၄၇။ မိမိကိုယ်မိမိ အစစ်အမှန် သိခြင်းဆိုင်ရာ မူများ

(၁) အကယ်၍ သင်သည် မိမိ၏ အကျင့်စရိုက်နှင့် အပြုအမူတို့ကို စေ့ငုစွာ သုံးသပ်ဆင်ခြင်ပြီး သင့်ကိုယ်သင် နားလည်ကာ တရားစီရင်မှုများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဗျာဒိတ်တော်တို့နှင့်အညီ သင့်ကိုယ်သင် အကဲဖြတ်ပါက သင်ကိုယ်တိုင်၏ အကျည်းတန်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့ကို သင်မြင်လာနိုင်စွမ်း ရှိလိမ့်မည်။

(၂) စမ်းသပ်မှုများနှင့် ကျရှုံးခြင်းတို့အကြား တွင်သော်လည်းကောင်း၊ ပြုပြင်ခြင်းခံရစဉ်နှင့် ကိုင်တွယ်ဖြေရှင်းခြင်းခံရစဉ် တွင်သော်လည်းကောင်း မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ထိတွေ့ရာမှလာသည့် မိမိကိုယ်မိမိသိခြင်းသည် အစစ်မှန်ဆုံးဖြစ်ပြီး ယင်းမှတစ်ဆင့် တစ်စုံတစ်ယောက်သည် လုံးလုံးလျားလျား လက်ခံယုံကြည်စေခြင်း ခံရနိုင်၏။

(၃) ဆုတ်ဆိုင်းမှုတို့ကို ခံစားရသောအခါ အဘယ်အရာက သင့်ကို ကျရှုံးစေ၊ လဲကျစေသနည်း၊ သင်၏အဘယ်သော ဘောင်ခတ်သတ်မှတ်ချက်က ထိုကဲ့သို့သော အကျိုးဆက်တစ်ခုကို ထွက်ပေါ်လာစေသနည်းဆိုခြင်းကို ရှင်းလင်းစွာ ဆန်းစစ်ပါ။ သင်၏ သဘာဝနှင့် အဖြစ်အနေကို မြင်နိုင်ပါစေ။

(၄) သင်၏ သဘာဝနှင့် အဖြစ်အနေကို ရှင်းလင်းစွာ မြင်နိုင်စေရန်၊ ထုတ်ဖော်ခြင်း ခံထားရသော သင်၏‌ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ အစိတ်အပိုင်းတို့ကို ရှင်းလင်းစွာ မြင်နိုင်စေရန် အလွယ်ကူဆုံးသော နည်းလမ်းမှာ သင်လျှောက်သော လမ်းကြောင်းနှင့် သင်၏တာဝန်ကို ထမ်းဆောင်နိုင်ရန် သင့်ကို တွန်းအားပေးသည့်အရာတို့ကို ဆင်ခြင်သုံးသပ်ရန် ဖြစ်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူတို့ကို မိမိတို့ကိုယ်ကိုယ် သိခွင့်ပေးရန်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်များစွာကို အသုံးပြုခဲ့ပေပြီ။ အတွေ့အကြုံမှတဆင့် မိမိတို့ကိုယ်ကိုယ် သိကျွမ်းမှုကို တဖြည်းဖြည်းရရှိရန် လူတို့ကို သူ အခွင့်ပေး၏။ စမ်းသပ်မှုများဖြစ်စေ၊ တရားစီရင်ခြင်း သို့မဟုတ် ပြစ်တင်ဆုံးမခြင်းကို ဖြစ်စေ၊ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များနှင့် တကယ့်ဖြစ်ရပ်မှန်များထဲတွင် လူတို့ မရပ်မနား တွေ့ကြုံရန် အခွင့်ပေး၏။ လူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို တွေ့ကြုံရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကိုလည်း သူတို့ တွေ့ကြုံရသည်။ တစ်ချိန်တည်းတွင်၊ လူတို့ကို မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်း၊ ပုန်ကန်လိုခြင်းနှင့် မိမိတို့၏သဘာဝတို့ကို သတိပြုရန် သူ အခွင့်ပေး၏။ သို့ဆိုလျှင် ဤအရာအားလုံး၏ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ဤနောက်ဆုံး ပန်းတိုင်မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံသော လူပုဂ္ဂိုလ်တိုင်းအား လူတို့သည် မည်သည့်အရာဖြစ်ကြသည်ကို သိခွင့်ပေးဖို့ရန် ဖြစ်သည်။ “လူတို့ ဖြစ်သည့်အရာ” ဆိုသည်တွင် မည်သည့်အရာ ပါဝင်သနည်း။ ယင်းသည် လူတို့ကို မိမိတို့၏ ကိုယ်ပိုင် လက္ခဏာ၊ ရာထူး၊ ဝတ္တရားနှင့် တာဝန်တို့ကို သိခွင့်ပေးခြင်း ပါဝင်၏။ ယင်းသည် လူတို့ မည်သူမည်ဝါဖြစ်ကြသည်နှင့် သင်ကိုယ်တိုင် မည်သူမည်ဝါဖြစ်သည်ကို သိခွင့်ပေးဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူတို့ကို မိမိတို့ကိုယ်ကိုယ် သိခွင့်ပေးခြင်း၏ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရရှိခြင်းတွင် အဓိကသော့ချက်မှာ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိရှိရန်ဖြစ်ပြီး၊ ဤအရာသည် ဘုရားသခင်ထံမှ ထုတ်ဖော်ခြင်းနှင့်အညီ ဖြစ်ပျက်ရမည်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌သာ တစ်ဦးတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်အကျည်းတန်သော သဘာဝကို သိရှိနိုင်သည်၊ မိမိ၏ ကိုယ်ပိုင်သဘာဝထဲက စာတန်၏ အမျိုးမျိုးသော အဆိပ်များကို သတိပြုနိုင်သည်၊ မိမိ မိုက်မဲပြီး မသိနားမလည်သည်ကို နားလည်နိုင်ပြီး မိမိ၏ သဘာဝထဲက အားနည်းပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများကို သတိပြုမိနိုင်သည်။ ဤအရာများကို အပြည့်အဝ သိရှိပြီး၊ မိမိကိုယ်ကိုယ် စစ်မှန်စွာ မုန်းတီးနိုင်ပြီး ဇာတိပကတိကို စွန့်လွှတ်ပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစ်သမတ်တည်း ဆောင်ရွက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံးဝ ကျိုးနွံနာခံဖို့ အလိုဆန္ဒ ရှိပြီးနောက်တွင်၊ ပေတရု၏ လမ်းကြောင်းပေါ် သင် စတင်ပြီး ခဲ့လိမ့်မည်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် သိခြင်းသည် အဓိကအားဖြင့် လူ့သဘာဝကို သိခြင်းအကြောင်းဖြစ်၏” မှ

