၉။ နေ့စဉ် ဝတ်ပြုဆည်းကပ်မှုများကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံသဘောတရားများ

(၁) မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြခံရချိန်တွင်၊ ဝတ်ပြုဆည်းကပ်မှုများကို ၎င်းတို့ ဆောင်ရွက်သင့်သည်။ မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်မှု၌ ၎င်းတို့ ပါဝင်ရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အခြေပြုလျက် မိမိတို့ကိုယ်ကိုယ် သိရှိကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း ဖော်ပြချက်ကို ဖြေရှင်းရမည်။

(၂) ဝတ်ပြုဆည်းကပ်မှုဆိုင်ရာ မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ခြင်းသည် တစ်ဦးတစ်ယောက်က ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံရန် လိုအပ်သည်။ ဤနည်းဖြင့်သာ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ထံ မိမိတို့၏ နှလုံးသားကို ကျယ်ကျယ် ဖွင့်နိုင်ပြီး၊ ထိုသို့ဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိကာ မိမိတို့ကိုယ်ပိုင် သွေဖည်မှုများကို သင်ယူနိုင်ပေသည်။

(၃) မိမိလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဟုတ်မဟုတ်၊ တစ်ဦးတစ်ယောက်သည် ၎င်းတို့၏ တာဝန်ကို စိတ်ကျေနပ်ဖွယ်ရာ ထမ်းဆောင်ခြင်း ရှိမရှိဆိုသည်နှင့် ထိုထမ်းဆောင်မှုကို တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် ရည်ရွယ်ချက်များ မည်မျှ ရောနှောထားသည်ဆိုသည်တို့အပေါ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ၊ သုံးသပ်ဆင်ခြင်ရန် လိုအပ်သည်။

(၄) ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပြင် ၎င်းတို့၏ တိုးတက်မှုနှင့် အကျိုးအမြတ်များတွင် ၎င်းတို့၏ အမှားများနှင့် အပြစ်ဒုစရိုက်များကိုလည်း ဆန်းစစ်ကာ စိစစ်ရမည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုသည်သာ အသက်တာတွင် တိုးတက်မှု ဖြစ်ထွန်းပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၌ ယုံကြည်ခြင်းသည် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခု လိုအပ်လာ၏၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် အခြေခံအုတ်မြစ် ဖြစ်၏။ ဆုတောင်းခြင်းများ၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်း၊ ဓမ္မသီချင်း သီဆိုခြင်း၊ ချီးမွမ်းခြင်း၊ နှလုံးသွင်းဆင်ခြင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းနှင့်ဆိုင်သည့် လက်ရှိ သင်တို့၏ လက်တွေ့လုပ်ဆောင်မှုအားလုံးသည် “ပုံမှန် ဝိညာဉ်ရေးရာ အသက်တာတစ်ခု” နှင့် ညီမျှသလော။ သင်တို့ထဲမှ မည်သူမျှ သိပုံမရချေ။ ပုံမှန်ဝိညာဉ်အသက်တာကို ဆုတောင်းခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ အသင်းတော်အသက်တာ၌ ပါဝင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းကဲ့သို့သော အလေ့အထများ၌သာ ကန့်သတ်မထားပေ။ ယင်းထက်၊ သစ်လွင်ပြီး ဖျတ်လတ်တက်ကြွသော ဝိညာဉ်အသက်တာကို အသက်ရှင်ခြင်း ပါဝင်လေသည်။ အရေးကြီးသည်မှာ သင် မည်သို့ လက်တွေ့လုပ်ဆောင်သည်မဟုတ်ဘဲ၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့် အသီးအပွင့် သီးပွင့်သည်ဆိုသည့်အရာ ဖြစ်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများက တစ်စုံတစ်ရာ သက်ရောက်မှုရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ သို့မဟုတ် စစ်မှန်သော သိနားလည်မှုဆီသို့ လမ်းပြသည်ဖြစ်စေ မပြသည်ဖြစ်စေ ပုံမှန်ဝိညာဉ်အသက်တာတွင် ဆုတောင်းခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းတို့ သေချာပေါက် ပါဝင်သည်ဟု လူအများစုက ယုံကြည်ကြလေသည်။ ဤလူတို့သည် အပေါ်ယံ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်သာ အာရုံစိုက်ကြပြီး မိမိတို့၏ ရလဒ်များကို မစဉ်းစားကြချေ။ ၎င်းတို့သည် ဘာသာရေး ဓလေ့များထဲ နေထိုင်ကြသူများဖြစ်ပြီး၊ အသင်းတော်အတွင်း နေထိုင်သူများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်၏ နိုင်ငံတော်သားများ သာ၍ပင် မဟုတ်ကြချေ။ ၎င်းတို့၏ ဆုတောင်းပတ္ထနာများ၊ ဓမ္မသီချင်း သီဆိုခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားလုံးသည် စည်းမျဉ်းလိုက်နာခြင်းသာဖြစ်သည်၊ မလုပ်မနေရ လုပ်ဆောင်ခြင်းဖြစ်ပြီး ရေပန်းစားမှုများကို အမီလိုက်ဖို့ လုပ်ဆောင်ခြင်းဖြစ်ကာ လိုအင်ဆန္ဒရှိခြင်းမှ လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ စိတ်နှလုံးမှ လုပ်ဆောင်ခြင်း မဟုတ်ချေ။ ဤလူတို့ မည်မျှ ဆုတောင်းပါစေ သို့မဟုတ် သီဆိုပါစေ၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် စည်းမျဉ်းများနှင့် ဘာသာရေး ဓလေ့များသာ ဖြစ်သည့်အတွက် ၎င်းတို့၏ အားထုတ်မှုများက မည်သည့်အကျိုးမျှ ဖြစ်ထွန်းလိမ့်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း မရှိကြ။ ၎င်းတို့သည် မိမိတို့ အဘယ်သို့ လက်တွေ့လုပ်ဆောင်သည်ဆိုသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်လျှောက်ဖို့ စည်းမျဉ်းများအဖြစ် ၎င်းတို့ အဘယ်သို့ သဘောထားကြသည်တို့အပေါ် ရေးကြီးခွင်ကျယ် လုပ်ခြင်းကိုသာ အာရုံစိုက်ကြလေသည်။ ထိုသို့သော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင် နေကြခြင်း မဟုတ်ချေ။ ၎င်းတို့သည် ဇာတိပကတိကိုသာ အလိုဖြည့်နေကြပြီး အခြားသူများ မြင်ဖို့ရန်သာ ဆောင်ရွက် နေကြလေသည်။ ဤဘာသာရေးထုံးတမ်းနှင့် စည်းမျဉ်းများသည် လူသားထံမှလာသည်၊ ဘုရားသခင်ထံမှလာခြင်း မဟုတ်ပေ။ ဘုရားသခင်သည် စည်းမျဉ်းများကို လိုက်နာခြင်းမရှိသကဲ့သို့ မည်သည့် စည်းမျဉ်းကိုမျှ လိုက်နာရခြင်းလည်း မရှိပေ။ ယင်းထက်၊ သူသည် နေ့စဉ် လက်တွေ့ကျသော အလုပ်များကို ပြီးမြောက်လျက် အသစ်သောအရာများကို လုပ်ဆောင်သည်။ နေ့စဉ် နံနက်ခင်း ဝတ်ပြုအစီအစဉ်တက်ရခြင်း၊ ညနေခင်း ဆုတောင်းခြင်း၊ အစာမစားမီ ကျေးဇူးတော်ချီးမွမ်းဆုတောင်းခြင်း၊ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းကဲ့သို့သော အလေ့အထများဖြင့် မိမိတို့ကိုယ်ကိုယ် ကန့်သတ်ထားသော ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်ထဲက လူများကဲ့သို့ပင်၊ ၎င်းတို့ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ကြာကြာ လုပ်ဆောင်ပါစေ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်း ၎င်းတို့၌ ရှိမည်မဟုတ်ပေ။ လူတို့သည် စည်းမျဉ်းများအလယ် အသက်ရှင်ပြီး သူတို့၏ စိတ်နှလုံးများသည် လက်တွေ့လုပ်ဆောင်မှု နည်းစနစ်များအပေါ် အာရုံစိုက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးကို စည်းမျဉ်းများနှင့် လူသားအယူအဆတို့က နေရာယူထားသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်နိုင်ချေ၊ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့အပေါ် ကြားဝင်ပြီး အလုပ်မလုပ်နိုင်သကဲ့သို့ ၎င်းတို့သည် စည်းမျဉ်းများ၏ ထိန်းချုပ်မှုအောက်တွင်သာ ဆက်လက်အသက်ရှင်နိုင်ကြလေသည်။ ထိုသို့သောလူတို့သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရနိုင်စွမ်း အစဉ်ထာဝရ မရှိချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍” မှ

ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် ဘုရားသခင် ရှေ့မှောက်၌ နေထိုင်သည့် အသက်တာတစ်ခု ဖြစ်သည်။ ဆုတောင်းသည့်အခါ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စေနိုင်ပြီး ဆုတောင်းခြင်းမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိနိုင်ပြီး၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်၊ လူတို့သည် ဘုရားသခင်၏ လက်ရှိအမှုနှင့်ဆိုင်သော ပိုမိုရှင်းလင်းပြီး ပိုမိုနှံ့စပ်သော သိနားလည်ခြင်းတစ်ခု ရရှိနိုင်၏။ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းသစ်တစ်ခုကိုလည်း ၎င်းတို့ ရရှိနိုင်ပြီး လမ်းကြောင်းဟောင်းကို ဖက်တွယ်ကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သမျှအလုံးစုံတို့သည် အသက်တာတွင် ကြီးထွားမှု ရရှိဖို့ဖြစ်ပေလိမ့်မည်။ ဆုတောင်းခြင်းအတွက်မူ၊ ကြားကောင်းသည့် စကားအနည်းငယ်ကို ပြောဆိုခြင်း သို့မဟုတ် သင်မည်မျှ အကြွေးတင်ရှိသည်ကို ပြဖို့ ဘုရားသခင်၏ ရှေ့မှောက်တွင် မျက်ရည်စက်လက်ဖြစ်ခြင်းအကြောင်း မဟုတ်ချေ။ ယင်းထက် ဆုတောင်းခြင်း၏ ရည်ရွယ်ချက်မှာ မိမိကိုယ်ကိုယ် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုဖို့ လေ့ကျင့်ရန် ဖြစ်သည်။ နေ့တိုင်း မိမိ၏ စိတ်နှလုံးက အသစ်သော အလင်းဆီသို့ ဆွဲဆောင်ခံရဖို့အလို့ငှာနှင့် လူတစ်ဦးအနေဖြင့် မတုန်မလှုပ် မဖြစ်ဖို့ သို့မဟုတ် မပျင်းရိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမှန်ပေါ် ခြေချနိုင်ဖို့အလို့ငှာ မိမိစိတ်နှလုံးကို ဘုရားသခင်ရှေ့တွင် ဆိတ်ငြိမ်စေခွင့်ပေးရင်း၊ ကိစ္စရပ်အလုံးစုံတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လမ်းပြမှုကို ရှာဖွေဖို့ မိမိကိုယ်ကိုယ် လေ့ကျင့်ရန် ဖြစ်ပေသည်။ ယနေ့ခေတ်တွင် လူအများစုသည် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများကိုသာ အာရုံစိုက်ကြသော်လည်း သမ္မာတရားကို လိုက်စားဖို့နှင့် အသက်တာ ကြီးထွားမှုကို ရရှိဖို့အလို့ငှာ ထိုသို့ မလုပ်ဆောင်ကြချေ။ ဤသည်မှာ ၎င်းတို့ လမ်းလွဲသွားကြသည့်နေရာ ဖြစ်သည်။ အသစ်သောအလင်းကို ရရှိနိုင်စွမ်းရှိကြသော်လည်း ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များ မပြောင်းလဲသည့် အချို့သော လူများလည်း ရှိပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များကို ရရှိဖို့ရန် ၎င်းတို့ ရှာဖွေသည်နှင့်အမျှ ၎င်းတို့၏ ဘာသာရေး အယူအဆဟောင်းများကို ၎င်းတို့နှင့်အတူ ယူဆောင်လာကြလေသည်။ ထို့ကြောင့် ၎င်းတို့ ရရှိသည်မှာ ဘာသာရေးအယူအဆများ ခြယ်သထားသည့် အယူဝါဒ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် ယနေ့အလင်းကို တကယ် ရရှိနေခြင်း မဟုတ်ကြချေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုများက စွန်းထင်းနေလေသည်။ ၎င်းတို့သည် ထုပ်ပိုးမှု အပြင်အဆင်သစ်ထဲက မပြောင်းလဲသည့် အလေ့အထဟောင်းများဖြစ်သည်။ ၎င်းတို့ မည်မျှကောင်းကောင်း လက်တွေ့လုပ်ဆောင်ပါစေ၊ သူတော်ကောင်း ယောင်ဆောင်သူများ ဖြစ်ကြပေသည်။ ဘုရားသခင်သည် နေ့စဉ် ထိုးထွင်းသိမြင်မှုအသစ်နှင့် သိနားလည်မှုတို့ကို ရရှိရန် တောင်းဆိုရင်း နှင့် ၎င်းတို့ကို ခေတ်နောက်မကျဖို့ရန်နှင့် အပ်ကြောင်းမထပ်ကြဖို့ရန် တောင်းဆိုရင်း လူတို့ကို နေ့စဉ် အသစ်သော အရာများ လုပ်ဆောင်ခြင်းထဲ ဦးဆောင်၏၊ သင်သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်လာခဲ့သော်လည်း၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များ လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ပါက၊ အပြင်ပန်း ကိစ္စများနှင့်ပတ်သက် စိတ်အားထက်သန်ဆဲ ဖြစ်ပြီး အလုပ်များသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဘုရားသခင်၏ မွေ့လျော်ဖို့ ဘုရားသခင်၏ ရှေ့မှောက် ယူဆောင်ရန် ငြိမ်းအေးသော စိတ်နှလုံးမရှိပါက၊ သင်သည် မည်သည့်အရာကိုမျှ ရရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အသစ်သော အမှုကို လက်ခံခြင်းနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် မတူကွဲပြားစွာ မစီစဉ်ပါက၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းကို အသစ်သော နည်းလမ်းဖြင့် မလုပ်ဆောင်ပါက၊ ပြီးလျှင် မည်သည့် အသစ်သော သိနားလည်မှုကိုမျှ မလိုက်စားဘဲ၊ ယင်းအစား သိနားလည်မှု အဟောင်းကို ဖက်တွယ်ပြီး သင် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းကို မပြောင်းလဲဘဲ အနည်းငယ်သော အလင်းသစ်အချို့ကိုသာ ရရှိပါက၊ သင်ကဲ့သို့သော လူတို့သည် ဤရေစီးကြောင်းထဲတွင် နာမည်အရသာ ရှိနေသည်၊ အမှန်တွင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပက ဘာသာရေးဆိုင်ရာ ဖာရိရှဲများ ဖြစ်ကြလေသည်။

ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုကို အသက်ရှင်ဖို့ရန်၊ လူတစ်ဦးသည် နေ့စဉ် အလင်းသစ်ကို ရရှိနိုင်ရမည်ဖြစ်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များအား စစ်မှန်သော သိနားလည်မှုတစ်ခုကို ရှာဖွေနိုင်ရမည်။ သမ္မာတရားကို ရှင်းလင်းစွာ မြင်ရမည်၊ ကိစ္စရပ်များအားလုံးတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာဖွေရမည်၊ နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့် မေးခွန်းသစ်များကို ရှာဖွေတွေ့ရှိရမည်ဖြစ်ပြီး၊ မိမိ၏ ဖြစ်တည်မှု တစ်ခုလုံးကို တို့ထိသည့် တောင့်တပြီး ရှာဖွေတတ်သော စိတ်နှလုံးတစ်ခု ရှိနိုင်ဖို့အလို့ငှာနှင့် နောက်ကျကျန်ရစ်မည်ကို အလွန်အမင်း စိုးရိမ်လျက် ဘုရားသခင်၏ ရှေ့မှောက်တွင် တစ်ချိန်လုံး ဆိတ်ငြိမ်နိုင်ဖို့အလို့ငှာ မိမိကိုယ်တိုင်၏ ချို့ယွင်းချက်များကို သိရမည်။ ဝင်ရောက်မှုကို စဉ်ဆက်မပြတ် ကြိုးပမ်းရရှိဖို့ရန် လိုလားနေသည့် ထိုသို့သော တောင့်တ၊ ရှာဖွေသည့် စိတ်နှလုံးနှင့် လူတစ်ဦးသည် ဝိညာဉ်ရေးရာ အသက်တာ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရသူများ၊ သာ၍ ကောင်းစွာ လုပ်ဆောင်ရန် ဆန္ဒရှိသူများ၊ ဘုရားသခင်၏ စုံလင်စေခြင်းကို လိုက်စားရန် လိုလားသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သာ၍ နက်နဲသည့် သိနားလည်မှုတစ်ခုကို တောင့်တသူများ၊ သဘာ၀လွန်ဖြစ်ရပ်ကို မလိုက်စားဘဲ ထိုအစား စစ်မှန်သော အဖိုးအခတစ်ခုကို ပေးသောသူများ၊ ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် အရေးစိုက်သောသူများ၊ ၎င်းတို့၏ အတွေ့အကြုံများ သာ၍ ရိုးသားကာ စစ်မှန်ဖို့အလို့ငှာ ဝင်ရောက်ခြင်းကို အမှန်တကယ် ကြိုးပမ်းရရှိသူများ၊ အချည်းနှီးသော စကားများနှင့် အယူဝါဒများကို မလိုက်စားသူ သို့မဟုတ် သဘာဝလွန်ဖြစ်ရပ်ကို ခံစားဖို့ရန် မလိုက်စားသူများ၊ မည်သည့် ကြီးမြတ်သည့် ပုဂ္ဂိုလ်ကိုမဆို မကိုးကွယ်သူများ- ဤသူများသည် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုထဲသို့ ဝင်ရောက်ပြီးသည့် သူများ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် အသက်တာတွင် နောက်ထပ် ကြီးထွားမှုကို ရရှိဖို့ရန်နှင့် ၎င်းတို့ စိတ်ဝိညာဉ်၌ လန်းဆန်း၍ တက်ကြွစေရန် ရည်ရွယ်ပြီး၊ ၎င်းတို့သည် ဝင်ရောက်မှုကို တက်ကြွစွာ အစဉ်အမြဲ ကြိုးပမ်းရရှိနိုင်ကြလေသည်။ သတိမမူမိလိုက်ဘဲနှင့်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်လာကြပြီး လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်လာကြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း ဝင်ရောက်ခြင်းအဖို့ ဘုရားသခင် မျက်မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းထက် သာ၍ အရေးကြီးသော အဆင့်မရှိချေ။ ယင်းသည် မျက်မှောက်ကာလတွင် လူအပေါင်းတို့ အရေးတကြီး ဝင်ရောက်ရန် လိုအပ်လျက်ရှိကြောင်း သင်ခန်းစာတစ်ခု ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေခြင်းထဲသို့ ဝင်ရောက်ရာ လမ်းကြောင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်-

(၁) ပြင်ပအရာများမှ သင့်စိတ်နှလုံးကို ရှောင်ခွာလော့။ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်းချမ်းစွာနေလော့၊ ပြီးလျှင် တစိုက်မတ်မတ် စူးစိုက်မှုဖြင့် ဘုရားသခင်ထံ ဆုတောင်းလော့။

(၂) ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံး ငြိမ်းချမ်းနေခြင်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ကာ မွေ့လျော်လော့။

(၃) ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအပေါ် စဉ်းစားဆင်ခြင်၍ အာရုံပြုပြီး သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ အမှုကို တွေးဆလော့။

ပထမဦးစွာ ဆုတောင်းခြင်းကဏ္ဍမှ အစပြုလော့။ တစိုက်မတ်မတ် စူးစိုက်မှုဖြင့် သတ်မှတ်ထားသော အချိန်များတွင် ဆုတောင်းလော့။ အချိန်မည်မျှ နည်းပါးသည်ဖြစ်စေ၊ သင်၏အလုပ် မည်မျှများသည် ဖြစ်စေ၊ သို့မဟုတ် သင့်အပေါ် မည်သည့်အရာ ကျရောက်ပါစေ၊ နေ့စဉ် ပုံမှန်အတိုင်း ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း စားသောက်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်သမျှ ကာလပတ်လုံး သင့်ပတ်ဝန်းကျင် မည်သို့ ရှိသည်ဖြစ်စေ၊ သင်၏ စိတ်ဝိညာဉ်၌ ကြီးမားသည့် ပျော်ရွှင်မှု ရှိလိမ့်မည်ဖြစ်ပြီး သင့်အနီးရှိ လူများ၊ ဖြစ်ရပ်များ သို့မဟုတ် အရာဝတ္ထုများသည် သင့်အတွက် အနှောင့်အယှက် ဖြစ်လိမ့်မည်မဟုတ်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို သာမန်အားဖြင့် ဆင်ခြင်သည့်အခါ၊ ပြင်ပတွင် ဖြစ်နေသည့်အရာက သင့်ကို မနှောင့်ယှက်နိုင်ပေ။ ဝိညာဉ်အသက်တာ ပိုင်ဆိုင်ခြင်းဆိုသည်မှာ ဤအရာကို ဆိုလိုခြင်းဖြစ်သည်။ ဆုတောင်းခြင်းဖြင့် အစပြုလော့- ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်စွာ ဆုတောင်းခြင်းသည် အကျိုးအများဆုံး ဖြစ်သည်။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လော့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းဖြင့် ၎င်းတို့ထဲတွင် အလင်းကို ရှာလော့။ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ရှာဖွေလော့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုရာတွင် သူ၏ ရည်ရွယ်ချက်ကို သိရှိပြီး ၎င်းတို့ကို သွေဖည်မှုမရှိဘဲ သိနားလည်လော့။ သာမန်အားဖြင့် ပြင်ပအရာများ၏ နှောင့်ယှက်ခြင်းမခံရဘဲ ဘုရားသခင်ကို သင်၏ စိတ်နှလုံးထဲတွင် တိုးဝင်ချဉ်းကပ်နိုင်ခြင်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အာရုံပြုပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆနိုင်ခြင်းတို့မှာ သင့်အတွက် ပုံမှန်ဖြစ်သင့်သည်။ သင်၏ စိတ်နှလုံးသည် ငြိမ်သက်ခြင်း အတိုင်းအတာတစ်ခု ရရှိပါက သင်သည် တိတ်တဆိတ် အတွေးရေယာဉ်ကြော၌ မျောပါနိုင်လိမ့်မည်ဖြစ်ပြီး၊ သင်၏အတွင်း၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ချင့်ချိန်စဉ်းစားနိုင်လိမ့်မည်ဖြစ်ကာ ဘုရားသခင်ထံ အမှန်တကယ် တိုးဝင်ချဉ်းကပ်ပြီး၊ သင်၏ ပတ်ဝန်းကျင် မည်သို့ ဖြစ်ပါစေ၊ နောက်ဆုံးတွင် သင်၏ စိတ်နှလုံးထဲ ချီးမွမ်းခြင်း လျှံထွက်လာသည့်အခြေအနေ ရောက်ရှိသည်ထိတိုင်ဖြစ်ပြီး ယင်းသည် ဆုတောင်းခြင်းထက်ပင် သာ၍ ကောင်းမွန်ပေသည်။ ထို့နောက် သင်သည် ဝိညာဉ်အသက်တာတစ်ခုကို ပိုင်ဆိုင်လိမ့်မည်။ အထက်တွင် ဖော်ပြထားသော ဖြစ်တည်မှု အဆင့်များကို သင်ရရှိနိုင်ပါက သင်၏ စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းကြောင်း သက်သေဖြစ်လိမ့်မည်။ ဤသည်မှာ ပထမဦးဆုံးသော အခြေခံသင်ခန်းစာ ဖြစ်သည်။ လူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်နိုင်သည့်နောက်မှသာ၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ၎င်းတို့ တို့ထိခံရနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပြကာ အလင်းပေးခံရနိုင်သည်၊ ထို့နောက်မှသာလျှင် ဘုရားသခင်နှင့် အမှန်တကယ် ဆက်သွယ်နိုင်သည့်အပြင် ဘုရားသခင်၏ အလိုတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုတို့ကို သဘောပေါက်နိုင်လိမ့်မည်။ ထိုအခါ ၎င်းတို့သည် ၎င်းတို့၏ ဝိညာဉ်ရေးရာ အသက်တာတွင် မှန်ကန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်သွားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ရန် ၎င်းတို့၏ လေ့ကျင့်မှုသည် နက်ရှိုင်းမှု အတိုင်းအတာတစ်ခု ရောက်ရှိပြီး မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင် သည့်အခါ၊ မိမိကိုယ်ကိုယ် စက်ဆုပ်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းခြင်း ရှိပေသည်။ မိမိကိုယ်ကိုယ် စက်ဆုပ်နိုင်ခြင်း၊ မိမိကိုယ်ကိုယ် ကျိန်ဆဲနိုင်ခြင်းနှင့် မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်ခြင်းတို့သည် ဘုရားသခင်၏အမှုက ရရှိသောရလဒ်ဖြစ်ပြီး၊ လူတို့ မိမိတို့ဘာသာ မလုပ်ဆောင်နိုင်ပေ။ သို့ဖြစ်ရာ ဘုရားသခင် ရှေ့မှောက်တွင် စိတ်နှလုံးငြိမ်သက်အောင် လက်တွေ့ လုပ်ဆောင်ခြင်းသည် လူများအနေဖြင့် ချက်ချင်း ဝင်ရောက်သင့်သည့် သင်ခန်းစာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍” မှ

