၇၈။ မိမိ၏ တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ကိစ္စရပ်အားလုံးတွင်၊ သမ္မာတရားကို ရှာဖွေဖို့၊ ယင်းကို သိနားလည်လာဖို့နှင့် အခြေခံသဘောတရားအတိုင်း ဆောင်ရွက်ဖို့ လိုအပ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့်သာ တစ်ဦးတစ်ယောက်သည် သမ္မာတရား လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီး မိမိတို့၏ တာဝန်ကို ကျေနပ်ဖွယ်ရာ ထမ်းဆောင်ပေသည်။

(၂) ဘုရားသခင်က မည်သည့်အရာကို လိုလားပြီး တောင်းဆိုသည်ကို သိနားလည်ရန် လိုအပ်သည်။ သင်၏ တာဝန်ကို သင့်အား ခန့်အပ်သည်မှာ သူဖြစ်ပြီး၊ ယင်းကို ကောင်းမွန်စွာ သင် ထမ်းဆောင်ဖို့ ကောင်းကင်ဘုံက စီမံထားပြီး မြေကြီးက အသိအမှတ်ပြုထားခြင်း ဖြစ်သည်။

(၃) သင်၏ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်သွားနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန်နှင့် မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ခြင်းမှတစ်ဆင့် သင်၏ သဘာဝ အနှစ်သာရကို သိရှိဖို့ရန် လိုအပ်သည်။ ထိုသို့ဖြင့်သာ တစ်ဦးတစ်ယောက်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ပေသည်။

(၄) မိမိကိုယ်ကိုယ် ရိုးသားသော လူတစ်ဦးဖြစ်ရန် လေ့ကျင့်ဖို့ လိုအပ်သည်။ လိမ်လည်မှုနှင့် လှည့်ဖြားခြင်းအားလုံး၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ စိတ်ရှုပ်စရာနှင့် သတိမမူမိခြင်းအားလုံးကို ပြုပြင်ပြီး၊ သင်၏ တာဝန်ကို သင် ထမ်းဆောင်သည်နှင့်အမျှ အခြေခံသဘောတရားများအတိုင်း ဆောင်ရွက်လာလော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“ပြည့်မီသော တာဝန်ထမ်းဆောင်မှု” ဟူသည့် စကားရပ်တွင် “ပြည့်မီသော” ဟူသည့် စကားပေါ် အလေးပေးထား၏။ သို့ဆိုလျှင်၊ “ပြည့်မီသော” ဟူသည်ကို မည်သို့အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ ဤအရာတွင်လည်း ရှာဖွေဖို့ သမ္မာတရားတစ်ခုရှိ၏။ အသင့်အတင့်ဖြစ်သော အလုပ်တစ်ခုကို လုပ်ဆောင်ရုံမျှသည် ပြည့်မီသလော။ “ပြည့်မီသော” ဟူသည့် စကားလုံးကို မည်သို့နားလည်ပြီး မှတ်ယူရမည်ဆိုသည်နှင့်သက်ဆိုင်သည့် တိကျသော အသေးစိတ်အချက်လက်များအတွက်၊ သင်သည် သမ္မာတရားများစွာကို နားလည်ရမည်ဖြစ်ပြီး သမ္မာတရားအပေါ် သာ၍မိတ်သဟာယပြုရမည်။ သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင်၊ သမ္မာတရားနှင့် ယင်း၏အခြေခံမူများကို သင်နားလည်ရမည်။ ထိုအခါတွင်သာ ပြည့်မီသော တာဝန်ထမ်းဆောင်မှုတစ်ခုသို့ သင်ရောက်ရှိနိုင်သည်။ လူတို့သည် ၎င်းတို့၏ တာဝန်များကို အဘယ်ကြောင့် ဖြည့်ဆည်းသင့်သနည်း။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်ပြီး သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးလျှင်ပြီးချင်း လူတို့၌ ဘုရားအိမ်တော်၏အမှုနှင့် ဘုရားသခင့်အမှု၏အလုပ်ခွင်ရှိ တာဝန်၊ ဝတ္တရားတို့နှင့်သက်ဆိုင်သည့် ၎င်းတို့၏ဝေစုရှိကြကာ အပြန်အလှန်အနေဖြင့်၊ ၎င်းတို့၏တာဝန်နှင့် ဝတ္တရားကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏အမှုတွင် လိုအပ်ချက်တစ်ခု- ဘုရားသခင်အမှုပြုမည့်အရာများ၏ လိုအပ်ချက်တစ်ခုနှင့် ဘုရားသခင်ကယ်တင်မည့်အရာများ၏ လိုအပ်ချက်တစ်ခု ဖြစ်လာပြီး ဖြစ်သည်။ ထို့ကြောင့်၊ လူတို့၏ ကယ်တင်ခြင်းနှင့် ၎င်းတို့၏ တာဝန်များကို ၎င်းတို့ဖြည့်ဆည်းပုံ၊ ယင်းတို့ကို ၎င်းတို့ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိနှင့် ယင်းတို့ကို ၎င်းတို့ပြည့်မီစွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိတို့ကြား အတောအတန် အဓိကကျသော ဆက်နွှယ်မှုတစ်ခုရှိ၏။ သင်သည် ဘုရားအိမ်တော်၏ အစိတ်အပိုင်းဖြစ်လာပြီးဖြစ်ကာ သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးဖြစ်သည့်အတွက်၊ ယခု သင်၌ တာဝန်တစ်ခုရှိ၏။ ဤတာဝန်ကို သင်မည်သို့ဖြည့်ဆည်းသင့်သည်မှာ သင့်သဘောအတိုင်း မဟုတ်ပေ။ ယင်းသည် ဘုရားသခင်၏သဘောဖြစ်ပြီး ယင်းကို သမ္မာတရား၏ စံနှုန်းများက သတ်မှတ်ထားပေသည်။ ထို့ကြောင့် အမှုအရာများကို ဘုရားသခင်က မည်သို့တိုင်းတာသည်ဆိုသည့်အပေါ် လူတို့နားလည်ကာ ရှင်းလင်းသင့်ကြပေသည်- ဤသည်မှာ ရှာဖွေရန် အကျိုးရှိသောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အမှုတွင်၊ မတူကွဲပြားသော လူတို့သည် မတူကွဲပြားသော တာဝန်များ ရရှိကြသည်။ ဆိုလိုသည်မှာ၊ လူတို့သည် ၎င်းတို့၏ ဆုကျေးဇူးများ၊ အစွမ်းအစများ၊ အသက်အရွယ်များ၊ အခြေအနေများနှင့် ခေတ်ကာလများအပေါ် မူတည်လျက် ကွဲပြားသည့် တာဝန်များကို လက်ခံရရှိကြသည်။ သင့်ကို မည်သည့်တာဝန်ပေးထားသည်ဖြစ်စေ၊ ပြီးလျှင် ယင်းကို မည်သည့်ခေတ်ကာလ၊ သို့မဟုတ် မည်သည့်အခြေအနေများတွင် သင်လက်ခံရရှိနေသည်ဖြစ်စေ၊ တာဝန်တစ်ခုသည် တာဝန်တစ်ခုသာ ဖြစ်၏။ ယင်းသည် လူတစ်ဦးစီမံခန့်ခွဲသည့် တစ်စုံတစ်ရာ မဟုတ်။ နောက်ဆုံးတွင်၊ သင့်ကို ဘုရားသခင် တောင်းဆိုသည့် စံနှုန်းမှာ သင်၏တာဝန်ကို ပြည့်မီစွာ ထမ်းဆောင်ဖို့ ဖြစ်သည်။ “ပြည့်မီစွာ” ဟူသော စကားလုံးကို မည်သို့ ရှင်းပြသင့်သနည်း။ ယင်းမှာ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရမည်ဖြစ်ပြီး သူ့ကို စိတ်ကျေနပ်စေရမည်ဖြစ်ကာ သင်၏အလုပ်ကို ပြည့်မီသည်ဟု ဘုရားသခင်က ခေါ်ဆိုရမည်ဖြစ်ပြီး သူ၏လက်ခံခေါင်းညိတ်မှုကို သင်ရရှိရမည်ဟု ဆိုလိုသည်။ ထိုအခါတွင်သာ သင်သည် သင်၏တာဝန်ကို ပြည့်မီစွာ ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်။ သင်၏အလုပ်သည် ပြည်မီခြင်းမရှိဟု ဘုရားသခင်ပြောပါက၊ သင်သည် သင်၏တာဝန်ကို ကောင်းမွန်စွာ မဖြည့်ဆည်းလေပြီ။ သင်သည် သင်၏တာဝန်ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နေနိုင်ပြီး ယင်းကို သင်လုပ်ဆောင်ပြီးဖြစ်သည်ကို သူအသိအမှတ်ပြုသော်လည်း၊ ယင်းကို ပြည့်မီစွာ သင်မလုပ်ဆောင်ပါက၊ အကျိုးဆက်များက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ကြီးလေးသော ကိစ္စများတွင်၊ လူတို့၏ ကယ်တင်ခြင်း မျှော်လင့်ချက်များ ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားမည်ဖြစ်ပြီး တစ်ကြိုးတည်းလစ်သွားပေမည်။ သာ၍ မကြီးလေးသော ကိစ္စများတွင်၊ ၎င်းတို့၏တာဝန်များကို ၎င်းတို့၏ဖြည့်ဆည်းပိုင်ခွင့် ပိတ်ပင်ခံရကောင်း ခံရပေမည်။ ထိုသို့သော အခွင့်အရေးများ ပိတ်ပင်ခံရပြီးနောက်တွင်၊ လူအချို့သည် ဘေးဖယ်ထားခံရသည်၊ ယင်းနောက် ၎င်းတို့သည် သီးသန့် ဂရိုစိုက်ခံရပြီး စီစဉ်ခံရကြသည်။ သီးသန့် ဂရုစိုက်ခံရခြင်းနှင့် စီစဉ်ခံရခြင်းမှာ ၎င်းတို့ဖယ်ရှားသုတ်သင်ခံရသည်ဟု ဆိုလိုသလော။ ထိုသို့လည်း ယတိပြတ်မဟုတ်ပေ။ ဘုရားသခင်သည် ဤလူများ မည်သို့ပြုမူကြသည်ကို စောင့်ဆိုင်းကာ ကြည့်ရှုလိမ့်မည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်က မိမိ၏တာဝန်ကို ဖြည့်ဆည်းပုံသည် အချက်အချာကျပေသည်။ လူတို့သည် ယင်းကို ပညာသတိရှိရှိဖြင့် ဆက်ဆံသင့်ပြီး လေးလေးနက်နက် သဘောထားသင့်ကာ၊ ယင်းကို ၎င်းတို့၏ အသက်ဝင်ရောက်မှုနှင့် ၎င်းတို့၏ ကယ်တင်ခြင်းကို ကြိုးပမ်းရရှိခြင်းတွင် ကြီးမားသော အရေးပါမှုရှိသည့် ကိစ္စရပ်တစ်ခုအဖြစ် မှတ်ယူသင့်ပေသည်။ ယင်းကို ၎င်းတို့ ပေါ့ပေါ့ဆဆ မဆက်ဆံရ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။” မှ