သင့်ကိုယ်သင် သိရှိရန်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်း နှင့်ဆိုင်သော ဖော်ပြချက်များ၊ သင်ကိုယ်တိုင်၏ ပဓာနကျသော အားနည်းချက်များ၊ သင်၏ စိတ်သဘောထား၊ သင်၏သဘာဝ အနှစ်သာရတို့ကို သင် သိရမည်။ သင်သည် သင်၏ ရည်ရွယ်ချက်များ၊ သင်၏ ရှုထောင့်အမြင်များနှင့် သင်၏ သဘောထားကဲ့သို့သော သင်၏ နေ့စဉ်ဘဝတွင် ထုတ်ဖော်ပြသည့် အရာများကိုလည်း၊ သင် အိမ်တွင် ရှိသည်ဖြစ်စေ အပြင်၌ရှိသည်ဖြစ်စေ၊ စုဝေးကြသည့်အခါများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက် နေသည့်အခါ၊ သို့မဟုတ် သင် ကြုံရသည့် ကိစ္စရပ်တစ်ခု စီတိုင်းတွင် တကယ့်နောက်ဆုံး အသေးစိတ်အချက်အလက် အထိ သင် သိရှိရမည်။ ဤအရာများမှတစ်ဆင့် သင့်ကိုယ်သင် သိရှိလာမည်။ သင့်ကိုယ်သင် ပိုမိုနက်ရှိုင်းသော အဆင့်၌ သိရှိဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ပေါင်းစပ်ရမည်၊ သူ၏ နှုတ်ကပတ်တော်များအပေါ် အခြေပြု၍ သင့်ကိုယ်သင် သိရှိခြင်းအားဖြင့်သာ ရလဒ်များကို သင် ရရှိနိုင်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား အားထုတ်ခြင်း၏ အရေးပါမှုနှင့် လမ်းကြောင်း” မှ

သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ ယိုယွင်းပျက်စီးသော သဘောသဘာဝနှင့် တကယ့် ချို့ယွင်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုသို့ဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ယှဉ်သော ကဏ္ဍအားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင်ထံမှ ရာချီသော စမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ လူသား အကြောင်း ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော် အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကြပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို နားလည် သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင် တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန် ကြိုးစားခဲ့ပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းပုံစံအားဖြင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူသိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ လူသား၏ ဖောက်ပြန်ပျက်စီးသည့် အခြေအနေမျိုးစုံတို့ကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရ၊ သဘာဝဗီဇနှင့် အမျိုးမျိုးသော အားနည်းချက် မျိုးစုံတို့ကိုလည်း သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

