၄၆။ အကြင်သူ၏ စိတ်သဘောထား ပြောင်းလဲခဲ့ပြီးခြင်း ရှိ၊မရှိအပေါ် ဆင်ခြင်သုံးသပ်ခြင်းဆိုင်ရာ မူများ

(၁) ရိုးသားသူတစ်ယောက်ဖြစ်လာရန် သင်၏ကြိုးပမ်းအားထုတ်မှုများ ထိရောက်ခြင်းရှိ၊မရှိ၊ လှည့်ဖြားမှုနှင့် မုသားများ သင့်ထံတွင် ကြွင်းကျန်နေဆဲ ရှိ၊မရှိ၊ သင်၏တာဝန်ကို ထမ်းဆောင်စဉ်တွင် သင်သစ္စာစောင့်ခြင်း ရှိ၊မရှိ၊ မူများနှင့်အညီ သင်ပြုမူနိုင်ခြင်း ရှိ၊မရှိတို့ကို ဆင်ခြင်သုံးသပ်ပါ။

(၂) အကြောင်းကိစ္စတို့အ‌ပေါ် သင်၏ရှုထောင့်များ၊ အသက်တာအပေါ် သင်၏သဘောထားနှင့် သင်၏ တန်ဖိုးတို့သည် သမ္မာတရားနှင့် ညီ၊မညီ ဆင်ခြင်သုံးသပ်ပါ။ စာတန်ဆိုင်ရာ အယူအဆများနှင့် ဥပဒေများ အဘယ်မျှကို သင်ကိုယ်တိုင်ထံမှ နုတ်ပယ်သန့်စင်ပြီးဖြစ်ကြောင်း ဆင်ခြင်သုံးသပ်ပါ။ ပြောင်းလဲခြင်းတစ်ခုကို သင်ကြုံခဲ့ရပြီးခြင်း ရှိ၊မရှိ ဆင်ခြင်သုံးသပ်ပါ။

(၃) ယောဘ၏ ယုံကြည်မှုသဒ္ဓါတရားကို သင်ပိုင်ဆိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအမှုကို ရှောင်နိုင်ခြင်း ရှိ၊မရှိနှင့် ဘုရားသခင်ကို စစ်မှန်စွာ သိရှိပြီး ချစ်ခင်ခြင်း ရှိ၊မရှိ ဆင်ခြင်သုံးသပ်ပါ။

(၄) သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ထံ အမှန်တကယ် ကျိုးနွံနာခံသူတစ်ယောက် ဟုတ်၊မဟုတ်နှင့် သင်သည် စမ်းသပ်မှုများအကြားတွင် စာတန်ကို အောင်မြင်ပြီး သင်၏သက်သေခံချက်တွင် အခိုင်အမာ ရပ်တည်ကာ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ခြင်း ရှိ၊မရှိ ဆင်ခြင်သုံးသပ်ပါ။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စိတ်သဘောထားပြောင်းလဲခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦးက ဘုရားသခင်၏အမှုကို ကြုံတွေ့နေစဉ် သူ၏နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံပြီး အမျိုးမျိုးသော ဒုက္ခဆင်းရဲနှင့် စစ်ဆေးမှုများကို ကြုံရသောအခါ၌ ဖြစ်ပေါ်လာသည်။ ဘုရားသခင်ကို နောက်ထပ် မည်သည့်အခါမျှ ပုန်ကန်ခြင်း သို့မဟုတ် ခုခံခြင်း မပြုတော့ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ စီစဉ်ညွှန်ကြားမှုများနှင့် စီမံမှုအားလုံးကို နာခံနိုင်ဖို့အလို့ငှာ ထိုသို့သောလူတစ်ဦးသည် မိမိအတွင်းရှိ စာတန်ဆန်သော အဆိပ်အတောက်များ သန့်စင်ခံရပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လုံးလုံးလျားလျား လွတ်ကင်းလေသည်။ ဤသည်မှာ စိတ်သဘောထား ပြောင်းလဲခြင်းပင် ဖြစ်သည်။...စိတ်သဘောထား ပြောင်းလဲခြင်းဆိုသည်မှာ လူတစ်ယောက်သည် သမ္မာတရားကို ချစ်မြတ်နိုး၍ လက်ခံနိုင်သဖြင့် နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် သူ၏မနာခံသော သဘာဝဗီဇအား သိရှိလာခြင်းကို ဆိုလိုသည်။ လူသားသည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်ကို သူနားလည်ပြီး လူသား၏ အဓိပ္ပာယ်မဲ့ခြင်းနှင့် လိမ်လည်လှည့်ဖြားမှုတို့ကို သူသတိပြုမိသည်၊ သူသည် လူသား၏ညံ့ဖျင်းမှုနှင့် သနားစရာကောင်းမှုကို သတိပြုမိပြီး၊ နောက်ဆုံးတွင် လူသား၏သဘာဝ အနှစ်သာရကို နားလည်လာသည်။ ဤအရာအားလုံးကို သိခြင်းဖြင့်၊ သူသည် မိမိကိုယ်ကိုယ် လုံးဝငြင်းပယ်ပြီး ပစ်ပယ်လာနိုင်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေထိုင်ပြီး၊ အရာခပ်သိမ်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို သိကျွမ်းသောသူတစ်ဦး ဖြစ်ပြီး ဤသည်မှာ စိတ်သဘောထား ပြောင်းလဲပြီးသောသူတစ်ဦး ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်းဆိုသည်မှာ အဓိကအားဖြင့် လူတစ်ဦး၏သဘာဝဗီဇ ပြောင်းလဲခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ လူတစ်ဦး၏ သဘာဝဗီဇနှင့် သက်ဆိုင်သည့် အခြင်းအရာများကို အပြင်ပန်း အပြုအမူများမှ မမြင်နိုင်ပေ၊ ယင်းတို့မှာ သူ၏ ဖြစ်တည်ခြင်းဆိုင်ရာ တန်ဖိုးနှင့် အဓိပ္ပာယ်တို့နှင့် တိုက်ရိုက်သက်ဆိုင်သည်။ ဆိုလိုသည်မှာ၊ ယင်းတို့သည် လူတစ်ယောက်၏ ဘဝအပေါ် သဘောထားနှင့် သူ၏စံနှုန်းများ၊ သူ၏ဝိညာဉ်အတွင်းကျကျရှိ အရာများနှင့် သူ၏အနှစ်သာရတို့ တိုက်ရိုက် ပါဝင်သည်။ လူတစ်ဦးသည် သမ္မာတရားကို လက်မခံနိုင်ပါက၊ သူသည် ဤကဏ္ဍများတွင် ပြောင်းလဲခြင်း ကြုံရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားရခြင်း၊ သမ္မာတရားထဲ အပြည့်အဝ ဝင်ရောက်ခြင်း၊ ရပ်တည်မှု နှင့် ဘဝတို့နှင့် သက်ဆိုင်သည့် မိမိ၏ စံနှုန်းများနှင့် မိမိ၏သဘောထားအမြင်များကို ပြောင်းလဲခြင်း၊ မိမိ၏ အမြင်ရှုထောင့်များကို ဘုရားသခင်၏ အမြင်ရှုထောင့်များနှင့် ချိန်ညှိခြင်း၊ ဘုရားသခင်ကို လုံးလုံးလျားလျား ကျိုးနွံနာခံနိုင်လာခြင်းနှင့် ဆက်ကပ်အပ်နှံနိုင်လာခြင်းတို့အားဖြင့်သာ မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲပြီဟု ဆိုနိုင်ပေမည်။ သင် ကြိုးပမ်းမှု အနည်းငယ် စိုက်ထုတ်သည်ဟု ထင်ရကောင်းထင်နိုင်သည်၊ ဒုက္ခဆင်းရဲများကို ရင်ဆိုင်ရာတွင် သင် ကြံ့ကြံ့ခံနိုင်ကောင်းခံနိုင်သည်၊ အထက်မှ အစီအစဉ်များကို သင် လုပ်ဆောင်နိုင်စွမ်း ရှိကောင်းရှိနိုင်သည်၊ သို့မဟုတ် သင့်ကို သွားစေသော မည်သည့်နေရာကိုမဆို သင် သွားကောင်း သွားနိုင်သော်လည်း ၎င်းတို့မှာ အပြုအမူနှင့်ဆိုင်သော အသေးစား အပြောင်းအလဲများသာ ဖြစ်ပြီး၊ သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် ယူဆဖို့ မလုံလောက်ပေ။ သင်သည် လမ်းကြောင်းများစွာကို လျှောက်လှမ်းနိုင်ပြီး ဒုက္ခဆင်းရဲများစွာကို ခံစားရ၍ ကြီးစွာသော အရှက်တကွဲဖြစ်ခြင်းကို သည်းခံကောင်း သည်းခံနိုင်မည်၊ သင်သည် ဘုရားသခင်နှင့် အလွန်နီးကပ်သည်ဟု ခံစားရပြီး သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ် အမှုတစ်ခုခု ပြုကောင်းပြုနေနိုင်သည်။ သို့သော်လည်း သင်၏အယူအဆများနှင့် မကိုက်ညီသော အရာတစ်စုံတစ်ခုကို ဘုရားသခင်က သင့်ကို လုပ်ဆောင်ဖို့ စေခိုင်းသည့်အခါ၊ သင်သည် ကျိုးနွံနာခံဆဲ ရှိကောင်းရှိလိမ့်မည်မဟုတ်၊ ယင်းထက်၊ ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံရင်း၊ သူ့ကို ဝေဖန်ကာ ဆန့်ကျင်ကန့်ကွက်သည်အထိပင် ဆင်ခြေများရှာကောင်း ရှာလိမ့်မည်ဖြစ်သည်။ ဤအရာသည် ဆိုးရွားသော ပြဿနာတစ်ခုဖြစ်ပေလိမ့်မည်။ ဤအရာက သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်သော သဘာဝဗီဇ ရှိနေသေးကြောင်းနှင့် မည်သည့် ပြောင်းလဲခြင်း ကိုမျှ သင်မခံရသေးကြောင်းကို ပြသပေမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ” မှ

