၁၆၂) အသင်းတော်ကို နာခံခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဘုရားသခင့် အိမ်တော်နှင့် အလုပ် အစီအစဉ်များနှင့် စည်းမျဉ်းများအားလုံးကို ကျိုးနွံနာခံလော့။ အသင်းတော်၏ ဆုံးဖြတ်ချက်များသည် အလုပ် အစီအစဉ်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားတို့နှင့် ကိုက်ညီပါက၊ ယင်းတို့ကို နာခံသင့်သည်။

(၂) အသင်းတော်၏ ခေါင်းဆောင်များနှင့် သင်းထောက်များ ပြောဆိုသည့်အရာသည် သမ္မာတရားနှင့် ဘုရားသခင့် အိမ်တော်၏ အစီအစဉ်များနှင့် ကိုက်ညီပါက၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူအားလုံးသည် ယင်းတို့ကို နာခံသင့်ပြီး မည်သည့်အခါတွင်မျှ မချိုးဖောက်သင့်ပေ။

(၃) အသင်းတော်ထဲက အများစု အတည်ပြုထားပြီး၊ အလုပ်အစီအစဉ်များနှင့် လုံးဝ ကိုက်ညီသည်ဟု အတည်ပြုထားသည့် ဆုံးဖြတ်ချက်များကို အားလုံးက လက်ခံသင့်ပြီး၊ နာခံသင့်ကာ မငြင်းပယ်သင့်သကဲ့သို့ မခုခံသင့်ပေ။

(၄) ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ အနည်းစုသည် အသင်းတော်ကို ကိုယ်စားမပြုနိုင်ပေ။ ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦး၏ လုပ်ရပ်သည် သမ္မာတရားနှင့် မကိုက်ညီပါက၊ ယင်းတို့ကို ငြင်းပယ်သင့်ပြီး တစ်ဦးတစ်ယောက်သည် ထိုအရာများအားဖြင့် ဘောင်ခတ်မခံသင့်ပေ။

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

သင့်ကို မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင် မည်သည့်အရာကို ကြားသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ ရှေ့မှောက်၌ မိမိကိုယ်ကိုယ် ငြိမ်သက်စေရမည်ဖြစ်ပြီး သူ့ထံ ဆုတောင်းရမည်၊ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး အရာရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေပြုရမည်။ ယင်းကို မည်သူက ပြောသည်ဖြစ်စေ၊ ယင်းကို မည်သည့် အဆင့်ရှိ ခေါင်းဆောင်က ပြောသည်ဖြစ်စေ၊ ၎င်းတို့ ပြောသည့်အရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သင် ခွဲခြားသိမြင်ကာ သဘောထားရမည်ဖြစ်သည်။ ယင်းကို မည်သူပြောသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မကိုက်ညီသရွေ့၊ ယင်းကို မယုံကြည်သကဲ့သို့၊ လက်လည်းမခံနှင့်၊ သို့သော် ယင်းကို ဆိုးယုတ်သော စကားများ သို့မဟုတ် အတွေးမှားအဖြစ်သာ သဘောထားလော့။ တစ်ဦးတစ်လေက ကျွန်ုပ်တို့ကို တစ်စုံတစ်ရာ လုပ်ဆောင်စေဖို့ ကြိုးစားသည့်အခါတိုင်းတွင်၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မကိုက်ညီပါက၊ ကျွန်ုပ်တို့ နားမထောင်ရ သို့မဟုတ် မနာခံရပေ။ ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏— နောက်ဆုံးသော ကာလ ခရစ်တော်၏— နှုတ်ကပတ်တော်များအားလုံးကိုသာ ယုံကြည်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူ၏ အလုပ် အစီအစဉ်များ အားလုံးကိုသာ ကျွန်ုပ်တို့ လိုက်လျှောက်သည်။ ခေါင်းဆောင်၏ အဆင့်ကို ပဓာနမထားဘဲ၊ ၎င်း မိတ်သဟာယပြုသည့်အရာသည် သမ္မာတရားဖြစ်မှသာ၊ ၎င်း စီစဉ်သည့် အလုပ်သည် အထက်မှ အလုပ်အစီအစဉ်များနှင့် ကိုက်ညီမှသာ ကျွန်ုပ်တို့ လိုက်လျှောက်ကာ နာခံကြသည်။ ဤသည်မှာ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ အပြုအမူနှင့်ဆိုင်သော အခြေခံသဘောတရား ဖြစ်သည်။ ဤအခြေခံသဘောတရားကို ကျွန်ုပ်တို့ ထိန်းသိမ်းပါက၊ ကျွန်ုပ်တို့သည် မှန်ကန်သော လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ကြလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့်အညီ ပြုမူနိုင်ကြလိမ့်မည်။ ဤအခြေခံသဘောတရားကို ချိုးဖောက်ခြင်းသည် လှည့်စားခံရဖို့နှင့် မှားယွင်းသော လမ်းကြောင်းကို လျှောက်ခြင်းဖြင့် အဆုံးသတ်ရဖို့ ကျွန်ုပ်တို့အတွက် လွယ်ကူစေသည်။ ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်ကို သစ္စာဖောက်ခြင်းနှင့် စာတန်၏ အုပ်စိုးမှုအောက် နောက်တစ်ဖန် ပြန်သွားခြင်းအဖြစ်သို့ပင် လှည့်ဖြားကောင်း လှည့်ဖြားခံရနိုင်ပေသည်။

