၆၆။ ခေါင်းဆောင်များနှင့် အလုပ်သမားများကို ပြန်ညှိခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) လက်တွေ့ကျသည့် အလုပ်ကို မလုပ်ဆောင်နိုင်သည့် သို့မဟုတ် လက်တွေ့ကျသည့် ပြဿနာများကို မဖြေရှင်းနိုင်သည့် အရွေးကောက်ခံ ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးကို လက်တန်း ပြန်ညှိကာ အစားထိုးသင့်သည်။

(၂) သမ္မာတရားကို လက်မခံသည့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မပိုင်ဆိုင်သကဲ့သို့ လက်တွေ့ကျသည့် အလုပ်ကို မလုပ်နိုင်သည့် အယောင်ဆောင်သော ခေါင်းဆောင် သို့မဟုတ် အလုပ်သမား တစ်ဦးတစ်လေကို အစားထိုးရမည်ဖြစ်ပြီး ၎င်းတို့အတွက် အစီအစဉ်များကို အခြားနေရာတွင် ပြုလုပ်ရမည်။

(၃) မိမိ၏ အလုပ်ကို အလိုက်အထိုက် မစီစဉ်ထားသည့် (ပေးထားသည့် အလုပ်အတွက် မိမိ၏ ပင်ကို အရည်အချင်းသည် အလွန် ကြီးမားလွန်းသည့် သို့မဟုတ် အလွန် နည်းပါးလွန်းသည့်) ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးကို ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် အားသာချက်များအရ၊ သင့်တော်သည့်အတိုင်း ပြန်ညှိသင့်သည်။

(၄) ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦး၏ အလုပ်ကို စီစဉ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အား စစ်ဆေးခြင်း၊ စုံစမ်းမေးမြန်းခြင်း နှင့် ကြီးကြပ်ခြင်းတို့ကို ခံရစေသင့်သည်။ အစီအစဉ်သည် သင့်တော်မှု သိပ်မရှိသည်ကို တွေ့ရှိရပါက၊ ၎င်းတို့ကို သင့်တော်သည့်အတိုင်း ပြန်ညှိရမည်။

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည့် ခေါင်းဆောင်များနှင့် အလုပ်သမားများ မည်သူမဆိုအား ၎င်းတို့၏ အခန်းကဏ္ဍကို ညှိသင့်သည်။ ၎င်းတို့၏ အခြေအနေများအပေါ် မူတည်၍၊ ၎င်းတို့သည် ရာထူးအဆင့် လျှော့ချခံရနိုင်သည် သို့မဟုတ် သာ၍ သင့်တော်သည့် တာဝန်များကို ခန့်အပ်ခံရနိုင်သည်။ ထို့နောက်တွင်၊ ၎င်းတို့ကို အစားထိုးဖို့ မှန်ကန်သော လူတို့ကို ရွေးကောက်နိုင်သည်။ လူတို့ကို ရွေးကောက်ခြင်းနှင့် ခန့်အပ်ခြင်းတို့တွင် ဘုရားသခင်၏ အိမ်တော်သည် စည်းမျဉ်းတစ်စုံကို လိုက်နာခြင်း မရှိပေ။ ရွေးကောက်ခံရခြင်းဆိုသည်မှာ ထိုအခန်းကဏ္ဍများတွင် ၎င်းတို့ အစဉ်အမြဲ အစေခံလိမ့်မည်ဟု မဆိုလိုပေ။ ရွေးကောက်ခံရသည့် ကိုယ်စားလှယ်လောင်းများသည် စစ်မှန်သော အလုပ်ကို လုပ်ဆောင်နိုင်ရမည်ဖြစ်သည်။ စစ်မှန်သော အလုပ်ကို ၎င်းတို့ မလုပ်ဆောင်နိုင်သကဲ့သို့ မသင့်တော်ကြပါက၊ ၎င်းတို့၏ အခန်းကဏ္ဍများကို ညှစေရမည်ဖြစ်ပြီး အစားထိုးရမည်ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူအများစုသည် သမ္မာတရားကို စစ်မှန်စွာ နားလည်သောကြောင့်၊ မည်သည့်အဆင့်မဆိုရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများ လိုအပ်မှုဖြင့် ရာထူးတိုးခံရသည်ထက် လူအများစုကို ရွေးကောက်သည်မှာ တကယ်ကို သာ၍ ကောင်းပြီး သာ၍ မျှတပေသည်။ အဆင့်အသီးသီးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများသည် ၎င်းတို့၏ လိုအပ်မှုဖြင့် လူတို့ကို ရာထူးတိုးခွင့် ပြုထားခဲ့ပါက၊ သင့်တော်သည့် သူများ အချိုးအစားက သာ၍ပင် နိမ့်ကျမည်- အလွန်ဆုံး ခြောက်ဆယ်၊ ခုနှစ်ဆယ် ရာခိုင်နှုန်း ဖြစ်ပေမည်။ ထိုအစား၊ ခေါင်းဆောင်များနှင့် အလုပ်သမားများကို ဒီမိုကရေစီနည်းကျကျ ရွေးကောက်ပါက၊ ၎င်းတို့ထဲမှ ခုနှစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ရာခိုင်နှုန်းက အရည်အချင်း ပြည့်မီနိုင်ပေသည်။ သို့သော် ဤသည်မှာ ရွေးကောက်ခံရသူများသည် လုံးဝ မှန်ကန်သော ရွေးချယ်မှုများဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် အညီ ဖြစ်သည်ဟု မဆိုလိုပေ။ အဘယ်ကြောင့် ထိုသို့ မဆိုလိုသနည်း။ ပထမဦးစွာ၊ ဘုရားသခင်၏ ရွေးချယ်ထားသောသူ အများစုသည် ဝိညာဉ်ရင့်ကျက်မှုတွင် အကန့်အသတ်ရှိကြပြီး၊ သမ္မာတရားအား သိနားလည်ခြင်းတစ်သို့ ၎င်းတို့ မရောက်ရှိကြသေးပေ။ ဒုတိယအနေဖြင့်၊ ညီအစ်ကို မောင်နှမများသည် အသင်းတော် အသက်တာတွင်သာ အချင်းချင်း အဆက်အသွယ်ရှိလာကြခြင်းဖြစ်ပြီး၊ အခြားသူ အများစုနှင့် သက်ဆိုင်၍ ရှင်းလင်းသော အမြင်များ ဖြစ်ပေါ်စေဖို့ရန် ၎င်းတို့ အတူတကွ ကုန်ဆုံးသည့် အချိန်သည် တိုတောင်းလွန်းလှကာ၊ အကျိုးဆက်အနေဖြင့်၊ ရွေးကောက်ခံရသည့်လူများသည် သေချာပေါက် တစ်ရာရာခိုင်နှုန်း မသင့်တော်ကြပေ- ၎င်းတို့ အများစုမှာ အရည်အချင်း ပြည့်မီကြသော်လည်း အနည်းငယ်မှာ အရည်အချင်း မပြည့်မီကြပေ။ တတိယအနေဖြင့်၊ လူတို့သည် အဆင့်အတန်းရှိကြသည့်အခါနှင့် မရှိသည့်အခါ မတူကွဲပြားစွာ ပြုမူကြလေသည်။ အချို့သော လူများက ရာထူးအဆင့်အတန်း ရှိကြသည့်အခါ၊ ၎င်းတို့ လျှောက်သည့် လမ်းကြောင်းနှင့် အခြားသူများကို ၎င်းတို့ ဆက်ဆံပုံအားလုံး ထုတ်ဖော်ပြခံရလိမ့်မည်။ ၎င်းတို့ ရာထူးအဆင့်အတန်း မရှိကြသည့်အခါ၊ ဤအရာများသည် ထင်ရှားခြင်းမရှိခဲ့သကဲ့သို့၊ ထိုသို့သော အလုပ်ကို ၎င်းတို့ လုပ်ဆောင်ဖို့ မလိုအပ်သည်နှင့်အမျှ၊ ဤအရည်အသွေးများက ကွယ်ဝှက်နေမြဲဖြစ်ကာ၊ ၎င်းတို့အနေဖြင့် မိမိတို့၏ ရာထူးမဟုတ်သည့် ရာထူးတစ်ခု၏ အရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေကြလေသည်။ ထို့ကြောင့်၊ ရွေးကောက်ခံရသူများသည် သေချာပေါက် အရည်အချင်း မပြည့်မီကြချေ။ ၎င်းတို့အနေဖြင့် လက်တွေ့ကျသည့် မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိသည်ကို ထုတ်ဖော်ပြခံရပါက၊ ၎င်းတို့ကို အစားထိုးကာ သုတ်သင်ဖယ်ရှားပစ်ပြီး အခြားသူကို ရွေးကောက်သင့်ပေသည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများသည် ဘုရားသခင်၏ အိမ်တော်ထဲတွင် စဉ်ဆက်မပြတ် မိမိတို့၏ အခန်းကဏ္ဍများကို ညှိစေခြင်းခံရသနည်း။ ဤအရာ၏ ရည်ရွယ်ချက်မှာ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ကာ ယင်းတို့ကို ပုံမှန် တွေ့ကြုံရန်နှင့် သမ္မာတရားကို ၎င်းတို့ နားလည်ကာ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်သည့် နေရာသို့ ရောက်ရှိရန် ဘုရားသခင်၏ ရွေးချယ်ထားသော လူအားလုံး၏ အစွမ်းအစကို ကာကွယ်ဖို ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဘုရားသခင်ကို အစေခံမှုတွင်ရှိသည့် ခေါင်းဆောင်များနှင့် အလုပ်သမားများက စွမ်းဆောင်ရရှိသင့်သည့် တကယ့် ရလဒ် ဖြစ်သည်။ ယင်းတို့ကို ကောင်းမွန်စွာ မညှိထားပါက၊ သို့မဟုတ် အယောင်ဆောင်သော အလုပ်သမားတစ်ဦး သို့မဟုတ် အယောင်ဆောင်သော တမန်တော်တစ်ဦးက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦး၏ အခန်းကဏ္ဍကို ခံယူပါက၊ ဤသည်မှာ ဘုရားသခင်၏ ရွေးချယ်ထားသောသူတို့၏ ဆင်းရဲဒုက္ခဖြင့် အကျိုးဆက် ဖြစ်ပေါ်လိမ့်မည် မဟုတ်လော။ နှောင့်နှေးစေခြင်းခံရမည့် သူ သို့မဟုတ် အမိခံရမည့်သူမှာ လူတစ်ဦးသာ မဟုတ်သကဲ့သို့ ခေါင်းဆောင်များ သို့မဟုတ် အလုပ်သမားများ ကိုယ်တိုင်လည်း မဟုတ်ပေ။ ပထမဦးစွာ၊ နှောင့်နှေးကာ အမိခံရမည့်သူများမှာ ဒေသတစ်ခုလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ရွေးချယ်ထားသော လူများ ဖြစ်လိမ့်မည်။ အသင်းတော် ခေါင်းဆောင်တစ်ဦးကို မှန်ကန်စွာ မရွေက်ကောက်ထားပါက၊ ယင်းက လူ သုံးဆယ်မှ ငါးဆယ်ကို နှောင့်နှေးစေနိုင်သည်။ ခရိုင် ခေါင်းဆောင်တစ်ဦးကို မှန်ကန်စွာ မရွေးကောက်ထားပါက၊ ယင်းက လူသုံးရာ၊ ငါးရာ၊ လူ ရှစ်ရာအထိပင် နှောင့်နှေးစေနိုင်ပေမည်။ သင်းအုပ်ဆိုင်ရာ နယ်ပယ်တစ်ခု၏ ခေါင်းဆောင်တစ်ပါကို မှန်ကန်စွာ မရွေးကောက်ပါက၊ ယင်းသည် လူအယောက်ပေါင်း ရာထောင်ချီ၏ အသက် ဝင်ရောက်မှုကို နှောင့်နှေးစေလိမ့်မည်- ဧကန်အမှန် ဆိုးရွားသော အကျိုးဆက်ပါတကား။ ခေါင်းဆောင်များနှင့် အလုပ်သမားများကို မှန်ကန်စွာ မညှိပါက၊ ဘုရားသခင်၏ ရွေးချယ်ထားသူ အများအပြားသည် နှောင့်နှေးခံရကာ ပျက်စီးကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အလုပ်သမားများကို ညှိရန်မှာ အရေးပါလှပေသည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့် ခေါင်းဆောင်များနှင့် အလုပ်သမားများတွက်မူ၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုကို ဆုံးရှုံးမှု ဖြစ်စေခြင်းအား ရှောင်ရှားဖို့အလို့ငှာ အစေားဆုံး အခွင့်အရေး၌ အစားထိုးသင့်ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့်‌ သူများမှာ ဘုရားသခင်၏ ထုတ်ဖော်ပြခြင်းခံရပြီးဖြစ်ကာ သုတ်သင်ဖယ်ရှားခြင်းခံရနှင့်ပြီးဖြစ်သည့် လူများ ဖြစ်ပြီး၊ တစ်စုံတစ်ဦးက ၎င်းတို့ကို ဆက်လက်ထိန်းသိမ်းထားပါက၊ ယင်းသည် ဘုရားသခင်၏ အမှုတော်ကို အနှောင့်အယှက်များ ဖြစ်စေသည်။ ထို့အပြင်၊ ယင်းသည် ဘုရားသခင်ကို အာခံသည့် အမှုအရာများ လုပ်ဆောင်ခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့် ခေါင်းဆောင်များနှင့် အလုပ်သမားများသည် အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အယောင်ဆောင်သော အလုပ်သမားများဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ၎င်းတို့သည် မည်သည့် အဆင့်၏ ခေါင်းဆောင်များနှင့် အလုပ်သမားများ ဖြစ်သည်ဖြစ်စေ၊ တစ်စုံတစ်ဦးမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့်သူအဖြစ် ရှာဖွေတွေ့ရှခြင်းခံရပါက၊ ၎င်းတို့ကို ချက်ချင်း အစားထိုးရမည်ဖြစ်ပြီး ၎င်းတို့၏ လူ့သဘာဝ မည်မျှကောင်းမွန်သည်ကို ပဓာနမထားဘဲ ရာထူးတွင် လုံးဝ ထိန်းသိမ်းထားရမည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသူများသည် အစားထိုးခံရမည့် လူများအဖြစ် ဘုရားသခင်၏ ထုတ်ဖော်ပြခြင်း ခံရနှင့်ပြီး ဖြစ်သည်။ ဘုရားသခင် အသုံးမပြုသည့် လူများကို မရမက အသုံးပြုရန်မှာ၊ ယင်းသည် ဘုရားသခင်ကို ရန်လိုခြင်းဖြစ်သည် မဟုတ်လော။ ဟုတ်ပေ၏၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့်သူများ၏ အခြေအနေများတွင် ကွာခြားချက်များရှိသော်လည်း၊ ၎င်းတို့ အများစုက သမ္မာတရားအား မလိုက်စားသကဲ့သို့ ကောင်းမွန်သော လူ့သဘာဝ မရှိကြသည်မှာ သေချာပေသည်။ အလွန် ညံ့ဖျင်းသည့် အရည်အချင်း ရှိကြသည့်၊ အလုပ်အစွမ်းအစ မရှိသည့် သို့မဟုတ် မိမိတို့၏ အတွေ့အကြုံက အပေါ်ယံဆန်ပြီး သမ္မာတရားကို နားမလည်ကြသည့် လူနည်းစုလည်း ရှိပေသည်။ ၎င်းတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအပေါ် မှီခိုလျက် အမြဲ အလုပ်လုပ်ကြပြီး၊ ဘုရားသခင့် အိမ်တော်၏ အလုပ်ကို မကြာခဏ အနှောင့်အယှက်များ ဖြစ်စေကြကာ၊ ယင်းက ၎င်းတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်သည့် အကျိုးဆက်ဖြစ်ပေါ်စေလေသည်။ အခြေအနေများကို ပဓာနမထားဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့်သူအားလုံးကို အစားထိုးရမည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်ပြီး မည်သူမျှ ချိုးဖောက်၍ မရနိုင်ပေ။

အလုပ်အစီအစဉ်များ မှ

ခေါင်းဆောင်တစ်ဦးကို ထိန်းသိမ်းသင့်ခြင်း ရှိမရှိဆိုသည်ကို စီရင်ခြင်းတွင် အရေးအကြီးဆုံးသော အရာမှာ တာဝန်ပေးထားသည့် ၎င်းတို့၏ အလုပ်တွင် ၎င်းတို့ မည်မျှ ကောင်းမွန်စွာ ထမ်းဆောင်ပြီးဖြစ်သည်ကို ကြည့်ရန် ဖြစ်သည်။ ၎င်းတို့သည် တာဝန်ပေးထားသည့် အလုပ်ကို ထမ်းဆောင်ရာတွင် မထိရောက်ပါက၊ ၎င်းတို့၏ အပြုအမူ မည်မျှ ကောင်းမွန်နိုင်သည်ဖြစ်စေ၊ ပြီးလျှင် အခြားသူများကို ၎င်းတို့ ပေးနိုင်သည့် ထင်မြင်ချက်က မည်မျှ အပြုသဘောဆောင်သည်ဖြစ်စေ၊ ဤသည်မှာ အသုံးမဝင်ပေ။ သို့သော်၊ တာဝန်ပေးထားသည့် ၎င်းတို့၏ အလုပ်ကို ထမ်းဆောင်ရာတွင် ၎င်းတို့ ပြောင်မြောက်ကြသော်လည်း၊ အပြုအမူနှင့်ဆိုင်သော ပြဿနာအချို့ ၎င်းတို့ ရှိကြပြီးဖြစ်ကာ အပြစ်များကို ကျုးလွန်ကြပြီးဖြစ်ပါက၊ ဤသည်မှာ အခြေခံသဘောတရားနှင့် သက်ဆိုင်သော ကိစ္စရပ်တစ်ခု မစုတ်ဘဲ၊ ၎င်းတို့ကို ထိန်းသိမ်းသင့်ဆဲဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ၎င်းတို့၏ လက်ခံခြင်းက တိမ်းချော်သည့် ခေါင်းဆောင်တစ်ဦး၊ ၎င်းတို့၏ မိတ်သဟာယတွင် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကိုသာ ပြောဆိုပြီး၊ ၎င်းတို့၏ တစ်နှစ်ကြာ ခေါင်းဆောင်မှုနောက်တွင်၊ ၎င်းတို့၏ ညီအစ်ကို မောင်နှမများက မိမိတို့၏ အသက် ဝင်ရောက်မှုတွင် တိုးတက်မှု မပြုသေးသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် မိမိတို့၏ သိနားလည်မှုကို မကြီးထွားသေးသည့် ခေါင်းဆောင်တစ်ဦးရှိပါက၊ ဤလူကို အစေခံဖို့ အရည်အချင်း ပြည့်မီသည်ဟု သင် ယူဆမည်လော။ ထိုသို့သော ခေါင်းဆောင်တစ်ဦးကို ၎င်းတို့ မည်မျှ ရေပန်းစားသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို၏ အပြင်ပန်း စိတ်အားထက်သန်မှု သို့မဟုတ် လိုက်စားမ့ သွင်ပြင်တို့ကို ပဓာနမထားဘဲ၊ အစားထိုးသင့်ပေသည်။ ၎င်းတို့ အစားထိုးခံရပြီးနောက်၊ ၎င်းတို့ကို အခြားကဏ္ဍကို တာဝန်ပေးနိုင်သည်။ ၎င်းတို့သည် ခေါင်းဆောင်မှုအတွက် မသင့်တော်ပေ။ ထိုအစား ၎င်းတို့သည် အတတ်ပညာဆိုင်ရာ အလုပ်အချို့ သို့မဟုတ် အခြား အလုပ်အဖို့ သင့်တော်ပါက၊ ထိုသို့သော တာဝန်များကို ၎င်းတို့အတွက် စီစဉ်ပေးနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ အိမ်တော်ထဲတွင် ခန့်အပ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရား ဖြစ်သည်။ လူအသီးသီးသည် မိမိတို့၏ အားသာချက်များနှင့် အားနည်းချက်များ ရှိသည်။ ဘုရားသခင်၏ အိမ်တော်ထဲတွင်၊ လူတို့၏ တာဝန်များကို ၎င်းတို့၏ အားသာချက်များနှင့် ၎င်းတို့နှင့် သင့်တော်သည့် မည်သည့်အလုပ်မဆိုအရ စီစဉ်ထားပေသည်။ ဤအရာက ၎င်းတို့အား မိမိတို့၏ တစ်ဦးချင်း ကဏ္ဍများကို သာ၍ ကောင်းစွာ တိုးတက်နိုင်စေလေသည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

