၄) ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သဘောထားမှုအခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပြည့်စုံခိုင်လုံသော သမ္မာတရားဖြစ်သည်ကို ယုံကြည်ရန် လိုအပ်သည်။ ယင်းတို့သည် လူသား၏ အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ သို့မဟုတ် သဘောပေါက်၍ ရနိုင်သည်ဖြစ်စေ၊ မရနိုင်သည်ဖြစ်စေ၊ ယင်းတို့ကို လက်ခံသင့်ပြီး နာခံသင့်သည်။

(၂) ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် လိုအပ်သည်။ ထိုသို့ဖြင့်သာ မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း အနှစ်သာရနှင့် သမ္မာတရားတို့ကို သိရှိလာနိုင်ပြီး၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်လာနိုင်ပေသည်။

(၃) ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို နားမလည်သည့်အခါ၊ ဘုရားသခင်ထံ ဆုတောင်းသင့်သည်၊ သမ္မာတရားကို ရှာဖွေသင့်ပြီး လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းတို့အပေါ် အာရုံစိုက်သင့်သည်။ ထိုသို့ဖြင့်သာ သမ္မာတရားကို နားလည်နိုင်ပြီး လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်သည်။

(၄) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံဖို့ လိုအပ်သည်။ ထိုသို့ဖြင့်သာ တစ်ဦးတစ်ယောက်သည် သမ္မာတရားနှင့် သက်ဆိုင်သည့် သိနားလည်မှုတစ်ခုနှင့် ဘုရားသခင်အား သိကျွမ်းမှုကို ရရှိနိုင်ပြီး၊ ထိုသို့ဖြင့်သာ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို အတည်ပြုနိုင်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါပြောသည့် နှုတ်ကပတ်တော်များသည် လူသားအားလုံးကို တိုက်ရိုက်ရည်ရွယ်သော သမ္မာတရားများဖြစ်ပြီး လူတစ်ဦးတစ်ယောက် သို့မဟုတ် လူအမျိုးအစား တစ်မျိုးတည်း အတွက်သာ ရည်ရွယ်ပြောခြင်း မဟုတ်ပေ။ ထို့ကြောင့် သမ္မာတရား၏ ရှုထောင့်မှ ငါ၏နှုတ်ကပတ်တော်များကို နားလည်ခြင်းအား အာရုံစိုက်သင့်သကဲ့သို့၊ မမှိတ်မသုန်အာရုံစိုက်သော သဘောထားတစ်ရပ် နှင့် ရိုးသားမှု ရှိသင့်သည်။ ငါပြောသည့်နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားကို တစ်လုံးတစ်ပါဒမှ လျစ်လျူရှုခြင်း မပြုရသည့်အပြင် ငါ၏ နှုတ်ကပတ်တော်အားလုံးကို မထီမဲ့မြင် မပြုရ။ သင်တို့ဘဝများ၌ သင်တို့ပြုသောအရာများစွာသည် သမ္မာတရားနှင့် ဆီလျော်မှုမရှိသည်ကို ငါတွေ့သောကြောင့်၊ ငါသည် သင်တို့အား သမ္မာတရား၏ အစေခံသူများ ဖြစ်လာစေဖို့၊ စဉ်းလဲမှုနှင့် အကျည်းတန်မှုတို့၏ကျေးကျွန်အဖြစ်မှ လွတ်မြောက်စေဖို့၊ သမ္မာတရားကို မနင်းချေဖို့ သို့မဟုတ် ဘုရားအိမ်တော်၏ နေရာတစ်ခုတစ်လေကိုမျှ ဖျက်ဆီးရမ်းကားခြင်း မရှိဖို့ သင်တို့ကို အထူးတလည် တောင်းဆိုနေခြင်း ဖြစ်သည်။ ဤအချက်သည် သင်တို့အား ငါ၏သတိပေးချက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်” မှ

ငါမျှော်လင့်သည်မှာ သင်တို့အနေဖြင့် ငါ ခံစားပြီးဖြစ်သည့် နာကျင်မှုများကို အလဟဿဖြစ်ခွင့် ပေးနိုင်ကြမည် မဟုတ်သကဲ့သို့၊ ထို့ထက် ငါလုပ်ဆောင်ပြီးဖြစ်သည့် စဉ်းစဉ်းစားစား စောင့်ရှောက်မှုကို သင်တို့ နားလည်နိုင်ကာ၊ ငါ၏နှုတ်ကပတ်တော်များကို လူသားတစ်ဦးအနေနှင့် သင်တို့ ပြုမူပုံ၏ အခြေခံအုတ်မြစ်အဖြစ် သဘောထားနိုင်ကြလိမ့်မည်ဟုသာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့ နားထောင်လိုသည့် စကားမျိုး ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ၎င်းတို့အား လက်ခံရခြင်း၌ သင်တို့ မွေ့လျော်သည်ဖြစ်စေ မမွေ့လျော်သည်ဖြစ်စေ၊ သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းဖြင့်သာ ၎င်းတို့ကို သင်တို့ လက်ခံနိုင်သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်တို့ကို သင်တို့ အလေးအနက် သဘောထားရမည်။ သို့မဟုတ်ပါက သင်တို့၏ သာမန်ကာလျှံကာဖြစ်ပြီး အရေးမစိုက်သော စိတ်သဘောထားများနှင့် ပြောဆိုပြုမူပုံတို့သည် ငါ့ကို အပြင်းအထန် စိတ်မချမ်းမြေ့ဖြစ်စေမည်ဖြစ်ပြီး၊ ဧကန်အမှန် ငါ့ကို စက်ဆုပ်ရွံရှာစေလိမ့်မည်။ သင်တို့အားလုံးသည် ငါ၏ နှုတ်ကပတ်တော်များကို