၁၀၆။ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် အစေခံမှုကို ပေးခြင်းတို့ကြား ခွဲခြားခြင်း အခြေခံသဘောတရားများ

၁။ မိမိ၏ တာဝန်ကို စစ်မှန်စွာ ထမ်းဆောင်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ သမ္မာတရားတိုင်းကို ဘုရားသခင် တောင်းဆိုသည့်အတိုင်း လက်တွေ့လုပ်ဆောင်ရန်နှင့် မိမိ၏ တာဝန်များနှင့် ဝတ္တရားများကို တာဝန်ယူဆောင်ရွက်ရန် ဖြစ်သည်။

၂။ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင်၊ မိမိကိုယ်ကိုယ် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ သုံးသပ်နိုင်စွမ်းရှိခြင်း၊ ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းအားဖြင့်သာ တစ်ဦးတစ်ယောက်သည် မိမိတို့၏ တာဝန်ကို စိတ်ကျေနပ်မှုရှိစွာ ထမ်းဆောင်လာနိုင်ပေသည်။

၃။ ကောင်းချီးမင်္ဂလာများအတွက်နှင့် ဘုန်းအသရေ သရဖူတစ်ခု ကြိုးပမ်းရရှိခြင်း မျှော်လင့်ချက်များဖြင့် မိမိ၏ တာဝန်ကို ထမ်းဆောင်ရန်မှာ ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။ အနှစ်သာရအားဖြင့်၊ ယင်းသည် ဘုရားသခင်အဖို့ အစေခံမှု ပေးရန် ဖြစ်သည်။

၄။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် နာမည်ဂုဏ်သတင်းနှင့် ရာထူးအဆင့်အတန်းကို စဉ်ဆက်မပြတ် ရှာဖွေကာ သမ္မာတရားကို အနည်းငယ်မျှ လက်မခံဘဲ တစ်သမတ်တည်း သတိမမူဖြစ်ကာ ဝတ်ကျေတမ်းကျေဖြစ်သောသူသည် သိသိသာသာ အစေခံသူတစ်ဦး ဖြစ်သည်။

၅။ မိမိ၏ တာဝန်ကို စိတ်ကျေနပ်မှုရှိစွာ ထမ်းဆောင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ကိစ္စရပ်များအားလုံးတွင် သမ္မာတရားကို ရှာဖွေရန်နှင့် ဘုရားသခင်ကို ချစ်ကာ စိတ်ကျေနပ်လာစေခြင်း ရည်ရွယ်ချက်အတွက် အမှုအရာများကို လုပ်ဆောင်ကာ အဆုံးသတ်အထိ သစ္စာစောင့်သိရန် ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်ကို ယုံကြည်သောသူတိုင်း သူ၏ အလိုတော်ကို နားလည်သင့်၏။ ၎င်းတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ဖြည့်ဆည်းသော သူတို့သာ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ကြပြီး၊ ၎င်းတို့ကို သူ အပ်နှံသည့် အလုပ်တာဝန်များကို ဖြည့်ဆည်းခြင်းအားဖြင့်သာ ၎င်းတို့၏ တာဝန်များကို ၎င်းတို့ ဖြည့်ဆည်းခြင်းက စံချိန်မီလိမ့်မည်ဖြစ်သည်။ အလုပ်တာဝန်တစ်ခုကို ပြီးမြောက်စေရာ၌ လူတို့သည် သမ္မာတရားကို လက်တွေ့မကျင့်သုံး သို့မဟုတ် သမ္မာတရားကို မရှာဖွေသည့်အခါ၊ သူတို့သည် သမ္မာတရား၌ သူတို့၏ စိတ်နှလုံးများကို မဆက်ကပ်သည့်အခါ၊ တစ်နည်းအားဖြင့် သူတို့သည် အာဂုံဆောင်ရန် သူတို့၏ ဦးနှောက်များကိုသာ အသုံးပြုခြင်း၊ လုပ်ဆောင်ရန် သူတို့၏ လက်များကိုသာ အသုံးပြုခြင်းနှင့် ပြေးလွှားရန် သူတို့၏ ခြေထောက်များကိုသာ အသုံးပြုခြင်း ရှိသည့်အခါ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူတို့ အမှန်တကယ် မပြီးမြောက်ကြသေးပေ။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား ပြီးမြောက်စေခြင်းအတွက် စံနှုန်းများရှိသည်။ ထိုစံနှုန်းများ အဘယ်နည်း။ သခင်ယေရှုက၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှနှင့်ချစ်လော့” ဟု ပြောခဲ့သည်။ ဘုရားသခင်ကို ချစ်ခြင်းမှာ လူတို့အပေါ် ဘုရားသခင် သတ်မှတ်ထားသောအရာထဲမှ ရှုထောင့်တစ်ခုဖြစ်၏။ အမှန်အားဖြင့် ဘုရားသခင်သည် လူတို့အား တာဝန်ပေးစေခိုင်းချက်တစ်ခုကို ပေးသောအခါ၊ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ယုံကြည်ခြင်းဖြင့် ထမ်းဆောင်သောအခါ၊ ၎င်းတို့အား ကိုယ်တော်သတ်မှတ်ထားသော စံနှုန်းများမှာ ဤအရာများဖြစ်ကြ၏- သင်၏စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှဟူ၍ ဖြစ်သည်။ အကယ်၍ သင်သည် ရောက်လာသော်လည်း သင်၏စိတ်နှလုံးမပါသော်၊ သင်၏ဦးခေါင်းဖြင့် အလုပ်များအကြောင်းကို တွေးပြီး မှတ်ဉာဏ်၌ မှတ်သားသော်လည်း သင်၏စိတ်နှလုံးကို ၎င်းတို့ထဲ၌ မထားသော်၊ သင်၏ကိုယ်ပိုင်အစွမ်းအစများကို အသုံးပြု၍အမှုအရာများကို လုပ်ဆောင်ပြီးစီးလျှင် ယင်းမှာ ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ပြီးပြည့်စုံစေခြင်းဖြစ်သလော။ ထို့ကြောင့် သင်၏တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ရန်နှင့် သင့်ကို ဘုရားသခင် အပ်နှံထားသောအရာ ဖြစ်မြောက်စေရန်နှင့် သင်၏တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်ရန်အတွက် မည်သည့်စံနှုန်း ပြည့်မီရမည်နည်း။ ယင်းမှာ သင်၏တာဝန်ကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့် လုပ်ဆောင်ခြင်းဖြစ်၏။ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတစ်ခု သင်၌မရှိလျှင်၊ သင်၏ တာဝန်ကို မှန်မှန်ကန်ကန် ဖြည့်ဆည်းရန် ကြိုးပမ်းခြင်းက အလုပ်ဖြစ်လိမ့်မည် မဟုတ်။ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းမေတ္တာ ပိုတိုး၍ ခိုင်မာလာပြီး ပို၍ပို၍ စစ်မှန်လာလျှင်၊ သင်၏ တာဝန်ကို သင့်စိတ်နှလုံး၊ သင့် ဝိညာဉ်၊ သင့် စိတ်နှင့် ခွန်အား အားလုံးတို့ဖြင့် အလိုအလျောက် သင်ဆောင်ရွက်နိုင်လိမ့်မည် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့ အသက်ရှင်ဖို့ မှီခိုနေခဲ့ကြသည့် အရာအတိအကျ” မှ

သင်မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်ပါစေ၊ သင်၏တာဝန်နှင့်ပတ်သက်၍ ဘုရားသခင်၏အလိုတော်နှင့် ကိုယ်တော်၏ သတ်မှတ်ချက်များကို နားလည်သဘောပေါက်ရန် အစဉ်ကြိုးစားရမည်၊ သို့မှသာ အမှုကိစ္စများကို ကိုယ်ကျင့်တရားနှင့်အညီ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်ပြုလိုသည်အတိုင်း ပြုခြင်း၊ သင် လုပ်၍ပျော်သည့်အရာနှင့် လုပ်ဆောင်ရန် သက်သောင့်သက်သာရှိသော အရာမှန်သမျှ၊ သို့မဟုတ် သင့်ကို အကောင်းမြင်စေမည့် အရာမှန်သမျှကိုသာ လုပ်ဆောင်ခြင်းဖြင့် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအရ လုံး၀ မပြုနိုင်ပေ။ အကယ်၍ သင်သည် သင်၏ကိုယ်ပိုင်နှစ်သက်မှုများကို ဘုရားသခင်အပေါ် အတင်းအကျပ် သတ်မှတ်ခြင်း သို့မဟုတ် ၎င်းတို့အား သမ္မာတရားကဲ့သို့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့မှာ သမ္မာတရား အခြေခံသဘောတရားများဖြစ်သည့်အလား ၎င်းတို့အား လိုက်နာပါက၊ ၎င်းမှာ သင်၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေခြင်း မဟုတ်၊ ထို့အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်နေခြင်းကို ဘုရားသခင်မှ အမှတ်ရမည် မဟုတ်ပေ။ လူအချို့တို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းခြင်းမှာ မည်သည့်အရာကို ဆိုလိုသည်ကို သူတို့ မသိကြ။ ၎င်းတို့၏ စိတ်နှလုံးနှင့် အားထုတ်မှုတို့ကို ယင်းတွင် ထားရှိပြီးဖြစ်ကာ၊ မိမိတို့၏ ဇာတိပကတိကို စွန့်လွှတ်ပြီး ဆင်းရဲဒုက္ခခံစားပြီး ဖြစ်သည့်အတွက်၊ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းသည် စံချိန်မီသင့်သည်ဟု ၎င်းတို့ ခံစားကြသည်- သို့ဆိုလျှင်၊ ဘုရားသခင်သည် အဘယ်ကြောင့် အစဉ်အမြဲ စိတ်မကျေမနပ်ဖြစ်နေသနည်း။ ဤလူတို့သည် မည်သည့်နေရာတွင် မှားယွင်းခဲ့ကြပြီနည်း။ ၎င်းတို့၏ အမှားမှာ ဘုရားသခင်၏ သတ်မှတ်ချက်များကို ရှာဖွေရန် မကြိုးစားဘဲ၊ ယင်းအစား မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးအတိုင်း ပြုမူကြခြင်း ဖြစ်သည်၊ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒများ၊ နှစ်သက်မှုများနှင့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များကို သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားကြသည်။ ပြီးလျှင် သူတို့သည် ထိုအရာများကို ဘုရားသခင် နှစ်သက်သည့် အရာဖြစ်သကဲ့သို့၊ သူ၏ စံနှုန်းများနှင့် သတ်မှတ်ချက်များ ဖြစ်သည့်အလား သဘောထားကြသည်။ သူတို့သည် မှန်ကန်၊ ကောင်းမြတ်ပြီး လှပသည်ဟု သူတို့ ယုံကြည်သည့်အရာများကို သမ္မာတရားအဖြစ် မြင်ကြလေသည်။ ဤသည်မှာ မှားယွင်း၏။ အမှန်တွင်၊ လူတို့သည် တစ်စုံတစ်ရာ မှန်ကန်သည်၊ ပြီးလျှင် ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု တစ်ခါတစ်ရံ ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း၊ ယင်းသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်ဟု သေချာပေါက် မဆိုလိုပေ။ တစ်စုံတစ်ရာ မှန်ကန်သည်ဟု လူတို့ တွေးထင်လေလေ၊ ၎င်းတို့အနေဖြင့် သတိရှိသင့်လေလေဖြစ်ပြီး၊ ၎င်းတို့ စဉ်းစားနေသည့်အရာသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပြည့်မီခြင်းရှိမရှိ သိဖို့ရန် သမ္မာတရားကို ရှာဖွေသင့်လေလေ ဖြစ်သည်။ ယင်းသည် သူ၏ သတ်မှတ်ချက်များနှင့် ဆန့်ကျင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်လျက်ရှိပါက၊ ထိုအရာမှန်ကန်သည်ဟု သင် တွေးထင်သည်မှာ မှားယွင်းပေသည်၊ ယင်းသည် လူသားအတွေးသာ ဖြစ်ပြီး၊ သင် မှန်ကန်သည်ဟု မည်သို့ တွေးထင်ပါစေ သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီလိမ့်မည်မဟုတ်ပေ။ အမှန်၊ အမှားတို့နှင့်ဆိုင်သော သင်၏ စိတ်ပိုင်းဖြတ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် လုံးဝဥဿုံ အခြေခံရမည်ဖြစ်ပြီး၊ တစ်စုံတစ်ရာကို သင် မှန်ကန်သည်ဟု မည်မျှ တွေးထင်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ယင်းအတွက် အခြေပြုချက် မရှိပါက၊ ယင်းကို သင် စွန့်ပစ်ရမည်။ တာဝန်ကား အဘယ်နည်း။ ယင်းမှာ လူတို့ကို ဘုရားသခင် အပ်နှံထားသည့် တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် သင်၏တာဝန်ကို သင် အဘယ်သို့ ဖြည့်ဆည်းသင့်သနည်း။ လူသား၏ ဓမ္မဓိဋ္ဌာန်မကျသော စိတ်ဆန္ဒများအပေါ် အခြေခံသည်ထက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများနှင့်အညီ ပြုမူခြင်းနှင့် သမ္မာတရား အခြေခံသဘောတရားများပေါ် သင်၏ အပြုအမူကို အခြေခံခြင်းအားဖြင့် ဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းမှာ စံချိန်မီလိမ့်မည်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်” မှ

