စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို သိနားလည်ခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို သိကျွမ်းခြင်းတို့နှင့်ဆိုင်သည့် အခြေခံအုတ်မြစ်အပေါ် တည်ဆောက်ထားပေသည်။

(၂) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် လုံ့လရှိဖို့၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအပြင် သူ၏ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို လက်ခံကာ ကျိုးနွံနာခံဖို့နှင့် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိရှိလာဖို့ လိုအပ်ပေသည်။

(၃) သင်၏ ခွဲဝေပေးထားသည့် တာဝန်ကို ဖြည့်ဆည်းဖို့၊ သမ္မာတရားကို လက်ခံနိုင်ကာ လက်တွေ့လုပ်ဆောင်ဖို့နှင့် ရိုးသားသော လူတစ်ဦးဖြစ်လာဖို့၊ ပြီးလျှင် ဘုရားသခင် စီစဉ်သည့်အရာအားလုံးကို ကျိုးနွံနာခံလာနိုင်ဖို့ လိုအပ်ပေသည်။

(၄) ကိစ္စရပ်များအားလုံးတွင်၊ ဆုတောင်းကာ သမ္မာတရားကို ရှာဖွေလော့၊ ဘုရားသခင်နှင့် စစ်မှန်စွာ မိတ်သဟာယပြုကာ ဘုရားသခင်၏ လုပ်ရပ်များနှင့် သူ၏ နှုတ်ကပတ်တော်က အရာအားလုံး ပြီးမြောက်စေသည်ကို တွေ့မြင်ရင်း၊ သမ္မာတရားကို နားလည်ရန် တတ်နိုင်လော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အမှု၏ ဤအဆင့်တွင် ငါတို့ထံမှ အဆုံးစွန် ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ လိုအပ်ပေသည်။ အမှု၏ ဤအဆင့်သည့် ယခင်အဆင့်များအားလုံးမှ ကွဲပြားခြားနားသည့်အတွက်၊ အနည်းငယ်မျှသော သတိလက်လွတ်ဖြစ်ခြင်းမှ ငါတို့ ခလုတ်တိုက်မိကောင်း ခလုတ်တိုက်မိနိုင်သည်။ ဘုရားသခင် စုံလင်နေစေသည့် အရာမှာ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍လည်း မရသည့် လူသားမျိုးနွယ်၏ ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အသက်တို့အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ လူတို့သည် ရာပေါင်းများစွာသော စစ်ဆေးခြင်းများကို ကြံ့ကြံ့ခံခဲ့ကာ ယောဘ၏ယုံကြည်ခြင်းထက် သာ၍ ကြီးမားသော ယုံကြည်ခြင်းကို ပိုင်ဆိုင်သည့်အဆင့်သို့ ရောက်ရှိကြရမည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ စွန့်ခွာခြင်းမရှိဘဲ၊ မယုံကြည်နိုင်လောက်သော ဆင်းရဲဒုက္ခနှင့် ညှဉ်းဆဲမှုအမျိုးမျိုးကို သည်းခံကြရမည်။ သေသည်အထိ ၎င်းတို့ နာခံမှုရှိပြီး၊ ဘုရားသခင်၌ ကြီးမားသည့်ယုံကြည်ခြင်း ရှိသောအခါတွင်၊ အမှု၏ ဤအဆင့်သည် ပြီးစီးပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း... (၈)” မှ

စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ပါ။ ဘုရားသခင်သည် သင်ရယူရန်မျှော်လင့်သည့် မည်သည့်အရာကိုမဆို သင့်အပေါ် အပ်နှင်းလိမ့်မည်။ အကယ်၍ သင်၌ ယုံကြည်ခြင်းမရှိပါက သင်သည် စုံလင်အောင်ပြုခြင်း မခံရနိုင်သည့်အပြင် ဘုရားသခင်၏အနန္တတန်ခိုးကို မဆိုထားဘိ၊ သူ၏လုပ်ရပ်များကို သင်မြင်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ သင်၌ ယုံကြည်ခြင်းရှိသဖြင့် သူ၏လုပ်ရပ်များကို သင်၏ လက်တွေ့အတွေ့အကြုံထဲတွင် သင်မြင်တွေ့ရမည်ဖြစ်သည့်အခါ၊ ဘုရားသခင်သည် သင့်ထံပေါ်လာကာ သင့်ကို ဉာဏ်အလင်းရစေပြီး အတွင်းမှနေ၍ လမ်းပြပေးမည်။ ထိုယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်သည် ထိုအရာကို ပြုနိုင်မည်မဟုတ်ပါ။ အကယ်၍ သင်သည် ဘုရားသခင်၌ မျှော်လင့်ချက်ပျောက်ဆုံးသွားပါက သူ၏အမှုကို သင် မည်ကဲ့သို့ တွေ့ကြုံနိုင်မည်နည်း။ ထို့ကြောင့် သင်၌ ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် သံသယများ မသိုထားသည့်အခါမှသာ၊ သူမည်သည့်အရာပြုသည်ဖြစ်စေ သူ့အပေါ် သင် စစ်မှန်သော ယုံကြည်ခြင်း ရှိသည့်အခါမှသာ သူသည် သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင့်ကို ဉာဏ်အလင်းပေးပြီး ဖွင့်ပြမည်ဖြစ်ပြီး၊ ထိုမှသာ သင်သည် သူ၏လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သည်။ ထိုအရာများ အားလုံးကို ယုံကြည်ခြင်းအားဖြင့်သာ ရရှိတတ်သည်။ ယုံကြည်ခြင်းသည် စစ်ဆေးခြင်းအားဖြင့်သာ လာပြီး၊ စစ်ဆေးခြင်းမရှိဘဲနှင့် ယုံကြည်ခြင်း မတိုးပွားနိုင်ပေ။ “ယုံကြည်ခြင်း” ဟူသည့် ဤစကားလုံးက မည်သည်ကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို လူသားတို့ မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ အမှုက လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် အခါတွင်လည်းကောင်း၊ ၎င်းကို လူသားတို့ လက်လှမ်းမမီသည့် အခါတွင်လည်းကောင်း သူတို့၌ရှိသင့်သော စစ်မှန်သည့် ယုံကြည်ချက်နှင့် ရိုးသားမှန်ကန်သည့် စိတ်နှလုံးပင်ဖြစ်သည်။ ဤသည်မှာ ငါပြောပြသော ယုံကြည်ခြင်းဖြစ်သည်။ လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခံရသည့် အချိန်များအတွင်းတွင် ယုံကြည်ခြင်းလိုအပ်လျက်ရှိပြီး၊ ယုံကြည်ခြင်းဟူသည် စစ်ဆေးခြင်းနှင့် ယှဉ်တွဲ၍လာသည့် အရာဖြစ်သည်။ စစ်ဆေးခြင်းနှင့် ယုံကြည်ခြင်းတို့မှာ ခွဲခြား၍မရပေ။ ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို ရရှိအောင် အားထုတ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို ရှာဖွေနိုင်ပြီး၊ သူ၏လုပ်ရပ်များအား နားလည်ခြင်းကို ရရှိနိုင်သည်၊ ထို့ပြင် သင်သည် သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လေသည်။ ထိုသို့ပြုခြင်းမှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်းသဘောဖြစ်ပြီး၊ ထိုသို့ပြုခြင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို ပြသပါသည်။ သင်သည် စစ်ဆေးခြင်းမှတစ်ဆင့် သမ္မာတရားကို ရရှိအောင် မလျှော့တမ်း အားထုတ်နိုင်မှသာ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာချစ်နိုင်ပြီး သူ့အပေါ် သံသယများ ဖြစ်မလာမှသာ၊ မည်သည့်အရာကို သူပြုသည်ဖြစ်စေ သင်သည် သူ့ကို ကျေနပ်စေရန် သမ္မာတရားကို ဆက်လက်၍ လက်တွေ့ကျင့်သုံးမှသာ၊ ထို့ပြင် သင်သည် သူ၏အလိုတော်ကို သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်မှသာ၊ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်လေသည်။ အတိတ်က သင်သည် ရှင်ဘုရင်တစ်ပါးအဖြစ် အုပ်စိုးရမည်ဟု ဘုရားသခင် ပြောခဲ့စဉ်အခါက သင်သည် သူ့ကို ချစ်ခဲ့ပြီး သူသည် သူ့ကိုယ်သူ သင့်ထံ ထင်ထင်ရှားရှား ပြသသည့်အခါ သူ့ကို သင်မီအောင်လိုက်ခဲ့သည်။ သို့သော် ယခုအခါ ဘုရားသခင်သည် ပုန်းကွယ်နေပြီး သူ့ကို သင်မမြင်နိုင်ဘဲ ဒုက္ခပြဿနာများက သင့်အပေါ် ကျရောက်လေပြီ၊ ယခုအချိန်တွင် ဘုရားသခင်အပေါ် သင် မျှော်လင့်ခြင်း ပျောက်ဆုံးပြီလော။ ထို့ကြောင့် သင်သည် အချိန်တိုင်းတွင် အသက်ကို ရရှိအောင် အားထုတ်၍ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဤအရာကို စစ်မှန်သောယုံကြည်ခြင်းဟု ခေါ်ပြီး ဤသည်မှာ အစစ်မှန်ဆုံးနှင့် အလှပဆုံးသော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သည်။

ယခင်က လူတို့အားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်၌ ၎င်းတို့၏ ဆုံးဖြတ်ချက်များကို ချမှတ်ရန်လာပြီး “ဘုရားသခင်ကို အခြားမည်သူမျှ မချစ်လျှင်ပင် သူ့ကို ကျွန်ုပ်ချစ်ရမည်။” ဟု ပြောကြမည်ဖြစ်သည်။ သို့သော် ယခုတွင် စစ်ဆေးခြင်းက သင့်အပေါ် ကျရောက်ပြီး ဤအရာက သင်၏အယူအဆများနှင့် တစ်ထပ်တည်းမကျသဖြင့် သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးလေသည်။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်သလော။ ယောဘ၏ လုပ်ဆောင်ချက်များ အကြောင်းကို သင် အကြိမ်ပေါင်းများစွာ ဖတ်ခဲ့ပြီးပြီ၊ ယင်းတို့ကို သင်မေ့သွားပြီလော။ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် ယုံကြည်ခြင်းအထဲမှသာ ရုပ်လုံးပေါ်လာနိုင်သည်။ သင်ကြုံရသော စစ်ဆေးခြင်းများအားဖြင့် သင်သည် ဘုရားသခင် အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်လာပြီး၊ သင်၏ လက်တွေ့ အတွေ့အကြုံများထဲတွင် ဘုရားသခင်၏အလိုတော်ကို သင် အရေးထားနိုင်သည်မှာ သင်၏ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်၊ ထို့ပြင် သင်ကိုယ်တိုင်၏ ဇာတိပကတိကို စွန့်လွှတ်ပြီး အသက်ကို ရရှိအောင် အားထုတ်သည်မှာလည်း သင်၏ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ ဤသည်မှာ လူတို့ ပြုသင့်သောအရာဖြစ်သည်။ အကယ်၍ ဤအရာကိုပြုပါက သင်သည် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သော်လည်း၊ သင်၌ ယုံကြည်ခြင်းကင်းမဲ့ပါက သင်သည် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်မည်မဟုတ် သို့မဟုတ် သူ၏အမှုကို တွေ့ကြုံနိုင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စုံလင်အောင်ပြုပေးခြင်း ခံရလိုပါက- သင်၌ ဒုက္ခခံလိုစိတ်၊ ယုံကြည်ခြင်း၊ သည်းခံခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်၏အမှုကို တွေ့ကြုံနိုင်စွမ်း၊ သူ၏အလိုတော်ကို နားလည် သဘောပေါက်နိုင်စွမ်း၊ သူ၏ဝမ်းနည်းပူဆွေးခြင်းကို အရေးထားနိုင်စွမ်း အစရှိသည့် အရာတိုင်းကို လုပ်ဆောင်နိုင်စွမ်း ရှိရမည်။ လူတစ်ဦးကို စုံလင်စေခြင်းမှာ မလွယ်ကူဘဲ သင်တွေ့ကြုံရသော စစ်ဆေးခြင်း တစ်ခုစီတိုင်းတွင် သင်၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း လိုအပ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရလိုပါက၊ ထိုလမ်းကြောင်းပေါ်သို့ အလောတကြီးထွက်သွားရုံမျှနှင့် မလုံလောက်သည် သာမက၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရုံမျှနှင့်လည်း မလုံလောက်ပါ။ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းကို ခံရသောသူတစ်ဦး ဖြစ်လာနိုင်ရန် သင်၌ အရာများစွာကို ပိုင်ဆိုင်ရမည်။ ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို စွန့်လွှတ်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန်အတွက် တစ်ကိုယ်ရေဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်- အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

မောရှေက ကျောက်တုံးကို ရိုက်ခဲ့သည့်အခါ ယေဟောဝါပေးသနားသောရေ ပန်းထွက်လာခဲ့ခြင်းသည် သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဒါဝိဒ်သည် နှလုံးသားထဲ ရွှင်လန်းခြင်း အပြည့်နှင့် ငါယေဟောဝါကို ချီးမွမ်း၍ စောင်းတီးခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဘသည် တောင်များအပေါ် ပြည့်လျှံနေသော သူ၏ခြံမွေးတိရစ္ဆာန်နှင့် သူ၏ မပြောပြနိုင်လောက်သော စည်းစိမ်ချမ်းသာများ ဆုံးရှုံးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အနာစိမ်းများနှင့် ဖုံးလွှမ်းခံခဲ့ရသောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ယေဟောဝါဖြစ်သော ငါ၏အသံကို ကြားနိုင်ခဲ့ပြီး၊ ငါ၏ ဘုန်းအာနုဘော်ကို မြင်နိုင်ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ပေတရုသည် ယေရှုခရစ်တော်နောက် လိုက်နိုင်ခဲ့ခြင်းမှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ငါ့အတွက်ကြောင့် ကားတိုင်ပေါ်မှာ သံမှိုစွဲနှက်ခြင်းခံရပြီး ကောင်းမြတ်သော သက်သေခံနိုင်ခဲ့သည်မှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဟန်သည် လူသား၏ ကြီးမြတ်သော ပုံသဏ္ဌာန်ကို မြင်တွေ့ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် နောက်ဆုံးသော ကာလ၏ ရူပါရုံကို မြင်ခဲ့ရသည်မှာလည်း သူ၏ ယုံကြည်ခြင်းအားဖြင့် သာ၍ပင် ဖြစ်သည်။ မြောက်မြားလှစွာသော တစ်ပါးအမျိုးသား တိုင်းနိုင်ငံများဟုဆိုသော ထိုတိုင်းနိုင်ငံများသည် ငါ၏ ထုတ်ဖော်ခြင်းရပြီး လူသားများအကြားတွင် ငါ၏အမှုကို ပြုဖို့ရန်အတွက် ဇာတိခန္ဓာနှင့် ငါဆင်းကြွလာခဲ့သည်ဆိုခြင်းကို သိလာရသည့် အကြောင်းရင်းသည်လည်း ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ငါ၏ ကြမ်းတမ်းသော စကားလုံးများဖြင့် ရိုက်ခတ်ခံရသော်လည်း ၎င်းတို့အားဖြင့် နှစ်သိမ့်မှုခံရသောသူတို့နှင့် ကယ်တင်ခံရသောသူတို့အားလုံး— ၎င်းတို့အားလုံး မိမိတို့၏ ယုံကြည်ချက်ကြောင့် ထိုသို့ပြုခဲ့ကြသည် မဟုတ်လော။ လူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် အမှုအရာများစွာကို ရရှိခဲ့ကြသည်။ ယင်းသည် ကောင်းချီးမင်္ဂလာတစ်ရပ် အမြဲမဟုတ်ပေ။ ဒါဝိဒ် ခံစားခဲ့ရသော ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်းမျိုးကို မခံစားခဲ့ရဘဲ ရှိချင်ရှိနိုင်သည်၊ သို့မဟုတ် မောရှေပြုသကဲ့သို့ ယေဟောဝါအား ရေပေးကမ်းစေခြင်း မရှိဘဲ ဖြစ်နိုင်သည်။ ဥပမာအားဖြင့်၊ ယောဘသည် သူ၏ယုံကြည်ခြင်းကြောင့် ယေဟောဝါ၏ ကောင်းကြီးပေးခြင်းခံခဲ့ရသော်လည်း၊ သူသည် ကပ်ဆိုက်မှုကိုလည်း ခံစားခဲ့ရသည်။ သင့်အနေဖြင့် ကောင်းချီးမင်္ဂလာ ခံစားရသည်ဖြစ်စေ ကပ်ဆိုက်မှု ခံစားရသည်ဖြစ်စေ၊ နှစ်ခုလုံးသည် မင်္ဂလာရှိသော ဖြစ်ရပ်များ ဖြစ်ကြသည်။ ယုံကြည်ခြင်းမရှိလျှင် သင်တို့သည် ဤသိမ်းပိုက်ခြင်းအလုပ်ကို ရရှိနိုင်လိမ့်မည်မဟုတ်၊ ယနေ့ သင်တို့မျက်မှောက်၌ ပြသသော ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သာ၍ပင်မမြင်နိုင်ပေ။ သင်တို့ မြင်တွေ့နိုင်လိမ့်မည် မဟုတ်သလို ရရှိနိုင်စွမ်း သာ၍ပင် မရှိနိုင်ပေ။ ဤကပ်ဆိုက်မှုများ၊ ဤဘေးဒုက္ခများနှင့် တရားစီရင်ခြင်းအားလုံး— ဤအရာများ သင့်အပေါ်သို့ မကျရောက်ခဲ့လျှင် ယနေ့ ယေဟောဝါ၏ လုပ်ဆောင်မှုများကို သင် မြင်နိုင်လိမ့်မည်လော။ ယနေ့ သင်တို့ အသိမ်းပိုက်ခံရဖို့ အခွင့်ပေးသည်မှာ ယုံကြည်ခြင်း ဖြစ်ပြီး၊ သိမ်းပိုက်ခံနေရခြင်းက ယေဟောဝါ၏ လုပ်ဆောင်မှုတိုင်းကို ယုံကြည်ရန် သင့်ကို အခွင့်ပေးခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုးကို ယုံကြည်ခြင်းကြောင့်သာ သင်လက်ခံရရှိခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့် သင်သည် သိမ်းပိုက်ခံရပြီး စုံလင်ခြင်းသို့ရောက်ရှိသည်။ ယနေ့ သင်လက်ခံရရှိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုး မရှိလျှင် သင်၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်လိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို သိမည် မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် သူ့ကို အဘယ်မျှလောက် ယုံကြည်သည်ဖြစ်စေ သင့်ယုံကြည်ခြင်းသည် စစ်မှန်မှု၌ အခြေခံမထားသော အနှစ်မဲ့ဖော်ပြချက်သာ ဖြစ်နေဦးမည်ဖြစ်သည်။ သင့်ကို လုံးလုံးလျားလျားနာခံစေသော အလုပ်ဖြစ်သည့် ဤသိမ်းပိုက်ခြင်းအလုပ်ကို သင်လက်ခံရရှိပြီးမှသာလျှင် သင်၏ ယုံကြည်ခြင်းသည် စစ်မှန်လာပြီး ယုံကြည်စိတ်ချရလာကာ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ဘက်သို့ လှည့်ခြင်းဖြစ်သည်။ ဤ “ယုံကြည်ခြင်း” ဟူသော စကားလုံးကြောင့် သင်သည် ကြီးမားသော တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းကိုခံရသော်လည်း သင့်မှာ စစ်မှန်သော ယုံကြည်ခြင်းရှိပြီး အမှန်ကန်ဆုံး၊ အစစ်မှန်ဆုံးနှင့် အဖိုးတန်ဆုံးသောအရာကို သင်လက်ခံရရှိခြင်း ဖြစ်ပေသည်။ ဤသို့ဖြစ်ရသည်မှာ တရားစီရင်ခြင်းဖြစ်စဉ်အထဲ၌သာ ဘုရားသခင်၏ ဖန်ဆင်းခံများ၏ နောက်ဆုံးပန်းတိုင်ကို သင်မြင်ရသောကြောင့် ဖြစ်သည်။ ဖန်ဆင်းရှင်က အချစ်ခံရဖို့ဖြစ်သည်ကို သင်မြင်ရသည်မှာ ဤတရားစီရင်ခြင်းထဲ၌ ဖြစ်သည်၊ သင်သည် ဘုရားသခင်၏ လက်တော်ကိုမြင်ရသည်မှာ ထိုသို့သော သိမ်းပိုက်ခြင်းအလုပ်ထဲ၌ ဖြစ်သည်၊ လူ့အသက်တာကို သင်အပြည့်အဝ နားလည်သဘောပေါက်လာသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်၊ သင်သည် လူ့အသက်၏ မှန်ကန်သောလမ်းကို ရပြီး “လူသား” ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်သဘောပေါက်လာသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်။ သင်သည် အနန္တတန်ခိုးရှင်နှင့် သူ၏ လှပပြီး ဘုန်းအသရေရှိသော မျက်နှာတော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဖူးတွေ့ရသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌သာ ဖြစ်သည်၊ သင်သည် လူသား၏ ဇာစ်မြစ်ကို သိပြီး လူသားမျိုးနွယ်အားလုံး၏ “ထာဝရရှင်သန်သော သမိုင်း” ကို နားလည်ရသည်မှာ ဤသိမ်းပိုက်ခြင်းအလုပ်၌ ဖြစ်သည်။ လူသားမျိုးနွယ်၏ ဘိုးဘေးများနှင့် လူသားမျိုးနွယ်၏ ပျက်စီးခြင်း ဇာစ်မြစ်ကို သင်နားလည်လာရသည်မှာ ဤသိမ်းပိုက်ခြင်းအလုပ်ထဲ၌ ဖြစ်သည်။ ဝမ်းမြောက်ခြင်းနှင့် နှစ်သိမ့်ခြင်းသာမက အဆုံးမဲ့ ပြစ်တင်ဆုံးမမှု၊ ပြစ်ဒဏ်ပေးခြင်းနှင့် ဖန်ဆင်းရှင်မှ အဖန်ဆင်းခံ လူသားမျိုးနွယ်အား အပြစ်တင်သည့် နှုတ်ကပတ်တော်များကို သင်လက်ခံရရှိသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်၊ သင်ကောင်းချီးမင်္ဂလာများအပြင် လူသားရရှိသင့်သည့် ဘေးဒုက္ခများကိုလည်း လက်ခံရရှိသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်။...ဤအရာအားလုံးသည် သင်၏ ယုံကြည်ခြင်းအနည်းငယ်ကြောင့် ဖြစ်သည် မဟုတ်လော။ ထို့အပြင် ဤအရာများ ရရှိပြီးနောက် သင်၏ ယုံကြည်ခြင်း ကြီးထွားခဲ့သည် မဟုတ်လော။ သင်သည် ကြီးမားသည့် ပမာဏတစ်ခု ရရှိခဲ့သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)” မှ

ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှုဖြင့်သူများ၌ မည်သည့်အရာ ထင်ရှားပြသနည်း။ ၎င်းတို့က သူ၏ နှုတ်ကပတ်တော်များကို ယုံကြည်ပြီး ၎င်းတို့၏ အသက်တာများ၌ သူ၏နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် စစ်မှန်မှုကို အသက်ရှင် နေထိုင်နိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုနှင့် အချုပ်အခြာအာဏာ၌ ယုံကြည်ကြပြီး ၎င်းတို့သည် ဤအရာများတွင် ယုံကြည်ရုံသာမက၊ ၎င်းတို့၏နေ့စဉ် အသက်တာများ၌လည်း ဤတရားတော်ကို လိုက်နာနိုင်ကြသည်၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများကို အစဉ် ရှာဖွေကာ၊ နာခံပြီး စောင့်စားကြသည်။ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် နည်းလမ်းဖြင့် စတင် လုပ်ဆောင်ကြခြင်း မရှိပေ၊ ၎င်းတို့က မိမိတို့ကိုယ်တိုင် လိုချင်သည့်အရာကို ရရှိဖို့ မည်သည့်နည်းဖြင့်မဆိုလုပ်ဆောင်ရန် စိတ်ပိုင်းဖြတ် ထားခြင်းမရှိပေ၊ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏ အလိုဆန္ဒများကို ဘုရားသခင်က မဖြည့်ဆည်း ပေးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်၏ တည်ရှိမှုနှင့် အချုပ်အခြာအာဏာကို မေးခွန်း မထုတ်သကဲ့သို့ ဘုရားသခင်ကို မညည်းညူသည့်အပြင် နားလည်မှုလွဲခြင်းလည်း မရှိပေ။ သင်ယုံကြည်ပြီး အသိအမှတ်ပြုသည့် သမ္မာတရားကဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကဖြစ်စေ သင်တို့၏စစ်မှန်မှု ဖြစ်လာပြီး ယင်းတို့က သင်၏အတွေးအခေါ်များ၊ သင်၏အကြံဉာဏ်များ၊ သင်၏အသက်နှင့် သင့်အသက်တာတစ်ခုလုံး၏ လမ်းကြောင်း၏ ဦးတည်ရာတို့ကို လမ်းညွှန်သည့်အခါ၊ သင်သည် ဘုရားသခင်၌ စစ်မှန်သောယုံကြည်မှု ထားနိုင်စွမ်း ရှိလာသည်။ သင်သည် စစ်မှန်သော ယုံကြည်ချက်နှင့် စစ်မှန်သော နာခံမှုမှ ပေါက်ဖွားလာသည့် စစ်မှန်သောယုံကြည်မှုကို ပိုင်ဆိုင်သည့်အခါမှသာလျှင် သင်၏ယုံကြည်မှုသည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှု ဖြစ်လာလိမ့်မည်။ ဤသည်မှာ လူများ စစ်မှန်သော ယုံကြည်မှုရရှိသည့်ပုံစံ ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စစ်မှန်စွာနာခံခြင်းသာလျှင် လက်တွေ့ကျသောယုံကြည်မှုတစ်ခုဖြစ်၏” မှ

ခပ်သိမ်းသော အရာတို့၏ ဦးသျှောင် ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ ရှင်ဘုရင်တန်ခိုးအာဏာကို သူ၏ပလ္လင်ထက်မှ စွဲကိုင်၏။ သူသည် စကြဝဠာနှင့် ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးပြီး၊ ကမ္ဘာမြေ တစ်ခုလုံးပေါ်၌ ငါတို့အား လမ်းပြလျက်ရှိသည်။ ငါတို့သည် သူနှင့် အချိန်တိုင်းတွင် နီးကပ်နေရမည် ဖြစ်ပြီး၊ အခိုက်အတန့်တစ်ခုကိုမျှ လုံးဝ လက်မလွှတ်ဘဲနှင့် ငါတို့အတွက် အချိန်တိုင်း သင်ယူဖို့ သင်ခန်းစာများဖြင့်၊ သူ၏ရှေ့မှောက်သို့ ဆိတ်ငြိမ်လျက် ရောက်ရှိကြရမည် ဖြစ်သည်။ ငါတို့၏ ပတ်လည်၌ရှိသည့် ပတ်ဝန်းကျင်မှသည် လူများ၊ အရေးကိစ္စများနှင့် အရာဝတ္ထုများအထိ၊ အားလုံးသည် သူ၏ ပလ္လင်တော်၏ ခွင့်ပြုချက်အားဖြင့် တည်ရှိကြခြင်း ဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် မည်သည့် အကြောင်းကြောင့်မျှ မကျေနပ်ချက်များ မရှိစေနှင့်၊ သို့မဟုတ် ဘုရားသခင်သည် သင်တို့အပေါ် သူ၏ ကျေးဇူးတော်ကို အပ်နှင်းလိမ့်မည် မဟုတ်။ နာမကျန်းမှု ပေါ်ပေါက်သည့်အခါတွင်၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အတွင်းတွင် သူ၏ ကြင်နာသော ရည်ရွယ်ချက်များ မုချ ရှိပေ၏။ သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသော်လည်း၊ စာတန်ထံမှ မည်သည့်စိတ်ကူးမျှ လက်သင့်မခံနှင့်။ ဖျားနာခြင်းအလယ်တွင် ဘုရားသခင်ကို ချီးမွမ်းကာ၊ သင်၏ ချီးမွမ်းခြင်း အလယ်တွင် ဘုရားသခင်၌ မွေ့လျော်လော့။ နာမကျန်းဖြစ်ခြင်းကို ရင်ဆိုင်ရာတွင် စိတ်ပျက်ခြင်း မရှိနှင့်၊ အဖန်ဖန် ကြိုးစားမြဲကြိုးစားကာ လက်မလျှော့နှင့်၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို သူ၏ အလင်းဖြင့် အလင်းပေးလိမ့်မည်။ ယောဘ၏ ယုံကြည်ခြင်းသည် အဘယ်သို့ဖြစ်ခဲ့သနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး‌‌‌‌ ပေတကား။ နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။ သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။

