၁၆၀။ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ပညတ်ချက်များနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ပညတ်ချက်များ၏ အနှစ်သာရနှင့် စစ်မှန်သော အဓိပ္ပာယ်တို့ကို သိနားလည်ရန် လိုအပ်သည်။ သင်သည် သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမည်စိုး၍၊ ဘုရားသခင်၏ အလိုတော်ကို နားလည်ပြီး သင့်စိတ်နှလုံးထဲတွင် သူ့ကို ကြောက်ရွံ့ခြင်းရှိလော့။

(၂) သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ စိတ်သဘောထားကို သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ပညတ်ချက်များမှတစ်ဆင့် သိရှိဖို့ လိုအပ်သည်။ သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ပညတ်ချက်များကို အမှန်တကယ် လိုက်နာလာနိုင်လော့။

(၃) မိမိ၏ လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားများကို ဖော်ထုတ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ပညတ်ချက်များကို လိုက်နာခြင်းအား သေချာစေဖို့အလို့ငှာ မိမိ၏ ပျော့ကွက်များနှင့် အဓိက အားနည်းချက်များကို သိရှိရန် လိုအပ်သည်။

(၄) ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ပညတ်ချက်များမှာ လူတစ်ဦးက လူ့သဘာဝ ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်ကို အထုတ်ဖော်ပြဆုံး ဖြစ်သည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ပညတ်ချက်များကို မလိုက်နာနိုင်သူသည် လူ့သဘာဝ မရှိသည့်သူ ဖြစ်ပြီး ဧကန်မုချ ဖယ်ရှင်းသုတ်သင် ခံရပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် အခန်း)

(၁) လူသားသည် မိမိကိုယ်ကိုယ် မကြီးမြတ်စေသင့်သကဲ့သို့၊ မိမိကိုယ်ကိုယ် မချီးမြှောက်သင့်ပေ။ ဘုရားသခင်ကို ကိုးကွယ်ကာ ချီးမြှောက်သင့်ပေသည်။

(၂) ဘုရားသခင်၏အမှုအတွက် အကျိုးရှိသည့်အရာတိုင်းကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ ဘုရားသခင်၏နာမတော်၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတော်တို့ကို ကာကွယ်ရမည်။

(၃) ဘုရားသခင်အိမ်တော်ရှိ ငွေ၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် ပိုင်ဆိုင်မှု အားလုံးတို့သည် လူသားက ပေးသင့်သည့် လှူဖွယ်ပစ္စည်းများ ဖြစ်သည်။ လူ၏ လှူဖွယ်ပစ္စည်းများသည် ဘုရားသခင်၏ မွေ့လျော်ခံစားခြင်းအတွက် ဖြစ်သောကြောင့်၊ ဤလှူဖွယ်ပစ္စည်းများကို ယဇ်ပုရောဟိတ်နှင့် ဘုရားသခင်မှတစ်ပါး မည်သူမျှ ခံစား၍မရပေ။ ဘုရားသခင်သည် ဤလှူဖွယ်ပစ္စည်းများကို ယဇ်ပုရောဟိတ်နှင့်သာ မျှဝေခံစားသည်။ အခြားမည်သူမျှ ယင်းတို့၏ မည်သည့်အစိတ်အပိုင်းကိုမျှ ခံစားရန် အရည်အချင်း မပြည့်မီပေ၊ သို့မဟုတ် ခံစားခွင့် မရှိပေ။ (ငွေကြေးနှင့် မွေ့လျော်ခံစား၍ရသည့် ရုပ်ဝတ္ထုပစ္စည်းများ အပါအဝင်) လူသား၏ လှူဖွယ်ပစ္စည်းများ အားလုံးကို လူကို မဟုတ်ဘဲ၊ ဘုရားသခင်အား ပေးအပ်ခြင်း ဖြစ်ပြီး၊ ထို့ကြောင့် ဤအရာတို့ကို လူသားက မမွေ့လျော်မခံစားသင့်ပေ။ လူသားသည် ယင်းတို့ကို မွေ့လျော်ခံစားခဲ့မည်ဆိုပါက၊ သူသည် လှူဖွယ်ပစ္စည်းများကို ခိုးယူခြင်း ဖြစ်မည်။ ယုဒသည်လည်း သစ္စာဖောက်တစ်ဦး ဖြစ်ခြင်းအပြင်၊ ငွေအိတ်ထဲသို့ ထည့်သည့်အရာကို အခွင့်မရှိဘဲ ယူဆောင်သည့်အတွက်၊ ဤအရာပြုသောသူ မည်သူမဆိုသည် ယုဒ ဖြစ်၏။

(၄) လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပြီး၊ ထို့အပြင် စိတ်ခံစားမှုများ ရှိသည်။ ထို့သို့ဖြင့် ဘုရားသခင်ကို အစေခံချိန်တွင် ဆန့်ကျင်ဘက်လိင် အသင်းသား နှစ်ဦးအား အဖော်မပါဘဲ၊ အတူတကွ အလုပ်လုပ်ခြင်းကို လုံးဝ တားမြစ်ထား၏။ ထိုသို့လုပ်ဆောင်နေသည်ကို အမိခံရသူ မည်သူမဆိုသည် ခြွင်းချက်မရှိ ထုတ်ပယ်ခြင်းခံရလိမ့်မည်။

(၅) ဘုရားသခင်ကို မဝေဖန်နှင့်၊ ပြီးလျှင် ဘုရားသခင်နှင့် ဆက်နွှယ်သည့် ကိစ္စရပ်များကို သာမန်ကာလျှံကာ မဆွေးနွေးနှင့်။ လူ လုပ်သင့်သည့်အတိုင်း လုပ်ဆောင်လော့၊ လူ ပြောသင့်သည့်အတိုင်း ပြောလော့၊ ပြီးလျှင် ကန့်သတ်ချက်များကို မကျော်လွန်နှင့်၊ စည်းဘောင်များကို မကျူးကျော်နှင့်။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့်အရာ တစ်ခုတစ်လေ လုပ်ဆောင်ခြင်းကို ရှောင်ရှားဖို့ သင်၏နှုတ်ကို စောင့်ထိန်းပြီး သင် ခြေလှမ်းလှမ်းရာကို သတိပြုလော့။

(၆) လူ ပြုသင့်သောအရာကို ပြုပြီး၊ သင်၏ဝတ္တရားများကို ဆောင်ရွက်ကာ သင်၏ တာဝန်များကို ဖြည့်ဆည်းပြီး၊ သင်၏ တာဝန် စောင့်ထိန်းလော့။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ ဘုရားသခင်၏ အမှုအဖို့ သင်၏ ဖြည့်ဆည်းမှုကို သင် ပြုသင့်ပေသည်။ သင် ဖြည့်ဆည်းမှု မပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ဖို့ မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ အိမ်ထောင်စုတွင် အသက်ရှင်ဖို့ မသင့်တော်ပေ။

(၇) အသင်းတော်၏အလုပ်နှင့် ကိစ္စရပ်များတွင် ဘုရားသခင်ကို နာခံခြင်းမှလွဲ၍ အရာရာတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူ၏ ညွှန်ကြားချက်များကို လိုက်နာလော့။ အနည်းငယ်မျှသော ချိုးဖောက်မှုကိုပင် လက်ခံ၍မရပေ။ အကြွင်းမဲ့ လေးစားလိုက်နာလော့၊ ပြီးလျှင် အမှန်၊ အမှား မစိစစ်နှင့်။ မှန်သည့်အရာ သို့မဟုတ် မှားသည့်အရာသည် သင်နှင့်မသက်ဆိုင်ပေ။ အကြွင်းမဲ့နာခံခြင်းကိုသာ စိတ်ဝင်စားလော့။

(၈) ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဘုရားသခင်ကို နာခံကာ ကိုးကွယ်သင့်သည်။ မည်သည့်လူကိုမျှ မချီးမြှောက် သို့မဟုတ် မကြည်ညိုနှင့်။ သင်သည် ဘုရားသခင်အား ပထမနေရာ ပေးပြီး သင် ကြည်ညိုသောသူများကို ဒုတိယနေရာ ပေးကာ သင့်ကိုယ်သင် တတိယနေရာ ပေးခြင်း မပြုရ။ မည်သည့်လူမျှ သင်၏ စိတ်နှလုံးတွင် နေရာ မယူသင့်သကဲ့သို့၊ လူတို့ကို- အထူးသဖြင့် သင် ကြည်ညို လေးစားသူများကို- ဘုရားသခင်နှင့် တန်းတူဟု မယူဆသင့်ပေ။ ဤသည်မှာ ဘုရားသခင်ဖို့ သည်းမခံနိုင်ဖွယ်ရာ ဖြစ်သည်။

(၉) အသင်းတော်၏အလုပ်ကို အမြဲ တွေးလော့။ သင်ကိုယ်တိုင်၏ အသွေးအသား မျှော်လင့်ချက်များကို ဘေးဖယ်လော့၊ မိသားစု ကိစ္စများနှင့်ပတ်သက်၍ တိကျပြတ်သားလော့၊ ဘုရားသခင်၏ အမှုအဖို့ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ပြီး၊ ဘုရားသခင်၏အမှုကို ပထမဦးစားပေးကာ သင်ကိုယ်တိုင်၏ ဘဝကို ဒုတိယထားလော့။ ဤသည်မှာ သန့်ရှင်းသူတစ်ဦး၏ ကျင့်ဝတ်ဖြစ်၏။

(၁၀) (သင်၏သားသမီးများ၊ သင်၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်၏ညီအမများ သို့မဟုတ် မိဘများ စသည်ဖြင့်) ယုံကြည်ခြင်း မရှိသည့် ဆွေမျိုးသားချင်းများကို အသင်းတော်ထဲသို့ အတင်းအကျပ် မသွင်းသင့်ပေ။ ဘုရားသခင်၏အိမ်ထောင်စုသည် အသင်းသားများ နည်းပါးနေခြင်း မရှိသကဲ့သို့၊ အသုံးမဝင်သည့် လူများဖြင့် ယင်း၏ အရေအတွက်ကို ဖန်တီးဖို့မလိုအပ်ပေ။ မယုံကြည်သောသူအားလုံးကို အသင်းတော်ထဲသို့ ဝမ်းမြောက်ဝမ်းသာ ခေါ်မလာရ။ ဤအမိန့်သည် လူခပ်သိမ်းကို ရည်ရွယ်ပေသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင်တို့သည် အချင်းချင်း စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် သတိပေးခြင်းများ ပြုလုပ်သင့်သည်။ မည်သူတစ်ဦးမျှ ယင်းကို ချိုးဖောက်ခွင့်မရှိ။ မယုံကြည်သူ ဆွေမျိုးသားချင်းများသည် အသင်းတော်ထဲသို့ အင်တင်တင်ဖြင့် ဝင်သည့်အခါတွင်ပင် ၎င်းတို့ကို စာအုပ်များ ထုတ်ပေးရမည် မဟုတ်သကဲ့သို့၊ အမည်သစ်လည်း မပေးရ။ ထိုသို့သော လူများသည် ဘုရားသခင်၏ အိမ်ထောင်စုနှင့် မသက်ဆိုင်သကဲ့သို့၊ ၎င်းတို့၏ အသင်းတော်ထဲသို့ ဝင်ရောက်ခြင်းကို လိုအပ်သည့် မည်သည့်နည်းဖြင့်မဆို ရပ်တန့်စေရမည်။ မကောင်းဆိုးဝါးများ၏ ကျူးကျော်ဝင်ရောက်မှုကြောင့်၊ အသင်းတော်အပေါ် ဒုက္ခကျရောက်သည်ရှိသော်၊ သင်ကိုယ်တိုင်သည် ထုတ်ပယ်ခြင်း ခံရလိမ့်မည် သို့မဟုတ် သင့်အပေါ် ကန့်သတ်ချက်များ ထားရှိခံရလိမ့်မည်။ တိုတိုပြောရလျှင်၊ ဤကိစ္စရပ်၌ အယောက်တိုင်းတွင် တာဝန်ရှိသည်၊ သို့သော် သင်သည် မဆင်မခြင် မပြုသင့်သကဲ့သို့ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များကို ပြန်ချေပခြင်းများအတွက်လည်း ယင်းကို အသုံးမပြုသင့်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