အလုပ်အစီအစဉ်များ မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အထက်မှ အလုပ်အစီအစဉ်များ၊ ဒေသနာများနှင့် မိတ်သဟာယများနှင့်အညီ ၎င်းတို့၏ အလုပ်ကို ဆောင်ရွက်ရန်နှင့် ၎င်းတို့ ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းရန်မှာ အဆင့်အားလုံး၏ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ တာဝန်ဖြစ်သည်။ မည်သူမျှ ကန့်သတ်ခွင့်၊ တားဆီးခွင့် သို့မဟုတ် ဝင်စွက်ဖက်ခွင့် မရှိပေ။ တာဝန်များကို ဖြည့်ဆည်းခြင်းသည် အလုပ် အစီအစဉ်များကို မချိုးဖောက်သရွေ့ တရားဝင်ဖြစ်သည်။ အလုပ် အစီအစဉ်များနှင့်အညီ မိမိတို့၏ တာဝန်များကို ပုံမှန် ဖြည့်ဆည်းသည့် ခေါင်းဆောင်များ သို့မဟုတ် အမှုတော်ဆောင်များကို ချုပ်ချယ်သူ၊ တားဆီးသူ သို့မဟုတ် နှောင့်ယှက်သူ မည်သူမဆိုသည် အသင်းတော်၏ အလုပ်ကို နှောင့်ယှက်နေခြင်း ဖြစ်သည်။

အဆင့်အားလုံး၏ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် အလုပ် အစီအစဉ်များနှင့်အညီ ဆိုးယုတ်သော လူမျိုးစုံကို ကိုင်တွယ်ပိုင်ခွင့် ရှိသည်။ ယင်းကို သက်သေအထောက်အထားဖြင့် မှန်ကန်ကြောင်း အတည်ပြုထားကာ အချက်အလက်များသည် လက်ခံယုံကြည်စရာ ဖြစ်သရွေ့၊ မည်သူမျှ မချုပ်ချယ်သင့်၊ မတားဆီးသင့် သို့မဟုတ် ဝင်မစွက်ဖက်သင့်ပေ။ အဆင့်အားလုံး၏ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် အသင်းတော်၏ အမျိုးမျိုးသော ခက်ခဲသည့် ပြဿနာများကို အလုပ် အစီအစဉ်များနှင့်အညီ ကိုင်တွယ်ပိုင်ခွင့်နှင့် အသင်းတော် ကိစ္စကြီးငယ် နှစ်ရပ်လုံးကို ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ ၎င်းတို့၏ လုပ်ရပ်များက သမ္မာတရား အခြေခံသဘောတရားများ၊ အလုပ် အစီအစဉ်များနှင့် ကိုက်ညီကာ အသင်းတော်အဖို့ အကျိုးရှိသရွေ့၊ မည်သူမျှ ချုပ်ချယ်ပိုင်ခွင့်၊ တားဆီးပိုင်ခွင့်၊ သို့မဟုတ် ဝင်စွက်ဖက်ပိုင်ခွင့် မရှိပေ။

