်၍ ဆုတောင်းကာ သင်၏စိတ်ထဲရှိသမျှကို ပြောလျှင် သင်၏ ဆုတောင်းချက်များသည် ဧကန်မုချ ထိရောက်ပေလိမ့်မည်။ သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို လေးလေးနက်နက် ချစ်သည်ဆိုပါက ဘုရားသခင်အား- “ကောင်းကင်၊ မြေကြီးနှင့် ခပ်သိမ်းသော အရာတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် သစ္စာဆိုပါသည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် အကျွန်ုပ် ပြုသမျှသော အရာအားလုံးတို့ကို စစ်ဆေး၍ အကျွန်ုပ်ကို အမြဲကာကွယ် စောင့်ရှောက်တော်မူကာ၊ အကျွန်ုပ်ပြုသမျှအရာတို့သည် ကိုယ်တော်၏ မျက်မှောက်တော်၌ တည်စေတော်မူပါ။ အကျွန်ုပ် စိတ်နှလုံးသည် သခင့်ကို ချစ်မြတ်နိုးမှု မရှိတော့ခဲ့သော်၊ သို့မဟုတ် ကိုယ်တော့်ကို သစ္စာဖောက်ခဲ့သော်၊ အကျွန်ုပ်ကို ပြင်းထန်စွာ ပြစ်တင်ဆုံးမ၍ ကျိန်ဆဲတော်မူပါ။ ဤကမ္ဘာတွင် သာမက နောင်လာမည့် ကပ်ကမ္ဘာတိုင်အောင် ကျွန်ုပ်ကို ခွင့်လွှတ်တော် မမူပါနှင့်။” ဟု ကျမ်းသစ္စာ ကျိန်ဆိုလော့။ ထိုသို့သော သင် ကျိန်ဆိုဝံ့သလော။ သင်မကျိန်ဆိုဝံ့ပါက သင်သည် သူရဲဘောကြောင်ပြီး၊ သင့်ကိုယ်သင်သာ ချစ်မြတ်နိုးသေးသည်ကို ပြ၏။ သင်တို့၌ ဤစိတ်ဆုံးဖြတ်ချက် ရှိသလော။ ဤသည်မှာ သင်ဆုံးဖြတ်ချက် အစစ်အမှန်ဖြစ်ပါက၊ ဤကဲ့သို့သော ကျိန်ဆိုမှုကို သင်ပြုသင့်သည်။ ထိုသို့ ကျိန်ဆိုရန် သင်သန္နိဌာန် ချထားပြီးပါက၊ သင်၏ စိတ်ဆုံးဖြတ်ချက်ကို ဘုရားသခင်က ဖြည့်စွမ်းပေးလိမ့်မည်။ သင် ဘုရားသခင် ထံသို့ ကျိန်ဆိုမှုတစ်ခုပြုသည့်အခါ၊ သူနားထောင်သည်။ သင်သည် ဒုစရိုက်နှင့် ပြည့်ဝသူလော၊ ဖြောင့်မတ်သူလော ဟူသည်ကို သင်၏ဆုတောင်းခြင်းနှင့် သင်၏ လက်တွေ့လုပ်ဆောင်မှုများကို တိုင်းတာ၍ ဘုရားသခင် ဆုံးဖြတ်သည်။ ယခု ဤအရာသည် သင်တို့ကို စုံလင်စေသည့် ဖြစ်စဉ်ဖြစ်ပြီး၊ စုံလင်စေခြင်းအပေါ် သင်သည် စစ်မှန်သော ယုံကြည်မှု ရှိလျှင်၊ သင်သည် သင်၏လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်ရှေ့သို့ ယူလာ၍ သူ၏စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံယူလိမ့်မည်၊ အကယ်၍ သင်သည် မအပ်မရာ ပုန်ကန်မှုတစ်ခုခု ကိုလုပ်ပါက၊ သို့မဟုတ် ဘုရားသခင်ကို သစ္စာဖောက်ပါက၊ ဘုရားသခင်သည် သင်ကျိန်ဆိုထားသည့်အတိုင်း