၄၅။ ပြစ်မှားခြင်းများအပေါ် ဆင်ခြင်သုံးသပ်ခြင်းဆိုင်ရာ မူများ

(၁) တစ်စုံတစ်ယောက်သည် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်သောအခါ မျှော်လင့်ချက်ကင်းမဲ့သွားသည်အထိ သူတို့ကိုယ်သူတို့ လက်မလျှော့စေဘဲ အကြီးမားဆုံးသော ဖြစ်နိုင်ခြေအတိုင်းအတာအထိ လူတို့ကို ကယ်တင်ရန်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်ကြောင်း သူတို့ကို နားလည်ပါစေ။ စစ်မှန်သည့် နောင်တတရားက အရေးအပါဆုံးဖြစ်လေသည်။

(၂) တစ်စုံတစ်ယောက်သည် ပြစ်မှားခြင်းတစ်ခုကို ရှာဖွေတွေ့ရှိသည့်အခါ သူတို့သည် ဘုရားသခင်ထံ ဆုတောင်းရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အလင်းအားဖြင့် ဆင်ခြင်သုံးသပ်ကာ ပြစ်မှားခြင်း၏ အဖြစ်အနေနှင့် ဇာစ်မြစ်ကို သိရှိလာလျှက် သူတို့ကိုယ်သူတို့ စက်ဆုပ်ရွံရှာလာသည့်အတွက် နောင်တရနိုင်စွမ်း ရှိလာပါသည်။

(၃) ပြစ်မှားခြင်းတစ်ခု၏ အဖြစ်အနေနှင့် ဇာစ်မြစ်ကို လျင်မြန်စွာ ဖမ်းယူဆုပ်ကိုင်ကာ ယင်းကို သမ္မာတရားဖြင့် ဖြေရှင်းပါ။ သင်၏နည်းဟောင်းများထဲသို့ သင်ကျရောက်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို မပုန်ကန်၊ မပြစ်မှားမိစေရန်အလို့ငှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ပြစ်မှားခြင်းကို အစားထိုးပါစေ။

(၄) သင်၏ ယခင်ပြစ်မှားခြင်းများက ‌ဘောင်ခတ်ခြင်းကို မခံစားနှင့်။ သမ္မာတရားကို ရရှိအောင် သင်အားထုတ်ကာ ရိုးသားစွာ နောင်တရလျှက် သင်၏တာဝန်ကို သင်ထမ်းဆောင်စဉ်တွင် မူများနှင့်အညီ ပြုမူနေသမျှ ကာလပတ်လုံး သင်သည် ဘုရားသခင်၏ ကယ်တင်ခံရရန် အရည်အချင်းပြည့်မီနေဆဲ ဖြစ်ပါသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အချိန်ကြာမြင့်စွာ၊ ဘုရားသခင်၌ယုံကြည်သည့် လူများအားလုံးသည် လှပသည့် ခရီးဆုံးပန်းတိုင်တစ်ခုအတွက် လေးနက်စွာ မျှော်လင့်နေခဲ့ကြပြီး၊ ဘုရားသခင်၏ ယုံကြည်သူအားလုံးသည် ၎င်းတို့အပေါ် ကောင်းမွန်သည့် ကံသည် ရုတ်တရက် ရောက်လာလိမ့်မည်ကို မျှော်လင့် ကြသည်။ ၎င်းတို့ မသိလိုက်ခင်တွင်၊ ကောင်းကင်ဘုံ၌ တစ်နေရာ သို့မဟုတ် နောက်တစ်နေရာတွင် ငြိမ်းချမ်းစွာ ထိုင်လျက်သား မိမိတို့ကိုယ်ကိုယ် တွေ့ရှိရလိမ့်မည်ဟု ၎င်းတို့အားလုံး မျှော်လင့်ကြလေသည်။ သို့သော် မိမိတို့၏ နှစ်သက်ဖွယ် အတွေးများနှင့်အတူ ဤလူများသည် ၎င်းတို့အနေဖြင့် ကောင်းကင်ဘုံမှ ကျဆင်းလာသည့် ထိုသို့သော ကောင်းမွန်သည့် အခွင့်အလမ်းကို ရရှိဖို့ သို့မဟုတ် ထိုနေရာရှိ ထိုင်ခုံတစ်ခုပေါ် ထိုင်ဖို့ပင် အရည်အချင်း ပြည့်မီခြင်း ရှိ၊ မရှိကို ဘယ်သောအခါမျှ မသိကြလေပြီဟု ငါပြော၏။ လက်ရှိအချိန်တွင် သင်တို့သည် မိမိတို့ကိုယ်တိုင်နှင့် သက်ဆိုင်သည့် ကောင်းမွန်သော အသိပညာရှိသော်လည်း၊ နောက်ဆုံးသောကာလ၏ ကပ်ဘေးများနှင့် ဆိုးသွမ်းသူတို့အား အနန္တတန်ခိုးရှင် ဘုရားသခင်က အပြစ်ပေးသည့် အချိန်တွင် သူ၏ လက်မှ လွတ်မြောက်ဖို့ သင်တို့ မျှော်လင့်ဆဲ ဖြစ်သည်။ ယင်းမှာ ချိုမြိန်သော အိပ်မက်များရှိခြင်းနှင့် ၎င်းတို့ နှစ်သက်သည်အတိုင်းသာ အရာရာကို လိုချင်ခြင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းခံရပြီးဖြစ်သော လူအားလုံးတို့၏ ဘုံအင်္ဂါရပ်တစ်ခုဖြစ်ပြီး၊ တစ်ကိုယ်တည်းဖြစ်သည့် မည်သည့် တစ်ဦးတစ်ယောက်မျှ၏ ထူးထူးကဲကဲ လက်ဖျားခါလောက်သော စိတ်ကူးတစ်ချို့ မဟုတ်ပုံရပေသည်။ ထိုသို့ဖြစ်လျက်ပင်၊ ပြီးလျှင် သင်တို့၏ ဤလွန်ကဲသော စိတ်ဆန္ဒများအပြင် ကောင်းချီးမင်္ဂလာများ ရရှိရန် သင်တို့၏ စိတ်ထက်သန်မှုကို ငါသည် အဆုံးသတ်ပေးရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ သင်တို့၏ ဒုစရိုက်အပြစ်များက အတော်များပြားပြီး၊ သင်တို့၏ မနာခံမှုက အစဉ်ကြီးထွားနေသည့်အချက်ကို ထောက်ဆလျှင်၊ ဤအရာများသည် အနာဂတ်အတွက် သင်တို့၏ နှစ်သက်ဖွယ်ဖြစ်သော စီမံချက်များနှင့် မည်သို့ သင့်တော်နိုင်မည်နည်း။ သင်တို့ကို မည်သည့်အရာကမျှ ထိန်းမထားဘဲ အမှားထဲတွင် ဆက်ရှိနေရင်း၊ သင်နှစ်သက်သည့်အတိုင်း ဆက်လက်လုပ်ဆောင်လိုသော်လည်း၊ တစ်ချိန်တည်းတွင် သင်၏အိပ်မက်များ အမှန်တကယ်ဖြစ်လာဖို့ သင် လိုချင်နေဆဲဖြစ်ပါက၊ သင်၏ မိန်းမောခြင်းတွင် ဆက်ရှိပြီး ဘယ်သောအခါမျှ မနိုးထရန် သင့်အား ငါတိုက်တွန်းသည်- အကြောင်းမှာ သင်၏ အိပ်မက်သည် အနှစ်မဲ့သော အိပ်မက်တစ်ခု ဖြစ်ပြီး၊ ဖြောင့်မတ်သော ဘုရားသခင်၏ မျက်မှောက်တွင်၊ သူသည် သင့်ကို ခြွင်းချက်တစ်ခု ဖြစ်စေမည်မဟုတ်ပေ။ သင်သည် သင်၏ အိပ်မက်များကို အမှန်တကယ် ဖြစ်လာဖို့ သက်သက် လိုချင်ပါက၊ ဘယ်သောအခါမျှ အိပ်မက်မမက်နှင့်။ ယင်းထက်၊ သမ္မာတရားနှင့် အမှန်တရားများကို ထာဝစဉ် ရင်ဆိုင်လော့။ ဤသည်မှာ သင် ကယ်တင်ခံရဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ခိုင်လုံသော သတ်မှတ်ချက်များအရ၊ ဤနည်းလမ်း၏ အဆင့်များသည် မည်သည့်အရာများ ဖြစ်ပါသနည်း။

ပထမဦးစွာ၊ သင်၏ ဒုစရိုက်အပြစ်များ အားလုံးကို ကြည့်ရှုပြီး၊ သမ္မာတရားနှင့် မကိုက်ညီသော သင်၌ရှိသည့် မည်သည့် အပြုအမူနှင့် အတွေးများကိုမဆို ဆန်းစစ်လော့။

