၈၃) ဘုရားသခင်၏ ရွေးချယ်ခံ လူတို့ကို လက်ခံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ ရွေးချယ်ခံ လူတို့ကို ချစ်ခင်စွာနှင့် အခြေခံသဘောတရားများဖြင့်၊ အသင်းတော်၏ အစီအစဉ်များကို ကျိုးနွံနာခံခြင်းဖြင့် လက်ခံရမည်။ အန္တိခရစ်များ၊ ဆိုးယုတ်သော လူများ၊ သို့မဟုတ် နတ်ဆိုးများကို မည်သည့်အခါတွင်မျှ လက်မခံနှင့်။

(၂) အတိဒုက္ခရောက်သည့် အချိန်ကာလများတွင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအပြင် ညီအစ်ကိုမောင်နှမများကို ဘေးကင်းလုံခြုံစေရမည်။ ဤသည်မှာ ကျင့်ဝတ်သိက္ခာအရ မဖြစ်မနေလုပ်ရမည့် တာဝန်ဖြစ်ပြီး ကောင်းမွန်သော လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်၏။

(၃) အိမ်ထောင်တစ်စုသည် ရိုးရှင်းမှုနှင့် အဆင်ပြေမှုကို ရည်မှန်းလျက် မိမိတို့၏ စီးပွားရေး အခြေအနေနှင့် သင့်လျော်သည့် ၎င်းတို့လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်သင့်သည်။ စိတ်လွတ်လက်လွတ် မစားသောက်ရန် တားမြစ်ထား၏။ ထိုအစား အခြားသူများကို ပြည့်အင့်သည်အထိ စားခွင့်ပေးခြင်းဆိုင်ရာ အခြေခံသဘောတရား၏ လမ်းပြခြင်းကို ခံယူလော့။

(၄) အိမ်ရှင် အိမ်ထောင်စုသည် အခက်အခဲများကို ကြုံနေရလျှင် အသင်းတော်က ယင်းတို့ကို ဖြေရှင်းရမည်။ အိမ်ရှင် အိမ်ထောင်စုသည် ငွေးကြေးဆိုင်ရာ ပြဿနာများရှိလျှင် အသင်းတော်က ကြိုဆိုလက်ခံခြင်း ကုန်ကျစရိတ်တစ်ခုလုံးကို တာဝန်ခံပေးနိုင်သည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ငါအမှန်အကန်ဆိုသည်ကား၊ ငါစေလွှတ်သောသူကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို လက်ခံသည်ဟု မိန့်တော်၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၃:၂၀)

“ပရောဖက်၏ မျက်နှာကိုထောက်၍၊ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက်၏အကျိုးကို ခံရလတံ့၊ ဖြောင့်မတ်သောသူ၏မျက်နှာကိုထောက်၍၊ ဖြောင့်မတ်သောသူကို လက်ခံသောသူသည် ဖြောင့်မတ် သောသူ၏အကျိုးကို ခံရလတံ့။” (ရှင်မဿဲခရစ်ဝင် ၁၀:၄၁)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင် မည်သည့် တာဝန် ထမ်းဆောင်နေသည်ကို ပဓာနမထားဘဲ သင် နားလည်ရမည့် အခြေခံသဘောတရားများနှင့် သင် လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရားများမှာ တူညီပါသလော။ သင့်ကို ခေါင်းဆောင်တစ်ဦးအဖြစ် သို့မဟုတ် အလုပ်သမားတစ်ဦးအဖြစ် စေခိုင်ခံရသည်ဖြစ်စေ၊ သို့မဟုတ် သင်သည် အိမ်ရှင်တစ်ဦးအဖြစ် ဟင်းများကို ချက်ပြုနေသည်ဖြစ်စေ သို့မဟုတ် အသင်းတော် ပြင်ပရှိ ကိစ္စရပ်အချို့ကို တာဝန်ယူရန် သို့မဟုတ် ရုပ်ပိုင်ဆိုင်ရာ အားထုတ်မှုအချို့ လုပ်ဆောင်ရန် သင့်ကို စေခိုင်းထားသည်ဖြစ်စေ၊ ဤတာဝန်အားလုံးကို ထိန်းချုပ်သည့် အခြေခံသဘောတရားများမှာ သမ္မာတရားကို ဗဟိုပြုနေပေသည်။ သို့ဆိုလျှင် ဤအခြေခံသဘောတရားများထဲတင် မည်သည့်အရာသည် အကြီးမားဆုံးနှင့် အဓိက ဖြစ်သနည်း။ သင်၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နှင့် ထိုသို့လုပ်ဆောင်ရာတွင် လိုအပ်သော စံနှုန်းများကို ပြည့်မီရန်၊ တာဝန်က မည်သည့်အရာ ဖြစ်သည်ကို သင် သိရှိရမည်။ တာဝန်မှာ မည်သည့်အရာ အမှန်တကယ် ဖြစ်သနည်း။ ယင်းသည် သင်၏ ကိုယ်ပိုင် အသက်မွေးမှုလော။ “ကျွန်ုပ် မည်မျှ ကြီးမြတ်ကာ အောင်မြင်သည်ကို လူတို့ မြင်ဖို့အလို့ငှာ ကျွန်ုပ် ထိုအရာကို ကောင်းစွာ လုပ်ဆောင်ရမည်၊ ထိုအခါ ကျွန်ုပ်၏ အသက်တာ က အဓိပ္ပာယ်ရှိလိမ့်မည်”ဟု တွေးရင်း၊ သင်၏ တာဝန်ကို သင်၏ အသက်မွေးမှုလုပ်ငန်း ဖြစ်သည့်အလား လုပ်ရန်မှာ မှန်ကန်ပါသလော။ (မမှန်ကန်ပါ။) တာဝန်က အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို လူများစွာက မသိကြသကဲ့သို့ ဤအမြင်ကို ယခု ရှင်းလင်းပြတ်သားစေရမည်။ တာဝန်မှာ မည်သည့်အရာ ဖြစ်သနည်း။ တာဝန်တစ်ခုကို သင်စီမံသည် မဟုတ်ပေ၊ ၎င်းမှာ သင်၏သက်မွေးမှုလုပ်ငန်း သို့မဟုတ် သင်၏ကိုယ်ပိုင်အလုပ် မဟုတ်ပေ။ ယင်းအစား ၎င်းမှာ ဘုရားသခင်၏အမှု ဖြစ်သည်။ ဘုရားသခင်၏အမှုသည်၊ သင်၏ပူးပေါင်းဆောင်ရွက်မှုလိုအပ်ပေသည်၊ ယင်းက သင်၏တာဝန်ကို ဖြစ်ပေါ်စေခြင်း ဖြစ်၏။ လူသား ပူးပေါင်းဆောင်ရွက်ရမည့် ဘုရားသခင်၏ အမှု အစိတ်အပိုင်းမှာ လူသား၏တာဝန် ဖြစ်သည်။ တာဝန်မှာ ဘုရားသခင်၏ အမှု အစိတ်အပိုင်း ဖြစ်သည်- သင်၏သက်မွေးမှုလုပ်ငန်း၊ သင်၏ အိမ်တွင်းရေးကိစ္စမဟုတ်သကဲ့သို့ ဘဝထဲက သင်၏ ပုဂ္ဂိုလ်ရေး ကိစ္စမဟုတ်ပေ။ သင်၏ တာဝန်သည် အပြင်ပိုင်း အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ဖြစ်စေ အတွင်းရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ဖြစ်စေ ၎င်းမှာ ဘုရားသခင်၏ အိမ်တော်၏အလုပ် ဖြစ်သည်၊ ၎င်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး၊ သင့်ကို ဘုရားသခင် ပေးခဲ့ပြီးသော တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ ယင်းသည် သင်၏ ကိုယ်ပိုင်လုပ်ငန်းမဟုတ်ချေ။ သို့ဆိုလျှင်၊ သင်၏ တာဝန်ကို သင် မည်သို့ သဘောထား သင့်သနည်း။ ထို့ကြောင့် သင်သည် သင်၏ တာဝန်ကို သင် နှစ်သက်သည့် မည်သည့်နည်းလမ်းဖြင့်မဆို ဆောင်ရွက်၍မရပေ။...

