၁၃။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိခြင်းနှင့်ဆိုင်သော အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအား နားလည်ရန် သင်၏ စိတ်နှလုံးထဲက တောင့်တမှုတစ်ခုဖြင့် ဖတ်ရှုကာ ချင့်ချိန်စဉ်းစားပြီး၊ ဘုရားသခင်ထံ အမှန်တကယ် ဆုတောင်းကာ သူနှင့် မိတ်သဟာယပြုဖို့ လိုအပ်ပေသည်။

(၂) ရိုးသားသော လူတစ်ဦးဖြစ်ဖို့ ကြိုးစားလော့၊ မိမိကိုယ်ကိုယ် ဘုရားသခင်အတွက် စစ်မှန်စွာ အသုံးပြုရန် တတ်နိုင်ပြီး၊ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သင်၏ တာဝန်ကို ကောင်းမွန်စွာ လုပ်ဖို့ အစွမ်းကုန် လုပ်ဆောင်လော့။

(၃) သင်၏ အပြစ်ဒုစရိုက်များနှင့် သင့်အထဲတွင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးခြင်းတို့နှင့်ပတ်သက်၍ မကြာခဏ သုံးသပ်ဆင်ခြင်လော့။ ယင်းတို့ကို သမ္မာတရားနင့် ဖြေရှင်းဖို့ ကြိုးစားကာ ဘုရားသခင်ထံ စစ်မှန်သော ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်း ပူဇော်လော့။

(၄) ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ လိုအပ်သည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်နှင့်သက်ဆိုင်၍ အယူအဆများရှိသည့်အခါ သို့မဟုတ် သူ့ကို မနာခံသည့်အခါ၊ ၎င်းတို့သည် ပြဿနာကို ဖြေရှင်းပြီး စစ်မှန်ရိုးသားစွာ နောင်တရဖို့ သမ္မာတရားကို ရှာဖွသင့်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏အမှုမှာ သူ၏ နှုတ်ကပတ်တော်များ မှတစ်ဆင့် သင့်ကို ထောက်ပံ့ပေးဖို့ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များကို သင်နာခံပြီး လက်ခံသောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ဧကန်အမှန် အမှုပြုလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါပြောသည့်အတိုင်း တစ်သဝေမတိမ်း အမှုပြုသည်။ ငါပြောထားသည့် အတိုင်း လုပ်ဆောင်လော့၊ ထိုအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ မဆိုင်းမတွ အမှုပြုလိမ့်မည်။ သင်တို့ မြင်တွေ့ရန်အတွက် အလင်းသစ်ကို ငါစေလွှတ်ကာ၊ ပစ္စုပ္ပန်၏ အလင်းထဲသို့ သင်တို့ကို ငါခေါ်ဆောင်နေပြီး၊ ဤအလင်းထဲသို့ သင်လှမ်းဝင်လာသောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ချက်ချင်းအမှုပြုလိမ့်မည်။ “သင်ပြောတဲ့အတိုင်း ငါလုပ်ဆောင်မည် မဟုတ်။” ဟု ပြောပြီး ဆိုဆုံးမရ ခက်ကောင်းခက်နိုင်သောသူ အချို့ရှိသည်။ ထိုကိစ္စမျိုးတွင် သင် ယခု လမ်းဆုံးသို့ ရောက်နေပြီ၊ သင်သည် သွေ့ခြောက်နေပြီး နောက်ထပ် အသက်မရှိတော့ဟု သင့်ကို ငါပြောသည်။ ထို့ကြောင့် သင်၏ စိတ်သဘောထား ပြောင်းလဲလာသည်ကို တွေ့ကြုံရာ၌ ပစ္စုပ္ပန်ကာလ၏ အလင်းကို မီအောင်လိုက်ခြင်းထက် မည်သည့်အရာမျှ ပိုအရေးပါသည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် အသုံးပြုခြင်းခံရသည့် လူအချို့၌သာ အလုပ်မလုပ်သည်သာမက၊ ထို့ထက်ပို၍ အသင်းတော်၌ အလုပ်လုပ်သည်။ သူသည် မည်သူ့အထဲ၌မဆို အလုပ်လုပ်နေနိုင်သည်။ သူသည် ပစ္စုပ္ပန်ကာလ၌ သင့်အထဲမှာ အလုပ်လုပ်ကောင်း လုပ်လိမ့်မည်ဖြစ်ပြီး ဤအမှုကို သင်တွေ့ကြုံရလိမ့်မည်။ နောက်ထပ်ကာလအတွင်း၌ သူသည် အခြားလူတစ်ယောက်အထဲ၌ အလုပ်လုပ်ကောင်းလုပ်နိုင်ပြီး၊ ထိုအခြေအနေတွင် သင်မြန်မြန်လိုက်ရမည်။ ပစ္စုပ္ပန်ကာလ၏ အလင်းကို သင် ပို၍နီးကပ်စွာ လိုက်လေလေ၊ သင်၏အသက်တာ ပို၍ ကြီးထွားနိုင်လေလေ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်ပုဂ္ဂိုလ်အမျိုးအစား ဖြစ်ပါစေ၊ သူ့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပါက သင်လိုက်ရမည်။ သူတို့၏ အတွေ့အကြုံများကို သင့်အတွေ့အကြုံများမှတစ်ဆင့် ခံစားလော့၊ ထိုအခါ သင်သည် ပို၍ပင် အဆင့်မြင့်သော အရာများကို ရရှိလိမ့်မည်။ ထိုသို့လုပ်ခြင်းဖြင့် သင်သည် ပိုမိုလျင်မြန်စွာ တိုးတက်လာလိမ့်မည်။ ဤသည်မှာ လူသားအတွက် စုံလင်ခြင်း၏ လမ်းကြောင်းဖြစ်ပြီး အသက်တာ ကြီးထွားသည့် နည်းလမ်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်” မှ

ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို ရှာဖွေ၍ တန်ဖိုးထားသူများတွင် အလုပ်လုပ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် တန်ဖိုးထားလေလေ၊ သူ၏ဝိညာဉ်တော်က သင်၌ လုပ်ဆောင်လေလေ ဖြစ်မည်။ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားလေလေ၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရရန် အခွင့်များလေလေ ဖြစ်သည်။ ဘုရားသခင်သည် သူ့အား အမှန်တကယ် ချစ်မြတ်နိုးသူများကို စုံလင်စေပြီး၊ သူ၏ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းသော နှလုံးသားရှိသူများကို သူစုံလင်စေသည်။ ဘုရားသခင်၏ အလုပ်အားလုံးကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ တည်ရှိနေမှုကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်အတွက် စစ်မှန်မှုနှင့် သင့်အသက်အတွက် ထောက်ပံ့ပေးခြင်း ဖြစ်လာပုံကို တန်ဖိုးထားခြင်း- ၎င်းတို့အားလုံးသည် ဘုရားသခင်၏ စိတ်တော်နှင့် အတွေ့ဆုံး ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အမှုတော်ကို တန်ဖိုးထားလျှင်၊ ဆိုလိုသည်မှာ၊ သင့်အတွက် ဘုရားသခင် လုပ်ဆောင် ပေးခဲ့သမျှ အလုပ်ကို တန်ဖိုးထားလျှင်၊ သူသည် သင့်အား ကောင်းချီးပေး၍ သင်၌ ရှိသမျှကို ဆထက်တန်ဖိုး တိုးပွားစေလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးမထားလျှင်၊ သူသည် သင်၌ အလုပ်မလုပ်ဘဲ၊ သင်၏ယုံကြည်ခြင်းအတွက် အနည်းငယ်သော ကျေးဇူးတော်ကိုချပေးခြင်း၊ သို့မဟုတ် အနည်းငယ်သော ဥစ္စာပစ္စည်းကြွယ်ဝမှုကို ကောင်းချီး ပေးခြင်း၊ သို့မဟုတ် သင့်မိသားစုအား အနည်းငယ်သော လုံခြုံခြင်းကိုသာ ပေးလိမ့်မည်။ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရုံလောက်သာ မလုပ်ဆောင်သင့်ဘဲ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်၏ စစ်မှန်မှု ဖြစ်စေ၍၊ သူ့ကို ကျေနပ်စေနိုင်ပြီး သူ၏စိတ်တော်နှင့် တွေ့နိုင်ရန် ကြိုးစားသင့်သည်။ ယုံကြည်သူများအဖို့ ဘုရားသခင်၏အလုပ်ကို လက်ခံရရှိရန်၊ စုံလင်ခြင်းကို ရရှိရန်နှင့် ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်သူ တစ်ဦးဖြစ်ရန်ထက် ပို၍အရေးကြီးသည့်အရာမရှိပေ။ ထိုအရာသည် သင်လိုက်လျှောက်သင့်သည့် ပန်းတိုင်ပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်” မှ

သန့်ရှင်းသောဝိညာဉ်တော်သည် ဤအခြေခံသဘောတရားအားဖြင့် အမှုပြု၏- လူတို့၏ ပူးပေါင်းဆောင်ရွက်မှတစ်ဆင့်၊ ၎င်းတို့ တက်ကြွစွာ ဆုတောင်းခြင်း၊ ဘုရားသခင်ကို ရှာဖွေခြင်းနှင့် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်ခြင်း တို့မှတစ်ဆင့်၊ ရလဒ်များကို ရရှိနိုင်ပြီး ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရကာ အလင်းပေးခြင်း ခံရနိုင်ပေသည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ဖက်သတ် လုပ်ဆောင်သည် သို့မဟုတ် လူသားက တစ်ဖက်သတ် လုပ်ဆောင်သည် မဟုတ်ပေ။ နှစ်ဦးလုံးသည် မရှိမဖြစ်ဖြစ်ပြီး၊ လူတို့က ပူးပေါင်းဆောင်ရွက်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်သက်ဆိုင်သည့် စံချိန်စံနှုန်းများကို ရရှိရန် အားထုတ်လေလေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က သာ၍ ကြီးမားလေလေ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အပြင်၊ လူတို့၏ စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုသည်သာ၊ စစ်မှန်သော အတွေ့အကြုံများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် ထိရောက်သော အသိပညာကို ဖြစ်ပေါ်စေနိုင်ပေသည်။ တဖြည်းဖြည်းနှင့်၊ ဤနည်းလမ်းဖြင့် တွေ့ကြုံခြင်းမှတစ်ဆင့်၊ နောက်ဆုံးတွင် စုံလင်သည့် လူတစ်ဦး ထွက်ပေါ်၏။ ဘုရားသခင်သည် သဘာဝလွန်ကဲသည့် အရာများကို မလုပ်ဆောင်ပေ- လူတို့၏အယူအဆများတွင် ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး၊ အရာအားလုံးကို ဘုရားသခင် လုပ်ဆောင်သည်— အကျိုးဆက်အနေဖြင့် လူတို့သည် မလှုပ်မယှက် စောင့်ဆိုင်းကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုကြချေ၊ သို့မဟုတ် ဆုတောင်းခြင်း မရှိကြချေ၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏တို့ထိမှုကို စောင့်ရုံမျှ စောင့်ကြလေသည်။ သို့သော် မှန်ကန်သော သိနားလည်မှုရှိသူများက ဆက်လက်ဖော်ပြပါအရာကို ယုံကြည်ကြသည်- ဘုရားသခင်၏ လုပ်ဆောင်မှုများသည် ကျွန်ုပ် ပူးပေါင်းဆောင်ရွက်သလောက်အထိသာ သွားပြီး၊ ကျွန်ုပ်အထဲ၌ ဘုရားသခင်၏အမှု သက်ရောက်မှုသည် ကျွန်ုပ် မည်သို့ပူးပေါင်းဆောင်ရွက်သည် ဆိုသည့်အပေါ် တည်မှီသည်။ ဘုရားသခင်က စကားပြောဆိုသည့်အခါတွင်၊ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရှာဖွေရန် တတ်နိုင်သမျှ လုပ်ဆောင်သင့်ပြီး ရှေ့ဆက်ကြိုးပမ်းသင့်သည်။ ဤသည်ကား ကျွန်ုပ် စွမ်းဆောင် ရရှိသင့်သည့် အရာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့အရှိတရားကို သိရှိပုံ” မှ

