၁၀၅) သမ္မာတရားကို လိုက်စားခြင်းနှင့် မရေရာသော ယုံကြည်မှုတို့အကြား ခွဲခြားသိမြင်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) တစ်စုံတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များ စားသောက်ခြင်းကို အာရုံစိုက်ပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို လက်ခံသည်မှာ၊ ယင်းက ၎င်းတို့အား စစ်မှန်သော နောင်တရစေပြီး ပြောင်းလဲစေခြင်း ရှိမရှိ၊ သို့မဟုတ် တစ်စုံတစ်ဦးသည် အခြားသူများနောက်ကို ရောက်တတ်ရာရာ လိုက်ပြီး၊ ထိုသို့ဖြင့် မိမိတို့၏ နေ့ရက်များကို အေးဆေးသက်သာနှင့် မည်သည့်အရာမျှ မလုပ်ဘဲ ကုန်ဆုံးစေခြင်း ရှိမရှိကို ပိုင်းဖြတ်လော့။

(၂) တစ်စုံတစ်ဦးသည် သမ္မာတရားကို နားလည်မှုတစ်ခု ရရှိခြင်း၊ မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုတို့အပေါ် အာရုံစိုက်ခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့သည် အပြင်ပန်းအရာများ၊ စည်းမျဉ်းများကို လိုက်နာခြင်း၊ ပြီးလျှင် အယူအဆများနှင့် စိတ်ကူးများအားဖြင့် သီးသန့် လမ်းပြဦးဆောင်သည့် လုပ်ရပ်များကို အာရုံစိုက်ခြင်း ရှိမရှိ ဆိုသည်တို့ကို ပိုင်းဖြတ်လော့။

(၃) တစ်စုံတစ်ဦးသည် အရေးကိစ္စအားလုံး၌ သမ္မာတရား ရှာဖွေခြင်းအပေါ် အာရုံစိုက်ပြီး ၎င်း၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းဖို့ ၎င်းကို အသုံးပြုခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့သည် သက်သောင့်သက်သာဖြစ်ခြင်းကို ရှာဖွေပြီး မိမိတို့၏ဇာတိပကတိကို လိုက်လျောကာ၊ အယူဝါဒကို နားလည်ခြင်းသက်သက်ကိုသာ ရောင့်ရဲနေခြင်း ရှိမရှိကို ပိုင်းဖြတ်လော့။

(၄) တစ်စုံတစ်ဦးသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို ရှာဖွေခြင်းအပေါ်၊ ယင်းအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် အခြေခံသဘောတရားများအတိုင်း ပြုမူခြင်းတို့အပေါ် အာရုံစိုက်ခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်ကို လှည့်ဖြားရန်နှင့် သေသည်အထိ နောင်တမရရန် ကြိုးပမ်းရင်း သတိမမူသကဲ့သို့ ဝတ်ကျေတမ်းကျေဖြစ်ခြင်း ရှိမရှိဆိုသည်တို့ကို ပိုင်းဖြတ်လော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့် ညီညွတ်ရန် ၎င်းတို့ မည်သည့်အရာ လုပ်ရမည်ဆိုကြောင်းတို့ကို အနည်းငယ်ကသာ သိနားလည်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူများသည် “ဘုရားသခင်” ဆိုသည့် စကားလုံးနှင့် “ဘုရားသခင်၏ အမှု” ဟူသော စကားစုများနှင့် ရင်းနှီးကြသော်လည်း၊ ဘုရားသခင်ကို မသိကြဘဲ သူ၏ အမှုကို သာ၍ပင် မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို မသိသောသူများ အားလုံးသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် ရှုပ်ထွေးကြသည်မှာ မထူးဆန်းပေ။ လူများသည် ဘုရားသခင်ကို ယုံကြည်မှုအား အလေးအနက် မထားကြသကဲ့သို့၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် အလွန် မရင်းနှီးသောကြောင့်၊ အလွန်ပင် ထူးခြားနေသောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ဤနည်းဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများကို ပြည့်မီနိုင်ခြင်း မရှိကြချေ။ တစ်နည်းအားဖြင့် လူများသည် ဘုရားသခင်ကို မသိဘဲ၊ ဘုရားသခင်၏အမှုကိုလည်း မသိပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့မှာ ပို၍ပင် မဖြစ်နိုင်ချေ။ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော် လူများက ဘုရားသခင်ကို ယုံကြည်မှုသည် ရိုးရှင်းပြီး ပေါ့ပေါ့ပြက်ပြက် ကိစ္စတစ်ခုကဲ့သို့ ယေဘုယျအားဖြင့် မြင်တတ်ကြသည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောလူများသည် ဘုရားသခင်အား ယုံကြည်ဖို့ဆိုသည်မှာ အဘယ်အရာဆိုလိုသည်ကို မျက်ခြည်ပြတ်သွားခဲ့ကြကာ၊ ၎င်းတို့သည် တကယ့်အဆုံးအထိ ဆက်လက် ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ ဘုရားသခင်၏ လက်ခံခြင်းကို မည်သည့်အခါတွင်မျှ ရရှိမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းပေါ် နင်းလျှောက်ကြသောကြောင့် ဖြစ်သည်။ ယနေ့တွင် ကျမ်းဟောင်းတရားများ နှင့် အနှစ်မဲ့သည့် အယူဝါဒများအတိုင်း ဘုရားသခင်ကို ယုံကြည်သူများ ရှိနေသေးပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်မှု၏ အနှစ်သာရ ကင်းမဲ့သည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ဘုရားသခင်၏ လက်ခံခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ၎င်းတို့သည် ဘေးကင်းလုံခြုံခြင်း ကောင်းချီးမင်္ဂလာများနှင့် လုံလောက်သော ကျေးဇူးတော်ကို ဘုရားသခင်ထံ တောင်းလျှောက်ကြဆဲ ဖြစ်သည်။ ငါတို့ ရပ်တန့်ကြစို့၊ ငါတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေပြီး မိမိတို့ကိုယ်ကိုယ် မေးကြစို့- ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် အလွယ်ကူဆုံးသောအရာ ဖြစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ များစွာသော ကျေးဇူးတော် ရရှိခြင်းထက် ဘာမျှမပိုဟု ဆိုလိုသလော။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ဆန့်ကျင်သူတို့သည် ဘုရားသခင်၏အလိုကို အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံကြရပြီးဖြစ်ကာ လူသား၏ သဘာဝသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဖြစ်လေသည်။ သို့သော်၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူသားများအားလုံးထဲတွင်၊ ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံနိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သော သူအချို့ရှိသည်။ ထိုသူတို့သည် သမ္မာတရားကို ရရှိနိုင်ပြီး၊ စိတ်သဘောထား ပြောင်းလဲမှုကို ရရှိနိုင်သူများ ဖြစ်ကြသည်။ သမ္မာတရားကို ရှာဖွေခြင်းအပေါ် အာရုံမစိုက်သော သူများလည်း ရှိသည်။ ၎င်းတို့သည် အယူဝါဒများကို နားလည်ခြင်းမျှဖြင့် စိတ်ကျေနပ်ကြလေသည်။ ကောင်းမွန်သည့် အယူဝါဒကို ၎င်းတို့ ကြားပြီး ထိန်းသိမ်းကြကာ၊ ယင်းကို သိနားလည်ပြီးသည့်နောက်၊ ၎င်းတို့၏ တာဝန်များကို အဆင့်တစ်ခုထိ ၎င်းတို့ ဆောင်ရွက်နိုင်ကြလေသည်။ ဤလူများသည် ၎င်းတို့ကို လုပ်ဆောင်ခိုင်းသည့်အရာကို လုပ်ဆောင်ကြပြီး၊ သာမန် လူ့သဘာဝမျှ ရှိကြလေသည်။ ၎င်းတို့သည် အတိုင်းအတာတစ်ခုထိ အသုံးခံဖို့၊ လောကီဆန်ခြင်းကို စွန့်လွှတ်ဖို့နှင့် ဆင်းရဲဒုက္ခကို ခံရပ်ဖို့ လိုလိုလားလား ရှိကြသည်။ သို့သော်၊ သမ္မာတရားနှင့် စပ်လျဉ်း၍ ၎င်းတို့ စိတ်အားမထက်သန်ကြပေ။ အပြစ်မကျူးလွန်သည်မှာ လုံလောက်ပြီဟု ၎င်းတို့ ယုံကြည်ကြပြီး၊ သမ္မာတရား၏ အနှစ်သာရကို အစဉ် နားမလည်နိုင်ကြချေ။ ထိုသို့သော လူများသည် အဆုံးတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါက၊ ၎င်းတို့သည်လည်း ချမ်းသာပေးခြင်း ခံရနိုင်သည်၊ သို့သော် ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်း