သင်မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်ပါစေ၊ သင်၏တာဝန်နှင့်ပတ်သက်၍ ဘုရားသခင်၏အလိုတော်နှင့် ကိုယ်တော်၏ သတ်မှတ်ချက်များကို နားလည်သဘောပေါက်ရန် အစဉ်ကြိုးစားရမည်၊ သို့မှသာ အမှုကိစ္စများကို ကိုယ်ကျင့်တရားနှင့်အညီ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်ပြုလိုသည်အတိုင်း ပြုခြင်း၊ သင် လုပ်၍ပျော်သည့်အရာနှင့် လုပ်ဆောင်ရန် သက်သောင့်သက်သာရှိသော အရာမှန်သမျှ၊ သို့မဟုတ် သင့်ကို အကောင်းမြင်စေမည့် အရာမှန်သမျှကိုသာ လုပ်ဆောင်ခြင်းဖြင့် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအရ လုံး၀ မပြုနိုင်ပေ။ အကယ်၍ သင်သည် သင်၏ကိုယ်ပိုင်နှစ်သက်မှုများကို ဘုရားသခင်အပေါ် အတင်းအကျပ် သတ်မှတ်ခြင်း သို့မဟုတ် ၎င်းတို့အား သမ္မာတရားကဲ့သို့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့မှာ သမ္မာတရား အခြေခံသဘောတရားများဖြစ်သည့်အလား ၎င်းတို့အား လိုက်နာပါက၊ ၎င်းမှာ သင်၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေခြင်း မဟုတ်၊ ထို့အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်နေခြင်းကို ဘုရားသခင်မှ အမှတ်ရမည် မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်” မှ

၆။ လူ ပြုသင့်သောအရာကို ပြုပြီး၊ သင်၏ဝတ္တရားများကို ဆောင်ရွက်ကာ သင်၏ တာဝန်များကို ဖြည့်ဆည်းပြီး၊ သင်၏ တာဝန် စောင့်ထိန်းလော့။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ ဘုရားသခင်၏ အမှုအဖို့ သင်၏ ဖြည့်ဆည်းမှုကို သင် ပြုသင့်ပေသည်။ သင် ဖြည့်ဆည်းမှု မပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ဖို့ မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ အိမ်ထောင်စုတွင် အသက်ရှင်ဖို့ မသင့်တော်ပေ။

အမိန့်ခြောက်က လူ၏တာဝန်များနှင့်ဆက်နွှယ်သည်။ သင်၏ ယခင် အသက်ဝင်ရောက်မှုက မည်သို့ရှိပါစေ၊ သို့မဟုတ် သင်၏ကိုယ်ပိုင် လိုက်စားမှုက မည်သို့ခရီးပေါက်နေပါစေ၊ ပြီးလျှင် သင်၏အစွမ်းအစ၊ သို့မဟုတ် လူ့သဘာဝက မည်သို့ရှိပါစေ အသင်းတော်၏အလုပ်က သင့်ကို တစ်စုံတစ်ခုလုပ်ဆောင်ဖို့ တောင်းဆိုလာလျှင် အခက်အခဲ မည်မျှကြီးပါစေ ယင်းကို သင်လုပ်ဆောင်သင့်သည်။ သင်မလုပ်ဆောင်ပါက သင်သည် ဘုရားအိမ်တော်တွင်နေဖို့ မသင့်တော်— ဘုရားအိမ်တော်က အခမဲ့ မကျွေးမွေးပေ။ ဘုရားအိမ်တော်သည် လူထံမှ များစွာ မတောင်းဆိုပေ။ သင်၌ အစွမ်းအစကောင်းရှိဖို့၊ လူ့သဘာဝကောင်း ရှိဖို့နှင့် သင့်အလုပ်တွင် တော်နေဖို့တို့ကို တစ်ပြိုင်တည်း မတောင်းဆိုပေ— သို့ရာတွင် အနည်းဆုံးအနေဖြင့် သင်၏အပြုအမူနှင့် သင်ပြုမူသည့် နည်းလမ်းတို့သည် လက်ခံနိုင်ဖွယ် ဖြစ်ရမည်။ သင်၌ ဘုရားသခင်ကို ကြောက်သည့် သဘောထား အနည်းငယ်ရှိရမည်ဖြစ်ပြီး