အကောင်အထည် ဖော်မည်ဖြစ်၍၊ သင်၌ သေပြီးနောက် ထာဝရအပြစ်ဒဏ်ဖြစ်စေ၊ ပြစ်တင်ဆုံးမခြင်းဖြစ်စေ၊ သင်၌ မည်သည့်အရာ ဖြစ်သည် ဖြစ်စေ၊ ဤသည်မှာ သင်ကိုယ်တိုင်၏ လုပ်ဆောင်မှုကြောင့် ဖြစ်သည်။ ထိုကျိန်ဆိုခြင်းကို သင်ပြုခြင်း ဖြစ်သောကြောင့် ကျိန်ဆိုချက်အတိုင်း လုပ်ဆောင်သင့်သည်။ သင်သည် ကျိန်ဆိုခြင်းကို ပြုသော်လည်း၊ မလိုက်နာပါက၊ သေလွန်ပြီးသည့်တိုင် ထာဝရပြစ်ဒဏ်ကို ခံရလိမ့်မည်။ ဤကျိန်ဆိုမှုသည် သင်၏ ကျိန်ဆိုမှုဖြစ်သည့်အတွက်၊ ဘုရားသခင်က သင်၏ကျိန်ဆိုမှုကို အကောင်အထည် ဖော်လိမ့်မည်။ အချို့သောသူများသည် ဆုတောင်းခြင်း အမှုကိုပြုပြီးနောက် “အားလုံးပြီးကုန်ပြီ။ ငါ့ရဲ့ကာမရာဂ လိုက်စားဖို့နဲ့ စားသောက် ပျော်ပါးဖို့ အခွင့်အရေးလေးတော့ သွားပါပြီ၊ ယုတ်မာတာတွေလုပ်ဖို့ အခွင့်အရေးတွေလည်း သွားပါပြီ၊ လောကကြီးမှာ လောကီ တမ်းတခြင်းတွေကို မွေ့လျော်ဖို့ အခွင့်အရေးတွေ သွားပါပြီ” ဟု ညည်းညူကြသည်။ ဤသူများသည် လောကီအရာများနှင့် ဒုစရိုက်အပြစ်ကို ခင်တွယ်နေသေးသောသူများ ဖြစ်ပြီး၊ ထာဝရပြစ်ဒဏ်ကို မလွဲမသွေခံရမည့်သူများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်” မှ

တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို ပေးထားသည့် ပူဇော်သက္ကာများကို စောင့်ရှောက်ဖို့ ကတိပေးသည့် ကျမ်းသစ္စာတစ်ခုကို ရေးသားသည်ဟု ဆိုကြပါစို့။ အသိစိတ်နှင့်လူ့သဘာဝ ရှိသူတစ်ယောက်က မည်သည့်အရာကို ရေးမည်နည်း။ ၎င်းတို့၏ သင့်တော်သည့် အဆင့်အတန်းတွင် ရပ်တည်နေပြီး ၎င်းတို့၏ သဘောထားကို ဖော်ပြဖို့အလို့ငှာ၊ မည်သည့် လေသံနှင့် စကားအသုံးအနှုန်းမျိုးဖြင့် ၎င်းတို့ ရေးသားသင့်သနည်း။ ဤသည်မှာ ရိုးရှင်းသည့် အရေးကိစ္စတစ်ခု မဟုတ်ပေ- ထိုးထွင်းသိမြင်မှု ရှိသည့်လူများက သတိပြုမိနိုင်သည်။ ပုံမှန်မဟုတ်သည့်လူများကို ကြည့်လော့။ စာတန်၊ အန္တိခရစ်များ၊ တွန်းတွန်းထိုးထိုး လုပ်တတ်သူများ- ၎င်းတို့၏စကားတွင် လေသံအချို့ရှိသည်။ ဥပမာအားဖြင့်၊ ကိုအောင်ဟု ဆိုကြပါစို့၊ သူက ပြောသည့် ပထမဆုံး အရာမှာ “ကျွန်ုပ်၊ ကိုအောင်သည် ဘုရားသခင်ကို ဆက်ကပ်သည့် ပူဇော်သက္ကာများထဲမှ တစ်ပြားတစ်ချပ်ကို ငမ်းငမ်းတက် လိုချင်ခဲ့ပါက၊ ကျွန်ုပ်သည် ဆိုးရွားသော