၁၃၉) အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ဆိုးယုတ်သောအမှုကို လုပ်ဆောင်နိုင်စွမ်းရှိပြီး၊ သမ္မာတရားကို လုံးဝလက်မခံသည့် လူ့သဘာဝချို့တဲ့သော အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များကို အစားထိုးလဲလှယ်ကာ ၎င်းတို့၏ရာထူးများမှ ဖြုတ်ချပြီး၊ ဖယ်ရှားသုတ်သင်ပစ်ရမည် ဖြစ်သည်။

(၂) ၎င်းတို့၏ချို့တဲ့သောအရည်အသွေးကြောင့် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သော အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များကို အစားထိုးလဲလှယ်ပြီး၊ အခြားမတူညီသောတာဝန်များကို ပေးအပ်ရမည်ဖြစ်သည်။

(၃) အတော်အသင့်ကောင်းမွန်သော လူ့သဘာဝရှိသော်လည်း သမ္မာတရားကို မလိုက်လျှောက်သော၊ သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော် မရှိသော၊ ထို့အပြင် လက်တွေ့ကျသောအလုပ်ကိုလည်း မလုပ်ဆောင်နိုင်သော အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များကို အစားထိုးလဲလှယ်ပြီး၊ အခြားမတူညီသော တာဝန်များကို ပေးအပ်ရမည်ဖြစ်သည်။

(၄) လက်တွေ့ကျသောအလုပ်အနည်းငယ်ကို လုပ်ဆောင်ရန် ထူးချွန်ပြီး အရည်အချင်းရှိသော်လည်း အတွေ့အကြုံ မရှိသည့်အပြင် လက်တွေ့ကျသောပြဿနာများကို မဖြေရှင်းနိုင်သော အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များကို အသုံးပြုရန်အတွက် ပြုစုပျိုးထောင်းပေးရဦးမည် ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ သူ လုပ်ဆောင်သည့်အရာ မှန်ပါက၊ သူ့ကို သင် နာခံနိုင်သည်။ သူ လုပ်ဆောင်သည့်အရာ မှားယွင်းပါက၊ သူ့ကို သင် ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ခြင်းပင်ပြုကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ သူသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင်၊ အတုအယောင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက၊ သူ၏ ခေါင်းဆောင်မှုကို သင် ငြင်းနိုင်ပြီး၊ သင်သည်လည်း သူ့အကြောင်း တိုင်ကြားကာ သူ့ကို ဖော်ထုတ်နိုင်သည်။ သို့သော်၊ ဘုရားသခင် ရွေးကောက်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ထို့ကြောင့် မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ဝံ့ကြချေ။ ၎င်းတို့က၊ “ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက၊ ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက၊ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်ကို ကျွန်ုပ် စွန့်ခွာပါက၊ ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ အသင်းတော်သည် ဘုရားသခင်ကို ကိုယ်စားပြုပါသည်” ဟု ပြောကြသည်။ ဤသို့တွေးတောပုံများသည် ထိုသို့သောလူ၏ အမှုအရာများကိုသဘောထားပုံအပေါ် သက်ရောက်မှုရှိသည် မဟုတ်လော။ ခေါင်းဆောင်က သင့်ကို နှင်ထုတ်ပါက၊ သင် ကယ်တင်ခြင်း မခံရနိုင်တော့သည်မှာ အမှန်တကယ် မှန်နိုင်ပါမည်လော။ သင်၏ ကယ်တင်ခြင်းနှင့်ဆိုင်သော စဉ်းစားရမည့် အကြောင်းအရာသည် သင်၏ ခေါင်းဆောင်၏ သင့်အပေါ်သဘောထားအပေါ် တည်မှီသလော။ များလှစွာသော လူတို့သည် ထိုသို့သော အကြောက်တရား အတိုင်းအတာတစ်ခု အဘယ်ကြောင့် ရှိကြသနည်း။ ခေါင်းဆောင် အတုအယောင် သို့မဟုတ် အန္တိခရစ်တစ်ဦး ဖြစ်သူက သင့်ကို ခြိမ်းခြောက်သည်နှင့်တစ်ပြိုင်နက် ယင်းကို သင်က အထက်သို့ အကြောင်းမကြားဝံ့သည့်အပြင်၊ ထိုအချိန်မှစ၍ သင်သည် ခေါင်းဆောင်နှင့် တစ်စိတ်တည်းဖြစ်လိမ့်မည်ဟု အာမခံပါက၊ သင်သည် ကျဉ်းထဲကျပ်ထဲကျပြီ မဟုတ်လော။ ဤသည်မှာ သမ္မာတရား ရှာဖွေသော လူစားမျိုးလော။ သင်သည် စာတန်ဆန်သော အန္တိခရစ်များက ကျူးလွန်နိုင်သည့်အရာဖြစ်သည့် ထိုသို့သော ယုတ်မာသည့် အပြုအမူကို မဖော်ထုတ်ဝံ့သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့်၊ ထိုအန္တိခရစ်များကို နာခံပြီး ၎င်းတို့၏ စကားများကို သမ္မာတရားအဖြစ်ပင်ခံယူပြီး ယင်းတို့ကို သင် နာခံလေသည်။ ဤသည်မှာ မိုက်မဲမှု၏ စံနမူနာ ဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ထိခိုက်နစ်နာသည့်အခါ၊ ယင်းက သင်နှင့် ထိုက်တန်သည့်အရာ မဟုတ်သလော။ ဘုရားသခင်က သင့်အား ထိခိုက်နစ်နာစေပြီး ဖြစ်သလော။ ယင်းကို သင့်ဘာသာသင် ဆန္ဒပြုခဲ့ခြင်းဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦးကို သင်၏ခေါင်းဆောင်အဖြစ် ခံယူပြီး၊ သူ့အား ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မ တစ်ဦးအလား ဆက်ဆံခဲ့သည်- ပြီးလျှင် ယင်းက သင်၏အမှားဖြစ်သည်။ အန္တိခရစ်တစ်ဦးကို ဆက်ဆံသင့်သည့် သဘောထားမှာ အဘယ်နည်း။ သူ့ကို ဖော်ထုတ်ပြီး ၎င်းကို ခုခံတွန်းလှန်ဖို့ အင်တိုက်အားတိုက် ကြိုးစားသင့်သည်။ သင်သည် ဤသည်ကို တစ်ဦးတည်း မလုပ်ဆောင်နိုင်ပါက၊ လူပေါင်းစုံတို့က အတူတကွ စုပေါင်းလျက်၊ ၎င်းကို တိုင်ကြားရမည်။ အထက်မှ ခေါင်းဆောင်အချို့နှင့် အမှုတော်ဆောင်အချို့တို့သည် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နေကာ၊ တကယ့်အလုပ်ကို မလုပ်နေဘဲ၊ ညီအစ်ကိုမောင်နှမများကို ဒုက္ခရောက် စေပြီး၊ ဂုဏ်ဒြပ်နှင့်သက်ဆိုင်သည့် ကောင်းကြီးမင်္ဂလာများကို ငမ်းငမ်းတက် လိုချင်နေသည်ကို သိရှိရခြင်း၌ လူအချို့သည် ထိုအန္တိခရစ်များကို ဖယ်ရှားဖို့ ပန်ကြားခြင်းတစ်ခုကို လက်မှတ်ထိုးခဲ့ကြသည်။ ဤလူများသည် အဘယ် ဆန်းကြယ်သည့်အလုပ်ကို