၆၂။ အသင်းတော် ရွေးကောက်ပွဲများနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ရွေးကောက်ပွဲတစ်ခု မတိုင်မီတွင်၊ သမ္မာတရားအပေါ် မိတ်သဟာယပြုရန်နှင့် အခြေခံသဘောတရားများကို နားလည်ရန် လိုအပ်သည်။ လက်တွေ့ကျသော အလုပ်ကို အလုပ်အစီအစဉ်များနှင့်အညီ လုပ်ဆောင်နိုင်သည့် ခေါင်းဆောင်များနှင့် အလုပ်သမားများအဖြစ် ရွေးကောက်လော့။

(၂) ရွေးကောက်ပွဲတစ်ခု အတွင်းတွင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး လူတို့ကို မျှတစွာ ဆက်ဆံရန် လိုအပ်သည်။ စိတ်ခံစားချက်များအားဖြင့်လည်းကောင်း၊ ကိုယ်ရေးကိုယ်တာ စွဲလမ်းမှုများအားဖြင့်လည်းကောင်း ဦးဆောင်မခံရစေနှင့်။ ထို့ထက်၊ သမာသမတ်ကျသော မဲအရေအတွက်ကို အခြေခံသဘောတရားများအပေါ် အခြေခံ၍ ပေးလော့။

(၃) အသင်းတော်ထဲက လူအယောက်တိုင်းသည် ရွေးကောက်ပွဲတစ်ခုတွင် မဲပေးပိုင်ခွင့်ရှိပြီး ရွေးချယ်ခံရပိုင်ခွင့် ရှိသည်။ မည်သည့်လူကမျှ အခြားသူတို့အား ၎င်းတို့၏ မဲပေးပိုင်ခွင့်နှင့် ရွေးကောက်ခံရပိုင်ခွင့်ကို ထင်ရာမြင်ရာ ပိတ်ပင်၍မရနိုင်ပေ။

(၄) ကိုယ်စားလှယ်လောင်းတစ်ဦးကို တစ်ဖက်သတ် သတ်မှတ်ရန် မည်သူကိုမျှ လုံးဝ အခွင့်မပေးထားသကဲ့သို့ ရွေးကောက်ပွဲ တရားဝင်ဖြစ်ဖို့အတွက် အနည်းဆုံး အသင်းတော်၏ အသင်းသား ၈၀%က ရွေးကောက်ပွဲတစ်ခုတွင် မဲပေးသည်ကို သေချာရန် လိုအပ်သည်။

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ခေါင်းဆောင်များနှင့် အလုပ်သမားများအတွက် အသင်းတော်၏ ဒီမိုကရေစီဝါဒ အခြေခံသော ရွေးကောက်ပွဲများသည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ထဲသို့ ဝင်ရောက်ဖို့ ဘုရားသခင်၏ ရွေးချယ်ထားသည့် လူများ၏ အဓိက အဖြစ်အပျက်နှင့် သက်ဆိုင်ပေသည်။ ယင်းတို့သည် အသင်းတော် အသက်တာ၏ အဓိက အကြောင်းအရာနှင့် တိုက်ရိုက် သက်ဆိုင်သည်။ ခေါင်းဆောင်ကောင်းများနှင့် အလုပ်သမားကောင်းများကို ရွေးကောက်ခြင်းအားဖြင့်သာ ဘုရားသခင်၏ ရွေးချယ်ထားသည့်‌ လူတို့သည် သမ္မာတရား နားလည်ဖို့နှင့် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ထဲသို့ ဝင်ရောက်ဖို့ ဦးဆောင်ခံရနိုင်ပေသည်။ အကယ်၍ အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အန္တိခရစ်တို့က အသင်းတော်ထဲတွင် အာဏာယူပါက၊ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အား ၎င်းတို့၏ ကယ်တင်ခြင်း ရယူခြင်းတွင် နှောင့်နှေးစေလိမ့်မည်သာမက၊ အသင်းတော် အသက်တာကိုလည်း‌ နှောင့်ယှက်ကြလိမ့်မည်။ ၎င်းတို့သည် အသင်းတော်ဆီသို့ ဘေးဒုက္ခများ ဆောင်ကြဉ်းလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် အန္တရာယ်အပေးခံရလိမ့်မည်ဖြစ်ကာ မတရားဖိနှိပ်ခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အသင်းတော်၏ ရွေးကောက်ပွဲများကို ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က သဘောထားပုံမှာ များစွာ အရေးကြီးပြီး၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် သမ္မာတရားကို ရှာဖွေသင့်ကာ လေးနက်မှုနှင့် အခြေခံသဘောတရားနှင့်အညီ ရွေးကောက်ပွဲကို ဆောင်ရွက်သင့်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ နားလည်ကာ လိုက်နာရမည့် အသင်းတော်၏ ဒီမိုကရေစီဝါဒ အခြေခံသော ရွေးကောက်ပွဲများ၏ အခြေခံသဘောတရား ခုနှစ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသော သူတို့သည် ယင်းတို့ကို ရှင်းလင်းစွာ နားလည်လာသင့်ပေသည်။

၁။ အသင်းတော်ထဲက ဘုရားသခင်၏ ရွေးချယ်ထားသော လူများ (နုတ်ပယ်ခံရမည့် သို့မဟုတ် နှင်ထုတ်ခံရမည့် သူများမှလွဲ၍) အားလုံးသည် ရွေးကောက်ရန်နှင့် ရွေးကောက်ခံရပိုင်ခွင့်ရှိလေသည်။ မည်သူမျှသည် ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့၏ ရွေးကောက်ခွင့်နှင့် ရွေးကောက်ခံပိုင်ခွင့်တို့ကို ဝင်စွက်ဖက်ပိုင်ခွင့် မရှိပေ။

၂။ ရွေးကောက်ပွဲများကို အသင်းတော်က ကျင်းပသည့်အခါ၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူအားလုံးကို အကြောင်းကြားရမည်ဖြစ်ပြီး၊ အယောက်တိုင်း ပါဝင်ရမည် (ဤသည်မှာ မဲပေးခြင်းကို ရည်ညွှန်းသည်)။ သိသော်လည်း ရွေးကောက်ပွဲတွင် မပါဝင်သူများသည် မိမိတို့၏ အခွင့်အရေးများကို ဆန္ဒအလျောက် အဆုံးခံသည်ဟု ယူဆရပေသည်။ ရွေးကောက်ပွဲတွင် ပါဝင်ရန် လူအချို့ကိုသာ အကြောင်းကြားဖို့ သို့မဟုတ် လူတစ်စုကို အဆုံးရှုံးခံဖို့ အတင်းအကျပ်ပြုရန် လုပ်ပိုင်ခွင့် မည်သူမျှ မရှိပေ။ အခြားသူတို့အား ၎င်းတို့၏ မဲပေးပိုင်ခွင့်များကို ပိတ်ပင်သောသူ သို့မဟုတ် မဲပေးခြင်းမှ ၎င်းတို့ကို ကန့်သတ်သောသူ မည်သူမဆိုသည် လူ့အခွင့်အရေးများကို ချိုးဖောက်ပြီး သမ္မာတရားကို ခုခံသည့် ဆိုးယုတ်သော လူတစ်ဦး ဖြစ်သည်။

