၂၂) သမ္မာတရားကို လိုက်စားခြင်း၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ စားသောက်ရန်၊ သူနှင့်အတူ စစ်မှန်သော မိတ်သဟာယရှိရန်၊ သူ၏ နှုတ်ကပတ်တော်များထဲက သမ္မာတရားကို ရှာဖွေနိုင်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရန် လိုအပ်သည်။

(၂) ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံရန်နှင့် သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို လက်ခံရန် လိုအပ်သည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြောင်းလဲသွားစေဖို့အလို့ငှာ မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ခြင်းနှင့် မိမိကိုယ်ကိုယ် သိခြင်းတို့ကို တတ်စွမ်းနိုင်ရန်လည်း လိုအပ်သည်။

(၃) ဘုရားသခင်နှင့်အတူ ပုံမှန် ဆက်ဆံရေး တည်ဆောက်ပြီး သူ့အတွက် သင့်ကိုယ်သင် ရိုးသားစစ်မှန်စွာ အသုံးတော်ခံလာရန် လိုအပ်သည်။ ထိုသို့ဖြင့်သာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဦးဆောင်ခံရနိုင်ပြီး စုံလင်စေခြင်း ခံရနိုင်ပေသည်။

(၄) ကိစ္စရပ်အားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်လျက်၊ ပေတရု၏ လမ်းကြောင်းကို လျှောက်ရန်၊ မိမိ၏ စိတ်သဘောထားတွင် ပြောင်းလဲမှု ဖြစ်ပေါ်စေခြင်းကို အာရုံစိုက်ကာ ဘုရားသခင်ကို အမှန်တကယ် ချစ်သည့်သူတစ်ဦးဖြစ်လာရန် လိုအပ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သမ္မာတရားသည် အပြုသဘောဆောင်သည့် အရာခပ်သိမ်း၏ စစ်မှန်မှု ဖြစ်သည်။ ယင်းက လူ၏အသက်ဖြစ်နိုင်သကဲ့သို့၊ သူ ခရီးနှင်ရာ ဦးတည်ချက်လည်း ဖြစ်နိုင်သည်။ ယင်းက ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားဖို့၊ ဘုရားသခင်ကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်လာဖို့၊ ဘုရားသခင်ကို ရိုသေပြီး အရည်အချင်းပြည့်သော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာဖို့၊ ဘုရားသခင်က ချစ်ပြီး သူ၏လက်ခံမှု ရသည့်သူတစ်ဦး ဖြစ်လာဖို့ ဖြစ်စေနိုင်သည်။ ယင်း၏ အဖိုးတန်မှုကို ထောက်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့နှင့် စပ်လျဉ်း၍ မည်သည့် သဘောထားနှင့် အမြင်ရှုထောင့်တို့ ရှိသင့်သနည်း။ ယင်းက အတော်အတန် သိသာထင်ရှားပေသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သူ့အတွက် ရိုသေလေးမြတ်သော နှလုံးသားရှိသည့် သူများအတွက်၊ သူ၏နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အသက်သွေးဖြစ်သည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားသင့်ပြီး ယင်းတို့ကို စားသောက်သင့်သည်၊ ပြီးလျှင် ပျော်မွေ့သင့်သည်၊ ပြီးလျှင် ယင်းတို့ကို ၎င်း၏အသက်အဖြစ်၊ ၎င်း၏လမ်းခရီးကို ရှေ့ဆက် လျှောက်ရာတွင် ဦးတည်ချက်အဖြစ်၊ ၎င်း၏ အသင့်ဖြစ်သော အကူအညီနှင့် အထောက်အပံ့အဖြစ် လက်ခံသင့်သည်။ လူသည် သမ္မာတရား၏ ထွက်ဆိုချက်များနှင့် သတ်မှတ်ချက်များနှင့်အညီ ရှင်သန်ကာ၊ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံသင့်သည်၊ ပြီးလျှင် ယင်းကို လေ့လာ၊ ခွဲခြမ်းစိတ်ဖြာကာ၊ ထင်ကြေးပေးပြီး သံသယ ရှိခြင်းတို့ထက် ၎င်းနှင့်ပတ်သက်၍ ယင်း၏ တောင်းဆိုမှုများ၊ သမ္မာတရားက ၎င်းအား ပေးအပ်သည့် ထွက်ဆိုချက်နှင့် သတ်မှတ်ချက် တစ်ခုချင်းစီကို ကျိုးနွံနာခံသင့်သည်။ သမ္မာတရားသည် လူ၏အရံသင့် အကူအညီ၊ ၎င်း၏အရံသင့် အထောက်အပံ့ဖြစ်ပြီး ၎င်း၏အသက် ဖြစ်နိုင်သည်နှင့်အညီ၊ ၎င်းသည် ရှင်သန်ဖို့၊ ဘုရားသခင်၏တောင်းဆိုမှုများကို ဖြည့်ဆည်းလာဖို့၊ သူ့ကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့ နှင့် လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများကို နားလည်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိရင်း၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ၎င်း၏နေ့စဉ်အသက်တာတွင် ရှာဖွေဖို့၊ သမ္မာတရားကို ကိုးစားရမည် ဖြစ်သည့်အတွက်၊ လူသည် သမ္မာတရားကို တန်ဖိုးအရှိဆုံးအရာအဖြစ် သဘောထားသင့်သည်။ လူသည် ၎င်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားဖို့၊ ကယ်တင်ခြင်းခံရပြီး၊ အရည်အချင်းရှိသည့် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာဖို့ကိုလည်း သမ္မာတရားအပေါ် ကိုးစားရမည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို လူသိရှင်ကြား မထီမဲ့မြင်ပြုပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၇)” မှ