ဘုရားသခင်၏ လူသားများကို စုံလင်စေခြင်းတွင် စည်းကမ်းတစ်ခု ရှိသည်။ ယင်းက သင်၌ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း တစ်ခုရှိပြီး သင့်ကို အပျက်သဘောဆောင်သော အခြေအနေများက ခွဲထုတ်နိုင်ရန်၊ သူသည် သင်၏နှစ်လိုဖွယ်ရာ ကောင်းသောအပိုင်းကို အသုံးပြုလျက်၊ သင်၏ ဝိညာဉ်ကို လွတ်မြောက်မှု ရရှိစေကာ၊ သင့်အား သူ့ကို ပိုချစ်နိုင်အောင် ပြုလုပ်၍ သင့်ကို အသိဉာဏ်ပွင့်လင်းစေခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်မည်ဖြစ်သည်။ သင်သည် ရိုးစင်းပြီး ပွင့်လင်းသည်၊ မိမိကိုယ်မိမိသိရန် လိုလားပြီး သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်လိုသည်။ ဘုရားသခင်သည် သင့်ကို မုချဧကန် ကောင်းချီးပေးလိမ့်မည်၊ ထို့ကြောင့် သင်သည် အားနည်းကာ အပျက်သဘော ဆောင်သောအခါများတွင် သင့်ကိုယ်သင် သာ၍ သိမြင်လာရန်၊ သင့်အတွက်သင် အပြစ်ဝန်ခံရေးအတွက် ပိုမိုလိုလားရန်နှင့် သင်လက်တွေ့လုပ်ဆောင်သင့်သည့် အရာများကို သာ၍ လက်တွေ့လုပ်ဆောင်နိုင်ရန် ကူညီလျက်၊ ဘုရားသခင်သည် သင့်အား ဉာဏ်အလင်း နှစ်ဆပေးသည်။ ဤနည်းအားဖြင့်သာ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်း၍ သက်သာရာရမည် ဖြစ်သည်။ ဘုရားသခင်ကို သိမြင်ရန် သာမန်အားဖြင့် အလေးဂရုပြုသောသူ၊ မိမိကိုယ်ကိုယ် သိမြင်ရန် အလေးဂရုပြုသောသူနှင့် မိမိ၏ လက်တွေ့လုပ်ဆောင်မှုကို အလေးဂရုပြုသောသူသည် ဘုရားသခင်၏ အလုပ်ကို မကြာခဏ လက်ခံရရှိနိုင်မည့်အပြင် ကိုယ်တော်၏လမ်းပြမှုနှင့် ဉာဏ်အလင်းပေးမှုကိုလည်း မကြာခဏ ရရှိနိုင်ပေမည်။ ထိုကဲ့သို့သောသူသည် အပျက်သဘောဆောင်သော အခြေအနေတစ်ရပ်တွင် ရှိသော်လည်း၊ သူသည် အသိစိတ်၏ လုပ်ဆောင်မှုကြောင့်ဖြစ်စေ၊ ဘုရားသခင်နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့်ဖြစ်စေ၊ အမှုအရာများကို ချက်ချင်းပင် ပြောင်းလဲနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်” မှ

သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တွင် ယင်း၏ အခြေခံသဘောတရားများရှိပြီး၊ ယင်းမှာ အခြေအနေအပေါ်တွင် မူတည်သည်။ မည်ကဲ့သို့သော လူအမျိုးအစားထဲတွင် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သနည်း။ လူတစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန် မည်သည့်အရာကို ပိုင်ဆိုင်ထားရမည်နည်း။ လူတစ်ဦး၏ ယုံကြည်ချက်တွင် သူသည် အနည်းဆုံး အသိစိတ်နှင့် ရိုးသားဖြောင့်မတ်သောစိတ်နှလုံး ရှိရမည်ဟူသည်ကို ရှင်းလင်းစွာ နားလည်ထားရမည်။ သင်၌ ရိုးသားဖြောင့်မတ်သော စိတ်နှလုံးအပြင်၊ လူ့သဘောသဘာဝတွင် ရှိရမည့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောအခါမှသာ သန့်ရှင်းသောဝိညာဉ်တော်က သင့်အပေါ်တွင် အလုပ်လုပ်နိုင်မည်။ လူတို့က ဘုရားသခင်သည် လူတစ်ဦး၏ စိတ်နှလုံးထဲသို့ နက်ရှိုင်းစွာ ကြည့်ရှုပြီး အရာရာကို စောင့်ကြည့်လေ့လာသည်ဟု အမြဲ ပြောကြသည်။ သို့သော်၊ အချို့က သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းကို မည်သည့်အခါတွင်မျှ အဘယ်ကြောင့် မခံစားရသည်၊ ကျေးဇူးတော်ကို ၎င်းတို့ အဘယ်ကြောင့် လုံးဝ မရရှိကြသည်၊ ဝမ်းမြောက်မှုကို ၎င်းတို့ အဘယ်ကြောင့် လုံးဝ မရှိကြသည်၊ အဘယ်ကြောင့် အမြဲ အပျက်သဘောဆောင်ပြီး ဝမ်းနည်းညှိုးငယ်နေသည် ဆိုသည်နှင့် ၎င်းတို့အနေဖြင့် အဘယ်ကြောင့် အပြုသဘောဆောင်နိုင်စွမ်း မရှိသည်ကို လူတို့သည် လုံးဝ မသိကြပေ။ ၎င်းတို့၏ဖြစ်တည်မှု အခြေအနေများကို တစ်ချက်ကြည့်လော့။ ဤလူတစ်ဦးစီတိုင်းသည် အသုံးပြုနိုင်သည့် အသိစိတ် သို့မဟုတ် ရိုးသားသော စိတ်နှလုံးတစ်ခု မရှိကြသည်ကို သင့်အား ငါ အာမခံသည်။ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိသူများ၊ မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်းတွင် အမြဲတက်ကြွပြီး တိုးတက်နေသူများ၊ တစ်စုံတစ်ရာကို အမြဲရရှိသူများ၊ သိနားလည်မှု အမြဲရှိသူများနှင့် အချိန်ကာလတစ်ခုကြာပြီးနောက် ၎င်းတို့၏ အားထုတ်မှုများမှ တစ်စုံတစ်ရာ အမြဲရရှိသူများ- ၎င်းတို့ရရှိသည့်အရာကို ၎င်းတို့၏စိတ်ကူးထင်မြင်မှုအားဖြင့် ရရှိခြင်းလော။ ထိုအရာများကို စာအုပ်များ လေ့လာ့ခြင်းမှ သင်ယူရသလော။ ယင်းတို့ကို မည်သို့ရရှိသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ဖယ်ရှားခံရနိုင်သလော။ (မခံရနိုင်ပါ။) သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် အဓိကအရာ ဖြစ်သည်။ မိမိ၏လူ့သဘာဝနှင့်သက်ဆိုင်သည့် မရှိမဖြစ်ထားရှိရမည့် လိုအပ်ချက်များဖြစ်သော ရိုးသားသည့် စိတ်နှလုံးတစ်ခု၊ အသိတရားနှင့် ဆင်ခြင်တုံတရားတို့ကို သင်ပိုင်ဆိုင်သည့်အခါ၊ ဘုရားသခင်သည် သင့်ကို