အကယ်၍ သင်သည် ဘုရားသခင်၏ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်သက်စေမည်ဆိုပါက၊ သတိရှိလျက် ပူးပေါင်းလုပ်ဆောင်ခြင်းအလုပ်ကို သင် လုပ်ဆောင်ရမည်။ ဆိုလိုသည်မှာ သင်တို့ အယောက်တိုင်းသည် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ဘေးဖယ် ထားသည့်အချိန်၊ သင်၏ ကိုးကွယ်ဆက်ကပ်ခြင်းများအတွက် အချိန်တစ်ခု ရှိရမည်- သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် အေးငြိမ်းစေပြီး မိမိကိုယ်ကိုယ် တည်ငြိမ် စေရမည်။ အယောက်တိုင်းသည် ဘုရားနှုတ်ကပတ်တော်နှင့်ဆိုင်သော ၎င်းတို့၏ အသိပညာနှင့် ၎င်းတို့၏ စိတ်ဝိညာဉ် တို့ထိခံရပုံတို့သည် နက်နဲသည်ဖြစ်စေ အပေါ်ယံမျှဖြစ်စေ ၎င်းတို့ကို ရေးမှတ်ထားလျက် တစ်ဦးချင်းစီ၏ ကိုးကွယ် ဆည်းကပ်မှုဆိုင်ရာ မှတ်စုများ ထားရမည်။ အယောက်တိုင်း ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် သတိရှိရှိ ငြိမ်သက်စေရမည်။ သင်သည် စစ်မှန်သော ဝိညာဉ်ရေးရာ အသက်တာအဖို့ တစ်နေ့ကို တစ်နာရီ သို့မဟုတ် နှစ်နာရီ ဆက်ကပ်နိုင်ပါက၊ ထိုနေ့ သင်၏ အသက်တာသည် ကြွယ်ဝလိမ့်မည်ဖြစ်ပြီး သင်၏စိတ်နှလုံးသည် ရွှင်ပျကာ ကြည်လင်ပေလိမ့်မည်။ ဤသို့သော ဝိညာဉ်ရေးရာ အသက်တာမျိုးကို သင် နေ့စဉ် နေထိုင်ပါက၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ ပိုင်ဆိုင်သည့်အရာအဖြစ်သို့ သာ၍ ပြောင်းလဲနိုင်လိမ့်မည်၊ သင်၏ဝိညာဉ်သည် သာ၍ အားကောင်းသထက် အားကောင်းလာလိမ့်မည်၊ သင်၏ အခြေအနေသည် စဉ်ဆက်မပြတ် တိုးတက်လိမ့်မည်၊ သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သောလမ်းကြောင်းကို သင်သည် သာ၍ လျှောက်လှမ်းနိုင်စွမ်း ရှိလာလိမ့်မည်ဖြစ်ပြီး သင့်အပေါ်သို့ ကောင်းချီးမင်္ဂလာများကို ဘုရားသခင်က တိုး၍အပ်နှင်းလိမ့်မည် ဖြစ်သည်။ သင်၏ ဝိညာဉ်ရေးရာ အသက်တာ၏ ရည်ရွယ်ချက်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်ကို သတိရှိရှိ ရရှိဖို့ ဖြစ်သည်။ ယင်းမှာ စည်းမျဉ်းများကို လိုက်နာဖို့ သို့မဟုတ် ဘာသာရေး ထုံးတမ်းဓလေ့များကို လုပ်ဆောင်ဖို့မဟုတ်ဘဲ၊ ဘုရားသခင်နှင့် အမှန်တကယ် အတူပူးပေါင်းလုပ်ဆောင်ဖို့၊ သင်၏ကိုယ်ခန္ဓာကို ထိန်းသိမ်းကြပ်မတ်ဖို့ ဖြစ်သည်။ ဤသည်မှာ လူသား လုပ်ဆောင်သင့်သည့် အရာဖြစ်၏၊ ထို့ကြောင့် ဤအရာကို အစွမ်းကုန် အားထုတ်ကာ သင်တို့ လုပ်ဆောင်သင့်သည်။ သင်၏ ပူးပေါင်းလုပ်ဆောင်မှု ကောင်းလေလေဖြစ်ပြီး အားထုတ်မှုကို သင် ဆက်ကပ်လေလေ၊ သင်၏စိတ်နှလုံးသည် ဘုရားထံသို့ ပြန်လာနိုင်လေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို သာ၍ကောင်းမွန်စွာ ငြိမ်သက် စေနိုင်လေလေ ဖြစ်သည်။ တစ်ချိန်ချိန်တွင်၊ ဘုရားသခင်သည် သင့်စိတ်နှလုံးကို လုံးလုံးလျားလျား ရယူလိမ့်မည်။ သင်၏စိတ်နှလုံးကို မည်သူမျှ တိမ်းညွတ်စေနိုင်မည် မဟုတ်၊ သို့မဟုတ် ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ဘဲ၊ သင်သည် ဘုရားသခင်နှင့် လုံးဝ သက်ဆိုင်လိမ့်မည်။ ဤလမ်းကြောင်းကို သင်လျှောက်လှမ်းပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မိမိဘာသာ သင့်ထံ တစ်ချိန်လုံး ထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ သင် နားမလည်သော အရာအားလုံးနှင့် ပတ်သက်၍ သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်- ဤအရာအားလုံးကို သင်၏ ပူးပေါင်းလုပ်ဆောင်ခြင်းမှတစ်ဆင့် ရရှိနိုင်ပေသည်။ ထို့ကြောင့် ဘုရားသခင်က၊ “ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်သော သူအားလုံး၊ ငါသည် ဆုလာဘ် နှစ်ဆပေးမည်” ဟု အမြဲ ဆိုရခြင်း ဖြစ်သည်။ ဤလမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်ရမည်။ အကယ်၍ သင်သည် လမ်းကြောင်းမှန်ကို လျှောက်လှမ်းရန် ဆန္ဒရှိပါက၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သင်လုပ်နိုင်သမျှ လုပ်ဆောင်ရမည်။ ဝိညာဉ်ရေးရာ အသက်တာတစ်ခု ရရှိနိုင်ဖို့ သင်သည် လုပ်နိုင်သမျှ လုပ်ဆောင်ရမည်။ အစတွင် သင်သည် ဤလိုက်စားမှုတွင် ကြီးမားသော ရလဒ်များ မရဘဲ ရှိကောင်း ရှိနိုင်သော်လည်း၊ သင်သည် မိမိကိုယ်ကိုယ် ဆုတ်ယုတ်ခွင့် ပြုရမည်မဟုတ်၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်း၌ သာယာခွင့်ပြုရမည်မဟုတ်- သင်သည် ဆက်လက်၍ ကြိုးစားလုပ်ဆောင်ရမည်။ ဝိညာဉ်ရေးရာ အသက်တာ၌ သင် အသက်ရှင်လေလေ၊ သင်၏ စိတ်နှလုံးသည် ဤကိစ္စများကို အမြဲစိတ်ဝင်စားရင်း၊ ဤဝန်ထုပ်ကို အမြဲသယ်ဆောင်လျက်၊ ဘုရားနှုတ်ကပတ်တော်များ၏ နေရာယူခြင်း ခံရလေလေ ဖြစ်သည်။ ထို့နောက်တွင်၊ သင်၏ အတွင်းကျဆုံးသော အမှန်တရားကို သင်၏ ဝိညာဉ်ရေးရာ အသက်တာမှတစ်ဆင့် ဘုရားသခင်ထံ ထုတ်ဖော်ပြလော့။ သင် လုပ်ဆောင်ရန် လိုလားနေသောအရာ၊ သင်စဉ်းစားနေသည့်အရာ၊ သူ၏ နှုတ်ကပတ်တော်နှင့်ဆိုင်သော သင်၏ သိနားလည်မှုနှင့် အမြင်တို့ကို သူ့အား ပြောပြလော့။ မည်သည့်အရာကိုမျှ နည်းနည်းလေးမျှပင် ချုပ်တည်းမထားနှင့်။ သင်၏ စိတ်နှလုံးအတွင်းရှိ စကားများကို ပြောဆိုခြင်းနှင့် ဘုရားသခင်ထံ သင်၏ စစ်မှန်သော ခံစားချက်များကို ထုတ်ဖော်ပြခြင်းအား လက်တွေ့လုပ်ဆောင်လော့။ သင်၏ စိတ်နှလုံးထဲတွင် ရှိပါက၊ ပြောသာပြောလော့။ ဤသို့ သင် ပြောဆိုလေလေ၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို သင် ခံစားရလေလေ ဖြစ်ပြီး၊ ဘုရားသခင်သည် သင်၏ စိတ်နှလုံးကို ဆွဲဆောင်လေလေ ဖြစ်လိမ့်မည်။ ဤအရာ ဖြစ်သည့်အခါတွင်၊ ဘုရားသခင်သည် အခြားမည်သူမဆိုထက် သင့်အဖို့ သာ၍ နှစ်လိုဖွယ်ဖြစ်သည်ဟု သင် ခံစားရလိမ့်မည်။ မည်သည့်အရာဖြစ်ပါစေ၊ သင်သည် ဘုရားသခင်၏ထံပါးမှ ဘယ်သောအခါမျှ စွန့်ခွာလိမ့်မည်မဟုတ်။ ဤသို့သော ဝိညာဉ်ရေးရာ အသက်တာမျိုးကို နေ့စဉ်နေ့တိုင်း သင် လက်တွေ့လုပ်ဆောင်ပြီး၊ သင်၏စိတ်ထဲမှ မထုတ်ဘဲ၊ ယင်းကို သင်၏ အသက်တာတွင် ကြီးမားသော အရေးပါသည့် ကိစ္စတစ်ခုအဖြစ် သဘောထားပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်၏ စိတ်နှလုံးကို နေရာယူလိမ့်မည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိမှုခံရခြင်းဟု ဆိုလိုသောအရာ ဖြစ်သည်။ ယင်းမှာ သင်၏ စိတ်နှလုံးက ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို အမြဲ ခံခဲ့ရသည့်အလား၊ သင် ချစ်ခင်နှစ်သက်သည့်အရာက သင်၏ စိတ်နှလုံးထဲတွင် အမြဲရှိသည့်အလား ဖြစ်ပေလိမ့်မည်။ အဘယ်သူမျှ ထိုအရာကို သင့်ထံက ယူမသွားနိုင်ပေ။ ဤအရာဖြစ်ပျက်သည့်အခါ၊ ဘုရားသခင်သည် သင့်အထဲတွင် အမှန်တကယ် အသက်ရှင်လိမ့်မည်ဖြစ်ပြီး၊ သင့်စိတ်နှလုံးထဲတွင် နေရာတစ်ခု အမှန်တကယ် ရှိလိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် လူတို့ကိုလမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ပေး၏” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်သည့်အခါ၊ ၎င်းတို့နှင့်ယှဉ်၍ သင်ကိုယ်တိုင်၏ အခြေအနေနှင့်ဆိုင်သော လက်တွေ့အရှိတရားကို သင် တိုင်းတာရမည်။ ယင်းမှာ၊ သင်၏ စစ်မှန်သော အတွေ့အကြုံ လမ်းကြောင်းတွင် သင်၏ အားနည်းချက်များကို တွေ့ရှိသည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင် ရှာဖွေနိုင်စွမ်းရှိရမည်၊ သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များနှင့် အယူအဆများကို ကျောခိုင်းနိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအတွက် သင် အမြဲကြိုးပမ်းပြီး၊ ၎င်းတို့ကို ရရှိရန် မိမိစိတ်နှလုံးကို ပုံအပ်ပါက၊ လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု သင်ရှိလိမ့်မည်၊ သင်သည် အနှစ်မဲ့သကဲ့သို့ ခံစားရလိမ့်မည် မဟုတ်ဘဲ၊ ထိုအကြောင်းကြောင့် သင်သည် ပုံမှန် အခြေအနေတစ်ခုကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။ ထိုအခါတွင်မှ သင်သည် မိမိကိုယ်ပိုင် အသက်တာထဲတွင် ဝန်ထုပ်တစ်ခု သယ်ဆောင်သူ၊ ယုံကြည်ခြင်း ရှိသူတစ်ဦး ဖြစ်ပေလိမ့်မည်။ လူအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် ၎င်းတို့ကို အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်ကြသနည်း။ ယင်းမှာ အရေးကြီးဆုံးသော အရာများကို ၎င်းတို့ သဘောမပေါက် နိုင်ကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အသက်တာကို ၎င်းတို့ အလေးအနက် မထားကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အရေးကြီးသော အရာများကို ၎င်းတို့ သဘောမပေါက်နိုင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြခြင်း အကြောင်းရင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုကြသည့်အခါ၊ ထိုနှုတ်ကပတ်တော်များကို မိမိတို့၏ ကိုယ်ပိုင်အခြေအနေများနှင့် မဆက်စပ်နိုင်ကြသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင် အခြေအနေများကို မပိုင်နိုင်ကြသောကြောင့် ဖြစ်သည်။ လူအချို့က၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုပြီး ယင်းတို့ကို ကျွန်ုပ်၏ အခြေအနေများနှင့် ဆက်စပ်မိကာ၊ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးကာ ညံ့ဖျင်းသော အရည်အချင်းရှိသည်ကို ကျွန်ုပ် သိ၏၊ သို့သော် ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိပါ” ဟု ပြောကြသည်။ သင်သည် တကယ့် အပေါ်ယံကိုသာ မြင်လေပြီ။ သင် မသိသည့် စစ်မှန်သော အရာများစွာ ရှိ၏- ဇာတိပကတိ၏ မွေ့လျော်မှုများကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု ထင်မြင်ချက်ကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် မည်သို့ ပြောင်းလဲရမည်၊ ဤအရာများထဲသို့ မည်သို့ ဝင်ရောက်ရမည်၊ သင်၏ အရည်အချင်းကို မည်သို့ တိုးတက်စေရမည် ဆိုသည်နှင့် မည်သည့် ရှုထောင့်မှ စတင်ရမည်ဆိုသည်တို့ ဖြစ်သည်။ သင်သည် အနည်းငယ်သော အရာတို့ကိုသာ အပေါ်ယံ သဘောပေါက်ပြီး သင် သိသမျှမှာ သင်သည် အမှန်ပင် အလွန်ဖောက်ပြန်ပျက်စီးသည်ဟူ၍ ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှများကို သင် တွေ့ဆုံသည့်အခါ၊ သင် အဘယ်မျှ ဖောက်ပြန်ပျက်စီးသည့်အကြောင်း သင် ပြောဆိုပြီး ယင်းမှာ သင့်ကိုယ်သင် သိရှိကာ သင့်အသက်တာအတွက် ကြီးမားသော ဝန်ထုပ်တစ်ခု သယ်ဆောင်သည်ဟု ထင်ရပေသည်။ အမှန်တွင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မပြောင်းလဲသေးပေ၊ ယင်းက သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း ရှာမတွေ့သေးသည်ကို သက်သေပြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၇)” မှ