အဖန်တလဲလဲ-အကြိမ်ထောင်ချီ- ဖတ်ရှုနိုင်ပြီး ၎င်းတို့ကို အလွတ်ကျက်မှတ်၍ပင် သိရှိလာနိုင်မည်ဟု ငါလွန်စွာ မျှော်လင့်သည်။ ဤနည်းဖြင့်သာ သင်တို့သည် သင်တို့နှင့်ဆိုင်သော ငါ၏မျှော်လင့်ချက်များကို ပျက်ကွက်နိုင်မည် မဟုတ်ချေ။ သို့ရာတွင် ယခုအခါ သင်တို့ တစ်ဦးတစ်ယောက်မျှ ဤသို့ အသက်ရှင်ခြင်း မရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သင်တို့အားလုံးသည် ကိုယ်ကျင့်တရားပျက်သော ဘဝတစ်ခု၊ သင်တို့ အားရကျေနပ်သည်အထိ စားသောက်သည့် ဘဝတစ်ခုတွင် နစ်မြုပ်ကြပြီး၊ သင်တို့ထဲမှ မည်သူမျှ သင်တို့၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်ကို ကြွယ်ဝချမ်းသာစေဖို့ ငါ၏နှုတ်ကပတ်တော်များကို အသုံးမပြုကြပေ။ ဤအကြောင်းကြောင့် လူသားမျိုးနွယ်၏ စစ်မှန်သော စရိုက်နှင့်ပတ်သက်၍ ကောက်ချက်တစ်ခု ချလိုက်ပြီဖြစ်သည်- လူသားသည် ငါ့ကို အချိန်မရွေး သစ္စာဖောက်နိုင်ပြီး မည်သူမျှ ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ သစ္စာမရှိနိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)” မှ

ငါသည် သင်တို့ကို များစွာသော သတိပေးချက်များ ပေးပြီးဖြစ်သကဲ့သို့၊ သင်တို့ကို သိမ်းပိုက်ဖို့ ရည်ရွယ်လျက် များစွာသော သမ္မာတရားများကို သင်တို့အပေါ် ငါအပ်နှင်းပြီး ဖြစ်သည်။ ယခုတွင်၊ သင်တို့အားလုံးသည် အတိတ်က ကြွယ်ဝခဲ့သည်ထက် သိသိသာသာ သာ၍ ကြွယ်ဝသည်ဟု ခံစားရသည်၊ လူတစ်ဦး မည်သို့ဖြစ်သင့်သည်နှင့်သက်ဆိုင်သော အခြေခံသဘောတရားများစွာ နားလည်လာကြပြီးဖြစ်ကာ သစ္စာရှိသော သူတို့ ရှိသင့်သည့် သာမန်အသိစိတ် များစွာကို ပိုင်ဆိုင်လာကြပြီး ဖြစ်သည်။ ဤအရာအားလုံးသည် နှစ်ပေါင်းများစွာ တစ်လျှောက် သင်တို့ ရိတ်သိမ်းလာခဲ့သည့် အကျိုး ဖြစ်သည်။ ငါသည် သင်တို့၏အောင်မြင်မှုများကို မငြင်းသော်လည်း၊ သင်တို့ထဲတွင် သန့်ရှင်းသူ တစ်ဦးမျှ မရှိသည့်အတွက်၊ ဤနှစ်များစွာအတွင်း သင်တို့အနေဖြင့် ငါ့အပေါ် သင်တို့၏မြောက်မြားလှသည့် မနာခံခြင်းများနှင့် ပုန်ကန်ခြင်းများ တို့ကိုလည်း ငါ မငြင်းဟု တကယ်ကိုပွင့်လင်းစွာ ငါပြောရပေမည်။ သင်တို့သည် ခြွင်းချက်မရှိ၊ စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည့် လူများ ဖြစ်သည်။ သင်တို့သည် ခရစ်တော်၏ ရန်သူများ ဖြစ်ကြ၏။ ယနေ့ထိ၊ သင်တို့၏ လွန်ကျူးခြင်းအပြစ်များနှင့် မနာခံမှုများသည် ရေတွက်ဖို့ များပြားလွန်းလှ၏၊ ထို့ကြောင့် ငါသည် သင့်အား အစဉ် ထပ်တလဲလဲတောင်းဆိုနေသည်ကို ထူးဆန်းသည်ဟု မယူဆနိုင်ပေ။ ငါသည် ဤပုံစံဖြင့် သင်တို့နှင့်အတူ အတူတည်ရှိရန် ဆန္ဒမရှိပေ- သို့သော် သင်တို့၏ အနာဂတ်များအတွက်၊ သင်တို့၏ ခရီးပန်းတိုင်များအတွက်၊ ယခု ဤနေရာတွင် နောက်တစ်ဖန် တကျည်ကျည် ငါ ပြောမည်။ သင်တို့သည် ငါ့ကို ခွင့်လွှတ်နားလည်သည့်အပြင်၊ ငါ၏ မိန့်မြွက်ချက်တိုင်းကို ယုံကြည်နိုင်ပြီး ငါ၏နှုတ်ကပတ်တော်များ၏ နက်ရှိုင်းသော သွယ်ဝိုက်သည့် အနက်အဓိပ္ပာယ်များကို ကောက်ချက် ချနိုင်မည်ဟု မျှော်လင့်သည်။ ငါ၏ နှုတ်ကပတ်တော်များကို သင် ဆန္ဒရှိသည်အတိုင်း ရွေးချယ်ပြီး သဘောရှိ ဘေးသို့ပစ်လိုက်ဖို့ နေနေသာသာ၊ ငါပြောသည့်အရာကို သံသယမရှိနှင့်။ ဤသည်မှာ ငါ သည်းမခံနိုင်စရာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို မဝေဖန်နှင့်၊ ပြီးလျှင် ငါ၏ နှုတ်ကပတ်တော်များကို သာ၍ပင် ပေါ့ပေါ့တန်တန် သဘောမထားနှင့်၊ သို့မဟုတ် ငါသည်သင်တို့အား အစဉ် သွေးဆောင်နေသည်ဟု မပြောနှင့်၊ သို့မဟုတ် သာ၍ဆိုးသည်မှာ သင်တို့အား ငါပြောပြီးသော အရာသည် တိကျမှန်ကန်မှု မရှိဟု မပြောနှင့်။ ဤအရာများသည်လည်း ငါသည်းမခံနိုင်စရာ ဖြစ်၏။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ လက်သင့်မခံသကဲ့သို့ ငါ့ကို လျစ်လျူရှုရင်း၊ ငါနှင့် ငါပြောသောအရာကို အလွန့်အလွန် သံသယဖြင့် ဆက်ဆံသောကြောင့်၊ သင်တို့အသီးသီးကို လုံးဝ လေးနက်မှုဖြင့် ငါ ပြောသည်မှာ- ငါပြောသော အရာကို အတွေးအခေါ်နှင့် မချိတ်ဆက်နှင့်၊ ငါ၏ နှုတ်ကပတ်တော်များကို ဆရာယောင်တို့၏ အလိမ်အညာများနှင့် မချိတ်ဆက်နှင့်။ ငါ၏ နှုတ်ကပတ်တော်များကို အထင်သေးခြင်းဖြင့် သာ၍ပင် မတုံ့ပြန်သင့်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်” မှ