အလုပ်အစီအစဉ်များ မှ

ပြတ်သားသည့် သက်သေအထောက်အထားဖြင့် ထောက်ခံပေးထားပြီး အချက်အလက်များနှင့် ကိုက်ညီသည့် သင်းအုပ်ဆိုင်ရာ နယ်ပယ် တစ်ခုတစ်လေ၏ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုတော်ဆောင်တစ်ဦးက တစ်စုံတစ်ဦးကို ထုတ်ပယ်ရန်ဖြစ်သော မည်သည့် ဆုံးဖြတ်ချက်ကိုမဆို အထက်က အားပေးကာ အတည်ပြုလိမ့်မည်။ အန္တိခရစ် သို့မဟုတ် မကောင်းမှုပြုသူ မည်သူမဆိုသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့အားဖြင့် ဖော်ထုတ်ခံရပြီးဖြစ်ကာ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အားဖြင့် အကြောင်းကြားခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ သက်သေအထောက်အထား ပြတ်သားသရွေ့၊ သင်းအုပ်ဆိုင်ရာ နယ်ပယ်အသီးသီး၏ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် ၎င်းတို့ကို နှင်ထုတ်သင့်ပြီး၊ ထုတ်ပယ်ခြင်း အကြောင်းကြားစာကို ထုတ်ပြန်သင့်သည်။ ဤဆုံးဖြတ်ချက်ကို မည်သူမျှ ဆန့်ကျင်၍မရပေ။ တစ်စုံတစ်ဦးကို ထုတ်ပယ်ဖို့ သင်းအုပ်ဆိုင်ရာ နယ်ပယ်တစ်ခု၏ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များက ချမှတ်ထားသည့် ဆုံးဖြတ်ချက်တစ်ခုကို ဆန့်ကျင်ပြီး ရှုတ်ချသူ မည်သူမဆိုသည် ဆိုးယုတ်ပြီး၊ ဘုရားသခင်၏ အိမ်တော်က မည်သည့်အခါတွင်မျှ ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သင်းအုပ်ဆိုင်ရာ နယ်ပယ်တစ်ခု၏ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များက ချမှတ်ထားသည့် ဆုံးဖြတ်ချက်များသည် အသင်းတော်ထဲက ဘုရားသခင် ရွေးချယ်ထားသော လူတို့ထဲမှ ရှစ်ဆယ်ရာခိုင်နှုန်း၏ သဘောတူညီမှုအားဖြင့် အတည်ပြုထားသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ဆုံးဖြတ်ချက်များသည် ဘုရားသခင် ရွေးချယ်ထားသော သူများက ပြုလုပ်သည့် ဆုံးဖြတ်ချက်များကို ကိုယ်စားပြုပြီး၊ မည်သည့် အဆင့်မဆိုက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုတော်ဆောင် တစ်ဦး၏ ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက် လုံးဝ မဟုတ်ပေ။ တစ်စုံတစ်ဦးက ဆိုးယုတ်သည်ကို ဘုရားသခင် ရွေးချယ်ထားသောသူများက သတိပြုမိပြီး အသင်းတော်က ထိုသူတို့ကို နှင်ထုတ်ပါက၊ ဤသည်မှာ လူတို့၏ ခံစားချက်နှင့် ကောင်းကင်ဘုံ၏ အလိုတော်ကို ကိုယ်စားပြုပြီး၊ ယင်းသည် ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီပေသည်။ ဘုရားသခင် ရွေးချယ်ထားသော သူများသည် ဤဆိုးယုတ်သောလူ၏ သဘာဝ အနှစ်သာရကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေပြု၍ ရိပ်စားမိပြီး ဤဆိုးယုတ်သော လူ၏ မကောင်းမှုပြုခြင်း အနှစ်သာရကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မတရားအပေါ် အခြေပြု၍ ရိပ်စားမိပြီးဖြစ်ကာ၊ ထိုလူ၏ နှင်ထုတ်ခံရခြင်းနှင့်သက်ဆိုင်သည့် သဘောတူညီမှု၌ ၎င်းတို့၏ လက်များကို မြှောက်ကြပြီး ဖြစ်သည်။ ထိုသို့ဖြင့်၊ ယင်းသည် အသင်းတော်၏ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး မည်သူမျှ မပယ်ဖျက်နိုင်ပေ။ ၎င်းတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်ပြပြီး သဘောမတူညီသည့် ထိုလူကို နှင်ထုတ်ဖို့ ဆုံးဖြတ်ချက်ပြုလုပ်သည့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို အစားထိုးရန် အထက်ကို တောင်းဆိုသည့် နားဝေတိမ်တောင်ဖြစ်သော လူအချို့ ရှိပါက၊ ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီသလော။ ၎င်းတို့သည် လူတို့ကို အကြောင်းရင်းမရှိဘဲ ရှုတ်ချနေခြင်း မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင့် အိမ်တော်၏ အမှုတော်ကို နှောင့်ယှက်ကြသည် မဟုတ်လော။ ၎င်းတို့သည် ရှုပ်ထွေးသော အခြေအနေကို တမင်သက်သက် ဖန်တီးနေကြခြင်း မဟုတ်လော။ ဤသည်မှာ စာတန်၏ စိတ်သဘောထား မဟုတ်လော။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ပြဿနာ အားလုံးကို ဘုရားသခင့် နှုတ်ကပတ်တော်များအရ ချည်းကပ်ရမည် ဖြစ်ပြီး သမ္မာတရားကို ကောင်းမွန်သည့် သိနားလည်မှုရှိသော လူအချို့အားဖြင့် အနည်းဆုံး အတည်ပြုပြီးနောက်မှာသာ ဆုံးဖြတ်ချက်များကို တည်ခွင့်ပေး၍ ရနိုင်ပေသည်။ တစ်စုံတစ်ဦးကို အန္တိခရစ်တစ်ဦး သို့မဟုတ် ဆိုးယုတ်သော လူတစ်ဦးအဖြစ် သတ်မှတ်နေသည့် ခေါင်းဆောင် တစ်ဦး သို့မဟုတ် နှစ်ဦးသာ ရှိပါက လှည့်ဖြားခံရကာ လှည့်စားခံရခြင်းကို ရှောင်ရှားဖို့အလို့ငှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ကျိုးကြောင်းမမြင်ဘဲ ထိုသို့ လိုက်မသတ်မှတ်ရ။ အဆင့်အားလုံးမှ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ စကားများနှင့် လုပ်ရပ်များကို ကြည့်သည့်အခါတွင်၊ ထိုသို့သော အရာများနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အထက်မှ အလုပ် အစီအစဉ်များနှင့်အညီ ဆုံးဖြတ်သင့်ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်က ၎င်းတို့အား မစုံလင်စေမီတွင် အားထားလောက်စရာ မဟုတ်သောကြောင့် ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ခရစ်တော်ကိုသာ နားထောင်ပြီး ကျိုးနွံနာခံသင့်သည့်အပြင် အထက်မှ အလုပ်အစီအစဉ်များကိုသာ ကျိုးနွံနာခံသင့်ကြပေသည်။ အရာခပ်သိမ်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပြုမူခြင်းသည် ယုံကြည်စိတ်ချရဆုံး ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် သမ္မာတရားကို လိုက်စားပြီး ရိုးသားကာ ကြင်နာစိတ်ရှိသည့် လူများ ဖြစ်ပါက၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ၎င်းတို့ကို အားပေးမှုဖြင့် ထောက်ပံ့ပေးသင့်ပြီး ၎င်းတို့၏ အလုပ်နှင့်ပတ်သက်၍ ပူးပေါင်း လုပ်ဆောင်သင့်ကြပေသည်။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် ဘုရားသခင်အတွက် သက်သေခံသည့်လူများ၊ ဘုရားသခင်ကို ချီးမြှောက်ပြီး ကြောက်ရွံ့သည့်လူများ မဟုတ်ဘဲ၊ ထိုအစား လှည့်ဖြားတတ်သည့်၊ မာနထောင်လွှားသည့်၊ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသည့်၊ တစ်ကိုယ်ကောင်းဆန်သည့်၊ စက်ဆုပ်ဖွယ်ဖြစ်ပြီး မိမိတို့၏ အကျိုးစီးပွားအတွက်သာ ကြံစည်သည့် မလိုမုန်းထားစိတ်ရှိသော လူများ ဖြစ်သည်ကို သိရှိရပါက၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ၎င်းတို့ကို သိမြင်ကာ သတိထားကြရမည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး ကျိုးနွံနာခံရမည်ဖြစ်ပြီး၊ ဆိုးယုတ်သော လူများနောက် မလိုက်ရ။ ထိုသို့သော လုပ်ရပ်များသည် လုံးဝ သင့်လျော်ပေသည်။