ငါတို့သည် ငါတို့အတွင်း၌ ခရစ်တော်၏ ရှင်ပြန်ထမြောက်သော အသက်ကို ပိုင်ဆိုင်၏။ ငါတို့သည် ဘုရားသခင်၏ မျက်မှောက်၌ သိသိသာသာ ယုံကြည်ခြင်း ကင်းမဲ့ကြပေသည်- ဘုရားသခင်သည် ငါတို့၏အတွင်း၌ စစ်မှန်သော ယုံကြည်ခြင်းကို ထည့်ပေးမည်သာပင်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဧကန်အမှန် ချိုမြိန်သည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထိရောက်သောဆေးဝါး ဖြစ်ပေသည်တကား။ ယင်းက နတ်ဆိုးများ နှင့် စာတန်ကို အရှက်ရစေသည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သဘောပေါက်ခြင်းက ငါတို့ကို ထောက်ပံ့မှုပေး၏။ သူ၏ နှုတ်ကပတ်တော်သည် ငါတို့၏ စိတ်နှလုံးများကို ကယ်တင်ဖို့ အလျင်အမြန် လုပ်ဆောင်လေသည်။ ယင်းက အရာအားလုံးကို ပပျောက်စေပြီး၊ အရာအားလုံးကို အေးချမ်းစေ၏။ ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန် ဖြစ်နိုင်သမျှသောနည်းလမ်းတိုင်းကို ကြိုးစားနေ၏။ ငါတို့ကို သူ၏အလင်းဖြင့် အလင်းပေးဖို့ အချိန်တိုင်း ဘုရားသခင်ထံ ငါတို့ ဆုတောင်းသင့်သည်၊ ငါတို့အတွင်းမှ စာတန်၏ အဆိပ်အတောက်ကို သန့်စင်စေရန် ဘုရားသခင်အပေါ် အချိန်တိုင်း ငါတို့ မှီခိုသင့်သည်၊ ဘုရားသခင်နှင့် မည်သို့နီးကပ်လာရမည်ဆိုသည်ကို ငါတို့၏ စိတ်ဝိညာဉ်အတွင်း၌ အချိန်တိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးအပေါ် ဘုရားသခင်ကို အုပ်စိုးခွင့်ပေးသင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏ တာဝန်ဆောင်ရွက်သည့်အခါ အရေးမထားခြင်းနှင့် ဝတ်ကျေတန်းကျေဖြစ်ခြင်း ပြဿနာကို ဖြေရှင်းနည်း” မှ

လတ်တလောတွင် သင်တို့သည် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့်ပတ်သက်ပါက၊ အလွန် စိတ်အား ထက်သန်နေကြသော်လည်း၊ စိတ်အားထက်သန်ခြင်းက သင်၌ ယုံကြည်ခြင်းရှိသည်ဟု သေချာပေါက် ဆိုလိုသလော။ စစ်မှန်သော ယုံကြည်ခြင်းသည် ယင်း၏ အစိတ်အပိုင်းများထဲမှ တစ်ခု ဖြစ်သလော။ ယင်း၌ စိတ်လိုက်မာန်ပါပြုတတ်သော အခြေအနေများ၊ စိတ်အားထက်သန်မှု တဒင်္ဂဟုန်းခနဲပေါ်ပေါက်မှုတစ်ခု ပါရှိသလော။ ယုံကြည်မှုစိတ်နှလုံးတစ်ခုသည် မည်သည့်အရာကို အကြောက်ဆုံးဖြစ်သနည်း။ စစ်မှန်မှု ပေါ်ပေါက်လာသည့်အခါ၊ ယင်းက မည်သည့်အရာကို အကြောက်ဆုံးဖြစ်သနည်း။ ယင်းက အကြောက်ဆုံး အရာမှာ စစ်ဆေးခြင်းဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးတွင် စစ်မှန်သော ယုံကြည်မှု ရှိမရှိကို မည်သည့် စစ်ဆေးခြင်းမျိုးကို ပြသနိုင်သနည်း။ သင်၏ စစ်မှန်သော ယုံကြည်မှုကို ဘုရားသခင်ကို ပြနိုင်ပြီး ဘုရားသခင် ရှေ့မှောက်တွင် အသက်ရှင်ဖို့၊ သူ့ကို နာခံပြီး သူ့နောက်လိုက်ဖို့ ထိုယုံကြည်မှုပေါ်တွင် သင့်အား မှီခိုစေနိုင်သည့် မည်သည့်အရာကို သင် ပိုင်ဆိုင်သင့်သနည်း။ သူမည်သည့်အရာကို လုပ်ပါစေ၊ ပြီးလျှင် မည်သည့် အခက်အခဲမျိုး၊ အတိဒုက္ခမျိုး သို့မဟုတ် ဘေးမျိုးက သင့်အပေါ် ကျရောက်ပါစေ— သင်၏ ကံကြမ္မာနှင့် ရှေ့ရေးတို့နှင့် ပတ်သက်လာလျှင်ပင်- ယင်းတို့သည် သင့်အဖို့ အခက်အခဲများ မဖြစ်စေသည်အထိ ဘုရားသခင်၏စီစဉ်ညွှန်ကြားခြင်းများကို ကျိုးနွံနာခံနိုင်ဖို့နှင့် သင်သည် စစ်မှန်သော ယုံကြည်မှုကို ပိုင်ဆိုင်ကြောင်း သက်သေပြဖို့၊ သင်မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ ယင်းမှာ ဘုရားသခင်က သင့်အား စမ်းသပ်သည့်အခါ၊ သင့်ကို ပတ်ဝန်းကျင်တစ်ခုတွင် သူက ထားရှိသည့်အခါ၊ သူက သင့်အား စစ်ကြောပြီး စစ်ဆေးသည့်အခါ၊ သူက သင့်ထံမှ အရာများကို ယူသည့်အခါ၊ ပြီးလျှင် သူလုပ်ဆောင်သည့်အရာက သင်၏ အယူအဆများနှင့် မကိုက်ညီသည့်အခါ၊ သင်အသက်ရှင် နေထိုင်နိုင်သည့် အရာများနှင့် သင်၏ယုံကြည်မှုသည် စစ်မှန်ကြောင်းနှင့် သင်သည် စစ်မှန်သော ယုံကြည်မှုကို ပိုင်ဆိုင်ကြောင်း သက်သေပြဖို့ ပိုင်ဆိုင်နိုင်သည့် အရာများမှာ အဘယ်နည်း။ အနည်းဆုံးအနေဖြင့် အရေးကိစ္စများနှင့် အမှုအရာများအားလုံး၊ ပြီးလျှင် လူ၏ ကံကြမ္မာတို့သည် ဘုရားသခင်က သူ၏လက်ထဲတွင် ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း၊ ယင်းတို့အားလုံး၌ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများ ရှိကြောင်းနှင့် ယင်းတို့သည် လူတို့ဆုံးဖြတ်ဖို့ မဟုတ်သကဲ့သို့၊ လူက တွက်ချက်ဖို့ စီစဉ်ဖို့လည်း မဟုတ်ကြောင်းကို သင် အမှန်တကယ် နားလည်ရမည်။ ဤအရာများကို ရှေးဦးစွာ နားလည်လော့။ ဤသည်မှာ လူတစ်ဦးရှိ စစ်မှန်သော ယုံကြည်မှု၏ သရုပ်သကန်နှင့်သက်ဆိုင်သည့် လက္ခဏာ သွင်ပြင် တစ်ခုဖြစ်သည်။ သင်၌ စစ်မှန်သော ယုံကြည်မှု ရှိသည်ကို သက်သေပြဖို့၊ အခြားမည်သည့်အရာများနှင့် သမ္မာတရားများကို သင်ပိုင်ဆိုင်ရမည်နည်း။ (စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ကြုံတွေ့စဉ် ဘုရားသခင်၏ လက်တော်ကို မြင်ပြီးခြင်း၊ ဘုရားသခင် လုပ်ဆောင်သမျှအားလုံးသည် ကောင်းမြတ်ပြီး ကျွန်ုပ်တို့အား ပြောင်းလဲဖို့နှင့် သန့်စင်ဖို့အတွက်သာ ဖြစ်သည်ကို မြင်ပြီးခြင်း၊ ယင်းတို့အားလုံးသည် ကယ်တင်ခြင်း ဖြစ်သည်။) ယင်းမှာ တစ်ကဏ္ဍဖြစ်သည်။ လူများနှင့်ပတ်သက်ပါက၊ ဘုရားသခင် လုပ်သမျှအရာ အားလုံးသည် ၎င်းတို့ကို သန့်စင်ဖို့နှင့် ကယ်တင်ဖို့ဖြစ်ပြီး ယင်းတွင် သမ္မာတရားသာ ပါဝင်ပြီး ၎င်းတို့ကို အကျိုးဖြစ်ထွန်းစေသည်။ ထို့ကြောင့် ဤအရာများကို သင်တွေ့ကြုံခံစားပြီးဖြစ်သလော။ ဤအခိုက်အတန့်တွင်၊ သင်သည် ၎င်းတို့ကို ယင်းတို့ကို သိရုံမျှသာ ဖြစ်သလော သို့မဟုတ် သင်သည် ယင်းတို့၏တစ်စိတ်တစ်ဒေသကို တွေ့ကြုံနှင့်ပြီး ဖြစ်သလော။ သင့်အတွေ့အကြုံ၏ အတိုင်းအတာသည် သင်ပိုင်ဆိုင်သည့် ယုံကြည်မှု အတိုင်းအတာ ဖြစ်သည်။ သင်တွေ့ကြုံပြီးဖြစ်သည့် စီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့က သင်၌ အလားတူ လိုက်လျောညီထွေ ဖြစ်သည့် ယုံကြည်မှုပမာဏကို ဖြစ်ပေါ်စေသည်။ ယုံကြည်မှုသည် အတွေ့အကြုံမှ လာသည်။ ယင်းကို သမ္မာတရားကို နားလည်ခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိပြီး၊ ယင်းက ဘုရားသခင်ကို သိကျွမ်းခြင်းမှ ပေါ်ပေါက် လေသည်။ ယင်းက ဘာသာရေးယုံကြည်မှုကို လေ့လာခြင်းမှ မလာပေ။ သင့်နှုတ်မှ ထွက်လာသည့် အရာသည် အခြားသူများထံမှ သင် ကြားပြီးဖြစ်သည့် အရာဖြစ်ပါက၊ ယင်းက သင်၏ စစ်မှန်သော အတွေ့အကြုံ သို့မဟုတ် သင်၏စစ်မှန်သော ယုံကြည်မှု သေချာပေါက် မဟုတ်ပေ။ သင်သည် ဤအရာများကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားဖို့ လိုသည်။ “ဤသည်မှာ ဘုရားသခင် လုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်ပြီး ယင်းမှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများဖြစ်သည်။” ဟု အတည်ပြုစစ်ဆေးလျက်၊ ယင်းတို့ကို သင်ကိုယ်တိုင် ရရှိရမည်။ ဤတစ်ခုတည်းက သင်၏စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုဖြစ်ပြီး သင်၏ စစ်မှန်သော ယုံကြည်မှု၏ အရင်းအမြစ် ဖြစ်သည်။ သင့်အတွေ့အကြုံများသည် ဤအဆင့်ကို မရောက်သေးပါက၊ သင်လုပ်ဆောင်သမျှသည် အခြားသူများကို နားထောင်ခြင်းသာ ဖြစ်ပြီး ၎င်းတို့၏ စကားများက မှန်ကန်ပြီး သမ္မာတရားဖြစ်သည်ဟု တွေးထင်ကာ၊ ယင်းကို မမြင်ဖူးသကဲ့သို့ ကြုံတွေ့ပြီးခြင်းလည်း မရှိသေးဘဲ လက်ခံရုံမျှ လက်ခံလျက်၊ သင်ကြားသမျှကို လက်ခံပါက- ဤသည်မှာ သင်၏စစ်မှန်သော ယုံကြည်မှု မဟုတ်ပေ။ ယင်းက အခြားသူများ၏ စစ်မှန်သော ယုံကြည်မှု ဖြစ်သော်လည်း၊ ယင်းက သင်၏ယုံကြည်မှု မဟုတ်ပေ။ သင်တို့သည် မည်မျှ လုပ်ဆောင်ပြီးဖြစ်သနည်း။ သင်သည် တရား ဟောကြားနိုင်ပြီး အခြားသူများကို ပံ့ပိုးပြီး ကူညီဖို့နှင့် ၎င်းတို့အတွက် ထောက်ပံ့ဖို့ ဤစကားများနှင့် မှန်ကန်သည့် အယူဝါဒများကို သင်အသုံးပြုနိုင်သည်- သို့သော် ၎င်းတို့အတွက် သင်ထောက်ပံ့ ပြီးဖြစ်သည်နှင့်အညီ၊ ဤအရာများက သင့်အတွက် ထောက်ပံ့နိုင်ခြင်း ရှိမရှိကို သင်တွေးဖူးသလော။ တစ်ရက်တွင် သင်သည် ထိုသို့သော တစ်ထေရာတည်းသော အခက်အခဲများကို- ဥပမာအားဖြင့် ယောဘ ကြုံခဲ့ရသကဲ့သို့ တစ်ထေရာတည်းသော စမ်းသပ်မှုများ- ကြုံတွေ့သည့်အခါ၊ သင်သည် ယောဘလုပ်ဆောင်ခဲ့သကဲ့သို့ ဘုရားသခင်ကို ကြောက်ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း လမ်းခရီးကို ရွေးချယ်နိုင်မလော။ (ကျွန်ုပ်တို့ မရွေးချယ်နိုင်ပေ။) ယခုအချိန်တွင်၊ သင်သည် ယင်းကို လုပ်ဆောင်နိုင်စွမ်း မရှိပေ၊ ဤသည်မှာ ပြဿနာတစ်ခုဖြစ်သည်။ ဘုရားသခင်၏ အမှုကို တွေ့ကြုံခြင်းမရှိဘဲ ဘုရားသခင်ကို ယုံကြည်ရုံမျှ ယုံကြည်ခြင်းသည် လက်ခံနိုင်ဖွယ် မရှိပေ။ ယင်းက စစ်မှန်သော ယုံကြည်မှုကို ဖြစ်ပေါ်စေနိုင်စွမ်း မရှိချေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စစ်မှန်သော ယုံကြည်မှုကို စွမ်းဆောင်ရရှိဖို့ မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း” မှ

