၄၈။ စစ်မှန်သော နောင်တဆိုင်ရာ မူများ

(၁) ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့ကို လက်ခံပြီး ကျိုးနွံနာခံပါ။ သင်၏ဖောက်ပြန်ပျက်စီးခြင်း၏ အမှန်တရားကို မြင်ရန်၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်ရန်နှင့် လူသားပုံသဏ္ဌာန် အသက်ရှင်နေထိုင်ရန် လာရောက်ပါ။

(၂) သင်သည် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်ပြီးသောအခါ မိမိကိုယ်မိမိ ဆင်ခြင်သုံးသပ်ခြင်းမှတစ်ဆင့် သင့်ကိုယ်သင် သိနိုင်စွမ်းရှိပါစေ၊ သမ္မာတရားကို ရှာဖွေပြီး မူများနှင့်အညီ ပြုမူနိုင်စွမ်း ရှိပါစေ။ ပြောင်းလဲမှု အစစ်အမှန်ကို ရယူကာ ဤအကြောင်းအားဖြင့် ဘုရားသခင်ထံ စစ်မှန်စွာ ကျိုးနွံနာခံသူတစ်ဦး ဖြစ်လာပါစေ။

(၃) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင် ခံစားပြီး အမှားနှင့် မုသားတို့ကို စွန့်ပစ်ကာ လိမ်ညာ၊ လှည့်ဖြားခြင်း မရှိတော့ဘဲ ယင်းအစား သစ္စာစောင့်သိမှုဖြင့် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်လျှက် ရိုးသားသူတစ်ယောက် ဖြစ်လာပါစေ။

(၄) ဘုရားသခင်၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို ခံစားပါ။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိလာကာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကိုရှောင်လျှက် ကိုယ်တော်၏ ရှေ့တော်မှောက်၌ ရှင်သန်နိုင်ပါစေ။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အယောက်တိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို ဆန့်ကျင်ဖူးကြပြီး၊ အယောက်တိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို ပုန်ကန်ဖူးကြသည်ဟု ဆိုနိုင်ပေသည်။ သို့သော်၊ သင်သည် လူဇာတိခံ ဘုရားသခင်ကို ရည်ရွယ်ချက်ရှိရှိ နာခံပြီး၊ ဤအခြေအနေမှ သင်၏ သစ္စာစောင့်သိမှုဖြင့် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေပါက၊ သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက၊ သင်ထမ်းဆောင်သင့်သည့် ဝတ္တရားကို ထမ်းဆောင်ပြီး၊ သင်လိုက်နာသင့်သည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက၊ သင်သည် ဘုရားသခင် စိတ်ကျေနပ်စေရန် သင်၏ ပုန်ကန်မှုကို စွန့်ပစ်ရန် လိုလားနေသူ တစ်ဦးဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရနိုင်သူတစ်ဦး ဖြစ်ပေသည်။ သင်သည် သင်၏ အမှားများကို ကြည့်ဖို့ ခေါင်းမာစွာ ငြင်းဆန်ပြီး မိမိကိုယ်ကိုယ် နောင်တရခြင်းငှာ ရည်ရွယ်ချက်မရှိခဲ့ပါက၊ ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် သူ့ကို စိတ်ကျေနပ်စေခြင်းငှာ ရည်ရွယ်ချက် နည်းနည်းမျှမရှိဘဲ သင်၏ ပုန်ကန်တတ်သော အမူအကျင့်ဖြင့် သင် မရမက လုပ်ဆောင်ပါက၊ သင်ကဲ့သို့သော အင်မတန် ခေါင်းမာပြီး ပြုပြင်မရသော လူတစ်ဦးသည် သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရသူတစ်ဦး ဘယ်သောအခါမျှ သေချာပေါက် ဖြစ်မည်မဟုတ်ပေ။ သို့ဖြစ်၍၊ သင်သည် ယနေ့တွင် ဘုရားသခင်၏ ရန်သူဖြစ်ပြီး မနက်ဖြန်တွင်လည်း ဘုရားသခင်၏ ရန်သူဖြစ်လိမ့်မည်ဖြစ်ကာ နောက်နေ့တွင်လည်း ဘုရားသခင်၏ရန်သူ ဖြစ်မြဲဖြစ်ပေလိမ့်မည်။ သင်သည် အစဉ်ထာဝရ ဘုရားသခင်၏ ရန်ဘက်နှင့် ဘုရားသခင်၏ ရန်သူတစ်ဦး ဖြစ်လိမ့်မည်။ ထိုအခြေအနေတွင်၊ ဘုရားသခင်သည် သင့်ကို မည်သို့ သက်ညှာနိုင်မည်နည်း။ ဘုရားသခင်ကို ဆန့်ကျင်ဖို့ဆိုသည်မှာ လူသား၏သဘာဝတွင် ရှိသော်လည်း၊ သူ၏ သဘာဝကို ပြောင်းလဲခြင်းသည် ကျော်လွှားမရနိုင်သော အလုပ်တစ်ခု ဖြစ်သောကြောင့်မျှဖြင့် လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့်ဆိုင်သည့် “လျှို့ဝှက်ချက်” ကို တမင်တကာ ရှာဖွေရမည်မဟုတ်ပေ။ ထိုသို့ဖြစ်မည်ဆိုပါက၊ အနာဂတ်တွင် သင်၏ ပြစ်တင်ဆုံးမှု သာ၍ ပြင်းထန်လာမည်စိုးသဖြင့်၊ ပြီးလျှင် နောက်ဆုံးတွင် သင်၏ သွေးသားခနွာကို ဘုရားသခင် အဆုံးသတ်ရသည်အထိ၊ သင်၏ကြမ်းကြုတ်သော သဘာဝ ပွင့်ထွက်ပြီး ထိန်းမရနိုင်ဖြစ်လာမည် စိုးသဖြင့်၊ အလွန်နောက်မကျမီ သင်ထွက်သွားသည်က ပိုကောင်းပေမည်။ သင်သည် ကောင်းချီးမင်္ဂလာများ ရရှိဖို့ ဘုရားသခင်ကို ယုံကြည်၏။ သို့သော် နောက်ဆုံးတွင် ကံအကြောင်းမလှသည့် ဖြစ်ရပ်သာ သင့်အပေါ် ကျရောက်ပါက၊ ယင်းသည် အရှက်ရစရာ ဖြစ်မည်မဟုတ်လော။ သင်တို့အနေဖြင့် အခြားအစီအစဉ် ပြုလုပ်သည်က ပိုကောင်းပေလိမ့်မည်ဟု သင်တို့ကို ငါ တိုက်တွန်း၏။ သင်တို့ လုပ်ဆောင်နိုင်သည့် မည်သည့်အရာမဆိုသည် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ ကောင်းပေမည်- ဤလမ်းကြောင်းတစ်ခုသာ ရှိသည်မှာ ဧကန်မုချ မဖြစ်နိုင်။ သမ္မာတရားကို သင်တို့ မရှာဖွေခဲ့ပါက၊ သင်တို့ ဆက်လက်ရှင်သန်ခဲ့ကြမည် မဟုတ်လော။ အဘယ်ကြောင့် သင်သည် ဤနည်းဖြင့် ဘုရားသခင်နှင့် သဘောကွဲလွဲရမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

လူတိုင်းသည် ဘုရားသခင်၌ ယုံကြည်မှုဖြင့် အသက်ရှင်နေထိုင်သည့် ၎င်းတို့၏ အသက်တာ တစ်လျှောက်တွင်၊ ဘုရားသခင်အပေါ် ခုခံပြီး လှည့်စားသည့် အရာများ ပြုပြီးဖြစ်ကြသည်။ အချို့သော မကောင်းမှုများအား ပြစ်မှုအဖြစ် မှတ်သားရန် မလိုသော်လည်း၊ အချို့အရာများသည် ခွင့်လွှတ်နိုင်စရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဖောက်ဖျက်သော ဘုရားသခင်၏ စိတ်သဘောထားကို စော်ကားရာရောက်သော လုပ်ရပ်များစွာ ရှိသောကြောင့်ဖြစ်သည်။ မိမိ၏ကံကြမ္မာအတွက် စိုးရိမ်သူ အများအပြားက ဤလုပ်ရပ်များမှာ အဘယ်နည်းဟု မေးမြန်းနိုင် ကြသည်။ သင်တို့သည် သဘာဝအားဖြင့် မာနကြီးပြီး မောက်မာကာ အမှန်တရားများကို နာခံရန် လိုလိုလားလား မရှိသည်ကို သိသင့်သည်။ ဤအကြောင်းရင်းကြောင့် သင့်ကိုယ်သင် ပြန်လည်သုံးသပ် ပြီးသည့်နောက် နည်းနည်းချင်း ငါပြောပြမည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲမှ ပါဝင်သည့် အကြောင်းအရာကို သင်တို့ ပိုမို နားလည်လာကြစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့ သိရှိအောင် အားထုတ်ရန် ငါ တိုက်တွန်းသည်။ သို့မဟုတ်လျှင် သင်တို့အနေဖြင့်နှုတ်များကို ပိတ်ထားရန်နှင့် လျှာအရိုးမရှိတိုင်း ဟိတ်ဟန်ထွားသောစကားများ လွန်စွာပြောခြင်းကိုတားမြစ်ရန် ခက်ခဲပြီး၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် အလင်း၏ မျက်မှောက်ကို ဆုံးရှုံးရလျက်၊ ဘုရားသခင်၏ စိတ်သဘောထားကို အမှုမဲ့အမှတ်မဲ့ ပြစ်မှားမိကာ အမှောင်ထဲသို့ ကျဆင်းရလိမ့်မည်။ သင်တို့သည် သင်တို့၏ အပြုအမူများ၌ ကိုယ်ကျင့်တရား မကောင်းသောကြောင့်၊ မပြောသင့် မလုပ်သင့်သည့် အရာများကို သင်ပြောမိလုပ်မိသောကြောင့်၊ ထိုက်သင့်သော ဒဏ်ခတ်မှုကို သင်ခံရလိမ့်မည်။ သင်သိသင့်သည့် အချက်မှာ သင်သည် အပြောနှင့်အလုပ်၌ သိက္ခာမဲ့သော်ငြားလည်း၊ ဘုရားသခင်က ထိုကိစ္စရပ်နှစ်ခုစလုံး၌ လွန်စွာသိက္ခာရှိသူဖြစ်သည်။ သင့်ကို ဒဏ်ခတ်ရခြင်း အကြောင်းရင်းမှာလည်း သင်သည် လူသားတစ်ဦးကို စော်ကားမိခဲ့ခြင်း မဟုတ်၊ ဘုရားသခင်ကို စော်ကားမိခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သင့်ဘဝ၌ သင်သည် ဘုရားသခင်၏ စိတ်သဘောထားအား ပြစ်မှားစော်ကားခြင်းကို များစွာ ကျူးလွန်မိလျှင်၊ ငရဲသားဖြစ်ရန် သေချာသည်။ လူသားအတွက် သမ္မာတရားနှင့် မကိုက်ညီသည့် လုပ်ဆောင်ချက် အနည်းငယ်ကိုသာ ကျူးလွန်မိပြီး သည်ထက်မပိုပုံ ရနိုင်သည်။ သို့ရာတွင် ဘုရားသခင်၏ အမြင်၌ သင်သည် သင့်အတွက် အပြစ်ဖြေရာယဇ် မရှိတော့သောသူတစ်ဦး ဖြစ်နှင့်ပြီးသည်ကို သတိပြုမိသလော။ သင်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို တစ်ကြိမ်ထက်ပို ဖောက်ဖျက်ပြီးသည့်အပြင် နောင်တရသည့် အရိပ်လက္ခဏာ မပြခဲ့ခြင်းကြောင့် ဘုရားသခင်က လူသားအား အပြစ်ပေးသည့်ငရဲသို့ သင် ကျဆင်းသွားရမည်မှာ မလွဲဧကန် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်” မှ