ဤသည်မှာ လူတို့သည် မိမိတို့ ဆောင်ရွက်သင့်သော တာဝန်များစွာကို လိုက်နာရမည်...။ ဤသည်မှာ လူတို့ လိုက်နာသင့်သည့် အရာဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့ ဆောင်ရွက်ရမည့်အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ရမည့်အရာကို သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်ပါလေ့စေ။ လူသားသည် ယင်းတွင် မည်သည့် အစိတ်အပိုင်းကိုမျှ မလုပ်ဆောင်နိုင်ပေ။ လူက လုပ်ဆောင်သင့်သည့်အရာကို လူသားက လုပ်ဆောင်သင့်သည်၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ယင်းသည် လူသားက လုပ်ဆောင်သင့်ပြီး ဓမ္မဟောင်းကျမ်းထဲက ပညတ်တရားကို လိုက်နာစောင့်ထိန်းသကဲ့သို့ပင် ပညတ်တော်များအဖြစ် စောင့်ထိန်းလိုက်နာသင့်သည့်အရာသာ ဖြစ်သည်။ ယခုအချိန်သည် ပညတ်တော်ခေတ် မဟုတ်သော်လည်း၊ ပညတ်တော်ခေတ်တွင် ပြောဆိုထားသည့် နှုတ်ကပတ်တော်များကဲ့သို့ အလားတူညီသည့် လိုက်နာစောင့်ထိန်းသင့်သော နှုတ်ကပတ်တော်များစွာ ရှိနေဆဲ ဖြစ်သည်။ ထိုနှုတ်ကပတ်တော်တို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှုအပေါ် အမှီပြုရုံမျှဖြင့် ဆောင်ရွက်ထားခြင်းမဟုတ်ဘဲ၊ လူသားအနေဖြင့် လိုက်နာစောင့်ထိန်းသင့်သည့် အရာတစ်ခု ဖြစ်ပါသည်။ ဥပမာအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ အမှုအပေါ် သင့်အနေဖြင့် ဝေဖန်အကဲဖြတ်မှု မပြုသင့်ပေ။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသောသူကို သင်သည် မဆန့်ကျင်သင့်ပေ။ ဘုရားသခင်၏ ရှေ့မှောက်တွင်၊ သင်၏ နေရာကို ထိန်းသိမ်း ရမည်ဖြစ်ပြီး၊ သောက်စားပျော်ပါးတွင် မမွေ့လျော်ရ။ စကားပြောရာတွင် သင်သည် သင့်တင့်မျှတရမည်ဖြစ်ပြီး၊ သင်၏ စကားများနှင့် လုပ်ရပ်များက ဘုရားသခင်၏ သက်သေပြုခြင်း ခံရသည့် လူနှင့်ဆိုင်သော အစီအစဉ်များကို လိုက်နာရမည်။ ဘုရားသခင်၏ သက်သေခံချက်ကို သင် ရိုသေလေးမြတ် သင့်သည်။ သင်သည် ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်မှ နှုတ်ကပတ်တော်များကို လျစ်လျူမရှုသင့်ပေ။ သင်သည် ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ သဘောသွားနှင့် ရည်မှန်းချက်များကို မတုပရ။ အပြင်ပန်းတွင်၊ သင်သည် ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူအား သိသာထင်ရှားစွာ ဆန့်ကျင်သည့် မည်သည့်အရာကိုမဆို မလုပ်ဆောင်ရ။ အစရှိသည်တို့ဖြစ်သည်။ ဤအရာများသည် လူအသီးသီး လိုက်နာစောင့်ထိန်းသင့်သော အရာများ ဖြစ်ပေသည်။ ခေတ်အသီးသီးတွင်၊ ဘုရားသခင်သည် ပညတ်တရားများနှင့် ဆင်တူပြီး လူသားက လိုက်နာစောင့်ထိန်းရမည့် စည်းမျဉ်းများစွာကို ပြဠာန်းသည်။ ဤအရာမှတစ်ဆင့်၊ သူသည် လူ၏ စိတ်သဘောထားကို ဘောင်ခတ်ကာ လူ၏ စစ်မှန်ရိုးသားမှုကို စစ်ဆေးလေသည်။ ဥပမာအားဖြင့် ဓမ္မဟောင်းခေတ်၏ “သင်၏ မိဘကို ရိုသေစွာပြုလော့” ဟူသည့် နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ကြည့်လော့။ ဤနှုတ်ကပတ်တော်များသည် ယနေ့နှင့် မသက်ဆိုင်တော့ပေ။ ထိုအချိန်က ယင်းတို့သည် လူသား၏ အပေါ်ယံ စိတ်သဘောထား အချို့ကိုမျှ ဘောင်ခတ်ခဲ့သည်၊ ယင်းတို့ကို ဘုရားသခင်၌ လူ၏ ယုံကြည်မှုနှင့်ဆိုင်သည့် စစ်မှန်ရိုးသားမှုကို ဖော်ပြရန် အသုံးပြုခဲ့ပြီး၊ ဘုရားသခင်အား ယုံကြည်သော သူများ၏ အမှတ်အသား တစ်ခု ဖြစ်ခဲ့သည်။ ယခုသည် နိုင်ငံတော်ခေတ် ဖြစ်သော်လည်း၊ လူသားက လိုက်နာစောင့်ထိန်းရမည့် စည်းမျဉ်းများစွာ ရှိသေး၏။ အတိတ်ကာလ၏ စည်းမျဉ်းများသည် မသက်ဆိုင်သကဲ့သို့၊ ယနေ့တွင် လူသားအတွက် ဆောင်ရွက်ဖို့ သင့်တော်ပြီး လိုအပ်သည့် သာ၍များသော အလေ့အထများစွာ ရှိလေသည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မပါဝင်သကဲ့သို့၊ လူသားက လုပ်ဆောင်ရမည် ဖြစ်သည်။

ကျေးဇူးတော်ခေတ်တွင်၊ ဤပညတ်တရားများသည် ထိုအချိန်ကာလရှိ အမှုအတွက် အထူးသဖြင့် မထိရောက်ခဲ့သောကြောင့်၊ ပညတ်တော်ခေတ်၏ အလေ့အထ များစွာတို့ကို စွန့်ပယ်ထားခဲ့ကြသည်။ ယင်းတို့ကို စွန့်ပယ်ထားသည့်နောက်တွင်၊ ထိုခေတ်အတွက် သင့်တော်ပြီး ယနေ့၏ စည်းမျဉ်းများစွာ ဖြစ်လာကြပြီးဖြစ်သည့် အလေ့အထများစွာကို ချမှတ်ခဲ့သည်။ ယနေ့၏ ဘုရားသခင် ကြွလာသောအခါတွင်၊ ဤစည်းမျဉ်းများသည် ဖယ်ထားခံခဲ့ရပြီး၊ ယင်းတို့ကို လိုက်နာစောင့်ထိန်းဖို့ မလိုအပ်တော့သကဲ့သို့၊ ယနေ့၏ အမှုအတွက် သင့်တော်သော အလေ့အထများစွာကို ပြဠာန်းထားခဲ့သည်။ ယနေ့တွင်၊ ဤအလေ့အထများသည် စည်းမျဉ်းများမဟုတ်ဘဲ၊ ယင်းအစား အကျိုးတရားများ ရရှိဖို့ ရည်ရွယ်ထားခြင်း ဖြစ်သည်။ ယင်းတို့သည် ယနေ့အတွက် သင့်တော်သည်— မနက်ဖြန်တွင်၊ ယင်းတို့သည် စည်းမျဉ်းများ ဖြစ်ကောင်းဖြစ်လာကြလိမ့်မည်။ အချုပ်အားဖြင့် ယနေ့၏ အမှုအတွက် အကျိုးဖြစ်ထွန်းသည့် အရာကို သင် လိုက်နာစောင့်ထိန်းသင့်ပေသည်။ မနက်ဖြန်ကို အလေးဂရုမပြုနှင့်- ယနေ့ လုပ်ဆောင်သည့်အရာသည် ယနေ့အတွက် ဖြစ်သည်။ မနက်ဖြန် ရောက်လာသည့်အခါ၊ သင် ဆောင်ရွက်ရန် လိုအပ်မည့် ပိုကောင်းသော အလေ့အထများ ရှိကောင်း ရှိနိုင်ပါသည်- သို့ရာတွင် ယင်းကို အာရုံမစိုက်လွန်းနှင့်။ ယင်းထက် ဘုရားသခင်အား ဆန့်ကျင်မိခြင်းကို ရှောင်ရှားဖို့အလို့ငှာ၊ ယနေ့ လိုက်နာစောင့်ထိန်းသင့်သည့်အရာကို လိုက်နာစောင့်ထိန်းလော့။ ယနေ့တွင်၊ အောက်ဖော်ပြပါ အရာများထက် မည်သည့်အရာမျှ လူသားအတွက် လိုက်နာစောင့်ထိန်းရန် သာ၍ အရေးမကြီးပေ- သင်သည် သင့်မျက်စိရှေ့တွင် ရပ်နေသော ဘုရားသခင်အား နားပူနားဆာ လုပ်ဖို့ သို့မဟုတ် သူ့ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ဖို့ မကြိုးစားရ။ သင်၏ ရှေ့တွင် ရှိနေသော ဘုရားသခင်၏ ရှေ့မှောက်တွင် ညစ်ညူးမှု သို့မဟုတ် မာနထောင်လွှားသော စကားကို မမြွက်ရ။ သူ၏ ယုံကြည်ကိုးစားမှုကို ရရှိဖို့ ပျားသကာလောင်းသောစကားများနှင့် မျှတသော စကားများဖြင့် သင့်မျက်စိရှေ့ရှိ ဘုရားသခင်ကို မလှည့်စားရ။ ဘုရားသခင်၏ ရှေ့မှောက်တွင် မလေးမခန့် မပြုမူရ။ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသောအရာအားလုံးကို သင် နာခံရမည် ဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို အတိုက်အခံ မလုပ်ရ၊ မဆန့်ကျင်ရ သို့မဟုတ် ငြင်းခုံခြင်း မပြုရ။ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော စကားများကို သင့်တော်သည်ဟု သင်မှတ်ယူသည့်အတိုင်း အနက်အဓိပ္ပာယ် ပြန်ဆိုခြင်း မပြုရ။ ဆိုးယုတ်သောသူတို့၏ လှည့်ဖြားတတ်သော အကြံအစည်များထဲသို့ သားကောင်ဖြစ်စေခြင်းကို ရှောင်ရှားရန် သင်၏ နှုတ်ကို စောင့်ထိန်းသင့်သည်။ ဘုရားသခင်က သင့်အတွက် ချမှတ်ထားသော နယ်နိမိတ်များကို ကျူးကျော်ခြင်းအား ရှောင်ရှားဖို့ သင်၏ ခြေလှမ်းများကို စောင့်ကြပ်သင့်သည်။ သင်သည် ကျုးကျော်မိပါက၊ ဤအရာက သင့်ကို ဘုရားသခင်၏ နေရာတွင် ရပ်တည်စေလိမ့်မည် ဖြစ်ပြီး၊ စိတ်ကြီးဝင်ပြီး ဟိတ်ဟန်များသော စကားများကို ဆိုစေလိမ့်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ စက်ဆုပ်ခြင်းကို သင် ခံရလိမ့်မည်။ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော စကားများကို လက်လွတ်စပယ် သင် မဖြန့်ဝေဘဲ၊ သူတစ်ပါးတို့အား သင့်ကို မလှောင်ပြောင်စေသင့်သကဲ့သို့ နတ်ဆိုးတို့အား သင့်ကို မလှည့်စားစေသင့်ပေ။ ယနေ့၏ ဘုရားသခင်၏ အမှုအားလုံးကို သင်နာခံရမည်။ ယင်းကို သင်နားမလည်လျှင်ပင် အကဲဖြတ်ဝေဖန်ခြင်း မပြုရ။ သင် လုပ်နိုင်သမျှအားလုံးမှာ ရှာဖွေပြီး မိတ်သဟာယပြုရန် ဖြစ်သည်။ ဘုရားသခင်၏ နဂိုမူလ နေရာကို မည်သူမျှ မကျူးကျော်ရ။ ယနေ့၏ ဘုရားသခင်အား လူ၏နေရာမှ အစေခံခြင်းမှလွဲ၍ အခြား မည်သည့် အရာကိုမျှ သင် လုပ်ဆောင်၍မရ။ ယနေ့၏ ဘုရားသခင်အား လူ၏နေရာမှ သင်သည် သွန်သင်၍ မရ- ထိုသို့လုပ်ဆောင်ဖို့ဆိုသည်မှာ ဆုံးဖြတ်ချက်လွဲမှားပေသည်။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူ၏ နေရာတွင် မည်သူမျှ ရပ်တည်၍မရစကောင်း။ သင်၏စကားများ၊ လုပ်ရပ်များနှင့် အတွင်းကျကျ အတွေးများတွင် သင်သည် လူ၏ နေရာတွင် ရပ်တည်ပေသည်။ ဤအရာကို လိုက်နာရမည် ဖြစ်သည်၊ ယင်းသည် လူ၏ တာဝန်ဝတ္တရား ဖြစ်ပြီး၊ မည်သူမျှ ပြောင်းလဲ၍ မရနိုင်။ ပြောင်းလဲဖို့ ကြိုးပမ်းခြင်းသည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ရာ ရောက်ပေမည်။ ဤအရာကို အားလုံး သတိရသင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခေတ်သစ်၏ ပညတ်တော်များ” မှ