ပေတရု ကြိုးစားခဲ့သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းနှင့် သူ့အတွက် ဘုရားသခင် ပေးခဲ့သည့် အမျိုးမျိုးသော စမ်းသပ်မှုများ အတွင်းမှတစ်ဆင့် သူ့ကိုယ်သူ သိရှိလာဖို့ရန်နှင့် သူ့အထဲတွင် ထုတ်ဖော်ပြခဲ့ပြီး ဖြစ်သည့်အရာကို မြင်လာဖို့ရန် ဖြစ်၏။ မိမိကိုယ်ကိုယ် အမှန်တကယ် သူ သိနားလည်လာခဲ့သည့် အချိန်တွင်၊ လူသားများက မည်မျှနက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်နှင့် ၎င်းတို့ ဘုရားသခင်ကို အစေခံခြင်းငှာ မည်မျှ တန်ဖိုးမဲ့ပြီး မထိုက်တန်ပုံနှင့် သူ၏ရှေ့မှောက်တွင် အသက်ရှင်ရန် လူသားက မထိုက်တန်သည်ဆိုသည်တို့ကိုသာ ပေတရု နားလည်ခဲ့ရသည်။ ထို့နောက် ပေတရုသည် ဘုရားသခင်၏ ရှေ့တွင် လဲကျပျပ်ဝပ်ခဲ့သည်။ နောက်ဆုံးတွင် သူက၊ “ဘုရားသခင်ကို သိကျွမ်းခြင်းသည် တန်ဖိုးအရှိဆုံးသော အရာဖြစ်၏။ ဘုရားသခင်ကို မသိကျွမ်းမီ ငါသေခဲ့လျှင်၊ အင်မတန် ဝမ်းနည်းစရာ ဖြစ်လိမ့်မည်၊ ဘုရားသခင်ကို သိကျွမ်းခြင်းသည် အရေးကြီးဆုံး၊ အဓိပ္ပာယ်အရှိဆုံးသော အရာဖြစ်သည်ဟု ကျွန်ုပ် ခံစားရ၏။ လူသားသည် ဘုရားသခင်ကို မသိလျှင်၊ အသက်ရှင်ဖို့ မထိုက်သကဲ့သို့ အသက်မရှိပါ”ဟု တွေးခဲ့သည်။ ပေတရု၏ အတွေ့အကြုံ ဤအဆင့်သို့ ရောက်ရှိသည့် အချိန်တွင်၊ သူသည် မိမိ၏ ကိုယ်ပိုင် သဘာဝကို အတော်အတန် တိုး၍ နှံ့စပ်ခဲ့ပြီးဖြစ်ကာ ယင်းနှင့်သက်ဆိုင်သည့် အတော်အတန် ကောင်းမွန်သော သိနားလည်မှု ရရှိခဲ့ပြီးဖြစ်သည်။ လူတို့ ယနေ့ခေတ်တွင် စိတ်ကူးကြသည့်အရာနှင့် ကိုက်ညီမည့် ဝေါဟာရများဖြင့် သူသည် ယင်းကို စေ့စေ့စပ်စပ် ရှင်းပြနိုင်ခဲ့လိမ့်မည် မဟုတ်သော်လည်း၊ ပေတရုသည် ဤအခြေအနေသို့ ဧကန်အမှန် ူရောက်ရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အသက်ကို လိုက်စားရှာဖွေခြင်းနှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ကြိုးပမ်းရရှိခြင်း လမ်းကြောင်းတွင် ဘုရားသခင်၏ မိန့်မြွက်ချက်များအတွင်းမှ မိမိ၏ ကိုယ်ပိုင်သဘာဝကို ပိုမိုနက်ရှိုင်းစွာ သိနားလည်ခြင်းကို ရရှိခြင်းအပြင် မိမိသဘာဝ၏ ရှုထောင့်များကို သဘောပေါက်ခြင်းနှင့် ယင်းကို စကားလုံးများဖြင့် တိတိကျကျ ဖော်ပြခြင်းတို့ ပါဝင်လေသည်။ ဆိုးယုတ်သည့် အိုဟောင်းသော သဘာဝနှင့်ဆိုင်သော အသက်တာဖြစ်သည့် မိမိ၏ ဟောင်းသော အသက်တာကို စေ့စေ့စပ်စပ် သိနားလည်ဖို့ဟူသည်မှာ ဘုရားသခင် တောင်းဆိုသော ရလဒ်များရရှိဖို့ရန်ကို ဆိုလိုသည်။ သင်၏ အသိပညာသည် ဤအဆင့်သို့ မရောက်သေးသော်လည်း၊ သင်က မိမိကိုယ်ကိုယ် သိရှိပြီး၊ အသက်ရရှိပြီးဖြစ်သည်ဟု အခိုင်အမာဆိုလျှင်၊ သင် လေလုံးထွားနေခြင်း သက်သက်သာ မဟုတ်လော။ သင်သည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့၊ ဘုရားသခင်ရှေ့တွင် သင် မည်သည့်အရာ ဖြစ်သည်၊ လူသား ဖြစ်ခြင်း၏ စံနှုန်းများကို သင် အမှန်တကယ် ပြည့်မီသည် မပြည့်မီသည် သို့မဟုတ် သင့်အတွင်းတွင် ဆိုးယုတ်သော အရိပ်လက္ခဏာများ မည်မျှ သင် ရှိသေးသည်ကိုလည်း သင် မသိပေ။ သင် မည်သူနှင့် သက်ဆိုင်သည်ကို မရှင်းလင်းသေးသကဲ့သို့၊ မိမိကိုယ်ကိုယ် သိရှိခြင်း တစ်ခုတလေမျှပင် သင် မရှိပေ၊ ထို့ကြောင့် ဘုရားသခင်ရှေ့တွင် သင် မည်သို့ ဆင်ခြင်တုံတရား ပိုင်ဆိုင်နိုင်မည်နည်း။ ပေတရုက အသက်ကို ရှာဖွေလိုက်စားသည့် အချိန်တွင်၊ မိမိကိုယ်ကိုယ် သိနားလည်ခြင်းနှင့် သူ၏ စမ်းသပ်မှုများ ဖြစ်စဉ်တစ်လျှောက် မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲခြင်း အပေါ် သူ အာရုံစိုက်ခဲ့ပြီး၊ ဘုရားသခင်ကို သိရှိရန် သူကြိုးပမ်းခဲ့ကာ၊ နောက်ဆုံးတွင် သူက၊ “လူတို့သည် ဘဝတွင် ဘုရားသခင်ကို သိနားလည်မှု ရှာဖွေရမည်၊ ကိုယ်တော့်ကို သိရှိခြင်းသည် အရေးပါဆုံးသောအရာ ဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ် မသိလျှင်၊ ကျွန်ုပ်သေဆုံးသည့်အခါ ငြိမ်းချမ်းစွာ အနားယူနိုင်မည် မဟုတ်ပါ။ ကျွန်ုပ် သူ့ကို သိရှိသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်က ကျွန်ုပ်ကို ထိုအချိန်တွင် သေစေလျှင်၊ ထိုသို့လုပ်ဆောင်ရန် ကျွန်ုပ် အဝမ်းမြောက်ဆုံး ခံစားရလိမ့်ဦးမည် ဖြစ်သည်၊ ကျွန်ုပ် စိုးစဉ်းမျှ ညည်းညူလိမ့်မည် မဟုတ်သကဲ့သို့၊ ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကျေနပ်ရပါလိမ့်မည်” ဟု တွေးသည်။ ပေတရုသည် ဘုရားသခင်ကို စတင်ယုံကြည်ခဲ့ပြီးသည့်နောက်တွင် ချက်ချင်း ဤသိနားလည်မှု အဆင့်ကို ရရှိနိုင်ခဲ့သည်မဟုတ်ပါ သို့မဟုတ် ဤအခြေအနေကို ရောက်ရှိနိုင်ခဲ့သည် မဟုတ်ပါ၊ ဦးစွာပထမ ကြီးမားသော စမ်းသပ်မှုများစွာ သူ ကြုံခဲ့ရသည်။ သူ၏ အတွေ့အကြုံသည် သမိုင်းမှတ်တိုင် တစ်ခုခုသို့ ရောက်ခဲ့ရပြီး၊ ဘုရားသခင်ကို သိရှိခြင်း၏ တန်ဖိုးကို သူ မသိနိုင်မီ မိမိကိုယ်ကိုယ် လုံးဝ နားလည်ဖို့ရန် ဖြစ်ခဲ့သည်။ ထို့ကြောင့် ပေတရု လျှောက်ခဲ့သည့် လမ်းကြောင်းသည် အသက်ကို ရရှိခြင်းနှင့် စုံလင်ခံရခြင်း လမ်းကြောင်းတစ်ခု ဖြစ်ခဲ့သည်။ ဤသည်မှာ သူ၏ တိကျသော လက်တွေ့လုပ်ဆောင်မှုကို အဓိက အာရုံစိုက်ခဲ့သည့် ရှုထောင့်တစ်ခု ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