သင်ဖြည့်ဆည်းသည့် တာဝန်မှန်သမျှတွင် အသက်တာ ဝင်ရောက်ခြင်း ပါဝင်သည်။ သင်၏ တာဝန်သည် ပုံမှန်ဖြစ်စေ သို့မဟုတ် တစ်သမတ်တည်း မဟုတ်သည်ဖြစ်စေ၊ ပျင်းစရာကောင်းသည်ဖြစ်စေ သို့မဟုတ် အသက်ဝင်သည်ဖြစ်စေ၊ သင်သည် အသက်တာ ဝင်ရောက်ခြင်းကို အမြဲတမ်း ကြိုးပမ်းရရှိရမည်။ လူအချို့ ထမ်းဆောင်သည့် တာဝန်များသည် အတော်အတန် ငြီးငွေ့ဖွယ်ကောင်းသည်။ ၎င်းတို့သည် နေ့စဉ် တစ်ခုတည်းသောအရာကိုသာ လုပ်ဆောင်ကြပေသည်။ သို့သော် ထိုအရာများကို ဆောင်ရွက်သည့်အခါ၊ ဤလူများ ထုတ်ဖော်ပြသည့် အခြေအနေများသည် အားလုံး တစ်ထပ်တည်း မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ကောင်းမွန်သည့် စိတ်ခံစားမှုရှိသည့်အခါ၊ လူများသည် အနည်းငယ်ပို၍ လုံ့လဝီရိယရှိပြီး၊ အလုပ်ကို ပိုကောင်းမွန်စွာ ဆောင်ရွက်ကြသည်။ အခြားအချိန်များတွင် အမည်မသိသော သြဇာလွှမ်းမိုးမှုများကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးပြီး စာတန်ဆန်သော စိတ်သဘောထားများသည် ၎င်းတို့ထဲတွင် မလျော်ကန်သော အမြင်ရှုထောင့်များရှိစေပြီး၊ ဆိုးရွားသော အခြေအနေနှင့် ဆိုးရွားသော စိတ်ခံစားမှုတို့တွင် ရှိစေလျက်၊ ၎င်းတို့ထဲတွင် ဒုက္ခပေးခြင်းကို လှုံ့ဆော်လေသည်။ ဤအရာက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ထမ်းဆောင်ခြင်း အကျိုးဆက် ဖြစ်စေသည်။ လူများ၏ အတွင်းအခြေအနေများသည် အမြဲမပြတ် ပြောင်းလဲနေကြသည်။ ၎င်းတို့သည် အချိန်မရွေး နေရာမရွေး ပြောင်းလဲနိုင်သည်။ သင်၏ အခြေအနေ မည်သို့ ပြောင်းလဲပါစေ၊ သင်၏ စိတ်ခံစားမှုအရ ပြုမူခြင်းသည် အမြဲတမ်း မှားယွင်းပေသည်။ သင်သည် ကောင်းသော စိတ်ခံစားမှုတစ်ခုရှိချိန်တွင် အနည်းငယ်ပိုကောင်းမွန်အောင် ဆောင်ရွက်ပြီး၊ မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေချိန်တွင် အနည်းငယ် ပို၍ ဆိုးရွားအောင် ဆောင်ရွက်ပေသည်- ဤသည်မှာ အမှုအရာများကို ကိုယ်ကျင့်တရား ကောင်းမွန်သော နည်းလမ်းအရ ဆောင်ရွက်ခြင်းလော။ သင်၏တာဝန်ကို ဤနည်းလမ်းဖြင့် ကျေနပ်ဖွယ်ရာကောင်းအောင် ဖြည့်ဆည်းနိုင်သလော။ ၎င်းတို့၏ စိတ်ခံစားမှု မည်သို့ရှိပါစေ၊ လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ဆုတောင်းဖို့နှင့် မိမိတို့ကိုယ်ကိုယ် အလိုက်သင့်ပြုမူနေထိုင်ဖို့၊ သမ္မာတရားကို ရှာဖွေပြီး ကိုယ်ကျင့်တရားအရ ပြုမူဖို့ သတိရှိရမည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်ခံစားမှုအားဖြင့် ထိန်းချုပ်ခံရခြင်းနှင့် ဟိုဟိုသည်သည် တိမ်းညွတ်စေခြင်းတို့မှ ရှောင်ကြဉ်နိုင်သည်ကို လူများသိရပေမည်။ သင်၏ တာဝန်ကို ဖြည့်ဆည်းသည့်အခါ၊ ကိုယ်ကျင့်တရားအရ အမှုအရာများကို ဆောင်ရွက်နေခြင်း ရှိမရှိ၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် စံနှုန်းမီမမီ၊ တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်း သက်သက် ဟုတ်မဟုတ်၊ သင်၏ တာဝန်ဝတ္တရားများကို ရှောင်ရှားရန် ကြိုးစားခြင်း ပြုမပြု၊ နှင့် သင်၏ သဘောထားနှင့် သင်တွေးပုံခေါ်ပုံတို့တွင် ပြဿနာများ ရှိမရှိတို့ကို သင့်ကိုယ်သင် အမြဲတမ်း စစ်ဆေးသင့်သည်။ သင်သည် မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး၊ ဤအရာများသည် သင့်အတွက် ရှင်းလင်းလာသည်နှင့် တစ်ပြိုင်နက်၊ သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် ပို၍လွယ်ကူသော အချိန်တစ်ခု ရှိလာလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင်- အပျက်သဘောဆောင်ခြင်း နှင့် အားနည်းချက်ဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခံရပြီးနောက် မကောင်းသော စိတ်ခံစားမှု တစ်ခုတွင် ရှိနေခြင်းဖြစ်စေ- သင် မည်သည့်အရာကို ကြုံတွေ့ရပါစေ၊ ယင်းကို သင် သင့်တော်စွာ သဘောထားသင့်ပြီး၊ သင်သည် သမ္မာတရားကိုလည်း ရှာဖွေကာ၊ ဘုရားသခင်၏ အလိုတော်ကိုလည်း နားလည်ရမည်။ ဤအမှုအရာများကို လုပ်ဆောင်ခြင်းအားဖြင့်၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင်၌ရှိလိမ့်မည်။ သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် ကောင်းမွန်စွာ ဆောင်ရွက်လိုပါက၊ သင်၏ စိတ်ခံစားမှု၏ သက်ရောက်မှုကို ခံ၍ မဖြစ်ပေ။ သင်သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကို မည်မျှခံစားနေရပါစေ၊ သင်လုပ်သမျှတွင် ကိုယ်ကျင့်တရားများကို မြဲမြံစွာ လိုက်နာလျက်၊ လုံးဝ တိကျခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာကို သင်ပြုလုပ်ပါက အခြားသူများက သင့်ကို လက်ခံရုံသာမက၊ ဘုရားသခင်ကလည်း သင့်ကို နှစ်သက်တော်မူလိမ့်မည်။ ဤသို့ဖြစ်သဖြင့် သင်သည် တာဝန်ရှိပြီး ဝန်ထုပ် ထမ်းရွက်သောသူ ဖြစ်လိမ့်မည်။ သင်သည် သင်၏တာဝန်ကို စံချိန်မီ အမှန်တကယ် ဖြည့်ဆည်းပြီး၊ စစ်မှန်သော လူတစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အပြည့်အဝ အသက်ရှင်နေထိုင်သည့်သူ တကယ့် လူကောင်းတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ လူများသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းနေသည့်အခါ သန့်စင်ခြင်းခံရပြီး စစ်မှန်သည့် ပြောင်းလဲခြင်းကို ရရှိကြကာ၊ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် ရိုးသားသည်ဟု ခေါ်ဆို၍ ရနိုင်ပေသည်။ ရိုးသားသောလူများသာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်းခြင်းအား အပတ်တကုတ် လုံ့လထုတ်ပြီး ကိုယ်ကျင့်တရားဖြင့် ပြုမူကျင့်ကြံရာတွင် အောင်မြင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို စံချိန်မီ ဖြည့်ဆည်းနိုင်ပေသည်။ ကိုယ်ကျင့်တရားဖြင့် ပြုမူသည့်လူများသည် ၎င်းတို့ ကောင်းသော စိတ်ခံစားမှုရှိနေချိန်တွင် ၎င်းတို့၏ တာဝန်များကို စေ့စေ့စပ်စပ် ဖြည့်ဆည်းကြသည်။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့် အလုပ်မလုပ်ဘဲ၊ အခြားသူများက ၎င်းတို့အား အထင်ကြီးစေဖို့ မိမိတို့ကိုယ်ကိုယ် မာနမထောင်လွှားကြသကဲ့သို့၊ ကိုယ်ရည်သွေးလည်းမပြကြပေ။ သို့သော် ၎င်းတို့သည် မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေသည့် အချိန်၌၊ ၎င်းတို့၏ နေ့စဉ် လုပ်ဆောင်ချက် တာဝန်များကို ဤသို့ပင် စိတ်ပါလက်ပါနှင့် တာဝန်ရှိစွာ ပြီးမြောက်စေပြီး၊ ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းကို ထိခိုက်နစ်နာ စေသည့်အရာ တစ်ခုခုကိုဖြစ်စေ၊ ၎င်းတို့ကို ဖိအားအနည်းငယ် ပေးသည့်အရာတစ်ခုခု သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အနှောင့်အယှက် ဖြစ်ပေါ်စေသည့်အရာတစ်ခုခုကို ၎င်းတို့ ကြုံတွေ့ရလျှင်ပင်၊ ၎င်းတို့သည် “ကျွန်ုပ် မည်မျှ ကြီးမားသည့် ပြဿနာကို ရင်ဆိုင်ရပါစေ— ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလျှင်ပင်ဘု— ရားသခင်သည် ကျွန်ုပ်ကို အသက်ဆက် ရှင်သန်ခွင့်ပေးသမျှ ကာလပတ်လုံး၊ ကျွန်ုပ်သည် မိမိ၏ တာဝန်ကို ဖြည့်ဆည်းဖို့ အစွမ်းကုန်ကြိုးစားရန် သန္နိဌာန်ချထားပါသည်။ ဘုရားသခင် ပေးအပ်သည့် ဤတာဝန်နှင့် ကျွန်ုပ်ထိုက်တန်ဖို့၊ ထို့အပြင် ကျွန်ုပ်၏ ခန္ဓာကိုယ်ထဲ ကိုယ်တော် ထည့်ထားပြီးဖြစ်သည့် ဤထွက်သက်ဝင်သက်နှင့် ကျွန်ုပ်ထိုက်တန်ဖို့အလို့ငှာ၊ ကျွန်ုပ် အသက်ရှင်ခွင့်ရသည့် နေ့တိုင်းသည် ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ဖို့ အလွန်အလုပ်ကြိုးစားမည့် နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ကျွန်ုပ်သည် မည်မျှ အခက်အခဲကြုံကောင်း ကြုံနေရသည်ဖြစ်ပါစေ၊ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အရေးအကြီးဆုံးအရာဖြစ်သည့်အတွက် ယင်းကို ဘေးဖယ်ထားပါမည်။” ဟု ပြောလျက်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး၊ ဆုတောင်းနိုင်ဆဲ ဖြစ်ပေသည်။ မည်သည့် လူ၊ အဖြစ်အပျက်၊ အမှုအရာ သို့မဟုတ် ပတ်ဝန်းကျင်တစ်စုံတစ်ရာအားဖြင့် ထိခိုက်ခြင်းကို မခံရသည့်သူများ၊ မည်သည့်စိတ်ခံစားမှု သို့မဟုတ် အပြင်ပန်းအခြေအနေ တစ်စုံတစ်ရာအားဖြင့် ထိန်းချုပ်ခြင်းကို မခံသူများနှင့် ၎င်းတို့ကို ဘုရားသခင် ယုံကြည်စွာပေးအပ်ထားသည့် ၎င်းတို့၏တာဝန်များနှင့် တာဝန်ပေးစေခိုင်းချက်များကို ရှေ့တန်းတင်ထားသူများ— ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိသူများနှင့် သူ့ကို စစ်မှန်စွာ နာခံသူများဖြစ်သည်။ ဤကဲ့သို့သော လူများသည် အသက်ဝင်ရောက်ခြင်းကို ရရှိပြီးဖြစ်ကာ၊ သမ္မာတရားလက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီးဖြစ်ပေသည်။ ဤသည်မှာ သမ္မာတရားကို အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် လက်တွေ့အကျဆုံးနှင့် အစစ်မှန်ဆုံးသော ဖော်ပြချက်များ ပင်တည်း။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အသက်အတွင်း ဝင်ရောက်ခြင်းသည် မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်” မှ

လူများစုသည် ၎င်းတို့၏ တာဝန်များကို- “တစ်စုံတစ်ဦးက ဦးဆောင်ပါက ကျွန်ုပ်နောက်ကလိုက်မည်။ ၎င်းတို့ဦးဆောင်သည့် နေရာတိုင်းသို့ ၎င်းတို့နောက် ကျွန်ုပ်လိုက်မည်ဖြစ်ပြီး၊ ၎င်းတို့ လုပ်ဖို့ခိုင်းသည့်အရာတိုင်းကို ကျွန်ုပ်လုပ်မည်” ဟူသော စိတ်အခြေအနေတွင် လုပ်ဆောင်ကြ၏။ တစ်ဘက်တွင် တာဝန် သို့မဟုတ် အမှုထားစရာကိစ္စကို လက်ခံခြင်း သို့မဟုတ် လိုအပ်သည်ထက်ပို၍ အာရုံစိုက်ပေးခြင်းတို့သည် ၎င်းတို့စွမ်းဆောင်၍ မရရှိနိုင်သည့်အရာများ ဖြစ်ပြီး၊ ၎င်းတို့ ပေးဆပ်ရန် လိုလားခြင်းမရှိသည့် အဖိုးအခများ ဖြစ်သည်။ ကာယပိုင်းဆိုင်ရာ အားထုတ်မှုတွင် ၎င်းတို့ ပါ၀င်မှုရှိကြသော်လည်း၊ တာဝန်ကို မျှဝေလုပ်ဆောင်ခြင်း မရှိကြချေ။ ဤသည်မှာ မိမိ၏ တာဝန်ကို အမှန်တကယ် လုပ်ဆောင်ခြင်း မဟုတ်ပေ။ သင်သည် သင်၏ တာဝန်ကို စိတ်ပါလက်ပါ လုပ်ဆောင်ဖို့ သင်ယူရမည်။ လူတစ်ဦးတွင် စိတ်နှလုံးရှိပါက၊ ယင်းကို အသုံးပြုနိုင်ရမည်ဖြစ်သည်။ တစ်စုံတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို မည်သည့်အခါတွင်မျှ အသုံးမပြုပါက၊ ဤအရာက ၎င်းသည် စိတ်နှလုံးသား ကင်းမဲ့သည်ကို သက်သေပြပြီး၊ စိတ်နှလုံးကင်းမဲ့သော လူတစ်ဦးသည် သမ္မာတရားကို မရရှိနိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို အဘယ်ကြောင့် မရရှိနိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ မည်သို့ လာရမည်ကို မသိကြပေ။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို သတိမူမိခြင်းထဲသို့ မိမိတို့၏ စိတ်နှလုံး မည်သို့ ထားရှိရမည်၊ သို့မဟုတ် စဉ်စားချင့်ချိန်ခြင်းထဲသို့ မိမိတို့၏ စိတ်နှလုံး မည်သို့ ထားရှိရမည်၊ သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခြင်း၊ နားလည်ခြင်းနှင့် အရေးထားမှုကို ပြသခြင်းထဲသို့ မိမိတို့၏ စိတ်နှလုံး မည်သို့ ထားရှိရမည်ကို မသိကြချေ။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မကြာခဏ ငြိမ်သက်နိုင်သည့် အခြေအနေများ၊ ပြီးလျှင် မည်သည့်အရာ ဖြစ်ပေါ်ပါစေ၊ သင်၏တာဝန် မည်သည့်အရာ ဖြစ်ပါစေ၊ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားဖို့ သင်၏ စိတ်နှလုံးကို အသုံးပြုနိုင်ကာ သမ္မာတရားကို ရှာဖွေခြင်းနှင့် သင်၏ တာဝန်အား မည်သို့ ဆောင်ရွက်သင့်သည်ကို ချင့်ချိန်စဉ်းစားခြင်းထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိနိုင်သည့် အခြေအနေများ ရှိသလော။ ထိုသို့သော အချိန်များ များစွာ ရှိသလော။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိခြင်းနှင့် တာဝန် ယူနိုင်ခြင်းသည် သင့်အနေဖြင့် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခတစ်ခု ပေးဆပ်ဖို့ လိုအပ်ပေသည်- ယင်းနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခြင်း သက်သက်သည် မလုံလောက်ပေ။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို မထားရှိဘဲ ယင်းအစား ကာယပိုင်းဆိုင်ရာ အားထုတ်မှုများ အမြဲအသုံးပြုချင်နေပါက၊ သင်၏ တာဝန်သည် သေချာပေါက် ကောင်းကောင်းမွန်မွန် ပြီးမြောက်လိမ့်မည်မဟုတ်ပေ။ သင်သည် ဟန်ဆောင်လုပ်ပြရုံမျှသာ လုပ်ပြလိမ့်မည်ဖြစ်ပြီး ထိုထက် ပိုလိမ့်မည်မဟုတ်ဘဲ၊ သင်၏ တာဝန်ကို သင် မည်မျှကောင်းကောင်း လုပ်ဆောင်ပြီးဖြစ်သည်ကို သင် သိရှိလိမ့်မည် မဟုတ်ပေ။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိပါက၊ သင်သည် သမ္မာတရားကို တဖြည်းဖြည်း သိနားလည်လာလိမ့်မည်။ သင် မထားရှိပါက၊ သိနားလည်လိမ့်မည် မဟုတ်။ သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိသည့်အခါတွင်၊ သင်သည် ဘုရားသခင်၏ အလိုကို တဖြည်းဖြည်း သိနားလည်လာနိုင်လိမ့်မည်၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် မပြည့်စုံခြင်းတို့ကို တွေ့ရှိနိုင်လိမ့်မည် ဖြစ်ပြီး သင်၏ အခြေအနေမျိုးစုံကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။ မိမိကိုယ်ကိုယ် ဆန်းစစ်ရန် သင်၏ စိတ်နှလုံးကို အသုံးမပြုဘဲ၊ အပြင်ပန်း ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုများ ပြုလုပ်ခြင်းကိုသာ သင် အာရုံစိုက်ပါက၊ သင်၏ စိတ်နှလုံးထဲတွင် ထွက်ပေါ်သည့် အမျိုးမျိုးသော အခြေအနေများနှင့် မတူညီသည့် အပြင်ပန်းပတ်ဝန်းကျင်များအဖို့ သင်၌ ရှိသည့် တုန့်ပြမှုများကို သင် ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။ မိမိကိုယ်ကိုယ် ဆန်းစစ်ဖို့ သင်၏ စိတ်နှလုံးကို အသုံးမပြုပါက၊ သင်၏ စိတ်နှလုံးထဲရှိ ပြဿနာများကို ဖြေရှင်းဖို့ သင့်အတွက် ခက်ခဲလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်ကို ချီးမွမ်း၍ ကိုးကွယ်ဖို့ သင်၏ စိတ်နှလုံးနှင့် ရိုးသားမှုကို သင် အသုံးပြုရမည်။ ဘုရားသခင်ကို ကိုးကွယ်ဖို့ သင်၏ စိတ်နှလုံးနှင့် ရိုးသားမှုကို အသုံးပြုရာတွင် တည်ငြိမ်ပြီး ရိုးသားစစ်မှန်သော စိတ်နှလုံးတစ်ခု သင်၌ ရှိရမည်။ သင့် စိတ်နှလုံး၏ အနက်ရှိုင်းဆုံး‌ နေရာများတွင်၊ ဘုရားသခင်၏ အလိုနှင့် သမ္မာတရား ရှာဖွေဖို့ သင် သိရှိရမည်ဖြစ်ပြီး သင့်တာဝန်၏ မည်သည့် အစိတ်အပိုင်းများကို သင် နားမလည်သေးကြောင်းနှင့် သင်၏ တာဝန်အား ပိုမိုကောင်းမွန်စွာ မည်သို့လုပ်ဆောင်ရမည်ဆိုသည်တို့ကို တွေးဆရင်း၊ သင်၏ တာဝန်ကို မည်သို့ ကောင်းမွန်စွာ လုပ်ဆောင်ရမည်ကို သင် တွေးဆရမည်။ သင်၏ စိတ်နှလုံးထဲတွင် ဤရာများကို မကြာခဏ တွေးတောခြင်းအားဖြင့်သာ၊ သမ္မာတရားကို သင် ရရှိနိုင်လိမ့်မည်။ ဤအရာများသည် သင်၏ စိတ်နှလုံးထဲ၌ သင် မကြာခဏ တွေးဆသည့်အရာများ မဟုတ်သကဲ့သို့၊ ယင်းအစား သင်၏ စိတ်နှလုံးသည် စိတ်နှင့်ဆိုင်သော အရာများ သို့မဟုတ် ပြင်ပအရာများဖြင့်သာ ပြည့်နှက်နေပါက၊ ဘုရားသခင်ကို ကိုးကွယ်ဖို့ သင်၏ စိတ်နှလုံးနှင့် ရိုးသားမှုကို အသုံးပြုခြင်းနှင့် လုံးဝမသက်ဆိုင်သည့်- ယင်းနှင့် မည်သို့မျှ ပတ်သက်မှုမရှိသည့်- ထိုသို့သော အရာများဖြင့် နေရာယူထားခြင်းခံရပါက၊ သင်သည် သမ္မာတရားကို ရရှိနိုင်သလော။ သင်သည် ဘုရားသခင်နှင့် ဆက်ဆံရေးတစ်ရပ် ရှိပါသလော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်” မှ