ဘုရားသခင်၌ သူ၏စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမိန့်များ ရှိကြောင်း၊ သူသည် လူများကို အပြစ်ဒဏ်ပေးဖို့နှင့် ၎င်းတို့ မနာခံပါက၊ ၎င်းတို့ကို ထိန်းချုပ်ဖို့ ဤအမိန့်များကို အသုံးပြုကြောင်း လူများက မကြာခဏ ပြောကြသည်။ “စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမိန့်များ” ဟူသည့် စကားများကို ၎င်းတို့က မကြာခဏ အပြင်းအထန် ဆွေးနွေးကြသည်- သို့ရာတွင် ယင်းတို့သည် အခြေခံအားဖြင့် မည်သည့်အရာကို ဆိုလိုသည်ကို ၎င်းတို့ အမှန်တကယ် နားမလည်ကြချေ။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များဆိုသည်မှာ စင်စစ် အဘယ်နည်း။ ယင်းတို့သည် လူ၏အပြုအမူကို ထိန်းချုပ်ထားဖို့အလို့ငှာ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ကိုင်တွယ်ဖို့ ဘုရားသခင် ဖော်ပြထားသည့် နှုတ်ကပတ်တော် အမျိုးအစားဖြစ်သည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် ယေဟောဝါ၏(က) ပညတ်တော်များ မဟုတ်သကဲ့သို့၊ တရားရေးရာ စနစ်တစ်ခုလည်း မဟုတ်ဘဲ၊ ယင်းတို့ကို လူ့လောက၏ ဖွဲ့စည်းပုံများနှင့် သာ၍မနှိုင်းယှဉ်နိုင်ပေ။ ယင်းတို့သည် ဘုရားသခင်က လူ၏ အပြုအမူကို ထိန်းချုပ်ဖို့ ရည်ရွယ်ကာ သတ်မှတ်ထားသည့် ကန့်သတ်ချက်ဘောင်တစ်စုံ ဖြစ်သည်။ ယင်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ဖို့နည်းလမ်း၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့နည်းလမ်း၊ ဘုရားသခင်ကို နာခံဖို့နည်းလမ်း၊ ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် ပြုမူသည့်နည်းလမ်း၊ လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ပြုမူသည့်နည်းလမ်း၊ ဘုရားသခင်ကို သက်သေခံသည့် နည်းလမ်းနှင့် ဘုရားသခင်၏နာမတော်ကို အရှက်မရစေသည့် နည်းလမ်းတို့ ပါဝင်သည်။ လူအချို့က “ဘုရားသခင်၏ ဝိညာဉ်တော်သည် အမှုအရာများကို ဆောင်ရွက်နိုင်သည်။ သူသည် လူများကို အပြစ်ဒဏ်ပေးနိုင်ပြီး လူတိုင်းကို ၎င်းတို့၏ အတိတ်မှ မကောင်းမှုများအတိုင်း အပြစ်ပေးနိုင်သည်။ ယင်းတွင် သမ္မာတရားလည်းရှိသည်၊ ယင်းက လူများအားလုံးကို လမ်းညွှန်သည်။ အဘယ့်ကြောင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ ရှိရမည်နည်း။” ဟု ပြောကြသည်။ သမ္မာတရားသည် လူများ၏ အသက်အတွင်း ဝင်ရောက်ခြင်းနှင့် ဆက်နွှယ်သည်။ ယင်းက ၎င်းတို့၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ တိကျသော အခြေအနေများနှင့်သက်ဆိုင်သည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် ရှင်းလင်းစွာ သတ်မှတ်ထားသည့် ပြဌာန်းချက်များဖြစ်သည်။ သင်၏အခြေအနေ မည်သို့ရှိပါစေ၊ သင်သည် မည်သည့်လူမျိုးဖြစ်ပါစေ၊ ဘုရားသခင်ကို သင် ယုံကြည်ပါက၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များမှ ပြဌာန်ထားသည့်အရာအားလုံးကို သင် လုပ်ဆောင်ရမည်- ပြီးလျှင် သင် မလုပ်ဆောင်နိုင်ပါက၊ သင်၏အမည်သည်လည်း စာရင်းထဲမှ ရုတ်တရက် ဖယ်ရှားခံရမည် ဖြစ်ပြီး၊ ဘုရားသခင်၏အမြင်တွင် သင်သည် စက်ဆုပ်ရွံရှာခြင်းခံရဖို့နှင့် ငြင်းပယ်ခြင်း ခံရဖို့သူတစ်ဦး ဖြစ်လာလိမ့်မည်။ အမှန်တွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် လူများကို ဘုရားသခင်၌ ယုံကြည်ဖို့ အနည်းဆုံးအနေဖြင့် တောင်းဆိုသည်။ ပညတ်တော်ခေတ်တွင် ယေဟောဝါသည် အမှုအချို့ကို ပြုခဲ့ကာ၊ နှုတ်ကပတ်တော်များစွာကို ပြောခဲ့ပြီး၊ များပြားလှသော တရားတော်များကို ဖော်ပြခဲ့သည့် အချိန်ကကဲ့သို့ဖြစ်ပြီး၊ ထိုတရားတော်များအတွင် သဘာဝအားဖြင့် လူလုပ်ဆောင်သင်သည့် အရာများစွာ ပါဝင်လေသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ယေဟောဝါကို မည်သို့ ကြောက်ရွံ့သင်သည်၊ သို့မဟုတ် ယေဟောဝါကို မည်သို့ ယဇ်ပူဇော်ရမည်၊ ဆယ်ဖို့တစ်ဖို့ မည်သို့ ပေးရမည်၊ အလှူငွေများ မည်သို့ ပေးရမည်တို့ဖြစ်သည်။ ထိုအချိန်က ယင်းတို့ကို တရားတော်များဟု ခေါ်ခဲ့ကြပြီး၊ ကျေးဇူးတော်ခေတ်တွင် ယင်းတို့ကို ပညတ်တော်များဟု ခေါ်လာခဲ့ကြသည်။