ဘုရားသခင်ကို ယုံကြည်သောသူတိုင်း သူ၏ အလိုတော်ကို နားလည်သင့်၏။ ၎င်းတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ဖြည့်ဆည်းသော သူတို့သာ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ကြပြီး၊ ၎င်းတို့ကို သူ အပ်နှံသည့် အလုပ်တာဝန်များကို ဖြည့်ဆည်းခြင်းအားဖြင့်သာ ၎င်းတို့၏ တာဝန်များကို ၎င်းတို့ ဖြည့်ဆည်းခြင်းက စံချိန်မီလိမ့်မည်ဖြစ်သည်။ အလုပ်တာဝန်တစ်ခုကို ပြီးမြောက်စေရာ၌ လူတို့သည် သမ္မာတရားကို လက်တွေ့မကျင့်သုံး သို့မဟုတ် သမ္မာတရားကို မရှာဖွေသည့်အခါ၊ သူတို့သည် သမ္မာတရား၌ သူတို့၏ စိတ်နှလုံးများကို မဆက်ကပ်သည့်အခါ၊ တစ်နည်းအားဖြင့် သူတို့သည် အာဂုံဆောင်ရန် သူတို့၏ ဦးနှောက်များကိုသာ အသုံးပြုခြင်း၊ လုပ်ဆောင်ရန် သူတို့၏ လက်များကိုသာ အသုံးပြုခြင်းနှင့် ပြေးလွှားရန် သူတို့၏ ခြေထောက်များကိုသာ အသုံးပြုခြင်း ရှိသည့်အခါ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူတို့ အမှန်တကယ် မပြီးမြောက်ကြသေးပေ။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား ပြီးမြောက်စေခြင်းအတွက် စံနှုန်းများရှိသည်။ ထိုစံနှုန်းများ အဘယ်နည်း။ သခင်ယေရှုက၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှနှင့်ချစ်လော့” ဟု ပြောခဲ့သည်။ ဘုရားသခင်ကို ချစ်ခြင်းမှာ လူတို့အပေါ် ဘုရားသခင် သတ်မှတ်ထားသောအရာထဲမှ ရှုထောင့်တစ်ခုဖြစ်၏။ အမှန်အားဖြင့် ဘုရားသခင်သည် လူတို့အား တာဝန်ပေးစေခိုင်းချက်တစ်ခုကို ပေးသောအခါ၊ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ယုံကြည်ခြင်းဖြင့် ထမ်းဆောင်သောအခါ၊ ၎င်းတို့အား ကိုယ်တော်သတ်မှတ်ထားသော စံနှုန်းများမှာ ဤအရာများဖြစ်ကြ၏- သင်၏စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှဟူ၍ ဖြစ်သည်။ အကယ်၍ သင်သည် ရောက်လာသော်လည်း သင်၏စိတ်နှလုံးမပါသော်၊ သင်၏ဦးခေါင်းဖြင့် အလုပ်များအကြောင်းကို တွေးပြီး မှတ်ဉာဏ်၌ မှတ်သားသော်လည်း သင်၏စိတ်နှလုံးကို ၎င်းတို့ထဲ၌ မထားသော်၊ သင်၏ကိုယ်ပိုင်အစွမ်းအစများကို အသုံးပြု၍အမှုအရာများကို လုပ်ဆောင်ပြီးစီးလျှင် ယင်းမှာ ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ပြီးပြည့်စုံစေခြင်းဖြစ်သလော။ ထို့ကြောင့် သင်၏တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ရန်နှင့် သင့်ကို ဘုရားသခင် အပ်နှံထားသောအရာ ဖြစ်မြောက်စေရန်နှင့် သင်၏တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်ရန်အတွက် မည်သည့်စံနှုန်း ပြည့်မီရမည်နည်း။ ယင်းမှာ သင်၏တာဝန်ကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့် လုပ်ဆောင်ခြင်းဖြစ်၏။ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတစ်ခု သင်၌မရှိလျှင်၊ သင်၏ တာဝန်ကို မှန်မှန်ကန်ကန် ဖြည့်ဆည်းရန် ကြိုးပမ်းခြင်းက အလုပ်ဖြစ်လိမ့်မည် မဟုတ်။ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းမေတ္တာ ပိုတိုး၍ ခိုင်မာလာပြီး ပို၍ပို၍ စစ်မှန်လာလျှင်၊ သင်၏ တာဝန်ကို သင့်စိတ်နှလုံး၊ သင့် ဝိညာဉ်၊ သင့် စိတ်နှင့် ခွန်အား အားလုံးတို့ဖြင့် အလိုအလျောက် သင်ဆောင်ရွက်နိုင်လိမ့်မည် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့ အသက်ရှင်ဖို့ မှီခိုနေခဲ့ကြသည့် အရာအတိအကျ” မှ

သင်မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်ပါစေ၊ သင်၏တာဝန်နှင့်ပတ်သက်၍ ဘုရားသခင်၏အလိုတော်နှင့် ကိုယ်တော်၏ သတ်မှတ်ချက်များကို နားလည်သဘောပေါက်ရန် အစဉ်ကြိုးစားရမည်၊ သို့မှသာ အမှုကိစ္စများကို ကိုယ်ကျင့်တရားနှင့်အညီ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်ပြုလိုသည်အတိုင်း ပြုခြင်း၊ သင် လုပ်၍ပျော်သည့်အရာနှင့် လုပ်ဆောင်ရန် သက်သောင့်သက်သာရှိသော အရာမှန်သမျှ၊ သို့မဟုတ် သင့်ကို အကောင်းမြင်စေမည့် အရာမှန်သမျှကိုသာ လုပ်ဆောင်ခြင်းဖြင့် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအရ လုံး၀ မပြုနိုင်ပေ။ အကယ်၍ သင်သည် သင်၏ကိုယ်ပိုင်နှစ်သက်မှုများကို ဘုရားသခင်အပေါ် အတင်းအကျပ် သတ်မှတ်ခြင်း သို့မဟုတ် ၎င်းတို့အား သမ္မာတရားကဲ့သို့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့မှာ သမ္မာတရား အခြေခံသဘောတရားများဖြစ်သည့်အလား ၎င်းတို့အား လိုက်နာပါက၊ ၎င်းမှာ သင်၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေခြင်း မဟုတ်၊ ထို့အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်နေခြင်းကို ဘုရားသခင်မှ အမှတ်ရမည် မဟုတ်ပေ။ လူအချို့တို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းခြင်းမှာ မည်သည့်အရာကို ဆိုလိုသည်ကို သူတို့ မသိကြ။ ၎င်းတို့၏ စိတ်နှလုံးနှင့် အားထုတ်မှုတို့ကို ယင်းတွင် ထားရှိပြီးဖြစ်ကာ၊ မိမိတို့၏ ဇာတိပကတိကို စွန့်လွှတ်ပြီး ဆင်းရဲဒုက္ခခံစားပြီး ဖြစ်သည့်အတွက်၊ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းသည် စံချိန်မီသင့်သည်ဟု ၎င်းတို့ ခံစားကြသည်- သို့ဆိုလျှင်၊ ဘုရားသခင်သည် အဘယ်ကြောင့် အစဉ်အမြဲ စိတ်မကျေမနပ်ဖြစ်နေသနည်း။ ဤလူတို့သည် မည်သည့်နေရာတွင် မှားယွင်းခဲ့ကြပြီနည်း။ ၎င်းတို့၏ အမှားမှာ ဘုရားသခင်၏ သတ်မှတ်ချက်များကို ရှာဖွေရန် မကြိုးစားဘဲ၊ ယင်းအစား မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးအတိုင်း ပြုမူကြခြင်း ဖြစ်သည်၊ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒများ၊ နှစ်သက်မှုများနှင့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များကို သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားကြသည်။ ပြီးလျှင် သူတို့သည် ထိုအရာများကို ဘုရားသခင် နှစ်သက်သည့် အရာဖြစ်သကဲ့သို့၊ သူ၏ စံနှုန်းများနှင့် သတ်မှတ်ချက်များ ဖြစ်သည့်အလား သဘောထားကြသည်။ သူတို့သည် မှန်ကန်၊ ကောင်းမြတ်ပြီး လှပသည်ဟု သူတို့ ယုံကြည်သည့်အရာများကို သမ္မာတရားအဖြစ် မြင်ကြလေသည်။ ဤသည်မှာ မှားယွင်း၏။ အမှန်တွင်၊ လူတို့သည် တစ်စုံတစ်ရာ မှန်ကန်သည်၊ ပြီးလျှင် ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု တစ်ခါတစ်ရံ ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း၊ ယင်းသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်ဟု သေချာပေါက် မဆိုလိုပေ။ တစ်စုံတစ်ရာ မှန်ကန်သည်ဟု လူတို့ တွေးထင်လေလေ၊ ၎င်းတို့အနေဖြင့် သတိရှိသင့်လေလေဖြစ်ပြီး၊ ၎င်းတို့ စဉ်းစားနေသည့်အရာသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပြည့်မီခြင်းရှိမရှိ သိဖို့ရန် သမ္မာတရားကို ရှာဖွေသင့်လေလေ ဖြစ်သည်။ ယင်းသည် သူ၏ သတ်မှတ်ချက်များနှင့် ဆန့်ကျင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်လျက်ရှိပါက၊ ထိုအရာမှန်ကန်သည်ဟု သင် တွေးထင်သည်မှာ မှားယွင်းပေသည်၊ ယင်းသည် လူသားအတွေးသာ ဖြစ်ပြီး၊ သင် မှန်ကန်သည်ဟု မည်သို့ တွေးထင်ပါစေ သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီလိမ့်မည်မဟုတ်ပေ။ အမှန်၊ အမှားတို့နှင့်ဆိုင်သော သင်၏ စိတ်ပိုင်းဖြတ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် လုံးဝဥဿုံ အခြေခံရမည်ဖြစ်ပြီး၊ တစ်စုံတစ်ရာကို သင် မှန်ကန်သည်ဟု မည်မျှ တွေးထင်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ယင်းအတွက် အခြေပြုချက် မရှိပါက၊ ယင်းကို သင် စွန့်ပစ်ရမည်။ တာဝန်ကား အဘယ်နည်း။ ယင်းမှာ လူတို့ကို ဘုရားသခင် အပ်နှံထားသည့် တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် သင်၏တာဝန်ကို သင် အဘယ်သို့ ဖြည့်ဆည်းသင့်သနည်း။ လူသား၏ ဓမ္မဓိဋ္ဌာန်မကျသော စိတ်ဆန္ဒများအပေါ် အခြေခံသည်ထက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများနှင့်အညီ ပြုမူခြင်းနှင့် သမ္မာတရား အခြေခံသဘောတရားများပေါ် သင်၏ အပြုအမူကို အခြေခံခြင်းအားဖြင့် ဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းမှာ စံချိန်မီလိမ့်မည်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်” မှ