အချိန်ကြာမြင့်စွာ၊ ဘုရားသခင်၌ယုံကြည်သည့် လူများအားလုံးသည် လှပသည့် ခရီးဆုံးပန်းတိုင်တစ်ခုအတွက် လေးနက်စွာ မျှော်လင့်နေခဲ့ကြပြီး၊ ဘုရားသခင်၏ ယုံကြည်သူအားလုံးသည် ၎င်းတို့အပေါ် ကောင်းမွန်သည့် ကံသည် ရုတ်တရက် ရောက်လာလိမ့်မည်ကို မျှော်လင့် ကြသည်။ ၎င်းတို့ မသိလိုက်ခင်တွင်၊ ကောင်းကင်ဘုံ၌ တစ်နေရာ သို့မဟုတ် နောက်တစ်နေရာတွင် ငြိမ်းချမ်းစွာ ထိုင်လျက်သား မိမိတို့ကိုယ်ကိုယ် တွေ့ရှိရလိမ့်မည်ဟု ၎င်းတို့အားလုံး မျှော်လင့်ကြလေသည်။ သို့သော် မိမိတို့၏ နှစ်သက်ဖွယ် အတွေးများနှင့်အတူ ဤလူများသည် ၎င်းတို့အနေဖြင့် ကောင်းကင်ဘုံမှ ကျဆင်းလာသည့် ထိုသို့သော ကောင်းမွန်သည့် အခွင့်အလမ်းကို ရရှိဖို့ သို့မဟုတ် ထိုနေရာရှိ ထိုင်ခုံတစ်ခုပေါ် ထိုင်ဖို့ပင် အရည်အချင်း ပြည့်မီခြင်း ရှိ၊ မရှိကို ဘယ်သောအခါမျှ မသိကြလေပြီဟု ငါပြော၏။ လက်ရှိအချိန်တွင် သင်တို့သည် မိမိတို့ကိုယ်တိုင်နှင့် သက်ဆိုင်သည့် ကောင်းမွန်သော အသိပညာရှိသော်လည်း၊ နောက်ဆုံးသောကာလ၏ ကပ်ဘေးများနှင့် ဆိုးသွမ်းသူတို့အား အနန္တတန်ခိုးရှင် ဘုရားသခင်က အပြစ်ပေးသည့် အချိန်တွင် သူ၏ လက်မှ လွတ်မြောက်ဖို့ သင်တို့ မျှော်လင့်ဆဲ ဖြစ်သည်။ ယင်းမှာ ချိုမြိန်သော အိပ်မက်များရှိခြင်းနှင့် ၎င်းတို့ နှစ်သက်သည်အတိုင်းသာ အရာရာကို လိုချင်ခြင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းခံရပြီးဖြစ်သော လူအားလုံးတို့၏ ဘုံအင်္ဂါရပ်တစ်ခုဖြစ်ပြီး၊ တစ်ကိုယ်တည်းဖြစ်သည့် မည်သည့် တစ်ဦးတစ်ယောက်မျှ၏ ထူးထူးကဲကဲ လက်ဖျားခါလောက်သော စိတ်ကူးတစ်ချို့ မဟုတ်ပုံရပေသည်။ ထိုသို့ဖြစ်လျက်ပင်၊ ပြီးလျှင် သင်တို့၏ ဤလွန်ကဲသော စိတ်ဆန္ဒများအပြင် ကောင်းချီးမင်္ဂလာများ ရရှိရန် သင်တို့၏ စိတ်ထက်သန်မှုကို ငါသည် အဆုံးသတ်ပေးရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ သင်တို့၏ ဒုစရိုက်အပြစ်များက အတော်များပြားပြီး၊ သင်တို့၏ မနာခံမှုက အစဉ်ကြီးထွားနေသည့်အချက်ကို ထောက်ဆလျှင်၊ ဤအရာများသည် အနာဂတ်အတွက် သင်တို့၏ နှစ်သက်ဖွယ်ဖြစ်သော စီမံချက်များနှင့် မည်သို့ သင့်တော်နိုင်မည်နည်း။ သင်တို့ကို မည်သည့်အရာကမျှ ထိန်းမထားဘဲ အမှားထဲတွင် ဆက်ရှိနေရင်း၊ သင်နှစ်သက်သည့်အတိုင်း ဆက်လက်လုပ်ဆောင်လိုသော်လည်း၊ တစ်ချိန်တည်းတွင် သင်၏အိပ်မက်များ အမှန်တကယ်ဖြစ်လာဖို့ သင် လိုချင်နေဆဲဖြစ်ပါက၊ သင်၏ မိန်းမောခြင်းတွင် ဆက်ရှိပြီး ဘယ်သောအခါမျှ မနိုးထရန် သင့်အား ငါတိုက်တွန်းသည်- အကြောင်းမှာ သင်၏ အိပ်မက်သည် အနှစ်မဲ့သော အိပ်မက်တစ်ခု ဖြစ်ပြီး၊ ဖြောင့်မတ်သော ဘုရားသခင်၏ မျက်မှောက်တွင်၊ သူသည် သင့်ကို ခြွင်းချက်တစ်ခု ဖြစ်စေမည်မဟုတ်ပေ။ သင်သည် သင်၏ အိပ်မက်များကို အမှန်တကယ် ဖြစ်လာဖို့ သက်သက် လိုချင်ပါက၊ ဘယ်သောအခါမျှ အိပ်မက်မမက်နှင့်။ ယင်းထက်၊ သမ္မာတရားနှင့် အမှန်တရားများကို ထာဝစဉ် ရင်ဆိုင်လော့။ ဤသည်မှာ သင် ကယ်တင်ခံရဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ခိုင်လုံသော သတ်မှတ်ချက်များအရ၊ ဤနည်းလမ်း၏ အဆင့်များသည် မည်သည့်အရာများ ဖြစ်ပါသနည်း။

ပထမဦးစွာ၊ သင်၏ ဒုစရိုက်အပြစ်များ အားလုံးကို ကြည့်ရှုပြီး၊ သမ္မာတရားနှင့် မကိုက်ညီသော သင်၌ရှိသည့် မည်သည့် အပြုအမူနှင့် အတွေးများကိုမဆို ဆန်းစစ်လော့။

ဤသည်မှာ သင်တို့ အလွယ်တကူ လုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်ပြီး၊ ဉာဏ်စွမ်းဉာဏ်စရှိသည့် လူအားလုံးက ဤအရာကို လုပ်ဆောင်နိုင်သည်ဟု ငါယုံကြည်သည်။ သို့သော်၊ ဒုစရိုက်အပြစ်များနှင့် သမ္မာတရားဆိုသည်မှာ မည်သည့်အရာအား ဆိုလိုသည်ကို လုံးဝ မသိရှိသည့် ထိုလူများသည် ခြွင်းချက်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် အခြေခံကျသော အဆင့်အရ၊ ၎င်းတို့သည် ဉာဏ်စွမ်းဉာဏ်စရှိသူများ မဟုတ်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ လက်ခံခြင်းခံရပြီးသော လူများ၊ ရိုးသားသော သူများ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြင်းထန်စွာ ကျူးလွန်ခြင်း မရှိသော လူများနှင့် မိမိတို့၏ ဒုစရိုက်အပြစ်များကို အလွယ်တကူ သိမြင်နိုင်သည့် လူများကို ငါပြောနေခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့နှင့်သက်ဆိုင်၍ ငါတောင်းဆိုသည့် အရာတစ်ခုနှင့် သင်တို့အတွက် ပြီးမြောက်ရန် လွယ်ကူသောအရာတစ်ခု ဖြစ်သော်လည်း၊ ယင်းသည် သင်တို့နှင့် ပတ်သက်၍ ငါ တောင်းဆိုသည့် တစ်ခုတည်းသော အရာမဟုတ်ပေ။ မည်သို့ပင် ဖြစ်စေ၊ သင်တို့သည် ဤသတ်မှတ်ချက်များအား သီးသန့် ရယ်သွမ်းသွေးကြလိမ့်မည် မဟုတ်သကဲ့သို့၊ အထူးသဖြင့် ယင်းအပေါ် အထင်သေးလိမ့်မည်မဟုတ် သို့မဟုတ် ပေါ့ပေါ့တန်တန် သဘောထားမည်မဟုတ်ဟု ငါမျှော်လင့်သည်။ သင်တို့အနေဖြင့်၊ ယင်းကို လေးနက်စွာ သဘောထားပြီး မလွဲချော်သင့်ပေ။

ဒုတိယအနေဖြင့်၊ သင်၏ ဒုစရိုက်အပြစ်များနှင့် မနာခံခြင်း အသီးသီးအတွက်၊ လိုက်လျောညီထွေသော သမ္မာတရားကို သင်တို့ ရှာဖွေသင့်ပြီး၊ ထို့နောက် ထိုပြဿနာများကို ဖြေရှင်းဖို့ ဤသမ္မာတရားများကို အသုံးပြုသင့်ပေသည်။ ယင်းနောက်တွင်၊ သင်၏ ဒုစရိုက်လွန်ကျူးသော လုပ်ရပ်များနှင့် မနာခံသော အတွေးများနှင့် လုပ်ရပ်များကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အစားထိုးလော့။

တတိယအနေဖြင့်၊ သင်တို့သည် အမြဲ လိမ္မာပါးနပ်ပြီး စဉ်ဆက်မပြတ် လှည့်ဖြားတတ်သောသူ မဟုတ်ဘဲ၊ ရိုးသားသောသူတစ်ယောက် ဖြစ်သင့်သည်။ (ဤတွင် ငါသည် သင့်တို့အား ရိုးသားသောသူ တစ်ယောက်ဖြစ်ရန် တစ်ဖန် တောင်းဆိုနေခြင်း ဖြစ်သည်။)

သင်သည် ဤအရာသုံးခုလုံးကို ပြီးမြောက်နိုင်ပါက၊ သင်သည် ကံကောင်းထောက်မသောသူများထဲမှ တစ်ဦး- မိမိ၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာပြီး ကောင်းမွန်သော အခွင့်အလမ်းကို ရရှိသည့် လူတစ်ဦး ဖြစ်သည်။ သင်တို့သည် စိတ်မပါသော သတ်မှတ်ချက်များကို လေးလေးနက်နက် သဘောထားကောင်း သဘောထားမည် သို့မဟုတ် ယင်းတို့ကို တာဝန်မဲ့စွာ သဘောထားကောင်း သဘောထားပေမည်။ မည်သို့ပင်ဖြစ်စေ၊ ငါ၏ ရည်ရွယ်ချက်သည် သင်တို့၏ အိပ်မက်များကို ဖြည့်ဆည်းပေးရန်နှင့် သင်၏ စံများကို လက်တွေ့လုပ်ဆောင်စေရန်ဖြစ်ပြီး၊ သင်တို့ကို လှောင်ဖို့ သို့မဟုတ် သင်တို့ကို အရူးလုပ်ဖို့ မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်” မှ