ခေတ်အသီးသီးတွင် လူတို့အပေါ် တောင်းဆိုသည့် အရာသည် ကွဲပြားခြားနားသောကြောင့်၊ ကျေးဇူးတော်ခေတ်၏ ပညတ်တော်များကို ယနေ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအနေဖြင့် အသုံးမပြုနိုင်ပေ။ ခေတ်အသီးသီးတွင် ပညတ်တော်များ ရှိသည်၊ ပြီးလျှင် ခေတ်အသီးသီးတွင် လူအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံများရှိသည်၊ ယင်းမှာ ခေတ်၌ ပြောင်းလဲမှုများနှင့် ဘုရားအမှုတော်၏ သတ်မှတ်ချက်များအတိုင်း ပြောင်းလဲသည့် စံနှုန်းဖြစ်သည်။ … ယနေ့တွင် ဘုရားသခင်သည် လူ၏အခြေအနေများ၊ လိုအပ်ချက်များနှင့် သင့်လျော်သည့်အတိုင်း စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ထုတ်ပြန်ပြီး ဖြစ်သည်။ လူအချို့က “နောက်ထပ် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အဘယ့်ကြောင့် ထုတ်ပြန်သနည်း။ ယင်းမှာ တစ်ကြိမ် လုပ်ဆောင်နှင့်ပြီးဖြစ်သည်၊ ပြီးလျှင် လူများသည် ယင်းတို့ကို သတိပြုမိပြီးဖြစ်ကာ တောင်းဆိုသည့် အရာကို လုပ်ဆောင်ပြီးဖြစ်သည်။ ယင်းမှာ အဆုံးသတ် ဖြစ်သင့်သည်။ အသစ်များကို အဘယ့်ကြောင့် ဆက်လက် ထုတ်ပြန်နေသနည်း။” ဟု မေးကြသည်။ လူများ ယခုကဲ့သို့ ဖောက်ပြန်ပျက်စီးခြင်းကြောင့်၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ထုတ်ပြန်ခြင်းသည် မလိုအပ်သလော။ လူအပေါင်းတို့သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိကြပြီး ၎င်းတို့၏ သဘာဝများအားဖြင့် စိုးမိုးခံကြရသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး ပညတ်တော်များအတိုင်း လိုက်နာနိုင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် သန့်ရှင်းပြီးဖြောင့်မတ် လာသည်ဆိုသည်မှာ မမှန်ကန်ပေ။ ယင်းမှာ ထိုသို့မဟုတ်ပေ။ လူများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ အလယ်တွင် အမြဲ ရှင်သန်ကြသောကြောင့်၊ ၎င်းတို့၏ အပြုအမူကို ထိန်းချုပ်ထားဖို့ အလားတူ လိုက်လျောညီထွေရှိသည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အစဉ် လိုအပ်လျက်ရှိသည်။ လူများသည် ဤစီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အမှန်တကယ် ချိုးဖောက်ပါက၊ ၎င်းတို့သည် ဆုံးမပဲ့ပြင်ခြင်း ခံရနိုင်သည်၊ သို့မဟုတ် ၎င်းတို့အပေါ် ကန့်သတ်ချက်များ ထားရှိခြင်းခံရနိုင်သည်၊ သို့မဟုတ် သုတ်သင်ဖယ်ရှင်းခြင်းနှင့် ထုတ်ပယ်ခြင်းခံရနိုင်သည်။ မည်သည့်အကျိုးဆက်မျိုးမဆို ဖြစ်နိုင်ချေ ရှိသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအကြောင်း စကားပြောခြင်း” မှ

ပညတ်ချက်များကို ထိန်းသိမ်းခြင်း၏ အဓိကသော့ချက်မှာ လက်တွေ့ကျသော ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှုရှိခြင်း ဖြစ်သည်။ သင်သည် လက်တွေ့ကျသော ဘုရားသခင်ကို နားလည်မှုတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက်၊ ပညတ်ချက်များကို ထိန်းသိမ်းနိုင်လိမ့်မည်။ ယင်းတို့ကို ထိန်းသိမ်းရာတွင် အပိုင်းနှစ်ပိုင်း ပါဝင်သည်- တစ်ပိုင်းမှာ သူ၏ဝိညာဉ်တော်၏ အနှစ်သာရကို ဖက်တွယ်ထားခြင်းနှင့် ဝိညာဉ်တော်၏ရှေ့မှောက်တွင် ဝိညာဉ်တော်၏ စစ်ဆေးခြင်းကို လက်ခံနိုင်ခြင်းဖြစ်သည်။ နောက်တစ်ပိုင်းမှာ လူ့ဇာတိခံ ခန္ဓာနှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုရှိနိုင်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံမှုရရှိနိုင်ခြင်း ဖြစ်သည်။ ဇာတိပကတိရှေ့တွင် ဖြစ်စေ၊ ဝိညာဉ်တော်၏ရှေ့တွင် ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းကို အမြဲ သိုထားရမည်။ ဤသို့သော သူတစ်ဦးသာ စုံလင်စေခြင်းခံရဖို့ အရည်အချင်းပြည့်မီသည်။ သင်သည် လက်တွေ့ကျသော ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့်ဆိုင်သည့် သိနားလည်မှုရှိပါက- ယင်းမှာ ဤစမ်းသပ်မှုတွင် သင် ခိုင်မာစွာ ရပ်တည်ပါက- သင့်အတွက် မည်သည့်အရာမျှ မဖြစ်နိုင်ဖွယ်ရှိမည်မည် မဟုတ်ပေ။

လူအချို့က၊ “ပညတ်ချက်များသည် စောင့်ထိန်းရန် လွယ်ကူသည်။ သင်သည် ဘုရားသခင်ရှေ့တွင်ရှိချိန်၌ ပွင့်ပွင့်လင်းလင်းနှင့် အလေးအနက် ပြောဆိုဖို့နှင့် မည်သည့်လက်ရိပ်ခြေရိပ်ပြခြင်းမျှ မပြုဖို့သာ လိုသည်။ ဤသည်မှာ ပညတ်ချက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုသည့်အရာ ဖြစ်သည်” ဟု ပြောကြသည်။ ယင်းမှာ မှန်သလော။ သို့ဆိုလျှင် သင်သည် ဘုရားသခင်၏ နောက်ကွယ်တွင် သူ့ကို ဆန့်ကျင်သောအရာ အနည်းငယ် လုပ်ဆောင်ပါက၊ ယင်းမှာ ပညတ်ချက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအဖြစ် မှတ်ယူ၍ ရသလော။ သင်သည် ပညတ်ချက်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်း၌ မည်သည့်အရာပါဝင်သည်ကို အကုန်အစင် သိနားလည်မှု ရှိရမည်။ ယင်းသည် သင့်အနေဖြင့် ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှု ရှိ မရှိဆိုသည်နှင့် ဆက်နွှယ်ပေသည်။ သင်သည် လက်တွေ့ကျခြင်းနှင့်ဆိုင်သည့် သိနားလည်မှုရှိပြီး ဤစမ်းသပ်မှုအတွင်းတွင် ခလုတ်တိုက်ကာ မလဲကျပါက၊ သင်သည် ခိုင်မာသော သက်သေခံချက် ရှိသည်ဟု မှတ်ယူ၍ရပေသည်။ ဘုရားသခင်အတွက် ထူးကဲသည့် သက်သေတစ်ခုကိုသက်သေခံခြင်းသည်၊ သင်က လက်တွေ့ကျသော ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှု ရှိ မရှိဆိုသည်နှင့် သာမန်ဖြစ်သည် သာမက ပုံမှန်လည်းဖြစ်သည့် ဤလူ၏ ရှေ့တွင် သင် ကျိုးနွံနာခံနိုင်ပြီး သေသည်အထိ ကျိုးနွံနာခံနိုင်ခြင်း ရှိ မရှိ ဆိုသည်တို့နှင့် အဓိကအားဖြင့် ဆက်နွှယ်ပေသည်။ ဤကျိုးနွံနာခံခြင်းနည်းလမ်းအားဖြင့်၊ သင်သည် ဘုရားသခင်အတွက် အမှန်တကယ် သက်သေခံပါက၊ ယင်းမှာ သင့်ကို ဘုရားသခင်က ရရှိပြီဟု ဆိုလိုပေသည်။ သင်သည် သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်ပြီး သူ၏ ရှေ့မှောက်တွင် ညည်းညူမှုများ ကင်းနိုင်ပါက၊ အကဲဖြတ်ဝေဖန်မှုများ မပြု၊ အသရေပျက်အောင် လုပ်ကြံပြောဆိုခြင်းမရှိ၊ မည်သည့် အယူအဆမျှမရှိသကဲ့သို့၊ မည်သည့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များမျှ မရှိပါက၊ ဤနည်းလမ်းဖြင့် ဘုရားသခင်သည် ဘုန်းအသရေ ရရှိလိမ့်မည်။ လူက အထင်အမြင်သေးခံရသည့် သာမန်လူတစ်ဦးရှေ့တွင် ကျိုးနွံနာခံခြင်းနှင့် မည်သည့်အယူအဆမျှ မရှိဘဲ သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်ခြင်း- ဤသည်မှာ စစ်မှန်သော သက်သေခံချက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်” မှ