လူတစ်ဦး၏ သဘာဝဗီဇကို မည်သည့်အရာများနှင့် ဖွဲ့စည်းထားသနည်း။ သင်သည် လူသား၏ ဖောက်ပြန်ပျက်စီးခြင်း၊ မနာခံခြင်း၊ အားနည်းချက်များ၊ အပြစ်အနာအဆာများ၊ အယူအဆများနှင့် ရည်ရွယ်ချက်များကိုသာ သိရှိပြီး လူသား၏ သဘာဝအတွင်းရှိ အရာများကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိပေ။ သင်သည် ဇာစ်မြစ်ကို ရှာဖွေ့တွေ့ရှိနိုင်ခြင်းမရှိဘဲ၊ အပြင်ဘက်အလွှာကိုသာ သိသကဲ့သို့၊ ဤသည်မှာ လူသားသဘာဝနှင့်ဆိုင်သော အသိပညာကို မဖြစ်စေပေ။ အချို့က၊ “ကြည့်ပါ၊ လူသား၏ သဘာဝကို ကျွန်ုပ် နားလည်သည်။ ကျွန်ုပ်၏ မာနထောင်လွှားမှုကို ကျွန်ုပ် သတိပြုမိသည်။ ယင်းသည် လူသား၏ သဘာဝဗီဇ မဟုတ်ပါလား” ဟု ပြောရင်း၊ ဤအပေါ်ယံအရာများကို လူ့သဘာဝအဖြစ်ပင် ထင်ကြသည်။ မာနထောင်လွှားခြင်းသည် လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်၏။ ထိုမျှသည် မှန်ကန်ပေသည်။ သို့သော်၊ ယင်းကို အယူဝါဒဆိုင်ရာ အသိစိတ်တစ်ခုဖြင့် အသိအမှတ်ပြုဖို့မလုံလောက်ပေ။ မိမိကိုယ်တိုင်၏ သဘာဝကို သိရှိဖို့ရန် ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ သိရှိနိုင်သနည်း။ ယင်းကို မည်သည့် ရှုထောင့်များမှ သိရှိရသနည်း။ ထို့အပြင်၊ မိမိ ထုတ်ဖော်ပြသည့် အရာများမှတစ်ဆင့် မိမိ၏ သဘာဝကို မည်မျှ တိတိကျကျ ရှုမြင်သင့်ပါသနည်း။ ပထမဦးစွာ၊ လူသား၏ သဘာဝကို ၎င်း၏ စိတ်ဝင်စားမှုများမှတစ်ဆင့် သင် တွေ့မြင်နိုင်သည်။ ဥပမာအားဖြင့်၊ လူအချို့သည် ကခုန်ဖို့ရန် အထူး နှစ်သက်ကြသည်၊ အချို့က အဆိုတော်များ သို့မဟုတ် ရုပ်ရှင်ကြယ်ပွင့်များကို အထူးသဖြင့် ချစ်ကြပြီး၊ အချို့သည် နာမည်ကျော်ကြားသည့် လူအချို့ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်ကြသည်။ ဤစိတ်ဝင်စားမှုများမှ၊ ဤလူတို့၏ သဘာဝက မည်သည့်အရာဖြစ်သည်ကို ငါတို့ မြင်နိုင်သည်။ ဥပမာအားဖြင့်၊ အချို့သည် ထိုထိုသော အဆိုတော်တစ်ဦးကို တကယ်ကို ပုဂ္ဂိုလ်ရေးကိုးကွယ်သည်မှာ ဤအဆိုတော်၏ လှုပ်ရှားမှုတိုင်း၊ အပြုံးတိုင်းနှင့် စကားလုံးတိုင်းကို စွဲလမ်းသည့် အဆင့်ထိပင် ရောက်တတ်သည်။ သူတို့သည် ထိုအဆိုတော်အား အစွဲအလမ်းကြီးကြပြီး ထိုအဆိုတော် ဝတ်ဆင်သည့်အရာတိုင်းကို ၎င်းတို့ ဓာတ်ပုံပင်ရိုက်ပြီး အတုခိုးကြသည်။ ဤပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်း အဆင့်က လူတစ်ဦး၏ သဘာဝဗီဇနှင့်ပတ်သက်၍ မည်သည့်အရာကို ပြသပါသနည်း။ ယင်းက ထိုလူသည် ၎င်း၏ စိတ်နှလုံးထဲတွင် ထိုအရာများသာရှိပြီး ဘုရားသခင် မရှိသည်ကို ပြသ၏။ ဤလူ တွေးသည့်အရာ၊ ချစ်သည့်အရာနှင့် ရှာဖွေသည့်အရာ အားလုံးသည် စာတန်နှင့် သက်ဆိုင်၏။ ၎င်းတို့က ထိုအရာများအပေါ် အပ်နှံထားသည့် ဤလူ၏ စိတ်နှလုံးတွင် နေရာယူလေသည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ တစ်စုံတစ်ရာသည် အစွန်းရောက်သည့်အထိ နှစ်သက်ခံရလျှင်၊ ထိုအရာသည် လူတစ်ဦး၏ ဘဝဖြစ်လာနိုင်ပြီး၊ ၎င်း၏ စိတ်နှလုံး၌ နေရာယူလာနိုင်ကာ၊ ထိုလူသည် ဘုရားသခင်ကို မလိုချင်ဘဲ ယင်းအစား နတ်ဆိုးကို ချစ်သည့် ရုပ်တုဆင်းတု ကိုးကွယ်သူဖြစ်သည်ကို အပြည့်အဝ သက်သေပြလျက် ရှိပေသည်။ ထို့ကြောင့် ထိုသို့သော လူတစ်ဦး၏ သဘာဝဗီဇသည် နတ်ဆိုးကို ချစ်ပြီး ကိုးကွယ်ကာ သမ္မာတရားကို မချစ်ဘဲ၊ ဘုရားသခင်ကို မလိုချင်သည့် အရာတစ်ခု ဖြစ်သည်ဟု ငါတို့ ကောက်ချက်ချနိုင်သည်။ ဤသည်မှာ လူတစ်ဦး၏ သဘာဝဗီဇကို ရှုမြင်သည့် မှန်ကန်သော နည်းလမ်းတစ်ခု ဖြစ်သည်မဟုတ်လော။ ယင်းမှာ လုံးဝ မှန်ကန်ပေသည်။ ဤသည်မှာ လူသား၏ သဘာဝကို စိတ်ဖြာလေ့လာပုံဖြစ်၏။ ဥပမာ လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

