အသက်ဝင်ရောက်မှုတွင် လိုက်နာရမည့် အခြေခံသဘောတရားများ

၁။ နေ့စဉ် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ကျမ်းတစ်ပိုဒ်ကို အနည်းဆုံး ဖတ်ရှုလော့၊ ပြီးလျှင် ယင်းတို့၏ အဓိပ္ပာယ်နှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို သဘောပေါက်သည်အထိ ချင့်ချိန်စဉ်းစားလော့။ နေ့စဉ် သမ္မာတရားအချို့ကို ဆွဲထုတ်လာလော့။

၂။ နေ့စဉ် အနည်းဆုံး ကိစ္စရပ်တစ်ခုတွင်၊ သမ္မာတရားကို ရှာဖွေဖို့ သင့်ကိုယ်သင် လေ့ကျင့်လော့။ လူသားအပေါ် ဘုရားသခင် တောင်းဆိုသည့်အရာကို ရှာဖွေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ဘုရားသခင်ထံ ကျိုးနွံနာခံဖို့ သင်ယူလော့။

၃။ နေ့စဉ် သင်၏ စကားလုံးနှင့် လုပ်ဆောင်ချက်တိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ သုံးသပ်ဆင်ခြင်လော့။ သမ္မာတရား အခြေခံသဘောတရားကို ချိုးဖောက်သည့် အရာများကို ရှာဖွေလော့၊ ယင်းတို့ကို ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ ပြောပြပြီး သူ့ထံ နောင်တရလော့။

၄။ မိမိကိုယ်ကိုယ် ရိုးသားသော လူတစ်ဦးဖြစ်ဖို့ လေ့ကျင့်ရန် လိုအပ်သည်။ အရာခပ်သိမ်းတွင်၊ သင်၏ စကားသည် မှန်ကန်ခြင်း ရှိမရှိ၊ သင်၏ ကြံရွယ်ချက်သည် လှည့်ဖြားဖို့ ဟုတ်မဟုတ်ဆိုသည်နှင့် သင်သည် အခြားသူများနှင့်ပတ်သက်၍ ရိုးသားဖြောင့်မတ်ခြင်း ရှိမရှိဆိုသည်တို့ကို ဆန်းစစ်လော့။

၅။ လူများနှင့် အဖြစ်အပျက်များကို ဘုရားသခင့် နှုတ်ကပတ်တော်များအရ မြင်ဖို့နှင့် အယောင်ဆောင် ခေါင်းဆောင်များ၊ အန္တိခရစ်များနှင့် မယုံကြည်သူများကို သိမြင်ဖို့ သင်ယူရန် မိမိကိုယ်ကိုယ် လေ့ကျင့်လော့။ သင်သည် ဘုရားသခင်ကိုသာ ကြည်ညိုပြီး ခရစ်တော်နောက်လိုက်ရမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အသက် ဝင်ရောက်မှုသည် အဘယ်နည်း။ အသက်ဝင်ရောက်မှုသည် လူတစ်ယောက်၏ အသက်တွင်၊ ၎င်းတို့၏အပြုအမူများတွင်၊ ၎င်းတို့၏ ဘဝ ဦးတည်ရာတွင်၊ ပြီးလျှင် ၎င်းတို့၏ လိုက်စားခြင်း ရည်မှန်းချက်ပန်းတိုင်တွင် ပြောင်းလဲခြင်းတစ်ခု ဖြစ်သည်။ အတိတ်တွင် မိုက်မဲပြီး မသိနားမလည် ဖြစ်ပြီးသည့်နောက်၊ ပြီးလျှင် ဇာတိပကတိ၏ အတွေးအခေါ်များ၊ အယူအဆများနှင့် စိတ်ကူးများအတိုင်း အမြဲ ပြုမူပြီးသည့်နောက်၊ ယခု လူတစ်ဦးသည် ဘုရားသခင်၏ ထုတ်ဖော်ပြချက်များ၊ ရေလောင်းခြင်းနှင့် ထောက်ပံ့ခြင်းတို့မှတစ်ဆင့်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူသင့်ကြောင်းကို နားလည်လာနိုင်သည်။ ထို့အပြင် ဤလူတစ်ဦးသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အခြေပြုပြီး ၎င်းတို့၏ ပြုမူခြင်းများအပေါ် ၎င်းတို့၏ အမြင်ရှုထောင့်များနှင့် ပုံစံတို့နှင့်စပ်လျဉ်း၍၊ ပြီးလျှင် အသက်တာတွင် ၎င်းတို့၏ ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်းများနှင့်စပ်လျဉ်း၍ နေ့စဉ် အသက်တာတွင် ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရပြီး ဖြစ်သည်။ ဤသည်မှာ အသက်ဝင်ရောက်မှု ဖြစ်သည်။ အသက် ဝင်ရောက်မှု၏ အခြေခံမှာ အဘယ်နည်း။ (ဘုရားသခင်၏နှုတ်ကပတ်တော်များ) ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ဖြင့် အဓိကအားဖြင့် ဆက်နွှယ်နေသည်။ အသက်ဝင်ရောက်မှုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သီးသန့်ခွဲထွက်၍ မရပေ။ ယင်းက သမ္မာတရားမှ ခွဲထုတ်၍မရနိုင်ပေ။ အသက်ဝင်ရောက်မှုကို စွမ်းဆောင်ရရှိပြီးသည့် လူများတွင် မည်သည့်အရာ ထင်ရှားပြသနည်း။ ၎င်းတို့သည် ရှင်သန်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ကိုးစားနိုင်ကြသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ စကား၊ ပြဿနာများနှင့် ပတ်သက်သည့် အတွေးအခေါ်များ၊ အမြင်များ၊ ရပ်တည်ချက်များနှင့် ရှုထောင့်များအားလုံးတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ အပေါ်သာ မှီခိုထားလေသည်။ ဤသည်တို့သည် အသက်ဝင်ရောက်မှု ကြိုးပမ်းရရှိခြင်း၏ ဖော်ပြချက်များ ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လိုက်စားခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်” မှ

သင်၏ အသက်ထဲသို့ ဝင်ရောက်ခြင်းတွင်၊ အနည်းဆုံးအနေဖြင့် သင်သည် သင်၏စိတ်နှလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ သွန်းလောင်း ရမည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနိုင်ရမည် ဖြစ်သည်။ သင်၏စိတ်နှလုံးသည် ဘုရားသခင်ကို တမ်းတရမည်၊ သင်သည် သမ္မာတရားနှင့် ဘုရားသခင် တောင်းဆိုထားသော ရည်မှန်းချက်များထဲသို့ နက်နက်နဲနဲ ဝင်ရောက်မှုကို လိုက်စားရမည်။ သင်သည် ဤခွန်အားကို ပိုင်ဆိုင်သည့်အခါတွင်၊ ယင်းက သင်သည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးဖြစ်သကဲ့သို့၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ စတင်၍ လှည့်ပြီး ဖြစ်သည်ကို ပြသပေသည်။

အသက်ထဲသို့ ဝင်ရောက်ခြင်း၏ ပထမအဆင့်မှာ သင်၏စိတ်နှလုံးကို ဘုရားသခင်၏နှုတ်ကပတ်တော်များထဲသို့ လုံးဝ သွန်းလောင်းရန်ဖြစ်ပြီး၊ ဒုတိယအဆင့်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို လက်ခံရန် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို လက်ခံခြင်းအားဖြင့် ရရှိမည့် အကျိုးတရားမှာ အဘယ်နည်း။ ယင်းမှာ သာ၍ နက်နဲသော သမ္မာတရားကို တမ်းတနိုင်ရန်၊ ရှာဖွေနိုင်ရန်နှင့် စူးစမ်းလေ့လာနိုင်ရန်ဖြစ်ပြီး၊ အပြုသဘောဆောင်သည့် ပုံစံဖြင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိရန် ဖြစ်သည်။ ယနေ့တွင် သင်တို့သည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ကြသည်၊ ယင်းမှာ သင်တို့၏လိုက်စားခြင်း၊ သင်တို့၏ ဆုတောင်းချက်များ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် သင်တို့၏ မိတ်သဟာယဖွဲ့ခြင်းတို့အဖို့ ရည်မှန်းချက်တစ်ခုရှိပြီး၊ သင်သည် သင်၏တာဝန်ကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သည်ဟု ဆိုရပေမည်- ဤအရာသည်သာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အား ဆောင်ရွက်ခွင့်ပေးခြင်းကိုသာ ပြောဆိုသော်လည်း၊ ဆုတောင်းခြင်း မရှိသကဲ့သို့ ရှာဖွေခြင်းလည်းမရှိဘဲ မည်သည့် ဆောင်ရွက်မှုမျှ မလုပ်ဆောင်ပါက၊ ဤအရာကို ပူးပေါင်းဆောင်ရွက်ခြင်းဟု ခေါ်နိုင်မည်လော။ အကယ်၍ သင်သည် သင့်အထဲ၌ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ဆိုင်သည့် မည်သည့်အရိပ်အယောင်မျှ မရှိသကဲ့သို့၊ ရည်မှန်းချက် တစ်ခုရှိသည့် ဝင်ရောက်မှုအတွက် လေ့ကျင့်ခြင်း ကင်းမဲ့ပါက၊ သင်သည် ပူးပေါင်းဆောင်ရွက်နေခြင်း မဟုတ်ပေ။ လူအချို့က၊ “အရာရာတိုင်းသည် ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းအပေါ် မူတည်သည်၊ ယင်းကို ဘုရားသခင် ကိုယ်တော်တိုင်သာ လုပ်ဆောင်ပေသည်။ အကယ်၍ ထိုအရာကို ဘုရားသခင် မလုပ်ဆောင်ခဲ့ပါက၊ လူသားတို့သည် အဘယ်သို့ လုပ်ဆောင်နိုင်မည်နည်း။” ဟု ဆိုကြသည်။ ဘုရားသခင်၏ အမှုသည် ပုံမှန်ဖြစ်ပြီး စိုးစဉ်းမျှ သဘာဝလွန် မဖြစ်သကဲ့သို့၊ ဘုရားသခင်သည် လူကို အတင်းအကျပ်မပြုသည့်အတွက်၊ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်မှာ သင်၏ တက်ကြွသော ရှာဖွေခြင်းမှတစ်ဆင့် ဖြစ်သည်- သင်သည် ဘုရားသခင်အား အလုပ်လုပ်ရန် အခွင့်အရေးပေးရမည် ဖြစ်ပြီး၊ အကယ်၍ သင်သည် အားမထုတ်က၊ သို့မဟုတ် မဝင်ရောက်ပါက၊ ပြီးလျှင် သင်၏စိတ်နှလုံးထဲတွင် တမ်းတမှု အနည်းငယ်မျှ မရှိပါက၊ ဘုရားသခင်သည် အလုပ်လုပ်ခြင်းငှာ အခွင့်အလမ်းမရှိပေ။ ဘုရားသခင်၏ တို့ထိမှုကို ခံရရန် မည်သည့် လမ်းကြောင်းအားဖြင့် သင်ရှာဖွေနိုင်သနည်း။ ဆုတောင်းခြင်းနှင့် ဘုရားသခင်ထံသို့ တိုးဝင်လာခြင်းမှတစ်ဆင့် ဖြစ်သည်။ သို့သော် အရေးကြီးဆုံးမှာ ယင်းသည် ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် ဖြစ်ရမည်ကို အောက်မေ့သတိရလော့။ သင်သည် ဘုရားသခင်၏တို့ထိခြင်းကို မကြာခဏခံရသည့်အခါ၊ ဇာတိပကတိ၏ ကျွန်ပြုခြင်းကို မခံရပေ- ခင်ပွန်း၊ ဇနီး၊ သားသမီးများနှင့် ငွေကြေး- ယင်းတို့ အားလုံးသည် သင့်အား ချုပ်နှောင်ထားနိုင်စွမ်း မရှိသကဲ့သို့၊ သင်သည် သမ္မာတရားကို အားထုတ်ဖို့နှင့် ဘုရားသခင် ရှေ့မှောက်တွင် အသက်ရှင်ဖို့သာ ဆန္ဒရှိလေသည်။ ဤအချိန်တွင် သင်သည် လွတ်လပ်မှု နယ်ပယ်ထဲ၌ အသက်ရှင်သောသူ တစ်စုံတစ်ဦး ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့” မှ