အမှန်တရားမှာ လူတိုင်းသည် အနည်းနှင့်အများ ပြစ်မှားမိကြ၏။ တစ်စုံတစ်ရာက ပြစ်မှားခြင်းဖြစ်သည်ကို သင်မသိသည့်အခါ၊ ယင်းကို မရှင်းလင်းသော စိတ်အခြေအနေတစ်ခုဖြင့် သဘောထားတတ်သည်၊ သို့မဟုတ် သင်သည် သင်၏ကိုယ်ပိုင်အယူအဆများ၊ လက်တွေ့လုပ်ဆောင်မှုများနှင့် သိနားလည်မှု နည်းလမ်းများကို ဖက်တွယ်ဆဲ ဖြစ်ကောင်းဖြစ်မည်- သို့သော် တစ်နေ့တွင်၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်ဖြစ်စေ၊ ဘုရားသခင်၏ ထုတ်ဖော်ပြခြင်းအားဖြင့်ဖြစ်စေ၊ ဤအရာက ပြစ်မှားခြင်း၊ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း ဖြစ်သည်ကို သင့်အနေဖြင့် သင်ယူရသည်။ ထိုအခါ သင်၏သဘောထားက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်လုပ်ဆောင်နေသည့်အရာက သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ရင်း၊ သင်သည် သင်၏ကိုယ်ပိုင်စိတ်ကူးများကို စွဲကိုင်နေဆဲ၊ ဆင်ခြင်နေဆဲ၊ ငြင်းခုံနေဆဲ၊ ထွင်နေဆဲ ဖြစ်လိမ့်မည်လော။ ဤသည်၌ ဘုရားသခင်အပေါ် သင်၏သဘောထား ပါဝင်၏။ မည်သည့်သဘောထားဖြင့် ဒါဝိဒ်သည် သူ၏ပြစ်မှားခြင်းများကို ယူမှတ်သနည်း။ (နောင်တဖြစ်သည်။) နောင်တ- သူသည် ယင်းတို့ကို ကျူးလွန်တော့မည် မဟုတ်ပေ။ သို့ဆိုလျှင်၊ မည်သည့်အရာကို သူလုပ်ဆောင်ခဲ့သနည်း။ သူ့ကို အပြစ်ပေးရန် ဘုရားသခင်ထံ တောင်းဆိုရင်း၊ သူက၊ “ဤအမှားကို ကျွန်ုပ်တစ်ဖန်ပြုမိလျှင်၊ ကျွန်ုပ်ကို ဘုရားသခင်အပြစ်ဒဏ်ပေးပြီး အဆုံးစီရင်တော်မူပါ” ဟု ဆုတောင်းခဲ့သည်။ ယင်းမှာ သူ၏စိတ်ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်။ ယင်းမှာ စစ်မှန်သော နောင်တဖြစ်ခဲ့သည်။ သာမန်လူတို့က ဤအရာကို စွမ်းဆောင်ရရှိနိုင်သလော။ သာမန်လူတို့အနေဖြင့် ၎င်းတို့သည် ငြင်းခုံဖို့ မကြိုးစားပါက၊ သို့မဟုတ် ဖွင့်ပြောရန်မလိုဘဲ တာဝန်ကို ဝန်ခံပါက ကောင်း၏၊ သို့သော် ၎င်းတို့၏စိတ်နှလုံးတွင် ၎င်းတို့က၊ “မည်သူမျှ ဤအရာအား တစ်ဖန်မတင်ပြဖို့ ငါမျှော်လင့်သည်။ ငါအရှက်ရလိမ့်မည်” ဟု တွေးကြ၏။ ဤသည်မှာ စစ်မှန်သော နောင်တဖြစ်သလော။ အမှန်တကယ် နောင်တရဖို့၊ သင်၏အတိတ်က ဆိုးယုတ်မှုကို သင်ဖယ်ရှားရမည်၊ ယင်းကို ချထားရမည်ဖြစ်ပြီး ထိုသို့သောအရာကို တစ်ဖန်မလုပ်ဆောင်ရ။ ကိုင်း၊ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဆိုးယုတ်မှုကို ဖယ်ရှားကာ ထိုအရာကို မလုပ်ဆောင်ဘဲ မတွေးတောရုံမျှသည် အလုပ်ဖြစ်လိမ့်မည်လော။ ဘုရားသခင်အပေါ် သင်၏သဘောထားမှာ အဘယ်နည်း။ သင့်ကို ယခု ဖော်ထုတ်နေသည့် ဘုရားသခင်ကို သင်သည် မည်သည့်နည်းလမ်းဖြင့် ချဉ်းကပ်မည်နည်း။ (ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ကျွန်ုပ်တို့ လက်ခံပါမည်။) ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း၊ သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်း- ယင်းသည် ထိုအရာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အခြားသော အစိတ်အပိုင်းမှာ သူ၏အပြစ်ဒဏ်ပေးခြင်းကို လက်ခံစဉ်တွင် ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံခြင်း ဖြစ်သည်။ အပိုင်းနှစ်ပိုင်းလုံးကို သင်လက်ခံပြီးချိန်တွင်၊ သင်၏စိတ်ဆုံးဖြတ်ချက်က မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ အနာဂတ်တွင် ထိုသို့သော အခြေအနေများနှင့် ထိုသို့သော ကိစ္စရပ်များကို သင်ကြုံရချိန်တွင်၊ မည်သည့်အရာကို သင်လုပ်ဆောင်လိမ့်မည်နည်း။ စစ်မှန်သော နောင်တမရှိဘဲ၊ ဆိုးယုတ်မှုကို ဖယ်ရှား၍မရနိုင်သကဲ့သို့၊ နေရာမရွေး၊ အချိန်မရွေးတွင်၊ ၎င်းတို့သည် အလားတူ ဆိုးသောအရာကို လုပ်ဆောင်ရင်း၊ အလားတူ ပြစ်မှားခြင်းကို ကျူးလွန်ရင်း၊ အလားတူအမှားကို အထပ်ထပ် အခါခါပြုလုပ်ရင်း၊ အလားတူ ဟောင်းသောလမ်းသို့ ပြန်သွားနိုင်ပေသည်။ ဤသည်မှာ သမ္မာတရားအပေါ် တစ်ဦးတစ်ယောက် ထားရှိသည့် သဘောထားဖြစ်သည် မဟုတ်လော။ ဤအရာက သမ္မာတရားနှင့် ဘုရားသခင်အပေါ် လူသား၏သဘောထားကို ထုတ်ဖော်ပြ၏။ သို့ဆိုလျှင်၊ ပြစ်မှားခြင်းကို လုံးဝစွန့်ပစ်ဖို့ တစ်စုံတစ်ဦးသည် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းလော။ တစ်ဦးတစ်ယောက်၌ သမ္မာတရားအပေါ် မှန်ကန်သော သဘောထား ရှိရမည်။ ပြီးလျှင် သမ္မာတရားအပေါ် တစ်စုံတစ်ဦးသည် မည်သည့်သဘောထား ရှိသင့်ပြီး၊ ၎င်းတို့၏ မှန်ကန်သော သဘောထားကို ပြသဖို့ ၎င်းတို့အနေဖြင့် မည်သို့လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤပြဿနာကို တစ်ဖန် အမှတ်မထင် တွေ့ရချိန်တွင်၊ စုံစမ်းနှောင့်ယှက်ခြင်းထဲသို့ လဲကျပါက မည်သည့်အရာကို သင်လုပ်ဆောင်မည်နည်း။ စကားနှစ်လုံး- “ဝေးဝေး နေပါ” ဟူ၍ ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ တစ်ဦးတစ်ယောက်သည် အလားတူအမှားမျိုးကို တစ်ဖန်ပြုမိပါက ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းခံရဖို့ စိတ်ဆုံးဖြတ်ချက်ကို ချမှတ်ရမည်။ ထိုသို့လုပ်ဆောင်ရန်မှာ အမှုအရာကို လှိုက်လှိုက်လှဲလှဲ မုန်းတီးဖို့၊ ယင်းကို စက်ဆုပ်ဖွယ်အကောင်းဆုံးသောအရာ၊ ဆိုးယုတ်သော အရာတစ်ခု၊ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့် အရာတစ်ခု၊ ထာဝရ အစွန်းအထင်းတစ်ခုအဖြစ် မြင်ဖို့ဖြစ်သည်။ သမ္မာကျမ်းစာထဲမှာ- “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။” (သုတ္တံကျမ်း ၂၂:၃) ယင်းမှာ ဉာဏ်တိမ်ခြင်း မဟုတ်- ယင်းသည် မိုက်မဲခြင်းသက်သက်ပင် ဖြစ်သည်။ “ဝေးဝေးနေပါ”- လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းတစ်ခုအဖြစ် ယင်းမှာ အဘယ်သို့နည်း။ (ကောင်းပါသည်။) သို့တိုင် ဝေးဝေးနေ၍မရနိုင်သည့် အချိန်များ ရှိသလော။ ထိုအချိန်တွင် သင်သည် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ သင်၏စိတ်နှလုံးတွင် ဘုရားသခင်ထံ လေးနက်စွာ သင်ဆုတောင်းရမည်ဖြစ်ပြီး အမှုအရာများကို စီစဉ်ညွှန်ကြားဖို့ သူ့ကို တောင်းလျှောက်ရမည်။ အချို့သော စမ်းသပ်မှုများသည် စုံစမ်းနှောင့်ယှက်ခြင်းများလည်း ဖြစ်၏။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့သောအရာများကို သင့်အပေါ် ကျရောက်ခွင့်ပေးသနည်း။ ယင်းတို့သည် အမှတ်တမဲ့ မဖြစ်ပျက်ပေ- ယင်းတို့သည် ဘုရားသခင်က သင့်ကို စမ်းသပ်နေခြင်းနှင့် စစ်ဆေးနေခြင်း ဖြစ်သည်။ ဘုရားသခင်၏ စစ်ဆေးမှုကို သင်လက်မခံသကဲ့သို့ ယင်းကို မသိကျိုးကျွန်ပြုဖို့ သင်ကြိုးစားပါက၊ ဤအရာက ဘုရားသခင်အပေါ် သင်၏သဘောထားကို ထုတ်ဖော်ပြသည် မဟုတ်လော။ သင့်အတွက် သူစီစဉ်ပေးသည့် အခြေအနေများနှင့် သူပေးသည့် စမ်းသပ်မှုများကို သင်ကျောခိုင်းပြီး သင်၌ ရိုင်းစိုင်းသော သဘောထားတစ်ခုရှိကာ၊ ထိုအခြေအနေများနှင့် စမ်းသပ်မှုများတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအတွက် သင်သည် ဆုမတောင်းသကဲ့သို့ ကြိုးလည်းမကြိုးစား၊ ရှာလည်းမရှာဖွေသည့် ဘုရားသခင်အပေါ် လူသား၏ သဘောထားကို ပြောသည် မဟုတ်လော။ “ထိုသို့သော အတွေးများ ကျွန်ုပ်၌ မရှိသကဲ့သို့ ထိုရည်ရွယ်ချက်လည်း ကျွန်ုပ်၌ မရှိပါ” ဟု ပြောသောသူများ ရှိ၏။ အကယ်၍ သင်၌ ရည်ရွယ်ချက်မရှိပါက၊ ဘုရားသခင်အပေါ် သင်၏သဘောထားမှာ အဘယ်နည်း။ အချို့သော သဘောထားများသည် တမင်သက်သက်ဖြစ်ပြီး ရည်ရွယ်ထားသော်လည်း၊ အချို့မှာ မတော်တဆ ဖြစ်သည်- သင်၏သဘောထားမှာ အဘယ်နည်း။ ရိုင်းစိုင်းပြီး ဘုရားသခင်ကို လေးလေးနက်နက် သဘောမထားသောသူသည် သမ္မာတရားကို ချစ်သောသူ ဖြစ်သလော။ သမ္မာတရားနှင့် ဘုရားသခင်ကို ကလေးကစားစရာများကဲ့သို့၊ ဘာမျှမရှိသည့် လေအဖြစ် သဘောထားသောသူသည် သမ္မာတရားကို ချစ်သောသူမဟုတ်သည်ကို သက်သေပြပေသည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

