၁၆၁။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူကို နာခံခြင်းနှင့် သက်ဆိုင်သည့် အခြေခံ သဘောတရားများ

(၁) အသင်းတော်၏ အလုပ်အားလုံးနှင့် အရေးကိစ္စအားလုံးတွင်၊ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူကို လုံးဝ နာခံလော့။ ၎င်းတို့ကို မေးခွန်းမထုတ်နှင့်။ ဤသည်မှာ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အစီအစဉ် ဖြစ်သည်။

(၂) သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူ၏ ခေါင်းဆောင်မှု၊ ရေလောင်းပေးခြင်းနှင့် ထိန်းကျောင်းပေးခြင်းတို့ကို လက်ခံကာ ကျိုးနွံနာခံဖို့နှင့် သင်၏ တာဝန်ကို အလုပ်အစီအစဉ်များအား တင်းကျပ်သည့် လိုက်နာမှုဖြင့် ဆောင်ရွက်ရန် လိုအပ်သည်။

(၃) သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူ၏ ဦးဆောင်မှုသည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ပြီး ဘုရားသခင်၏ ရွေးချယ်ထားသော လူများကို ဦးဆောင်သည့် တကယ့်‌ လမ်းကြောင်း ဖြစ်သည်ကို သတိပြုလော့။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းကြောင်းမှန်ပေါ်သို့ ခြေချခြင်း ဖြစ်သည်။

(၄) တစ်ဦးတစ်ယောက်သည် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူကို ကိုးကွယ်ခြင်းနှင့် ကြည်ညိုခြင်းအားဖြင့် ၎င်းတို့၏ စိတ်နှလုးထဲတွင် ဘုရားသခင်၏ နေရာကို မည်သည့်အခါတွင်မျှ အစားမထိုးရပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ သင်သည် သူ့ကို ကြီးမြတ်သောသူအဖြစ် ချီးမြှောက်ရမည်ဖြစ်ပြီး သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ကျိုးနွံနာခံရမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ အသုံးပြုခြင်းခံရသူများ၏ သာသနာပြုခြင်းနှင့် ထိန်းကျောင်းပေးခြင်း လိုအပ်သည့်အတွက်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အထူး လမ်းညွှန်ခြင်းနှင့် လမ်းပြခြင်းခံရသောသူများမှလွဲ၍ မည်သူမျှ အမှီအခိုကင်းစွာ ရှင်သန်နိုင်စွမ်း မရှိချေ။ ထို့ကြောင့် ခေတ်အသီးသီးတွင် ဘုရားသခင်သည် သူ၏အမှုအဖို့အလို့ငှာ အသင်းတော်များအား သိုးထိန်းကျောင်းခြင်းနှင့်ပတ်သက်၍ မအားမလပ်အောင် ပြေးလွှားလုပ်ဆောင်မည့်သူ အမျိုးမျိုးကို ပေါ်ထွန်းစေခဲ့သည်။ ယင်းမှာ ဘုရားသခင်၏ အမှုသည် သူ မျက်နှာသာပေးကာ လက်ခံသောသူများမှတစ်ဆင့် လုပ်ဆောင်ရမည်ဟု ဆိုရပေမည်။ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်းရှိ အသုံးပြုထိုက်သည့် အစိတ်အပိုင်းကို အသုံးပြုရမည် ဖြစ်ပြီး၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းမှတစ်ဆင့် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်လျော်စေခြင်း ခံရကြလေသည်။ လူသား၏ နားလည်နိုင်စွမ်းသည် အလွန် ချို့တဲ့သောကြောင့်၊ သူသည် ဘုရားသခင်၏အသုံးပြုခြင်း ခံရသောသူများ၏ ထိန်းကျောင်းပေးမှုကို ခံရပေမည်။ ယင်းသည် မောရှေကို ဘုရားသခင်၏ အသုံးပြုခြင်းနှင့်တူပေသည်၊ မောရှေထံတွင် ထိုအချိန်က အသုံးပြုဖို့အတွက် သင့်လျော်သည့် အရာများစွာကို ဘုရားသခင် ရှာတွေ့ခဲ့ပြီး၊ ယင်းမှာ ထိုအဆင့်အတွင်းရှိ ဘုရားသခင်၏ အမှုအတွက် ဘုရားသခင် ဆောင်ရွက်ခဲ့ဖူးသည့် အရာများဖြစ်သည်။ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို အသုံးပြုခိုက်တွင် အမှုပြုဖို့ရန် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြု၍ ရနိုင်သည့် လူသား၏ အစိတ်အပိုင်းကိုလည်း ကောင်းကောင်း အသုံးချကာ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း လူသားကို လမ်းညွှန်ပေးပြီး၊ တစ်ပြိုင်နက် ကျန်ရှိနေသည့် အသုံးပြု၍ မရသော အစိတ်အပိုင်းကို စုံလင်စေလေသည်။