လက်တွေ့တွင်၊ ပညတ်တော်များကို စောင့်ထိန်းခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်နွှယ်နေသင့်ပေသည်။ ပညတ်တော်များကို စောင့်ထိန်းနေစဉ်တွင်၊ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ရမည် ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ၊ ပညတ်တော်များ၏ အခြေခံသဘောတရားများကို ချိုးဖောက်ရမည် မဟုတ်သကဲ့သို့၊ ပညတ်တော်များကို ဆန့်ကျင်ရမည် မဟုတ်ပေ။ သင့်ကို ဘုရားသခင် တောင်းဆိုသည့် မည်သည့်အရာကိုမဆို သင် လုပ်ဆောင်ရမည်။ ပညတ်တော်များကို စောင့်ထိန်းခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် အချင်းချင်းဆက်စပ်မှု ရှိနေသည်၊ ဆန့်ကျင်နေခြင်း မဟုတ်ပေ။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်လေလေ၊ ပညတ်တော်များ၏ အနှစ်သာရကို စောင့်ထိန်းခြင်းကို သင် လုပ်နိုင်စွမ်းရှိလာလေလေ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လေလေ၊ ပညတ်တော်များတွင် ဖော်ပြထားသည့် အတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားလည်လေလေ ဖြစ်လိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပညတ်တော်များကို စောင့်ထိန်းခြင်းတို့သည် ဆန့်ကျင်သော လုပ်ရပ်များမဟုတ်ပေ- ၎င်းတို့သည် အချင်းချင်းဆက်စပ်မှု ရှိလေသည်။ ကနဦးတွင်၊ လူသားသည် ပညတ်တော်များကို စောင့်ထိန်းပြီးမှသာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးမှုကို ရရှိနိုင်သည်၊ သို့သော် ဤသည်မှာ ဘုရားသခင်၏ မူလ ရည်ရွယ်ချက် မဟုတ်ပေ။ သင့်အနေဖြင့် ကောင်းသော အပြုအမူကို ကျင့်ရုံမျှမဟုတ်ဘဲ၊ ဘုရားသခင်ကို စိတ်နှလုံးဖြင့် ကိုးကွယ်ဖို့ ဘုရားသခင် တောင်းဆိုပေသည်။ သို့ရာတွင်၊ သင်သည် ပညတ်တော်များကို အနည်းဆုံး အပေါ်ယံအားဖြင့် စောင့်ထိန်းရမည်။ တဖြည်းဖြည်း၊ အတွေ့အကြုံမှတစ်ဆင့် ဘုရားသခင်နှင့်သက်ဆိုင်သော သာ၍ ရှင်းလင်းသည့် သိနားလည်မှုကို ရရှိပြီးနောက်တွင်၊ လူတို့သည် ဘုရားသခင်အား ပုန်ကန်ခြင်းနှင့် ခုခံခြင်း ရှိတော့မည် မဟုတ်သကဲ့သို့ သူ၏ အမှုနှင့်ပတ်သက်၍ မည်သည့်သံသယမျှ ရှိတော့မည်မဟုတ်ပေ။ ဤသည်မှာ လူတို့အနေဖြင့် ပညတ်တော်များ၏ အနှစ်သာရကို လိုက်နာနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ ပညတ်တော်များကို စောင့်ထိန်းခြင်းမျှသည် ထိရောက်မှုမရှိသကဲ့သို့၊ သင်သည် စစ်မှန်သည့် ဝိညာဉ်အသက်တာ မရရှိသေးသည့်အတွက် ဘုရားသခင်ကို မှန်ကန်သော ကိုးကွယ်ခြင်း မဖြစ်ပေ။ သမ္မာတရားမပါဘဲ ပညတ်တော်များကို စောင့်ထိန်းခြင်းသည် စည်းမျဉ်းများကို တင်းတင်းကျပ်ကျပ် လိုက်နာခြင်းနှင့်သာ ညီမျှပေသည်။ ထိုသို့လုပ်ဆောင်ရာတွင်၊ ပညတ်တော်များသည် အသက်တာတွင် သင့်ကို ကြီးထွားရန် ကူညီမည် မဟုတ်သည့် သင်၏ နိယာမ ဖြစ်လာပေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့သည် သင်၏ဝန်ထုပ်ဖြစ်လာပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော်ကို ဆုံးရှုံးစေလျက်၊ ဓမ္မဟောင်းကျမ်း၏ ပညတ်တရားများ ကဲ့သို့ သင့်ကို တင်းကျပ်စွာ ချုပ်နှောင်ပေမည်။ ထို့ကြောင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ ပညတ်တော်များကို ထိရောက်စွာ သင် စောင့်ထိန်းနိုင်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အလို့ငှာ ပညတ်တော်များကို သင် စောင့်ထိန်းခြင်းဖြစ်သည်။ ပညတ်တော်များကို စောင့်ထိန်းခြင်း ဖြစ်စဉ်တွင်၊ သင်သည် သာ၍များသော သမ္မာတရားများကိုပင် လက်တွေ့လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချိန်တွင် ပညတ်တော်များက အမှန်တကယ် မည်သည့်အရာ ဆိုလိုသည်နှင့်သက်ဆိုင်၍ သာ၍ပင် နက်ရှိုင်းသော သိနားလည်မှုကို သင် ရရှိလိမ့်မည်။ လူသားများ ပညတ်တော်များကို စောင့်ထိန်းဖို့ ဘုရားသခင်၏ တောင်းဆိုမှုနောက်ကွယ်က ရည်ရွယ်ချက်နှင့် အနက်အဓိပ္ပါယ်သည် လူသားစိတ်ကူးနိုင်သကဲ့သို့ စည်းမျဉ်းများကို လိုက်လျှောက်စေဖို့သာ မဟုတ်ပေ။ ယင်းထက်၊ လူသား၏ အသက်ထဲသို့ ဝင်ရောက်ခြင်းနှင့် သက်ဆိုင်ပေသည်။ အသက်၌ သင်၏ ကြီးထွားမှု အတိုင်းအတာသည် ပညတ်တော်များကို သင် စောင့်ထိန်းနိုင်မည့် အတိုင်းအတာကို ချမှတ်ပေး၏။ ပညတ်တော်များသည် လူသား စောင့်ထိန်းရန်အတွက် ဖြစ်သော်လည်း၊ ပညတ်တော်များ၏ အနှစ်သာရမှာ လူသား၏ ဘဝအတွေ့အကြုံမှတစ်ဆင့်သာ ပေါ်လွင်လာပေသည်။ လူအများစုက ပညတ်တော်များကို ကောင်းစွာ စောင့်ထိန်းခြင်းသည် ၎င်းတို့အနေဖြင့် “လုံးဝ အဆင်သင့်ရှိကာ၊ လုပ်ဆောင်ဖို့ ကျန်ရှိသမျှသည် ချီဆောင်ခံရဖို့သာ ဖြစ်သည်” ကို ဆိုလိုသည်ဟု ထင်တတ်ကြသည်။ ဤသည်မှာ လွန်ကဲသော အယူအဆတစ်မျိုး ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီခြင်း မရှိပေ။ ထိုသို့သောအရာများကို ပြောဆိုသောသူတို့သည် တိုးတက်ရန် ဆန္ဒမရှိကြဘဲ ဇာတိပကတိကို တပ်မက်ကြလေသည်။ ယင်းသည် အဓိပ္ပါယ်မရှိပေ။ ယင်းသည် စစ်မှန်မှုနှင့် မကိုက်ညီပေ။ ပညတ်တော်များကို အမှန်တကယ် စောင့်ထိန်းခြင်းမရှိဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရုံမျှ လုပ်ဆောင်ဖို့မှာ ဘုရားသခင်၏ အလိုတော် မဟုတ်ပေ။ ဤသို့ လုပ်ဆောင်သူတို့သည် မသန်စွမ်းသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ခြေထောက်တစ်ဘက် မရှိသည့် လူများကဲ့သို့ ဖြစ်ကြသည်။ သမ္မာတရားကို ပိုင်ဆိုင်ခြင်းမရှိဘဲ၊ စည်းမျဉ်းများကို လိုက်နာနေသည့်အလား ပညတ်တော်များကို စောင့်ထိန်းရုံမျှ စောင့်ထိန်းခြင်း- ဤသည်မှာ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းငှာ တတ်စွမ်းနိုင်ခြင်းလည်း မရှိပေ။ မျက်စိတစ်ဘက် မရှိသောသူများကဲ့သို့၊ ဤအရာ လုပ်ဆောင်သောသူတို့သည်လည်း မသန်မစွမ်းဖြစ်ခြင်း တစ်မျိုးကို ခံစားကြရပေသည်။ သင်သည် ပညတ်တော်များကို ကောင်းစွာစောင့်ထိန်းပြီး လက်တွေ့ကျသော ဘုရားသခင်နှင့်သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခုကို ရရှိပါက၊ သမ္မာတရားကို သင် ပိုင်ဆိုင်လိမ့်မည်ဟု ဆိုနိုင်ပေသည်။ နှိုင်းယှဉ်ပြောဆိုရမည်ဆိုပါက၊ သင်သည် စစ်မှန်သော ဝိညာဉ်အသက်တာကို ရရှိပြီးဖြစ်လိမ့်မည်။ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ပါက၊ ပညတ်တော်များကိုလည်း သင် စောင့်ထိန်းလိမ့်မည် ဖြစ်ပြီး၊ ဤအရာနှစ်ခုသည် အချင်းချင်း ဆန့်ကျင်ခြင်း မရှိပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပညတ်တော်များကို စောင့်ထိန်းခြင်းတို့သည် စနစ်နှစ်ခုဖြစ်သည်၊ ထိုအရာ နှစ်ခုစလုံးသည် လူတစ်ဦး၏ အသက်အတွေ့အကြုံနှင့်ဆိုင်သော တစ်သားတည်းဖြစ်သည့် အစိတ်အပိုင်းများ ဖြစ်သည်။ လူတစ်ဦး၏ အတွေ့အကြုံသည် ပညတ်တော်များကို စောင့်ထိန်းခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့အား ခွဲခြားခြင်းမဟုတ်၊ ပေါင်းစည်းခြင်း အဖြစ် ပါဝင်သင့်ပေသည်။ သို့ရာတွင်၊ ဤအရာနှစ်ခုကြားတွင် ကွဲပြားမှုများနှင့် ဆက်နွှယ်မှုများ နှစ်ခုလုံးရှိလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပညတ်တော်များကို စောင့်ထိန်းခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း” မှ