လူအချို့တို့သည် ပြုမူဆောင်ရွက်ကြသောအခါ ၎င်းတို့ကိုယ်တိုင်၏ ဆန္ဒများနောက် လိုက်ကြ၏။ ၎င်းတို့သည် အခြေခံသဘောတရားများကို ချိုးဖောက်ကြပြီး ၎င်းတို့၌ သမ္မာတရားမရှိသောကြောင့်သာလျှင် ၎င်းတို့ မာနထောင်လွှားကြခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အမှားလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်းသာ ဝန်ခံကြ၏။ ၎င်းတို့၏စိတ်နှလုံးများထဲ၌ “အခြားမည်သူမျှ အရဲစွန့်ခေါင်းမထောင်ကြ၊ ငါသာ ဤသို့ပြု၏၊ ထိုသို့ဖြင့် အဆုံး၌ ငါသည် ခေါင်းခံရ၏။ တုံးလိုက်သည့် ငါပင်။ နောက်တစ်ကြိမ်၌ အရဲစွန့်ခေါင်းထောင်သည့် ဤကိစ္စမျိုး ငါမလုပ်တော့။ အရဲစွန့်ခေါင်းထောင်သော ငှက်တို့သည် အပစ်ခံရ၏” ဟုပင် ညည်းညူတတ်ကြသည်။ ဤသဘောထားကို မည်သို့သဘောရသနည်း။ ဤသည်မှာ နောင်တရသော သဘောထားလော။ (မဟုတ်ပါ။) ယင်းသည် မည်သည့်သဘောထားဖြစ်သနည်း။ ၎င်းတို့ပြုသည့် အမှားမှတစ်ဆင့် ၎င်းတို့သည် ဉာဏ်များလာပြီး လိမ်လည်လှည့်ဖြားလာကြသည်၊ တစ်ခါသေဖူးတော့ ပျဉ်ဖိုးနားလည်သွားသည် ဆိုပါစို့။ “ထိုကိစ္စက ပျက်ကိန်းမဆိုက်သွားသည်မှာ ငါကံကောင်း၏။ ငါ့ကြောင့် ပျက်ကိန်းဆိုက်သွားပါက ငါသည် ငရဲကျပြီး ဖျက်ဆီးခံရပေလိမ့်မည်။ ငါ့အနေဖြင့် အနာဂတ်တွင် ပို၍သတိထားမှ ရပေတော့မည်။” ၎င်းတို့သည် အမှုအရာကို ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့၏ သေးသိမ်မှုနှင့် စဉ်းလဲသော အကြံအစည်များကို အသုံးပြုကြပြီး သမ္မာတရားကို မရှာဖွေကြ။ ၎င်းတို့သည် ဤနည်းဖြင့် သမ္မာတရားကို ရရှိနိုင်မည်လော။ မရရှိနိုင်ကြပေ၊ ၎င်းတို့သည် နောင်တရရန် မသိကြ။ နောင်တရသောအခါ ပထမဆုံးအပြီးလုပ်ရမည့်အရာမှာ မိမိပြုခဲ့သောအရာကို သိရန်နှင့် မိမိမှားခဲ့သည့်နေရာ၊ ပြဿနာ၏အချုပ်၊ ထို့ပြင် မိမိဖော်ပြခဲ့သော စိတ်သဘောထားတို့ကို နားလည်ရန်ဖြစ်သည်၊ ဤအရာများကို စဉ်းစားသုံးသပ်၍ လက်ခံပြီးနောက် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်မှာ နောင်တရသည့် သဘောထားဖြစ်၏။ အကယ်၍ အခြားတစ်ဖက်၌ အကြောင်းအခြင်းအရာကို သင်၏ဆင်ခြင်သုံးသပ်မှုသည် ယခင်ကထက် ပို၍ဉာဏ်များလာပြီး သင်၏နည်းနိဿယများသည်လည်း ပို၍ပါးနပ်လာကာ ပို၍ကွယ်ဝှက်လာသည့်အပြင် ထိုအရာကို ဖြေရှင်းရန် နည်းလမ်းများသည်လည်း သင်၌ပိုများလာသည်ဆိုပါက ပြဿနာသည် လိမ်လည်လှည့်ဖြားခြင်းကဲ့သို့ သိပ်မရိုးရှင်းတော့ပေ။ သင်သည် လက်သီးပုန်းထိုးသော နည်းလမ်းများကို အသုံးပြုနေခြင်းဖြစ်ပြီး သင်၌ သင်ထုတ်ပြောမည် မဟုတ်သော လျှို့ဝှက်ချက်များ ရှိနေ၏၊ ထို့ပြင် သင်လုပ်နေသောအရာသည် ဆိုးယုတ်၏။ ဘုရားသခင်သည် သင့်ကို အလွန်အကျွံ ခက်ထန်ပြီး ဆိုးယုတ်သည်ဟု မြင်၏၊ မိမိမှားထားကြောင်းကို အပေါ်ယံအားဖြင့် ဝန်ခံပြီး ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်းကို လက်ခံသော်လည်း နောင်တရသည့် သဘောထား စိုးစဉ်းမျှပင် မရှိသောသူအဖြစ် မြင်၏။ ဤသို့ဖြစ်ရခြင်းမှာ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ပြီးနောက်တွင်၊ သို့မဟုတ် ထိုဖြစ်ရပ်ဖြစ်ပျက်နေစဉ်တွင် သင်သည် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း လုံးဝမရှိသကဲ့သို့ သမ္မာတရားကို ရှာဖွေခြင်းလည်း မပြုသောကြောင့် ဖြစ်၏။ သင်၏သဘောထားမှာ ပြဿနာ၏အရိပ်အယောင်ကို အခြားသူများ မမြင်ကြစေရန်သာမက အထုပ်၏ချုပ်ရိုးများကိုပင် အခြားသူများ မမြင်ကြစေရန်အလို့ငှာ ထိုပြဿနာကို ကြည့်ကောင်းသော အထုပ်တစ်ခုထဲတွင် ထုပ်ပိုးထားရန်၊ ပြဿနာကိုဖြေရှင်းရန်၊ သို့မဟုတ် ရှောင်တိမ်းရန် စာတန်၏နည်းလမ်းများ၊ နည်းနိဿယများနှင့် ဒဿနအမြင်များကို အသုံးပြုသည့် သဘောထားဖြစ်သည်၊ ဤသို့ဖြင့် အဆုံး၌ သင်သည် သင့်ကိုယ်သင် အတော်အတန် ချက်ချာပါးနပ်သည်ဟု ခံစားရ၏။ ဘုရားသခင်မြင်သည့်အရာမှာ ဤအရာများဖြစ်ပြီး၊ သင့်အနေဖြင့် မိမိအပေါ်သို့ ကျရောက်လာသည့် အမှုအရာရှေ့၌ ဧကန်အမှန် သုံးသပ်ဆင်ခြင်ကာ နောင်တရ၍ မိမိအပြစ်ကို ဝန်ချတောင်းပန်ပြီးသည့်နောက် သမ္မာတရားကို လိုက်ရှာကာ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နေပုံ မဟုတ်ချေ။ သင်၏သဘောထားသည် သမ္မာတရားကို ရှာဖွေသည့်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် သဘောထား မဟုတ်သကဲ့သို့ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများကို နာခံသည့် သဘောထားလည်း မဟုတ်ဘဲ သင်၏ပြဿနာကို ဖြေရှင်းရန် စာတန်၏ နည်းနိဿယများနှင့် နည်းလမ်းများကို အသုံးပြုသည့် သဘောထားဖြစ်သည်။ သင်သည် အခြားသူများ သင့်အပေါ် မှားယွင်းသည့် ထင်မြင်ချက်တစ်ခုကို ပေးပြီး ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို သင်ခုခံသည်၊ ထို့ပြင် သင့်အတွက် ဘုရားသခင်စီစဉ်ညွှန်ကြားပေးထားသည့် အခြေအနေများကို သင်သည် ထိပ်တိုက်ရင်ဆိုင်ပြီး ခုခံကာကွယ်သည်။ ဤသည်မှာ သင်၏စိတ်နှလုံးသည် ယခင်ကထက် ပို၍ဖုံးပိတ်ထားကြောင်း အဓိပ္ပာယ်ရသည်။ ဘုရားသခင်ကို သင်ဖုံးပိတ်ထားပါက ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြင့် အလင်းထဲ၌ သင်နေနိုင်ဦးမည်လော။ မနေနိုင်တော့ပေ၊ သင်သည် သမ္မာတရားကို ရှောင်ဖယ်ပြီး ဘုရားသခင်ကို ရှောင်ဖယ်ထား၏။ ထိုကဲ့သို့သော အခြေအနေသည် လူတို့ထဲ၌ ပျံ့နှံ့နေသလော။ “ဤအကြိမ်၌ ငါသည် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံခဲ့ရ၏။ နောက်တစ်ကြိမ်တွင် ငါ့အနေဖြင့် ပိုသတိထားပြီး ပိုချက်ချာပါးနပ်မှ ရတော့မည်။ ချက်ချာပါးနပ်ခြင်းသည် အသက်တာ၏ အခြေခံအုတ်မြစ်ဖြစ်သည်၊ ထို့အပြင် မချက်ချာမပါးနပ်သော လူတို့သည် ငတုံးများပင်ဖြစ်ကြ၏။” အကယ်၍ သင်သည် သင့်ကိုယ်သင် ထိုကဲ့သို့လမ်းညွှန်ပြီး ဆွပေးနေပါလျှင် ကောင်းကျိုးဖြစ်ပါဦးမည်လော။ သမ္မာတရားကို ရနိုင်ပါမည်လော။ အကြောင်းအခြင်းအရာတစ်ခု သင့်အပေါ်သို့ ကျရောက်လာပြီး သမ္မာတရားကို သင်ရှာဖွေနိုင်သည်ဆိုပါက သမ္မာတရား၏ ရှုထောင့်တစ်ခုကို သင်နားလည်နိုင်ကာ သမ္မာတရား၏ ထိုရှုထောင့်ကို သင်ရရှိနိုင်ပေသည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့် မည်သည့်အရာကို စွမ်းဆောင်ရရှိနိုင်သနည်း။ သမ္မာတရား၏ ရှုထောင့်တစ်ခုကို သင်နားလည်သွားသောအခါ ဘုရားသခင့်အလိုတော်၏ ရှုထောင့်တစ်ခုကို သင်နားလည်သွားသည်၊ ထို့ပြင် သင့်အပေါ်သို့ ဤအရာသင့်ရောက်အောင် အဘယ်ကြောင့် ဘုရားသခင်ပြုခဲ့သည်၊ သင့်ထံမှ ထိုသို့သောတောင်းဆိုမှုကို အဘယ်ကြောင့်သူပြုသည်၊ သင့်ကို ထိုကဲ့သို့ဆုံးမရန်နှင့် ပဲ့ပြင်ရန် အခြေအနေများကို အဘယ်ကြောင့်သူစီစဉ်ညွှန်ကြားသည်၊ သင့်ကို ဆုံးမပဲ့ပြင်ရန် ဤအမှုအရာကို အဘယ်ကြောင့်သူအသုံးပြုသည်နှင့် ဤအမှုအရာ၌ အဘယ်ကြောင့်သင်ပြိုလဲသွားပြီး ရှုံးနိမ့်သွားကာ ဖော်ထုတ်ခြင်းခံခဲ့ရသည်တို့ကို သင်နားလည်သွားသည်။ ဤအရာများကို သင်နားလည်နိုင်ပါက သမ္မာတရားကို သင်လေ့လာလိုက်စားနိုင်မည်ဖြစ်ပြီး အသက်ဝင်ရောက်မှုကို စွမ်းဆောင်ရရှိလိမ့်မည် ဖြစ်သည်။ ဤအရာများကို သင်နားမလည်နိုင်သည့်အပြင် ဤအချက်အလက်များကို သင်လက်မခံဘဲ မရမက အတိုက်အခံပြုပြီး မရမက တော်လှန်ခုခံနေပါလျှင်၊ သင့်ကိုယ်သင် ဖုံးကွယ်ရန် သင့်ကိုယ်ပိုင် နည်းနိဿယများကို မရမက အသုံးပြုနေပါလျှင်၊ အခြားသူများအားလုံးကို အသွင်အပြင်အမှားနှင့် မရမကရင်ဆိုင်ပြီး ဘုရားသခင်ကို မရမကရင်ဆိုင်နေပါလျှင် သင်သည် သမ္မာတရားကို ထာဝစဉ်ပင် ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏” မှ

