၆၇) ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ပြန်လည်ခေါ်ယူခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များနှင့် ပတ်သက်၍ စွပ်စွဲရှုတ်ချခြင်းနှင့် စွပ်စွဲပြစ်တင်ခြင်း စာများကို ပထမဦးစွာ အကုန်အစင် စုံစမ်းစစ်ဆေးခြင်း ခံစေသင့်သည်။ ထိုသို့သော ကိစ္စရပ်တစ်ခုကို အချက်အလက်နှင့် လုံးဝ ကိုက်ညီသည့် စွပ်စွဲချက်များကို မတွေ့မချင်း၊ မကိုင်တွယ်သင့်သကဲ့သို့ ယင်း၏ သဘောသဘာဝကို မဆုံးဖြတ်သင့်ပေ။

(၂) ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုတော်ဆောင်တစ်ဦး၏ အလုပ်သည် လက်တွေ့ကျသည့် ရလဒ်များ ဖြစ်ထွန်းခြင်းရှိမရှိကို အများ၏ သုံးသပ်မှုပြုဖို့ လိုအပ်သည်။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အမှုတော်ဆောင်တစ်ဦး အဖြစ် သတ်မှတ်ခြင်းအားဖြင့်သာလျှင် ၎င်းတို့အား ၎င်းတို့၏ရာထူးနေရာမှ ဖယ်ရှား၍ရနိုင်ပါသည်။

(၃) ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ အလုပ်သည် အချိန်မရွေး စစ်ဆေးခြင်းကို ခံသင့်သည်။ အခြေခံသဘောတရားများကို ဆိုးရွားသည့် ချိုးဖောက်မှုတစ်ခု ဖြစ်စေသည့် မည်သည့်အရာကိုမဆို ချက်ချင်း ကိုင်တွယ်ကာ ဖြေရှင်းရမည်ဖြစ်သည်။

(၄) အထွေထွေ အပြားပြားသော ဆိုးယုတ်သည့် လုပ်ရပ်များတွင် ပါဝင်ပတ်သက်ပြီးဖြစ်သည့် အယောင်ဆောင်သော ခေါင်းဆောင်တစ်ဦးနှင့် အန္တိခရစ်တို့ကို ပြန်လည်ခေါ်ယူခြင်းအား ခေါင်းဆောင်များ သို့မဟုတ် အမှုတော်ဆောင်များ နှစ်ဦး၊ သုံးဦး ပူးတွဲပါလျက် ဘုရားသခင် ရွေးချယ်ထားသည့် စစ်မှန်သော လူများထဲမှ သိသာသည့် အရေအတွက်အားဖြင့်သာ ဆောင်ရွက်နိုင်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများသည် အန္တိခရစ်များကို မည်သို့ဆက်ဆံသင့်သနည်း။ ၎င်းတို့သည် ထိုသူတို့ကို ခွဲခြားသိမြင်ရမည်၊ ဖော်ထုတ်ရမည်၊ တိုင်ကြားရမည်ဖြစ်ပြီး နှင်ထုတ်ရမည် ဖြစ်သည်။ အန္တိခရစ်တစ်ဦးက ခေါင်းဆောင်မှု နေရာတစ်ခုသို့ မည်သို့ရောက်လာသည်ဖြစ်စေ၊ သူသည် အစဉ် ဘုရားသခင်ကို ခုခံသူတစ်ဦး ဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦး၏ ခေါင်းဆောင်မှုကို လက်ခံရမည်မဟုတ်သကဲ့သို့၊ သူလုပ်ဆောင်သည့်အရာမှာ သင့်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဦးဆောင်ဖို့ မဟုတ်သည့်အတွက်၊ သူ့ကို ခေါင်းဆောင်တစ်ဦးအဖြစ် သင်အသိအမှတ်မပြုရ။ သူသည် သင့်ကို ငရဲသို့ ဆွဲချလိုပြီး သူလျှောက်လှမ်းနေသည့် အန္တိခရစ်များ၏ တူညီသော လမ်းကြောင်းတစ်လျှောက် သင့်ကို တရွတ်တိုက်ဆွဲလို၏။ ဘုရားသခင်အား ဆန့်ကျင်ခုခံခြင်းနှင့် ဘုရားသခင်၏ အမှုကို နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့တွင် သူသည် သင့်ကို သူနှင့်အတူ ပူးပေါင်းစေသည်။ သင်သည် သူနှင့်အတူ ရွှံ့နွံထဲတွင် လူးလိမ့်ပျော်မြူးလာဖို့အလို့ငှာ သူသည် သင့်ကို သုတ်ယူကာ ဆွဲလေသည်။ ဤအရာကို သင်လိုက်လျောမည်လော။ သင်လိုက်လျောပါက၊ ထို့ပြင် သင်သည် သူနှင့် အပေးအယူလုပ်ပါက၊ သနားကရုဏာအတွက် သူ့ကို တောင်းခံပါက၊ သို့မဟုတ် သူ၏ သိမ်းပိုက်ခြင်းကို ခံရပါက၊ သင်သည် သက်သေမခံလေပြီ၊ ပြီးလျှင် သင်သည် သမ္မာတရားနှင့် ဘုရားသခင် နှစ်ခုလုံးကို သစ္စာဖောက်သော လူတစ်ဦးဖြစ်ပြီး- ထိုသို့သော လူတို့ကို ကယ်တင်၍ မရနိုင်ပေ။ ကယ်တင်ခြင်းရရှိဖို့အလို့ငှာ လူတစ်ဦးပြည့်မီရမည့် သတ်မှတ်ချက်များမှာ အဘယ်နည်း။ ပထမဦးစွာ၊ ၎င်းတို့သည် ဆိုးယုတ်သော အန္တိခရစ်များကို ခွဲခြားရန် အစွမ်းအစကို ပိုင်ဆိုင်ရမည်။ ၎င်းတို့၌ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာ ရှိရမည်။ ဘုရားသခင်ကို ၎င်းတို့ စစ်မှန်စွာ ယုံကြည်နိုင်ပြီး လူကို ကိုးကွယ်ခြင်း၊ သို့မဟုတ် လူနောက်လိုက်ခြင်းအား ရှောင်ကြဉ်နိုင်သည်မှာ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာအား ပိုင်ဆိုင်ခြင်းအားဖြင့်သာ ဖြစ်သည်။ အန္တိခရစ်များကို ခွဲခြားနိုင်သော လူတို့သာ ဘုရားသခင်ကို အမှန်တကယ် ချစ်ဖို့နှင့် သူ့နောက် လိုက်ပြီး သက်သေခံဖို့ အစွမ်းအစ ရှိပေသည်။ အန္တိခရစ်များကို ခွဲခြားဖို့အလို့ငှာ၊ လူတို့သည် ပထမဦးစွာ လူများနှင့် အမှုအရာများကို ပြီးပြည့်စုံသော ရှင်းလင်းမှုနှင့် သိနားလည်မှုတို့ဖြင့် တွေ့မြင်ရန် သင်ယူရမည်။ ၎င်းတို့သည် အန္တိခရစ်များ၏ အနှစ်သာရကို