ယခုအခါတွင် ဘုရားသခင်သည် နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ပြီး နှုတ်ကပတ်တော် များစွာကို ဖော်ပြပြီးဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းပေါ်တွင်၊ ငါတို့သည် သမ္မာတရားနှင့် ဆက်နွှယ်သည့်အရာများစွာကို ကြုံတွေ့ပြီးဖြစ်သည်။ ငါတို့သည် သမ္မာတရားကို မရှာဖွေပါက၊ မည်သည့်လမ်းကြောင်းမျှ မရှိသောကြောင့်၊ ငါတို့သည် သမ္မာတရားနှင့်သက်ဆိုင်သည့် အသိပညာ ရှိရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါတို့ ဖတ်ရှုသည့်အခါ၊ ငါတို့သည် ယင်းတို့ကို စစ်မှန်မှုထဲသို့ ပေါင်းစည်းရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်ပြီး၊ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားရမည်။ လူများမွေးဖွားလာပြီး ၎င်းတို့ အရွယ်ရောက်ကာ၊ အလုပ်စလုပ်သည်၊ မိသားစု စတင်ထူထောင်ပြီး အသက်မွေးဝမ်းကျောင်း တစ်ခု အခြေကျသည့်အချိန်အထိ၊ ၎င်းတို့၏အသက်တာများ တစ်ခုလုံး တစ်လျှောက်- ၎င်းတို့ကြုံတွေ့သည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများနှင့် ၎င်းတို့ကို ဖြစ်ပျက်သည့် အခြားအရာအားလုံး အပါအဝင်- သမ္မာတရားကို ထည့်သွင်းဆွေးနွေးသည့် အရာ တစ်စုံတစ်ခုမျှ မရှိဘဲ၊ သမ္မာတရားမှတစ်ဆင့် ၎င်းတို့ သိမြင်သိမှတ်သည့်အရာ တစ်စုံတစ်ခုမျှ သာ၍ပင် မရှိပေ။ ထိုသို့ဖြင့် လူတစ်ဦး တစ်ယောက်ချင်းစီသည် သမ္မာတရားနှင့် ကျင့်သားမရကြပေ။ ပြီးလျှင် ယင်းမှာ ငါတို့သည် သမ္မာတရား ချို့တဲ့လှသောကြောင့် အတိအကျ ဖြစ်သည်၊ ယနေ့မှစ၍ ငါတို့ သမ္မာတရားကို လိုက်စားရမည်။ ဤသည်မှာ အလွန် အရေးကြီးသောအရာဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အခါ၊ သမ္မာတရားကို လိုက်စားရမည် ဖြစ်ကြောင်းနှင့်၊ သမ္မာတရားသာ သင့်ကို ပြောင်းလဲနိုင်ကြောင်း၊ စုံလင်စေနိုင်ကြောင်း၊ ကယ်တင်နိုင်ကြောင်းနှင့် သင့်ကို ဘုရားသခင် ရှေ့မှောက်သို့ အမှန်တကယ် ဆောင်ကြဉ်း ပေးနိုင်ကြောင်းတို့ကို ယခုတိုင် နားမလည်သေးပါက၊ သမ္မာတရားသည် သင့်အတွက် စိတ်ဝင်စားစရာ မဖြစ်နိုင်ဘဲ၊ ထို့ကြောင့် သင်သည် ယင်းကို လိုက်စားနိုင်စွမ်း မရှိပေ။ လူအချို့က “ဘုရားသခင်၌ ကျွန်ုပ်၏ယုံကြည်မှုတွင် ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့၊ အသင်းတော် အသက်တာကို ဦးဆောင်ဖို့၊ ကျွန်ုပ်၏တာဝန်ကို ဖြည့်ဆည်းဖိုနှင့် ဧဝံဂေလိတရားကို ဟောကြားဖို့ တုံ့ဆိုင်းခြင်း မရှိသည်မှာ လုံလောက်ပေသည်- ထို့ကြောင့် ကျွန်ုပ်သည် သမ္မာတရားကိုလည်း လိုက်စားဖို့ အဘယ့်ကြောင့် လိုအပ်သေးသနည်း။ ကျွန်ုပ်သည် ပုံမှန်အားဖြင့် မည်သည့်အခါမျှ အပြစ်ကျူးလွန်ခြင်း မရှိသကဲ့သို့၊ မည်သည့်အခါမျှ ဘုရားသခင်ကို ခုခံခြင်းမရှိပေ သို့မဟုတ် ကျွန်ုပ်သည် အန္တိခရစ်တစ်ဦးမဟုတ်ပေ။ ကျွန်ုပ်သည် ညစ်ညမ်းမှုကို ရှောင်ကြဉ်သည်။ ကျွန်ုပ်ကို လမ်းညွှန်ဖို့နှင့် ကူညီဖို့ ရိုးရှင်းသည့် စည်းကမ်း အနည်းငယ်သာ ကျွန်ုပ်လိုအပ်သည်၊ ထိုမျှသာ ဖြစ်သည်။ ကျွန်ုပ်သည် မည်သည့် နက်နဲသော သမ္မာတရားကိုမျှ လိုက်စားဖို့ မလိုအပ်ပေ။” ဟု ပြောကြသည်။ ဤသည်မှာ အမှုအရာများကို ကြည့်ရှုသည့် မှန်ကန်သောနည်းလမ်း ဖြစ်သလော။ (မဟုတ်ပါ။) အဘယ့်ကြောင့် မဟုတ်ရသနည်း။ (အကြောင်းမှာ လူများသည် သမ္မာတရားကို ရရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ကို ဘုရားသခင်သာ ကယ်တင်နိုင်သောကြောင့် ဖြစ်သည်။) ယခုအခါတွင် သမ္မာတရားသည် ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မည်မျှအရေးပါသည်ကို ရေးရေးမျှနားလည်သည့်လူအချို့ ရှိပေသည်၊ ပြီးလျှင် ယင်းမှာ ကောင်းသည့်အရာဖြစ်သည်။ သို့သော် ဤနားလည်သဘောပေါက်ခြင်းက သင်သည် သမ္မာတရားကို နောက်ပိုင်းတွင် မည်သို့လိုက်စားခြင်း ရှိမရှိ ပေါ်တွင် အခြေကျပေသည်။ သမ္မာတရားကို လိုက်စားခြင်းသည် အလွန် အရေးကြီးသည်။ ဥပမာအားဖြင့် သင်သည် အပျက်သဘောဆောင်ပြီး အားနည်းသည့်အခါ၊ သင်သည် သမ္မာတရား၏ ပံ့ပိုးခြင်းနှင့် ထောက်ပံ့ခြင်း မရှိဘဲ အားကောင်းနိုင်သလော။ သင်သည် သင်၏အားနည်းချက်ကို အောင်မြင်ကျော်လွှား နိုင်သလော။ သင်သည် အဘယ့်ကြောင့် အပျက်သဘောဆောင်ပြီး အားနည်းခဲ့ရသည်ကို သင် နားလည်နိုင်သလော။ လုံးဝ နားမလည်နိုင်ပေ။ သင်သည် သင်၏ တာဝန်ထမ်းဆောင်စဉ်တွင်၊ ပေါ့ပေါ့ဆဆနှင့် ဝတ်ကျေတမ်းကျေ ဖြစ်သည့်အခါ၊ သမ္မာတရားကို မရှာဖွေဘဲ သင်၏ ဖောက်ပြန်ပျက်စီးခြင်း ဤရှုထောင့်ကို ပြင်ဆင်နိုင်သလော။ သင်သည် ဘုရားသခင်ကို သစ္စာစောင့်သိနိုင်သလော။ လူများက သမ္မာတရားကို ရှာဖွေခြင်း မရှိပါက၊ မိမိတို့ကိုယ်ကိုယ် သိကျွမ်းပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို သိကျွမ်းပြီး ဖော်ထုတ်နိုင်သလော။ မဖော်ထုတ်နိုင်ပေ။ လူများက ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ မကြာခဏ ရှိပြီး၊ ၎င်းတို့၏ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများနှင့်ယှဉ်ပြီး အစဉ် သူ့ကို အကဲဖြတ်နေသည့်အခါ၊ ထိုသို့သော အရာများသည် သမ္မာတရား မရှိဘဲ ဖြေရှင်း၍ ရနိုင်သလော။ ယင်းတို့ကို မဖြေရှင်းနိုင်ပေ။ ငါတို့ ကြုံတွေ့ရသည့်အရာများစွာ၌- ငါတို့၏ နေ့စဉ်အသက်တာများ၌ အရေးကိစ္စများအပါအဝင်- ငါတို့ သမ္မာတရားကို မပိုင်ဆိုင်ပါက၊ သမ္မာတရားကို မရှာဖွေပါက၊ ပြီးလျှင် ဘုရားသခင်က ထိုသို့သော အမှုအရာများနှင့် သူ၏ အလိုတော်တို့နှင့် ပတ်သက်၍ ပြောသည့်အရာများကို ငါတို့ လျစ်လျူရှုထားပါက၊ ငါတို့သည် ငါတို့ကို ဖြစ်ပျက်သည့်အရာကို မည်သို့ ချဉ်းကပ်မည်နည်း။ အနည်းငယ်သာ၍ တော်သည့် သူများသည် ၎င်းတို့ ရင်းနှီးပြီးဖြစ်သည့် စကားများ၊ စကားရပ်များနှင့် စည်းမျဉ်းများကို အသုံးပြုလျက် သို့မဟုတ် လူ့နည်းစနစ်များကို အသုံးပြုလျက် ဖြေရှင်းချက်တစ်ခုကို ရှာဖွေဖို့ ကြိုးစားကြလိမ့်မည်၊ သို့ရာတွင် ဤအရာများက ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရာတွင် သမ္မာတရား၏နေရာကို အစားထိုးနိုင်သလော။ ငါတို့သည် သမ္မာတရားကို မရှာဖွေပါက၊ ယင်းက ငါတို့၏အသက်တာများထဲမှ မည်သည့်အရာမျှ အခြေခံသဘောတရား တစ်ခုတစ်လေ မရှိကြောင်း သို့မဟုတ် ငါတို့၌ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု မရှိကြောင်း ဆိုနိုင်သည်၊ ငါတို့၌ ရည်မှန်းချက် သို့မဟုတ် ဦးတည်ရာ တစ်ခုတစ်လေ ရှိရန် ဆိုနိုင်ဖို့ သာ၍ နည်းပေသည်။ ဤသည်က မှန်ကန်ပါက၊ ငါတို့ လုပ်ဆောင်သမျှသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်ပေသည်။ သို့ဖြစ်၍ သူသည် ငါတို့ လုပ်ဆောင်သမျှ အရာအားလုံးကို ရွံရှာပြီး မကျိန်ဆဲသလော။ ငါတို့၏အပြုအမူများသည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံရမည် မဟုတ်လော။ ထို့ကြောင့် သမ္မာတရားကို စစ်မှန်စွာ နားမလည်မီ၊ လူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းအချို့ကို ကြုံတွေ့ရဖို့ သာ၍ ဖြစ်နိုင်ချေရှိလိမ့်မည် ဖြစ်သည်- ယင်းတို့အားလုံး၏ ရည်ရွယ်ချက်မှာ လူများကို သမ္မာတရား ရရှိစေဖို့ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား အားထုတ်ခြင်း၏ အရေးပါမှုနှင့် လမ်းကြောင်း” မှ

အသက်တာကို ရှာဖွေရာ၌ သင်သည် အရာနှစ်ခုကို အာရုံစိုက်ရမည်- ပထမမှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အတွင်းရှိ သမ္မာတရားကို နားလည်ခြင်းနှင့် ဒုတိယမှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ သင့်ကိုယ်သင် နားလည်ခြင်းတို့ ဖြစ်သည်။ ဤအရာနှစ်ခုမှာ အခြေခံအကျဆုံးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြင်ပတွင် အသက်တာ သို့မဟုတ် သမ္မာတရားမရှိပေ။ သမ္မာတရားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ မရှာဖွေလျှင် ယင်းကို သင် မည်သည့်နေရာ၌ ရှာဖွေမည်နည်း။ ဤလောကတွင် သမ္မာတရား အဘယ်မှာရှိသနည်း။ လောက၏ စာအုပ်အားလုံးသည် နတ်ဆိုး စာတန်၏ သဘောတရားများဖြင့် ပြုစုထားသည်မဟုတ်လော။ ၎င်းတို့သည် သမ္မာတရား တစ်စက်မျှပင် မပါရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားကို နားလည်ခြင်းနှင့်ဆိုင်သော အရေးကြီးဆုံး အပိုင်းများမှာ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ နားလည်ခြင်း၊ လူ့အသက်တာကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ နားလည်ခြင်း၊ သမ္မာတရား၏ ရှုထောင့်အားလုံးကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ နားလည်ခြင်း၊ မိမိကိုယ်ကိုယ် စစ်မှန်စွာ နားလည်ခြင်းနှင့် ဘုရားသခင့် နှုတ်ကပတ်တော်များအတွင်း၌ လူသားဖြစ်တည်ခြင်း၏ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခြင်း။...သမ္မာတရားအားလုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ ရှိလေသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် ဝင်ရောက်ခြင်း မဟုတ်ပါက သမ္မာတရားထဲသို့ မဝင်ရောက်နိုင်ပေ။ သင် ရရှိရမည့် အဓိကရလဒ်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် သိနားလည်ခြင်းနှင့် အသိပညာတို့ကို ပိုင်ဆိုင်ခြင်းက မည်သည့်အရာဖြစ်သည်ကို သိရှိခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စစ်မှန်သော နားလည်ခြင်းဖြင့်၊ သင်သည် သမ္မာတရားကို နားလည်နိုင်သည်- ဤသည်မှာ အခြေခံအကျဆုံး အရာပင် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

တိုတိုပြောရလျှင်၊ မိမိ၏ ယုံကြည်ခြင်းတွင် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် သမ္မာတရားကို အားထုတ်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းခြင်းဟု အဓိပ္ပာယ်ရ၏၊ ယင်းသည် မိမိကိုယ်ကိုယ် အမှန်တကယ် သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်း၏ လမ်းကြောင်းလည်း ဖြစ်လေသည်။ ပေတရု၏လမ်းကြောင်းကို လျှောက်လှမ်းခြင်းအားဖြင့်သာ၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ်တွင် ရှိလိမ့်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ပေတရု၏ လမ်းကြောင်းကို မည်သို့ အတိအကျ လျှောက်လှမ်းရမည် ဆိုသည်နှင့် ယင်းအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည် ဆိုသည်တို့ကို ရှင်းလင်းစွာ သိရမည်။ ပထမဦးစွာ မိမိ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် မိသားစုနှင့် မိမိ၏ ဇာတိပကတိနှင့်ဆိုင်သော အရာအားလုံးကိုပင် ဘေးဖယ်ထားရမည်။ တစ်ဦးတစ်ယောက်အနေဖြင့် စိတ်နှလုံး အကြွင်းမဲ့ ဆက်ကပ်ရမည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ဆက်ကပ်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် သူ၏ရည်ရွယ်ချက်များကို ရှာဖွေခြင်းတို့အပေါ် အာရုံစိုက် ရမည်ဖြစ်ပြီး၊ အရာရာ၌ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နားလည်ဖို့ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် ပဓာန အကျဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ယေရှုကို မြင်ပြီးနောက် ပေတရုလုပ်ခဲ့သောအရာ ဖြစ်ခဲ့သည်၊ ထို့ပြင် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံးရလဒ်များကို ရယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်နှလုံးအကြွင်းမဲ့ ဆည်းကပ်ခြင်းတွင် သူ၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်း၌ အာရုံထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သာ၍များသော သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ ပါဝင်သည်။ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ ယိုယွင်းပျက်စီးသော သဘောသဘာဝနှင့် တကယ့် ချို့ယွင်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုသို့ဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ယှဉ်သော ကဏ္ဍအားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင်ထံမှ ရာချီသော စမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ လူသား အကြောင်း ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော် အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကြပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို နားလည် သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင် တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန် ကြိုးစားခဲ့ပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းပုံစံအားဖြင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူသိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ လူသား၏ ဖောက်ပြန်ပျက်စီးသည့် အခြေအနေမျိုးစုံတို့ကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရ၊ သဘာဝဗီဇနှင့် အမျိုးမျိုးသော အားနည်းချက် မျိုးစုံတို့ကိုလည်း သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေတရုသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်းကို ရရှိခဲ့သည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့သောအရာများ ဖြစ်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အမှုအတွက် သူ၏ အလိုတော်၊ လူသားမျိုးနွယ်အပေါ် သူ၏ တောင်းဆိုချက်များ စသည့် ဤနှုတ်ကပတ်တော်များမှ ဘုရားသခင်ကို လုံးလုံးလျားလျား သူ သိလာခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို သိလာခဲ့သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်းကောင်း သိနားလည် လာခဲ့သည်။ ဘုရားသခင်သည် ယနေ့စကားပြောသကဲ့သို့ ထိုအချိန်က များစွာ မပြောခဲ့သော်ငြားလည်း ဤကဏ္ဍများတွင် ပေတရုအထဲ၌ ရလဒ်များကို ရရှိခဲ့သည်။ ဤသည်မှာ ရှားပါး၍ အဖိုးတန်သောအရာ ဖြစ်ခဲ့လေသည်။ ပေတရုသည် ရာချီသောစမ်းသပ်မှုများကို ကြုံတွေ့ခဲ့သော်လည်း၊ အချည်းနှီး ခံစားခဲ့ရသည် မဟုတ်ပါ။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့မှ သူ့ကိုယ်သူ နားလည် လာခဲ့ရုံမျှမက ဘုရားသခင်ကိုလည်း သိကျွမ်းလာခဲ့သည်။ ထို့ပြင် သူ၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကို အထူးသဖြင့် သူအာရုံစိုက် ခဲ့သည်။ ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်ရန် လူသားသည် ဘုရားသခင်ကို မည်သည့်ကဏ္ဍများတွင်မဆို ကျေနပ်အားရစေသင့်သည့်အရာ၌ ပေတရုသည် ဤကဏ္ဍများတွင် ကြီးမားသော အားထုတ်ကြိုးပမ်းမှုကို စိုက်ထုတ်နိုင်ခဲ့ပြီး ရှင်းလင်းပြတ်သားမှု အပြည့်အဝ ရရှိလေသည်၊ ဤသည်မှာ သူ၏ဝင်ရောက်မှုနှင့် ပတ်သက်၍ အလွန့်အလွန် အကျိုးပြု ခဲ့လေသည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောဆိုခဲ့ပါစေ၊ ထိုနှုတ်ကပတ်တော်များသည် သူ့အသက် ဖြစ်လာနိုင်ပြီး ၎င်းတို့သည် သမ္မာတရားဖြစ်သရွေ့၊ ပေတရုသည် ယင်းတို့ကို မကြာခဏ ဆင်ခြင်အောက်မေ့ပြီး အရသာခံစားနိုင်ရန် သူ၏နှလုံးသားထက်တွင် ထွင်းထုမှတ်သားထားနိုင်ခဲ့သည်။ ယေရှု၏ နှုတ်ကပတ်တော်များကို ကြားနာပြီးနောက်၊ သူသည် ယင်းတို့ကို နှလုံးသွင်းနိုင်ခဲ့သည်၊ ဤအရာက သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် အထူးတလည် အာရုံစိုက်ပြီး နောက်ဆုံး၌ သူသည် အကျိုးကျေးဇူးများ အမှန်တကယ် ရရှိခဲ့ကြောင်း ပြသပါသည်။ တစ်နည်းအားဖြင့် ဆိုသော် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုလိုလားလား လက်တွေ့ကျင့်သုံးနိုင်ခဲ့ခြင်း၊ သမ္မာတရားကို တစ်သဝေမတိမ်း ကျင့်ဆောင်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်စွာ နေနိုင်ခဲ့ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ လုံးလုံးလျားလျား ကျင့်ကြံနိုင်ခဲ့ခြင်းနှင့် သူ၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးစိတ်သန်းများကို စွန့်ပယ်နိုင်ခဲ့ခြင်းတို့ပင် ဖြစ်သည်။ ဤနည်းအားဖြင့်၊ ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခဲ့သည်။ အဓိကအားဖြင့် ဤသို့ပြုလုပ်ခဲ့ပြီး ဖြစ်သောကြောင့် ပေတရု၏ အစေခံခြင်းမှာ ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ လူတစ်ဦးသည် မိမိ၏တာဝန်ကို ဖြည့်ဆည်းစဉ်တွင် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ကာ၊ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး၊ သမ္မာတရား၏ လက္ခဏာသွင်ပြင်များ အားလုံး၌ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပါက၊ ထိုသူသည် ဘုရားသခင်အားဖြင့် စုံလင်လာရသည့် လူတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် ထိုသို့သော လူတို့အတွက် လုံးလုံး ထိရောက်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ၏အသက် ဖြစ်လာပြီးဖြစ်သည်၊ သမ္မာတရားကို ၎င်းတို့ ရရှိပြီးဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ကြသည်ဟု ဆိုနိုင်သည်။ ထို့နောက်တွင် ၎င်းတို့ဇာတိပကတိ၏ သဘာဝသည်၊ ဆိုလိုသည်မှာ ၎င်းတို့ မူလတည်ရှိခြင်း၏ တကယ့်အခြေခံအုတ်မြစ်သည် တစ်ပိုင်းတစ်စစီ တုန်လှုပ်၍ ပြိုလဲလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် ပိုင်ဆိုင် ပြီးသည့်နောက်တွင်၊ လူသစ်များ ဖြစ်လာကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဘုရားသခင် အမှု၏ ရူပါရုံ၊ လူသားမျိုးနွယ် အပေါ်ထားရှိသည့် သူ၏ သတ်မှတ်ချက်များ၊ လူသားများထံ သူ၏ဖွင့်ပြချက်များနှင့် ၎င်းတို့ ဖြည့်ဆည်းဖို့ ဘုရားသခင် တောင်းဆိုသည့် စစ်မှန်သော အသက်တာအတွက် စံနှုန်းများသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများအတိုင်း ၎င်းတို့ အသက်ရှင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်စေခြင်း ခံရပေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ပြန်လည်မွေးဖွားသူများ ဖြစ်ကြပြီး၊ လူသစ်များ ဖြစ်လာကြပြီးဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ပေတရုရှာဖွေလိုက်စားခဲ့သော လမ်းကြောင်းဖြစ်၏၊ ယင်းသည် စုံလင်စေခြင်းခံရသည့် လမ်းကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် စုံလင်စေခြင်းခံရသည့် လမ်းကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အသက်ရခြင်း လမ်းကြောင်း ဖြစ်၏။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် သူ၏အသက်ဖြစ်လာပြီး ထိုအခါမှသာ သူသည် သမ္မာတရားကို ရရှိထားသူတစ်ဦး ဖြစ်လာ၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

ပေတရု ဖွေရှာခဲ့သည့် အရာအားလုံးမှာ ဘုရားသခင်၏ နှလုံးသားနှင့် ညီညွှတ်ခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် ကြိုးပမ်းခဲ့ပြီး၊ ဆင်းရဲဒုက္ခနှင့် အခက်အခဲတို့ကို ပဓာနမထားဘဲ၊ သူသည် ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် လိုလားနေဆဲ ဖြစ်ခဲ့သည်။ ဘုရားသခင်၌ ယုံကြည်သူတစ်ယောက်အားဖြင့် သာ၍ ကြီးမြတ်သော လိုက်စားခြင်း မရှိချေ။ ပေါလု ဖွေရှာခဲ့သည့်အရာမှာ သူ၏ ဇာတိပကတိ၊ သူကိုယ်တိုင်၏ အယူအဆများ၊ သူကိုယ်တိုင်၏ အစီအစဉ်များနှင့် အကြံအစည်များဖြင့် စွန်းထင်းခဲ့သည်။ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦး လုံးဝ မဟုတ်ခဲ့ပေ၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် ကြိုးစားသောတစ်ဦး မဟုတ်ခဲ့ချေ။ ပေတရုသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံရန် ကြိုးစားခဲ့ပြီး၊ သူ လုပ်ဆောင်ခဲ့သော အလုပ်သည် မကြီးမားခဲ့သော်လည်း၊ သူ၏ လိုက်စားခြင်း နောက်ကွယ်ရှိ ကြံရွယ်ချက်နှင့် သူလျှောက်ခဲ့သော လမ်းကြောင်းတို့ မှန်ကန်ခဲ့ပေသည်။ သူသည် လူများစွာကို မရရှိနိုင်ခဲ့သော်ငြားလည်း၊ သူသည် သမ္မာတရား၏ လမ်းခရီးကို လိုက်စားနိုင်ခဲ့သည်။ ဤအရာကြောင့် သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ယနေ့ခေတ်တွင် သင်သည် အမှုတော်ဆောင်တစ်ဦး မဟုတ် လျှင်ပင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်သင့်ပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ အားလုံးကို ကျိုးနွံနာခံရန် ကြိုးစားနိုင်သင့်ပေသည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ သင်သည် နာခံနိုင်သင့်ပြီး၊ ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်း မျိုးစုံတို့ကို တွေ့ကြုံခံစားနိုင်သင့်သည်၊ ပြီးလျှင် သင်သည် အားနည်းသော်ငြားလည်း၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို သင် ချစ်နိုင်ဆဲ ဖြစ်သင့်ပေသည်။ မိမိတို့၏ ကိုယ်ပိုင် အသက်တာအတွက် တာဝန်ယူသော သူများသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြပြီး၊ ထိုသို့သော လူများ၏ လိုက်စားခြင်းအပေါ် ရှုထောင့်အမြင်သည် မှန်ကန်သည့် ရှုထောင့်အမြင်တစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လိုအပ်သော လူများ ဖြစ်သည်။ အကယ်၍ သင်သည် အလုပ်များစွာ လုပ်ဆောင်ကာ၊ အခြားသူများက သင်၏ သွန်သင်ချက်များကို ရယူနိုင်ကြသော်လည်း၊ သင်ကိုယ်၌က မပြောင်းလဲခဲ့သကဲ့သို့ မည်သည့် သက်သေမျှ မခံခဲ့ပါက၊ သို့မဟုတ် စစ်မှန်သော မည်သည့် အတွေ့အကြုံမျှ မရှိခဲ့သည်မှာ သင့်အသက်တာ၏ အဆုံးတွင်၊ သင်လုပ်ဆောင်ပြီးဖြစ်သည့်အရာများထဲမှ မည်သည့်အရာကမျှ သက်သေမခံပါက၊ သင်သည် ပြောင်းလဲပြီးသော သူတစ်ဦး ဖြစ်ပါသလော။ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်ပါသလော။ ထိုအချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အသုံးပြုခဲ့သော်လည်း၊ သူသည် သင့်ကို အသုံးပြုသောအခါ၊ အလုပ်အဖို့ အသုံးပြုနိုင်သည့် အပိုင်းကိုသာ အသုံးပြုခဲ့ပြီး၊ အသုံးပြု၍ မရနိုင်မည့် အပိုင်းကို အသုံးမပြုခဲ့ချေ။ အကယ်၍ သင်သည် ပြောင်းလဲရန် ကြိုးစားခဲ့ပါက၊ သင်သည် အသုံးပြုခြင်းခံရသည့် ဖြစ်စဉ်အတောအတွင်းတွင် တဖြည်းဖြည်း စုံလင်စေခြင်း ခံရမည်ဖြစ်သည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်သည် နောက်ဆုံးတွင် သင် ရယူခြင်းခံရမည်၊ မခံရမည် ဆိုသည်အတွက် တာဝန်မယူသကဲ့သို့၊ ဤသည်မှာ သင်၏ လိုက်စားခြင်း နည်းဟန်ပေါ်တွင် မူတည်ပေသည်။ သင်၏ ကိုယ်ပိုင် စိတ်သဘောထားတွင် မည်သည့် ပြောင်းလဲခြင်းမျှ မရှိပါက၊ ယင်းမှာ လိုက်ခြင်းအပေါ် သင်၏ ရှုထောင့်အမြင်သည် မှားယွင်းသောကြောင့် ဖြစ်သည်။ သင်သည် မည်သည့် ဆုလာဘ်မျှ အပ်နှင်းမခံရပါက၊ ယင်းမှာ သင်ကိုယ်တိုင်၏ ပြဿနာ ဖြစ်ပြီး၊ သင်ကိုယ်တိုင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ ဘုရားသခင်၏ စိတ်ဆန္ဒကို မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်၏ ကိုယ်ပိုင် အတွေ့အကြုံများထက် မည်သည့်အရာကမျှ သာ၍ အရေးမကြီးသကဲ့သို့ သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုထက် မည်သည့်အရာကမျှ သာ၍ အရေးမပါချေ။ အဆုံးတွင် အချို့သော လူများက၊ “အကျွန်ုပ်သည် ကိုယ်တော့်အတွက် အလွန် များလှစွာသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ၊ မည်သည့် ထင်ရှားသော စွမ်းဆောင်အောင်မြင်မှုတို့ ပြုကောင်းပြုနိုင်မည်မဟုတ်သော်လည်း၊ အကျွန်ုပ်သည် အကျွန်ုပ်၏ အားထုတ်မှုများတွင် လုံ့လရှိဆဲဖြစ်လေပြီ။ အသက်၏အသီးကို စားသုံးရန် ကောင်းကင်ဘုံထဲသို့ ကိုယ်တော်သည် အကျွန်ုပ်အား ဝင်ခွင့်သာပေး၍ မရသလော။” ဟူ၍ ပြောကြပေလိမ့်မည်။ မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

သမ္မာတရားကို လိုက်စားခြင်းသည် လက်တွေ့ကျသော ပြဿနာတစ်ခုနှင့် လက်တွေ့ကျသော သင်ခန်းစာ တစ်ခုဖြစ်သည်။ ငါတို့သည် ငါတို့၏စိတ်ကူးများ၊ အတွေးအခေါ်များ၊ အယူအဆများ သို့မဟုတ် အသိပညာ အနည်းငယ်မျှပေါ်တွင် မှီခိုခြင်းအားဖြင့် သမ္မာတရားကို နားလည်ခြင်း သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့ကို ကြိုးပမ်းရရှိနိုင်ခြင်း မရှိပေ။ ယင်းက ထိုမျှ မလွယ်ကူပေ။ လိုအပ်သည့်အရာမှာ ငါတို့သည် အမှန်တကယ် အဖိုးအခပေးဖို့နှင့်၊ ငါတို့၏နေ့စဉ် အသက်တာများတွင် ယင်းကို အမှန်တကယ် တွေ့ကြုံဖို့၊ ရှာဖွေဖို့ စဉ်းစားဆင်ခြင်ဖို့၊ မိတ်သဟာယပြုဖို့နှင့် တိုးတက်အောင် အချိန်ယူဖို့ အမှန်တကယ် အားထုတ်ကြိုးပမ်းရန် ဖြစ်သည်။ သို့မှသာလျှင် ငါတို့သည် ဘုရားသခင့် နှုတ်ကပတ်တော်များနှင့်သမ္မာတရားတို့နှင့်စပ်လျဉ်း၍ ဝင်ရောက်မှုအချို့နှင့် တစ်စုံတစ်ခုကို နည်းနည်းချင်း စွမ်းဆောင်ရရှိလိမ့်မည်။ သမ္မာတရားသည် မည်သည့်အရာဖြစ်ပြီး၊ ယင်း၏အနှစ်သာရသည် မည်သည့်အရာဖြစ်သည်ကို နားလည်သည့် နေ့ရက်အချိန် ရောက်လာသည့်အခါ၊ လူ့ဇာတိခံ ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့ ကြုံတွေ့သည့်အရာအားလုံး၌ အမှန်တကယ် လက်တွေ့လုပ်ဆောင်ရမည့် အခြေခံသဘောတရားများဖြစ်ပြီး ယင်းတို့သည် ငါတို့အသက်တာများ၌ ရည်မှန်းချက်များနှင့် ဦးတည်ရာတို့ဖြစ်သည်ကို သတိပြုမိသည့်အခါ၊ ထိုအချိန်တွင် ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးသည် မည်မျှ အဓိပ္ပာယ်ရှိပြီး လူ့ဇာတိခံ ဘုရားသခင်သည် ငါတို့အဖို့ မည်မျှ အရေးကြီးပြီး တန်ဖိုးရှိသည်ကို သင်တွေ့မြင်လိမ့်မည်။ ဘုရားသခင် ပြောသမျှ အရာအားလုံး၊ သူလုပ်ဆောင်သည့်အမှု၏ အဆင့်တိုင်း၊ သူ၏မိန့်မြွက်ချက်တိုင်း၊ လုပ်ဆောင်ချက်တိုင်းနှင့် လှုပ်ရှားမှုတိုင်း၊ ပြီးလျှင် သူ၏စိတ်ကူးများအားလုံး၊ အမြင်ရှုထောင့်များ အားလုံးနှင့် အတွေးအခေါ်များအားလုံးတို့၏ နောက်ကွယ်မှ ရည်ရွယ်ချက်သည် လူကို ကယ်တင်ခြင်း ဆောင်ကြဉ်းပေးဖို့ ဖြစ်သည်။ ယင်းက လူများအား ကယ်တင်ခြင်းခံခွင့်ပေးဖို့ ဖြစ်သည်။ ယင်းတို့ထဲမှ တစ်ခုမျှ အနှစ်သာရမကင်းမဲ့ပေ။ ယင်းတို့ထဲမှ တစ်ခုချင်းစီတိုင်းသည် စစ်မှန်ပြီး အမှန်တကယ်ဖြစ်သည်။ ထို့ကြောင့် လူများသည် ကျေးဇူးတော်ခေတ်မှ လာသည်ဖြစ်စေ၊ မယုံကြည်သူများကြားမှ လာသည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် အိပ်မက်မက်ခြင်းကို ရပ်တန့်ရမည်။ ၎င်းတို့အားလုံးသည် ၎င်းတို့၏ စိတ်ကူးများ၏ မှန်ဘီလူးမှတစ်ဆင့် ဘုရားသခင်ကို ယုံကြည်ခြင်းအား ရပ်တန့်ရမည် ဖြစ်ပြီး၊ ၎င်းတို့၏ကိုယ်ပိုင် စိတ်ကူးယဉ်ဝါဒ၏ အနှစ်မဲ့သော အတွေးအခေါ်များ၌ ရှင်သန်ခြင်းကို ရပ်တန့်ရမည်။ ဘုရားသခင်၏ စစ်မှန်ပြီး မှန်ကန်သည့် အမှုသည် ငါတို့အား အမှန်တကယ် တွေ့ကြုံဖို့နှင့် အဖိုးအခပေးဆပ်ဖို့ လိုအပ်သည်။ သို့မှသာလျှင် အတွေ့အကြုံမှတစ်ဆင့် ငါတို့ ကြိုးပမ်းရရှိသည့် သမ္မာတရားသည် ငါတို့ရရှိသည့် အသက် ဖြစ်လာလိမ့်မည်။ ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားသည့်အခါ၊ ငါတို့ ရရှိသင့်သည့် အရာသည် သမ္မာတရားသာ ဖြစ်သည်။ သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်သည့်အခါ၊ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲ၌ နေရာတစ်ခု ရှိမည် ဖြစ်သည်- ယင်းက သူစွမ်းဆောင်ရရှိဖို့ ဆန္ဒရှိသည့်အရာ အတိအကျ ဖြစ်သည်။ သင်၏စိတ်နှလုံးထဲ၌ ယင်းက အမြစ်တွယ် ပြီးသည့်နောက်၊ သင်သည် သမ္မာတရားကို နားလည်ပြီး ယင်းက မည်သည့်အရာဖြစ်သည်ကို သဘောပေါက်လာသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် သင်သည် သမ္မာတရားကို အမှန်တကယ် တွေ့ကြုံပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်၊ စိတ်ထဲတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် သင်၏အသက် အမှန်တကယ် ဖြစ်လာပြီး ဖြစ်လိမ့်မည်။ ဤဖြစ်စဉ်သည် စစ်မှန်သလော။ ယင်းမှာ အမှန်တကယ် စစ်မှန်ပေသည်။ ထို့ကြောင့် ဤဖြစ်စဉ်၌ ငါတို့သည် မည်သည့်အရာကို လုပ်ဆောင်ဖို့ လိုသနည်း။ ပထမဦးစွာ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို တွေ့ကြုံခံစားရမည် ဖြစ်ပြီး ဝင်ရောက်ရမည်။ ငါတို့သည် ငါတို့ထဲ၌ သူလုပ်ဆောင်ဖို့ ဆန္ဒရှိသည့်အရာနှင့် သူကြိုးပမ်းရရှိလိုသည့် ရလဒ်များတို့ကို သတိပြုမိရမည် ဖြစ်သည်။ ငါတို့ထဲ၌ အဓိကအားဖြင့် စွမ်းဆောင်ရရှိဖို့ ဘုရားသခင် ဆန္ဒရှိသည့် ရလဒ်နှစ်ခုရှိသည်။ ပထမဦးစွာ ငါတို့အား မိမိတို့ကိုယ်ကိုယ် သိကျွမ်းစေဖို့နှင့်၊ ဒုတိယအားဖြင့် ဘုရားသခင်အား သိကျွမ်းစေဖို့ ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား အားထုတ်ခြင်း၏ အရေးပါမှုနှင့် လမ်းကြောင်း” မှ

ဘုရားသခင်သည် လူ၏ ယုံကြည်ခြင်းကို ခံရဖို့မဟုတ်ဘဲ၊ လူ၏ချစ်ခြင်းကို ခံရန်နှင့် လူ၏ လိုက်စားခြင်းနှင့် ကိုးကွယ်ခြင်းတို့ကို ခံရန်ဖြစ်သည်။ ယနေ့ သင် မလိုက်စားပါက၊ သင်က “ယခင်အချိန်က ငါသည် ဘုရားသခင်နောက်သို့ အဘယ်ကြောင့် ကောင်းစွာမလိုက်ခဲ့သနည်း၊ ကိုယ်တော့်ကို အဘယ်ကြောင့် ကောင်းစွာ စိတ်ကျေနပ်စေခြင်း မရှိခဲ့သနည်း၊ ငါ၏အသက် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို အဘယ်ကြောင့် ငါ မလိုက်စားခဲ့သနည်း။ ထိုအချိန်က ဘုရားသခင်ထံ မကျိုးနွံမနာခံနိုင်ခဲ့ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သက်ဆိုင်သည့် အသိပညာကို မလိုက်စားခဲ့ခြင်းအား ငါနောင်တ ရလိုက်လေခြင်း။ ထိုအချိန်က ဘုရားသခင်သည် အလွန်များစွာ ပြောခဲ့သည်။ ငါ အဘယ်သို့များ မလိုက်စားနိုင်လေပြီနည်း။ ငါသည် အလွန် မိုက်မဲခဲ့သည်တကား” ဟု ပြောသည့် နေ့ရက် ရောက်လာလိမ့်မည်။ သင်သည် သင့်ကိုယ်သင် အတိုင်းအတာ တစ်ခုအထိ မုန်းတီးမိလိမ့်မည်။ ယနေ့တွင် သင်သည် ငါပြောသောစကားများကို မယုံကြည်သကဲ့သို့၊ ယင်းတို့ကို သင် အာရုံမစိုက်ပေ။ ဤအမှုကို ဖြန့်ဝေရန်နှင့် ယင်း၏ အလုံးစုံကို သင် မြင်ရသည့် နေ့ရက် ရောက်လာသည့်အခါ၊ သင်နောင်တရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် သင်သည် မှင်တက်နေမိလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရှိသော်လည်း၊ ယင်းတို့ကို ပျော်မွေ့ရကောင်းမှန်း သင်မသိသကဲ့သို့၊ သမ္မာတရား ရှိသော်လည်း၊ သင်မလိုက်စားပေ။ သင်သည် အထင်သေးခံရအောင် မိမိဘာသာပြုခြင်း မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏အမှု နောက်တစ်ဆင့် မစတင်ရသေးသော်လည်း၊ သင်နှင့်သက်ဆိုင်၍ ပြုလုပ်ထားသည့် တောင်းဆိုချက်များနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုထားသော အရာများနှင့် ပတ်သက်၍ ပုံမှန်ထက်ပိုခြင်း မရှိပေ။ အလွန်များလှစွာသော အမှုရှိသကဲ့သို့၊ အလွန်များလှစွာသော သမ္မာတရားများရှိ၏။ ယင်းတို့ကို သင် သိထိုက်သည် မဟုတ်လော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို နိုးထစေနိုင်စွမ်း မရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးစေနိုင်စွမ်း မရှိသလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း၊ ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိနှင့်ပတ်သက်၍ အာသာငမ်းငမ်း ပျော်ပါးပြီး၊ စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် အသုံးမကျသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန် အသုံးမကျပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏- သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာ‌ခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။ သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