အတိတ်က လူအချို့သည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားအချို့ကို ထုတ်ဖော်ပြကြသည်- ၎င်းတို့သည် အကြောင်းမဲ့ ထင်ရာမြင်ရာပြုကြသည်၊ ယင်းမှာ ၎င်းတို့ပြောသည့်အတိုင်း လုပ်နိုင်လျှင်လုပ်၊ မလုပ်နိုင်ရင်ထွက်ဟုသာ အမြဲတမ်း ဖြစ်သည်။ သို့ရာတွင် ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်းမှတစ်ဆင့်၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့နှင့်မိတ်သဟာယ ဝေမျှခြင်းမှတစ်ဆင့်၊ ပြန်လည်နေရာချခံရခြင်း သို့မဟုတ် အစားထိုး ခံရခြင်းတို့မှတစ်ဆင့်၊ ဆုတ်ဆိုင်းမှုအကြီးစားအချို့ကို ခံစားရခြင်းအားဖြင့်၊ အချိန်အတန်ကြာ အပျက်သဘောဆောင်ပြီး၊ “မည်သည့်အရာဖြစ်ပါစေ၊ ကျွန်ုပ်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းကို ဦးစားပေးဖို့ လိုသေးသည်။ ကျွန်ုပ်သည် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နေသော်လည်း၊ အန္တိခရစ်အဖြစ် အမျိုးအစားသတ်မှတ် မခံရသေးသောကြောင့်၊ ကျွန်ုပ်၏ယုံကြည်မှု၌ ကျွန်ုပ်သည် ကောင်းမြတ်ရမည်၊ အလွန်စိတ်အားထက်သန်စွာ ကျွန်ုပ် လိုက်စားရမည်။ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းတွင် အမှားတစ်စုံတစ်ရာမျှ မရှိ။” ဟု တွေးလျက်၊ နည်းနည်းချင်း၊ ၎င်းတို့သည် မိမိတို့ဘာသာ ပြောင်းလဲလာပြီး၊ ထို့နောက်တွင် ၎င်းတို့ နောင်တရကြသည်။ ၎င်းတို့ထဲတွင် သရုပ်သကန်ကောင်းများရှိသည်၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် ၎င်းတို့သည် သမ္မာတရား အခြေခံသဘောတရားများကို ရှာဖွေပြီး အခြားသူများနှင့် ထိတွေ့သည့်အချိန်တွင်လည်း သမ္မာတရား အခြေခံသဘောတရားများကို ရှာဖွေကြလေသည်။ အချက်တိုင်းတွင် ၎င်းတို့သည် သာ၍ ကောင်းမွန်သော ဦးတည်ချက်ကို ရှေးရှုနေကြသည်။ သို့ဆိုလျှင် ၎င်းတို့ ပြောင်းလဲပြီးဖြစ်သည် မဟုတ်သလော။ ဤသည်မှာ အန္တိခရစ်၏လမ်းကြောင်းကို လျှောက်ခြင်းမှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်စားခြင်း လမ်းကြောင်းသို့ ပြန်လှည့်ခြင်း ဖြစ်သည်။ ၎င်းတို့အတွက် မျှော်လင့်ချက်ရှိသည်၊ ၎င်းတို့တွင် အလားအလာရှိသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ပြောင်းလဲနိုင်ကြသည်။ ၎င်းတို့သည် တစ်ချိန်က အန္တိခရစ်တစ်ဦး၏ သရုပ်သကန်အချို့ကို ပြသခဲ့သောကြောင့် သို့မဟုတ် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ခဲ့သောကြောင့် ထိုသို့သော သူတို့ကို အန္တိခရစ်များအဖြစ် သင် အမျိုးအစား သတ်မှတ်နိုင်သလော။ မသတ်မှတ်နိုင်ပေ။ အန္တိခရစ်များသည် နောင်တမရကြပေ၊ ၎င်းတို့ထံတွင် အရှက်မရှိကြပေ၊ ထို့အပြင် ၎င်းတို့၏ စိတ်သဘောထားများသည် ခက်ထန်ကြမ်းတမ်းပြီး ဆိုးယုတ်သည်၊ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို အဆုံးစွန်သော အတိုင်းအတာအထိ ရွံရှာမုန်းတီးကြသည်။ ၎င်းတို့၏ အစွန်းရောက် ရွံရှာမုန်းတီးခြင်းက မည်သည့်အရာကို သတ်မှတ်သနည်း။ ၎င်းတို့သည် မည်သည့်အခါမျှ နောင်တမရနိုင်ဟု ဖြစ်သည်။ ၎င်းတို့သည် ထိုအတိုင်းအတာအထိ သမ္မာတရားကို ရွံရှာမုန်းတီးပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော၊ ပြီးလျှင် နောင်တရနိုင်သလော။ မဖြစ်နိုင်ပေ။ နောင်တရနိုင်သူများနှင့်ပတ်သက်၍ သေချာသည့်အရာ တစ်ခုရှိပါက၊ ယင်းမှာ ၎င်းတို့သည် အမှားများ ပြုခဲ့သော်လည်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနိုင်ကြသည်၊ ၎င်းတို့သည် ဘုရားသခင် ပြောကြားသည့် သမ္မာတရားများကို လက်ခံနိုင်စွမ်း ရှိကြသည်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ကိုယ်တိုင်၏ နီတိများအဖြစ်ခံယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အသက်တာများ၏ စစ်မှန်မှု အဖြစ်ပြောင်းလျက်၊ ပူးပေါင်းဆောင်ရွက်ဖို့ အစွမ်းကုန် ကြိုးစားနိုင်စွမ်း ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသည်၊ ပြီးလျှင် စိတ်ထဲတွင် ယင်းကို ရွံရှာမုန်းတီးခြင်း မရှိကြချေ။ ဤသည်မှာ ကွာခြားချက် မဟုတ်သလော။ သို့သော်လည်း အန္တိခရစ်များကမူ မည်သူ့ကိုမျှ နားမထောင်ဘဲ၊ သမ္မာတရားသည် သမ္မာတရားဖြစ်သည်ကို ၎င်းတို့ မယုံကြည်ပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို ၎င်းတို့ အသိအမှတ်မပြုကြချေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၈)” မှ

အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝဗီဇမှာ မည်မျှအကျည်းတန်ကြောင်း၊ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းနှင့် မည်မျှသနားစဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အခါ သူသည် ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် လွန်စွာမောက်မာခြင်း၊ လွန်လွန်ကဲကဲပင် မာနကြီးခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရခြင်း ရှိမည်မဟုတ်ပေ။ “ကျွန်ုပ်သည် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် မှန်းချက်ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်သည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကိုယ် မစက်ဆုပ်လျှင်၊ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်ခြင်းတွင် အရာအချို့ ပါဝင်၏- ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုယ် ချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုယ် အလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကိုယ် ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကိုယ် အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား။” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ချေမှုန်းခံသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ဤအချိန်တွင် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို အာခံလိမ့်မည်မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် သိခြင်းသည် အဓိကအားဖြင့် လူ့သဘာဝကို သိခြင်းအကြောင်းဖြစ်၏” မှ

သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့်ပုံစံကို သင်တို့ သဘောပေါက်ကြပြီလော။ သန့်ရှင်းသောဝိညာဉ်တော်သည် စိတ်နှလုံး ရိုးသားဖြောင့်မတ်သော သူတို့အပေါ်တွင် သာမန်အားဖြင့် အလုပ်လုပ်ကာ၊ သူသည် လူတို့ဒုက္ခရောက်ပြီး သမ္မာတရားကို ရှာဖွေနေသောအခါ အလုပ်လုပ်သည်။ ဘုရားသခင်သည် လူသား၏ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား တစ်စက်မျှမရှိသောသူများကို အရေးစိုက်လိမ့်မည်မဟုတ်ပေ။ တစ်စုံတစ်ဦးသည် အလွန်ရိုးသားသော်လည်း သူ၏စိတ်နှလုံးသည် အချိန်ကာလတစ်ခုကြာ ဘုရားသခင်ကို ကျောခိုင်းထားပါက၊ သူ၌ တိုးတက်ဖို့ ဆန္ဒမရှိ၊ အပျက်သဘောဆောင်သော အခြေအနေထဲသို့ ကျဆင်းပြီး ယင်းမှ သူမထွက်လာပါက၊ သူ၏အခြေအနေကို ဖြေရှင်းဖို့ ဆုမတောင်းသောအခါ၊ သို့မဟုတ် သမ္မာတရားကို မရှာဖွေသောအခါ၊ ထို့အပြင် သူသည် ပူးပေါင်းမလုပ်ဆောင်သောအခါ၊ ထိုသို့သော အခါအားလျော်စွာ မှောင်မည်းလာနေသည့် သူ၏အခြေအနေအတွင်းတွင်၊ သို့မဟုတ် သူ၏ယာယီဆုတ်ယုတ်လာမှုအတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်လိမ့်မည်မဟုတ်။ သို့ဆိုလျှင် လူ့သဘာဝနှင့်ဆိုင်သော အသိမရှိသည့် တစ်စုံတစ်ဦးတွင် သန့်ရှင်းသော ဝိညာဉ်တော်က အဘယ်သို့ အလုပ်လုပ်နိုင်မည်နည်း။ ဤသည်မှာ သာ၍ပင် မဖြစ်နိုင်ပေ။ သို့ဆိုလျှင် ဤလူတို့သည် မည်သည့်အရာ လုပ်သင့်သနည်း။ သူတို့သည် အမှန်တကယ် နောင်တရရမည်။ ပထမအနေဖြင့် သင့်စိတ်နှလုံးက ဘုရားသခင်ထံ ဖွင့်ဟရမည်ဖြစ်ပြီး ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရားကို သင်နားလည်သည်နှင့်တစ်ပြိုင်နက် ယင်းကို သင် လက်တွေ့ကျင့်သုံးနိုင်မည်။ ထို့နောက် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို နာခံနိုင်ပြီး သင့်ကို တာဝန်ယူစောင့်ရှောက်ရန် ဘုရားသခင်ကို အခွင့်ပေးနိုင်မည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်၏ ချီးမွမ်းခြင်းကို သင်ခံရလိမ့်မည်။ သင်သည် ဦးစွာ သင်၌ရှိသော မာန်မာနနှင့် ပကာသနကို ဘေးဖယ်ပြီး သင့်ကိုယ်ပိုင်အကျိုးအမြတ်များကို စွန့်လွှတ်ရမည်။ ထို့နောက်တွင် သင့်ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်တစ်ခုလုံးကို သင့်တာဝန်အပေါ်နှင့် ဘုရားသခင်ကို သက်သေခံခြင်းအလုပ်အပေါ်တွင် ထားရှိလော့။ သင်သည် ဦးစွာ မိမိကိုယ်ကိုယ် အညံ့ခံကာ၊ ဘုရားသခင်ထံ သင့်စိတ်နှလုံးကို ဖွင့်ဟပြီး သင် မြတ်နိုးတန်ဖိုးထားသော အရာများကို ဘေးဖယ်ထားရမည်။ ဘုရားသခင်အား ပန်ကြားချက်များ ပြုလုပ်နေစဉ် ထိုအရာများကို သင် ဆက်လက်ဆုပ်ကိုင်ထားလျှင် သန့်ရှင်းသောဝိညာဥ်တော်၏ အလုပ်ကို သင် ရရှိနိုင်လိမ့်မည်လော။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မှာ အခြေအနေပေါ်တွင် မူတည်ပြီးလျှင်၊ ဘုရားသခင်သည် မကောင်းမှုကို မုန်းပြီး သန့်ရှင်းသော ဘုရားသခင်ဖြစ်သည်။ အကယ်၍ လူတို့သည် ဤအရာများကို အမြဲဖက်တွယ်ထားကာ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံမှ အစဉ်အမြဲ ပိတ်ဆို့ထားပြီး ဘုရားသခင်၏ အလုပ်နှင့် လမ်းညွှန်မှုကို ငြင်းပယ်နေပါက ဘုရားသခင်သည် သူတို့အပေါ် အလုပ်ဆက်လုပ်မည်မဟုတ်ပေ။ ထို့နောက် သင့်ကို ဘုရားသခင် မည်သို့ လမ်းပြသည်ကို ကြည့်လော့၊ သင့်အတွင်းတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ထွက်ပေါ်လာခြင်း ရှိမရှိ၊ သင်၌ ဤအတည်ပြုချက် ရှိခြင်း ရှိမရှိကို ကြည့်လော့။ သင်သည် ပထမဦးဆုံး စစ်မှန်စွာ နောင်တရရမည်၊ လူတိုင်းအတွင်းတွင် ဘုရားသခင် အမှုပြုရမည် သို့မဟုတ် သူသည် ဤအရာ၊ ထိုအရာ လုပ်ဆောင်ဖို့ သင့်ကို အတင်းအကျပ်ပြုလိမ့်မည်ဟူ၍ မဟုတ်ပေ။ သူသည် သင့်ကို အတင်းအကျပ် မလုပ်ခိုင်ပေ။ နတ်ဆိုးများ၏ အလုပ်သည် လူသားများကို ဤအရာ၊ ထိုအရာ လုပ်ဆောင်ဖို့ အတင်းအကျပ်ပြုရန်ဖြစ်ပြီး လူတို့ကို ဝင်ပူးပြီး ထိန်းချုပ်ရန်ပင် ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် အထူးသဖြင့် ညင်သာစွာ အလုပ်လုပ်၏။ သူသည် သင့်ကို တို့ထိပြီး ယင်းကို သင် မခံစားရပေ။ သင်သည် မရည်ရွယ်ဘဲ တစ်စုံတစ်ရာကို နားလည်လာပြီးဖြစ်သည့်အလား သို့မဟုတ် သဘောပေါက်လာပြီးဖြစ်သည့်အလား တကယ်ကို ခံစားရ၏။ ဤသည်မှာ လူတို့ကို သန့်ရှင်းသော ဝိညာဉ်တော် တို့ထိပုံဖြစ်ပြီး ၎င်းတို့ ကျိုးနွံနာခံပါက၊ အမှန်တကယ် နောင်တရနိုင်ကြသည်ကို ၎င်းတို့ မိမိတို့ကိုယ်ကိုယ် တွေ့ရှိရလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်” မှ