ဘုရားသခင်က စကားပြောခြင်းနှင့် မိန့်မြွက်ခြင်းတို့ဖြင့် အချိန် ကြာမြင့်စွာ ကုန်လွန်ခြင်းသည် လူအား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် အလွတ်ကျက်မှတ်ခြင်းကို ၎င်း၏အဓိက အလုပ်အဖြစ် စဉ်းစားစေသည်။ လက်တွေ့လုပ်ဆောင်ခြင်းကို မည်သူမျှ အာရုံမစိုက်ကြသကဲ့သို့၊ သင် လိုက်နာသင့်သည့်အရာကို သင် မလိုက်နာပေ။ ဤအရာက သင်တို့၏ အစေခံခြင်းသို့ အခက်အခဲများစွာနှင့် ပြဿနာများစွာ ယူဆောင်လာပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်မီတွင်၊ သင် လိုက်နာစောင့်ထိန်းသင့်သည့်အရာကို လိုက်နာမစောင့်ထိန်းပါက၊ သင်သည် ဘုရားသခင်၏ ရွံရှာမုန်းတီးကာ ငြင်းပယ်ခံရသောသူများထဲမှ တစ်ဦး ဖြစ်သည်။ ဤအလေ့အထများကို လိုက်နာစောင့်ထိန်းရာတွင်၊ သင်သည် စိတ်အားထက်သန်ကာ ရိုးသားစစ်မှန်သင့်သည်။ ယင်းတို့ကို အချုပ်အနှောင်များကဲ့သို့ သင် သဘောမထားသင့်ဘဲ၊ ပညတ်တော်များအဖြစ် ယင်းတို့ကို စောင့်ထိန်းလိုက်နာသင့်ပေသည်။ ယနေ့တွင် မည်သည့် အကျိုးတရားများ ရရှိရမည်ဆိုသည်နှင့်ပတ်သက်၍ စိတ်မဝင်စားနှင့်။ တိုတိုပြောရလျှင် ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ပုံ ဖြစ်ပြီး၊ ပုန်ကန်ပြစ်မှားမူ တစ်ခု ကျုးလွန်သူ မည်သူမဆို အပြစ်ပေးခံရမည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့၏ လက်ရှိ သိနားလည်မှုနှင့် သက်ဆိုင်သည့် ခံစားချက် မရှိသကဲ့သို့ အလေးဂရုပြုခြင်းလည်း မရှိပေ။ အကယ်၍ သင်သည် ဘုရားသခင်ကို ယနေ့တွင် ပုန်ကန်ပြစ်မှားပါက၊ သူသည် သင့်ကို အပြစ်ပေးလိမ့်မည်။ သူ၏ စီရင်ပိုင်ခွင့် နယ်ပယ်အတွင်း သူ့ကို သင် ပုန်ကန်ပြစ်မှားမိပါက၊ သူသည် သင့်ကို ချမ်းသာပေးလိမ့်မည် မဟုတ်။ ယေရှု၏ နှုတ်ကပတ်တော်များကို သင်၏ လိုက်နာ စောင့်ထိန်းမှုတွင် သင် မည်မျှ လေးနက်သည်ကို သူ ဂရုမစိုက်ပေ။ သင့်အနေဖြင့် ဘုရားသခင်၏ ယနေ့ ပညတ်တော်များကို ချိုးဖောက်မိပါက၊ သူသည် သင့်ကို အပြစ်ပေးလိမ့်မည် ဖြစ်ပြီး၊ သင့်ကို သေသည်အထိ စီရင်လိမ့်မည်။ ယင်းတို့ကို သင် မလိုက်နာဖို့သည် အဘယ်သို့ လက်ခံနိုင်စရာ ဖြစ်မည်နည်း။ အနည်းငယ် နာကျင်ခံစားရဖို့ ဖြစ်လျှင်ပင်၊ သင် လိုက်နာစောင့်ထိန်းရမည်။ မည်သည့်ဘာသာတရား၊ မည်သည့်နယ်ပယ်ကဏ္ဍ၊ မည်သည့်တိုင်းနိုင်ငံ၊ သို့မဟုတ် မည်သည့်ဂိုဏ်းဂဏ ဖြစ်ပါစေ၊ အနာဂတ်တွင် ၎င်းတို့အားလုံးသည် ဤအလေ့အထများကို လိုက်နာစောင့်ထိန်းရမည်။ မည်သူမျှ ကင်းလွတ်ခွင့် မရသကဲ့သို့၊ မည်သူကိုမျှ ချမ်းသာပေးမည် မဟုတ်ပေ။ ယင်းတို့သည် ယနေ့တွင် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မည့်အရာများ ဖြစ်ပြီး၊ ယင်းတို့ကို မည်သူမျှ မချိုးဖောက်နိုင်ပေ။ ယင်းတို့သည် ကြီးမြတ်သောအရာများ မဟုတ်သော်လည်း၊ ယင်းတို့သည် ရှင်ပြန်ထမြောက်ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သော ယေရှုက လူသားအတွက် ချမှတ်ထားသော ပညတ်တော်များ ဖြစ်ပြီး ယင်းတို့ကို လူအယောက်တိုင်း လုပ်ဆောင်ရမည်ဖြစ်သည်။ “လမ်းကြောင်း... (၇)” က သင်သည် ဖြောင့်မတ်သောသူ သို့မဟုတ် အပြစ်နှင့်ပြည့်သောသူ ဖြစ် မဖြစ်ဆိုသည့် ယေရှု၏ အနက်ဖွင့်ဆိုချက်သည် ယနေ့ ဘုရားသခင်အပေါ် သင်တို့၏ သဘောထားအပေါ် မူတည်သည်ဟု ပြောသည် မဟုတ်လော။ မည်သူမျှ ဤအချက်ကို လျစ်လျူရှု၍ မရစကောင်းပေ။ ပညတ်တော်ခေတ်တွင်၊ ဖာရိရှဲများ၏ မျိုးဆက် တစ်ဆက်ပြီး နောက်တစ်ဆက်သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည်၊ သို့ရာတွင် ကျေးဇူးတော်ခေတ် ရောက်ရှိခြင်းနှင့်အတူ ၎င်းတို့သည် ယေရှုအား မသိခဲ့ကြဘဲ သူ့ကို ဆန့်ကျင်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့ လုပ်ဆောင်သမျှအားလုံးသည် အရာမရောက်သကဲ့သို့ အချည်းနှီး ဖြစ်ကာ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဘုရားသခင် လက်မခံခဲ့ပေ။ သင်သည် ဤအရာကို ရိပ်စားနိုင်ပါက၊ အလွယ်တကူ အပြစ်ပြုမိမည် မဟုတ်ပေ။ လူများစွာတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်နှင့် နှိုင်းယှဉ်ကောင်း နှိုင်းယှဉ်ကြပေမည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် အရသာမှာ အဘယ်သို့နည်း။ ခါးသလော၊ ချိုသလော။ ဤအရာကို သင် နားလည်သဘောပေါက်သင့်သည်။ သင် မသိသကဲ့သို့ ဟန်မဆောင်နှင့်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူအချို့သည် ယုံကြည်လက်မခံဘဲ ရှိကောင်း ရှိပေမည်။ သို့သော် ယင်းကို စမ်းကြည့်ကာ သိဖို့- မည်ကဲ့သို့ အရသာ ရှိကြောင်း သိဖို့- သင့်ကို ငါ အကြံပေးသည်။ ဤအရာက လူများစွာကို ယင်းနှင့်ပတ်သက်၍ အမြဲ သံသယဖြစ်ခြင်းမှ ကာကွယ်တားဆီးလိမ့်မည် ဖြစ်သည်။ လူများစွာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သူ့ကို တိတ်တဆိတ် ဆန့်ကျင်ကြသည်။ သူ့ကို ဤသို့ဆန့်ကျင်ပြီးနောက်၊ ဓားတစ်စင်းက သင်၏ နှလုံးသားကို မွှေနှောက်သကဲ့သို့ သင် မခံစားရသလော။ အကယ်၍ ယင်းသည် မိသားစုအဆင်မပြေမှု မဟုတ်ပါက၊ ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်ခြင်း သို့မဟုတ် သားများ၊ သမီးများနှင့်ဆိုင်သည့် ဖိစီးမှုဝေဒနာ ဖြစ်သည်။ သင့်အသွေးအသားသည် သေခြင်းမှ လွတ်မြောက်သော်လည်း၊ ဘုရားသခင်၏ လက်သည် သင့်ကို မည်သည့်အခါတွင်မျှ စွန့်ခွာမည်မဟုတ်ပေ။ ယင်းသည် ထိုမျှရိုးရှင်းနိုင်မည်ဟု သင်ထင်သလော။ အထူးသဖြင့် ဘုရားသခင်နှင့် နီးစပ်သော သူများစွာအတွက် ဤအရာကို အာရုံစိုက်ဖို့ သာ၍ပင် လိုအပ်ပေသည်။ အချိန်ကုန်လွန်သည်နှင့်အမျှ၊ ယင်းကို သင် မေ့လျော့လိမ့်မည် ဖြစ်ပြီး၊ နားမလည်လိုက်ဘဲနှင့်၊ စုံစမ်းသွေးဆောင်ခြင်းထဲသို့ သင် ထိုးဆင်းသွားလိမ့်မည် ဖြစ်ပြီး၊ အရာရာတိုင်းကို အလေးဂရုမပြုဘဲ ဖြစ်လာမည်ဖြစ်သကဲ့သို့၊ ဤသည်မှာ သင်၏ အပြစ်ပြုခြင်း အစ ဖြစ်လိမ့်မည်။ ဤအရာသည် သင့်အဖို့ အသေးအမွှား ဖြစ်ပုံရပါသလော။ သင်သည် ဤအရာကို ကောင်းစွာ လုပ်ဆောင်နိုင်ပါက၊ သင်သည် စုံလင်စေခြင်းခံရဖို့- ဆိုလိုသည်မှာ ဘုရားသခင်၏ ရှေ့သို့လာကာ သူကိုယ်တိုင်၏ နှုတ်မှ သူ၏ လမ်းပြမှုကို ရရှိဖို့- အခွင့်အရေး ရှိပေသည်။ အကယ်၍ သင်သည် ဂရုမစိုက်ပါက၊ သင့်အတွက် ဒုက္ခပြဿနာ ရှိလိမ့်မည်- သင်သည် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်လိမ့်မည်၊ သင်၏စကားများနှင့် လုပ်ရပ်များသည် သောက်စားပျော်ပါးခြင်း၌ မွေ့လျော်လိမ့်မည် ဖြစ်ပြီး၊ အနှေးနှင့်အမြန် သင်သည် ဧရာမ မုန်တိုင်းနှင့် ကြီးမားသော လှိုင်းတံပိုးများ၏ သယ်ဆောင်သွားခြင်း ခံရလိမ့်မည်။ သင်တို့ အယောက်တိုင်းသည် ဤပညတ်တော်များကို မှတ်သားထားသင့်သည်။ ယင်းတို့ကို သင်ချိုးဖောက်ပါက၊ ဘုရားသခင်၏ သက်သေပြုခြင်းကို ခံရသောလူသည် သင့်ကို မရှုတ်ချကောင်း မရှုတ်ချနိုင်သော်လည်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်နှင့်ပတ်သက်၍ မပြီးပြတ်သေးသည့် အလုပ်ရှိလိမ့်မည် ဖြစ်ပြီး သူသည် သင့်ကို ချမ်းသာပေးလိမ့်မည် မဟုတ်။ သင်၏ ပုန်ကန်ပြစ်မှားမှု၏ အကျိုးဆက်များကို သင်ခံနိုင်သလော။ ထို့ကြောင့် ဘုရားသခင် မည်သည့် အရာကို ပြောသည်ဖြစ်စေ၊ သူ၏ နှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ပြီး၊ သင်တတ်နိုင်သည့် မည်သည့်နည်းဖြင့်မဆို ယင်းတို့ကို လိုက်နာစောင့်ထိန်းရမည်။ ဤသည်မှာ ရိုးရှင်းသော ကိစ္စရပ် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခေတ်သစ်၏ ပညတ်တော်များ” မှ

အကယ်၍ သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ပါက သူ့အတွက် သင်လုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ရန်မှာ သင့်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရကို သင်မသိပါက သူ့အပေါ် ရိုသေလေးမြတ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ သင်၌ရှိရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ၊ ထိုအရာများအစား အလေးမထားသော ဝတ်ကျေတမ်းကျေပြုမူမှုနှင့် မလိမ့်တပတ် ပြုမူမှုတို့သာ ရှိမည်ဖြစ်သည့်အပြင် ဘုရားသခင်အပေါ် ပြုပြင်၍မရသော စော်ကားမှုသာရှိပေလိမ့်မည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းမှာ အကယ်ပင် အရေးကြီးသော်လည်း၊ ထို့ပြင် ဘုရားသခင်၏ အနှစ်သာရကို သိခြင်းအား လျစ်လျူရှု၍ မရသော်လည်း ဤကိစ္စရပ်များကို မည်သူမျှ စေ့စေ့စပ်စပ် မဆန်းစစ်ဖူးကြ၊ သို့မဟုတ် နှိုက်နှိုက်ချွတ်ချွတ် မစူးစမ်းဖူးကြပေ။ သင်တို့အားလုံးသည် ငါထုတ်ပြန်ထားသော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ထုတ်ဖယ်ခဲ့ကြပြီး ဖြစ်သည်ကို ထင်ထင်ရှားရှားမြင်ရသည်။ အကယ်၍ သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ကြပါက သင်တို့အနေဖြင့် သူ၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားမိကြရန် အလားအလာ အလွန်များလိမ့်မည်။ သူ၏စိတ်နေသဘောထားကို ပုန်ကန် ပြစ်မှားခြင်းသည် ဘုရားသခင်ကိုယ်တိုင်၏ အမျက်ကို သွားဆွသည့် သဘောသက်ရောက်ပြီး ထိုသို့ဖြစ်လျှင် သင့်လုပ်ရပ်များ၏ နောက်ဆုံးအသီး အပွင့်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခြင်းဖြစ် လိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရကို သင်သိပါက သူ၏စိတ်နေ သဘောထားကို သင်နားလည်နိုင်ကြောင်းကိုလည်း ယခုတွင် သင်သဘောပေါက်လောက်ပေပြီ၊ သူ၏စိတ်နေသဘောထားကို သင်နားလည်သောအခါ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကိုလည်း သင်နားလည်ပြီးသား ဖြစ်ပေလိမ့်မည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲ၌ ပါဝင်သောအရာ အများစုသည် ဘုရားသခင်၏ စိတ်နေသဘာထားအကြောင်း အချုပ်အားဖြင့် ပြောပြသည်ကို ပြောစရာပင်မလိုပေ၊ သို့သော်လည်း စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲတွင် သူ၏စိတ်နေသဘောထား အလုံးစုံကို ဖော်ပြထားခြင်းကား မဟုတ်ချေ။ ထို့ကြောင့် ဘုရားသခင်၏ စိတ်နေသဘောထားအပေါ် သင်၏နားလည်ခြင်းကို တိုးတက်စေခြင်း အရာ၌ ဤသည်ထက်ပို၍ လုပ်ဆောင်ရမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏” မှ