သင်၏ နေ့စဉ်အသက်တာတွင်၊ သင် ပြောဆိုသည့် မည်သည့်စကားများ၊ သင် လုပ်ဆောင်သည့် မည်သည့်အရာများက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးတွင် မူမမှန်ခြင်း ဖြစ်ကောင်းဖြစ်စေလိမ့်မည် ဆိုသည်ကို သင်နားလည်ရမည်ဖြစ်ပြီး၊ ထို့နောက် မှန်ကန်သည့် ပုံစံအတွင်း ဝင်ရောက်ဖို့ သင့်ကိုယ်သင် ပြုပြင်ရမည်။ တစ်ချိန်လုံး၊ သင်၏ စကားများ၊ သင်၏ လုပ်ရပ်များ၊ သင်၏လှုပ်ရှားမှုတစ်ခုစီတိုင်း၊ သင်၏ အတွေးများနှင့် စိတ်ကူးများအားလုံးကို ဆန်းစစ်လော့။ သင်၏ စစ်မှန်သော အခြေအနေနှင့်ဆိုင်သည် မှန်ကန်သော သိနားလည်မှုကို ရရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု ပုံစံထဲသို့ ဝင်ရောက်လော့။ ဤသည်မှာ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိ‌ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်းရှိမရှိ ဆိုသည်ကို အကဲဖြတ်ခြင်းအားဖြင့်၊ သင်သည် သင်၏ရည်ရွယ်ချက်များကို အမှန်ပြင်လာနိုင်လိမ့်မည်ဖြစ်ပြီး၊ လူသား၏ သဘာဝနှင့် အနှစ်သာရကို နားလည်လာနိုင်လိမ့်မည်ဖြစ်ကာ၊ သင့်ကိုယ်သင် အမှန်တကယ် နားလည်နိုင်လာမည်ဖြစ်သည်၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် စစ်မှန်သော အတွေ့အကြုံများထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်၍၊ သင့်ကိုယ်သင် စစ်မှန်သော နည်းလမ်းတစ်ခုဖြင့် စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး၊ ရည်ရွယ်ချက်ဖြင့် နာခံနိုင်လိမ့်မည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်းရှိမရှိနှင့် စပ်လျဉ်းသည့် ဤကိစ္စရပ်များကို သင်တွေ့ကြုံသည်နှင့်အမျှ၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကိုခံရမည့် အခွင့်အရေးများကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ အခြေအနေများစွာကို သဘောပေါက်လာနိုင်လိမ့်မည်။ စာတန်၏ လှည့်စားမှုများစွာ ကိုလည်း သင် ရိပ်စားနိုင်လိမ့်မည်ဖြစ်ပြီး၊ ယင်း၏ လျှို့ဝှက်ကြံစည်မှုများကို ထိုးထွင်းသိမြင်နိုင်လိမ့်မည်။ ဤနည်းလမ်းသည်သာ ဘုရားသခင်အားဖြင့် စုံလင်ခံရခြင်းသို့ ဦးတည်ပေသည်။ သူ၏ အစီအမံများကို အလုံးစုံ သင် နာခံနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် စစ်မှန်သည့် အတွေ့အကြုံများထဲသို့ သာ၍ပင် နက်နဲစွာ သင်ဝင်ရောက်ရန်အလို့ငှာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သာ၍ပင် ရရှိဖို့အလို့ငှာ၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို မှန်ကန်စေလော့။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း” မှ