မသိနားမလည်မှုတို့ကြောင့်နှင့် ၎င်းတို့၏ အမျိုးမျိုးသော စိတ်သဘောထားများကြောင့်၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် မနာခံသောသူများအဖြစ် မကြာခဏ ထုတ်ဖော်ပြကြပြီး၊ ဘုရားသခင်ကို နားလည်မှုလွဲကြ၏၊ သို့မဟုတ် ဘုရားသခင်ကို မကျေမချမ်းနိုင်ပင် ဖြစ်ကြသည်။ ၎င်းတို့သည် လမ်းလွဲသွားကြပြီး အချို့မှာ အပျက်သဘောပင် ဆောင်လာကြကာ ဘုရားသခင်ကို မကျေမချမ်းဖြစ်ရင်းနှင့် ၎င်းတို၏ ယုံကြည်ခြင်းကို ဆုံးရှုံးရင်း ၎င်းတို့၏ အလုပ်တွင် ပေါ့လျော့လာကြ၏။ လူတို့၏ အသက်တာများ၏ အမျိုးမျိုးသော အဆင့်များတွင် မနာခံသော အပြုအမူများ မကြာခဏ ထွက်ပေါ်တတ်၏။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ရှိပြီး သူအမှုပြုနေသည်ကို သိသော်လည်း၊ တစ်ခါတစ်ရံ ထိုအချက်ကို နားမလည်နိုင်ကြချေ။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ကျိုးနွံနာခံနိုင်ကြသော်လည်း၊ ယင်းကို စိတ်ထဲတွင် တကယ်ကို လက်မခံနိုင်ကြချေ။ စိတ်ထဲတွင် ၎င်းတို့ လက်မခံနိုင်သည်ကို မည်သည့်အရာက ပေါ်လွင်စေသနည်း။ ဤအရာ သိသာထင်ရှားသည့် နည်းလမ်းတစ်ခုမှာ အရာရာကို သိသော်လည်း၊ ၎င်းတို့သည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို တကယ်ကို ဘေးဖယ်မထားနိုင်သကဲ့သို့ ၎င်းတို့၏ အမှားများကို ဝန်ခံပြီး၊ “ဘုရားသခင်၊ ကျွန်ုပ် မှားခဲ့ပါတယ်။ ကျွန်ုပ် ထိုသို့ နောက်ထပ် ပြုမူတော့မည် မဟုတ်ပါ။ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်ကို ရှာဖွေပြီး ကျွန်ုပ်အား ကိုယ်တော် လုပ်စေချင်သည့်အတိုင်း လုပ်ဆောင်ပါမည်။ ကိုယ်တော့်ကို ကျွန်ုပ် အလေးဂရုပြုလေ့ မရှိခဲ့ပါ။ ကျွန်ုပ်သည် မရင့်ကျက်ခဲ့ပါ၊ မနာခံခဲ့သကဲ့သို့ မိုက်မဲခဲ့ပါသည်။ ယင်းကို ယခု ကျွန်ုပ် သိပါ၏” ဟု ပြောဖို့ ဘုရားသခင်ရှေ့သို့ မလာနိုင်ကြချေ။ လူတို့သည် မည်သို့ သဘောထားဖြင့် ၎င်းတို့၏ အမှားများကို ဝန်ခံကြသနည်း။ ( ၎င်းတို့ ပြောင်းလဲမှုတစ်ခု ပြုလုပ်ချင်ကြပါသည်။) လူတို့သည် အသိတရားနှင့် ဆင်ခြင်တုံတရားတို့ ရှိပြီး သမ္မာတရားကို တမ်းတသော်လည်း၊ ၎င်းတို့၏ အမှားများတွင် ပြောင်းလဲမှုတစ်ခု ပြုလုပ်ဖို့ မည်သည့်အခါတွင်မျှ မသိရှိဘဲ၊ ထိုအစား အတိတ်သည် အတိတ်ဖြစ်သည်ဟု ယုံကြည်ပြီး၊ ၎င်းတို့ မည်သည့်အခါတွင်မျှ မမှားယွင်းဟု သေချာစွာခံစားကြရပါက၊ ဤအရာက မည်သည့် စိတ်သဘောထားမျိုးကို ပြသနည်း။ မည်သည့် အပြုအမူမျိုးနည်း။ ထိုသို့သော အပြုအမူ၏ အနှစ်သာရမှာ အဘယ်နည်း။ ထိုသို့သော လူတို့သည် ခက်ထန်ကြပြီး မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ ယင်းမှာ ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်း ဖြစ်သည်။ ထိုသို့သော လူတို့ကို ဘုရားသခင် မနှစ်သက်ပေ။ နိနေဝေမြို့သားများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပထမဦးဆုံး ဖော်ပြချိန်တွင် ယောနက မည်သည့်အရာကို ပြောခဲ့သနည်း။ (“Yet forty days, and Nineveh shall be overthrown” (Jonah 3:4).) ဤစကားများကို နိနေဝေမြို့သားများက မည်သို့ တုံ့ပြန်ခဲ့ကြသနည်း။ ၎င်းတို့ကို ဘုရားသခင် ဖျက်ဆီးတော့မည်ကို ၎င်းတို့ သိခဲ့သည်နှင့် တစ်ပြိုင်နက်၊ လျော်တေအဝတ်နှင့် ပြာများကို ဝတ်ဆင်ခဲ့ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ အပြစ်များကို ဝန်ချရန် အလျင်အမြန် ဆောင်ရွက်ခဲ့ကြသည်။ ဤသည်မှာ နောင်တရဖို့ဟု ဆိုလိုသောအရာ ဖြစ်သည်။ ထိုသို့သော နောင်တသည် လူသားအား အလွန်ကြီးမားသော အခွင့်အရေး ပေး၏။ ယင်းမှာ မည်သည့် အခွင့်အရေး ဖြစ်သနည်း။ ယင်းသည် ဆက်လက် အသက်ရှင်ဖို့ အခွင့်အရေး ဖြစ်သည်။ ထိုသို့သော နောင်တမရှိဘဲနှင့်၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင်ဖြစ်စေ ကယ်တင်ခြင်းအတွက် သင်၏ ရှာဖွေခြင်းတွင် ဖြစ်စေ၊ သင့်အတွက် ဆက်လက် ရှေ့ဆက်ဖို့ ခက်ခဲပေမည်။ အဆင့်တိုင်းတွင်၊ သင့်ကို ဘုရားသခင် ဆုံးမပဲ့ပြင်နေချိန်ဖြစ်စေ ရိုက်နှက်ဆုံးမနေချိန်ဖြစ်စေ၊ သို့မဟုတ် သင့်ကို သူ သတိပေးပြီး တိုက်တွန်းနေချိန်တွင်ဖြစ်စေ၊ သင်နှင့် ဘုရားသခင်ကြားတွင် သဘောကွဲလွဲမှု ဖြစ်ပေါ်ခဲ့သော်လည်း သင်သည် သင်၏ စိတ်ကူးများ၊ ရှုထောင့်အမြင်များနှင့် သဘောထားများကို ဖက်တွယ်သရွေ့၊ သင်၏ ခြေလှမ်းများ ရှေ့သို့ ဦးတည်သော်လည်း၊ သင်နှင့် ဘုရားသခင်ကြားရှိ သဘောကွဲလွဲမှု၊ သူနှင့်သက်ဆိုင်သည့် သင်၏ နားလည်မှုလွဲခြင်းများနှင့် မကျေမချမ်းဖြစ်ခြင်း၊ ပြီးလျှင် သင်၏ ပုန်ကန်မှုတို့သည် ပြုပြင်ခံရလိမ့်မည်မဟုတ်သကဲ့သို့၊ သင်သည် ပြောင်းလဲမှုတစ်ခု မပြုလုပ်ပါက၊ ဘုရားသခင်သည် သူ၏ အခန်းကဏ္ဍအတွက် သင့်ကို သုတ်သင်ဖယ်ရှင်းလိမ့်မည် ဖြစ်သည်။ သင်သည် လက်ရှိ တာဝန်ကို လက်မလွှတ်သေးသကဲ့သို့၊ ယင်းကို ထိန်းသိမ်းနိုင်သော်လည်း၊ သင်သည် ဘုရားသခင်၏ စေခိုင်းချက်ကို လက်ခံပြီးဖြစ်ကာ ယင်းကို သစ္စာစောင့်သိသော်လည်း၊ သင်နှင့် ဘုရားသခင်ကြားတွင် ဖြစ်ပေါ်ပြီးဖြစ်သည့် သဘောထားကွဲလွဲမှု အထုံးတစ်ခုသည် သင်နှင့်ကပ်လျက် အစဉ်ထာဝရ ကျန်နေလိမ့်မည် ဖြစ်သည်။ ယင်းကို သင် မဖြေပါက၊ သို့မဟုတ် လက်မလွှတ်ပါက၊ ယင်းအစား ဘုရားသခင်သည် မှားကာ သင်သည် မတရားဆက်ဆံခံရခဲ့သည်ဟု ဆက်လက်ယုံကြည်ပါက၊ ဤသည်မှာ သင်သည် ပြောင်းလဲမှုတစ်ခု မလုပ်ရသေးသည်ဟု ဆိုလိုပေသည်။ ဘုရားသခင်သည် လူတို့အတွက် ပြောင်းလဲခြင်းတစ်ခု ပြုလုပ်ခြင်းအပေါ် ထိုသို့သော အရေးပါမှု အဘယ်ကြောင့် ထားရှိသနည်း။ အဖန်ဆင်းခံ သတ္တဝါတစ်ဦးသည် ဖန်ဆင်းရှင်ကို မည်သည့် သဘောထားဖြင့် အလေးထားသင့်သနည်း။ ဖန်ဆင်းရှင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်သည် မှန်ကန်သည်ဟု အသိအမှတ်ပြုသော သဘောထားတစ်ခု ဖြစ်သည်။ ဤအရာကို သင် အသိအမှတ်မပြုပါက၊ ဖန်ဆင်းရှင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဆိုသည်မှာ သင့်အဖို့ အနှစ်သာရမဲ့သော စကားများသာ ဖြစ်လိမ့်မည်။ ယင်းတို့သည် သင့်အဖို့ အနှစ်သာရမဲ့သော စကားများသာ ဖြစ်ပါက၊ ဘုရားသခင်သည် သင့်ကို ကယ်တင်နိုင်လိမ့်ဦးမည်လော။ သူ ကယ်တင်နိုင်လိမ့်မည် မဟုတ်။ သင်သည် အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။ ဘုရားသခင်သည် သင်ကဲ့သို့သော လူများကို မကယ်တင်ပေ။ “လူတို့ နောင်တရဖို့နှင့် ပြောင်းလဲမှုတစ်ခု ပြုလုပ်ဖို့ ၎င်းတို့ သိရှိရန် ဘုရားသခင် တောင်းဆိုသည်။ ကောင်းပြီ၊ အမှုအရာများစွာတွင် ကျွန်ုပ်သည် ပြောင်းလဲမှုတစ်ခု မပြုလုပ်သေးပါ။ ယင်းကို လုပ်ဆောင်ဖို့ ကျွန်ုပ်၌ အချိန်ရှိသေးပါသလား” ဟု ပြောသောသူ အချို့ရှိ၏။ အချိန်ရှိပါသေးသည်။ ထို့အပြင်၊ အချို့က “မည်သည့်အရာများတွင် ပြောင်းလဲမှုတစ်ခုကို ကျွန်ုပ် ပြုလုပ်ရမည်နည်း။ အတိတ်က အရာများသည် ကုန်လွန်သွားပြီဖြစ်သကဲ့သို့ မေ့လျော့ခံရပေသည်” ဟု ပြောကြသည်။ သင်၏ စိတ်သဘောထားသည် တစ်နေ့အတွက်ပင် မပြောင်းလဲပါက၊ သင်၏ လုပ်ရပ်များတွင် မည်သည့်အရာက သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ မည်သည့်အရာက ဘုရားသခင်နှင့် မကိုက်ညီသည်ကို သင်၏ သိရှိလာခြင်းမရှိဘဲ နေ့ရက်တစ်ရက်ပင် ကုန်လွန်သွားပါက၊ သင်နှင့် ဘုရားသခင်ကြား တည်ရှိသော ထိုအထုံးသည် မဖြေရသေးပေ။ ဤပြဿနာကို မဖြေရှင်းရသေးသကဲ့သို့ ယင်းသည် မကုန်လွန်သေးပေ။ ဤစိတ်သဘောထားသည် သင့်အတွင်းတွင် ရှိ၏။ ဤအတွေး၊ ရှုထောင့်နှင့် သဘောထားတို့သည် သင့်အတွင်းတွင် ရှိ၏။ မှန်ကန်သော အခြေအနေများ ဖြစ်ပေါ်လျှင်ဖြစ်ပေါ်ချင်း၊ သင်၏ ဤရှုထောင့်သည် နောက်တစ်ဖန် ထွက်ပေါ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်နှင့် သင်၏ သဘောကွဲလွဲမှုသည် ပြန်ဖြစ်လိမ့်မည်။ ထို့ကြောင့်၊ အတိတ်ကို သင် ပြင်ကောင်းပြင်မည် မဟုတ်သော်လည်း၊ အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကို သင် ပြုပြင်ရမည်။ ယင်းတို့ကို မည်သို့ ပြုပြင်ရမည်နည်း။ သင်သည် အပြောင်းအလဲတစ်ခု ပြုလုပ်ရမည်ဖြစ်ပြီး သင်၏ စိတ်ကူးများနှင့် ရည်ရွယ်ချက်များကို ဘေးဖယ်ထားရမည်။ ဤအကြံ သင်၌ ရှိသည်နှင့်တစ်ပြိုင်နက်၊ သင်၌ရှိသော သဘောထားမှာလည်း အလိုအလျောက် ကျိုးနွံနာခံခြင်း သဘောထားတစ်ခု ဖြစ်လိမ့်မည်။ သို့သော်၊ အနည်းငယ် သာ၍ တိကျစွာ ပြောရလျှင်၊ ဤအရာသည် ဖန်ဆင်းရှင်‌ဖြစ်သည့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားများ၌ အပြောင်းအလဲတစ်ခု ပြုလုပ်နေကြသည့် လူတို့ကို အမှန်တကယ် ရည်ညွှန်းပေသည်။ ယင်းသည် ဖန်ဆင်းရှင်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟူသော အမှန်တရားကို သတိပြုခြင်းနှင့် အတည်ပြုခြင်းတစ်ခု ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် ပြောင်းလဲနိုင်ပါက၊ မှန်ကန်သည်ဟု သင် ထင်သောအရာများ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က စုပေါင်း၍မှန်ကန်သည်ဟု ထင်သောအရာများကို သင် ဘေးဖယ်ထားနိုင်သည်ဟု ဤအရာက ပြ၏၊ ပြီးလျှင် ယင်းအစား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး အပြုသဘောဆောင်သော အရာများဖြစ်သည်ကို သင် အသိအမှတ်ပြုနေခြင်း ဖြစ်သည်။ ဤသဘောထားမျိုး သင်၌ ရှိနိုင်ပါက၊ ယင်းသည် ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာနှင့် သူ၏အနှစ်သာရတို့နှင့် သက်ဆိုင်သော သင်၏ အသိအမှတ်ပြုခြင်းအား သက်သေပြပေသည်။ ဤသည်မှာ ဤပြဿနာကို ဘုရားသခင် ရှုမြင်ပုံ ဖြစ်ပြီး၊ ထို့ကြောင့် ယင်းကို အထူးသဖြင့် အရေးကြီးသည်ဟု သူ ယူဆလေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၃)” မှ