ငါပြောထားသော ဝါကျတိုင်းသည် အတွင်း၌ ဘုရားသခင်၏ စိတ်နေသဘောထား ပါဝင်၏။ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို ဂရုတစိုက် ဆင်ခြင်တွေးဆသင့်သည်၊ ထိုသို့ပြုလျှင် ထိုအရာများထံမှ ဧကန်မုချပင် ကြီးစွာအကျိုးခံစားရလိမ့်မည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်သဘောပေါက်ရန်မှာ အလွန်ခက်လှသည်၊ သို့သော်လည်း ဘုရားသခင်၏ စိတ်နေသဘောထားနှင့်ပတ်သက်၍ သင်တို့အားလုံး၌ အနည်းဆုံးအနေဖြင့် နားလည်မှုတစ်ခုခု ရှိကြပြီဟု ငါယုံသည်။ ထိုသို့ဖြစ်လျှင် သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်း မပြုသော အရာများကို ပိုမိုလုပ်ဆောင်ကြ၍ ငါ့အား ပိုမိုပြသကြမည်ဟု ငါမျှော်လင့်သည်။ ထိုသို့ဆိုလျှင် ငါသည် စိတ်ချလက်ချရှိပေလိမ့်မည်။ ဥပမာအားဖြင့် သင်၏နှလုံးသားထဲ၌ ဘုရားသခင်ကို အချိန်တိုင်း သိမ်းထားလော့။ သင်ပြုမူသည့်အခါ သူ၏နှုတ်ကပတ်တော်များအတိုင်း ပြုမူလော့။ အရာရာ၌ သူ၏ရည်ရွယ်ချက်များကို ဖွေရှာပြီး ဘုရားသခင်ကို အရိုအသေတန်စေကာ အရှက်ရစေသော အရာများအား လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်လော့။ သင့်နှလုံးသားထဲရှိ အနာဂတ် လစ်ဟာနေခြင်းကို ဖြည့်ရန် ဘုရားသခင်ကို သင်၏အတွေးထဲ၌ နောက်သို့ပို့ထားခြင်းမျိုး သာ၍ပင် မပြုသင့်ပေ။ သင့်အနေဖြင့် ဤသို့ပြုမည်ဆိုလျှင် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ထို့အတူ အကယ်၍ သင်သည် သင့်ဘဝတစ်လျှောက်တွင် ဘုရားသခင်အပေါ် စော်ကားသော မှတ်ချက်များ၊ သို့မဟုတ် မကျေမနပ်ပြောဆိုချက်များ လုံးဝမပြုပါက၊ ထို့အတူ အကယ်၍ သင်သည် သင့်ဘဝတစ်လျှောက်တွင် သင့်အပေါ် သူတာဝန်ပေးစေခိုင်းထားသည့်အရာအားလုံးကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ပြီး သူ၏နှုတ်ကပတ်တော်အားလုံးကို ကျိုးနွံနာခံနိုင်သည် ဆိုပါက သင်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဖောက်ဖျက်ခြင်းအား ရှောင်ရှားပြီး ဖြစ်လိမ့်မည်။ ဥပမာအားဖြင့် “ကိုယ်တော်သည် ဘုရားသခင်ဖြစ်၏ဟု ကျွန်ုပ်အဘယ်ကြောင့် မထင်ရသနည်း”၊ “ဤနှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်လင်းစေမှုတစ်ခုခုထက် ဘာမျှမပိုဟု ကျွန်ုပ်ထင်သည်”၊ “ကျွန်ုပ်၏အမြင်ကိုပြောရလျှင် ဘုရားသခင်ပြုသမျှမှာ မှန်လှသည်လည်း မဟုတ်ပါ”၊ “ဘုရားသခင်၏ လူ့သဘာဝသည် ကျွန်ုပ်ထက် သာလွန်နေသည်ကား မဟုတ်ပါ”၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ယုံကြည်လက်ခံချင်စရာကို မကောင်းပါ”၊ သို့တည်းမဟုတ် ထိုသို့သော ဝေဖန်သည့် အခြားမှတ်ချက်များကို သင့်အနေဖြင့် ပြောခဲ့ဖူးပါလျှင် သင်၏အပြစ်များကို တိုး၍ဝန်ခံပြီး တိုး၍နောင်တရရန် ငါအလေးအနက်တိုက်တွန်း၏။ ထိုသို့မဟုတ်လျှင် သင်၌ ခွင့်လွှတ်ခြင်းခံရရန် အခွင့်အရေး မည်သည့်အခါမျှ ရှိမည်မဟုတ်ပေ၊ အကြောင်းမှာ သင်သည် လူသားတစ်ယောက်ကို မဟုတ်ဘဲ ဘုရားသခင်ကိုယ်တော်တိုင်ကို ပုန်ကန်ပြစ်မှားသောကြောင့် ဖြစ်သည်။ သင့်အနေဖြင့် လူသားတစ်ယောက်ကို ဝေဖန်နေသည်ဟု ထင်ကောင်း ထင်နေလိမ့်မည်၊ သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်ကမူ ထိုသို့မမှတ်ယူပေ။ သူ၏ဇာတိခန္ဓာကို သင်၏မလေးမစားပြုမူခြင်းသည် သူ့ကို မလေးမစားပြုခြင်းနှင့် တန်းတူညီသည်။ ထိုသို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားမိပြီ မဟုတ်လော။ ဘုရားသခင်၏ ဝိညာဉ်တော်ပြုခဲ့သမျှသော အရာအားလုံးသည် လူ့ဇာတိထဲရှိ သူ၏အမှုကို ကာကွယ်ရန်အလို့ငှာ ပြုခဲ့ခြင်းဖြစ်ပြီး ဤအမှုကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အလို့ငှာ ပြုခဲ့ခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဤအရာကို လျစ်လျူရှုပါလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ လုံးဝအောင်မြင်မည်မဟုတ်သောသူ တစ်ယောက် ဖြစ်သည်ဟု ငါဆို၏။ သင်သည် ဘုရားသခင်၏ အမျက်ဒေါသကို သွားဆွခဲ့သောကြောင့် သင့်ကို သင်ခန်းစာပေးရန်အတွက် ထိုက်တန်သော အပြစ်ဒဏ်ပေးခြင်းကို သူအသုံးပြုပေလိမ့်မည်။

ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းလာခြင်းအရာသည် မပြောပလောက်သော ကိစ္စရပ် မဟုတ်ပေ။ သင့်အနေဖြင့် သူ၏စိတ်နေသဘောထားကို နားလည်ရပေမည်။ ဤနည်းအားဖြင့် သင်သည် တဖြည်းဖြည်း အမှုမဲ့အမှတ်မဲ့နှင့် ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းလာလိမ့်မည်။ ဤအသိတရားကို သင်ရရှိပြီးသည့်အခါ ပို၍ မြင့်မားပြီး ပို၍လှပသော အခြေအနေထဲသို့ သင်ဝင်ရောက်နေသည်ကို တွေ့ရလိမ့်မည်။ အဆုံးတွင် သင်သည် သင်၏အကျည်းတန်သော စိတ်ကို ရှက်လာမည်ဖြစ်သည့်အပြင် သင်၏အရှက်ရခြင်းမှ ပုန်းကွယ်ရန်နေရာ မရှိဟု ခံစားရလိမ့်မည်။ ထိုအချိန်တွင် သင်၏အပြုအမူ၌ ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားသောအရာ ပို၍ပို၍ နည်းလာမည်ဖြစ်ပြီး သင်၏နှလုံးသားသည် ဘုရားသခင်၏ နှလုံးသားနှင့် တိုး၍တိုး၍ နီးကပ်လာမည်ဖြစ်ကာ သူ့ကိုချစ်ခြင်းသည် သင်၏နှလုံးသား ထဲတွင် တဖြည်းဖြည်း ကြီးထွားလာလိမ့်မည်။ ဤသည်မှာ လှပသော အခြေအနေထဲသို့ လူသားမျိုးနွယ် ဝင်ရောက်ခြင်း၏ သင်္ကေတဖြစ်သည်။ သို့သော်လည်း ယခုတိုင် သင်တို့သည် ဤအရာကို မရရှိကြသေးပေ။ သင်တို့အားလုံးသည် သင်တို့၏ကံကြမ္မာအတွက် ပြေးလွှားလုပ်ကိုင် ကြသည့်အားလျော်စွာ ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းရန်အတွက် ကြိုးစားခြင်းအရာ၌ စိတ်ဝင်စားသောသူ မည်သူရှိသနည်း။ ဤသို့ဆက်ဖြစ် နေပါလျှင် သင်တို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အမှုမဲ့အမှတ်မဲ့ ချိုးဖောက်မိကြလိမ့်မည်၊ အကြောင်းမှာ သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မဖြစ်စလောက်မျှသာ နားလည်ကြ သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်တို့ ယခုပြုကြသည့်အရာမှာ ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်းများ၏ အခြေခံအုတ်မြစ်ကို ချနေကြခြင်းပင် မဟုတ်လော။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် သင်တို့ကို ငါတောင်းဆိုခြင်းသည် ငါ၏အမှုနှင့် ဆန့်ကျင်ကွဲလွဲခြင်း မရှိပေ။ အကြောင်းမှာ သင်တို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မကြာမကြာ ချိုးဖောက်နေပါက သင်တို့အထဲမှ မည်သူက အပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်လိမ့်မည်နည်း။ ထိုသို့ဆိုပါက ငါ၏အမှုသည် အချည်းနှီးသက်သက် ဖြစ်နေခဲ့လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်တို့၏ ကိုယ်ပိုင်အပြုအမူကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြရန်အပြင် သင်တို့လှမ်းသော ခြေလှမ်းများကိုပါ သတိထားကြရန် ယခုတိုင် ငါတောင်းဆိုနေခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့အပေါ် ငါပြုသည့် ပို၍မြင့်မားသော တောင်းဆိုချက်ဖြစ်ပြီး သင်တို့အားလုံးသည် ထိုအရာကို ဂရုတစိုက် ဆင်ခြင်သုံးသပ်ကြကာ အလွန်ထက်သန်သော အလေးထားမှု ပြုကြလိမ့်မည်ဟု ငါမျှော်လင့်သည်။ သင်တို့၏လုပ်ရပ်များသည် ငါ့ကို ရှူးရှူးရှားရှား ဒေါသဖြစ်စေသည်အထိ စိတ်လာဆွသည့်နေ့ ရောက်လာပါက အကျိုးဆက်များမှာ သင်တို့ အတွက်သာလျှင် သုံးသပ်ဆင်ခြင်စရာ ဖြစ်လိမ့်မည်၊ ထို့အပြင် သင်တို့ကိုယ်စား အပြစ်ဒဏ်ပေးခြင်းကို ခံပေးမည့် အခြားမည်သူမျှ ရှိလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏” မှ