အသက်တာဝင်ရောက်မှုကို ရရှိရန် ကြိုးပမ်းသည့်အခါ လူတစ်ဦး နားလည်သင့်သည့် အဓိကအရာမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင် မြွက်ဆိုသည့် နှုတ်ကပတ်တော်များအားလုံးထဲ၌၊ ၎င်းတို့က မည်သည့်ကဏ္ဍကို ရည်ညွှန်းသည်ဖြစ်စေ၊ သင်သည် လူတို့အတွက် ကိုယ်တော်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများက အဘယ်အရာဖြစ်သည်ကို သိရှိအောင်ပြုလုပ်သင့်ပြီး၊ ၎င်းတို့အထဲမှနေ၍ လက်တွေ့ကျင့်သုံးမှုလမ်းကြောင်းတစ်ခုကို ရှာဖွေသင့်သည်။ သင်၏ ကျင့်ကြံမှုနှင့် အသက်တာထဲရှိ ရှုထောင့်ကို စစ်ဆေးရန်နှင့် ၎င်းတို့နှင့်ဆန့်ကျင်သော သင်၏ အခြေအနေများနှင့် ဖော်ပြချက်များအားလုံးကိုလည်း စစ်ဆေးရန် ၎င်းတို့ကို သင်အသုံးပြုသင့်သည်။ ပို၍အရေးကြီးသည်မှာ သင်သည် အမှုအရာများကို မည်သို့လုပ်ဆောင်သင့်ကြောင်း၊ သင်သည် သင့်တာဝန်များကို ထမ်းဆောင်စဉ် ဘုရားသခင်၏ အလိုတော်ကို မည်သို့ဖြည့်ဆည်းသင့်ကြောင်းနှင့်၊ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လုံးဝအညီ မည်သို့ကျင့်ကြံပြုမူသင့်ကြောင်း စိစစ်ဆုံးဖြတ်ရန်အတွက် ဤစံနှုန်းများနှင့် စစ်ဆေးသင့်ပေသည်။ သမ္မာတရား၏ စစ်မှန်မှုနှင့်ပြည့်ဝသော လူတစ်ဦးဖြစ်လော့၊ နှုတ်ကပတ်တော်များ၊ အယူဝါဒများနှင့် ဘာသာရေးသီအိုရီများနှင့် ကိုယ့်ကိုကိုယ် လက်နက်တပ်ဆင်သောသူတစ်ဦး မဖြစ်စေနှင့်။ ဝိညာဉ်ရေးရာကို အယောင်မဆောင်နှင့်၊ ဝိညာဉ်ရေးဆန်သကဲ့သို့ ဟန်ဆောင်သောလူ မဖြစ်စေနှင့်။ သင့်ကိုယ်ပိုင် အခြေအနေများကို နှိုင်းယှဉ်၍ဆင်ခြင်ရေးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးခြင်းနှင့် အသုံးပြုခြင်းအပေါ် သင်အာရုံစိုက်လုပ်ဆောင်ပြီး့နောက်၊ အခြေအနေအရပ်ရပ်တိုင်းကို သင်တုံ့ပြန်ပြုမူသည့် ရှုထောင့်နှင့် သဘောထားကို ပြောင်းလဲရမည်။ နောက်ဆုံးတွင်ကား သင်သည် အခြေအနေတိုင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး၊ မဆင်မခြင် လုပ်ဆောင်ခြင်း သို့မဟုတ် သင့်ကိုယ်ပိုင်စိတ်ကူးများနောက်လိုက်ခြင်း၊ အမှုအရာများကို သင့်စိတ်ဆန္ဒများအတိုင်း ပြုလုပ်ခြင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၌ အသက်ရှင်ခြင်း နောက်ထပ်ပြုလုပ်မည် မဟုတ်တော့ချေ။ ထိုအစား သင်၏ လုပ်ရပ်များနှင့် စကားလုံးများ အာလုံးသည် ဘုရားသခင်၏ မိန့်မြွက်ချက်များအပေါ် အခြေခံပြီး သမ္မာတရားနှင့်အညီ ဖြစ်လိမ့်မည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်အား ကြောက်ရွံ့ခြင်း တဖြည်းဖြည်း ပေါ်ပေါက်လာစေလိမ့်မည်။ ဘုရားသခင်ကိုကြောက်ရွံ့သော နှလုံးသားမှာ သမ္မာတရားကို လိုက်လျှောက်ရင်း မွေးဖွားလာခြင်းဖြစ်သည်၊ ယင်းသည် ကန့်သတ်ထိန်းချုပ်ခြင်းမှ မလာပေ။ ကန့်သတ်ထိန်းချုပ်ခြင်းမှ ပေါ်ပေါက်သမျှမှာ အမူအကျင့်တစ်မျိုးသာ ဖြစ်သည်၊ သို့ရာတွင် ယင်းသည် အပြင်ပန်းအချုပ်အချယ်တစ်မျိုးပင် ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့ခြင်းဟူသည် ဘုရားသခင်၌ ယုံကြည်ခြင်းဖြစ်စဉ် တစ်လျှောက်တွင် သမ္မာတရားအား နားလည်ခြင်း၊ သမ္မာတရားနှင့်အညီ လက်တွေ့ကျင့်သုံးခြင်း၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း ပိုပိုလျှော့ချခြင်းနှင့် မိမိအနေဖြင့် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာနိုင်ဖို့အလို့ငှာ မိမိ၏ အခြေအနေများကို နည်းနည်းချင်းစီ တိုးတက်စေခြင်းတို့မှ လာလေသည်၊ ဤသည်မှာ စစ်မှန်သောကြောက်ရွံ့ခြင်း ပေါ်ပေါက်လာစေသည့် ဖြစ်စဉ်မျိုးပင် ဖြစ်သည်။ ထိုသို့ဖြစ်လာသောအခါ သင်သည် ဘုရားသခင်အား ကြောက်ရွံ့ခြင်းနှင့် ယင်းမှာ အဘယ်သို့ ခံစားရသည်ဟူသည်ကို သိလိမ့်မည်ဖြစ်သည်၊ ထို့နောက် လူတို့အနေဖြင့် ဘုရားကိုအမှန်တကယ် ကြောက်ရွံ့တတ်ပြီး ဘုရားသခင်အား ကြည်ညိုလေးစားခြင်း မပြသခင် အဘယ်သဘောထားမျိုး၊ အဘယ်အခြေအနေမျိုးနှင့် အဘယ်စိတ်သဘောထားမျိုးကို ပိုင်ဆိုင်သင့်ကြောင်း သင် နားလည်သဘောပေါက်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်” မှ

အသက်တာကို ရှာဖွေရာ၌ သင်သည် အရာနှစ်ခုကို အာရုံစိုက်ရမည်- ပထမမှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အတွင်းရှိ သမ္မာတရားကို နားလည်ခြင်းနှင့် ဒုတိယမှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ သင့်ကိုယ်သင် နားလည်ခြင်းတို့ ဖြစ်သည်။ ဤအရာနှစ်ခုမှာ အခြေခံအကျဆုံးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြင်ပတွင် အသက်တာ သို့မဟုတ် သမ္မာတရားမရှိပေ။ သမ္မာတရားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ မရှာဖွေလျှင် ယင်းကို သင် မည်သည့်နေရာ၌ ရှာဖွေမည်နည်း။ ဤလောကတွင် သမ္မာတရား အဘယ်မှာရှိသနည်း။ လောက၏ စာအုပ်အားလုံးသည် နတ်ဆိုး စာတန်၏ သဘောတရားများဖြင့် ပြုစုထားသည်မဟုတ်လော။ ၎င်းတို့သည် သမ္မာတရား တစ်စက်မျှပင် မပါရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားကို နားလည်ခြင်းနှင့်ဆိုင်သော အရေးကြီးဆုံး အပိုင်းများမှာ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ နားလည်ခြင်း၊ လူ့အသက်တာကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ နားလည်ခြင်း၊ သမ္မာတရား၏ ရှုထောင့်အားလုံးကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ နားလည်ခြင်း၊ မိမိကိုယ်ကိုယ် စစ်မှန်စွာ နားလည်ခြင်းနှင့် ဘုရားသခင့် နှုတ်ကပတ်တော်များအတွင်း၌ လူသားဖြစ်တည်ခြင်း၏ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခြင်း။...တို့ပင်ဖြစ်သည်။ သမ္မာတရားအားလုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ ရှိလေသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် ဝင်ရောက်ခြင်း မဟုတ်ပါက သမ္မာတရားထဲသို့ မဝင်ရောက်နိုင်ပေ။ သင် ရရှိရမည့် အဓိကရလဒ်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် သိနားလည်ခြင်းနှင့် အသိပညာတို့ကို ပိုင်ဆိုင်ခြင်းက မည်သည့်အရာဖြစ်သည်ကို သိရှိခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စစ်မှန်သော နားလည်ခြင်းဖြင့်၊ သင်သည် သမ္မာတရားကို နားလည်နိုင်သည်- ဤသည်မှာ အခြေခံအကျဆုံး အရာပင် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