ဤသည်မှာ သင်တို့ အလွယ်တကူ လုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်ပြီး၊ ဉာဏ်စွမ်းဉာဏ်စရှိသည့် လူအားလုံးက ဤအရာကို လုပ်ဆောင်နိုင်သည်ဟု ငါယုံကြည်သည်။ သို့သော်၊ ဒုစရိုက်အပြစ်များနှင့် သမ္မာတရားဆိုသည်မှာ မည်သည့်အရာအား ဆိုလိုသည်ကို လုံးဝ မသိရှိသည့် ထိုလူများသည် ခြွင်းချက်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် အခြေခံကျသော အဆင့်အရ၊ ၎င်းတို့သည် ဉာဏ်စွမ်းဉာဏ်စရှိသူများ မဟုတ်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ လက်ခံခြင်းခံရပြီးသော လူများ၊ ရိုးသားသော သူများ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြင်းထန်စွာ ကျူးလွန်ခြင်း မရှိသော လူများနှင့် မိမိတို့၏ ဒုစရိုက်အပြစ်များကို အလွယ်တကူ သိမြင်နိုင်သည့် လူများကို ငါပြောနေခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့နှင့်သက်ဆိုင်၍ ငါတောင်းဆိုသည့် အရာတစ်ခုနှင့် သင်တို့အတွက် ပြီးမြောက်ရန် လွယ်ကူသောအရာတစ်ခု ဖြစ်သော်လည်း၊ ယင်းသည် သင်တို့နှင့် ပတ်သက်၍ ငါ တောင်းဆိုသည့် တစ်ခုတည်းသော အရာမဟုတ်ပေ။ မည်သို့ပင် ဖြစ်စေ၊ သင်တို့သည် ဤသတ်မှတ်ချက်များအား သီးသန့် ရယ်သွမ်းသွေးကြလိမ့်မည် မဟုတ်သကဲ့သို့၊ အထူးသဖြင့် ယင်းအပေါ် အထင်သေးလိမ့်မည်မဟုတ် သို့မဟုတ် ပေါ့ပေါ့တန်တန် သဘောထားမည်မဟုတ်ဟု ငါမျှော်လင့်သည်။ သင်တို့အနေဖြင့်၊ ယင်းကို လေးနက်စွာ သဘောထားပြီး မလွဲချော်သင့်ပေ။

ဒုတိယအနေဖြင့်၊ သင်၏ ဒုစရိုက်အပြစ်များနှင့် မနာခံခြင်း အသီးသီးအတွက်၊ လိုက်လျောညီထွေသော သမ္မာတရားကို သင်တို့ ရှာဖွေသင့်ပြီး၊ ထို့နောက် ထိုပြဿနာများကို ဖြေရှင်းဖို့ ဤသမ္မာတရားများကို အသုံးပြုသင့်ပေသည်။ ယင်းနောက်တွင်၊ သင်၏ ဒုစရိုက်လွန်ကျူးသော လုပ်ရပ်များနှင့် မနာခံသော အတွေးများနှင့် လုပ်ရပ်များကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အစားထိုးလော့။

တတိယအနေဖြင့်၊ သင်တို့သည် အမြဲ လိမ္မာပါးနပ်ပြီး စဉ်ဆက်မပြတ် လှည့်ဖြားတတ်သောသူ မဟုတ်ဘဲ၊ ရိုးသားသောသူတစ်ယောက် ဖြစ်သင့်သည်။ (ဤတွင် ငါသည် သင့်တို့အား ရိုးသားသောသူ တစ်ယောက်ဖြစ်ရန် တစ်ဖန် တောင်းဆိုနေခြင်း ဖြစ်သည်။)

သင်သည် ဤအရာသုံးခုလုံးကို ပြီးမြောက်နိုင်ပါက၊ သင်သည် ကံကောင်းထောက်မသောသူများထဲမှ တစ်ဦး- မိမိ၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာပြီး ကောင်းမွန်သော အခွင့်အလမ်းကို ရရှိသည့် လူတစ်ဦး ဖြစ်သည်။ သင်တို့သည် စိတ်မပါသော သတ်မှတ်ချက်များကို လေးလေးနက်နက် သဘောထားကောင်း သဘောထားမည် သို့မဟုတ် ယင်းတို့ကို တာဝန်မဲ့စွာ သဘောထားကောင်း သဘောထားပေမည်။ မည်သို့ပင်ဖြစ်စေ၊ ငါ၏ ရည်ရွယ်ချက်သည် သင်တို့၏ အိပ်မက်များကို ဖြည့်ဆည်းပေးရန်နှင့် သင်၏ စံများကို လက်တွေ့လုပ်ဆောင်စေရန်ဖြစ်ပြီး၊ သင်တို့ကို လှောင်ဖို့ သို့မဟုတ် သင်တို့ကို အရူးလုပ်ဖို့ မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်” မှ

သင်သည် သမ္မာတရားကို အားထုတ်ခြင်းမရှိသလို လက်တွေ့လုပ်ဆောင်ခြင်းလည်း မရှိပေ။ ထို့အပြင် သင့်တွင် အပြုသဘောဆောင်သော အရာများအတွက် ချစ်ခြင်းမေတ္တာ မရှိပေ။ ထို့ကြောင့် သင်၏ အကျိုးအမြတ်များအား ထိခိုက်သော အရေးကိစ္စတစ်ခုနှင့် သင် ကြုံရသည့်အခါ သင့်တွင် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို အားထုတ်ရန် စိတ်ဓာတ်ပြင်းပျမှု အနည်းငယ်သာရှိသည်။ ယင်းအစား ကိုယ့်အကျိုးအမြတ်များကိုသာ ကြည့်ဖို့ ပိုမိုနှစ်သက်သည်။ အရေးကိစ္စတစ်ခု ပေါ်ပေါက်သည့်အခါ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်မှုမရှိခြင်းသည် အပြစ်ကျူးလွန်ခြင်းတစ်ခု ဖြစ်သည်။ ဒုတိယအရေးကိစ္စတစ်ခု ပေါ်ပေါက်သည့်အခါ သင်သည် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်မှုမရှိဆဲဖြစ်ပြီး၊ သင်၏ အကျိုးအမြတ်များကို ကာကွယ်ရန်နှင့် သင်ကိုယ်တိုင်၏ လက္ခဏာသွင်ပြင်များကို ကာကွယ်ရန် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ရွေးချယ်လျှင် သင်၏ အပြစ်ကျူးလွန်မှုတို့သည် ဤအကြောင်းကြောင့် နှစ်ဆဖြစ်သွားမည်ဖြစ်ပြီး သင် မည်သို့နိဂုံးချုပ်မည်နည်း။ ယင်းကို ရှင်းလင်းစွာ သိမြင်နိုင်သည်- သင်၏ ရွေးချယ်မှုများ၊ သင်၏ အားထုတ်မှုများ၊ သင် ကြိုက်နှစ်သက်သော တပ်မက်မှုများအပြင် ပြုမူဆောင်ရွက်သည့်အခါတွင် သင် ရွေးချယ်သည့် ဦးတည်ချက်များ၊ လမ်းကြောင်းများနှင့်အတူ သင်၏ ဤ အပြစ်ကျူးလွန်မှုများ အားလုံးကို ခြုံငုံကြည့်လျှင် သင်သည် ငရဲ၌ အဆုံးသတ်ထိုက်သည်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ အရေးကြီးသော ကိစ္စတစ်ခု မဟုတ်သလော။ အားလုံးကို အတူတကွကြည့်လျှင် ဤ အပြစ်ကျူးလွန်မှု အားလုံးသည် မကောင်းမှုတစ်ခုဟု သဘောသက်ရောက်လေသည်။ အချို့လူတို့သည် ၎င်းတို့ တွေ့ကြုံရသည့် ပြဿနာများကို အသေးစိတ် ဆင်ခြင်တွေးတောကြသည်။ အခြားလူများမှာ လုံးဝ မတွေးတောကြသလို ဆုလည်းမတောင်းကြပေ။ ၎င်းတို့၏ အားထုတ်မှုများ သို့မဟုတ် ရွေးချယ်မှုများသည် သမ္မာတရားနှင့် သွေဖည်လျှင် သို့မဟုတ် ဆန့်ကျင်လျှင် ၎င်းတို့သည် ဘုရားသခင်ရှေ့မှောက်သို့ မလာရောက်ကြဘဲ ၎င်းတို့၏ ပြဿနာများအား မာကျောသောနှလုံးသားဖြင့် ခံယူပြီး၊ “ငါ လူတွေရဲ့ အကြည့်တွေကနေ လွတ်မြောက်သွားပြီ။ ဘုရားသခင်ကိုလည်း အနားမှာ မမြင်ရဘူး။ ငါ လုပ်ခဲ့တာကို ဘုရားသိသိမသိသိ ငါ ဂရုမစိုက်ဘူး။ ငါ့အတွက် အကျိုးအမြတ်တွေ ရှိနေသရွေ့ ငါ့အတွက်တော့ ပြဿနာက ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းပြီးသားပဲ။ အရာရာတိုင်းမှာ ငါကိုယ်တိုင်ရဲ့ အကျိုးအမြတ်က အရင်လာတယ်။” ဟူ၍ စဉ်းစားကြလျက် ထွက်ပြေးဖို့ ရွေးချယ်ကြသည်။ အဆုံးတွင် ဘုရားသခင်၏လမ်းကို လိုက်လျှောက်ခြင်း သို့မဟုတ် ဘုရားအိမ်တော်၏အကျိုးကို ကာကွယ်ခြင်းထက် သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ရွေးချယ်ကြသည်။ ဤသည်မှာ အပြစ်ကျူးလွန်ခြင်းတစ်ခု မဟုတ်သလော။ ဤသည်မှာ အမှန်တကယ်ပင် ပြစ်မှားခြင်းတစ်ခုဖြစ်သည် ဆိုသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးကြီးဆုံးအပိုင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်” မှ