မရှိနိုင်ပေ။ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ခံရရန်နှင့် သင်၏ အသက် စိတ်သဘောထား၌ ပြောင်းလဲမှုကို ကြုံရဖို့ သင် ဆန္ဒရှိပါက၊ သင့်အနေဖြင့် သမ္မာတရားကို ချစ်ခြင်းနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိခြင်းတို့ ရှိရမည်။ သမ္မာတရားကို လက်ခံခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သမ္မာတရားကို လက်ခံခြင်း ဆိုသည်မှာ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး မဆိုရှိပါစေ၊ သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ မည်သည့် အဆိပ်များက သင်၏ သဘာဝဗီဇထဲတွင် ရှိသည်ဖြစ်စေ၊ ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည့်အခါ သင် အသိအမှတ်ပြုပြီး ဤနှုတ်ကပတ်တော်များကို နာခံ၏၊ သင်သည် မည်သည့် ဆင်ခြေမျှ ပေးခြင်းမရှိ သို့မဟုတ် စံရွေးဖို့ ကြိုးစားခြင်းမရှိဘဲ၊ ထိုအရာတို့ကို အကြွင်းမဲ့ သင် လက်ခံပြီး ကိုယ်တော်ပြောသည့် အရာပေါ် အခြေခံ၍ သင်သည် မိမိကိုယ်ကိုယ် သိရှိလာပေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံခြင်းအား ဆိုလိုသည့်အရာ ဖြစ်သည်။ ကိုယ်တော် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သင်၏စိတ်နှလုံးကို သူ၏ မိန့်မြွက်ချက်များက မည်မျှစူးဝင်သည် ဖြစ်စေ၊ ပြီးလျှင် မည်သည့်စကားများကို အသုံးပြုသည် ဖြစ်စေ၊ သူပြောသည့်အရာသည် သမ္မာတရား ဖြစ်သရွေ့ ယင်းကို သင် လက်ခံနိုင်ပြီး၊ လက်တွေ့အရှိတရားနှင့် ကိုက်ညီသရွေ့ ယင်းတို့ကို သင် အသိအမှတ်ပြုနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်မျှ နက်နက်ရှိုင်းရှိုင်း နားလည်သည်ကို ပဓာနမထားဘဲ ၎င်းတို့ကို သင် နာခံနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က ထုတ်ဖော်ပြပြီး ညီအစ်ကို မောင်နှမများက မိတ်သဟာယဖွဲ့ကြသည့် အလင်းကို သင် နာခံလေသည်။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို အဆင့်တစ်ခုထိ ရှာဖွေလိုက်စားပြီးသည့်အခါတွင်၊ သူသည် သမ္မာတရားကို ရရှိနိုင်ပြီး သူ၏ စိတ်သဘောထား ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သမ္မာတရားကို မချစ်သော သူတို့သည် သင့်တင့်လျောက်ပတ်သော လူသားသဘာဝ ရှိနိုင်ကြလျှင်ပင်၊ သမ္မာတရားနှင့် ပတ်သက်လာသည့်အခါတွင်၊ ၎င်းတို့သည် နားဝေတိမ်တောင် ဖြစ်ကြပြီး၊ ယင်းကို အလေးအနက် မထားကြချေ။ ၎င်းတို့အနေဖြင့် ကောင်းသော လုပ်ဆောင်ချက် အနည်းငယ် လုပ်ဆောင်နိုင်စွမ်းရှိကြပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံနိုင်ကြကာ စွန့်လွှတ်နိုင်စွမ်း ရှိကြသော်လည်း၊ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ၎င်းတို့ မရရှိနိုင်ကြချေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

လက်ရှိအချိန်တွင် စိတ်ရှုပ်ထွေးသည့်ပုံစံဖြင့် ယုံကြည်သောလူ များစွာ ရှိသည်။ သင်တို့သည် စူးစမ်းလိုစိတ် များလွန်းကြသည်၊ ကောင်းချီး မင်္ဂလာများအတွက် လိုအင်ဆန္ဒ များလွန်းကြပြီး၊ အသက်ကို ရှာဖွေဖို့ ပြင်းပြသောဆန္ဒမှာ နည်းပါးလွန်းလှသည်။ ယနေ့ခေတ် လူတို့သည် ယေရှုကို ၎င်းတို့၏ ယုံကြည်ကိုးကွယ်မှု၌ စိတ်အားထက်သန်မှုနှင့် ပြည့်နေကြသည်။ ယေရှုသည် ၎င်းတို့ကို ကောင်းကင်အိမ်တော်သို့ ပြန်ခေါ်ဆောင်မည် ဖြစ်သောကြောင့် ၎င်းတို့ မယုံကြည်ဘဲ အဘယ်သို့ နေနိုင်မည်နည်း။ လူအချို့သည် ၎င်းတို့တစ်သက်တာလုံး ယုံကြည်သူများ ဖြစ်ကြသည်။ အနှစ်လေးဆယ်၊ ငါးဆယ်ကြာ ယုံကြည်ခြင်းရှိပြီးသည့် နောက်တွင်ပင် ၎င်းတို့သည် ကျမ်းစာဖတ်ခြင်းကို ဘယ်သောအခါမျှ ငြီးငွေ့သွားခြင်း မရှိကြချေ။ ဤသည်မှာ မည်သည့်အရာ ဖြစ်ပျက်ပါစေ ယုံကြည်ခြင်းရှိနေသရွေ့ ကောင်းကင်ဘုံသို့ ရောက်ရှိလိမ့်မည်ဟု ၎င်းတို့ ထင်က ကြသောကြောင့် ဖြစ်သည်။ သင်တို့သည် ဤလမ်းကြောင်း တစ်လျှောက် နှစ်အနည်းငယ်မျှသာ ဘုရားသခင်နောက် လိုက်ကြပြီး ဖြစ်သည်၊ သို့သော်လည်း သင်တို့သည် ရည်မှန်းချက် ပျောက်ဆုံးကြလေပြီ။ ကောင်းချီးမင်္ဂလာရရှိဖို့ သင်တို့၏ စိတ်ဆန္ဒ ပြင်းပြလွန်းသောကြောင့် သင်တို့၏သည်းခံခြင်းကို ဆုံးရှုံးကြလေပြီ။ စစ်မှန်သော ဤလမ်းကို သင်တို့၏ လျှောက်လှမ်းခြင်းအား ကောင်းချီးမင်္ဂလာရရှိဖို့ဖြစ်သည့် သင်တို့၏ စိတ်ဆန္ဒနှင့် သင်တို့၏ သိချင်စိတ်ပြင်းပြခြင်းတို့က စိုးမိုးထားသည်။ အမှု၏ဤအဆင့်နှင့် စပ်လျဉ်း၍ သင်တို့၌ သိနားလည်မှုများစွာ မရှိကြချေ။ ယနေ့ ငါပြောနေသော အရာများစွာတို့သည် ယေရှုကို ယုံကြည်သောသူများအား ဦးတည်ခြင်း မဟုတ်သကဲ့သို့၊ ၎င်းတို့၏ အယူအဆများကို ဆန့်ကျင်ဖို့သာ ငါ ပြောနေခြင်းလည်း မဟုတ်ပေ။ အမှန်တွင်၊ သင်တို့သည် သမ္မာကျမ်းစာ ဘေးဖယ်ခံထားရသည့်အကြောင်းအရင်း၊ ယေဟာဝါ၏ အမှု ဟောင်းသွားသည်ဟု ငါ ပြောဆိုရသည့် အကြောင်းအရင်း၊ သို့မဟုတ် ယေရှု၏ အမှု အိုဟောင်းသွားပြီဟု ငါ ပြောဆိုသည့် အကြောင်းအရင်းကို သင်တို့ နားမလည်ကြသည့်အတွက်၊ ထုတ်ဖော်ခံရသည့် ဤအယူအဆများသည် သင်တို့၏ အတွင်းထဲ၌ရှိသော အယူအဆများပင် ဖြစ်သည်။ အမှန်မှာ သင်တို့ ဖွင့်ဟမပြောသည့် အယူအဆများစွာကို သင်တို့ သိုထားကြသည့်အပြင်၊ သင်တို့၏ စိတ်နှလုံးများထဲတွင် နက်နက်ရှိုင်းရှိုင်း ပိတ်ဆို့ထားသည့် အမြင်များစွာရှိကာ လူအုပ်နောက်ကိုသာ သင်တို့ လိုက်ကြလေသည်။ အယူအဆများစွာကို သင်တို့ သိုထားခြင်းမရှိဟု သင်တို့ အမှန်တကယ် ထင်ကြသလော။ သင်တို့သည် ၎င်းတို့ကို မပြောဆိုခြင်းသာ ဖြစ်သည်။ အမှန်တွင်၊ သင်တို့သည် ဘုရားသခင်နောက် ဝတ်ကျေတမ်းကျေသာ လိုက်ကြ၏၊ သင်တို့သည် စစ်မှန်သောလမ်းကို ရှာဖွေရန် လုံးဝ မလာကြသကဲ့သို့၊ အသက်ကို ရရှိခြင်း ရည်ရွယ်ချက်ဖြင့် မလာကြပေ။ သင်တို့၏ သဘောထားမှာ မည်သည့်အရာ ဖြစ်ပျက်မည်ကို မြင်ချင်ရုံသက်သက်သာ ဖြစ်သည်။ သင်တို့သည် သင်တို့၏ အယူအဆဟောင်းများကို လက်လွှတ်ခြင်းမရှိကြသောကြောင့်၊ မိမိတို့ကိုယ်ကိုယ် အပြည့်အဝ ဆက်ကပ်နိုင်သောသူတစ်ဦး သင်တို့ထဲတွင် မရှိပေ။ ဤအခြေအနေသို့ ရောက်ရှိပြီးဖြစ်သဖြင့်၊ နေ့နေ့ ညည အပြင်းအထန် လှုပ်ရှားနေသည့် သင်တို့၏ အတွေးများဖြင့်၊ သင်တို့သည် သင်တို့၏ကံကြမ္မာနှင့်ပတ်သက်၍ ဘယ်သောအခါမျှ လက်မလွှတ်နိုင်ဘဲ ဆက်လက် စိုးရိမ်ပူပန်နေကြပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။” မှ

အချို့လူတို့သည် ရှေ့ဆက်၍ လိုက်ပါကြပြီး အားအင်ဖြင့် ဆက်လက် လုပ်ဆောင်ကြကာ၊ ဘုရားသခင် စကားပြောသည့်အချိန်တွင် လက်တွေ့လုပ်ဆောင်ရန် လိုလားလျက်ရှိကြသော်လည်း၊ ဘုရားသခင် စကားမပြောသည့်အခါ ၎င်းတို့ ရှေ့ဆက်မတိုးကြတော့ပေ။ လူတို့သည် မိမိတို့၏စိတ်နှလုံးများအတွင်းတွင် ဘုရားသခင်၏အလိုတော်ကို နားမလည်ကြသေးသကဲ့သို့၊ ဘုရားသခင်အတွက် အလိုအလျောက်ဖြစ်သော ချစ်ခြင်းမေတ္တာမရှိပေ။ ယခင်က ၎င်းတို့ ဖိအားပေးခံခဲ့ရသောကြောင့် ဘုရားသခင်နောက်သို့ ၎င်းတို့ လိုက်ခဲ့ကြ၏။ ယခုတွင် ဘုရားသခင်၏ အမှုတော်ကို ငြီးငွေ့သောသူအချို့ ရှိသည်။ ထိုသို့သော လူများတွင် အန္တရာယ်ရှိသည် မဟုတ်လော။ များစွာသော လူတို့သည် နိုင်နိုင်နင်းနင်း ဆောင်ရွက်နေရုံ အခြေအနေတွင် ရှိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ စားသောက်ပြီး သူ့ထံ ဆုတောင်းကြသော်လည်း၊ အလွန်စိတ်မပါ့တပါ လုပ်ဆောင်ကြကာ ၎င်းတို့ တစ်ချိန်ကရှိခဲ့ကြဖူးသည့် တက်ကြွမှု မရှိကြတော့ပေ။ လူအများစုသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းအမှု၌ စိတ်ဝင်စားမှု မရှိကြသကဲ့သို့၊ ၎င်းတို့သည် စဉ်ဆက်မပြတ် မည်သည့် အတွင်းပိုင်း တက်ကြွမှုမျှ မရှိကြသည့်အလား ဖြစ်သည်။ အပြစ်များ၏ စီးနင်းခြင်းကို ခံရချိန်တွင် ၎င်းတို့သည် ဘုရားသခင်အပေါ် ကျေးဇူးကြွေးရှိနေသည်ဟု မခံစားရသကဲ့သို့၊ နောင်တခံစားဖို့ အသိစိတ်လည်း မရှိကြချေ။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားပေ၊ သို့မဟုတ် အသင်းတော်ကို စွန့်ခွာခြင်း မပြုကြပေ၊ ယင်းအစား၊ ယာယီပျော်ရွှင်မှုများကိုသာ လိုက်စားကြလေသည်။ ဤလူများသည် လုံးဝ အသုံးမကျသည့် မိုက်မဲသောသူများ ဖြစ်သည်။ အချိန်ကျရောက်လာသည့်အခါ၊ သူတို့အားလုံး မောင်းထုတ်ပစ်ခြင်း ခံရမည်ဖြစ်ပြီး၊ တစ်ဦးတစ်ယောက်မျှ ကယ်တင်ခံရလိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် တစ်ကြိမ်တစ်ခါ ကယ်တင်ခြင်းခံရပါက၊ အမြဲတမ်းကယ်တင်ခြင်း ခံရမည်ဟု သင်ထင်သလော။ ဤယုံကြည်မှုသည် လှည့်ဖြားခြင်းစစ်စစ် ဖြစ်သည်။ အသက်ထဲသို့ ဝင်ရောက်ခြင်းကို ရှာဖွေခြင်းမရှိသူများသည် ပြစ်တင်ဆုံးမခြင်း ခံရလိမ့်မည်။ လူအများစုသည် အသက်ထဲ ဝင်ရောက်ခြင်း၊ ရူပါရုံများ သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းတို့၌ လုံးဝစိတ်ဝင်စားခြင်း မရှိကြပေ။ ၎င်းတို့သည် ဝင်ရောက်ခြင်းကို အားမထုတ်ကြသကဲ့သို့၊ ပို၍နက်ရှိုင်းစွာ ဝင်ရောက်ခြင်းကို သေချာပေါက် အားမထုတ်ကြချေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဖျက်ဆီးနေခြင်း မဟုတ်လော။ ယခု၊ မိမိတို့၏ အခြေအနေများ စဉ်ဆက်မပြတ် တိုးတက်နေသည့် လူတစ်ချို့ ရှိ၏။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်လေလေ ၎င်းတို့သည် ယုံကြည်စိတ်ချမှု ရရှိလေလေ ဖြစ်သည်။ ၎င်းတို့ တွေ့ကြုံရလေလေ၊ ၎င်းတို့သည် ဘုရားသခင်၏အမှု၏ နက်နဲသိမ်မွေ့သော လျှို့ဝှက်ဆန်းကြယ်မှုကို ခံစားရလေလေ ဖြစ်သည်။ ၎င်းတို့ နက်ရှိုင်းစွာ ဝင်ရောက်လေလေ နားလည်လေလေ ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အလွန်ကြီးမားသည်ကို ၎င်းတို့ခံစားရပြီး၊ မိမိတို့ကိုယ်ကိုယ်အတွင်းတွင် တည်ငြိမ်မှုခံစားရကာ ဉာဏ်အလင်း ပေးခံရသည်။ ဘုရားအမှုတော်နှင့် သက်ဆိုင်သော သိနားလည်မှုတစ်ခု ၎င်းတို့၌ ရှိကြသည်။ ဤသည်မှာ ၎င်းတို့အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့် လူများ ဖြစ်သည်။ လူအချို့က “ဘုရားသခင်ထံမှ အသစ်သော နှုတ်ကပတ်တော်များ မရှိသော်လည်း၊ သမ္မာတရားထဲသို့ ပိုပြီးနက်ရှိုင်းစွာ သွားဖို့ ငါ ကြိုးစားဆဲဖြစ်ရမည်။ ငါ၏ တကယ့်အတွေ့အကြုံတွင် အရာရာနှင့် ပတ်သက်၍ ငါစိတ်အားထက်သန် ရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရမည်” ဟု ပြောကြသည်။ ဤသို့သော လူစားမျိုးသည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် ပိုင်ဆိုင်ကြ၏။ ဘုရားသခင်သည် သူ၏ မျက်နှာကို မပြသကဲ့သို့၊ လူတစ်ဦးစီတိုင်းထံမှ ပုန်းကွယ်နေသော်လည်း၊ ပြီးလျှင် စကားတစ်လုံးမှ မြွက်ဆိုခြင်းမရှိဘဲ လူတို့သည် အတွင်းပိုင်း စစ်ဆေးခြင်းအချို့ကို တွေ့ကြုံရသည့် အချိန်များ ရှိသော်ငြားလည်း၊ ဘုရားသခင်သည် လူတို့ကို လုံးဝထားရစ်ခဲ့ခြင်း မရှိပေ။ လူတစ်ဦးသည် ၎င်းဆောင်ရွက်သင့်သည့် သမ္မာတရားကို ထိန်းသိမ်းနိုင်ခြင်း မရှိက၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိလိမ့်မည် မဟုတ်ပေ။ စစ်ဆေးခြင်း ကာလအတွင်းတွင်၊ ဘုရားသခင်သည် မိမိကိုယ်ကိုယ် ပြသခြင်း မရှိသည့် ကာလအတွင်းတွင်၊ သင်သည် မိမိကိုယ်ကိုယုံကြည်မှုမရှိဘဲ ယင်းအစား နောက်တွန့်ပါက၊ သူ၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခြင်း အပေါ် သင် အာရုံမစိုက်ပါက၊ သင်သည် ဘုရားသခင်၏အမှုမှ ထွက်ပြေးခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သင်သည် မောင်းထုတ်ခံရသူများထဲမှ တစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်ရန် အားမထုတ်သော သူတို့သည် ဘုရားသခင်အတွက် သက်သေအဖြစ် အမှန်တကယ် မရပ်တည်နိုင်ပေ။ ဘုရားသခင်အတွက် သက်သေခံနိုင်ပြီး၊ သူ၏ အလိုတော်ကို ဖြည့်ဆည်းနိုင်သော သူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လိုက်စားရှာဖွေရန် ၎င်းတို့၏စိတ်ဓာတ်ခွန်အားအပေါ် လုံးလုံးလျားလျား မှီခိုအားထားကြသည်။ လူတို့အထဲတွင် ဘုရားသခင်ဆောင်ရွက်သော အမှုမှာ အဓိကအားဖြင့် ၎င်းတို့အား သမ္မာတရားကို ရရှိစေခွင့်ပေးရန် ဖြစ်သည်။ သင့်အား အသက်ကို လိုက်စားရှာဖွေစေခြင်းသည် သင့်ကို စုံလင်စေရန်အလို့ငှါဖြစ်ပြီး၊ ဤသည်မှာ ဘုရားသခင်၏အသုံးပြုမှုအတွက် သင့်ကို သင့်တော်စေဖို့သာ ဖြစ်သည်။ ယခု သင် လိုက်စားရှာဖွေနေသော အရာအားလုံးမှာ နက်နဲမှုများကို ကြားရခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ သင့်မျက်စိများကို အစာကျွေးခြင်းနှင့် အသစ်အဆန်း သို့မဟုတ် ရေပန်းစားမှုတစ်ချို့ ရှိမရှိ ဆိုသည်ကို မြင်ရဖို့ ဟိုဟိုသည်သည် ကြည့်ခြင်းနှင့် ထိုသို့ဖြင့် သင်၏ သိချင်စိတ်ကို ကျေနပ်စေခြင်းတို့ ဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်နှလုံးထဲရှိ ရည်ရွယ်ချက်ဖြစ်ပါက၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန် သင့်အတွက် နည်းလမ်းမရှိပေ။ သမ္မာတရားကို လိုက်စားရှာဖွေခြင်း မရှိသောသူများသည် တကယ့်အဆုံးထိတိုင် မလိုက်လျှောက်နိုင်ကြချေ။ ယခု၊ ဘုရားသခင်သည် တစ်စုံတစ်ရာကို မလုပ်ဆောင်ခြင်းမဟုတ်ဘဲ၊ ယင်းထက် လူတို့က ဘုရားသခင်၏အမှုတော်ကို ငြီးငွေ့ကြသောကြောင့် ဘုရားသခင်နှင့် ပူးပေါင်းမလုပ်ဆောင်ကြခြင်း ဖြစ်သည်။ ကောင်းချီးများ ပေးသနားရန် သူပြောသည့် နှုတ်ကပတ်တော်များကိုသာ ၎င်းတို့ ကြားချင်ကြပြီး၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို ကြားဖို့ရန် လိုလားခြင်း မရှိကြချေ။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းမှာ ကောင်းချီးမင်္ဂလာများကိုရလိုသည့် လူတို့၏ စိတ်ဆန္ဒများသည် ဖြည့်ဆည်းခြင်းမခံခဲ့ရသောကြောင့် ၎င်းတို့သည် အပျက်သဘောဆောင်ကာ အားနည်းလာခဲ့ကြသည်။ ဘုရားသခင်သည် လူတို့ကို သူ့နောက်လိုက်ရန် တမင်ခွင့်မပြုခြင်း မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်ကို ထိုးနှက်မှုများ တမင်သက်သက် ပေးနေခြင်းလည်း မဟုတ်ပေ။ လူတို့သည် ၎င်းတို့၏ ရည်ရွယ်ချက်များ မမှန်ကန်သောကြောင့်သာ အပျက်သဘောဆောင်ပြီး အားနည်းကြခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူသားကို အသက်ပေးသော ဘုရားဖြစ်ပြီး သူသည် လူသားကို သေခြင်းသို့ မပို့နိုင်ပေ။ လူတို့၏ အပျက်သဘောဆောင်ခြင်း၊ အားနည်းချက်များနှင့် ပြန်လျောကျသွားခြင်း အားလုံးသည် မိမိတို့ဘာသာ လုပ်ဆောင်ခြင်းကြောင့် ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” မှ