လူ၏သဘာဝကို သိရှိခြင်းနှင့် ပတ်သက်လာသည့်အခါ၊ အရေးကြီးဆုံးသော အရာမှာ ယင်းကို လူသား၏ လောကအမြင်၊ ဘဝအမြင်နှင့် တန်ဖိုးများ၏ ရှုထောင့်မှ ကြည့်ရန် ဖြစ်သည်။ နတ်ဆိုးနှင့်သက်ဆိုင်သော သူအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက် အသက်ရှင်ကြ၏။ ၎င်းတို့၏ ဘဝအမြင်များနှင့် ဆိုရိုးများက၊ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသကဲ့သို့သော စာတန်၏ ဆိုရိုးစကားများမှ အဓိက လာလေသည်။ ထိုနတ်ဆိုးဘုရင်များ၊ ကြီးမြတ်သူများနှင့် ကမ္ဘာမြေ၏ အတွေးအခေါ်ပညာရှင်များက ပြောဆိုသည့် စကားများသည် လူသား၏ တကယ့်ဘဝ ဖြစ်လာကြသည်။ အထူးသဖြင့်၊ တရုတ်လူမျိုးများက “ပညာရှိ”ဟု အမွှမ်းတင်ခံရသူ ကွန်ဖြူးရှပ်၏ စကားအများစုမှာ လူသား၏ ဘဝ ဖြစ်လာပြီးဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ဒေါင်အယူဝါဒတို့၏ နာမည်ကျော် စကားပုံများနှင့် နာမည်ကျော် ပုဂ္ဂိုလ်အမျိုးမျိုးတို့၏ မကြာခဏ ကိုးကားခံရသည့် ဂန္တဝင် ဆိုရိုးစကားများလည်း ရှိပေသည်၊ ဤအရာအားလုံးသည် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ သဘာဝတို့၏ အနှစ်ချုပ်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်၏ သဘာဝနှင့်ဆိုင်သော အကောင်းဆုံး သာဓကများနှင့် ရှင်းပြချက်များလည်း ဖြစ်ကြသည်။ လူသား၏ စိတ်နှလုံးထဲသို့ သွင်းပေးခံခဲ့ရသည့် ဤအဆိပ်များအားလုံး စာတန်ထံမှ လာလေသည်၊ ၎င်းတို့ထဲမှ နည်းနည်းမျှ ဘုရားသခင်ထံမှ မလာပေ။ ထိုသို့သော ဆိုးယုတ်သည့် စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်လည်း တိုက်ရိုက် ဆန့်ကျင်လျက် ရှိ၏။ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားများသည် ဘုရားသခင်ထံမှ လာပြီး၊ လူသားကို အဆိပ်ခတ်သည့် အပျက်သဘောဆောင်သော အရာများအားလုံးက စာတန်ထံမှာ လာသည်မှာ လုံးဝ ရှင်းသည်။ ထို့ကြောင့်၊ သင်သည် လူပုဂ္ဂိုလ်တစ်ဦး၏ သဘာဝဗီဇနှင့် သူသည် မည်သူနှင့် သက်ဆိုင်ကြောင်းကို သူ၏ဘဝအမြင်များနှင့် တန်ဖိုးများမှ သင် ထိုးထွင်းသိမြင်နိုင်သည်။ စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူ့အဖွဲ့အစည်းထဲ၌ ဆယ်စုနှစ်ချီ၍ တက်ကြွလှုပ်ရှားလာပြီးဖြစ်သာ လူတစ်ဦးအား- “သင့်အနေဖြင့် လောကကြီးထဲ၌ ကြာမြင့်စွာ အသက်ရှင်လာခဲ့ပြီး များစွာ စွမ်းဆောင်ရရှိပြီးသည်ကို ထောက်ဆလျှင်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများ အဘယ်နည်း။” ဟူ၍ မေးသည်ဟု စိတ်ကူးကြည့်လော့။ “‘အရာရှိများသည် တံစိုးလက်ဆောင်ပေးသူများကို မရိုက်ပုတ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။’ ဟူသည်မှာ အရေးအကြီးဆုံးတစ်ခုပင် ဖြစ်သည်” ဟု သူပြောကောင်း ပြောလိမ့်မည်။ ဤစကားများသည် ထိုလူ၏သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့်နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝဗီဇ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ခြင်းသည် သူ့ကိုအသက်ပေးသောအရာ ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။ ဤနည်းဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်ပါက လူသား၏သဘာဝကို လူတိုင်းသိနိုင်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်သဘာဝဗီဇနှင့် သက်ဆိုင်သော အလွန်အပေါ်ယံဆန်သည့် သိနားလည်မှု ရှိကြပြီး၊ ဤအရာနှင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များကြားတွင် ကြီးမားသော ခြားနားချက်တစ်ခု ရှိ၏။ ဤသည်မှာ ဘုရားသခင် ထုတ်ဖော်သောအရာထဲမှ အမှားအယွင်းတစ်ခု မဟုတ်ပေ၊ အမှန်မှာ လူသားမျိုးနွယ်သည် သူ၏သဘာဝဗီဇအကြောင်း လေးနက်သောသိနားလည်မှု ကင်းမဲ့ခြင်းပင် ဖြစ်သည်။ လူတို့၌ သူတို့ကိုယ်သူတို့ အခြေခံကျသော သို့မဟုတ် ပဓာနကျသော သိနားလည်မှု မရှိကြပေ၊ ထို့ထက် သူတို့သည် သူတို့၏ လုပ်ဆောင်ချက်များနှင့် အပြင်ပန်းဖော်ပြချက်များအပေါ် အာရုံစိုက်၍ သူတို့၏စွမ်းအားကို မြှပ်နှံထားကြသည်။ အကယ်၍ လူတစ်ဦးက သူ့ကိုယ်သူ သိနားလည်သည့်အကြောင်း တစ်ခုခုကို ရံဖန်ရံခါ ပြောခဲ့လျှင်လည်း ၎င်းမှာ အလွန်လေးနက်မည် မဟုတ်ချေ။ ဤကဲ့သို့သောအရာမျိုးကို ပြုလုပ်ထားပြီးဖြစ်သောကြောင့် သို့မဟုတ် တစ်ခုခုကို ထုတ်ဖော်ထားပြီးဖြစ်သောကြောင့် သူသည် ဤကဲ့သို့သောလူစားမျိုးဖြစ်ကြောင်း သို့မဟုတ် ဤကဲ့သို့သော သဘာဝဗီဇမျိုး ရှိကြောင်းကို မည်သူကမျှ တစ်ခါမျှ တွေးဖူးကြမည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ သဘာဝနှင့် ပဓာနကျခြင်းတို့ကို ထုတ်ဖော်ခဲ့ပြီးဖြစ်သည်၊ သို့သော်လည်း လူတို့သည် သူတို့၏ ပြောပုံဆိုပုံနှင့် လုပ်နည်းကိုင်နည်းတို့မှာ အားနည်းချက်ရှိကြောင်းနှင့် မပြည့်စုံကြောင်းကို နားလည်ကြ၏၊ ထို့ကြောင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်မှာ လူတို့အတွက် အားသွန်ခွန်စိုက်လုပ်ရသော အလုပ်တစ်ခု ဖြစ်လေသည်။ လူတို့က သူတို့၏ အမှားများမှာ ၎င်းတို့၏ ဗီဇသဘာဝ ထုတ်ဖော်ချက်များ မဟုတ်ဘဲ အမှတ်တမဲ့ ထွက်ပေါ်လာသည့် ခေတ္တခဏမျှဖြစ်သော သရုပ်သကန်များသာ ဖြစ်သည်ဟု ထင်ကြသည်။ ဤသို့ တွေးထင်သော လူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြချေ။ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားအား သမ္မာတရားအဖြစ် သူတို့ လက်မခံနိုင်သကဲ့သို့ သမ္မာတရားကို ဆာငတ်ခြင်းမရှိကြသောကြောင့် ဖြစ်၏။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည့်အခါ သူတို့သည် ဝတ်ကျေတမ်းကျေ လုပ်ကြပြီး စည်းမျဉ်းများကိုသာ လိုက်နာကြသည်။ လူတို့က သူတို့၏ သဘာဝဗီဇများမှာ အလွန်ဖောက်ပြန်ပျက်စီးသည်ဟု မရှုမြင်ကြချေ၊ ပြီးလျှင် ၎င်းတို့ ဖျက်ဆီးခံသင့်ဖို့ သို့မဟုတ် အပြစ်ပေးခံသင့်ဖို့ ၎င်းတို့ သိပ်မဆိုးကြဟု ယုံကြည်ကြလေသည်။ ရံဖန်ရံခါ လိမ်ညာသည်မှာ သိပ်အရေးမကြီးဟု ၎င်းတို့ ထင်ကြပြီး၊ ၎င်းတို့ကိုယ်၎င်းတို့ ယခင်ကထက် များစွာပိုကောင်းကြသည်ဟု ထင်မှတ်ကြသည်။ သို့သော်လည်း သူတို့သည် သမ္မာတရားကို အမှန်တကယ် လက်တွေ့မကျင့်ဆောင်ကြသောအခါ၌၊ လူတို့၌ အပြင်ပန်းအားဖြင့် သမ္မာတရားကို မချိုးဖောက်သည့် လုပ်ဆောင်ချက်များအချို့သာ ရှိသောကြောင့်၊ အမှန်တွင် ၎င်းတို့သည် စံပြည့်မီဖို့ မည်သည့်နေရာတွင်မျှ မနီးစပ်ကြချေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ သဘာဝအကြောင်း သိနားလည်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း” မှ