လူအချို့အတွက် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ မည်သည့်ပြဿနာကို တွေ့ကြုံကောင်း တွေ့ကြုံကြပါစေ၊ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေဘဲ ၎င်းတို့၏ကိုယ်ပိုင် အတွေးများ၊ အယူအဆများ၊ စိတ်ကူးများနှင့် အလိုဆန္ဒများနှင့်အညီ အစဉ်ပြုမူလုပ်ဆောင်ကြ၏။ ၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းနေကြပြီး ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏လုပ်ဆောင်ချက်များကို အမြဲ ထိန်းချုပ်နေ၏။ ၎င်းတို့သည် ၎င်းတို့အား သတ်မှတ်ခွဲဝေပေးထားသည့် တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ကြသော်လည်း မည်သည့်သမ္မာတရားကိုမျှ မရရှိကြပေ။ ထို့ကြောင့် ထိုသို့သော လူတို့သည် မိမိတို့၏ တာဝန်များကို ဆောင်ရွက်နေချိန်တွင် မည်သည့်အရာများအပေါ် မှီခိုနေကြသနည်း။ ၎င်းတို့သည် သမ္မာတရားအပေါ် မှီခိုနေခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်ကို မှီခိုနေခြင်းလည်း မဟုတ်ပေ။ ၎င်းတို့နားလည်သော ထိုသမ္မာတရားအနည်းငယ်သည် ၎င်းတို့၏စိတ်နှလုံးများထဲ၌ အချုပ်အခြာအာဏာ မရယူထားပေ။ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် အထုံပါရမီများနှင့် အစွမ်းအစများ၊ ၎င်းတို့ ဆည်းပူးရရှိခဲ့သော မည်သည့် အသိပညာမဆိုနှင့် ၎င်းတို့၏ ပင်ကိုစွမ်းရည်များအပြင်၊ ဤတာဝန်များကို ပြီးစီးစေရန် ၎င်းတို့၏ စိတ်စွမ်းအား သို့မဟုတ် ကောင်းသော ရည်ရွယ်ချက်များအပေါ် မှီခိုနေကြပေသည်။ ဤသည်မှာ မတူကွဲပြားသော သဘာဝမျိုး ဖြစ်သည် မဟုတ်လော။ သင်သည် တစ်ခါတစ်ရံတွင် သင်၏တာဝန်ကို ဖြည့်ဆည်းဖို့ သင်၏သဘာဝကျခြင်း၊ စိတ်ကူးစိတ်သန်း၊ အယူအဆများ၊ အသိပညာနှင့် သင်ယူခြင်းတို့ကို အမှီပြုကောင်း အမှီပြုနိုင်သော်လည်း၊ သင် လုပ်ဆောင်သည့် အရာတစ်ချို့တွင် ကိုယ်ကျင့်တရားဆိုင်ရာ မည်သည့် ပြဿနာများမျှ မထွက်ပေါ်ပေ။ အပေါ်ယံအားဖြင့်၊ သင်သည် လမ်းမှား လိုက်ခဲ့ခြင်း မရှိသေးသည့်အလား ထင်ရသော်လည်း၊ လျစ်လျူရှု၍မရသော အရာတစ်ခုရှိ၏- သင်၏တာ၀န်ကို ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတွင်းတွင်၊ အကယ်၍ သင်၏အယူအဆများ၊ စိတ်ကူးများနှင့် ကိုယ်ပိုင်အလိုဆန္ဒများ မည်သည့်အခါမျှ မပြောင်းလဲဘဲ သမ္မာတရားနှင့် မည်သည့်အခါမျှ အစားထိုးခြင်း မရှိပါက၊ ပြီးလျှင် သင်၏လုပ်ရှားမှုများနှင့် လုပ်ဆောင်ချက်များမှာ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မည်သည့်အခါမျှ လုပ်ဆောင်ခြင်းမရှိပါက၊ နောက်ဆုံးရလဒ်မှာ မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်သည် အစေခံသူတစ်ဦး ဖြစ်လာလိမ့်မည်။ ဤသည်မှာ သမ္မာကျမ်းစာထဲ၌ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) ဟု အတိအကျ ရေးသားထားသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် လုံ့လဝီရိယကို အသုံးပြုပြီး အစေခံခြင်းကို လုပ်ဆောင်သော ဤလူတို့အား “အဓမ္မအမှုကိုပြုသောသူတို့” ဟု အဘယ့်ကြောင့် ခေါ်သနည်း။ ငါတို့တွင် သေချာနိုင်သော အချက်တစ်ချက်ရှိသည်၊ ယင်းမှာ မည်သည့် တာဝန်များ သို့မဟုတ် အလုပ်ကို ဤလူတို့က လုပ်ဆောင်ပါစေ၊ ၎င်းတို့၏ အရင်းခံအကြောင်းရင်းများ၊ တွန်းအား၊ ရည်ရွယ်ချက်များနှင့် အတွေးများသည် သူတို့၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများမှ လုံးလုံးလျားလျား ထွက်ပေါ်လာကာ၊ ၎င်းတို့၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် ကိုယ်ကျိုးများအပေါ် လုံးဝအခြေခံထားပြီး၊ ၎င်းတို့၏ အရေးထားမှုနှင့် အစီအစဉ်များသည် ၎င်းတို့၏ နာမည်ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဝင့်ဝါမှုနှင့် အနာဂတ်မျှော်လင့်ချက်များကို လုံးဝ ဗဟိုပြုပေသည်။ စိတ်ထဲတွင်၊ ၎င်းတို့သည် သမ္မာတရား လုံး၀မပိုင်ဆိုင်ကြသကဲ့သို့၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ ၎င်းတို့ မပြုမူကြပေ။ ထို့ကြောင့်၊ ယခု သင်တို့အတွက် ရှာဖွေဖို့ အရေးကြီးသောအရာမှာ မည်သည့်အရာနည်း။ (သမ္မာတရားကို ကျွန်ုပ်တို့ ရှာဖွေသင့်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ပြဋ္ဌာန်းချက်များနှင့်အညီ ကျွန်ုပ်တို့၏ တာဝန်များကို ဆောင်ရွက်သင့်ပါသည်။) ဘုရားသခင်၏ ပြဋ္ဌာန်းချက်များနှင့်အညီ သင်တို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အတိအကျအားဖြင့် မည်သည့်အရာကို သင်တို့ လုပ်ဆောင်သင့်သနည်း။ တစ်စုံတစ်ခု လုပ်ဆောင်သောအခါ သင်၏ ရည်ရွယ်ချက်များ၊ ထင်မြင်ချက်များနှင့် စပ်လျဉ်း၍ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီမှုရှိမရှိ ဆိုသည့်အပြင်၊ သင်၏ ရည်ရွယ်ချက်များနှင့် စိတ်ကူးများသည် သင်၏ကိုယ်ပိုင် အတ္တဆန်သော စိတ်ဆန္ဒများ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်၏ အကျိုးအမြတ်များကို ဖြည့်ဆည်းရန် စီမံထားခြင်း ရှိမရှိဆိုသည်ကို မည်သို့ သိမြင်ရမည်ကို သင် သင်ယူရမည်။ သင်၏ ရည်ရွယ်ချက်များနှင့် စိတ်ကူးများသည် သမ္မာတရားနှင့် ကိုက်ညီမှုရှိပါက သင်၏တာဝန်ကို သင်၏ အတွေးနှင့်အညီ သင် လုပ်ဆောင်နိုင်၏။ သို့သော်၊ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီမှုမရှိပါက သင်သည် အလျင်အမြန် ပြန်လှည့်ပြီး ထိုလမ်းကြောင်းကို စွန့်ခွာရမည်။ ထိုလမ်းကြောင်းသည် မမှန်ကန်သကဲ့သို့၊ ထိုအတိုင်း သင်လက်တွေ့လုပ်ဆောင်၍ မရပေ။ ထိုလမ်းကြောင်းအတိုင်း သင် ဆက်လက်လျှောက်လှမ်းပါက၊ သင်သည် မကောင်းမှု ကျူးလွန်ခြင်းဖြင့် အဆုံးသတ်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတစ်ဦး၏တာဝန်များထဲ၌ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ခံစားနည်း” မှ