လုပ်ခဲ့ကြသနည်း။ ယင်းက ဤလူများသည် သမ္မာတရားကို နားလည်ကြောင်း၊ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှုပမာဏ အချို့ကို ပိုင်ဆိုင်ကြောင်းနှင့် ၎င်းတို့သည် စာတန်အားဖြင့် ထိန်းချုပ်ခံရခြင်း မရှိသကဲ့သို့၊ လှည့်စားခံရခြင်းလည်း မရှိကြောင်း ပြနေသည်။ ဤသည်က အန္တိခရစ်များနှင့် ခေါင်းဆောင်အတုအယောင်များသည် အသင်းတော်၌ အဓိကဖြစ်သော ရာထူးတစ်ခုကို မကိုင်စွဲထားဘဲ၊ ၎င်းတို့သည် ၎င်းတို့ပြောသမျှနှင့် လုပ်သမျှတွင် ၎င်းတို့၏စရိုက်မှန်ကို ထင်ထင်ရှားရှား မပြရဲကြောင်းကိုလည်း သက်သေပြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် တကယ် ထုတ်ဖော်ပြပါကလည်း၊ ၎င်းတို့ကို စောင့်ကြည့်စစ်ဆေးဖို့၊ ဖော်ထုတ်ဖို့နှင့် ဖယ်ရှင်းဖို့ လူများရှိသည်။ ဆိုလိုသည်မှာ သမ္မာတရားကို အမှန်တကယ် နားလည်သူများ၏ စိတ်နှလုံးများတွင် လူပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်ဒြပ်၊ ဩဇာတိက္ကမနှင့် ဩဇာအာဏာတို့သည် ဩဇာလွှမ်းမိုးနိုင်သည့် အရာများ မဟုတ်ပေ။ သမ္မာတရားကို နားလည်သည့် သူများအားလုံးသည် ထိုးထွင်းသိမြင်မှု ရှိနိုင်ကြပြီး ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုတွင် လူများသည် မည်သည့်လမ်းကြောင်းကို လိုက်လျှောက် သင့်သကဲ့သို့၊ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ၎င်းတို့ မည်သို့ ဆက်ဆံသင့်သည်ကို ပြန်တွေးပြီး ပြန်လည် သုံးသပ်ကြသည်။ ၎င်းတို့သည် မည်သူ့နောက်ကို လူများလိုက်သင့်သည်၊ လူများနောက်လိုက်ခြင်းတွင် မည်သည့်အပြုအမူ ပါဝင်ပြီး ဘုရားသခင် နောက်လိုက်ခြင်းတွင် မည်သည့်အပြုအမူ ပါဝင်သည်တို့နှင့်ပတ်သက်၍လည်း စတင် တွေးတောကြသည်။ ဤသမ္မာတရားများကို နှစ်ပေါင်းများစွာ တွေးဆပြီး ဒေသနာများကို မကြာခဏ နားထောင်ပြီးသည့်နောက်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားများကို မရည်ရွယ်ဘဲ နားလည်လာပြီးဖြစ်သောကြောင့်၊ ၎င်းတို့၌ ဝိညာဉ်ရင့်ကျက်မှု အချို့ ရရှိပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် လမ်းကြောင်းမှန်ပေါ်သို့ စတင်ပြီးဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်” မှ

အန္တိခရစ်များကို အသင်းတော်တွင် ဝရုန်းသုန်းကား လှုပ်ရှားသောင်းကျန်းခွင့်ပြုကာ ညီအစ်ကိုမောင်နှမများကို ထိန်းချုပ်ရန်၊ ခြိမ်းခြောက်ရန်၊ လှည့်ဖြားရန်၊ သို့မဟုတ် လမ်းလွဲစေရန်အတွက် မည်သည့်ဆောင်ပုဒ်များနှင့် အငြင်းအခုံများကိုမဆို ၎င်းတို့စိတ်ကြိုက် ဟစ်အော်ပြောဆိုဖို့ ဇက်ကုန်လွှတ်ပေးထားပြီး၊ ခေါင်းဆောင်များက ဘာမျှမလုပ်၊ ထိုးထွင်းနားလည်နိင်စွမ်းမရှိသည့်အပြင် ထိုအန္တိခရစ်များကို ချက်ချင်းဖော်ထုတ်၍ ထိန်းချုပ်နိုင်စွမ်း မရှိသဖြင့် ညီအစ်ကိုမောင်နှမများသည် အန္တိခရစ်များ၏ စိတ်တိုင်းကျခြယ်လှယ်ခြင်းကို ခံရပြီး၊ အနှောင့်အယှက်ပေးခြင်းကို ခံရပါက ဤအသင်းတော်၏ခေါင်းဆောင်များသည် အမှိုက်သရိုက်များပင် ဖြစ်သည်။ အကယ်၍ အသင်းတော်တစ်ပါးတွင် အန္တိခရစ်များနှင့် ဆိုးညစ်သူများကို ညီအစ်ကိုမောင်နှများက ပစ်ပယ်ကာ ရွံမုန်းလျှင်၊ ၎င်းတို့ကို အသင်းတော်အတွင်း ချုပ်နှောင်ထားလျှင်၊ ညီအစ်ကိုမောင်နှမများကို လမ်းလွဲစေပြီး လှည့်ဖြားသော ၎င်းတို့၏ပြောဆိုချက်နှင့် အချည်းနှီးဖြစ်သော ဆောင်ပုဒ်များသည် အသင်းတော်တွင် အလုပ်မဖြစ်ဘဲ ၎င်းတို့ကို ဟန့်တား၊ ထိန်းချုပ်ထားနိုင်သည်အထိ လူတိုင်း၌ ၎င်းတို့အပေါ် ထိုးထွင်းသိမြင်မှုရှိလျှင် ဤအသင်းတော်၏ခေါင်းဆောင်များသည် အရည်အချင်းပြည့်မီပေသည်။ ၎င်းတို့သည် မှန်ကန်စစ်မှန်မှုကို ပိုင်ဆိုင်သောခေါင်းဆောင်များ ဖြစ်ကြသည်။ အကယ်၍ အသင်းတော်တစ်ပါးကို အန္တိခရစ်တစ်ဉီးက အနှောင့်အယှက်ပေးနေပါက၊ ထို့ပြင် ထိုအန္တိခရစ်ကို ညီအစ်ကိုမောင်နှမများက ဖော်ထုတ်ကာ ပစ်ပယ်ထားပြီးနောက် ထိုအန္တိခရစ်က ညီအစ်ကိုမောင်နှမများကို ဖိစီးနှိပ်စက်ခြင်းအားဖြင့် လက်စားချေပြီး အသင်းတော် ခေါင်းဆောင်များက အဘယ်အရာမျှ မပြုပါက ဤအသင်းတော်၏ခေါင်းဆောင်များသည် အမှိုက်သရိုက်များဖြစ်ကြကာ ၎င်းတို့ကို ဖယ်ရှားသင့်သည်။ အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များအနေဖြင့် ၎င်းတို့သည် သမ္မာတရားကို အသုံးပြုပြီး ပြဿနာများကို ‌ဖြေရှင်းနိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် အသင်းတော်ထဲရှိ အန္တိခရစ်များ၏ ထင်ရာစိုင်းမှုကို ဖော်ထုတ်ကာ ထိန်းချုပ်ပြီး ကန့်သတ်ခြင်းတို့ မပြုနိုင်ဘဲ ညီအစ်ကိုမောင်နှမများကို ကာကွယ်‌ပေးနိုင်ခြင်းလည်း မရှိ၊ ၎င်းတို့တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်စေရန် ၎င်းတို့ကို ကာကွယ်ပေးနိုင်ခြင်းလည်း မရှိသည့်အပြင် ဘုရားသခင့်အိမ်တော်၏အလုပ်ကို ပုံမှန်အကောင်အထည်ပေါ်စေရန် ထိန်းသိမ်းနိုင်ခြင်းလည်း မရှိပါက ဤအသင်းတော်၏ခေါင်းဆောင်များသည် အမှိုက်သရိုက်များ ဖြစ်ကြပြီး၊ ၎င်းတို့ကို ဖယ်ရှားသင့်သည်။ အကယ်၍ အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များသည် အန္တိခရစ်တစ်ဉီးက မလိုမုန်းထားပြီး ရက်စက်နေသောကြောင့် ၎င်းကို ချဉ်းကပ်ရန်၊ သို့မဟုတ် နှိုးဆွရန် ကြောက်ရွံ့နေပြီး ထိုသို့ဖြင့် ထိုအန္တိခရစ်ကို အသင်းတော်တွင် စည်းလွတ်ဘောင်လွတ်ပြုမူခွင့်ပြု၍ ၎င်းက အခြားသူများအား နိုင်လိုမင်းထက်ပြုမူကာ ၎င်းပြုချင်သမျှကို ပြုမူရင်း ဘုရားသခင့်အိမ်တော်၏ လုပ်ဖွယ်ဆောင်တာအများအပြားကို တုံ့ဆိုင်းစေပြီး လုံးဝဥဿုံရပ်တန့်စေပါက ဤအသင်းတော်၏ ခေါင်းဆောင်များသည် အမှိုက်သရိုက်များဖြစ်ကြပြီး၊ ၎င်းတို့ကို ဖယ်ရှားသင့်သည်။ လက်တုံ့ပြန်မှုကို ကြောက်ရွံ့သောကြောင့် အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များသည် အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ရန် မည်သည့်အခါကမျှ သတ္တိမရှိသည့်အပြင် အန္တိခရစ်၏ ဆိုးယုတ်သော လုပ်ရပ်များကို ထိန်းချုပ်ကန့်သတ်ရန် မည်သည့်အခါကမျှ မကြိုးပမ်းဘဲ ဤသို့ဖြင့် အသင်းတော်အသက်တာကို အနှောင့်အယှက်ဖြစ်စေပြီး၊ ညီအစ်ကိုမောင်နှမများ၏ အသက်တာသို့ဝင်ရောက်ခြင်းကို ကြီးမားစွာ နှောင့်ယှက်ပျက်စီးစေပါက ဤအသင်းတော်၏ခေါင်းဆောင်များသည် အမှိုက်သရိုက်များ ဖြစ်ကြပြီး၊ ၎င်းတို့ကို ဖယ်ရှားသင့်သည်။ သင်တို့သည် ထိုသို့သော ခေါင်းဆောင်များကို ရွေးချယ်မည်လော။ (ရွေးချယ်မည် မဟုတ်ပါ။) သို့ဆိုလျှင် သင်တို့သည် ထိုသို့သော ခေါင်းဆောင်များကို ကြုံတွေ့ရသည့်အခါ အဘယ်အရာကို လုပ်ဆောင်သင့်သနည်း။ “အန္တိခရစ်များသည် ကျွန်ုပ်တို့အသင်းတော်၌ အာဏာရှင်များကဲ့သို့ ပြုမူပြီး အာဏာကိုင်စွဲလျက် ဤပြဿနာများအားလုံးကို ဖြစ်နေစေသည်။ သင်သည် ၎င်းတို့ကို တားမည်လော။ သင်သည် ၎င်းတို့ကို ဖော်ထုတ်ရဲလော။ မဖော်ထုတ်ရဲပါက ရာထူးမှ ဆင်းပေးလော့။ သင်သည် သင်၏ဇာတိခန္ဓာ အကျိုးစီးပွားကိုသာ ကာကွယ်နေပါက၊ သင်သည် အန္တိခရစ်များနှင့် ဆိုးယုတ်သူများကို ကြောက်သောကြောင့် သင်၏ညီအစ်ကိုမောင်နှမများကို ၎င်းတို့ထံ လက်လွှဲပြောင်းပေးနေပါက သင်သည် ကျိန်ဆဲခြင်းခံထိုက်၏။ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ မထိုက်တန်။ ရာထူးမှ ဆင်းပေးလော့” ဟု ၎င်းတို့ကို သင်တောင်းဆိုသင့်သည်။ ယင်းမှာ ဤကဲ့သို့သော ခေါင်းဆောင်များကို ဆက်ဆံသင့်သည့်ပုံစံဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ၎င်းတို့ကို ဆက်ဆံသင့်သည့်ပုံစံအတိအကျဖြစ်သည်။ ထိုသို့သော ခေါင်းဆောင်များသည် မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ချေ။ ဆိုးယုတ်သူများကို ရင်ဆိုင်ရသည့်အခါတွင် ၎င်းတို့က မိမိတို့၏ ညီအစ်ကိုမောင်နှမများကို မကာကွယ်ပေ။ ထိုအစား ၎င်းတို့က ဆိုးယုတ်သူများကို ဦးညွှတ်သည်၊ ၎င်းတို့ကို အလျှော့ပေးလိုက်လျောပြီး ချမ်းသာပေးဖို့ အနူးအညွတ် တောင်းပန်ကြသည်။ ထိုသို့သော လူများသည် အမှိုက်များဖြစ်၏၊ ၎င်းတို့သည် သစ္စာဖောက်များဖြစ်ပြီး ငြင်းပယ်ခြင်းခံရသင့်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (အပိုင်း ၈)” မှ

အချို့အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်အစားကြီးပြီး ပျင်းရိလေသည်။ အားလပ်ချိန်ကို နှစ်သက်ပြီး ပင်ပင်ပန်းပန်းအလုပ်လုပ်ခြင်းကို ရွံရှာမုန်းတီးသည်။ အလုပ်နှင့် စိုးရိမ်ပူပန်မှုတို့ကို မကြိုက်၊ အားစိုက်မှု၊ သို့မဟုတ် တာဝန်ဝတ္တရားတို့ကို မနှစ်မြို့ကြချေ။ ၎င်းတို့သည် သက်သာဖို့အတွက်သာ ဆန္ဒရှိကြသည်။ စားသောက်ဆော့ကစားရခြင်းကို ၎င်းတို့ နှစ်သက်ပြီး ပျင်းရိကြသည်။ မနက်ပိုင်းတွင် လူတိုင်းက မနက်စာစားပြီးချိန်၌ ၎င်းတို့က အိပ်ရာပေါ်တွင်ရှိနေဆဲဖြစ်သည်။ ညနေတွင် အယောက်တိုင်း အိပ်နေချန် မအိပ်သေးဘဲ၊ မျက်လုံးဆက်မဖွင့်နိုင်တော့သည်အထိ တီဗီဇာတ်လမ်းများ ကြည့်ကြသည်။ ၎င်းတို့သည် တစ်နေကုန် စားလျက်၊ ကစားလျက်၊ အချိန်ဆွဲလျက်ဖြင့် ကုန်ဆုံးကြသည်။ ပျော်စရာရှိသည့် မည်သည့်နေရာမဆို သွားသည်၊ သို့မဟုတ် ပျော်စရာကောင်းမည့်ပုံပေါ်သည့် မည်သည့်စက်တွင်မဆို ဆော့ကစားသည်။ ချက်ပြုတ်သူအစ်ကိုတစ်ယောက်က ယင်းကို သည်းမခံနိုင်ဖြစ်ပြီး ၎င်းတို့ကို ပြစ်တင်ဆုံးမသည်ဆိုပါစို့။ သင်တို့ မည်သို့ထင်သနည်း။ ချက်ပြုတ်သူတစ်ယောက်၏စကားကို ၎င်းတို့နားထောင်မည်လော။ (နားမထောင်ပါ။) ငါက၊ “သင်ပို၍ လုံ့လဝီရိယရှိသင့်သည်။ သင်လုပ်သင့်သည့်အလုပ်ကို လုပ်ဆောင်ရမည်။ မည်သို့ပင်ဖြစ်စေ သင်သည် ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အလုပ်အားလုံးအတွက် ရှိနေရမည်။ အခြားလူတို့က ၈နာရီအလုပ်လုပ်လျှင် သင်သည် အနည်းဆုံး ၆နာရီခွဲ၊ သို့မဟုတ် ၇ နာရီကြာရှိနေရမည်။ ကျန်သည့်အချိန်ကို ကိုယ်ပိုင်အရေးကိစ္စများအား အရေးစိုက်လျက် ကုန်ဆုံးနိုင်သည်” ဟု ဆိုလျှင် ၎င်းတို့ နားထောင်မည်လော။ နားထောင်မည်မဟုတ်ပေ။ ထို့ကြောင့် ထိုသို့သော သူတို့ကို မည်သည့်အရာမျှ ငါမပြောပေ။ ၎င်းတို့ကို လူစားထိုးဖို့၊ ဖယ်ရှားပစ်ဖို့၊ လိုအပ်သည့်မည်သည့်နေရာကိုမဆို စေလွှတ််ဖို့၊ ၎င်းတို့တတ်နိုင်သည့်အရာ မည်သည့်အရာကိုမဆို လုပ်ဆောင်နေစေဖို့ အဆုံးအဖြတ်ချမှတ်သည့်အုပ်စုကိုသာ ငါပြောသည်။ ၎င်းတို့သည် အချည်းနှီးလူများဖြစ်ကြပြီး မည်သည့်နေရာတွင်မဆို ကပ်ပါးရပ်ပါးပြုလုပ်မည်ဆိုပါက၊ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်ပါက၊ ၎င်းတို့ကို နှင်ထုတ်လော့။ တာဝန်တစ်ခုကို ထမ်းဆောင်ရန် ၎င်းတို့ကို အခွင့်မပေးနှင့်။ ၎င်းတို့သည် တာဝန်ကိုထမ်းဆောင်ရန် မသင့်တော်ပေ။ ၎င်းတို့သည် လူများမဟုတ်ပေ။ ၎င်းတို့သည် သာမန်လူ့သဘာဝ၏ အသိတရားနှင့် အသိစိတ် မပိုင်ဆိုင်ကြသကဲ့သို့၊ အရှက်ကင်းမဲ့ကြသည်။ ဤအလေအလွင့် အယောင်ဆောင်ခေါင်းဆောင်မျိုးကို သင်ရိပ်စားမိသည်နှင့်တစ်ပြိုင်နက် ချက်ချင်းလူစားလဲလော့။ ၎င်းတို့ကို သြဝါဒပေးဖို့မလိုပေ။ ထပ်၍ အခွင့်အရေးများ ပေးဖို့မလိုပေ၊ သို့မဟုတ် လေ့လာစောင့်ကြည့်ရန်မလိုသကဲ့သို့ ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယဖွဲ့ပေးရန် မည်သည့်အကြောင်းမျှလည်းမရှိပေ။ ၎င်းတို့သည် သမ္မာတရားအနည်းငယ်ကို ကြားပြီးပြီလော။ ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခံရလျှင် ပြောင်းလဲမည်လော။ ပြောင်းလဲမည်မဟုတ်ပေ။ အစွမ်းအစညံ့သူတစ်ဦး၊ သို့မဟုတ် တစ်ခါတစ်ရံတွင် ၎င်းတို့၏အမြင် အဓိပ္ပာယ်မရှိသူ၊ သို့မဟုတ် အမှုအရာများအပေါ် ၎င်းတို့မြင်သည့်ပုံစံတွင် နားလည်သိမြင်မှုမရှိဘဲ အမြင်ကျဉ်းမြောင်းသူဖြစ်သော်လည်း လုံ့လဝီရိယရှိဆဲ၊ ဝန်ထုပ်ဝန်ပိုးကို ခံယူနိုင်ဆဲဖြစ်ကာ မပျင်းရိပါက၊ ထိုသို့သောသူသည် ၎င်းတို့၏လုပ်ဆောင်မှုများတွင် သွေဖည်သော်လည်း ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ခံရခြင်းအားဖြင့် ပြောင်းလဲနိုင်သည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ခေါင်းဆောင်မှုတာဝန်များကို သတိပြုမိပြီး မည်သည့်အရာ လုပ်ဆောင်ရမည်ကို သိသည်။ ပြီးလျှင် ၎င်းတို့တွင် အသိတရားနှင့် တာဝန်သိစိတ်တစ်ခုရှိသည်။ ၎င်းတို့တွင် နှလုံးသားရှိသည်။ သို့သော် အလုပ်မလုပ်ခြင်းကိုနှစ်သက်ပြီး ပင်ပင်ပန်းပန်းလုပ်ရခြင်းကို မုန်းတီးလျက်၊ ပျင်းရိသောသူ၊ ဝန်ထုပ်ဝန်ပိုးထမ်းရွက်လိုစိတ်မရှိသော သူမျိုးသည် မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် ဝန်ထုပ်ဝန်ပိုးထမ်းရွက်လိုစိတ်မရှိလျှင် မည်သူက မည်သည့်အရာကိုပြောသည်ဖြစ်စေ သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၄)” မှ

အချို့လူတို့သည် လွန်ကျူးသောအပြုအမူကြောင့်၊ အန္တိခရစ်များဖြစ်သောကြောင့် ထုတ်ပယ်ခံရသည်။ အခြားလူတို့မှာ အတွေ့အကြုံမရှိသည့်အပြင် အလုပ်မလုပ်နိုင်သောကြောင့် ထုတ်ပယ်ခံရသည်။ အခြားလူများသည် ခေါင်းဆောင်ဖြစ်ရန်အတွက် ၎င်းတို့၏ အစွမ်းအစမှာ ညံ့ဖျင်းလွန်းသောကြောင့်၊ ၎င်းတို့၌ လုပ်ဆောင်နိုင်စွမ်းမရှိသောကြောင့်လည်း ထုတ်ပယ်ခံရသည်။ ထုတ်ပယ်ခံရသောသူများကို ကျိုးကြောင်းသင့်စွာဖြင့် ပြန်လည်နေရာချထားရန်ဖြစ်ပြီး စီရင်ရန်၊ သို့မဟုတ် ကန့်သတ်ရန်မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့တတ်နိုင်သမျှ လုပ်ဆောင်ရမည်ဖြစ်ပြီး သင့်တော်သည့်အတိုင်း ကိုင်တွယ်ခြင်းခံရမည်ဖြစ်သည်။ ၎င်းတို့၏ အလွန်အကျွံညံ့ဖျင်းသော အစွမ်းအစကြောင့် ထုတ်ပယ်ခံရသောလူများသည် ခေါင်းဆောင်များအဖြစ်၊ သို့မဟုတ် အမှုဆောင်များအဖြစ်၊ သို့မဟုတ် ကြီးကြပ်သူများအဖြစ် နောက်တစ်ဖန် ရွေးချယ်ခံရနိုင်သလော။ (မခံရနိုင်ပါ။) အဘယ့်ကြောင့် မခံရနိုင်သနည်း။ စမ်းသပ်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဖော်ထုတ်ခြင်းခံရပြီး ထိုးထွင်းသိမြင်ခံရပြီးဖြစ်သည်။ ထိုကဲ့သို့သောသူတို့၏ အစွမ်းအစနှင့် အလုပ်အရည်အချင်းတို့သည် ခေါင်းဆောင်ဖြစ်ခြင်းတာဝန်နှင့် မသင့်တော်ပေ။ ၎င်းတို့သည် ခေါင်းဆောင်များအဖြစ် မသင့်တော်လျှင် ဤသည်မှာ ၎င်းတို့သည် အခြားမည်သည့်အရာနှင့်မျှ မသင့်တော်ဟု အဓိပ္ပာယ်ရသလော။ ထိုသို့လည်း မဟုတ်ပေ။ ၎င်းတို့၏ အစွမ်းအစသည် ခေါင်းဆောင်တစ်ယောက်ဖြစ်ရန် ညံ့ဖျင်းလွန်းနေသော်လည်း အခြားသောအရာများကို ၎င်းတို့လုပ်ဆောင်နိုင်လျှင် ဆိုးဝါးသော လူ့သဘာဝကြောင့် ရာထူးတိုးခြင်းမှ ပိတ်ပင်ခံရခြင်းကဲ့သို့သော အခြားပြဿနာများမရှိသရွေ့ ၎င်းတို့လုပ်ဆောင်ရန်သင့်တော်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သင့်သည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးကို ဖယ်ရှားပစ်ခြင်း မခံရသင့်ပေ။ ၎င်းတို့ကို အသုံးပြု၍ ရနိုင်ဆဲဖြစ်သည်။ အချို့လူတို့သည် အလုပ်လုပ်ရန် အရည်အချင်းမရှိသောကြောင့်၊ သို့မဟုတ် အသင်းတော်အလုပ်ကို ယခင်က မလုပ်ဆောင်ဖူးသောကြောင့်၊ သို့မဟုတ် ကျင့်သားမရနေသောကြောင့်၊ အလုပ်ကို အချိန်အတော်ကြာ လုပ်ဆောင်ပြီးသော်လည်း လမ်းပျောက်နေပြီး မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိသောကြောင့် ထုတ်ပယ်ခြင်း ခံရသည်။ သို့မဟုတ် ၎င်းတို့သည် အလွန်ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသောကြောင့် အလုပ်ကို တာဝန်မယူနိုင်ဖြစ်ကာ အဆုံးတွင် ထုတ်ပယ်ခံရသည်။ ဤကဲ့သို့သောသူတို့အတွက် နေရာရှိသည်။ ၎င်းတို့၏ အစွမ်းအစသည် လုံလောက်မှုရှိလျှင် ၎င်းတို့ကို အလွယ်တကူ အဆင့်လျှော့ချနိုင်သည်၊ သို့မဟုတ် ၎င်းတို့နှင့် သင့်လျော်သည့်အရာ တစ်စုံတစ်ခုကို လုပ်ကိုင်ခိုင်းနိုင်သည်။ သမ္မာတရားအပေါ် ၎င်းတို့၏ နားလည်မှုသည် ရှင်းလင်းလာသောအခါ၊ ၎င်းတို့သည် အသင်းတော်အလုပ်နှင့် ထိတွေ့မှုအနည်းငယ်ရှိပြီး ယင်းအလုပ်၌ အတွေ့အကြုံအနည်းငယ်ရှိသောအခါ ထိုကဲ့သို့သောသူတို့ကို ၎င်းတို့၏ အစွမ်းအစအပေါ် အခြေခံကာ ရာထူးတိုးမြှင့်နိုင်ပြီး ပျိုးထောင်ပေးနိုင်သည်။