အစေခံမှုပြုခြင်း ဆိုသည်မှာ အနည်းဆုံးအနေဖြင့် သင်လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းမရှိမှသာ၊ သင်သည် သင်လုပ်ဆောင်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်ဟု ဆိုလိုသည်။ မည်သူကမျှ သင်၏လုပ်ရပ်များကို မစုံစမ်းသရွေ့၊ ပြီးလျှင် သင်လုပ်ဆောင်သည့်အရာသည် အသင့်အတင့်ဖြစ်သရွေ့၊ ယင်းသည် လုံလုံလောက်လောက် ကောင်းပေ၏။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို မည်သို့ကျိုးနွံနာခံရမည်၊ သို့မဟုတ် သင်၏တာဝန်ကို မည်သို့ကောင်းမွန်စွာ လုပ်ဆောင်ပြီး ဘုရားသခင်ထံ ယင်းကို မည်သို့ပြန်ပြောရမည်တို့ကို စိတ်ဝင်စားဖို့ မဆိုထားနှင့်၊ စိတ်သဘောထား၏ ပြောင်းလဲခြင်းများ၊ သမ္မာတရား အခြေခံမူများနှင့်အညီ အမှုအရာများ လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းခြင်းတို့အား စိတ်မဝင်စားချေ။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ဂရုမထားသကဲ့သို့၊ ဤသည်မှာ အစေခံမှုပြုခြင်းဟု ခေါ်သည့်အရာ ဖြစ်သည်။ အစေခံမှုပြုခြင်းသည် မိမိ၏အစွမ်းရှိသမျှဖြင့် အားထုတ်ကြိုးပမ်းခြင်းဖြစ်ပြီး ကျွန်တစ်ဦးအလား မနက်မှ ညအထိ အလုပ်လုပ်ခြင်း ဖြစ်သည်။ ထိုသို့သော လူတစ်ဦးကို သင်က၊ “ဤခါးသီးသော နှစ်များအားလုံး၌ သင့်ကိုယ်သင် မြှပ်နှံထားခဲ့သည့် အလုပ်ကြိုးစားမှုအားလုံးသည် မည်သည့်အတွက် ဖြစ်လေပြီနည်း” ဟု မေးလျှင် ၎င်းတို့က၊ “အကြောင်းရင်းမှာ ကောင်းချီးမင်္ဂလာများကို ကျွန်ုပ်ရရှိနိုင်ဖို့အလို့ငှာဖြစ်သည်” ဟု ပြန်ဖြေလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်လာခဲ့သည့် ဤနှစ်များအားလုံး၏ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ စိတ်သဘောထား၌ အချို့သော ပြောင်းလဲမှုများ ရှိပြီးခြင်း ရှိမရှိ၊ ဘုရားသခင်၏ တည်ရှိခြင်းနှင့်သက်ဆိုင်၍ ၎င်းတို့သေချာလာကြခြင်း ရှိမရှိ၊ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များနှင့်သက်ဆိုင်သည့် စစ်မှန်သော သိနားလည်မှု၊ သို့မဟုတ် အတွေ့အကြုံ အတိုင်းအတာအချို့ ရှိမရှိဆိုသည်တို့ကို ၎င်းတို့အား သင်မေးပါက၊ ဤအရာအားလုံးအဖို့ အဖြေသည် ပြတ်သားတိကျသော “မရှိပါ” ဟူ၍ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဤအရာများနှင့်သက်ဆိုင်သည့် မည်သည့်အရာကိုမျှ ၎င်းတို့ပြောနိုင်ကြလိမ့်မည် မဟုတ်။ စိတ်သဘောထားထဲရှိ အပြောင်းအလဲများနှင့်ဆက်နွှယ်သည့် အညွှန်းတိုင်းတွင် မည်သည့်မွမ်းမံမှု၊ သို့မဟုတ် မည်သည့်တိုးတက်မှုမျှ မရှိသေးသည့်အခါ၊ ထိုသို့သော လူတစ်ဦးသည် စဉ်ဆက်မပြတ် အစေခံနေခြင်းသာ ဖြစ်၏။ လူတစ်ဦးအနေဖြင့် နှစ်ပေါင်းများစွာ အစေခံပြီး သတိမထားမိလိုက်ပါဘဲနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ၎င်းတို့ပိုင်ဆိုင်ကြောင်း၊ ဘုရားသခင်ကို ၎င်းတို့ မကြာခဏ ပုန်ကန်ကြောင်း၊ စောဒကတက်မှုများကို ၎င်းတို့ မကြာခဏ မြွက်ဆိုကြောင်း၊ ဘုရားသခင်ကို မကြာခဏ ၎င်းတို့နာခံနိုင်ခြင်းမရှိကြောင်း၊ ၎င်းတို့သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးနေကြောင်း၊ ဘုရားသခင်က သူ့ကို ကျိုးနွံနာခံရန် ၎င်းတို့အား မည်သို့ပြောဆိုသည်ဖြစ်စေ ၎င်းတို့အနေဖြင့် ထိုသို့မလုပ်ဆောင်နိုင်ကြောင်းတို့ကို နားလည်လာသည် ဆိုပါစို့။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းဖို့ ကြိုးပမ်းကြသော်လည်း၊ ဤအရာက အလုပ်မဖြစ်သကဲ့သို့၊ မိမိတို့ကိုယ်ကို ကျိန်ဆဲခြင်း၊ သို့မဟုတ် ကျမ်းသစ္စာများ ကျိန်ဆိုခြင်းသည်လည်း အလုပ်မဖြစ်ပေ။ အဆုံးတွင်၊ ၎င်းတို့ရှာဖွေတွေ့ရှိကြသည်- “လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို အမှန်တကယ် ပိုင်ဆိုင်ပြီး ယင်းကြောင့်ပင် သူသည် ဘုရားသခင်ကို ပုန်ကန်နိုင်ရခြင်း ဖြစ်သည်။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း လူတို့၌ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒများ အမြဲရှိကြပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို အမြဲသုတေသနနေကြ၏။ ၎င်းတို့သည် အားထုတ်ကြိုးပမ်းကြရန် လိုလားနေကြသော်လည်း၊ တစ်စုံတစ်ရာက ၎င်းတို့၏စိတ်သဘောထားအပြင် ၎င်းတို့၏ ရိုင်းစိုင်းသော ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ဆန္ဒများကို ငြိစွန်းသည့်အခိုက်တွင်၊ ၎င်းတို့သည် ယင်းတို့ကို မစွန့်လွှတ်နိုင်၊ သို့မဟုတ် လက်မလွှတ်နိုင်ပေ။ ၎င်းတို့သည် အမှုအရာများကို မိမိတို့စိတ်ကျေနပ်သည့် နည်းလမ်းဖြင့် အမြဲလုပ်ဆောင်ချင်ကြသည်။ ဤသည်မှာ ကျွန်ုပ်ဖြစ်သည်၊ ကျွန်ုပ်သည် အမှန်တကယ် အုပ်ထိန်းရခက်သောလူတစ်ဦး ဖြစ်သည်။ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။” ဤအရာများကို ၎င်းတို့ စတင်တွေးဆကြပြီးဖြစ်ပါက၊ လူသားနည်းလမ်းများနှင့်သက်ဆိုင်သည့် သေးငယ်သော သိနားလည်မှုအချို့ ၎င်းတို့၌ ရှိနှင့်ပြီဖြစ်သည်။ တစ်ခါတစ်ရံတွင် အစေခံမှုပြုခြင်း၌ ပါဝင်သော လူတို့သည် တကယ့်အလုပ်ကို တာဝန်ယူနိုင်ပါက၊ စိတ်သဘောထား ပြောင်းလဲခြင်းများအပေါ် ၎င်းတို့၏စိတ်ကို အာရုံစိုက်နိုင်ပါက၊ စင်စစ်အားဖြင့် ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ပိုင်ဆိုင်ကြောင်း၊ ၎င်းတို့သည်လည်း မာနထောင်လွှားပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်းမရှိသကဲ့သို့ ဤနည်းအတိုင်း ဆက်သွားဖို့မှာ အလုပ်ဖြစ်လိမ့်မည် မဟုတ်ကြောင်းတို့ကို သိနားလည်မှု ရရှိကြပါက၊ ဤအရာများကို ၎င်းတို့တွေးနိုင်သည့်အချိန် ရောက်လာပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို စတင်ပြောင်းလဲကြပြီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲကာ ၎င်းတို့ ကယ်တင်ခြင်း ရကောင်းရနိုင်မည့် မျှော်လင့်ချက် ရှိပေသည်။ ၎င်းတို့လက်ထဲရှိ အလုပ်ကို ပြီးစီးခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြည့်စုံစေဖို့ လိုအပ်သမျှအားလုံးဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် အားထုတ်ကြိုးပမ်းပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်ပြီးဖြစ်လိမ့်မည်ဟု တွေးထင်ရင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာတို့ဖြစ်ကြောင်း၊ သမ္မာတရားက မည်သည့်အရာဖြစ်ကြောင်း၊ သို့မဟုတ် ၎င်းတို့အား ဘုရားသခင်ကို နာခံသောသူ တစ်စုံတစ်ဦးအဖြစ် မှတ်ယူနိုင်ခြင်း ရှိမရှိတို့ကို မည်သည့်အခါတွင်မျှ စဉ်းစားခြင်းမရှိဘဲ၊ တစ်စုံတစ်ဦးက ဤအရာများကို မည်သည့်အခါတွင်မျှ မတွေးသကဲ့သို့၊ ၎င်းတို့သိသမျှအားလုံးမှာ မည်သို့အလုပ်လုပ်ရမည်ဆိုသည့်အရာသာ ဖြစ်သည်ဆိုပါစို့- ၎င်းတို့သည် ဤအရာများကို မည်သည့်အခါတွင်မျှ မတွေးဆကြပေ။ ထိုသို့သော နည်းလမ်းဖြင့် ၎င်းတို့၏ တာဝန်ကို ချည်းကပ်သော တစ်စုံတစ်ဦးသည် ကယ်တင်ခြင်း ရရှိနိုင်သလော။ အဖြေမှာ မရနိုင်ပေ။ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိခြင်း လမ်းကြောင်းပေါ်၊ သို့မဟုတ် ဘုရားသခင်၌ ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် ခြေမချကြသေးသကဲ့သို့၊ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကို မတည်ဆောက်ကြသေးချေ။ သို့သော် ၎င်းတို့သည် အားထုတ်ကြိုးပမ်းကြဆဲဖြစ်ပြီး ဘုရားသခင်၏ အိမ်တော်၌ အစေခံမှုပြုခြင်းတွင် ပါဝင်ကြဆဲ ဖြစ်သည်။ ဤလူစားမျိုးသည် ဘုရားသခင်၏ အိမ်တော်တွင် အစေခံမှု လုပ်ဆောင်ပြီး ဘုရားသခင်က ၎င်းတို့ကို စောင့်ရှောက်ကာ ကွယ်ကာသော်လည်း ၎င်းတို့ကို ကယ်တင်ဖို့ သူမစီစဉ်သကဲ့သို့ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းလည်း မရှိ၊ ၎င်းတို့ကို ပြုပြင်ခြင်းလည်း မရှိသည့်အပြင် တရားစီရင်ကာ ပြစ်တင်ဆုံးမခြင်းလည်း မရှိသကဲ့သို့၊ စမ်းသပ်မှုများ၊ သို့မဟုတ် စစ်ဆေးမှုများကိုလည်း မခံစေပေ။ သူသည် ၎င်းတို့အား ဤတစ်သက်တာတွင် ကောင်းချီးမင်္ဂလာ အတိုင်းအတာအချို့ကို ရရှိခွင့်သာပေးပြီး နောက်ထပ်ဘာမျှ မလုပ်ပေးပေ။ ဤလူတို့သည် ဤအရာများပေါ် သုံးသပ်ဆင်ခြင်ဖို့ သိရှိပြီး ၎င်းတို့ကြားနာသည့် တရားဒေသနာများကို နားလည်ကြသည့် အချိန်တစ်ချိန် ရောက်လာပါက၊ ၎င်းတို့က၊ “ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဤအရာပင် ဖြစ်တော့သည်ကိုး။ သို့ဖြစ်လျှင်၊ ကယ်တင်ခြင်း ရရှိဖို့ ကျွန်ုပ်ကြိုးစားရမည်။ ကျွန်ုပ်မကြိုးစားဘဲ ထိုအစား အစေခံမှု ပေးခြင်းကို မကျေမနပ်နှင့် လက်ခံပါက၊ ယင်းသည် ဘုရားသခင်ကို ယုံကြည်မှုနင့် မည်သည့်ပတ်သက်မှုမျှ ရှိလိမ့်မည်မဟုတ်ပါ” ဟု နားလည်ကြလိမ့်မည်။ ထို့နောက် ၎င်းတို့က၊ “‌ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မည်သည့်သွင်ပြင်လက္ခဏာများကို ငါပိုင်ဆိုင်သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဟူသည့် ဤအရာမှာ မည်သည့်အရာအတိအကျနည်း။ မည်သည့်အရာဖြစ်ပါစေ၊ ပထမဦးဆုံး ဘုရားသခင်ကို ငါကျိုးနွံနာခံရမည်” ဟု တွေးဆကြသည်။ ဤအရာများသည် သမ္မာတရားနှင့် စိတ်သဘောထား ပြောင်းလဲမှုတို့နှင့် ဆက်နွှယ်ပြီး ၎င်းတို့အတွက် မျှော်လင့်ချက်ရှိ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်” မှ