သမ္မာတရားသည် အပြုသဘောဆောင်သည့် အရာခပ်သိမ်း၏ စစ်မှန်မှု ဖြစ်သည်။ ယင်းက လူ၏အသက်ဖြစ်နိုင်သကဲ့သို့၊ သူ ခရီးနှင်ရာ ဦးတည်ချက်လည်း ဖြစ်နိုင်သည်။ ယင်းက ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားဖို့၊ ဘုရားသခင်ကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်လာဖို့၊ ဘုရားသခင်ကို ရိုသေပြီး အရည်အချင်းပြည့်သော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာဖို့၊ ဘုရားသခင်က ချစ်ပြီး သူ၏လက်ခံမှု ရသည့်သူတစ်ဦး ဖြစ်လာဖို့ ဖြစ်စေနိုင်သည်။ ယင်း၏ အဖိုးတန်မှုကို ထောက်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့နှင့် စပ်လျဉ်း၍ မည်သည့် သဘောထားနှင့် အမြင်ရှုထောင့်တို့ ရှိသင့်သနည်း။ ယင်းက အတော်အတန် သိသာထင်ရှားပေသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သူ့အတွက် ရိုသေလေးမြတ်သော နှလုံးသားရှိသည့် သူများအတွက်၊ သူ၏နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အသက်သွေးဖြစ်သည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားသင့်ပြီး ယင်းတို့ကို စားသောက်သင့်သည်၊ ပြီးလျှင် ပျော်မွေ့သင့်သည်၊ ပြီးလျှင် ယင်းတို့ကို ၎င်း၏အသက်အဖြစ်၊ ၎င်း၏လမ်းခရီးကို ရှေ့ဆက် လျှောက်ရာတွင် ဦးတည်ချက်အဖြစ်၊ ၎င်း၏ အသင့်ဖြစ်သော အကူအညီနှင့် အထောက်အပံ့အဖြစ် လက်ခံသင့်သည်။ လူသည် သမ္မာတရား၏ ထွက်ဆိုချက်များနှင့် သတ်မှတ်ချက်များနှင့်အညီ ရှင်သန်ကာ၊ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံသင့်သည်၊ ပြီးလျှင် ယင်းကို လေ့လာ၊ ခွဲခြမ်းစိတ်ဖြာကာ၊ ထင်ကြေးပေးပြီး သံသယ ရှိခြင်းတို့ထက် ၎င်းနှင့်ပတ်သက်၍ ယင်း၏ တောင်းဆိုမှုများ၊ သမ္မာတရားက ၎င်းအား ပေးအပ်သည့် ထွက်ဆိုချက်နှင့် သတ်မှတ်ချက် တစ်ခုချင်းစီကို ကျိုးနွံနာခံသင့်သည်။ သမ္မာတရားသည် လူ၏အရံသင့် အကူအညီ၊ ၎င်း၏အရံသင့် အထောက်အပံ့ဖြစ်ပြီး ၎င်း၏အသက် ဖြစ်နိုင်သည်နှင့်အညီ၊ ၎င်းသည် ရှင်သန်ဖို့၊ ဘုရားသခင်၏တောင်းဆိုမှုများကို ဖြည့်ဆည်းလာဖို့၊ သူ့ကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့ နှင့် လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများကို နားလည်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိရင်း၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ၎င်း၏နေ့စဉ်အသက်တာတွင် ရှာဖွေဖို့၊ သမ္မာတရားကို ကိုးစားရမည် ဖြစ်သည့်အတွက်၊ လူသည် သမ္မာတရားကို တန်ဖိုးအရှိဆုံးအရာအဖြစ် သဘောထားသင့်သည်။ လူသည် ၎င်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားဖို့၊ ကယ်တင်ခြင်းခံရပြီး၊ အရည်အချင်းရှိသည့် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာဖို့ကိုလည်း သမ္မာတရားအပေါ် ကိုးစားရမည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို လူသိရှင်ကြား မထီမဲ့မြင်ပြုပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၇)” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို လက်ခံရရှိသောအခါ၊ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ငါတို့၏ စိတ်နှလုံးများကို ထိုးဖောက်မည်ကို ကြောက်ရွံ့ခြင်း ရှိဖို့မဆိုထားနှင့်၊ ဆင်းရဲဒုက္ခကို ကြောက်ရွံ့ရမည်မဟုတ်သကဲ့သို့ နာကျင်မှုကိုလည်း မစိုးရွံ့သင့်ပေ။ ငါတို့သည် ငါတို့ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းနှင့် ငါတို့၏ ပျက်စီးသော အနှစ်သာရများကို ဖော်ထုတ်ခြင်းတို့နှင့်သက်ဆိုင်သော သူ၏ မိန့်မြွက်ချက််များကို သာ၍ ဖတ်ရှုသင့်သည်။ ကျွန်ုပ်တို့သည် ၎င်းတို့ကို ဖတ်ရှုပြီး ၎င်းတို့နှင့်ကိုက်ညီအောင် မိမိတို့ကိုယ်ကိုယ် ပို၍ ထိန်းသိမ်းရမည်။ အခြားသူများကို ၎င်းတို့နှင့် မနှိုင်းယှဉ်ပါနှင့်- ငါတို့သည် မိမိတို့ကိုယ်ကိုယ် ၎င်းတို့နှင့်နှိုင်းယှဉ်ရမည်။ ငါတို့သည် ဤအရာများ တစ်ခုချင်းစီ၌ မချို့တဲ့ကြပါ။ ငါတို့သည် ဤအရာများနှင့် အားလုံးကိုက်ညီနိုင်သည်။ သင် မယုံကြည်ပါက၊ ကိုယ်တိုင် သွား၍ တွေ့ကြုံခံစားလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ လူအချို့သည် ထိုနှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ကိုယ်အဖို့ ကျင့်သုံးနိုင်စွမ်းမရှိကြပေ။ ၎င်းတို့က ဤနှုတ်ကပတ်တော်များ၏ အစိတ်အပိုင်းများသည် ၎င်းတို့နှင့် မပတ်သက်ဘဲ၊ ယင်းအစား အခြားလူများနှင့် ပတ်သက်သည်ဟု ထင်ကြ၏။ ဥပမာအားဖြင့်၊ ဘုရားသခင်က လူတို့ကို မိန်းမပျက်များနှင့် ပြည့်တန်ဆာများအဖြစ် ဖော်ထုတ်သည့်အခါတွင်၊ ညီအစ်မအချို့က ၎င်းတို့သည် ၎င်းတို့၏ လင်ယောက်ျားများကို မလွဲမသွေ သစ္စာရှိကြပြီးဖြစ်သောကြောင့်၊ ထိုသို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့ကို ရည်ညွှန်းခြင်း ဖြစ်ရမည်မဟုတ်ဟု ခံစားရသည်။ ညီအစ်မ အချို့က၊ ၎င်းတို့အနေဖြင့် အိမ်ထောင်မပြုကြသကဲ့သို့ မည်သည့်အခါတွင်မျှ လိင်ဆက်ဆံခြင်းမရှိဖူးသည့်အတွက်၊ ထိုသို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့နှင့်လည်း ပတ်သက်မည်မဟုတ်ဟု ခံစားကြလေသည်။ ညီအစ်ကို အချို့က ဤနှုတ်ကပတ်တော်များသည် အမျိုးသမီးများကိုသာ ရည်ရွယ်ထားပြီး ၎င်းတို့နှင့် မည်သို့မျှ ပတ်သက်မှုမရှိဟု ထင်ကြသည်။ လူအချို့က ထိုသို့သော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကြားမကောင်းလွန်းလှဟု ယုံကြည်ကြပြီး ထိုနှုတ်ကပတ်တော်များကို လက်ခံဖို့ ငြင်းဆန်ကြသည်။ အချို့ဖြစ်ရပ်များတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မှားယွင်းသည်ဟု ပြောဆိုသော လူများပင် ရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ရှိသင့်သော မှန်ကန်သည့် သဘောထား ဖြစ်ပါသလော။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ် အခြေခံကာ မိမိတို့ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်နိုင်စွမ်းမရှိကြချေ။ ဤနေရာ၌၊ “မိန်းမပျက်များ” နှင့် “ပြည့်တန်ဆာများ” သည် လူတို့၏ လိင်မှုထွေပြားခြင်းနှင့်သက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးခြင်းကို ရည်ညွှန်းပေသည်။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ၊ အိမ်ထောင်ရှိသူဖြစ်စေ အိမ်ထောင်မရှိသူ ဖြစ်စေ၊ အယောက်တိုင်းသည် လိင်မှုထွေပြားခြင်းနှင့်သက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးခြင်းကို ပိုင်ဆိုင်ထားကြ၏- သို့ဆိုလျှင် ယင်းသည် သင်နှင့် မည်သို့မျှ မပတ်သက်ဘဲ ရှိနိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်၏။ အမျိုးသား ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ တစ်ဦးတစ်ယောက်၏ ဖောက်ပြန်ပျက်စီးခြင်း အဆင့်သည် တူညီပေသည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်မီ၊ ဤမိန့်မြွက်ချက်များက နားကြားကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့က ခါးသီးသော ခံစားမှုကို ပေးသည်ဖြစ်စေ၊ ချိုမြိန်သော ခံစားမှုတစ်ခုကို ပေးသည်ဖြစ်စေ၊ ဘုရားသခင် ပြောဆိုထားသည့် နှုတ်ကပတ်တော်များ တစ်ခုတိုင်းကို ငါတို့ လက်ခံရမည်ဖြစ်သည်ကို ငါတို့ နားလည်ထားရမည်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ငါတို့ ရှိသင့်သည့် သဘောထား ဖြစ်သည်။ ဤသည်မှာ မည်သို့သောသဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ဆက်ကပ်မှုရှိသော သဘောထား၊ သည်းခံမှုရှိသော သဘောထား သို့မဟုတ် ဆင်းရဲဒုက္ခကို ပွေ့ဖက်သည့် သဘောထား တစ်ခုလော။ သင်တို့ကိုငါပြောသည်၊ ဤအရာများထဲမှ တစ်ခုမျှမဟုတ်ပေ။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်း အတည်ပြုရမည်။ ၎င်းတို့သည် သမ္မာတရား ဖြစ်သောကြောင့် ငါတို့သည် ၎င်းတို့ကို ဆင်ခြင်တုံတရားဖြင့် လက်ခံသင့်သည်။ ငါတို့သည် ၎င်းကို လက်ခံနိုင်ခြင်း သို့မဟုတ် အသိအမှတ်ပြုနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငါတို့၏ ပထမ သဘောထားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခြွင်းချက်မရှိ လက်ခံခြင်း