လူတို့သည် မိမိကိုယ်ကိုယ် မည်သည့်ယုံကြည်စိတ်ချမှုမျှ မရှိပါက၊ ဤလမ်းကြောင်းအတိုင်း ဆက်သွားရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဘုရားသခင်၏အမှုသည် လူတို့၏အယူအဆများနှင့် စိုးစဉ်းမျှ မကိုက်ညီသည်ကို ယခု အယောက်တိုင်း တွေ့နိုင်၏။ ဘုရားသခင်သည် လူ့အယူအဆများနှင့် လုံးဝ မကိုက်ညီသည့် များလှစွာသော အမှုများကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့ များလှစွာသော နှုတ်ကပတ်တော်များကိုလည်း ပြောဆိုပြီးဖြစ်သည်။ ထို့ကြောင့်၊ လူတို့အနေဖြင့် ၎င်းတို့ မြင်နှင့်ပြီးဖြစ်သည့်အရာနှင့် ၎င်းတို့၏ အတွေ့အကြုံများမှ ၎င်းတို့ ရရှိပြီးဖြစ်သည့်အရာတို့ဖြင့် ရပ်တည်နိုင်ဖို့ရန် ယုံကြည်စိတ်ချမှုနှင့် စိတ်စွမ်းအားတို့ ရှိရမည်ဖြစ်သည်။ ဘုရားသခင်သည် လူတို့တွင် မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင် ပိုင်ဆိုင်သည့်အရာကို ၎င်းတို့ ထိန်းသိမ်းရမည်၊ ဘုရားသခင်ရှေ့မှောက်တွင် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး၊ တကယ့်အဆုံးတိုင်အောင် သူ့ကို အစဉ်ချစ်ခင်၍ သစ္စာရှိမြဲ ရှိရမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်၏တာဝန် ဖြစ်သည်။ လူတို့သည် မိမိတို့ လုပ်ဆောင်သင့်သည့်အရာကို ထိန်းသိမ်းရမည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်မှုသည် သူ့ကိုနာခံခြင်းနှင့် သူ၏အမှုကို တွေ့ကြုံခံစားခြင်းတို့ လိုအပ်၏။ ဘုရားသခင်သည် မြောက်များလှစွာသော အမှုတို့ကို လုပ်ဆောင်ပြီးဖြစ်သည်- လူတို့အတွက် ယင်းသည် အလုံးစုံ စုံလင်စေခြင်း၊ စစ်ဆေးခြင်းနှင့် ထိုထက်ပို၍ ပြစ်တင်ဆုံးမခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ လူသား၏ အယူအဆများနှင့် ကိုက်ညီဖူးသည့် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အဆင့်တစ်ခုတစ်လေမျှ မရှိသေးပေ။ လူတို့ ခံစားရပြီးသည့် အရာမှာ ဘုရားသခင်၏ပြင်းထန်သော နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင် ကြွလာသည့်အခါ၊ လူတို့သည် သူ၏ဘုန်းအာနုဘော်နှင့် သူ၏အမျက်ကို ခံစားသင့်သည်။ သို့သော် သူ၏နှုတ်ကပတ်တော်များ မည်မျှပင်ပြင်းထန်စေကာမူ၊ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် စုံလင်စေရန် ကြွလာခြင်းဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့်၊ လူတို့သည် မိမိတို့ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းပြီး၊ စစ်ဆေးခြင်း အလယ်တွင် ဘုရားသခင်အတွက် သက်သေရပ်တည်သင့်ပေသည်။ စမ်းသပ်မှုတိုင်းတွင် ၎င်းတို့သည် မိမိတို့ သက်သေခံသင့်သည့်အရာကို ထိန်းသိမ်းသင့်ပြီး၊ ဘုရားသခင်အတွက် ထူးကဲစွာ ထိုသို့ လုပ်ဆောင်သင့်ကြသည်။ ဤအရာကို လုပ်ဆောင်သောလူတစ်ဦးသည် အောင်မြင်သောသူတစ်ဦးဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်မျှ စစ်ဆေးသည်ဖြစ်စေ၊ သင်သည် ယုံကြည်မှုအပြည့်ဖြင့် ရှိနေဆဲဖြစ်ကာ၊ ဘုရားသခင်၌ ယုံကြည်စိတ်ချမှုကို မည်သည့်အခါမျှ ဆုံးရှုံးမသွားပေ။ သင်သည် လူသား လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သည်။ ဤသည်မှာ လူသားကို ဘုရားသခင် တောင်းဆိုသောအရာဖြစ်ပြီး၊ လူသား၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ အပြည့်အဝ ပြန်သွားနိုင်သင့်ကာ၊ ကုန်ဆုံးသွားသည့် အချိန်တိုင်းတွင် သူ့ထံသို့ လှည့်နိုင်သင့်ပေသည်။ ဤသည်မှာ အောင်မြင်သောသူတစ်ဦးဖြစ်သည်။ “အောင်မြင်သောသူများ” အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ လွှမ်းမိုးမှုအောက်နှင့် စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကိုယ် တွေ့ရချိန်တွင် သက်သေရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ယုံကြည်စိတ်ချမှုနှင့် ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သက်သေရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က “အောင်မြင်သောသူ” တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” မှ

အရှေ့သို့- စာတန်၏ စွမ်းအားကို ချိုးဖျက်လွတ်မြောက်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ခရစ်တော်နောက်လိုက်ခြင်း၏ အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကို ဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၇၅၈ ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

၁ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူဘုရားရဲ့ကောင်းချီး...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်