စောင့်ကြည့်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့်ပုံစံကို သင်တို့ သဘောပေါက်ကြပြီလော။ သန့်ရှင်းသောဝိညာဉ်တော်သည် စိတ်နှလုံး ရိုးသားဖြောင့်မတ်သော သူတို့အပေါ်တွင် သာမန်အားဖြင့် အလုပ်လုပ်ကာ၊ သူသည် လူတို့ဒုက္ခရောက်ပြီး သမ္မာတရားကို ရှာဖွေနေသောအခါ အလုပ်လုပ်သည်။ ဘုရားသခင်သည် လူသား၏ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား တစ်စက်မျှမရှိသောသူများကို အရေးစိုက်လိမ့်မည်မဟုတ်ပေ။ တစ်စုံတစ်ဦးသည် အလွန်ရိုးသားသော်လည်း သူ၏စိတ်နှလုံးသည် အချိန်ကာလတစ်ခုကြာ ဘုရားသခင်ကို ကျောခိုင်းထားပါက၊ သူ၌ တိုးတက်ဖို့ ဆန္ဒမရှိ၊ အပျက်သဘောဆောင်သော အခြေအနေထဲသို့ ကျဆင်းပြီး ယင်းမှ သူမထွက်လာပါက၊ သူ၏အခြေအနေကို ဖြေရှင်းဖို့ ဆုမတောင်းသောအခါ၊ သို့မဟုတ် သမ္မာတရားကို မရှာဖွေသောအခါ၊ ထို့အပြင် သူသည် ပူးပေါင်းမလုပ်ဆောင်သောအခါ၊ ထိုသို့သော အခါအားလျော်စွာ မှောင်မည်းလာနေသည့် သူ၏အခြေအနေအတွင်းတွင်၊ သို့မဟုတ် သူ၏ယာယီဆုတ်ယုတ်လာမှုအတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်လိမ့်မည်မဟုတ်။ သို့ဆိုလျှင် လူ့သဘာဝနှင့်ဆိုင်သော အသိမရှိသည့် တစ်စုံတစ်ဦးတွင် သန့်ရှင်းသော ဝိညာဉ်တော်က အဘယ်သို့ အလုပ်လုပ်နိုင်မည်နည်း။ ဤသည်မှာ သာ၍ပင် မဖြစ်နိုင်ပေ။ သို့ဆိုလျှင် ဤလူတို့သည် မည်သည့်အရာ လုပ်သင့်သနည်း။ သူတို့သည် အမှန်တကယ် နောင်တရရမည်။ ပထမအနေဖြင့် သင့်စိတ်နှလုံးက ဘုရားသခင်ထံ ဖွင့်ဟရမည်ဖြစ်ပြီး ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရားကို သင်နားလည်သည်နှင့်တစ်ပြိုင်နက် ယင်းကို သင် လက်တွေ့ကျင့်သုံးနိုင်မည်။ ထို့နောက် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို နာခံနိုင်ပြီး သင့်ကို တာဝန်ယူစောင့်ရှောက်ရန် ဘုရားသခင်ကို အခွင့်ပေးနိုင်မည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်၏ ချီးမွမ်းခြင်းကို သင်ခံရလိမ့်မည်။ သင်သည် ဦးစွာ သင်၌ရှိသော မာန်မာနနှင့် ပကာသနကို ဘေးဖယ်ပြီး သင့်ကိုယ်ပိုင်အကျိုးအမြတ်များကို စွန့်လွှတ်ရမည်။ ထို့နောက်တွင် သင့်ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်တစ်ခုလုံးကို သင့်တာဝန်အပေါ်နှင့် ဘုရားသခင်ကို သက်သေခံခြင်းအလုပ်အပေါ်တွင် ထားရှိလော့။ သင်သည် ဦးစွာ မိမိကိုယ်ကိုယ် အညံ့ခံကာ၊ ဘုရားသခင်ထံ သင့်စိတ်နှလုံးကို ဖွင့်ဟပြီး သင် မြတ်နိုးတန်ဖိုးထားသော အရာများကို ဘေးဖယ်ထားရမည်။ ဘုရားသခင်အား ပန်ကြားချက်များ ပြုလုပ်နေစဉ် ထိုအရာများကို သင် ဆက်လက်ဆုပ်ကိုင်ထားလျှင် သန့်ရှင်းသောဝိညာဥ်တော်၏ အလုပ်ကို သင် ရရှိနိုင်လိမ့်မည်လော။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မှာ အခြေအနေပေါ်တွင် မူတည်ပြီးလျှင်၊ ဘုရားသခင်သည် မကောင်းမှုကို မုန်းပြီး သန့်ရှင်းသော ဘုရားသခင်ဖြစ်သည်။ အကယ်၍ လူတို့သည် ဤအရာများကို အမြဲဖက်တွယ်ထားကာ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံမှ အစဉ်အမြဲ ပိတ်ဆို့ထားပြီး ဘုရားသခင်၏ အလုပ်နှင့် လမ်းညွှန်မှုကို ငြင်းပယ်နေပါက ဘုရားသခင်သည် သူတို့အပေါ် အလုပ်ဆက်လုပ်မည်မဟုတ်ပေ။ ထို့နောက် သင့်ကို ဘုရားသခင် မည်သို့ လမ်းပြသည်ကို ကြည့်လော့၊ သင့်အတွင်းတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ထွက်ပေါ်လာခြင်း ရှိမရှိ၊ သင်၌ ဤအတည်ပြုချက် ရှိခြင်း ရှိမရှိကို ကြည့်လော့။ သင်သည် ပထမဦးဆုံး စစ်မှန်စွာ နောင်တရရမည်၊ လူတိုင်းအတွင်းတွင် ဘုရားသခင် အမှုပြုရမည် သို့မဟုတ် သူသည် ဤအရာ၊ ထိုအရာ လုပ်ဆောင်ဖို့ သင့်ကို အတင်းအကျပ်ပြုလိမ့်မည်ဟူ၍ မဟုတ်ပေ။ သူသည် သင့်ကို အတင်းအကျပ် မလုပ်ခိုင်ပေ။ နတ်ဆိုးများ၏ အလုပ်သည် လူသားများကို ဤအရာ၊ ထိုအရာ လုပ်ဆောင်ဖို့ အတင်းအကျပ်ပြုရန်ဖြစ်ပြီး လူတို့ကို ဝင်ပူးပြီး ထိန်းချုပ်ရန်ပင် ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် အထူးသဖြင့် ညင်သာစွာ အလုပ်လုပ်၏။ သူသည် သင့်ကို တို့ထိပြီး ယင်းကို သင် မခံစားရပေ။ သင်သည် မရည်ရွယ်ဘဲ တစ်စုံတစ်ရာကို နားလည်လာပြီးဖြစ်သည့်အလား သို့မဟုတ် သဘောပေါက်လာပြီးဖြစ်သည့်အလား တကယ်ကို ခံစားရ၏။ ဤသည်မှာ လူတို့ကို သန့်ရှင်းသော ဝိညာဉ်တော် တို့ထိပုံဖြစ်ပြီး ၎င်းတို့ ကျိုးနွံနာခံပါက၊ အမှန်တကယ် နောင်တရနိုင်ကြသည်ကို ၎င်းတို့ မိမိတို့ကိုယ်ကိုယ် တွေ့ရှိရလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်” မှ

သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခံရခြင်းကို သင်မည်သို့ ရှာဖွေသနည်း။ အရေးကြီးသည့်အရာမှာ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်ထဲ၌ အသက်ရှင်ရန်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်ပေါ်တွင် ဆုတောင်းရန် ဖြစ်သည်။ ဤနည်းဖြင့် ဆုတောင်းရာတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား တို့ထိမည်မှာ သေချာသည်။ အကယ်၍ သင်သည် ဘုရားသခင် ယနေ့ပြောဆိုသော နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ထဲက အခြေခံအကြောင်းရင်းဖြင့် မရှာဖွေပါက၊ ဤသည်မှာ အချည်းနှီးဖြစ်သည်။ သင်ဆုတောင်းသင့်ပြီး၊ “အို ဘုရားသခင်။ ကျွန်ုပ် ကိုယ်တော့်ကို ဆန့်ကျင်မိပြီး၊ ကျွန်ုပ် ကိုယ်တော့်ကို များစွာကြွေးတင်ပါပြီ။ ကျွန်ုပ်သည် အလွန် မနာခံတတ်သကဲ့သို့ ကိုယ်တော့်ကို မည်သည့်အခါမျှ မကျေနပ်စေနိုင်ပါ။ အို ဘုရားသခင်၊ ကျွန်ုပ်အား ကိုယ်တော် ကယ်တင်ရန် ဆန္ဒပြုပါ၏၊ ကိုယ်တော့်အဖို့ အဆုံးထိ အစေခံမှုပေးရန် ကျွန်ုပ် ဆန္ဒရှိပါ၏၊ ကိုယ်တော့်အတွက် အသေခံရန် ကျွန်ုပ် ဆန္ဒရှိပါ၏။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ၊ ကျွန်ုပ်သည် မကျေနပ်ချက်များ မရှိပါ၊ ကိုယ်တော့်ကို ကျွန်ုပ် ဆန့်ကျင်မိပြီး၊ ကျွန်ုပ်၏ သေခြင်းတွင် ကိုယ်တော် ဖြောင့်မတ်သော စိတ်သဘောထားကို လူအားလုံး ရှုမြင်နိုင်ဖို့အလို့ငှာ၊ ကျွန်ုပ်သေထိုက်ပါသည်။” ဟူ၍ ပြောသင့်၏။ ဤနည်းဖြင့် သင်၏ စိတ်နှလုံးအတွင်းတွင် သင် ဆုတောင်းသောအခါ၊ ဘုရားသခင်သည် သင့်ကို နားညောင်းလိမ့်မည်ဖြစ်ကာ သင့်အား လမ်းပြလိမ့်မည်။ အကယ်၍ သင်သည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ် အပေါ်တွင် ဆုမတောင်းပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား တို့ထိခြင်းငှာ ဖြစ်နိုင်ချေ မရှိပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုနှင့်အတိုင်းနှင့် ဘုရားသခင်က ယနေ့လုပ်ဆောင်ရန် အလိုရှိသည့် အရာနှင့်အညီ ဆုတောင်းပါက၊ သင်က “အို ဘုရားသခင်၊ ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရန်နှင့် ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်များအဖို့ သစ္စာရှိရန် ကျွန်ုပ် ဆန္ဒရှိပါ၏။ ပြီးလျှင် ကျွန်ုပ် လုပ်ဆောင်နိုင်သမျှအားလုံးသည် ဘုရားသခင်၏ လူများနှင့်ဆိုင်သည့် စံနှုန်းများကို အလှမ်းမီနိုင်စေဖို့အလို့ငှာ၊ ကိုယ်တော်၏ ဘုန်းအသရေအဖို့ ကျွန်ုပ်၏ အသက်တာ တစ်ခုလုံးကို ဆက်ကပ်ရန် ဆန္ဒရှိပါသည်။ ကျွန်ုပ်၏စိတ်နှလုံးကို ကိုယ်တော် တို့ထိပါစေ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်အား ယခင်ထက် အသိဉာဏ်ပွင့်လင်းစေရန်၊ ကျွန်ုပ် လုပ်ဆောင်သမျှ အားလုံးက စာတန်အပေါ် ရှက်ရစေရန်၊ ကျွန်ုပ်သည် နောက်ဆုံးတွင် ကိုယ်တော်၏ ရယူခြင်းခံရဖို့အလို့ငှာ ကျွန်ုပ်ဆန္ဒရှိပါ၏။” ဟု ပြောလိမ့်မည်။ အကယ်၍ သင်သည် ဤနည်းဖြင့်၊ ဘုရားသခင်၏ အလိုကို ဗဟိုပြုသည့် နည်းလမ်းတစ်ခုဖြင့် ဆုတောင်းပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် မလွဲမသွေ အလုပ်လုပ်လိမ့်မည်။ သင်၏ ဆုတောင်းချက်များ၏ စကားလုံးများ မည်မျှရှိသည်မှာ အကြောင်းမဟုတ်- အဓိက သော့ချက်ဖြစ်သည့်အရာမှာ ဘုရားသခင်၏ အလိုကို သင် သဘောပေါက်ခြင်း ရှိမရှိ ဖြစ်သည်။ သင်တို့အားလုံးသည် အောက်ပါ အတွေ့အကြုံကို ရှိပြီး ဖြစ်ကောင်းဖြစ်နိုင်သည်- တစ်ခါတစ်ရံ အစည်းအဝေးတစ်ခု၌ ဆုတောင်းနေစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော် အမှု၏ လှုပ်ရှားမှု အင်အားများသည် အယောက်တိုင်း၏ ခွန်အားများကို မြင့်တက်စေလျက်၊ အထွတ်အထိပ်သို့ရောက်ရှိလေသည်။ လူအချို့သည် ခါးသီးစွာ ငိုကြွေးကြပြီး ဆုတောင်းစဉ် မျက်ရည်များ ကျကြသည်၊ ဘုရားသခင်ရှေ့မှောက်တွင် နောင်တဖြင့် ပြည့်နှက်နေသွားကြပြီး၊ လူအချို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြသကာ ကတိသစ္စာများ ပြုကြသည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က စွမ်းဆောင်ရရှိမည့် အကျိုးတရား ဖြစ်သည်။ ယနေ့တွင် လူအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ လုံးလုံးလျားလျား သွန်းလောင်းကြသည်မှာ အရေးပါလှပေသည်။ ယခင်က ပြောဆိုခဲ့သော နှုတ်ကပတ်တော်များအပေါ် အာရုံမစိုက်နှင့်။ အကယ်၍ သင်သည် ယခင်က လာခဲ့သော အရာအပေါ် ထိန်းသိမ်းဆဲဖြစ်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အတွင်းတွင် အမှုပြုမည် မဟုတ်ပေ။ ဤအရာက မည်မျှ အရေးကြီးသည်ကို သင်မြင်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့” မှ