သတိမမူဘဲ လုပ်ဆောင်ခြင်းသည် တာဝန်နှင့်ပတ်သက်၍ ရွံ့မုန်းဖွယ်ရာ ဖြစ်သည်။ သင့်အနေဖြင့် ဟန်ဆောင်လုပ်ပြရုံသာလုပ်ပြလျှင်၊ သင်၏ တာဝန်ကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မည်မဟုတ်။ ယင်းကို သင် စိတ်ပါလက်ပါရှိရမည်။ မိမိတို့၏ တာဝန်ကို လုပ်ဆောင်ရန်အတွက် အခွင့်အရေးမှာ ရခဲသည့်အရာဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်ပေးသည့် အခွင့်အရေးတစ်ခုကို ၎င်းတို့ အမိအရ မဖမ်းဆုပ်လျှင်၊ ထိုအခွင့်အရေး ဆုံးရှုံးသွားပေသည်။ မိမိတို့၏ တာဝန်ကို ဆောင်ရွက်ဖို့ အခွင့်အရေးရှာတွေ့ရန် ၎င်းတို့ တစ်နေ့နေ့ တစ်ဖန်ကြိုးစားလျှင်၊ လွယ်လိမ့်မည်မဟုတ်။ အမှန်ပင်၊ ထိုသို့သော အခွင့်အရေးက လုံးဝ လာကောင်းလာနိုင်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ အမှုတော်က မည်သူ့ကိုမျှ မစောင့်သကဲ့သို့၊ တစ်ဦးတစ်ယောက်၏ တာဝန်ကို ဆောင်ရွက်ဖို့ အခွင့်အရေးသည်လည်း မစောင့်ဆိုင်းပေ။ အခွင့်အရေးများစွာ ရောက်မလာပေ၊ ထို့ကြောင့် ၎င်းတို့ကို သင် အမိအရဖမ်းဆုပ်ရမည်။ သင်၏ အားထုတ်မှုနှင့် သုံးစွဲမှု လိုအပ်ပြီး၊ သင်၏ ခန္ဓာ၊ စိတ်နှင့် အချိန်ကို ဆက်ကပ်ဖို့ လိုအပ်သည့် တာဝန်တစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ သင်သည် မည်သည့်အရာကိုမျှ ချုပ်တည်းမထားရ၊ သင်၏ သေးနုတ်သည့် လိမ္မာပါးနပ်မှုကို ကွယ်ဝှက်မထားရ၊ သို့မဟုတ် လူးသာလွန့်သာ တစ်ခုမျှ ချန်မထားရ။ သင်သည် လူးသာလွန့်သာ တစ်စုံတစ်ရာ ချန်ထားပါက၊ ချင့်တွက်နေပါက သို့မဟုတ် သင်သည် ဉာဏ်များကာ သစ္စာဖောက်ဖျက်တတ်ပါက၊ သင်သည် ညံ့ဖျင်းသော အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ သေချာပေသည်။ သင်က၊ “ပါးနပ်သည့် နည်းလမ်းဖြင့် ငါလုပ်ဆောင်နေသည်ကို မည်သူမျှ မမြင်ပါ။ အပြတ်မိုက်လိုက်လေခြင်း” ဟု ပြောကောင်းပြောလိမ့်မည်။ ဤသည်မှာ မည်သို့သော အတွေးမျိုးနည်း။ သင်သည် လူများနှင့် ဘုရားသခင်ကိုလည်း နှစ်ပေါက်တစ်ပေါက်ရိုက်လိုက်ပြီဟု တွေးထင်သည်။ သို့သော်၊ တကယ့်အမှန်တွင်၊ သင်လုပ်ဆောင်လိုက်သည့်အရာကို ဘုရားသခင် သိသလော၊ မသိသလော။ (သူ သိပါသည်။) ယေဘုယျအားဖြင့်၊ သင်နှင့် အချိန်ကာလကြာမြင့်စွာ အပြန်အလှန်ဆက်ဆံသည့် လူများကလည်း သိရှိလိမ့်မည်ဖြစ်ပြီး၊ သင်သည် အမြဲ မယုံရသောသူ၊ မည်သည့်အခါတွင်မျှ လုံ့လမရှိသကဲ့သို့ မိမိ၏ အားထုတ်မှု ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ရာခိုင်နှုန်း သို့မဟုတ် အများဆုံး ရှစ်ဆယ်ရာခိုင်နှုန်းသာ စိုက်ထုတ်သူဖြစ်သည်ဟု ပြောကြလိမ့်မည်။ သင်သည် သင် လုပ်ဆောင်နေသည့် မည်သည့်အရာကိုမဆို မသိကျိုးကျွန်ပြုလျက်၊ အလွန် စိတ်ရှုပ်ထွေးသော ပုံစံဖြင့် အရာရာကို လုပ်ဆောင်သည်၊ သင်သည် အလုပ်တာဝန်ကို လုံးဝကျေပွန်ခြင်းမရှိဟု ၎င်းတို့ ပြောကြလိမ့်မည်။ သင့်ကို တစ်စုံတစ်ရာ လုပ်ဆောင်စေပါက၊ ထိုအခါမှသာ အားထုတ်မှု အနည်းငယ်ကို သင် စိုက်ထုတ်လေသည်။ သင်၏ အလုပ်က စံချိန်မီခြင်း ရှိ၊မရှိဆိုသည်ကို ကြည့်ရန် စစ်ဆေးဖို့ တစ်စုံတစ်ဦးက အနီးတစ်ဝိုက်တွင်ရှိပါက၊ သင်သည် အလုပ်ကို အနည်းငယ် သာ၍ကောင်းမွန်စွာ လုပ်ဆောင်ပေသည်- သို့သော် စစ်ဆေးဖို့ အနီးတစ်ဝိုက်တွင် မည်သူမျှမရှိပါက၊ အနည်းငယ် သင် လျှော့ချလေသည်။ သင်သည် ကိုင်တွယ်ဖြေရှင်းခြင်းခံရပါက၊ ယင်းကို သင် စိတ်ပါလက်ပါ လုပ်ဆောင်လေသည်။ သို့မဟုတ်ပါက၊ သင်သည် အလုပ်လုပ်စဉ်တစ်လျှောက် စဉ်ဆက်မပြတ် ငိုက်မျဉ်းနေပြီး၊ မည်သူမျှ သတိထားမိမည်မဟုတ်ဟု ယူဆလျက် သင် တတ်နိုင်သမျှ မည်သည့်အရာမဆိုအတွက် တာဝန်မယူရဖို့ ကြိုးစားနေပေသည်။ အချိန်ကုန်လွန်သွားကာ လူတို့က သတိပြုမိကြလေသည်။ ၎င်းတို့က၊ “ဤလူသည် အားမကိုးရသကဲ့သို့ မယုံကြည်ရပေ။ သင် သူ့ကို အရေးကြီးသည့် တာဝန်တစ်ခု ဆောင်ရွက်ဖို့ ပေးပါက၊ ကြီးကြပ်မှု လိုအပ်လိမ့်မည်။ အခြေခံသဘောတရားများ မပါဝင်သည့် သာမန် တာဝန်များနှင့် အလုပ်များကို သူ လုပ်နိုင်သော်လည်း သင်သည် သူ့ကို အလွန်အရေးပါသည့် တာဝန်တစ်ခုတစ်လေကို ဖြည့်ဆည်းဖို့ ပေးပါက၊ ယင်းကို သူကမောက်ကမဖြစ်စေမည်မှာ အလားအလာအများဆုံး ဖြစ်ပြီး၊ ထို့နောက် သင်သည် တစ်ပတ်ရိုက်ခံရပြီးဖြစ်လိမ့်မည်” ဟု ပြောကြလေသည်။ လူတို့သည် ၎င်းကို ကောင်းကောင်းကြီး ရိပ်စားမိကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းသည် သိက္ခာနှင့် သမာဓိအားလုံး လုံးဝ ဖယ်ရှားပြီးဖြစ်လိမ့်မည်။ မည်သူမျှ သူ့ကို မယုံကြည်နိုင်ပါက၊ ဘုရားသခင်သည် မည်သို့ ယုံကြည်နိုင်မည်နည်း။ ဘုရားသခင်သည် သူ့ကို အဓိကကျသောတာဝန်များ တစ်ခုတစ်လေ ပေးအပ်မည်လော။ ထိုသို့သော လူတစ်ဦးသည် မယုံကြည်ရပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အသက်အတွင်း ဝင်ရောက်ခြင်းသည် မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်” မှ