မျက်မှောက်ခေတ်တွင် လူအများစုက မိမိကိုယ်ကိုယ်မိမိအပေါ် အလွန်ပင် အပေါ်ယံဆန်သော သိနားလည်ခြင်း ရှိကြသည်။ ၎င်းတို့သည် မိမိတို့သဘာဝ၏ အစိတ်အပိုင်းဖြစ်သော အမှုအရာများကို ရှင်းလင်းစွာ သိမြင်လာခြင်း လုံးဝမရှိခဲ့ကြပေ။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများ အနည်းငယ်၊ သူတို့ပြုလုပ်တတ်သည့် အမှုအရာများ၊ သို့မဟုတ် သူတို့၏ အားနည်းချက်များ အနည်းငယ်ကိုသာ သိကြပြီး၊ ဤအရာက ၎င်းတို့အား မိမိကိုယ်ကိုယ်သိသည်ဟု ယုံကြည်စေသည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် စည်းကမ်းအနည်းငယ်ကို လိုက်နာကာ အချို့သော ကဏ္ဍများတွင် အမှားမလုပ်မိရန် သေချာစေပြီး၊ ထိုထိုသော ကျူးလွန်ပြစ်မှားခြင်းများ မလုပ်မိအောင် ရှောင်ကြဉ်နိုင်လျှင် ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်း၌ စစ်မှန်မှုပိုင်ဆိုင်သည်ဟု မိမိကိုယ်ကိုယ် သဘောထားပြီး ကယ်တင်ခံရလိမ့်မည်ဟု ယူဆတတ်ကြသည်။ ဤသည်မှာ လုံးလုံးလျားလျားပင် လူသား၏ စိတ်အထင်ဖြစ်သည်။ ထိုအရာများကို သင်လိုက်နာလျှင် မည်သည့် ကျူးလွန်ပြစ်မှားခြင်းကိုမျှ မလုပ်မိစေဖို့ သင် အမှန်တကယ် ရှောင်ကြဉ်လာနိုင်လိမ့်မည်လော။ စိတ်သဘောထား၌ စစ်မှန်သောပြောင်းလဲမှုကို သင်ရရှိပြီးဖြစ်လိမ့်မည်လော။ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို သင် အမှန်တကယ် အသက်ရှင်နေလိမ့်မည်လော။ သင်သည် ဘုရားသခင်ကို ထိုနည်းအတိုင်း အမှန်ပင် ကျေနပ်စေနိုင်သလော။ လုံးဝကျေနပ်စေနိုင်မည် မဟုတ်၊ ဤသည်မှာ သေချာ၏။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် လူတစ်ဦးက မြင့်မားသော စံနှုန်းများရှိပြီး သမ္မာတရားနှင့် သူ၏ အသက်တာစိတ်သဘောထား၌ အသွင်ပြောင်းလဲမှု အတော်အတန် ရရှိထားသောအခါမှသာ အလုပ်ဖြစ်လေသည်။ ထို့ကြောင့် လူတို့၏ မိမိကိုယ်ကိုယ် သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်- ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကိုယ်၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကိုယ် စတင်စက်ဆုပ်ရွံရှာလိမ့်မည်။ မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး အခက်အခဲမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝဗီဇမှာ မည်မျှအကျည်းတန်ကြောင်း၊ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းနှင့် မည်မျှသနားစဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အခါ သူသည် ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် လွန်စွာမောက်မာခြင်း၊ လွန်လွန်ကဲကဲပင် မာနကြီးခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရခြင်း ရှိမည်မဟုတ်ပေ။ “ကျွန်ုပ်သည် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် မှန်းချက်ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်သည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကိုယ် မစက်ဆုပ်လျှင်၊ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်ခြင်းတွင် အရာအချို့ ပါဝင်၏- ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုယ် ချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုယ် အလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကိုယ် ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကိုယ် အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား။” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ချေမှုန်းခံသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ဤအချိန်တွင် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့ မိမိကိုယ်ကိုယ် အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်ကဲ့သို့သော လူတစ်ဦးပင် သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတစ်လေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏- သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ နောင်တရဖို့ အလွန် နောက်ကျခဲ့ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် သိခြင်းသည် အဓိကအားဖြင့် လူ့သဘာဝကို သိခြင်းအကြောင်းဖြစ်၏” မှ

ထို့ကြောင့် ယနေ့ သင်တို့ကို ထိုသို့ ငါ တရားစီရင်သည်နှင့်အမျှ၊ အဆုံးတွင် သင်တို့ မည်သည့် အတိုင်းအတာအထိ နားလည်မှု ရှိလိမ့်မည်နည်း။ သင်တို့၏ အဆင့်အတန်း မမြင့်သော်လည်း ဘုရားသခင်၏ မြှင့်တင်ခြင်းကို ခံစားခဲ့ရသည်ဟု သင်တို့ဆိုကြလိမ့်မည်။ သင်တို့သည် နိမ့်ကျစွာ မွေးဖွား လာခဲ့သောကြောင့် သင်တို့၌ အဆင့်အတန်း မရှိပေ၊ သို့သော် ဘုရားသခင်သည် သင့်ကို မြှင့်တင်သော‌ကြောင့် သင် အဆင့်အတန်း ရရှိပေသည်- ယင်းမှာ ဘုရားသခင် သင်တို့အား ပေးသနားသောအရာဖြစ်သည်။ ယနေ့ သင်တို့သည် ဘုရားသခင်၏ လေ့ကျင့်သင်ကြားပေးခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် သူ၏ တရားစီရင်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိနိုင်သည်။ ဤသည်မှာ သူ၏ မြှင့်တင်ပေးခြင်း သာ၍ပင်ဖြစ်သည်။ သင်တို့သည် သူ၏ သန့်စင်ပေးခြင်းနှင့် လောင်မြိုက်စေခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမားသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ခေတ်ကာလများတစ်လျှောက်တွင် သူ၏ သန့်စင်ပေးခြင်းနှင့် လောင်မြိုက်စေခြင်းကို လက်ခံ ရရှိခဲ့သောသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့သကဲ့သို့၊ သူ၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်ခြင်းခံရသည့် လူတစ်ဦးမျှ မရှိခဲ့ပေ။ ဘုရားသခင်သည် ယခု သင်တို့အား မျက်နှာချင်းဆိုင် စကားပြောနေသည်၊ သင်တို့အား သန့်စင်ပေးနေသည်၊ သင်တို့၏ ဆန့်ကျင်ပုန်ကန်လိုသော အတွင်းသဘောကို ထုတ်ဖော်ပြသ နေပေသည်- ဤသည်မှာ သူ၏ မြှင့်တင်ပေးခြင်း အစစ်အမှန်ပင် ဖြစ်သည်။ လူတို့သည် မည်သည့် အရည်အချင်းများ ရှိကြသနည်း။ ၎င်းတို့သည် ဒါဝိဒ်၏မျိုးဆက် သို့မဟုတ် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ပါစေ အကျဉ်းချုပ်အားဖြင့်၊ လူများသည် ဝါကြွားစရာ အကြောင်းမရှိသော ဖန်ဆင်းခံများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများ ဖြစ်ကြသည့်အတွက် သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းရွက်ရမည်။ သင်တို့အပေါ် အခြားသော သတ်မှတ်ချက်များ မရှိပေ။ သင်တို့သည်- “အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့် အကြောင်းနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ် လုပ်ဆောင်သင့်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ နာခံဖို့ဖြစ်ကြောင်းကို ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဖန်ဆင်းခြင်းကိုခံခဲ့ရသော ဘာမျှ မပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် ဘာမျှမပိုပါ၊ အဖန်ဆင်းခံ လူသားအားလုံးထဲမှ တစ်ဦးသာ ဖြစ်ပါ၏။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ အလိုရှိသည့် အတိုင်း ပြုရန် ကိုယ်တော်၏ လက်တော်ထဲ၌ တစ်ဖန် ထားတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော် စီမံပြီးဖြစ်သည့် အရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် လိုလားပါ၏။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။” ဟု ဆုတောင်းသင့်သည်။ ရာထူးအဆင့်အတန်း အပေါ် သင်အာရုံ မပြုတော့မည့်အချိန် ရောက်လာသည့်အခါ၊ သင်သည် ထိုအရာမှ လွတ်မြောက်လိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် ယုံကြည်ရဲရင့်စွာ ကြိုးစားနိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်၏ စိတ်နှလုံးသည် မည်သည့် ချုပ်နှောင်မှုမဆိုထံမှ လွတ်မြောက်လာနိုင်ပေမည်။ လူတို့သည် ဤအရာများမှ ကယ်ထုတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၌ စိုးရိမ်ပူပန်စရာများ ရှိတော့မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း” မှ