သိမြင်နိုင်ရမည်ဖြစ်ပြီး ၎င်းတို့၏ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်များ၊ လှည့်စားချက်များ၊ အတွင်း အရင်းခံအကြောင်းများနှင့် ရည်မှန်းချက်များအားလုံးကို ရိပ်စားမိရမည်။ ဤအရာကို သင်လုပ်ဆောင်နိုင်ပါက၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်ပေသည်။ ကယ်တင်ခြင်းကို သင်ရရှိလိုပါက၊ သင်အောင်မြင်ရမည့် ပထမဆုံးသော စစ်ဆေးမှုမှာ စာတန်ကို မည်သို့ အနိုင်ယူရမည်ဆိုသည်နှင့် ပြင်ပလောကမှ ရန်လိုသော အင်အားစုများနှင့် ဝင်ရောက်စွက်ဖက်ခြင်းတို့ကို မည်သို့အောင်မြင်ကျော်လွှားကာ အောင်နိုင်ရမည်ဆိုသည်တို့ကို သင်ယူဖို့ ဖြစ်သည်။ သင်သည် စာတန်၏ အင်အားစုများကို ဆန့်ကျင်တိုက်ပွဲဝင်ရာတွင် အဆုံးထိ မဆုတ်မနစ် လုံ့လထုတ်ရန် ဝိညာဉ်ရင့်ကျက်မှုနှင့် လုံလောက်သော သမ္မာတရားတို့ကို ပိုင်ဆိုင်ပြီး ၎င်းတို့ကို အနိုင်ယူပြီးသည်နှင့်တစ်ပြိုင်နက်- ထိုအခါတွင်သာ- သင်သည် သမ္မာတရားကို မှန်မှန်လိုက်စားနိုင်ပြီး ထိုအခါမှသာ သင်သည် သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ပေးအပ်ခံရခြင်း လမ်းကြောင်းပေါ် တည်ကြည်ခိုင်မာစွာနှင့် မတော်တဆ ထိခိုက်ခြင်း မရှိဘဲ ခြေလှမ်းနိုင်ပေသည်။ သင်သည် ဤစစ်ဆေးမှုကို မအောင်မြင်နိုင်ပါက၊ သင်သည် ကြီးမားသော အန္တရာယ်တွင်ရှိနေပြီး အန္တိခရစ်၏ ဖမ်းဆီးခံရကာ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်လာရနိုင်ဖွယ်ရှိသည်ဟု ဆိုနိုင်ပေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်” မှ

ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ သူ လုပ်ဆောင်သည့်အရာ မှန်ပါက၊ သူ့ကို သင် နာခံနိုင်သည်။ သူ လုပ်ဆောင်သည့်အရာ မှားယွင်းပါက၊ သူ့ကို သင် ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ခြင်းပင်ပြုကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ သူသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင်၊ အတုအယောင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက၊ သူ၏ ခေါင်းဆောင်မှုကို သင် ငြင်းနိုင်ပြီး၊ သင်သည်လည်း သူ့အကြောင်း တိုင်ကြားကာ သူ့ကို ဖော်ထုတ်နိုင်သည်။ သို့သော်၊ ဘုရားသခင် ရွေးကောက်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ထို့ကြောင့် မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ဝံ့ကြချေ။ ၎င်းတို့က၊ “ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက၊ ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက၊ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်ကို ကျွန်ုပ် စွန့်ခွာပါက၊ ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ အသင်းတော်သည် ဘုရားသခင်ကို ကိုယ်စားပြုပါသည်” ဟု ပြောကြသည်။ ဤသို့တွေးတောပုံများသည် ထိုသို့သောလူ၏ အမှုအရာများကိုသဘောထားပုံအပေါ် သက်ရောက်မှုရှိသည် မဟုတ်လော။ ခေါင်းဆောင်က သင့်ကို နှင်ထုတ်ပါက၊ သင် ကယ်တင်ခြင်း မခံရနိုင်တော့သည်မှာ အမှန်တကယ် မှန်နိုင်ပါမည်လော။ သင်၏ ကယ်တင်ခြင်းနှင့်ဆိုင်သော စဉ်းစားရမည့် အကြောင်းအရာသည် သင်၏ ခေါင်းဆောင်၏ သင့်အပေါ်သဘောထားအပေါ် တည်မှီသလော။ များလှစွာသော လူတို့သည် ထိုသို့သော အကြောက်တရား အတိုင်းအတာတစ်ခု အဘယ်ကြောင့် ရှိကြသနည်း။ ခေါင်းဆောင် အတုအယောင် သို့မဟုတ် အန္တိခရစ်တစ်ဦး ဖြစ်သူက သင့်ကို ခြိမ်းခြောက်သည်နှင့်တစ်ပြိုင်နက် ယင်းကို သင်က အထက်သို့ အကြောင်းမကြားဝံ့သည့်အပြင်၊ ထိုအချိန်မှစ၍ သင်သည် ခေါင်းဆောင်နှင့် တစ်စိတ်တည်းဖြစ်လိမ့်မည်ဟု အာမခံပါက၊ သင်သည် ကျဉ်းထဲကျပ်ထဲကျပြီ မဟုတ်လော။ ဤသည်မှာ သမ္မာတရား ရှာဖွေသော လူစားမျိုးလော။ သင်သည် စာတန်ဆန်သော အန္တိခရစ်များက ကျူးလွန်နိုင်သည့်အရာဖြစ်သည့် ထိုသို့သော ယုတ်မာသည့် အပြုအမူကို မဖော်ထုတ်ဝံ့သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့်၊ ထိုအန္တိခရစ်များကို နာခံပြီး ၎င်းတို့၏ စကားများကို သမ္မာတရားအဖြစ်ပင်ခံယူပြီး ယင်းတို့ကို သင် နာခံလေသည်။ ဤသည်မှာ မိုက်မဲမှု၏ စံနမူနာ ဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ထိခိုက်နစ်နာသည့်အခါ၊ ယင်းက သင်နှင့် ထိုက်တန်သည့်အရာ မဟုတ်သလော။ ဘုရားသခင်က သင့်အား