လူတစ်ဦးသည် အသက်တာဝင်ရောက်မှုကို ရှာဖွေရာတွင် နေ့စဉ်အသက်တာ၌ သူကြုံတွေ့ရသော ကိစ္စတိုင်းတွင် မိမိကိုယ်တိုင်၏ စကားလုံးများ၊ လုပ်ရပ်များ၊ အတွေးများနှင့် စိတ်ကူးများကို ဆန်းစစ်ရမည်။ သူသည် မိမိကိုယ်တိုင်၏ အခြေအနေများကို နားလည်သဘောပေါက်ရမည်ဖြစ်ပြီး၊ ၎င်းတို့ကို သမ္မာတရားနှင့် နှိုင်းယှဉ်စစ်ဆေးရမည်၊ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မိမိနားလည်သည့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရမည်ဖြစ်သည်။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ဝင်ရောက်ခြင်း ဖြစ်စဉ်အတွင်းတွင် သူသည် မိမိကိုယ်တိုင်၏ အခြေအနေများကို နားလည်သဘောပေါက်ရမည်ဖြစ်ပြီး ဘုရားသခင်ထံ ဆုတောင်းဖို့ရန်နှင့် သူ့အား အသနားခံဖို့ရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာရမည်ဖြစ်သည်။ သူသည် ပွင့်လင်းသော စိတ်နှလုံးဖြင့် အခြားညီအစ်ကို မောင်နှမများနှင့်အတူ မကြာခဏ မိတ်သဟာယဖွဲ့ခြင်း၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရာလမ်းကြောင်းကို ရှာခြင်းနှင့် သမ္မာတရား၏ အခြေခံ သဘောတရားများအား ရှာဖွေခြင်းတို့ကို ပြုလုပ်ရမည်။ နောက်ဆုံးတွင် သူသည် နေ့စဉ်အသက်တာ၌ မည်သည့် စိတ်သဘောထားများကို ဖော်ထုတ်ပြကြောင်း၊ ယင်းတို့တွင် ဘုရားသခင် ကျေနပ်အားရခြင်း ရှိမရှိ၊ သူလက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းက မှန်မမှန်၊ မိမိအထဲ၌တွေ့ရသော အခြေအနေများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ယှဉ်၍ မိမိဘာသာဆန်းစစ်ခြင်းမှတဆင့် စစ်ဆေးခြင်း ရှိမရှိ၊ ဤအရာများကို အတိအကျ စစ်ကြောထားခြင်း ရှိမရှိ၊ ယင်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်နှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီသည့် ထိုအခြေအနေများနှင့်စပ်လျဉ်း၍ သူသည် အောင်မြင်မှုတစ်ခု အမှန်တကယ် ရရှိထားပြီး ဝင်ရောက်မှုကို အမှန်တကယ် ရယူထားခြင်းရှိမရှိ ဟူသည်တို့ကို သိမြင်လာလိမ့်မည်။ သင်သည် ဤအခြေအနေများ၊ ဤအနေအထားများထဲ၌ မကြာခဏ အသက်ရှင်သည့်အခါ သမ္မာတရားအချို့နှင့် သင်၏ တကယ့်အခြေအနေများအပေါ် အခြေခံသိနားလည်မှုကို တဖြည်းဖြည်း သင်ရရှိလာလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏” မှ

ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဘဝတွင် ကြီးထွားမှုရရှိဖို့ရန် သော့ချက်မှာ သင်၏ အတွေ့အကြုံ၌ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ကို သိရှိခြင်း၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို ရှုမြင်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို သိနားလည်ခြင်းတို့ ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ စီစဉ်မှုများအားလုံးကို သင် နာခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ အသက်တာဖြစ်လာဖို့အလို့ငှာ သင့်အထဲ၌ ပေါ်ပေါက်စေကာ ထိုသို့အားဖြင့် ဘုရားသခင်ကို သင် စိတ်ကျေနပ်စေသည်အထိ ဖြစ်သည်။ သင်၏ ယုံကြည်ခြင်းက မိုက်မဲသော ယုံကြည်ခြင်းတစ်ခု ဖြစ်ပါက၊ သင်သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များနှင့် သင်၏ အသက်တာ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို အာရုံမစိုက်ပါက၊ သမ္မာတရားအပေါ် မည်သည့် အားထုတ်မှုမျှ သင် မပြုပါက၊ သင်သည် ဘုရားသခင်၏ အလိုကို သဘောပေါက်နိုင်လိမ့်မည်လော။ ဘုရားသခင် တောင်းဆိုသည့်အရာကို သင် နားမလည်ပါက၊ သင်သည် တွေ့ကြုံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်သဖြင့် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း ရှိလိမ့်မည်မဟုတ်ချေ။ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များမှ သင် သိလာနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ကြုံတွေ့သည်နှင့်အမျှ သင် အာရုံစိုက်ရမည့်အရာမှာ သင့်အထဲတွင် ၎င်းတို့ ဖြစ်ပေါ်စေသည့် သက်ရောက်မှု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့သာ သင်သိသော်လည်း ၎င်းတို့အား မည်သို့ တွေ့ကြံရမည်ကို မသိပါက၊ သင်သည် ဝိညာဉ်ရေး ကိစ္စရပ်များကို မသိနားမလည်ကြောင်း ဤအရာက ပြသည်မဟုတ်လော။ ယခုတွင်ပင်၊ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံနိုင်စွမ်း မရှိကြသဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အမှုကို မသိကြချေ။ ဤသည်မှာ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု၌ အားနည်းချက်တစ်ခု ဖြစ်သည် မဟုတ်လော။ ၎င်းတို့ ဤကဲ့သို့ ဆက်သွားပါက၊ မည်သည့်အချိန်တွင် အမှုအရာများကို ကြွယ်ဝပြည့်စုံစွာ ၎င်းတို့ တွေ့ကြုံပြီး မိမိတို့၏ အသက်တာများတွင် ကြီးထွားမှုကို ၎င်းတို့ ရရှိနိုင်စွမ်းရှိလိမ့်မည်နည်း။ ဤသည်မှာ အချည်းနှီး ပြောဆိုခြင်းမျှသာ သဘောသက်ရောက်သည် မဟုတ်လော။ သင်တို့အထဲတွင် သဘောတရားအပေါ် အာရုံစိုက်သူ၊ ဝိညာဉ်ရေးရာကိစ္စရပ်များကို ဘာမျှမသိသော်လည်း ဘုရားသခင်အားဖြင့် ကြီးကြီးမားမား အသုံးခံရရန်နှင့် ဘုရားသခင်အားဖြင့် ကောင်းချီးပေးခြင်းခံရရန် ဆန္ဒရှိသူများစွာ ရှိ၏။ ဤသည်မှာ လုံးဝ လက်တွေ့မကျချေ။ ဤအကြောင်းကြောင့်၊ သင်တို့အားလုံး သင်တို့၏ ဝိညာဉ်ရေးရာ အသက်တာများတွင် မှန်ကန်သော လမ်းကြောင်းပေါ် ဝင်ရောက်နိုင်ဖို့၊ စစ်မှန်သော အတွေ့အကြုံများ ရှိနိုင်ဖို့နှင့် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ အမှန်တကယ် ဝင်ရောက်နိုင် ဖို့အလို့ငှာ ဤအားနည်းချက်ကို သင်တို့ အဆုံးသတ်ရပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပုံမှန်အခြေအနေတစ်ခုထဲသို့ ဝင်ရောက်ပုံ” မှ