တစ်ဦးတစ်ယောက်၏ စိတ်သဘောထား ပြောင်းလဲခြင်းသည် အပြုအမူတွင် ပြောင်းလဲခြင်းမဟုတ်သကဲ့သို့၊ ဟန်ဆောင်ထားသည့် အပြင်ပန်း ပြောင်းလဲမှုတစ်ခု သို့မဟုတ် စိတ်အားထက်သန်မှုမှ တဒင်္ဂ အပြောင်းအလဲတစ်ခုလည်း မဟုတ်ပေ။ ယင်းထက် ၎င်းသည် အပြုအမူ၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်စေသည့် စစ်မှန်သော စိတ်သဘောထား ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ ထိုသို့သော အပြုအမူ၌ ပြောင်းလဲမှုတစ်ခုသည် လူတစ်ဦး၏ အပြင်ပန်း အပြုအမူများနှင့် လုပ်ရပ်များတွင် ပြသသည့် ပြောင်းလဲမှုများနှင့် မတူချေ။ စိတ်သဘောထား ပြောင်းလဲမှုဆိုသည်မှာ သမ္မာတရားကို သင်နားလည်ကာ တွေ့ကြုံပြီးဖြစ်သည်ကို ဆိုလိုသကဲ့သို့၊ သမ္မာတရားက သင်၏ အသက်တာ ဖြစ်လာပြီးဖြစ်သည်ကို ဆိုလိုသည်။ အတိတ်တွင်၊ ဤကိစ္စရပ်နှင့်ဆိုင်သော သမ္မာတရားကို သင်နားလည်ခဲ့သော်လည်း၊ ယင်းနှင့်ပတ်သက်၍ သင် လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပေ။ သမ္မာတရားမှာ သင့်အဖို့ မစွဲမြဲသည့် အယူဝါဒသာ ဖြစ်ခဲ့သည်။ ယခုတွင် သင်၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည့်အတွက် သမ္မာတရားကို သင် နားလည်သည်သာမက၊ ယင်းနှင့်အညီလည်း သင် လက်တွေ့လုပ်ဆောင်လေသည်။ အတိတ်က သင်နှစ်သက်ခဲ့သည့် အရာများ၊ သင် လုပ်ဆောင်ဖို့ လိုလားနေခဲ့လေ့ရှိသည့်အရာများ၊ သင်၏ စိတ်ကူးများနှင့် သင်၏ အယူအဆများကို ယခု သင် လက်လွှတ်နိုင်သည်။ အတိတ်က သင် လက်မလွှတ်နိုင်ခဲ့သည့် အရာများကို ယခု သင် လက်လွှတ်နိုင်ပေသည်။ ဤသည်မှာ စိတ်သဘောထား ပြောင်းလဲမှု ဖြစ်ပြီး၊ သင်၏ စိတ်သဘောထား ပြောင်းလဲမှု ဖြစ်စဉ်လည်း ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ” မှ