နိနေဝေဘုရင်၏ နောင်တရခြင်းက ယေဟောဝါဘုရားသခင်၏ ချီးမြှောက်ခြင်းကို ရယူနိုင်ခဲ့သည်

နိနေဝေဘုရင်က ဤသတင်းကို ကြားသည့်အခါမှာ သူ့ပလ္လင်မှ သူထလိုက်သည်။ သူ၏ဝတ်စုံကို ချွတ်လိုက်သည်။ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာများထဲမှာ ထိုင်လိုက်သည်။ ထို့နောက်မှာ သူသည် မြို့ထဲက မည်သူမှ ဘာကိုမှ မစားရ၊ မွေးမြူရေးတိရစ္ဆာန်များ၊ သိုးသငယ်များ၊ နွားများကိုလည်း အစာမကျွေး၊ ရေမတိုက်ရဟု ကြေညာခဲ့သည်။ လူသားနှင့် မွေးမြူရေးတိရစ္ဆာန်တို့ အတူတူပင် လျှော်တေအဝတ်ကို ဝတ်ကြဖို့ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို လေးနက်စွာ တောင်းပန်တိုးလျှိုးကြသည်။ လူတိုင်းသည် သူတို့၏မကောင်းသည့်လမ်းခရီးများကို ငြင်းပယ်ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်ဖို့ကိုလည်း ဘုရင်ကြီးက ကြေညာခဲ့သည်။ ဤလုပ်ရပ်အစဉ်လိုက်ကို ကြည့်လျှင် နိနေဝေ၏ဘုရင်သည် သူ၏ ရိုးသားလေးနက်သည့် နောင်တရခြင်းကို ထုတ်ဖော်ပြသခဲ့ပါသည်။ သူ့ပလ္လင်ပေါ်မှ ထခြင်း၊ သူ၏ဘုရင်ဝတ်စုံကို ပစ်ခြင်း၊ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာများထဲမှာ ထိုင်နေခြင်းစသည့် သူပြုလုပ်ခဲ့သည့် လုပ်ရပ်အစဉ်လိုက်တို့က နိနေဝေ၏ဘုရင်သည် သူ၏တော်ဝင် အဆင့်အတန်းကို ဘေးဖယ်ထားပြီး သာမန်လူများနှင့်အတူ လျှော်တေအဝတ်ကိုဝတ်ဆင်သည်ဟု လူတို့ကို ပြောလိုက်ခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ နိနေဝေဘုရင်သည် ယေဟောဝါ ဘုရားသခင်၏ ကြေညာချက်ကိုကြားပြီးသည့်နောက်မှာ သူ့လက်မှာရှိသည့် သူ၏မကောင်းသည့်လမ်းခရီးများ သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းများကို ဆက်လုပ်ဖို့ သူ၏ တော်ဝင်နေရာကို မယူထားခဲ့ပေ။ သူကိုင်စွဲထားသည့် သြဇာအာဏာကို ဘေးချထားပြီး ယေဟောဝါဘုရားသခင်၏ ရှေ့မှာ နောင်တရခဲ့သည်။ ဤအချိန်ခဏ၌ နိနေဝေဘုရင်သည် ဘုရင်တစ်ပါးအနေနှင့် နောင်တရခြင်းမဟုတ်ပေ။ သူသည် ဘုရားသခင်၏ သာမန် အရာဝတ္ထုတစ်ခုအနေနှင့် သူ့အပြစ်များကို ဝန်ခံပြီး နောင်တရဖို့ ဘုရားသခင်ရှေ့ကို လာခဲ့ခြင်းပင်ဖြစ်သည်။ တဖန် သူ့လိုပုံစံမျိုးနှင့် ယေဟောဝါ ဘုရားသခင်ရှေ့မှာ မိမိ၏အပြစ်များကို ဝန်ခံပြီး နောင်တရဖို့ တစ်မြို့လုံးကို သူပြောခဲ့သည်။ ထပ်ဖြည့်စွက်ရလျှင် သူ့မှာ မည်သို့လုပ်မည်ဆိုသည့် သီးသန့်အစီအစဉ်တစ်ခုရှိခဲ့သည်။ ကျမ်းစာမှာ မြင်ရသည့်အတိုင်း၊ “လူဖြစ်စေ၊ သားရဲတိရစ္ဆာန် ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။...ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှ လည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။” ဤမြို့၏ အုပ်ချုပ်သူအနေနှင့် နိနေဝေဘုရင်သည် မြင့်မားသည့် အဆင့်အတန်းနှင့် အာဏာကိုပိုင်ဆိုင်ပြီး သူဆန္ဒရှိသည့်အရာ ဘယ်အရာမဆို လုပ်နိုင်သည်။ ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကို ရင်ဆိုင်ရသည့်အခါမှာ သူသည် ဤအကြောင်းအရာကို လျစ်လျူရှု၍ ရနိုင်သည်။ သို့မဟုတ် သူ့အပြစ်ကိုသာလျှင် နောင်တရပြီး ဝန်ခံလိုက်၍ရသည်။ မြို့ထဲကလူတို့က နောင်တရဖို့ ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ၊ ဤအကြောင်းကိစ္စကို သူလုံးဝ လျစ်လျူရှု၍ ရနိုင်သည်။ သို့သော်လည်း နိနေဝေဘုရင်က ဤကဲ့သို့ လုံးဝမလုပ်ခဲ့ပေ။ သူ့ပလ္လင်မှ ထရုံသာမကဘဲ လျှော်တေအဝတ်နှင့် ပြာများကို ဝတ်ဆင်ပြီး ယေဟောဝါဘုရားသခင်ရှေ့မှာ သူ၏အပြစ်များကို ဝန်ခံပြီး နောင်တရခဲ့သည်။ မြို့ထဲမှာရှိသည့်လူတို့နှင့် မွေးမြူရေး တိရစ္ဆာန်များ အားလုံးကိုလည်း ဤကဲ့သို့လုပ်ဖို့ သူအမိန့်ထုတ် ခဲ့သည်။ လူတို့ကို “ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။” ကိုတောင် သူအမိန့်ထုတ်ခဲ့သည်။ ဤလုပ်ရပ်အစဉ်လိုက် မှတစ်ဆင့် နိနေဝေဘုရင်သည် အုပ်ချုပ်သူတစ်ယောက် လုပ်သင့်သည်ကို အမှန်တကယ် လုပ်ဆောင်ခဲ့သည်။ သူ၏လုပ်ရပ်အစဉ်လိုက်သည် လူသားသမိုင်းမှာ မည်သည့် ဘုရင်အတွက်မဆို လုပ်နိုင်ဖို့ ခက်ခဲပြီး မည်သူမှ မလုပ်နိုင်ခဲ့သည့် အရာလည်းဖြစ်ပါသည်။ ဤလုပ်ရပ်များကို လူသားသမိုင်းမှာ တစ်ခါမှမဖြစ်ဖူးသည့် လုပ်ဆောင်ချက်များဟု ခေါ်ဆိုနိုင်ပါသည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ အောက်မေ့ခြင်းခံရဖို့၊ အတုခိုးခြင်း ခံရဖို့ ထိုက်တန်ပါသည်။ လူသား၏ အစအဦးကတည်းက ဘုရင်တိုင်းသည် ဘုရားသခင်ကို ခုခံဆန့်ကျင်ရန် သူ၏လူများကို ဦးဆောင်ခဲ့သည်။ သူတို့၏ ဆိုးယုတ်မှုအတွက် ရွေးနှုတ်ခြင်းကို ရှာဖွေဖို့ ဘုရားသခင်ကို တောင်းပန်တိုးလျှိုးဖို့၊ ယေဟောဝါဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ရယူပြီး ဖြစ်လာတော့မည့် အပြစ်ဒဏ်ခတ်မှုကို ရှောင်ကြဉ်ဖို့ မည်သူကမှ သူ့လူများကို ဦးမဆောင်ခဲ့ပေ။ သို့သော်လည်း နိနေဝေဘုရင်က သူ့လူများကို ဘုရားဆီသို့ ဦးဆောင်ဖို့၊ သူတို့၏ သက်ဆိုင်ရာ မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့လက်မှာရှိသည့် ကြမ်းတမ်းရက်စက်မှုများကို စွန့်လွှတ်ဖို့ ပြုလုပ်နိုင်ခဲ့သည်။ တဖန် သူ၏ပလ္လင်ကိုလည်း ဘေးချထားနိုင်ခဲ့သည်။ အပြန်အလှန် အနေနှင့် ယေဟောဝါဘုရားသခင်သည် ပြန်လှည့်ပြီး နောင်တရခဲ့သည်။ သူ၏အမျက်ဒေါသကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး မြို့မှာရှိသည့်လူများကို အသက်ရှင်ခွင့်ပေးပြီး ဖျက်ဆီးခြင်းမှ ကင်းလွတ်ခွင့်ပေးလိုက်သည်။ ဘုရင်ကြီး၏ အပြုအမူကို လူသားသမိုင်းမှာ ရှားပါးသည့် ဆန်းကြယ်မှုဟုပင် ခေါ်ဆိုနိုင်ပါသည်။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်က ဘုရားသခင်ရှေ့မှာ သူတို့၏အပြစ်များကို ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့၏ စံပြတစ်ခုဟုပင် ခေါ်ဆိုနိုင်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