သင်၏ တာဝန်အပေါ် သင်၏ သဘောထားမှာ ငါမည်မျှ နည်းပါးစွာ လုပ်နိုင်သည်၊ မည်မျှနှင့် ပြီးသွားနိုင်သည်ကို ငါ ကြည့်မည်ဟူ၍ ဖြစ်သည်၊ မည်မျှကြာကြာ သင် နှောင့်နှေးစေမိသည်ကို အရေးမစိုက်ဘဲလျက် သင်အချိန်ဆွဲ၏။ သို့သော် အမှုအရာများကို သင် အလေးအနက်ထားပါက၊ ၎င်းတို့ကို လျင်မြန်စွာ လုပ်ဆောင်ပြီးလိမ့်မည် ဖြစ်သည်။ အဘယ်သို့ လုပ်ဆောင်ရမည်ကို သင် မသိသည့် အရာအချို့ရှိ၏၊ ထို့ကြောင့် တိကျသော ညွှန်ကြားချက်များကို သင့်အား ငါပေးပေသည်။ သင့်အနေဖြင့် စဉ်းစားဖို့မလို၊ နားထောင်ပြီး ဆက်လုပ်ဖို့သာ လိုသည်- သို့သော် ယင်းသည်ပင် သင် မတတ်နိုင်သောအရာ ဖြစ်သည်။ သင်၏ သစ္စာရှိခြင်းမှာ အဘယ်မှာနည်း။ မည်သည့်နေရာတွင်မျှ မမြင်ရ။ သင်တို့သည် စကားသာပြောကြပြီး နှလုံးသားမရှိကြ။ သင်၏ စိတ်နှလုံးက နားလည်သည့်အခါတွင်ပင် သင်တို့ ဘာမျှမလုပ်ဆောင်ကြ။ ဤသည်မှာ သမ္မာတရားကို မချစ်သော သူတစ်ဦးဖြစ်သည်။ သင်တို့၏ မျက်စိများဖြင့် ထိုအရာကို မြင်နိုင်ကာ သင်၏ စိတ်နှလုံးထဲတွင် ခံစားနိုင်သော်လည်း မည်သည့်အရာမျှ မလုပ်ဆောင်သေးပါက၊ အဘယ်ကြောင့် နှလုံးသားပင် ရှိကြသနည်း။ သင်၏ အသိစိတ် အစအနက သင်၏ လုပ်ရပ်များကို မထိန်းချုပ်၊ သင်၏ အတွေးများကို မညွှန်ကြားပေ- သို့ဆိုလျှင် ထိုအရာသည် အဘယ်အသုံးဝင်သနည်း။ မည်သည့်အရာတွက်မျှ အရေးမပါပေ။ တန်ဆာဆင်ခြင်း မျှသာ ဖြစ်၏။ လူသား၏ ယုံကြည်ခြင်းသည် အမှန်တကယ် သနားစဖွယ်ဖြစ်၏။ ပြီးလျှင် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာသည် သနားဖွယ်ဖြစ်သနည်း။ သမ္မာတရားကို သူ နားလည်သည့်အခါတွင်ပင်၊ လက်တွေ့မလုပ်ဆောင်ပေ။ ပြဿနာကို မြင်သည့်အခါတွင်ပင်၊ ယင်းအတွက် ကြိုးစားပြီး တာဝန်ယူခြင်း မရှိချေ။ ယင်းမှာ သူ၏ တာဝန်ဖြစ်သည်ကို သူသိသော်လည်း ထိုအထဲသို့ စိတ်ပါလက်ပါလုပ်ဆောင်ခြင်း မရှိချေ။ သင်တတ်နိုင်သည့် တာဝန်များကို သင် မယူပါက၊ သင် လက်ခံဆောင်ရွက်သည့် ထိုမဖြစ်စလောက် တာဝန်ဝတ္တရားများ၏ တန်ဖိုးမှာ အဘယ်နည်း။ ယင်းတို့တွင် မည်သည့် အကျိုးသက်ရောက်မှု ရှိသနည်း။ သင်သည် စကားအဖြစ်သာပြောဆိုလျက်၊ အားထုတ်မှုတစ်ခုကို မည်ကာမတ္တ ပြုလုပ်နေခြင်းသာ ဖြစ်သည်။ ထိုအရာကို သင်၏ အားအင်ရှိသမျှ မဆိုထားနှင့်၊ သင့်အနေဖြင့် စိတ်ပါလက်ပါ လုပ်ဆောင်ခြင်း မရှိချေ။ ဤသည်မှာ လက်ခံနိုင်သည့် အဆင့်အတန်းတစ်ခုအထိ သင်၏ တာဝန်ကို ဆောင်ရွက်နေခြင်း မဟုတ်၊ မည်သည့် သစ္စာစောင့်သိခြင်းမျှ မပါဝင်ပေ။ သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦးအဖြစ် နေ၍ရရုံနေလျက် ကိုယ်တိုင်ကြိုးစားရုန်းကန်မှုဖြင့် အသက်ရှင်နေခြင်းသာ ဖြစ်သည်။ ဤကဲ့သို့သော ယုံကြည်ခြင်းတွင် အဓိပ္ပာယ် တစ်စုံတစ်ရာ ရှိသလော။ ထိုသို့သော ယုံကြည်ခြင်းသည် သေးနုပ်လှ၏- မည်သည့်တန်ဖိုး ရှိသနည်း။ သင်၏ တာဝန်ကို ဆောင်ရွက်သည့်အခါ၊ အဖိုးအခတစ်ခု ပေးရမည်။ ယင်းကို သင် လေးလေးနက်နက် ထားရမည်။ လေးလေးနက်နက်ထားဖို့ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ လေးလေးနက်နက် ထားခြင်းဆိုသည်မှာ အနည်းငယ်မျှ အားထုတ်မှုပြုခြင်း သို့မဟုတ် ရုပ်ခန္ဓာ ညှဉ်းဆဲမှုတစ်ရပ် ခံစားခြင်းကို မဆိုလိုပေ။ အဓိကအချက်မှာ သင်၏ စိတ်နှလုံးထဲ ဘုရားသခင် ရှိပြီး ဝန်တာတစ်ခု ရှိခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးထဲတွင်၊ သင့်တာဝန်၏ အရေးပါမှုကို ချိန်ဆရမည်ဖြစ်ပြီးနောက် ဤဝန်တာနှင့် ဝတ္တရားတို့ကို သင်လုပ်သမျှအားလုံးတွင် သယ်ဆောင်ရမည်ဖြစ်ကာ ထိုအရာကို စိတ်ပါလက်ပါ လုပ်ဆောင်ရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်က သင့်ကို ပေးထားသည့် စေခိုင်းချက်တာဝန်အပြင် သင့်အတွက် ဘုရားသခင် လုပ်ဆောင်ပြီးသမျှ အရာရာတိုင်း၊ ထို့ပြင် သင့်အတွက် ကိုယ်တော်၏ မျှော်လင့်ချက်များတို့နှင့် မိမိကိုယ်ကိုယ် ထိုက်တန်အောင် လုပ်ရမည်။ ထိုသို့လုပ်ဆောင်ခြင်းသည်သာ လေးနက်နေခြင်းဖြစ်သည်။ သင် ဟန်ဆောင်လုပ်ပြခြင်းသည် ဘာအသုံးမျှမဝင်ပေ။ လူတို့ကို သင် လှည့်စားနိုင်သော်လည်း ဘုရားသခင်ကို သင် အရူးလုပ်၍မရ။ သင်၏ တာဝန်ကို ဆောင်ရွက်သည့်အခါ စစ်မှန်သော အဖိုးအခနှင့် သစ္စာစောင့်သိခြင်း မရှိပါက၊ ယင်းသည် စံနှုန်းမမီပေ။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းနှင့် သင်၏တာ၀န်ကို ထမ်းဆောင်ခြင်းကို သင်အလေးအနက် မခံယူပါက၊ မယုံကြည်သူ တစ်ဦးက သူ့သူ‌ဌေး၏အလုပ်ကို လုပ်နေသကဲ့သို့ အမြဲ ဟန်ဆောင်လုပ်ပြနေပြီး သင်၏ လုပ်ဆောင်ချက်များကို ဝတ်ကျေတန်းကျေလုပ်ပါက၊ ကြုံလျှင်ကြုံသလို အိုးနင်းခွက်နင်းနှင့် လုပ်ဆောင်သွားရင်း၊ ပြဿနာများကို မြင်သည့်အခါ လျစ်လျူရှုလျက်၊ တစ်စုံတစ်ရာ ဖိတ်စင်နေသည်ကို မြင်ပြီး ဆေးကြောသန့်စင်ခြင်း မပြုသကဲ့သို့၊ သင်၏ ကိုယ်ကျိုးအဖို့ မဟုတ်သောအရာတိုင်းကို လက်လွတ်စပယ် အရေးမထားလျက်၊ အဖြစ်သဘော အားထုတ်မှုတစ်ခုကို မည်ကာမတ္တ ပြုလုပ်ပါက- ဤသည်မှာ ပြဿနာ မဟုတ်လော။ ဤကဲ့သို့သော သူတစ်ဦးသည် ဘုရားသခင်၏ အိမ်တော်သားတစ်ဦး အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူများသည် အပြင်လူများ ဖြစ်ကြ၏။ ဘုရားသခင်၏ အိမ်တော်နှင့် မသက်ဆိုင်ကြချေ။ သင်သည် တာဝန်ဆောင်ရွက်သည့်အချိန်တွင် စစ်မှန်မှုရှိမရှိ၊ လေးနက်မှုရှိမရှိ ဆိုသည်ကို သင်၏စိတ်နှလုံးထဲတွင် ရှင်းရှင်းလင်းလင်းဖြစ်ပြီး၊ ဘုရားသခင်သည်လည်း အလေးဂရုပြု၏။ ထို့ကြောင့်၊ သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းအား သင် အလေးအနက် သဘောထားဖူးသလော။ ယင်းကို သင် စိတ်ပါလက်ပါ ရှိဖူးသလော။ သင်၏ တာဝန်၊ သင်၏ ဝတ္တရားအဖြစ် သဘောထားဖူးသလော။ ယင်းကို သင် တာဝန်ခံမှုရှိဖူးသလော။ သင်၏ တာဝန်ကို ဆောင်ရွက်ချိန်တွင် ပြဿနာတစ်ခု ရှာတွေ့သည့်အခါ သင် ထုတ်ပြောဖူးပါသလော။ ပြဿနာတစ်ခုကို ရှာတွေ့ပြီးနောက် သင် ဘယ်သောအခါမျှ ထုတ်မပြောဖူးသကဲ့သို့ ထုတ်ပြောရန် တွေးပင်မတွေးဖူးပါက၊ ထိုသို့သော အရာများ၌ ပတ်သက်ဖို့ ဆန္ဒမရှိဘဲ၊ ဒုက္ခနည်းလေ ကောင်းလေဟု တွေးပါက- ယင်းသည် ထိုအရာများအပေါ် သင် ထားသည့် အခြေခံသဘောတရားဖြစ်ပါက၊ သင်သည် သင်၏တာဝန်ကို ဆောင်ရွက်နေခြင်း မဟုတ်ပေ။ သင်သည် ကိုယ်တိုင်ကြိုးစားရုန်းကန်မှုဖြင့် အသက်ရှင်နေခြင်းဖြစ်ပြီး အစေခံမှုကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ အစေခံသူများသည် ဘုရားသခင်၏ အိမ်တော်နှင့် မသက်ဆိုင်ပေ။ ၎င်းတို့သည် ဝန်ထမ်းများဖြစ်ကြသည်။ မိမိတို့၏ အလုပ်ပြီးစီးပြီးနောက် ၎င်းတို့သည် မိမိတို့ ငွေကို ယူပြီး ထွက်သွားကြသည်၊ အသီးသီး ကိုယ့်လမ်းကိုယ် သွားကြပြီး အချင်းချင်း သူစိမ်းဖြစ်သွားကြသည်။ ယင်းမှာ ဘုရားသခင်၏ အိမ်တော်နှင့် ၎င်းတို့၏ ဆက်ဆံရေး ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သားများမှာ မတူပေ။ အရာရာတိုင်းအပေါ် ၎င်းတို့ တစ်ပတ်တစ်ကုတ် လုပ်ဆောင်ကြသည်၊ တာဝန်ယူကြသည်၊ ၎င်းတို့၏ မျက်စိများက ဘုရားသခင်၏ အိမ်တော်ထဲတွင် လိုအပ်သည့်အရာကို မြင်ပြီး ထိုအလုပ်ကို စိတ်ထဲတွင်ထားကြသည်၊ ၎င်းတို့ တွေးကာမြင်သည့် အရာရာတိုင်းကို ၎င်းတို့ မှတ်မိကြသည်၊ ၎င်းတို့သည် လေးလံသောဝန်ကို ထမ်းကြသည်၊ တာဝန်သိစိတ်ရှိကြသည်- ဤသူများမှာ ဘုရားသခင်၏ အိမ်တော်သားများ ဖြစ်ကြပေသည်။ ဤအဆင့်ကို သင်တို့ ရောက်ကြပြီးပြီလော။ (မရောက်ကြသေးပါ) သို့ဆိုလျှင် သင်တို့အနေဖြင့် လုပ်စရာ များစွာကျန်သေး၏၊ ထို့ကြောင့် သင်တို့ ဆက်လက် ဆည်းပူးရမည်။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ အိမ်တော်သားတစ်ဦးဟု မယူဆပါက- ကိုယ်တော်၏ အိမ်တော်ပြင်ပကကဲ့သို့ မိမိကိုယ်ကိုယ် မှတ်ယူပါက- ဘုရားသခင်သည် သင့်အပေါ် မည်သို့ကြည့်မြင်ပါသနည်း။ ဘုရားသခင်သည် သင့်ကို အပြင်လူတစ်ဦးအဖြစ် သဘောမထားပေ။ မိမိကိုယ်ကိုယ် ကိုယ်တော်၏ အိမ်တံခါး အလွန်တွင် ထားရှိသူမှာ သင် ဖြစ်၏။ ထို့ကြောင့်၊ အရှိကိုအရှိအတိုင်း ပြောဆိုပါက၊ သင်သည် ကိုယ်တော်၏ အိမ်တော်ထဲတွင် မရှိပေ။ ဤအရာသည် ဘုရားသခင် ပြောဆို၊ ဆုံးဖြတ်သောအရာနှင့် သက်ဆိုင်မှုတစ်ခုတစ်လေ ရှိသလော။ သင်၏ နိဂုံးနှင့် အနေအထားကို ဘုရားသခင်၏ အိမ်တော်ပြင်ပတွင် ထားရှိသူမှာ သင်ဖြစ်၏- အခြား အပြစ်တင်စရာ မည်သူရှိပါသနည်း။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းက အနည်းဆုံးအနေဖြင့် အသိစိတ်တစ်ခု လိုအပ်သည်” မှ