လူသည် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိအခြေအနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း ရှင်သန်ရန် လူသည် ပေတရုအကြောင်း အသိပညာနှင့် သူ၏ အတွေ့အကြုံများကို ပိုင်ဆိုင်ရမည်။ လူသည် ပိုမိုမြင့်မားပြီး ပိုမိုနက်နဲသိမ်မွေ့သော အရာများကို လေ့လာလိုက်စားရမည်။ သူသည် ဘုရားသခင်အား ပိုမိုလေးနက်၍ ပိုမိုဖြူစင်သော ချစ်ခြင်းအပြင် တန်ဖိုးနှင့် အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို ရှာဖွေလိုက်လျှောက်ရမည် ဖြစ်သည်။ ဤသည်သာ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏၊ သို့မှသာ လူသည် ပေတရုနှင့် တူမည်ဖြစ်သည်။ အကောင်းဘက်တွင် သင်၏ ဝင်ရောက်မှုအတွက် တက်ကြွထက်သန်ခြင်းကို သင်အာရုံစိုက်ရမည်၊ ပိုမိုလေးနက်ပြီး ပိုမိုတိကျကာ ပိုမိုလက်တွေ့ကျသည့် သမ္မာတရားများကို လျစ်လျူရှုရင်း တဒင်္ဂသာယာမှုအလို့ငှာ ဒုံရင်းသို့ပြန်ဆိုက်ရန် သင့်ကိုယ်သင် အညံ့ခံကာ ခွင့်မပြုရ။ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်၏ဘဝနှင့် မခြားသည့် အကျင့်စာရိတ္တပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ မိမိကိုယ်ကို လွတ်မြောက်စေရန် နည်းလမ်းများကို သင်ရှာရမည်။ သင်သည် အဓိပ္ပာယ်ရှိသောဘဝ၊ တန်ဖိုးရှိသောဘဝကို ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။ ဘုရားသခင်အား ချစ်ရန် ဆန္ဒပြင်းပြသော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့အလိုကိုဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတန်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ နောက်တစ်ကြိမ် အခွင့်အရေး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည်လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် ရည်မှန်းချက်များနှင့် စိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် အဓိပ္ပာယ်ပြည့်ဝရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။ လူသားတစ်ဦးအနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူတစ်ဦးအနေဖြင့် သင့်အသက်တာကို မည်သို့သဘောထားသင့်သည်၊ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ချစ်သင့်သည်တို့ကို အသေအချာ သင်စဉ်းစားနိုင်ရမည်။ ယနေ့၊ သင်မည်သို့ သိမ်းပိုက်ခံရကြောင်း ကိုသာ ကျေနပ်အားရနေ၍မဖြစ်၊ အနာဂတ်တွင် သင်လျှောက်လှမ်းမည့် လမ်းကြောင်းကိုလည်း စဉ်းစားရမည်။ သင့်တွင် စုံလင်အောင်ပြုခံရခြင်းငှာ ရည်မှန်းချက်များနှင့် ရဲရင့်ခြင်းရှိရမည်ဖြစ်ပြီး သင့်ကိုယ်သင် မစွမ်းဆောင်နိုင်သူဟု အမြဲမတွေးသင့်ပါ။ သမ္မာတရားတွင် မျက်နှာသာပေးခြင်းများ ရှိသလော။ သမ္မာတရားသည် လူများကို တမင်ရည်ရွယ်ကာ ဆန့်ကျင်နိုင်ပါသလော။ သင် သမ္မာတရားနောက်သို့လိုက်လျှင် ယင်းက သင့်အား ဒုက္ခပေးနိုင်သလော။ တရားမျှတမှုအတွက် သင်အခိုင်အမာရပ်တည်လျှင် ယင်းက သင့်ကို လဲပြိုစေမည်လော။ အသက်နောက်သို့လိုက်ရန်မှာ သင်၏ရည်မှန်းချက် အမှန်ဖြစ်ပါက အသက်က သင့်ကို တိမ်းရှောင်နိုင်မည်လော။ သင်သည် သမ္မာတရားနှင့်အတူ မရှိလျှင် ယင်းမှာ သမ္မာတရားက သင့်ကို မသိကျိုးကျွန်ပြုခြင်း မဟုတ်ဘဲ သင်က သမ္မာတရားနှင့်ဝေးရာမှာ နေသောကြောင့်သာဖြစ်သည်။ တရားမျှတမှုအတွက် သင်ခိုင်မြဲစွာ မရပ်တည်နိုင်လျှင် ယင်းမှာ တရားမျှတမှုတွင် တစ်စုံတစ်ခု မှားယွင်းနေခြင်းမဟုတ်ဘဲ ယင်းမှာ အချက်အလက်များနှင့်မညီဟု သင်ထင်သောကြောင့်ဖြစ်သည်။ နှစ်ပေါင်းများစွာ ရှာဖွေသော်လည်း အသက်ကို သင်မရသေးလျှင် ယင်းမှာ အသက်တာက သင့်အပေါ် ခွဲခြားသိမြင်စိတ် မရှိ၍မဟုတ်ဘဲ သင်က အသက်တာအပေါ် ခွဲခြားသိမြင်စိတ်မရှိဘဲ အသက်ကို မောင်းထုတ်ထားသောကြောင့် ဖြစ်သည်။ သင်သည် အလင်းထဲ၌နေပြီး အလင်းကိုရယူရန် မစွမ်းဆောင်နိုင်ခဲ့ပါက သင့်အပေါ်သို့ အလင်းမထွန်းတောက်နိုင် သောကြောင့် မဟုတ်ဘဲ အလင်းတည်ရှိခြင်းကို သင်အာရုံမစိုက်ထား သောကြောင့် အလင်းသည် သင့်ထံမှ တိတ်ဆိတ်စွာ ထွက်ခွာသွားခြင်းသာဖြစ်သည်။ သင် ကြိုးပမ်းအားထုတ်ခြင်း မရှိပါက သင်သည် အဖိုးမတန်သော အမှိုက်ဖြစ်သည်၊ သင့်အသက်တာတွင် ရဲရင့်ခြင်းမရှိ၊ အမှောင်စွမ်းအားကို ခုခံရန် စွမ်းအားမရှိဟုသာ ပြောနိုင်သည်။ သင်သည် ပျော့ညံ့လွန်း ပါတကား။ သင့်ကိုဝိုင်းထားသော စာတန်၏စွမ်းအားမှ လွတ်မြောက် နိုင်ခြင်းမရှိဘဲ ဤသို့သော လုံခြုံဘေးကင်းသည့်ဘဝကို နေထိုင်ပြီး မသိနားမလည်မှုများဖြင့် သေဆုံးသွားရန်သာ သင်အလိုရှိသည်။ သင်လုပ်ဆောင်ရမည်မှာ သိမ်းပိုက်ခြင်းခံရဖို့ ကြိုးပမ်းအားထုတ်ရန် ဖြစ်သည်၊ ဤသည်မှာ သင်၏ အလေးအနက်ထားရမည့် တာဝန်ဖြစ်သည်။ အကယ်၍ သင်သည် သိမ်းပိုက်ခံရမှုကို ကျေနပ်နေပါက အလင်းတည်ရှိမှုကို သင်မောင်းထုတ်ခြင်းဖြစ်သည်။ သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

အရှေ့သို့- ၂၁) ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၂၃) ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်ရန် ကြိုးစားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်