သူ့ကို ကျိုးနွံနာခံမှုအချို့ ပြရမည်ဖြစ်သည်။ ယင်းကိုပင် သင်မလုပ်ဆောင်နိုင်ပါက အိမ်သို့ အမြန်ပြန်သင့်ပြီး ဘုရားသခင်၏ အိမ်တော်တွင် တော်စွလျော်စွ ကြုံရာကျပန်းနေခြင်းကို ရပ်သင့်သည်။ သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းနိုင်စွမ်းရှိသော်လည်း ဖြည့်ဆည်းဖို့ ငြင်းဆန်ပြီး ဘုရားသခင်၏အိမ်တော်တွင် ကပ်ပါးရပ်ပါးသာ လုပ်လိုပါက ဤသည်မှာ ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်သူတစ်ဦး၏ နမူနာတစ်ခု ဖြစ်သလော။ ငါ၏အမြင်တွင် ထိုသို့သောလူကို မယုံကြည်သူတစ်ဦးအဖြစ် ထည့်တွက်နိုင်ပြီး ထိုသို့သောလူသည် မယုံကြည်သူနှင့် မကွာခြားပေ။ ၎င်းတို့သည် မြင်ရသည်မှာ စက်ဆုပ်ဖွယ်ပင် ဖြစ်တော့၏။ သင်သည် ဘုရားသခင်ကို ယုံကြည်လိုပါက ကျကျနန ယုံကြည်သင့်သည်။ သင်မယုံကြည်လိုပါက ယုံကြည်ဖို့ မည်သူကမျှ သင့်ကို အနူးအညွတ်မတောင်းပန်ပေ။ သင့်ကို မည်သူက ယုံကြည်ခိုင်းသနည်း။ ထိုသို့ယုံကြည်ခြင်းသည် သင်၏ကိုယ်ပိုင် ဆုံးဖြတ်ချက်အရသာ ဖြစ်သည်။ ထိုသို့သေးငယ်သောအရာတစ်ခုကိုပင် သင်မလုပ်ဆောင်နိုင်ပါက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အဘယ့်ကြောင့်များ ပြောနေသနည်း။ သင်သည် ဖြောင့်မတ်သော လူတစ်ဦး မဖြစ်နိုင်ပါက ကောင်းမှုအချို့ကို လုပ်ဆောင်သည့် လောကီသားကောင်း တစ်ဦး ဖြစ်လော့။ ယင်းကိုပင် မလုပ်ဆောင်နိုင်ပါက သင်သည် အသုံးမကျသောအမှိုက်ပင် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သည် အသုံးမကျသော အမှိုက်ကို မလိုချင်ပေ။ ဤသည်မှာ အစုတ်ပုံမဟုတ်— ထိုသို့သော အမှိုက်သည် အသုံးမတည့်။ သမ္မာတရား စိုးစဉ်းမျှ မရှိသည့် လူများသည် သုတ်သင်ဖယ်ရှင်းခြင်းခံရပြီး ရှင်းထုတ်ခြင်း ခံရမည်။ သင်တို့သည် ထိုရမ်းကားမှုများ အားလုံးကို လုံးဝ မကျူးလွန်ရ။ အခြေခံသဘောတရားများအတိုင်း သင်တို့ပြုမူရမည်။ ရမ်းကားမှုများ ကျူးလွန်ပြီး ဘုရားအိမ်တော်၏ အမှုကို နှောင့်ယှက်သူ၊ သို့မဟုတ် မွှေနှောက်သူ မည်သူမဆိုသည် ဖယ်ရှားခံရမည်ဖြစ်ပြီး လုံးလုံးလျားလျား သုတ်သင်ဖယ်ရှင်းခြင်း ခံရလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအကြောင်း စကားပြောခြင်း” မှ

လူအချို့သည် ဆိုးရွားစွာ တစ်ကိုယ်ကောင်းဆန်ကြသည်- အဆုံးစွန်ထိ တစ်ကိုယ်ကောင်းဆန်ကြပြီး ဤအရာက ၎င်းတို့၏ သဘောသဘာဝကို ကိုယ်စားပြုပေသည်။ လူတိုင်းသည် အတော်အတန် တစ်ကိုယ်ကောင်းဆန်ကြသော်လည်း၊ ကွာခြားမှုတစ်ခု ရှိ၏။ အခြားသူများနှင့် ပတ်သက်သည့်အခါတွင်၊ လူအချို့သည် ၎င်းတို့ကို သတိထားပြီး ဂရုစိုက်နိုင်သည်၊ ၎င်းတို့နှင့်ပတ်သက်၍ ပူပန်ပေးနိုင်ပြီး၊ မိမိတို့ လုပ်ဆောင်သည့်အရာတိုင်းတွင် ၎င်းတို့ကို အရေးထားနိုင်လေသည်၊ အခြားသူများမှာမူ ဤသို့ မဟုတ်ပေ။ ၎င်း၏ ညီအစ်ကို