ပေါလုသည် မိမိကိုယ်တိုင်၏ မနာခံခြင်းကို သိရန် မဆိုထားနှင့်၊ မိမိ ကိုယ်တိုင်၏ အနှစ်သာရ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို မသိခဲ့ချေ။ သူသည် ခရစ်တော်နှင့် သက်ဆိုင်သည့် သူ၏ စက်ဆုပ်ဖွယ် အာခံမှုကို မဖော်ပြခဲ့သကဲ့သို့၊ သူသည် လွန်ကဲစွာ နောင်တရခြင်းလည်း မရှိခဲ့ပေ။ အကျဉ်းရုံး ရှင်းပြချက်တစ်ခုကိုသာ သူပေးခဲ့ပြီး၊ သူ၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်း မရှိခဲ့ပေ။ သူသည် ဒမာသက်မြို့သို့ သွားရာလမ်းတွင် လဲကျခဲ့သော်လည်း၊ သူသည် မိမိ၏စိတ်တွင်း ကို မဆန်းစစ်ခဲ့ချေ။ သူသည် အလုပ်လုပ်မြဲ လုပ်နေရရုံမျှနှင့် ရောင့်ရဲခဲ့ပြီး၊ မိမိကိုယ်ကိုယ် သိခြင်းနှင့် သူ၏ စိတ်သဘောထားဟောင်းအား ပြောင်းလဲခြင်းတို့ကို အရေးပါဆုံးသော ကိစ္စရပ်များအဖြစ် သူ မမှတ်ယူခဲ့ချေ။ သမ္မာတရားအား ပြောဆိုခြင်းမျှဖြင့်၊ သူ၏ ကိုယ်ပိုင် ဩတ္တပ္ပစိတ်အတွက် အခြားသူများကို ကျွန်တစ်ဦးသဖွယ် ထောက်ပံ့ပေးခြင်းမျှဖြင့်၊ သူ့ကိုယ်သူ ဖြေသိမ့်ရန်နှင့် အတိတ်မှ သူ၏ အပြစ်များကို မိမိဘာသာ ဖြေလွှတ်ရန် ခရစ်တော်၏ နောက်လိုက်များအား နှိပ်စက်ညှဉ်းပန်းမှု မပြုတော့ခြင်းမျှဖြင့် သူသည် ကျေနပ်နေခဲ့သည်။ သူ လိုက်စားခဲ့သော ပန်းတိုင်သည် အနာဂတ် သရဖူနှင့် အချိန်ပိုင်းမျှသာခံသော အလုပ်ထက် ဘာမျှမပိုပေ၊ သူ လိုက်စားခဲ့သော ပန်းတိုင်သည် ကြွယ်ဝသော ကျေးဇူးတော် ဖြစ်သည်။ သူသည် လုံလောက်သော သမ္မာတရားကို မဖွေရှာခဲ့သကဲ့သို့၊ ယခင်က သူနားမလည်ခဲ့သော သမ္မာတရားထဲသို့လည်း သာ၍ နက်ရှိုင်းစွာ တိုးတက်ရန် မကြိုးစားခဲ့ချေ။ ထို့ကြောင့် မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာသည် မှားယွင်းသည်ဟု ပြော၍ရပြီး၊ သူသည် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်းကို လက်မခံခဲ့ချေ။ သူ အလုပ်လုပ်နိုင်ခဲ့သည်မှာ သူသည် မိမိကိုယ်တိုင်၏ သဘာဝ သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်၍ အသိပညာကို ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပေ။ သူ၏ အာရုံစိုက်မှုမှာ အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသာ ဖြစ်ခဲ့သည်။ ထို့အပြင် သူကြိုးပမ်းခဲ့သည့်အရာမှာ ပြောင်းလဲမှု မဟုတ်ပဲ အသိပညာ ဖြစ်ခဲ့သည်။ သူ၏ အလုပ်သည် ဒမာသက်သို့ သွားရာလမ်းပေါ်တွင် ယေရှု၏ ပေါ်ထွန်းခြင်း ရလဒ် လုံးလုံးဖြစ်ခဲ့သည်။ ယင်းမှာ သူသည် မူလက လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ခဲ့သည့်အရာ မဟုတ်သကဲ့သို့၊ ယင်းမှာ သူ၏ စိတ်သဘောထားဟောင်းကို ပြုပြင်ခြင်းအား လက်ခံပြီးသည့်နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အလုပ်လည်း မဟုတ်ခဲ့ချေ။ သူသည် မည်သို့ အလုပ်လုပ်ခဲ့သည် ဖြစ်စေ၊ သူ၏ ဟောင်းသော စိတ်သဘောထားသည် မပြောင်းလဲခဲ့ချေ၊ ထို့ကြောင့် သူ၏ အလုပ်သည် သူ၏အတိတ်က အပြစ်များကို မဖြေလွှတ်ခဲ့ဘဲ၊ ထိုအချိန်က အသင်းတော်များအလယ် အချို့သော အခန်းကဏ္ဍ၌ လုပ်ဆောင်ခဲ့ရုံမျှ ဖြစ်ခဲ့သည်။ ဤကဲ့သို့သော မိမိ၏ စိတ်သဘောထားဟောင်းကို ပြောင်းလဲခြင်း မရှိသည့် လူတစ်ယောက်အနေနှင့် ဆိုလိုသည်မှာ၊ ကယ်တင်ခြင်းအား မရရှိခဲ့သကဲ့သို့ သာ၍ပင် သမ္မာတရား မရှိသောသူတစ်ဦးအနေဖြင့် သူသည် သခင်ယေရှုက လက်ခံသော သူများထဲမှ တစ်ဦး ဖြစ်လာနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