ထိခိုက်နစ်နာစေပြီး ဖြစ်သလော။ ယင်းကို သင့်ဘာသာသင် ဆန္ဒပြုခဲ့ခြင်းဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦးကို သင်၏ခေါင်းဆောင်အဖြစ် ခံယူပြီး၊ သူ့အား ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မ တစ်ဦးအလား ဆက်ဆံခဲ့သည်- ပြီးလျှင် ယင်းက သင်၏အမှားဖြစ်သည်။ အန္တိခရစ်တစ်ဦးကို ဆက်ဆံသင့်သည့် သဘောထားမှာ အဘယ်နည်း။ သူ့ကို ဖော်ထုတ်ပြီး ၎င်းကို ခုခံတွန်းလှန်ဖို့ အင်တိုက်အားတိုက် ကြိုးစားသင့်သည်။ သင်သည် ဤသည်ကို တစ်ဦးတည်း မလုပ်ဆောင်နိုင်ပါက၊ လူပေါင်းစုံတို့က အတူတကွ စုပေါင်းလျက်၊ ၎င်းကို တိုင်ကြားရမည်။ အထက်မှ ခေါင်းဆောင်အချို့နှင့် အမှုတော်ဆောင်အချို့တို့သည် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နေကာ၊ တကယ့်အလုပ်ကို မလုပ်နေဘဲ၊ ညီအစ်ကိုမောင်နှမများကို ဒုက္ခရောက် စေပြီး၊ ဂုဏ်ဒြပ်နှင့်သက်ဆိုင်သည့် ကောင်းကြီးမင်္ဂလာများကို ငမ်းငမ်းတက် လိုချင်နေသည်ကို သိရှိရခြင်း၌ လူအချို့သည် ထိုအန္တိခရစ်များကို ဖယ်ရှားဖို့ ပန်ကြားခြင်းတစ်ခုကို လက်မှတ်ထိုးခဲ့ကြသည်။ ဤလူများသည် အဘယ် ဆန်းကြယ်သည့်အလုပ်ကို လုပ်ခဲ့ကြသနည်း။ ယင်းက ဤလူများသည် သမ္မာတရားကို နားလည်ကြောင်း၊ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှုပမာဏ အချို့ကို ပိုင်ဆိုင်ကြောင်းနှင့် ၎င်းတို့သည် စာတန်အားဖြင့် ထိန်းချုပ်ခံရခြင်း မရှိသကဲ့သို့၊ လှည့်စားခံရခြင်းလည်း မရှိကြောင်း ပြနေသည်။ ဤသည်က အန္တိခရစ်များနှင့် ခေါင်းဆောင်အတုအယောင်များသည် အသင်းတော်၌ အဓိကဖြစ်သော ရာထူးတစ်ခုကို မကိုင်စွဲထားဘဲ၊ ၎င်းတို့သည် ၎င်းတို့ပြောသမျှနှင့် လုပ်သမျှတွင် ၎င်းတို့၏စရိုက်မှန်ကို ထင်ထင်ရှားရှား မပြရဲကြောင်းကိုလည်း သက်သေပြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် တကယ် ထုတ်ဖော်ပြပါကလည်း၊ ၎င်းတို့ကို စောင့်ကြည့်စစ်ဆေးဖို့၊ ဖော်ထုတ်ဖို့နှင့် ဖယ်ရှင်းဖို့ လူများရှိသည်။ ဆိုလိုသည်မှာ သမ္မာတရားကို အမှန်တကယ် နားလည်သူများ၏ စိတ်နှလုံးများတွင် လူပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်ဒြပ်၊ ဩဇာတိက္ကမနှင့် ဩဇာအာဏာတို့သည် ဩဇာလွှမ်းမိုးနိုင်သည့် အရာများ မဟုတ်ပေ။ သမ္မာတရားကို နားလည်သည့် သူများအားလုံးသည် ထိုးထွင်းသိမြင်မှု ရှိနိုင်ကြပြီး ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုတွင် လူများသည် မည်သည့်လမ်းကြောင်းကို လိုက်လျှောက် သင့်သကဲ့သို့၊ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ၎င်းတို့ မည်သို့ ဆက်ဆံသင့်သည်ကို ပြန်တွေးပြီး ပြန်လည် သုံးသပ်ကြသည်။ ၎င်းတို့သည် မည်သူ့နောက်ကို လူများလိုက်သင့်သည်၊ လူများနောက်လိုက်ခြင်းတွင် မည်သည့်အပြုအမူ ပါဝင်ပြီး ဘုရားသခင် နောက်လိုက်ခြင်းတွင် မည်သည့်အပြုအမူ ပါဝင်သည်တို့နှင့်ပတ်သက်၍လည်း စတင် တွေးတောကြသည်။ ဤသမ္မာတရားများကို နှစ်ပေါင်းများစွာ တွေးဆပြီး ဒေသနာများကို မကြာခဏ နားထောင်ပြီးသည့်နောက်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားများကို မရည်ရွယ်ဘဲ နားလည်လာပြီးဖြစ်သောကြောင့်၊ ၎င်းတို့၌ ဝိညာဉ်ရင့်ကျက်မှု အချို့ ရရှိပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် လမ်းကြောင်းမှန်ပေါ်သို့ စတင်ပြီးဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်” မှ

အန္တိခရစ်များကို အသင်းတော်တွင် ဝရုန်းသုန်းကား လှုပ်ရှားသောင်းကျန်းခွင့်ပြုကာ ညီအစ်ကိုမောင်နှမများကို ထိန်းချုပ်ရန်၊ ခြိမ်းခြောက်ရန်၊ လှည့်ဖြားရန်၊ သို့မဟုတ် လမ်းလွဲစေရန်အတွက် မည်သည့်ဆောင်ပုဒ်များနှင့် အငြင်းအခုံများကိုမဆို ၎င်းတို့စိတ်ကြိုက် ဟစ်အော်ပြောဆိုဖို့ ဇက်ကုန်လွှတ်ပေးထားပြီး၊ ခေါင်းဆောင်များက ဘာမျှမလုပ်၊ ထိုးထွင်းနားလည်နိင်စွမ်းမရှိသည့်အပြင် ထိုအန္တိခရစ်များကို ချက်ချင်းဖော်ထုတ်၍ ထိန်းချုပ်နိုင်စွမ်း မရှိသဖြင့် ညီအစ်ကိုမောင်နှမများသည် အန္တိခရစ်များ၏ စိတ်တိုင်းကျခြယ်လှယ်ခြင်းကို ခံရပြီး၊ အနှောင့်အယှက်ပေးခြင်းကို ခံရပါက ဤအသင်းတော်၏ခေါင်းဆောင်များသည် အမှိုက်သရိုက်များပင် ဖြစ်သည်။ အကယ်၍ အသင်းတော်တစ်ပါးတွင် အန္တိခရစ်များနှင့် ဆိုးညစ်သူများကို ညီအစ်ကိုမောင်နှများက ပစ်ပယ်ကာ ရွံမုန်းလျှင်၊ ၎င်းတို့ကို အသင်းတော်အတွင်း ချုပ်နှောင်ထားလျှင်၊ ညီအစ်ကိုမောင်နှမများကို လမ်းလွဲစေပြီး လှည့်ဖြားသော ၎င်းတို့၏ပြောဆိုချက်နှင့် အချည်းနှီးဖြစ်သော ဆောင်ပုဒ်များသည် အသင်းတော်တွင် အလုပ်မဖြစ်ဘဲ ၎င်းတို့ကို ဟန့်တား၊ ထိန်းချုပ်ထားနိုင်သည်အထိ လူတိုင်း၌ ၎င်းတို့အပေါ် ထိုးထွင်းသိမြင်မှုရှိလျှင် ဤအသင်းတော်၏ခေါင်းဆောင်များသည် အရည်အချင်းပြည့်မီပေသည်။ ၎င်းတို့သည် မှန်ကန်စစ်မှန်မှုကို ပိုင်ဆိုင်သောခေါင်းဆောင်များ ဖြစ်ကြသည်။ အကယ်၍ အသင်းတော်တစ်ပါးကို အန္တိခရစ်တစ်ဉီးက အနှောင့်အယှက်ပေးနေပါက၊ ထို့ပြင် ထိုအန္တိခရစ်ကို ညီအစ်ကိုမောင်နှမများက ဖော်ထုတ်ကာ ပစ်ပယ်ထားပြီးနောက် ထိုအန္တိခရစ်က ညီအစ်ကိုမောင်နှမများကို ဖိစီးနှိပ်စက်ခြင်းအားဖြင့် လက်စားချေပြီး အသင်းတော် ခေါင်းဆောင်များက အဘယ်အရာမျှ မပြုပါက ဤအသင်းတော်၏ခေါင်းဆောင်များသည် အမှိုက်သရိုက်များဖြစ်ကြကာ ၎င်းတို့ကို ဖယ်ရှားသင့်သည်။ အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များအနေဖြင့် ၎င်းတို့သည် သမ္မာတရားကို အသုံးပြုပြီး ပြဿနာများကို ‌ဖြေရှင်းနိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် အသင်းတော်ထဲရှိ အန္တိခရစ်များ၏ ထင်ရာစိုင်းမှုကို ဖော်ထုတ်ကာ ထိန်းချုပ်ပြီး ကန့်သတ်ခြင်းတို့ မပြုနိုင်ဘဲ ညီအစ်ကိုမောင်နှမများကို ကာကွယ်‌ပေးနိုင်ခြင်းလည်း မရှိ၊ ၎င်းတို့တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်စေရန် ၎င်းတို့ကို ကာကွယ်ပေးနိုင်ခြင်းလည်း မရှိသည့်အပြင် ဘုရားသခင့်အိမ်တော်၏အလုပ်ကို ပုံမှန်အကောင်အထည်ပေါ်စေရန် ထိန်းသိမ်းနိုင်ခြင်းလည်း မရှိပါက ဤအသင်းတော်၏ခေါင်းဆောင်များသည် အမှိုက်သရိုက်များ ဖြစ်ကြပြီး၊ ၎င်းတို့ကို ဖယ်ရှားသင့်သည်။ အကယ်၍ အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များသည် အန္တိခရစ်တစ်ဉီးက မလိုမုန်းထားပြီး ရက်စက်နေသောကြောင့် ၎င်းကို ချဉ်းကပ်ရန်၊ သို့မဟုတ် နှိုးဆွရန် ကြောက်ရွံ့နေပြီး ထိုသို့ဖြင့် ထိုအန္တိခရစ်ကို အသင်းတော်တွင် စည်းလွတ်ဘောင်လွတ်ပြုမူခွင့်ပြု၍ ၎င်းက အခြားသူများအား နိုင်လိုမင်းထက်ပြုမူကာ ၎င်းပြုချင်သမျှကို ပြုမူရင်း ဘုရားသခင့်အိမ်တော်၏ လုပ်ဖွယ်ဆောင်တာအများအပြားကို တုံ့ဆိုင်းစေပြီး လုံးဝဥဿုံရပ်တန့်စေပါက ဤအသင်းတော်၏ ခေါင်းဆောင်များသည် အမှိုက်သရိုက်များဖြစ်ကြပြီး၊ ၎င်းတို့ကို ဖယ်ရှားသင့်သည်။ လက်တုံ့ပြန်မှုကို ကြောက်ရွံ့သောကြောင့် အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များသည် အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ရန် မည်သည့်အခါကမျှ သတ္တိမရှိသည့်အပြင် အန္တိခရစ်၏ ဆိုးယုတ်သော လုပ်ရပ်များကို ထိန်းချုပ်ကန့်သတ်ရန် မည်သည့်အခါကမျှ မကြိုးပမ်းဘဲ ဤသို့ဖြင့် အသင်းတော်အသက်တာကို အနှောင့်အယှက်ဖြစ်စေပြီး၊ ညီအစ်ကိုမောင်နှမများ၏ အသက်တာသို့ဝင်ရောက်ခြင်းကို ကြီးမားစွာ နှောင့်ယှက်ပျက်စီးစေပါက ဤအသင်းတော်၏ခေါင်းဆောင်များသည် အမှိုက်သရိုက်များ ဖြစ်ကြပြီး၊ ၎င်းတို့ကို ဖယ်ရှားသင့်သည်။ သင်တို့သည် ထိုသို့သော ခေါင်းဆောင်များကို ရွေးချယ်မည်လော။ (ရွေးချယ်မည် မဟုတ်ပါ။) သို့ဆိုလျှင် သင်တို့သည် ထိုသို့သော ခေါင်းဆောင်များကို ကြုံတွေ့ရသည့်အခါ အဘယ်အရာကို လုပ်ဆောင်သင့်သနည်း။ “အန္တိခရစ်များသည် ကျွန်ုပ်တို့အသင်းတော်၌ အာဏာရှင်များကဲ့သို့ ပြုမူပြီး အာဏာကိုင်စွဲလျက် ဤပြဿနာများအားလုံးကို ဖြစ်နေစေသည်။ သင်သည် ၎င်းတို့ကို တားမည်လော။ သင်သည် ၎င်းတို့ကို ဖော်ထုတ်ရဲလော။ မဖော်ထုတ်ရဲပါက ရာထူးမှ ဆင်းပေးလော့။ သင်သည် သင်၏ဇာတိခန္ဓာ အကျိုးစီးပွားကိုသာ ကာကွယ်နေပါက၊ သင်သည် အန္တိခရစ်များနှင့် ဆိုးယုတ်သူများကို ကြောက်သောကြောင့် သင်၏ညီအစ်ကိုမောင်နှမများကို ၎င်းတို့ထံ လက်လွှဲပြောင်းပေးနေပါက သင်သည် ကျိန်ဆဲခြင်းခံထိုက်၏။ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ မထိုက်တန်။ ရာထူးမှ ဆင်းပေးလော့” ဟု ၎င်းတို့ကို သင်တောင်းဆိုသင့်သည်။ ယင်းမှာ ဤကဲ့သို့သော ခေါင်းဆောင်များကို ဆက်ဆံသင့်သည့်ပုံစံဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ၎င်းတို့ကို ဆက်ဆံသင့်သည့်ပုံစံအတိအကျဖြစ်သည်။ ထိုသို့သော