မောင်နှမများကို ဧည့်ခံနေချိန်တွင် အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး မိမိ၏ မိသားစုရှေ့တွင် အကောင်းဆုံသောအရာများ ချပေးသည့် လူတစ်ဦးကို စဉ်းစားကြည့်လော့။ သူသည် မိမိကိုယ်တိုင်၏ မိသားစုကို အကောင်းဆုံးသော အစားအစာ အမြဲပေးသော်လည်း၊ သူ၏ ညီအစ်ကိုမောင်နှမများ လာကြသည့်အခါတွင်၊ ညံ့သော အစားအစာ အနည်းအကျဉ်းကိုသာ ပေးတတ်လေသည်။ သို့သော် သူကိုယ်တိုင်၏ အမျိုးများ လာကြချိန်တွင်၊ ၎င်းတို့အတွက် သက်သောင့်သက်သာ အဖြစ်ဆုံးသော စီစဉ်မှုများကို ပြုလုပ်ကာ အရာရာကို စနစ်တကျ ထားလေသည်။ သို့သော်၊ သူ၏ ညီအစ်ကို မောင်နှမများ ရောက်လာသည့်အခါတွင်၊ ၎င်းတို့ကို ကြမ်းပြင်ပေါ် အိပ်စေလေသည်။ သူ၏ ညီအစ်ကို မောင်နှမများ နာမကျန်းဖြစ်သည့်အခါ သို့မဟုတ် အခြားသော အခက်အခဲအချို့ ရှိသည့်အခါတွင်၊ ထိုသို့သော လူတစ်ဦးသည် သူ သတိမပြုမိသည့်အလား ပြုမူလျက်၊ မည်သည့် ထောက်ထားမှုမျှပင် မရှိပေ။ ၎င်းတို့ အလည်လာချိန်တွင် ၎င်းတို့ကို ညအိပ်ညနေ နေခွင့်ပေးသည်မှာ တော်လောက်ပြီဟု ထင်လေသည်။ ထိုသို့သော လူများသည် အခြားသူများအတွက် အနည်းငယ်မျှ ဂရုမစိုက်ပေ၊ သို့မဟုတ် ပူပန်မှု မခံစားကြရပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် ၎င်းတို့၏ ဆွေမျိုးများအတွက်သာ ဂရုစိုက်ကြလေသည်။ ၎င်းတို့၏ ဤတစ်ကိုယ်ကောင်းဆန်သော သဘာဝသည် အခြားသူများအတွက် ဂရုစိုက်ဖို့ ၎င်းတို့ လိုလားခြင်းမရှိသည်ကို အဆုံးအဖြတ်ပေးသည့်အရာ ဖြစ်သည်။ အခြားသူများကို ဂရုစိုက်ခြင်းသည် ဆုံးရှုံးမှုများကို ခံစားခြင်းနှင့် ဒုက္ခများစွာ ရောက်ခြင်းတို့ ပါဝင်သည်ဟု ၎င်းတို့ ခံစားကြရသည်။ လူအချို့က၊ “တစ်ကိုယ်ကောင်းဆန်သော လူတစ်ဦးသည် အခြားသူများကို မည်သို့ အရေးထားရမည်ကို မသိပါ” ဟု ပြောရင်း ရှာကြံအကြောင်းပြကောင်းပြကြလိမ့်မည်။ သို့ဆိုလျှင်၊ အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့၏ အမျိုးများအပေါ် အလွန်ကောင်းကြပြီး ၎င်းတို့၏ လိုအပ်ချက်များကို အပြည့်အဝ အရေးထားမှု ပြကြသနည်း။ ၎င်းတို့ကိုယ်တိုင် ချို့တဲ့သည့်အရာနှင့် အချို့သော အချိန်တွင် မည်သည့်အရာက ဝတ်ဆင်ဖို့ သို့မဟုတ် စားဖို့ သင့်တော်သည်ဆိုသည်ကို ၎င်းတို့ မည်သို့ သိကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် အခြားသူများအတွက် ထိုသို့ မဖြစ်နိုင်ရသနည်း။ အမှန်တွင်၊ ဤအရာအားလုံးကို ၎င်းတို့ သိကြသော်လည်း၊ တစ်ကိုယ်ကောင်းဆန်ကြလေသည်။ ဤအရာကို ၎င်းတို့၏ သဘောသဘာဝက အဆုံးအဖြတ်ပေးပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

