၁၂၅။ မိမိ၏ နှလုံးသားကို အခြားသူများသို့ ဖွင့်ခြင်း နိယာမများ

(၁) သမ္မာတရားကို ချစ်သောသူတစ်ယောက်နှင့် စကားပြောသောအခါ၊ နှလုံးသားမှ ပြောဆို သင့်သည်။ သင်၏ စစ်မှန်သော အခြေအနေ နှင့် သင်၏ အခက်အခဲများကို ပွင့်လင်းစွာ ချပြလော့။ သမ္မာတရားကို ရှာဖွေလော့။ မေတ္တာဖြင့် ဖြစ်သော ကူညီစောင်မမှုကို သင်သည် ရရှိလိမ့်မည်။

(၂) အခြားသူများကို ရိုသားစွာဆက်ဆံရန်၊ သူတို့နှင့် မေတ္တာဖြင့် အပြန်အလှန် ဆက်သွယ်ရန်၊ သမ္မာတရားအတိုင်း ပြောဆိုရန် လိုအပ်သည်။ ဤမှသည် အခြားသူများကို ကူညီခြင်း နှင့် ပြုပြင်ခြင်း ပြုသည်။ လူတို့ကို မည်သည့်အခါမျှ မတိုက်ခိုက်နှင့်၊ သံသယမရှိနှင့်။

(၃) အခြားသူများ၏ အားနည်းချက်များ နှင့် အခက်အခဲများကို နားလည်ရပါမည်။ သူတို့သည် သက်တောင့်သက်သာရှိနိုင်ရန် နှင့် အနိုင်အထက်ပြုခြင်းကို မခံစားရစေရန် သူတို့နှင့်အတူ တူညီသောအခြေခံတွင် ရပ်တည်နိုင်လော့၊ သင်၏ နှလုံးသားမှ ပြောဆိုခြင်းအားဖြင့် သူတို့ကို ကူညီလော့။

(၄) အခြားသူများနှင့် အပြန်အလှန် ပြောဆိုသည့်အခါ၊ အခြားသူများကို ပြုပြင်ရန် နှင့် အကျိုးဖြစ်စေမည် အကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သူတို့၏ကြုံတွေ့မှုကို မိတ်သဟာယဖွဲ့ သင့်သည်။ အခြားသူများသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော် နှင့် ကယ်တင်ခြင်းကို ခံစားရစေရန် ကူညီလော့။ အသက်တာ၏ မှန်ကန်သောလမ်းတွင် စတင် တက်လှမ်းရန် ကူညီလော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်သည် အခြားသူများကို တည်ဆောက်ပေးနိုင်ပြီး အကျိုးဖြစ်ထွန်းစေနိုင်ဖို့၊ ၎င်းတို့အား ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်စေနိုင်ပြီး၊ အထင်လွဲမှုများနှင့် အတွေးမှားများမှ လွတ်မြောက်စေရန် ကူညီနိုင်ဖို့အလို့ငှာ၊ သင်သည် သမ္မာတရားကို မိတ်သဟာယပြုပြီး တစ်စုံတစ်ခုကို ရှင်းလင်းစွာနှင့် နားလည်နိုင်အောင် ပြန်လည်ပြောပြသည့်အခါ၊ အထက်စီးမှနေဖို့ လိုအပ်ချက်တစ်စုံတစ်ရာ ရှိသလော။ သင်သည် ဩဝါဒခြွေသည့်လေသံတစ်ခုကို သုံးဖို့ လိုသလော။ သင်သည် ၎င်းတို့ကို ဆူစရာမလိုသကဲ့သို့၊ ကျယ်လောင်စွာ စကားပြောဖို့လည်း မလိုအပ်ပေ။ အော်ဟစ်စရာလည်း