လူအချို့သည် ၎င်းတို့၏ တာဝန်ကို ဆောင်ရွက်သည့် ပုံစံတွင် တာဝန်မဲ့ကြသည်။ ဤအရာ၏ရလဒ်သည် အမြဲ ပြန်လုပ်ရမည့် ဖြစ်ကတတ်ဆန်းအလုပ် ဖြစ်ပြီး၊ ယင်းသည် ရှေ့ဆက် တိုးတက်မှုအပေါ် ပြင်းထန်သော သက်ရောက်မှုတစ်ခု ရှိလေသည်။ ဤအရာအတွက် အတွေ့အကြုံ မလုံလောက်ခြင်းနှင့် အတတ်ပညာ ဆိုင်ရာ မပြည့်စုံခြင်းများအပြင် အခြားအကြောင်းပြချက် တစ်ခုတစ်လေ ရှိသလော။ အတတ်ပညာနှင့် အတွေ့အကြုံတို့ကို တဖြည်းဖြည်း လေ့လာ၍ စုဆောင်းနိုင်၏၊ သို့သော် လူတို့အနေဖြင့် မိမိတို့၏ စိတ်သဘောထားနှင့် ပတ်သက်သည့် ပြဿနာများ ရှိပါက၊ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ လူတို့အနေဖြင့် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရဖို့ လိုအပ်သည်။ အချင်းချင်း စောင့်ကြည့်စစ်ဆေးပြီး သမ္မာတရားကို လိုက်စားဖို့ လိုအပ်သည်။ တာဝန်ကို ဆောင်ရွက်ရာတွင် အမြဲပြန် လုပ်ဆောင်ရမည့် အလုပ်ဖြစ်စေသည့် အကြီးမားဆုံးသော ပြဿနာမှာ အတတ်ပညာဆိုင်ရာ မပြည့်စုံမှု မဟုတ်သည့်အပြင် မလုံလောက်သော အတွေ့အကြုံလည်း မဟုတ်ပေ။ ယင်းမှာ လူတို့သည် မိမိကိုယ်ကိုယ် မှန်သည်ဟုမှတ်ယူကြပြီး အလွန့်အလွန် မာနထောင်လွှားကြကာ တစ်စုံတစ်ရာကို ၎င်းတို့ ပြီးစီးအောင် လုပ်ဆောင်သည့်အခါ ၎င်းတို့၏ အလုပ်က ကိုယ်ပိုင် အရည်အသွေးဖြင့် မရပ်တည်နိုင်သောကြာင့် အားထုတ်မှု အချည်းနှီးဖြစ်ရသည့် အကျိုးဆက်ဖြင့်၊ ၎င်းတို့သည် လိုက်ဖက်ညီစွာ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိဘဲ တစ်ကိုယ်တည်း နှင့် ထင်ရာမြင်ရာ လုပ်ဆောင်တတ်ကြခြင်းသာ ဖြစ်သည်။ ဤအရာ၏ နောက်ကွယ်က အဆိုးရွားဆုံး ပြဿနာမှာ အဘယ်နည်း။ (လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်ပါသည်။) ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုသည် ၎င်းနှင့်အတူ ကြီးမားသည့် အတားအဆီးများ ယူဆောင်လာသည်။ ၎င်းတို့၏ တာဝန်များ လူတို့ ဆောင်ရွက်ခြင်း အကျိုးကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ မည်သည့်ကဏ္ဍများက ထိခိုက်သနည်း။ (မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်းဖြစ်ပါသည်။) အပြုအမူတွင် မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ်မှန်ကန်သည်ဟု မှတ်ယူခြင်းတို့ကို အဘယ်သို့ ပြသနည်း။ တစ်ကိုယ်တည်း ဆုံးဖြတ်ချက်များခြင်း၊ အခြားသူများကို နားမထောင်ခြင်း၊ အခြားသူများနှင့် မတိုင်ပင်ခြင်း၊ လိုက်ဖက်ညီစွာ ပူပေါင်းမလုပ်ဆောင်ခြင်းနှင့် အမှုအရာများကို အမြဲ နောက်ဆုံးအဆုံးအဖြတ် ပေးလိုခြင်း တို့ဖြစ်သည်။ အသီးသီးက မိမိတို့၏ ကိုယ်ပိုင်အလုပ်ကို အာရုံစိုက်လျက်၊ ကောင်းမြတ်သော ညီအစ်ကို မောင်နှမများ အနည်းငယ်သည် သီးသန့်တာဝန်တစ်ခုကို ဆောင်ရွက်ဖို့ ပူးပေါင်း လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သော်လည်း၊ အဖွဲ့ခေါင်းဆောင် သို့မဟုတ် ကြီးကြပ်ကွပ်ကဲသည့်လူက နောက်ဆုံးအဆုံးအဖြတ် အမြဲပေးချင်လေသည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင် နေကြပါစေ၊ အခြားသူများနှင့် လိုက်ဖက်ညီစွာ ဘယ်သောအခါမျှ ၎င်းတို့ ပူးပေါင်းမလုပ်ဆောင်သကဲ့သို့ မိတ်သဟာယတွင် မပါဝင်ကြပေ၊ ပြီးလျှင် ပထမဦးစွာ အခြားသူများနှင့်အတူ အများသဘော ယူခြင်းမရှိဘဲ အမှုအရာများကို မဆင်မခြင် စတင်လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုသာ အယောက်တိုင်းအား နားထောင်စေပြီး ဤတွင် ပြဿနာ ရှိလေသည်။ ထို့အပြင်၊ အခြားသူများက ပြဿနာကို မြင်ကြသော်လည်း ကြီးကြပ်ကွပ်ကဲသည့်လူကို တားဆီဖို့ ထွက်မလာသည့်အခါ၊ နောက်ဆုံးတွင် ပါဝင်သည့် အယောက်တိုင်းက လုပ်ငန်းစဉ်တွင် မိမိတို့ကိုယ်ကိုယ် ခြေကုန်လက်ပန်းကျစေလျက် မိမိတို့၏ အလုပ်ကို ပြန်လုပ်ဖို့ ဖြစ်ရသည့် အခြေအနေတစ်ခုထဲ ရောက်ရှိရသည့် အကျိုးဆက် ဖြစ်ပေါ်လေသည်။ သို့ဆိုလျှင်၊ အခြားလူများသည်လည်း တာဝန် ရှိပါသလော။ (ရှိပါသည်။) တစ်နည်းအားဖြင့်၊ ကြီးကြပ် ကွပ်ကဲသူသည် ၎င်းတို့၏ နည်းလမ်းအတိုင်း အမှုအရာများကို မရမက လုပ်ဆောင်ရင်း တစ်ကိုယ်တည်းနှင့် ထင်ရာမြင်ရာ ပြုမူပြီး အခြားသူများက ၎င်းတို့ကို ရပ်တန့်ဖို့ ဘာမျှ မလုပ်ဆောင်ကြပေ၊ ပို၍ဆိုးရွားသည့်အရာမှာ ၎င်းတို့က ရှေ့ဆက် လိုက်ပါ၍ပင် သွားကြလေသည်။ ဤအရာက ၎င်းတို့ကို ကြံရာပါများဖြစ်စေသည် မဟုတ်လော။ ဤလူကို သင့်အနေဖြင့် ကန့်သတ်ခြင်းမရှိ၊ တားဆီးခြင်းမရှိ၊ သို့မဟုတ် ဖော်ထုတ်ခြင်းမရှိဘဲ ယင်းအစား ၎င်းတို့နောက်လိုက်ပြီး သင့်ကို ကြိုးကိုင်ခြယ်လှယ်ခွင့်ပေးပါက၊ စာတန်၏ နှောင့်ယှက်ခြင်း အလုပ်ကို သင် ဇက်ပုံပေးလိုက်ခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ သေချာပေါက် သင်၏ ပြဿနာဖြစ်သည်။ အခြားတစ်ဘက်တွင်၊ ပြဿနာတစ်ခုကို သင်မြင်သော်လည်း သတင်းမပို့၊ ယင်းအစား ထောက်ခံသည့် လူတစ်ဦး၏ ကဏ္ဍမှ ပါဝင်နေသည့်အခါ၊ ဤသည်မှာ သစ္စာမစောင့်သိခြင်းနှင့်ဆိုင်သည့် ထုတ်ဖော်ပြသမှုတစ်ခု ဖြစ်သည် မဟုတ်လော။ ဟုတ်ပေ၏၊ ဤအရာသည်- ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုမရှိခြင်းနှင့်ဆိုင်သော ထုတ်ဖော်ပြသမှုတစ်ခု- အတိအကျဖြစ်သည်။ ဤပြဿနာကို အလွန်ဆိုးရွားစေသည်မှာ စာတန်၏ ကြံရာပါအဖြစ် သင် အမြဲ ပြုမူ၏၊ ၎င်း၏ ဧည့်ကြိုနှင့် နောက်လိုက်အဖြစ် သင် အစေခံပြီး သင်၏ တာဝန်နှင့် ဝတ္တရားအပေါ် သင်သည် သစ္စာစောင့်သိခြင်း စိုးစဉ်းမျှမရှိဘဲ၊ စာတန်ကို အတော် သစ္စာရှိခြင်း ဖြစ်သည်။ အတတ်ပညာဆိုင်ရာ မပြည့်စုံခြင်းနှင့် စပ်လျဉ်း၍၊ အလုပ်လုပ်နေစဉ်တွင် စဉ်ဆက်မပြတ် သင်ယူဖို့နှင့် သင်၏ အတွေ့အကြုံကို အတူတကွ ရယူဖို့မှာ ဖြစ်နိုင်၏။ ထိုသို့သော ပြဿနာများကို အလွယ်တကူ ဖြေရှင်း၍ ရသည်။ ဖြေရှင်းဖို့ အခက်ခဲဆုံးသော အရာမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းဖို့ ဖြစ်သည်။ ဤအရာကို မဖြေရှင်းပါက၊ သမ္မာတရားကို သင်မလိုက်စားဘဲ၊ အမြဲ အရှုံးပေးကာ ထောက်ခံသောလူအဖြစ် ပါဝင်နေပါက၊ ပြီးလျှင် တာဝန်ဝတ္တရားကို သင် မသယ်ပိုးပါက၊ အကယ်၍ တစ်စုံတစ်ယောက်က တစ်စုံတစ်ရာ အမှားလုပ်မိသည့်အခါ သင်က ထိုအရာနှင့်ပတ်သက်၍ မရှင်းပြ သို့မဟုတ် မဖော်ထုတ်သကဲ့သို့ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိပါက၊ ပြီးလျှင် ဘုရား အိမ်တော်၏ အလုပ်ကို ပြက်လုံးတစ်ခု၊ ကစားပွဲတစ်ခုအဖြစ် သင် မှတ်ယူပါက၊ ထို့အပြင် သင်၏ တာဝန်နှင့် ဝတ္တရားကို သင် မဖြည့်ဆည်းပါက၊ အလုပ်၏ တိုးတက်မှုသည် အကြိမ်ကြိမ် နှောင့်နှေးလိမ့်မည်ဖြစ်သည်။ တာဝန်ကို ထိုသို့သော ထမ်းဆောင်ခြင်းသည် သစ္စာမရှိပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်” မှ

လူအချို့သည် သူတို့၏ ထင်ရှားကျော်ကြားမှုကို အခြားသောသူများက ခိုးယူသွားပြီး မိမိတို့ထက်သာလွန်မည်၊ ပြီးလျှင် မိမိတို့ကိုယ်တိုင် မသိကျိုးကျွန်ပြုခံရစဉ်၊ ထိုသူတို့ကအသိအမှတ်ပြုခြင်းကို ရရှိမည်ကို အမြဲစိုးရိမ်ကြ၏။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်းနှင့် အခြားသူများ၏ တာဝန်ဝတ္တရားများအတွက် စာနာထောက်ထားမှု လုံးဝမပြဘဲ မိမိ၏ ကိုယ်ပိုင် အကျိုးများအကြောင်းကိုသာ စဉ်းစားပြီး ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။ ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိပါက၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ တစ်စုံတစ်ဦးကို သင်၏ ထောက်ခံချက်ပေးပြီး၊ ထိုလူသည် ပါရမီရှိသည့် တစ်ဦးတစ်ယောက်အဖြစ် ဖြစ်ထွန်းလာခဲ့ကာ၊ ထိုသို့အားဖြင့် ဘုရားအိမ်တော်ထဲသို့ ပါရမီရှိသည့် လူတစ်ဦးကို ခေါ်ဆောင်လာခဲ့လျှင်၊ သင်သည် သင်၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးခဲ့လိမ့်မည် မဟုတ်လော။ ထိုသို့ဖြစ်လျှင် သင်သည် သင်၏တာဝန်ကို ဆောင်ရွက်ရာတွင် သစ္စာရှိခဲ့လိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ရှေ့တွင် ကောင်းမြတ်သော လုပ်ရပ်တစ်ခုဖြစ်ပြီး လူသားများ ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားမျိုး ဖြစ်၏။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ၊ သင်၏စိတ်နှလုံးသည် အမြင်မှန်ရစေခြင်း ခံရသည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ဤကဲ့သို့သောလူများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အရည်အချင်း ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက သို့မဟုတ် သင်၏ အသက်မွေးမှု အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး၊ ရလဒ်များမှာလည်း အလွန်ကောင်းချင်မှ ကောင်းပေမည်- သို့သော် သင်သည် သင်၏ အကောင်းဆုံး အားထုတ်မှုကို ပေးပြီးဖြစ်ပေလိမ့်မည်။ သင် လုပ်ဆောင်သောအရာများ၌ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို စဉ်းစားခြင်းမရှိ သို့မဟုတ် သင်၏အကျိုးကို ထည့်သွင်းစဉ်းစားခြင်း မပြုသကဲ့သို့၊ ထိုသို့ပြုမည့်အစား ဘုရားသခင်၏အိမ်တော်၏ အလုပ်ကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားပြီး၊ ယင်း၏ အကျိုးများကို စဉ်းစားနေကာ၊ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်သောအခါ၊ သင်သည် ဘုရားသခင်ရှေ့၌ ကောင်းသောအကျင့်များကို စုဆောင်းနေခြင်း ဖြစ်လိမ့်မည်။ ဤကောင်းသော လုပ်ဆောင်ချက်များ ရှိကြသောလူများသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သောသူများ ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် သက်သေခံကြပြီး ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်” မှ