ဘုရားသခင်သည် သင်တို့ တစ်ဦးစီတိုင်းကို စုံလင်စေရန် လိုလားလျက်ရှိ၏။ ယခုအခြေအနေတွင်၊ လူအများစုသည် ဘုရားသခင်၏အမှုကို အလွန်ကြာမြင့်စွာ လက်ခံနှင့်ကြပြီး ဖြစ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ အရိပ်ခိုခြင်းမျှထိသာ မိမိတို့ကိုယ်ကိုယ် ကန့်သတ်ထားကြကာ ဇာတိပကတိ၏ သက်သာမှုအနည်းငယ်ကို ၎င်းတို့အား ပေးရန်သာ ဘုရားသခင်ကို အခွင့်ပေးဖို့ လိုလားနေကြသော်လည်း၊ သာ၍များပြီး သာ၍ မြင့်မားသော ထုတ်ဖော်ခြင်းများကို ရရှိရန် လိုလားလျက်မရှိကြပေ။ ဤရာက လူသား၏စိတ်နှလုံးသည် အမြဲ ပြင်ပတွင် ရှိနေသေးသည်ကို ပြသပေသည်။ လူသား၏အလုပ်၊ သူ၏အစေခံခြင်းနှင့် သူ၏ဘုရားသခင်ကိုချစ်ခြင်း နှလုံးသားသည် မစင်ကြယ်မှုများ သာ၍ နည်းပါးသော်လည်း၊ သူ၏ အတွင်းပိုင်း အနှစ်သာရနှင့် မတိုးတက်သော အတွေးခေါ်ခြင်းတို့နှင့် ပတ်သက်သရွေ့၊ လူသားသည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို အစဉ်မပြတ် ရှာဖွေနေသေးကာ၊ လူသားကို ဘုရားသခင် စုံလင်စေခြင်း၏ သတ်မှတ်ချက်များနှင့် ရည်ရွယ်ချက်များ မည်သည့်အရာများ ဖြစ်နိုင်သည်ကို ဘာမျှအရေးမထားပေ။ ထို့ကြောင့် လူအများစု၏ အသက်တာများသည် အောက်တန်းကျကာ ယိုယွင်းဆဲ ဖြစ်သည်။ ၎င်းတို့၏ အသက်တာများသည် စိုးစဉ်းမျှ ပြောင်းလဲခြင်းမရှိလေပြီ။ ၎င်းတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းကို အရေးကြီးသည့်ကိစ္စတစ်ခုအဖြစ် လုံးဝမယူမှတ်ကြချေ၊ ယင်းမှာ ၎င်းတို့အနေဖြင့် ဟန်ဆောင်လုပ်ပြနေကြပြီး ဖြစ်ကတတ်ဆန်း နေရင်း၊ မရေရာသော တည်ရှိခြင်းတွင် လွင့်မျောလျက်၊ အခြားသူများအတွက်သာ ယုံကြည်ခြင်း ရှိသည့်အလား ဖြစ်သည်။ သာ၍များပြီး သာ၍ ကြွယ်ဝသော အရာများကို ရရှိရင်း၊ ယနေ့တွင် ဘုရားသခင်၏အိမ်၌ သာ၍ကြီးမြတ်သော ကြွယ်ဝမှုနှင့်ဆိုင်သည့် လူများ ဖြစ်လာရင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို သာ၍ ရရှိရင်း၊ အရာခပ်သိမ်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်နိုင်သောသူ နည်းပါးပေသည်။ သင်သည် အရာခပ်သိမ်း၌ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ကြိုးစားပြီး၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင် ကတိပေးထားသည့်အရာကို ရရှိနိုင်ပါက၊ အရာခပ်သိမ်း၌ သင်သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခံရဖို့ ကြိုးစားပြီး၊ နှစ်ကာလများကို အလဟဿ လက်လွတ်မသွားစေပါက၊ ဤသည်မှာ တက်ကြွစွာ ဝင်ရောက်ရန် အကောင်းဆုံးသော လမ်းကြောင်းဖြစ်သည်။ ထိုသို့ဖြင့်သာ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုက်တန်ကာ အရည်အချင်း ပြည့်မီလာလိမ့်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ” မှ

သင်၌ ဘုရားသခင်၏ အမှုကို သိကျွမ်းခြင်းမရှိပါက၊ ဘုရားသခင်နှင့် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည်ကို သင်သိလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ အမှုများ၏ အခြေခံသဘောတရားများကို မသိကျွမ်းဘဲ၊ စာတန်သည် လူသား၌ မည်သို့ အလုပ်လုပ်သည်ကို သတိမမူမိပါက၊ သင့်တွင် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းရှိမည် မဟုတ်ပေ။ စိတ်အားထက်သန်စွာ လိုက်စားခြင်း တစ်ခုတည်းက သင့်အား ဘုရားသခင် တောင်းဆိုသော ရလဒ်များကို ရရှိစေလိမ့်မည် မဟုတ်ပေ။ ယင်းသို့သော တွေ့ကြုံခြင်းနည်းလမ်းသည်- မည်သည့်ခြားနားမှုမျှ မရှိဘဲ၊ အတွေ့အကြုံကိုသာ အာရုံစိုက်ပြီး၊ စာတန်၏ အလုပ်သည် မည်သည့်အရာဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်မရှိဘဲ လူသားသည် မည်သည့်အခြေအနေတွင် ရှိသည်၊ ထို့ပြင် ဘုရားသခင်က မည်သည့် လူအမျိုးအစားကို စုံလင်အောင်ပြုပေးလိုသည် စသည်တို့ကို လုံးဝသတိမမူမိခြင်း ဖြစ်သည့်- လောရန့်စ်၏ တွေ့ကြုံခြင်း နည်းလမ်းနှင့် ဆင်တူသည်။ လူမျိုးစုံနှင့် ဆက်ဆံရသောအခါ၊ မည်သည့် အခြေခံသဘောတရားများကို ခံယူသင့်သည်၊ လက်ရှိတွင် ဘုရားသခင်၏ အလိုတော်ကို မည်သို့ နားလည်သဘောပေါက်ရမည်၊ ဘုရားသခင်၏ စိတ်သဘောထားကို မည်သို့ သိရမည်၊ ထို့ပြင် ဘုရားသခင်၏ သနားကရုဏာ၊ ဘုန်းအာနုဘော်နှင့် ဖြောင့်မတ်ခြင်းတို့ကို မည်သည့်လူများအပေါ်၊ မည်သည့် အခြေအနေများနှင့် မည်သည့် ခေတ်ကာလတို့ကို ရည်ရွယ်ထားသည် စသည့် အရာတို့တစ်ခုကိုမျှ သူ၌ ထိုးထွင်းသိမြင်မှု မရှိပေ။ လူတို့သည် သူတို့၏အတွေ့အကြုံများအတွက် အုတ်မြစ်အဖြစ် ရူပါရုံပေါင်းစုံ မရှိလျှင်၊ အတွေ့အကြုံကို မဆိုထားနှင့်၊ အသက်ကိုပင် မရရှိနိုင်ပေ။ ထိုသူတို့သည် မိုက်မဲစွာ အရာရာကို ဆက်၍ ကျိုးနွံနေပြီး သည်းခံနေနိုင်သည်။ ထိုကဲ့သို့သော လူတို့ကို စုံလင်အောင် ပြုလုပ်ရန် ခက်ခဲလှပေသည်။ သင်၌ အထက်တွင် ပြောထားသော ရူပါရုံများ ဘာတစ်ခုမျှ မရှိလျှင်၊ သင်သည် ငတုံးငအဖြစ်ကြောင်း၊ သင်သည် ဣသရေလနိုင်ငံတွင် အမြဲရပ်တည်နေသော ဆားတိုင်နှင့် အလားတူကြောင်း လုံလောက်သော သက်သေပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ယင်းကဲ့သို့သော လူများသည် အသုံးမကျသောသူများ၊ အသုံးမဝင်သောသူများ ဖြစ်ကြသည်တကား။ အချို့လူများသည် မျက်စိစုံမှိတ်လျက်သာ ကျိုးနွံနာခံကြသည်၊ ထိုသူတို့သည် သူတို့ကိုယ်သူတို့ အစဉ်အမြဲ သိပြီး အသစ်သော အကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ၊ သူတို့ကိုယ်တိုင်၏ လုပ်ဆောင်နည်းများကိုသာ အစဉ်အသုံးပြုတတ်သည်၊ သို့မဟုတ် ဖော်ပြရန် မထိုက်တန်သည့် အသေးအဖွဲကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် “ဉာဏ်ပညာ” ကို အသုံးပြုကြသည်။ ထိုကဲ့သို့သော လူများသည် ထိုးထွင်းသိမြင်မှု ကင်းမဲ့သူများဖြစ်ပြီး၊ ယင်းသည် သူတို့၏ သဘာဝမှာ ရမယ်ရှာခံရခြင်းကို ကြိတ်မှိတ် လက်ခံထားမည့် အလားဖြစ်ပြီး၊ သူတို့သည် အစဉ်အမြဲ မထူးခြား၊ ဘယ်တော့မှ မပြောင်းလဲပေ။ ဤကဲ့သို့သောလူတို့သည် ပိုင်းခြားသိမြင်နိုင်မှု စိုးစဉ်းမျှပင်မရှိသည့် လူမိုက်များပင် ဖြစ်ကြသည်။ ထိုသူတို့သည် အခြေအနေများ သို့မဟုတ် မတူညီသောလူများနှင့် သင့်တင့်လျော်ကန်သော ဆောင်ရွက်မှုများပြုလုပ်ဖို့ မည်သည့်အခါမျှ မကြိုးစားကြပေ။ ယင်းသို့သော လူများတွင် အတွေ့အကြုံ မရှိကြ။ ကိုယ့်ကိုယ်ကိုသိခြင်းထဲ၌ နစ်မြုပ်နေလွန်းသဖြင့် နတ်ဆိုးတို့၏အလုပ် စွဲကပ်ခြင်းခံရသည့် လူတို့နှင့် ရင်ဆိုင်တွေ့ရသောအခါ၊ ထ၍ ပြစ်တင်ရှုတ်ချရန် မဝံ့ရဲကြဘဲ၊ ဦးခေါင်းများကို ငုံ့ထားကြပြီး မိမိတို့၏အပြစ်များကို ဝန်ခံကြသည့် လူအချို့ကို ငါတွေ့ခဲ့ဖူးသည်။ ထို့အပြင် သန့်ရှင်းသောဝိညာဉ်တော်၏ သိသာထင်ရှားသော လုပ်ဆောင်မှုနှင့် ရင်ဆိုင်ရသောအခါ၊ ထိုသူတို့သည် မနာခံဝံ့ကြပေ။ နတ်ဆိုးများသည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ဟု သူတို့ယုံကြည်ကြပြီး၊ ထ၍ ယင်းတို့ကို ခုခံရန် သတ္တိစိုးစဉ်းမျှ ထိုသူတို့၌ မရှိကြချေ။ ထိုကဲ့သို့သော လူများသည် ဘုရားသခင်ကို အရှက် ရစေကြပြီး၊ သူ့အတွက် လေးလံသောဝန်တစ်ခုကို ထမ်းရွက်နိုင်စွမ်း လုံးလုံးလျားလျား မရှိကြချေ။ ထိုကဲ့သို့သော ငတုံးငအများသည် မည်သည့်ခြားနားမှုကိုမျှ မသိကြပေ။ ထို့ကြောင့် ထိုကဲ့သို့သော တွေ့ကြုံနည်းသည် ဘုရားသခင်၏ အမြင်တွင် မရပ်တည်နိုင်သဖြင့် ယင်းတို့ကို နုတ်ပယ်သင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတွေ့အကြုံနှင့်ပတ်သက်၍” မှ