သေခြင်းဖြင့် ကျိန်ဆဲခြင်းခံရပါစေ- တံခါးထဲမှ ထွက်သည့်အခါ ကားတိုက်...” ဤသည်မှာ မည်သည့် လေသံဖြစ်သနည်း။ ယင်းက “ကျွန်ုပ်” ဆိုသည့် စကားလုံးဖြင့် စတင်သည်။ ယင်းမှာ သင့်တင့်လျောက်ပတ်မှု မရှိဆုံးဖြစ်သည်။ ၎င်းတို့လေသံနှင့် ၎င်းတို့၏ဟန်ပန်၏ နောက်ကွယ်မှ တွန်းအားသည် အကြောင်းအရာထဲတွင် သိသာထင်ရှားလေသည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်မှု မရှိသည့် ကျမ်းသစ္စာတစ်ခု မဟုတ်လော။ ဤကဲ့သို့ ကျမ်းသစ္စာတစ်ခုသည် အဘယ်နည်း။ (ယင်းမှာ ကြွေးကြော်သံ တစ်ခုဖြစ်သည်။) ဤသည်မှာ အတုဖြစ်ခြင်းအဖြစ်၊ သူတော်ကောင်း ယောင်ဆောင်ခြင်းအဖြစ် လူသိများသည်။ မာနထောင်လွှားလိုက်သည့် ကျမ်းသစ္စာတစ်ခုပေတည်း- အဘယ်ကို မာနထောင်လွှားစရာ ရှိသနည်း။ သင်သည် ဘုရားသခင်ကို ကျမ်းသစ္စာပြုနေခြင်း ဖြစ်သည်။ သာမန်လူတစ်ယောက်သည် ၎င်းတို့၏ သင့်တော်ရာ အဆင့်အတန်းတွင် ရပ်တည်ပြီး၊ ဘုရားသခင်ကို ၎င်းတို့၏သိုဝှက်ထားသော စကားများကို ပြောလျက်၊ ချုပ်တည်းထားမည် ဖြစ်သည်။ ၎င်းတို့သည် ဟိတ်ဟန်များခြင်း နှင့် မောက်မာခြင်းတို့ ဖြစ်မည် မဟုတ်ပေ။ ကျမ်းသစ္စာပြုသည့်အချိန်တွင်ပင် အလွန် မာနထောင်လွှားသည့် လူများ၏ စိတ်သဘောထားမှာ အဘယ်နည်း။ ပြီးလျှင် ၎င်းတို့၏ ကျမ်းသစ္စာသည် မှန်သလော၊ မှားသလော။ ယင်းမှာ ပြောဖို့ခက်သည်။ ၎င်းတို့ဆိုလိုသည်မှာ “ကိုယ်တော် ကျွန်ုပ်ကို မယုံကြည်သလော။ ကျွန်ုပ်သည် ဘုရားအိမ်တော်ကို အခွင့်ကောင်းယူဖို့ ကြိုးစားနေသည်ကို ကိုယ်တော် စိုးရွံ့သလော၊ ဘုရားသခင်ကို ဆက်ကပ်သည့် ပူဇော်သက္ကာများကို ကျွန်ုပ်ခိုးမည်ကို စိုးရွံ့သလော။ ကိုယ်တော်က ကျွန်ုပ်ကို အသုံးပြုသော်လည်း၊ ကျွန်ုပ်ကို မယုံကြည်ဘဲ၊ ကျမ်းသစ္စာတစ်ခုပင် ကျိန်ဆိုစေသည်။ ကောင်းပြီ၊ ကျွန်ုပ် ကျမ်းသစ္စာ ဆိုမည်- ကျွန်ုပ်ကို ကြည့်လော့။” ဤသည်မှာ မည်သည့်သဘောထားနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ မသမာခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် ဘုရားသခင်ကို ခြိမ်းခြောက် ဟိန်းဟောက်ဝံ့ကာ၊ ၎င်းတို့၏ ဆိုးယုတ်သော ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့ ကျမ်းသစ္စာတစ်ခုကို အသုံးပြုသည်။ ဤသည်မှာ ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်းလော။ ဤအရာတွင် ဘာသာတရားကိုင်ရှိုင်းမှု နည်းနည်းမျှ မရှိပေ။ ထိုသို့သောလူများသည် စာတန်နှင့် အန္တိခရစ်များ ဖြစ်ကြသည်။ အန္တိခရစ်များသည် ထိုသို့သော အရာများကို ပြောလေ့ရှိကြသည်။ ကျမ်းသစ္စာတစ်ခု ကျိန်ဆိုသည့်အချိန်တွင် ထိုသို့ ခြိမ်းခြောက် ဟိန်းဟောက်ခြင်းသည် မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ထိုသို့သော လူများသည် ကယ်တင်ခြင်း ခံရနိုင်သလော။ သင်တို့သည် ထိုသို့သော လူမျိုးများကို ကြုံဖူးသလော။ သင်တို့သည် ထိုသို့သော လူများ၏ အပြုအမူများ၊ ပွင့်အံထွက်လာခြင်းများ သို့မဟုတ် စိတ်သဘောထားများကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပေ၊ ဟုတ်သလော။ သင်တို့ထဲမှ အချို့က ဤလူများသည် အတွေးအမြင်ရှင်းပြီး ရိုးသားသည်၊ ၎င်းတို့သည် ဝိညာဉ်ရေးရာ အမှုအရာများကို နားလည်နိုင်ပြီး ဘုရားသခင်ကို သစ္စာရှိသည်ဟု တွေးထင်ကြသည်။ ဤသည်မှာ ထိုးထွင်းသိမြင်မှု မရှိခြင်း မဟုတ်လော။ ထိုသို့အလွန်ဆိုးရွားသော အပြုအမူနှင့် စိတ်သဘောထားတို့ကို ၎င်းတို့၏ ကျမ်းသစ္စာများ၏ တိုက်ရိုက်အဓိပ္ပာယ်နှင့် စကားသုံးနှုန်းပုံတို့တွင် သိသာထင်ရှားသည့်အတိုင်း သင်သည် မည်သည့် အမှားမျှ မတွေ့သည့်အခါ၊ ဤသည်က သင်သည် သမ္မာတရားကို အလွန်နည်းပါးစွာသာ နားလည်သည်ဟု ဆိုလိုသည် မဟုတ်လော။ ယင်းက သင်တို့သည် အယူဝါဒကိုသာ နားလည်ပုံရသည်။ တစ်စုံတစ်ခုသည် သာ၍ အသေးစိတ်ကျပြီး လက်တွေ့ကျလေလေ၊ ယင်းသည် မည်သည့်အရာဖြစ်သည်ကို သင်သာ၍ နည်းပါးစွာ သိမြင်နိုင်လေဖြစ်သည်။ တစ်စုံတစ်ခုသည် သာ၍ အယူဝါဒဆိုင်ရာဖြစ်လေ၊ သင်သည် အနှစ်မဲ့သော ဆောင်ပုဒ်များကို အသံနေအသံထားနှင့် အားရပါးရ ပြောလျက်၊ ယင်းကို ဖော်ပြရာတွင် သာ၍ ကောင်းမွန်လေ ဖြစ်သည်။ သင်တို့သည် ထိုသို့သော ကျမ်းသစ္စာတစ်ခုကို ရေးသားဖူးသလော။ (ရေးသားဖူးပါသည်။) အနှစ်သာရအားဖြင့် ကွာခြားချက် မရှိပေ။ ကျမ်းသစ္စာတစ်ခု ကျိန်ဆိုခြင်းသည် သူရဲကောင်းတစ်ဦး၏ သေခြင်းဖြင့် သေဆုံးဖို့ အဆင့်သင့်ဖြစ်လျက်၊ စစ်ပွဲတစ်ခုထဲသို့ အပြေးအလွှားသွားခြင်းနှင့်မတူပေ။ ကျမ်းသစ္စာများသည် ဤကဲ့သို့ တိုက်ခိုက်ရေး စိတ်ဓာတ်မျိုး မလိုအပ်ပေ။ ဘုရားသခင်ကို