မည်သို့သောလူအမျိုးအစားက ထုတ်ပယ်ခြင်းခံရပြီးနောက် တစ်ဖန် ရာထူးတိုးမြှင့်ပေး၍ မရနိုင်သနည်း။ တစ်မျိုးမှာ အန္တိခရစ်များဖြစ်ပြီး အခြားတစ်မျိုးမှာ အစွမ်းအစ အလွန်အမင်းနိမ့်ကျလွန်းသောသူများဖြစ်သည်။ တတိယတစ်မျိုးမှာ အန္တိခရစ်များမဟုတ်သော်လည်း ၎င်းတို့၏ လူ့သဘာဝက နိမ့်ကျသော၊ တစ်ကိုယ်ကောင်းဆန်သော၊ သို့မဟုတ် လှည့်စားတတ်သော၊ ပျင်းရိနိုင်သော၊ သို့မဟုတ် ဇာတိပကတိဆိုင်ရာ သက်သာမှုကို မက်မောပြီး ပင်ပန်းသောအလုပ်ကို မခံနိုင်သောသူများဖြစ်သည်။ ထိုကဲ့သို့သောသူတို့သည် အစွမ်းအစကောင်းသောသူများဖြစ်လျှင်ပင် နောက်တစ်ဖန် ရာထူးတိုးမြှင့်ပေးခြင်း မခံရနိုင်ပေ။ လုပ်ဆောင်ရန်အတွက် ၎င်းတို့အစွမ်းအစရှိသည်မှာ မည်သည့်အရာပင်ဖြစ်နေပါစေ ယင်းမှာ ၎င်းတို့လုပ်သင့်သည့်အရာဖြစ်သည်။ သင့်တော်သော စီစဉ်မှုများကို ပြုလုပ်နိုင်သည်— သို့သော် ၎င်းတို့သည် နောက်တစ်ဖန် ခေါင်းဆောင်များ၊ သို့မဟုတ် အမှုဆောင်များမဖြစ်နိုင်ပေ။ အလုပ်လုပ်ရန် အရည်အချင်းနှင့် အစွမ်းအစရှိခြင်းအပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်ကို လက်ခံဆောင်ရွက်နိုင်စွမ်းရှိရန်၊ ကြိုးစားလုပ်ဆောင်ပြီး ဒုက္ခခံနိုင်စွမ်းရှိရန် လိုအပ်သည်။ ၎င်းတို့သည် လုံ့လဝီရိယရှိရမည်၊ မပျင်းရိရ။ ၎င်းတို့သည် အတော်အတန် ရိုးသားဖြောင့်မတ်ရမည်ဖြစ်ပြီး အလွန်အမင်း ဉာဏ်များ၍ မရ။ လှည့်ဖြားလွန်းသော၊ သို့မဟုတ် ဉာဏ်များလွန်းသောသူတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများအပေါ်၊ ၎င်းတို့၏ အထက်လူကြီးများအပေါ်၊ ဘုရားအိမ်တော်အပေါ် အစဉ် လျှို့ဝှက်ကြံစည်ခြင်းများဖြင့် အဆုံးသတ်သည်။ မရိုးသားသောအတွေးများကိုသာ တွေးလျက်ဖြင့် ၎င်းတို့၏ နေ့ရက်များကို ကုန်ဆုံးစေကြသည်။ ဤကဲ့သို့သောသူတစ်ယောက်နှင့် ဆက်ဆံသည့်အခါတွင် ၎င်းတို့သည် အမှန်တကယ်တွင် မည်သည့်အရာ စဉ်းစားနေသည်ကို အစဉ်သဖြင့် သင်ခန့်မှန်းနေရသည်၊ ၎င်းတို့သည် အချိန်တိုင်းတွင် မည်သည့်အရာ လုပ်ဆောင်နေသည်ကို သင်သိနေမှရသည်၊ ထို့ပြင် ၎င်းတို့ကို အစဉ်သဖြင့် သင်စောင့်ကြည့်နေရသည်။ ၎င်းတို့ကို အသုံးပြုရခြင်းသည် ပင်ပန်းလွန်းလှ၏။ ဤကဲ့သို့သောသူမျိုးသည် တာဝန်များကို ထမ်းဆောင်ရန် ရာထူးတိုးခြင်းခံရလျှင် အယူဝါဒအနည်းငယ်ကို နားလည်သည်ဆိုလျှင်ပင် ၎င်းတို့သည် ယင်းကို လက်တွေ့လုပ်ဆောင်မည်မဟုတ်ပေ၊ ၎င်းတို့လုပ်ဆောင်သည့် အလုပ်တစ်ခုစီတိုင်းအတွက် အကျိုးအမြတ်များ၊ ဆုလာဘ်များကို မျှော်လင့်လိမ့်မည်။ ဤသို့သောသူတို့ကို အသုံးပြုခြင်းသည် ပင်ပန်းလွန်းပြီး ဒုက္ခများလွန်း၏။ ထို့ကြောင့် ဤသူတို့သည် ရာထူးတိုးမြှင့်ခြင်း မခံရနိုင်ပေ။ ထို့ကြောင့် အန္တိခရစ်များ၊ အလွန်အမင်း ညံ့ဖျင်းသော အစွမ်းအစရှိသူများ၊ မကောင်းသော လူ့သဘာဝရှိသူများ၊ ပျင်းရိသူများ၊ ဇာတိပကတိဆိုင်ရာ သက်သာမှုကို ရှာသောသူများ၊ ပင်ပန်းသောအလုပ်ကို မခံနိုင်သူများ၊ ဉာဏ်များကာ လှည့်စားတတ်သောသူများ— ဤလူအမျိုးအစားများသည် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရသည်နှင့် တစ်ပြိုင်နက် ဒုတိယအကြိမ် ရာထူးတိုးမြှင့်ခြင်းကို ခံစားခွင့်မရှိပေ။ ၎င်းတို့ကို ထိုးထွင်းသိမြင်ပြီးသောအခါ နောက်တစ်ဖန် မမှန်မကန် အသုံးမပြုတော့နှင့်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၆)” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

အယောင်ဆောင်ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မပိုင်ဆိုင်သကဲ့သို့ လက်တွေ့ကျသည့် အလုပ်ကို မလုပ်နိုင်သည့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် အချိန်ကြာမြင့်စွာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိကြသေးပါက၊ ဤအရာက ၎င်းတို့သည် သမ္မာတရားကို လိုက်စားသော လူများမဟုတ်ကြသည်ကို ပြပေသည်။ ဤသည်မှာ အကြွင်းမဲ့ အမှန်တရားတစ်ခု ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်း မရှိဘဲ ဘုရားသခင်ကို ယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင် လက်ခံသည့် လူတစ်ဦး မဟုတ်သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်ခြင်းမရှိကြောင်းကို ဘုရားသခင် ရွေးချယ်ထားသော လူတို့က သိထားကြသည်။ ထိုသို့သော လူတို့သည် သမ္မာတရားကို နားမလည်ကြပေ သို့မဟုတ် လက်တွေ့အရှိတရားထဲသို့ မဝင်ရောက်ကြသကဲ့သို့ ကယ်တင်မခံရနိုင်ပေ။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် ဘုရားသခင် လက်မခံသကဲ့သို့ လုံးဝ အသုံးမပြုမည့် လူများဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့ကို အယောင်ဆောင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များဟု ခေါ်သည်။ သမ္မာတရားကို မလိုက်စားသည့် ဤအယောင်ဆောင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် အမျိုးမျိုးသော အခြေအနေများ၊ ရာထူးများ၊ နာမည်ဂုဏ်သတင်းများနှင့် အကျိုးစီးပွားများမှတစ်ဆင့် ထုတ်ဖော်ပြခြင်းခံရသည်။ “အကွာအဝေးက မြင်းတစ်ကောင်၏ ခွန်အားကို စမ်းသပ်သကဲ့သို့၊ အချိန်က လူတစ်ဦး၏ စိတ်နှလုံးနှင့်ဆိုင်သော အမှန်တရားကို ထုတ်ဖော်ပြသည်” ဟု ဆိုရိုးစကား ရှိသည့်အတိုင်းဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မပိုင်ဆိုင်သည့် သူများသည် ဘုရားသခင် ရွေးချယ်ထားသူများက သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ကြဖို့အလို့ငှာ၊ ဘုရားသခင် ရွေးချယ်ထားသူများအတွက် ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ပေးခြင်း အလုပ်ကို မည်သည့်အခါတွင်မျှ မလုပ်ဆောင်နိုင်ကြချေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသူများ ရှိကောင်းရှိမည့် လက်တွေ့ကျသော ပြဿနာများ တစ်ခုတစ်လေကို