၁၀၈) သာမန် လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကြား ခွဲခြားခြင်း အခြေခံသဘောတရားများ

(၁) လူတစ်ဦးသည် စကားနှင့် လုပ်ဆောင်ချက်တွင် တာဝန်သိတတ်ပြီး စဉ်းစားတတ်ခြင်း ရှိမရှိ၊ ၎င်းတို့သည် အခြားသူတို့နှင့် အပြန်အလှန် ဆက်ဆံမှုများတွင် အခြေခံသဘောတရားနှင့်ညီခြင်း ရှိမရှိ၊ ၎င်းတို့သည် စိတ်ရှည်ကာ သည်းခံနိုင်စွမ်း ရှိမရှိ၊ အခြားသူတို့ကို မျှတစွာ ဆက်ဆံနိုင်စွမ်း ရှိမရှိဆိုသည်တို့ကို ပိုင်းဖြတ်လော့။

(၂) လူတစ်ဦးသည် အပြုသဘောဆောင်သော အရာများအပြင် သမ္မာတရားကို ချစ်သည် မချစ်သည်၊ ကိစ္စရပ်တစ်ခု ဖြစ်ပေါ်သည့်အခါ သမ္မာတရားကို ၎င်းတို့ ရှာဖွေခြင်း ရှိမရှိ၊ ၎င်းတို့သည် အလင်းကို တမ်းတကာ အသက်တာတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းခြင်း ရှိမရှိဆိုသည်တို့ကို ပိုင်းဖြတ်လော့။

(၃) တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို ရင်ဆိုင်ရချိန်တွင်၊ လူတစ်ဦးသည် ဘုရားသခင်ထံမှ ထိုအရာများကို လက်ခံနိုင်ခြင်း ရှိမရှိ၊ ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံကာ ကျိုးနွံနာခံပြီး မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ခြင်းမှတစ်ဆင့် မိမိတို့ကိုယ်ကိုယ် သိရှိလာနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ပိုင်းဖြတ်လော့။

(၄) မိမိတို့၏ တာဝန်များကို လုပ်ဆောင်ရာတွင် လူတစ်ဦးသည် ရိုးသားသော လူတစ်ဦးအနေဖြင့် သမ္မာတရားကို ပြောဆိုပြီး လက်တွေ့ကျကျ ပြုမူခြင်း ရှိမရှိ သို့မဟုတ် ၎င်းတို့အနေဖြင့် သတိမမူဖြစ်ကာ ဝတ်ကျေတမ်းကျေဖြစ်ခြင်း ရှိမရှိ၊ ဘုရားသခင်ကို လှည့်စားရန် ကြိုးပမ်းရာတွင် ကြံစည်ကာ မမှန်မကန်လုပ်ဆောင်ခြင်း ရှိမရှိဆိုသည်တို့ကို ပိုင်းဖြတ်လော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ၊ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် လူသား၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ကျိုးကြောင်းမမြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်း၌ ထုတ်ဖော်ပြလေသည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိစိတ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက၊ သူ့စိတ်သဘောထား ပြောင်းလဲမှုများမှာ မဖြစ်နိုင်သကဲ့သို့ပင် ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီဖို့လည်း မဖြစ်နိုင်ချေ။ လူ့အသိစိတ်သည် စိတ်မချရပါက၊ သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ဘဲ၊ ဘုရားသခင်က အသုံးပြုရန်လည်း မသင့်တော်ပေ။ “ပုံမှန်အသိစိတ်” ဟူသည်မှာ ဘုရားသခင်ကို နာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို တမ်းတခြင်း၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ ဖြစ်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း တို့ကို ရည်ညွှန်းသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ဘုရားသခင်ကို တမင်တကာ မဆန့်ကျင်ခြင်းကို ရည်ညွှန်းသည်။ မူမမှန်သော အသိစိတ် ရှိခြင်းသည် ဤသို့မဟုတ်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ ဖြစ်ပေါ်ကာ၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း မဆိုထားဘိ၊ ဘုရားသခင်ကို သစ္စာမရှိသကဲ့သို့ တမ်းတခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ပြီး သူ့ကို ဝေဖန်အကဲဖြတ်သည်၊ ထို့အပြင် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဆဲရေးခြင်းများ ပြုလုပ်သည်။ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလျက်၊ လူသားသည် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဝေဖန်အကဲဖြတ်ကာ ဘုရားသခင်ကို နာခံဖို့ ရည်ရွယ်ချက် မရှိပေ၊ ပြီးလျှင် သူ့ကို ကျိုးကြောင်းမမြင် တောင်းဆိုခြင်းနှင့် တောင်းခံခြင်းတို့ကိုသာ ပြုလုပ်သည်။ မူမမှန်သော အသိစိတ် ရှိသည့်- ဤကဲ့သို့လူများသည် မိမိကိုယ်တိုင်၏ စက်ဆုပ်ရွံရှာဖွယ် အပြုအမူကို သိနိုင်စွမ်း သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရနိုင်စွမ်း မရှိပေ။ အကယ်၍ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိနိုင်စွမ်းရှိသော်၊ ၎င်းတို့၏ အသိစိတ် အနည်းငယ်မျှ ပြန်လည် ရရှိလာပြီးဖြစ်သည်။ မိမိတို့ကိုယ်ကို မသိနိုင်သေးသည့်လူများသည် ဘုရားသခင်ကို ပုန်ကန်လေလေ၊ မိမိတို့ကိုယ်ကိုယ် မသိလေလေ၊ ၎င်းတို့တွင် ခြေခြေမြစ်မြစ်ရှိသော အသိစိတ် နည်းပါးလေလေ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်” မှ

လူတစ်ဦးသည် ကောင်းမွန်သော လူ့သဘာဝ၊ စစ်မှန်သော စိတ်နှလုံး၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိသည့်အခါ၊ ဤသည်တို့မှာ မြင်၍မရ ထိတွေ့၍မရသည့် အနှစ်သာရမဲ့သောအရာများ သို့မဟုတ် မရေရာသောအရာများ မဟုတ်ဘဲ၊ ထို့ထက် ယင်းတို့သည် နေ့စဉ်အသက်တာတွင် မည်သည့်နေရာတွင်မဆို ရှာဖွေတွေ့ရှိနိုင်သည့် အရာများ ဖြစ်သည်။ ယင်းတို့သည် လက်တွေ့အရှိတရားနှင့် သက်ဆိုင်သည့် အရာများသာ ဖြစ်သည်။ လူတစ်ဦးသည် ကြီးမြတ်ပြီး စုံလင်သည်ဟု ဆိုပါစို့- စုံလင်ဖို့ သို့မဟုတ် ကြီးမြတ်ဖို့ ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင် မမြင်နိုင်၊ မထိနိုင် သို့မဟုတ် စိတ်ပင်မကူးနိုင်ပေ။ သို့သော် တစ်စုံတစ်ဦးက တစ်ကိုယ်ကောင်းဆန်သည်ဟု သင် ပြောပါက၊ ထိုလူ၏ လုပ်ရပ်များကို သင် မြင်နိုင်သလော၊ ပြီးလျှင် သူသည် ဖော်ပြချက်နှင့် ကိုက်ညီပါသလော။ တစ်စုံတစ်ဦးသည် မှန်ကန်သော စိတ်နှလုံးတစ်ခုဖြင့် ရိုးသားသည်ဟု ပြောထားပါက၊ ဤအပြုအမူကို သင် မြင်နိုင်ပါသလော။ တစ်စုံတစ်ဦးသည် လှည့်ဖြားတတ်သည်၊ မရိုး‌ဖြောင့်သကဲ့သို့ ယုတ်ညံ့သည်ဟု ဆိုထားပါက၊ ထိုအရာများကို သင် မြင်နိုင်ပါသလော။ သင်၏ မျက်လုံးများကို သင် ပိတ်လျှင်ပင်၊ ထိုလူ၏ လူ့သဘာဝက နိမ့်ကျသည် သို့မဟုတ် သာလွန်သည်ဆိုသည်ကို သူ ပြောသည့်အရာနှင့် သူ ပြုမူပုံတို့မှတစ်ဆင့် သင် ခံစားနိုင်သည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ ထို့ကြောင့်၊ “ကောင်းမွန်သော သို့မဟုတ် ဆိုးရွားသော လူ့သဘာဝ” ဆိုသည်မှာ အနှစ်သာရမဲ့သော စကားရပ်တစ်ခု မဟုတ်ပေ။ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည်၊ မရိုးဖြောင့်သကဲ့သို့ လှည့်ဖြားတတ်သည် သို့မဟုတ် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသည်ဟူသကဲ့သို့သော ဖော်ပြချက်များမှာ လူတစ်ဦးနှင့် သင် ဆက်သွယ်လာချိန်တွင် အသက်တာ၌ သင် သဘောပေါက်နိုင်သည့် အရာများသာ ဖြစ်သည်။ ဤသည်တို့မှာ လူ့သဘာဝ၏ အပျက်သဘောဆောင်သော အရိပ်အယောင်များ ဖြစ်သည်။ ထို့ကြောင့်၊ လူတို့ ပိုင်ဆိုင်သင့်သည့်- ရိုးသားမှုနှင့် သမ္မာတရားကို ချစ်ခြင်းတို့ကဲ့သို့သော-လူ့သဘာဝ၏ အပြုသဘောဆောင်သော အရိပ်အယောင်များကို နေ့စဉ်အသက်တာတွင် သိမြင်နိုင်ပါသလော။ သို့ဆိုလျှင် လူတစ်ဦးက သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ပိုင်ဆိုင်ခြင်း ရှိမရှိ၊ ဘုရားသခင်၏ လမ်းပြမှုကို သူ ရရှိနိုင်ခြင်း ရှိမရှိဆိုသည်နှင့် သူ့အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ခြင်း ရှိမရှိဆိုသည်တို့ကို သင် မြင်ကာ ခွဲခြားနိုင်ပါသလော။ ဤအရာများကို မည်သို့ သိမြင်နိုင်သနည်း။ သင့်အနေဖြင့် လူတစ်ဦး၏ လူ့သဘာဝ အရည်အသွေးကို သူ အသက်ရှင်နေထိုင်သည့်အရာနှင့် သူ့လုပ်ရပ်များ၏ အနှစ်သာရအားဖြင့် သက်သေပြနိုင်သည်။ လူတစ်ဦးနှင့် သင် အဆက်အသွယ်ရှိလာချိန်တွင်၊ မည်သည့်အရာကို သင် ပထမဦးစွာ ကြည့်သနည်း။ သူသည် သမ္မာတရားကို ချစ်သောသူတစ်ဦး ဟုတ်မဟုတ်၊ ထိုသမ္မာတရားကို သူ လက်ခံနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ထိုသမ္မာတရားကို သူ ရရှိနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို သင် ခွဲခြားနိုင်သလော။ သူ၏ လူ့သဘာဝ အရည်အသွေးကို ပထမဦးစွာ ကြည့်လော့။ လူတစ်ဦး၏ နှုတ်သည် ချိုသာသော စကားများဖြင့် ပြည့်သော်လည်း စစ်မှန်သည့် မည်သည့်အရာကိုမျှ သူ မလုပ်ဆောင်ပါက- စစ်မှန်သော တစ်စုံတစ်ရာ လုပ်ဆောင်ရန် အချိန်ကျလာသည့်အခါ၊ သူသည် မိမိကိုယ်ကိုယ်ကိုသာ တွေးပြီး အခြားသူများကို မည်သည့်အခါတွင်မျှ မတွေးပါက- ဤသည်မှာ မည်သည့်လူ့သဘာဝမျိုး ဖြစ်သနည်း။ (တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်ညံ့ခြင်းဖြစ်သည်။ သူသည် လူ့သဘာဝမရှိပေ။) လူ့သဘာဝ မရှိသည့် လူတစ်ဦးအတွက် သမ္မာတရား ရရှိဖို့ လွယ်ကူသလော။ သူ့အတွက် ခက်ခဲပေသည်။ ဆင်းရဲဒုက္ခ ကာလတစ်ခုကို သူ ကြုံရသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် အဖိုးအခ တစ်ချို့ကို သူ ပေးရဖို့ရှိသည်နှင့်တစ်ပြိုင်နက်၊ သူက၊ “သင်တို့တွေ ဤဆင်းရဲဒုက္ခနှင့် အဖိုးအခပေးခြင်း အားလုံးဖြင့် ဦးစွာ ရှေ့ဆက်ကြပါ၊ ရလဒ်များ အတော်များများ စွမ်းဆောင်ရရှိပြီးသည့်နောက်တွင်၊ သင်တို့နှင့် ကျွန်ုပ် လာပူးပေါင်းပါမည်” ဟု တွေးလေသည်။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုး ဖြစ်သနည်း။ ထိုသို့သော အပြုအမူများကို စုပေါင်း၍ “လူ့သဘာဝ မပိုင်ဆိုင်ခြင်း” အဖြစ် သိရပေသည်။ အယောက်တိုင်းက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြသော်လည်း၊ ပြဿနာတစ်ခုကို ကြုံရချိန်တွင်၊ အချို့သော လူတို့၏ အသိစိတ်သည် အလုပ်လုပ်လာကာ မိမိကိုယ်ကိုယ် အပြစ်တင်မှု ခံစားကြရလေသည်၊ ထို့ကြောင့် ၎င်းတို့သည် ထိုသို့ မပြုမူကြပေ။ ၎င်းတို့က၊ “ကျွန်ုပ်သည် သမ္မာတရားကို လိုက်စားနေပြီး လူကောင်းတစ်ဦး ဖြစ်ရမည်”ဟု သတိရှိရှိ မပြောသော်လည်း၊ ၎င်းတို့က၊ “ဤနည်းဖြင့် ကျွန်ုပ် ပြုမူ၍မရပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ရွေးကောက်ခြင်းတို့ဖြင့် ထိုက်တန်ရမည်” ဟု မိမိတို့ကိုယ်ကိုယ် စဉ်းစားရင်း၊ အလုပ်လုပ်သော အသိစိတ်တစ်ခု ရှိခြင်းအားဖြင့် စတင်ကြလေသည်။ ထို့ကြောင့်၊ ထိုသို့သော လူတစ်ဦးသည် သူ၏ အသိစိတ်က ဤသို့ အလုပ်လုပ်ချိန်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပါသလော။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကောင်းလုပ်ဆောင်နေမည် မဟုတ်သော်လည်း၊ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းပေါ်တွင် ရှိဆဲဖြစ်ပြီး၊ ထိုအခါ သမ္မာတရားကို ရရှိဖို့ သူ့အတွက် လွယ်ကူပေသည်။ ဤသည်မှာ သမ္မာတရားကို လူတစ်ဦး၏ ရရှိခြင်းနှင့်သက်ဆိုင်သည့် အခြေခံအကျဆုံးသော အုတ်မြစ်ဖြစ်သည်။ ပြဿနာတစ်ခု ကြုံနေချိန်တွင်၊ ထိုသို့သော လူများသည် ရှေ့ဆက်မရမနေ လုပ်ဆောင်ကြပြီး၊ အခြားသူတို့မှာမူ ယင်းမှ ပြန်နောက်တွန့်သွားကြသည်။ အန္တရာယ်တစ်ခုကို ကြုံနေရချိန်တွင်၊ အချို့သည် ပြေးကာသာ ပုန်းလိုက်ချင်ကြသည်၊ အခြားသူတို့မှာမူ အခြားသူများကို ကာကွယ်ရန် အပြေးအလွှားလုပ်ကြလေသည်။ ဖြစ်ရပ်တစ်ခုကို ရင်ဆိုင်နေရချိန်တွင်၊ လူအချို့သည် ကြံ့ကြံ့ခံကာ အလျော့ပေးကြသည်၊ အခြားသူတို့မှာမူ ရင်ဆိုင်ကာ ယှဉ်ပြိုင်ကြလေသည်။ ဤသည်မှာ လူတစ်ဦး၏ လူ့သဘာဝကို သင် မြင်နိုင်သည့်ပုံ ဖြစ်သည်။ လူ့သဘာဝတွင် ကွာခြားမှုများ ရှိသည် မဟုတ်လော။