လူတို့သည် မည်သည့်ပါရမီများ၊ ဆုကျေးဇူးများ၊ သို့မဟုတ် အစွမ်းအစများကို ပိုင်ဆိုင်ပါစေ၊ ၎င်းတို့သည် အမှုအရာများကို တကယ်လုပ်ဆောင်ကာ၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာ၌ ၎င်းတို့၏ခွန်အားကိုသာ အသုံးပြုကြပါက၊ မည်သည့်အရာကို ၎င်းတို့ပြုပါစေ၊ ၎င်းတို့သည် ၎င်းတို့၏စိတ်ကူးများ၊ အယူအဆများ၊ သို့မဟုတ် အလိုအလျောက် တုံ့ပြန်မှုများအပေါ် အမှီပြုကြပါက၊၎င်းတို့သည် မိမိတို့၏ အစွမ်းအစများကို လွယ်လွယ်ရှေ့ထားပြီး၊ ဘုရားသခင်၏အလိုတော်ကို မည်သည့်အခါမျှ ရှာဖွေခြင်းမရှိသည့်အပြင်၊ ၎င်းတို့၏စိတ်နှလုံးများထဲ၌ အမြင်သဘောထား သို့မဟုတ် လိုအပ်ချက်များ မရှိကြဘဲ၊ “ငါသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးရမည်၊ ငါ့တာဝန်ကို ငါ ဆောင်ရွက်နေသည်”ဟု ဆိုကြပါက၊ ၎င်းတို့၏အတွေးများက အလုပ်ကို ကောင်းစွာလုပ်ဆောင်ခြင်းနှင့်၎င်းတို့၏ အလုပ်များ ပြီးစီးစေခြင်းတို့ဖြင့်သာ အစပြုပါက၊ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပါရမီများ၊ စွမ်းရည်များနှင့် တတ်ကျွမ်းမှုများအားဖြင့် လုံးလုံးလျားလျား အသက်ရှင်သော လူများ ဖြစ်ကြပါသလော။ ဤကဲ့သို့သော လူများစွာ ရှိပါသလော။ ယုံကြည်ခြင်းတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အားထုတ်ကြိုးပမ်းရန် ၎င်းတို့၏ကိုယ်ပိုင်လုပ်အားကို ရောင်းစားရန်နှင့် ၎င်းတို့၏အစွမ်းအစများကို ရောင်စားရန်သာ စဉ်းစားကြသည်။ အထူးသဖြင့် ဘုရားသခင်၏အိမ်တော်က ၎င်းတို့ လုပ်ဆောင်ရန် အထွေထွေအလုပ်များကို ပေးသောအခါ လူအများစုသည် ဤအမြင်ဖြင့် အမှုအရာများကို ချဉ်းကပ်ကြ၏။ ၎င်းတို့ပြုသမျှမှာ ၎င်းတို့ကိုယ်ကို အားထုတ်ကြိုးပမ်းခြင်း ဖြစ်၏။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ပါးစပ်ကို အသုံးပြုခြင်း၊ တစ်ခါတစ်ရံ ၎င်းတို့၏လက်များနှင့် ကာယခွန်အားကို အသုံးပြုခြင်း၊ တစ်ခါတစ်ရံ ဟိုဒီ ပြေးလွှားခြင်းကို ဆိုလိုသည်။ ထိုအရာများအားဖြင့် အသက်ရှင်ခြင်းမှာ လူတစ်ဦး၏ခွန်အားကို အသုံးပြုခြင်းဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏အိမ်တော်က အလုပ်တစ်ခုကို ပေးအပ်ခံရပြီး၊ ယင်းကို ရရှိခြင်းနှင့် ပတ်သက်၍ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များကို ပြောပြနိုင်ပြီး ၎င်းတို့၏ချီးကျူးခြင်းကို ခံနိုင်ရန်အတွက် ဤအလုပ်ကို အမြန်ဆုံးမည်ကဲ့သို့ လုပ်ဆောင်ပြီးစီးရန်အကြောင်းကိုသာ စဉ်းစားကြ၏။ ၎င်းတို့၌ တစ်ဆင့်ပြီးတစ်ဆင့် အစီအစဉ်တစ်ခု စိတ်ကူးရကောင်းရနိုင်သည်။ ၎င်းတို့သည် အလွန်အလေးအနက်ထားပုံ ရသော်လည်း ၎င်းတို့သည် အလုပ်ကို ပုံပန်းအတွက် လုပ်ဆောင်ခြင်းထက်ပို၍ မည်သည့်အရာကိုမျှ အာရုံမထားကြပေ၊ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်နေသည့်အခါ ၎င်းတို့သည် ပျော်ရွှင်ခြင်းနှင့် ရောင့်ရဲခြင်းကို ခံစားကြရပြီး ၎င်းတို့ကြိုးပမ်းသော စုံလင်ခြင်းအဆင့်သို့ ရောက်ရှိကြရန် ၎င်းတို့အတွက် လုပ်ဆောင်ပုံနှင့်ပတ်သက်၍ ကိုယ်ပိုင်စံနှုန်းကို သတ်မှတ်ကြ၏။ ၎င်းတို့သည် မည်သည့် စံနှုန်းကိုသတ်မှတ်ကြပါစေ၊ သမ္မာတရားနှင့်ဆက် နွှယ်မှုမရှိပါက၊ အရေးယူလုပ်ဆောင်ခြင်း မပြုမီ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် ၎င်းတို့ကို ဘုရားသခင်စေခိုင်းသော အရာတို့ကို နားလည်ပြီး အတည်ပြုခြင်း မရှိသော်လည်း၊ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် မမြင်မစမ်း စိတ်ရှုပ်ထွေး၍ ဆင်ကန်းတောတိုး ပြုမူလုပ်ဆောင်ပါက ဤသည်မှာ ၎င်းတို့ကိုယ်ကို အားထုတ်ကြိုးပမ်းခြင်းသာ ဖြစ်၏။ ၎င်းတို့သည် ၎င်းတို့၏အလိုဆန္ဒများ၊ ၎င်းတို့၏ဦးနှောက် သို့မဟုတ် ဆုကျေးဇူးများ၊ သို့မဟုတ် ၎င်းတို့၏စွမ်းရည်များနှင့် တတ်ကျွမ်းမှုများအလျောက် ပြုမူလုပ်ဆောင်နေကြခြင်းဖြစ်၏။ ထို့ကြောင့် ဤနည်းဖြင့် ၎င်းတို့အလုပ်လုပ်ဆောင်ခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ အလုပ်သည် ပြီးမြောက်ကောင်း ပြီးမြောက်နိုင်ခဲ့သည်၊ မည်သူမျှ အမှားအယွင်း တစ်စုံတစ်ခုကိုမျှ သိခြင်းမရှိဘဲ၊ သင်သည် ၎င်းနှင့်ပတ်သက်၍ အလွန်ပျော်ရွှင်ကောင်း ပျော်ရွှင်နေနိုင်သည်။ သို့သော်လည်း ၎င်းကို လုပ်ဆောင်နေစဉ် နံပါတ်တစ်- သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်ကို နားမလည်ခဲ့ပေ၊ ထို့အပြင် နံပါတ်နှစ်- သင်သည် ၎င်းကို သင်၏စိတ်နှလုံးအကြွင်းမဲ့နှင့် ခွန်အားရှိသမျှဖြင့် လုပ်ဆောင်ခဲ့ခြင်းမရှိပေ၊ သင်စိတ်ပါလက်ပါလုပ်ဆောင်ခဲ့ခြင်းမရှိပေ။ အကယ်၍ သင်သည် သမ္မာတရား၏နိယာမများကို ရှာာဖွေခဲ့ပြီးဖြစ်ပါက၊ အကယ်၍ သင်သည် ဘုရားသခင်၏အလိုတော်ကို ရှာဖွေခဲ့ပြီးဖြစ်ပါက၊ သင်သည် အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ရာတွင် ၉၀ ရာခိုင်နှုန်း ထိရောက်မှု ရှိခဲ့မည် ဖြစ်ပြီး၊ သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့လည်း ဝင်ရောက်နိုင်ခဲ့ပြီး သင် လုပ်ဆောင်နေသောအရာမှာ ဘုရားသခင်၏ အလိုတော်နှင့်ညီကြောင်း သင် မှန်ကန်စွာ နားလည်ခဲ့ပြီးဖြစ်လိမ့်မည်။ သို့ရာတွင် အကယ်၍ သင်သည် သတိလက်လွတ်နှင့် ဖြစ်ကတတ်ဆန်း ဖြစ်ခဲ့ပါက၊ အလုပ်ပြီးမြောက်ကောင်း ပြီးမြောက်ခဲ့နိုင်သော်လည်း သင်၏စိတ်နှလုံးထဲ၌ ၎င်းကို သင် မည်မျှကောင်းစွာ လုပ်ဆောင်ခဲ့ကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းလိမ့်မည် မဟုတ်ပေ။ သင်၌ စံအမှတ် ရှိလိမ့်မည်မဟုတ်ပေ၊ ၎င်းမှာ ဘုရားသခင်၏အလိုတော်နှင့် ညီမညီ သိလိမ့်မည်မဟုတ်ပေ၊ သို့မဟုတ် သမ္မာတရားနှင့် ညီမညီ သိလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဤအခြေအနေမျိုးတွင် တာဝန်များကို လုပ်ဆောင်သောအခါတိုင်း၊ သင့်ကိုယ်သင် အားထုတ်ကြိုးစားခြင်းဟူသော စကားလုံးနှစ်လုံးဖြင့် ဤအရာကို ရည်ညွှန်းနိုင်ပါသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့ အသက်ရှင်ဖို့ မှီခိုနေခဲ့ကြသည့် အရာအတိအကျ” မှ

လူအချို့အတွက် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ မည်သည့်ပြဿနာကို တွေ့ကြုံကောင်း တွေ့ကြုံကြပါစေ၊ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေဘဲ ၎င်းတို့၏ကိုယ်ပိုင် အတွေးများ၊ အယူအဆများ၊ စိတ်ကူးများနှင့် အလိုဆန္ဒများနှင့်အညီ အစဉ်ပြုမူလုပ်ဆောင်ကြ၏။ ၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းနေကြပြီး ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏လုပ်ဆောင်ချက်များကို အမြဲ ထိန်းချုပ်နေ၏။ ၎င်းတို့သည် ၎င်းတို့အား သတ်မှတ်ခွဲဝေပေးထားသည့် တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ကြသော်လည်း မည်သည့်သမ္မာတရားကိုမျှ မရရှိကြပေ။ ထို့ကြောင့် ထိုသို့သော လူတို့သည် မိမိတို့၏ တာဝန်များကို ဆောင်ရွက်နေချိန်တွင် မည်သည့်အရာများအပေါ် မှီခိုနေကြသနည်း။ ၎င်းတို့သည် သမ္မာတရားအပေါ် မှီခိုနေခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်ကို မှီခိုနေခြင်းလည်း မဟုတ်ပေ။ ၎င်းတို့နားလည်သော ထိုသမ္မာတရားအနည်းငယ်သည် ၎င်းတို့၏စိတ်နှလုံးများထဲ၌ အချုပ်အခြာအာဏာ မရယူထားပေ။ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် အထုံပါရမီများနှင့် အစွမ်းအစများ၊ ၎င်းတို့ ဆည်းပူးရရှိခဲ့သော မည်သည့် အသိပညာမဆိုနှင့် ၎င်းတို့၏ ပင်ကိုစွမ်းရည်များအပြင်၊ ဤတာဝန်များကို ပြီးစီးစေရန် ၎င်းတို့၏ စိတ်စွမ်းအား သို့မဟုတ် ကောင်းသော ရည်ရွယ်ချက်များအပေါ် မှီခိုနေကြပေသည်။ ဤသည်မှာ မတူကွဲပြားသော သဘာဝမျိုး ဖြစ်သည် မဟုတ်လော။ သင်သည် တစ်ခါတစ်ရံတွင် သင်၏တာဝန်ကို ဖြည့်ဆည်းဖို့ သင်၏သဘာဝကျခြင်း၊ စိတ်ကူးစိတ်သန်း၊ အယူအဆများ၊ အသိပညာနှင့် သင်ယူခြင်းတို့ကို အမှီပြုကောင်း အမှီပြုနိုင်သော်လည်း၊ သင် လုပ်ဆောင်သည့် အရာတစ်ချို့တွင် ကိုယ်ကျင့်တရားဆိုင်ရာ မည်သည့် ပြဿနာများမျှ မထွက်ပေါ်ပေ။ အပေါ်ယံအားဖြင့်၊ သင်သည် လမ်းမှား လိုက်ခဲ့ခြင်း မရှိသေးသည့်အလား ထင်ရသော်လည်း၊ လျစ်လျူရှု၍မရသော အရာတစ်ခုရှိ၏- သင်၏တာ၀န်ကို ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတွင်းတွင်၊ အကယ်၍ သင်၏အယူအဆများ၊ စိတ်ကူးများနှင့် ကိုယ်ပိုင်အလိုဆန္ဒများ မည်သည့်အခါမျှ မပြောင်းလဲဘဲ သမ္မာတရားနှင့် မည်သည့်အခါမျှ အစားထိုးခြင်း မရှိပါက၊ ပြီးလျှင် သင်၏လုပ်ရှားမှုများနှင့် လုပ်ဆောင်ချက်များမှာ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မည်သည့်အခါမျှ လုပ်ဆောင်ခြင်းမရှိပါက၊ နောက်ဆုံးရလဒ်မှာ မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်သည် အစေခံသူတစ်ဦး ဖြစ်လာလိမ့်မည်။ ဤသည်မှာ သမ္မာကျမ်းစာထဲ၌ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) ဟု အတိအကျ ရေးသားထားသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် လုံ့လဝီရိယကို အသုံးပြုပြီး အစေခံခြင်းကို လုပ်ဆောင်သော ဤလူတို့အား “အဓမ္မအမှုကိုပြုသောသူတို့” ဟု အဘယ့်ကြောင့် ခေါ်သနည်း။ ငါတို့တွင် သေချာနိုင်သော အချက်တစ်ချက်ရှိသည်၊ ယင်းမှာ မည်သည့် တာဝန်များ သို့မဟုတ် အလုပ်ကို ဤလူတို့က လုပ်ဆောင်ပါစေ၊ ၎င်းတို့၏ အရင်းခံအကြောင်းရင်းများ၊ တွန်းအား၊ ရည်ရွယ်ချက်များနှင့် အတွေးများသည် သူတို့၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများမှ လုံးလုံးလျားလျား ထွက်ပေါ်လာကာ၊ ၎င်းတို့၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် ကိုယ်ကျိုးများအပေါ် လုံးဝအခြေခံထားပြီး၊ ၎င်းတို့၏ အရေးထားမှုနှင့် အစီအစဉ်များသည် ၎င်းတို့၏ နာမည်ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဝင့်ဝါမှုနှင့် အနာဂတ်မျှော်လင့်ချက်များကို လုံးဝ ဗဟိုပြုပေသည်။ စိတ်ထဲတွင်၊ ၎င်းတို့သည် သမ္မာတရား လုံး၀မပိုင်ဆိုင်ကြသကဲ့သို့၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ ၎င်းတို့ မပြုမူကြပေ။ ထို့ကြောင့်၊ ယခု သင်တို့အတွက် ရှာဖွေဖို့ အရေးကြီးသောအရာမှာ မည်သည့်အရာနည်း။ (သမ္မာတရားကို ကျွန်ုပ်တို့ ရှာဖွေသင့်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ပြဋ္ဌာန်းချက်များနှင့်အညီ ကျွန်ုပ်တို့၏ တာဝန်များကို ဆောင်ရွက်သင့်ပါသည်။) ဘုရားသခင်၏ ပြဋ္ဌာန်းချက်များနှင့်အညီ သင်တို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အတိအကျအားဖြင့် မည်သည့်အရာကို သင်တို့ လုပ်ဆောင်သင့်သနည်း။ တစ်စုံတစ်ခု လုပ်ဆောင်သောအခါ သင်၏ ရည်ရွယ်ချက်များ၊ ထင်မြင်ချက်များနှင့် စပ်လျဉ်း၍ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီမှုရှိမရှိ ဆိုသည့်အပြင်၊ သင်၏ ရည်ရွယ်ချက်များနှင့် စိတ်ကူးများသည် သင်၏ကိုယ်ပိုင် အတ္တဆန်သော စိတ်ဆန္ဒများ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်၏ အကျိုးအမြတ်များကို ဖြည့်ဆည်းရန် စီမံထားခြင်း ရှိမရှိဆိုသည်ကို မည်သို့ သိမြင်ရမည်ကို သင် သင်ယူရမည်။ သင်၏ ရည်ရွယ်ချက်များနှင့် စိတ်ကူးများသည် သမ္မာတရားနှင့် ကိုက်ညီမှုရှိပါက သင်၏တာဝန်ကို သင်၏ အတွေးနှင့်အညီ သင် လုပ်ဆောင်နိုင်၏။ သို့သော်၊ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီမှုမရှိပါက သင်သည် အလျင်အမြန် ပြန်လှည့်ပြီး ထိုလမ်းကြောင်းကို စွန့်ခွာရမည်။ ထိုလမ်းကြောင်းသည် မမှန်ကန်သကဲ့သို့၊ ထိုအတိုင်း သင်လက်တွေ့လုပ်ဆောင်၍ မရပေ။ ထိုလမ်းကြောင်းအတိုင်း သင် ဆက်လက်လျှောက်လှမ်းပါက၊ သင်သည် မကောင်းမှု ကျူးလွန်ခြင်းဖြင့် အဆုံးသတ်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတစ်ဦး၏တာဝန်များထဲ၌ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ခံစားနည်း” မှ