ဖြေရှင်းရန် သမ္မာတရားနှင့် ပတ်သက်သည့် မိတ်သဟာယပြုခြင်း အလုပ်ကို မည်သည့်အခါတွင်မျှ မဆောင်ရွက်နိုင်ပေ။ အလုပ်အစီအစဉ်များက သတ်မှတ်သည့် လုပ်ငန်းဆောင်တာများကို ၎င်းတို့ မည်သည့်အခါတွင်မျှ မဆောင်ရွက်နိုင်ကြချေ။ အလွန့်အလွန် ရှည်လျားသော အချိန်ကာလတစ်ခုပြီးနောက်တွင်၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ဤလူများကို သိမြင်ကာ ခွဲခြားနိုင်လိမ့်မည်ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသူများက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့် ဤအယောင်ဆောင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ခွဲခြားသည့်အချိန်တွင်၊ ထိုသို့သော လူများ ဖယ်ရှားခံရရန်မှာ သို့မဟုတ် မတူကွဲပြားသော အလုပ်များ တာဝန်ပေးခံရရန်မှာ ထိုလူများအတွက် တရားမျှတကာ အကျိုးအကြောင်း ဆီလျော်သည့်အပြင် လုပ်ရိုးလုပ်စဉ်အတိုင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသူများကို ၎င်းတို့ ဆက်လက် အန္တရာယ်ပေးမည် စိုး၍၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက်ရော အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်ပါ ကောင်းမွန်ပေသည်။ ထို့ကြောင့်၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအားလုံးကို အစားထိုးခြင်းသည် ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီပေသည်။

အယောင်ဆောင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မရှိကြသောကြောင့်၊ အသင်းတော်၏ အဆင့်အမျိုးမျိုးရှိ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ လုပ်ဆောင်သင့်သည့် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ကြသူများ ဖြစ်သည်။ သို့သော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များထဲတွင်၊ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များ အရေအတွက်နှင့် လူ့သဘာဝ အရည်အသွေးတို့တွင် ကွားခြားချက်များ ရှိနေဆဲဖြစ်သည်၊ ယင်းကို အလားတူနည်းလမ်းဖြင့် သဘောမထားသင့်ပေ။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် အောက်ပါ အမျိုးအစား သုံးမျိုးထဲသို့ အဓိက အကျုံးဝင်သည်။ ဘုရားသခင် ရွေးချယ်ထားသည့် လူများသည် ၎င်းတို့ထဲတွင် ခွဲခြားတတ်ရမည်။ ပထမအမျိုးအစားမှာ အတော်အတန် ကောင်းမွန်သော လူ့သဘာဝရှိသည့် လူများ ဖြစ်သည်။ ထိုသို့သော လူများသည် သာ၍ နည်းပါးသော ဆိုးယုတ်သည့် လူ့သဘာဝကို ကျူးလွန်မိကြပြီးဖြစ်ကာ လူထု မကျေမချမ်းမှုကို နိုးဆွခြင်း သာ၍ နည်းပါးသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရာတွင် အချိန်တိုတောင်းသေးသောကြောင့် သို့မဟုတ် သမ္မာတရားကို နားလည်သည့် လူတို့၏ အားပေးမှုနှင့် ထောက်ပံ့မှုတို့ ကင်းမဲ့ကြသောကြောင့်၊ သမ္မာတရားကို နားမလည်ကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ထဲသို့ မဝင်ရောက်ကြသေးချေ၊ သို့မဟုတ် ၎င်းတို့သည် အချို့သော ကိစ္စရပ်များ၏ အရှုပ်အယှက်နှင့် ထိန်းချုပ်မှုတို့ကြောင့် သမ္မာတရားကို ပုံမှန် မလိုက်စားနိုင်ကြချေ။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ဤအတန်းအစားတွင် အကျုံးဝင်သော အယောင်ဆောင်သည့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ထိုသူတို့အနေဖြင့် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်း ရရှိလိမ့်မည်ဟူသော မျှော်လင့်ချက်များ ရှိဆဲဖြစ်ဖို့အလို့ငှာ၊ ချစ်ခြင်းမေတ္တာနှင့် သာ၍ များသော အကူအညီနှင့် အားပေးမှုတို့ဖြင့် ဆက်ဆံသင့်သည်။ ဒုတိယအမျိုးအစားမှာ မရိုးဖြောင့်သကဲ့သို့ လှည့်ဖြားတတ်ကာ၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သော သဘာဝရှိသည့်သူများ ပါဝင်သည်။ ၎င်းတို့သည် ညံ့ဖျင်းသည့် လူ့သဘာဝ ရှိသည့် လူများ ဖြစ်သည်။ ဤလူများသည် သာ၍ များသော ပြစ်မှားခြင်းများရှိသကဲ့သို့၊ ဂုဏ်အဆင့်အတန်းကို လိုက်စားပြီး ဂုဏ်အဆင့်အတန်းနှင့် သက်ဆိုင်သော အကျိုးများကို မွေ့လျော်ရသည်ကို အထူးသဖြင့် နှစ်သက်သည့် သာ၍ ဆိုးရွားသော လွှမ်းမိုးမှုများ ရှိကြပြီး အလွန်အကျွံ သောက်စားပျော်ပါးခြင်း၌ အရသာတွေ့ခြင်းအားဖြင့် ဂုဏ်အဆင့်အတန်း အနည်းငယ်ဖြင့် အကျင့်ပျက်လာကြသည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များတွင် အမြဲ အိုးနင်းခွက်နင်း ပြီးမြောက်ကြပြီး လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ရာထူးများ၌ နေနေပြီး အခြားသူများကို ဩဝါဒပေးရန် နှစ်သက်ကြသည်။ ဤလူများသည် တာဝန်သိစိတ်တစ်ခုတစ်လေ ရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်အတွက် ၎င်းတို့၏ နှလုံးသားများထဲတွင် နေရာမရှိကြပေ။ ၎င်းတို့သည် အမြင့်တွင် ထိုင်နေပြီး၊ အခြား အယောက်တိုင်းကို မိမိတို့၏ အောက်တွင် ရှိသည်ဟု မှတ်ယူနေသည့်၊ အဆင်းနီသော နဂါးကြီး၏ အရာရှိများ ဖြစ်ကြသည်။ ၎င်းတို့သည် မည်သည့်ခုခံမှုကိုမျှ သည်းမခံဘဲ ဘုရားသခင်၏ ရွေးချယ်ထားသည့် လူများကို အမြဲ ကွပ်ကဲကာ မရပ်မနား ဖိနှိပ်ကြသည်။ ၎င်းတို့သည် ချစ်ခြင်းမေတ္တာ လုံးဝ မရှိကြချေ။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများ၏ လက်တွေ့ကျသော အခက်အခဲများကို ဖြေရှင်းဖို့ နေနေသာသာ၊ အခြားသူများကို မည်သည့်အခါတွင်မျှ မစာနာသကဲ့သို့၊ မကူညီကြချေ။ အသင်းတော်ထဲတွင်၊ ဤလူများသည် ရဲများကဲ့သို့ ဖြစ်ကြသည်။ ၎င်းတို့သည် စွက်ဖက်တတ်ပြီး အာဏာပါဝါပြတတ်သည်။ ၎င်းတို့ မည်သည့်အလုပ်မျိုးကို လုပ်ဆောင်သည်ဖြစ်စေ၊ ညီအစ်ကို မောင်နှမများသည် ၎င်းတို့ထံမှ အာဟာရကို ရဖို့ မဆိုထားနှင့်၊ မည်သည့် တည်ဆောက်မှုကိုမျှ မရရှိကြချေ။ ထို့ကြောင့်၊ ထိုသို့သော လူများသည် ဘုရားသခင် အစက်ဆုပ်ဆုံးသော အယောင်ဆောင်သည့် ခေါင်းဆောင်များ သို့မဟုတ် အမှုတော်ဆောင်များ ဖြစ်သည်။ ၎င်းတို့ကို အစားထိုးရမည်ဖြစ်ပြီး ပြန်လည်သုံးသပ်ခြင်းအတွက် သီးသန့်ထားရမည်။ ၎င်းတို့သည် အာခံကာ ဆူပူမှု ဖြစ်စေပါက၊ နှင်ထုတ်ခြင်းခံရမည် ဖြစ်သည်။ တတိယအမျိုးအစားမှာ ယုတ္တိ မရှိသည်အထိပင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ နာခံလိုခြင်းမရှိသည့် အထူးသဖြင့် မာနထောင်လွှားပြီး အာရုံမခံစားနိုင်သော လူများ ဖြစ်သည်။ ၎င်းတို့သည် ဧကန်အမှန် ဆိုးယုတ်သော လူများ ဖြစ်သည်။ ဤလူများသည် ဆိုးယုတ်မှုမျိုးစုံတွင် ပါဝင်ပတ်သက်ကြသည်၊ ပြင်းထန်သော လူထု မကျေမချမ်းမှုကို ဖြစ်စေပြီး ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် ကြောက်ရွံ့မှု မသိုထားကြချေ။ ၎င်းတို့သည် အရည်အချင်း အနည်းအကျဉ်းနှင့် ဆုကျေးဇူး အချို့ရှိကြပြီး၊ အတွေ့အကြုံ အနည်းငယ် စွဲကိုင်လာကြသည်၊ ထို့ကြောင့် ၎င်းတို့ အံ့အားသင့်ဖွယ်ဖြစ်သည်ဟု ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့သည် မည်သူကိုမျှ အာရုံမစိုက်ကြပေ။ ဘုရားသခင်ကိုပင် ဂရုမစိုက်ကြပေ။ ရာထူးလေး နည်းနည်းဖြင့်၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ ဆရာသခင်ဖြစ်သကဲ့သို့ ပြုမပြီး ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အား ၎င်းတို့၏ သီးသန့် ပိုင်ဆိုင်မှုကဲ့သို့ သဘောထားရင်း၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ပိုင်ဆိုင်လိုကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ထဲမှ သာ၍ များသောသူတို့ကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ထိန်းသိမ်းရန် ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် ဘုရားသခင်နှင့်အတူ အချည်းနှီး ယှဉ်ပြိုင်ကြသည်။ ဘုရားသခင်ကို မည်သည့်အခါတွင်မျှ မကိုးကွယ်သည့် ထိုသို့သော လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် နေရာမရှိပေ။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံ ဖွင့်ဖို့ ကြိုးစားရန် မဆိုထားနှင့်၊ အတိဒုက္ခနှင့် ဆင်းရဲဒုက္ခထဲတွင် ဘုရားသခင်ထံ ဆုမတောင်းကြပေ။ ဂုဏ်အဆင့်အတန်း ရရှိပြီးနောက်တွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အထက်အရပ် အမြင့်တွင် ထားမြဲထားကြပြီး အာဏာပိုင် စတင် ဖြစ်လာကြသည်။ အထက်မှ အလုပ်အစီအစဉ်များကို အကောင်အထည် ဖော်ဖို့အတွက် မိမိတို့၏ ကိုယ်ပိုင် တာဝန်များအဖြစ် သဘောမထားကြသကဲ့သို့၊ ဘုရားသခင်၏ အမှုတော်ကို နာခံမှု တစ်ခုတစ်လေ မပြကြချေ။ ၎င်းတို့သည် အန္တိခရစ် အတန်းအစားတွင် အကျုံးဝင်သည့် ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် သာလွန်သော ဆက်ဆံခြင်းနှင့် လွန်ကဲသော ဧည့်ခံပွဲတို့နှင့် ထိုက်တန်သည့် ကြီးမြတ်သော အလုပ်အချို့ကို လုပ်ဆောင်ပြီး ဖြစ်သည့်အလား၊ အမိန့်များ ပေးခြင်း၊ အချို့သော အထွေထွေ အရေးကိစ္စများကို စီစဉ်ခြင်းနှင့် ကိုင်တွယ်ခြင်းတို့ကို အရင်းအနှီးအဖြစ် ၎င်းတို့ မှတ်ယူကြသည်။ တကယ့် အမှန်တရားတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို အစေခံမှုတွင် ပဓာနကျသော အလုပ် တစ်စက်မျှ မလုပ်ကြသေးသကဲ့သို့၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့က အသက်ဝင်ရောက်မှုကို ကြိုးပမ်းရရှိနိုင်ဖို့အလို့ငှာ ၎င်းတို့ကို အမှန်တကယ် ထောက်ပံ့ပေးသည့် လက်တွေ့ကျသော အလုပ်တစ်ခုတစ်လေကိုမျှ မလုပ်ဆောင်ကြသေးချေ။ ဘုရားသခင် ရွေးချယ်ထားသူများက သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ၎င်းတို့၏ လမ်းကြောင်းများတစ်လျှောက် ကြုံရသည့် ပြဿနာများထဲမှ တစ်ခုကိုမျှ မဖြေရှင်းသေးသကဲ့သို့၊ သမ္မာတရား၏ သွင်ပြင်လက္ခဏာ တစ်ခုကိုမျှ ဘုရားသခင် ရွေးချယ်ထားသူများအား နားလည်ခွင့်မပေးကြသေးချေ။ ၎င်းတို့သည် လူတို့ကို ဩဇာပေးဖို့ စီမံအုပ်ချုပ်ရေး အလုပ်အချို့ကို လုပ်ဆောင်ပြီးရုံမျှဖြစ်ကာ၊ ယင်းနောက်တွင် ၎င်းတို့သည် အရည်အချင်းနှင့်ဆိုင်သော အောင်မြင်မှုများရှိသည့် အရာရှိများ ဖြစ်ခဲ့ကြသည့်အလား မာနနှင့် ဘဝင်မြင့်ခြင်းတို့ဖြင့် ပြည့်လျှမ်းသွားကြသည်။ ဂုဏ်အဆင့်အတန်းနှင့် ဆိုင်သော ကောင်းချီးမင်္ဂလာများကို မွေ့လျော်ခံစားဖို့ မည်သည့်အရာက ၎င်းတို့ကို အရည်အချင်း ပြည့်မီစေသနည်း။ ၎င်းတို့ တကယ့်ကို အရှက်မဲ့ကြပေတကား။ ထိုသို့သော ဆိုးယုတ်သည့် လူများသည် အထက်မှ အလုပ်အစီအစဉ်များကို မည်သည့်အခါတွင်မျှ အလေးအနက် သဘောမထားကြပေ။ အလုပ် အစီအစဉ်များက သဘောမကျစရာ ဖြစ်သည်ဖြစ်စေ၊ ၎င်းတို့၏ နာမည်ဂုဏ်သတင်းများနှင့် ရာထူးများအဖို့ ခြိမ်းခြောက်မှုဖြစ်သည် ဖြစ်စေ သိရှိရပါက၊ ၎င်းတို့သည် ထိုအလုပ်အစီအစဉ်များကို ထိမ်ချန်ထားလိမ့်မည်၊ ယင်းတို့၏ တန်ဖိုးနှင့် အရေးပါမှုတို့ကို ယုတ်လျော့စေကာ ဝေဖန်ကြလိမ့်မည်ဖြစ်ပြီး၊ ယင်းတို့သည် ဘုရားသခင်အစား လူသားထံမှ လာလေပြီဟုပင် အခိုင်အမာဆိုကြလိမ့်မည်ဖြစ်ပြီး၊ ထို့နောက် လူတို့အား ထိုအလုပ်အစီအစဉ်များကို