ဘုရားသခင်၏ အသုံးပြုခြင်းခံရသောသူက ဆောင်ရွက်ခဲ့သည့် အလုပ်သည် ခရစ်တော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ ဖြစ်သည်။ ဤလူသည် လူသားအလယ်တွင် ဘုရားသခင်၏ ပျိုးထောင်ပေးခြင်းခံရသည်၊ သူသည် ဘုရားသခင် ရွေးချယ်ထားသူများ အားလုံးကို ဦးဆောင်ရန် ရှိနေခြင်း ဖြစ်ပြီး၊ သူသည် လူသား ပူးပေါင်းဆောင်ရွက်ခြင်း အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ ဘုရားသခင်၏ ပျိုးထောင်ပေးခြင်းခံရသူလည်း ဖြစ်သည်။ လူသား ပူးပေါင်းဆောင်ရွက်ခြင်း အလုပ်ကို လုပ်ဆောင်နိုင်သည့် ဤသို့သော သူတစ်ဦးဖြင့်၊ လူသားအပေါ် ပို၍များသော ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လူသားအလယ် သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်ရမည့် အမှုတို့ကို ထိုသူမှတစ်ဆင့် သာ၍ စွမ်းဆောင်ရရှိနိုင်ပေသည်။ ယင်းကို အခြားနည်းဖြင့်ဆိုရသော် ဤသို့ဖြစ်သည်- ဤလူကို အသုံးပြုရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ ဘုရားသခင် နောက်လိုက်သူများ အားလုံးသည် ဘုရားသခင်၏အလိုကို သာ၍ကောင်းစွာ နားလည်လာနိုင်ရန်အလို့ငှာနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သာ၍ ကြိုးပမ်းရရှိနိုင်ရန်အလို့ငှာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားသခင်၏ အလိုကို တိုက်ရိုက် နားလည်နိုင်စွမ်း မရှိကြသောကြောင့် ထိုသို့သောအမှုကို ဆောင်ရွက်လေ့ရှိသူ တစ်စုံတစ်ဦးကို ဘုရားသခင်က ပျိုးထောင်ပြီးဖြစ်သည်။ ဘုရားသခင်၏ အသုံးပြုခြင်းခံရသော ဤလူကို ဘုရားသခင်က လူတို့ကို တစ်ဆင့်လမ်းပြသည့် ကြားခံ တစ်ခုအဖြစ်၊ ဘုရားသခင်နှင့် လူသားကြား ဆက်သွယ်ပြောဆိုပေးသော “ဘာသာပြန်” အဖြစ် ဖော်ပြနိုင်သည်။ ထို့ကြောင့် ဤသို့သောလူသည် ဘုရားသခင်၏ အိမ်ထောင်စု၌ အလုပ်လုပ်ကြသည့်သူများ သို့မဟုတ် ဘုရားသခင်၏ တမန်တော်များထဲမှ မည်သူနှင့်မျှ မတူပေ။ ၎င်းတို့နည်းတူ သူ့ကို ဘုရားသခင်အား အစေခံသူ တစ်ဦးအဖြစ် ပြော၍ရသည်၊ သို့တိုင် သူ၏အလုပ် အနှစ်သာရနှင့် ဘုရားသခင်၏ အသုံးပြုခံရခြင်း နောက်ခံအရ၊ သူသည် အခြားအမှုတော်ဆောင်များ၊ တမန်တော်များနှင့် အလွန် ကွဲပြားခြားနားသည်။ သူ၏ အလုပ် အနှစ်သာရနှင့် သူ၏အသုံးပြုခံရခြင်း နောက်ခံအရ၊ ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသောလူသည် ဘုရားသခင်၏ ပျိုးထောင်ပေးခြင်း ခံရပေသည်၊ ဘုရား၏အမှုအတွက် ဘုရားသခင်က သူ့ကို ပြင်ဆင်ထားခြင်း ဖြစ်ပြီး၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုတွင် ပူးပေါင်းလုပ်ဆောင်လေသည်။ မည်သူမျှ သူ၏ကိုယ်စား သူ၏အလုပ်ကို လုံးဝ မလုပ်ဆောင်နိုင်ပေ- ဤသည်မှာ ဘုရားသခင်၏ အမှုနှင့်အတူ မရှိမဖြစ်သော လူသားပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ ထိုစဉ်အတောအတွင်းတွင် အခြားအမှုတော်ဆောင်များ သို့မဟုတ် တမန်တော်များက ဆောင်ရွက်သည့် အလုပ်မှာ ခေတ်အသီးသီးအတွင်း အသင်းတော်များအတွက် အစီအစဉ်များနှင့်ဆိုင်သည့် ရှုထောင့်များစွာကို ပို့ဆောင်ပေးခြင်းနှင့် အကောင်အထည်ဖော်ခြင်းသာ ဖြစ်သည်၊ သို့မဟုတ်ပါက အသင်းတော်အသက်တာကို ထိန်းသိမ်းရန်အလို့ငှာ အသက်တာကို အချို့သော ရိုးရှင်းသည့် ထောက်ပံ့ခြင်း အလုပ်သာဖြစ်သည်။ ဤအမှုတော်ဆောင်များနှင့် တမန်တော်များကို သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသူများဟု ခေါ်ဆိုနိုင်ဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ ခန့်အပ်ထားခြင်းပင် မဟုတ်ကြချေ။ ၎င်းတို့ကို အသင်းတော်များထဲမှ ရွေးချယ်ထားခြင်း ဖြစ်သည်၊ အချိန်ကာလတစ်ခုကြာ လေ့ကျင့်ပေးပြီး ပြုစုပျိုးထောင်ပေးပြီးသည့်နောက်၊ အံဝင်သူများသည် ဆက်လက် ထိန်းသိမ်းခံရကြပြီး၊ အံမဝင်သူများမှာ ၎င်းတို့လာခဲ့ကြသည့် အရပ်ဆီသို့ ပြန်စေလွှတ်ခြင်းခံရသည်။ ဤလူတို့ကို အသင်းတော်များထဲမှ ရွေးချယ်ထားခြင်း ဖြစ်သောကြောင့်၊ အချို့သည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက်တွင် ၎င်းတို့၏စရိုက်အမှန်များကို ပြသကြပြီး၊ အချို့မှာ မကောင်းသောအရာ များစွာကိုပင် လုပ်ဆောင်ကြကာ သုတ်သင်ဖယ်ရှင်းခံရခြင်းဖြင့် အဆုံးသတ်ကြလေသည်။ သို့သော်ငြားလည်း ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသည့် လူမှာ၊ ဘုရားသခင်၏ ပြင်ဆင်ပေးခြင်း ခံရပြီးဖြစ်သူနှင့် အရည်အချင်းအချို့ ပိုင်ဆိုင်ပြီး လူ့သဘာဝရှိသောသူ တစ်ဦး ဖြစ်သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကြိုတင် ပြင်ဆင်ပေးခြင်းခံပြီး စုံလင်စေခြင်းခံရပြီး ဖြစ်ကာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လုံးဝ ဦးဆောင်ခြင်းခံရလေသည်၊ အထူးသဖြင့် သူ၏အလုပ်နှင့် ပတ်သက်လာသည့်အခါ၊ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်ပေးခြင်းနှင့် ကွပ်ကဲခြင်းကို ခံရသည်- ဤအရာ၏ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်သည် သူကိုယ်တိုင်၏ အမှုအတွက် ဧကန်မုချ တာဝန်ယူပြီး၊ သူကိုယ်တိုင်၏ အမှုကို အချိန်တိုင်း လုပ်ဆောင်သည့်အတွက်၊ ဘုရားသခင် ရွေးချယ်ထားသူများကို ဦးဆောင်ခြင်းလမ်းကြောင်းပေါ်တွင် သွေဖည်မှုမရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားကို ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စပ်လျဉ်း၍” မှ

