၈၅။ အလှူဒါနများနှင့် ပေးကမ်းစွန့်ကြဲမှုများ ပေးခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) အလှူဒါနများကို မည်သည့် အကြောင်းရင်းမဆိုအတွက် တောင်းခံခြင်းမှ အသင်းတော်သည် မည်သူမဆိုကို လုံးဝ တားမြစ်သည်။ ထိုသို့ လုပ်ဆောင်သည့် မည်သူမဆိုသည် ဖုံးကွယ်ထားသော ကြံရွယ်ချက်များ ရှိပြီး ဖော်ထုတ်ကာ အကြောင်းကြားသင့်သည်။

(၂) သမ္မာတရားကို နားမလည်သည့် ယုံကြည်သူသစ်များကို လှူဒါနများ ပေးကမ်းခြင်းမှ တားမြစ်ထားသည်။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိသူတို့သာ လှူဒါန်းနိုင်သည်။

(၃) ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က အလှူဒါနများ သို့မဟုတ် ပေးကမ်းစွန့်ကြဲမှုများ ပေးသည့်အခါ၊ ၎င်းတို့ လိုလားနေကာ စိတ်အားထက်သန်သည်အထိ ထပ်သလဲလဲ ဆုတောင်းခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ မည်သည့်နောင်တမျှ တစ်ကြိမ်တစ်ခါမျှ မရှိဘဲ သို့မဟုတ် အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မရှာဖွေဘဲ အလှူဒါနများ ပြုလုပ်နိုင်သည် သို့မဟုတ် ပေးကမ်းစွန့်ကြဲမှုများ ပေးနိုင်သည်။ ဤအရာများကိုသာ ဘုရားသခင်က အမှတ်ရလိမ့်မည်။

(၄) ပေးကမ်းစွန့်ကြဲမှုများကို မှန်ကန်တိကျစွာ သတ်မှတ်ရမည်။ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အချိန်ကြာမြင့်စွာ အသုံးခံနေပြီးဖြစ်ကာ ငွေကြေးဆိုင်ရာ အခက်အခဲကို ခံစားနေရသည့် ညီအစ်ကို မောင်နှမများကို အဓိက လှူဒါန်းရန်မှာ ဘုရားသခင်၏ အလိုတော်နှင့် သာ၍ နီးစပ်သည်။

(၅) ဘုရားသခင်ထံ လှူဒါန်းထားသည့် ငွေနှင့် ပစ္စည်းများကို လုံလုံခြုံခြုံ ထိန်းသိမ်းခြင်းအတွက် အသင်းတော်ထံသို့ ပေးထားသင့်သည်။ တစ်ဦးတစ်ယောက်သည် ယင်းတို့ကို မိမိဘာသာလည်း စောင့်ရှောက်နိုင်သည် သို့မဟုတ် ယင်းတို့ကို လုံလုံခြုံခြုံ ထိန်းသိမ်းခြင်းအတွက် ဘုရားသခင်ကို အမှန်တကယ် ချစ်သည့် တစ်စုံတစ်ဦးထံ ပေးထားနိုင်သည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြ လော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။ ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုရကြပြီ။ သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့်။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၆:၁-၄)