လူတိုင်းသည် ဘုရားသခင်၌ ယုံကြည်မှုဖြင့် အသက်ရှင်နေထိုင်သည့် ၎င်းတို့၏ အသက်တာ တစ်လျှောက်တွင်၊ ဘုရားသခင်အပေါ် ခုခံပြီး လှည့်စားသည့် အရာများ ပြုပြီးဖြစ်ကြသည်။ အချို့သော မကောင်းမှုများအား ပြစ်မှုအဖြစ် မှတ်သားရန် မလိုသော်လည်း၊ အချို့အရာများသည် ခွင့်လွှတ်နိုင်စရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဖောက်ဖျက်သော ဘုရားသခင်၏ စိတ်သဘောထားကို စော်ကားရာရောက်သော လုပ်ရပ်များစွာ ရှိသောကြောင့်ဖြစ်သည်။ မိမိ၏ကံကြမ္မာအတွက် စိုးရိမ်သူ အများအပြားက ဤလုပ်ရပ်များမှာ အဘယ်နည်းဟု မေးမြန်းနိုင် ကြသည်။ သင်တို့သည် သဘာဝအားဖြင့် မာနကြီးပြီး မောက်မာကာ အမှန်တရားများကို နာခံရန် လိုလိုလားလား မရှိသည်ကို သိသင့်သည်။ ဤအကြောင်းရင်းကြောင့် သင့်ကိုယ်သင် ပြန်လည်သုံးသပ် ပြီးသည့်နောက် နည်းနည်းချင်း ငါပြောပြမည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲမှ ပါဝင်သည့် အကြောင်းအရာကို သင်တို့ ပိုမို နားလည်လာကြစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့ သိရှိအောင် အားထုတ်ရန် ငါ တိုက်တွန်းသည်။ သို့မဟုတ်လျှင် သင်တို့အနေဖြင့်နှုတ်များကို ပိတ်ထားရန်နှင့် လျှာအရိုးမရှိတိုင်း ဟိတ်ဟန်ထွားသောစကားများ လွန်စွာပြောခြင်းကိုတားမြစ်ရန် ခက်ခဲပြီး၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် အလင်း၏ မျက်မှောက်ကို ဆုံးရှုံးရလျက်၊ ဘုရားသခင်၏ စိတ်သဘောထားကို အမှုမဲ့အမှတ်မဲ့ ပြစ်မှားမိကာ အမှောင်ထဲသို့ ကျဆင်းရလိမ့်မည်။ သင်တို့သည် သင်တို့၏ အပြုအမူများ၌ ကိုယ်ကျင့်တရား မကောင်းသောကြောင့်၊ မပြောသင့် မလုပ်သင့်သည့် အရာများကို သင်ပြောမိလုပ်မိသောကြောင့်၊ ထိုက်သင့်သော ဒဏ်ခတ်မှုကို သင်ခံရလိမ့်မည်။ သင်သိသင့်သည့် အချက်မှာ သင်သည် အပြောနှင့်အလုပ်၌ သိက္ခာမဲ့သော်ငြားလည်း၊ ဘုရားသခင်က ထိုကိစ္စရပ်နှစ်ခုစလုံး၌ လွန်စွာသိက္ခာရှိသူဖြစ်သည်။ သင့်ကို ဒဏ်ခတ်ရခြင်း အကြောင်းရင်းမှာလည်း သင်သည် လူသားတစ်ဦးကို စော်ကားမိခဲ့ခြင်း မဟုတ်၊ ဘုရားသခင်ကို စော်ကားမိခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သင့်ဘဝ၌ သင်သည် ဘုရားသခင်၏ စိတ်သဘောထားအား ပြစ်မှားစော်ကားခြင်းကို များစွာ ကျူးလွန်မိလျှင်၊ ငရဲသားဖြစ်ရန် သေချာသည်။ လူသားအတွက် သမ္မာတရားနှင့် မကိုက်ညီသည့် လုပ်ဆောင်ချက် အနည်းငယ်ကိုသာ ကျူးလွန်မိပြီး သည်ထက်မပိုပုံ ရနိုင်သည်။ သို့ရာတွင် ဘုရားသခင်၏ အမြင်၌ သင်သည် သင့်အတွက် အပြစ်ဖြေရာယဇ် မရှိတော့သောသူတစ်ဦး ဖြစ်နှင့်ပြီးသည်ကို သတိပြုမိသလော။ သင်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို တစ်ကြိမ်ထက်ပို ဖောက်ဖျက်ပြီးသည့်အပြင် နောင်တရသည့် အရိပ်လက္ခဏာ မပြခဲ့ခြင်းကြောင့် ဘုရားသခင်က လူသားအား အပြစ်ပေးသည့်ငရဲသို့ သင် ကျဆင်းသွားရမည်မှာ မလွဲဧကန် ဖြစ်သည်။ ဘုရားသခင်၏ နောက်သို့လိုက်စဉ် လူနည်းစုတစ်စုက ကိုယ်ကျင့်တရား ဖောက်ဖျက်သည့် လုပ်ရပ်အချို့ကို ကျူးလွန်မိကြသည်၊ သို့ရာတွင် ကိုင်တွယ်ဖြေရှင်းပြီး၊ လမ်းပြခြင်း ခံရပြီးသည့်နောက်တွင်၎င်းတို့သည် ၎င်းတို့၏ စာရိတ္တပျက်စီးမှုကို တဖြည်းဖြည်း သိမြင်လာကြပြီးနောက် စစ်မှန်မှု လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိလာကာ ယနေ့အထိ ကောင်းကောင်း အသိတရားရှိစွာ ဆက်လက် နေထိုင်သွားကြသည်။ ထိုကဲ့သို့သော လူသားများသည် အဆုံး၌ ကျန်ရှိနေမည့် သူများ ဖြစ်ကြသည်။ သို့သော် ငါရှာဖွေနေသည်မှာ ရိုးသားသူများဖြစ်သည်၊ အကယ်၍ သင်သည် ရိုးသားသူ တစ်ယောက်ဖြစ်ပြီး အခြေခံသဘောတရားအတိုင်း ပြုမူသူဖြစ်လျှင် သင်သည် ဘုရားသခင်၏ လူယုံတော် တစ်ယောက် ဖြစ်နိုင်သည်။ သင်၏ပြုမူချက်များတွင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မပြစ်မှားမိဘဲ၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေကာ ဘုရားသခင်ကို ကြည်ညိုသည့်နှလုံးသား ရှိသူဖြစ်လျှင် သင်၏သက်ဝင်ယုံကြည်မှုသည် စံချိန်မီသည်။ ဘုရားသခင်ကို မကြည်ညိုဘဲ၊ ကြောက်ရွံ့တုန်လှုပ်သည့် စိတ်နှလုံးမရှိသူ မည်သူမဆိုသည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အလွယ်တကူ ချိုးဖောက်ဖြစ်လိမ့်မည်။ လူအများအပြားက ၎င်းတို့၏စိတ်အားထက်သန်မှု အင်အားကြောင့် ဘုရားသခင်ထံတွင် အစေခံကြသော်လည်း၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို နားမလည်ကြဘဲ၊ သူ၏ နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်ပြောဆိုမှုကို အရိပ်အမြွက်မျှ သိနားလည်ဖို့ သာ၍ နည်းပါးနေသေးသည်။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်ကောင်းများဖြင့် အဆုံး၌ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မကြာခဏ နှောင့်ယှက်တတ်သည့် အရာများလုပ်ဆောင်ကြပေသည်။ ပြင်းထန်ဆိုးရွားသော ကိစ္စများ၌ ထိုသူတို့ကိုဖယ်ရှားပြီး ဘုရားသခင်၏နောက်သို့ထပ်မံ လိုက်ပါ ခွင့်မပြုတော့ဘဲ၊ အဆုံး၌ ဘုရားသခင်၏ အိမ်တော်နှင့် ဆက်နွှယ်မှု အားလုံးတို့ကို ဖြတ်တောက်ကာ ငရဲသို့ပစ်ချခံရသည်။ ဤလူများသည် ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့၏ မသိနားမလည်သော ရည်ရွယ်ချက်ကောင်းများ၏ ခွန်အားဖြင့် လုပ်ကိုင်ကြပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဒေါသဖြစ်စေခြင်းဖြင့် အဆုံးသတ်ကြ၏။ လူတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ၎င်းတို့၏အကြီးအကဲများနှင့် သခင်များကို အလုပ်အကျွေး ပြုပုံများ ယူဆောင်လာပြီး၊ ဤနေရာ၌ ၎င်းတို့ကို သက်သောင့်သက်သာ အလွယ်ကလေးနှင့် အသုံးချနိုင်မည်ဟု အချည်းနှီးတွေးထင်ကြကာ ထည့်သွင်း လုပ်ဆောင်ရန် ကြိုးပမ်းကြသည်။ ဘုရားသခင်ထံတွင် သိုး၏ စိတ်သဘောထားမရှိဘဲ၊ ခြင်္သေ့၏ စိတ်သဘောထားသာ ရှိသည်ကို ထိုသူတို့ မည်သည့်အခါမျှ မတွေးမိခဲ့ကြပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပထမဦးဆုံး ပတ်သက်သူများသည် ဘုရားသခင်နှင့် ဆက်သွယ်ပြောဆို၍ မရနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှလုံးသားသည် လူသား၏နှလုံးသားနှင့် မတူသောကြောင့်ဖြစ်သည်။ သမ္မာတရား များစွာကို သင်နားလည်ပြီးသည့် နောက်မှသာ ဘုရားသခင် အကြောင်းကို သင် အဆက်မပြတ် သိနိုင်လာလိမ့်မည်။ ဤအသိသည် စကား အသုံးအနှုန်းများ၊ အယူဝါဒများတို့ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ၊ ဘုရားသခင်က သင့်ကို ကျေနပ်ပီတိဖြစ်သည့် သက်သေ အဖြစ်လည်းကောင်း၊ ဘုရားသခင် ထံပါးသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်နိုင်ခြင်းအတွက် ရတနာတစ်ပါး အနေဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ သင့်ထံတွင် လက်တွေ့ကျသော အသိမရှိ၊ သမ္မာတရားနှင့် ပြည့်စုံခြင်းလည်း မရှိပါက၊ သင်၏ ပြင်းပြသော အစေခံမှုသည် သင့်ထံသို့ ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ရွံရှာမှုတို့သာ ယူဆောင်လာ ပေးနိုင်သည်။ ယခုဆိုလျှင် ဘုရားသခင်အား ယုံကြည်ခြင်းသည် ဓမ္မပညာကို လေ့လာခြင်းသက်သက် မဟုတ်ကြောင်း ကို သင် သိရှိပြီးလောက်ပြီ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်” မှ

အရှေ့သို့- ၁၅၉။ ဘုရားသခင်၏ စီစဉ်ညွှန်းကြားမှုနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၆၁။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူကို နာခံခြင်းနှင့် သက်ဆိုင်သည့် အခြေခံ သဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်