(၇) အသင်းတော်၏အလုပ်နှင့် ကိစ္စရပ်များတွင် ဘုရားသခင်ကို နာခံခြင်းမှလွဲ၍ အရာရာတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူ၏ ညွှန်ကြားချက်များကို လိုက်နာလော့။ အနည်းငယ်မျှသော ချိုးဖောက်မှုကိုပင် လက်ခံ၍မရပေ။ အကြွင်းမဲ့ လေးစားလိုက်နာလော့၊ ပြီးလျှင် အမှန်၊ အမှား မစိစစ်နှင့်။ မှန်သည့်အရာ သို့မဟုတ် မှားသည့်အရာသည် သင်နှင့်မသက်ဆိုင်ပေ။ အကြွင်းမဲ့နာခံခြင်းကိုသာ စိတ်ဝင်စားလော့။

(၈) ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဘုရားသခင်ကို နာခံကာ ကိုးကွယ်သင့်သည်။ မည်သည့်လူကိုမျှ မချီးမြှောက် သို့မဟုတ် မကြည်ညိုနှင့်။ သင်သည် ဘုရားသခင်အား ပထမနေရာ ပေးပြီး သင် ကြည်ညိုသောသူများကို ဒုတိယနေရာ ပေးကာ သင့်ကိုယ်သင် တတိယနေရာ ပေးခြင်း မပြုရ။ မည်သည့်လူမျှ သင်၏ စိတ်နှလုံးတွင် နေရာ မယူသင့်သကဲ့သို့၊ လူတို့ကို- အထူးသဖြင့် သင် ကြည်ညို လေးစားသူများကို- ဘုရားသခင်နှင့် တန်းတူဟု မယူဆသင့်ပေ။ ဤသည်မှာ ဘုရားသခင်ဖို့ သည်းမခံနိုင်ဖွယ်ရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်” မှ

လူတို့သည် မိမိတို့ ဆောင်ရွက်သင့်သော တာဝန်များစွာကို လိုက်နာရမည်...။ ဤသည်မှာ လူတို့ လိုက်နာသင့်သည့် အရာဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့ ဆောင်ရွက်ရမည့်အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ရမည့်အရာကို သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်ပါလေ့စေ။ လူသားသည် ယင်းတွင် မည်သည့် အစိတ်အပိုင်းကိုမျှ မလုပ်ဆောင်နိုင်ပေ။ လူက လုပ်ဆောင်သင့်သည့်အရာကို လူသားက လုပ်ဆောင်သင့်သည်၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ယင်းသည် လူသားက လုပ်ဆောင်သင့်ပြီး ဓမ္မဟောင်းကျမ်းထဲက ပညတ်တရားကို လိုက်နာစောင့်ထိန်းသကဲ့သို့ပင် ပညတ်တော်များအဖြစ် စောင့်ထိန်းလိုက်နာသင့်သည့်အရာသာ ဖြစ်သည်။ ယခုအချိန်သည် ပညတ်တော်ခေတ် မဟုတ်သော်လည်း၊ ပညတ်တော်ခေတ်တွင် ပြောဆိုထားသည့် နှုတ်ကပတ်တော်များကဲ့သို့ အလားတူညီသည့် လိုက်နာစောင့်ထိန်းသင့်သော နှုတ်ကပတ်တော်များစွာ ရှိနေဆဲ ဖြစ်သည်။ ထိုနှုတ်ကပတ်တော်တို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှုအပေါ် အမှီပြုရုံမျှဖြင့် ဆောင်ရွက်ထားခြင်းမဟုတ်ဘဲ၊ လူသားအနေဖြင့် လိုက်နာစောင့်ထိန်းသင့်သည့် အရာတစ်ခု ဖြစ်ပါသည်။ ဥပမာအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ အမှုအပေါ် သင့်အနေဖြင့် ဝေဖန်အကဲဖြတ်မှု မပြုသင့်ပေ။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသောသူကို သင်သည် မဆန့်ကျင်သင့်ပေ။ ဘုရားသခင်၏ ရှေ့မှောက်တွင်၊ သင်၏ နေရာကို ထိန်းသိမ်း ရမည်ဖြစ်ပြီး၊ သောက်စားပျော်ပါးတွင် မမွေ့လျော်ရ။ စကားပြောရာတွင် သင်သည် သင့်တင့်မျှတရမည်ဖြစ်ပြီး၊ သင်၏ စကားများနှင့် လုပ်ရပ်များက ဘုရားသခင်၏ သက်သေပြုခြင်း ခံရသည့် လူနှင့်ဆိုင်သော အစီအစဉ်များကို လိုက်နာရမည်။ ဘုရားသခင်၏ သက်သေခံချက်ကို သင် ရိုသေလေးမြတ် သင့်သည်။ သင်သည် ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်မှ နှုတ်ကပတ်တော်များကို လျစ်လျူမရှုသင့်ပေ။ သင်သည် ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ သဘောသွားနှင့် ရည်မှန်းချက်များကို မတုပရ။ အပြင်ပန်းတွင်၊ သင်သည် ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူအား သိသာထင်ရှားစွာ ဆန့်ကျင်သည့် မည်သည့်အရာကိုမဆို မလုပ်ဆောင်ရ။ အစရှိသည်တို့ဖြစ်သည်။ ဤအရာများသည် လူအသီးသီး လိုက်နာစောင့်ထိန်းသင့်သော အရာများ ဖြစ်ပေသည်။...

...ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူ၏ နေရာတွင် မည်သူမျှ ရပ်တည်၍မရစကောင်း။ သင်၏စကားများ၊ လုပ်ရပ်များနှင့် အတွင်းကျကျ အတွေးများတွင် သင်သည် လူ၏ နေရာတွင် ရပ်တည်ပေသည်။ ဤအရာကို လိုက်နာရမည် ဖြစ်သည်၊ ယင်းသည် လူ၏ တာဝန်ဝတ္တရား ဖြစ်ပြီး၊ မည်သူမျှ ပြောင်းလဲ၍ မရနိုင်။ ပြောင်းလဲဖို့ ကြိုးပမ်းခြင်းသည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ရာ ရောက်ပေမည်။ ဤအရာကို အားလုံး သတိရသင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခေတ်သစ်၏ ပညတ်တော်များ” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူ့စကားအဖြစ် ပြော၍ မရဘဲ၊ လူ့စကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် သာ၍ပင် ပြော၍ မရပေ။ ဘုရားသခင် အသုံးပြုသောသူသည် လူ့ဇာတိခံ ဘုရားသခင် မဟုတ်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး မဟုတ်ပေ။ ဤတွင် ပဓာနကျသော ကွဲပြားမှုတစ်ခု ရှိသည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သင်လက်မခံဘဲ၊ လူသားက ရရှိပြီးဖြစ်သည့် ဉာဏ်ပွင့်ခြင်းအဖြစ်သာ လက်ခံခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက၊ သင်သည် မသိနားမလည်မှု၏ မျက်စိအလင်းကွယ်စေခြင်း ခံရပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားက ရရှိသည့် ဉာဏ်ပွင့်ခြင်းနှင့် မည်သို့ တူညီနိုင်မည်နည်း။ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည်၊ လူသားမျိုးနွယ် အားလုံးကို လမ်းပြသည်၊ နက်နဲမှုများကို ထုတ်ဖော်ပြပြီး၊ ခေတ်သစ်တွင် လူသားလျှောက်လှမ်းရမည့် ဦးတည်ရာကို ပြသပေသည်။ လူသားရရှိသော အသိဉာဏ်ပွင့်လင်းခြင်းမှာ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် အသိပညာအတွက် ရိုးရှင်းသော သွန်သင်မှုများသာ ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်အားလုံးကို ခေတ်သစ်တစ်ခုထဲသို့ လမ်းပြနိုင်ခြင်းမရှိ၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်၏ နက်နဲမှုများကို ထုတ်ဖော်မပြနိုင်ပေ။ နောက်ဆုံး စာရင်းချုပ်လိုက်သောအခါ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသည် လူဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူသည် လူ၏အနှစ်သာရ ရှိသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

လူသား၏ မွေးရာပါ သဘာဝသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ပေ။ လူသားသည် သူ၏ မွေးရာပါ သဘာဝကို ဘုရားသခင်၏ စုံလင်စေခြင်းအားဖြင့် ခွာချရမည်။ သို့မှသာလျှင် ဘုရားသခင်၏ အလိုကို အရေးစိုက်ခြင်းအားဖြင့်သာ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်းဖြင့်သာ၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ကြုံရခြင်းဖြင့်သာ သူအသက်ရှင်နေထိုင်သောအရာသည် ဘုရားသခင်၏ သဘောကျထောက်ခံခြင်း ခံရနိုင်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသူ မဟုတ်လျှင် ဇာတိပကတိ၌ နေထိုင်သူ မည်သူကမျှ ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်။ သို့သော် ထိုသို့သောပုဂ္ဂိုလ်အတွက်ပင်လျှင် ၎င်း၏စိတ်သဘောထားနှင့် ၎င်းအသက်ရှင်နေထိုင်သော အရာတို့သည် ဘုရားသခင်ကို လုံးဝ ကိုယ်စားပြုသည်ဟု မဆိုနိုင်။ ၎င်းအသက်ရှင်နေထိုင်သောအရာကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြသည်ဟုသာ ဆိုနိုင်သည်။ ထိုသို့သော လူသား၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပေ။