၃။ အသင်းတော် ရွေးကောက်ပွဲတွင်၊ ကိုယ်စားလှယ်လောင်းတစ်ဦးကို မည်သူမျှ သတ်မှတ်ခွင့် မရှိပေ သို့မဟုတ် အချို့သော လူတို့၏ အလိုဆန္ဒကို လိုက်လျှောက်ခြင်းအားဖြင့် မဲ့ပေးဖို့ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ကို မည်သူမျှ တမင်သက်သက် လှုံ့ဆော်ခွင့် မရှိ သို့မဟုတ် အတင်းအကျပ်ပြုခွင့်မရှိပေ။ ဤသည်မှာ လူ့အခွင့်အရေးများကို ဝင်ရောက်စွက်ဖက်ပြီး သမ္မာတရားကို ဆန့်ကျင်သည့် လုပ်ရပ်တစ်ခု ဖြစ်သည်။ ရွေးကောက်ပွဲမတိုင်မီတွင်၊ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းနှင့် လက်တွေ့လုပ်ဆောင်ဖို့ အခြေခံသဘောတရားများကို ဟောပြောခြင်းတို့ကိုသာ ခွင့်ပြုထားသည်။ ဤသည်မှာ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းနှင့် မိမိ၏တာဝန်များကို လုပ်ဆောင်ခြင်းတို့၏ မှန်ကန်သော နည်းလမ်း ဖြစ်သည်။ မိမိတို့၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ကိုယ်စားလှယ်လောင်းတစ်ဦးကို ခန့်အပ်သူ သို့မဟုတ် မလျော်ကန်သည့် ရွေးကောက်ပွဲတစ်ခုကို ဦးစီးဦးရွက်ပြုရန် လူတို့အား လှုံ့ဆော်သူ၊ လှည့်ဖြားသူ သို့မဟုတ် အတင်းအကျပ်ခိုင်းသူ မည်သူမဆိုသည် ရွေးကောက်ပွဲရလဒ်များကို တရားမဝင်ဖြစ်စေလိမ့်မည်။

၄။ အသင်းတော် ရွေးကောက်ပွဲတစ်ခုတွင် ပါဝင်သည့် မဲ့ပေးသူ အရေအတွက်သည် အသင်းတော် လူထုပရိသတ်၏ ၈၀% နှင့် အနည်းဆုံး ညီမျှရမည်။ ခရိုင်များနှင့် ဒေသများထဲက ပါဝင်သည့် မဲပေးသူ အရေအတွက်သည် အခြေအနေများက သတ်မှတ်ပေးသည့်အတိုင်း ရယူနိုင်သည့် အများဆုံး အရေအတွက် ဖြစ်နိုင်သည်။ မဲပေးရာတွင် ဘုရားသခင်၏ ရွေးချယ်ထားသော လူအချို့ မပါဝင်နိုင်သည့် ပွဲ၌၊ ထိုသီးခြား ရွေးကောက်ပွဲသည် တရားမဝင်ပေ။

၅။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦး၏ အခန်းကဏ္ဍကို ဖြည့်ဆည်းခြင်းနှင့် သိသိသာသာ သဟဇာတမဖြစ်သည့် အပြုအမူ ပြသသည်ကို ရှာမတွေ့လျှင်၊ မျှတစွာနှင့် မှန်မှန်ကန်ကန် ရွေးကောက်ထားသည့် ခေါင်းဆောင် သို့မဟုတ် အလုပ်သမား တစ်ဦးတစ်လေကို မည်သူမျှ အစားထိုးပိုင်ခွင့် သို့မဟုတ် ဖယ်ရှားပိုင်ခွင့် မရှိပေ။ ထိုသို့သော အခြေအနေတစ်ခုတွင်၊ မျှော်မှန်းရသော ခေါင်းဆောင်လောင်း သို့မဟုတ် အလုပ်သမားလောင်းကို မပိတ်ပင်မီ၊ သို့မဟုတ် ကြားဖြတ်ရွေးကောက်ပွဲတစ်ခု မကျင်းပမီတွင် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ အနည်းဆုံး ၈၀% က အတည်ပြုရမည်။

၆။ အဆင့်တိုင်းရှိ အသင်းတော် ခေါင်းဆောင်များနှင့် အလုပ်သမားများနှင့်သက်ဆိုင်သည့် ဒီမိုကရေစီဝါဒ အခြေခံသော ရွေးကောက်ပွဲကို အတည်တကျ ဖွဲ့စည်းထားပြီးဖြစ်သည်။ ရွေးကောက်ပွဲများကို တစ်နှစ် တစ်ကြိမ် ကျင်းပပြီး၊ ရာထူးသက်တမ်းမှာ တစ်နှစ် ဖြစ်သည်။ အသင်းတော်၏ ရွေးကောက်ပွဲတစ်ခုမှ ရရှိသည့် မည်သည့် အဆင့်မဆိုရှိ ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးကို မည်သူမျှ အစားထိုးပိုင်ခွင့် မရှိပေ။ ရွေးကောက်ခံရသည့် ခေါင်းဆောင် သို့မဟုတ် အလုပ်သမားက ၎င်းတို့ကို ဆက်လက် အလုပ်မလုပ်စေနိုင်သည့် ဆိုးရွားသော အမှားတစ်ခုကို ရာထူးဖြင့် ပြုမိပြီးဖြစ်ပါက၊ ယင်းကို ဘုရားသခင်၏ ရွေးချယ်ထားသည့် လူအများစုက အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အစားထိုးခြင်းအတွက် ကြားဖြတ်ရွေးကောက်ပွဲတစ်ခုကို ကျင်းပနိုင်သည်။

