၆၁။ အသင်းတော်တစ်ပါး တည်ထောင်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ၂၀ သို့မဟုတ် ထိုထက်ပိုသော လူတို့သည် ဘုရားသခင်၏ အမှုတော်ကို အမှန်တကယ် လက်ခံပြီးဖြစ်ကာ အသင်းတော် အသက်တာအတွက် စိတ်ဆန္ဒတစ်ခု ဖော်ပြပြီးဖြစ်သည့်နေရာတိုင်းတွင်၊ အသင်းတော်ကို တည်ထောင်၍ရနိုင်သည်။

(၂) အသင်းတော်တစ်ခုကို တည်ထောင်ခြင်းသည် အသင်းတော် ခေါင်းဆောင်များ၊ ဧဝံဂေလိ ဖြန့်ဝေခြင်းကို ကြီးကြပ်ရာတွင်ရှိသည့် သင်းထောက်များ သို့မဟုတ် ရေလောင်းခြင်းအား ကြီးကြပ်ရာတွင်ရှိသည့် သင်းထောက်များအောက်တွင်သာ လုပ်ဆောင်ရမည်။

(၃) အသင်းတော်တစ်ပါးက ယင်း၏ ခေါင်းဆောင်များနှင့် သင်းထောက်များကို ရွေးချယ်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ ဦးဆောင်ပြီး အသင်းတော်၏ အလုပ်အားလုံးနှင့် ယင်း၏ ပြဿနာအားလုံးကို ဖြေရှင်းခြင်းအတွက် တာဝန် ရှိကြလေသည်။

(၄) အသင်းတော်တစ်ပါးကို ယင်း၏ တည်နေရာကိုအစွဲပြု၍ အမည်မှည့်နိုင်ပြီး အသင်းတော် တည်ထောင်မှုပြီးသည့်နောက်တွင်၊ ယင်း၏ စုရုံးသူများ အရေအတွက်ကို ဒေသခံ အခြေအနေများအတိုင်း သတ်မှတ်နိုင်သည်။