လူများစွာတို့သည် မိမိတို့၏ အသက်တာများ တစ်ခုလုံးကို ဘုရားသခင်ထံ လွှဲအပ်ရင်းနှင့် သူ့အတွက် အသုံးတော်ခံသော်လည်း အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှ မရှာဖွေဘဲလျက်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ခိုင်မာသော စိတ်ဆုံးဖြတ်ချက်များ ပြုလုပ်ကာ ကျမ်းသစ္စာများ ကျိန်ဆိုကြပြီး ဖြစ်သည်။ သို့သော် မကောင်းသည့် လူ့သဘာဝရှိသော လူတို့သည် မည်သည့်အခါတွင်မျှ အလျော့ပေးခြင်း သို့မဟုတ် သည်းခံခြင်းမရှိဘဲ အမြဲ ယှဉ်ပြိုင်ကာ ရုန်းကန်နေကြပြီး၊ အသိစိတ်အတိုင်း မည်သည့်အခါတွင်မျှ ပြုမူနေခြင်း မရှိကြချေ။ ဤကဲ့သို့သော လူတစ်ဦးအတွက် သမ္မာတရား ရရှိဖို့ လွယ်ကူသလော။ သူ့အတွက် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ လွယ်ကူသလော။ (မလွယ်ကူပါ။) မည်သည့် လူစားမျိုးအတွက် ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရရန်နှင့် သမ္မာတရား ရရှိရန် လွယ်ကူသနည်း။ (ကောင်းမွန်သော လူ့သဘာဝရှိသည့် လူများဖြစ်ပါသည်။) ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် တော်သင့်ရုံ လမ်းကြောင်းကို လျှောက်လမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို အားရကျေနပ်စေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ယင်းသည် ဘုရားသခင်၊ အခြားလူများနှင့် အဖြစ်အပျက်တို့ကို စစ်မှန်သော စိတ်နှလုံးဖြင့် သဘောထားဆက်ဆံခြင်း၊ တာဝန်ယူနိုင်ခြင်းနှင့် ဤအရာအားလုံးကို အယောက်တိုင်း မြင်ကာ ခံစားဖို့အတွက် ထင်ရှားမြင်သာသည့် နည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ခြင်းတို့ ပါဝင်ပေသည်။ ထို့အပြင် ဘုရားသခင်သည် လူတို့၏စိတ်နှလုံးကို ရှာဖွေပြီး၊ ၎င်းတို့ အယောက်စီတိုင်းကို သိလေသည်။ အချို့သော လူတို့သည် ဆိုးရွားသည့် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ဖူးသကဲ့သို့၊ အခြားသူများ၏ ပိုင်ဆိုင်မှုများကို မခိုးဝှက်ဖူး သို့မဟုတ် အခြားလူတို့၏ ပစ္စည်းများကို မတပ်မက်ဖူးပါဟု အခိုင်အမာဆိုရင်း၊ ကောင်းမွန်သော လူသဘာဝကို ၎င်းတို့ ပိုင်ဆိုင်ကြသည်ဟု အမြဲ ကြွားဝါကြလေသည်။ အကျိုးစီးပွားများ အပေါ် အငြင်းပွားမှု တစ်ခုရှိသောအခါ၊ ဆုံးရှုံးမှု ခံစားဖို့ သာ၍ နှစ်သက်ရင်း ၎င်းတို့ကိုယ်တိုင် အနစ်နာခံခြင်းဖြင့် အခြားသူများကို အကျိုးခံစားခွင့်ပေးကာ ၎င်းတို့က လူကောင်းများဖြစ်သည်ကို အခြားသူတိုင်းက တွေးထင်ဖို့အလို့ငှာသာ မည်သည်မဆိုနှင့်ပတ်သက်၍ ဆိုးသောအရာတစ်ခုတစ်လေကို ၎င်းတို့ လုံးဝ မပြောကြသည်အထိပင် လုပ်ဆောင်ကြလေသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ထဲ၌ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေချိန်တွင်၊ ၎င်းတို့သည် အစဉ် မိမိတို့ကိုယ်တိုင်အတွက် ကြံစည်လျက်၊ ဉာဏ်များကာ စိတ်မချရပေ။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင့်အိမ်တော်၏ အကျိုးကျေးဇူးများကို မတွေးကြ၊ ဘုရားသခင်က အရေးတကြီးဖြစ်သည်ဟု သဘောထားသောအရာကို အရေးတကြီးဖြစ်သည်ဟု ၎င်းတို့ လုံးဝ သဘောမထားကြ သို့မဟုတ် ဘုရားသခင် တွေးသကဲ့သို့ မတွေးကြပေ၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို လုံးဝ ဘေးမဖယ်ထားနိုင်ကြပေ။ ၎င်းတို့၏ အကျိုးစီးပွားများကို ၎င်းတို့ လုံးဝ မစွန့်လွှတ်နိုင်ကြချေ။ မကောင်းမှုပြုသူများက မကောင်းမှု ကျူးလွန်နေကြသည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင်၊ ထိုသူတို့ကို မဖော်ထုတ်ကြချေ။ ၎င်းတို့သည် မည်သည့်ကိုယ်ကျင့်တရားများ တစ်ခုတစ်လေမျှ မရှိကြပေ။ ဤသည်မှာ ကောင်းသောလူ့သဘာဝ၏ ဥပမာတစ်ခုမဟုတ်ပေ။ ထိုသို့သော လူတစ်ဦး ပြောသည့်အရာကို အာရုံမစိုက်လေနှင့်။ သူအသက်ရှင် နေထိုင်သည့်အရာ၊ သူ ထုတ်ဖော်ပြသည့်အရာနှင့် သူ၏ တာဝန်များကို ဆောင်ရွက်ချိန်တွင် သူ၏သဘောထား မည်သည့်အရာ ဖြစ်သည် ဆိုသည့်အပြင် သူ၏ အတွင်းပိုင်းအခြေအနေ မည်သည့်အရာ ဖြစ်ပြီး သူ မည်သည့်အရာ ချစ်သည်ကို သင် မြင်ရမည်။ သူ၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အခွင့်အလမ်းများကို ချစ်ခြင်းသည် ဘုရားသခင်ကို သူ၏ သစ္စာစောင့်သိခြင်းထက် ပိုလွန်ပါက၊ သူ၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အခွင့်အလမ်းကို ချစ်ခြင်းသည် ဘုရားသခင်၏ အကျိုးစီးပွားများထက် သာလွန်ပါက၊ သို့မဟုတ် သူ၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အခွင့်အလမ်းများကို ချစ်ခြင်းသည် ဘုရားသခင်ကို သူပြသည့် အရေးထားမှုထက် သာလွန်ပါက၊ သူသည် လူ့သဘာဝရှိသည့် လူတစ်ဦး မဟုတ်ပေ။ သူ၏ အပြုအမူကို အခြားသူများနှင့် ဘုရားသခင်က မြင်နိုင်ပေသည်။ ထို့ကြောင့်၊ ထိုသို့သော လူတစ်ဦးအတွက် သမ္မာတရားကို ရရှိဖို့ အလွန်ခက်ခဲပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်” မှ

လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းသည် သူ၏ထုံထိုင်းသော အသိတရားမှ လာခြင်းသာ ဖြစ်သည်၊ သူ၏ မလိုမုန်းထားသော သဘာဝနှင့် သူ၏ စိတ်မချရသော အသိစိတ်တို့ကလွဲ၍ အခြားမဟုတ်ပေ။ အကယ်၍ လူသား၏ အသိတရားနှင့် အသိစိတ်သည် ပုံမှန်သို့ ပြန်ဖြစ်လာနိုင်ပါက၊ ဘုရားသခင်ရှေ့တွင် အသုံးခံထိုက်သူ တစ်ဦး ဖြစ်လာပေမည်။ လူသားသည် ဘုရားသခင်ကို တိုး၍ပုန်ကန်လာသည်မှာ ယေရှုကိုပင် ကားတိုင်တွင် သံမှိုရိုက်ပြီး သူ့အိမ်သို့ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ လူ့ဇာတိခံ ဝင်ရောက်ခြင်းအား ငြင်းခဲ့သည်သာမက၊ ဘုရားသခင်၏ ဇာတိခန္ဓာကို ရှုတ်ချကာ၊ ဘုရားသခင်၏ ဇာတိခန္ဓာကို အရေးမပါဟု မြင်လာခြင်းသည် လူ့အသိတရား ထုံမြဲထုံခြင်း၊ လူ့အသိစိတ်သည် တစ်ခါမျှ အကောင်းပကတိ မဟုတ်သည့်အပြင် တိုး၍ ထိုင်းမှိုင်းခြင်းကြောင့်သက်သက် ဖြစ်သည်။ အကယ်၍ လူသား၌ လူ့သဘာဝ အနည်းငယ်မျှ ရှိခဲ့သော်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာကို သူ၏ ဆက်ဆံမှုတွင် အလွန် ကြမ်းကြုတ်ရက်စက်မည် မဟုတ်ပေ၊ အကယ်၍ သူ၌ အသိစိတ် အနည်းငယ်ရှိခဲ့သော်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာအပေါ် သူ၏ ဆက်ဆံမှုတွင် အလွန်ရက်စက်ခဲ့လိမ့်မည် မဟုတ်ပေ၊ အကယ်၍ သူ့၌ အသိတရား အနည်းငယ်မျှ ရှိခဲ့လျှင်၊ လူ့ဇာတိခံ ဘုရားသခင်ကို ဤနည်းဖြင့် အလွန် “ကျေးဇူးတင်” ခဲ့လိမ့်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင် လူ့ဇာတိခံယူသော ခေတ်တွင် အသက်ရှင်နေထိုင်သော်လည်း၊ ဤမျှကောင်းမွန်သော အခွင့်အရေးကို ပေးခဲ့သူ ဘုရားသခင်အား ကျေးဇူးတင်နိုင်စွမ်းမရှိဘဲ၊ ယင်းအစား ဘုရားသခင် ကြွလာခြင်းကို ကျိန်ဆဲ၏၊ သို့မဟုတ် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရားကို လုံးဝ လျစ်လျူရှုသည့်အပြင်၊ အမြင်အားဖြင့် ယင်းကို ဆန့်ကျင်ပြီး ငြီးငွေ့ပေသည်။ ဘုရားသခင် ကြွလာခြင်းကို လူသားသည် မည်သို့သဘောထားသည် ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို စိုးစဉ်းမျှ ကြိုဆိုခြင်း မရှိဘဲ၊ သူ့ထံမှ မဆင်မခြင် တောင်းဆိုခြင်းမျိုးကို ပြုလုပ်သော်ငြားလည်း၊ တိုတိုပြောရလျှင် ဘုရားသခင်သည် အစဉ်အမြဲ မိမိအမှုတော်ကို အစဉ် စိတ်ရှည်လက်ရှည် ဆောင်ရွက်ခဲ့သည်။ လူ့စိတ်သဘောထားသည် အလွန့်အလွန် ရက်စက်သွားပြီးဖြစ်ကာ၊ သူ့အသိစိတ်သည် အလွန့်အလွန် ထိုင်းမှိုင်းသွားပြီး၊ သူ၏အသိတရားသည်လည်း နတ်ဆိုး၏ လုံးဝနင်းခြေမှုကို ခံရပြီးဖြစ်ကာ ကြာမြင့်စွာကတည်းကပင် လူသား၏နဂိုအသိတရား မဟုတ်တော့ပေ။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်က လူသားမျိုးနွယ်အပေါ် အသက်နှင့် ကျေးဇူးတော်များစွာ ပေးအပ်နှင်းသည်ကို ကျေးဇူးမတင်သည်သာမက၊ သူ့ကို သမ္မာတရား ပေးခြင်းအတွက် ဘုရားသခင်အား မကျေမချမ်းပင် ဖြစ်သွားခဲ့ပေပြီ။ အကြောင်းမှာ လူသားသည် သမ္မာတရားကို စိုးစဉ်းမျှ စိတ်မဝင်စားသောကြောင့်၊ ဘုရားသခင်ကို တိုး၍ မကျေမချမ်း ဖြစ်ရခြင်း ဖြစ်သည်။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်အတွက် မိမိအသက်ကို စတေးနိုင်စွမ်း မရှိသည်သာမက၊ သူ့ထံမှ မျက်နှာသာပေးမှုများကို နှိုက်ယူဖို့ကိုလည်း ကြိုးစားအားထုတ်ကာ ဘုရားသခင်ကို လူသားကပေးသည့်အရာထက် ဆယ်ဆမကသော အကျိုးအမြတ်ကို တောင်းဆိုသည်။ ထိုကဲ့သို့သော အသိတရားနှင့် အသိစိတ်ရှိသည့် လူတို့သည် ဤအရာကို ကြီးကြီးမားမားကိစ္စ မဟုတ်ဟု ထင်မှတ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို များစွာ အသုံးခံပြီး ဖြစ်ကြောင်းနှင့် ဘုရားသခင်မှ သူတို့ကို ပေးခဲ့သည်မှာ နည်းလွန်းကြောင်း ယုံကြည်ဆဲ ဖြစ်ကြသည်။ ငါ့ကို ရေတစ်ခွက်ပေးပြီးနောက် ၎င်းတို့၏ လက်များဖြန့်ပြီး နွားနို့နှစ်ခွက်အတွက် ၎င်းတို့အား ငါ အခပေးရန် တောင်းဆိုသောသူများ ရှိသည်၊ သို့မဟုတ် ငါ့အတွက် တစ်ညတာ တည်းခိုရန် အခန်းတစ်ခန်း ပြင်ဆင်ပေးကာ ညအချို့အတွက် တည်းခိုခ ပေးရန် တောင်းဆိုသော သူများရှိသည်။ သင်တို့သည် ထိုသို့သော လူ့သဘာဝနှင့် အသိစိတ်တစ်ခု ရှိလျက် အသက်ကို ရလိမ့်မည်ဟု မည်သို့ မျှော်လင့်နိုင်ကြသေးသနည်း။ သင်တို့သည် အလွန်စက်ဆုပ်ဖွယ်ကောင်းသော အကောင်ယုတ်များ ဖြစ်ကြသည်တကား။ လူသားရှိ ဤလူ့သဘာဝမျိုးနှင့် ဤအသိစိတ်မျိုးတို့က လူ့ဇာတိခံ ဘုရားသခင်ကို ကုန်းမြေအနှံ့ လှည့်ပတ်သွားလာစေသည့် အရာများဖြစ်သည်။ အသိစိတ်နှင့် လူ့သဘာဝကို အမှန်တကယ် ပိုင်ဆိုင်သူများသည် ဘုရားသခင် လုပ်ဆောင်ပြီးစီးခဲ့သော အမှုတော် မည်မျှများပြားသည့်အတွက်ကြောင့် မဟုတ်ဘဲ၊ ကိုယ်တော်သည် အမှုတော် လုံးဝ လုပ်ဆောင်ခဲ့ခြင်း မရှိသည့်တိုင်၊ လူ့ဇာတိခံယူသော ဘုရားသခင်ကို ကိုးကွယ်ကာ သူ့ကို အသည်းလှိုက်အူလှိုက် အစေခံသင့်သည်။ ဤသည်မှာ အကောင်းပကတိ အသိစိတ်ရှိသူတို့ ဆောင်ရွက်သင့်သည့်အရာဖြစ်ပြီး၊ ယင်းမှာ လူသား၏တာဝန် ဖြစ်သည်။ လူအများစုသည် ဘုရားသခင်ကို ၎င်းတို့အစေခံမှုတွင် သတ်မှတ်ချက်များနှင့် ပတ်သက်၍ပင် ပြောဆိုကြသည်- သူသည် လူသားဖြစ်သည်ဖြစ်စေ သို့မဟုတ် ဘုရားသခင် ဖြစ်သည်ဖြစ်စေ သူတို့ အလေးမထားကြပေ၊ ပြီးလျှင် သူတို့ကိုယ်တိုင်၏ အခြေအနေများ အကြောင်းကိုသာ ပြောကြပြီး၊ ၎င်းတို့ကိုယ်တိုင်၏ အလိုဆန္ဒများကို ဖြည့်ဆည်းဖို့ကိုသာ ကြိုးစားကြသည်။ သင်တို့သည် ငါ့အတွက် အစားအစာချက်သောအခါ၊ ဝန်ဆောင်ခ တောင်းကြသည်။ ငါ့အတွက် ပြေးလွှားရသောအခါ၊ ပြေးလွှားခ တောင်းကြသည်၊ ငါ့အတွက် အလုပ်လုပ်သောအခါ၊ လုပ်အားခ တောင်းကြသည်၊ ငါ့အဝတ်အစားများကို လျှော်ဖွပ်သောအခါ၊ လျှော်ဖွပ်ခ တောင်းကြသည်၊ အသင်းတော်ကို သင် ထောက်ပံ့သောအခါ ပြန်ထေမိရန် ကုန်ကျစရိတ်များ တောင်းခံကြသည်၊ စကားပြောရသောအခါ၊ ဟောပြောခ တောင်းကြသည်၊ စာအုပ်ဖြန့်ဝေသောအခါ၊ ဖြန့်ဖြူးခ တောင်းကြသည်၊ ပြီးလျှင် စာရေးသောအခါ၊ စာရေးခ တောင်းကြသည်။ ငါ ကိုင်တွယ်ဖြေရှင်းခဲ့သော သူများသည် ငါ့ထံမှ လျော်ကြေးငွေပင် တောင်းခံနေစဉ်တွင်၊ အိမ်ပြန်ခိုင်းခြင်း ခံရသောသူများသည် ၎င်းတို့၏ အမည် ထိခိုက်ခြင်းအတွက် လျော်ကြေးငွေ တောင်းကြသည်။ အိမ်ထောင်မကျသေးသော သူများသည် သတို့သား၊ သတို့သမီး တင်တောင်းခ သို့မဟုတ် ငယ်ရွယ်နုပျိုမှု ဆုံးရှုံးခ တောင်းကြသည်၊ ကြက်သတ်သူများသည် သားသတ်ခ တောင်းကြသည်၊ အစားအစာ ကြော်သူများသည် ကြော်ခ တောင်းကြသည်၊ ပြီးလျှင် ဟင်းချိုချက်သူများသည်လည်း ယင်းအတွက် အခကြေးငွေ တောင်းကြသည်။...ဤသည်မှာ သင်တို့၏ မြင့်မြတ် ကြီးမားသော လူ့သဘာဝနှင့် သင်တို့၏ နွေးထွေးသောအသိစိတ်က သတ်မှတ်ပေးသည့် လုပ်ရပ်များပေတည်း။ သင်တို့၏ အသိစိတ် ဘယ်မှာနည်း။ သင်တို့၏ လူ့သဘာဝ ဘယ်မှာနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်” မှ