လူတစ်ဦးတစ်လေကို ညှိခြင်း သို့မဟုတ် အစားထိုးခြင်းသည် ဤအခြေခံသဘောတရားကို အခြေခံသင့်သည်။ ယင်းမှာ အဆိုပါ လူက သမ္မာတရားကို လိုက်စားနေခြင်း ရှိမရှိ၊ ၎င်းတို့၏ လူ့သဘာဝ အကျင့်စရိုက်က မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထိရောက်စွာ ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ဆုံးဖြတ်ရပေမည်။ တစ်စုံတစ်ဦးသည် မိမိတို့၏ တာဝန်ကို ခြောက်လ သို့မဟုတ် တစ်နှစ်ကြာ ထမ်းဆောင်နေပြီးဖြစ်ပါက၊ ၎င်းတို့၏ အရည်အချင်းနှင့် အကျင့်စရိုက်တို့မှာ အခြေခံအားဖြင့် ထုတ်ဖော်ပြခံပြီးဖြစ်ပါက၊ ၎င်းတို့၏ လူ့သဘာဝက ညံ့ဖျင်းပါက၊ ၎င်းတို့သည် သမ္မာတရားကို မချစ်သကဲ့သို့ ယင်းဆီသို့ သာ၍ နီးကပ်စွာ မရွေ့နိုင်ပါက၊ ၎င်းတို့သည် ညံ့ဖျင်းသော အရည်အချင်းတစ်ခုရှိပြီး မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်နိုင်ပါက၊ ဤလူ၏ သဘာဝသည် သက်သေပြပြီးဖြစ်သည်- ထိုသို့သော လူတို့ကို ညှိသင့်သည် သို့မဟုတ် အစားထိုးသင့်ပေသည်။ တောပင်များကို ဖယ်ရှားဖို့ အချိန်သည် မည်သည့်အချိန်နည်း။ ဂျုံပင်များရင့်ကျက်သည့်အချိန် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ယင်းမှာ ဘုရားသခင်၏ ရွေးချယ်ထားသောသူတို့က မည်သည့်လူများသည် သမ္မာတရား လိုက်စားနေသည်၊ မည်သည့်လူတို့က မိမိတို့၏ တာဝန်များကို သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်သည်၊ မည်သည့်လူတို့က မိမိတို့၏ တာဝန်များတွင် တစ်သမတ်တည်း သတိမမူသည်၊ ဝတ်ကျေတမ်းကျေဖြစ်ပြီး ပေါ့ပေါ့ဆဆ ဖြစ်သည်ဆိုသည်နှင့် မည်သည့် လူတို့က မိမိတို့ တာဝန်များနှင့် သင့်တော်ပြီး မည်သည့်လူတို့က မသင့်တော်သည်ဆိုသည်တို့ကို သိမြင်ပြီး ခွဲခြားနိုင်သည့် အချိန်ဖြစ်သည်။ ဤအရာအားလုံးကို လွယ်ကူစွာ သိမြင်နိုင်ပေသည်။ ထို့ကြောင့်၊ ဤသည်မှာ မသင့်တော်သည့်သူများကို ဖယ်ရှားဖို့ သို့မဟုတ် ၎င်းတို့အတွက် အခြား အစီအစဉ်များ ပြုလုပ်ရန် အသင်းတော်ဆုံးသော အချိန်ကာလ ဖြစ်သည်။ ထို့အပြင်၊ ဝန်ထမ်းနှင့်သက်ဆိုင်သည့် ညှိခြင်းနှင့် အစားထိုးခြင်းအတွက် နောက်ထပ် အခြေခံသဘောတရား ရှိသည်- တစ်ဦးတစ်ယောက်သည် ၎င်းတို့၏ အရည်အချင်းနှင့် ၎င်းတို့၏ အလုပ်ကို ထမ်းဆောင်နိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်ရမည်။ ဥပမာအားဖြင့်၊ တာဝန်တစ်ခုခုသည် အရည်အချင်းရှိသည့် လူတစ်ဦးနှင့် ယင်းကို ထမ်းဆောင်ဖို့ လူ့သဘာဝ လိုအပ်သည်။ လူတစ်ဦးသည် အရည်အချင်းတစ်ခုခုကို လက်လှမ်းမီပြီးဖြစ်ပါက၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိလျှင်ပင်၊ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံပြီးနောက် ၎င်းတို့ နောင်တရနိုင်သရွေ့၊ ထိုတာဝန်ကို ပြဿနာမရှိဘဲ ၎င်းတို့ ဆောင်ရွက်နိုင်သည်။ ၎င်းတို့သည် မပြည့်စုံသည့် အရည်အချင်းတစ်ခုရှိပါက၊ အခြားသူတို့အတွက် ဤလူကို ကူညီရန် အဓိပ္ပာယ်မရှိသကဲ့သို့ ၎င်းတို့ကို ကိုက်ညှိသင့်ပေသည်။ လူတစ်ဦးသည် သမ္မာတရားကို လိုက်စားပြီး လူ့သဘာဝ ရှိသော်လည်း၊ အတတ်ပညာဆိုင်ရာ အလုပ်တွင် ကောင်းစွာ မကျွမ်းပါက၊ ၎င်းတို့မှာ မှန်ကန်သည့် လူတစ်ဦး ဖြစ်လျှင်ပင်၊ ထိုတာဝန်ကို ထမ်းဆောင်ဖို့ ၎င်းတို့အတွက် မသင့်တော်သကဲ့သို့ ၎င်းတို့ကို ကိုက်ညှိပြုပြင်ရမည်ဖြစ်သည်။ ထို့ကြောင့်၊ ကိုက်ညှိပြုပြင်မှုများကို လူတစ်ဦးက ထမ်းဆောင်ရန် အသင့်တော်ဆုံးသော တာဝန်များ၊ ဆိုလိုသည်မှာ ၎င်းတို့ ထိရောက်မည်ဟု သေချာသည့် တာဝန်ကို အခြေခံသင့်ပေသည်- ယင်းမှာ ၎င်းတို့ ထမ်းဆောင်သင့်သည့် တာဝန်များ ဖြစ်သည်။ ညံ့ဖျင်းသည့် လူ့သဘာဝရှိပြီး၊ ၎င်းတို့ လုပ်ဆောင်သည့်အရာကို အလေးအနက်မထားသကဲ့သို့ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် တစ်သမတ်တည်း သတိမမူသည့်၊ ဝတ်ကျေတမ်းကျေဖြစ်ပြီး မထိရောက်သည့် လူပျို့ကို အစားထိုးကာ နှင်ထုတ်သင့်သည်။ အနာဂတ်တွင်၊ တာဝန်ကို ဖြည့်ဆည်းခြင်းနှင့် ပတ်သက်၍ မည်သည့် လုပ်ဆောင်စရာမျှ ရှိကြလိမ့်မည် မဟုတ်ပေ။ “ကူညီခြင်းနှင့် လေ့လာစောင့်ကြည့်ခြင်းတို့ကို ကြိုးစားနိုင်သည့် လူအချို့ ရှိကြသည် မဟုတ်လော” ဟု မေးကြသူအချို့ ရှိသည်။ အခြားသူတို့၏ အကူအညီနှင့် လေ့လာစောင့်ကြည့်မှုအောက်တွင်၊ လူတစ်ဦးသည် သာ၍ ထိရောက်ကောင်းထိရောက်နိုင်ပေမည်၊ သို့သော် ဤအရာကို ၎င်းတို့ ဖြည့်ဆည်းနေသည့် တာဝန်၏ အခြေအနေများအရ တိုင်းတာရမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို နှစ်ဝက် ခန့်သာ ထမ်းဆောင်ပြီးဖြစ်သော်လည်း သမ္မာတရားဆီသို့ ရှေ့ဆက်နေဆဲဖြစ်ပါက၊၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းရန် ၎င်းတို့၏ ကျရှုံးမှုအတွက် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့မှတစ်ဆင့် အကြောင်းရင်းကို ရှာတွေ့နိုင်ပါက၊ ထို့အပြင်၊ အမှန်တကယ် နောင်တရပြီး၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှာတွေ့ပြီးဖြစ်ပါက၊ ၎င်းတို့ကို သာ၍ အကူအညီ ပေးရန်မှာ လက်ခံနိုင်စရာ ဖြစ်ပေသည်။ အချိန်မီ၊ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ထိရောက်လာနိုင်ပေသည်။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင်၊ ၎င်းတို့သည် တစ်သမတ်တည်း ပေါ့ဆကာ ဝတ်ကျေတမ်းကျေဖြစ်ပြီး၊ မိမိတို့၏ အမှားများကို အထပ်ထပ် သတိပေးချက်နောက်တွင်ပင် ပြုပြင်ရန် ငြင်းပါက၊ မည်သူက မိတ်သဟာယပြုနေသည်ဖြစ်စေ နားမထောင်သကဲ့သို့ ခေါင်းမာပြီး သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်မခံ သို့မဟုတ် လက်တွေ့မလုပ်ဆောင်သကဲ့သို့ တကယ်ကို တော်စွလျော်စွ ကြုံရာကျပန်း နေပါက၊ ၎င်းတို့ကို ကူညီရန် သို့မဟုတ် စောင့်ကြည့်ရန် လိုအပ်တော့ပေ။ ဤသည်တို့မှာ ကိုက်ညှိပြုပြင်ခြင်းနှင့် အစားထိုးခြင်းတို့၏ အခြေခံသဘောတရား ဖြစ်သည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

ခေါင်းဆောင်များနှင့် အလုပ်သမားများ၏ အဆင့်တိုင်းတွင်၊ အစားထိုးရမည်ဖြစ်ပြီး ဖယ်ရှားသုတ်သင်ရမည့် အဓိက ပစ်မှတ်များမှာ အောက်ပါအတိုင်း ပါဝင်ပေသည်- နတ်ဆိုးများ အလုပ်လုပ်သည့်သူများ၊ မိမိ၏ လူ့သဘာဝ မကောင်းသည့်သူများ၊ လှည့်ဖြားတတ်သော လူများ၊ အဓိပ္ပာယ်မရှိသော လူများ၊ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကိုသာ အာရုံစိုက်သော်လည်း ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သောသူများ၊ မသိမြင်နိုင်သောသူများ၊ လက်တွေ့ကျသည့် အလုပ်ကို မဆောင်ရွက်နိုင်သူများ၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အဖို့ ရေမလောင်းနိုင်သကဲ့သို့ အာဟာရကို မထောက်ပံ့ပေးနိုင်သူများ၊ မိမိတို၏ အလုပ်က မစည်းရုံးမသိမ်းသွင်းနိုင်သူများ သို့မဟုတ် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က မထောက်ခံသောသူများ၊ ဘုရားသခင်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူတို့နှင့် စပ်လျဉ်း၍ အယူအဆများ အမြဲရှိကြသူများ ဖြစ်သည်။ ဤလူအားလုံးကို အကုန်အစင် ဖယ်ရှင်းသုတ်သင်ရမည်ဖြစ်ပြီး၊ ၎င်းတို့သည် မည်သည့်အဆင့်မဆိုရှိ ခေါင်းဆောင်များအဖြစ် မည်သည့်အခါတွင်မျှ မဆောင်ရွက်ရ။ ဘုရားသခင်၏ အိမ်တော်က ရာထူးတိုးပေးကာ အသုံးပြုသည့် လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ ၎င်းတို့ ဆောင်ရွက်သည့် အလုပ်တွက် ရလဒ်များ ပြသရမည်ဖြစ်ကာ အမှုအရာများကို လုပ်ဆောင်ပြီးစီးစေနိုင်သည့် လူများလည်း ဖြစ်ရပေမည်။ ဘုရားသခင်၏ လူတို့က မထောက်ခံသည့်သူများအားလုံး၊ လက်တွေ့ကျသော အလုပ်ကို မဆောင်ရွက်နိုင်သူ သို့မဟုတ် မိမိ၏ အလုပ်က ပြည့်စုံလုံလောက်မှု မရှိလွန်းသောသူများသည် ရာထူးများ‌ သိမ်းပိုက်ထားပြီးဖြစ်သည့် ကပ်ပါးကောင်များဖြစ်သော်လည်း၊ လက်တွေ့ကျသည့် အလုပ်ကို မဆောင်ရွက်နိုင်သကဲ့သို့ ရာထူးအဆင့်အတန်းကို တပ်မက်သောသူများ ဖြစ်သည်။ ၎င်းတို့အားလုံး၊ ၎င်းတို့ တစ်ဦးချင်းစီတိုင်း ဖယ်ရှင်းသုတ်သင်ခံရမည်ဖြစ်သည်။ ဤမူဝါဒသည် ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ ဘုရားသခင်၏ ရွေးချယ်ထားသော လူများ ဝင်ရောက်ရန်အတွက် အလွန်အရေးပါပေသည်။

ဘုရားသခင်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူနှင့်စပ်လျဉ်း၍ အယူအဆများ အမြဲရှိသည့်၊ စစ်မှန်သော နာခံမှု မရှိသည့်သူအားလုံးကို ဘုရားသခင်၏ အိမ်တော်က အဘယ်ကြောင့် အစားထိုးရမည်နည်း။ ဤအရာနှင့် စပ်လျဉ်း၍ သိနားလည်မှုတစ်ခု ကျွန်ုပ်တို့ ရှိရပေမည်။ ဘုရားသခင်ကို ငါးနှစ်ကျော်ကြား ယုံကြည်ပြီးဖြစ်သော်လည်း ဘုရားသခင်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုခြင်းခံရသည့် လူနှင့် စပ်လျဉ်း၍ အယူအဆများ ရှိနေကြဆဲဖြစ်သည့်သူများသည် သေချာပေါက် သမ္မာတရားကို လိုက်စားသည့် လူများ မဟုတ်ပေ။ ဤလူများအနေဖြင့် အဆင့်တစ်ခုတစ်လေရှိ ခေါင်းဆောင်များဖြစ်လာပါက၊ ၎င်းတို့သည် သေချာပေါက် အန္တိခရစ်များ၊ စာတန်၏ အစေခံများနှင့် ကြံရာပါများ ဖြစ်လာကြပေလိမ့်မည်။ ထို့ကြောင့်၊ ၎င်းတို့အားလုံးကို၊ ၎င်းတို့ တစ်ဦးချင်းစီတိုင်းကို ဖယ်ရှင်းသုတ်သင်ရမည်။ ဘုရားသခင်၏ အိမ်တော်က ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ကို ဦးဆောင်ဖို့ ခရစ်တော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူတို့၏ ရန်သူများကို လုံးဝ အခွင့်ပေးလိမ့်မည် မဟုတ်ပေ။ ခရစ်တော်နှင့် သန်ရှင်းသော ဝိညာဉ်တော် အသုံးပြုခြင်းခံရသည့် လူတို့ စက်ဆုပ်သည့် သူများကို ခေါင်းဆောင်များအဖြစ် တစ်ဦးတစ်လေက အသုံးပြုပါက၊ ၎င်းတို့သည်လည်း ဘုရားသခင်၏ ရန်သူများဖြစ်သည့်အပြင် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ ရန်သူများလည်း ဖြစ်ပေသည်။ ဘုရားသခင်၏ အိမ်တော်က အသုံးပြုသည့်သူများသည် ဘုရားသခင်ကဲ့သို့ တစ်စိတ်တစ်ဝမ်းတည်းရှိရမည်၊ ၎င်းတို့သည် ဘုရားသခင့် အိမ်တော်၏ အလုပ်နှင့် မြဲမြဲ ညှိနှိုင်းဆောင်ရွက်သည့် လူများဖြစ်ရမည်၊ ခရစ်တော်ကို သစ္စာစောင့်သိပြီး ခရစ်တော်ကို နာခံသည့်လူများဖြစ်ရပေမည်။ သို့မဟုတ်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်း မခံထိုက်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သူများ၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားသူများ၊ ခရစ်တော်အတွက် သက်သေမခံဘဲ၊ ထိုအစား မိမိတို့ကိုယ်ကိုယ်အတွက်သာ သက်သေခံသောသူများ၊ တန်ခိုးအာဏာနှင့် ရာထူးအဆင့်အတန်းကို ရှာဖွေသောသူများအားလုံးသည် အသိတရား မရှိသကဲ့သို့ ဆင်ခြင်တုံတရားမရှိသည့် လူဖျင်းဖြစ်ပြီး၊ ၎င်းတို့သည် အန္တိခရစ်များသာ ဖြစ်ကြပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို အစေခံဖို့ မသင့်တော်သကဲ့သို့ ဖယ်ရှင်းသုတ်သင်ခြင်း ခံရကြပေမည်။ ထို့ကြောင့် အဆင့်အားလုံးရှိ ခေါင်းဆောင်များသည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံသည့်သူများ ဖြစ်ရမည်၊ သမ္မာတရားကို ၎င်းတို့ လိုက်စားရမည်ဖြစ်ပြီး၊ မိမိတို့၏ စိတ်နှလုံးများဖြင့် ဘုရားသခင်ကို ချစ်နိုင်ရမည်ဖြစ်ကာ ဘုရားသခင့် အိမ်တော်၏ အလုပ်နှင့် ကောင်းစွာ ညှိနှိုင်းဆောင်ရွက်နိုင်ရမည်ဟု ဘုရားသခင့် အိမ်တော်က တောင်းဆိုထားခြင်း ဖြစ်သည်။ ဤသတ်မှတ်ချက်များကို ၎င်းတို့ မပိုင်ဆိုင်ကြပါက၊ ၎င်းတို့ကို လုံးဝ အသုံးပြု၍ မရနိုင်ပေ။ တာဝန်များကို ဖြည့်ဆည်းပြီး ဘုရားသခင်ကို စေခံသော်လည်း ဘုရားသခင်ကဲ့သို့ တစ်စိတ်တစ်ဝမ်းတည်းမရှိဘဲ ထိုအစား မိမိတို့၏ ကိုယ်ပိုင် အရေးကိစ္စများကို စီမံကာ မိမိတို့ကို ကိုယ်ပိုင် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာတို့ကို ထိန်းသိမ်းခြင်းအတွက် အလုပ်ကို ဆောင်ရွက်သောသူများ၊ ဤလူများသည် အန္တိခရစ်များ ဖြစ်ကြသည် မဟုတ်လော။ ခရစ်တော်ကို မချီးမြှောက်သကဲ့သို့ သက်သေမခံဘဲ ထိုအစား မိမိတို့ကိုယ်ကိုယ်အတွက်သာ သက်သေခံပြီး ကြွားဝါသောသူအားလုံး၊ ၎င်းတို့သည် ခရစ်တော်၏ ရန်သူများသာ ဖြစ်သည်။ အစည်းအဝေးများတွင် မိတ်သဟာယပြုနေချိန်၊ မိမိတို့ ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့်သက်ဆိုင်သည့် အသိပညာ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ တွေ့ကြုံပြီး လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပုံတို့ကို မဆွေးနွေးသောသူများသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ကို လှည့်ဖြားသည့် လူများအားလုံးဖြစ်ပြီး ၎င်းတို့၏ ရန်သူများ ဖြစ်ပေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အား ခရစ်တော်ကို သိရှိဖို့နှင့် ခရစ်တော်ကို ကျိုးနွံနာခံဖို့ ကူညီခြင်း မရှိဘဲ နှစ်အချို့ကြာ အလုပ်ကို ဆောင်ရွက်ပြီးသူအားလုံးနှင့် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားထဲသို့ ဝင်ရောက်ရန် မကူညီနိုင်သောသူတို့သည် ဘုရားသခင်ကို အစေခံသော်လည်း သူ့ကို ဆန့်ကျင်ကြသည့် လူများသာ ဖြစ်သည်။ ၎င်းတို့အားလုံးကို ဘုရားသခင်က မုန်းတီးပြီး စက်ဆုပ်ပေသည်။ ဤလူများအားလုံးသည် ဘုရားသခင်၏ အိမ်တော်ကို တွယ်ကပ်သည့် ကပ်ပါးကောင်များ ဖြစ်သည်။ ၎င်းတို့သည် ရာထူးအဆင့်အတန်းများကို တပ်မက်ကြသော်လည်း လက်တွေ့ကျသည့် အလုပ်ကို မဆောင်ရွက်ကြပေ။ ၎င်းတို့သည် အသိတရား သို့မဟုတ် ဆင်ခြင်တုံတရားမရှိသကဲ့သို့ တစ်ကိုယ်ကောင်းဆန်သည့်၊ စက်ဆုပ်ဖွယ်ဖြစ်ပြီး မျက်နှာပြောင်ကာ အရှက်မဲ့သည့် ဆိုးယုတ်သော အစေခံများသာ ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၆၅။ တာဝန်ယူခြင်းနှင့် နုတ်ထွက်ခြင်းတို့ကို လက်ခံခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၆၇။ခေါင်းဆောင်များနှင့် အလုပ်သမားများကို ပြန်လည်ခေါ်ယူခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်