လူအချို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူသိများလာကြသော်လည်း၊ အလိုရှိသူများအဖြစ် စာရင်းမှတ်ခံရပြီး ဖမ်းဆီးဖို့ ရှာဖွေခြင်းခံရသည့် ညီအစ်ကို မောင်နှမများကို ခေါ်ထားခြင်းနှင့် ကာကွယ်ပေးခြင်းအားဖြင့် စွန့်စားမှုများ ပြုလုပ်နိုင်ကြဆဲ ဖြစ်သည်။ အချို့သော လူများသည် ယုံကြည်သူများအဖြစ် လူသိမများပေ၊ ထို့ကြောင့် လူတို့ကို ၎င်းတို့ ခေါ်ထားသည့်အခါ၊ များစွာ စွန့်စားရခြင်း မရှိပေ။ ထို့အပြင်၊ ၎င်းတို့သည်လည်း ပြေးလွှားနေရသည့် ညီအစ်ကို မောင်နှမအချို့ကို ကာကွယ်နိုင်သည့် အခြေအနေတွင်ရှိသော်လည်း၊ ထိုသို့လုပ်ဆောင်ခြင်းက ၎င်းတို့အား ဒုက္ခရောက်စေမည်ကို စိုးရိမ်သောကြောင့် ထိုသူတို့ကို ၎င်းတို့ သက်သက် မခေါ်ထားချင််ကြပေ။ ထိုသို့သော လူများသည် ကောင်းသော လုပ်ဆောင်ချက်များကို လုပ်ဆောင်သောသူများ ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် စွန့်စားမှု အနည်းငယ်မျှပင် ခံယူရန် လိုလားနေခြင်း မရှိကြပေ။ ဤလူများသည် အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်ကာ မလိုမုန်းထားသော အကျင့်စရိုက် ရှိလေသည်။ ထို့ကြောင့်၊ ၎င်းတို့၏ ဘုရားသခင်၌ ယုံကြည်မှုသည် အနှစ်မဲ့လေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ချီးမွမ်းမှုကို လုံးဝ ရရှိကြလိမ့်မည် မဟုတ်ပေ။ သင်တို့ထဲမှ အချို့သည် လူတို့ကို မခေါ်ထားမီ အဆင်းနီသော နဂါးကြီး၏ ကျဆုံးခြင်း ပြီးသည့်နောက်အထိပင် စောင့်ဆိုင်းချင်ကြလေသည်၊ သို့သော ထိုအချိန်အရောက်တွင်၊ သင့်ကို လိုအပ်လိမ့်မည် မဟုတ်ပေ။ မိုးရွာပြီးသည့်နောက်တွင် ထီးမဖွင့်နှင့်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် အချည်းနှီးဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်တော်မူ၏။ သင်သည် ဤအစေခံမှု အနည်းငယ်မျှကိုပင် မိမိကိုယ်ကို မလုပ်ဆောင်စေနိုင်သော်လည်း၊ ကောင်းချီးမင်္ဂလာများ ရရှိချင်သေးသည်တကား။ စိတ်ကူးယဉ်နေခြင်းကို ရပ်လော့။ ဘုရားသခင်၏ အိမ်တော်က မည်သည့် ကောင်းမွန်သော လုပ်ဆောင်ချက်မျိုးများကို တန်ဖိုးအထားဆုံး ဖြစ်သနည်း။ တရုတ်ပြည်မတွင်၊ လိုက်လံဖမ်းဆီးခံရပြီး ပုန်းကွယ်စရာ နေရာမရှိဘဲ၊ အဆင်းနီသော နဂါးကြီးက ဖမ်းဆီးရန်အတွက် အလိုရှိသောသူများအဖြစ် စာရင်းမှတ်ခံရသည့်‌ ညီအစ်ကို မောင်နှမများစွာ ရှိသည်။ အချို့သော ညီအစ်ကို မောင်နှမများသည် ၎င်းတို့ကို ခေါ်ထားဖို့နှင့် ကာကွယ်မှုပေးဖို့ မိမိတို့ကိုယ်ကိုယ် စွန့်စားနိင်ကြလေသည်။ ဤလူများသည် ဘုရားသခင်ကို သစ္စာစောင့်သိကာ သူ၏ ကောင်းချီးများ ရရှိနိုင်သည့် လူစားမျိုးများ ဖြစ်သည်။ ကောင်းမှုများသည် လူတို့ သမ္မာတရား မည်မျှ နားလည်သည်ဆိုသည့်အရာမှ အရင်းမခံပေ။ အရေးကြီးသည်မှာ ၎င်းတို့အနေဖြင့် စိတ်နှလုံးတွင် မွန်မြတ်ခြင်း ရှိမရှိ၊ ဘုရားသခင်၏ အလိုတော်ကို ၎င်းတို့ အရေးထားခြင်း ရှိမရှိဆိုသည်နှင့် ဘုရားသခင်၏ ရွေးချယ်ခြင်း ခံရသူများအတွက် စစ်မှန်စွာ ချစ်ခြင်းမေတ္တာ ရှိမရှိဆိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးသော အရာ ဖြစ်သည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