သင်၏ တာဝန်ကို ဖြည့်ဆည်းသည့်အခါ၊ ကိုယ်ကျင့်တရားအရ အမှုအရာများကို ဆောင်ရွက်နေခြင်း ရှိမရှိ၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် စံနှုန်းမီမမီ၊ တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်း သက်သက် ဟုတ်မဟုတ်၊ သင်၏ တာဝန်ဝတ္တရားများကို ရှောင်ရှားရန် ကြိုးစားခြင်း ပြုမပြု၊ နှင့် သင်၏ သဘောထားနှင့် သင်တွေးပုံခေါ်ပုံတို့တွင် ပြဿနာများ ရှိမရှိတို့ကို သင့်ကိုယ်သင် အမြဲတမ်း စစ်ဆေးသင့်သည်။ သင်သည် မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး၊ ဤအရာများသည် သင့်အတွက် ရှင်းလင်းလာသည်နှင့် တစ်ပြိုင်နက်၊ သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် ပို၍လွယ်ကူသော အချိန်တစ်ခု ရှိလာလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင်- အပျက်သဘောဆောင်ခြင်း နှင့် အားနည်းချက်ဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခံရပြီးနောက် မကောင်းသော စိတ်ခံစားမှု တစ်ခုတွင် ရှိနေခြင်းဖြစ်စေ- သင် မည်သည့်အရာကို ကြုံတွေ့ရပါစေ၊ ယင်းကို သင် သင့်တော်စွာ သဘောထားသင့်ပြီး၊ သင်သည် သမ္မာတရားကိုလည်း ရှာဖွေကာ၊ ဘုရားသခင်၏ အလိုတော်ကိုလည်း နားလည်ရမည်။ ဤအမှုအရာများကို လုပ်ဆောင်ခြင်းအားဖြင့်၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင်၌ရှိလိမ့်မည်။ သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် ကောင်းမွန်စွာ ဆောင်ရွက်လိုပါက၊ သင်၏ စိတ်ခံစားမှု၏ သက်ရောက်မှုကို ခံ၍ မဖြစ်ပေ။ သင်သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကို မည်မျှခံစားနေရပါစေ၊ သင်လုပ်သမျှတွင် ကိုယ်ကျင့်တရားများကို မြဲမြံစွာ လိုက်နာလျက်၊ လုံးဝ တိကျခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာကို သင်ပြုလုပ်ပါက အခြားသူများက သင့်ကို လက်ခံရုံသာမက၊ ဘုရားသခင်ကလည်း သင့်ကို နှစ်သက်တော်မူလိမ့်မည်။ ဤသို့ဖြစ်သဖြင့် သင်သည် တာဝန်ရှိပြီး ဝန်ထုပ် ထမ်းရွက်သောသူ ဖြစ်လိမ့်မည်။ သင်သည် သင်၏တာဝန်ကို စံချိန်မီ အမှန်တကယ် ဖြည့်ဆည်းပြီး၊ စစ်မှန်သော လူတစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အပြည့်အဝ အသက်ရှင်နေထိုင်သည့်သူ တကယ့် လူကောင်းတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ လူများသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းနေသည့်အခါ သန့်စင်ခြင်းခံရပြီး စစ်မှန်သည့် ပြောင်းလဲခြင်းကို ရရှိကြကာ၊ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် ရိုးသားသည်ဟု ခေါ်ဆို၍ ရနိုင်ပေသည်။ ရိုးသားသောလူများသာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်းခြင်းအား အပတ်တကုတ် လုံ့လထုတ်ပြီး ကိုယ်ကျင့်တရားဖြင့် ပြုမူကျင့်ကြံရာတွင် အောင်မြင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို စံချိန်မီ ဖြည့်ဆည်းနိုင်ပေသည်။ ကိုယ်ကျင့်တရားဖြင့် ပြုမူသည့်လူများသည် ၎င်းတို့ ကောင်းသော စိတ်ခံစားမှုရှိနေချိန်တွင် ၎င်းတို့၏ တာဝန်များကို စေ့စေ့စပ်စပ် ဖြည့်ဆည်းကြသည်။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့် အလုပ်မလုပ်ဘဲ၊ အခြားသူများက ၎င်းတို့အား အထင်ကြီးစေဖို့ မိမိတို့ကိုယ်ကိုယ် မာနမထောင်လွှားကြသကဲ့သို့၊ ကိုယ်ရည်သွေးလည်းမပြကြပေ။ သို့သော် ၎င်းတို့သည် မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေသည့် အချိန်၌၊ ၎င်းတို့၏ နေ့စဉ် လုပ်ဆောင်ချက် တာဝန်များကို ဤသို့ပင် စိတ်ပါလက်ပါနှင့် တာဝန်ရှိစွာ ပြီးမြောက်စေပြီး၊ ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းကို ထိခိုက်နစ်နာ စေသည့်အရာ တစ်ခုခုကိုဖြစ်စေ၊ ၎င်းတို့ကို ဖိအားအနည်းငယ် ပေးသည့်အရာတစ်ခုခု သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အနှောင့်အယှက် ဖြစ်ပေါ်စေသည့်အရာတစ်ခုခုကို ၎င်းတို့ ကြုံတွေ့ရလျှင်ပင်၊ ၎င်းတို့သည် “ကျွန်ုပ် မည်မျှ ကြီးမားသည့် ပြဿနာကို ရင်ဆိုင်ရပါစေ— ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလျှင်ပင်ဘု— ရားသခင်သည် ကျွန်ုပ်ကို အသက်ဆက် ရှင်သန်ခွင့်ပေးသမျှ ကာလပတ်လုံး၊ ကျွန်ုပ်သည် မိမိ၏ တာဝန်ကို ဖြည့်ဆည်းဖို့ အစွမ်းကုန်ကြိုးစားရန် သန္နိဌာန်ချထားပါသည်။ ဘုရားသခင် ပေးအပ်သည့် ဤတာဝန်နှင့် ကျွန်ုပ်ထိုက်တန်ဖို့၊ ထို့အပြင် ကျွန်ုပ်၏ ခန္ဓာကိုယ်ထဲ ကိုယ်တော် ထည့်ထားပြီးဖြစ်သည့် ဤထွက်သက်ဝင်သက်နှင့် ကျွန်ုပ်ထိုက်တန်ဖို့အလို့ငှာ၊ ကျွန်ုပ် အသက်ရှင်ခွင့်ရသည့် နေ့တိုင်းသည် ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ဖို့ အလွန်အလုပ်ကြိုးစားမည့် နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ကျွန်ုပ်သည် မည်မျှ အခက်အခဲကြုံကောင်း ကြုံနေရသည်ဖြစ်ပါစေ၊ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အရေးအကြီးဆုံးအရာဖြစ်သည့်အတွက် ယင်းကို ဘေးဖယ်ထားပါမည်။” ဟု ပြောလျက်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး၊ ဆုတောင်းနိုင်ဆဲ ဖြစ်ပေသည်။ မည်သည့် လူ၊ အဖြစ်အပျက်၊ အမှုအရာ သို့မဟုတ် ပတ်ဝန်းကျင်တစ်စုံတစ်ရာအားဖြင့် ထိခိုက်ခြင်းကို မခံရသည့်သူများ၊ မည်သည့်စိတ်ခံစားမှု သို့မဟုတ် အပြင်ပန်းအခြေအနေ တစ်စုံတစ်ရာအားဖြင့် ထိန်းချုပ်ခြင်းကို မခံသူများနှင့် ၎င်းတို့ကို ဘုရားသခင် ယုံကြည်စွာပေးအပ်ထားသည့် ၎င်းတို့၏တာဝန်များနှင့် တာဝန်ပေးစေခိုင်းချက်များကို ရှေ့တန်းတင်ထားသူများ— ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိသူများနှင့် သူ့ကို စစ်မှန်စွာ နာခံသူများဖြစ်သည်။ ဤကဲ့သို့သော လူများသည် အသက်ဝင်ရောက်ခြင်းကို ရရှိပြီးဖြစ်ကာ၊ သမ္မာတရားလက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီးဖြစ်ပေသည်။ ဤသည်မှာ သမ္မာတရားကို အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် လက်တွေ့အကျဆုံးနှင့် အစစ်မှန်ဆုံးသော ဖော်ပြချက်များ ပင်တည်း။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အသက်အတွင်း ဝင်ရောက်ခြင်းသည် မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်” မှ

လူများက ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် အခါတွင်၊ အမှန်တကယ်ပင် ၎င်းတို့သည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင် နေကြသည်။ သို့သော် သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ယင်းကို လုပ်ဆောင်ပါက၊ သင်၏တာဝန်ကို ရိုးသားသည့် သဘောထားတစ်ခုနှင့် စိတ်နှလုံးတစ်ခုဖြင့် ထမ်းဆောင်ပါက၊ ဤသဘောထားသည် သာ၍ မှန်ကန်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်သည် သင်၏နေ့စဉ် အသက်တာတွင် ဤသဘောထားကို မည်သို့ လက်တွေ့ကျင့်သုံးသင့်သနည်း။ သင်သည် “ဘုရားသခင်ကို စိတ်နှလုံးနှင့် ရိုးသားမှုဖြင့် ဝတ်ပြုကိုးကွယ်ခြင်း” ကို သင်၏စစ်မှန်မှု ဖြစ်စေရမည်။ သင် ခိုကပ်ချင်ပြီး ဟန်ဆောင်လုပ်ပြချင်သည့်အချိန်တိုင်း၊ အပျင်းထူချင်သည့် အချိန်တိုင်းနှင့် သင့်ကိုယ်သင် အာရုံပြောင်းခွင့်ပေးပြီး အပျော်သက်သက် လုပ်ဆောင်ချင်သည့်အချိန်တိုင်းတွင်၊ ထိုအရာကို သင် အစမှအဆုံး စဉ်းစားသင့်၏- ဤသို့ပြုမူခြင်းဖြင့်၊ ကျွန်ုပ်သည့် ယုံကြည်စိတ်ချ၍ မရ ဖြစ်နေပါသလော။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ကို စိတ်ပါလက်ပါ လုပ်ဆောင်ခြင်းလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ် သစ္စာပျက်နေသလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့်၊ ကျွန်ုပ်အပေါ် ဘုရားသခင် ထားရှိသည့် ယုံကြည်မှုနှင့်လျော်ညီအောင် အသက်ရှင်ဖို့ ကျွန်ုပ် ပျက်ကွက်နေခြင်းလော။ ဤသည်မှာ သင့်ကိုယ်သင် သုံးသပ်ဆင်ခြင်သင့်သည့်ပုံ ဖြစ်သည်။ သင့်အနေဖြင့်၊ “ဒီကိစ္စကို ငါ အလေးအနက် မထားဖူးဘူး။ အရင်တုန်းက၊ ပြဿနာတစ်ခုရှိတယ်လို့ ငါ ခံစားခဲ့ရပေမယ့် အဲဒါကို စိုးရိမ်ရတဲ့အရာဖြစ် ငါ သဘောမထားခဲ့ဘူး၊ အဲဒါကို ငါ အမှုမဲ့အမှတ်မဲ့ပဲ ဖော့ပြောခဲ့တယ်။ အခု ဒီပြဿနာက မပြေလည်သေးဘူး။ ငါ ဘယ်လိုလူမျိုးလဲ” ဟု တွေးသင့်၏။ သင်သည် ပြဿနာကို သိမြင်ပြီး မိမိကိုယ်ကိုယ် အနည်းငယ် သိလာလိမ့်မည်။ အသိပညာအနည်းငယ် ရှိသည့်အချိန်တွင် သင် ရပ်သင့်သလော။ သင်၏ အပြစ်များကို ဝန်ချပြီးသည်နှင့်တပြိုင်နက် ပြီးစီးပြီလော။ သင် နောင်တရရမည်ဖြစ်ပြီး ပြောင်းလဲရမည်။ ပြီးလျှင် သင်သည် သင့်ကိုယ်သင် မည်သို့ပြောင်းလဲနိုင်သနည်း။ ယခင်က သင်၏တာဝန် ထမ်းဆောင်ခြင်းအပေါ် သင်၌ မှားယွင်းသော သဘောထားနှင့် စိတ်တို့ရှိခဲ့သည်၊ ယင်းတွင် သင်စိတ်မပါခဲ့ဘဲ၊ မှန်ကန်သည့် အမှုအရာများကို မည်သည့်အခါမျှ အာရုံစိုက် လုပ်ဆောင်ခြင်း မရှိခဲ့ပေ။ ယနေ့တွင် သင်သည် သင်၏တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်ခြင်းအပေါ် သင်၏သဘောထားကို ထားရှိရမည်၊ ဘုရားသခင် ရှေ့မှောက်တွင် သင်ဆုတောင်းရမည်၊ ပြီးလျှင် သင်၏ယခင်က အတွေးအခေါ်များနှင့် သဘောထားများ တစ်ဖန် ဖြစ်လာသည့်အခါ၊ သင့်ကို ဆုံးမပဲ့ပြင်ပြီး ပြစ်တင်ဆုံးမဖို့ ဘုရားသခင်ကို တောင်းလျှောက်ရမည်။ သင် ဖြစ်ကတတ်ဆန်းနှင့် ဝတ်ကျေတမ်းကျေပြုခဲ့ဖူးသည့် နယ်ပယ်များကို အလျင်အမြန် ဖော်ထုတ်လော့။ ယင်းတို့ကို သင်မည်သို့ ပြုပြင်နိုင်မည်ကို တွေးပြီး ယင်းတို့ကို ပြုပြင်ပြီးသည့်နောက်၊ တစ်ဖန်ရှာဖွေပြီး ဆုတောင်းလော့၊ ထို့နောက်တွင် သင်သည် မှန်ကန်သည့် အမှုအရာကို လုပ်ဆောင်ပြီးဖြစ်သည်ကို လူတိုင်းသဘောတူလာသည်အထိ၊ သင်၏ညီအစ်ကို မောင်နှမများတွင် သာ၍ကောင်းသည့် အကြံပြုချက်များနှင့် ထောက်ခံချက် တစ်ခုတစ်လေ ရှိမရှိကို ၎င်းတို့အား မေးလော့။ သို့မှသာလျှင် သင်သည် အတည်ပြုခြင်း ခံရလိမ့်မည်။ ဤတစ်ကြိမ်တွင် သင်သည် သင်၏တာဝန်ကို စံနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကာ၊ အကောင်းဆုံးကို လုပ်ဆောင်ပြီး၊ စိတ်နှစ်၍ အစွမ်းကုန် လုပ်ဆောင်သည်ဟု ခံစားရလိမ့်မည်။ သင်သည် သင်တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ပြီး ဖြစ်သည်ဟု ခံစားရလိမ့်မည်၊ လိပ်ပြာမလုံခြင်းမှ ကင်းဝေးလိမ့်မည်။ ဘုရားသခင်၏ စစ်ကြောခြင်းကို ခံရသည့်အခါ၊ သင်သည် လိပ်ပြာသန့်လိမ့်မည် ဖြစ်ပြီး သင်က “ဘုရားသခင်က ကျွန်ုပ်၏တာဝန်ကို ၆၀ရာခိုင်နှုန်း အဖြစ်သာ အမှတ်ပေးနိုင်သော်လည်း၊ ကျွန်ုပ်၏ ခန္ဓာရှိ ခွန်အားရှိသမျှကို ယင်း၌ ထည့်သည်၊ ကျွန်ုပ်၏ စိတ်နှလုံးတစ်ခုလုံးကို ယင်း၌ထည့်သည်၊ ကျွန်ုပ်သည် ပျင်းရိမနေပေ။ ကျွန်ုပ်သည် စိတ်မချရသည့် နည်းလမ်းဖြင့် ပြုမူဖို့ မကြိုးစားခဲ့ပေ၊ ပြီးလျှင် ကျွန်ုပ်သည် မည်သည့်အရာကိုမျှ ထိန်ချန် မထားပါ။” ဟု ပြောလိမ့်မည်။ ဤသည်မှာ သင်၏တာဝန်ထဲ၌ သင့်စိတ်နှလုံးနှင့် သင်၏ခွန်အား အကြွင်းမဲ့ ထည့်ခြင်း၏ စစ်မှန်မှုများယူပြီး သင်၏ နေ့စဉ်အသက်တာတွင် လက်တွေ့ကျင့်သုံးခြင်း မဟုတ်လော။ ဤသည်မှာ သမ္မာတရား၏ ဤစစ်မှန်မှုများကို အသက်ရှင်နေထိုင်ခြင်း မဟုတ်သလော။ ပြီးလျှင် သင်သည် သင်၏ စိတ်နှလုံးထဲတွင် ဤစစ်မှန်မှုများကို အသက်ရှင် နေထိုင်သည့်အခါ၊ မည်သည့်အရာကို ခံစားရသနည်း။” သင်သည် လူသားဆန်မှုအချို့ကို ရှင်သန်နေပြီး လမ်းလျှောက်နေသည့် သေလူနှင့် မတူတော့ဟု သင်ခံစားရသည် မဟုတ်သလော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လမ်းကြောင်းသည် သမ္မာတရားကို သမ္မာတရားကို မကြာခဏ တွေးဆခြင်း” မှ