မိမိ၏ စိတ်သဘောထားတွင် ပြောင်းလဲမှု စွမ်းဆောင်ရရှိခြင်းသည် ရိုးရှင်းသည့် ကိစ္စတစ်ရပ် မဟုတ်ပေ။ ယင်းမှာ အပြုအမူတွင် ပြောင်းလဲမှု အနည်းငယ် ရှိခြင်း၊ သမ္မာတရားနှင့် သက်ဆိုင်သည့် အသိပညာအချို့ ရရှိခြင်း၊ သမ္မာတရား၏ ရှုထောင့်တိုင်းနှင့်ပတ်သက်သည့် မိမိ၏ အတွေ့အကြုံအကြောင်းကို အနည်းငယ် ပြောပြနိုင်ခြင်း သို့မဟုတ် အချို့ကို ပြောင်းလဲခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းခံရပြီးနောက် အနည်းငယ် နာခံတတ်လာခြင်းတို့ကိုသာ မဆိုလိုပေ။ ဤအရာများသည် တစ်ဦးတစ်ယောက်၏ အသက်စိတ်သဘောထား၌ အသွင်ပြောင်းလဲမှုကို မဖြစ်စေပေ။ ဤအရာကို အဘယ်ကြောင့် ငါ ပြောသနည်း။ သင့်အနေဖြင့် အမှုအရာ အနည်းငယ်ကို မေ့ကောင်းမေ့နိုင်သော်လည်း၊ သင် လက်တွေ့လုပ်ဆောင်နေသည့်အရာသည် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း အဆင့်သို့ မရောက်သေးပေ။ သို့မဟုတ် သင်သည် တစ်ခဏမျှ သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုနှင့် အလေးပေးသော အခြေအနေတစ်ခုတွင် ရှိသောကြောင့် သို့မဟုတ် သင်၏ လတ်တလော အခြေအနေများက သင့်ကို မဖြစ်မနေလုပ်စေသောကြောင့်၊ ဤနည်းဖြင့် သင် ပြုမူသည်မှာ ဖြစ်ကောင်းဖြစ်မည်။ ထို့အပြင်၊ သင်၏ စိတ်အခြေအနေ တည်ငြိမ်ပြီး သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုချိန်တွင်၊ သင်သည် လက်တွေ့လုပ်ဆောင်နိုင်၏။ သင်သည် စမ်းသပ်မှုများကို ကြုံနေခဲ့ပြီး ယင်းတို့ကို ယောဘ သို့မဟုတ် ဘုရားသခင်က သေခိုင်းခဲ့သည့် ပေတရု ခံစားခဲ့ရသကဲ့သို့ ခံစားနေခဲ့ရပါက၊ သင်က၊ “ကိုယ်တော်ကို သိရှိပြီးနောက် ကျွန်ုပ် သေခဲ့လျှင်ပင်၊ အဆင်ပြေပါမည်။” ဟု ပြောနိုင်မည်လော။ စိတ်သဘောထား ပြောင်းလဲခြင်းသည် နေ့ချင်းညချင်း မဖြစ်ပေါ်သကဲ့သို့၊ သမ္မာတရားကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် သင်သည် ယင်းကို ပတ်ဝန်းကျင်တိုင်း၌ လက်တွေ့ကျင့်သုံးနိုင်ခြင်း မရှိသည်မှာ အသေအချာပင်ဖြစ်သည်။ ဤအရာမှာ လူသား၏ သဘာဝနှင့် သက်ဆိုင်သည်။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်နေသည့်အလား ထင်ကောင်းထင်ရမည် ဖြစ်သော်လည်း၊ လက်တွေ့တွင် သင်သည် ထိုသို့ လုပ်ဆောင်နေသည်ကို သင်၏ လုပ်ဆောင်ချက်များ၏ သဘောသဘာဝက ညွှန်ပြခြင်း မရှိပေ။ များစွာသောလူတို့က မိမိတို့၏ မိသားစုများနှင့် အသက်မွေးအလုပ်ကို စွန့်ပစ်နိုင်ကာ မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ခြင်းကဲ့သို့သော အပြင်ပန်း အပြုအမူများအချို့ ရှိကြသည်၊ ထို့ကြောင့် ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ သို့သော်လည်း ဘုရားသခင်က ၎င်းတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု အသိအမှတ် မပြုပေ။ သင် လုပ်ဆောင်သမျှတိုင်းသည် နောက်ကွယ်တွင် ကိုယ်ရေးကိုယ်တာ အကြောင်းရင်းရှိပြီး၊ ရောနှောနေပါက၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ပေ။ သင်သည် အပေါ်ယံ အပြုအမူကို ပြသခြင်းသက်သက် ဖြစ်သည်။ အတိအကျဆိုပါက သင်၏ အပြုအမူသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံကောင်းခံရမည်၊ ယင်းသည် သူ၏ ချီးမွမ်းခြင်း သို့မဟုတ် အောက်မေ့သတိရခြင်းကို ခံရမည် မဟုတ်ပေ။ ဤအရာကို ဆက်လက်၍ ခွဲစိတ်လေ့လာပါက၊ သင်သည် မကောင်းမှုကို ပြုလျက်နေပြီး သင်၏အပြုအမူသည် ဘုရားသခင်ကို ဆန့်ကျင်လျက်ရှိ၏။ အပြင်ပန်းတွင် သင်သည် တစ်စုံတစ်ရာကို ကြားဖြတ်ခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်း မရှိသည့်အပြင် သမ္မာတရားတစ်ခုတစ်လေကို အမှန်တကယ် ထိခိုက်စေခြင်း သို့မဟုတ် ချိုးဖောက်ခဲ့ဖူးခြင်းမရှိပေ။ ၎င်းသည် ကျိုးကြောင်းဆီလျော်ပြီး သင့်လျော်သည်ဟု ထင်ရသော်လည်း၊ သင်၏ လုပ်ဆောင်ချက်များ၏ အနှစ်သာရသည် မကောင်းမှုပြုခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သက်ဆိုင်လျက်ရှိသည်။ ထို့ကြောင့် သင်သည် သင်၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုတစ်ခု ရှိမရှိနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ သင်၏ လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ အကြောင်းရင်းများကို ကြည့်ခြင်းဖြင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း ရှိမရှိကို ဆုံးဖြတ်သင့်သည်။ ယင်းမှာ သင်၏ လုပ်ရပ်များက လူသား၏ စိတ်ကူးနှင့် လူသား ရည်ရွယ်ချက်များဖြင့် ကိုက်ညီခြင်းရှိ မရှိ သို့မဟုတ် ယင်းတို့သည် သင်၏ အကြိုက်နှင့် ကိုက်ခြင်း ရှိ မရှိနှင့်သက်ဆိုင်သည့် လူသား အမြင်တစ်ခုအပေါ် မတည်မှီပေ။ ထိုကဲ့သို့သော အရာများသည် အရေးမကြီးချေ။ အမှန်မှာ သူ၏ အလိုတော်နှင့် သင်ကိုက်ညီမှု ရှိမရှိ၊ သင်၏ လုပ်ဆောင်ချက်များက သမ္မာတရား လက်တွေ့အရှိတရားကို ပိုင်ဆိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် သူ၏ သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် ပြည့်မီခြင်း ရှိမရှိ ဘုရားသခင် ပြောသောအရာအပေါ် မူတည်သည်။ သင့်ကိုယ်သင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် တိုင်းထွာခြင်းသည်သာမျှ မှန်ကန်တိကျ၏။ စိတ်သဘောထား၌ ပြောင်းလဲခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် လူတို့ စိတ်ကူးသကဲ့သို့ မရိုးရှင်းသည့်အပြင် လွယ်လည်း မလွယ်ကူပေ။ ယခု ဤအရာကို သင်တို့ နားလည်ပါသလော။ ဤအရာနှင့်ပတ်သက်၍ အတွေ့အကြုံတစ်ခုတစ်လေ သင်တို့ ရှိပါသလော။ ပြဿနာတစ်ခု၏ အနှစ်သာရနှင့် ပတ်သက်လာသည့်အခါ၊ ယင်းကို သင်တို့ နားလည်ကောင်း နားလည်မည်မဟုတ်။ သင်တို့၏ ဝင်ရောက်မှုသည် လွန်ကဲစွာ အပေါ်ယံဖြစ်လေပြီ။ သင်သည် အရုဏ်တက်မှ နေဝင်ဆည်းဆာထိတိုင် စောစောထပြီး နောက်ကျအိပ်ရာဝင်လျက် တစ်နေတာလုံး ပြေးလွှားသော်လည်း၊ သင်၏ အသက်စိတ်သဘောထားတွင် အသွင်ပြောင်းလဲမှုကို သင် မရရှိသေးသကဲ့သို့၊ ထိုသို့သော အသွင်ပြောင်းလဲခြင်းက မည်သည့်အရာ ပါဝင်သည်ကို သင် သဘောမပေါက်နိုင်ပေ။ ဤအရာက သင်၏ ဝင်ရောက်မှုသည် ပေါ့တန်လွန်းကို ဆိုလိုသည်မဟုတ်လော။ ဘုရားသခင်ကို သင် မည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ၊ စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်းကို ရရှိခြင်းနှင့်ပတ်သက်၍ လုပ်ဆောင်ဖို့ အနှစ်သာရနှင့် နက်ရှိုင်းသော အရာများကို သိကောင်းသိမည်မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ” မှ