တစ်ခါတစ်ရံတွင် အလုပ်တစ်ခု ပြီးဆုံးပြီးနောက်တွင် သင့်စိတ်နှလုံး၌ အနည်းငယ် စိတ်မအေးနိုင်ဖြစ်သည်။ အနီးကပ် စစ်ဆေးကြည့်သည့်အခါတွင် အမှန်တကယ်ပင် ပြဿနာတစ်ခုရှိနေသည်ကို သင် တွေ့ရသည်။ ၎င်းကို ပြုပြင်ရမည်။ ပြီးနောက်တွင် သင် စိတ်သက်သာရရမည်ဖြစ်သည်။ သင် အချိန်ကို ပို၍ သုံးရန်လိုအပ်သော၊ သင် ပို၍ အာရုံစိုက်သင့်သော ပြဿနာတစ်ခု ရှိနေသည်ဆိုသည်ကို သင်၏ စိတ်မသက်မသာဖြစ်နေခြင်းက သက်သေပြသည်။ ဤသည်မှာ တာဝန်ကို ထမ်းဆောင်ရာ၌ အရေးကြီးသော၊ တာဝန်ခံယူမှုရှိသော သဘောထားဖြစ်သည်။ လူတစ်ဦးသည် အလေးအနက်ထားနိုင်သောအခါ၊ တာဝန်သိနိုင်သောအခါ၊ ဆက်ကပ်နိုင်သောအခါ၊ ကြိုးစားနိုင်သောအခါတွင် အလုပ်သည် သင့်လျော်စွာ ပြီးမြောက်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင့်၌ ဤသို့သော စိတ်နှလုံး မရှိပေ။ အလွန်ရှင်းလင်းသော အမှားတစ်ခုကို သင် ရှာဖွေ တွေ့ရှိနိုင်ခြင်း မရှိပေ။ လူတစ်ဦးသည် ဤသို့သော စိတ်နှလုံးရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ လှုံ့ဆော်မှုနှင့် လမ်းပြမှုအားဖြင့် ဤပြဿနာကို ဖော်ထုတ်နိုင်လိမ့်မည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်က ထိုသို့သော သိမြင်မှုကို သင့်အား လမ်းပြပြီး ပေးအပ်ခဲ့ကာ၊ တစ်ခုခုလွဲမှားနေသည်ကို သင့်အား သိမြင်စေသည့်တိုင်အောင် သင်က ထိုသို့သောစိတ်နှလုံး မရှိလျှင် ပြဿနာကို သင်ဖော်ထုတ်နိုင်စွမ်း မရှိဆဲ ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ဤအခြင်းအရာက မည်သည်ကို ပြသနည်း။ လူတို့မှ ပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးသည်ကို ပြသည်။ ၎င်းတို့၏ စိတ်နှလုံးသည် အလွန်အရေးကြီးသည်။ ပြီးလျှင် ၎င်းတို့၏ အတွေးများနှင့် ရည်ရွယ်ချက်များကို အဘယ်နေရာသို့ ဦးတည်သည်မှာ အလွန်အရေးကြီးသည်။ လူတို့သည် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ စိတ်နှလုံး၌ မည်သည့်အရာကို စွဲကိုင်ထားသည်၊ စွမ်းအင်မည်မျှကို ၎င်းတို့ အသုံးချသည်တို့ကို ဘုရားသခင်မှ စိစစ်ပြီး မြင်နိုင်သည်။ လူတို့သည် ၎င်းတို့လုပ်သည့်အရာ၌ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံကို အသုံးပြုရန်မှာ အလွန်အရေးပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတို့သည် ၎င်းတို့ ပြီးမြောက်ခဲ့သော တာဝန်များနှင့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အရာများအပေါ်တွင် နောင်တမရရှိရန် ကြိုးပမ်းမှသာလျှင်၊ ဘုရားသခင်အား အကြွေးတင်ခြင်း မရှိမှသာလျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံဖြင့် ပြုမူဆောင်ရွက်မည် ဖြစ်သည်။ ယနေ့တွင် သင်သည် သင်၏ စိတ်နှလုံးနှင့် ခွန်အားအလုံးစုံအား မပေးလျှင် နောက်ပိုင်းတွင် တစ်ခုခု မှားယွင်းသည့်အခါ၊ အကျိုးဆက်များ ဖြစ်ပေါ်သည့်အခါ၊ နောင်တရရန် အလွန်နောက်ကျလိမ့်မည် မဟုတ်လော။ သင်သည် ထာဝရ အကြွေးတင်လိမ့်မည်။ ယင်းသည် သင့်အပေါ်တွင် အစွန်းအထင်းတစ်ခု ဖြစ်လိမ့်မည်။ မိမိ၏တာဝန် ထမ်းဆောင်မှုတွင် အစွန်းအထင်းတစ်ခုသည် ပြစ်မှားခြင်းဖြစ်သည်။ ထို့ကြောင့် သင်၏ စိတ်နှလုံး၊ ခွန်အားအလုံးစုံဖြင့် သင် ပြုလုပ်ရမည်ဖြစ်သော၊ လုပ်သင့်သော အမှုအရာအစိတ်အပိုင်းကို သင့်လျော်စွာ လုပ်ဆောင်ရန် ကြိုးပမ်းရမည်။ ထိုအမှုအရာများကို ပေါ့ဆစွာ သို့မဟုတ် ဝတ်ကျေတမ်းကျေ မလုပ်ဆောင်ရပေ။ မည်သည့်နောင်တမျှ သင် မရှိရပေ။ ဤနည်းအားဖြင့် ဤအချိန်၌ သင် ထမ်းဆောင်သော တာဝန်များကို ဘုရားသခင်က အမှတ်ရလိမ့်မည်။ ဘုရားသခင်မှ အမှတ်ရသော အရာများသည် ကောင်းမှုများ ဖြစ်သည်။ ဤသို့ဆိုလျှင် အမှတ်ရခြင်းမခံရသော အရာများသည် အဘယ်အရာနည်း။ ၎င်းတို့သည် ပြစ်မှားမှုများဖြစ်သည်။ ဤသို့အားဖြင့် လက်ရှိအချိန်တွင် မကောင်းမှုများကို ဖော်ပြပါက ယင်းတို့သည် မကောင်းမှုများ ဖြစ်သည်ကို လူတို့ လက်ခံချင်မှ လက်ခံပေလိမ့်မည်။ သို့သော် ထိုအရာများအပေါ်တွင် အရေးကြီးသော အကျိုးဆက်များဖြစ်ပေါ်လာသည့် နေ့တစ်နေ့ ရောက်လာလျှင်၊ ပြီးလျှင် ယင်းတို့သည် အပျက်သဘောဆောင်သော လွှမ်းမိုးမှုတစ်ခု ဖြစ်လာလျှင် ဤအရာတို့သည် အပြုအမူဆိုင်ရာ ပြစ်မှားမှုသက်သက်သာ မဟုတ်ဘဲ မကောင်းမှုများဖြစ်သည်ကို သင် ခံစားမိလိမ့်မည်။ ဤအရာကို သင် နားလည်သဘောပေါက်သည့်အခါ သင်သည် နောင်တရမည်ဖြစ်ပြီး ငါ ကာကွယ်မှု အနည်းငယ် ပြုလုပ်သင့်ခဲ့သည်။ အနည်းငယ်ပို၍ တွေးတောပြီး အားထုတ်လျှင် ဤပြဿနာ ဖြစ်လိမ့်မည်မဟုတ် ဟူ၍ တွေးမိလိမ့်မည်။ သင့်စိတ်နှလုံးရှိ ဤထာဝရ အစွန်းအထင်းကို မည်သည့်အရာကမျှ ဖယ်ရှားပေးလိမ့်မည် မဟုတ်။ ထို့အပြင် ယင်းသည် သင့်အား ထာဝရ အကြွေးတင်စေလျှင် ဒုက္ခရောက်စေလိမ့်မည်။ ထို့ကြောင့် ယနေ့ သင့်တာဝန်ကို ထမ်းဆောင်သည့် သို့မဟုတ် စေခိုင်းချက်တစ်ခုကို လက်ခံသည့် အချိန်တိုင်းတွင် သင်၏ ခွန်အား၊ စိတ်နှလုံး အလုံးစုံဖြင့် လုပ်ဆောင်ရန် ကြိုးပမ်းရမည်။ သင့်၌ အပြစ်နှင့်နောင်တ ကင်းလွတ်သည်အထိ လုပ်ဆောင်ရမည်။ ထိုမှသာ ဘုရားသခင်မှ အမှတ်ရမည်ဖြစ်ပြီး ယင်းသည် ကောင်းမှုတစ်ခုဖြစ်ပေသည်။ မျက်လုံးတစ်ဖက်ကိုပိတ်ပြီး တစ်ဖက်ကိုဖွင့်လျက် ဂရုမစိုက်စွာ၊ ဝတ်ကျေတမ်းကျေ မပြုမူနှင့်။ သင် နောင်တရလိမ့်မည်ဖြစ်ပြီး ပြုပြင်ရန် မတတ်နိုင် ဖြစ်လိမ့်မည်။ ယင်းသည် ပြစ်မှားခြင်း ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အဆုံးတွင် သင့်စိတ်နှလုံး၌ အပြစ်၊ အကြွေးတင်မှုနှင် စွပ်စွဲချက်တို့ အစဉ် ရှိနေလိမ့်မည်။ ဤလမ်းကြောင်းနှစ်ခုတွင် မည်သည့်လမ်းကြောင်းက အကောင်းဆုံးဖြစ်သနည်း။ မည်သည့်လမ်းကြောင်းက မှန်ကန်သည့် လမ်းဖြစ်သနည်း။ မည်သည့်နောင်တမျှ မရှိဘဲ သင်၏ စိတ်နှလုံး၊ ခွန်အားအလုံးစုံဖြင့် သင့်တာဝန်ကို ထမ်းဆောင်ခြင်း၊ ကောင်းမှုများကို ပြင်ဆင်ပြီး စုဆောင်းခြင်းဖြစ်သည်။ သင်၏ ပြစ်မှားခြင်းများအား မစုစည်းမိစေနှင့်။ ယင်းတို့အား နောင်တ မရနှင့်။ ထို့အပြင် အကြွေးမတင်စေနှင့်။ လူတစ်ဦးက ပြစ်မှားမှုများကို အလွန်အမင်း ကျူးလွန်မိပါက မည်သို့ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့အပေါ် ဘုရားသခင်၏ ဒေါသကို ဆက်လက် တိုးပွားလာနေစေခြင်းဖြစ်သည်။ သင်သည် အစဉ်သဖြင့် ဆက်လက်ပြစ်မှားနေပြီး သင့်အပေါ် ဘုရားသခင်၏ အမျက်ဒေါသသည် အစဉ် ကြီးမားလာလျှင် အဆုံး၌ သင်သည် အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏ တာဝန်ဆောင်ရွက်သည့်အခါ အရေးမထားခြင်းနှင့် ဝတ်ကျေတန်းကျေဖြစ်ခြင်း ပြဿနာကို ဖြေရှင်းနည်း” မှ