၇။ အသင်းတော်၏ ရွေးကောက်ပွဲနှင့်ဆိုင်သော စနစ်ကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းအား ဘုရားသခင်၏ အိမ်တော်က ထုတ်ပြန်ကြေညာသည့်နေ့မှစ၍၊ အသင်းတော်၏ အဆင့်အားလုံးရှိ ခေါင်းဆောင်များကို ရွေးကောက်ရမည်ဖြစ်ပြီး အဆင့်အားလုံးရှိ အသင်းတော် ခေါင်းဆောင်များကို သတ်မှတ်ရန် သို့မဟုတ် ခန့်အပ်ရန် လုပ်ပိုင်ခွင့် မည်သူမျှ မရှိပေ။ ဤသည်မှာ မည်သူမျှ ပြုပြင်ပိုင်ခွင့်မရှိသည့် ဘုရားသခင့် အိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့် ဖြစ်သည်။ ဤစီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ကို ချိုးဖောက်သောသူ မည်သူမဆိုသည် အန္တိခရစ်အဖြစ် အပြစ်ပေးခံရလိမ့်မည်။

အသင်းတော် ခေါင်းဆောင်များနှင့် အလုပ်သမားများ၏ ဒီမိုကရေစီဝါဒ အခြေခံသော ရွေးကောက်ပွဲအတွက် အခြေခံသဘောတရား ခုနှစ်ခုကို အကောင်အထည်ဖော်ပြီးနောက်တွင်၊ အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများ၊ ပြီးလျှင် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် လက်တွေ့လုပ်ဆောင်မှုဖြင့် လျော်ညီစွာ လိုက်နာရမည်။ ရွေးကောက်ပွဲများကို အခြေခံသဘောတရား ခုနှစ်ချက်အတိုင်း ဦးစီးဦးရွက်ပြုဖို့ အဆင့်အားလုံးရှိ အသင်းတော် ခေါင်းဆောင်များနှင့် အလုပ်သမားများကို ကြီးကြပ်ဖို့ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် လုပ်ပိုင်ခွင့်ရှိပေသည်။ ဤအခြေခံသဘောတရား ခုနှစ်ချက်ကို ချိုးဖောက်သည့် မည်သည့် အဆင့်မဆိုရှိ ခေါင်းဆောင် သို့မဟုတ် အလုပ်သမား တစ်ဦးတစ်လေကို ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ကန့်သတ်ကာ တားဆီးဖို့ အတူတကွ ပူးပေါင်းနိုင်သည်။ ၎င်းတို့ လိုက်နာဖို့ ငြင်းပယ်ပါက၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် အထက်အဆင့် ခေါင်းဆောင်များကို လှိုက်လှဲစွာ မေတ္တာရပ်ခံနိုင်သည်။ ဤသည်မှာ အသင်းတော် အလုပ်ကို ထိန်းသိမ်းခြင်းအတွက် တရားမျှတသော လုပ်ရပ်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူအားလုံး အားပေးကာ ပူးပေါင်းဆောင်ရွက်သင့်သည်။ ထိုသို့သော ပုံစံဖြင့် အကောင်အထည်ဖော်ခြင်းအားဖြင့်သာ အယောင်ဆောင် ခေါင်းဆောင်များ၊ အယောင်ဆောင် အလုပ်သမားများနှင့် ဆိုးယုတ်သော လူတို့၏ နှောင့်ယှက်မှုနှင့် သောင်းကျန်းခြင်းတို့ကို ကန့်သတ်နိုင်ပေသည်။ အသင်းတော် ရွေးကောက်ပွဲများတွင် သိသိသာသာ ဖော်ထုတ်ခံရပြီးဖြစ်သည့် ဆိုးယုတ်သောသူ မည်သူမဆိုကို ၎င်းတို့ နောင်တမရနိုင်သကဲ့သို့ အပြစ်များ ဝန်မခံနိုင်ပါက နှင်ထုတ်ဖို့ အသင်းတော်သည် ဩဇာအာဏာ ရှိ၏။ သို့သော် ယင်း၏ လုပ်ဆောင်ချက်ကို အတည်ပြုခြင်းအတွက် အကြောင်းကြားရမည်။