လူတို့သည် ကောင်းစွာပြုမူနိုင်ကြသော်လည်း ယင်းမှာ ၎င်းတို့၌ သမ္မာတရား ရှိသည်ဟု ကျိန်းသေပေါက် ဆိုလိုခြင်း မဟုတ်ပေ။ စိတ်အားသန်မှုရှိခြင်းသည် ၎င်းတို့ကို သြဝါဒနှင့် စည်းမျဉ်းများကို လိုက်နာကာ လိုက်လျှောက်နိုင်စေရုံသာ ဖြစ်သည်၊ သမ္မာတရား မရှိသောသူများသည် အခြေအမြစ်ရှိသော ပြဿနာများကို ဖြေရှင်းရန် မဖြစ်နိုင်ကြသကဲ့သို့၊ အယူဝါဒက သမ္မာတရား၏ နေရာကိုမယူနိုင်ပေ။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်းကို တွေ့ကြုံပြီးသော လူများမှာ ကွဲပြားသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ကြပြီး၊ ၎င်းတို့သည် ကိစ္စအားလုံးကို သိမြင်တတ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့် အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့် ဘုရားသခင် ကျေနပ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်တို့ကို သိကြပြီး ၎င်းတို့ ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးခြင်း သဘာဝကို နားလည်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အယူအဆများ ထုတ်ဖော်ခြင်းခံရသောအခါ ၎င်းတို့သည် သိမြင်နိုင်ပြီး လူ့ဇာတိကို စွန့်ပယ်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ စိတ်သဘောထား အပြောင်းအလဲတစ်ခုကို ဖော်ပြပုံပင် ဖြစ်သည်။ စိတ်သဘောထား၌ အပြောင်းအလဲတစ်ခုကို ကြုံရပြီးဖြစ်သည့် လူများနှင့်ပတ်သက်သည့် အဓိကအရာမှာ ၎င်းတို့သည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာကြပြီး၊ အမှုအရာများကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့သည် သမ္မာတရားကို အတော်အတန် တိကျမှန်ကန်မှုဖြင့် လက်တွေ့လုပ်ဆောင်ကြပြီး ဖောက်ပြန်ပျက်စီးခြင်းကို မကြာခဏ ထုတ်ဖော်မပြကြချေ။ ယေဘုယျအားဖြင့်၊ မိမိတို့၏စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အထူးသဖြင့် ယုတ္တိတန်ပြီး ထိုးထွင်းသိမြင်တတ်သည်ဟု ထင်ရကာ၊ သမ္မာတရားကို ၎င်းတို့ သိနားလည်ခြင်းကြောင့်၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်း သို့မဟုတ် မာနထောင်လွှားခြင်းတို့ကို များစွာ ထုတ်ဖော်မပြကြချေ။ ၎င်းတို့သည် ၎င်းတို့အထဲတွင် ထုတ်ဖော်ထားသော ဖောက်ပြန်ပျက်စီးမှုများစွာကို ရိပ်မိကာ သိမြင်နိုင်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် မာနထောင်လွှားလာခြင်း မဖြစ်ပေါ်စေကြပေ။ လူသား၏ နေရာမှာ မည်သည့်အရာ ဖြစ်ကြောင်း၊ ကျိုးကြောင်းဆီလျော်စွာ မည်ကဲ့သို့ ပြုမူပုံ၊ မည်ကဲ့သို့ တာဝန်သိတတ်ပုံ၊ မည်သည့် အရာကို ပြောရမည်နှင့် မပြောရမည်ကို သာမက၊ မည်သူ့ကို မည်သည့် အရာကို ပြောရပြီး မည်သည့်အရာကို လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ ၎င်းတို့၌ ချင့်ချိန်တတ်သော နားလည်သဘောပေါက်မှု ရှိနိုင်ကြသည်။ ဤသည်မှာ ဤကဲ့သို့သော လူများသည် အတော်အတန် ယုတ္တိတန်သည်ဟု ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်း ကြုံပြီးသောသူများသည် လူသား ပုံသဏ္ဌာန်ကို အမှန်တကယ် အသက်ရှင်နေထိုင်ပြီး သမ္မာတရားကို ပိုင်ဆိုင်ကြလေသည်။ ၎င်းတို့သည် အမြဲတစေ သမ္မာတရားနှင့်အညီ အမှုအရာများကို ပြောဆိုနိုင်ပြီး၊ မြင်တွေ့နိုင်သည်၊ ပြီးလျှင် ၎င်းတို့ လုပ်သမျှအရာအားလုံးတွင် ၎င်းတို့သည် ကိုယ်ကျင့်တရားကောင်းကြသည်။ ၎င်းတို့သည် အခြားသူများ၊ အကြောင်းအရာများ၊ အမှုအရာများ၏ လွှမ်းမိုးမှုကို ခံရခြင်း မရှိကြပေ၊ ၎င်းတို့အားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် အမြင်ရှုထောင့်များ ရှိကြပြီး၊ သမ္မာတရား အခြေခံသဘောတရားများကို ထိန်းသိမ်းနိုင်ကြသည်။ ၎င်းတို့၏ စိတ်သဘောထားများမှာ အတော်အတန် တည်ငြိမ်ကြသည်၊ ၎င်းတို့သည် အခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ကြဘဲ၊ ၎င်းတို့၏ အခြေအနေများက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင်၏ စိတ်ကျေနပ်ခြင်းအဖို့ မည်ကဲ့သို့ ပြုမူရမည်ကို သိနားလည်ကြသည်။ မိမိတို့၏ စိတ်သဘောထားများ အမှန်တကယ် ပြောင်းလဲပြီးသော သူများသည် အပေါ်ယံအဆင့်တစ်ခုတွင် ၎င်းတို့ကိုယ်ကိုယ် အခြေအနေ ကောင်းပုံရစေရန် မည်သည့်အရာများကို လုပ်မည့်အပေါ် အာရုံမပြုပေ၊ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မည်သည့်အရာ လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အတွင်း ရှင်းလင်းမှု ရရှိကြပြီးဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းတွင် ၎င်းတို့သည် အလွန် စိတ်အားထက်သန်ပုံ မရနိုင်သော်လည်း သို့မဟုတ် အလွန်ကြီးမားသော အရာတစ်ခုတလေကို လုပ်ဆောင်ပြီးပုံ မရနိုင်သော်လည်း၊ ၎င်းတို့ လုပ်သောအရာမှန်သမျှမှာ အဓိပ္ပာယ်ရှိသည်၊ တန်ဖိုးရှိပြီး လက်တွေ့ဆန်သောရလဒ်များ ဖြစ်ထွန်းလေသည်။ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ၌ သမ္မာတရား အမြောက်အမြား ရှိသည်မှာ သေချာပြီး၊ အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၎င်းတို့၏ ကိုယ်ကျင့်တရားကောင်းသော လုပ်ဆောင်ချက်များဖြင့် ဤအရာကို အတည်ပြုနိုင်ပါသည်။ သမ္မာတရား မပိုင်ဆိုင်သောသူများသည် စိတ်သဘောထား၌ မည်သည့် ပြောင်းလဲမှုမျှ လုံးဝ စွမ်းဆောင်မရရှိသေးပေ။ စိတ်သဘောထားပြောင်းလဲခြင်း ဟူသည်မှာ ရင့်ကျက်ပြီး အတွေ့အကြုံရှိသော လူ့သဘာဝရှိခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ ယင်းမှာ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာနှင့် သမ္မာတရားနှင့်ဆိုင်သည့် သိနားလည်ခြင်းကို ရရှိခြင်း၏ အကျိုးဆက်အနေဖြင့် လူတစ်ဦး၏ သဘာဝအတွင်းရှိ ဆိုးယုတ်သော အဆိပ်အတောက်အချို့ ပြောင်းလဲသော ဖြစ်ရပ်များကို အဓိကအားဖြင့် ရည်ညွှန်းသည်။ ဆိုလိုသည်မှာ ထိုဆိုးယုတ်သော အဆိပ်အတောက်များမှာ သန့်စင်ခြင်းကို ခံရပြီး၊ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် ထိုသို့သော လူတို့အတွင်း၌ အမြစ်တွယ်ကာ ၎င်းတို့၏ အသက်ဖြစ်လာပြီး၊ ၎င်းတို့၏ ဖြစ်တည်ခြင်း၏ တကယ့် အခြေခံအုတ်မြစ် ဖြစ်လာခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် အသစ်သောလူများ ဖြစ်လာကြပြီး၊ ထိုသို့ဖြင့် စိတ်သဘောထား အသွင်ပြောင်းလဲခြင်းကို တွေ့ကြုံကြလေသည်။ စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်း ဆိုသည်မှာ လူတို့၏ အပြင်ပန်း စိတ်သဘောထား ယခင်ကထက် ပို၍ အောက်ကျို့တတ်ခြင်း၊ ၎င်းတို့သည် မာနထောင်လွှား ခဲ့ဖူးကြသော်လည်း၊ ယခုအခါ အကျိုးသင့်အကြောင်းသင့် ဆက်ဆံပြောဆိုနိုင်သည် သို့မဟုတ် ၎င်းတို့သည် မည်သူ့ကိုမျှ နားထောင်ခဲ့ခြင်း မရှိသော်လည်း၊ ယခုအခါ အခြားသူများကို နားထောင်နိုင်ခြင်းစသည်တို့ကို မဆိုလိုပေ၊ ဤ အပြင်ပန်း အပြောင်းအလဲများကို စိတ်သဘောထား အပြောင်းအလဲများဟု မဆိုနိုင်ပေ။ စိတ်သဘောထားထဲက အသွင်ပြောင်းလဲမှုများတွင် ထိုသို့သော အခြေအနေများနှင့် ဖော်ပြချက်များ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ အရေးအပါဆုံးသော ပါဝင်သည့်အရာမှာ အတွင်းကျကျ ၎င်းတို့၏အသက်တာ ပြောင်းလဲပြီးခြင်း ဖြစ်သည်။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် ၎င်းတို့၏အသက် ဖြစ်လာ၍ အတွင်းမှ စာတန်နှင့်ဆိုင်သော အဆိပ်အတောက်များ ဖယ်ရှင်းခြင်း ခံရပြီး၊ ၎င်းတို့၏ ရှုထောင့်အမြင်များ လုံးလုံးလျားလျား ပြောင်းလဲပြီးဖြစ်ကာ ၎င်းထဲမှ တစ်ခုမျှ လောကအရာနှင့် မကိုက်ညီပေ။ ဤလူများသည် အဆင်းနီသောနဂါးကြီး၏ အကြံအစည်များနှင့် အဆိပ်အတောက်များကို ၎င်းတို့ ဖြစ်သည့်အတိုင်း ရှင်းလင်းစွာ မြင်နိုင်ကြသည်၊ ၎င်းတို့သည် ဘဝ၏ စစ်မှန်သောအနှစ်သာရကို နားလည်သဘောပေါက်ခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ဘဝတန်ဖိုးများ ပြောင်းလဲကြပြီး ဖြစ်ကာ၊ ဤသည်မှာ အခြေခံအကျဆုံး အသွင်ပြောင်းလဲခြင်းမျိုး ဖြစ်သည့်အပြင်၊ စိတ်သဘောထား၌ ပြောင်းလဲခြင်း၏ အနှစ်သာရ ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်” မှ