ဖြစ်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စာတစ်ကြောင်းစီတိုင်းက တိကျသော အခြေအနေတစ်ခုနှင့် ဆက်စပ်သည်။ ဆိုလိုသည်မှာ၊ သူ၏ မိန့်မြွက်ချက်များ၏ စာကြောင်းများထဲမှ မည်သည့်စာကြောင်းမျှ ပြင်ပ စည်းမျဉ်းများ သို့မဟုတ် လူတို့ထဲက ရိုးရှင်းသော အပြုအမူ ပုံစံတစ်ခုအကြောင်း ဖြစ်ဖို့မဆိုထားနှင့်၊ အပြင်ပန်း သွင်ပြင်များအကြောင်း မဟုတ်ပေ။ ၎င်းတို့သည် ထိုကဲ့သို့ မဟုတ်ပေ။ ဘုရားသခင် မိန့်မြွက်သော စာကြောင်းတိုင်းကို လူသား၏ ရိုးရှင်းသော အပြုအမူအမျိုးအစားတစ်ခုနှင့် ပတ်သက်သည့်အရာအဖြစ် သို့မဟုတ် အပြင်ပန်း သွင်ပြင်တစ်ခုအဖြစ် သင် မြင်လျှင်၊ သင်သည် ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသကဲ့သို့ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သင် မသိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လေးနက်၏။ မည်သို့ လေးနက်ကြသနည်း။ ဘုရားသခင် ပြောဆိုသည့်အရာတိုင်း၊ ထုတ်ဖော်ပြသည့်အရာတိုင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သူတို့၏ အသက်တာများအတွင်း ပဓာနကျပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သော အကြောင်းအရာတို့အကြောင်း ဖြစ်သည်။ ၎င်းတို့သည် ပဓာနကျသောအရာများဖြစ်ပြီး၊ အပြင်ပန်း သွင်ပြင်များ မဟုတ်သကဲ့သို့ အထူးသဖြင့် အပြင်ပန်း အပြုအမူများ မဟုတ်ပေ။ လူတို့ကို ၎င်းတို့၏ အပြင်ပန်း သွင်ပြင်များမှ ရှုမြင်သည့်အခါ၊ ၎င်းတို့အားလုံး အဆင်ပြေသည်ဟု ထင်ရသည်။ သို့ဆိုလျှင် လူအချို့သည် ဆိုးညစ်သော ဝိညာဉ်ဆိုးများဖြစ်ပြီး အချို့မှာ ညစ်ညူးသော ဝိညာဉ်များဖြစ်သည်ဟု ဘုရားသခင်က အဘယ်ကြောင့် ပြောပါသနည်း။ ဤသည်မှာ သင်အဖို့ မြင်သာသော ကိစ္စရပ်တစ်ခုမဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိန်းသိမ်းရန် ပုံပန်းသဏ္ဌာန် သို့မဟုတ် အပြင်ပန်းမှ သင်တွေ့ရသည့်အရာအပေါ် သင် မှီခို၍မရနိုင်ချေ။ ထိုသို့ မိတ်သဟာယပြုခံရပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်တို့၏ သဘောထား၌ ပြောင်းလဲမှုတစ်ခုကို သင်တို့ တွေ့ကြုံပြီးပြီလော။ အပြောင်းအလဲက မည်မျှ ကြီးမားသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ၊ ထိုသို့သော နှုတ်ကပတ်တော်များကို နောက်တစ်ကြိမ် သင်တို့ ဖတ်ရှုသည့်အခါတွင်၊ သင်သည် အနည်းဆုံး ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့် ပြောဆိုဖို့ ကြိုးစားမည်မဟုတ်ပေ။ သင်က၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် နားထောင်ဖို့ တကယ်ကို ခက်ပေသည်။ ဤကျမ်းပိုဒ်ကို ငါ ဖတ်မည်မဟုတ်။ ယင်းကို ကျော်သာကျော်လိုက်မည်။ ကိုယ်စိတ်ချမ်းသာမှုအချို့ တွေ့ရှိဖို့ ဖတ်ရှုရန် ကောင်းချီးမင်္ဂလာများနင့် ကတိတော်များနှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို ရှာပါရစေ။” ဟု ပြောလိမ့်မည်မဟုတ်ပေ။ သင် ဖတ်ရှုသည့်အရာကို ထိုသို့ စံမရွေးချယ်ရ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား အားထုတ်ခြင်း၏ အရေးပါမှုနှင့် လမ်းကြောင်း” မှ

လူအချို့က အခြားသူများကို ကူညီဖို့နှင့် ဘုရားသခင်ကို အစေခံဖို့၊ ပြီးလျှင် အသင်းတော်ကို သင့်တင့်လျောက်ပတ်စွာ ဦးဆောင်ဖို့ မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ကြသည်။ ဤအမြင်ရှုထောင့်သည် မှန်ကန်သလော။ သင်သည် သတင်းစကားမည်မျှကို ကြားပြီးဖြစ်ပါစေ၊ သို့မဟုတ် သင်၏အစီအစဉ်များသည် မည်သည့်အရာများ ဖြစ်ပါစေ၊ မည်သည့်အရာသည် အရေးအကြီးဆုံး ဖြစ်သည်နှင့် မည်သည့်အမြင်ရှုထောင့်သည် အမှန်ကန်ဆုံး ဖြစ်သည်ကို သင့်အား ငါပြောပြမည်။ သင်မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ ပြီးလျှင် သင်သည် ခေါင်းဆောင်ဖြစ်သည်ဖြစ်စေ မဖြစ်သည် ဖြစ်စေ၊ သင်သည် သင့်ကိုယ်သင် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ဦးစွာ နှိုင်းယှဉ်စစ်ဆေးပြီး သင့်ကိုယ်သင် အတွင်း၌ ယင်းတို့ဖြင့် အထမြောက် စေရမည်။ ဤနှုတ်ကပတ်တော်များကို အလုပ်လုပ်ဖို့ တန်ဆာပလာ တစ်ခုအဖြစ် သို့မဟုတ် အလုပ်လုပ်စဉ်တွင်၊ စုဆောင်းပြီးဖြစ်သည့်အရာများ အဖြစ် သဘောမထားနှင့်။ သင်သည် ဤအရာအားလုံးတွင် သင်အောင်မြင်ပါက၊ သင်သည် သင်၏အလုပ်ကို ကောင်းစွာလုပ်နိုင်သည်မှာ သေချာမည် ဖြစ်သည်။ သင်သည် အခြားလူများကို ဤနှုတ်ကပတ်တော်များဖြင့် အမြဲ နှိုင်းယှဉ် အကဲဖြတ်လိုပါက၊ အခြားလူများနှင့်ပတ်သက်ပါက ယင်းတို့ကို အထမြောက်ဖို့ အမြဲဆန္ဒရှိပါက၊ သို့မဟုတ် ယင်းတို့ကို သင်၏ကိုယ်ပိုင် အလုပ်အတွက် အရင်းအနှီး အဖြစ် သဘောထားပါက၊ သင်သည် ပြဿနာရှိနေပြီ။ ယင်းက သင်သည် ပေါလု၏ လမ်းကြောင်းကို လျှောက်နေခြင်း ဖြစ်သည်ဟု ဆိုလိုသည်။ ဤသည်မှာ အကြွင်းမဲ့ သမ္မာတရား ဖြစ်သည်။ သင်၌ ဤအမြင်ရှုထောင့်ရှိသောကြောင့်၊ သင်သည် ဤနှုတ်ကပတ်တော်များကို အယူအဆနှင့် သဘောတရားအဖြစ် သေချာပေါက် သဘောထားပြီး၊ သင်သည် ယင်းတို့ကို ဖြန့်ဖြူးပြီး အလုပ် လုပ်လိုသည်- ဤသည်မှာ အလွန် အန္တရာယ်များသည် အရာတစ်ခု ဖြစ်သည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်၍ သင့်ကိုယ်သင် အကဲဖြတ်ပြီး၊ ယင်းတို့ကို သင့်ကိုယ်သင် လက်တွေ့လုပ်ဆောင်ခြင်းဖြင့် စတင်ပါက၊ ပြောင်းလဲပြီး ဝင်ရောက်မှုကို ကြိုးပမ်းရရှိသည့် ပထမဆုံးလူမှာ သင်ဖြစ်သည်။ သင်ကိုယ်တိုင်က တစ်စုံတစ်ခုကို ရရှိမှသာလျှင်၊ သင်သည် သင်လုပ်ဆောင်ရမည့် အမှု၌ ကောင်းစွာ လုပ်ဆောင်ဖို့ ဝိညာဉ်ရင့်ကျက်မှု၊ အရည်အချင်း ပြည့်မီခြင်းများနှင့် စွမ်းရည်တို့ကို ရရှိလိမ့်မည် ဖြစ်သည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှု မရှိဘဲ၊ အတွေ့အကြုံမရှိသည့်အပြင်၊ ဝင်ရောက်မှုကို မရရှိသေးပါက၊ သင်သည် ကျိုးကြောင်းမမြင်ဘဲ အလုပ်လုပ်နေကာ၊ ကျိုးကြောင်းမမြင်ဘဲ လျှောက်ပြေးနေပြီး ဤသည်တွင် စစ်မှန်သော ရလဒ် မရှိပေ။ သမ္မာတရား၏ လက်တွေ့ကျခြင်း၏ မည်သည့်ရှုထောင့်ကို သင်ကြားဖူးသည် ဖြစ်ပါစေ၊ အကယ်၍ သင်သည် သင့်ကိုယ်သင် ၎င်းနှင့်နှိုင်းယှဉ်ပါက၊ သင်၏အသက်တာတွင် ဤနှုတ်ကပတ်တော်များကို ကျင့်သုံးပြီး သင်၏လက်တွေ့လုပ်ဆောင်မှုထဲ၌ ထည့်သွင်းပါက တစ်စုံတစ်ခုကို သေချာပေါက်ရပြီး သေချာပေါက် ပြောင်းလဲမည် ဖြစ်သည်။ အကယ်၍ သင်သည် ဤနှုတ်ကပတ်တော်များကို သင်၏ ဝမ်းဗိုက်အတွင်း သွတ်သွင်းပြီး သင်၏ဦးနှောက်ထဲ၌ ၎င်းတို့ကို အလွတ်ကျက်မှတ်ပါက သင်သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ တရားဒေသနာများကို နားထောင်နေစဉ်တွင်၊ သင်သည် ဤသို့ တွေးဆသင့်၏- “ဤစကားများသည် မည်သည့်အခြေအနေမျိုးကို ရည်ညွှန်းနေသနည်း။ ယင်းတို့သည် အနှစ်သာရ၏ မည်သည့် သွင်ပြင်လက္ခဏာကို ရည်ညွှန်းနေကြသနည်း။ မည်သည့် ကိစ္စတွင် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ငါ အသုံးပြုသင့်သနည်း။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာနှင့် ဆက်နွှယ်သည့် တစ်စုံတစ်ရာကို ငါ လုပ်ဆောင်သည့် အခါတိုင်း၊ ငါသည် ယင်းနှင့်အညီ လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သလော။ ယင်းကို ငါ လက်တွေ့ လုပ်ဆောင်သည့်အခါ၊ ငါ၏ အခြေအနေသည် ဤနှုတ်ကပတ်တော်များနှင့် ကိုက်ညီနေခြင်းရှိသလော။ မကိုက်ညီပါက၊ ကျွန်ုပ် ရှာဖွေသင့်သလော၊ မိတ်သဟာယပြုသင့်သလော သို့မဟုတ် စောင့်ဆိုင်းသင့်သလော။” သင်တို့၏ အသက်တာများတွင် ဤပုံစံဖြင့် သင်တို့ လက်တွေ့လုပ်ဆောင်ကြသလော။ သင်တို့ ဤပုံစံဖြင့် လက်တွေ့မလုပ်ဆောင်ပါက၊ သင်တို့၏ အသက်တာသည် ဘုရားသခင်မရှိသကဲ့သို့ သမ္မာတရားမရှိပေ။ သင်သည် ကျမ်းဟောင်းတရားနှင့် အယူဝါဒများအတိုင်း သို့မဟုတ် သင်တို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ စိတ်ချယုံကြည်မှုနှင့် စိတ်အားထက်သန်မှုအတိုင်း အသက်ရှင်ပေသည်။ သမ္မာတရားကို လက်တွေ့အရှိတရားအဖြစ် မပိုင်ဆိုင်သောသူတို့သည် လက်တွေ့အရှိတရား မရှိသောသူများဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်တွေ့အရှိတရားအဖြစ် မရှိကြသည့် လူများသည် သူ၏ နှုတ်ကပတ်တော်များထဲသို့ မဝင်ရောက်ကြသေးသည့် လူများ ဖြစ်သည်။ ငါ ပြောနေသည့်အရာကို သင်တို့ နားလည်ကြသလော။ သင်တို့ နားလည္ပါက အကောင်းဆုံးဖြစ်သော်လည်း၊ ယင်းတို့နှင့်ပတ်သက်၍ သင်၏ သိနားလည်မှုက မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ သင် ကြားပြီးသည့်အရာနှင့်ပတ်သက်၍ သင် မည်မျှ သဘောပေါက်ပြီးသည်ဖြစ်စေ၊ အရေးပါသော အရာမှာ သင်သည် သင် သဘောပေါက်ပြီးသည့်အရာကို သင့် အသက်တာထဲသို့ အစပျိုးနိုင်သကဲ့သို့ ယင်းတို့ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုအခါမှသာ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ကြီးထွားနိုင်လိမ့်မည်ဖြစ်ပြီး၊ ထိုအခါမှသာ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