ဘုရားသခင်ကို လိုက်စားခြင်း၌ လူသားသည် ရပ်တည်ရန် မိမိကိုယ်ပိုင် အနေအထားမရှိဘဲ၊ မည်သည့်သမ္မာတရား ဆွဲကိုင်သင့်သည်ကို သူမသိလျှင်၊ သူထံတွင် အခြေခံအုတ်မြစ်မရှိဟု ဆိုလိုပြီး၊ ထို့ကြောင့် သူ့အတွက် ခိုင်ခိုင်မာမာ ရပ်တည်ဖို့မှာ မလွယ်ကူပေ။ ယနေ့တွင် သမ္မာတရားကို နားမလည်သောသူ၊ အကောင်းနှင့် အဆိုးမခွဲခြားတတ်သောသူ သို့မဟုတ် ချစ်ရမည့်၊ မုန်းရမည့်အရာကို မသိသောသူ များစွာရှိသည်။ ထိုကဲ့သို့သော လူတို့သည် အခိုင်အမာ ရပ်တည်ဖို့ မဖြစ်နိုင်ပေ။ ဘုရားသခင်၌ ယုံကြည်မှုအတွက် အဓိကသော့ချက်မှာ၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး၊ ဘုရားသခင်၏ အလိုတော်ကို ဂရုစိုက်ကာ၊ ဇာတိပကတိ၌ သူကြွလာချိန် လူသားအပေါ် ဘုရားသခင်၏အမှုနှင့် သူပြောဆိုသည့် အခြေခံသဘောတရားများကို သိရှိနိုင်စွမ်းရှိခြင်း ဖြစ်သည်။ လူထုနောက်ကို မလိုက်နှင့်။ သင်ဝင်ရောက်သင့်သည့် အရာအတွက် အခြေခံသဘောတရားများ သင့်မှာရှိရမည်ဖြစ်ပြီး ယင်းတို့ကို စွဲကိုင်ထားရမည်။ ဘုရားသခင်၏ ဉာဏ်အလင်းက ဆောင်ကြဉ်းပေးသော သင့်အတွင်းရှိ ထိုအရာတို့ကို ခိုင်ခိုင်မာမာ စွဲကိုင်ခြင်းသည် သင့်ကို အကူအညီဖြစ်စေသည်။ သင်မစွဲကိုင်လျှင်၊ သင်သည် ယနေ့ လမ်းတစ်ခု ချော်မည်၊ မနက်ဖြန် အခြားတစ်ခု ချော်မည်ဖြစ်ပြီး၊ စစ်မှန်သည့်အရာများကို မည်သည့်အခါမျှ သင်ရလိမ့်မည်မဟုတ်။ ဤသို့ဖြစ်ဖို့ရန်မှာ သင့်ကိုယ်ပိုင် ဘဝအတွက် အကျိုးမရှိပေ။ သမ္မာတရားကို နားမလည်သော သူတို့သည် အခြားသူများနောက် အမြဲလိုက်ကြ၏၊ လူတို့က ဤအရာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သည် ဟုဆိုလျှင်၊ သင်သည်လည်းပဲ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု ဆိုသည်၊ လူများက ယင်းမှာ နတ်ဆိုးတစ်ကောင်အလုပ် ဖြစ်သည်ဟုဆိုလျှင်၊ သင်သည်လည်းပဲ သံသယဖြစ်လာသည်၊ သို့မဟုတ် ယင်းမှာ နတ်ဆိုး တစ်ကောင်၏ အလုပ်ဖြစ်သည်ဟု ဆိုသည်။ သင်သည် အခြားသူတို့၏စကားကို အမြဲသံယောင်လိုက်ပြီး၊ မိမိကိုယ်တိုင် မည်သည့်အရာမှ ခွဲခြားနိုင်စွမ်းမရှိ သို့မဟုတ် ကိုယ့်အဖို့ကိုယ် စဉ်းစားနိုင်စွမ်းမရှိပေ။ ဤသည်မှာ ရှုထောင့်တစ်ရပ် မရှိသောသူ၊ ခွဲခြားရန် မတတ်နိုင်သူဖြစ်သည်- ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် တန်ဖိုးမဲ့ ကံဆိုးသူတစ်ဦးဖြစ်၏။ သင်သည် အခြားသူများ၏ စကားများကို လိုက်ပြောတတ်ကြသည်၊ ယနေ့ ဤအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်သည်ဟု ဆို၏၊ သို့သော် တစ်နေ့တွင် တစ်စုံတစ်ယောက်က ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် မဟုတ်ဘဲ၊ ယင်းမှာ အမှန်တကယ်တွင် လူသား၏ လုပ်ဆောင်ချက်သာဖြစ်သည်ဟု ပြောမည့် အလားအလာများ ရှိနေသည်- သို့သော် ဤအရာကို သင်ထိုးထွင်းမမြင်နိုင်ဘဲ၊ အခြားသူများမှ ပြောသည်ကို သင်မျက်မြင်ကိုယ်တွေ့ ကြုံသောအခါ၊ သင်လည်း တထေရာတည်း ပြောလေသည်။ ယင်းမှာ အမှန်တကယ် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ဖြစ်သော်လည်း၊ သင်က လူသား၏အလုပ်ဖြစ်သည်ဟု ဆိုသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပုတ်ခတ်ပြောဆိုသူတို့ထဲမှ တစ်ဦးဖြစ်လာပြီ မဟုတ်လော။ ဤအရာ၌ သင်သည် မခွဲခြားနိုင်သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီမဟုတ်လော။ တစ်နေ့တွင် “ဤအရာသည် ဆိုးယုတ်သောဝိညာဉ်၏ အလုပ်ဖြစ်သည်။” ဟုဆိုသော မိုက်မဲသူ တစ်ဦး ပေါ်လာကောင်း ပေါ်လာနိုင်ပြီး၊ ထိုစကားများကို သင်ကြားသည့်အခါ၊ သင်သည် ဘာပြောရမှန်းမသိဖြစ်ကာ နောက်တဖန် အခြားသူများ၏ စကားများဖြင့် ချည်နှောင်ခြင်း ခံရနိုင်သည်။ တစ်စုံတစ်ဦးက အာရုံပျက်စေဖို့ ဖြစ်ပေါ်စေတိုင်း၊ သင်၏ အနေအထားမှ ရပ်တည်ခြင်းငှာ သင်မတတ်စွမ်းနိုင်၊ ဤအရာအားလုံး ဖြစ်ရသည်မှာ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို သိခြင်းကို လိုက်စားခြင်းသည် ရိုးရှင်းသောအရာ မဟုတ်ပေ။ ၎င်းတို့ကို အတူတကွ စည်းရုံးခြင်းနှင့် တရားဟောချက်ကို နားထောင်ခြင်းအားဖြင့်သာ မရရှိနိုင်သလို၊ စိတ်အားထက်သန်မှု တစ်ခုတည်းအားဖြင့် သင်သည် စုံလင်စေခြင်းမခံရနိုင်ပေ။ သင်သည် တွေ့ကြုံခံစားပြီး သိမှတ်ကာ၊ သင်၏ လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရားကောင်း ရမည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိရမည်။ အတွေ့အကြုံများကို သင် ဖြတ်သန်းပြီးသောအခါ သင်သည် အမှုအရာများစွာကို ခွဲခြားနိုင်လိမ့်မည်- သင်သည် ကောင်းမှုနှင့် မကောင်းမှု၊ ဖြောင့်မတ်ခြင်းနှင့် ဆိုးညစ်မှု၊ သွေးသားနှင့် ဆိုင်သောအရာနှင့် သမ္မာတရားနှင့်စပ်ဆိုင်သော အရာတို့အကြား ခွဲခြားနိုင်လိမ့်မည်။ သင်သည် ဤအရာအားလုံးတို့အကြား ခွဲခြားနိုင်စွမ်းရှိသင့်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ မည်သည့် အခြေအနေများတွင်မဆို၊ သင်သည် မည်သည့်အခါမျှ ပျောက်ဆုံး လိမ့်မည်မဟုတ်။ ဤအရာသည်သာ သင်၏ ဝိညာဉ်ရင့်ကျက်မှု အစစ်အမှန် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” မှ

လူအချို့သည် မိမိတို့၏ လိုက်စားမှုတွင် များစွာ စိတ်အားထက်သန်ကြ၏၊ သို့တိုင် မှန်ကန်သော လမ်းကြောင်းပေါ် မဝင်ရောက်နိုင်ကြချေ။ ဤသည်မှာ ၎င်းတို့သည် သတိမမူလွန်းသောကြောင့်နှင့် ဝိညာဉ်ရေး အမှုအရာများကို အာရုံမစိုက်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့တွေ့ကြုံ ရမည်ကို ၎င်းတို့ မသိကြသကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်များနှင့် ၎င်းရှိနေခြင်းသည် မည်သည့် အရာဖြစ်သည်ကို မသိကြချေ။ ထိုသို့သော လူတို့သည် စိတ်အားထက်သန်ကြသော်လည်း မိုက်မဲကြလေသည်။ ၎င်းတို့သည် အသက်ကို မလိုက်စားကြချေ။ ယင်းမှာ သင်သည် ဝိညာဉ်တော်နှင့်ဆိုင်သော အသိပညာ စိုးစဉ်းမျှ မရှိသောကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ဆဲ အမှု၌ တိုးတက်မှုနှင့်ဆိုင်၍ မည်သည့်အရာမျှ သင် မသိသကဲ့သို့ သင်၏ ကိုယ်ပိုင် စိတ်ဝိညာဉ်အတွင်းရှိ အခြေအနေကို မသိမှတ်သောကြောင့် ဖြစ်သည်။ ထိုသို့သော လူတို့၏ ယုံကြည်ခြင်းသည် မိုက်မဲသော ယုံကြည်ခြင်းမျိုး ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတို့၏ လိုက်စားမှုသည် နောက်ဆုံးတွင် မည်သည့်အရာမျှ မဖြစ်ထွန်းပေ။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဘဝတွင် ကြီးထွားမှုရရှိဖို့ရန် သော့ချက်မှာ သင်၏ အတွေ့အကြုံ၌ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ကို သိရှိခြင်း၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို ရှုမြင်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို သိနားလည်ခြင်းတို့ ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ စီစဉ်မှုများအားလုံးကို သင် နာခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ အသက်တာဖြစ်လာဖို့အလို့ငှာ သင့်အထဲ၌ ပေါ်ပေါက်စေကာ ထိုသို့အားဖြင့် ဘုရားသခင်ကို သင် စိတ်ကျေနပ်စေသည်အထိ ဖြစ်သည်။ သင်၏ ယုံကြည်ခြင်းက မိုက်မဲသော ယုံကြည်ခြင်းတစ်ခု ဖြစ်ပါက၊ သင်သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များနှင့် သင်၏ အသက်တာ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို အာရုံမစိုက်ပါက၊ သမ္မာတရားအပေါ် မည်သည့် အားထုတ်မှုမျှ သင် မပြုပါက၊ သင်သည် ဘုရားသခင်၏ အလိုကို သဘောပေါက်နိုင်လိမ့်မည်လော။ ဘုရားသခင် တောင်းဆိုသည့်အရာကို သင် နားမလည်ပါက၊ သင်သည် တွေ့ကြုံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်သဖြင့် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း ရှိလိမ့်မည်မဟုတ်ချေ။ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များမှ သင် သိလာနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ကြုံတွေ့သည်နှင့်အမျှ သင် အာရုံစိုက်ရမည့်အရာမှာ သင့်အထဲတွင် ၎င်းတို့ ဖြစ်ပေါ်စေသည့် သက်ရောက်မှု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့သာ သင်သိသော်လည်း ၎င်းတို့အား မည်သို့ တွေ့ကြံရမည်ကို မသိပါက၊ သင်သည် ဝိညာဉ်ရေး ကိစ္စရပ်များကို မသိနားမလည်ကြောင်း ဤအရာက ပြသည်မဟုတ်လော။ ယခုတွင်ပင်၊ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံနိုင်စွမ်း မရှိကြသဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အမှုကို မသိကြချေ။ ဤသည်မှာ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု၌ အားနည်းချက်တစ်ခု ဖြစ်သည် မဟုတ်လော။ ၎င်းတို့ ဤကဲ့သို့ ဆက်သွားပါက၊ မည်သည့်အချိန်တွင် အမှုအရာများကို ကြွယ်ဝပြည့်စုံစွာ ၎င်းတို့ တွေ့ကြုံပြီး မိမိတို့၏ အသက်တာများတွင် ကြီးထွားမှုကို ၎င်းတို့ ရရှိနိုင်စွမ်းရှိလိမ့်မည်နည်း။ ဤသည်မှာ အချည်းနှီး ပြောဆိုခြင်းမျှသာ သဘောသက်ရောက်သည် မဟုတ်လော။ သင်တို့အထဲတွင် သဘောတရားအပေါ် အာရုံစိုက်သူ၊ ဝိညာဉ်ရေးရာကိစ္စရပ်များကို ဘာမျှမသိသော်လည်း ဘုရားသခင်အားဖြင့် ကြီးကြီးမားမား အသုံးခံရရန်နှင့် ဘုရားသခင်အားဖြင့် ကောင်းချီးပေးခြင်းခံရရန် ဆန္ဒရှိသူများစွာ ရှိ၏။ ဤသည်မှာ လုံးဝ လက်တွေ့မကျချေ။ ဤအကြောင်းကြောင့်၊ သင်တို့အားလုံး သင်တို့၏ ဝိညာဉ်ရေးရာ အသက်တာများတွင် မှန်ကန်သော လမ်းကြောင်းပေါ် ဝင်ရောက်နိုင်ဖို့၊ စစ်မှန်သော အတွေ့အကြုံများ ရှိနိုင်ဖို့နှင့် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ အမှန်တကယ် ဝင်ရောက်နိုင် ဖို့အလို့ငှာ ဤအားနည်းချက်ကို သင်တို့ အဆုံးသတ်ရပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပုံမှန်အခြေအနေတစ်ခုထဲသို့ ဝင်ရောက်ပုံ” မှ

ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သင်၏ သန္နိဋ္ဌာန်ကို ကိုင်လှုပ်နိုင်သည့်အရာများ၊ သင်၏ စိတ်နှလုံး၌ နေရာယူနိုင်သည့်အရာများ၊ သို့မဟုတ် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်းကို ကန့်သတ်နိုင်သည့်အရာများ နှင့် သင်၏ ရှေ့ဆက် တိုးတက်မှု ဖြစ်သည့် နေ့တိုင်း ဖြစ်ပေါ်သည့်အရာများအားလုံးသည်- လုံ့လဝီရိယရှိသည့် စိစစ်ကုစားမှု လိုအပ်ပေသည်။ ၎င်းတို့ကို သေချာစွာ ဆန်းစစ်သင့်ပြီး ၎င်းတို့၏ သမ္မာတရားကို ရှာဖွေသင့်ပေသည်။ ဤအရာများ အားလုံးသည် အတွေ့အကြုံနယ်ပယ်အတွင်း ဖြစ်ပျက်သည့် အရာများအားလုံးဖြစ်သည်။ အချို့လူတို့သည် ၎င်းတို့အပေါ် အပျက်သဘောဆောင်ခြင်း ကျရောက်သောအခါ၊ ၎င်းတို့၏ တာဝန်မှ နုတ်ထွက်ကြပြီး ဆုတ်ဆိုင်းမှုတစ်ခုချင်းစီ နောက်ပိုင်းတွင် ပြန်ထဖို့ ၎င်းတို့၏ခြေဖြင့်ပင် ပြန်တွားမသွားနိုင်ကြပေ။ ဤလူအားလုံးတို့သည် သမ္မာတရားကို မချစ်သော လူနုံလူအများဖြစ်ကြပြီး၊ ၎င်းတို့သည် တစ်သက်တာလုံး ယုံကြည်ခြင်းဖြင့်ပင် ယင်းကို ရကြလိမ့်မည် မဟုတ်ပေ။ ယင်းကဲ့သို့ လူနုံလူအများသည် အဆုံးတိုင် အဘယ်သို့ လိုက်နိုင်မည်နည်း။ အလားတူအရာသည် သင့်ထံ ဆယ်ကြိမ် ဖြစ်ပျက်သော်လည်း၊ ထိုအရာမှ သင် ဘာမျှမရရှိပါက၊ သင်သည် သာမန်မျှ၊ အသုံးမကျသော လူတစ်ဦးဖြစ်သည်။ ပါးနပ်ချက်ချာသော လူများနှင့် ဝိညာဉ်ရေးရာကိစ္စများကို နားလည်သော စစ်မှန်သော အရည်အချင်းရှိသူများမှာ သမ္မာတရားကို ရှာဖွေသောသူများ ဖြစ်သည်၊ ၎င်းတို့ထံ တစ်စုံတစ်ရာ ဆယ်ကြိမ် ဖြစ်ပျက်ပါက၊ ထိုကိစ္စများထဲမှ ရှစ်ကြိမ်တွင်၊ လှုံ့ဆော်အားပေးမှုတစ်ချို့ကို ၎င်းတို့ ရရှိနိုင်ကြပေမည်၊ သင်ခန်းစာတစ်ချို့ကို သင်ယူနိုင်ကြပေမည်၊ ဉာဏ်အလင်းပေးခြင်း အချို့ကို ရရှိကာ တိုးတက်မှု အချို့ကို ပြုလုပ်ကောင်း ပြုလုပ်နိုင်ကြပေမည်။ ဝိညာဉ်ရေးရာကိစ္စများကို နားမလည်သော လူနုံလူအတစ်ဦးအပေါ် အမှုအရာများ ဆယ်ကြိမ် ဖြစ်သောအခါ၊ တစ်ကြိမ်မျှ ၎င်းတို့၏ ဘဝကို အကျိုးရှိစေလိမ့်မည်မဟုတ်၊ တစ်ကြိမ်တစ်ခါမျှ ၎င်းတို့ကို ပြောင်းလဲစေလိမ့်မည်မဟုတ်သကဲ့သို့၊ တစ်ကြိမ်တစ်ခါမျှ သဘာဝကို နားလည်စေလိမ့်မည်မဟုတ်၊ ယင်းမှာ ၎င်းတို့အတွက် အဆုံးသတ်ဖြစ်ပေသည်။ ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်းတွင်၊ ၎င်းတို့ လဲကျကြသည်၊ ၎င်းတို့ လဲကျသည့်အခါတိုင်းတွင်၊ ၎င်းတို့ကို အားပေးဖို့နှင့် ချော့ဖို့ အခြားတစ်စုံတစ်ဦးကို ၎င်းတို့ လိုအပ်ကြသည်။ အားပေးခြင်းနှင့် ချော့မော့ခြင်း မရှိဘဲ၊ ၎င်းတို့ မထနိုင်ကြပေ။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အကြိမ်တိုင်းတွင် ၎င်းတို့ လဲကျမည့် အန္တရာယ်တွင် ရှိကြပါက၊ ပြီးလျှင် အကြိမ်တိုင်းတွင် ၎င်းတို့အနေဖြင့် ၎င်းတို့ စွန့်ပစ်ခံရမည့် အန္တရာယ်ရှိပါက၊ ဤသည်မှာ ၎င်းတို့အတွက် အဆုံးသတ်ဖြစ်သည် မဟုတ်လော။ ထိုသို့သော အသုံးမကျသည့် ဤလူများကို ကယ်တင်ရန်အတွက် အခြားအကြောင်းပြချက် တစ်ခုတစ်လေ ရှိသေးသလော။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ကယ်တင်ခြင်းမှာ သမ္မာတရားကို ချစ်သောသူတို့အား ကယ်တင်ခြင်း၊ လိုအင်ဆန္ဒနှင့် သန္နိဋ္ဌာန်ရှိသည့် ၎င်းတို့၏ တစ်စိတ်တစ်ဒေသနှင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို တမ်းတသော ၎င်းတို့၏ တစ်စိတ်တစ်ဒေသကို ကယ်တင်ခြင်း ဖြစ်သည်။ လူတစ်ဦး၌ စိတ်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းနှင့် သမ္မာတရားကို တမ်းတပြီး အသိတရား ပိုင်ဆိုင်သည့် ၎င်းတို့ စိတ်နှလုံးထဲရှိ ၎င်းတို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး ရရှိရန်၊ ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းသည် ဆေးကြောသန့်စင်ခံရပြီး ၎င်းတို့၏အသက်စိတ်သဘောထား ပြောင်းလဲနိုင်ရန်အလို့ငှာ ဘုရားသခင်သည် လူတို့၏ ဤတစ်စိတ်တစ်ဒေသကို