သင်တို့အားလုံးသည် သင်တို့ အသက်တာထဲ၌ ကြီးထွားခြင်းနှင့် ဘုရားသခင်အား ချစ်ခြင်းတို့ကို အားထုတ်လိုကြသည်၊ သို့ဆိုလျှင် သင်၏ အပေါ်ယံပုံစံများကို ဖယ်ရှင်းပြီးပြီလော။ သင်၏အပေါ်ယံပုံစံများကို ဖယ်ရှားပြီး အနှောင့်အယှက်ဖြစ်စေပြီး ကြွားဝါသည့် အပြုအမူကို ရှောင်ကြဉ်ခြင်းတို့ကိုသာ ပြုပါက၊ ယင်းသည် သင်၏အသက်တာထဲ ကြီးထွားခြင်းကို လိုက်စားခြင်း အမှန်ပင်လော။ သင်သည် အပေါ်ယံအပြုအမူအားလုံးကို ဖယ်ရှားသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်ခြင်းမရှိပါက၊ သင်သည် မှန်မှန် တိုးတက်ခြင်းမရှိသည်ကို ဤအရာက ပြပေသည်။ အပေါ်ယံအပြုအမူ၏ အရင်းအမြစ်မှာ အဘယ်နည်း။ သင်၏ လုပ်ဆောင်ချက်များသည် သင်၏ အသက်တာ၌ ကြီးထွားခြင်းအတွက်လော။ ဘုရားသခင်၏ လူများထဲမှ တစ်ဦးအဖြစ် အများကလက်ခံဖို့ သင် ကြိုးစားနေသလော။ သင်အာရုံစိုက်သည့်အရာ မည်သည့်အရာဖြစ်ပါစေ ထိုအရာသည် သင်အသက်ရှင် နေထိုင်မည့် အရာဖြစ်သည်။ အကယ်၍ သင်သည် အပေါ်ယံ အပြုအမူအပေါ် အာရုံစိုက်ပါက၊ သင်၏ စိတ်နှလုံးသည် အပြင်ပန်းကို မကြာခဏ ကြည့်လိမ့်မည်ဖြစ်ပြီး၊ သင့်အသက်တာထဲ၌ ကြီးထွားခြင်းကို လိုက်စားရန် နည်းလမ်း သင်၌ရှိလိမ့်မည် မဟုတ်။ ဘုရားသခင်သည် စိတ်သဘောထား ပြောင်းလဲမှုကို တောင်းဆိုထားသော်လည်း သင်သည် အပြင်ပန်းအရာများကို အမြဲ လိုက်စားနေသည်။ ဤသို့သောလူမျိုးသည် မိမိတို့စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်း မရှိချေ။ ဘဝတွင် ရင့်ကျက်ခြင်းသို့ ရောက်ရှိခြင်း ဖြစ်စဉ်တွင်၊ အယောက်တိုင်းသည် လမ်းကြောင်းတစ်ခုနောက် လိုက်ရပေမည်။ ၎င်းတို့အနေဖြင့် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ စုံလင်စေခြင်းတို့ကို လက်ခံရမည်။ အကယ်၍ သင်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များမရှိဘဲ သင်၏ ကိုယ်ပိုင်အသိစိတ်နှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုသာ အမှီပြုပါက၊ သင်လုပ်သမျှအရာတိုင်းသည် စိတ်အားထက်သန်မှု အပေါ်၌သာ အခြေခံပေသည်။ ဆိုလိုသည်မှာ သင့်အသက်တာ၌ ကြီးထွားခြင်းကို သင်အလိုရှိပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်ကာ သာ၍နားလည်ရပေမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စုံလင်စေခြင်းခံရသော သူအားလုံးသည် ထိုနှုတ်ကပတ်တော်တို့အတိုင်း အသက်ရှင် နေထိုင်နိုင်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းကို မကြုံတွေ့သောသူများ၊ သူ့နှုတ်ကပတ်တော်၏ တရားစီရင်မှုကို မကြုံတွေ့သောသူများသည် သူအသုံးပြုဖို့အတွက် မသင့်တော်နိုင်ပေ။ ထို့ကြောင့်၊ မည်သည့် အတိုင်းအတာအထိ သူ၏ နှုတ်ကပတ်တော်များအတိုင်း သင် အသက်ရှင်နေထိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့ စားသောက်ပြီး၊ သင်တို့ကိုယ်တိုင်၏ အသက်တာအခြေအနေနှင့် ၎င်းတို့ကို နှိုင်းယှဉ်နိုင်ကာ၊ ငါတင်ပြပြီးသည့် အကြောင်းအချက်များအရ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာတွေ့နိုင်မှသာ၊ သင်တို့၏ လက်တွေ့လုပ်ဆောင်ခြင်းသည် မှန်ကန်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ညီညွတ်ပေလိမ့်မည်။ ဤသို့သော လက်တွေ့လုပ်ဆောင်မှုမျိုး ရှိသည့်သူတစ်ဦးသည်သာ ဘုရားသခင်ကို ချစ်ရန် လိုအင်ဆန္ဒရှိသောသူ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် သဘာဝအလျောက် ဖြစ်သည်” မှ

လူသားတို့ ပိုင်ဆိုင်ရန်လိုအပ်သည့် သမ္မာတရားကို ဘုရားသခင်၏ နှုတ်ကပတ်တော်တွင်တွေ့နိုင်ပြီး၊ ယင်းသည် လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူးနှင့် အထောက်အကူ အများဆုံးဖြစ်စေသည့် သမ္မာတရားဖြစ်သည်။ ယင်းမှာ လူသားအနေဖြင့်သူ၏ သာမန်လူ့သဘာဝကို ပြန်လည်ထိန်းသိမ်းရန် အထောက်အကူပြုသော အရာဖြစ်သည့် သင်တို့၏ခန္ဓာကိုယ်က လိုအပ်သော အားဆေးနှင့် အစာအာဟာရ ဖြစ်သည်။ လူသားတွင် ရှိအပ်သော သမ္မာတရားတစ်ရပ် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့ ကျင့်သုံးလေလေ၊ သင်တို့၏ဘဝ လျင်မြန်စွာ ပွင့်လန်းလာလေဖြစ်ပြီး၊ သမ္မာတရားသည် ရှင်းလင်းလာလေလေ ဖြစ်သည်။ သင်တို့၏ ဝိညာဉ်အသက်တာ ကြီးထွားလာသည်နှင့်အမျှ သင်သည် ဝိညာဉ်လောက၏ အရာများကို သာ၍ရှင်းလင်းစွာ မြင်ပြီး စာတန်အပေါ် တွန်းလှန်ရန် ခွန်အား ရှိလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ ကျင့်သုံးသည့်အခါ သင်တို့ နားမလည်သော သမ္မာတရား အများအပြားသည် ရှင်းလင်းလာပေလိမ့်မည်။ လူအများစုသည် ဘုရားသခင့် နှုတ်ကပတ်တော်၏ စာသားများကို နားလည်ရုံမျှနှင့် ကျေနပ်ကြပြီး ၎င်းတို့၏ လက်တွေ့ကျင့်သုံးခြင်း အတွေ့အကြုံကို နက်ရှိုင်းစေခြင်းထက် မိမိတို့ကိုယ်ကိုယ် အယူဝါဒများ တပ်ဆင်ထားရန်သာ အလေးထားကြ၏။ သို့ရာတွင် ယင်းမှာ ဖာရိရှဲများ၏ နည်းလမ်းပင် မဟုတ်ပါလော။ ထို့ကြောင့် “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ဖြစ်သည်” ဟူသော စကားရပ်မှာ သူတို့အတွက် မည်သို့စစ်မှန်နိုင်မည်နည်း။ လူတစ်ဦး၏ အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရုံမျှဖြင့်သာ မကြီးထွားနိုင်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးသည့်အခါမှသာ ကြီးထွားလေသည်။ အသက်နှင့် ဝိညာဉ်အသက်တာ ရရှိရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ရန်သာ လိုသည်ဟု သင်ယုံကြည်ပါက၊ သင်၏နားလည်မှုသည် လွဲမှားနေသည်။ သင်သည်သမ္မာတရားကို ကျင့်သုံးသောအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် နားလည်ပြီး၊ “သမ္မာတရားကို ကျင့်သုံးခြင်းဖြင့်သာလျှင် ၎င်းကိုနားလည်နိုင်သည်” ဆိုခြင်းကို သင်နားလည်ရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်” မှ

အသက်ကို လိုက်စားခြင်းသည် အလျင်လို၍ ရသည့်အရာတစ်ခု မဟုတ်ပေ။ အသက်တာ ကြီးထွားမှုသည် တစ်ရက် နှစ်ရက်မျှဖြင့် မဖြစ်ပေ။ ဘုရားသခင်၏ အမှုသည် ပုံမှန် ဖြစ်ပြီး လက်တွေ့ကျသကဲ့သို့၊ သေချာပေါက် ကြုံသည့် ဖြစ်စဉ်တစ်ခု ရှိသည်။ သူ၏ ကားစင်တင်ခံရခြင်းအမှုကို ပြီးစီးဖို့ လူ့ဇာတိခံ ယေရှုက သုံးဆယ့်သုံးနှစ်ခွဲ အချိန်ကြာခဲ့သည်- သို့ဆိုလျှင် အဆုံးစွန် အခက်အခဲဆုံး အမှုဖြစ်သည့် လူသားကို သန့်စင်ခြင်းနှင့် သူ၏ အသက်တာကို ပြောင်းလဲခြင်းတို့သည် အဘယ်နည်း။ ဘုရားသခင်ကို ထင်ရှားဖော်ပြသည့် ပုံမှန်လူတစ်ဦးဖြစ်စေရန်မှာ လွယ်ကူသည့်အလုပ် မဟုတ်ပေ။ ဤသည်မှာ အထူးသဖြင့် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် မွေးဖွားသည့်လူများ၊ အရည်အချင်း ညံ့ဖျင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ အချိန်ကာလကြာမြင့်စွာ လိုအပ်သည့်လူတို့အတွက် ဖြစ်သည်။ ထို့ကြောင့် ရလဒ်များကို မြင်ရဖို့ စိတ်မစောနှင့်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရာတွင် ဖန်တီးလုပ်ဆောင်ရမည် ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ ပိုအားထုတ်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ဖတ်ရှုပြီးသည့်အခါတွင်၊ သင်သည် ဘုရား နှုတ်ကပတ်တော်များ၌ အသိပညာ၊ ထိုးထွင်းသိမြင်မှု၊ ချင့်ချိန်နိုင်စွမ်းနှင့် ဉာဏ်ပညာတို့တွင် ကြီးထွားလျက်၊ ထိုနှုတ်ကပတ်တော်များကို လက်တွေ့ လုပ်ဆောင်နိုင်ရမည်။ ဤအရာမှတစ်ဆင့် သင်သည် နားမလည်လိုက်ဘဲနှင့် ပြောင်းလဲလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ယင်းတို့ကို ဖတ်ရှုခြင်း၊ သိရှိလာခြင်း၊ ယင်းတို့ကို တွေ့ကြုံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့ကို သင်၏ အခြေခံသဘောတရားအဖြစ် ယူနိုင်ပါက၊ သင်သည် သတိမထားမိဘဲ ရင့်ကျက်လာလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက်တွင်ပင်၊ ၎င်းတို့ လက်တွေ့မလုပ်ဆောင်နိုင်ကြဟု ပြောသောသူများ ရှိသည်။ သင်သည် အဘယ်အရာကို အလျင်စလို ဖြစ်နေသနည်း။ ဝိညာဉ်ရင့်ကျက်မှု တစ်ခုခုအထိ သင် ရောက်ရှိသည့်အခါတွင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်သည်။ လေးနှစ်သား သို့မဟုတ် ငါးနှစ်သား ကလေးတစ်ဦးက မိမိ၏မိဘများကို ထောက်ပံ့ကူညီ နိုင်စွမ်းမရှိ သို့မဟုတ် လေးစားနိုင်ခြင်းမရှိဟု ပြောမည်လော။ သင်၏ လတ်တလော ဝိညာဉ်ရင့်ကျက်မှု မည်မျှကြီးမြတ်သည်ကို သင်သိသင့်သည်။ သင်လက်တွေ့လုပ်ဆောင်နိုင်သည်ကို လက်တွေ့လုပ်ဆောင်လော့၊ ပြီးလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို နှောင့်ယှက်သူတစ်ဦး အဖြစ်ကို ရှောင်ရှားလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရုံ စားသောက်ပြီး၊ ယခုမှစ၍ ယင်းကို သင်၏ အခြေခံသဘောတရားအဖြစ် သဘောထားလော့။ ဘုရားသခင်က သင့်ကို စုံလင်စေနိုင်ခြင်း ရှိ မရှိဆိုသည်ကို လောလောဆယ်တွင် မစိုးရိမ်နှင့်။ ယင်းကို အသည်းအသန် ကြိုးစား မရှာဖွေသေးနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ ၎င်းတို့ သင့်ထံရောက်လာသည်နှင့်အမျှ စားသောက်လော့၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို စုံလင်စေမည်မှာ သေချာပေသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်ရာတွင် အသုံးပြုရသည့် အခြေခံသဘောတရား ရှိသည်။ အလွန် ကျိုးကြောင်းမမြင်ဘဲ မလုပ်ဆောင်နှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရာတွင်၊ တစ်ဖက်၌၊ သင် နားလည်လာသင့်သော နှုတ်ကပတ်တော်များကို- ဆိုလိုသည်မှာ ရူပါရုံနှင့်ဆိုင်သော နှုတ်ကပတ်တော်များကို- ရှာဖွေပြီး အခြားတစ်ဖက်တွင် သင် တကယ် လက်တွေ့လုပ်ဆောင် သင့်သည့်အရာကို- ဆိုလိုသည်မှာ သင် ဝင်ရောက်သင့်သည့်အရာကို- ရှာဖွေလော့။ ကဏ္ဍတစ်ခုသည် အသိပညာနှင့် ပတ်သက်ပြီး၊ အခြားတစ်ခုမှာ ဝင်ရောက်ခြင်းနှင့် သက်ဆိုင်သည်။ သင်သည် နှစ်ခုလုံးကို သဘောပေါက်သည်နှင့်တစ်ပြိုင်နက်- ဆိုလိုသည်မှာ သင် နားလည်သင့်သည့်အရာနှင့် လက်တွေ့လုပ်ဆောင်သင့်သည့်အရာတို့ကို သဘောပေါက်ပြီးသည့်အခါတွင်- ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကို သင် သိလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