လူတို့သည် ယခင်က မည်သည့်အရာအပေါ် အခြေခံ၍ အသက်ရှင်နေထိုင်ခဲ့ကြသနည်း။ လူတို့အားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ ရယူခြင်းသည် ထိုသို့ပင် သာ၍ဖြစ်၏။ အမှုအရာများကို စွန့်လွှတ်ခြင်း၊ မိမိကိုယ်ကို ဘုရားသခင်အတွက် အသုံးခံခြင်းနှင့် ဘုရားသခင်အပေါ် သစ္စာရှိခြင်း၊ ဤအရာအားလုံးကို မိမိအတွက် လုပ်ဆောင်ခြင်းသာဖြစ်၏။ အတိုချုပ်အားဖြင့် ယင်းမှာ မိမိအတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်အတွက်ချည်းသာ ဖြစ်၏။ လောကတွင် အရာခပ်သိမ်းသည် ကိုယ်ကျိုးအတွက်သာ ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ ရယူရန်အတွက် လူတစ်ဦးအနေဖြင့် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ၊ ကောင်းချီးမင်္ဂလာများရယူရန်အတွက် လူတစ်ဦးသည် များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော သဘောသဘာဝအပေါ် လက်တွေ့ကိုအခြေခံသော အထောက်အထားဖြစ်၏။ သို့ရာတွင် စိတ်သဘောထား ပြောင်းလဲသူများကမူ ကွဲပြား၏။ ဘဝကို အဘယ်သို့ အဓိပ္ပါယ်ရှိရှိ အသက်ရှင်သင့်သည်၊ လူသားဟု ခေါ်ဆိုထိုက်ရန် လူတစ်ဦး၏ တာဝန်များကို မည်သို့ ဖြည့်ဆည်းသင့်သည်၊ ဘုရားသခင်ကို မည်သို့ ကိုးကွယ်သင့်သည်၊ ပြီးလျှင် ဘုရားသခင်ကို ၎င်းတို့ မည်သို့ နာခံပြီး စိတ်ကျေနပ်စေသင့်သည်- ဤသည်မှာ လူတစ်ဦးဖြစ်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ မပြောင်းလဲနိုင်သော နိယာမများနှင့် ကိုက်ညီသည့် ၎င်းတို့၏ တာဝန်ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ သို့မဟုတ်ပါက၊ ၎င်းတို့သည် လူသားဟု ခေါ်ဆိုထိုက်မည်မဟုတ်ချေ။ ၎င်းတို့၏ ဘဝများက အနှစ်သာရကင်းမဲ့ကာ အဓိပ္ပါယ်မဲ့ပေလိမ့်မည်။ လူတို့သည် ၎င်းတို့သေဆုံးသောအခါ၌ပင် အားရကျေနပ်မှုရှိပြီး စိုးစဉ်းမျှပင် နောင်တမရစေရေးအတွက်၊ အချည်းနှီးအသက်ရှင်ခဲ့ခြင်း မရှိစေရေးအတွက်၊ ဘုရားသခင်ကျေနပ်စေဖို့ရန်၊ ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နှင့် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုကို နေထိုင်ရန် အသက်ရှင်သင့်သည်ဟု သူတို့ခံစားရသည်။ ဤအခြေအနေနှစ်မျိုးကို နှိုင်းယှဉ်ရာမှာ ဒုတိယလူသည် စိတ်သဘောထား ပြောင်းလဲခဲ့ပြီးသောသူဖြစ်ပြီး၊ သူ၏အသက်တာစိတ်သဘောထား ပြောင်းလဲခဲ့သဖြင့် အသက်တာအပေါ် အမြင်သည်လည်း ဧကန်ပြောင်းလဲခဲ့သည်ကို ငါတို့တွေ့ရ၏။ ကွဲပြားသည့်တန်ဖိုးများနှင့်အတူ သူသည် နောက်တစ်ဖန် မည်သည့်အခါမျှ မိမိကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်မည်မဟုတ်တော့ဘဲ ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းသည် နောက်တစ်ဖန် မည်သည့်အခါမျှ မိမိကိုယ်တိုင်အတွက် ကောင်းချီးမင်္ဂလာများရရှိရန် ရည်ရွယ်ချက်အတွက်ဖြစ်မည် မဟုတ်တော့ပေ။ “ဘုရားသခင်ကို သိပြီးတဲ့နောက် သေခြင်းဆိုတာ ငါ့အတွက် ဘာလဲ။ ဘုရားသခင်ကိုသိခြင်းက ငါ့ကို အဓိပ္ပာယ်ရှိတဲ့ အသက်တာတစ်ခု နေထိုင်ဖို့ အခွင့်ပေးတယ်။ ငါအချည်းနှီးနေထိုင်ခဲ့တာမဟုတ်ဘဲ နောင်တများနဲ့ ငါသေဆုံးမှာ မဟုတ်ဘူး၊ ငါ့မှာ ညည်းညူစရာတွေ မရှိဘူး” ဟု သူပြောနိုင်လိမ့်မည်။ ဤသည်မှာ အသက်တာအပေါ် ပြောင်းလဲသည့် အမြင်တစ်ရပ် မဟုတ်ပေလော။ ထို့ကြောင့် လူတစ်ဦး၏ အသက်တာစိတ်သဘောထား၌ အပြောင်းအလဲတစ်ရပ်အတွက် အဓိကအကြောင်းရင်းမှာ အတွင်း၌ သမ္မာတရားရှိခြင်းနှင့် ဘုရားသခင်အား သိနားလည်မှုရှိခြင်းဖြစ်၏၊ လူတစ်ဦး၏ ဘဝအပေါ်အမြင်ပြောင်းလဲပြီး တန်ဖိုးများသည် ယခင်နှင့် ကွာခြားကြ၏။ ပြောင်းလဲမှုသည် အတွင်းမှစတင်၍ လူတစ်ဦး၏ အသက်တာမှ စတင်၏၊ ယင်းသည် အပြင်ပန်းပြောင်းလဲမှုသာ မဟုတ်သည်ကား သေချာ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်” မှ