အလုပ်အစီအစဉ်များ မှ

လူတို့အား ထိန်းချုပ်ဖို့ မိမိတို့၏ ရာထူးနှင့် အာဏာကို အသုံးပြုသည့် အယောင်ဆောင်ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ အသင်းတော်ထဲတွင် ရှိပါက၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ၎င်းတို့ကို ခုခံကာ ငြင်းပယ်ရမည်ဖြစ်ပြီး၊ ၎င်းတို့ကို ဝေဖန်ဆွေးနွေးဖို့ သမ္မာတရား အကြောင်းကို မိတ်သဟာယပြုရမည်။ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ နာခံလော့။ စာတန်၏ စွမ်းအားကို မည်သည့်အခါတွင်မျှ မနာခံနှင့်။ ၎င်းသည် မည်သူ ဖြစ်သည်ကို ပဓာနမထားဘဲ၊ ထိုသူတို့၏ စကားများနှင့် လုပ်ရပ်များက သမ္မာတရားနှင့် ကိုက်ညီမှသာ ၎င်းတို့ကို နာခံ၍ရပေသည်။ သို့မဟုတ်ပါက၊ ၎င်းတို့ကို ငြင်းပယ်သင့်ပေသည်။ စာတန်ကို ငြင်းဆိုလော့။ ဤသည်မှာ ဘုရားသခင်ကို နာခံခြင်းအား လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရား ဖြစ်သည်။ အသင်းတော် ခေါင်းဆောင်တစ်ဦးက၊ “အထက်မှ အလုပ် အစီအစဉ်များကို သင် နာခံပါက၊ သင်သည် အသင်းတော်ကို နာခံနေခြင်း မဟုတ်သကဲ့သို့၊ ငါသည် သင့်ကို နှင်ထုတ်မည်” ဟု ပြောရင်း သင့်ကို ထိန်းချုပ်ဖို့ သူ၏ ရာထူးနှင့် အာဏာကို အသုံးပြုပါက၊ သင်က ၎င်းတို့အား၊ “သင်သည် အသင်းတော်ကို ကိုယ်စားမပြုပါ။ သင်သည် စာတန်ကို ကိုယ်စားပြုသည်။ အထက်မှ အလုပ်အစီအစဉ်များကို ငါ နာခံပြီး၊ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို နာခံခြင်း ထုတ်ဖော်ပြသမှုတစ်ခု ဖြစ်သည်။ စာတန်ကို ကျွန်ုပ် နာခံမည်မဟုတ်ပါ” ဟု ပြောသင့်သည်။ ဤနည်းဖြင့်၊ စာတန်သည် အရှက်ရလိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် နာခံသည့် လူများသည် ဘုရားသခင်ထံမှ လာသောအရာ၊ သမ္မာတရားနှင့် ကိုက်ညီသည့်အရာနှင့် အပြုသဘောဆောင်သည့် အရာများကိုသာ နာခံပြီး၊ စာတန်ထံမှ သို့မဟုတ် လူသား၏ အလိုမှလာသည့် အရာနှင့် ဘုရားသခင်၏ အမှုတော်အဖို့ ဆိုးကျိုးဖြစ်စေသော အရာ သို့မဟုတ် သမ္မာတရားနှင့် မကိုက်ညီသည့်အရာကို ၎င်းတို့ ပစ်ပယ်ကာ ငြင်းဆိုသင့်ကြပေသည်။ ၎င်းတို့သည် မည်သည့် ခေါင်းဆောင် သို့မဟုတ် အမှုတော်ဆောင်၏ ထိန်းချုပ်ခြင်းကို မခံရ။ ယင်းသည်သာ သမ္မာတရားနှင့် လက်တွေ့အရှိတရား ပိုင်ဆိုင်သည့် တစ်စုံတစ်ဦး ဖြစ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်ထဲက အမြင့်မားဆုံးသော ဩဇာအာဏာများမှာ ဘုရားသခင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မှလာသော အထက်မှ အလုပ် အစီအစဉ်များ၊ ဒေသနာများနှင့် မိတ်သဟာယများ ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင် ရွေးချယ်ထားသော လူများ နာခံသင့်သည့် ဩဇာအာဏာ လေးခု ဖြစ်သည်။ ဤဩဇာအာဏာ လေးခုကို နာခံခြင်းသည်သာ ဘုရားသခင်ကို အမှန်တကယ် နာခံခြင်း ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံသည့်အခါ၊ သမ္မာတရားကို နာခံပြီး စာတန်၏ စွမ်းအားကို စိတ်နှလုံး တစ်လုံးတစ်ဝတည်းဖြင့် စွန့်လွှတ်ကြသည့်အခါ၊ စာတန်သည် လုံးလုံးလျားလျား အရှက်ရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ဘုရားသခင်ကို ယုံကြည်မှု၏ မှန်ကန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ အဆင့်အားလုံး၏ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များနှင့် ပတ်သက်လာသည့်အခါ၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အထက်မှ အလုပ်အစီအစဉ်များကိုသာ အခြေပြု၍ ၎င်းတို့ကို နာခံဖို့ သို့မဟုတ် ငြင်းပယ်ဖို့ ရွေးချယ်ရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်သည် မျက်နှာလိုမျက်နှာရ မလုပ်ရ၊ နှိမ့်ချစွာ ကျိုးနွံနာခံခြင်းမရှိရ၊ အပေးအယူလုပ်ရန် မိမိအဆင့်အတန်းကို မကျစေရသကဲ့သို့ စာတန်၏ အစေခံ တစ်ဦး မဖြစ်ရ။ တစ်ဦးတစ်ယောက်သည် ဤနည်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် လေ့ကျင့်နိုင်ပြီး ဘုရားသခင်ကို နာခံကာ စာတန်ကို ငြင်းဆိုနိုင်သည့်အခါ၊ အချိန် ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်သော နာခံမှုအား စွမ်းဆောင်ရရှိနိုင်လိမ့်မည်ဖြစ်ပြီး၊ စာတန်၏ စွမ်းအားမှ ရုန်းထွက်လွတ်မြောက်နိုင်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခြင်း ရရှိခြင်းဆီသို့ လမ်း ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ဤအရာကို ရှင်းရှင်းလင်းလင်း မြင်သင့်ပြီး၊ ပျက်စီးခြင်းဆီသို့ လမ်းကြောင်းကို လျှောက်လှမ်းရာတွင် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များနောက် မည်သည့်အခါတွင်မျှ တစ်ဖန် မလိုက်ရ။ သမ္မာတရားကို မလိုက်စားသည့် လူတို့သာ စာတန်ကို သစ္စာစောင့်သိစွာ အစေခံနိုင်သည်၊ အာဏာကို ကိုးကွယ်နိုင်ပြီး မျက်နှာလို မျက်နှာရလုပ်ကာ နှိမ့်ချစွာ ကျိုးနွံနာခံနိုင်ပေသည်။ ထိုသို့သော အစေခံများသည် ဘုရားသခင် ရွံရှာပြီး စက်ဆုပ်သည့် လူများသာ ဖြစ်သည်။ ၎င်းတို့ မနိုးထသေးသကဲ့သို့ သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင်ကို အမှန်တကယ် မနာခံသေးပါက၊ ၎င်းတို့အားလုံး သုတ်သင်ဖယ်ရှင်းခံရကြလိမ့်မည်။ အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အန္တိခရစ်များ အပြစ်ပေးခံရသည့်နေ့ရက်သည် စာတန်နောက်လိုက်ကာ နာခံကြသည့် ဤအစေခံများ ငိုကြွေးကာ အံသွားခဲကြိတ်မည့် နေ့ရက် ဖြစ်ပေသည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၁၆၁) သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူကို နာခံခြင်းနှင့် သက်ဆိုင်သည့် အခြေခံ သဘောတရားများ

နောက်တစ်ခုသို့- ၁၆၃) အလုပ် အစီအစဉ်များအား မည်သို့ သဘောထားရမည်နှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်