အလုပ်အစီအစဉ်များ မှ

အသင်းတော် ခေါင်းဆောင်များနှင့် သင်းထောက်များကို ရွေးချယ်ခြင်းအလုပ်ကို ကောင်းစွာ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူအသီးသီးက ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်ကို အကျိုးသက်ရောက်သည့် အဓိက အရေးကိစ္စတစ်ခု ဖြစ်သည်ကို ဘုရားသခင်၏ ရွေးချယ်ထားသော လူအားလုံး နားလည်သင့်ပေသည်။ ဤသည်မှာ ဤပြဿနာအပေါ် ဘုရားသခင်၏ ရွေးချယ်ထားသော လူများအားလုံး ရှိသင့်သည့် သဘောထားမျိုး ဖြစ်သည်- ဘုရားသခင်ကို ယုံကြည်ခြင်းဆီသို့ မှန်ကန်သော လမ်းကြောင်းပေါ် သင့်ကို ဦးဆောင်နိုင်သည့် မည်သူမဆိုကို ရွေးချယ်လော့။ ဘုရားသခင်အားဖြင့် ကယ်တင်ခံရခြင်းအဖြစ်သို့ သင့်ကို လမ်းပြနိုင်သည့် မည်သူမဆိုကို ရွေးချယ်လော့။ အတိတ်တွင် သင့်ကို မည်သို့ ဆက်ဆံပြီးသည်ဖြစ်စေ၊ သင်သည် ကိုယ်ရေးကိုယ်တာ အာဃာတများ တစ်ခုတစ်လေကို လက်လွှတ်သင့်ပြီး၊ လုံးဝဥဿုံ သမာသမတ်ကျသော မဲကို ပေးသင့်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပါက၊ သူ့အားဖြင့် ကယ်တင်ခံရခြင်းအတွက်၊ သင်သည် အသင်းတော် ခေါင်းဆောင်များနှင့် သင်းထောက်များအား ရွေးကောက်ခြင်း ကိစ္စကို မှန်ကန်စွာ သင် သဘောထားသင့်သည်။ စိတ်ခံစားချက်နှင့် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် အခြေပြု၍ မဲ့ပေးခြင်းသည် သင့်ကိုယ်သင်သာ ထိခိုက်နစ်နာစေပြီး၊ သင့်ကို ပျက်စီးခြင်းသို့ ရောက်စေနိုင်သည်။ ယင်းသည် မည်သည့် အကျိုးကျေးဇူးမျှ စွမ်းဆောင်ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတစ်ဦးတစ်လေ၏ အကျိုးစီးပွားတွင် မရှိပေ။ ထို့ကြောင့်၊ အသင်းတော်၏ ခေါင်းဆောင်များနှင့် အလုပ်သမားများကို ရွေးချယ်နေချိန်တွင်၊ ဘုရားသခင်၏ ရွေးချယ်ထားသူများသည် သူ၏ အလိုတော်ကို အားလုံး အရေးထားသင့်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်ပေသည်။ စိတ်လှုပ်ရှားထိခိုက်လွယ်စွာ မဲမပေးနှင့်။ ကိုယ်ရေးကိုယ်တာ အာဃာတကို လက်လွှတ်ကာ အခြေခံသဘောတရားနှင့်အညီ ပြုမူလော့။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီလိမ့်မည်ဖြစ်ပြီး၊ သင်၏ ကိုယ်ပိုင်အသက်တာအတွက် တာဝန်ယူလိမ့်မည်ဖြစ်သည်။ အသင်းတော် ရွေးကောက်ပွဲမတိုင်မီတွင်၊ ခေါင်းဆောင်များနှင့် သင်းထောက်များကို ရွေးကောက်ခြင်းနောက်ကွယ်က အခြေခံသဘောတရားများကို ရှင်းလင်းစွာ မိတ်သဟာယပြုသင့်ပြီး၊ ထို့နောက် ထိုသို့သော ရွေးကောက်ပွဲကို စနစ်တကျ ဆောင်ရွက်သင့်ပေသည်။ ရွေးကောက်ပွဲများအတွင်းတွင်၊ အဆင့်မြင့်သော ခေါင်းဆောင်များနှင့် အလုပ်သမားများသည် လျှို့ဝှက်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်ကို တာဝန်ယူပြီး ကြီးကြပ်သင့်ပေသည်။ အသင်းတော် ခေါင်းဆောင်များနှင့် သင်းထောက်များကို ရွေးကောက်ပွဲအားဖြင့် ခန့်အပ်ခြင်းသည် မျှတပြီး ယုတ္တိတန်ပေသည်။ တစ်ဖက်တွင်၊ ယင်းသည် အဆင့်မြင့် ခေါင်းဆောင်များက ပြုလုပ်သည့် ခန့်အပ်ခြင်းမှ အကျိုးဆက်ဖြစ်ပေါ်နိုင်သည့် သွေဖည်မှုတစ်ခုတစ်လေကို ဖြေရှင်းပေးပြီး၊ အခြားတစ်ဖက်တွင် ယင်းသည် မသင့်တော်သည့် ခေါင်းဆောင်များနှင့် အလုပ်သမားများအား ရာထူး ဆက်လက်ရှိခြင်းမှ တားဆီးပေသည်။ ဤသည်မှာ အသင်းတော်၏ အလုပ်နှင့် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ နှစ်ခုလုံးအဖို့ အကျိုးရှိပေသည်။ အတိတ်တွင်၊ အဆင့်မြင့် ခေါင်းဆောင်များနှင့် အလုပ်သမားများက ခန့်အပ်သည့် အရည်အချင်း ပြည့်မီသော ခေါင်းဆောင်များနှင့် သင်းထောက်များ အချိုးအစားမှာ အလွန် သေးငယ်ပြီး၊ သွေဖည်မှုများစွာ ရှိလေသည်။ ကယ်တင်ခြင်း မရရှိသေးသည့် ဖောက်ပြန်ပျက်စီးသော လူသားများက သမ္မာတရားကို မပိုင်ဆိုင်သောကြောင့်၊ လူတို့၏ သဘာဝ အနှစ်သာရကို နားမလည်နိုင်ပေ၊ မိမိတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒများနှင့်အညီ လူတို့ကို အသုံးပြုဖွယ်ရှိပြီး၊ လှည့်ဖြားခံရခြင်း၊ လိမ်လည်ခံရခြင်း အဖြစ်ကို ခုံခံနိုင်စွမ်းမရှိသကဲ့သို့ အခြားသူများ၏ အခွင့်အရေးယူခြင်းကိုပင် ခံရနိုင်ပေသည်။ ထို့ကြောင့်၊ အသင်းတော် ခေါင်းဆောင်များနှင့် သင်းထောက်များကို လူတစ်ဦးတစ်လေက တိုက်ရိုက်ခန့်အပ်ခြင်းထက် ဒီမိုကရေစီနည်းကျကျ ရွေးကောက်ရမည်ဟု ဘုရားသခင်၏ အိမ်တော်က ဆုံးဖြတ်ပြီးဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အတွက် တာဝန်ယူမှုကို ပြသရန် ဆိုလိုသည့်အရာ ဖြစ်သည်။ နောက်ဆက်တွဲဖြစ်သော အသင်းတော် ခေါင်းဆောင်များနှင့် သင်းထောက်များအား ရွေးကောက်ခြင်းကို တစ်နှစ်တစ်ကြိမ် ကျင်းပရလိမ့်မည်။ အသင်းတော် ခေါင်းဆောင်များနှင့် သင်းထောက်များကို ရွေးကောက်ပြီးနောက်တွင်၊ ၎င်းတို့ကို ခရိုင်ခေါင်းဆောင်များနှင့် အလုပ်သမားများက တိုက်ရိုက် ရေလောင်းပေးရလိမ့်မည်၊ ထောက်ပံ့ပေးကာ အားပေးရလိမ့်မည် ဖြစ်သည်။ အရွေးကောက်ခံရသည့် လူသည် တစ်ခဏ အလုပ်လုပ်ပြီးနောက်တွင်၊ မည်သည့် စစ်မှန်သော အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ပါက၊ သို့မဟုတ် အလုပ်တာဝန်အတွက် မသင့်တော်ပါက၊ ၎င်းတို့၏ ရာထူးအတွက် အသစ်သော ရွေးကောက်ပွဲတစ်ခုကို ကျင်းပနိုင်ပေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ၎င်းတို့ကို အတည်ပြုပေးသရွေ့၊ ထိရောက်စွာ အလုပ်လုပ်နိုင်သော ခေါင်းဆောင်များနှင့် သင်းထောက်များကို ပြန်လည်ရွေးချယ်နိုင်ပေသည်။ ဘုရားသခင်၏ အမှုတော်သည် လူတို့ကို ရွေးချယ်ခြင်းနှင့်ဆိုင်သော လွတ်လပ်ခွင့် ပေးသည်။ ယခုချိန်မှစ၍၊ အသင်းတော်၏ အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများကို ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ရွေးချယ်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အတည်ပြုခြင်း မခံရသည့်သူအားလုံးကို ပိတ်ပင်ရမည်။ စမ်းသပ်မှုများ ကြုံနေရစဉ် နောက်ပိုင်းတွင် ဖော်ထုတ်ခံရသည့် အရွေးကောက်ခံ လူတစ်ဦးကို ဖယ်ရှင်းသုတ်သင်သင့်ပြီး၊ ထို့နောက် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် အသစ်သော တစ်စုံတစ်ဦးအတွက် တစ်ဖန် မဲပေးသင့်ပေသည်။ ခေါင်းဆောင်များ၏ ကိုယ်တိုင် ခန့်အပ်မှုများသည် အများအားဖြင့် မမှန်ကန်သကဲ့သို့ အောင်မြင်ဖို့ အခွင့်အရေး နည်း၏၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ရွေးချယ်ထားသူ အများစုသည် အတော်အတန် မှန်ကန်ပြီး အောင်မြင်ဖို့ အခွင့်အရေး သာ၍ ကောင်းလေ့ရှိသည်။ ဤသည်မှာ အမှန်တရား တစ်ခု ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