ခေါင်းဆောင်များသည် မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ချေ။ ဆိုးယုတ်သူများကို ရင်ဆိုင်ရသည့်အခါတွင် ၎င်းတို့က မိမိတို့၏ ညီအစ်ကိုမောင်နှမများကို မကာကွယ်ပေ။ ထိုအစား ၎င်းတို့က ဆိုးယုတ်သူများကို ဦးညွှတ်သည်၊ ၎င်းတို့ကို အလျှော့ပေးလိုက်လျောပြီး ချမ်းသာပေးဖို့ အနူးအညွတ် တောင်းပန်ကြသည်။ ထိုသို့သော လူများသည် အမှိုက်များဖြစ်၏၊ ၎င်းတို့သည် သစ္စာဖောက်များဖြစ်ပြီး ငြင်းပယ်ခြင်းခံရသင့်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (အပိုင်း ၈)” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

အသင်းတော်ထဲတွင် ဩဇာလွှမ်းမိုးသည့် အန္တိခရစ်များ၊ ဆိုးယုတ်သော လူများနှင့် လှည့်ဖြားသူများအတွက်၊ ၎င်းတို့အား ၎င်းတို့၏ ရာထူးများမှ ဖယ်ရှားကာ ငြင်းပယ်ဖို့ ဘုရားသခင်၏ ရွေးချယ်ထားသော လူများသည် စည်းလုံးရမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင််ရရှိထားသည့် ခေါင်းဆောင်များနှင့် အလုပ်သမားများ နှစ်ဦး သို့မဟုတ် သုံးဦးသည် ၎င်းတို့ကို ၎င်းတို့၏ ရာထူးများမှ တိုက်ရိုက်ဖယ်ရှားနိုင်ပြီး ပိတ်ပင်နိုင်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင််ရရှိကြသည့် မည်သူမဆိုကိုလည်း ဖယ်ရှားခံရသူများ၏ အလုပ်ကို လွှဲပြောင်းတာဝန်ယူရန် ရွေးကောက်နိုင်သည်။ ဤသည်သာ စာတန်ကို အမှန်တကယ် မုန်းတီးခြင်းနှင့် ၎င်းကို ကျောခိုင်းခြင်း ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်အနေဖြင့် ဆိုးယုတ်သော လူများ၊ အန္တိခရစ်များ၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မပိုင်ဆိုင်သောသူများကို အသင်းတော်ထဲတွင် အာဏာစွဲကိုင်ဖို့နှင့် ထိုသို့ဖြင့် အခြားသူတို့ကို လှည့်ဖြားကာ ထိခိုက်နစ်နာစေဖို့ မည်သည့်အခါတွင်မျှ ခွင့်မပြုရ။ ထိုသို့သော လူများက မိမိတို့၏ စရိုက်မှန်များကို ပြသသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ပိတ်ပင်ရမည်။ ဤသည်မှာ ဘုရားသခင်၏ အမိန့်ဖြစ်ပြီး၊ ယင်းသည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၏ သင်္ကေတတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် သူ၏ အမှုတော်ကို ထိန်းသိမ်းလျက်၊ သူ့နှုတ်ကပတ်တော်များ၏ ဩဇာအာဏာကို ကျိုးနွံနာခံလျက် သူ၏ ဘက်တွင် တည်ကြည်ခိုင်မာစွာ ရပ်တည်သင့်သည်။ အန္တိခရစ်များနှင့် ဆိုးယုတ်သော လူများက အသင်းတော်ထဲတွင် အာဏာ စွဲကိုင်ဖို့မှာ ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်ပြီး၊ သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဆန့်ကျင်ပေသည်။ တစ်ဦးတစ်ယောက်ကို သိရသည့်အချိန်တွင် ၎င်းကို ပိတ်ပင်သင့်သည်။ မည်သူမျှ ထိုသို့သော လူတစ်ဦးကို အကာအကွယ် မပေးရ။ အန္တိခရစ်တစ်ဦး၊ ဆိုးယုတ်သော လူတစ်ဦး သို့မဟုတ် အခြားသူတို့ကို လှည့်ဖြားသူ တစ်စုံတစ်ဦးကို ကာကွယ်သည့်အနေဖြင့် ပွင့်ပွင့်လင်းလင်း ပြောသောသူ မည်သူမဆိုသည် ကြံရာပါတစ်ဦးဖြစ်ပြီး၊ စာတန်၏ သားသမီးတစ်ဦးဖြစ်ကာ၊ ထို့ကြောင့် ၎င်းသည် ဘုရားသခင်အားဖြင့် ဖော်ထုတ်ခံရကာ ဖယ်ရှင်းသုတ်သင်ခံရမည့်သူ ဖြစ်သည်။

ကပ်ဘေးများနှင့် စမ်းသပ်မှုများ၏ နောက်ဆုံးသော နှစ်ကာလများအတွင်းတွင် လူအမျိုးအစားပေါင်းစုံ ထုတ်ဖော်ပြခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မပိုင်ဆိုင်သည့် အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများသည် ခေါင်းဆောင်များနှင့် အလုပ်သမားများ၏ သုံးပုံတစ်ပုံခန့် ဖွဲ့စည်းပါဝင်သည်။ ဤအယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားထဲတွင်၊ အချို့မှာ ဆိုးယုတ်မှုမျိုးစုံ လုပ်ဆောင်သည့် အန္တိခရစ်များ ဖြစ်ကြသည်၊ အချို့မှာမူ ဆိုးယုတ်မှုများစွာ မလုပ်ဆောင်သေးသော်လည်း၊ သမ္မာတရားအား ၎င်းတို့ မလိုက်စားခြင်းကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးကြပြီးဖြစ်ကာ နောင်တရဖို့ အခွင့်အရေးများ ပေးခံရနိုင်သည့်သူများမှာ ဤကဲ့သို့သော လူများ ဖြစ်သည်။ ဆိုးယုတ်မှု မျိုးစုံလုပ်ဆောင်သည့် သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင် အမှီအခိုကင်းသည့် နယ်မြေကို တည်ထောင်ရန် ကြိုးစားသည့် အန္တိခရစ်များအတွက်မူ၊ အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများအပြင် ဘုရားသခင်၏ ရွေးချယ်ထားသောလူများသည် ဤလူများ၏ ဆိုးယုတ်မှု သက်သေအထောက်အထားများကို စုဆောင်းသင့်ပြီး၊ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များ၏ အကျဉ်းချုပ်တစ်ခု ပြုလုပ်သင့်သည်။ လုံလောက်သည့် သက်သေအထောက်အထားများ စုစည်းထားပြီးချိန်တွင်၊ ဤလူများကို ၎င်းတို့၏ ရာထူးများမှ ဖယ်ရှားဖို့နှင့် ၎င်းတို့ကို ပိတ်ပင်ဖို့ အရေးယူဆောင်ရွက်မှု လုပ်ဆောင်နိုင်ပေသည်။ ဤအရေးယူဆောင်ရွက်မှုသည် ဘုရားသခင်ထံ ဆက်ကပ်မှုကို ပြသဖို့ ဆိုးယုတ်မှုကို နှင်ထုတ်ခြင်းတစ်ခု ဖြစ်သည်။ အချို့သော အသင်းတော်များတွင်၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် အချို့သော အယောင်ဆောင် ခေါင်းဆောင်များ၊ အယောင်ဆောင် အလုပ်သမားများ သို့မဟုတ် အန္တိခရစ်တို့၏ ပြစ်မှုများနှင့် သက်ဆိုင်သော သက်သေအထောက်အထားများကို သဘောပေါက်နှင့်ပြီးဖြစ်ကာ ၎င်းတို့အနေဖြင့် ဤသက်သေအထောက်အထားကို ရေးသားထားသည့် စာပေကုန်ကြမ်းများအဖြစ်သို့ ကောက်နုတ်စုစည်းသင့်ပေသည်။ အကယ်၍ တစ်စုံတစ်ဦးသည် အန္တိခရစ်၏ အင်အားစုတစ်စုအဖြစ်သို့ ဖြစ်ပေါ်ပြီးဖြစ်ပါက၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်သည့် ခေါင်းဆောင်များ၊ အလုပ်သမားများနှင့် ပေါင်းစည်းသင့်ပြီး၊ ထိုလူကို ထုတ်ပစ်ကာ အစားထိုးသင့်ပေသည်။ ကျူးလွန်ထားသည့် ဆိုးယုတ်သော လုပ်ဆောင်ချက်များနှင့်သက်ဆိုင်သည့် မလုံလောက်သော သက်သေအထောက်အထားရှိပါက၊ သို့မဟုတ် ယင်းသည် ဖောက်ပြန်ပျက်စီးခြင်းအား ဖော်ပြခြင်း ပြဿနာအမျိုးမျိုးနှင့်သာ သက်ဆိုင်ပြီး ဆိုးယုတ်မှုမျိုးစုံကို ၎င်းတို့လုပ်ဆောင်ခြင်း မပါဝင်ပါက၊ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းနိုင်ပြီး၊ ၎င်းတို့အား အချိန်ကာလတစ်ခုကြာ လေ့လာစောင့်ကြည့်ခြင်းနောက် ၎င်းတို့၏ လူ့သဘာဝ အရည်အသွေးအပေါ် အခြေခံ၍ ပြုလုပ်နိုင်ပေသည်။ ဘုရားသခင်၏ အိမ်တော်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်သည့် ခေါင်းဆောင်များနှင့် အလုပ်သမားများသာ ဘုရားသခင်၏ အသုံးပြုခြင်းအတွက် အတည်ပြုခံရသူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့် သူများမှာ သ မထောက်ခံသည့် သူများဖြစ်ပြီး ပိတ်ပင်ခံရမည့်သူ များဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် မည်သည့် အဆင့်မဆို၏ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးကို ဆက်လက်ထိန်းသိမ်းထားခြင်း ရှိမရှိဆိုသည်ကို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေခံ၍ သေချာအောင် လေ့လာစိစစ်ရမည်။ စာတန်ကို ဘုရားသခင်၏ အနိုင်ယူခြင်းနှင့် စာတန်၏ ကံကြမ္မာကို ဘုရားသခင်က အဆုံးသတ်ခြင်းသည် အချက်အချာကျသော အခိုက်အတန့်သို့ ရောက်လာပြီးဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် သူ၏ အလိုတော်ကို နားလည်ရမည်ဖြစ်ပြီး၊ စာတန်နှင့် သက်ဆိုင်သည့် ဆိုးယုတ်သော လူအမျိုးမျိုးနှင့် အန္တိခရစ်များကို အသင်းတော်ထဲတွင် အာဏာရယူဖို့ လုံးဝ ခွင့်မပြုရပေ။ ဤသည်မှာ ဘုရားသခင်၏ တောင်းဆိုချက်၊ သူ၏ အမိန့်ဖြစ်သည်။ ပြီးလျှင် ထို့ထက်ပို၍ပင်၊ ယင်းသည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၏ သင်္ကေတတစ်ခု ဖြစ်သည်။ ဆိုးယုတ်သော လူများနှင့် အန္တိခရစ်များသည် အသင်းတော်အတွင်းတွင် အဆင်းနီသော နဂါးကြီး၏ လက်ပါးစေများ ဖြစ်ပြီး၊ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ အင်အားစုများကို ကိုယ်စားပြုပေသည်။ ထို့ကြောင့် အကယ်၍ ဆိုးယုတ်သော လူများနှင့် အန္တိခရစ်များက အာဏာစွဲကိုင်ထားပါက၊ ယင်းမှာ အဆင်းနီသော နဂါးကြီးက အာဏာစွဲကိုင်ထားသည်ဟု အဓိပ္ပာယ်ရသည်။ ဆိုးယုတ်သော လူများနှင့် အန္တိခရစ်တို့ကို ငြင်းပယ်ခြင်းအားဖြင့်သာ လူတို့သည် အဆင်းနီသော နဂါးကြီးကို စွန့်ပစ်ကာ စာတန်ကို ဆန့်ကျင်ပုန်ကန်နိုင်ပေသည်။ တရားမျှတပြီး ဘုရားသခင်ထံသစ္စာရှိသော လူအားလုံးသည် သတိရှိရှဖြင့် ထကြွကာ ဘုရားသခင်၏ အမှုတော်ကို ထိန်းသိမ်းသင့်သည်၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ အကျိုးစီးပွားများကို ကာကွယ်ကာ စာတန်၏ အင်အားစုများကို ဆန့်ကျင်သည့် အဆုံးအဖြတ်ပေးသော တိုက်ပွဲတစ်ခု စတင်သင့်ပေသည်။ ဤသည်မှာ ဘုရားသခင်က သူ၏ ရွေးချယ်ထားသော လူတို့ကို အပ်နှင်းပြီးဖြစ်သည့် တန်ခိုး ဖြစ်သည်။ ဤဝိညာဉ်ရေးရာ တိုက်ပွဲတွင်၊ ဘုရားသခင်နှင့် အတူ ရပ်တည်သောသူအားလုံးနှင့် သူ့ကို သစ္စာရှိသောသူ အားလုံးသည် သူနှင့် သက်ဆိုင်ပြီး၊ စာတန်နှင့် ရပ်တည်ကာ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ကာ ဖြိုချဖျက်စီးရန် အစွမ်းကုန် လုပ်ဆောင်သောသူအားလုံးသည် စာတန်နှင့် သက်ဆိုင်ပေသည်။ ဤလူစားနှစ်မျိုးသည် အားလုံး ထုတ်ဖော်ပြခံရပြီး ဖြစ်ကာ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ဤအရာကို ရှင်းလင်းစွာ မြင်သင့်သည်။