အသက်ဝင်ရောက်မှုအတွက် အရေးအကြီးဆုံး အစမှာ အဘယ်နည်း။ သင်၏တာဝန်ကို ထိန်းသိမ်းထားလော့- ယင်းက ဦးစွာလာလေသည်။ ယင်းက သင်၏တာဝန်ကို ထမ်းဆောင်ခြင်းမှ စတင်သည်။ သင်၏အသက် ဝင်ရောက်မှုသည် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းဖြင့် စတင်ပြီး၊ အသက်ဝင်ရောက်မှု မှတစ်ဆင့် သင်သည် သမ္မာတရားကို နည်းနည်းချင်း စတင်နားလည်လာကာ၊ သမ္မာတရားကို ရရှိလာသည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှု ရရှိလာသည်၊ သင်၏အသက်သည် ဖြည်းဖြည်းချင်း ကြီးထွားလာသည်၊ သမ္မာတရားနှင့်သက်ဆိုင်သည့် တကယ့် အတွေ့အကြုံများ သင်၌ ရှိလာပြီး နောက်ပိုင်းတွင် လက်တွေ့လုပ်ဆောင်မှု၏ အခြေခံသဘောတရားအမျိုးမျိုးကို နားလည်သဘောပေါက်ပြီး မည်သည့်လူ၊ အမှုအရာ သို့မဟုတ် အရာဝတ္ထုတို့၏ ဘောင်ခတ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းကို မခံရပေ။ ဤနည်းဖြင့် သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ဖြည်းဖြည်းချင်း စတင် ရှင်သန်လေသည်။ သင်သည် မည်သည့်လူ၊ အရေးကိစ္စ သို့မဟုတ် အမှုအရာတို့၏ နှောင့်ယှက်ခြင်းကိုမျှ မခံရဘဲ၊ သမ္မာတရားကို တွေ့ကြုံခံစားနိုင်ပါက၊ သင်၏အတွေ့အကြုံများ ကြွယ်ဝလာသည်နှင့်အညီ၊ သင်သည် ဘုရားသခင်ကို သာ၍သက်သေခံနိုင်လာလိမ့်မည်။ သင်သည် ဘုရားသခင်ကို သာ၍ သက်သေခံနိုင်လာသည့်အခါ၊ အသုံးတည့်သည့်သူတစ်ဦး ဖြည်းဖြည်းချင်း ဖြစ်လာလိမ့်မည်။ သင်သည် အသုံးတည့်သည့် သူတစ်ဦး ဖြစ်လာသည့်အခါ၊ ဘုရားသခင်၏ အိမ်တော်တွင် သင် နေရာတစ်ခု ရှိလိမ့်မည် ဖြစ်သည်၊ သင်သည် ခိုင်မာစွာ ရပ်တည်လိမ့်မည် ဖြစ်ပြီး သင်သည် လူကောင်းတစ်ယောက်၊ ရိုးသားသော လူတစ်ယောက် ဖြစ်လာလိမ့်မည်။ သို့ဆိုလျှင် သင်သည် သင့်အပေါ် ဘုရားသခင် ပေးအပ်သည့်အရာအားလုံးနှင့် ထိုက်တန်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အသက်အတွင်း ဝင်ရောက်ခြင်းသည် မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်” မှ

သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအဖို့ အဓိကသော့ချက်မှာ အဘယ်နည်း။ သင်၏ကိုယ်ပိုင် အလိုကို အမြဲ ဖော်ပြခြင်း၌၊ အမြဲ ကျမ်းသစ္စာဆိုခြင်းနှင့် အမှုအရာများ လုပ်ဆောင်ဖို့ သန္နိဌာန်ချခြင်းတို့၌ အသုံးတည့်မှု တစ်ခုတစ်လေ ရှိသလော။ ယင်းမှာ လက်တွေ့မကျပေ။ ယခုအခါတွင် လက်တွေ့အကျဆုံးသော ပြဿနာမှာ သင်၏တာဝန်ကို သင်ဆောင်ရွက်သည်နှင့်အညီ ယင်းကို မည်သို့ချဉ်းကပ်ပြီး မည်သို့ဖြစ်မြောက်အောင် ဆောင်ရွက်ရမည်ကို ကိုယ်တွယ်ခြင်းမှတစ်ဆင့် အသက်ဝင်ရောက်မှုကို ကြိုးပမ်းရရှိခြင်း ဖြစ်သည်။ အသက်ဝင်ရောက်မှု ရရှိခြင်းကို ရည်ညွှန်းသည့် နောက်ထပ် နည်းလမ်း တစ်ခုမှာ အဘယ်နည်း။ သမ္မာတရားကို တွေ့ကြုံခံစားခြင်း ဖြစ်သည်။ ဤလမ်းကြောင်းမှတစ်ဆင့် အသက်ဝင်ရောက်မှုကို ကြိုးပမ်းရရှိြခင်း ဖြစ်သည်။ သင်တို့သည် အသက်ဝင်ရောက်မှုကို စွမ်းဆောင်ရရှိပြီး ဖြစ်သလော။ သင်သည် ဘုရားသခင်ကို သက်သေခံနိုင်စွမ်း ရှိသလော။ (မဟုတ်ပါ။) ကဏ္ဍ အများစုတွင် သင်သည် အယူဝါဒကိုသာ ဖက်တွယ် ထားဆဲဖြစ်ပြီး သမ္မာတရားနှင့်သက်ဆိုင်သည့် စစ်မှန်သော အသိပညာ သို့မဟုတ် အတွေ့အကြုံ လုံးဝ မရှိသည်မှာ မှန်ကန်သလော။ သင်သည် သမ္မာတရားကို အမှန်တကယ်သိနိုင်ခြင်းနှင့် တွေ့ကြုံနိုင်ခြင်းမရှိပါက၊ ဘုရားသခင်ကို သင် သက်သေခံနိုင်လိမ့်မည် မဟုတ်ချေ။ အချိန်အများစုတွင် ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် အာရုံခံ၍ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မှန်ကန်သည်ဟု သင် ခံစားရသောကြောင့် အာမင်ဟုပြောပြီး သဘောတူ လေသည်- သို့ရာတွင် သင်သည် ဤအရာများကို သင်ကိုယ်တိုင် မကျင့်သုံးနိုင်ဘဲ၊ အမှုအရာများကို လုပ်ဆောင်သည့်အခါတွင်၊ သင်သည် မရှင်းမလင်း ဖြစ်နေဆဲ ဖြစ်ကာ၊ သင်၏ပြဿနာများကို ဖြေရှင်းဖို့ မည်သည့်သမ္မာတရားကို အသုံးပြုရမည်ကို သင်မသိပေ။ ဤသည်မှာ အချိန်အများစုတွင် သင်တို့၌ ရှိသော အခြေအနေမဟုတ်လော။ သင်သည် များစွာ နားလည်ပြီး၊ များစွာ သဘောပေါက်ပြီးဖြစ်သော်လည်း၊ ဤအရာများကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ကျင့်သုံးခြင်း မရှိသေးပေ။ သင်တို့သည် သင်တို့နားလည်သည့် သမ္မာတရားများကို လက်တွေ့ကျင့်သုံးပြီး တွေ့ကြုံသည် နှင့်တစ်ပြိုင်နက်၊ သင်တို့၏အသက်တာသည် ကြီးထွားလိမ့်မည်။ ဤသည်မှာ စံနှုန်း၊ ဝိသေသလက္ခဏာ ဖြစ်သည်။ ပြီးလျှင် တစ်နေ့တွင် သင်သည် သမ္မာတရား နှင့်သက်ဆိုင်သည့် တိကျသည့် ရှုထောင့်အချို့ကို နားလည်သဘောပေါက်ခြင်း ရရှိပြီး ဘုရားသခင်၏ အလိုတော်ကို သက်သေခံဖို့၊ ဘုရားသခင်၏ စိတ်သဘောထားကို သက်သေခံဖို့နှင့် ဘုရားသခင်နှင့် သက်ဆိုင်သည့် သင်၏ အသိပညာကို သက်သေခံဖို့၊ ဤနားလည်သဘောပေါက်မှု အချို့ကို ပြောဆိုနိုင်ပါက၊ ထိုအချိန်တွင် သင်သည် ဘုရားသခင်၏ သက်သေခံ ဖြစ်လိမ့်မည်။ သင်သည် များစွာ နားလည်သဘောပေါက်ပြီး အယူဝါဒကို နာရီပေါင်းများစွာ ဟောကြားနိုင်သော်လည်း၊ သင်ကိုယ်တိုင်၏ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းမရှိဘဲ၊ ယင်းတို့ကို ဖြေရှင်းဖို့ မသိနားမလည်ပါက၊ သင်နားလည်သည့် အရာမှာ အဘယ်နည်း။ (စကားများနှင့် အယူဝါဒများ) ယင်း၏ တချို့တဝက်မှာ စကားများနှင့်အယူဝါဒများသာ ဖြစ်သည်။ အများစုမှာ အာရုံခံအသိပညာဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် မှန်ကန်သည်ဟု သင်ခံစားရပြီး၊ သင်သည် အခြားသူများပြောသည့်အရာကို နားလည်နိုင်သော်လည်း၊ ယင်းကို မည်သို့ တွေ့ကြုံခံစားရမည် သို့မဟုတ် သင့်ကိုယ်သင် ဤအရာများကို မည်သို့ ကျင့်သုံးရမည်ကို သင်မသိပေ— ဤသည်မှာ အာရုံခံ အသိပညာဖြစ်သည်။ ဤပြဿနာကို မည်သို့ဖြေရှင်းနိုင်မည်နည်း။ သင်သည် သင်၏တာဝန်သို့ ပြန်သွားရမည်။ သင်၏တာဝန်ကို ထမ်းဆောင်သည် နှင့်အညီ သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးခြင်း အမျိုးမျိုးနှင့် သင်၏ကိုယ်ပိုင် အခြေအနေ အမြောက်အမြားကို နည်းနည်းချင်း စစ်ဆေးပြီး နားလည်အောင်ကြိုးစားလာကာ ကိုင်တွယ်ဖြေရှင်းပြီးနောက်၊ ယင်းတို့အသီးသီးကို တစ်ခုပြီးနောက်တစ်ခု မှန်မှန် ကိုင်တွယ်သည်။ သင်ထုတ်ဖော်သည့် အခြေအနေမျိုးစုံကို- သင်၏ မိမိကိုယ်ကိုယ်မှန်သည်ဟု ယူမှတ်မှု၊ ဉာဏ်ဆင်ခြင်း၊ တစ်စုံတစ်ခုကို သင်အမြဲတမ်း ချုပ်တည်းထားသည့်ပုံစံ သို့မဟုတ် သင် ဝတ်ကျေတမ်းကျေပြုပြီး ဖြစ်ကတတ်ဆန်း လုပ်ဆောင်သည့်ပုံစံ-နားလည်အောင် ကြိုးစားပြီး ကိုင်တွယ်ဖြေရှင်းရမည်၊ ပြီးလျှင် ယင်းတို့မှတစ်ဆင့် သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖော်ထုတ်ရမည်။ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ဖော်ထုတ်ပြီးသည်နှင့် တစ်ပြိုင်နက် သင်မည်သည့်အရာကို လုပ်ရမည်ကို သင်သိမည်လော။ ဥပမာအားဖြင့် အချို့သော အရေးကိစ္စတွင် သင်သည် သင်၏ကိုယ်ပိုင် ဩဇာတိက္ကမ နှင့်ပတ်သက်၍သာ တွေးလျက်၊ သင့်ကိုယ်သင် အတ္တကြီးသူအဖြစ် ပြသသည့်အခါ၊ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ ဩဇာတိက္ကမ နှင့်သက်ဆိုင်သည့် အတွေးအခေါ်အားလုံးကို သင် လက်လွှတ်ရမည်။ “ယင်းကို ကျွန်ုပ်ပြောခဲ့လျှင်၊ ယင်းမှာ ကျွန်ုပ်၏ဩဇာတိက္ကမကို ကာကွယ်ဖို့ဖြစ်မည်။ ထိုအရာကို ပြောခြင်းနောက်ကွယ်တွင် ကြံရွယ်ချက်တစ်ခု ရှိရမည်၊ ကျွန်ုပ်သည် အတ္တကြီးပြီး ယုတ်မာနေခြင်း ဖြစ်မည်။ ယင်းမှာ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဖြစ်သည်၊ ကျွန်ုပ်သည် ထိုကဲ့သို့သော အရာများကို ပြော၍မဖြစ်ပေ။ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ဖွင့်ပြရမည်၊ မိမိ၏စရိုက်မှန်ကို ပြရမည်၊ ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ အမှန်တကယ် တွေးနေသည့်အရာကို ပြောရမည်။ ကျွန်ုပ်သည် မိမိ၏ဩဇာတိက္ကမကို ဆုံးရှုံးခံလိုက်ပြီး ကာကွယ်ဖို့ မကြိုးစားဘဲ၊ ကျွန်ုပ်၏ ကိုယ်ပိုင် ဝင့်ဝါခြင်းကိုလည်း မဖြည့်ဆည်းလိုပေ။” ထိုသို့ဖြင့် သင့်ကိုယ်သင် စွန့်လွှတ်ခြင်းနှင့် သင်၏ အနက်ရှိုင်းဆုံး အတွေးများကို ထုတ်ပြောခြင်းအားဖြင့် တစ်ဖက်တွင် သင်သည် ရိုးသားလာပြီး၊ အခြားတစ်ဖက်တွင် သင်သည် သင်၏ကိုယ်ပိုင် အကြံဉာဏ်များအတိုင်း လုပ်ဆောင်ခြင်းနှင့် သင်၏ ဩဇာတိက္ကမအတွက် သတိထားခြင်းတို့ကို ရပ်လိုက်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး သင်၏တာဝန်ကို သာ၍ ထမ်းဆောင်နိုင်သည်၊ ပြီးလျှင် သင်၏တာဝန်အတွက် တာဝန်ယူနိုင်သည်။ သင်ဆုံးရှုံးသည့်အရာသည် ဩဇာတိက္ကမ ဖြစ်သော်လည်း၊ သင်ထိန်းသိမ်းသည့် အရာသည် ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားများနှင့် သမ္မာတရားတို့ဖြစ်သည်။ ထိုသို့ဖြင့် ရှင်သန်ခြင်းသည် တရားမျှတပြီး ဖြောင့်မတ်သည်၊ လူများနှင့် ဘုရားသခင်တို့ ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်း ခံရထိုက်သည်။ ဤသည်မှာ အံ့ဩလောက်စရာဖြစ်သည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အနည်းငယ် ခက်ခဲသော်လည်း၊ သင်၏ကြိုးပမ်းအားထုတ်မှုများနှင့် သင် လက်တွေ့လုပ်ဆောင်သည့်အရာတို့သည် ဤဦးတည်ရာသို့ ရည်ရွယ်ထားသည်၊ သင်သည် နှစ်ကြိမ် သုံးကြိမ် ရှုံးနိမ့်နိုင်သော်လည်း၊ ငါးကြိမ်မြောက် အားထုတ်ကြိုးပမ်းမှုတွင်၊ သင်သည် အောင်မြင်ကောင်း အောင်မြင်နိုင်လေသည်။ ပြီးလျှင် သင့်အဖို့ အောင်မြင်မှုက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ၊ စာတန်၏ချည်နှောင်မှုများမှ သင့်ကိုလွတ်မြောက်စေသည့် ခြေလှမ်း၊ သင့်ကိုယ်သင် စွန့်လွှတ်စေနိုင်ဖို့ သင်၏ ကိုယ်ပိုင် ဝင့်ဝါမှု၊ ဩဇာတိက္ကမနှင့် အကျိုးစီးပွားများကို ဘေးဖယ်စေနိုင်ဖို့ ခြေလှမ်းတစ်ခုကို သင်လျှောက်နိုင်ပြီး၊ သင်သည် အတ္တကြီးခြင်းနှင့် ယုတ်မာခြင်းတို့ကို ရပ်တန့်နိုင်သည်။ ထို့ကြောင့် ဤသည်မှ သင်သည် မည်သည့်အရာကို မြင်သနည်း။ ဤသည်ကို သင်လုပ်ဆောင်သည့်အခါ၊ သင်သည် သမ္မာတရားကို ချစ်သည့်သူတစ်ဦး၊ သမ္မာတရားကို တမ်းတသူတစ်ဦး၊ ဖြောင့်မတ်ခြင်းနှင့် အလင်းတို့ကို တမ်းတသည့်သူတစ်ဦး ဖြစ်သည်ကို လူများကို သင်ပြသည်။ တစ်ချိန်တည်းမှာပင် သင်သည် စာတန်ကိုလည်း အရှက်ရစေသည်။ စာတန်က သင့်ကို ဖောက်ပြန်ဖျက်ဆီးခဲ့သည်၊ ၎င်းက သင့်ကို သင့်ကိုယ်သင် စောင့်ရှောက်စေသည်၊ ၎င်းက သင့်ကို တစ်ကိုယ်ကောင်းဆန်စေသည်၊ ၎င်းက သင့်ကို သင်၏ကိုယ်ပိုင် ဩဇာတိက္ကမအတွက် စဉ်းစားစေသည်။ သို့သော် ယခုမူ၊ ဤစာတန်ဆန်သော အမှုအရာများသည် သင့်ကို မချည်နှောင်နိုင်တော့ဘဲ၊ သင်သည် ယင်းတို့မှ လွတ်မြောက်ပြီးဖြစ်သည်၊ သင်သည် ဝင့်ဝါခြင်း၊ ဩဇာတိက္ကမ သို့မဟုတ် သင့်ကိုယ်ပိုင် အကျိုးစီးပွားများ အားဖြင့် ထိန်းချုပ်ခြင်း မခံရတော့ဘဲ၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောကြောင့်၊ စာတန်သည် အရှက်ခွဲခံရလေသည်။ စာတန်က အရှက်ကွဲသည့်အခါ၊ သင်သည် အောင်မြင်သည် မဟုတ်လော။ သင်သည် ဘုရားသခင်ထံ သင်၏ သက်သေခံချက်၌ ခိုင်မာစွာ မရပ်တည်သလော။ သင်သည် ကောင်းစွာသော တိုက်လှန်ခြင်းကို မပြုသလော။ သင်သည် ကောင်းစွာသော တိုက်လှန်ခြင်းပြုသည့်အခါ၊ သင်၏စိတ်နှလုံးထဲတွင် ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်းအေးခြင်းအသိစိတ်တစ်ခု ရှိလေသည်။ လူများသည် ထွက်ဆိုချက် ခံစားမှုတစ်ခုဖြင့် အမြဲရှင်သန်သည့်အခါ၊ ၎င်းတို့၏စိတ်နှလုံးများက ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်သက်ခြင်း မရှိဘဲ၊ လက်တွေ့အရှိတရားနှင့်မကိုက်ညီသည့်အခါ၊ ၎င်းတို့သည် အမှုအရာမျိုးစုံအားဖြင့် မကြာခဏ ဝမ်းနည်းပြီး စိတ်သောကရောက်ပူပန်သည့်အခါ ယင်းက မည်သည့်အရာကို ပြသနည်း။ လူတို့သည် အများအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြ၊ သမ္မာတရားကို မကြာခဏ ၎င်းတို့ လျစ်လျူရှုတတ်ကြပြီး၊ မိမိတို့၏ မာန်မာန၊ မိမိတို့၏ ဂုဏ်သတင်း၊ မိမိတို့၏ အဆင့်အတန်းနှင့် မိမိတို့၏ ကိုယ်ကျိုးများကို ကာကွယ်လျက်၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သော၊ ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သော စိတ်သဘောထားအတွင်းတွင် မကြာခဏ အသက်ရှင်တတ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို ရရှိထားခြင်း မရှိပေ။ ဤအကြောင်းကြောင့် သင်သည် အလွန်အမင်း စိတ်သောကရောက်ရသည်၊ အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်ရပြီးလျှင် အလွန်အမင်း ချုပ်ချယ်ခံရလေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အသက်အတွင်း ဝင်ရောက်ခြင်းသည် မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်” မှ