လူများက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုကို ပြသည့်အခါ၊ ကာမဂုဏ်ခံစားမှုတွင် စိတ်အလိုလိုက်ပြီး ဘုရားသခင်ထံမှ တိုး၍ ဝေးကွာသွားသည့်အခါ၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့၏ကိုယ်ပိုင် အကြံဉာဏ်များနှင့် မကိုက်ညီသည့် နည်းလမ်း တစ်ခုဖြင့် အလုပ်လုပ်ပြီး၊ ၎င်းတို့အတွင်း၌ မကျေနပ်ချက်များ ပေါ်ပေါက်သည့်အခါ၊ ဤသည်မှာ ပြဿနာတစ်ခုနှင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား တစ်ခုဖြစ်သည်ကို ၎င်းတို့သည် မိမိကိုယ်ကိုယ် ချက်ချင်း သတိပြုမိစေသင့်သည်။ ယင်းမှာ ဘုရားသခင်ကို ပုန်ကန်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ယင်းက သမ္မာတရားနှင့် မကိုက်ညီဘဲ၊ ဘုရားသခင်အဖို့ ရွံမုန်းဖွယ်ရာဖြစ်သည်။ လူများက ဤအရာများကို သဘောပေါက်သည့်အခါ၊ ၎င်းတို့သည် မညည်းညူသင့်ပေ သို့မဟုတ် အပျက်သဘောဆောင်လာပြီး အချိန်မဖြုန်းသင့်ပေ၊ ပြီးလျှင် ၎င်းတို့သည် စိတ်ညစ်ခြင်း သာ၍ နည်းပါးသင့်သည်။ ထိုအစား ၎င်းတို့သည် သာ၍ နက်နဲသော မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်းနှင့် မိမိကိုယ်ကို သိကျွမ်းခြင်းတို့ကို တတ်နိုင်စွမ်း ရှိလာသင့်သည်။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင် ရှေ့မှောက်သို့ တက်ကြွစွာ လာနိုင်လာသင့်ပြီး မတုန်မလှုပ် မဖြစ်သင့်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ရှာဖွေဖို့နှင့် လက်ခံဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် မိမိတို့ဘာသာ တာဝန်ယူ လုပ်ဆောင်သင့်သည်၊ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပြီး အခြေခံသဘောတရားများအတိုင်း ပြုမူနိုင်ကြသည်အထိ ၎င်းတို့၏အခြေအနေကို ချက်ချင်း ပြောင်းလဲသင့်သည်။ ဤနည်းဖြင့် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်လာသကဲ့သို့၊ သင့်အတွင်းမှာ အခြေအနေသည်လည်း တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၊ ဖောက်ပြန်ပျက်စီးခြင်း၏ အနှစ်သာရ နှင့် စာတန်၏ အကျည်းတန်သော အခြေအနေအမျိုးမျိုးတို့ကို တိုး၍ ကြည်လင်ရှင်းလင်းမှုဖြင့် ဖော်ထုတ်နိုင်လိမ့်မည်။ သင်သည် “ကျွန်ုပ်ကို နှောင့်ယှက်နေသည်မှာ စာတန်ဖြစ်သည်။” သို့မဟုတ် “ယင်းမှာ စာတန်က ကျွန်ုပ်ကို ပေးသည့် အကြံဉာဏ်တစ်ခုဖြစ်သည်။” ဟူသကဲ့သို့ မိုက်မဲပြီး ကလေးဆန်သည့် ထိုသို့သော စကားများကို ပြောတော့မည် မဟုတ်ပေ။ ထိုအစား သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ နှင့်သက်ဆိုင်သည့်၊ ဘုရားသခင်ကို လူများ၏ ဆန့်ကျင်ခြင်း၏ အနှစ်သာရနှင့်သက်ဆိုင်သည့်၊ ပြီးလျှင် စာတန်၏ အနှစ်သာရတို့နှင့် သက်ဆိုင်သည့် မှန်ကန်တိကျသည့် အသိပညာရှိလိမ့်မည်။ သင်၌ ဤအမှုအရာများကို သာ၍ မှန်ကန်တိကျသည့် နည်းလမ်းဖြင့် သဘောထားတစ်ခု ရှိလာပြီး ဤအမှုအရာများသည် သင့်ကို ဘောင်ခတ်လိမ့်မည် မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အနည်းငယ်ကို ထုတ်ဖော်ပြပြီး ဖြစ်သည့်အခါ သို့မဟုတ် အပြစ်ကျူးလွန်ပြီး ဖြစ်သည့်အခါ သို့မဟုတ် သင်၏တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ပြီးဖြစ်သည့်အခါ သို့မဟုတ် သင့်ကိုယ်သင် မတုန်မလှုပ်သော အပျက်သဘောဆောင်သည့် အခြေအနေတစ်ခုတွင် မကြာခဏ ကြုံသည့်အခါ၊ သင်သည် အားနည်းမည် မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့် သူ၏ကယ်တင်ခြင်း၌ ယုံကြည်မှု ပျောက်ဆုံးမည် မဟုတ်ပေ။ သင်သည် ထိုသို့သော အခြေအနေများကြားတွင် ရှင်သန်လိမ့်မည် မဟုတ်သော်လည်း၊ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မှန်ကန်စွာ ရင်ဆိုင်လိမ့်မည် ဖြစ်ပြီး သာမန် ဝိညာဉ်ရေးရာ အသက်တာတစ်ခုကို ရှင်သန်နိုင်စွမ်း ရှိလိမ့်မည်ဖြစ်ကာ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခြင်းခံရသည့်အခါ၊ သင်သည် ယင်း၏လမ်းကြောင်းကို ချက်ချင်း ပြန်လှည့်နိုင်ကာ ဘုရားသခင်၏ရှေ့မှောက်တွင် ချက်ချင်း ရှင်သန်လိမ့်မည် ဖြစ်ပြီး သူ၏ ဆုံးမပဲ့ပြင်ခြင်းနှင့် အပြစ်ဆိုခြင်းတို့ကို ရှာဖွေလိမ့်မည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိန်းချုပ်ခြင်းခံရလိမ့်မည် မဟုတ်သကဲ့သို့ စာတန်၏ အနှစ်သာရ၊ သင်၏ အပျက်သဘောဆောင်ပြီး မတုန်မလှုပ်ဖြစ်သော အခြေအနေအမျိုးမျိုးတို့အားဖြင့် ထိန်းချုပ်ခံရမည်လည်း မဟုတ်ပေ၊ သို့သော် သမ္မာတရားကို လိုက်စားခြင်း၌၊ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် အပြစ်ဆိုခြင်းတို့ကိုလက်ခံခြင်းတို့၌ ယုံကြည်မှု ကြီးထွားလိမ့်မည်။ ဤနည်းဖြင့် လူများသည် လွတ်လပ်စွာ မရှင်သန်သလော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရရှိခြင်း လမ်းကြောင်းဖြစ်သကဲ့သို့၊ ယင်းမှာ ကယ်တင်ခြင်း၏ လမ်းကြောင်းလည်း ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူများအတွင်းတွင် အမြစ်တွယ်ပြီးဖြစ်သည်။ စာတန်၏ အနှစ်သာရနှင့် သဘာဝတို့က ၎င်းတို့၏ အတွေးအခေါ်များ၊ အပြုအမူ နှင့် စိတ်နေစိတ်ထားတို့ကို ထိန်းချုပ်သည်။ သို့သော် သမ္မာတရား၊ ဘုရားသခင်၏အမှုနှင့် သူ၏ ကယ်တင်ခြင်းတို့ မျက်မှောက်တွင် ဤသည်တို့ထဲက တစ်ခုမျှ စိုးရိမ်ဖွယ်ရာ မဟုတ်ပေ၊ ပြီးလျှင် ယင်းက မည်သည့်အခက်အခဲမျှ မပေါ်ပေါက်ပေ။ လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သို့မဟုတ် ၎င်းတို့၌ရှိသော ပြဿနာများ သို့မဟုတ် ၎င်းတို့၏ ဘောင်ခတ်မှုများ မည်သို့ရှိပါစေ၊ ၎င်းတို့ လျှောက်နိုင်သည့် လမ်းကြောင်းတစ်ခု ရှိပေသည်။ ဤအရာများကို ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခုရှိပြီး ၎င်းတို့ကို ဖြေရှင်းဖို့ အလားတူ လိုလျောညီထွေသော သမ္မာတရားများ ရှိလေသည်။ ၎င်းတို့၏ ကယ်တင်ခြင်းအတွက် ဤကဲ့သို့ မျှော်လင့်ချက် မရှိသလော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏ တာဝန်ဆောင်ရွက်သည့်အခါ အရေးမထားခြင်းနှင့် ဝတ်ကျေတန်းကျေဖြစ်ခြင်း ပြဿနာကို ဖြေရှင်းနည်း” မှ