အလုပ်အစီအစဉ်များ မှ

အချို့သော အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အလုပ်သမားများသည် မကောင်းမှု များစွာ ကျူးလွန်ပြီးသည့်နောက် အစားမထိုးခံရပါက၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ၎င်းတို့၏ ဆိုးယုတ်မှု အချက်များနှင့်ဆိုင်သည့် အကျဉ်းချုပ်တစ်ခု ပြုလုပ်သင့်ပြီး၊ ၎င်းတို့ကို သာ၍ မြင့်သော အဆင့်များရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများထံ အကြောင်းကြားသင့်ပေသည်။ ခရိုငခေါင်းဆောင်များသည် အလွန်များလှသော ဆိုးယုတ်မှု လုပ်ဆောင်ပြီးဖြစ်ပါက၊ ဤအရာကို ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် အလုပ်သမားများထံ အကြောင်းကြားသင့်သည်။ ဒေသဆိုင်ရာ အဆုံးအဖြတ်ပေးသည့် အဖွဲ့ဝင်များက များလှစွာသော ဆိုးယုတ်မှုကို လုပ်ဆောင်ပြီးဖြစ်ကာ ၎င်းတို့က အလုပ် အစီအစဉ်များကို သိသိသာသာ ခုခံနေပြီး၊ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်ယှက်နေပါက၊ ဤအရာကို သင်းအုပ်ဆိုင်ရာ အဆုံးအဖြတ်ပေးသည့် အဖွဲ့ဆီသို့ အကြောင်းကြားသင့်သည်။ သင်းအုပ်ဆိုင်ရာ အဆုံးအဖြတ်ပေးသည့် အဖွဲ့က ပြဿနာကို ဖြေရှင်းမည့်အစား၊ ၎င်းတို့ကို ကာကွယ်ဆဲဖြစ်ပါက၊ အခြေအနေကို ရေးသားထားသည့် မှတ်တမ်းများဖြင့် မှတ်သားထားသင့်ပြီး ဝဘ်ဆိုက်မှ တစ်ဆင့် အထက်ဆီသို့ အကြောင်းကြားသင့်သည်။ ထို့အပြင်၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများကို ပူးတွဲ ထုတ်ပယ်ခြင်း နည်းလမ်းဖြင့် ဖယ်ရှားဖို့ စီမံချက်များကိုပင် ခံယူနိုင်ပေသည်။ ပူးတွဲ ထုတ်ပယ်ခြင်းတစ်ခုကို အကောင်အထည်ဖော်ခြင်းအတွက် အခြေခံသဘောတရားမှာ အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများအားလုံးနှင့် အန္တိခရစ်တို့ကို ပိတ်ပင်တားဆီးဖို့ ရည်စူးထားသော အရေးယူဆောင်ရွက်ချက်တစ်ခုကို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်သည့် အဆင့်အမျိုးမျိုးရှိ ခေါင်းဆောင်များနှင့် အလုပ်သမားများက ဦးစီးဦးရွက်ပြုလုပ်ဆောင်သင့်ပေသည်။ ဥပမာအားဖြင့်၊ သင်းအုပ်ဆိုင်ရာ အဆုံးအဖြတ်ပေးသော အဖွဲ့ဝင်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မရှိပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်သည့် သင်းအုပ်ဆိုင်ရာ အဆုံးအဖြတ်ပေးသော အဖွဲ့၏ အခြားအဖွဲ့ဝင်များ သို့မဟုတ် အလုပ် အဖွဲ့၏ အဖွဲ့ဝင်များက ထိုသူတို့ကို ဖယ်ရှားဖို့ အရေးယူဆောင်ရွက်မှုများအပေါ် သဘောကိုက်ညီသင့်ကြပေသည်။ အကယ်၍ဒေသဆိုင်ရာ အဆုံးအဖြတ်ပေးသော အဖွဲ့၏ အဖွဲ့ဝင်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မပိုင်ဆိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိသည့် ဒေသဆိုင်ရာ အဆုံးအဖြတ်ပေးသော အဖွဲ့၏ အခြားအဖွဲ့ဝင်များ သို့မဟုတ် ဒေသဆိုင်ရာ ညှိနှိုင်းဆောင်ရွက်သူနှစ်ဦး၊ သို့မဟုတ် သုံးဦးက ထိုသူတို့ကို ဖယ်ရှားဖို့ အရေးယူဆောင်ရွက်မှုများအပေါ် သဘောတူညီသင့်သည်။ အကယ်၍ ခရိုင်ခေါင်းဆောင်က သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မပိုင်ဆိုင်ပါက၊ ထိုခရိုင်ခေါင်းဆောင်ကို ဖယ်ရှားဖို့ အခြား ခရိုင် ခေါင်းဆောင် နှစ်ဦး၊ သုံးဦးတို့သည် အရေးယူဆောင်ရွက်မှုများအပေါ် သဘောတူညီသင့်သည်။ အကယ်၍ ဒေသဆိုင်ရာ ညှိနှိုင်းဆောင်ရွက်သူများ သို့မဟုတ် ခရိုင် တရားဟောဆရာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မပိုင်ဆိုင်ပါက၊ ၎င်းတို့ကို ဒေသဆိုင်ရာ အဆုံးအဖြတ်ပေးသော အဖွဲ့ သို့မဟုတ် ခရိုင်ခေါင်းဆောင်များက တိုက်ရိုက် ပြန်လည်တာဝန်ပေးနိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မပိုင်ဆိုင်သည့် အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများကို ဖယ်ရှားသည့်အခါ၊ ဆိုးယုတ်သော လုပ်ရပ်များ မည်မျှ ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်ကာ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ၎င်းတို့အား မည်သို့ အကြောင်းကြားရမည်ဆိုသည်တို့ကို တိကျမှန်ကန်စွာနှင့် အမှားတစ်ခုတစ်လေမျှမရှိဘဲ သေချာအောင် လေ့လာစိစစ်ရမည်။ အတော်အတန် သာ၍ ကောင်းမွန်သည့် လူ့သဘာဝရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မပိုင်ဆိုင်သည့် အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများသည် ထုတ်ပယ်ခြင်းသာ ပြုလုပ်သင့်ပြီး ညီအစ်ကို မောင်နှမများအဖြစ် ဆက်ဆံသင့်ဆဲ ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများသည် မတရားမှုဖြင့် ပြည့်နှက်နေပါက၊ ၎င်းတို့ကို နှင်ထုတ်သင့်သည် မနှင်ထုတ်သင့်သည်ကို ဆုံးဖြတ်ဖို့ ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူ၏ ပြင်းထန်မှုအတိုင်း ချင့်တွက်သင့်ပေသည်။ ထို့အပြင်၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများ၊ ပြီးလျှင် အန္တိခရစ်များ တစ်ဦးတစ်လေကို ပိတ်ပင်ရန် အရေးယူဆောင်ရွက်မှုများ မလုပ်ဆောင်မီတွင်၊ ပြဿနာ၏ သဘောသဘာဝကို ဆုံးဖြတ်ရန်နှင့် ပါဝင်ပတ်သက်မှုရှိသည့် လူများက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်နှင့် ပါဝင်သည့် အဖွဲ့များကို အယောင်ဆောင် ခေါင်းဆောင်များ၊ အယောင်ဆောင် အလုပ်သမားများ သို့မဟုတ် အန္တိခရစ်များအဖြစ် အတန်းအစားခွဲ၍ရသည် မရသည်ကို ရှင်းလင်းစေရန် စုံစမ်းစစ်ဆေးမှုတစ်ခုကို ပထမဦးစွာ ဦးစီးဦးရွက်ပြုရမည်ဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များနှင့် ဘုရားသခင်အား ဆန့်ကျင်ခုခံမှုတို့နှင့် စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို သဘောပေါက်ဖို့ စုံစမ်းမေးမြန်းခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို ၎င်းတို့ တာဝန်ရှိသည့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် ညီအစ်ကို မောင်နှမများနှင့်အတူ ဦးစီးဦးရွက်ပြုလုပ်ဆောင်သင့်ပေသည်။ သက်သေအထောက်အထားက ပြည့်စုံခိုင်လုံသည်ကို ပြရန် ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များ၏ စာရင်းတစ်ခုကိုလည်း ပြုလုပ်ရမည်ဖြစ်ပြီး၊ လူများစွာက အတည်ပြုရမည်ဖြစ်သည်။ ၎င်းတို့နှင့် ရင်းနှီးသည့် လူအများစုက သက်သေအထောက်အထားအား အတည်ပြုပြီးသည့်အခါမှသာ အရေးယူမှုများကို လုပ်ဆောင်နိုင်သည်။ အရေးယူများ တစ်ခုတစ်လေကို သတိ၊ ဆင်ခြင်မျှော်တွေးမှုနှင့် ဉာဏ်ပညာတို့ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ သင့်တော်သည့် အခွင့်အရေးများကိုလည်း ရွေးချယ်ရမည်ဖြစ်သည်။ ဤအရာကို ကောင်းကျိုးမပြုသော အခြေအနေများအောက်တွင် လုံးဝ အစဉ် လုပ်ဆောင်၍မရနိုင်ပေ။ နေရာကို ပဓာနမထားဘဲ၊ အယောင်ဆောင် ခေါင်းဆောင်များ၊ အလုပ်သမားများနှင့် အန္တိခရစ်များ တည်ရှိသရွေ့၊ ဤသည်မှာ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်း၍ရနိုင်သည့်ပုံ ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမိန့်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူ၏ ခွင့်ပြုချက် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်သည့် ခေါင်းဆောင်များနှင့် အလုပ်သမားများအားလုံးသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ အသင်းတော်အသက်တာ အနှောင့်အယှက်မခံရဖို့ တည်းဟူသော လုံခြုံဘေးကင်းမှုနှင့် အာမခံချက် အကြောင်းပြချက်ဖြင့်၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အလုပ်သမားများ၊ အန္တိခရစ်တို့ကို အရေးယူပိုင်ခွင့် ရှိကြသည်။ ဤသည်မှာ စစ်မှန်သော ကောင်းမွန်သည့် လုပ်ဆောင်ချက်နှင့် ဖြောင့်မတ်ခြင်းတရားနှင့်ဆိုင်သည့် မှန်ကန်သော လုပ်ရပ်တစ်ခု ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၆၆) ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ပြောင်းလဲခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၆၈) လူတို့ကို ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်း အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်