လွန်ကျူးခြင်း အပြစ်အသေးစားတစ်ခုကို ကျူးလွန်ပြီးဖြစ်သူ အချို့က “ဘုရားသခင်သည် ကျွန်ုပ်ကို ဖော်ထုတ်ပြီး နှင်ထုတ်ပြီးဖြစ်သလော။ သူသည် ကျွန်ုပ်ကို ဒဏ်ခတ်မည်လော။” ဟု တွေးကြသည်။ ဘုရားသခင်သည် လူတို့ကို အဆုံးစီရင်ရန် မဟုတ်ဘဲ လူတို့ကို အကြီးမားဆုံး အတိုင်းအတာအထိ တတ်နိုင်သမျှ ကယ်တင်ရန် ဤအချိန်တွင် ကြွလာခဲ့ခြင်းဖြစ်သည်။ မည်သူသည် အမှားများ နှင့် လုံးဝ ကင်းရှင်းသနည်း။ အကယ်၍ အယောက်တိုင်း အဆုံးစီရင်ခြင်းကို ခံရပါက ၎င်းကို ကယ်တင်ခြင်းဟု အဘယ်သို့ ခေါ်နိုင်မည်နည်း။ ပြစ်မှားခြင်းအချို့မှာ တမင်တကာပြုခြင်း ဖြစ်၍ အခြားသောပြစ်မှားခြင်းများမှာ တမင်တကာပြုခြင်း မဟုတ်ပေ။ တမင်တကာမဟုတ်သောကိစ္စများအတွက် ၎င်းတို့ကို သင် လက်ခံပြီးနောက် ပြောင်းလဲနိုင်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သင် မပြောင်းလဲမီ သင့်ကို အဆုံးစီရင်လိမ့်မည်လော။ ဤအရာမှာ လူတို့ကို ဘုရားသခင် ကယ်တင်သည့်နည်းလမ်း ဖြစ်သလော။ ၎င်းမှာ ထိုကဲ့သို့ မဟုတ်ပေ။ သင်သည် တမင်တကာမဟုတ်ဘဲ ပြစ်မှားသည်ဖြစ်စေ သို့မဟုတ် ပုန်ကန်တတ်သော ဗီဇတစ်ခုကြောင့် ပြစ်မှားသည်ဖြစ်စေ သင် မှတ်မိရမည်မှာ၊ လက်တွေ့အရှိတရား၌ အလျင်အမြန် နိုးထကြလော့။ ရှေ့ဆက်ကြလော့၊ မည်သည့် အခြေအနေ ဖြစ်ပေါ်ပါစေ သင် ရှေ့ဆက်ရမည်။ ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန် အမှုပြုလျက်ရှိပြီး သူသည် သူကယ်တင်လိုသည့် လူတို့ကို ပေါ့ပေါ့တန်တန် အဆုံးစီရင်လိမ့်မည် မဟုတ်ပါ။ သင်ပြောင်းလဲနိုင်စွမ်းသည့် အတိုင်းအတာကို ပဓာနမထားဘဲ၊ အဆုံးတွင် ဘုရားသခင်က သင့်ကို သေဆုံးစေခဲ့လျှင်ပင်၊ ယင်းကို သူက ဖြောင့်မတ်ခြင်းဖြင့် မုချလုပ်ဆောင်လိမ့်မည်ဖြစ်ပြီး အချိန်ကျရောက်လာသည့်အခါ သင့်ကို နားလည်စေလိမ့်မည်။ ယခုတွင်၊ အသက်တာ ဝင်ရောက်ခြင်းကို အာရုံစိုက်ရင်းနှင့် သင်၏ တာဝန်ကို ဖြည့်ဆည်းရန် ကြိုးစားရင်း၊ သမ္မာတရားအတွက် ကြိုးပမ်းခြင်းနှင့်ပတ်သက်၍ သင် ဂရုစိုက်သင့်သည်။ ဤအရာတွင် အမှားအယွင်း မရှိပေ။ နောက်ဆုံးတွင်၊ ဘုရားသခင်က သင့်ကို မည်သို့ဆက်ဆံပါစေ၊ ယင်းကို ဖြောင့်မတ်ခြင်းဖြင့် အမြဲလုပ်ဆောင်ခြင်း ဖြစ်သည်။ ဤအရာကို သင် သံသယမထားသင့်သကဲ့သို့၊ စိုးရိမ်စရာ မလိုပေ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယခု သင် နားမလည်သော်လည်း၊ သင် ယုံကြည်လက်ခံမည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ ဘုရားသခင်သည် အစိုးရအရာရှိတစ်ဦး မဟုတ်သကဲ့သို့၊ နတ်ဆိုးများ၏ဘုရင်ကဲ့သို့လည်း သေချာပေါက် မဟုတ်ပေ။ သင်တို့သည် ဤအကြောင်းအရာကို အသေအချာ လေးလေးနက်နက် ဆင်ခြင်ကြည့်ပါက၊ ဘုရားသခင်၏ အမှုသည် လူများကို ကယ်တင်ခြင်းနှင့် ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲခြင်း ဖြစ်သည်ဆိုသည့် ကောက်ချက်ချမိမည်။ သူ၏အလုပ်သည် လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲခြင်း အမှုဖြစ်သည့်အတွက်၊ လူများက ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းကို မထုတ်ဖော်ပါက၊ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သကဲ့သို့၊ မည်သည့်အရာမျှလည်း စွမ်းဆောင်ရရှိမည် မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြီးသည့်နောက်၊ သင်သည် အနည်းဆုံးအနေဖြင့် နောင်တမရဘဲ၊ သင်ပြုမူခဲ့ပြီးသကဲ့သို့ ပြုမူဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလိမ့်မည်။ ဘုရားသခင်သည် လူတို့အပေါ် ဒဏ်ခတ်ခြင်းအတိုင်းအတာ အမျိုးမျိုးကို ဆောင်ရွက်လိမ့်မည် ဖြစ်ပြီး လူသားသည် သူ၏လွန်ကျူးခြင်းအပြစ်များအတွက် အဖိုးအခပေးရလိမ့်မည်။ အခါအားလျော်စွာ သင်သည် မရည်ရွယ်ဘဲ အပျော်အပါး၌ မွေ့လျော်လာပြီး ဘုရားသခင်က သင့်ကို ထောက်ပြသည်၊ ပြုပြင်သည်၊ ပြီးလျှင် သင့်ကို ကိုင်တွယ်ဖြေရှင်းသည်။ သင်သည် တိုးတက်လာပါက၊ ဘုရားသခင်က သင့်ကို အတာချမည် မဟုတ်ပေ။ ဤသည်မှာ စိတ်သဘောထားပြောင်းလဲခြင်း၏ ပုံမှန်ဖြစ်စဉ်တစ်ရပ် ဖြစ်ပြီး၊ ကယ်တင်ခြင်းအမှု၏ စစ်မှန်သော အရေးပါမှုသည် ဤဖြစ်စဉ်တွင် ပြနေသည်။ ဤသည်မှာ အဓိကသော့ချက် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလိုတော်မှာ လူတို့ကို အကြီးမားဆုံး အတိုင်းအတာအထိ တတ်နိုင်သမျှ ကယ်တင်ရန် ဖြစ်သည်” မှ