စွန့်လွှတ်ဖို့ လှုံ့ဆော်ခြင်း နည်းလမ်း တစ်ခုအဖြစ် ဤအရာကို အသုံးပြုကြလိမ့်မည် ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်ကို ခုခံသည့် အပြုအမူများ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ နာမည်ဂုဏ်သတင်းများနှင့် ရာထူးများကို ထိန်းသိမ်းခြင်းအတွက် လေလုံး ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သဘာဝကို ထုတ်ဖော်ပြခြင်း မဟုတ်လော။ ထိုသို့သော လူများသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ငြင်းဆန်ကြသည်။ ၎င်းတို့သည် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကိုလည်း လက်မခံကြချေ။ ၎င်းတို့သည် ကျား၏ တင်ပါးကဲ့သို့ ထိ၍ မရသောသူများဟု ထင်ကြသည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံနေသည်ဟု ၎င်းတို့ မည်သို့ အခိုင်အမာ ဆိုနိုင်မည်နည်း။ ဆိုးယုတ်သော လူများ လျှောက်လှမ်းနေသည်မှာ အန္တိခရစ်များ၏ လမ်းကြောင်း ဖြစ်သည်။ အလုပ် အစီအစဉ်များကို မှန်ကန်စွာ သဘောမထားနိုင်သကဲ့သို့ အကောင်အထည်ဖော်ခြင်းအတွက် ယင်းတို့ကို တင်းကျပ်စွာ လိုက်မလျှောက်နိုင်သောသူများကို မလိုမုန်းထားသော ရည်ရွယ်ချက်များရှိသူအဖြစ် ယူဆ၍ ရနိုင်ပေသည်။ ၎င်းတို့ထဲမှ မည်သူမျှသည် ဘုရားသခင်၏ အမှုတော်ကို မနာခံကြပေ။ ထို့ကြောင့် အလုပ် အစီအစဉ်များကို ဝေဖန်သည့်၊ ချိုးချိုးဖဲ့ဖဲ့ ပြောသည့် သို့မဟုတ် ထိန်ချန်ထားသည့် မည်သည့် အယောင်ဆောင် ခေါင်းဆောင်များ သို့မဟုတ် အမှုတော်ဆောင်များကိုမဆို အစားထိုး ရမည်ဖြစ်ပြီး ပြန်လည်သုံးသပ်ခြင်းအတွက် သီးသန့်ထားရမည်။ ဤဆိုးယုတ်သော လူများက အာဏာကို ဆက်လက်စွဲကိုင်ထားပါက၊ ဘုရားသခင်ရွေးချယ်ထားသောလူများထံ ၎င်းတို့ ဆောင်ကြဉ်းသည့် ဘေးဒုက္ခများနှင့် အကျိုးဆက်များမှာ အတွေးတတ်အောင် ဖြစ်လိမ့်မည်။ ၎င်းတို့သည် အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များထဲတွင် ကြောက်စရာအကောင်းဆုံး ဖြစ်သောကြောင့်၊ မည်သည့်နောင်တမျှ မပြဘဲ၊ ထိုသို့သော အယောင်ဆောင်သည့် ခေါင်းဆောင်များ သို့မဟုတ် အမှုတော်ဆောင်များကို နှင်ထုတ်သင့်သည်။

အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ဖြစ်ကြသည့် အထက်က လူသုံးမျိုးကို တင်းကျပ်စွာ ခွဲခြားရမည်ဖြစ်ပြီး ကွဲပြားစွာ ဆက်ဆံရမည်။ ပထမအမျိုးအစားသည် အတော်အတန် ကောင်းမွန်သော လူ့သဘာဝရှိသည့် လူများဖြစ်သည်။ ၎င်းတို့သည် ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံသင့်သည့် ညီအစ်ကို မောင်နှမများ ဖြစ်ကြဆဲ ဖြစ်သည်။ ၎င်းတို့ကို ထမ်းဆောင်ဖို့ မတူကွဲပြားသည့် တာဝန်များ ခွဲဝေပေးနိုင်သော်လည်း၊ အဓိက လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခွင့်ပေး၍မရပေ။ ၎င်းတို့သည် ပူးပေါင်းလုပ်ဆောင်သည့် တာဝန် သို့မဟုတ် အခြားသော တာဝန်များ ဖြည့်ဆည်းခြင်းနှင့်သာ သင့်တော်သည်။ ဒုတိယအမျိုးအစားမှာ ဆိုးသော လူ့သဘာဝ ရှိသည့်လူများဖြင့် အစားထိုးရမည်ဖြစ်ပြီး မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းကို ၎င်းတို့ လုပ်ဆောင်နိုင်ဖို့အလို့ငှာ သီးသန့်ထားရမည့် လူများဖြစ်သည်။ ၎င်းတို့ကို နောင်တရဖို့အတွက် အခွင့်အရေးတစ်ခုအဖြစ် ဧဝံဂေလိဖြန့်ဝေခြင်းအားဖြင့် ၎င်းတို့၏ တာဝန်များကို လုပ်ဆောင်ခွင့်ပေး၍ရနိုင်သည်။ တတိယအမျိုးအစားမှာ အန္တိခရစ်များဖြစ်သည့်၊ အထူးသဖြင့် မာနထောင်လွှားပြီး ခေါင်းမာသကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို အမြဲ ထိန်းချုပ်ချင်သော ဆိုးယုတ်သည့် လူများ ဖြစ်သည်။ ၎င်းတို့သည် အမှီအခိုကင်းသည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် မပါဝင်ကြသေးသော်လည်း၊ ယင်းသည် အခွင့်အရေး ကင်းမဲ့ခြင်းကြောင့် မျှသာ ဖြစ်သည်။ ၎င်းတို့၏ သဘာဝ အနှစ်သာရအရ၊ ၎င်းတို့၏ အမှီအခိုကင်းသော နိုင်ငံတော်ကို တည်ဆောက်ရာတွင် ၎င်းတိုသည် အနှေးနှင့်အမြန် ပါဝင်ကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ဤရက်စက်သည့်၊ မာနထောင်လွှားပြီး လုံးဝ အာခံသော လူစားမျိုးများကို အစားထိုးရမည်ဖြစ်ပြီး ပြန်လည်သုံးသပ်ခြင်းအတွက် သီးသန့်ထားရမည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို လုပ်ဆောင်ရန် လိုလားနေမှသာ ဧဝံဂေလိ ဖြန့်ဝေဖို့ အခွင့်ပေး၍ရနိုင်ပေသည်။ ၎င်းတို့သည် လက်တွေ့ကျသည့် မည်သည့်အလုပ်မျှ လုပ်ဆောင်ခြင်း မရှိဘဲ၊ အလွန်များသော ဆိုးယုတ်မှုကို လုပ်ဆောင်ကြပြီးဖြစ်ကာ အခြားသူများကို အလွန် ဆိုးရွားစွာ ထိခိုက်နစ်နာစေကြပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ပြစ်မှားခြင်းများကို ထေမိဖို့ ၎င်းတို့သည် ဧဝံဂေလိတရား ဟောကြားရမည်ဖြစ်ပြီး လူတို့ကို စည်းရုံးသိမ်းသွင်းရမည် ဖြစ်သည်။ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ၎င်းတို့ ထမ်းဆောင်ဖို့အတွက် အသင့်လျော်ဆုံးသော တာဝန်ဖြစ်သည်။ ၎င်းတို့သည် မည်သည့် တာဝန်မျှ လုံးဝ မထမ်းဆောင်ပါက၊ အသင်းတော်သည် ၎င်းတို့ကို နှင်ထုတ်နိုင်သည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၁၃၈) ပြစ်မှားလွန်ကျူးခြင်းများရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၄၀) ဘာသာရေးအကျော်အမော်ပုဂ္ဂိုလ်များကို ဆက်ဆံရေးဆိုင်ရာ အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်