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်းသည် နှုတ်ကပတ်တော်များကို ဖော်ပြခြင်းအားဖြင့်သာ မဟုတ်ပေ။ ယင်းသည်- ဧဝံဂေလိတရား ဖြန့်ဝေခြင်း၊ အသင်းတော်များကို ရေလောင်းပေးခြင်း၊ ရုပ်သံ အစီအစဉ်များ၊ အနုပညာ အစီအစဉ်များ၊ ပြီးလျှင် ဗွီဒီယိုနှင့် စာသားလက်ရာတစ်ခု အပါအဝင် ကြီးမားသည့် အလုပ်ပမာဏတစ်ခုလည်း ပါဝင်လေသည်။ ဤအလုပ်က အလွန်များပြားသည့် လူ၊ ငွေရေးကြေးရေးနှင့် ရုပ်ဝတ္ထုအရင်းအမြစ် ပမာဏတစ်ခု လိုအပ်သည်၊ ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်ခြင်းခံထားရသည့် လူအားလုံးသည် မိမိတို့ကိုယ်ကိုယ် ပူဇော်သင့်သည်၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးတော်ခံသင့်ပြီး ဧဝံဂေလိတရား ဖြန့်ဝေခြင်း အလုပ်အတွက် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါများ၏ တာဝန်များနှင့် ဝတ္တရားများကို ထမ်းဆောင်သင့်ပေသည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ကြပေလိမ့်မည်။ လူသားက မွေ့လျော်သည့်အရာအားလုံးသည် ဘုရားသခင်က ပေးထားခြင်း ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်ခြင်းခံထားရသည့် လူတို့သည် ၎င်းတို့ရသည့် ငွေများအားလုံးထဲမှ တစ်စိတ်တစ်ပိုင်းကို ဘုရားသခင်၏ ဧဝံဂေလိတရား ဖြန့်ဝေခြင်းတွင် အသုံးပြုဖို့ လှူဒါန်းသင့်ပေသည်။ ဤအရာကို ကောင်းကင်ဘုံက စီမံကာ မြေကြီးက အသိအမှတ်ပြုထားခြင်း ဖြစ်ပြီး ဖြည့်ဆည်းအပ်သော ဝတ္တရားတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို နှစ်များအချို့ကြာ ယုံကြည်ခြင်းပြီးနောက်တွင် မည်သည့်အရာကိုမျှ မလှူဒါန်းဖူးပါက၊ ဤသည်မှာ ၎င်းတို့အနေဖြင့် စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့ပြီး သမ္မာတရားကို ၎င်းတို့ နားမလည်ကြောင်း၊ အသိတရား သို့မဟုတ် အသိစိတ် မရှိကြသကဲ့သို့ ဘုရားသခင်၏ ရှေ့တွင် အသက်ရှင်ရန် မသင့်တော်ကြသည်ကို ပြသပေသည်။ ထို့ကြောင့်၊ ဘုရားသခင်ကို ယုံကြည်သူ အယောက်တိုင်းသည် မိမိတို့၏ ဝေစုကို ဘုရားသခင်၏ အမှုတော်အဖို့ ထည့်ဝင်သင့်ကြပေသည်။ ထည့်ဝင်သည့် နည်းလမ်းကို မိမိ၏ ကိုယ်ပိုင် သိနားလည်မှုအတိုင်း ဆုံးဖြတ်သင့်ပေသည်။ လူအချို့က ၎င်းတို့ ရရှိသမျှတိုင်း၏ ဆယ်ရာခိုင်နှုန်းကို ပေးလှူဖို့ ဆုံးဖြတ်ထားကြသည်။ အချို့က ၎င်းတို့၏ ဖြစ်တည်မှုတစ်ခုလုံးကို ဘုရားသခင်အဖို့ ဆက်ကပ်ကြပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးတော်ခံကြလေသည်။ ၎င်းတို့ မည်သို့ ထည့်ဝင်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် ထိုသို့ထည့်ဝင်ရာတွင် ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်ကြသရွေ့၊ ယင်းကို ဘုရားသခင်က လက်ခံလိမ့်မည်ဖြစ်သည်။ အသင်းတော် အသီးသီးသည် ဘုရားသခင်၌ အမှန်တကယ် ယုံကြည်သောသူများနှင့် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းရှိသူများက စေတနာအလျောက် ပေးနိုင်ကြဖို့အလို့ငှာ အလှူငွေပုံးတစ်ခု စီစဉ်သင့်ပေသည်။ ဘုရားသခင်၏ အိမ်တော်သည် သမ္မာတရားကို