ပုံမှန်လူ့သဘာဝတွင် မည်သည့်ရှုထောင့်များ ပါဝင်သနည်း။ ထိုးထွင်းသိမြင်ခြင်း၊ ဆင်ခြင်ဉာဏ်၊ အသိတရားနှင့် အကျင့်စရိုက်တို့ဖြစ်၏။ ဤရှုထောင့်အသီးသီးတွင် ပုံမှန်ဖြစ်ခြင်းကို သင် ရရှိနိုင်ပါက၊ သင်၏ လူ့သဘာဝသည် စံချိန်မီလိမ့်မည်။ သင်သည် ပုံမှန် သက်ရှိလူသားတစ်ဦး၏ ပုံသဏ္ဌာန်ရှိသင့်ပြီး၊ ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးနှင့် ဆင်တူသင့်သည်။ သင့်အနေဖြင့် အလွန်များစွာ ရရှိဖို့မလို သို့မဟုတ် လူမှုဆက်ဆံရေး ပရိယာယ်တွင် ပါဝင်ပတ်သက်စရာမလိုပေ။ သင့်အနေဖြင့် အမှုအရာများကို ရိပ်မိနိုင်ဖို့ရန် ပုံမှန် လူတစ်ဦး၏ အသိဉာဏ်ရှိသည့် ပုံမှန်လူသားတစ်ဦး ဖြစ်ဖို့သာ လိုပြီး၊ အနည်းဆုံးအနေဖြင့် ပုံမှန်လူသားတစ်ဦးနှင့် တူရမည် ဖြစ်သည်။ ယင်းသည် လုံလောက်လိမ့်မည်။ ယနေ့ သင့်ကို တောင်းဆိုသည့် အရာအားလုံးသည် သင်၏ တတ်စွမ်းနိုင်မှုများ အတွင်းတွင် ရှိ၏။ ဤသည်မှာ ဘဲကို ငှက်အိပ်တန်းပေါ် မောင်းရန် ကြိုးစားနေသည့် ကိစ္စတစ်ခု မဟုတ်ပေ။ သင့်အပေါ် အချည်းနှီး စကားများ သို့မဟုတ် အချည်းနှီး အလုပ်ကို ဆောင်ရွက်လိမ့်မည် မဟုတ်ပေ။ သင့်အသက်တာထဲတွင် ဖော်ပြထားသည့် သို့မဟုတ် ဖွင့်ပြထားသည့် အကျည်းတန်ခြင်း အားလုံးကို ဖယ်ရှားရမည်။ သင်တို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်ကာ စာတန်၏ အဆိပ်များဖြင့် ပြည့်လျှံလျက်ရှိသည်။ သင့်ကို တောင်းဆိုသမျှမှာ ဤဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားကို ဖယ်ရှားဖို့ ဖြစ်သည်။ သင့်ကို အဆင့်မြင့်မားသည့် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ကျော်ကြားသော လူတစ်ဦး သို့မဟုတ် ကြီးမြတ်သော လူတစ်ဦး ဖြစ်လာဖို့ တောင်းဆိုထားခြင်း မဟုတ်။ ယင်းတွင် အဓိပ္ပာယ်မရှိချေ။ သင်တို့၌ လုပ်ဆောင်သည့် အမှုသည် သင်တို့ထဲက မွေးရာပါဖြစ်သည့်အရာကိုသာ ထည့်တွက်သည်။ လူတို့ကို ငါတောင်းဆိုသည့်အရာအား အကန့်အသတ်များအတွင်းတွင် သတ်မှတ်ထား၏။ အကယ်၍ သင်သည် ပညာတတ်များ ပြောဆိုသည့် နည်းလမ်းနှင့် အသံနေအသံထားဖြင့် သင် လေ့ကျင့်ခဲ့ပါက၊ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်ပေ။ ယင်းကို သင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ သင်တို့၏ အရည်အချင်းကို ထောက်ဆလျှင်၊ သင်တို့သည် အနည်းဆုံးအနေဖြင့် ဉာဏ်ပညာနှင့် လိမ္မာပါးနပ်မှုတို့ဖြင့် စကားပြောဆိုနိုင်သင့်ပြီး ကိစ္စရပ်များကို ရှင်းလင်းပြီး နားလည်သဘောပေါက်နိုင်သည့် ပုံစံဖြင့် ရှင်းပြနိုင်သင့်ပေသည်။ ယင်းမှာ သတ်မှတ်ချက်များကို ဖြည့်ဆည်းဖို့ လိုသမျှ အရာအားလုံး ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်သည် ထိုးထွင်းအမြင်နှင့် အသိဉာဏ်တို့ကို ရရှိပါက၊ အလုပ်ဖြစ်ပါလိမ့်မည်။ ယခု အရေးကြီးဆုံးသော အရာမှာ သင်၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားကို စွန့်ပစ်ခြင်း ဖြစ်သည်။ သင်၌ ထင်ရှားသည့် အကျည်းတန်ခြင်းကို သင်စွန့်ပစ်ရမည်။ ဤအရာများကို သင်မစွန့်ပစ်ပါက၊ အမြင့်ဆုံးသော အသိဉာဏ်နှင့် အမြင့်ဆုံးသော ထိုးထွင်းသိမြင်မှုအကြောင်းကို သင်မည်သို့ ပြောဆိုနိုင်မည်နည်း။ လူများစွာသည် ခေတ်ကာလ ပြောင်းလဲပြီးဖြစ်သည်ကို မြင်သော်လည်း၊ မည်သည့် နှိမ့်ချခြင်း၊ သို့မဟုတ် စိတ်ရှည်ခြင်း လုံးဝ မရှိကြဘဲ၊ မေတ္တာတရား၊ သို့မဟုတ် သန့်ရှင်းသူကဲ့သို့ အပြုအမူ အနေအထိုင် တစ်ခုမျှ မရှိလျှင်လည်း သာ၍ကောင်းလိမ့်မည်။ ထိုသို့သော လူများသည် အဓိပ္ပါယ်မဲ့လှပါတကား။ ၎င်းတို့၌ ပုံမှန်လူ့သဘာဝ တစ်စက်မျှပင် ရှိကြသလော။ ပြောစရာ သက်သေခံချက် တစ်စုံတစ်ရာ ရှိကြသလော။ ၎င်းတို့သည် ထိုးထွင်းအမြင်နှင့် အသိဉာဏ်တို့ လုံးဝမရှိကြချေ။ လူတို့၏ ကျင့်ကြံမှုများနှင့်ဆိုင်သည့် သွေဖည်ပြီး မှားယွင်းသည့် ရှုထောင့်အချို့ကို ပြုပြင်ဖို့လိုသည်မှာ မှန်ပေ၏။ ဥပမာအားဖြင့် ၎င်းတို့၏ ယခင်က တင်းမာသော ဝိညာဉ်ရေးရာ အသက်များနှင့် ၎င်းတို့၏ တွေဝေထိုင်းမှိုင်းပြီး မိုက်မဲသော သွင်ပြင်- ဤအရာအားလုံးကို ပြောင်းလဲရမည် ဖြစ်သည်။ ပြောင်းလဲခြင်း ဆိုသည်မှာ သင် ပြောဆိုလိုသည့် အရာမှန်သမျှကို ပြောဆိုရင်း၊ သင့်ကို ကိုယ်ကျင့်သိက္ခာ ကင်းမဲ့ဖို့ သို့မဟုတ် ဇာတိပကတိတွင် မွေ့လျော်ဖို့ အခွင့်ပေးခြင်းကို မဆိုလိုပေ။ သင့်အနေဖြင့် မရေမရာ စကားမပြောရ။ ပုံမှန်လူသားတစ်ဦး၏ အပြောအဆိုနှင့် အပြုအမူတို့ ရှိဖို့ဆိုသည်မှာ “ဟုတ်သည်” ကို “ဟုတ်သည်”၊ “မဟုတ်သည်” ကို “မဟုတ်သည်” ဟု ဆိုရင်း၊ ရှင်းရှင်းလင်းလင်း ပြောဆိုဖို့ ဖြစ်သည်။ အမှန်တရားများကို ဆုပ်ကိုင်ထားပြီး သင့်တင့်လျောက်ပတ်စွာ ပြောဆိုလော့။ မလှည့်စားနှင့်၊ မုသားမပြောနှင့်။ စိတ်သဘောထား ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ပုံမှန်လူတစ်ဦး ရောက်ရှိနိုင်သည့် အတိုင်းအတာများကို နားလည်ထားရမည်။ အကယ်၍ နားမလည်ပါက၊ သင်သည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရည်အချင်းကို မြှင့်တင်ခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရေးအတွက် ဖြစ်သည်” မှ

ပုံမှန်လူတို့၏ စိတ်နေသဘောထားများတွင် ကောက်ကျစ်စဥ်းလဲမှု သို့မဟုတ် လှည့်ဖြားမှုတို့ မရှိပေ၊ လူတို့သည် အချင်းချင်း တစ်ယောက် နှင့် တစ်ယောက် ပုံမှန်ဆက်ဆံရေး ရှိကြသည်၊ သူတို့သည် တစ်ဦးတည်း မရပ်တည်၊ သူတို့၏ အသက်တာများသည်လည်း သာမန်မျှသာ မဟုတ်သကဲ့သို့ ယိုယွင်းပျက်စီးမှုလည်း မရှိ။ ထိုနည်းတူစွာ ဘုရားသခင်သည် အားလုံးတို့အကြားတွင် ချီးမြှောက်ခံရသည်၊ သူ၏ နှုတ်ကပတ်တော်များသည်လည်း လူသားအလယ်တွင် စိမ့်ဝင်ပျံ့နှံ့သည်၊ ဘုရားသခင်၏ ကာကွယ်မှုနှင့် စောင့်ရှောက်မှု အောက်တွင် လူများသည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် သဟဇာတဖြစ်လျက် နေထိုင်ကြသည်၊ စာတန်၏ နှောင့်ယှက်မှု မပါဘဲနှင့် ကမ္ဘာမြေကြီးသည်လည်း စည်းလုံးညီညွတ်မှုနှင့် ပြည့်လွှမ်းနေကာ၊ လူသားအလယ်တွင် ဘုရားသခင်၏ ဘုန်းတော်သည် အရေးကြီးဆုံး အရာအဖြစ် ရှိ၏။ ထိုကဲ့သို့သော လူများ သည် ကောင်းကင်တမန်များကဲ့သို့ ဖြစ်၏၊ ဖြူစင်သည်၊ အားမာန်ပြည့် လျက်ရှိသည်၊ ဘုရားသခင် အကြောင်းကို မည်သည့်အခါမျှ ညည်းညူ ပြောဆိုခြင်းမရှိဘဲ၊ ၎င်းတို့၏ လုံ့လအားလုံးကို ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်၏ ဘုန်းတော်တစ်ခုတည်း အတွက်သာ ဆက်ကပ်အပ်နှံထားကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။ ငါပြောသောအရာမှာ အလွန် ရိုးရှင်းသော်ငြားလည်း၊ သင်တို့အတွက် နှစ်ဆ ခက်ခဲနေပေလိမ့်မည်။ အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။ မရိုးဖြောင့်သောသူများ အတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။ သင်တို့သည် ရိုးသားဖို့ မည်မျှ ခက်ခဲသည်ကို ငါကောင်းစွာ သိသည်မှာ မှန်ပေ၏။ သင်တို့အားလုံးသည် အလွန် လိမ္မာပါးနပ်ကာ၊ သင်တို့၏သေးနုပ်သော စံပေတံလေးနှင့် လူများကို တိုင်းတာရာတွင် အလွန် ကျွမ်းကျင်လှသောကြောင့် ငါ့အမှုသည် သာ၍ ရိုးရှင်းသွားသည်။ ထို့အပြင် သင်တို့တစ်ဦးစီသည် သင်တို့၏ လျှို့ဝှက်ချက်များကို သင်တို့၏ရင်ခွင်၌ ပိုက်ထွေးထားသည့်အတွက်၊ သို့ဆိုလျှင် သင်တို့ တစ်ဦးပြီးတစ်ဦးကို မီးဖြင့် “သင်ယူဖို့ရန်” ဒုက္ခဆင်းရဲထဲသို့ စေလွှတ်မည်၊ သို့မှသာ ယင်းနောက်တွင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည် လာနိုင်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် သစ္စာစောင့်သိသော ဘုရားသခင်တစ်ပါး” ဆိုသည့် စကားများကို သင်တို့၏ နှုတ်မှ ငါ ဆွဲနုတ်ယူမည် ဖြစ်ပြီး၊ သို့ဖြစ်၍ သင်တို့သည် ရင်ဘတ်စည်တီး၍ “လှည့်ဖျားတတ်သည်မှာ လူသား၏ နှလုံးသားဖြစ်သည်။” ဟု ငိုချင်းချလိမ့်မည်။ ဤအချိန်တွင် သင်တို့ စိတ်အခြေအနေမှာ အဘယ်သို့ ရှိမည်နည်း။ သင်သည် ယခုကဲ့သို့ အောင်မြင်၍ တက်ကြွပျော်မြူးအားရနေလိမ့်မည် မဟုတ်ဟု ငါထင်သည်။ ထို့အပြင် သင်သည် ယခုကဲ့သို့ “သိမ်မွေ့ပြီးနက်နဲ” ရန်မှာ သာ၍ နည်းပေမည်။ တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန် မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” ရှိရန် အလွန် ကြိုးစားသော်လည်း၊ ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ခြိမ်းခြောက်သည့် ဟန်ပန်များ လှပ်ပြလေသည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်” မှ