ရွေးကောက်ပွဲတစ်ခု မကျင်းပမီတွင်၊ အသင်းတော် အသီးသီးသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ရွေးကောက်ပွဲ၏ အရေးပါမှုကို နားလည်ပြီး၊ ခေါင်းဆောင်ကောင်းများကို ရွေးကောက်ခြင်းသည် ဘုရားသခင်၏ ရွေးချယ်ထားသောသူ အသီးသီးအတွက် ၎င်းတို့၏ ယုံကြည်မှုတွင် ကယ်တင်ခြင်း ရရှိဖို့ မရှိမဖြစ်လိုအပ်သည်ကို သိရှိဖို့ အလို့ငှာ သမ္မာတရားအပေါ် မိတ်သဟာယပြုဖို့ သုံးကြိမ်မှ ငါးကြိမ်ထိ စုဝေးရမည်။ အရွေးချယ်ခံ ခေါင်းဆောင်များက ဆိုးယုတ်သော လူများ၊ အယောင်ဆောင်သော ခေါင်းဆောင်များ သို့မဟုတ် အန္တိခရစ်များဖြစ်နေပါက၊ အသင်းတော်သည် ကောင်းမွန်သော အသင်းတော် အသက်တာရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသင်းတော်ထဲက ဘုရားသခင်၏ ရွေးချယ်ထားသော လူအားလုံးသည် ၎င်းတို့၏ အသက်တာများတွင် ဆုံးရှုံးမှုများ ခံစားရလိမ့်မည်။ ထို့ကြောင့်၊ အသင်းတော်က ခေါင်းဆောင်ကောင်းများကို ရွေးချယ်နိုင်ခြင်း ရှိမရှိဆိုသည်မှာ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ကောင်းသော အသင်းတော် အသက်တာ ရှိခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရားနှင့် သက်ဆိုင်သော သိနားလည်မှုတစ်ခု ရရှိနိုင်ခြင်း ရှိမရှိဆိုသည့် မေးခွန်း ပါဝင်လေသည်- ယင်းသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ အသီးသီး၏ အသက် ဝင်ရောက်မှုနှင့် တိုက်ရိုက် ဆက်နွှယ်ပေသည်။ အကယ်၍ သမ္မာတရားကို အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မိတ်သဟာယပြုထားပါက၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ရွေးကောက်ပွဲကို အရေးကြီးသော အရာအဖြစ် မြင်ကြလိမ့်မည်။ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုခြင်းနှင့် ပတ်သက်လာသည့်အခါ မည်သည့်အရာအား၊ လူတို့ အတော်အတန် ရှင်းလင်းပြတ်သားကြကြောင်း၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အတွက် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းနိုင်ကြောင်းနှင့် ခေါင်းဆောင်မှု အခန်းကဏ္ဍအဖို့ သင့်တော်ကြကြောင်းကို တွေ့မြင်ဖို့ ယင်းကို ၎င်းတို့ လေးလေးနက်နက် တွေးဆကာ အချိန်ယူစဉ်းစားလိမ့်မည်။ ဤအရာများကို အချိန်ယူစဉ်းစားပြီးသည့်နောက်တွင်၊ ၎င်းတို့သည် မိမိတို့၏ မဲများကို လျော်ညီစွာ ပေးကြလိမ့်မည်။ ဤအရာသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အဖို့ တိုက်ရိုက် အကျိုးရှိပေသည်။ အကယ်၍ သင်သည် လူတို့၏ အပြင်ပန်း စွမ်းဆောင်မှုများအတိုင်း သို့မဟုတ် သင်၏ အယူအဆများနှင့် သင် စိတ်ကူးသည့်အရာအတိုင်း မဲပေးပါက၊ ယင်းသည် ခက်ခဲလိမ့်မည်။ လူအချို့သည် အလွန် စိတ်အားထက်သန်ပြီး၊ မိမိတို့ကိုယ်ကိုယ် စွန့်နိုင်ကာ ဘုရားသခင်အတွက် အလုပ်လုပ်ရန် လိုလားလျက် တစ်နေရာမှ တစ်နေရာသို့ ပြေးလွှားနိုင်ကြသည်။ ၎င်းတို့သည် အနည်းငယ် စကားပြော ကောင်းပင်ကောင်းနိုင်ပြီး ဆက်ဆံရေး ကောင်းနိုင်သည်- သို့သော် သမ္မာတရားကို ၎င်းတို့ နားမလည်ကြပေ၊ ယင်းမှာ ၎င်းတို့သည် ခေါင်းဆောင်များဖြစ်ဖို့ ကောင်းစွာ မသင့်တော်သည်ကို ဆိုလိုပေသည်။ ဧဝံဂေလိ ဖြန့်ဝေဖို့ အမှုထမ်းကို ရွေးကောက်ပါက၊ သင်၏ ရွေးချယ်မှုကို ဤအခြေအနေများအပေါ် အခြေပြုဖို့ အဆင်ပြေဆဲဖြစ်သော်လည်း၊ ခေါင်းဆောင်များကို ရွေးကောက်ပါက၊ ဤစံများကို ပိုင်ဆိုင်ခြင်းက ၎င်းတို့ကို အရည်အချင်း မပြည့်မီစေပေ။ ခေါင်းဆောင်တစ်ဦး၏ အခန်းကဏ္ဍမှာ လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ဖို့၊ သမ္မာတရားကို နားလည်ဖို့၊ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ဖို့၊ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ထဲသို့ ဝင်ရောက်ဖို့နှင့် ကယ်တင်ခြင်း ရရှိဖို့ ဦးဆောင်ရန် ဖြစ်သောကြောင့်၊ ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်း၏ မရှိမဖြစ် ထားရှိရမည့် လိုအပ်ချက်မှာ သမ္မာတရားကို နားလည်ဖို့ဖြစ်သည်။ ထို့ကြောင့်၊ ခေါင်းဆောင်တစ်ဦးကို ရွေးကောက်ခြင်းသည် ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်ပေ။ အလုပ်များနိုင်သည့် မည်သူမဆိုသက်သက်သည် ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံနိုင်စွမ်းမရှိ၊ အသိပညာများစွာ ရှိသည့် မည်သူမဆိုသက်သက်သည် သမ္မာတရားကို နားလည်ဖို့ အခြားသူတို့အား ကူညီနိုင်စွမ်းမရှိသကဲ့သို့၊ စကားပြောကောင်းသော မည်သည့်လူမဆိုသက်သက်သည် ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ထို့ထက်၊ ခေါင်းဆောင်များသည် သမ္မာတရားကို နားလည်ရမည်၊ ကောင်းမွန်သော လူ့သဘာဝ ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိရမည်ဖြစ်သည်။ အယောင်ဆောင်သော ခေါင်းဆောင်များသည် အဘယ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မပိုင်ဆိုင်သနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြသောကြောင့်၊ သို့မဟုတ် မချစ်ကြသောကြောင့် ဖြစ်သည်။ သမ္မာတရားကို သိနားလည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိဘဲနှင့်၊ ၎င်းတို့ မည်မျှ အလုပ်ကောင်းကောင်း များနိုင်သည်ဖြစ်စေ၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့အတွက် မည်သည့် ပြဿနာများကို ၎င်းတို့ ဖြေရှင်းပေးနိုင်သနည်း။ ၎င်းတို့ကို မည်သည့် အကျိုးကျေးဇူးများ ပေးနိုင်သနည်း။ ထို့ကြောင့်၊ စိတ်ထက်သန်ပြင်းပြမှု ရှိသော်လည်း အလုပ်များရုံသာများနိုင်သည့် တစ်စုံတစ်ဦးသည် ခေါင်းဆောင်တစ်ဦး မဖြစ်နိုင်ပေ။ ခေါင်းဆောင်တစ်ဦး ဖြစ်ဖို့၊ တစ်ဦးတစ်ယောက်သည် သမ္မာတရားကို နားလည်ရမည်ဖြစ်သည်။ သမ္မာတရားကို နားလည်ပြီး လက်တွေ့အရှိတရား ပိုင်ဆိုင်သည့်သူ၊ ကောင်းမွန်သော လူ့သဘာဝ ရှိပြီး ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့နှင့်အတူ ၎င်းတို့ ရှိကောင်းရှိမည့် မည်သည့်အခက်အခဲများမဆိုနှင့်ပတ်သက်၍ မိတ်သဟာယပြုနိုင်ပြီး ကူညီနိုင်သောသူ တစ်စုံတစ်ဦးကို သင် တွေ့သည့်အခါ၊ ဤသည်မှာ ခေါင်းဆောင်ဖို့ သင် ရွေးချယ်သင့်သည့် လူစားမျိုး ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် သင်ကိုယ်တိုင်၏ အသက်တာ ကြီးထွားမှုအတွက် အကျိုးရှိမည်သာမက၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူအားလုံးကိုလည်း အသက်ဝင်ရောက်မှု ရရှိဖို့ ကူညီလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်၊ ခေါင်းဆောင်တစ်ဦးကို ရွေးချယ်နေချိန်တွင် အခြေခံသဘောတရားများကို သင် လိုက်နာရမည်ဖြစ်သည်။ အခြေခံသဘောတရား မရှိဘဲနှင့်၊ သင်သည် သင်၏ ကိုယ်ပိုင် စိတ်ဆန္ဒများအပေါ် အခြေခံ၍ ကြုံရာကျပန်း ကျိုးကြောင်းမမြင်စွာ သင် ရွေးကောက်မိလိမ့်မည်ဖြစ်ပြီး ယင်းမှာ လုံးဝ အဆင်ပြေလိမ့်မည်မဟုတ်ပေ။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များနှင့် သင်းထောက်များကို ဘုရားသခင်၏ ရွေးချယ်ထားသော လူအလုံးစုံက ရွေးကောက်သင့်ပြီး၊ ၎င်းတို့ထဲမှ အနည်းငယ်မျှကသာ မရွေးကောက်သင့်ပေ။ အကယ်၍ တစ်စုံတစ်ဦးက ပြစ်ဒဏ်လျှော့ပေါ့ သက်သာစေသော အခြေအနေများကြောင့် ရွေးကောက်ပွဲတစ်ခုတွင် မပါဝင်ပါက၊ မဲပေးခြင်းတွင် ပါဝင်သည့်သူများသည် အနည်းဆုံးအနေဖြင့် အသင်းတော်၏ စုစုပေါင်း အသင်းသား၏ ရှစ်ဆယ် သို့မဟုတ် ထို့ထက်ပို၍ ဖွဲ့စည်းပါဝင်သင့်ပေသည်။ ဤနည်းဖြင့်သာ ရွေးကောက်ပွဲ ထိရောက်လိမ့်မည်ဖြစ်သည်။ ထို့အပြင်၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူအားလုံးသည် မဲပေးခွင့်နှင့် ရွေးကောက်ခံရပိုင်ခွင့် ရှိသည်။ နုတ်ပယ်ခံရသင့်သည့် သို့မဟုတ် နှင်ထုတ်ခံရသင့်သည့် လူများမှလွဲ၍၊ အခြားအယောက်တိုင်းသည် ရွေးကောက်ပွဲများတွင် ပါဝင်ရန် အခွင့်ရှိကြ၏။ ဤအရာကို ကန့်သတ်ပိုင်ခွင့် မည်သူမျှ မရှိပေ။ လူတို့သည် မိမိတို့၏ လုပ်ပိုင်ခွင့်ကို ဆန္ဒအလျောက် စွန့်လွှတ်ကောင်းစွန့်လွှတ်နိုင်သော်လည်း သီးခြား လူတစ်စုကို ရွေးကောက်ပွဲတစ်ခုတွင် ပါဝင်ခြင်းမှ ကန့်သတ်ဖို့မှာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးအတွက် မှားယွင်းပေသည်။ ဤအရာကို ဘုရားသခင်၏ အိမ်တော်က အခွင့်မပေးရပေ။ မည်သူမဆိုက ကိုယ်စားလှယ်လောင်းတစ်ဦးကို သတ်မှတ်ဖို့ အသင်းတော် ရွေးကောက်ပွဲများက အခွင့်မပေးရပေ။ ကိုယ်စားလှယ်လောင်းများ၏ နယ်ပယ်များကို သတ်မှတ်ခြင်းသည် အဆင်းနီသော နဂါးကြီး၏ အဓိပ္ပာယ်မရှိသော ရွေးကောက်ပွဲ နည်းစနစ် ဖြစ်ပြီး၊ ဘုရားသခင်၏ အိမ်တော်က ယင်းကို မည်သည့်အခါတွင်မျှ မခံယူရ။ ကိုယ်စားလှယ်လောင်းတစ်ဦးကို သတ်မှတ်ခြင်းသည် စာတန်၏ နည်းလမ်းဖြစ်ပြီး ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ငြင်းပယ်သင့်ပေသည်။ အသင်းတော် ရွေးကောက်ပွဲများကို ဆောင်ရွက်ခြင်းအား ဘုရားသခင်၏ ရွေးချယ်ထားသူများကို ယုံကြည်ကိုးစားခြင်း အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ရမည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ အမြင်အများစုသည် တိကျကာ မှန်ကန်သင့်ပေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသူတို့ကို ယုံကြည်ခြင်း မရှိသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင် အမြင်များကိုသာ ယုံကြည်သောသူအားလုံးသည် ဆင်ခြင်တုံတရားမရှိသည့် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော လူများ ဖြစ်ကြသည်။အသင်းတော် ရွေးကောက်ပွဲများအတွက် ကိုယ်စားလှယ်လောင်းများကို အမြဲ သတ်မှတ်သူအားလုံးသည် ဖုံးကွယ်ထားသော အရင်းခံအကြောင်းများရှိသည့် တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ကောင်းသော လူများ ဖြစ်ကြသည်။ အသင်းတော်သည် အုပ်စုငယ် အစည်းအဝေးများ ဆောင်ရွက်သည်နှင့်အမျှ၊ လူအများစုသည် အချင်းချင်း မသိကြချေ။ ထို့ကြောင့်၊ အုပ်စု အသီးသီးသည် ပထမဦးစွာ အတွင်းတွင် လူတစ်ဦးကို ရွေးကောက်သင့်ပြီး၊ အဆုံးတွင် အုပ်စုအသီးသီးမှ ရွေးကောက်ထားသည့်သူအားလုံးသည် အသင်းတော် ခေါင်းဆောင်များနှင့် သင်းထောက်များကို မရွေးကောက်မီ တစ်ရက် သို့မဟုတ် နှစ်ရက်ကြာ အစည်းအဝေးများ ရှိဖို့ အတူတကွ လာနိုင်ပေသည်။ ဤနည်းဖြင့် ရွေးကောက်ပွဲ ပြီးစီးလိမ့်မည် ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