ယခု သင်တို့သည် မျှော်လင့်ခြင်း အနည်းငယ်မျှ ရှိကြသရွေ့၊ အတိတ်အဖြစ်အပျက်များကို ဘုရားသခင် အမှတ်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဤစိတ်နေစိတ်ထားကို သင်တို့ ထိန်းသိမ်းသင့်သည်- “ကျွန်ုပ်၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုတစ်ခုကို ကျွန်ုပ် ရှာဖွေရမည်၊ ဘုရားသခင်ကို သိကျွမ်းဖို့ ကြိုးစားရမည်၊ စာတန်အားဖြင့် ဘယ်သောအခါမှ တစ်ဖန် အရူးလုပ်ခံရမည်မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ နာမတော်ကို အရှက်ရစေမည့် အရာတစ်ခုခုကို တစ်ဖန် ဘယ်သောအခါမျှ လုပ်ရမည်မဟုတ်။” သင်သည် ကယ်တင်ခံရနိုင်၊ မခံရနိုင်ဆိုသည်နှင့် သင့်အတွက် မျှော်လင့်ချက် ရှိ၊မရှိကို ဆုံးဖြတ်သည့် အဓိက ကဏ္ဍများမှာ၊ တရားဒေသနာတစ်ခုကို နားထောင်ပြီးနောက်၊ သမ္မာတရားကို သင် ရရှိနိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ ဆိုသည်နှင့် သင် ပြောင်းလဲနိုင်ခြင်း ရှိ မရှိဆိုသည့်တို့ ဖြစ်သည်။ သင်သည် နောင်တကိုသာ ခံစားရလျှင်၊ သင့်အတွက် အရေးယူလုပ်ဆောင်ဖို့ အချိန်တွင် လမ်းဟောင်းကိုသာ သင် ဆက်တွေးနေပြီးနောက် လျော်ညီစွာ တစ်ဖန် လုပ်ဆောင်မိလျှင်၊ ထို့အပြင်၊ ဤကိစ္စရပ်ကို သင် လုံးဝနားမလည်ဘဲ၊ ယင်းအစား ဆိုးသထက် ဆိုးနေမိလျှင်၊ သင့်အတွက် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်သကဲ့သို့ ပယ်ရှင်းခံရသင့်ပေသည်။ ဘုရားသခင်ကို သင် ပိုမိုသိနားလည်လေ၊ ထို့အပြင် သင့်ကိုယ်သင် ပိုမို သိနားလည်လေ၊ သင်သည် မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းရှိလေ ဖြစ်လိမ့်မည်။ သင်၏ ကိုယ်ပိုင် သဘာဝဗီဇနှင့်သက်ဆိုင်၍ ပိုမိုနှံ့စပ်သည့် သိနားလည်မှုတစ်ခု သင်၌ရှိလေ၊ သင်သည် မိမိကိုယ်ကိုယ် ပိုမို ထိန်းသိမ်းနိုင်လေ ဖြစ်လိမ့်မည်။ သင်၏ အတွေ့အကြုံကို ပေါင်းရုံးသုံးသပ်ပြီးသည့်နောက်၊ ဤကိစ္စရပ်တွင် သင် ဘယ်သောအခါမျှ နောက်တစ်ဖန် ကျရှုံးလိမ့်မည် မဟုတ်။ တကယ့်အမှန်တရားတွင်၊ အယောက်တိုင်းအပေါ်၌ ပြစ်ချက်များ ရှိပြီး၊ မာနထောင်လွှားခြင်း သို့မဟုတ် စိတ်ကြီးဝင်ခြင်းကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအချို့ကို ၎င်းတို့အားလုံး ထုတ်ဖော်ပြကြသည်၊ သို့မဟုတ် ၎င်းတို့၏ အလုပ်တွင် အပြစ်ကျူးလွန်ခြင်းအချို့ဖြစ်စေ၊ အမှားအချို့ဖြစ်စေ၊ မှားယွင်းမှုများဖြစ်စေ လုပ်မိကြသည်၊ သို့မဟုတ် ၎င်းတို့ အနည်းငယ် ပုန်ကန်တတ်လေသည်။ ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးသော မည်သည့်လူကမျှ ရှောင်ရှားမရနိုင်သည့်အရာများ ဖြစ်ကြသည်။ သို့သော်၊ သမ္မာတရားကို သင်နားလည်သည်နှင့်တပြိုင်နက်၊ ၎င်းတို့ကို သင် ရှောင်ရှားသင့်ပြီး၊ ထို့နောက်တွင် အတိတ်က ဖြစ်ပျက်ခဲ့သည့် အရာများဖြင့် အမြဲစိတ်ဒုက္ခရောက်စရာ လိုလိမ့်မည်မဟုတ်တော့ပေ။ ယင်းအစား၊ နားလည်ပြီးသည့်နောက်တွင်ပင် သင် ပြောင်းလဲလိမ့်ဦးမည်မဟုတ်၊ အမှုအရာများကို မှားယွင်းကြောင်း သိသည့်အခါ၌ပင် သင် ဆက်လုပ်မိမည်မှာ ကြောက်စရာဖြစ်ပြီး မှားယွင်းကြောင်း ပြောပြခံရပြီးနောက်တွင်ပင် အချို့သော ပုံစံဖြင့် သင် ဆက်လက်ပြုမူမိမည်မှာ ကြောက်စရာဖြစ်သည်။ ထိုသို့သော လူတို့သည် ရွေးနုတ်ခြင်းမခံရနိုင်လောက်အောင် ဖြစ်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အတွက် အစေခံရန် လူတစ်ဦးသည် ပေတရု၏ လမ်းကြောင်းကို လျှောက်သင့်သည်” မှ