သင်တို့သည် အမြဲပင် ခရစ်တော်ကို တွေ့လိုကြသည်၊ သို့သော်လည်း သင်တို့အနေဖြင့် မိမိကိုယ်ကို လွန်စွာ အထင်မကြီးကြရန် ငါတိုက်တွန်း၏။ မည်သူမဆို ခရစ်တော်ကို မြင်ကောင်းမြင်နိုင်သော်လည်း မည်သူမျှ ခရစ်တော်ကိုမမြင်ထိုက်ဟု ငါဆိုသည်။ လူသား၏သဘောသဘာဝသည် ဆိုးယုတ်ခြင်း၊ မောက်မာခြင်း၊ ပုန်ကန်လိုခြင်းတို့နှင့် ပြည့်နေသောကြောင့် သင်သည် ခရစ်တော်ကို မြင်သောအခိုက်တွင် သင်၏သဘောသဘာဝသည် သင့်ကို ဖျက်ဆီးပြီး သေခြင်းသို့ စီရင်ချက်ချမှတ်လိမ့်မည်။ ညီအစ်ကို (သို့မဟုတ် ညီအစ်မ) တစ်ဦးနှင့် သင်၏ပေါင်းသင်းဆက်ဆံမှုတွင် သင့်အကြောင်း များစွာပေါ်လွင်မည် မဟုတ်သော်လည်း သင့်အနေဖြင့် ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ဤမျှမလွယ်ကူပါ။ မည်သည့်အချိန်တွင်မဆို သင်၏အယူအဆများ အမြစ်စွဲလာနိုင်ပြီး သင်၏မောက်မာမှု အပင်ပေါက်လာကာ သင်၏ပုန်ကန်မှုသည်လည်း သဖန်းသီးကို သီးစေလိမ့်မည်။ ဤကဲ့သို့သော လူ့သဘာဝ ရှိနေသည့်သင်သည် ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ ထိုက်တန်နိုင်မည်နည်း။ သင်သည် နေ့တိုင်းအချိန်တိုင်း သူ့ကို အမှန်တကယ်ပင် ဘုရားသခင်အဖြစ် ဆက်ဆံနိုင်မည်လော။ ဘုရားသခင်ကို ကျိုးနွံနာခံမှု၏ စစ်မှန်မှု သင်၌ရှိလိမ့်မည်လော။ သင်တို့သည် မိမိတို့စိတ်နှလုံးများထဲရှိ မြင့်မြတ်သောဘုရားကို ယေဟောဝါအဖြစ် ကိုးကွယ်ကြသော်လည်း မြင်နိုင်သည့်ခရစ်တော်ကိုမူ လူသားတစ်ဦးအဖြစ် မှတ်ယူကြ၏။ သင်တို့၏အသိစိတ်သည် နိမ့်ကျလွန်းပြီး သင်တို့၏ လူ့သဘာဝသည်လည်း ယုတ်ညံ့လွန်း၏။ သင်တို့သည် ခရစ်တော်ကို ဘုရားသခင်အဖြစ် အမြဲတစေ မှတ်ယူနိုင်ခြင်းမရှိ၊ ရံဖန်ရံခါ သင်တို့သဘောတွေ့သည့်အခါမှသာလျှင် သူ့ကို ဖမ်းဆွဲဆုပ်ကိုင်၍ ဘုရားသခင်အဖြစ် ကိုးကွယ်ကြ၏။ ဤအကြောင်းကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်သူများမဟုတ်၊ ခရစ်တော်ကို ဆန့်ကျင်တိုက်ခိုက်သည့် ကြံရာပါလူတစ်စုဖြစ်၏ဟု ငါဆို၏။ တစ်ပါးသူများကို ကြင်နာမှုပြသသောသူများပင်လျှင် ကျေးဇူးဆပ် ခံရသည်၊ သို့သော် သင်တို့အကြားတွင် ထိုသို့သောအမှုကို ဆောင်ရွက်ခဲ့သည့် ခရစ်တော်ကမူ လူသား၏ ချစ်ခြင်းကိုလည်းမရ၊ သူ၏ တုံ့ပြန်မှုဆုလာဘ်နှင့် ကျိုးနွံနာခံမှုကိုလည်း မရခဲ့ပေ။ ဤသည်မှာ ကြေကွဲဖွယ်ကောင်းသော အရာတစ်ခုမဟုတ်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” မှ

ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းသည် အလွန်အန္တရာယ်ရှိ သည်ဆိုပါက ဘုရားသခင်ကို ခပ်တန်းတန်းဆက်ဆံလျှင် ပို၍တော်ကာကျမည်ဟု အချို့က ယူဆနိုင်၏။ ဤကဲ့သို့သောသူများသည် မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သူတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိနိုင်ပါမည်လော။ သေချာသည်မှာ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းသည် အလွန်ခက်ခဲ၏။ သို့သော် ဤသည်မှာ လူသားသည် ဖောက်ပြန်ပျက်စီးနေသောကြောင့်သာဖြစ်ပြီး၊ ဘုရားသခင်သည် လူသားနှင့် ဆက်ဆံနိုင်စွမ်းမရှိသောကြောင့် မဟုတ်ပေ။ မိမိကိုယ်ကိုသိခြင်း၏ သမ္မာတရားကို အမှန်တကယ်သိရန် ပို၍ကြိုးစားအားထုတ်လျှင် သင်တို့အတွက် အကောင်းဆုံးဖြစ်မည်။ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်ထံမှ မျက်နှာသာ မရသေးသနည်း။ သင်တို့၏ စိတ်သဘောထားသည် အဘယ်ကြောင့် သူ့အတွက် စက်ဆုပ်ဖွယ်ကောင်းနေသနည်း။ သင်တို့၏ စကားပြောခြင်းသည် အဘယ်ကြောင့် သူ၏ရွံရှာမှုကို နှိုးဆွပေးနေသနည်း။ သင်တို့သည် သစ္စာစောင့်သိမှုအနည်းငယ်ကို ပြသပြီးသည်နှင့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပြောဆိုကြပြီး၊ အနည်းငယ် ထည့်ဝင်လှူဒါန်းရခြင်းအတွက် ဆုလာဘ်တောင်းဆိုကြသည်၊ သင်တို့သည် နာခံမှု အသင့်အတင့်ပြနိုင်လျှင် သူတစ်ပါးကို အထင်အမြင်သေးပြီး၊ သေးငယ်သောအမှုတစ်ခုခုကို ပြီးမြောက်လျှင် ဘုရားသခင်ကို ပမာမခန့်ပြုလာကြ၏။ ဘုရားသခင်ကို ကြိုဆိုဧည့်ခံသည့်အတွက် ငွေကြေး၊ လက်ဆောင်များနှင့် ချီးမွမ်းစကားများကို သင်တို့တောင်းဆိုကြ၏။ ငွေတစ်ပြားနှစ်ပြား ပေးလှူသည့်အခါ သင်တို့၏နှလုံးများ နာကျင်၏၊ တစ်ဆယ်ပေးသည့်အခါ ကောင်းချီးမင်္ဂလာများ တောင့်တ၍ ဂုဏ်ထူးအသရေဖြင့် ဆက်ဆံခံလိုကြ၏။ သင်တို့၏ လူ့သဘာဝအကြောင်း ပြောရကြားရသည်မှာ အကယ်ပင် မသတီစရာကောင်း၏။ သင်တို့၏စကားများ၊ အပြုအမူများတွင် ချီးမွမ်းထိုက်သောအရာ ရှိသလော။ မိမိတို့၏တာဝန်ကို ဆောင်ရွက်သူများနှင့် မဆောင်ရွက်သူများ၊ ဦးဆောင်သူများနှင့် နောက်လိုက်သူများ၊ ဘုရားသခင်ကို ကြိုဆိုဧည့်ခံသူများနှင့် ဧည့်မခံသူများ၊ ပေးကမ်းသူများနှင့် မပေးကမ်းသူများ၊ တရားဟောသူများနှင့် နှုတ်ကပတ်တော်ကို လက်ခံသူများ စသည်ဖြင့် ထိုကဲ့သို့သော လူအားလုံးတို့သည် မိမိကိုယ်ကို ချီးမွမ်းကြ၏။ ဤအရာသည် ရယ်ဖွယ်ကောင်းသည်ဟု သင်တို့မထင်ပေသလော။ သင်တို့သည် ဘုရားသခင်ကိုယုံကြည်ကြောင်း အသေအချာ သိသော်ငြားလည်း သင်တို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်ကြ။ သင်တို့တွင် ကောင်းကျိုး လုံးဝမရှိကြောင်းကို အသေအချာ သိသော်ငြားလည်း သင်တို့သည် မလျှော့တမ်း ဝါကြွားကြ၏။ သင်တို့တွင် မိမိကိုယ်ကိုချုပ်တည်းနိုင်ခြင်း မရှိတော့သည်အထိ သင်တို့၏အသိစိတ်သည် ယိုယွင်းလာခဲ့ပြီကို သင်တို့ မခံစားရပေသလော။ ဤကဲ့သို့သော အသိစိတ်မျိုးနှင့် သင်တို့သည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ သင့်တော်မည်နည်း။ ဤအခြေအနေမျိုးတွင် သင်တို့သည် ကိုယ့်ကိုယ်ကိုယ်အတွက် မစိုးရိမ်ကြသလော။ သင်တို့သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်နိုင်သည်အထိ သင်တို့၏ စိတ်နေသဘောထားသည် ယိုယွင်းခဲ့ပြီ။ ဤသို့ဖြစ်သဖြင့် သင်တို့၏ ယုံကြည်ခြင်းသည် ရယ်ဖွယ်မကောင်းပေသလော။ သင်တို့၏ ယုံကြည်ခြင်းသည် ယုတ္တိကင်းမဲ့မနေသလော။ သင်၏အနာဂတ်ကို သင်မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ အဘယ်လမ်းကြောင်းအား သွားရမည်ဆိုသည်ကို သင်မည်သို့ ရွေးချယ်တော့မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” မှ

ဘုရားသခင်ကို မေရှိယဟုသာ ခေါ်ဆိုနိုင်ပြီး မေရှိယဟု ခေါ်ခြင်းခံရသောသူမှသာလျှင် ဘုရားသခင်ဖြစ်နိုင်သည့်အလား၊ ဓမ္မဟောင်းခေတ်ထဲက ယုဒလူမျိုးတို့သည် သူတို့၏စိတ်နှလုံးထဲ၌ တရားသေ စွဲကိုင်ထားသည့် ရုပ်တုဆင်းတုပုံစံအဖြစ် ဘုရားသခင်ကို သဘောထားခဲ့ကြသောကြောင့်၊ ထို့ပြင် လူသားမျိုးနွယ်က ဘုရားသခင်ကို (အသက်မဲ့သော) ရွှံ့စေးရုပ်တုပမာ အစေခံပြီး ကိုးကွယ်ခဲ့ကြသောကြောင့်၊ သူတို့သည် ထိုခေတ်၏ယေရှုကို သေမိန့်ပေးကာ လက်ဝါးကားတိုင်ထက်၌ သံမှိုစွဲရိုက်ခဲ့ကြကာ- ထိုသို့ဖြင့် အပြစ်မဲ့သောယေရှုမှာ သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။ ဘုရားသခင်သည် ပုန်ကန်ပြစ်မှားခြင်း တစ်စုံတစ်ရာ ကင်းမဲ့ခဲ့စေကာမူ၊ လူသားက သူ့ကို သက်ညှာရန် ငြင်းဆန်ခဲ့ပြီး၊ သူ့ကို သေမိန့်ပေးရန် မရမကတောင်းဆိုခဲ့ကြသဖြင့် ယေရှုမှာ ကားစင်တင်သတ်ခံခဲ့ရ၏။ ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိဟု လူက အမြဲယုံကြည်ပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအပေါ် လူက ပြီးပြည့်စုံသော နားလည်ခြင်းရှိသည့်အလား၊ ဘုရားသခင်လုပ်ဆောင်သမျှ အရာခပ်သိမ်းကို လူက သူ၏လက်ခုပ်ထဲတွင် ထိန်းထားသည့်အလား သမ္မာကျမ်းစာဟူသော တစ်အုပ်တည်းသော စာအုပ်ပေါ်အခြေခံ၍ သူ့အား အနက်ဖွင့်ဆိုကြသည်။ လူတို့သည် လွန်လွန်ကဲကဲပင် ကိုးရိုးကားရား ဖြစ်နေကြပြီး၊ လွန်လွန်ကဲကဲပင် မာနထောင်လွှားနေကြကာ၊ သူတို့အားလုံးမှာ ချဲ့ကားပြောဆိုခြင်းတွင် အလွန်ကျွမ်းကျင်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်ပြီး သင်၏ အသိပညာမှာ မည်မျှပင် ကြီးမားနေပါစေ၊ သင်သည် ဘုရားသခင်၏ အမှုကို လုံးလုံးလျားလျား လိုက်နာနိုင်စွမ်း မရှိသည့်အပြင်၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ထားသည့် လမ်းကြောင်းကို လိုက်လျှောက်နိုင်စွမ်း မရှိသောကြောင့်၊ သင်သည် ဘုရားသခင်ကို မသိကျွမ်းကြောင်း၊ သင်သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောသူ တစ်ယောက်ပင် ဖြစ်ကြောင်းနှင့်၊ သင်သည် ဘုရားသခင်ကို ပြစ်မှားမိခဲ့ပြီဖြစ်ကြောင်း ငါပြောနေသေးသည်။ ဘုရားသခင်သည် လူ၏ လုပ်ဆောင်ချက်များအပေါ် အဘယ်ကြောင့် မည်သည့်အခါမျှ ကျေနပ်ခြင်းမရှိရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မသိကျွမ်းသောကြောင့်၊ သူ၌ အယူအဆများ များစွာရှိပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ သူ၏အသိပညာမှာ လက်တွေ့အရှိတရားနှင့် မည်သို့မျှ မကိုက်ညီသောကြောင့်ဖြစ်ကာ၊ ထိုအစား သူသည် အပြောင်းအလဲမရှိဘဲ ဓာတ်ပြားဟောင်းကိုသာ ငြီးငွေ့ဖွယ် ပြန်ပြန်ဖွင့်နေပြီး အခြေအနေတိုင်းအတွက် တစ်ခုတည်းသော ကိုင်တွယ်ဖြေရှင်းနည်းကိုသာ အသုံးပြုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ယနေ့တွင် ကမ္ဘာမြေကြီးသို့ ဆင်းကြွလာကာ နောက်ထပ်တစ်ကြိမ် လက်ဝါးကပ်တိုင်ပေါ်တွင် လူသားများ၏ သံမှိုစွဲရိုက်ထားခြင်းကို ခံရခြင်းဖြစ်သည်။ ရက်စက်သော လူသားမျိုးနွယ်ပါတကား။ မသိကျိုးကျွန်ပြုခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် အခွင့်အလမ်းအတွက် အလုအယက်ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များ သိန်းသန်းချီ မြွက်ဆိုထားစေကာမူ မည်သူကမျှ အသိတရား မရကြပါ။ လူတို့သည် သူတို့၏မိသားစု၊ သူတို့၏ သားသမီးများ၊ သူတို့၏အလုပ်အကိုင်၊ အနာဂတ်တက်လမ်း၊ ရာထူးနေရာ၊ အပေါ်ယံ ဂုဏ်ပကာသနနှင့် ငွေကြေးတို့အလို့ငှာ၊ အစားအစာ၊ အဝတ်အစားနှင့် အသွေးအသားအလို့ငှာသာ လုပ်ဆောင်ကြလေသည်။ သို့သော် မိမိ၏လုပ်ဆောင်ချက်များက အမှန်တကယ် ဘုရားသခင်အတွက် ဖြစ်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ဘုရားသခင်အတွက် လုပ်ဆောင်သောသူများကြားမှာပင် ဘုရားသခင်ကို သိကျွမ်းသောသူ အနည်းငယ်သာရှိ၏။ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် မလုပ်ဆောင်သောသူ မည်မျှရှိသနည်း။ မိမိကိုယ်ပိုင်ရာထူးနေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ ခွဲခြားမဆက်ဆံသူ မည်မျှရှိသနည်း။ ထိုအတွက်ကြောင့် ဘုရားသခင်မှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အတင်းအဓမ္မ သေဒဏ်စီရင်ခြင်းခံရပြီဖြစ်ပြီး မရေတွက်နိုင်သော အရိုင်းအစိုင်း တရားသူကြီးများက ဘုရားသခင်ကို စီရင်ချက်ချကာ သူ့ကို နောက်ထပ်တစ်ကြိမ် ကားတိုင်ပေါ်တွင် သံမှိုစွဲရိုက်ထားကြပြီ ဖြစ်သည်။ ဘုရားသခင်အတွက် သူတို့ အမှန်တကယ် ပြုမူဆောင်ရွက်သောကြောင့် ဖြောင့်မတ်သည်ဟု ဘယ်နှစ်ယောက်အား ခေါ်ဆိုနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်” မှ