ဘုရားသခင်၏ အိမ်တော်က ဘုရားသခင်၏ ရွေးချယ်ထားသော လူအားလုံးသည် (နုတ်ပယ်ခံရမည့် သို့မဟုတ် နှင်ထုတ်ခံရမည့် သူများမှလွဲ၍) မဲပေးပိုင်ခွင့်နှင့် ရွေးကောက်ခံရပိုင်ခွင့် ရှိသည်ဟု သတ်မှတ်လေသည်။ ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်းဖြင့် ကိုင်တွယ်သင့်သည့် အထူးအခြေအနေများအချို့ ရှိသည်။

၁။အတော်အတန် ကောင်းမွန်သည့် လူ့သဘာဝရှိသော ယခင်က အစားထိုးခံခဲ့ရသည့် ခေါင်းဆောင်များနှင့် အလုပ်သမားများသည် စစ်မှန်သော အသက်တာ အတွေ့အကြုံများရှိပါက၊ ပြီးခဲ့သည့် နှစ်အနည်းငယ်တွင် အသက်တာ၌ မည်မည်ရရဖြစ်သော တိုးတက်မှု စွမ်းဆောင်ရရှိခဲ့ပြီး၊ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းအားဖြင့် ပြဿနာများကို ဖြေရှင်းနိုင်ပါက၊ ထိုသို့သော လူများသည် ခေါင်းဆောင်များနှင့် အလုပ်သမားများအဖြစ် ရွေးချယ်ခံရဖို့ အရည်အချင်း ပြည့်မီကြပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော်သည် လူတို့သည် သမ္မာတရား စစ်မှန်မှု ရှိမရှိဆိုသည်နှင့် ၎င်းတို့၏ အသက် စိတ်သဘောထားတွင် စစ်မှန်သော ပြောင်းလဲမှု စွမ်းဆောင်ရရှိပြီးခြင်း ရှိမရှိဆိုသည်တို့အပေါ် အခြေခံသောကြောင့်၊ ၎င်းတို့အနေဖြင့် အတိတ်တွင် အပြစ်တစ်ခုတစ်လေ ကျူးလွန်ပြီးခြင်း ရှိမရှိဆိုသည့်အပေါ် အခြေမခံသောကြောင့် ဖြစ်သည်။

၂။အာဏာပိုင်များ၏ လိုက်လံရှာဖွေခြင်းခံခဲ့ရပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်က အသင်းတော် အသက်တာကို ငြင်းပယ်ခဲ့သည့် ဘုရားသခင်၏ ရွေးချယ်ထားသော လူများထဲမှ အချို့နှင့် စပ်လျဉ်း၍၊၎င်းတို့သည် အသင်းတော် အသက်တာတွင် ပါဝင်သင့်ပြီး လွန်ခဲ့သည့် တစ်နှစ်၊ နှစ်နှစ်တုန်းက မေးမြန်းမှုများနှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို ခံရပြီးသည်မဟုတ်ပါက၊ မဲပေးပိုင်ခွင့်နှင့် ရွေးကောက်ခံရပိုင်ခွင့်တို့ကို မွေ့လျော်ခံစားသင့်ပေသည်။ ဤအခြေအနေမျိုးတွင်၊ လူတို့သည် စည်းမျဉ်းများကို ထင်ရာမြင်ရာ ဆုပ်ကိုင်မထားသင့်ပေ၊ သို့မဟုတ်ပါက အခြားသူတို့သည် နှောင့်နှေးသွားနိုင်သည် သို့မဟုတ် ထိခိုက်နစ်နာသွားနိုင်ပေသည်။