ယနေ့ခေတ်တွင်၊ လူအများစုသည် ဤအခြေအနေမျိုးတွင် ရှိကြ၏- “ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် အသုံးတော်ခံရမည်ဖြစ်ပြီး သူ့အတွက် အဖိုးအခပေးရမည်။ ကောင်းချီးမင်္ဂလာများရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် အရာရာ စွန့်လွှတ်ရမည်။ ကျွန်ုပ်ကို ပေးအပ်ထားသည့်အရာကို ကျွန်ုပ် ပြည့်စုံစေရမည်ဖြစ်ပြီး၊ ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ဆောင်ရွက်ရမည်။” ဤအရာကို ကောင်းချီးမင်္ဂလာများ ရရှိဖို့ ရည်ရွယ်ချက်က စိုးမိုးထားလေသည်။ ယင်းမှာ ဘုရားသခင်ထံမှ ဆုလာဘ်များ ရရှိခြင်းနှင့် သရဖူရရှိခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်အတွက် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား အသုံးခံခြင်းနှင့်ဆိုင်သော သာဓကတစ်ခု ဖြစ်သည်။ ထိုသို့သော လူတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားမရှိကြသကဲ့သို့၊ ၎င်းတို့၏ သိနားလည်မှုမှာ ၎င်းတို့ သွားသည့် နေရာတကာတွင် ၎င်းတို့ ကြွားဝါကြသည့် အယူဝါဒနှင့်ဆိုင်သော စကားလုံးအနည်းငယ်သာ ဧကန်မုချ ပါရှိလေသည်။ ၎င်းတို့၏ လမ်းကြောင်းသည် ပေါလု၏ လမ်းကြောင်းဖြစ်သည်။ ထိုသို့သောလူတို့၏ ယုံကြည်ခြင်းသည် အတောမသတ်သော အားသွန်ခွန်စိုက် အလုပ် ဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး စိတ်ထဲတွင် ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းကို ထိုအရာက ပိုမိုသက်သေပြလေဟု ခံစားကြသည်။ ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်က သေချာပေါက် ပိုမိုစိတ်ကျေနပ်မှုရှိလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သရဖူပေးခံရဖို့ ၎င်းတို့ ပိုမိုထိုက်တန်လေ ဖြစ်လိမ့်မည်ဖြစ်ကာ၊ သူ၏ အိမ်တော်တွင် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများကို ၎င်းတို့ သေချာပေါက် ရရှိကြလိမ့်မည်ဟု ခံစားကြလေသည်။ ခရစ်တော်အတွက် ၎င်းတို့ ဆင်းရဲဒုက္ခခံနိုင်လျှင်၊ တရားဟောနိုင်ပြီး အသေခံနိုင်လျှင်၊ ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို ၎င်းတို့ စတေးခံနိုင်လျှင်၊ ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့် တာဝန်များအားလုံးကို ပြည့်စုံစေနိုင်လျှင်၊ ဘုရားသခင်၏ ကောင်းချီးအခံစားရဆုံးသူများ- အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများ ရရှိသူများ- အလယ်တွင် ၎င်းတို့ ရှိကြလိမ့်မည် ဖြစ်ပြီး ထိုအခါ သရဖူများ အပေးခံရဖို့ သေချာလိမ့်မည်ဟု ၎င်းတို့ တွေးကြလေသည်။ ဤသည်မှာ ပေါလု စိတ်ကူးခဲ့သည့် အရာနှင့် သူ ကြိုးစားခဲ့သည့်အရာ အတိအကျ ဖြစ်သည်။ ယင်းမှာ သူ လျှောက်လှမ်းခဲ့သည့် တိကျသော လမ်းကြောင်း ဖြစ်ပြီး၊ ပေါလုက ဘုရားသခင်ကို အစေခံရန် အလုပ်လုပ်ခဲ့သည်မှာ ထိုသို့သော အတွေးများ၏ လမ်းညွှန်မှုအောက်တွင် ဖြစ်သည်။ ထို အတွေးများနှင့် ရည်ရွယ်ချက်များက ဆိုးယုတ်သော သဘာဝမှ ပေါ်ပေါက်ပေသည် မဟုတ်လော။ ယင်းမှာ ကမ္ဘာမြေပေါ်တွင်ရှိစဉ် အသိပညာကို လိုက်စားရမည်ဖြစ်ပြီး၊ ယင်းကို ရရှိပြီးသည့်နောက်တွင်သာ လူအုပ်မှ ၎င်းတို့ ထင်ပေါ်နိုင်သည်၊ အရာရှိများ ဖြစ်လာနိုင်ပြီး အဆင့်အတန်းရှိနိုင်သည်ဟု ယုံကြည်ကြသည့် လောကီလူသားများကဲ့သို့သာ ဖြစ်ပေသည်။ အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ ရည်မှန်းချက်များကို ၎င်းတို့ ပြည့်မြောက်စေနိုင်ပြီး ၎င်းတို့၏ အိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို အချို့သော အဆင့်များကို မီအောင် လုပ်ဆောင်နိုင်သည်ဟု ၎င်းတို့ ထင်ကြသည်။ မယုံကြည်သူများအားလုံးသည် ဤလမ်းကြောင်းကို လျှောက်လှမ်းကြသည် မဟုတ်လော။ ဤစာတန်ဆန်သော သဘာဝ၏ ကြီးစိုးခြင်းခံရသူများသည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ပေါလုကဲ့သို့သာ ဖြစ်နိုင်သည်- “ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးတော်ခံဖို့ အရာရာကို ငါ စွန့်ပစ်ရမည်။ သူ၏ ရှေ့မှောက်တွင် ငါ သစ္စာရှိရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ငါသည် အခမ်းနားဆုံးသော သရဖူနှင့် အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာများကို ရရှိလိမ့်မည်။” ဤသည်မှာ လောကီအရာများကို လိုက်စားကြသည့် လောကီလူတို့၏ သဘောထားအတိုင်း ဖြစ်ပေသည်။ ၎င်းတို့သည် လုံးဝ ကွဲပြားခြင်းမရှိသကဲ့သို့ တူညီသည့် သဘာဝကို ခံစားရသည်။ လူတို့သည် ဤဆိုးယုတ်သော သဘာဝမျိုး ရှိကြသည့်အခါ၊ အပြင်လောကထဲတွင်၊ ၎င်းတို့သည် အသိပညာ၊ အဆင့်အတန်း၊ ပညာတို့ကို ရရှိရန်နှင့် လူအုပ်မှ ထင်ပေါ်ဖို့ ကြိုးစားကြလိမ့်မည်။ ဘုရားသခင်၏ အိမ်တော်ထဲတွင်၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် ၎င်းတို့ အသုံးခံဖို့၊ သစ္စာရှိဖို့ နှင့် နောက်ဆုံးတွင် သရဖူများ နှင့် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ၎င်းတို့ ကြိုးစားကြလိမ့်မည်။ ဘုရားသခင်၌ ယုံကြည်သူများ ဖြစ်လာကြပြီးနောက်တွင်၊ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ကြသကဲ့သို့၊ ၎င်းတို့၏ စိတ်သဘောထားများထဲတွင် ပြောင်းလဲမှုတစ်ခုကို မကြုံကြရသေးပါက၊ ဤသည်မှာ ၎င်းတို့ သေချာပေါက် ရှိလိမ့်မည်ဖြစ်သည့် လမ်းကြောင်း ဖြစ်ပေသည်။ ဤသည်မှာ မည်သူမျှ ငြင်းမရနိုင်သည့် လက်တွေ့အရှိတရားတစ်ခု ဖြစ်ပြီး၊ ပေတရု၏ လမ်းကြောင်းကို လုံးလုံး ဆန့်ကျင်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