လူတို့သည် သူတို့ကိုယ်သူတို့ များစွာ မတောင်းဆိုကြသော်လည်း ဘုရားသခင်ကို များစွာ တောင်းဆိုတတ်ကြသည်။ သူတို့ကို အထူးသနားကြင်နာမှု ပြရန်၊ သူတို့အပေါ် စိတ်ရှည်သည်းခံရန်၊ သူတို့ကို ချစ်ခင်မြတ်နိုးရန်၊ သူတို့ကို ထောက်ပံ့ပေးရန်၊ သူတို့ကို ပြုံးရယ်ပြရန်နှင့် နည်းလမ်းများစွာဖြင့် သူတို့ကို စောင့်ရှောက်ရန် သူ့ကို သူတို့ တောင်းဆိုကြသည်။ သူတို့သည် သူက သူတို့အပေါ် လုံးဝတင်းကျပ်ခြင်းမရှိရန် သို့မဟုတ် သူတို့ကို စိုးစဥ်းမျှပင် ဝမ်းနည်းစေမည့် မည်သည့်အရာကိုမျှ မပြုရန် သူ့ကို မျှော်လင့်ကြပြီး သူ့အနေဖြင့် သူတို့ကို နေ့ရက်စဉ်တိုင်း ချော့မော့မှသာ သူတို့ကျေနပ်ကြသည်။ လူသားများမှာ ဆင်ခြင်တုံတရားအရာ၌ အလွန်ချို့တဲ့လေစွ။ လူတို့သည် မိမိတို့ လုပ်ဆောင်သင့်သည့်အရာ၊ မိမိတို့ ပြီးမြောက်သင့်သည့်အရာ၊ မိမိတို့ ရှိသင့်သည့် ရှုထောင့်အမြင်များ၊ ဘုရားသခင်ကို အစေခံဖို့ရာတွင် မိမိတို့ ရပ်တည်သင့်သည့် အနေအထားနှင့် မိမိတို့ကိုယ်ကိုယ် ထားရှိဖို့ မည်သည့်အနေအထားက ၎င်းတို့အတွက် သင့်လျော်သည်ဆိုသည်တို့အပေါ် မရှင်းလင်းကြချေ။ အဆင့်အတန်း အနည်းငယ်မျှရှိသည့် လူတို့သည် မိမိတို့ကိုယ်ကိုယ် အလွန်အထင်ကြီးကြပြီး၊ အဆင့်အတန်းမရှိသည့် လူတို့သည်လည်း မိမိတို့ကိုယ်ကိုယ် အတော်လေး အထင်ကြီးကြ၏။ လူတို့သည် မိမိတို့ကိုယ်ကိုယ် မည်သည့်အခါမျှ မသိရှိကြချေ။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင် သင့်ကို ဘုရားသခင် မည်သို့ ပြောဆိုပါစေ၊ သူက သင်နှင့်ပတ်သက်၍ မည်မျှတင်းကျပ်ပါစေ၊ ပြီးလျှင် သင့်ကို သူ မည်မျှ လျစ်လျူရှုပါစေ၊ ညည်းညူခြင်းမရှိဘဲ ဆက်ယုံကြည်ကာ သင်၏ တာဝန်ကို လုပ်ဆောင်နေကျအတိုင်း ဆက်လက်လုပ်ဆောင်နိုင်သည့် အတိုင်းအတာအထိ သင် ရောက်လာရမည်။ ထိုအခါ သင်သည် ရင့်ကျက်ပြီး အတွေ့အကြုံရှိသည့် လူတစ်ဦးဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဝိညာဉ်အသက်တာ အချို့နှင့် ပုံမှန်လူတစ်ဦး၏ ဆင်ခြင်တုံတရား အနည်းငယ် သင် အမှန်တကယ်ရှိလိမ့်မည်။ ဘုရားသခင်အပေါ် တောင်းဆိုမှုများ သင် ပြုလိမ့်မည်မဟုတ်၊ လွန်ကဲသော စိတ်ဆန္ဒများ သင် ရှိတော့မည် မဟုတ်သကဲ့သို့၊ သင်၏ နှစ်သက်မှုများအတိုင်း အခြားသူများအပေါ် သို့မဟုတ် ဘုရားသခင်အပေါ် တောင်းခံချက်များ သင် ပြုတော့မည်မဟုတ်။ ဤအရာက၊ သင်သည် အတော်အတန် အတိုင်းအတာတစ်ခုအထိ လူသားတစ်ဦး၏ ပုံသဏ္ဌာန် ပိုင်ဆိုင်သည်ကို ပြလိမ့်မည်။ လတ်တလောတွင်၊ သင်တို့သည် အလွန်များစွာသော တောင်းဆိုချက်များရှိကြပြီး ၎င်းတို့က လွန်စွာ လွန်ကဲလေသည်။ သင်တို့၏ ရည်ရွယ်ချက်များစွာက သင်သည် မှန်ကန်သည့် နေရာတွင် ရပ်တည်ခြင်းမရှိ၊ သင်၏ ရာထူးက မြင့်လွန်းပြီး သင်က ဘုရားသခင်ထက် သိပ်မနိမ့်ကျသည့်အလား သင့်ကိုယ်သင် အလွန်ဂုဏ်သရေရှိသူအဖြစ် ရှုမြင်ပြီးဖြစ်သည်ကို သက်သေပြသည်။ ထို့ကြောင့်၊ သင့်ကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲပြီး ဤသည်မှာ စာတန်၏ သဘောသဘာဝ အတိအကျ ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် အမြဲတစေ တောင်းဆိုချက်များ ပြုသည့်လူများသည် ဆင်ခြင်တုံတရား အနည်းဆုံးလူများ ဖြစ်သည်” မှ