မိမိ၏ အသက်တာစိတ်သဘောထား၌ ပြောင်းလဲခြင်းကို လိုက်စားရှာဖွေရာတွင်၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် ရိုးရှင်း၏။ သင်၏ လက်တွေ့ကျသည့် အတွေ့အကြုံ၌၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် နှုတ်ကပတ်တော်များကို လိုက်နာနိုင်ပြီး၊ ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားနိုင်ပါက၊ သင်၏စိတ်သဘောထားသည် ပြောင်းလဲနိုင်စွမ်း ရှိပေသည်။ သန့်ရှင်းသောဝိညာဉ်တော် ပြောသည့်အရာဟူသမျှကို သင် လိုက်နာကာ၊ သန့်ရှင်းသောဝိညာဉ်တော် ပြောသည့်အရာ ဟူသမျှကို သင်ရရှိအောင် အားထုတ်ပါက၊ သင်သည် သူ့ကို နာခံသောသူတစ်ဦးဖြစ်ပြီး၊ သင်၏စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု ရှိပေလိမ့်မည်။ လူတို့၏ စိတ်သဘောထားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် နှုတ်ကပတ်တော်များဖြင့် ပြောင်းလဲ၏။ သင်သည် အတိတ်က သင်၏ အတွေ့အကြုံဟောင်းများနှင့် စည်းမျဉ်းများကို အမြဲ ဖက်တွယ်ပါက၊ သင်၏စိတ် သဘောထား မပြောင်းလဲနိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့ နှုတ်ကပတ်တော်များက လူအားလုံးကို ပုံမှန်လူ့သဘာဝ၏ အသက်တာထဲသို့ ဝင်ရောက်ရန် စေခိုင်းသော်လည်း သင်က အပေါ်ယံ အရာများအပေါ် အစွဲအလမ်းကြီးမြဲ ကြီးနေပြီး၊ လက်တွေ့အရှိတရားနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးကာ ယင်းကို အလေးအနက်မထားပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို အမှီမလိုက်နိုင်သူတစ်ဦး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှု လမ်းကြောင်းပေါ်သို့ မဝင်ရောက်ရသေးသူတစ်ဦး ဖြစ်ပေသည်။ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ခြင်း ရှိမရှိဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် နှုတ်ကပတ်တော်များကို သင် အမီလိုက်နိုင်ခြင်း ရှိမရှိနှင့် သင်သည် စစ်မှန်သော အသိပညာရှိမရှိ ဆိုသည်တို့အပေါ် မူတည်၏။ ဤသည်မှာ ယခင်က သင်တို့ နားလည်ခဲ့သည့် အရာနှင့်မတူပေ။ ယခင်က သင်နားလည်ခဲ့သည့် သင်၏ စိတ်သဘောထား ပြောင်းလဲမှုဆိုသည်မှာ၊ အပေါ်ယံကြည့်ပြီး ဝေဖန်သုံးသပ်တတ်သည့် သင်သည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းအားဖြင့် ရမ်းသန်းစကားပြောခြင်းကို ရပ်တန့်လိုက်ခြင်းသာဖြစ်သည်။ သို့သော် ယင်းသည် ပြောင်းလဲမှု၏ ကဏ္ဍတစ်ခုသာ ဖြစ်၏။ ယခု၊ အရေးအကြီးဆုံးအချက်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်နာခြင်းဖြစ်သည်- ဘုရားသခင်ပြောသည့် အရာဟူသမျှကို လိုက်နာလော့၊ ပြီးလျှင် သူပြောသည့်အရာဟူသမျှကို နာခံလော့။ လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။ အတိတ်တွင်၊ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို ပြောဆိုရာတွင်၊ အဓိကအားဖြင့် မိမိကိုယ်ကိုယ် မိမိစွန့်လွတ်နိုင်ခြင်း၊ ဇာတိပကတိကို ဆင်းရဲဒုက္ခခံစားစေခြင်း၊ မိမိ၏ကိုယ်ခန္ဓာကို ပဲ့ပြင်ဆုံးမခြင်းနှင့် ဇာတိ၏လိုလားမှုများကို မိမိထံမှ ဖယ်ရှားနိုင်ခြင်းတို့ကို ရည်ညွှန်းခဲ့ပေသည်- ယင်းမှာ စိတ်သဘောထား ပြောင်းလဲခြင်း တစ်မျိုးဖြစ်သည်။ ယနေ့တွင်၊ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သည့် ထုတ်ဖော်ခြင်းမှာ ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များကို နာခံခြင်းနှင့် သူ၏အသစ်သောအမှုကို အမှန်တကယ် သိရှိခြင်းဖြစ်သည်ကို အယောက်တိုင်း သိကြပေသည်။ ဤနည်းဖြင့်၊ မိမိတို့ကိုယ်တိုင်၏ အယူအဆများဖြင့် ခြယ်သခြင်းခံခဲ့ရသည့် လူတို့၏ ဘုရားသခင်နှင့်သက်ဆိုင်သော ယခင် သိနားလည်မှုသည် ဖျောက်ဖျက်ပစ်ခံရနိုင်ပြီး၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာနှင့် ဘုရားသခင်အား နာခံခြင်းတို့ကို ရရှိနိုင်ကြပေသည်- ဤအရာသည်သာ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သော ဖော်ပြချက်တစ်ခုဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်” မှ

လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။ ယနေ့တွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာပြီးဖြစ်ကာ လူသားအနေဖြင့် သူနှင့်သက်ဆိုင်သည့် အသိပညာ၊ သူကို နာခံခြင်း၊ သူ့ကို သက်သေခံခြင်းတို့ကို ရရှိရန်၊ သူ၏ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုကိုသိရှိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို နာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးအပြင် လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်သော လုပ်ဆောင်ချက်များ အားလုံးကို သက်သေခံရန် သူတောင်းဆို လေသည်။ ဘုရားသခင်ကို သက်သေခံသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ ရှိရမည်။ ဤသို့သော သက်သေခံချက်မျိုးသည်သာ တိကျပြီး စစ်မှန်ကာ ဤသို့သော သက်သေခံချက်ကသာ စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံခြင်းမှတစ်ဆင့်၊ သူ့အား သိကျွမ်းလာသူများကို သူ့ကို သက်သေခံရန် အသုံးပြုသည်။ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသူတို့ကို သူ့ကို သက်သေခံရန် အသုံးပြုသည်၊ ထိုနည်းတူ မိမိတို့၏စိတ်သဘောထား ပြောင်းလဲပြီးသူများနှင့် ထိုသို့ဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိပြီးသူများအား သူ့ကို သက်သေခံရန် အသုံးပြုလေသည်။ ဘုရားသခင်သည် လူသားက နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် မလိုအပ်သကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံရသေးသည့် စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း သူမလိုအပ်ပေ။ ဘုရားသခင်ကို သိကျွမ်းသောသူတို့သာ သူ့ကို သက်သေခံရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့၏စိတ်သဘောထား၌ အသွင်ပြောင်းလဲပြီးသူများသာ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းပြည့်မီလေသည်။ ဘုရားသခင်သည် သူ၏နာမအပေါ် အရှက်ရစေရန် လူသားအား တမင်တကာ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်” မှ