စာတန်၏ ဖျက်ဆီးခံရပြီးခြင်းကြောင့်၊ လူများသည် ဘုရားသခင်၏အမှုကာလတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြတတ်ကြသကဲ့သို့၊ လွန်ကျူးခြင်းအပြစ်အချို့ကိုလည်း ကျူးလွန်တတ်ကြသည်။ သို့သော် တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ အမှုတော်သည် ၎င်းတို့အထဲတွင် ရလဒ်အချို့ ဖြစ်မြောက်နေဆဲ ဖြစ်သည်။ ဘုရားသခင်သည် ရလဒ်များအတွက် သေချာစွာ ဆင်ခြင်စဉ်းစားခြင်း မရှိခဲ့ဘဲ၊ ထုတ်ဖော်ပြခြင်းခံရသည့် လူ့သဘာဝကိုသာ ကြည့်ခဲ့ပါက၊ ယင်းက လူများကို ကယ်တင်ခြင်းဟု မခေါ်ဆိုနိုင်ပေ။ ကယ်တင်ခြင်းရလဒ်သည် လူများ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့တွင် အဓိကအားဖြင့် ပြသသည်။ ဤကဏ္ဍများတွင် ၎င်းတို့ အောင်မြင်မှုမည်မျှ ရရှိပြီးဖြစ်သည်ကို ဘုရားသခင်က ကြည့်ပြီး၊ ထို့နောက်တွင် ၎င်းတို့၏လွန်ကျူးခြင်းအပြစ်များ၏ အတိုင်းအတာကို ကြည့်သည်။ အကြောင်းရင်းနှစ်ရပ်လုံးသည် ၎င်းတို့ အဆုံးသတ်များကို သတ်မှတ်ဖို့နှင့် ၎င်းတို့ ဆက်လက် တည်ရှိမည် ဟုတ်မဟုတ်ကို သတ်မှတ်ဖို့ ထောက်ကူ ပေးသည်။ ဥပမာအားဖြင့် အတိတ်တွင် လူအချို့က ဖောက်ပြန်ပျက်စီးခြင်းများစွာကို ထုတ်ဖော်ပြခဲ့ပြီး ဇာတိပကတိနှင့်ပတ်သက်၍ လွန်စွာ ဂရုစိုက်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံဖို့ လိုလားနေခဲ့ခြင်း မရှိသကဲ့သို့၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိန်းသိမ်းခဲ့ခြင်းလည်း မရှိပေ။ သို့သော် ဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ပြီးနောက်၊ ၎င်းတို့သည် စစ်မှန်သော ပြောင်းလဲမှုကို ကြံရပြီးဖြစ်သည်။ ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းတွင် သမ္မာတရား အခြေခံသဘောတရားများထံ လက်လှမ်းရမည်ကို ၎င်းတို့သိကြသည်၊ ပြီးလျှင် ၎င်းတို့သည် ရလဒ်များကို သာ၍ သာ၍ စွမ်းဆောင်ရရှိကြသည်။ ၎င်းတို့သည် အရာခပ်သိမ်းတွင်လည်း ဘုရားသခင်ဘက်မှ ရပ်တည်နိုင်ပြီး ဘုရားအိမ်တော်၏အမှုတော်ကို ထိန်းသိမ်းဖို့ ၎င်းတို့ အစွမ်းကုန်ကြိုးစားနိုင်သည်။ ဤသည်မှာ တစ်စုံတစ်ယောက်၏အသက်စိတ်သဘောထား ပြောင်းလဲခြင်းကို ဆိုလိုခြင်းဖြစ်ပြီး၊ ဤပြောင်းလဲခြင်းသည် ဘုရားသခင် အလိုရှိသည့်ပြောင်းလဲခြင်း ဖြစ်သည်။ လူအချို့ကလည်း ၎င်းတို့၌ အယူအဆများ ပေါ်ပေါက် လာသည့်အခါ၊ ယင်းတို့ကို ဟိုဟိုသည်သည် ဖြန့်ဝေရသည်ကို နှစ်သက်ခဲ့ဖူးသော်လည်း၊ ယခုအခါတွင် ၎င်းတို့တွင် အယူအဆအချို့ ရှိသည့်အခါ၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး ၎င်းတို့၏အယူအဆများကို မဖြန့်ဝေဘဲ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာ တစ်ခုတစ်လေမျှ မလုပ်ဆောင်ဘဲ ကျိုးနွံနာခံနိုင်ကြသည်။ ယင်းတွင် ပြောင်းလဲခြင်းတစ်ခု ဖြစ်ပြီးပြီလော။ လူအချို့သည် တစ်စုံတစ်ဦးအားဖြင့် ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခြင်းခံရသည်နှင့်တစ်ပြိုင်နက်၊ ချက်ချင်း ခုခံကြမည်။ သို့သော် ယခုအခါ ၎င်းတို့ကို ထိုအရာဖြစ်ပျက်သည့်အခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သိနိုင်ပြီး လက်ခံနိုင်သည်။ နောက်ပိုင်းတွင် ၎င်းတို့သည် စစ်မှန်သည့် ပြောင်းလဲခြင်း အချို့ကို ကြုံတွေ့ကြရသည်။ ဤသည်မှာ အကျိုးတစ်ခု မဟုတ်သလော။ သို့သော် သင်၏ပြောင်းလဲခြင်း မည်မျှ ကြီးမားပါစေ၊ သင်၏သဘာဝသည် ချက်ချင်း မပြောင်းလဲနိုင်ပေ။ လွန်ကျူးခြင်းအပြစ်များမှ လုံးလုံး ကင်းလွတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် စတင်ပြီး အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေဖို့ သိလျှင်၊ ၎င်းတို့က မနာခံမှု အနည်းငယ် ပြလျှင်ပင်၊ ထိုအချိန်တွင် ၎င်းတို့သည် ယင်းကို သတိထားမိလိမ့်မည်။ ဤနားလည်သဘောပေါက်ခြင်းက ၎င်းတို့ကို ချက်ချင်း ပြောင်းလဲခြင်း ဖြစ်စေနိုင်ပြီး၊ ၎င်းတို့၏ အခြေအနေများသည် ပို၍ပို၍ ကောင်းလာလိမ့်မည်။ ၎င်းတို့သည် လွန်ကျူးခြင်းအပြစ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ကျူးလွန်နိုင်သော်လည်း၊ မကြာခဏ မကျူးလွန်ပေ။ ဤသည်မှာ ပြောင်းလဲခြင်းဖြစ်သည့်အရာ ဖြစ်သည်။ ဤပြောင်းလဲခြင်းမျိုးက ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားပြီးသော တစ်စုံတစ်ယောက်သည် သာ၍များသော သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင် တောင်းဆိုသည့်အရာအချို့ကို လုပ်ဆောင်နိုင်သည်ဟု ဆိုလိုသည်။ ထိုသို့သော လူတစ်ယောက်သည် သာ၍သာ၍ နည်းသော လွန်ကျူးခြင်း အပြစ်များကို ကျူးလွန်လိမ့်မည်ဖြစ်ပြီး၊ သာ၍ သာ၍ နည်းပါးသော ပြင်းထန်မှုဖြင့် မနာခံခြင်း ရှိလိမ့်မည်။ ဘုရားသခင်၏အမှုသည် အကျိုးရလဒ်ရှိပြီး ဖြစ်သည်ကို ဤသည်မှာ သိသာထင်ရှားလာသည်။ သူလိုချင်သည့် အရာသည် လူများထံတွင် ၎င်းတို့သည် ဤရလဒ်များကို စွမ်းဆောင်ရရှိပြီးဖြစ်သည်ကို ပြနေလျက်၊ ဤသို့သော ဖော်ပြချက်မျိုးဖြစ်သည်။ သို့ဖြစ်သောကြောင့် ဘုရားသခင်က လူများ၏ အဆုံးသတ်များကို ကိုင်တွယ်သည့်နည်းလမ်း သို့မဟုတ် တစ်စုံတစ်ယောက်ကို သူဆက်ဆံသည့်ပုံစံသည် လုံးဝ ဖြောင့်မတ်ကာ၊ အကျိုးကြောင်းဆီလျော်ပြီး တရားမျှတသည်။ သူ့အတွက် သင့်ကိုယ်သင် အသုံးခံရာတွင် အစွမ်းကုန် ကြိုးပမ်းအားထုတ်ဖို့၊ သင် လက်တွေ့လုပ်ဆောင်သင့်သည် သမ္မာတရားကို တွန့်ဆုတ်ခြင်းမရှိဘဲ ရဲရင့်စွာနှင့် လျော်ညီစွာ လက်တွေ့လုပ်ဆောင်ဖို့သာ လိုအပ်သည်၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို မမျှတစွာ ဆက်ဆံမည် မဟုတ်ပေ။ တွေးကြည့်လော့။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများသည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရနိုင်သလော။ လူများစွာတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင်ပင်၊ အပြစ်ဒဏ်ပေးခြင်း ခံရဆဲဖြစ်မည်ကို ကြောက်လျက်၊ ၎င်းတို့သည် သူ၏ဖြောင့်မတ်သော စိတ်သဘောထားကို အမြဲ သံသယရှိကြသည်။ ၎င်းတို့က သစ္စာစောင့်သိခြင်းကို ပြလျှင်ပင်၊ သူ မမြင်မည်ကို ၎င်းတို့ အမြဲ ကြောက်နေကြသည်။ ထိုသို့သော လူများသည် ဘုရးသခင်၏ဖြောင့်မတ်သော စိတ်သဘောထားနှင့် သက်ဆိုင်သည့် အသိပညာ မရှိကြချေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့၏ရလဒ်များကို ၎င်းတို့၏ ဆောင်ရွက်ချက်အားဖြင့် ဘုရားသခင် အဆုံးအဖြတ်ပေးခြင်းအထဲမှ အဓိပ္ပာယ်” မှ