တစ်စုံတစ်ယောက်က ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခု၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသည့် အတွေးအခေါ်များနှင့် စိတ်ကူးများကို ထုတ်ဖော်ပြသည့်အခါတိုင်း ယင်းသည် သေးငယ်သည့် အရေးကိစ္စမဟုတ်ပေ။ သင်သည် ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေပါက ဤဖောက်ပြန်ပျက်စီးခြင်းများကို သန့်စင်ဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ တစ်ဖက်တွင် သင်သည် သမ္မာတရားကို အကျိုးသင့်အကြောင်းသင့် ရှာဖွေနိုင်ပါက သင့်အမှား၏ အရင်းအမြစ်ကို အလွယ်တကူ ခွဲခြားသိမြင်နိုင်လိမ့်မည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ ဖော်ပြချက်များနှင့် ပတ်သက်သည့် ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်။ သင်သည် စောင့်မျှော်ဖို့နှင့် ရှာဖွေဖို့ သင်၏ဝိညာဉ်ထဲသို့ သာ၍ ပြန်သွားနိုင်သည်နှင့်အမျှ ပြဿနာ၏ အဖြစ်အနေကို ခွဲခြားသိမြင်ရန် အသုံးပြုဖို့ ဘုရားသခင် နှုတ်ကပတ်တော်များ၏ သက်ဆိုင်ရာ ကျမ်းပိုဒ်များကို ရှာတွေ့ရန် လွယ်ကူလာလိမ့်မည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သာ၍ သာ၍ နည်းပါးစွာ ထုတ်ဖော်လိမ့်မည်၊ ပြီးလျှင် သင်၏ ဆင်ခြင်တုံတရားသည် တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည်— တစ်စုံတစ်ဦး၏ဆင်ခြင်တုံတရားက တိုး၍ ပုံမှန်ဖြစ်လာလေ၊ ၎င်းတို့သည် စည်းဘောင်များအတွင်း၌ သာ၍ ပြုမူလေဖြစ်ကာ ၎င်းတို့၏အယူအဆများနှင့် စိတ်ကူးအထင်များပေါ် အခြေခံ၍ ပြောဆိုခြင်း၊ သို့မဟုတ် ပြုမူခြင်း မရှိတော့ပေ။ “စည်းဘောင်များအတွင်း၌ ပြုမူရန်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သာမန် လူ့သဘာဝ၏ စံနှုန်းများအတိုင်း၊ တစ်စုံတစ်ဦး၏ အသိစိတ်အတိုင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များဆိုင်ရာ စံနှုန်းများအတိုင်းနှင့် သမ္မာတရား အခြေခံသဘောတရားများအတိုင်း လိုက်နာသည့် နည်းလမ်း တစ်ခုဖြင့် ပြုမူခြင်းကို ဆိုလိုသည်။ ပြုမူဖို့ စေ့ဆော်ခြင်း ခံရသည်နှင့်တစ်ပြိုင်နက် သင်သည် နက်နက်နဲနဲ မတွေးဘဲ သင်၏လက်ကို ဝှေ့ယမ်းကာ “ထိုသို့သာ လုပ်ဆောင်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မည်” ဟု ပြောပါက သင်သည် သာမန်လူ့သဘာဝ၏ အသိစိတ်ကောင်းဖြင့် ပြုမူနေခြင်း ဖြစ်သလော။ ဤတွင် သာမန်လူ့သဘာဝ၏ ဖော်ပြချက် ရှိသလော။ ဤသည်တို့မှာ သာမန်လူ့သဘာဝ၌ မရှိသင့်သည့် ဖော်ပြချက်များ ဖြစ်သည်။ ထို့ကြောင့် သင့်ထံ မည်သည့်ပြဿနာ ကျရောက်ပါစေ သင်သည် ဦးစွာ စိတ်ကို ငြိမ်စေပြီး ယင်းကို စဉ်းစားဆင်ခြင်ရမည်၊ ဘုရားသခင်ရှေ့မှောက်သို့ လာရမည်၊ သင်၏ဝိညာဉ်ထဲသို့ ပြန်သွားရမည်၊ ပြီးလျှင် ဆိတ်ငြိမ်လာရမည်— ပထမဦးစွာ ဤအရေးကိစ္စကို မည်သို့လုပ်ဆောင်သင့်သည်နှင့် ယင်းကို မည်သို့ဆွေးနွေးသင့်သည်ကို ဘုရားသခင်ထံမှ ရှာဖွေလော့။ ဤသည်မှာ အချိန်များစွာ လိုအပ်သလော။ မဟုတ်ပေ၊ မလိုအပ်ချေ။ သာမန်လူ့သဘာဝတွင် ဤကျိုးကြောင်းဆီလျော်သည့် အရာများ ပါဝင်သည်၊ ပြီးလျှင် လူများသည် မိမိတို့ကိုယ်ကို ချုပ်တည်းနိုင်ပြီး ယင်းတို့ကို စွမ်းဆောင်ရရှိနိုင်ကြသည်။ ၎င်းတို့စွမ်းဆောင်ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ဖို့ ၎င်းတို့လိုလားခြင်း ရှိမရှိပေါ်တွင်သာ မူတည်သည်။ သင်သည် သင့်ကိုယ်သင် ဝါကြွားဖို့၊ အစဉ် အထက်စီး၌နေဖို့၊ သင့်ကိုယ်သင် ပြစားဝင့်ဝါဖို့၊ အခြားလူများ၏ စိတ်နှလုံးများထဲတွင် ကိုးကွယ်ရာ ဖြစ်လာဖို့နှင့် ယင်းတွင် သင်၏ကိုယ်ပိုင်ပုံရိပ်ကို တည်ထောင်ဖို့ အမြဲ ဆန္ဒရှိပါက သင်သည် အမြဲတမ်း မဆင်မခြင် ပြုမူလိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင် ရှေ့မှောက်သို့ မည်သည့်အခါမျှ လာနိုင်လိမ့်မည်မဟုတ်၊ သို့မဟုတ် သင်၏ဝိညာဉ်ထဲသို့ ပြန်သွားနိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် အမှုအရာများကို အမြဲပင် သင်၏ကိုယ်ပိုင် နည်းလမ်းအတိုင်း လုပ်ဆောင်လိုပြီး ထိုသို့လုပ်လည်း လုပ်ဆောင်ခဲ့ပါက၊ သင်သည် ကြီးစွာ အရေးပါသည့် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ သို့မဟုတ် ကြီးစွာသော တာဝန်အချို့ကို ပြီးမြောက်ပြီးဖြစ်ကြောင်းနှင့် သင်သည် အလွန် ပါရမီထူးပြီး သာမန်လူများနှင့်မတူကြောင်း အစဉ် တွေးနေပါက ဤသည်မှာ သင်သည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် လျှောက်မနေကြောင်းကို ဆိုလိုသည်။ သင်၏စိတ်နှလုံးသည် အချိန်ပြည့် ဆိတ်ငြိမ်နေရမည်ဖြစ်ပြီး ပြဿနာတစ်ခုကို သင်ကြုံရသည့်အခါ သင်သည် ကသိကအောက်ဖြစ်ကာ ခေါင်းမာနေခြင်း မရှိရ၊ သို့မဟုတ် မဆင်မခြင်မပြုရ။ ဟန်မများနှင့်၊ သို့မဟုတ် ယုံမှားစေခြင်း မပြုနှင့်၊ ထိုအစား ဆိတ်ငြိမ်စေဖို့ သင်ယူပြီး အကျိုးအကြောင်း ဆီလျော်စွာ ပြုမူလော့။ ဤသည်တို့မှာ သာမန် လူ့သဘာဝက ထင်ရှားပြသသင့်သည့် နည်းလမ်းများ ဖြစ်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကိုဖြေရှင်းရန် လမ်းကြောင်း” မှ

အချို့သူတို့သည် ဆန့်ကျင်ဘက်လိင်နှင့် ဆက်သွယ်ရန် ၎င်းတို့ချဉ်းကပ်ရာတွင် အလွန်ပုံမှန်ဖြစ်လွန်းပါသည်။ သူတို့သည် မည်သည်မှမဖြစ်သမျှကာလပတ်လုံး အရေးကြီးသောအရာမဟုတ်ဟု ခံစားတတ်ကြ သည့်အပြင် မည်သူမျှ တဏှာရမ္မက်အတွေးများကို အလိုလိုက်ခြင်း သို့မဟုတ် ဆိုးယုတ်သောခံစားချက် အချို့ကို ဖော်ပြခြင်း မရှိပါ။ ပုံမှန်လူသားဆန်မှုရှိသော လူတစ်ဦးတွင် ထိုကဲ့သို့အတွေးများ ရှိသင့်ပါသလား။ ၎င်းမှာ ပုံမှန်လူသားဆန်မှု လက္ခဏာတစ်ရပ် ဖြစ်ပါသလား။ သင်သည် အိမ်ထောင်ပြုနိုင်သည့် အရွယ်သို့ ရောက်ရှိလာသည်နှင့် ဆန့်ကျင်ဘက်လိင်နှင့် ဆက်သွယ်လာကြပြီး အတည်တကျချစ်ခင်စုံမက်လိုကြသည်၊ ပုံမှန်အတိုင်း အတည်တကျချစ်ခင်စုံမက်ကြလျှင် မည်သူမျှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ပါ။ သို့သော်လည်း အချို့သူတို့သည် အတည်တကျချစ်ခင်စုံမက်လိုခြင်း မရှိပါ— သူတို့သည် သူတို့မျက်စိမှာ သဘောကျသည့်သူ တစ်ယောက်ယောက်နှင့် ရက်ပေါင်းအနည်းငယ် အပျော်ရည်းစားထားလိုကြသည်၊ တစ်ယောက်ယောက်ကို သူတို့သဘောကျသည်နှင့် သူတို့သည် သူတို့၏လိုအင်ဆန္ဒကို စတင်ပြသလာသည်။ သူတို့ မည်သို့ ပြသကြသနည်း။ မျက်ခုံးလှုပ်ပြကြသည်၊ မျက်စိမှိတ်ပြကြသည်၊ သို့မဟုတ် သူတို့စကားပြောသည့်အခါ သူတို့၏စကားထဲမှာ လေသံပြောင်းလဲလာကြသည် သို့မဟုတ် သီးသန့်နည်းလမ်းတစ်ခုကို သူတို့ပြုလုပ်လာကြသည် သို့မဟုတ် သူတို့ကို သတိပြုမိလာအောင် ရယ်စရာစကားများ စတင်ပြောဆိုလာကြသည်၊ ဤသို့ဖြင့် သူတို့ပြသကြပါသည်။ ပုံမှန်အားဖြင့် ဤသို့အမှတ်တမဲ့ဖော်ပြသည့် စရိုက်လက္ခဏာများကို လူတစ်ယောက် မကြိုက်သည့်အခါ ၎င်းတို့မျက်စိတွင် သဘောကျသည့် ဆန့်ကျင်လက်လိင်ရှိသူအချို့ အနီးအနားတွင် ရှိနေသည်ကို သင့်အနေဖြင့် သေချာသိရှိနိုင်သည်။ ထိုလူများမှာ မည်သူများဖြစ်ကြသနည်း။ သူတို့မှာ ထိန်းမနိုင်တားမရသော သူများဖြစ်သည် သို့မဟုတ် အမျိုးသားများနှင့် အမျိုးသမီးများကြားတွင် ပြတ်သားသောကန့်သတ်ချက်များ မထားရှိကြ ဟု သင်ပြောဆိုကောင်းပြောဆိုနိုင်သည်၊ သို့သော် သူတို့သည် မနှစ်မြို့ဖွယ် အမူအရာတစ်စုံတစ်ရာမှ မပြသကြပါ။ အချို့သူများက သူတို့သည် အလေးအနက်မထားကြဟု ပြောဆိုကောင်းပြောဆိုနိုင်သည်။ အနည်းအားဖြင့်ပြောရလျှင် သူတို့သည် မိမိကိုယ်မိမိ သိက္ခာမဲ့သော ပုံစံဖြင့် ပြုမှုနေထိုင်ကြသည်၊ အလေးအနက်မထားကြသူတို့သည် မိမိကိုယ်မိမိ လေးစားရန် လိုအပ်သည်ကို နားမလည်ကြပါ။ အချို့သူတို့သည် နေ့စဉ်နိစ္စဓူဝဘဝမှာ ဤသို့ထူးခြားသောလက္ခဏာများကို ပြသကြသော်လည်း သူတို့၏တာဝန်များ စွမ်းဆောင်မှုကို မထိခိုက်ပါ၊ သူတို့၏အလုပ် ပြီးဆုံးမှုကိုလည်း မထိခိုက်ပါ၊ ထို့ကြောင့် ၎င်းမှာ အတယ့်ပြဿနာတစ်ခု ဖြစ်ပါသလား။ “၎င်းက သင်၏သမ္မာတရား ရှာဖွေ‌မှုကို အဟန့်အတားမပြုသမျှကာလပတ်လုံး ၎င်းကို တစ်စုံတစ်ရာ ပြောဆိုဆွေးနွေးရန် လိုအပ်သလား”- ဟု အချို့သူများက ပြောနေကြပါသည်။ ၎င်းသည် မည်သည့်အရာနှင့် ဆက်စပ်နေသနည်း။ လူတစ်ယောက် လူသားဆန်မှု၏ အရှက်နှင့် ဂုဏ်သိက္ခာ။ လူတစ်ယောက်၏ လူသားဆန်မှုသည် အရှက်နှင့် ဂုဏ်သိက္ခာ မရှိဘဲ မဖြစ်နိုင်ပါ၊ ၎င်းတို့မရှိဘဲ သူတို့၏လူသားဆန်မှုသည် ပုံမှန်လူသားဆန်မှု မဖြစ်နိုင်ပါ။ အချို့သူတို့သည် သူတို့လုပ်သမျှအရာအားလုံးမှာ ယုံကြည်စိတ်ချရသည်၊ စိတ်အားထက်သန်မှုရှိပြီး တာဝန်ယူကြသည်။ သူတို့သည် အလုပ်ကို ကြိုးစားလုပ်ကြသည်၊ ကောင်းမွန်သောဇာရိုက်တများ ရှိကြသည်၊ သို့သော်လည်း သူတို့သည် သူတို့ဘဝများမှ ဤရှုထောင့်ကို လေးလေးနက်နက် မထားကြပါ။ သင်သည် ဆန့်ကျင်ဘက်လိင်ရှိသူတစ်ဦးကို အပျော်ရည်းစား ထားသည့်အခါ ၎င်းမှာ အပြုသဘောဆောင်ပါသလား သို့မဟုတ် အပျက်သဘောဆောင်ပါသလား။ သင် အပျော်ရည်းစားထားသူတစ်ဦးသည် သင်နှင့် အတည်တကျချစ်ခင်စုံမက်လာလျှင် မည်သို့ဖြစ်လာမည်နည်း။ “ငါလိုချင်ခံသည့်အရာ သည်လိုမဟုတ်ဘူးဟု” သင်ပြောကောင်းပြောနိုင် ပါသည်။ ကောင်းပြီ၊ သင်မလိုချင်သည့်အရာ မဟုတ်မှန်းသိလျှက်နှင့် သင် တစ်ယောက်ယောက်ကို အပျော်ရည်းစားထားနေလျှင် သင်သည် ၎င်းတို့၏ ခံစားချက်များကို လိမ်လည်လှည့်စားရာ မရောက်ဘူးပါလား။ သင်သည် ၎င်းတို့ကို ဖျက်စီးရာရောက်ပြီး အကျင့်သိက္ခာမဲ့စွာ ဆောင်ရွက်နေခြင်းဖြစ်သည်။ ဤသို့လုပ်ဆောင်သည့် လူများသည် လူသားဆန်မှုအလွန် ခေါင်းပါးလွန်းလှသည်။ ထို့အပြင် သင်သည် ဤဆက်ဆံရေးကို ရှေ့ဆက်သွားရန် မရည်ရွယ်၊ ၎င်းကို အလေးအနက်လည်း မထားသည့်အပြင် သင့်အနေဖြင့် ဆန့်ကျင်ဘက် လိင်ရှိသူတစ်ဦးကို ဆက်လက်မျက်ခုံးလှုပ်ပြနေလျှင်၊ မျက်စိမှိတ်ပြနေလျှင်၊ ပျော်ရွှင်စရာနှင့် ဟာသသဘောဖြင့် ပြသနေလျှင်၊ သင့်တွင် စတိုင်ရှိကြောင်း၊ သင်သည် ခန့်ညားသောလူကြီးလူကောင်း တစ်ဦးဖြစ်ကြောင့် ပြသရန် အရာခပ်သိမ်းလုပ်ဆောင်နေလျှင်၊ သင်၏ နှစ်လိုဖွယ်ကောင်းသောရုပ်ရည်ကို ပြသနေလျှင်— သင်သည် ဤသို့ ပြသနေလျှင် သင် အမှန်တကယ် မည်သည့်အရာကို လုပ်နေပါသနည်း။ (လူများကို သွေးဆောင်ဖြားယောင်းခြင်း။) ယခု ဤသို့သွေးဆောင်ဖြားယောင်းသည့် အမူအရာသည် မြင့်မြတ်သော သို့မဟုတ် အကျည်းတန်ရုပ်ဆိုးသော အရာတစ်ခု ဖြစ်ပါသလား။ (၎င်းမှာ အကျည်းတန်ရုပ်ဆိုးသော အရာတစ်ခုသာ ဖြစ်ပါသည်။) ၎င်းသည် ဂုဏ်သိက္ခာတစ်စုံတစ်ရာ မရှိခြင်းဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)” မှ