အသက်တာတွင် သင် ကြီးထွားလိုလျှင်၊ အရာအားလုံးတွင် သမ္မာတရား ရှာဖွေရမည်။ မည်သည့်အရာ သင် လုပ်ဆောင်နေသည်ဖြစ်စေ၊ သမ္မာတရားနှင့် ကိုက်ညီဖို့ မည်သို့ ပြုမူရမည်ကို သင် အဖြေရှာသင့်ပြီး၊ သင့်အတွင်းတွင် ထိုသမ္မာတရားကို ချိုးဖောက်သည့် မည်သည့် အစွန်းအထင်းများတည်ရှိသည်ကို သင် ရှာဖွေရမည်။ သင်သည် ဤအရာများနှင့် သက်ဆိုင်၍ ရှင်းလင်းသည့် သိနားလည်မှုတစ်ခု ရှိရမည်။ သင် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ ယင်းက တန်ဖိုးရှိသည် မရှိသည်ကို သင် စဉ်းစားဆင်ခြင်သင့်ပေသည်။ အဓိပ္ပာယ်ရှိသည့် အရာများကို သင် လုပ်ဆောင်နိုင်သော်လည်း၊ အဓိပ္ပာယ်မရှိသည့်အရာများကို သင် မလုပ်ဆောင်ရ။ သင် လုပ်လျှင်လည်းရ၊ မလုပ်လျှင်လည်းရသည့်အရာ အရာများနှင့် စပ်လျဉ်း၍၊ ၎င်းတို့ကို လက်လွှတ်နိုင်လျှင်၊ လက်လွှတ်သင့်ပေသည်။ သို့မဟုတ်ပါက၊ အချိန်အတန်ကြာ ဤအရာများကို သင်လုပ်ဆောင်ပြီးနောက်ပိုင်းတွင် ၎င်းတို့ကို လက်လွှတ်သင့်သည်ကို သင် တွေ့ရလျှင်၊ မြန်ဆန်သည့် ဆုံးဖြတ်ချက်ကိုချကာ ၎င်းတို့ကို အလျင်အမြန် လက်လွှတ်လော့။ ဤသည်မှာ သင် လုပ်ဆောင်သည့် အရာတိုင်းတွင် လိုက်လျှောက်သင့်သည့် အခြေခံသဘောတရား ဖြစ်သည်။ လူအချို့က ဤမေးခွန်းကို ထုတ်ကြသည်- ရေစီးကြောင်းကို ဆန့်ကျင်၍ လှေတစ်စင်းကို သင် လှော်ခတ်နေရသည့်အလား၊ ရှေ့သို့ လှော်ခတ်ခြင်းရပ်လျှင် သင် နောက်ပြန်လွင့်ပါသွားမည့်အလား၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အဘယ်ကြောင့် အလွန်ခက်ခဲရပါသနည်း။ အဘယ်ကြောင့် မကောင်းမှု သို့မဟုတ် အဓိပ္ပာယ်မဲ့သော အရာများကို လုပ်ဆောင်ဖို့သည် လှေတစ်စင်းအား ရေစုန်တွင် စီးသွားခြင်းလောက် အမှန်တကယ်တွင် များစွာသာ၍ လွယ်ကူရပါသနည်း။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ သဘာဝက ဘုရားသခင်ကို သစ္စာဖောက်ရန် ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်၏ သဘာဝက လူသားများအတွင်း၌ အဓိကအခန်းကဏ္ဍကို ယူထားပြီးဖြစ်ကာ ဤသည်မှာ ဖောက်ပြန်ရေးဝါဒီ အင်အားစုဖြစ်သည်။ မှန်ပေ၏၊ ဘုရားသခင်ကို သစ္စာဖောက်သည့် သဘာဝတစ်ခုနှင့် လူသားများသည် ဘုရားသခင်ကို သစ္စာဖောက်သည့် အရာများကို လုပ်ဆောင်ဖို့ အလွန်ဖြစ်ဖွယ်ရှိပြီး၊ အပြုသဘောဆောင်သော လုပ်ဆောင်ချက်များသည် သူတို့အတွက် ဆောင်ရွက်ရန် ပင်ကိုအားဖြင့် ခက်ခဲလေသည်။ ဤအရာကို လူသားမျိုးနွယ်၏ သဘာဝအနှစ်သာရအားဖြင့် လုံးဝ ဆုံးဖြတ်ခြင်းဖြစ်သည်။ သမ္မာတရားကို သင် အမှန်တကယ် နားလည်ပြီး သင်ကိုယ်တိုင်၏ စိတ်တွင်းမှ ထိုသမ္မာတရားကို စတင် ချစ်မြတ်နိုးသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သမ္မာတရားနှင့် ကိုက်ညီသည့် အရာများကို လုပ်ဆောင်ဖို့ ခွန်အားရှိလိမ့်မည် ဖြစ်သည်။ ထို့နောက် ဤအရာသည် ပုံမှန်ဖြစ်လာပြီး၊ သက်သောင့်သက်သာနှင့် နှစ်လိုဖွယ်ပင် ဖြစ်လာကာ အပျက်သဘောဆောင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းက ကြီးမားသည့် အားထုတ်မှုပမာဏ လိုအပ်သည်ဟု သင်ခံစားရလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားက သင်၏ စိတ်နှလုံးထဲတွင် အဓိကအခန်းကဏ္ဍကို ယူထားပြီးဖြစ်သောကြောင့် ဖြစ်သည်။ လူသားအသက်တာအကြောင်းနှင့် မည်သည့် လူစားမျိုးသင်ဖြစ်ရမည်- ပွင့်လင်းသူ၊ ဖြောင့်မတ်သောလူ၊ ရိုးသားသော လူတစ်ဦး မည်သို့ဖြစ်ရမည်နှင့် ဘုရားသခင်အတွက် သက်သေခံပြီး သူ့ကို အစေခံသော သူတစ်ဦး မည်သို့ဖြစ်ရမည်- ဆိုသည်တို့နှင့် ပတ်သက်သော သမ္မာတရားကို သင် အမှန်တကယ် နားလည်ပါက၊ ဘုရားသခင်ကို အာခံသည့် ဆိုးယုတ်သော လုပ်ရပ်များကို သင် နောက်တစ်ဖန် ဘယ်သောအခါမျှ ကျူးလွန်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ခေါင်းဆောင်အတုအယောင်၊ အမှုတော်ဆောင်အတုအယောင် သို့မဟုတ် အန္တိခရစ်၏ အခန်းကဏ္ဍကို သင် တစ်ကြိမ်တစ်ခါမျှ ပါဝင်ဆောင်ရွက်လိမ့်မည်မဟုတ်ပေ။ စာတန်က သင့်ကို လှည့်ဖြားလျှင်ပင်၊ သို့မဟုတ် ဆိုးယုတ်သော သူတစ်ဦးက သင့်ကို သွေးထိုးလျှင်ပင်၊ သင် လုပ်ဆောင်လိမ့်မည် မဟုတ်။ သင့်ကို မည်သူက အကျပ်ကိုင်ဖို့ ကြိုးစားသည်ဖြစ်စေ၊ သင်သည် ထိုသို့ လုပ်ဆောင်လိမ့်ဦးမည် မဟုတ်ပေ။ လူတို့သည် သမ္မာတရားကို ရရှိပြီး၊ သမ္မာတရားက ၎င်းတို့၏ အသက်ဖြစ်လာပါက၊ မကောင်းမှုကို ၎င်းတို့ စက်ဆုပ်လာနိုင်ကြပြီး အပျက်သဘောဆောင်သော အရာများအတွက် အတွင်းပိုင်း စက်ဆုပ်မှုကို ခံစားလာနိုင်ကြလေသည်။ ၎င်းတို့၏ အသက်တာ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်ပြီး ဘုရားသခင်အားဖြင့် ၎င်းတို့ စုံလင်ခံရပြီးဖြစ်သောကြောင့် မကောင်းမှုကို ကျူးလွန်ဖို့ ၎င်းတို့အတွက် ခက်ခဲပေလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