စိတ်သဘောထားအတွင်း ပြောင်းလဲမှုများတွင် ဝိသေသလက္ခဏာတစ်ခုရှိသည်။ ၎င်းမှာ မှန်သောအရာများနှင့် သမ္မာတရားနှင့်ညီသော အရာများကို နာခံနိုင်ခြင်း ဖြစ်၏။ သင့်ကို မည်သူက အကြံဉာဏ်များပေးပါစေ၊ သူတို့မှာ အသက်ငယ်ရွယ်သည်ဖြစ်စေ အိုမင်းသည်ဖြစ်စေ၊ သင်နှင့် အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ၊ သင်တို့ကြားက ဆက်ဆံရေး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့သည် မှန်ကန်ပြီး သမ္မာတရားနှင့်ညီကာ ဘုရားသခင့်မိသားစု၏ အလုပ်အတွက် အကျိုးရှိသည့် အရာတစ်စုံတစ်ခုကို ပြောသရွေ့ သင်သည် ယင်းကို နားထောင်၊ ခံယူပြီး လက်ခံနိုင်ကာ အခြားသော မည်သည့်အကြောင်းရင်းများ၏ ထိခိုက်လွှမ်းမိုးမှုကို မခံရနိုင်ပေ။ ဤသည်မှာ ထိုဝိသေသလက္ခဏာ၏ ပထမရှုထောင့် ဖြစ်၏။ ပထမဦးစွာ သင်သည် သမ္မာတရားအပြင်၊ မှန်ကန်သော အရာများနှင့် သမ္မာတရားနှင့် ကိုက်ညီသော အရာများကို လက်ခံနိုင်သည်။ အခြားရှုထောင့်မှာ သင်သည် ပြဿနာတစ်ခုကို ကြုံတွေ့သည့်အခါတိုင်း သမ္မာတရားကို ရှာဖွေနိုင်စွမ်းရှိခြင်းဖြစ်၏။ သမ္မာတရားကို သင် လက်ခံနိုင်သည်သာမက၊ ရှာလည်း ရှာဖွေနိုင်ရပါမည်။ ဥပမာအားဖြင့် သင်သည် မည်သူမျှ နားမလည်နိုင်သည့် အသစ်သော ပြဿနာတစ်ခုကို ကြုံတွေ့ရပါက သင်သည် သမ္မာတရားကို ရှာဖွေနိုင်သည်၊ ထိုအကြောင်းကိစ္စကို သမ္မာတရား၏ အခြေခံသဘောတရားများနှင့် ကိုက်ညီစေရန်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းပေးရန် ဘာလုပ်သင့်သည် သို့မဟုတ် လက်တွေ့လုပ်ဆောင်သင့်သည့်အရာကို သိမြင်နိုင်၏။ သို့သော်လည်း အခြားရှုထောင့်မှာ ဘုရားသခင်၏အလိုတော်အား အရေးထားနိုင်သော စွမ်းရည်ကို ရရှိခြင်းဖြစ်၏။ ကိုယ်တော်၏အလိုတော်ကို သင် မည်ကဲ့သို့ အရေးထားသင့်သနည်း။ ဤအရာသည် မည်သည့်တာဝန်ကို သင် ဆောင်ရွက်နေခြင်းနှင့် သင်၏တာဝန်၌ သင့်အပေါ် ဘုရားသခင် မည်သည့်သတ်မှတ်ချက်များ ထားရှိခြင်းအပေါ်၌ မူတည်ပေသည်။ ဤအခြေခံသဘောတရားကို သင် မလွတ်တမ်းအသုံးချရမည်- ဘုရားသခင် သတ်မှတ်သည့်အတိုင်း သင်၏တာဝန်ကို လုပ်ဆောင်လော့၊ ထို့ပြင် ဘုရားသခင်ကို ကျေနပ်စေရန် ယင်းကို လုပ်ဆောင်လော့။ ဘုရားသခင်၏ အလိုတော်နှင့် သင့်တာဝန်၏ လိုလားသောရလဒ်မှာ အဘယ်အရာဖြစ်သည်ကိုလည်း သင် နားလည်ရမည်ဖြစ်ပြီး တာဝန်ရှိမှုနှင့် သစ္စာစောင့်သိမှုဖြင့် ပြုမူဆောင်ရွက်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအားလုံးမှာ ဘုရားသခင်၏အလိုတော်ကို အရေးထားခြင်း နည်းလမ်းများပင်ဖြစ်၏။ သင်ပြုလုပ်နေသော ထိုအရာတွင် ဘုရားသခင်၏အလိုတော်အား မည်ကဲ့သို့ အရေးထားရမည်ကို သင်မသိပါက ၎င်းကို ပြီးမြောက်စေရန်နှင့် သူ့ကိုကျေနပ်စေရန်အလို့ငှာ ရှာဖွေမှုအနည်းငယ် သင်လုပ်ရမည်။ ဤအခြေခံသဘောတရား သုံးခုကို သင်တို့ လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ ၎င်းတို့အားဖြင့် သင် တကယ် အသက်ရှင်နေသည့် လမ်းများကို အကဲဖြတ်နိုင်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာတွေ့နိုင်လျှင်၊ အရေးကိစ္စများကို ကိုယ်ကျင့်တရားကောင်းသော ပုံစုံတစ်ခုဖြင့် သင် ကိုင်တွယ်နေလိမ့်မည်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့်သာ သင်သည် ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်းများကို ဖယ်ရှားပစ်နိုင်သည်” မှ

ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ခံရရန်နှင့် သင်၏ အသက် စိတ်သဘောထား၌ ပြောင်းလဲမှုကို ကြုံရဖို့ သင် ဆန္ဒရှိပါက၊ သင့်အနေဖြင့် သမ္မာတရားကို ချစ်ခြင်းနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိခြင်းတို့ ရှိရမည်။ သမ္မာတရားကို လက်ခံခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သမ္မာတရားကို လက်ခံခြင်း ဆိုသည်မှာ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး မဆိုရှိပါစေ၊ သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ မည်သည့် အဆိပ်များက သင်၏ သဘာဝဗီဇထဲတွင် ရှိသည်ဖြစ်စေ၊ ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည့်အခါ သင် အသိအမှတ်ပြုပြီး ဤနှုတ်ကပတ်တော်များကို နာခံ၏၊ သင်သည် မည်သည့် ဆင်ခြေမျှ ပေးခြင်းမရှိ သို့မဟုတ် စံရွေးဖို့ ကြိုးစားခြင်းမရှိဘဲ၊ ထိုအရာတို့ကို အကြွင်းမဲ့ သင် လက်ခံပြီး ကိုယ်တော်ပြောသည့် အရာပေါ် အခြေခံ၍ သင်သည် မိမိကိုယ်ကိုယ် သိရှိလာပေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံခြင်းအား ဆိုလိုသည့်အရာ ဖြစ်သည်။ ကိုယ်တော် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သင်၏စိတ်နှလုံးကို သူ၏ မိန့်မြွက်ချက်များက မည်မျှစူးဝင်သည် ဖြစ်စေ၊ ပြီးလျှင် မည်သည့်စကားများကို အသုံးပြုသည် ဖြစ်စေ၊ သူပြောသည့်အရာသည် သမ္မာတရား ဖြစ်သရွေ့ ယင်းကို သင် လက်ခံနိုင်ပြီး၊ လက်တွေ့အရှိတရားနှင့် ကိုက်ညီသရွေ့ ယင်းတို့ကို သင် အသိအမှတ်ပြုနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်မျှ နက်နက်ရှိုင်းရှိုင်း နားလည်သည်ကို ပဓာနမထားဘဲ ၎င်းတို့ကို သင် နာခံနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က ထုတ်ဖော်ပြပြီး ညီအစ်ကို မောင်နှမများက မိတ်သဟာယဖွဲ့ကြသည့် အလင်းကို သင် နာခံလေသည်။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို အဆင့်တစ်ခုထိ ရှာဖွေလိုက်စားပြီးသည့်အခါတွင်၊ သူသည် သမ္မာတရားကို ရရှိနိုင်ပြီး သူ၏ စိတ်သဘောထား ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