တာဝန်ထမ်းဆောင်မှုတွင် ပြည့်မီမှုကို စွမ်းဆောင်ရရှိဖို့၊ ပထမဦးဆုံး ယင်း၏ထမ်းဆောင်မှုတွင် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းကို စွမ်းဆောင်ရရှိဖို့ လိုအပ်သည်။ ဤလမ်းကြောင်းတွင် လတ်တလော လက်တွေ့လုပ်ဆောင်နေသူ အချို့ရှိ၏၊ ဆိုလိုသည်မှာ သမ္မာတရားကို နားထောင်ပြီးသည့်နောက်တွင် ၎င်းတို့သည် သမ္မာတရားကို တစ်ရာရာခိုင်နှုန်းအပြည့်အဝ လက်တွေ့လုပ်ဆောင်ခြင်းအရာ၌ မအောင်မြင်နိုင်သော်လည်း ဤအခြေခံမူနှင့်အညီ စတင်အလုပ်လုပ်ကြပြီး ဖြစ်သည်။ ပြုလုပ်ခိုက် ပြုလုပ်ဆဲတွင်၊ ၎င်းတို့သည် ကျရှုံးကောင်း ကျရှုံမည်၊ သို့မဟုတ် တိုး၍ အားနည်းကောင်း အားနည်းမည်ဖြစ်ပြီး သွေဖည်ကောင်း သွေဖည်မည်ဖြစ်ကာ၊ မကြာခဏ အမှားများ ပြုမိမည်ဖြစ်သော်လည်း၊ ၎င်းတို့လျှောက်လှမ်းသည့် လမ်းကြောင်းသည် ဤအခြေခံမူနှင့်အညီ ပြုမူနိုင်ရန် ကြိုးပမ်းခြင်းလမ်းကြောင်းတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ရာကို သင်၏လုပ်ဆောင်ခြင်းနည်းလမ်းသည် မှန်ကန်သည်ဟု တစ်ခါတစ်ရံ သင်ခံစားကောင်း ခံစားရမည်ဖြစ်သော်လည်း၊ လက်တစ်ကမ်းရှိ အလုပ်ကို နှောင့်နှေးစေလိမ့်မည်မဟုတ်သည့် အခြေအနေတစ်ခုတွင် သင်ရှိပါက၊ သင်သည် ယင်းကို အတူဆွေးနွေးဖို့ သင်၏အလုပ်လက်တွဲဖော်များ၊ သို့မဟုတ် အဖွဲ့ဝင်များကိုလည်း ရှာတွေ့ကောင်း ရှာတွေ့ပေမည်။ နည်းလမ်းတစ်ခုခုဖြင့် ယင်းကို လုပ်ဆောင်ခြင်းသည် အကောင်းဆုံးသော ရလဒ်များကို စွမ်းဆောင်ရရှိနိုင်ကြောင်း၊ အခြေခံမူ၏နယ်ပယ်ကို မပိုလွန်ကြောင်း၊ ဘုရားသခင့်အိမ်တော်၏ အကျိုးအတွက်ဖြစ်ပြီး ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းအား အကောင်းဆုံး အသုံးချနိုင်ကြောင်း တွေးရာတွင် အများသဘောတစ်ခုကို ရသည်အထိ၊ ကိစ္စရပ်အပေါ် ရှင်းလင်းသည်အထိ မိတ်သဟာယပြုလော့။ အဆုံးသတ်ရလဒ်မှာ တစ်ခါတစ်ရံတွင် စိတ်ကျေနပ်စရာဖြစ်မည် မဟုတ်သော်လည်း၊ သင့်အလုပ်၏နည်းလမ်း၊ ဦးတည်ချက်နှင့် ရည်မှန်းချက်တို့သည် မှန်ကန်၏။ သို့ဆိုလျှင် ဘုရားသခင်သည် ဤအရာကို မည်သို့မြင်လိမ့်မည်နည်း။ ဤကိစ္စရပ်ကို သူမည်သို့သတ်မှတ်လိမ့်မည်နည်း။ သင်သည် ဤတာဝန်ကို ပြည့်မီစွာ ဖြည့်ဆည်းနေသည်ဟု သူပြောလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။” မှ