သင် ကျမ်းသစ္စာတစ်ခု ပြုသည့်အခါ၊ သေချာစွာ တွေးလော့။ သင်သည် ယင်းကို အဘယ့်ကြောင့် ရေးသားနေသည်၊ မည်သူ့ကို သင်သည် ကျိန်ဆိုနေပြီး ဤအာမခံချက်ကို ပြုနေသည်တို့ကို သင် နားလည်ရမည်။ ဘုရားသခင်က လူများထံမှ သေချာသည့် သဘောထားတစ်ခုကို လိုချင်ခြင်း ဖြစ်သည်၊ တိုက်ခိုက်ရေး စိတ်ဓာတ်ကို မဟုတ်ပေ။ သင်၏ တိုက်ခိုက်ရေး စိတ်ဓာတ်သည် မာနထောင်လွှားခြင်း နှင့် ခြိမ်းခြောက် ဟိန်းဟောက်ခြင်း ဖြစ်သည်။ ယင်းမှာ စာတန်ဆန်သော စိတ်သဘောထားဖြစ်သည့် မာနထောင်လွှားခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ယင်းသည် ဘာသာတရားကိုင်းရှိုင်းခြင်း မဟုတ်ပေ၊ ပြီးလျှင် ဖန်ဆင်းခံသတ္တဝါတစ်ဦးက ထင်ရှားပြသသင့်သည့် အရာမဟုတ်ပေ၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အဆင့်အတန်းကို သာ၍ နည်းပါးစွာပင် မထင်ဟပ်စေပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၂)” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင့် အမှု၏ ဤအဆင့်တွင်၊ နောက်ဆုံးသော ကာလအတောအတွင်း၊ သူသည် လူတို့အား ကျမ်းသစ္စာများ ကျိန်ဆိုခွင့်ပေးသည်။ ဤသည်မှာ အဆုံးစွန် အရေးပါမှု ကိစ္စရပ်တစ်ခု ဖြစ်သည်။ အချို့သော လူတို့သည် ဤအရာကို နားမလည်နိုင်ကြပေ။ ၎င်းတို့သည် ကျမ်းသစ္စာများ ကျိန်ဆိုခြင်းကို တားမြစ်ထားသည်ဟု ပြောသည့် ကျမ်းစာမှ စာကြောင်းအချို့ကို အလွတ်ကျက်ရုံသာ ကျက်ကြပြီးဖြစ်သည်- သို့ဆိုလျှင် လူတို့သည် ယင်းကို လုပ်ဆောင်ရန် အဘယ်သို့ ရုတ်တရက် အခွင့်ပေးခံရသနည်းဟု ၎င်းတို့ သိချင်ကြသည်။ လူတို့အတွက် ဤနည်းဖြင့် စဉ်းစားရန်မှာ အတော်အတန် ပုံမှန် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့် ပတ်သက်၍ အတွေ့အကြုံမရှိကြသောကြောင့်၊ နှစ်အနည်းငယ် ကျမ်းစာကို ဖတ်ရှုပြီးဖြစ်သော်လည်း၊ ထိုအမှုတော်ကို ၎င်းတို့ သဘောမပေါက်နိုင်ကြသည်မှာ အမှန်ဖြစ်၏။ ကျမ်းသစ္စာများ မကျိန်ဆိုရန် သမ္မာကျမ်းစာ၏ သွန်သင်မှုမှာ မှားယွင်းသော ကျမ်းသစ္စာများကို မကျိန်ဆိုရန် ရည်ညွှန်းခြင်း ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုသို့သော ကျမ်းသစ္စာများကို မုန်းတီးသောကြောင့် ဖြစ်သည်။ သို့သော် သူ၏ ရှေ့မှောက်တွင် ယနေ့ ကျမ်းသစ္စာ ကျိန်ဆိုခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၌ အခြေခံပြီး ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်နှင့်သက်ဆိုင်သော ဖော်ပြချက်တစ်ခု ဖြစ်သည်။ ယင်းသည် တရားမျှတမှုအပေါ် တိမ်းညွှတ်ရန် ကျွန်ုပ်တို့အတွက် စိတ်ဓာတ်လှုံ့ဆော်မှု တစ်ခုလည်း ဖြစ်သည်။ ဤကျမ်းသစ္စာမျိုးသည် အဓိပ္ပာယ်ရှိပြီး၊ ဘုရားသခင်၏ စိတ်ကျေနပ်မှုနှင့် တွေ့ရဖို့ သမ္မာတရားအား ကျွန်ုပ်တို့၏ လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အပြုသဘောဆောင်သည့် အကျိုးတရာတစ်ခု ရှိနိုင်ပြီး၊ ယင်းသည် ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီပေသည်။ လူသားများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး၊ ဇာတိပကတိ၏ ဘောင်ခတ်ခြင်း ခံရတတ်ကာ အပျက်သဘောဆောင်ခြင်းထဲသို့ နောက်ကျကျန်ရစ်တတ်ပေသည်။ သို့သော်၊ ၎င်းတို့သည် အပြစ်ပေးခံရခြင်းနှင့် ကံအကြောင်းမလှသည့် ဖြစ်ရပ် ခံစားရခြင်းကိုလည်း ကြောက်ရွံ့ကြသည်။ ဤသည်မှာ ၎င်းတို့၏ ပျော့ကွက် ဖြစ်သည်။ ထို့ကြောင့်၊ မိမိ၏ လက်တွေ့လုပ်ဆောင်မှုတွင် ကျမ်းသစ္စာများ ကျိန်ဆိုခြင်း၏ အခြေခံသဘောတရားများမှာ အထူးသဖြင့် ကောင်းမွန်သည်။ ကျမ်းသစ္စာတစ်ခု ကျိန်ဆိုပြီးနောက်တွင်၊ တစ်ဦးတစ်ယောက်သည် နောက်ထပ် အလေးမထား မဖြစ်ဝံ့ သို့မဟုတ် အပျက်သဘောမဆောင်ဝံ့တော့ပေ။ ထိုအစား၊ လူတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ တိုးတက်မှု ရှာဖွေရန် အစွမ်းကုန် လုပ်ဆောင်နိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့် မကိုက်ညီသည့် အရာတစ်ခုတစ်လေကို လုပ်ဆောင်ခြင်းနှင့် ယင်းက ၎င်းတို့၏ ကျမ်းသစ္စာများအတိုင်း ဘုရားသခင်၏ အပြစ်ပေးခြင်း ဆင်းသက်စေမည်ကို ကြောက်ရွံ့ကြသည်။ ထိုသို့ဖြင့်၊ ကျမ်းသစ္စာများ ကျိန်ဆိုခြင်းသည် လူတစ်ဦး၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှု၊ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု နောက်ကွယ်က အကြီးမားဆုံးသော တွန်းအား ဖြစ်လာလေသည်။ ထို့ကြောင့် သင်သည် ကျမ်းသစ္စာ ကျိန်ဆိုခြင်းအကြောင်းကို ခြုံငုံကောက်ချက်ချ၍မရနိုင်ပေ။ ထို့အပြင်၊ လူတို့ ပြုလုပ်သည့် ကျမ်းသစ္စာများကို အပြုသဘာဆောင်သော