သင်တို့၏ ယုံကြည်ခြင်းသည် အလွန်နှစ်လိုဖွယ်ကောင်း၏။ သင်တို့သည် ငါ၏အမှုကိုယ်စား သင်တို့၏အသက်တာ တစ်ခုလုံးကို အသုံးပြုရန် လိုလားလျက်ရှိပြီး၊ ယင်းအတွက် သင်တို့၏ အသက်တာများကို စွန့်လွှတ်ရန် လိုလားလျက်ရှိသည်ဟု သင်တို့ဆိုကြသည်၊ သို့သော် သင်တို့၏ စိတ်သဘောထားများမှာ များစွာ ပြောင်းလဲခြင်း မရှိသေးပေ။ သင်တို့၏ တကယ့်အပြုအမူသည် အလွန် စိတ်ပျက်စရာ ဖြစ်သော်လည်း၊ သင်တို့သည် မာနထောင်လွှားစွာသာ စကားပြောဆို ကြသည်။ လူတို့၏ လျှာနှင့် နှုတ်ခမ်းတို့သည် ကောင်းကင်တွင် ရှိသော်လည်း ၎င်း၏ ခြေထောက်များမှာ အလွန် အောက်ဝေးဝေးက ကမ္ဘာမြေကြီးပေါ်တွင်ရှိကြသည့်အလား ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ စကားများ၊ လုပ်ရပ်များနှင့် ၎င်းတို့၏ နာမည်ဂုဏ်သတင်းများသည် စုတ်ပြတ်ကာ ပြိုပျက်လျက် ရှိကြဆဲ ဖြစ်သည်။ သင်တို့၏ နာမည်ဂုဏ်သတင်းများသည် ဖျက်ဆီးခံရပြီးဖြစ်သည်၊ သင်တို့၏ အမူအရာသည် ပျက်ပြား၏၊ သင်တို့၏ စကားပြောဆိုပုံသည် အောက်တန်းကျပြီး၊ သင်တို့၏ အသက်တာများမှာ စက်ဆုပ်ဖွယ်ကောင်းလေသည်။ သင်တို့၏ လူသားသဘာဝတစ်ခုလုံးပင် ယုတ်ညံ့သော အောက်တန်းကျမှုတွင် နစ်မြုပ်နေလေပြီ။ သင်တို့သည် အခြားသူများအပေါ် သဘောထားကျဉ်းမြောင်းပြီး၊ သေးငယ်သော အရာတိုင်းအပေါ် သင်တို့ ကတ်သီးကတ်သတ် ပြောဆိုကြသည်။ သင်တို့သည် ငရဲနှင့် မီးအိုင်ထဲသို့ ဆင်းသက်ရန် လိုလားကြသည်အထိပင်၊ သင်တို့ကိုယ်တိုင်၏ နာမည်ဂုဏ်သတင်းများနှင့် အဆင့်အတန်း အပေါ် ငြင်းခုံတတ်ကြသည်။ သင်တို့၏ လက်ရှိ စကားများနှင့် လုပ်ရပ်များသည် သင်တို့ အပြစ်ရှိကြောင်း ငါဆုံးဖြတ်ဖို့အတွက် လုံလောက်ပေသည်။ ငါ၏အမှုအပေါ် သင်တို့၏ သဘောထားသည် သင်တို့အား မတရားသော သူများ ဖြစ်သည်ဟု ငါဆုံးဖြတ်ရန်အတွက် လုံလောက်ပြီး သင်တို့၏ စိတ်သဘောထားများ အားလုံးမှာ သင်တို့သည် စက်ဆုပ်ရွံ့ရှာမှုများဖြင့် ပြည့်နှက်နေသော ညစ်ညမ်းသည့် ဝိညာဉ်များဖြစ်သည်ဟု ထောက်ပြဖို့ရန် လုံလောက်ပေသည်။ သင်တို့၏ သရုပ်သကန်များနှင့် သင်တို့ ထုတ်ဖော်ပြသော အရာများမှာ သင်တို့သည် ညစ်ညူးသော ဝိညာဉ်များ၏သွေးကို အဝသောက်ပြီးသော လူများ ဖြစ်သည်ဟု ဆိုရန် လုံလောက်ပေသည်။ နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းကို ဖော်ပြသည့်အခါ၊ သင်တို့သည် သင်တို့၏ ခံစားချက်များကို ထုတ်ဖော်ပြခြင်း မရှိပေ။ သင်တို့ ယခု ဖြစ်နေသည့်ပုံစံသည် ငါ၏ ကောင်းကင်နိုင်ငံတော်သို့ သွားရာ တံခါးကို ဖြတ်လျှောက်ဖို့ သင်တို့အတွက် လုံလောက်သည်ဟု သင်တို့ ယုံကြည်ကြသလော။ သင်တို့ကိုယ်တိုင်၏ စကားများနှင့် လုပ်ရပ်များက ငါ၏ စမ်းသပ်ခြင်းကို ဦးစွာ မခံရဘဲ၊ ငါ၏ အမှုတော်နှင့် နှုတ်ကပတ်တော်များ၏ သန့်ရှင်းသောပြည်ထဲသို့ ဝင်ရောက်ခြင်းကို ရရှိနိုင်သည်ဟု ယုံကြည်ကြသလော။ အဘယ်သူသည် ငါ့ကို မမှန်မကန်ပြောခြင်းဖြင့် လှည့်စားနိုင်သနည်း။ သင်တို့၏ စက်ဆုပ်ဖွယ်ကောင်းသော၊ အောက်တန်းကျသော အပြုအမူများနှင့် စကားပြောဆိုမှုများသည် ငါ၏အမြင်မှ ရှောင်လွှဲနိုင်မည်နည်း။ သင်တို့သည် ငါ့ ရှေ့မှောက်၌ ညစ်ညူးသော ဝိညာဉ်များကို နေ့စဉ် အတုခိုးကြသောကြောင့် ငါသည် သင်တို့၏ ဘဝများကို ညစ်ညူးသော ဝိညာဉ်များ၏ အသွေးကိုသောက်ပြီး အသားကို စားသော ဘဝများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ ငါ၏ ရှေ့တွင် သင်တို့၏အပြုအမူသည် အထူးသဖြင့် ဆိုးရွား၏၊ ထို့ကြောင့် ငါ သင့်ကို မရွံရှာဘဲ အဘယ်သို့ နေနိုင်မည်နည်း။ သင်တို့၏ စကားများသည် ညစ်ညူးသော ဝိညာဉ်များ၏ မစင်ကြယ်မှုများ ပါရှိသည်- သင်တို့သည် မှော်အတတ်၌ ပါဝင်ပတ်သက်သော သူတို့ကဲ့သို့နှင့် ဖောက်ပြန်ပြီး မတရားသော သူတို့၏အသွေးကို သောက်သောသူတို့ကဲ့သို့ နားပူနားဆာ လုပ်တတ်ကြသည်၊ ဖုံးကွယ်တတ်ကြပြီး မြှောက်ပင့်ပြောဆို တတ်ကြလေသည်။ လူသားအားလုံး၏ ထုတ်ဖော်ပြမှုအားလုံးမှာ အလွန့်အလွန် မတရားသောကြောင့် ဖြောင့်မတ်သောသူများရှိသည့် သန့်ရှင်းသော ပြည်ထဲတွင် လူအားလုံးကို မည်ကဲ့သို့ ထားရှိနိုင်မည်နည်း။ သင်၏ စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူက သင့်အား မတရားသော သူများနှင့် နှိုင်းယှဉ်ရာတွင် သန့်ရှင်းသူအဖြစ် ခြားနားစေနိုင်သည်ဟု သင်ထင်သလော။ ပျက်စီးစေတတ်ပြီး စက်ဆုပ်ရွံရှာဖွယ်ရာများကို လုပ်ဆောင်သော သင်၏ ဇာတိပကတိကို သင်၏ မြွေဆိုးကဲ့သို့သော လျှာသည် နောက်ဆုံးတွင် ပျက်စီးစေလိမ့်မည်ဖြစ်ပြီး၊ ညစ်ညူးသော ဝိညာဉ်များ၏အသွေးဖြင့် ဖုံးလွှမ်းနေသော သင်၏ လက်များသည်လည်း သင်၏ဝိညာဉ်ကို နောက်ဆုံးတွင် ငရဲထဲသို့ ဆွဲချလိမ့်မည်။ ထိုသို့ဖြစ်လျှင် ညစ်ညမ်းမှုဖြင့် ဖုံးလွှမ်းနေသော သင်၏လက်များကို သန့်စင်ရန် ဤအခွင့်အရေးကို သင် အဘယ်ကြောင့် မဆိုင်းမတွ မရယူသနည်း။ ပြီးလျှင် မတရားသော စကားများကို ပြောဆိုသော သင်၏ လျှာကို ဖြတ်ပစ်ရန်အတွက်ဤ အခွင့်အရေးကို သင်အဘယ်ကြောင့် အသုံးမချသနည်း။ သင်၏လက်များ၊ လျှာနှင့် နှုတ်ခမ်းများအတွက် ငရဲ မီးလျှံထဲတွင် ဝေဒနာခံစားရန် သင်လိုလားနေခြင်း ဖြစ်နိုင်သလော။ လူသားမျိုးနွယ်ကို ငါ မဖန်ဆင်းမီ အချိန်များစွာ ကြာကတည်းက ၎င်းတို့၏ စိတ်နှလုံးများကို ငါ၏ လက်အတွင်းတွင် ဆုပ်ကိုင်ထားခဲ့ပြီး ဖြစ်သောကြောင့် လူတိုင်း၏ စိတ်နှလုံးကို ငါ၏ မျက်စိနှစ်ဘက်ဖြင့် ငါ ဆက်လက်စောင့်ကြည့်၏။ ငါသည် အချိန်များစွာ ကြာကတည်းက လူတို့၏ စိတ်နှလုံးကို ရိပ်စားမိခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့၏ အကြံအစည်များသည် ငါ၏ အမြင်မှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ငါ၏ဝိညာဉ်ဖြင့် လောင်ကျွမ်းခံရခြင်းကို ရှောင်လွှဲဖို့ အဘယ်သို့ မနောက်ကျလွန်းဘဲ နေနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား” မှ

အရှေ့သို့- ၁၀၇) သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အပြုအမူကောင်းတို့အကြား ခွဲခြားခြင်း အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၀၉) ဘုရားသခင်နောက်လိုက်ခြင်းနှင့် လူသားများနောက်လိုက်ခြင်းတို့ကြား ခွဲခြားခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်