နိနေဝေမြို့သားတို့၏ နှလုံးသားမှာရှိသည့် စစ်မှန်သည့်နောင်တသည် ဘုရားသခင်၏ သနားညှာတာမှုကို ရယူနိုင်ခဲ့ပြီး သူတို့၏အဆုံးသတ်ကို ပြောင်းလဲစေခဲ့သည်

ဘုရားသခင်၏ နှလုံးသားပြောင်းလဲခြင်းနှင့် သူ၏အမျက်ဒေါသကြားမှာ တစ်ခုနှင့်တစ်ခုမကိုက်ညီခြင်း ရှိသလော။ မည်သို့ရှိပါ့မည်နည်း။ ဤသည်မှာ အထူးသဖြင့် ထိုအချိန်၌ ဘုရားသခင်၏ သည်းခံခြင်းက အကြောင်းရင်း ရှိသည့်အတွက်ကြောင့်ဖြစ်သည်။ ဤအကြောင်းရင်းက မည်သို့ ဖြစ်နိုင်မည်နည်း။ သမ္မာကျမ်းစာမှာ ပြထားသည့် အရာတစ်ခု ဖြစ်ပါသည်။ “လူတိုင်းက သူ၏မကောင်းသည့်လမ်းခရီးများကို ထားခဲ့သည်” ဆိုခြင်းနှင့် “သူတို့လက်ထဲက ရက်စက် ကြမ်းကြုတ်မှုများကို စွန့်ပစ်သည်” ဆိုခြင်းတို့ဖြစ်ပါသည်။

ဤ “မကောင်းသည့် လမ်းခရီး” က မကောင်းသည့် လုပ်ရပ်တစ်ချို့ကို ရည်ညွှန်းခြင်းမဟုတ်ပေ။ လူတို့၏ အပြုအမူနောက်က မကောင်းသည့်အရင်းအမြစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။“သူ၏ မကောင်းသည့်လမ်းခရီးကို ထားခဲ့ခြင်း” ဆိုသည်မှာ ထိုလူတို့သည် ဤလုပ်ရပ်တို့ကို ဘယ်တော့မှ နောက်ထပ် မကျူးလွန်တော့ဘူးဟု ဆိုလိုပါသည်။ တစ်နည်းပြောရလျှင် သူတို့သည် ဤမကောင်းသည့်နည်းလမ်းကို နောက်ထပ် ဘယ်တော့မှ မပြုလုပ်တော့ပေ။ သူတို့လုပ်ရပ်များ၏ နည်းလမ်း၊ အရင်းအမြစ်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် သဘောတရားများသည် အားလုံးပြောင်းလဲခဲ့သည်။ သူတို့နှလုံးသားမှာ သာယာကြည်နူးမှုနှင့် ပျော်ရွှင်မှုကိုရရှိဖို့ ဤနည်းလမ်းများနှင့် သဘောတရားများကို ဘယ်တော့မှ အသုံးပြုမှာမဟုတ်တော့ပေ။ “သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်သည်” မှာရှိသည့် “စွန့်လွှတ်” ဆိုခြင်းက လွတ်ချဖို့ သို့မဟုတ် ဘေးဖယ်လိုက်ဖို့၊ အတိတ်ကို လုံးဝ ဖြတ်တောက်လိုက်ပြီး ဘယ်တော့မှ နောက်ပြန်မကြည့်ဖို့ကို ဆိုလိုခြင်းဖြစ်သည်။ နိနေဝေ၏ လူတို့သည် သူတို့လက်ထဲက ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်ခဲ့သည့်အခါမှာ ဤအချက်သည် သူတို့၏ မှန်ကန်သည့် နောင်တကို သက်သေပြသကဲ့သို့ ကိုယ်စားလည်းပြုပါသည်။ ဘုရားသခင်သည် လူတို့၏ အပြင်ပန်းနှင့် သူတို့၏ နှလုံးသားကိုလည်း လေ့လာကြည့်ရှုပါသည်။ ဘုရားသခင်သည် နိနေဝေမြို့သားတို့၏ နှလုံးသားမှာရှိသည့် မှန်ကန်သည့် နောင်တကို မေးခွန်းမမေးဘဲနှင့် လေ့လာကြည့်ရှုပြီး သူတို့သည် သူတို့၏ မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့၏လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်ခဲ့ကြောင်းကိုလည်း ကြည့်ရှုသိမြင်ပြီးသည့်အခါ သူ့နှလုံးသားကို သူပြောင်းလဲခဲ့သည်။ ဆိုလိုသည်မှာ ဤလူတို့၏ အနေအထိုင်၊ အပြုအမူနှင့် အကြောင်းအရာများကို လုပ်ဆောင်သည့်နည်းလမ်းအမျိုးမျိုးနှင့် သူတို့ နှလုံးသားထဲမှာ ရှိသည့် မှန်ကန်သည့် ဝန်ခံခြင်းနှင့် နောင်တတို့သည် ဘုရားသခင်အား သူ့နှလုံးသားပြောင်းလဲစေဖို့၊ သူ၏ ရည်ရွယ်ချက်များကို ပြောင်းလဲစေဖို့၊ သူ၏ဆုံးဖြတ်ချက်ကို ရုတ်သိမ်းပြီး သူတို့ကို ပြစ်ဒဏ်မခတ်ဖို့ သို့မဟုတ် မဖျက်ဆီးဖို့ ဖြစ်စေခဲ့သည်။ ထို့ကြောင့် နိနေဝေမြို့၏ လူတို့သည် မတူညီသည့် အဆုံးသတ်ကို ရရှိခဲ့ပါသည်။ သူတို့၏ ကိုယ်ပိုင်အသက်ကို ပြန်လည် ရွေးနှုတ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ဘုရားသခင်က သူ၏ အမျက်ဒေါသကို ရုတ်သိမ်းခဲ့စေသည့် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံမှုကို ရယူနိုင်ခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံမှုတို့သည် မနည်းပါးပေ။ လူသား၏ စစ်မှန်သည့် နောင်တသာ နည်းပါးခြင်းဖြစ်သည်

နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပဲ စိတ်ဆိုးခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး လျှော်တေအဝတ်နှင့် ပြာများကို ဝတ်ဆင်ပြီးသည်နှင့် သူ့နှလုံးသားသည် တဖြည်းဖြည်းပျော့ပြောင်းလာပြီး သူ့နှလုံးသားကို သူ စတင်ပြောင်းခဲ့ပါသည်။ သူတို့၏မြို့ကို သူဖျက်ဆီးမည်ဆိုသည်ကို သူတို့ကို ကြေညာလိုက်သည့်အခါမှာ၊ သူတို့၏အပြစ်များအတွက် သူတို့၏ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့ မတိုင်ခင်အချိန်မှာ ဘုရားသခင်က သူတို့ကို စိတ်ဆိုးနေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်အစဉ်ကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေ၏ လူတို့အပေါ် ဘုရားသခင်၏ ဒေါသသည် သူတို့အတွက် သနားညှာတာခြင်းနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့ပါသည်။ အဖြစ်အပျက်တစ်ခုတည်းမှာ ဘုရားသခင်၏ စိတ်သဘောထား၏ ဤအချက်နှစ်ခု တစ်ချိန်ထဲမှာ ထုတ်ဖော်ခြင်းနှင့်ပတ်သက်ပြီး မကိုက်ညီမှု တစ်ခုမှမရှိပေ။ ဤမကိုက်ညီမှုမရှိခြင်းကို ဘယ်လိုနားလည်ပြီး သိရှိနိုင်မည်နည်း။ နိနေဝေမြို့သားတို့က နောင်တရခဲ့သည့်အခါမှာ ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို ထုတ်ဖော်ဖွင့်ပြခဲ့ပြီး ဘုရားသခင်၏ အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ထိပါးစော်ကား၍ မရနိုင်ခြင်းကို လူတို့ကို မြင်စေခဲ့သည်။ ဘုရားသခင်က လူတို့ကို အောက်ပါအကြောင်းများကိုပြောဖို့ သူ၏ သဘောထားကို အသုံးပြုခဲ့သည်။ ဘုရားသခင်က လူတို့ကို သည်းမခံခြင်း၊ သို့မဟုတ် သူတို့အပေါ်မှာ သနားညှာတာမှု မပြချင်တာမျိုး မဟုတ်ပေ။ လူတို့က ဘုရားသခင်အပေါ် အမှန်တကယ် နောင်တရခြင်းက ရှားပါးနေခြင်းဖြစ်သည်။ လူတို့က သူတို့၏မကောင်းသည့်လမ်းခရီးများကို အမှန်တကယ် ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်ခြင်းက ရှားပါးနေခြင်းဖြစ်ပါသည်။ တစ်နည်းပြောရလျှင် ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါမှာ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်သည်။ လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူမျှော်လင့်သည်။ ဤကဲ့သို့ဆိုရလျှင် သူသည် လူသားအပေါ်ကို သူ၏ သနားညှာတာမှုနှင့် သည်းခံခြင်းကို သဘောထားကြီးစွာနှင့် ဆက်လက် ချပေးသနားမှာဖြစ်ပါသည်။ ဆိုလိုသည်မှာ လူသား၏ မကောင်းသည့် အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေပြီး ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့မှာ အမှန်တကယ် နောင်တရသူများအပေါ်၊ သူတို့၏မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို ချပေးသနားပါသည်။ ဘုရားသခင်၏ သဘောထားသည် နိနေဝေမြို့သားများအပေါ် သူ၏ ဆက်ဆံမှုမှာ အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားပါသည်။ ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ လုံးဝ မခက်ခဲပေ။ သူသည် စစ်မှန်သည့် နောင်တကို တောင်းဆိုခြင်းဖြစ်သည်။ လူတို့က သူတို့၏ မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်လျှင် ဘုရားသခင်က သူ့နှလုံးသားကို ပြောင်းလဲမှာဖြစ်ပြီး သူတို့အပေါ် သူ့သဘောထားကို ပြောင်းလဲမှာ ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

အရှေ့သို့- ၄၇။ မိမိကိုယ်မိမိ အစစ်အမှန် သိခြင်းဆိုင်ရာ မူများ

နောက်တစ်ခုသို့- ၄၉။ မိမိကိုယ်ကို ငြင်းပယ်ပြီး ဇာတိပကတိကို စွန့်လွှတ်ခြင်းဆိုင်ရာ မူများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်