ပေတရု၏ အလုပ်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်ခဲ့သည်။ သူသည် တမန်တော်တစ်ဦး၏ အခန်းကဏ္ဍဖြင့် အလုပ်မလုပ်ခဲ့ဘဲ၊ ဘုရားသခင်ကို ချစ်ခြင်းအား အားထုတ်နေစဉ်တွင် အလုပ်လုပ်ခဲ့သည်။ ပေါလု၏ အလုပ် ဆောင်ရွက်ပုံ နည်းလမ်းသည်လည်း သူ၏ကိုယ်ရေးကိုတာ လိုက်စားခြင်း ပါရှိခဲ့သည်။ သူ၏ လိုက်စားခြင်းသည် အနာဂတ်အတွက် သူ၏ မျှော်လင့်ချက်များနှင့် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုအတွက် သူ၏ ဆန္ဒတို့ထက် ဘာမျှမပိုခဲ့ပေ။ သူသည် သူ၏ အလုပ်အတွင်းတွင် စစ်ဆေးခြင်းကို လက်မခံခဲ့သကဲ့သို့၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကိုလည်း လက်မခံခဲ့ပေ။ သူလုပ်သည့် အလုပ်သည် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းပေးပြီး သူလုပ်သည့် အရာအားလုံးသည် ဘုရားသခင်အဖို့ နှစ်လိုဖွယ် ဖြစ်သရွေ့၊ နောက်ဆုံးတွင် ဆုလာဘ်က သူ့ကို စောင့်ကြိုမည်ဟု သူ ယုံကြည်ခဲ့သည်။ သူ၏ အလုပ်တွင် ကိုယ်ပိုင် အတွေ့အကြုံများ မရှိခဲ့ပေ ယင်းမှာ အားလုံးမှာ အလုပ် အတွက်သက်သက်သာ ဖြစ်ပြီး၊ ပြောင်းလဲခြင်းအား အားထုတ်ခြင်းအလယ်တွင် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပေ။ သူ့အလုပ်ထဲရှိ အရာရာတိုင်းသည် အပေးအယူတစ်ခု ဖြစ်သည်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန် သို့မဟုတ် ကျိုးနွံနာခံခြင်း တစ်ခုမျှ မပါဝင်ပေ။ သူ၏ အလုပ်ဖြစ်စဉ်အတွင်းတွင်၊ ပေါလု၏ ဟောင်းသော စိတ်သဘောထားထဲတွင် မည်သည့်ပြောင်းလဲမှုမျှ မဖြစ်ပွားခဲ့ချေ။ သူ၏အလုပ်မှာ အခြားသူများအား အစေခံခြင်းမျှ ဖြစ်ခဲ့ပြီး၊ သူ၏ စိတ်သဘောထားထဲ ပြောင်းလဲမှုများ ဆောင်ကြဉ်းနိုင်စွမ်း မရှိခဲ့ချေ။ ပေါလုသည် စုံလင်စေခြင်း မခံရဘဲ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်းမခံရဘဲ သူ၏ အလုပ်ကို တိုက်ရိုက် ဆောင်ရွက်ခဲ့ပြီး၊ သူသည် ဆုလာဘ်အားဖြင့် လှုံ့ဆော်ခံခဲ့ရသည်။ ပေတရုမှာ ကွဲပြားခြားနားသည်။ သူသည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း ခံခဲ့ရသူ တစ်ယောက်ဖြစ်ပြီး၊ စစ်ဆေးခြင်းကို ကြုံပြီးခဲ့သူ ဖြစ်သည်။ ပေတရုအလုပ်၏ ရည်မှန်းချက်နှင့် ကြံရွယ်ချက်သည် ပေါလု အလုပ်၏ ရည်မှန်းချက်နှင့် ကြံရွယ်ချက်တို့နှင့် အခြေခံအားဖြင့် ကွဲပြား ခြားနားသည်။ ပေတရုသည် ကြီးမားသည့် အလုပ်ပမာဏကို မလုပ်ဆောင်ခဲ့သော်ငြားလည်း၊ သူ၏ စိတ်သဘောထားသည် ပြောင်းလဲမှုများစွာ ကြုံခဲ့ရပြီး၊ သူဖွေရှာခဲ့သည့် အရာမှာ သမ္မာတရားနှင့် စစ်မှန်သော ပြောင်းလဲမှု ဖြစ်သည်။ သူ၏ အလုပ်ကို အလုပ်အတွက် သက်သက် ဆောင်ရွက်ခဲ့သည် မဟုတ်ပေ။ ပေါလုသည် များစွာသော အလုပ်ကို လုပ်ခဲ့သော်ငြားလည်း၊ ထိုအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်ခဲ့ပြီး၊ ပေါလုသည် ဤအလုပ်ဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့သော်လည်း၊ ယင်းကို မတွေ့ကြုံခဲ့ရပေ။ ပေတရုသည် များစွာ သာ၍နည်းပါးသော အလုပ်ကို လုပ်ခဲ့ခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် သူမှတစ်ဆင့် များစွာသော အလုပ်ကို မလုပ်ခဲ့သောကြောင့်သာ ဖြစ်သည်။ ၎င်းတို့အလုပ်၏ ပမာဏသည် ၎င်းတို့မှာ စုံလင်စေခြင်း ခံခဲ့ရသည်၊ မခံခဲ့ရသည်ကို အဆုံးအဖြတ်မပေးပေ။ တစ်ယောက်သောသူ၏ လိုက်စားခြင်းသည် ဆုလာဘ်များ ရရှိရန်အလို့ငှာ ဖြစ်ပြီး၊ အခြား တစ်ယောက်၏ လိုက်စားခြင်းမှာ အဆုံးစွန် ဘုရားသခင်ကို ချစ်ခြင်းကို ရရှိရန်နှင့်၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းပေးရန်အလို့ငှာ ချစ်ခင်နှစ်သက်ဖွယ် ပုံရိပ်တစ်ခုကို နေထိုင်သွားနိုင်မည့် အတိုင်းအတာအထိ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ အပြင်ပန်းအရ ၎င်းတို့သည် ကွဲပြားခြားနားကြပြီး၊ ၎င်းတို့၏ အနှစ်သာရများသည်လည်း ကွဲပြားခြားနားကြသည်။ ၎င်းတို့ အလုပ်ပမာဏ မည်မျှ လုပ်ဆောင်ခဲ့သည်ကို အခြေခံ၍ ၎င်းတို့ထဲမှ မည်သူ စုံလင်စေခြင်း ခံခဲ့ရသည်ကို သင် ဆုံးဖြတ်၍မရပေ။ ပေတရုသည် ဘုရားသခင် ချစ်ခင်သော လူတစ်ယောက်၏ ပုံရိပ်ကို အသက်ရှင်နေထိုင်ရန်၊ ဘုရားသခင်ကို နာခံသော သူတစ်ဦးဖြစ်ရန်၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်ခံသောသူတစ်ဦး ဖြစ်ရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့် သူ၏ တာဝန်ကို ဖြည့်ဆည်းခဲ့သူတစ်ဦး ဖြစ်ရန် ကြိုးစားခဲ့သည်။ သူသည် မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်နိုင်ခဲ့သည်၊ မိမိကိုယ်တိုင်၏ အလုံးစုံကို ဘုရားသခင်၏ လက်ထဲထားရှိနိုင်ခဲ့ပြီး၊ ဘုရားသခင်ကို သေသည်အထိ နာခံနိုင်ခဲ့သည်။ ယင်းမှာ သူ လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည့်အရာဖြစ်ပြီး၊ ထို့အပြင် သူ စွမ်းဆောင် ရရှိခဲ့သည့်အရာ ဖြစ်သည်။ ဤသည်မှာ သူ၏ အဆုံးသတ်သည် နောက်ဆုံးတွင် ပေါလု၏အဆုံးသတ်နှင့် ကွဲပြားခြားနားရသည့် အခြေခံ အကြောင်းရင်း ဖြစ်သည်။ ပေတရုထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ခဲ့သည့် အမှုသည် သူ့ကို စုံလင်စေရန် ဖြစ်ပြီး၊ ပေါလုထဲ၌ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်သောအမှုသည် သူ့ကို အသုံးပြုရန် ဖြစ်သည်။ ယင်းမှာ လိုက်စားခြင်းအပေါ် ၎င်းတို့၏ သဘာဝများနှင့် ၎င်းတို့၏ အမြင်များသည် မတူညီသောကြောင့် ဖြစ်သည်။ နှစ်ဦးလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိကြသည်။ ပေတရုသည် ဤအလုပ်ကို မိမိကိုယ်ကိုယ်အဖို့ အသုံးချပြီး၊ အခြားသူများ ထံလည်း ထောက်ပံ့ပေးခဲ့သည်။ သို့သော်လည်း ပေါလုမှာမူ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်း အလုံးစုံကို အခြားသူများထံသာ ထောက်ပံ့ပေးခဲ့ပြီး၊ မိမိကိုယ်ကိုယ်အဖို့ ယင်းမှ မည်သည့်အရာကိုမျှ မရရှိခဲ့ပေ။ ဤသို့ဖြင့် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို နှစ်ပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရပြီးသည့်နောက်၊ ပေါလုအထဲမှ ပြောင်းလဲခြင်းသည် တကယ်မရှိသလောက် ဖြစ်သည်။ သူသည် သူ၏ သဘာဝ အခြေအနေတွင် ကျန်ရစ်ဆဲ ဖြစ်ပြီး၊ ယခင်က ပေါလု ဖြစ်နေဆဲ ဖြစ်သည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခြင်းနှင့်ဆိုင်သော အခက်အခဲကို ကြံ့ကြံ့ခံပြီးနောက်တွင်သာ၊ သူသည် မည်သို့ အလုပ်လုပ်ရမည်ကို သင်ယူခဲ့ပြီးဖြစ်သကဲ့သို့၊ ခံနိုင်ရည်ကိုလည်း သင်ယူခဲ့ပြီးဖြစ်သော်လည်း၊ သူ၏ သဘာဝဟောင်းသည် သူ၏ အလွန် နိုင်လိုစိတ်ပြင်းကာ ကြေးစား သဘာဝသည် ကျန်ရှိနေဆဲ ဖြစ်သည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက်တွင်၊ သူသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မသိသကဲ့သို့၊ သူ၏ ဟောင်းသော စိတ်သဘောထားမှလည်း မိမိကိုယ်ကိုယ် မဖယ်ရှားခဲ့ပေ၊ ပြီးလျှင် ယင်းကို သူ၏ အလုပ်တွင် သိသာထင်ရှားစွာ မြင်၍ရနိုင်ဆဲဖြစ်ခဲ့သည်။ သူ၏အထဲတွင် သာ၍များသော အလုပ်အတွေ့အကြုံမျှသာ ရှိခဲ့သော်လည်း၊ ထိုသို့သော သေးနုပ်သော အတွေ့အကြုံ တစ်ခုတည်းသည် သူ့ကို ပြောင်းလဲပေးနိုင်စွမ်း မရှိသကဲ့သို့၊ ဖြစ်တည်မှုနှင့်ပတ်သက်သည့် သူ၏ အမြင်များ သို့မဟုတ် သူ၏ လိုက်စားခြင်းနှင့်ဆိုင်သော အရေးပါမှုတို့ကို မပြောင်းလဲနိုင်ခဲ့ပေ။ ခရစ်တော်အတွက် သူသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး၊ သခင်ယေရှုကို မည်သည့်အခါတွင်မျှ တစ်ဖန် နှိပ်စက်ညှဉ်းပန်းခြင်း မပြုခဲ့သော်လည်း၊ သူ၏ နှလုံးသားရှိ ဘုရားသခင်နှင့် ပတ်သက်သည့် သူ၏ အသိပညာတွင် ပြောင်းလဲခြင်း မရှိခဲ့ပေ။ ဤသည်မှာ သူသည် ဘုရားသခင်အဖို့ မိမိကိုယ်ကိုယ် ဆက်ကပ်ရန်အလို့ငှာ အလုပ်လုပ်ခဲ့သည် မဟုတ်ဘဲ၊ ယင်းထက် သူ၏ အနာဂတ် ခရီးပန်းတိုင်အတွက် အတင်းအကျပ် မဖြစ်မနေ လုပ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုလိုပေသည်။ အကြောင်းမှာ အစအဦး၌ သူသည် ခရစ်တော်ကို နှိပ်စက်ညှဉ်းပန်းခဲ့ပြီး၊ ခရစ်တော်ကို ကျိုးနွံနာခံခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ သူသည် ပင်ကိုယ်အားဖြင့် ခရစ်တော်အား တမင်တကာ ညှဉ်းဆဲသော ပုန်ကန်သူတစ်ဦးဖြစ်ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ အသိပညာ မရှိခဲ့သူ တစ်ဦးဖြစ်သည်။ သူ့အလုပ် အဆုံးသတ်ခါနီးတွင်၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို မသိခဲ့သေးသကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို စိုးစဉ်းမျှ အရေးမထားပဲ၊ သူ၏ ပင်ကိုယ်စရိုက်နှင့်အညီ မိမိ ဆန္ဒအလျောက် ပြုမူရုံမျှ ပြုမူခဲ့သည်။ ထို့ကြောင့် သူ၏ သဘာဝသည် ခရစ်တော်ကို မလိုမုန်းထားစိတ်ရှိခဲ့ပြီး၊ သမ္မာတရားကို မနာခံခဲ့ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က စွန့်ပယ်ခြင်း ခံခဲ့ရပြီးသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မသိသူနှင့် ခရစ်တော်ကို ဆန့်ကျင်သူဖြစ်သည့် ထိုသို့သော လူတစ်ဦးသည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။ လူသည် ကယ်တင်ခံရနိုင်ခြင်း ရှိ မရှိဆိုသည်မှာ သူ အလုပ်မည်မျှ လုပ်ဆောင်သည်၊ သို့မဟုတ် သူ မည်မျှ ဆက်ကပ်သည် ဆိုသည်တို့အပေါ် မမူတည်ဘဲ၊ ထိုအစား သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိခြင်း ရှိ မရှိ သူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိ မရှိဆိုသည်နှင့်၊ လိုက်စားခြင်းအပေါ် သူ၏ အမြင်များသည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိ မရှိ စသည်တို့အားဖြင့် သတ်မှတ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ပေတရု အလေးထားခဲ့သော အရာမှာ သူ၏ နှလုံးသားအတွင်းရှိ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပြီး၊ ယင်းသည် လက်တွေ့ကျကာ စွမ်းဆောင်ရရှိ၍ ရနိုင်ပေသည်။ သူသည် ဆုလာဘ် ရရှိမည်၊ မရရှိမည်ကို အရေးမစိုက်ခဲ့ဘဲ၊ သူ၏ စိတ်သဘောထား ပြောင်းလဲနိုင်ခြင်း ရှိ မရှိကို အရေးစိုက်ခဲ့သည်။ ပေါလုသည် သာ၍ အလုပ်ကြိုးစားလုပ်ခြင်းကို အရေးစိုက်ခဲ့သည်၊ သူသည် အပြင်ပန်း အလုပ်နှင့် ဆက်ကပ်ခြင်း၊ ပြီးလျှင် ပုံမှန်လူများက မတွေ့ကြုံသည့် အယူဝါဒများကို အရေးစိုက်ခဲ့သည်။ သူ၏အတွင်းနက်နက်ရှိ ပြောင်းလဲမှုများကို သူ အရေးမစိုက်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်းကိုလည်း အရေးမစိုက်ခဲ့ပေ။ ပေတရု၏ အတွေ့အကြုံများသည် ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော ချစ်ခြင်းနှင့် စစ်မှန်သော အသိပညာတို့ကို စွမ်းဆောင်ရရှိရန် အလို့ငှာ ဖြစ်ခဲ့သည်။ သူ၏ အတွေ့အကြုံများသည် ဘုရားသခင်နှင့် သာ၍ နီးကပ်သော ဆက်ဆံရေးကို ရရှိရန်နှင့် လက်တွေ့ကျသော အသက်ရှင်နေထိုင်ခြင်း ရှိရန်အလို့ငှာ ဖြစ်ခဲ့သည်။ ပေါလု၏ အလုပ်မှာ ယေရှုက သူ့ကို ပေးအပ်ခဲ့သည့်အရာကြောင့် ဖြစ်ခဲ့ပြီး၊ သူတောင့်တသော အရာများကို ရရှိရန်အလို့ငှာ ဖြစ်ခဲ့သည်၊ သို့သော်ငြားလည်း ဤအရာများသည် သူကိုယ်တိုင်နှင့် ဘုရားသခင်နှင့်ဆိုင်သော အသိပညာနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိခဲ့ပေ။ သူ၏ အလုပ်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ရုန်းထွက်လွတ်မြောက်ရန်အတွက် လုံးဝဥဿုံ ဖြစ်ခဲ့သည်။ ပေတရု ဖွေရှာခဲ့သော အရာမှာ ဖြူစင်သော ချစ်ခြင်းဖြစ်ပြီး၊ ပေါလု ဖွေရှာခဲ့သော အရာမှာ ဓမ္မသရဖူ ဖြစ်ခဲ့သည်။ ပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်များကို နှစ်ပေါင်းများစွာ ကိုယ်တွေ့ကြုံခဲ့ရပြီး၊ ခရစ်တော်နှင့် ပတ်သက်၍ လက်တွေ့ကျသော အသိပညာရှိခဲ့သည့်အပြင်၊ မိမိကိုယ်တိုင်နှင့် ပတ်သက်၍ သိမ်မွေ့လေးနက်သော အသိပညာ ရှိခဲ့သည်။ ထို့ကြောင့် ဘုရားသခင်အား သူ၏ချစ်ခြင်းသည် ဖြူစင်ခဲ့ပေသည်။ နှစ်ပေါင်းများစွာကြာသော စစ်ဆေးခြင်းသည် ယေရှု၊ အသက်နှင့် ပတ်သက်သည့် သူ၏ အသိပညာကို မြှင့်တင်ပေးခဲ့ပြီးဖြစ်သကဲ့သို့၊ သူ၏ ချစ်ခြင်းသည် အခြေအနေအပေါ် မမူတည်သော ချစ်ခြင်း ဖြစ်သည်၊ ယင်းသည် အလိုအလျောက် ဖြစ်သော ချစ်ခြင်း ဖြစ်ကာ သူသည် အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းခဲ့သကဲ့သို့၊ မည်သည့် အကျိုးအမြတ်ကိုမျှ မမျှော်လင့်ခဲ့ပေ။ ပေါလုသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော်လည်း၊ သူသည် ခရစ်တော်နှင့် ပတ်သက်သည့် ကြီးမားသော အသိပညာကို မပိုင်ဆိုင်ခဲ့သကဲ့သို့၊ မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာသည်လည်း သနားစရာကောင်းလောက်အောင် သေးနုပ်ခဲ့သည်။ သူသည် ခရစ်တော်ကို ချစ်ခြင်း တကယ်ကို မရှိခဲ့သကဲ့သို့၊ သူ၏ အလုပ်နှင့် သူပြေးခဲ့သော လမ်းကြောင်းသည် နောက်ဆုံး အောင်ပန်းကို ရရှိနိုင်ရန်အလို့ငှာ ဖြစ်သည်။ သူဖွေရှာခဲ့သော အရာသည် အကောင်းဆုံးသော သရဖူ ဖြစ်ပြီး၊ အစင်ကြယ်ဆုံး ချစ်ခြင်း မဟုတ်ခဲ့ပေ။ သူသည် တက်ကြွစွာ ဖွေရှာခြင်း မရှိခဲ့ဘဲ၊ မတုန်မလှုပ်ဖြစ်ခဲ့သည်။ သူသည် သူ၏ တာဝန်အား ထမ်းဆောင်နေခဲ့ခြင်း မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် သိမ်းပိုက်ခံရခြင်းနောက်တွင် သူ၏ လိုက်စားမှု၍ မဖြစ်မနေလုပ်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ လိုက်စားခြင်းက သူသည် ဘုရားသခင်၏ အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ကို သက်သေ မပြပေ။ မိမိ၏ တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်၏ အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ခဲ့သူမှာ ပေတရု ဖြစ်သည်။ ဘုရားသခင်ကို ပံ့ပိုးမှုတစ်ခု ပြုသူ အားလုံးသည် ဆုလာဘ် ရရှိသင့်သည်ဟု လူက ထင်သည်၊ ပံ့ပိုးမှု သာ၍ ကြီးမားလေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ မျက်နှာသာကို လက်ခံရရှိသင့်သည်မှာ မှန်သည်ဟု မှတ်ယူလေလေ ဖြစ်သည်။ လူ့ အမြင်ရှုထောင့်၏ အနှစ်သာရသည် အပေးအယူသဘော ဆန်ပြီး၊ သူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆောင်ရန် သူ မကြိုးစားပေ။ ဘုရားသခင် အတွက်မူ၊ လူများသည် ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်းနှင့် ဘုရားသခင်အား ပြီးပြည့်စုံသော နာခံခြင်းကို ပို၍ ရှာလေလေ၊ ယင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားခြင်းဟုလည်း ဆိုလိုသကဲ့သို့၊ ဘုရားသခင်၏ လက်ခံမှုကို ပို၍ ရရှိလေလေ ဖြစ်သည်။ ဘုရားသခင်၏ ရှုထောင့်အမြင်သည် လူအား သူ၏ နဂိုမူလ တာဝန်နှင့် အဆင့်အတန်းကို ပြန်ရရန် တောင်းဆိုဖို့ ဖြစ်သည်။ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်၊ ထို့ကြောင့် လူသည် ဘုရားသခင်အား တောင်းဆိုမှုများ ပြုခြင်းဖြင့် မိမိကိုယ်ကိုယ် ဘောင်မကျော်သင့်သကဲ့သို့၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်အား ထမ်းဆောင်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်သင့်ပေ။ ပေါလုနှင့် ပေတရုတို့၏ ခရီးပန်းတိုင်များကို ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ၎င်းတို့ ထမ်းဆောင်နိုင်ခြင်း ရှိ မရှိဆိုသည်အရ တိုင်းတာခြင်း ဖြစ်ပြီး၊ ၎င်းတို့၏ ပံ့ပိုးမှု အတိုင်းအတာအရ မဟုတ်ပေ။ ၎င်းတို့၏ ခရီးပန်းတိုင်များသည် အစကတည်းမှ ၎င်းတို့ ကြိုးစားခဲ့ကြသည့် အရာအတိုင်း သတ်မှတ်ခံခဲ့ရခြင်း ဖြစ်ပြီး၊ ၎င်းတို့ အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် ၎င်းတို့အပေါ် အခြားသူများ၏ ထင်မြင်ယူဆချက်များအတိုင်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် မိမိ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆာင်ရန် ကြိုးစားခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်း ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်း၏ လမ်းကြောင်းအား ဖွေရှာခြင်းသည် အမှန်ကန်ဆုံးသော လမ်းကြောင်း ဖြစ်သည်။ မိမိ၏ ဟောင်းသော စိတ်သဘောထား၌ ပြောင်းလဲမှုများကို ရှာဖွေခြင်းနှင့် ဘုရားသခင်အတွက် ဖြူစင်သော ချစ်ခြင်းအား ဖွေရှာခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်း ဖြစ်သည်။ ထိုသို့သော အောင်မြင်မှုဆီသို့ လမ်းကြောင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ နဂိုမူလတာဝန်နှင့် နဂိုမူလ အသွင်အပြင်ကို ပြန်ရရှိခြင်း လမ်းကြောင်းဖြစ်သည်။ ယင်းသည် ပြန်ရရှိခြင်း လမ်းကြောင်း ဖြစ်ပြီး၊ အစအဦးမှ အဆုံးထိတိုင် ဘုရားသခင်၏ အမှုအားလုံး၏ ရည်မှန်းချက်လည်း ဖြစ်သည်။ အကယ်၍ လူ၏ လိုက်စားခြင်းသည် ကိုယ်ရေးကိုယ်တာ လွန်ကဲသော တောင်းဆိုမှုများနှင့် ယုတ္တိမတန်သော တောင့်တခြင်းများဖြင့် စွန်းထင်းပါက၊ စွမ်းဆောင်ရရှိသည့် အကျိုးတရားသည် လူ၏ စိတ်သဘောထား၌ ပြောင်းလဲခြင်းများ ဖြစ်လိမ့်မည် မဟုတ်။ ဤအရာသည် ပြန်ရရှိခြင်း အလုပ်နှင့် ဆန့်ကျင်သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်သည့် အလုပ် ဧကန်မုချ မဟုတ်ပေ၊ ထို့ကြောင့် ဤအရာက ဤကဲ့သို့သော လိုက်စားခြင်းမျိုးကို ဘုရားသခင်က လက်မခံသည်ကို သက်သေပြပေသည်။ ဘုရားသခင်က လက်မခံသည့် လိုက်စားခြင်းတစ်ခုသည် မည်သည့် အရေးပါမှု ရှိပါသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ပေတရု ဖွေရှာခဲ့သည့် အရာအားလုံးမှာ ဘုရားသခင်၏ နှလုံးသားနှင့် ညီညွှတ်ခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် ကြိုးပမ်းခဲ့ပြီး၊ ဆင်းရဲဒုက္ခနှင့် အခက်အခဲတို့ကို ပဓာနမထားဘဲ၊ သူသည် ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် လိုလားနေဆဲ ဖြစ်ခဲ့သည်။ ဘုရားသခင်၌ ယုံကြည်သူတစ်ယောက်အားဖြင့် သာ၍ ကြီးမြတ်သော လိုက်စားခြင်း မရှိချေ။ ပေါလု ဖွေရှာခဲ့သည့်အရာမှာ သူ၏ ဇာတိပကတိ၊ သူကိုယ်တိုင်၏ အယူအဆများ၊ သူကိုယ်တိုင်၏ အစီအစဉ်များနှင့် အကြံအစည်များဖြင့် စွန်းထင်းခဲ့သည်။ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦး လုံးဝ မဟုတ်ခဲ့ပေ၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် ကြိုးစားသောတစ်ဦး မဟုတ်ခဲ့ချေ။ ပေတရုသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံရန် ကြိုးစားခဲ့ပြီး၊ သူ လုပ်ဆောင်ခဲ့သော အလုပ်သည် မကြီးမားခဲ့သော်လည်း၊ သူ၏ လိုက်စားခြင်း နောက်ကွယ်ရှိ ကြံရွယ်ချက်နှင့် သူလျှောက်ခဲ့သော လမ်းကြောင်းတို့ မှန်ကန်ခဲ့ပေသည်။ သူသည် လူများစွာကို မရရှိနိုင်ခဲ့သော်ငြားလည်း၊ သူသည် သမ္မာတရား၏ လမ်းခရီးကို လိုက်စားနိုင်ခဲ့သည်။ ဤအရာကြောင့် သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ယနေ့ခေတ်တွင် သင်သည် အမှုတော်ဆောင်တစ်ဦး မဟုတ် လျှင်ပင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်သင့်ပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ အားလုံးကို ကျိုးနွံနာခံရန် ကြိုးစားနိုင်သင့်ပေသည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ သင်သည် နာခံနိုင်သင့်ပြီး၊ ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်း မျိုးစုံတို့ကို တွေ့ကြုံခံစားနိုင်သင့်သည်၊ ပြီးလျှင် သင်သည် အားနည်းသော်ငြားလည်း၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို သင် ချစ်နိုင်ဆဲ ဖြစ်သင့်ပေသည်။ မိမိတို့၏ ကိုယ်ပိုင် အသက်တာအတွက် တာဝန်ယူသော သူများသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြပြီး၊ ထိုသို့သော လူများ၏ လိုက်စားခြင်းအပေါ် ရှုထောင့်အမြင်သည် မှန်ကန်သည့် ရှုထောင့်အမြင်တစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လိုအပ်သော လူများ ဖြစ်သည်။ အကယ်၍ သင်သည် အလုပ်များစွာ လုပ်ဆောင်ကာ၊ အခြားသူများက သင်၏ သွန်သင်ချက်များကို ရယူနိုင်ကြသော်လည်း၊ သင်ကိုယ်၌က မပြောင်းလဲခဲ့သကဲ့သို့ မည်သည့် သက်သေမျှ မခံခဲ့ပါက၊ သို့မဟုတ် စစ်မှန်သော မည်သည့် အတွေ့အကြုံမျှ မရှိခဲ့သည်မှာ သင့်အသက်တာ၏ အဆုံးတွင်၊ သင်လုပ်ဆောင်ပြီးဖြစ်သည့်အရာများထဲမှ မည်သည့်အရာကမျှ သက်သေမခံပါက၊ သင်သည် ပြောင်းလဲပြီးသော သူတစ်ဦး ဖြစ်ပါသလော။ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်ပါသလော။ ထိုအချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အသုံးပြုခဲ့သော်လည်း၊ သူသည် သင့်ကို အသုံးပြုသောအခါ၊ အလုပ်အဖို့ အသုံးပြုနိုင်သည့် အပိုင်းကိုသာ အသုံးပြုခဲ့ပြီး၊ အသုံးပြု၍ မရနိုင်မည့် အပိုင်းကို အသုံးမပြုခဲ့ချေ။ အကယ်၍ သင်သည် ပြောင်းလဲရန် ကြိုးစားခဲ့ပါက၊ သင်သည် အသုံးပြုခြင်းခံရသည့် ဖြစ်စဉ်အတောအတွင်းတွင် တဖြည်းဖြည်း စုံလင်စေခြင်း ခံရမည်ဖြစ်သည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်သည် နောက်ဆုံးတွင် သင် ရယူခြင်းခံရမည်၊ မခံရမည် ဆိုသည်အတွက် တာဝန်မယူသကဲ့သို့၊ ဤသည်မှာ သင်၏ လိုက်စားခြင်း နည်းဟန်ပေါ်တွင် မူတည်ပေသည်။ သင်၏ ကိုယ်ပိုင် စိတ်သဘောထားတွင် မည်သည့် ပြောင်းလဲခြင်းမျှ မရှိပါက၊ ယင်းမှာ လိုက်ခြင်းအပေါ် သင်၏ ရှုထောင့်အမြင်သည် မှားယွင်းသောကြောင့် ဖြစ်သည်။ သင်သည် မည်သည့် ဆုလာဘ်မျှ အပ်နှင်းမခံရပါက၊ ယင်းမှာ သင်ကိုယ်တိုင်၏ ပြဿနာ ဖြစ်ပြီး၊ သင်ကိုယ်တိုင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ ဘုရားသခင်၏ စိတ်ဆန္ဒကို မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်၏ ကိုယ်ပိုင် အတွေ့အကြုံများထက် မည်သည့်အရာကမျှ သာ၍ အရေးမကြီးသကဲ့သို့ သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုထက် မည်သည့်အရာကမျှ သာ၍ အရေးမပါချေ။ အဆုံးတွင် အချို့သော လူများက၊ “အကျွန်ုပ်သည် ကိုယ်တော့်အတွက် အလွန် များလှစွာသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ၊ မည်သည့် ထင်ရှားသော စွမ်းဆောင်အောင်မြင်မှုတို့ ပြုကောင်းပြုနိုင်မည်မဟုတ်သော်လည်း၊ အကျွန်ုပ်သည် အကျွန်ုပ်၏ အားထုတ်မှုများတွင် လုံ့လရှိဆဲဖြစ်လေပြီ။ အသက်၏အသီးကို စားသုံးရန် ကောင်းကင်ဘုံထဲသို့ ကိုယ်တော်သည် အကျွန်ုပ်အား ဝင်ခွင့်သာပေး၍ မရသလော။” ဟူ၍ ပြောကြပေလိမ့်မည်။ မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