သင်၏ တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ဖို့၊ ဘုရားသခင်ကို သင် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ သင်၏ တာဝန် မည်မျှ သင် လုပ်ဆောင်ပြီးဖြစ်ပါစေ၊ ဘုရားသခင်၏ အိမ်တော်အဖို့ ပံ့ပိုးမှုများ သင် မည်မျှ ပြုလုပ်ပြီးသည်ဖြစ်စေ အရေးမကြီးသကဲ့သို့၊ သင်၏ တာဝန်တွင် သင် အတွေ့အကြုံမည်မျှ ရှိခဲ့သည်မှာလည်း အရေးမကြီးပေ။ ဘုရားသခင် ကြည့်ရှုသည့် အဓိကအရာမှာ လူတစ်ဦး သွားသည့် လမ်းကြောင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သမ္မာတရားအပေါ် လူတစ်ဦး၏ သဘောထားနှင့် လူတစ်ဦး၏ လုပ်ဆောင်ချက်များ နောက်ကွယ်က အခြေခံသဘောတရားများ၊ ဦးတည်ချက်၊ ဇာစ်မြစ်နှင့် တွန်းအားတို့ကို သူ ကြည့်လေသည်။ ဤအရာများအပေါ် ဘုရားသခင် အာရုံစိုက်၏။ ယင်းတို့သည် သင် လျှောက်လှမ်းသည့် လမ်းကြောင်းကို ဆုံးဖြတ်သည့် အရာဖြစ်သည်။ သင်၏ တာဝန်ကို သင်ဖြည့်ဆည်းခြင်း ဖြစ်စဉ်တွင် ဤအရာများကို သင့်အထဲတွင် လုံးဝ မတွေ့ရသကဲ့သို့၊ သင်၏ အလုပ် ဇာစ်မြစ်မှာ သင်၏ အတွေးများဖြစ်ပါက၊ သင်၏ တွန်းအားမှာ သင်၏ ကိုယ်ပိုင် အကျိုးစီးမွားများကို ကာကွယ်ဖို့နှင့် သင်၏ နာမည်ဂုဏ်သတင်းနှင့် ရာထူးကို ကာကွယ်ပေးဖို့ ဖြစ်ပါက၊ သင်၏ လုပ်နည်းလုပ်ဟန်သည် သမ္မာတရားကို ရှာဖွေဖို့ မဆိုထားနှင့်၊ အမှုအရာများကို အခြားသူများနှင့် မည်သည့်အခါမျှ ဆွေးနွေးခြင်းမရှိဘဲ သို့မဟုတ် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိဘဲ ဆုံးဖြတ်ချက်များ ပြုလုပ်ဖို့နှင့် တစ်ကိုယ်တည်း လုပ်ဆောင်ကာ အဆုံးအဖြတ်ပေးဖို့ဖြစ်ပါက၊ ဘုရားသခင်သည် သင့်ကို မည်သို့ မြင်မည်နည်း။ သင်၏ တာဝန်ကို ထိုသို့ သင် ထမ်းဆောင်ပါက သင်သည် အဆင့်အတန်းမမီသေးပေ။ သင်သည် သင်၏ တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေခြင်းမရှိသကဲ့သို့ သင် ဆန္ဒရှိသည်အတိုင်း အမြဲလုပ်ဆောင်သောကြောင့် သင်သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ် ခြေမချသေးပေ။ ဤသည်မှာ လူအများစုက ၎င်းတို့၏ တာဝန်များကို ကျေနပ်ဖွယ်ရာ မထမ်းဆောင်ကြသည့် အကြောင်းရင်း ဖြစ်သည်။ ယင်းကို ယခုကြည့်ရှုရာတွင်၊ မိမိ၏ တာဝန်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းဖို့ ခက်ခဲသလော။ အမှန်တွင်၊ မခက်ခဲပေ။ လူတို့အနေဖြင့် နှိမ့်ချခြင်းသဘောတစ်ခုသာ ခံယူနိုင်ရမည်၊ အသိစိတ်အနည်းငယ် ပိုင်ဆိုင်နိုင်ရမည်ဖြစ်ပြီး သင့်တော်သော အနေအထားတစ်ခု ခံယူနိုင်ရမည်ဖြစ်သည်။ သင် မည်မျှ ပညာတတ်သည်ဟု သင် ထင်ပါစေ၊ မည်သည့် ဆုများကို သင် ရရှိပြီးဖြစ်ပါစေ၊ သို့မဟုတ် သင် မည်မျှ စွမ်းဆောင်ရရှိပြီးဖြစ်ပါစေ၊ ပြီးလျှင် သင်၏ အရည်အချင်းနှင့် အဆင့်အတန်း မည်မျှမြင့်မားသည်ဟု သင် ယုံကြည်ပါစေ၊ ဤအရာအားလုံးကို လက်လွှတ်ခြင်းအားဖြင့် သင် စတင်ရမည်၊ အဘယ့်‌ကြောင့်ဆိုသော် ၎င်းတို့သည် မည်သို့မျှ အရေးမပါသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ထိုအရာများသည် မည်သို့ ကြီးမြတ်ကာ ကောင်းမြတ်ကြပါစေ၊ သမ္မာတရားထက် မမြင့်မားနိုင်ကြပေ။ ထိုအရာများသည် သမ္မာတရား မဟုတ်သကဲ့သို့ သမ္မာတရား၏ နေရာကို မယူနိုင်ပေ။ ဤသည်မှာ သင့်အနေဖြင့် အသိစိတ်ဟု ခေါ်သော အရာကို ပိုင်ဆိုင်ရမည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင်က “ကျွန်ုပ်သည် အလွန်ပါရမီရှိသည်၊ ကျွန်ုပ်၌ အလွန်ထက်မြက်သည့်ဉာဏ် ရှိသည်၊ ကျွန်ုပ်၏ တုန့်ပြန်မှုသည် အလွန်မြန်သည်၊ ကျွန်ုပ်သည် မြန်မြန်ဆန်ဆန် သင်ယူနိုင်သူတစ်ဦး ဖြစ်ပြီး အလွန့်အလွန် ကောင်းမွန်သော မှတ်ဉာဏ်ရှိသည်” ဟုဆိုပြီး ဤအရာများကို အရင်းအနှီးအဖြစ် သင် အမြဲ အသုံးပြုပါက၊ ဤအရာက ပြဿနာဖြစ်စေလိမ့်မည်။ ဤအရာများကို သမ္မတရားအဖြစ် သို့မဟုတ် သမ္မာတရားထက် မြင့်မားသကဲ့သို့ သင် မြင်ပါက၊ သင့်အတွက် သမ္မာတရားကို လက်ခံဖို့နှင့် ယင်းကို လက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲလိမ့်မည်ဖြစ်သည်။ သူတစ်ပါးထက် သာလွန်သကဲ့သို့ အမြဲပြုမူသည့် မာန်တက်ပြီး မာနထောင်လွှားသော လူတို့သည် သမ္မာတရားကို လက်ခံဖို့ အခက်ခဲဆုံးဖြစ်ပြီး၊ လဲကျတတ်လေ့ အရှိဆုံး ဖြစ်သည်။ လူတစ်ဦးသည် မိမိ၏ မာနထောင်လွှားမှု ပြဿနာကို ဖြေရှင်းနိုင်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လွယ်ကူလာလေသည်။ ထို့ကြောင့်၊ သင်သည် အပေါ်ယံတွင် ကောင်းမွန်ကာ မြင့်မြတ်ပုံရပြီး၊ အခြားသူများ၏ မနာလိုမှုကို လှုံ့ဆော်သော အရာများကို ဦးစွာပစ်ချကာ ငြင်းပယ်ရမည်ဖြစ်သည်။ ထိုအရာများသည် သမ္မာတရား မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းမှ သင့်ကို ပိတ်ဆို့နိုင်ပေသည်။ ယခု လုပ်ဆောင်ဖို့ အရေးကြီးဆုံးသော အရာမှာ သမ္မာတရားကို ရှာဖွေဖို့၊ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ဖို့နှင့် သင်၏ တာဝန်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းဖို့ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ပြည့်မီသော တာဝန်ထမ်းဆောင်မှုသည် အသက်ဝင်ရောက်မှု လမ်းကြောင်းပေါ် တစ်ခုတည်းသော ပထမခြေလှမ်းဖြစ်သောကြောင့် ဖြစ်သည်၊ ယင်းမှာ အစဖြစ်သည်ဟု ဆိုလိုပေသည်။ ကိစ္စရပ်တိုင်းတွင်၊ အဓိကအကျဆုံး၊ အခြေခံအကျဆုံးအရာ၊ သင်၏ ခြေကို တံခါးသို့ ရောက်စေသော အရာတစ်ခုရှိပြီး၊ သင်၏ တာဝန်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းခြင်းသည် သင့်ကို အသက်ထဲသို့ ဝင်ရောက်ခြင်း တံခါးကို ဖြတ်သန်းစေမည့် လမ်းခရီးတစ်ခု၊ လမ်းကြောင်းတစ်ခု ဖြစ်ပေသည်။ သင်၏ တာဝန်ဖြည့်ဆည်းခြင်းသည် ဤ “ပြည့်ဝမှု” လုံးဝ မပါဝင်ပါက၊ သင် အားထုတ်ကြိုးပမ်းဖို့ လိုအပ်ပေသည်။ သင် မည်သို့ အားထုတ်ကြိုးပမ်းသင့် သနည်း။ ယင်းမှာ သင့်အနေဖြင့် သင်၏ စရိုက်ကို ပြောင်းလဲဖို့ သို့မဟုတ် သင်၏ ပါရမီများနှင့် အတတ်ပညာဆိုင်ရာ အားသာချက်များကို စွန့်လွှတ်ဖို့ လိုအပ်သည် မဟုတ်ပေ။ သင့်အနေဖြင့် သမ္မာတရားကို ရှာဖွေပြီး သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ လုပ်ဆောင်နေသည့် တစ်ချိန်လုံးတွင် သင်၏ တာဝန်ကို ဖြည့်ဆည်းသည်နှင့်အမျှ ဤအားသာချက်များနှင့် သင် သင်ယူပြီးဖြစ်သည့် အရာများကို သင်နှင့်အတူ သယ်ဆောင်နိုင်သည်။ သင်၏ တာဝန်ကို လုပ်ဆောင်နေစဉ် အသက်ထဲ ဝင်ရောက်မှုကို သင် ရရှိပါက၊ သင်၏ တာဝန်ကို သင် ပြည့်ပြည့်ဝဝ ဖြည့်ဆည်းနိုင်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။” မှ

ယနေ့တွင် သင် စွမ်းဆောင်ရရှိရန် လိုအပ်သည်မှာ နောက်ထပ်တောင်းဆိုမှုများ မဟုတ်ဘဲ၊ လူ၏ တာဝန်နှင့် လူအားလုံးက လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အကယ်၍ မိမိ၏တာဝန်ကိုပင် သင်တို့ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ သို့မဟုတ် ယင်းကို ကောင်းစွာ လုပ်ဆောင်နိုင်စွမ်းမရှိပါက၊ သင်တို့သည် မိမိကိုယ်ကိုယ် ဒုက္ခရောက်စေခြင်း မဟုတ်လော။ သင်သည် သေခြင်းတရားကို ဖိတ်ခေါ်နေသည် မဟုတ်လော။ အနာဂတ်နှင့် အလားအလာများရှိဖို့ သင်သည် အဘယ်သို့ မျှော်လင့်နိုင်ဦးမည်နည်း။ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်တွင်၊ လူသည် သူ၏ လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်း မရှိရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ဘုရားသခင်၏အမှုတွင် လူသည် မည်သည့်လုံ့လကိုမျှ မချန်သင့်၊ သူ၏သစ္စာစောင့်သိမှုကို ဆက်ကပ်သင့်ပြီး၊ အတော်များသော အယူအဆများတွင် မမွေ့လျော်သင့်ပေ သို့မဟုတ် မလှုပ်မယှက်ထိုင်ကာ သေခြင်းကို မစောင့်ဆိုင်းသင့်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် လူသားအတွက် စတေးနိုင်သည်၊ သို့ဆိုလျှင် လူသည် သူ၏သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင်သနည်း။ ဘုရားသခင်သည် လူသားအပေါ် တစ်စိတ်တစ်ဝမ်းတည်းရှိသည်၊ သို့ဆိုလျှင် လူသည် အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်ကို မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် အမှုပြုသည်၊ သို့ဆိုလျှင် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မဆောင်ရွက်နိုင်သနည်း။ ဘုရားသခင်၏ အမှုသည် ဤအထိ ရောက်ရှိလာလေပြီ၊ သို့သော် သင်သည် မြင်သော်ငြား မလုပ်ဆောင်၊ ကြားသော်ငြား မလှုပ်ရှားချေ။ ထိုသို့သော လူများသည် ထာဝရ ပြစ်ဒဏ်ခံရသူများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူသားအဖို့ ဆက်ကပ်အပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် သူ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိသနည်း။ ဘုရားသခင် အတွက်၊ သူ၏အမှုသည် ပထမ ဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲခြင်း အမှုသည် အရေးအကြီးဆုံး ဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းတို့သည် သူ၏ ပထမ ဦးစားပေးဖြစ်သည်။ ဤအရာကို သင်တို့အားလုံး နားလည်သင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

အရှေ့သို့- ၇၇။ ဘုရားသခင့် အိမ်တော်၏ အလုပ်ကို ကာကွယ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၇၉။ ဘုရားသခင်ထံ ဆက်ကပ်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊လျှောက်ရမယ့်လမ်းကို ညွှန်ပြသမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်