၃။ အာဏာပိုင်များ၏ လိုက်လံရှာဖွေခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်း ခံရခြင်းကြောင့် သို့မဟုတ် ပြင်းထန်သော ရောဂါဖြင့် ဖိစီးခံရခြင်းကြောင့် ယခင် ခြောက်လက မိမိတို့၏ တာဝန်ကို မထမ်းဆောင်နိုင်ကြလေသည့် သူ မည်သူမဆိုသည် ရွေးကောက်ပွဲတစ်ခုတွင် ပါဝင်လိုကြပါက မဲပေးနိုင်သည် (ကိုယ်တိုင် တက်ရောက်မှုသည် မလိုအပ်ပေ)။ ရွေးကောက်ခံရပိုင်ခွင့်ရှိသော်လည်း၊ ထိုသို့သော လူတို့သည် ရွေးကောက်ခံရဖို့ အရည်အချင်းများ ကင်းမဲ့လေ့ရှိကြသည်။ တစ်စုံတစ်ဦးက ဘုရားသခင်ကို ယုံကြည်ခြင်းမရှိမီတွင် လိင်မှုကိစ္စ ရှုပ်ပွေဖူးသည့် သို့မဟုတ် လိင်တူဆက်ဆံသည့် လုပ်ရပ်များတွင် ပါဝင်ပတ်သက်မိသည့် အခြေအနေလည်း ရှိသည်။ ယုံကြည်ခြင်း ရရှိပြီးနောက် ဤလူစားမျိုးများသည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် နောင်တရပြီးဖြစ်သည်ကို ပြသပြီးဖြစ်ကာ ကောင်းမွန်စွာ ထမ်းဆောင်ပြီးပါက၊ ၎င်းတို့သည်လည်း တကယ့် အလုပ်ကို ဆောင်ရွက်နိုင်သရွေ့ ရွေးကောက်ခံရဖို့ အရည်အချင်း ပြည့်မီပေသည်။

၄။ ကူးစက်တတ်သည့် ရောဂါတစ်ခုကို သယ်ဆောင်သည့် တစ်စုံတစ်ဦးသည် သမ္မာတရားကို နားလည်ပါက၊ ကောင်းမွန်သော လူ့သဘာဝ ပိုင်ဆိုင်ပြီး၊ အလုပ်လုပ်နိုင်စွမ်းရှိပါက၊ ရောဂါက ၎င်းတို့၏ အလုပ်ကို မထိခိုက်သရွေ့၊ ယင်းကို အခြားသူများထံ ကူးစက်ခြင်းအား ၎င်းတို့ ရှောင်ရှားနိုင်ပါက၊ ၎င်းတို့ကို ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးအဖြစ် ရွေးကောက်နိုင်ပေသည်။ ၎င်းတို့၏ ကျန်းမာရေးက အလုပ်လုပ်ဖို့ အလွန်ညံ့ဖျင်းလွန်းပါက၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးအဖြစ် အစေခံခြင်းအဖို့ ၎င်းတို့ မသင့်တော်ပေ။

၅။ ခေါင်းဆောင်များအတွက် ရွေးကောက်ပွဲတစ်ခုတွင်၊ အမျိုးသားနှစ်ဦး သို့မဟုတ် အမျိုးသမီး နှစ်ဦးကို ရွေးချယ်ရန် မလိုအပ်ပေ။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ရွေးကောက်ခြင်းသည်လည်း အဆင်ပြေ၏။ သို့သော် တာဝန်များကို လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ၊ လိင်နှစ်ခုကြားက အဖော်မပါသော အပြန်အလှန်ဆက်ဆံရေးကို ရှောင်ရှားသင့်သည်။

၆။ ဒေသဆိုင်ရာနှင့် ခရိုင် ရေးရာများ အကြီးအကဲများနှင့် ဧဝံဂေလိ ဖြန့်ဝေခြင်း အရာရှိများသည် အလုပ်သမားများ ဖြစ်ပြီး ၎င်းတို့ကို ရွေးကောက်ရမည်။ ခေါင်းဆောင်များနှင့် အလုပ်သမားများအားလုံးကို ရွေးကောက်ရမည်ဖြစ်ပြီး၊ မည်သူကမျှ ခန့်အပ်ခြင်း သို့မဟုတ် သတ်မှတ်ခြင်း ပြု၍မရနိုင်ပေ။ ဤလုပ်ငန်းစဉ်ကို အသင်းတော်တစ်ခုလုံးထံ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဖို့အတွက် မလိုအပ်သော်လည်း၊ အထူးတာဝန်များ ထမ်းဆောင်ကြသူများကို ခေါင်းဆောင်များနှင့် အလုပ်သမားများ၏ စေ့စပ်ဆွေးနွေးခြင်းမှတစ်ဆင့် ရွေးချယ်ရမည်။ လုံခြုံရေး ဝန်ဆောင်မှုများတွင် ပါဝင်သည့် အမှုထမ်းများနှင့် ပတ်သက်လာသည့်အခါ ဤအရာ အထူးသဖြင့် မှန်ကန်ပေသည်။ ဤအရာကို အသင်းတော် တစ်ခုလုံးထံ ပွင့်ပွင့်လင်းလင်း လုံးဝ ထုတ်ဖော်ပြောဆိုရမည် မဟုတ်ပေ။

အသင်းတော်တစ်ပါးသည် အဆင့်အားလုံးရှိ ယင်း၏ ခေါင်းဆောင်များနှင့် အလုပ်သမားများအားလုံးကို ရွေးကောက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ယင်း၏ အလုပ်အားလုံးသည် မှန်ကန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် အသင်းတော် အသက်တာတွင် ပါဝင်နိုင်ကြကာ မိမိတို့၏ တာဝန်များကို ပုံမှန် ဖြည့်ဆည်းနိုင်ကြပေသည်။ ထိုအခါ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို လုပ်ဆောင်နေပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေစဉ်တွင် မျှတစွာ ယှဉ်ပြိုင်နိုင်ကြပေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး လက်တွေ့အရှိတရား ပိုင်ဆိုင်သူ မည်သူမဆိုကို အားပေးကာ ရွေးကောက်လိမ့်မည်ဖြစ်သည်။ မည်သူကိုမျှ မျက်နှာလို မျက်နှာရ လု်ပ်ရန် မလိုအပ်ပေ သို့မဟုတ် အခြားသူများထံမှ အရိပ်နိမိတ်ယူရန် မလိုအပ်ပေ။ ၎င်းတို့အနေဖြင့် သမ္မာတရား စစ်မှန်မှုအတိုင်း လုံးဝ ရပ်တည်သင့်ပေသည်။ ဤနည်းဖြင့်၊ စစ်မှန်သော အသင်းတော် အသက်တာ ပေါ်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် အမှန်တကယ် လွတ်မြောက်ကြလိမ့်မည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၆၁။ အသင်းတော်တစ်ပါး တည်ထောင်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၆၃။ ခေါင်းဆောင်များနှင့် အလုပ်သမားများကို ရွေးချယ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်