အနာဂတ်တွင် အနားယူခြင်း အခြေအနေတစ်ခု၌ ရှင်သန်ကြမည့် လူအားလုံးသည် ဘေးဒုက္ခ နေ့ရက်ကို သည်းခံကြရပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ဘုရားသခင်အတွက် သက်သေလည်း ခံကြပြီး ဖြစ်လိမ့်မည်။ ၎င်းတို့အားလုံးသည် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းပြီးသူများနှင့် ဘုရားသခင်ကို တမင်သက်သက် ကျိုးနွံနာခံပြီးသူများ ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့် အစေခံခြင်း ပြုဖို့ အခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိရုံမျှ ရှိသူတို့သည် ကျန်ရှိခွင့် ရှိကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် တစ်ဦးစီတိုင်း၏ ရလဒ်နှင့်ဆိုင်သည့် အစီအစဉ်အတွက် သင့်လျော်သော စံချိန်စံညွှန်းများ ရှိသည်။ သူသည် တစ်ဦးတစ်ယောက်၏ စကားလုံးများနှင့် အပြုအမူနှင့်အညီ ဤဆုံးဖြတ်ချက်များကို မပြုလုပ်သကဲ့သို့၊ အချိန်ကာလ တစ်ခုအတွင်း တစ်ဦးတစ်ယောက် မည်သို့ ပြုမူသည်ဆိုသည့်အပေါ် အခြေခံကာ ဤဆုံးဖြတ်ချက်များကို ပြုလုပ်သည်လည်း မဟုတ်ပေ။ သူ့အတွက် ၎င်းတို့၏ အတိတ်က အစေခံမှုကြောင့် တစ်ဦးတစ်ယောက်၏ ဆိုးယုတ်သော အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်သည် လုံးဝ သက်ညှာလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်အတွက် တစ်ကြိမ်တစ်ခါမျှ အသုံးခံခဲ့မှုကြောင့်လည်း၊ တစ်ဦးတစ်ယောက်ကို သေခြင်းမှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ ဆိုးယုတ်မှုအတွက် မည်သူမျှ ပြစ်ဒဏ်ပေးဆပ်ခြင်းကို မရှောင်လွှဲနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူကို ဖုံးကွယ်ကာ၊ ထိုသို့ဖြင့် ဖျက်ဆီးခံရခြင်း၏ ညှဉ်းဆဲမှုများကို မရှောင်တိမ်းနိုင်ပေ။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းနိုင်ကြပါက၊ ယင်းမှာ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိသည်ဖြစ်စေ သို့မဟုတ် ကံဆိုးခြင်းကို ခံစားရသည်ဖြစ်စေ၊ ဘုရားသခင်ကို ထာဝရ သစ္စာရှိပြီး ဆုလာဘ်များကို ရှာဖွေခြင်း မရှိဟု ဆိုလိုပေသည်။ လူများသည် ကောင်းချီးမင်္ဂလာကို မြင်ရသောအခါ ဘုရားသခင်ကို သစ္စာရှိသော်လည်း၊ မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ မတွေ့မြင်ရသည့်အခါ ၎င်းတို့၏ သစ္စာရှိမှု ဆုံးရှုံးပါက၊ ပြီးလျှင် နောက်ဆုံးတွင် ဘုရားသခင်အတွက် သက်သေကို မခံနိုင်ကြဆဲဖြစ်ပါက သို့မဟုတ် ၎င်းတို့ တာဝန်ရှိသည့် တာဝန်များကို မဖြည့်ဆည်းနိုင်ဆဲဖြစ်ပါက၊ ၎င်းတို့သည် တစ်ချိန်က ဘုရားသခင်ကို သစ္စာရှိသည့် အစေခံမှု ယခင်က ပေးခဲ့ကြသော်လည်း၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြဆဲ ဖြစ်လိမ့်မည်။ အတိုချုပ်ပြောရလျှင် ဆိုးယုတ်သော လူတို့သည် ထာဝရကာလတစ်လျှောက် ရှင်သန်နိုင်မည် မဟုတ်သကဲ့သို့၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့လည်း မဝင်ရောက်နိုင်ကြပေ။ ဖြောင့်မတ်သော သူတို့သည်သာ ငြိမ်သက်ခြင်းချမ်းသာ၏ အရှင်သခင်များ ဖြစ်သည်။ လူသားမျိုးနွယ်သည် မှန်ကန်သော လမ်းကြောင်းပေါ် ရှိသည်နှင့်တစ်ပြိုင်နက်၊ လူများသည် ပုံမှန်လူသားဘဝများ ရှိကြလိမ့်မည်။ ၎င်းတို့အားလုံးသည် မိမိတို့၏ ကိုယ်ပိုင် သက်ဆိုင်ရာတာဝန်များကို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို လုံးဝ သစ္စာရှိကြလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့၏ မနာခံမှုနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးဝ ခါချကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်ကြောင့် မနာခံမှုနှင့် ခုခံမှုတို့ နှစ်ခုလုံး ကင်းမဲ့ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံနိုင်ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှင့် လူသားမျိုးနွယ်၏ အသက်တာဖြစ်လိမ့်မည်။ ယင်းသည် နိုင်ငံတော်၏ အသက်တာဖြစ်လိမ့်မည်ဖြစ်ပြီး၊ ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အသက်တာတစ်ခု ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

အရှေ့သို့- ၁၀၅။ သမ္မာတရားကို လိုက်စားခြင်းနှင့် မပြတ်သားသော ယုံကြည်မှုတို့ကြား ခွဲခြားခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၀၇။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အပြုအမူကောင်းတို့အကြား ခွဲခြားခြင်း အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၉၃၆ ဤသည်မှာ ဘုရားကယ်တင်ရန် ရည်ရွယ်သော လူသားမျိုးနွယ်တည်းကျူး

၁ အရာအားလုံးထဲမှ သက်ရှိသတ္တဝါ အမျိုးအစားတိုင်းသည် ထွက်ခွာပြီး ပြန်လာသည်။ ပြီးနောက် ပြန်ထွက်ခွာကြပြန်သည်။ မျက်စိတမှိတ်အတွင်းတွင်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်