နားမလည်သည့် ယုံကြည်သူသစ်များနှင့် ဆင်းရဲချို့တဲ့သူများကို လှူဒါန်းမှုများ ပြုဖို့ မလိုဟု စီရင်ချက်ချနှင့်ပြီးဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ခြင်းခံထားရသည့် လူတို့ ပေးသော အလှူငွေများကို တစ်ဦးချင်း၏ ယုံကြည်ခြင်းပေါ် အခြေခံ၍ သတ်မှတ်ထားပေသည်။ ဤထည့်ဝင်သောငွေကြေးများက များစွာသော ဆုတောင်းမှုများနောက်တွင် လာသရွေ့၊ လိုလိုလားလား ပေးထားသရွေ့၊ ပြီးလျှင် ထိုလူက အပြန်အလှန်အားဖြင့် မည်သည့်အရာမျှ မတောင်းဆိုသရွေ့၊ ယင်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် လုံးဝ ညီညွတ်ပေသည်။ အသင်းတော်သည် ယုံကြည်သူသစ်များက စိတ်အားထက်သန်စွာပေးသည့် အလှူငွေများ သို့မဟုတ် မိသားစု အငြင်းပွားမှုများသို့ ဆိုက်ရောက်စေနိုင်ခြေရှိသည့် အလှူငွေများကို လက်မခံပေ။ အသင်းတော်သည် မည်သည့်အကြောင်းရင်းအတွက်မျှ အလှူငွေများကို တောင်းခံရန် မည်သူကိုမျှ ခွင့်မပြုပေ။ အလှူငွေများကို တောင်းခံဖို့ ကြိုးစားသူအားလုံးတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များရှိပြီး ၎င်းတို့ကို ဖော်ထုတ်ကာ အကြောင်းကြားသင့်ပေသည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ၎င်းတို့ လှူဒါန်းသော အလှူငွေများကို ဘုရားသခင်အား ပေးခြင်းဖြစ်သည်၊ မည်သည့်အသင်းတော် သို့မဟုတ် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေးခြင်း မဟုတ်သည်ကို နားလည်ကြရမည်။ အသင်းတော်တစ်ပါး သို့မဟုတ် တစ်ဦးချင်းအား လှူဒါန်းခြင်းသည် လုံးဝ မှားယွင်း၏။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အလှူငွေများ ပေးခြင်း၏ အရေးပါမှုနှင့် အခြေခံသဘောတရားများကို သိနားလည်ခြင်း၏ အခြေခံအုတ်မြစ်အပေါ်တွင် လှူဒါန်းသင့်ပေသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်က ၎င်းတို့ကို အမှတ်ရပြီး ကောင်းချီးပေးလိမ့်မည်ဖြစ်သည်။

ကျေးဇူးတော်ခေတ်အတွင်းတွင်၊ သခင်ယေရှုက၊ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီ။” (ရှင်မဿဲခရစ်ဝင် ၂၅:၄၀) ဟု ဆိုခဲ့သည်။ ဘုရားသခင်အတွက် စိတ်အားထက်သန်စွာ စွန့်လွှတ်မှုများ ပြုလုပ်ပြီး မိမိတို့ကိုယ်ကိုယ် အသုံးတော်ခံကြကာ၊ ၎င်းတို့၏ အသက်တာများ၌ ငွေရေးကြေးရေး အခက်အခဲ တွေ့ကြုံနေရသည့် ညီအစ်ကို မောင်နှမများကို ကူညီဖို့ ချစ်ခြင်းမေတ္တာဖြင့် ပေးသည့် ပေးကမ်းစွန့်ကြဲမှုများသည် ကောင်းသော လုပ်ဆောင်ချက်များဖြစ်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုံးဝ ကိုက်ညီပေသည်။ သို့သော် အချို့သော လူများသည် ခေါင်းဆောင်များအတွက်သာ စျေးကြီးသည့် ပစ္စည်းများကို ဝယ်ကြ၏။ ထိုသို့သော လက်ဆောင်များသည် ချစ်ခြင်းမေတ္တာမှ ပေးသည့် ပေးကမ်းစွန့်ကြဲမှု မဟုတ်ပေ။ ယင်းတို့သည် ကိုယ်ရေးကိုယ်တာ အရင်းခံအကြောင်းများနှင့် ရည်မှန်းချက်များဖြင့် စွန်းထင်းသည့် ရှင်သန်မှုနှင့်ဆိုင်သည့် ဖော်လံဖား အတွေးအခေါ်တစ်ခုသာဖြစ်ပြီး၊ ယင်းတို့ကို ဘုရားသခင်က အမှတ်မရပေ။ ပေးကမ်းစွန့်ကြဲမှုကို အခြေခံသဘောတရားများဖြင့် ထိန်းချုပ်ရမည်ဖြစ်ပြီး၊ မှန်ကန်သည့် လက်ခံရရှိသူများကို ဦးတည်ရမည်ဖြစ်သည်။ ပေးကမ်းစွန့်ကြဲခြင်းကို ဆိုးယုတ်သည့် အတုအယောင် ခေါင်းဆောင်များ သို့မဟုတ် အန္တိခရစ်တို့ကို ပေးရမည်မဟုတ်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မကောင်းမှုကို ပံ့ပိုးပေးခြင်းဖြစ်ပြီး၊ ယင်းသည် မကောင်းမှုပြုခြင်းသက်သက်သာ ဖြစ်သည်။ ချစ်ခြင်းမေတ္တာဖြင့် အမှန်တကယ် ပေးကမ်းစွန့်ကြဲခြင်းသည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် စစ်မှန်ရိုးသားစွာ အသုံးခံကြသူများ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ထောက်ပံ့ပေးနိုင်သူ၊ ရေလောင်းပေးနိုင်ပြီး ဝိုင်းဝန်းကူညီနိုင်သူများနှင့် အသင်းတော်၏ အလုပ်နှင့် ရွေးချယ်ခံထားရသော လူတို့၏ ကြီးထွားမှုကို အကြီးမားဆုံး ပံ့ပိုးမှုပြုသူများအား ပေးခြင်းကို ဆိုလိုပေသည်။ ထိုသို့သော လူများကို- ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းခံရပြီး ဘုရားသခင်၏ ကောင်းချီးပေးခြင်းခံရသည့်လူများကို- ပေးကမ်းစွန့်ကြဲခြင်းသည် ဘုရားသခင်၏ စိတ်နှလုံးနှင့် လုံးဝ ညီညွတ်ပေသည်။ လူတစ်ဦးဦးကို မျက်နှာလို မျက်နှာရလုပ်ပြီး မိမိ၏ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်များကို ရရှိဖို့အလို့ငှာ ပေးကမ်းစွန့်ကြဲခြင်း သို့မဟုတ် လက်ဆောင်များပေးခြင်းသည် သမ္မာတရားနှင့် လုံးဝ သဘောကွဲလွဲပေသည်။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် ဘုရားသခင်၏ အိမ်တော်၏ အမှုကို ထည့်တွက်ဖို့၊ မိမိတို့တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့၊ ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံဖို့နှင့် အဆင့်အတန်းနှင့်ဆိုင်သည့် ကောင်းချီးမင်္ဂလာများကို မတပ်မက်ဖို့ သာ၍ပင် ကြီးမားသည့် ဝတ္တရားတစ်ခု ရှိကြသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့ကို ကြီးကြပ်ဖို့မှာ ဘုရားသခင် ရွေးချယ်ထားသည့် လူအားလုံး၏ တာဝန် ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၈၄။ ကောင်းမွန်သော လုပ်ဆောင်ချက်များကို ပြင်ဆင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၈၆။ ဘုရားသခင်အဖို့ လှူဖွယ်ပစ္စည်းများကို ဆက်ဆံပုံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်