လူအချို့သည် မိမိတို့၏ လိုက်စားမှုတွင် များစွာ စိတ်အားထက်သန်ကြ၏၊ သို့တိုင် မှန်ကန်သော လမ်းကြောင်းပေါ် မဝင်ရောက်နိုင်ကြချေ။ ဤသည်မှာ ၎င်းတို့သည် သတိမမူလွန်းသောကြောင့်နှင့် ဝိညာဉ်ရေး အမှုအရာများကို အာရုံမစိုက်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့တွေ့ကြုံ ရမည်ကို ၎င်းတို့ မသိကြသကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်များနှင့် ၎င်းရှိနေခြင်းသည် မည်သည့် အရာဖြစ်သည်ကို မသိကြချေ။ ထိုသို့သော လူတို့သည် စိတ်အားထက်သန်ကြသော်လည်း မိုက်မဲကြလေသည်။ ၎င်းတို့သည် အသက်ကို မလိုက်စားကြချေ။ ယင်းမှာ သင်သည် ဝိညာဉ်တော်နှင့်ဆိုင်သော အသိပညာ စိုးစဉ်းမျှ မရှိသောကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ဆဲ အမှု၌ တိုးတက်မှုနှင့်ဆိုင်၍ မည်သည့်အရာမျှ သင် မသိသကဲ့သို့ သင်၏ ကိုယ်ပိုင် စိတ်ဝိညာဉ်အတွင်းရှိ အခြေအနေကို မသိမှတ်သောကြောင့် ဖြစ်သည်။ ထိုသို့သော လူတို့၏ ယုံကြည်ခြင်းသည် မိုက်မဲသော ယုံကြည်ခြင်းမျိုး ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတို့၏ လိုက်စားမှုသည် နောက်ဆုံးတွင် မည်သည့်အရာမျှ မဖြစ်ထွန်းပေ။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဘဝတွင် ကြီးထွားမှုရရှိဖို့ရန် သော့ချက်မှာ သင်၏ အတွေ့အကြုံ၌ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ကို သိရှိခြင်း၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို ရှုမြင်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို သိနားလည်ခြင်းတို့ ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ စီစဉ်မှုများအားလုံးကို သင် နာခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ အသက်တာဖြစ်လာဖို့အလို့ငှာ သင့်အထဲ၌ ပေါ်ပေါက်စေကာ ထိုသို့အားဖြင့် ဘုရားသခင်ကို သင် စိတ်ကျေနပ်စေသည်အထိ ဖြစ်သည်။ သင်၏ ယုံကြည်ခြင်းက မိုက်မဲသော ယုံကြည်ခြင်းတစ်ခု ဖြစ်ပါက၊ သင်သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များနှင့် သင်၏ အသက်တာ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို အာရုံမစိုက်ပါက၊ သမ္မာတရားအပေါ် မည်သည့် အားထုတ်မှုမျှ သင် မပြုပါက၊ သင်သည် ဘုရားသခင်၏ အလိုကို သဘောပေါက်နိုင်လိမ့်မည်လော။ ဘုရားသခင် တောင်းဆိုသည့်အရာကို သင် နားမလည်ပါက၊ သင်သည် တွေ့ကြုံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်သဖြင့် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း ရှိလိမ့်မည်မဟုတ်ချေ။ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များမှ သင် သိလာနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ကြုံတွေ့သည်နှင့်အမျှ သင် အာရုံစိုက်ရမည့်အရာမှာ သင့်အထဲတွင် ၎င်းတို့ ဖြစ်ပေါ်စေသည့် သက်ရောက်မှု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့သာ သင်သိသော်လည်း ၎င်းတို့အား မည်သို့ တွေ့ကြံရမည်ကို မသိပါက၊ သင်သည် ဝိညာဉ်ရေး ကိစ္စရပ်များကို မသိနားမလည်ကြောင်း ဤအရာက ပြသည်မဟုတ်လော။ ယခုတွင်ပင်၊ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံနိုင်စွမ်း မရှိကြသဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အမှုကို မသိကြချေ။ ဤသည်မှာ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု၌ အားနည်းချက်တစ်ခု ဖြစ်သည် မဟုတ်လော။ ၎င်းတို့ ဤကဲ့သို့ ဆက်သွားပါက၊ မည်သည့်အချိန်တွင် အမှုအရာများကို ကြွယ်ဝပြည့်စုံစွာ ၎င်းတို့ တွေ့ကြုံပြီး မိမိတို့၏ အသက်တာများတွင် ကြီးထွားမှုကို ၎င်းတို့ ရရှိနိုင်စွမ်းရှိလိမ့်မည်နည်း။ ဤသည်မှာ အချည်းနှီး ပြောဆိုခြင်းမျှသာ သဘောသက်ရောက်သည် မဟုတ်လော။ သင်တို့အထဲတွင် သဘောတရားအပေါ် အာရုံစိုက်သူ၊ ဝိညာဉ်ရေးရာကိစ္စရပ်များကို ဘာမျှမသိသော်လည်း ဘုရားသခင်အားဖြင့် ကြီးကြီးမားမား အသုံးခံရရန်နှင့် ဘုရားသခင်အားဖြင့် ကောင်းချီးပေးခြင်းခံရရန် ဆန္ဒရှိသူများစွာ ရှိ၏။ ဤသည်မှာ လုံးဝ လက်တွေ့မကျချေ။ ဤအကြောင်းကြောင့်၊ သင်တို့အားလုံး သင်တို့၏ ဝိညာဉ်ရေးရာ အသက်တာများတွင် မှန်ကန်သော လမ်းကြောင်းပေါ် ဝင်ရောက်နိုင်ဖို့၊ စစ်မှန်သော အတွေ့အကြုံများ ရှိနိုင်ဖို့နှင့် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ အမှန်တကယ် ဝင်ရောက်နိုင် ဖို့အလို့ငှာ ဤအားနည်းချက်ကို သင်တို့ အဆုံးသတ်ရပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပုံမှန်အခြေအနေတစ်ခုထဲသို့ ဝင်ရောက်ပုံ” မှ

အရှေ့သို့- ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် သူ့ကို ကိုးကွယ်ခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်ခြင်း၏ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်