လူ့စိတ်သဘောထားသည် သူ၏ အနှစ်သာရကို သိခြင်းမှစ၍ သူ၏အတွေးအခေါ်၊ သဘာဝ၊ စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်အထိ- အခြေခံကျသော ပြောင်းလဲမှုများအားဖြင့် ပြောင်းလဲသင့်သည်။ ဤနည်းဖြင့်သာ လူ့စိတ်သဘောထားအတွင်း အစစ်အမှန် ပြောင်းလဲခြင်းများ ဖြစ်မြောက်ပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စာတန်၏ အဆိပ်ခတ်ခြင်းနှင့် နင်းခြေခြင်းကို ခံရခြင်းမှ၊ ၎င်း၏စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့အပေါ် စာတန် ဒုက္ခပေးသည့် လွန်ကဲစွာ ဘေးသင့်စေမှုတို့မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လူသား၏ ဤအခြေခံကျသောအရာများသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရပြီးဖြစ်ကာ၊ ၎င်းတို့သည် ဘုရားသခင်က နဂိုမူလတွင် ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်သာ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို နားမလည်ခြင်း အတိအကျပင် ဖြစ်သည်။ ထိုကြောင့် လူ့စိတ်သဘောထားအတွင်း၌ ပြောင်းလဲမှုသည် ဘုရားသခင်နှင့် သမ္မာတရားတို့နှင့် ပတ်သက်သည့် သူ၏ အသိပညာကို ပြောင်းလဲစေမည့် သူ၏အတွေးအခေါ်၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့ ပြောင်းလဲခြင်းများဖြင့် အစပြုရမည်။ နယ်မြေအားလုံးအနက် အလွန်အမင်း ဖောက်ပြန်ပျက်စီးဆုံး မြေပေါ်၌ မွေးဖွားလာခဲ့သူများသည် ဘုရားသခင်၏ ဖြစ်ခြင်း သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ အဘယ်အရာအား ဆိုလိုသည်တို့နှင့်ပတ်သက်၍ သာ၍ပင် မသိနားမလည်ဘဲ ရှိကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်” မှ

ဘုရားသခင်ကို ယုံကြည်ရာ၌ အကယ်၍လူတို့သည် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲစေလိုလျှင် ထိုသူတို့သည် မိမိတို့ကိုယ်ကိုယ် လက်တွေ့အသက်တာမှ ခွဲခွာခြင်း မပြုရပေ။ လက်တွေ့အသက်တာတွင် သင်သည် သင့်ကိုယ်သင် သိရမည်၊ သင့်ကိုယ်သင် စွန့်လွှတ်ရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံး ရမည်သာမက တဖြည်းဖြည်း ပြောင်းလဲခြင်းကို ရရှိနိုင်ခြင်း မရှိသေးမီတွင် အခြေခံသဘောတရားများ၊ အခြေခံအသိဉာဏ်နှင့် ခပ်သိမ်းသောအမှုအရာတို့၌ မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူ နေထိုင်ခြင်း စည်းမျဉ်းစည်းကမ်းများကို လေ့လာရမည်။ သင်သည် စစ်မှန်မှုအတွင်း နက်နက်ရှိုင်းရှိုင်း မသွားဘဲ၊ လက်တွေ့ဘဝထဲသို့ ဝင်ရောက်ခြင်း မရှိဘဲ၊ သဘောတရားဆိုင်ရာ အသိပညာကိုသာ စူးစိုက်ပြီး ဘာသာရေး ပွဲလမ်းသဘင်များ ကြားတွင်သာ နေထိုင်မည်ဆိုပါက၊ သင်သည် စစ်မှန်မှုအတွင်း မည်သည့်အခါမျှ ဝင်ရောက်မည် မဟုတ်၊ သင့်ကိုယ်သင်နှင့် သမ္မာတရားကို သို့မဟုတ် ဘုရားသခင်ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ သင်သည် အစဉ်အမြဲ မျက်စိကန်းလျက် အသိပညာ ကင်းမဲ့လျက်ရှိမည်။...စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်မှာ လူတစ်ဦးသည် အရာရာကို လက်တွေ့ အသက်တာသို့ ဦးတည်ရမည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် လူတို့သည် လက်တွေ့ဘဝထဲ ဝင်ရောက်ခြင်းအားဖြင့် မိမိကိုယ်ကိုယ် သိနားလည်ခြင်း ရှိမလာနိုင်ပါက၊ ထို့ပြင် လက်တွေ့ဘဝတွင် ပုံမှန်လူ့သဘာဝကို အသက်မရှင်နိုင်ပါက၊ ထိုသူတို့သည် မဖြစ်ထွန်းသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်အား မနာခံသော သူအားလုံးတို့သည် လက်တွေ့အသက်တာကို မဝင်ရောက်နိုင်သူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် လူ့သဘာဝအကြောင်း ပြောဆိုသော်လည်း နတ်ဆိုးသဘာဝအတိုင်း အသက်ရှင်နေထိုင်ကြသူများ ဖြစ်သည်။ သူတို့အားလုံးသည် သမ္မာတရားအကြောင်း ပြောဆိုသော်လည်း ယင်းအစား အယူဝါဒများကိုသာ အသက်ရှင်နေထိုင်သူများ ဖြစ်ကြသည်။ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း မနေထိုင်နိုင်သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်၏ ရွံရှာမုန်းတီးမှုနှင့် ငြင်းပယ်မှုတို့ကို ခံရသူများ ဖြစ်သည်။ သင်သည် လက်တွေ့အသက်တာသို့ ဝင်ရောက်ခြင်းကို လေ့ကျင့်ရမည်၊ သင်ကိုယ်တိုင်၏ အားနည်းချက်များ၊ မနာခံမှုများနှင့် မသိနားမလည်မှုများကို သိရမည့်အပြင် သင်၏ ပုံမှန်မဟုတ်သော လူ့သဘာဝနှင့် အားနည်းချက်များကို သိရမည်။ ထိုနည်းဖြင့် သင်၏ အသိပညာသည် သင်၏ လက်တွေ့ အခြေအနေနှင့် အခက်အခဲများနှင့် ပေါင်းစပ်သွားလိမ့်မည်။ ယင်းသို့သော အသိပညာသည်သာ စစ်မှန်ပြီး သင်၏ ကိုယ်ပိုင်အခြေအနေကို အမှန်တကယ် နားလည် သဘောပေါက်စေမည်ဖြစ်ကာ သင်၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရရှိနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးခြင်း” မှ

လူတို့သည် ၎င်းတို့၏ဘဝအပေါ် အမြင်နှင့် ၎င်းတို့ ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်၊ အခြေခံအကြောင်းရင်းတို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည့်နေ့အထိ တွေ့ကြုံရသောအခါ၊ ၎င်းတို့၏အရိုးထဲအထိ ပြောင်းလဲသွားပြီး အခြားလူတစ်ဦး ဖြစ်သွားသောအခါ၊ ဤအရာမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ကြီးစွာသောပြောင်းလဲမှုတစ်ခု၊ ကမ္ဘာတုန်လောက်သော ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သင်သည် လောကကြီး၏ ကျော်ကြားခြင်းနှင့် ကြွယ်ဝခြင်း၊ အဆင့်အတန်း၊ ငွေကြေး၊ အပျော်အပါး၊ တန်ခိုးအာဏာနှင့် ဂုဏ်အသရေတို့ကို စိတ်ဝင်စားခြင်းမရှိတော့သကဲ့သို့ ၎င်းတို့ကို အလွယ်တကူ စွန့်လွှတ်နိုင်သောအခါမှသာ၊ သင်၌ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ရှိလိမ့်မည်။ အဆုံးတွင် စုံလင်စေခြင်းခံရမည့် သူများမှာ ဤကဲ့သို့သော လူစုတစ်စု ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားအတွက် အသက်ရှင်ကြသည်၊ ဘုရားသခင်အတွက် အသက်ရှင်ကြပြီး၊ တရားမျှတသောအရာအတွက် အသက်ရှင်ကြ၏။ ဤသည်မှာ စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝတွင် တူညီမှုများနှင့် ခြားနားချက် တို့ကို နားလည်ခြင်း” မှ

အရှေ့သို့- ၄၅။ ပြစ်မှားခြင်းများအပေါ် ဆင်ခြင်သုံးသပ်ခြင်းဆိုင်ရာ မူများ

နောက်တစ်ခုသို့- ၄၇။ မိမိကိုယ်မိမိ အစစ်အမှန် သိခြင်းဆိုင်ရာ မူများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေအရှေ့ဘက်က မိုးခြိမ်းသံများ မရပ်ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်