ကယ်တင်ပြီး ယင်းမှတစ်ဆင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲလေသည်။ သင်သည် သင့်အတွင်း၌ ဤအရာများ မရှိလျှင်၊ ကယ်တင်မခံရနိုင်ပေ။ အကယ်၍ သင်အတွင်း၌ သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းနှင့် အလင်းအတွက် ပြင်းပြသောဆန္ဒမရှိပါက၊ သင် မကောင်းမှုနှင့် ကြုံတွေ့သည့်အခါတိုင်း၊ သင်သည် မကောင်းသောအရာများကို စွန့်ပစ်လိုစိတ် မရှိသကဲ့သို့၊ အခက်အခဲကို ခံစားရန် စိတ်ဆုံးဖြတ်ချက် မရှိပေ၊ ထို့အပြင် သင်၏အသိတရားသည် ထုံထိုင်းနေပါက၊ သမ္မာတရားကို လက်ခံနိုင်သော သင်၏စွမ်းရည်မှာလည်း ထုံထိုင်းကာ၊ သင်သည် သမ္မာတရား၊ ဖြစ်ပေါ်နေသော အဖြစ်အပျက်များနှင့် မယဉ်ပါးပါက၊ ပြီးလျှင် ကိစ္စရပ်အားလုံးတွင် သင်သည် မသိမြင်တတ်သကဲ့သို့၊ အမှုအရာများကို သင့်ဘာသာ မကိုင်တွယ်နိုင်ပါက၊ သို့မဟုတ် မဖြေရှင်းနိုင်ပါက၊ ကယ်တင်ခြင်းခံရရန် မဖြစ်နိုင်ပေ။ ထိုသို့သော လူတစ်ဦးသည် ၎င်းတို့ကို ထောက်ခံရန် တစ်စုံတစ်ခုမျှမရှိ၊ ဆက်လက်လုပ်ဆောင်ရန် ထိုက်တန်သောအရာ တစ်စုံတစ်ခုမျှ မရှိပေ။ ၎င်းတို့၏ အသိစိတ်က ထုံထိုင်းသည်၊ ၎င်းတို့၏ စိတ်က မကြည်လင်ပေ၊ ပြီးလျှင် သမ္မာတရားကို ၎င်းတို့ မချစ်ကြသကဲ့သို့၊ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ဖြောင့်မတ်ခြင်းကို မတမ်းတကြပေ၊ ဘုရားသခင်သည် သမ္မာတရားကိုမည်မျှပင် ရှင်းရှင်းလင်းလင်း သို့မဟုတ် ပွင့်ပွင့်လင်းလင်း ပြောစေကာမူ၊ ၎င်းတို့သည် သေဆုံးနှင့်ပြီးဖြစ်ကြသည့်အလား တုံ့ပြန်ခြင်းမရှိကြပေ။ အမှုအရာများသည် ၎င်းတို့အတွက် ဆုံးခန်းတိုင်ပြီ မဟုတ်သလော။ ၎င်းတို့ထဲတွင် ထွက်သက်ဝင်သက် ကျန်ရှိသော လူတစ်ဦးသည် အသက်ရှူကူခြင်းဖြင့် ကယ်တင်၍ရနိုင်သော်လည်း၊ အကယ်၍ ၎င်းတို့သည် သေဆုံးနှင့်ပြီး ၎င်းတို့၏ဝိညာဉ် ထွက်သွားခဲ့ပြီးပါက၊ အသက်ရှူကူခြင်းသည် မည်သို့မျှ အလုပ်ဖြစ်မည်မဟုတ်ပေ။ အကယ်၍ သင်သည် ပြဿနာတစ်ခုကို ကြုံတွေ့ရသည့်အချိန်တိုင်း၊ ထိုပြဿနာမှ နောက်တွန့်သွားကာ၊ ရှောင်ဖယ်ဖို့ ကြိုးစားပါက၊ ဤသည်မှာ သင်သည် သက်သေခံခြင်း မရှိသေးသည်ကို ဆိုလိုသည်။ ဤသို့ဖြင့် သင့်ကို မည်သည့်အခါမျှ ကယ်တင်၍ရမည် မဟုတ်ဘဲ၊ သင် ကြီးစွာ ဒုက္ခရောက်လေပြီ။ ပြဿနာတစ်ခု သင့်အပေါ် ကျရောက်သောအခါ၊ သင့်အနေဖြင့် ခေါင်းအေးအေးထားကာ မှန်ကန်သော ချဉ်းကပ်မှုရှိရမည်ဖြစ်ပြီး၊ ရွေးချယ်မှုတစ်ခုကို သင် ပြုလုပ်ရမည်။ ပြဿနာကို ဖြေရှင်းရန်သမ္မာတရားကို အသုံးပြုဖို့ သင် သင်ယူသင့်သည်။ ပုံမှန်အချိန်များတွင်၊ သမ္မာတရား အချို့ကို နားလည်ခြင်းသည် အဘယ်အသုံးဝင်သနည်း။ ယင်းမှာ သင်၏ ဝမ်းကို ပြည့်စေရန်မဟုတ်ပေ၊ ပြီးလျှင် ယင်းသည် သင့်ကို တစ်စုံတစ်ရာ ပြောစေရန်မျှမဟုတ်သကဲ့သို့၊ အခြားသူများ၏ ပြဿနာများကို ဖြေရှင်းရန်လည်း မဟုတ်ပေ။ သာ၍ အရေးကြီးသည်မှာ၊ ယင်း၏ အသုံးဝင်မှုသည် သင်ကိုယ်တိုင် ပြဿနာများ၊ သင်ကိုယ်တိုင်၏ အခက်အခဲများကို ဖြေရှင်းရန် ဖြစ်ပြီး- သင်ကိုယ်တိုင်၏ အခက်အခဲများကို သင် ဖြေရှင်းပြီးမှသာ၊ အခြားသူများ၏ အခက်အခဲများကို သင် ဖြေရှင်းနိုင်ပေသည်။ ပေတရုကို အသီးအပွင့်ဖြစ်သည်ဟု အဘယ့်ကြောင့် ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် သူ၌ ထိုက်တန်သော အရာများ၊ စုံလင်စေရန် ထိုက်တန်သောအရာများ ရှိသောကြောင့် ဖြစ်သည်။ သူသည် သမ္မာတရားကို ရှာဖွေဖို့ စိတ်ဆုံးဖြတ်ထားခဲ့ပြီး လိုအင်ဆန္ဒ ခိုင်မာခဲ့ပေသည်။ သူ၌ ဆင်ခြင်တုံတရားရှိခဲ့၏၊ အခက်အခဲကို ခံစားရန် လိုလိုလားလား ရှိခဲ့သကဲ့သို့၊ သူသည် စိတ်နှလုံးထဲတွင် သမ္မာတရားကို ချစ်ကာ ဖြစ်လာသည့်အရာကို သူ လက်မလွှတ်ခဲ့ပေ။ ဤအရာအားလုံးမှာ အားသာချက်များဖြစ်သည်။ သင်သည် ဤအားသာချက်များထဲမှ မည်သည့်အရာမျှ မရှိပါက၊ ဒုက္ခရောက်ပြီဟု ဆိုလိုပေသည်။ သင်သည် တွေ့ကြုံနိုင်စွမ်းမရှိသကဲ့သို့ မည်သည့်အရာမျှ မရှိပေ၊ ပြီးလျှင် အခြားသူများ၏ အခက်အခဲများကို သင် မဖြေရှင်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်သည် မည်သို့ ဝင်ရောက်ရမည်ကို မသိသောကြောင့် ဖြစ်သည်။ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အခါ၊ သင်သည် စိတ်ရှုပ်ထွေးလေသည်။ သင် စိတ်သောကရောက်သည်၊ ငိုကြွေးသည်၊ အပျက်သဘောဆောင်လာသည်၊ ထွက်ပြေးသွားပြီး၊ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မှန်ကန်စွာ သင် မကိုင်တွယ်နိုင်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်ဇဝေဇဝါဖြစ်နေသောလူများကို မကယ်တင်နိုင်ပေ” မှ

ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ပတ်သက်လာလျှင် သင်၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်ခြင်းအပြင် အဓိကသော့ချက်ကျသည့်အရာမှာ သမ္မာတရားကို နားလည်ခြင်း၊ သမ္မာတရား စစ်မှန်မှုကို ဝင်ရောက်ခြင်းနှင့် အသက်ထဲသို့ ဝင်ရောက်ဖို့ သာ၍ ကြိုးပမ်းအားထုတ်ခြင်းတို့ဖြစ်သည်။ သင်၌ တစ်စုံတစ်ရာ ဖြစ်သည့်အခါ မရှောင်ရှားနှင့်။ သင်သည် ပြဿနာတစ်ခုကို ကြုံတွေ့ပြီး သင်၌ အတွေးအချို့ ရှိသည့်အခါ၊ သို့မဟုတ် အချို့သော အပြုအမူများကို ထင်ရှားပြသည့်အခါ၊ ပြီးလျှင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သင်ခံစားရသော်လည်း မည်သည့်အရာ ဖြစ်နေသည်ကို မပြောနိုင်သေးဘဲ ဤအရေးကိစ္စအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိသည့်အခါတို့တွင် သင်သည် ယင်းကို ထုတ်ပြောပြီး လူတိုင်းနှင့် မိတ်သဟာယပြုရမည်။ တစ်စုံတစ်ခုသည် ပြဿနာဖြစ်သည်ကို သင်ရှာဖွေတွေ့ရှိပါက ယင်းကို သင်မိတ်သဟာယပြုရမည်။ ဤသည်ကို မိတ်သဟာယ ပြုသည့်အခါ မရည်ရွယ်ဘဲနှင့် မေးခွန်းများနှင့် သံသယများက သာ၍ သာ၍ နည်းသွားလိမ့်မည်ဖြစ်ပြီး ပို၍ ပို၍များသော သမ္မာတရားများကို နားလည်လိမ့်မည်၊ ထိုသို့ဖြင့် သင်၏ဝိညာဉ်ရင့်ကျက်မှုသည် သင်သတိပင် မပြုမိလိုက်ဘဲ ကြီးထွားလာလိမ့်မည်။ သမ္မာတရားနှင့် ပတ်သက်လာလျှင် သင်သည် သာ၍ ကြိုးစားရမည်၊ သင်သည် ယင်းကို စိတ်နှစ်ထားရမည်။ လူအချို့က “ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်လာသည်မှာ နှစ်အချို့ရှိနေပြီး အယူဝါဒများစွာကို နားလည်ပြီးဖြစ်သည်။ ယခုအခါ ကျွန်ုပ်၌ အခြေခံအုတ်မြစ်တစ်ခု ရှိပြီဖြစ်သည်။ ယခုအခါ ပင်လယ်ရပ်ခြားရှိ ကျွန်ုပ်တို့၏အသင်းတော်ရှိ အသက်တာသည် ကောင်းမွန်၏၊ ညီအစ်ကိုမောင်နှမများသည် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် အရေးကိစ္စများကို တစ်နေ့လုံး မိတ်သဟာယပြုဖို့ စုဝေးကြပြီး ထိုသို့ဖြင့် ကျွန်ုပ်သည် သတိပင် မပြုမိဘဲ အားဖြစ်ရလေသည်— ယင်းက လုံလောက်ပါသည်။ အသက်ထဲသို့ ကျွန်ုပ်ကိုယ်တိုင်၏ ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သည့် ပြဿနာများ၊ သို့မဟုတ် ကျွန်ုပ်ကိုယ်တိုင်၏ ပုန်ကန်လိုခြင်းနှင့် သက်ဆိုင်သည့် ပြဿနာများကို ဖြေရှင်းခြင်း၌ ကျွန်ုပ် အားထုတ်ကြိုးပမ်းဖို့ မလိုအပ်ပါ။ နေ့စဉ် ဆုတောင်းဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့၊ ဓမ္မသီချင်း