သင်သည် သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တွေ့ရှိနိုင်စွမ်း ရှိလေလေ၊ ဤတွေ့ရှိခြင်းက တိကျမှန်ကန်လေလေဖြစ်ပြီး သင်ကိုယ်တိုင်၏ အနှစ်သာရကို သင် သိရှိနိုင်လေလေ၊ သင်သည် ကယ်တင်ခံရလိမ့်မည်မှာ ဖြစ်နိုင်ဖွယ်ရှိလေလေဖြစ်ပြီး သင်ကယ်တင်ခြင်းဆီ နီးကပ်စွာ လာလေလေ ဖြစ်လိမ့်မည်။ သင်သည် သင်၏ ပြဿနာများကို တွေ့ရှိနိုင်စွမ်း မရှိလေလေ၊ သင်သည် လူကောင်းတစ်ဦး၊ အတော်အတန် ထူးကဲ့သော လူတစ်ဦး ဖြစ်သည်ဟု ထင်လေလေ၊ သင်သည် ကယ်တင်ခြင်း လမ်းကြောင်းမှ ဝေးကွာလေလေဖြစ်ပြီး၊ ကြီးမားသော အန္တရာယ်တွင် ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့၏ အောင်မြင်မှုများကို ကြွားလုံးထုတ်ရင်း၊ ၎င်းတို့သည် ကျလောက်အောင် အပြောကောင်းသည်၊ လက်တွေ့ကျသည်၊ သမ္မာတရားကို နားလည်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အနစ်နာခံမှုများကို ပြုလုပ်နိုင်စွမ်းရှိသည်ဟု ဆိုရင်း၊ မိမိတို့ကိုယ်ကိုယ် တစ်နေကုန် ပြစားဝင့်ဝါသူ မည်သူမဆိုသည် အထူးသဖြင့် ဝိညာဉ်ရင့်ကျက်မှု နည်းပါးပေသည်။ မည်သည့် လူစားမျိုးသည် ကယ်တင်ခြင်းနှင့်သက်ဆိုင်သည့် သာ၍ ကြီးမားသော မျှော်လင့်ချက်ရှိပြီး၊ ကယ်တင်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းနိုင်စွမ်း ရှိသနည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ် သိရှိသော သူများဖြစ်သည်။ ၎င်းတို့၏ အသိပညာ နက်နဲလေလေ၊ ကယ်တင်ခြင်းဆီသို့ ၎င်းတို့ နီးကပ်စွာ လာလေလေ ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရှိခြင်း၊ သင်သည် အချည်းနှီး၊ အလဟဿဖြစ်သည်၊ သင်သည် အသက်ရှင်နေသော စာတန်တစ်ပါးဖြစ်သည်ကို သိရှိခြင်း၊ သင်၏ အနှစ်သာရကို သင် အမှန်တကယ် သိရှိသည့်အခါ၊ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု မဟုတ်ပေ။ ဤသည်မှာ ကောင်းမွန်သော အရာတစ်ခု ဖြစ်၏၊ ဆိုးသော အရာမဟုတ်။ မိမိတို့ကိုယ်ကိုယ်- “အားလုံး ပြီးသွားပြီ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ငါ့အပေါ် ကျရောက်လေပြီ၊ ယင်းသည် အပြစ်ပေးခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်းဖြစ်သည်၊ ဘုရားသခင်သည် ငါ့ကို မလိုချင်သကဲ့သို့ ငါ၌ ကယ်တင်ခြင်း မျှော်လင့်ချက်မရှိ” ဟု‌ တွေးရင်း၊ မိမိတို့ကိုယ်ကိုယ် သိရှိလေလေ အပျက်သဘောဆောင်လေလေ ဖြစ်သောသူ တစ်ဦးတစ်လေ ရှိသလော။ ဤလူတို့၌ ထိုသို့သော အတွေးမှားများ ရှိလိမ့်မည်လော။ အမှန်တွင်၊ ၎င်းတို့ မည်မျှ မျှော်လင့်ချက်မဲ့သည်ကို လူတို့ သတိပြုမိလေလေ၊ ၎င်းတို့အတွက် မျှော်လင့်ချက် ကြီးမားလေလေ ဖြစ်သည်။ ၎င်းတို့သည် အပျက်သဘောမဆောင်သင့်သကဲ့သို့ လက်မလျှော့သင့်ကြပေ။ သင့်ကိုယ်သင် သိရှိခြင်းသည် ကောင်းမွန်သော အရာတစ်ခုဖြစ်၏၊ ယင်းသည် ကယ်တင်ခြင်းဆီသို့ လျှောက်လှမ်းရမည့် လမ်းကြောင်းဖြစ်သည်။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ရာ၌ အထူးထူးအပြားပြားဖြစ်သော သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သင်၏ အနှစ်သာရတို့နှင့် ပတ်သက်၍ လုံးဝ မချင့်ချိန်တတ်ပါက၊ ပြီးလျှင် သင်သည် ပြောင်းလဲဖို့ မည်သည့် အစီအစဉ်များမျှ မရှိသေးပါက၊ သင် ဒုက္ခရောက်ပေသည်။ ထိုသို့သောလူတို့သည် ထုံအသွားနှင့်ကြပြီးဖြစ်သည်၊ ၎င်းတို့သည် သေဆုံးနေကြ၏။ လူသေကို အသက်ပြန်ရှင်စေ၍ရနိုင်သလော။ ၎င်းတို့သည် သေဆုံးပြီးသားဖြစ်၏- ပြန်မရှင်နိုင်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင့်ကိုယ်သင် သိရှိသည့်အခါမှသာ သမ္မာတရားကို သင်ရှာဖွေလိုက်စားနိုင်သည်” မှ

အရှေ့သို့- ၄၆။ အကြင်သူ၏ စိတ်သဘောထား ပြောင်းလဲခဲ့ပြီးခြင်း ရှိ၊မရှိအပေါ် ဆင်ခြင်သုံးသပ်ခြင်းဆိုင်ရာ မူများ

နောက်တစ်ခုသို့- ၄၈။ စစ်မှန်သော နောင်တဆိုင်ရာ မူများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်