မလိုပေ၊ သင်၏စကားများ၊ လေသံ သို့မဟုတ် လေယူလေသိမ်းတို့တွင် တုံးတိဖြစ်စေဖို့ သာ၍ လိုအပ်မှု နည်းပါလေသည်။ ပုံမှန်လေသံတစ်ခုကို အသုံးပြုဖို့၊ တန်းတူညီမျှရှိသော အနေအထားတစ်ခုမှ မိတ်သဟာယပြုဖို့၊ အေးအေးဆေးဆေး စကားပြောဖို့၊ သင်၏စိတ်နှလုံးထဲရှိ စကားများကို ထုတ်ဖော်ပြောဖို့နှင့် သင်နားလည်သည့်အရာနှင့် အခြားသူများ နားလည်ဖို့ လိုသည့်အရာတို့ကို ရှင်းလင်းစွာနှင့် နားလည်နိုင်အောင် ပြောရန် ကြိုးပမ်းဖို့ သင်ယူရန်သာ သင်လိုအပ်သည်။ သင်သည် နားလည်နိုင်အောင် စကားပြောသည့်အခါ၊ အခြားသူများက သင်ဆိုလိုသည့်အရာကို သိမည်ဖြစ်ကာ၊ သင်၏ဝန်သည် လျော့သွားမည် ဖြစ်ကာ၊ ၎င်းတို့သည်လည်း နားလည်မှုလွဲခြင်း ရပ်သွားလိမ့်မည်၊ ပြီးလျှင် သင်ဆွေးနွေးပြောဆိုနေသည့် အရာနှင့်ပတ်သက်၍ သင်သည် ပို၍ ရှင်းလင်းလာလိမ့်မည်။ ယင်းက သင်တို့နှစ်ဦးလုံးကို မတည်ဆောက်သလော။ ၎င်းတို့ကို ကြမ်းကြမ်းတမ်းတမ်း ဝေဖန်တရားချနေဖို့ လိုအပ်ချက် တစ်စုံတစ်ရာ ရှိသလော။ အခြေအနေများစွာတွင် ဤအရာကို ၎င်းတို့အား အတင်းလက်ခံခိုင်းနေရန် မလိုအပ်ပေ။ ၎င်းတို့အပေါ် မည်သည့်သွန်သင်ချက်များကိုမျှ သင် အတင်းအကျပ် လက်ခံခိုင်းမနေသော်လည်း၊ သင်ပြောစရာရှိသည့်အရာကို ၎င်းတို့က လက်ခံဖို့ငြင်းဆန်ဆဲဖြစ်ပါက၊ သင် မည်သည့် အရာကို လုပ်သင့်သနည်း။ သင်ပြောသည့်အရာ အချို့သည် သမ္မာတရားဖြစ်ပြီး အမှန်တရား ဖြစ်သော်လည်း၊ ယင်းတို့ကို သင် ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက် လူများက သင်၏စကားများကို လက်ခံနိုင်ကြသလော။ ဤစကားများကို လက်ခံဖို့နှင့် ၎င်းတို့ပြောင်းလဲဖို့ မည်သည့်အရာကို လိုအပ်သနည်း။ ၎င်းတို့သည် နည်းစနစ်တစ်ခုကို လိုအပ်သည်။ ပြောင်းလဲဖို့ အသုံးပြုရမည့် နည်းစနစ်တစ်ခုကို သင်သည် ၎င်းတို့အား ပေးရမည်။... ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောခြင်း၏ရည်ရွယ်ချက်မှာ လူများအကြား သာမန် လူသား ဆွေးနွေးပြောဆိုမှုရှိဖို့နှင့် စိတ်ချင်းဖလှယ်မှုတစ်ခု ဖြစ်ပေါ်ဖို့တို့အတွက် ဖြစ်သည်။ ယင်းမှာ အနည်းဆုံး အဆင့်ကို ပြောခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် ပြောပါက၊ အဓိကအချက်မှာ လူများသည် တစ်ဦး၏ အခြေအနေကို တစ်ဦးက နားလည်ဖို့၊ တစ်ဦး၏ ပျော့ကွက်များကို တစ်ဦးက ထေမိစေဖို့ရာ အချင်းချင်း၏အားသာချက်များကို အသုံးပြုဖို့၊ တစ်ဦးကိုတစ်ဦး ထောက်ပံ့ဖို့နှင့် တစ်ဦးကိုတစ်ဦး ကူညီဖို့တို့ ဖြစ်သည်။ ဤသည်မှာ ဤအရာ၏ အကျိုးဖြစ်သည်။ ဤသည်က လူများအကြား ပုံမှန် အပြန်အလှန်အကျိုးပြုမှုတစ်ခုဆီသို့ မဆိုက်ရောက်စေသလော။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

အကယ်၍ သင်သည် သမ္မာတရားအား ရှာဖွေရန် ဆန္ဒရှိပါက၊ အကယ်၍ သင်သည် သင်၏မှားယွင်းနေသော စိတ်ဓာတ်လှုံ့ဆော်မှုများ၊ အခြေအနေများ၊ သို့မဟုတ် စိတ်နေစိတ်ထားများအား အစုံလိုက်အပြုံလိုက်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာရန် ဆန္ဒရှိပါက၊ ကျန်သည့်အရာအားလုံးထက်၊ သင်သည် မိမိထင်မြင်ခံစားရသည့်အတိုင်း ပြောဆိုရန်နှင့် မိတ်သဟာယဖွဲ့ရန်အတွက် သင်ယူရမည်ဖြစ်သည်။ သင်သည် မိမိထင်မြင်ခံစားရသည့်အတိုင်း ပြောဆိုပြီး မိတ်သဟာယဖွဲ့မည့်သူအား ရွေးချယ်နိုင်သည်ကား ဟုတ်ပေသည်။ သာမန်လူတို့သည် ၎င်းတို့အား ရယ်မောမည့်၊ သိက္ခာချမည့်၊ လှောင်ပြောင်မည့် ၎င်းတို့၏ အားနည်းချက်များအား အခွင့်ကောင်းယူပြီး ၎င်းတို့၏ ထင်မြင်ခံစားချက်အတိုင်း ပြောပြီးသောအခါ ၎င်းတို့အတွက် အခြေအနေများ ပိုမိုဆိုးဝါးလာစေရန် ကြိုးစားလုပ်ဆောင်မည့် သူတစ်စုံတစ်ယောက်အား သေချာပေါက် ရွေးချယ်ကြမည် မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားအား ရှာဖွေခြင်းတွင် ပို၍ ကျွမ်းကျင်သည့် တစ်စုံတစ်ယောက်၊ ပိုမိုကောင်းမွန်သောလူ့သဘာဝနှင့် တစ်စုံတစ်ယောက်၊ ပိုမိုရိုးသား၍ တော်ဖြောင့်သော စရိုက်ရှိသူ တစ်စုံတစ်ယောက်၊ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီးသောအခါ၊ ၎င်းတို့အား ကူညီနိုင်စွမ်းရှိမည့် သူများအားရှာဖွေကြမည်မှာ မလွှဲမသွေပင်ဖြစ်သည်။ ဤလူများမှာ ၎င်းတို့ ထင်မြင်ခံစားချက်အတိုင်း ပြောရန်နှင့် မိတ်သဟာယဖွဲ့ရန် ၎င်းတို့၏အခက်အခဲများ ဖြေရှင်းရန် ၎င်းတို့အား အကူအညီပေးရန်အတွက် ၎င်းတို့ ရှာဖွေ ကြမည့် လူများဖြစ်သည်။ ပထမဦးစွာအနေဖြင့်၊ ဤသည်မှာ ၎င်းတို့ ထင်မြင်ခံစားချက်အတိုင်း ပြောကာ မိမိကိုယ်ကိုယ် ထုတ်ဖော်ပြလျက်၊ ဘုရားသခင်ရှေ့မှောက်တွင် လူတစ်ဦး ပိုင်ဆိုင်သင့်သည့် သဘောထားပင်ဖြစ်ကာ၊ ဤသဘောထားသည် အလွန်အရေးကြီးသည်။ “ဒါတွေက ငါ့ရဲ့အခက်အခဲတွေပဲ၊ ငါ့အထဲမှာ အခြေအနေဆိုးတစ်ခုရှိတယ်၊ ငါက အပျက်သဘောဆောင်တယ်၊ ဒါပေမဲ့ ငါ ဘယ်သူ့ကိုမှ မပြောသေးဘူး။ ငါ့ဘာသာ အားလုံး စိတ််ထဲမှာပဲ ထားမယ်”ဟု ပြော၍ ချူပ်တည်းမထားလေနဲ့။ အကယ်၍ သင်သည် အမူအရာများအား အမြဲ မျိုသိပ်ထားပါက ၊ အချိန်ကြာလာသောအခါ သင်သည် ဆုတောင်းလိုစိတ် ရပ်တန့်သွားလိမ့်မည်၊ သင်၏အခြေအနေသည် တောင်အောက်သို့ ပို၍ ပို၍ လျှောကျသွားမည်ဖြစ်ကာ၊၊ အမူအရာများအား ပြောင်းလဲ လုပ်ဆောင်ရာ၌ ခက်ခဲလာမည် ဖြစ်သည်။ ထို့ကြောင့် သင်၏အခြေအနေသည် မည်သို့ပင်ဖြစ်စေ၊ သင်သည် အပျက်သဘောဆောင်သည်ဖြစ်စေ ၊ အခက်အခဲ ကြုံနေရသည်ဖြစ်စေ၊ သင် ကိုယ်တိုင်၏တစ်ကိုယ်ရေ စိတ်ဓာတ်လှုံ့ဆော်မှုများ သို့မဟုတ် အစီအစဉ်များ မည်သို့ ရှိသည် ဖြစ်စေ၊ သင် မည်သည့်အရာအား သိရှိလာသည်ဖြစ်စေ ၊ သို့မဟုတ် စစ်ဆေးမှုမှ တစ်ဆင့် သဘောပေါက်လာသည်ဖြစ်စေ၊ သင်သည် ထင်မြင်ခံစားရသည့်အတိုင်း ပြောဆိုရန်နှင့် မိတ်သဟာယဖွဲ့ရန်အတွက် သင်ယူရမည် ဖြစ်ကာ၊ သင် မိတ်သဟာယဖွဲ့သည်နှင့်အမျှ သန့်ရှင်းသော ၀ိညာဉ်တော်သည် အလုပ်လုပ်ဆောင်မည် ဖြစ်သည်။ ပြီးလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် မည်သို့ လုပ်ဆောင်သနည်း။ သူသည် သင့်အား ပြသာနာ၏ ပြင်းထန်မှုကို မြင်စေသည်။ သူသည် သင့်အား ပြသာနာ၏ အရင်းအမြစ်နှင့် အနှစ်သာရအား သတိမူမိစေသည်၊ ထို့နောက် တဖြည်းဖြည်းချင်း သူသည် သင့်အား သမ္မာတရားကို နားလည်စေသည်၊ သမ္မာတရား၏ စစ်မှန်မှု အတွင်း ဝင်ရောက်စေပြီး ဘုရားသခင်၏ အလိုတော်အား နားလည်စေသည်။ လူတို့သည် ထင်မြင်ခံစားရသည့်အတိုင်း ပြောဆိုကာ မိတ်သဟာယဖွဲ့နိုင်စွမ်းရှိသည့်အခါတွင်၊ အရာအားလုံးထက် ၊ သမ္မာတရားအပေါ်သဘောထားတစ်မျိုးဖြစ်သော ရိုးသားသည့် သဘောထားအား ကိုယ်စားပြုကာ၊ ၎င်းက သင်သည် စိတ်ရင်းအတိုင်း ဟုတ်မဟုတ်နှင့် သမ္မာတရားအပေါ် သင်၏သဘောထား မည်သို့ရှိသည်ကိုလည်း အတိအကျ ပြသနေသည်။ ရိုးဖြောင့်သည့် လူတို့သည် အခက်အခဲနှင့် အပျက်သဘောတို့ ၀ိုင်းရံဖိစီးခံရသောအခါ၊ ၎င်းတို့သည် မိတ်သဟာယဖွဲ့ရန် တစ်စုံတစ်ယောက်အား မပျက်မကွက် ရှာဖွေရန် ကြိုးစားကြသည်။ ၎င်းတို့သည် ဖြေရှင်းခြင်းလမ်းကြောင်းအား ရှာဖွေကြပြီး ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်အား ဖြည့်ဆည်းပေးရန် နည်းလမ်းအား ရှာဖွေကြကာ ဤပြသာနာ သို့မဟုတ် အခက်အခဲအား ဖြေရှင်းကြသည်။ ၎င်းတို့သည် အခက်အခဲနှင့် ရင်ဆိုင်နေရသည့်အတွက် တစ်စုံတစ်ဦးနှင့် ပြောဆိုခြင်းဖြင့် မိမိသက်သာရာရန် တစ်စုံတစ်ဦးအား ရှာဖွေခြင်း မပြုပေ၊ သို့သော် သမ္မာတရားစစ်မှန်မှုအတွင်းဝင်ရောက်မှု ရရှိရန် ဖြေရှင်းချက်နည်းလမ်းတစ်ခု ရှာဖွေသည်၊ ထိုသို့ ဖြင့် ၎င်းတို့သည် ၎င်းတို့၏အခက်အခဲအားဖြေရှင်းကာ ၎င်းတို့၏နောက်တွင် ချန်ထားခဲ့ကြသည်။ အကယ်၍ ဤအရာများသည် လူများအတွင်းတွင် ကြာမြင့်စွာဖုံးကွယ်ထားပါက၊ ၎င်းတို့သည် ဖျားနာမှုတစ်ခု ဖြစ်လာသည်။ ဘုရားသခင်နှင့်ပတ်သက်၍ မရိုးဖြောင့်သောလူများနှင့်စပ်လျဉ်း၍၊ ၎င်းတို့သည် ပြသာနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊အပြင်ပန်းတွင် သာမန်ဖြစ်ပုံရသော်လည်း၊ အတွင်းထဲတွင်၎င်းတို့၏ အပျက်သဘောသည်အလွန်ကြီးထွားနေလာခဲ့သောကြောင့် ၊ သင်သည် ဤသည်ကို မမြင်နိုင်သော်လည်း၊ ၎င်းတို့မှာ ပြန်မထနိုင်တော့ပေ။ ၎င်းတို့၌ မကျေနပ်မှုများ၊ နားလည်မှုလွဲခြင်းများနှင့် ၎င်းတို့ အတွင်း၌ ပုဂ္ဂိုလ်ရေးအရ စိတ်ဓာတ်လှုံ့ဆော်မှုများ ရှိလာသည့်အခါတွင်လည်း ထင်ရှားခြင်းမရှိပေ။ ၎င်းတို့သည် အမူအရာများအား မျိုသိပ်ထားကာ ၎င်းတို့၏စိတ်ထဲ၌သာ ထားသည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်အား ဆက်လက်လုပ်ဆောင်နေနိုင်သေးသော်လည်း၊ ၎င်းတို့သည် အသက်တာ ဝင်ရောက်မှုအား ရရှိမည်မဟုတ်ပေ၊ ထို့အပြင် ၎င်းတို့ လုပ်ဆောင်သည့် အရာမှန်သမျှတွင်လည်း အခြေခံသဘောတရားတစ်ခုရှိမည် မဟုတ်သည့်အပြင် ၎င်းတို့သည် အပြင်ပန်းတွင်လည်း တက်ကြွမှု မရှိဘဲ၊စိတ်ပါဝင်စားမှုလည်း မရှိပေ။ ၎င်းမှာ ပြသာနာတစ်ခုဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ” မှ

အရှေ့သို့- ၁၂၄။ အခြားသူများနှင့် အပြန်အလှန် ဆက်ဆံခြင်း နိယာမများ

နောက်တစ်ခုသို့- ၁၂၆။ ညီအစ်ကိုများ နှင့် ညီအစ်မများ အကြား ချစ်ခြင်း နိယာမများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်