လူများစွာတို့က ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့ရန် တစ်နေ့တခြား စွဲကိုင်ကြသည်မှာ ထိုနှုတ်ကပတ်တော်များထဲမှ ဂန္တဝင်မြောက် ကျမ်းပိုဒ်များအားလုံးကို ၎င်းတို့၏ တန်ဖိုးအထားရဆုံး ပိုင်ဆိုင်မှုတစ်ခုအလား မှတ်ဉာဏ်ထဲ သေချာစွာ မှတ်သားထားကြသည်အထိ၊ ထို့ပြင် အခြားသူများအား ဘုရားသခင်၏နှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပြီး ပံ့ပိုးလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေရာအနှံ့ ဟောကြသည်အထိပင် ဖြစ်၏။ ထိုသို့ပြုခြင်းသည် ဘုရားသခင်ကို သက်သေခံခြင်းဖြစ်ကြောင်း၊ သူ၏နှုတ်ကပတ်တော်များကို သက်သေခံခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ လမ်းခရီးနောက်ကို လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က တွေးကြသည်။ ထိုသို့ပြုခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ တကယ့်အသက်တာများထဲသို့ ယူဆောင်လာခြင်းဖြစ်ကြောင်း၊ ထိုသို့ပြုလျှင် ဘုရားသခင်၏ ချီးကျူးခြင်းကို ၎င်းတို့လက်ခံရရှိမည်ဖြစ်ပြီး ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းကို ခံရမည်ဖြစ်ကြောင်း ၎င်းတို့တွေးထင်ကြသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဟောကြားနေစဉ်တွင်ပင် ၎င်းတို့သည် လက်တွေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မလိုက်နာသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ထုတ်ဖော်ပြထားသည့်အရာနှင့် တိုက်ဆိုင် နှိုင်းယှဉ်စစ်ဆေးဖို့ မကြိုးစားနိုင်ကြပေ။ ထိုအစား ၎င်းတို့သည် လိမ်လည်လှည့်စားမှုအားဖြင့် အခြားသူများ၏ ကြည်ညိုမှုနှင့် ယုံကြည်မှုတို့ကို ရရှိရန်၊ မိမိတို့ဘာသာ စီမံခန့်ခွဲရန်နှင့် ဘုရားသခင်၏ ဘုန်းအသရေကို အလွဲသုံးစားလုပ်ပြီး ခိုးယူရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးချကြလေသည်။ ဘုရားသခင်၏ အမှုပြုခြင်းနှင့် သူ၏ချီးကျူးခြင်းတို့ကို ရရှိရန်အလို့ငှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေခြင်းအားဖြင့် ရလာသည့် အခွင့်အလမ်းကို အမြတ်ထုတ်ဖို့ အချည်းနှီးမျှော်လင့်ကြ၏။ နှစ်ပေါင်းမြောက်မြားစွာ ကုန်ဆုံးသွားခဲ့သော်လည်း ဤလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောကြားစဉ်တွင် ဘုရားသခင်၏ ချီးကျူးခြင်းကို ရရှိနိုင်စွမ်း မရှိရုံသာမက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သက်သေခံစဉ်တွင် ၎င်းတို့လိုက်လျှောက်သင့်သည့် လမ်းခရီးကို ရှာဖွေနိုင်စွမ်း မရှိရုံသာမက၊ အခြားသူများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပြီး ပံ့ပိုးစဉ်တွင် မိမိတို့ကိုယ်ကို ထောက်ပံ့နိုင်စွမ်းသော်လည်းကောင်း၊ ပံ့ပိုးနိုင်စွမ်းသော်လည်းကောင်း မရှိရုံသာမက၊ ဤအရာအားလုံးကို လုပ်ဆောင်နေစဉ်တွင် ဘုရားသခင်ကို သိကျွမ်းနိုင်စွမ်းသော်လည်းကောင်း၊ မိမိတို့အတွင်း၌ ဘုရားသခင်အတွက် စစ်မှန်သော ရိုသေလေးမြတ်မှု နိုးကြားလာအောင် လုပ်နိုင်စွမ်းသော်လည်းကောင်း မရှိသည်သာမကသေးဘဲ၊ ဆန့်ကျင်ဖက်အားဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ အထင်လွဲမှုများသည်လည်း တိုး၍တိုး၍ နက်ရှိုင်းလာသည်၊ သူ့အပေါ် ၎င်းတို့၏ အယုံအကြည် ကင်းမဲ့မှုများသည်လည်း ပို၍ပို၍ ဆိုးရွားလာသည်၊ ထို့ပြင် သူနှင့်ပတ်သက်သည့် ၎င်းတို့၏စိတ်ကူးများသည်လည်း ပို၍ပို၍ ချဲ့ကားလာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများအားဖြင့် ထောက်ပံ့ပြီး