အမှန်တရားမှာ လူတိုင်းသည် အနည်းနှင့်အများ ပြစ်မှားမိကြ၏။ တစ်စုံတစ်ရာက ပြစ်မှားခြင်းဖြစ်သည်ကို သင်မသိသည့်အခါ၊ ယင်းကို မရှင်းလင်းသော စိတ်အခြေအနေတစ်ခုဖြင့် သဘောထားတတ်သည်၊ သို့မဟုတ် သင်သည် သင်၏ကိုယ်ပိုင်အယူအဆများ၊ လက်တွေ့လုပ်ဆောင်မှုများနှင့် သိနားလည်မှု နည်းလမ်းများကို ဖက်တွယ်ဆဲ ဖြစ်ကောင်းဖြစ်မည်- သို့သော် တစ်နေ့တွင်၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်ဖြစ်စေ၊ ဘုရားသခင်၏ ထုတ်ဖော်ပြခြင်းအားဖြင့်ဖြစ်စေ၊ ဤအရာက ပြစ်မှားခြင်း၊ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း ဖြစ်သည်ကို သင့်အနေဖြင့် သင်ယူရသည်။ ထိုအခါ သင်၏သဘောထားက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်လုပ်ဆောင်နေသည့်အရာက သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ရင်း၊ သင်သည် သင်၏ကိုယ်ပိုင်စိတ်ကူးများကို စွဲကိုင်နေဆဲ၊ ဆင်ခြင်နေဆဲ၊ ငြင်းခုံနေဆဲ၊ ထွင်နေဆဲ ဖြစ်လိမ့်မည်လော။ ဤသည်၌ ဘုရားသခင်အပေါ် သင်၏သဘောထား ပါဝင်၏။ မည်သည့်သဘောထားဖြင့် ဒါဝိဒ်သည် သူ၏ပြစ်မှားခြင်းများကို ယူမှတ်သနည်း။ (နောင်တဖြစ်သည်။) နောင်တ- သူသည် ယင်းတို့ကို ကျူးလွန်တော့မည် မဟုတ်ပေ။ သို့ဆိုလျှင်၊ မည်သည့်အရာကို သူလုပ်ဆောင်ခဲ့သနည်း။ သူ့ကို အပြစ်ပေးရန် ဘုရားသခင်ထံ တောင်းဆိုရင်း၊ သူက၊ “ဤအမှားကို ကျွန်ုပ်တစ်ဖန်ပြုမိလျှင်၊ ကျွန်ုပ်ကို ဘုရားသခင်အပြစ်ဒဏ်ပေးပြီး အဆုံးစီရင်တော်မူပါ” ဟု ဆုတောင်းခဲ့သည်။ ယင်းမှာ သူ၏စိတ်ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်။ ယင်းမှာ စစ်မှန်သော နောင်တဖြစ်ခဲ့သည်။ သာမန်လူတို့က ဤအရာကို စွမ်းဆောင်ရရှိနိုင်သလော။ သာမန်လူတို့အနေဖြင့် ၎င်းတို့သည် ငြင်းခုံဖို့ မကြိုးစားပါက၊ သို့မဟုတ် ဖွင့်ပြောရန်မလိုဘဲ တာဝန်ကို ဝန်ခံပါက ကောင်း၏၊ သို့သော် ၎င်းတို့၏စိတ်နှလုံးတွင် ၎င်းတို့က၊ “မည်သူမျှ ဤအရာအား တစ်ဖန်မတင်ပြဖို့ ငါမျှော်လင့်သည်။ ငါအရှက်ရလိမ့်မည်” ဟု တွေးကြ၏။ ဤသည်မှာ စစ်မှန်သော နောင်တဖြစ်သလော။ အမှန်တကယ် နောင်တရဖို့၊ သင်၏အတိတ်က ဆိုးယုတ်မှုကို သင်ဖယ်ရှားရမည်၊ ယင်းကို ချထားရမည်ဖြစ်ပြီး ထိုသို့သောအရာကို တစ်ဖန်မလုပ်ဆောင်ရ။ ကိုင်း၊ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဆိုးယုတ်မှုကို ဖယ်ရှားကာ ထိုအရာကို မလုပ်ဆောင်ဘဲ မတွေးတောရုံမျှသည် အလုပ်ဖြစ်လိမ့်မည်လော။ ဘုရားသခင်အပေါ် သင်၏သဘောထားမှာ အဘယ်နည်း။ သင့်ကို ယခု ဖော်ထုတ်နေသည့် ဘုရားသခင်ကို သင်သည် မည်သည့်နည်းလမ်းဖြင့် ချဉ်းကပ်မည်နည်း။ (ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ကျွန်ုပ်တို့ လက်ခံပါမည်။) ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း၊ သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်း- ယင်းသည် ထိုအရာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အခြားသော အစိတ်အပိုင်းမှာ သူ၏အပြစ်ဒဏ်ပေးခြင်းကို လက်ခံစဉ်တွင် ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံခြင်း ဖြစ်သည်။ အပိုင်းနှစ်ပိုင်းလုံးကို သင်လက်ခံပြီးချိန်တွင်၊ သင်၏စိတ်ဆုံးဖြတ်ချက်က မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ အနာဂတ်တွင် ထိုသို့သော အခြေအနေများနှင့် ထိုသို့သော ကိစ္စရပ်များကို သင်ကြုံရချိန်တွင်၊ မည်သည့်အရာကို သင်လုပ်ဆောင်လိမ့်မည်နည်း။ စစ်မှန်သော နောင်တမရှိဘဲ၊ ဆိုးယုတ်မှုကို ဖယ်ရှား၍မရနိုင်သကဲ့သို့၊ နေရာမရွေး၊ အချိန်မရွေးတွင်၊ ၎င်းတို့သည် အလားတူ ဆိုးသောအရာကို လုပ်ဆောင်ရင်း၊ အလားတူ ပြစ်မှားခြင်းကို ကျူးလွန်ရင်း၊ အလားတူအမှားကို အထပ်ထပ် အခါခါပြုလုပ်ရင်း၊ အလားတူ ဟောင်းသောလမ်းသို့ ပြန်သွားနိုင်ပေသည်။ ဤသည်မှာ သမ္မာတရားအပေါ် တစ်ဦးတစ်ယောက် ထားရှိသည့် သဘောထားဖြစ်သည် မဟုတ်လော။ ဤအရာက သမ္မာတရားနှင့် ဘုရားသခင်အပေါ် လူသား၏သဘောထားကို ထုတ်ဖော်ပြ၏။ သို့ဆိုလျှင်၊ ပြစ်မှားခြင်းကို လုံးဝစွန့်ပစ်ဖို့ တစ်စုံတစ်ဦးသည် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းလော။ တစ်ဦးတစ်ယောက်၌ သမ္မာတရားအပေါ် မှန်ကန်သော သဘောထား ရှိရမည်။ ပြီးလျှင် သမ္မာတရားအပေါ် တစ်စုံတစ်ဦးသည် မည်သည့်သဘောထား ရှိသင့်ပြီး၊ ၎င်းတို့၏ မှန်ကန်သော သဘောထားကို ပြသဖို့ ၎င်းတို့အနေဖြင့် မည်သို့လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤပြဿနာကို တစ်ဖန် အမှတ်မထင် တွေ့ရချိန်တွင်၊ စုံစမ်းနှောင့်ယှက်ခြင်းထဲသို့ လဲကျပါက မည်သည့်အရာကို သင်လုပ်ဆောင်မည်နည်း။ စကားနှစ်လုံး- “ဝေးဝေး နေပါ” ဟူ၍ ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ တစ်ဦးတစ်ယောက်သည် အလားတူအမှားမျိုးကို တစ်ဖန်ပြုမိပါက ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းခံရဖို့ စိတ်ဆုံးဖြတ်ချက်ကို ချမှတ်ရမည်။ ထိုသို့လုပ်ဆောင်ရန်မှာ အမှုအရာကို လှိုက်လှိုက်လှဲလှဲ မုန်းတီးဖို့၊ ယင်းကို စက်ဆုပ်ဖွယ်အကောင်းဆုံးသောအရာ၊ ဆိုးယုတ်သော အရာတစ်ခု၊ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့် အရာတစ်ခု၊ ထာဝရ အစွန်းအထင်းတစ်ခုအဖြစ် မြင်ဖို့ဖြစ်သည်။ သမ္မာကျမ်းစာထဲမှာ- “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။” (သုတ္တံကျမ်း ၂၂:၃) ယင်းမှာ ဉာဏ်တိမ်ခြင်း မဟုတ်- ယင်းသည် မိုက်မဲခြင်းသက်သက်ပင် ဖြစ်သည်။ “ဝေးဝေးနေပါ”- လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းတစ်ခုအဖြစ် ယင်းမှာ အဘယ်သို့နည်း။ (ကောင်းပါသည်။) သို့တိုင် ဝေးဝေးနေ၍မရနိုင်သည့် အချိန်များ ရှိသလော။ ထိုအချိန်တွင် သင်သည် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ သင်၏စိတ်နှလုံးတွင် ဘုရားသခင်ထံ လေးနက်စွာ သင်ဆုတောင်းရမည်ဖြစ်ပြီး အမှုအရာများကို စီစဉ်ညွှန်ကြားဖို့ သူ့ကို တောင်းလျှောက်ရမည်။ အချို့သော စမ်းသပ်မှုများသည် စုံစမ်းနှောင့်ယှက်ခြင်းများလည်း ဖြစ်၏။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့သောအရာများကို သင့်အပေါ် ကျရောက်ခွင့်ပေးသနည်း။ ယင်းတို့သည် အမှတ်တမဲ့ မဖြစ်ပျက်ပေ- ယင်းတို့သည် ဘုရားသခင်က သင့်ကို စမ်းသပ်နေခြင်းနှင့် စစ်ဆေးနေခြင်း ဖြစ်သည်။ ဘုရားသခင်၏ စစ်ဆေးမှုကို သင်လက်မခံသကဲ့သို့ ယင်းကို မသိကျိုးကျွန်ပြုဖို့ သင်ကြိုးစားပါက၊ ဤအရာက ဘုရားသခင်အပေါ် သင်၏သဘောထားကို ထုတ်ဖော်ပြသည် မဟုတ်လော။ သင့်အတွက် သူစီစဉ်ပေးသည့် အခြေအနေများနှင့် သူပေးသည့် စမ်းသပ်မှုများကို သင်ကျောခိုင်းပြီး သင်၌ ရိုင်းစိုင်းသော သဘောထားတစ်ခုရှိကာ၊ ထိုအခြေအနေများနှင့် စမ်းသပ်မှုများတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအတွက် သင်သည် ဆုမတောင်းသကဲ့သို့ ကြိုးလည်းမကြိုးစား၊ ရှာလည်းမရှာဖွေသည့် ဘုရားသခင်အပေါ် လူသား၏ သဘောထားကို ပြောသည် မဟုတ်လော။ “ထိုသို့သော အတွေးများ ကျွန်ုပ်၌ မရှိသကဲ့သို့ ထိုရည်ရွယ်ချက်လည်း ကျွန်ုပ်၌ မရှိပါ” ဟု ပြောသောသူများ ရှိ၏။ အကယ်၍ သင်၌ ရည်ရွယ်ချက်မရှိပါက၊ ဘုရားသခင်အပေါ် သင်၏သဘောထားမှာ အဘယ်နည်း။ အချို့သော သဘောထားများသည် တမင်သက်သက်ဖြစ်ပြီး ရည်ရွယ်ထားသော်လည်း၊ အချို့မှာ မတော်တဆ ဖြစ်သည်- သင်၏သဘောထားမှာ အဘယ်နည်း။ ရိုင်းစိုင်းပြီး ဘုရားသခင်ကို လေးလေးနက်နက် သဘောမထားသောသူသည် သမ္မာတရားကို ချစ်သောသူ ဖြစ်သလော။ သမ္မာတရားနှင့် ဘုရားသခင်ကို ကလေးကစားစရာများကဲ့သို့၊ ဘာမျှမရှိသည့် လေအဖြစ် သဘောထားသောသူသည် သမ္မာတရားကို ချစ်သောသူမဟုတ်သည်ကို သက်သေပြပေသည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