ဘုရားသခင်သည် စကားများစွာ ပြောပြီးသည့်နောက်၊ သင်သည် သူ၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ အစွမ်းကုန် ကြိုးစားသင့်သည်၊ ထို့နောက် မသိလိုက်ဘဲနှင့်၊ သင် နားလည်လာမည် ဖြစ်ပြီး မသိလိုက်ဘဲနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူကို အသိဉာဏ်ပွင့်လင်းစေသောအခါတွင်၊ ယင်းသည် မကြာခဏ လူ၏ သတိပြုမိခြင်း မရှိဘဲ ဖြစ်ပေသည်။ သင် ဆာငတ်ကာ မွတ်သိပ်သောအခါ၌ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့် အခြေခံသဘောတရားသည် သင် စားသောက်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြု ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အရေးမထားသကဲ့သို့- ၎င်းတို့၏ စိတ်ရှုပ်ထွေးသော အတွေးထဲတွင်၊ သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်သည်၊ မဖတ်သည်ကို စိတ်ဝင်စားခြင်းမရှိသည့် ကိစ္စတစ်ခု ဖြစ်သည်ဟု ယုံကြည်လျက်- သူ၏ နှုတ်ကပတ်တော်များအပေါ် မတူကွဲပြားသော သဘောထားတစ်ခု အမြဲ ရှိသူများအားလုံးသည် လက်တွေ့အရှိတရား မပိုင်ဆိုင်သူများ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ် ပွင့်လင်းစေခြင်းဖြစ်စေ မတွေ့ရနိုင်ပေ။ ဤကဲ့သို့သော လူများသည် အားမစိုက်ဘဲ၊ လုပ်ဆောင်ရုံမျှ လုပ်ဆောင်နေသူများ၊ ပုံဥပမာနှင့်ဆိုင်သည့်က ဦးနန်ဂုအို ကဲ့သို့၊ စစ်မှန်သော အရည်အချင်းများ မရှိဘဲ ဟန်ဆောင်နေသူများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

ရှေ့ဆက်သွားရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အကြောင်းကို ပြောဆိုခြင်းသည် သင် စကားပြောရာတွင် အသုံးပြုသည့် အခြေခံသဘောတရား ဖြစ်သင့်သည်။ သာမန်အားဖြင့်၊ သင်တို့ စုဝေးလာသောအခါတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့၏ အပြန်အလှန် ဆက်ဆံခြင်းနှင့်ဆိုင်သည့် အကြောင်းအရာ ဖြစ်စေလျက်၊ ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ သင် သိသည့်အရာ၊ ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်က မည်သို့အလုပ်လုပ်သည့်အကြောင်းကို ပြောဆိုရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပတ်သက်သည့် မိတ်သဟာယတွင် သင်တို့ ပါဝင်သင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယပြုသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အလင်းပေးလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် ကမ္ဘာလောကကို စွမ်းဆောင်ရရှိခြင်းသည် လူသား၏ ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်ပေသည်။ သင်သည် ဤအရာထဲသို့ မဝင်ရောက်လျှင်၊ ဘုရားသခင်သည် အမှုပြုခြင်းငှာ နည်းလမ်းရှိမည်မဟုတ်ပေ။ သင်သည် သင်၏ နှုတ်ကိုပိတ်ထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို မပြောလျှင်၊ ဘုရားသခင်သည် သင့်ကို အလင်းပေးနိုင်မည် မဟုတ်။ သင် အလုပ်မများသည့် အချိန်တိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို ပြောပြီး၊ အချည်းနှီးသော စကားစမြည်ပြောဆိုခြင်းတွင် မပါဝင်နှင့်။ သင်၏ အသက်တာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပြည့်စေလော့- ထိုအခါမှသာ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်လိမ့်မည်။ သင်၏ မိတ်သဟာယသည် အပေါ်ယံဖြစ်သည် ဖြစ်စေ အရေးမကြီးပေ။ ပေါ့တန်ခြင်း မရှိဘဲနှင့် နက်ရှိုင်းမှု မရှိနိုင်။ နည်းစနစ်တစ်ခု ရှိရမည်။ သင်၏ လေ့ကျင့်မှုမှတစ်ဆင့်၊ သင့်အပေါ် သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပေးမှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ ထိရောက်စွာ စားသောက်ရမည်ဆိုသည်ကို သင် သဘောပေါက်လိမ့်မည်။ စူးစမ်းမှု ကြားကာလပြီးသည့်နောက်တွင်၊ သင်သည် ဘုရားသခင် နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်လိမ့်မည်။ သင်သည် ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားမှသာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိနိုင်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ စားသောက်နိုင်ပြီး၊ သူ၏အလိုကို အာရုံစိုက်နိုင်ကာ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ပါက၊ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် အသက်ရှင်သည့် လူတစ်ဦး ဖြစ်ပေသည်။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်မှ လွတ်မြောက်ပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်ဖို့ လိုလားလျက်ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် သင် အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို ဆောင်ရွက်ရန် အခွင့်အရေး ရှိလိမ့်မည်။ သင်သည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ထိုသို့သော အခွင့်အရေး သင် ပေးလိမ့်မည်မဟုတ်။ လူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် ဆောင်ရွက်သော အလုပ်၊ ၎င်းတို့အပေါ် သူ ထွန်းလင်းစေသည့် အလင်းနှင့် ၎င်းတို့ကို သူ ပေးသည့် စိတ်ချယုံကြည်မှုသည် အခိုက်အတန့်တစ်ခုသာ တာရှည်ခံလေသည်။ လူတို့သည် ဂရုမထားသကဲ့သို့ အာရုံမစိုက်ကြပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့ကို ဖြတ်ကျော်သွားလိမ့်မည်။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့အပေါ် အလုပ်လုပ်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း လူတို့ အသက်မရှင်ပါက၊ စာတန်၏ ချည်နှောင်မှုများ၌ ၎င်းတို့ အသက်ရှင်ကြပေသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြပါက၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက် သို့မဟုတ် လုပ်ဆောင်ချက် မရှိကြပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နယ်နိမိတ်များအတွင်း အသက်ရှင်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင် တောင်းဆိုသော အခြေအနေ၌ အသက်ရှင်ပါက၊ သင်သည် သူနှင့် သက်ဆိုင်သောသူတစ်ဦး ဖြစ်ပြီး သူ၏ အမှုကို သင့်အပေါ် ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များ၏ နယ်နမိတ်များအတွင်း အသက်ရှင်မနေဘဲ၊ ယင်းအစား စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေပါက၊ သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းအတွင်းတွင် အသေအချာ အသက်ရှင်နေပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ခြင်းနှင့် ဘုရားသခင်ကို သင်၏စိတ်နှလုံးအား ပေးခြင်းအားဖြင့်သာ သူ၏သတ်မှတ်ချက်များကို သင် ဖြည့်ဆည်း နိုင်ပေသည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်၏ဖြစ်တည်မှုနှင့် သင့်အသက်တာ၏ လက်တွေ့အရှိတရား ဖြစ်စေရင်း၊ ဘုရားသခင် ပြောသည့်အတိုင်း သင် လုပ်ဆောင်ရမည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်လိမ့်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အလိုနှင့်အညီ အမှန်တကယ် လက်တွေ့လုပ်ဆောင်ပါက၊ သူသည် သင့်အပေါ် အမှုကို ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ ထို့နောက် သင်သည် ဘုရားသခင်၏မျက်နှာ၏ အလင်း၌ သူ၏ ကောင်းချီးမင်္ဂလာများ အောက်တွင် အသက်ရှင်လိမ့်မည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ဆောင်ရွက်သော အလုပ်ကို သင် သဘောပေါက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက်နှင့်ဆိုင်သည့် ဝမ်းမြောက်မှုကို ခံစား ရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်” မှ

ဘုရားသခင်ရှေ့မှောက်တွင် မိမိ၏စိတ်နှလုံးကို ငြိမ်သက်စေခြင်းသည် အရေးကြီးဆုံးသော ကိစ္စများထဲမှတစ်ခုဖြစ်ကြောင်း အတွေ့အကြုံမှ သိမြင်နိုင်သည်။ ဤကိစ္စသည် လူတို့၏ဝိညာဉ်ရေးအသက်တာနှင့် သက်ဆိုင်သောကိစ္စ၊ ထို့အပြင် ၎င်းတို့၏ အသက်တာများထဲ ကြီးထွားခြင်းနှင့်သက်ဆိုင်သော ကိစ္စဖြစ်သည်။ ဘုရားသခင် မျက်မှောက်တွင် သင့်စိတ်နှလုံးငြိမ်းချမ်းနေမှသာလျှင် သင်၏သမ္မာတရား လိုက်စားမှုနှင့် သင်၏စိတ်သဘောထားတွင်း၌ ပြောင်းလဲမှုများ သီးပွင့်ပေမည်။ သင်သည် ဝန်ထုပ်ကိုထမ်းလျက် ဘုရားသခင်ရှေ့မှောက်ကို ရောက်လာသောကြောင့်နှင့် သင်သည် နည်းလမ်းပေါင်းများစွာဖြင့် ချို့တဲ့နေသည်ဟု အမြဲတစေခံစားရလျက် ရှိသောကြောင့်၊ သင်သိရန်လိုသည့် သမ္မာတရားများစွာနှင့် သင်ကြုံတွေ့ရန်လိုသည့် လက်တွေ့တရား များစွာရှိနေပြီး၊ ဘုရားသခင်၏အလိုတော်ကို အလုံးစုံဂရုပြုရမည်ဟု သင်အမြဲခံစားရ သောကြောင့်- ဤအရာတို့သည် သင့်စိတ်ထဲ အမြဲတစေရှိနေသည်။ ယင်းသည် သင့်ကို အင်အားဖြင့် ဖိထားသကဲ့သို့ဖြစ်ရာ သင်သည် အသက်မရှူနိုင်ဘဲ ဖြစ်ကျန်ရစ်သဖြင့် (သင်သည်အပျက်သဘောဆောင်သည့် အနေအထား၌မရှိလင့်ကစား) သင်သည် စိတ်နှလုံး လေးလံမှုကို ခံစားရသည်အလားဖြစ်သည်။ ထိုသို့သော လူသားများသည်သာ ဘုရားသခင် နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေးမှုကို လက်ခံရန်နှင့် ဘုရားသခင်၏ဝိညာဉ်တော်၏ တို့ထိမှုကိုရရန်၊ သတ်မှတ်ချက်နှင့်ပြည့်မီသည်။ ၎င်းတို့၏ ဝန်ထုပ်ကြောင့်၊ ၎င်းတို့သည် စိတ်နှလုံးလေးလံလျက်ရှိကာ သူတို့ပေးချေခဲ့သည့် အဖိုးအခနှင့် ဘုရားသခင်မျက်မှောက်တွင် သူတို့ခံရသည့် ဒုက္ခကြောင့် သူတို့သည် ကိုယ်တော်၏ အသိဉာဏ်ဖွင့်ခြင်းနှင့် အလင်းပေးခြင်းကို ရရှိသည်ဟု ဆိုနိုင်သည်။ အကြောင်းမူကား ဘုရားသခင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အထူးအရေးပေးခြင်းမရှိ။ ကိုယ်တော်သည် လူများအပေါ်ဆက်ဆံရာတွင် အမြဲတစေ တရားမျှတသည်။ သို့သော် ကိုယ်တော်သည် လူများအား စိတ်ကူးပေါက်သလို၊ သို့မဟုတ် ခြွင်းချက်မရှိပေးသနားခြင်း မပြုပေ။ ဤသည်မှာ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တစ်ရပ်ဖြစ်သည်။ လက်တွေ့ဘဝတွင် လူများစုသည် ယင်းနယ်ပယ်ကို မရသေးပေ။ အနည်းဆုံးအနေဖြင့် သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ကို လုံးလုံးလျားလျား အားမကိုးသေးသဖြင့်၊ သူတို့၏အသက်တာစိတ်သဘောထားတွင် ကြီးမားသော အပြောင်းအလဲ တစ်ခုတလေမျှ ဖြစ်မလာသေးပေ။ ယင်းမှာ သူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ထဲ၌သာ နေထိုင်ခြင်းကြောင့်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကိုမရသေးသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အသုံးပြုခြင်းခံရစေရန် လူတို့ ပြည့်မီရမည့် စံနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်- သူတို့၏ စိတ်နှလုံးသည် ဘုရားသခင်ကို အားကိုးသည်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ဝန်ကို ထမ်းဆောင်သည်၊ တမ်းတသောစိတ်နှလုံးရှိသည်၊ ထို့အပြင် သမ္မာတရားကို ရှာဖွေရန် သန္နိဌာန်ချထားသည်။ ထိုကဲ့သို့သောလူများသာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကိုရရှိနိုင်ကာ ဉာဏ်ပွင့်ခြင်းနှင့် အလင်းပေးခြင်းကို မကြာခဏရရှိကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏” မှ

သင်၏ နေ့စဉ်အသက်တာတွင်၊ သင် ပြောဆိုသည့် မည်သည့်စကားများ၊ သင် လုပ်ဆောင်သည့် မည်သည့်အရာများက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးတွင် မူမမှန်ခြင်း ဖြစ်ကောင်းဖြစ်စေလိမ့်မည် ဆိုသည်ကို သင်နားလည်ရမည်ဖြစ်ပြီး၊ ထို့နောက် မှန်ကန်သည့် ပုံစံအတွင်း ဝင်ရောက်ဖို့ သင့်ကိုယ်သင် ပြုပြင်ရမည်။ တစ်ချိန်လုံး၊ သင်၏ စကားများ၊ သင်၏ လုပ်ရပ်များ၊ သင်၏လှုပ်ရှားမှုတစ်ခုစီတိုင်း၊ သင်၏ အတွေးများနှင့် စိတ်ကူးများအားလုံးကို ဆန်းစစ်လော့။ သင်၏ စစ်မှန်သော အခြေအနေနှင့်ဆိုင်သည် မှန်ကန်သော သိနားလည်မှုကို ရရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု ပုံစံထဲသို့ ဝင်ရောက်လော့။ ဤသည်မှာ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိ‌ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်းရှိမရှိ ဆိုသည်ကို အကဲဖြတ်ခြင်းအားဖြင့်၊ သင်သည် သင်၏ရည်ရွယ်ချက်များကို အမှန်ပြင်လာနိုင်လိမ့်မည်ဖြစ်ပြီး၊ လူသား၏ သဘာဝနှင့် အနှစ်သာရကို နားလည်လာနိုင်လိမ့်မည်ဖြစ်ကာ၊ သင့်ကိုယ်သင် အမှန်တကယ် နားလည်နိုင်လာမည်ဖြစ်သည်၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် စစ်မှန်သော အတွေ့အကြုံများထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်၍၊ သင့်ကိုယ်သင် စစ်မှန်သော နည်းလမ်းတစ်ခုဖြင့် စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး၊ ရည်ရွယ်ချက်ဖြင့် နာခံနိုင်လိမ့်မည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်းရှိမရှိနှင့် စပ်လျဉ်းသည့် ဤကိစ္စရပ်များကို သင်တွေ့ကြုံသည်နှင့်အမျှ၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကိုခံရမည့် အခွင့်အရေးများကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ အခြေအနေများစွာကို သဘောပေါက်လာနိုင်လိမ့်မည်။ စာတန်၏ လှည့်စားမှုများစွာ ကိုလည်း သင် ရိပ်စားနိုင်လိမ့်မည်ဖြစ်ပြီး၊ ယင်း၏ လျှို့ဝှက်ကြံစည်မှုများကို ထိုးထွင်းသိမြင်နိုင်လိမ့်မည်။ ဤနည်းလမ်းသည်သာ ဘုရားသခင်အားဖြင့် စုံလင်ခံရခြင်းသို့ ဦးတည်ပေသည်။ သူ၏ အစီအမံများကို အလုံးစုံ သင် နာခံနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် စစ်မှန်သည့် အတွေ့အကြုံများထဲသို့ သာ၍ပင် နက်နဲစွာ သင်ဝင်ရောက်ရန်အလို့ငှာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သာ၍ပင် ရရှိဖို့အလို့ငှာ၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို မှန်ကန်စေလော့။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ပုံဥပမာနှင့်ဆိုင်သည့်” ဆိုသည့် စကားစု မပါဝင်ပါ။

အရှေ့သို့- သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်ကို အတည်ပြုခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်