လူအချို့သည် အခြားသူတို့အား ခေါ်ထားခြင်း တာဝန်ကို ထမ်းဆောင်ကြပြီး၊ ထိုသို့လုပ်ဆောင်သောအချိန်ကာလတွင် သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ကြပြီး ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ခေါ်ထားနိုင်ကြသည်။ ထိုစဉ်တစ်လျှောက်လုံးတွင် ဘုရားသခင်ကို ချစ်ခြင်းနှင့် စိတ်ကျေနပ်စေခြင်း စိတ်သဘောထားတစ်ခု ထားရှိကြသည်။ အဆုံးတွင်၊ ထိုညီအစ်ကို မောင်နှမများသည် မိမိတို့အထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်ကြသည်၊ လူသားအတွက် သူ၏ သနားခြင်းကရုဏာကို မြင်ကြသည်၊ လူတို့ အသက်ရှင်နေထိုင်သင့်သည့် စစ်မှန်သော လူသား သဏ္ဍာန်နှင့် လူသားများ ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို မြင်ကြကာ မိမိတို့ကိုယ်ကို မည်သို့ ပြုမူနေထိုင်ရမည်ကို သိလာကြသည်။ ထိုသို့သော အိမ်ရှင်များသည် အသင်းတော် ခေါင်းဆောင်များ မဟုတ်သော်လည်း၊ အခြားသူတို့သည် ၎င်းတို့ထံမှ အကျိုးအကျေးဇူး တော်တော်များများ ရရှိကြလေသည်။ ဤအိမ်ရှင်များက သမ္မာတရားကို လိုက်စားကြသောကြောင့်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်စွမ်းရှိကြကာ သူ့ကို ချစ်ကြသည်၊ ၎င်းတို့သည် မိမိတို့၏ ညီအစ်ကို မောင်နှမများအပေါ် စိတ်ရှည်ကာ သည်းခံနိုင်ကြသည်။ ညီအစ်ကို မောင်နှမများက မည်သည့် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြကောင်း ထုတ်ဖော်ပြပါစေ၊ ဤအိမ်ရှင်များသည် ၎င်းတို့ကို မငြင်းပေ။ ၎င်းတို့သည် ဖြေရှင်းချက် ရှာတွေ့ဖို့ ဘုရားသခင်ထံ အမြဲ ဆုတောင်းကြသည်၊ ဘုရားသခင်အပေါ် မှီခိုကြသည်၊ သမ္မာတရားကို ရှာဖွေကြပြီး၊ အခြားသူတို့အတွက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ကြဆဲ ဖြစ်သည်- အခြားသူများ အကျိုးကျေးဇူးရှိနိုင်ဖို့အလို့ငှာ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းနှင့် မိမိတို့၏ ကိုယ်ပိုင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ မျှဝေခြင်း ဖြစ်သည်။ ဤနည်းဖြင့်၊ ၎င်းတို့ ဖြည့်ဆည်းသည့် တာဝန်များသည် ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီပြီး ၎င်းတို့ ကိုယ်တိုင်သည်လည်း သူ၏ အလိုတော်နှင့် ကိုက်ညီသော လူများ ဖြစ်ကြလေသည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အရှေ့သို့- ၈၂) လူသစ်များကို ရေလောင်းပေးခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၈၄) ကောင်းမွန်သော လုပ်ဆောင်ချက်များကို ပြင်ဆင်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်