သာ၍များသော ဒုစရိုက်အပြစ်များ သင် ကျူးလွန်လေ၊ ကောင်းမွန်သည့် ခရီးပန်းတိုင်ကို ရရှိဖို့ အခွင့်အရေးများ သင် သာ၍နည်းပါးလေလေ ဖြစ်မည်။ အပြန်အလှန်အားဖြင့်၊ သာ၍ နည်းပါးသော ဒုစရိုက်အပြစ်များ သင်ပြုလေ၊ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံလာရဖို့ အခွင့်အလမ်း သာ၍ ကောင်းလေလေပင် ဖြစ်သည်။ သင့်ကို ခွင့်လွှတ်ရန် ငါ့အတွက် မဖြစ်နိုင်သည့်အခြေအနေထိ၊ သင်၏ ဒုစရိုက်အပြစ်များ တိုးပွားပါက၊ သင်သည် ခွင့်လွှတ်ခြင်း ခံရမည့် သင်၏ အခွင့်အရေးများကို လုံးဝ ဖြုန်းတီးမိပြီး ဖြစ်လိမ့်မည်။ ထိုသို့ဖြင့်၊ သင်၏ ခရီးပန်းတိုင်သည် အထက်အရပ် မဟုတ်ဘဲ အောက်အရပ် ဖြစ်ပေလိမ့်မည်။ သင်သည် ငါ့ကို မယုံကြည်ပါက၊ ရဲရင့်ကာ အမှားကို လုပ်ဆောင်လော့၊ ပြီးလျှင် ယင်းက သင့်အား အဘယ်အရာ ပေးသည်ကို ကြည့်လော့။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော စိတ်ထက်သန်သည့် လူတစ်ဦးဖြစ်ပါက၊ သင်၏ ဒုစရိုက်အပြစ်များအတွက် ခွင့်လွှတ်ခံရဖို့ အခွင့်အရေးတစ်ခု ဧကန်မုချ သင် ရရှိမည်ဖြစ်ပြီး၊ သင်၏ နာမခံတတ်မှုသည် မကြာမကြာ နည်းသထက် နည်းပေလိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိသောလူတစ်ဦးဖြစ်ပါက၊ ဘုရားသခင်၏ ရှေ့၌ သင်၏ ဒုစရိုက်အပြစ်များသည် ဧကန်မုချ အရေအတွက် တိုးပွားလိမ့်မည်ဖြစ်ပြီး၊ သင်၏ လုံးဝဉဿုံ ပျက်စီးခြင်း အချိန်ကာလဖြစ်မည့် အကန့်အသတ်သို့ သင် ရောက်ရှိသည်အထိ၊ သင်သည် မကြာခဏ သာ၍ သာ၍ မနာခံတတ်လေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ သင်၏ ကောင်းချီးများ ရရှိခြင်းနှင့်ဆိုင်သည့် ကြည်နူးဖွယ်အိပ်မက် ပျက်စီးသွားမည့် အချိန်ဖြစ်သည်။ သင်၏ ဒုစရိုက်အပြစ်များကို မရင့်ကျက်သူတစ်ဦး သို့မဟုတ် မိုက်မဲသောသူတစ်ဦး၏ အမှားတစ်ခုမျှအဖြစ် မမှတ်ယူနှင့်။ သင်၏ ညံ့ဖျင်းသော အရည်အချင်းက ထိုသို့လုပ်ဆောင်ဖို့ မဖြစ်နိုင်စေ သောကြောင့်၊ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟူသော ဆင်ခြေကို အသုံးမပြုနှင့်။ ထို့အပြင်၊ သင် ကျူးလွန်ပြီးဖြစ်သည့် ဒုစရိုက်အပြစ်များကို မည်သည့်အရာကိုမျှ သာ၍ ကောင်းကောင်းမသိခဲ့သော တစ်စုံတစ်ဦး၏ လုပ်ရပ်များအဖြစ် အလွယ်တကူ မမှတ်ယူနှင့်။ သင်သည် မိမိကိုယ်ကိုယ် ခွင့်လွှတ်ရာတွင် တော်ပြီး၊ မိမိကိုယ်ကိုယ် ရက်ရောမှုဖြင့် ဆက်ဆံရာတွင် တော်ပါက၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိမည်မဟုတ်သည့် သူရဲဘောကြောင်သောသူတစ်ဦး ဖြစ်သကဲ့သို့၊ သင်၏ ဒုစရိုက် အပြစ်များသည် သင့်ကို ခြောက်လှန့်ခြင်းအား မည်သည့်အခါတွင်မျှ ရပ်တန့်လိမ့်မည် မဟုတ်ဟု သင့်ကို ငါ ပြော၏။ ၎င်းတို့သည် သင့်အား သမ္မာတရား၏ တောင်းဆိုမှုများကို ဖြည့်ဆည်းခြင်းမှ ထိန်းထားလိမ့်မည် ဖြစ်ပြီး၊ စာတန်၏ သစ္စာရှိသော အပေါင်းအဖော်အဖြစ် သင့်အား ထာဝရဆက်ရှိစေမည် ဖြစ်သည်။ သင့်အဖို့ ငါ၏အကြံပေးချက်မှာ ဤသို့ဖြစ်နေဆဲဖြစ်သည်- သင်၏ ကွယ်ဝှက်ထားသော အပြစ်ဒုစရိုက်များကို သတိမပြုမိဘဲလျက် ရှိစဉ်တွင်၊ သင်၏ ခရီးပန်းတိုင် တစ်ခုတည်းကိုသာ အာရုံမစိုက်နှင့်။ ဒုစရိုက်အပြစ်များကို အလေးအနက် သဘောထားလော့၊ ပြီးလျှင် သင်၏ခရီးပန်းတိုင်ကို စိတ်ပူပန်မှုကြောင့် ၎င်းတို့ထဲမှ မည်သည့်အရာကိုမျှ လျစ်လျူမရှုမိစေနှင့်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်” မှ

အရှေ့သို့- ၄၄။ မိမိ၏ အကျင့်စရိုက်နှင့် အပြုအမူတို့ကို စေ့ငုစွာ သုံးသပ်ဆင်ခြင်ခြင်းအားဖြင့် မိမိကိုယ်မိမိ သိခြင်းဆိုင်ရာ မူများ

နောက်တစ်ခုသို့- ၄၆။ အကြင်သူ၏ စိတ်သဘောထား ပြောင်းလဲခဲ့ပြီးခြင်း ရှိ၊မရှိအပေါ် ဆင်ခြင်သုံးသပ်ခြင်းဆိုင်ရာ မူများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်