လူတို့သည် ဘုရားသခင်အား သူတို့အသက်ဖြစ်စေမည့် အကြောင်းကို မကြာမကြာ ပြောကြသော်လည်း၊ သူတို့၏ တွေ့ကြုံခံစားမှုကမူ ထိုအဆင့်ကို မရောက်သေးပေ။ ဘုရားသခင်သည် သင်၏အသက်ဖြစ်ကြောင်း၊ ဘုရားသခင်သည် သင့်ကို နေ့စဉ်လမ်းပြကြောင်း၊ သူ၏ နှုတ်ကပတ်တော်များကို သင်သည် နေ့စဉ် စားသောက်ကြောင်း၊ သူ့ထံ သင် နေ့စဉ်ဆုတောင်းကြောင်း၊ ထို့ကြောင့် ဘုရားသခင်သည် သင်၏ အသက် ဖြစ်လာကြောင်း သင်ပြောနေခြင်းမျှသာ ဖြစ်သည်။ ထိုသို့ပြောသူများ၏ အသိဉာဏ်သည် အတော်ပင် အပေါ်ယံကျ၏။ လူအများစုတွင် အခြေခံအုတ်မြစ် မရှိကြပေ- ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သူတို့ထဲတွင် နေရာယူပြီးဖြစ်သော်လည်း၊ အသီးသီးရန် မပြောနှင့် အညှောက်ပင် မပေါက်သေးပေ။ ယနေ့ သင်သည် မည်သည့် အတိုင်းအတာအထိ တွေ့ကြုံခံစားခဲ့ပြီး ဖြစ်သနည်း။ ဘုရားသခင်သည် သင့်အား လက်ရှိနေရာအထိရောက်အောင် တွန်းပို့ခဲ့ပြီးနောက် ယခုမှသာ သင်သည် ဘုရားသခင်ကို မစွန့်ခွာနိုင်ဟု ခံစားရသည်။ တစ်နေ့ သင်သည် အဆင့်တစ်ခုထိ တွေ့ကြုံခံစားခဲ့ပြီးသောအခါ၊ ဘုရားသခင်သည် သင့်အား ထွက်ခွာသွားခိုင်းလျှင် သင်ထိုသို့လုပ်နိုင်မည် မဟုတ်ပေ။ သင့်အထဲတွင် ဘုရားသခင်မရှိဘဲ သင်မနေနိုင်ဟု အမြဲခံစားနေရမည်။ လင်ယောက်ျား၊ ဇနီးမယား၊ သို့မဟုတ် သားသမီးများ မရှိဘဲ၊ မိသားစုမရှိဘဲ၊ အမေ၊ သို့မဟုတ် အဖေ မရှိဘဲ၊ ဇာတိပကတိ၏ ပျော်မွေ့မှုများ မရှိဘဲ သင်နေနိုင်သော်လည်း၊ ဘုရားသခင် မရှိဘဲနှင့် သင်နေနိုင်မည် မဟုတ်ပေ။ ဘုရားသခင်မရှိခြင်းသည် သင့်အသက်ကို ဆုံးရှုံးလိုက်ရခြင်း နှင့် တူလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်မရှိဘဲ သင်နေနိုင်တော့မည် မဟုတ်ပေ။ သင်သည် ဤအဆင့်ထိ တွေ့ကြုံခံစားပြီး သောအခါ၊ ဘုရားသခင် အပေါ်ထားသော သင့်ယုံကြည်ခြင်း၌ အောင်မြင်မှုကို ရရှိနေပြီး ဖြစ်လိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သင့်အသက် ဖြစ်လာကာ သင့်တည်ရှိမှု၏ အခြေခံအုတ်မြစ် ဖြစ်လာပြီးဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ကို ဘယ်သောအခါမျှ ထပ်မံစွန့်ခွာနိုင်တော့မည် မဟုတ်ပေ။ သင်သည် ဤအတိုင်းအတာအထိ တွေ့ကြုံခံစားပြီးသောအခါ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အမှန်တကယ် မွေ့လျော်နေပြီးဖြစ်လိမ့်မည်။ ထို့အပြင် သင်သည် ဘုရားသခင်နှင့် အတော်အတန် ရင်းနှီးသွားသောအခါ၊ ဘုရားသခင်သည် သင်၏အသက်၊ သင်၏အချစ် ဖြစ်လာလိမ့်မည၊ ထိုအချိန်တွင် သင်သည် ဘုရားသခင်ထံ ဆုတောင်းကာ “အိုး ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်မစွန့်ခွာနိုင်ပါ။ ကိုယ်တော်သည် ကျွန်ုပ်၏အသက် ဖြစ်ပါ၏။ အခြားအရာအားလုံးမရှိဘဲ ကျွန်ုပ်နေနိုင်ပါ၏၊ သို့သော် ကိုယ်တော်မရှိဘဲ ကျွန်ုပ် အသက်ဆက်မရှင်နိုင်ပါ။” ဟူ၍ ပြောလိမ့်မည်။ ဤသည်မှာ လူသားတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုဖြစ်၏။ ဤသည်မှာ စစ်မှန်သော အသက်တာဖြစ်သည်။ လူအချို့တို့သည် ယနေ့ သူတို့ရှိနေသည့် နေရာအထိ ရောက်အောင် တွန်းပို့ခြင်း ခံခဲ့ရသည်- သူတို့လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ဆက်လုပ်နေရပြီး သူတို့သည် မလူးသာမလွန့်သာ အခြေအနေနှစ်ခုအကြားတွင် သောင်တင်နေသည်ဟု အမြဲတမ်း ခံစားနေကြသည်။ ဘုရားသခင်သည် သင့်အသက် ဖြစ်သည်အထိ၊ ဘုရားသခင်ကို သင့်နှလုံးသားထဲမှ နှုတ်ယူသွားမည်ဆိုပါက၊ သင့်အသက်ကို ဆုံးရှုံးလိုက်ရခြင်းနှင့် အတူတူပင် ဖြစ်သည်အထိ သင်တွေ့ကြုံခံစားရမည်။ ဘုရားသခင်သည် သင့်အသက်ဖြစ်ရမည်ဖြစ်ပြီး သင်သည် သူ့ကို စွန့်ခွာရန် မတတ်စွမ်းနိုင်ဘဲ ရှိနေရမည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်ကို အမှန်တကယ် တွေ့ကြုံခံစားခဲ့ရပြီးဖြစ်လိမ့်မည်၊ဤအချိန်၌ သင်သည် ဘုရားသခင်ကို ချစ်သောအခါ၊ ဘုရားသခင်ကို အမှန်တကယ်ပင် ချစ်မြတ်နိုးလိမ့်မည် ဖြစ်ကာ သင်၏ချစ်ခြင်းမေတ္တာသည် ပြိုင်စံကင်းပြီး ဖြူစင်သည့်အချစ် ဖြစ်လိမ့်မည်။ တစ်နေ့ သင့်အတွေ့အကြုံများကြောင့် သင်၏အသက်တာသည် အဆင့်တစ်ဆင့်သို့ ရောက်ရှိသွားသောအခါ၊ ဘုရားသခင်ထံ သင်ဆုတောင်းပြီး သူ၏နှုတ်ကပတ်တော်များကို စားသောက်သောအခါ၊ သင်သည် အတွင်းထဲ၌ ဘုရားသခင်ကို စွန့်ခွာနိုင်မည် မဟုတ်သကဲ့သို့ သင်ဆန္ဒရှိခဲ့လျှင်ပင် သူ့ကို သင် မေ့လျော့နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် သင့်အသက်ဖြစ်လာပြီး ဖြစ်လိမ့်မည်၊ သင်သည် လောကကို လည်းကောင်း၊ သင့်ဇနီးမယား၊ သင့်လင်ယောက်ျား၊ သို့မဟုတ် သင့်သားသမီးများကိုလည်းကောင်း မေ့နိုင်သော်လည်း၊ ဘုရားသခင်ကို မေ့လျော့ဖို့ ခက်ခဲလိမ့်မည်— ထိုသို့ပြုလုပ်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ သင်၏အသက်အစစ်၊ ဘုရားသခင်အပေါ်၌ထားသော သင်၏ ချစ်ခြင်းမေတ္တာအစစ် ဖြစ်သည်။ ဘုရားသခင်အပေါ်ထားသော လူတို့၏ ချစ်ခြင်းမေတ္တာသည် အဆင့်တစ်နေရာသို့ ရောက်ရှိသွားချိန်တွင်၊ ဘုရားသခင် အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် ၎င်းတို့၏ အခြား မည်သည့် အရာအတွက် ချစ်ခြင်းနှင့်မျှ တန်းတူမဖြစ်တော့ပေ။ ဘုရားသခင်အတွက် သူတို့၏ ချစ်ခြင်းသည် ဦးစားပေးဖြစ်လာပေသည်။ ဤသို့အားဖြင့် သင်သည် အခြား အရာအားလုံးကို စွန့်လွှတ်နိုင်ကာ ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းမှုနှင့် ပြုပြင်မှုမှန်သမျှကို လက်ခံလိုသည့် ဆန္ဒ ရှိလာလိမ့်မည်။ ဘုရားသခင်အပေါ်ထားသော သင်၏ ချစ်ခြင်းသည် အရာအားလုံးထက် သာလွန်သွားပါက၊ သင်သည် လက်တွေ့အရှိတရားထဲ၌ အသက်ရှင်မည်ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာထဲ၌ အသက်ရှင်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ

အရှေ့သို့- ဘုရားသခင်နှင့်အတူ ပုံမှန်ဆက်ဆံရေတစ်ခုကို ကာကွယ်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေအရှေ့ဘက်က မိုးခြိမ်းသံများ မရပ်ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်