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

အသင်းတော်တစ်ပါး တည်ထောင်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများမှာ အောက်ပါအတိုင်း ဖြစ်သည်- ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး၊ အသင်းတော်ထဲသို့ တရားဝင် ဝင်ရောက်မှုကို တောင်းခံခြင်း လျှောက်လွှာစာရွက်တစ်ခုကို ရေးသားပြီးဖြစ်ကာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ဖို့ လိုလားနေသည့် လူတစ်စု (၁၀ ယောက်မှ အယောက် ၂၀) ရှိသရွေ့ အသင်းတော်တစ်ပါးကို တည်ထောင်နိုင်ပေသည်။ စုရုံးဖို့ဆန္ဒရှိသည့် လူသစ်များ ၁၀ ယောက်ခန့်သာ ရှိပါက၊ စုဝေးခြင်း နေရာတစ်ခုကို ထူထောင်နိုင်သော်လည်း အသင်းတော်ကို မတည်ထောင်ရပေ။ အသင်းတော်တွင် ပါဝင်ဖို့ တရားဝင် မလျှောက်တင်ရသေးသည့် လူတို့သည် စုဝေးမှုတွင်သာ ပါဝင်နိုင်သည်။ ၎င်းတို့ကို တရားဝင် အသင်းသားများအဖြစ် မယူဆပေ။ အသင်းတော်များကို အသင်းတော်ခေါင်းဆောင်များ၊ ဧဝံဂေလိ သင်းထောက်တစ်ဦး သို့မဟုတ် လူသစ်များကို ရေလောင်းပေးသည့် သင်းထောက်တစ်ဦးက ကိုယ်တိုင်ကိုယ်ကျ တည်ထောင်ရမည်။ အသင်းတော် အသက်တာနှင့် စိမ်းနေသေးသည့် လူများကြား အကျွမ်းမဝင်မှုက ရွေးကောက်ပွဲများ ကျင်းပမှုကို ဟန့်တားသည်။ ထိုသို့ဖစ်သဖြင့်၊ လူသစ်များ၏ အသင်းတော်များနှင့်ဆိုင်သည့် ပထမဆုံး ခေါင်းဆောင်များနှင့် သင်းထောက်များကို လူသစ်များနှင့် ရင်းနှီးသည့် လူအချို့၏ ဆွေးနွေးမှုမှတစ်ဆင့် ခန့်အပ်ရမည်ဖြစ်သည်။ ယင်းသည် စမ်းသပ်မှု ကာလဖြစ်သည်။ အယောက်တိုင်းက အချင်းချင်း ရင်းနှီးကြသည့်အချိန်၊ ခြောက်လမှ တစ်နှစ်ကြာသောအခါတွင် ရွေးကောက်ပွဲများ ကျင်းပဖို့ လုံးဝ သင့်တော်ပေသည်။ အသင်းတော်တစ်ပါးကို တည်ထောင်ချိန်တွင်၊ ဆုတောင်းအစည်းအဝေးကို အသစ်ထူထောင်ထားသည့် အသင်းတော်၏ ခေါင်းဆောင်များက ကျင်းပရမည်ဖြစ်သည်။ ဤအစည်းအဝေးတွင်၊ အသင်းတော် တည်ထောင်ခြင်းနှင့်ဆိုင်သည့် တရားဝင် ကြေငြာမှုတစ်ခု ပထမဦးစွာ ရှိလိမ့်မည်၊ ယင်းနောက်တွင် ဆုတောင်းခြင်း စတင်လိမ့်မည်ဖြစ်သည်။ လူအသီးသီးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် ဆုတောင်းကြလိမ့်မည်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ၎င်းတို့ တရားဝင် ယုံကြည်ပြီး အသင်းတော်တွင် ပါဝင်နေကြကာ၊ ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံရန်၊ သမ္မာတရားကို လက်ခံရန်၊ သန့်စင်ခြင်းခံရရန်နှင့် ဘုရားသခင်ကို ထုတ်ဖော်ပြောရန်နှင့် သက်သေခံရန် ၎င်းတို့ တတ်စွမ်းသမျှဖြင့် အရာရာကို လုပ်ဆောင်ဖို့ လိုလားနေကြသည်ကို ကြေညာလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့၏ အလိုဆန္ဒများနှင့် စိတ်ဆန္ဒပြင်းပြမှုများကိုလည်း ဘုရားသခင်အား ပြောပြကောင်း ပြောပြနိုင်ပြီး၊ ၎င်းတို့ စိတ်နှလုံးအတွင်းရှိ စကားများကို ဘုရားသခင်ထံ ပြောဆိုနိုင်သည်။ ရွေးချယ်ခံရသူများ၏ ဆုတောင်းခြင်းနောက်တွင်၊ အသင်းတော်ကို တည်ထောင်ခြင်း ပြီးပြည့်စုံလိမ့်မည်။ လူသစ်များ၏ အသင်းတော် တည်ထောင်ပြီးသည့်နောက် ကနဦးအချိန်ကာလအတွင်းတွင်၊ စီရင်စု ခေါင်းဆောင်များသည် အသင်းတော် အသက်တာကို နေထိုင်အသက်ရှင်ရာတွင် ၎င်းတို့ကို ရေလောင်းကာ အားပေးဖို့ လူတို့အတွက် အစီအစဉ်များ ပြုလုပ်သင့်ပေသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည့်၊ သမ္မာတရားကို ချစ်ပြီး ကောင်းမွန်သော အရည်အချင်းရှိသည့် လူသစ်များကိုလည်း သမ္မာတရားကို ၎င်းတို့ နားလည်လာနိုင်ဖို့နှင့် သမ္မာတရား၏ လက်တွေ့အရှိတရားကို မြန်နိုင်သမျှ မြန်မြန် ဝင်ရောက်လာနိုင်ဖို့အလို့ငှာ ပြုစုပျိုးထောင်ပေးရမည်။ တစ်နှစ်ပြီးနောက်တွင်၊ ခေါင်းဆောင်များနှင့် သင်းထောက်များဖြစ်သည့် လူသစ်များသည် အသင်းတော်အသက်တာကို တရားဝင် လမ်းပြခြင်းအတွက် တာဝန်ယူနိုင်ကြပေသည်။

လူသစ်များ၏ ရေမြေခြား အသင်းတော်များ၏ အသင်းသားအရေအတွက်အဖို့ အများဆုံး ကန့်သတ်မှုများ မရှိပေ။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် အသင်းသား အယောက် ၅၀မှ ၁၀၀ ရှိသင့်သည်။ လူသစ်များက အစုအဝေး ကျင်းပခြင်းသည် များလွန်းသည့် အသင်းသားများရှိခြင်းကြောင့် ခက်ခဲသည်ဟု ခံစားရပါက၊ သင့်တော်သည့် ခေါင်းဆောင်များကို ရွေးချယ်နိုင်ပါက၊ တောင်းဆိုသည့်အခါ သီးခြားအသင်းတော်တစ်ခုကို တည်ထောင်နိုင်ပေသည်။ အသင်းတော်တစ်ခု တည်ထောင်ခြင်းနှင့်ဆိုင်သည့် အရေးကြီးဆုံးသော အခြေခံသဘောတရားမှာ ခေါင်းဆောင်များအဖြစ် ဆောင်ရွက်ဖို့ မှန်ကန်သော လူတို့ ရှိခြင်းဖြစ်သည်- ဤသည်မှာ အဓိကအချက် ဖြစ်၏။ အသင်းတော်ကို ကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည့် ကောရိန္တုနှင့် ဧဖက် အသင်းတော်များ စသည်တို့နှင့် အလားတူ၊ ဒေသန္တရ နေရာအမည်ကို အစွဲပြု၍ အမည်ပေးနိုင်သည်။ ထိုအသင်းတော်ကို တည်ထောင်ပြီးသည်နှင့်တစ်ပြိုင်နက်၊ လူသစ်များ နေထိုင်သည့်နေရာပေါ် အခြေပြု၍ အစုအဝေး အုပ်စုများကို စီစဉ်၍ ရပေသည်။ လူသစ်များက အလွန်ကျယ်ပြန့်စွာ ပျံ့နှံ့လွန်းပါပြီး၊ အစုအဝေး အတူတကွ မကျင်းပနိုင်ပါက၊ အွန်လိုင်းတွင် ၎င်းတို့ စုစည်းကာ မိတ်သဟာယပြုနိုင်ပြီး အချင်းချင်း ဆက်သွယ်နိုင်ပေသည်။

အလုပ်အစီအစဉ်များ မှ

အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့ကို အတူတကွ ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ရာထူးသက်ကြီးခြင်း တူညီသည့် ခေါင်းဆောင်နှစ်ဦးနှင့် သင်းထောက်သုံးဦးတို့ဖြင့်၊ လူငါဦး တစ်ဖွဲ့ ဖွဲ့စည်းပါဝင်ရမည်။ သင်းထောက် သုံးဦးမှာ ဧဝံဂေလိပြုခြင်းနှင့် ဆိုင်သည့် သင်းထောက်တစ်ဦး၊ အထွေထွေ အရေးကိစ္စများနှင့် သက်ဆိုင်သည့် သင်းထောက်တစ်ဦးနှင့် ရေလောင်းပေးခြင်းနှင့် သက်ဆိုင်သည့် သင်းထောက်တစ်ဦးတို့ ဖွဲ့စည်းပါဝင်ရမည်။ အသင်းတော်၏ အသက်တာသည် ခေါင်းဆောင် နှစ်ဦး၏ တိုက်ရိုက် တာဝန် ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

မယုံကြည်သူများထဲမှ လူသစ်များအတွက်၊ ၎င်းတို့အနေဖြင့် သုံးလကျော် ယုံကြည်ကြပြီးဖြစ်ကာ အရေအတွက် ၂၀ ခန့်ဖြစ်ပါက၊ အသင်းတော် သစ်တစ်ခုကို ၎င်းတို့ ထောင်နိုင်သည်။ ၎င်းတို့အားလုံးက ယုံကြည်သူ သစ်များဖြစ်ပြီး၊ ဤသည်မှာ မှန်သော လမ်းခရီးဖြစ်သည်ကို မသေချာသေးပါက၊ ၎င်းတို့ မည်မျှ ရှိသည်ဖြစ်စေ၊ အသင်းတော်သစ် ထူထောင်ခြင်းကို အလောတကြီး မလုပ်ရပေ။ မယုံကြည်သူများမှ လူသစ်များသည် နည်းပါးပြီး၊ ညီအစ်ကို မောင်နှမများ၏ တိုက်ရိုက် မိသားစု၊ ဆွေမျိုးများ သို့မဟုတ် မိတ်ဆွေများမှ ဟိုတစ်စု သည်တစ်စု သို့မဟုတ် ရယူထားခြင်းဖြစ်ပြီး၊ ၎င်းတို့အဖို့ အတော်အတန် အကျွမ်းဝင်ပါက၊ ၎င်းတို့သည် ကောင်းစွာ ပြုမူပါက၊ သုံးလပြီးနောက် ၎င်းတို့ကို အသင်းတော်ထဲသို့ သွင်းနိုင်ပေသည်။ အသင်းတော်ကို ထောင်ပြီးသည်နှင့်တစ်ပြိုင်နက်၊ အားကိုး၍ မရသည့် လူများ ပါရှိသည်ကို ရှာဖွေတွေ့ရှိရပါက၊ ၎င်းတို့ကို လေ့လာစောင့်ကြည်နိုင်ဖို့အလို့ငှာ အစည်းအဝေးအတွက် အုပ်စု ဘီတွင် ၎င်းတို့ကို ထား၍ ရကောင်းရနိုင်ပေသည်။

မယုံကြည်သူများထဲမှ လူသစ်များ၏ အသင်းတော် တစ်ခုကို ထောင်ခြင်းအတွက် အခြေခံသဘောတရားများနှင့် သတ်မှတ်ချက်များမှာ ၎င်းတို့သည် အနည်းဆုံး ခရစ်ယာန်တစ်ဦးက ပိုင်ဆိုင်သင့်သည့် အခြေခံကျသော အသိပညာ၏ သွင်ပြင်လက္ခဏာအချို့ကို နားလည်ရမည်- ၁၊ ၎င်းတို့အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် အနန္တတန်ခိုးရှင် ဘုရားသခင် တစ်ပါးတည်းသာ ကောင်းကင်၊ မြေကြီးနှင့် ယင်းတို့အထဲရှိ အရာရာတိုင်းကို ဖန်ဆင်းခဲ့သည့် စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်ကာ စကြဝဠာထဲက အရာရာတိုင်း၏ ဆရာသခင်ဖြစ်သည်ကို အသိအမှတ်ပြုရမည်။ ၂၊ ဘုရားသခင်ကို ယုံကြည်မှုသည် ကယ်တင်ခံရဖို့၊ အပြစ်မှလွတ်မြောက်ဖို့၊ စာတန်၏ စွမ်းအားမှ လွတ်မြောက်ဖို့၊ ဘုရားသခင်ထံ အပြည့်အဝ ပြန်သွားဖို့၊ ဘုရားသခင်ကို ကျိုးနွံနာခံဖို့နှင့် ဘုရားသခင်ကို ကိုးကွယ်ဖို့အလို့ငှာဖြစ်သည်ကို သိရမည်။ ဘုရားသခင်ကို ဤနည်းဖြင့် ယုံကြည်ခြင်းအားဖြင့်သာ ထာဝရအသက်ကို ၎င်းတို့ ရရှိနိုင်ပေသည်။ ၃- စစ်မှန်သော ဘုရားသခင်၏ နာမတော်ကို ၎င်းတို့ ထိန်းသိမ်းရမည်။ ၎င်းတို့သည် ရုပ်တုဆင်းတုများ သို့မဟုတ် နတ်ဆိုးများကို မကိုးကွယ်ရသကဲ့သို့ အယောင်ဆောင်သော ဘုရားများနှင့် နတ်ဆိုးအားလုံးကို စွန့်ရမည်။ ၄- နိုင်ငံရေး လှုပ်ရှားမှုများတွင် ၎င်းတို့ မပါဝင်ရ။ အမျိုးသား နိုင်ငံရေး စနစ်များကို ၎င်းတို့ လိုက်နာရမည်၊ သို့သော် ၎င်းတို့၏ ယုံကြည်ခြင်းတွင် မည်သည့် နိုင်ငံ၊ အစိုးရ သို့မဟုတ် နိုင်ငံရေး ပါတီတို့၏ ကန့်သတ်ချက်များကိုမျှ မခံရ။ လူတို့ကို မဟုတ်ဘဲ၊ ဘုရားသခင်ကိုသာ ၎င်းတို့ နာခံရမည်။ ၅- ၎င်းတို့ အမြော်အမြင်ရှိရမည်။ ဘုရားသခင့် အိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကို ထိန်းသိမ်းဖို့ တာဝန် ရှိရမည်ဖြစ်ပြီး၊ သို့မဟုတ်ပါက၊ ဘုရားသခင်၏ ကျေးဇူးတော်တွင် မျှဝေခံစားဖို့ ၎င်းတို့ မသင့်တော်ပေ။ ဤအရာများကို ၎င်းတို့ နားလည်ပါက၊ ၎င်းတို့အတွက် အသင်းတော်သစ်တစ်ခုကို တည်ထောင်နိုင်သည် သို့မဟုတ် တည်ဆဲ အသင်းတော်ထဲတွင် ၎င်းတို့ကို လက်ခံနိုင်သည်။ ၎င်းတို့ နားမလည်ကြပါက၊ အသင်းတော်သစ် တည်ထောင်ခြင်း သို့မဟုတ် တည်ဆဲ အသင်းတော်ထဲသို့ ၎င်းတို့ကို လက်ခံခြင်းတို့အား ရွှေ့ဆိုင်းထားသင့်ပေသည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၆၀။ ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၆၂။ အသင်းတော် ရွေးကောက်ပွဲများနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊လျှောက်ရမယ့်လမ်းကို ညွှန်ပြသမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်