လူသား၏ စိတ်သဘောထားကို ဘုရားသခင်က ချမှတ်ပြီး ဤသည်မှာ မေးခွန်းထုတ်စရာ မလိုသော၊ အပြုသဘောဆောင်သော အရာတစ်ခုဟု ယူဆနိုင်သော်လည်း ယင်းကို စာတန်က ပြုပြင်ပြီး ဖြစ်သည်။ ထို့ကြောင့် လူသား၏ စိတ်သဘောထား တစ်ရပ်လုံးသည် စာတန်၏ စိတ်သဘောထား ဖြစ်သည်။ လူအချို့က အမှုအရာများကို ဆောင်ရွက်ရာတွင် ရိုးသားဖြောင့်မတ်စေရန်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်၊ ယင်းသည် ၎င်းတို့ထံတွင်လည်း ပေါ်လွင်သည်၊ ၎င်းတို့၏ အကျင့်စရိုက်သည်လည်း ဤသို့ဖြစ်သည်၊ ထို့ကြောင့် သူတို့၏ စိတ်သဘောထားသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု ဆိုကြသည်။ ထိုသူတို့သည် မည်သို့သော လူအမျိုးအစား ဖြစ်ကြသနည်း။ အကျင့်ပျက်သည့် စာတန်ဆန်သော စိတ်နေသဘောထားက ဘုရားသခင်ကို ကိုယ်စားပြုနိုင်သလော။ ၎င်းတို့၏ စိတ်သဘောထားသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟုဆိုသူ မည်သူမဆိုသည် ဘုရားသခင်ကို ပြစ်မှား၍ သန့်ရှင်းသော ဝိညာဉ်တော်ကို စော်ကားသည်။ မြေကြီးပေါ်တွင် ဘုရားသခင်၏ အလုပ်သည် သိမ်းပိုက်ခြင်းအလုပ်သာ ဖြစ်ကြောင်းကို သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သော နည်းလမ်းက ပြသည်။ ထို့ကြောင့် လူသား၏ စာတန်ဆန်သော စိတ်နေသဘောထား အများအပြားမှာ သန့်ရှင်းစေခြင်းပြုရဦးမည် ဖြစ်ပြီး လူသား အသက်ရှင်နေထိုင်သော အရာသည် စာတန်၏ ရုပ်သွင်သာ ရှိနေသေးကာ ယင်းသည် လူသားက ကောင်းမွန်သည်ဟု ယုံကြည်သောအရာဖြစ်ပြီး ယင်းသည် လူသား၏ ဇာတိပကတိ၏ လုပ်ဆောင်ချက်များကို ကိုယ်စားပြုသည်။ ပို၍တိကျစွာ ပြောရလျှင် ယင်းသည် စာတန်ကို ကိုယ်စားပြုပြီး ဘုရားသခင်ကို လုံးဝ ကိုယ်စားမပြုနိုင်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် မြေကြီးပေါ်တွင် ကောင်းကင်ဘုံဘဝကို မွေ့လျော်နိုင်သည့် အတိုင်းအတာအထိ ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာ ရှိနှင့်ပြီး “အို ဘုရားသခင်၊ ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာမှာ မလုံလောက်ပါ” ကဲ့သို့သော ပြောဆိုမှုများ ပြုလုပ်နိုင်ကာ အမြင့်ဆုံးဘုံတွင် ရောက်နေလျှင်ပင် ထိုသူတို့သည် ဘုရားသခင်အတိုင်း အသက်ရှင်နေထိုင်သည် သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု မဆိုနိုင်သေးပေ။ အကြောင်းမှာ လူသား၏ အနှစ်သာရသည် ဘုရားသခင်၏ အနှစ်သာရနှင့် မတူသောကြောင့် ဖြစ်ပြီး လူသားသည် ဘုရားသခင်အတိုင်း မည်သည့်အခါမျှ အသက်ရှင်နေထိုင်နိုင်မည် မဟုတ်၊ ဘုရားဖြစ်လာရန်ကား သာ၍ပင် မဖြစ်နိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား အသက်ရှင်နေထိုင်ရန် လမ်းပြခဲ့သည်မှာ ဘုရားသခင်က လူသားကို တောင်းဆိုသည်နှင့် အညီသာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်” မှ

အရှေ့သို့- ၁၆၀။ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ပညတ်ချက်များနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၆၂။ အသင်းတော်ကို နာခံခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်