သီဆိုဖို့နှင့် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်ုပ်၏ အချိန်ဇယားအတိုင်း ကျွန်ုပ်လိုက်နာသည်။ ကျွန်ုပ်လုပ်သင့်သည့် အလုပ်ကို ကျွန်ုပ် လုပ်ဆောင်သည်၊ တစ်ခုမျှ မလျော့နည်းပေ၊ ပြီးလျှင် အဆုံးတွင် ကျွန်ုပ်၏အသက်တာသည် မရည်ရွယ်ဘဲ ကြီးထွားလာ၏” ဟု ပြောကြသည်။ ယင်းမှာ မိမိတို့၏ယုံကြည်မှုတွင် နားဝေတိမ်တောင် ဖြစ်ကြသည့် လူများ တွေးသည့်အရာ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းလမ်းကြောင်းသည် အားလုံးတွင် လက်တွေ့အကျဆုံး လမ်းကြောင်း ဖြစ်သည်။ စကားကြီး စကားကျယ်များဖြင့် ဟိတ်ဟန်ထုတ်သော်လည်း မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်သည့် လူများသည် ဘာမျှ ရရှိလိမ့်မည် မဟုတ်ပေ။ မည်သည့်လူများသည် တစ်စုံတစ်ခုကို ရရှိသနည်း။ ကျိုးကြောင်းဆင်ခြင်တတ်သော သူများဖြစ်သည်။ ဤလူများသည် ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်ခြင်း လမ်းကြောင်းပေါ်တွင် အဓိကသော့ချက်ကျသော အမှုအရာအချို့ကို နားလည်နိုင်ကြသည်၊ ၎င်းတို့သည် လက်တွေ့ကျကြသည်၊ ထို့ပြင် ၎င်းတို့လုပ်ဆောင်သမျှကို ၎င်းတို့စဉ်းစားဆင်ခြင်သည့်အခါ၊ အရာအားလုံးကို ၎င်းတို့ ထိပ်တိုက် ရင်ဆိုင်သည့်အခါ၊ ပြီးလျှင် သမ္မာတရားတိုင်းကို ၎င်းတို့ ဝင်ရောက်သည့်အခါနှင့် ၎င်းတို့လုပ်ဆောင်သမျှတွင် ၎င်းတို့သည် ကျိုးကြောင်းဆင်ခြင်တတ်ကြသည်။ ၎င်းတို့သည် စကားကြီး စကားကျယ်လေသံဖြင့် ဟိတ်ဟန်ထုတ်သည့် လူများ မဟုတ်သကဲ့သို့ လုပ်ဆောင်ခြင်းကိုသာ အာရုံစိုက်သည့်လူများ မဟုတ်ပေ။ ထိုအစား ၎င်းတို့က ၎င်းတို့၌ ဖြစ်ပျက်သည့်အရာ ခပ်သိမ်းကို ၎င်းတို့၏ စိတ်နှလုံးများဖြင့် တွေ့ကြုံကြသည်၊ ၎င်းတို့လုပ်ဆောင်သမျှတွင် စိတ်နှစ်ထားကြသည်၊ ထို့နောက်တွင် ဖြစ်ပျက်သည့်အရာ တစ်ခုချင်းစီအပြီး၌ ၎င်းတို့သည် နားလည်သဘောပေါက်မှု ရရှိကြသည်။ ၎င်းတို့၏ ထင်မြင်ယူဆချက်က ကွဲပြားသည့်အခါ၌၊ သို့မဟုတ် အချို့သော ထူးခြားသည့် အချိန်များ၌ ၎င်းတို့တွင် ယူရန် သင်ခန်းစာတစ်ခုရှိသည်။ ဤသည်မှာ စိတ်နှလုံးရှိသည့်လူဖြစ်ပြီး ဤသည်မှာ အဆုံး၌ သမ္မာတရားကို ရရှိမည့် လူစားမျိုးဖြစ်သည်။ သတိလစ်ဟင်းသည့် လူများသည် အဆုံး၌ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ကာယဆိုင်ရာ အားထုတ်ကြိုးပမ်းခြင်း၊ လုပ်ဆောင်ခြင်းနှင့် မိမိတို့ကိုယ်ကို ကြွားဝါခြင်းတို့အပေါ်တွင်သာ အာရုံစိုက်ကြပြီး သမ္မာတရားကို ရရှိဖို့ ကြီးစွာသော အခက်အခဲရှိလိမ့်မည်။ ဤသည်ကို ပြန်လည်သုံးသပ်လော့။ မည်သည့် လူစားမျိုးသည် သမ္မာတရား စစ်မှန်မှုကို ဝင်ရောက်နိုင်သနည်း။ စဉ်းစားချင့်ချိန်တတ်သည့်လူများ၊ မိမိ၏စိတ်နှလုံးကို သုံးကြသူများ၊ စိတ်နှလုံးတစ်ခုရှိသူများဖြစ်သည်။ တစ်ဖက်တွင် ထိုသို့သော လူများသည် စစ်မှန်မှုအပေါ်၊ စစ်မှန်သည့်အရာများအပေါ် သာ၍ အာရုံစိုက်ကြသည်။ ထို့အပြင် ၎င်းတို့သည် သာ၍ လက်တွေ့ကျသည်၊ အပြုသဘောဆောင်သည့်အရာများကို ချစ်ကြသည်၊ သမ္မာတရားကို ချစ်ကြပြီး စစ်မှန်သည့်အရာများကို ချစ်ကြသည်။ ထိုသို့သော လူများသည် အဆုံး၌ သမ္မာတရားကို နားလည်နိုင်ပြီး ရရှိနိုင်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အသက်တာထဲ ဝင်ရောက်ခြင်းက အရေးကြီးဆုံးဖြစ်သည်” မှ

ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သူ့ကိုသိကျွမ်းလာနိုင်သည်- ယင်းသည် နောက်ဆုံးပန်းတိုင်ဖြစ်ပြီး လူသား လိုက်စားရမည့် ပန်းတိုင်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်လက်တွေ့ကျင့်သုံးရာ၌ အောင်မြင်စေရန် ၎င်းတို့အတိုင်း အသက်ရှင်ရေးရာတွင် ကြိုးပမ်းအားထုတ်ရမည်။ သင်သည် အယူဝါဒဆိုင်ရာ အသိတရားမျှသာရှိလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ ထို့နောက် သင်သည် သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးပြီး အသက်ရှင်နေထိုင်ခြင်းလည်း ပြုမှသာ သင်၏ ယုံကြည်ခြင်းသည် စုံလင်၍ ဘုရားသခင်၏ အလိုနှင့်ညီသော ယုံကြည်ခြင်းအဖြစ် ယူဆနိုင်သည်။ ဤလမ်းပေါ်တွင် လူများစွာက အသိပညာအကြောင်း များစွာ ပြောနိုင်သည်။ သို့သော်လည်း ထိုသူတို့သေသည့်အချိန် ရောက်သောအခါ၊ ၎င်းတို့၏ မျက်လုံးများသည် မျက်ရည်များလျှံလျက်၊ အချိန်ဖြုန်းခဲ့ပြီး အရွယ်လွန်သည်အထိ အချည်းနှီး အသက်ရှင်ခဲ့သည့် အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းနေကြသည်။ သူတို့သည် အယူဝါဒများကိုသာ သဘောပေါက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်းကို မလုပ်နိုင်ပေ၊ ယင်းအစား သူတို့သည် ပျားတစ်ကောင်ကဲ့သို့ အလုပ်များကာ ဟိုဟိုသည်သည် ပြေးလွှားနေကြသည်၊ သူတို့ သေအံ့ဆဲဆဲ အချိန်ရောက်မှသာ သူတို့၌ စစ်မှန်သော သက်သေခံချက် မရှိကြောင်းနှင့် ဘုရားသခင်ကို လုံးဝ မသိကြောင်းတို့ကို နောက်ဆုံးတွင် သိမြင်လာသည်။ ၎င်းအချိန်သည် နောက်ကျလွန်းပြီ မဟုတ်လော။ အချိန်ကောင်းကို လက်မလွှတ်တမ်း အသုံးမချဘဲ သင်ချစ်မြတ်နိုးသော သမ္မာတရားကို အဘယ်ကြောင့် မရှာဖွေဘဲနေသနည်း။ မနက်ဖြန်အထိ အဘယ်ကြောင့် စောင့်ဆိုင်းသနည်း။ အသက်ရှင်သည့်အချိန်တွင် သမ္မာတရားအတွက် အနစ်နာမခံလျှင် သို့မဟုတ် သမ္မာတရားကို ရယူရန် မရှာဖွေလျှင်၊ သေအံ့ဆဲဆဲအချိန်တွင်မှ နောင်တတရားကို သင်ခံစားလို၍ ဖြစ်နိုင်သလော။ သို့ဖြစ်လျှင်၊ အဘယ်ကြောင့် ဘုရားသခင်ကို သင်ယုံကြည်သနည်း။ အကယ်စင်စစ်၊ လူများသည် အနည်းငယ်သာ အားစိုက်၍ ဆက်ကပ်မှုရှိလျှင် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်သည့်အရာ များစွာရှိပေ၏။ လူတို့၏ စိတ်နှလုံးများသည် အစဉ်မပြတ် နတ်ဆိုးများ ပိုင်ဆိုင်နေသောကြောင့်သာ ဘုရားသခင်အတွက် သူတို့သည် မလုပ်မဆောင်နိုင်ကြဘဲ၊ နောက်ဆုံး အကျိုးအမြတ် ဘာမျှ မဖြစ်စေသော ဇာတိပကတိအတွက် အပြေးအလွှား လုပ်ကိုင်ကြသည်။ ဤအကြောင်းကြောင့် လူတို့သည် စဉ်ဆက်မပြတ် ဒုက္ခများ၊ အခက်အခဲများ၏ဒဏ် အမြဲခံစားနေရခြင်း ဖြစ်၏။ ၎င်းတို့သည် စာတန်၏ ညှဉ်းပန်းခြင်းများပင် မဟုတ်ပေလော။ ယင်းသည် ဇာတိပကတိ၏ ပျက်စီးခြင်း မဟုတ်ပေလော။ ဘုရားသခင်ကို နှုတ်ခမ်း အပြောသက်သက်နှင့် အစေခံခြင်းဖြင့် မလှည့်စားသင့်ပေ။ ယင်းအစား သင်သည် လက်ဆုပ်လက်ကိုင် ပြနိုင်သော လုပ်ဆောင်မှုကို လုပ်ရမည်။ မိမိကိုယ်ကို မလှည့်စားလေနှင့်၊ ထိုသို့ပြုလျှင် မည်သည့်အဓိပ္ပာယ် ရှိသနည်း။ သင်၏ ဇာတိပကတိအတွက် အသက်ရှင်ပြီး အကျိုးအမြတ်နှင့် ကျော်ကြားမှုအတွက် ရုန်းကန်ခြင်းဖြင့် သင်သည် အဘယ်မည်သော အကျိုးအမြတ် ရရှိနိုင်သနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “၎င်းတို့ ထင် (သောကြောင့်)” ဆိုသည့် စကားစု မပါဝင်ပါ။

အရှေ့သို့- ၁၀၄) အပြုသဘောဆောင်သည့် အရာများနှင့် အပျက်သဘောဆောင်သည့် အရာများအကြား ထိုးထွင်းသိမြင်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၀၆) တာဝန်ကို ထမ်းဆောင်ခြင်းနှင့် အစေခံမှုကို ပေးခြင်းတို့ကြား ခွဲခြားခြင်း အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်