ကျမ်းသစ္စာကျိန်ဆိုခြင်းများနှင့် အပျက်သဘောဆောင်သော ကျမ်းသစ္စာကျိန်ဆိုခြင်းများဟူ၍ ခွဲခြားနိုင်သည်။ အပြုသဘောဆောင်သော ကျမ်းသစ္စာများမှာ အပြုသဘောဆောင်သော အရာများ ဖြစ်ပြီး၊ လူတစ်ဦး၏ သမ္မာတရား လိုက်စားခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းအား ရရှိခြင်းတို့အပေါ် မြှင့်တင်ပေးသည့် အကျိုးတရားတစ်ခု ရှိလေသည်- ထို့ကြောင့် သင်သည် မည်သည့် အရာ ဆုံးရှုံးစရာ ရှိသနည်း။ လူတို့သည် ဤ ကျမ်းသစ္စာ ကျိန်ဆိုခြင်းမျိုးနှင့်ပတ်သက်သည့် အယူအဆများ ရှိပါက၊ ယင်းက ၎င်းတို့သည် အလွန် လုံးဝ သဘောပေါက်လက်ခံလွယ်ခြင်း မရှိကြသည်ကို ပြပေသည်။ ကျမ်းသစ္စာ ကျိန်ဆိုခြင်းအား အမှန်တကယ် မစိုးရွံ့ခြင်းက လူတစ်ဦးသည် ကြီးမားသော ဆုံးဖြတ်ချက်ရှိသည်၊ ယုံကြည်ခြင်း ရှိသည်၊ စိတ်ပိုင်းဖြတ်ထားပြီး ဘုရားသခင်အား စိတ်ကျေနပ်စေနိုင်သည်ကို ပြပေသည်။ ကျမ်းသစ္စာများ ကျိန်ဆိုဖို့ အလွန် စိုးရွံ့သောသူတို့သည် ပျင်းရိပြီး အကြောက်ကြီးကာ သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ မရှိသကဲ့သို့ ဘုရားသခင်ကို စစ်မှန်စွာ မချစ်ပေ။ ၎င်းတို့သည် အကြောက်ကြီးသူများဖြစ်သည်။ ထိုသို့သော လူတို့သည် မည်သည့်အရာကိုမျှ ပြီးမြောက်လိမ့်မည်မဟုတ်သကဲ့သို့ မည်သည့် အလားအလာမျှ ရှိလိမ့်မည် မဟုတ်ပေ။ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်နှင့် ဘုရားသခင်၏ စေခိုင်းချက်များကို ပြည့်စုံစေရန်၊ ပြီးလျှင် သူ၏ အလိုတော်ကို လိုက်လျှောက်ရန်၊ သူ့ကို စိတ်ကျေနပ်စေရန်နှင့် သူ့ကို ချစ်ရန် ကျမ်းသစ္စာများ အမှန်တကယ် ကျိန်ဆိုဝံ့သူတို့သည် စိတ်ဆုံးဖြတ်ချက်ရှိပြီး သမ္မာတရားကို လိုက်စားနေသည့် လူများ ဖြစ်သည်။ ဤသည်မှာ ပေတရုပုံစံ ပြန်ဖန်တီးခြင်းတစ်ခု ဖြစ်သည်။ ဤလူသားများသည် ဇွဲလုံ့လ စိတ်တစ်ခုလည်း ရှိပါက၊ ၎င်းတို့ အောင်မြင်ရန် သေချာပေသည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

အရှေ့သို့- ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ချီးမြှောက်ခြင်း၏ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊လျှောက်ရမယ့်လမ်းကို ညွှန်ပြသမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်