လမ်းညွှန်ခံရလျက်၊ ၎င်းတို့သည် ၎င်းတို့နှင့် လုံးဝအံကိုက်ဖြစ်သည့် အနေအထား၌ ရောက်နေသည့်အလား ထင်ရသည်၊ ၎င်းတို့၏ကျွမ်းကျင်မှုများကို အားမစိုက်ရဘဲ သက်သောင့်သက်သာ အသုံးပြုနေကြသည့်အလား၊ အသက်တာ၌ ၎င်းတို့၏ရည်ရွယ်ချက်၊ ဘဝပေးတာဝန်ကို ရှာတွေ့ထားပြီဖြစ်သည့်အလား ထင်ရသည်၊ ထို့ပြင် ၎င်းတို့သည် အသက်တာအသစ်တစ်ခုကို ကြိုးပမ်းရရှိပြီး ကယ်တင်ခံထားရပြီးသည့်အလား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ရွတ်ဆိုရာတွင် ထိုနှုတ်ကပတ်တော်များက ၎င်းတို့၏နှုတ်လျှာမှ ကျစ်လျစ်ပြည့်စုံစွာ လှိမ့်ဆင်းလာ၍ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိပြီးဖြစ်သည့်အလား၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ပြီးဖြစ်သည့်အလား၊ ထို့ပြင် ဘုရားသခင်ကို သိကျွမ်းခြင်း လမ်းကြောင်းကို ရှာဖွေတွေ့ရှိပြီးဖြစ်သည့်အလား ထင်ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောကြားစဉ်တွင် ၎င်းတို့သည် ဘုရားသခင်နှင့် မကြာခဏ မျက်နှာချင်းဆိုင်တွေ့ရပြီးဖြစ်သည့်အလား ထင်ရသည်။ ထို့အပြင် ၎င်းတို့သည် မကြာခဏ ငိုပွဲများဆင်နွှဲကြသည်ထိ “တို့ထိ” ခံကြရပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် “ဘုရားသခင်” ၏ မကြာခဏ ဦးဆောင်လမ်းပြခြင်းကို ခံကြရသဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အလွန်စိတ်ထက်သန်သော ဂရုဓမ္မပြုမှုနှင့် ကြင်နာသော ရည်ရွယ်ချက်တို့ကို မရပ်မနား နားလည်သဘောပေါက်နေသည်ဟု ထင်ရပြီး၊ တစ်ချိန်တည်းမှာပင် လူသားကို ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏စီမံခန့်ခွဲမှုတို့ကို နားလည်သဘောပေါက်ထားပြီး သူ၏အနှစ်သာရကို သိကျွမ်းထားသည့်အပြင် သူ၏ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ထားသည်ဟု ထင်ရသည်။ ဤအခြေခံအုတ်မြစ်ပေါ် အခြေပြု၍ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ပို၍ပင် ခိုင်မာစွာ ယုံကြည်နေကြပုံရကာ၊ သူ၏ချီးမြှောက်ခံရသည့် အခြေအနေကို ပို၍သတိပြုမိကြပြီး၊ သူ၏ကြီးကျယ်ခမ်းနားခြင်းနှင့် ထူးကဲသာလွန်ခြင်းတို့ကို ပို၍ပင် နက်နက်ရှိုင်းရှိုင်း ခံစားနေကြပုံရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အပေါ်ယံမျှသာ သိသည့်အသိတွင် စုံးစုံးမြုပ်နေ၍ ၎င်းတို့၏ ယုံကြည်မှုသည် ကြီးထွားလာသည့်ပုံ၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံမည့် ၎င်းတို့၏ သန္နိဌာန်က အားကောင်းလာသည့်ပုံ ထင်ရသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏သိခြင်းက ပို၍နက်ရှိုင်းလာသည့်ပုံ ထင်ရပေလိမ့်မည်။ ၎င်းတို့လုံးဝ မသိသည်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အမှန်တကယ် တွေ့ကြုံခံစားခြင်း မရှိသေးခင်အထိ ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အသိပညာများနှင့် ထင်မြင်ချက်များအားလုံးသည် ၎င်းတို့ဖြစ်စေချင်သော စိတ်ကူးများနှင့် မှန်းဆချက်များမှ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်မှုသည် ဘုရားသခင်ထံမှလာသည့် မည်သည့်စမ်းသပ်မှုမျိုးကိုမျှ ခံနိုင်မည် မဟုတ်ပေ၊ ၎င်းတို့၏ ဝိညာဉ်ရေးနှင့် ဝိညာဉ်ရင့်ကျက်မှုဟု ဆိုသောအရာတို့သည် ဘုရားသခင်၏ စမ်းသပ်မှုကိုဖြစ်စေ၊ စစ်ဆေးမှုကိုဖြစ်စေ အကယ်ပင် ခံနိုင်မည် မဟုတ်ချေ၊ ၎င်းတို့၏ သန္နိဌာန်သည် သဲပေါ်တွင်ဆောက်ထားသည့် ရဲတိုက်တစ်ခုမျှသာ ဖြစ်၏၊ ထို့ပြင် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာဟုဆိုသောအရာမှာလည်း ၎င်းတို့၏ စိတ်ကူးအထင်သက်သက်သာ ဖြစ်တော့သည်။ စင်စစ်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်ပြီး လုံ့လများစွာ စိုက်ထည့်ထားသည့် ဤလူများသည် စစ်မှန်သော ယုံကြည်မှု၊ စစ်မှန်သော နာခံခြင်း၊ စစ်မှန်သော အရေးစိုက်မှု၊ သို့မဟုတ် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာတို့သည် မည်သည့်အရာ ဖြစ်သည်ကို လုံးဝနားမလည်ကြဘိသည့်အလားပင် ဖြစ်ပေသည်။ ၎င်းတို့သည် အယူအဆ၊ စိတ်ကူးစိတ်သန်း၊ အသိပညာ၊ ဆုကျေးဇူး၊ ရိုးရာဓလေ့၊ အယူသီးကြီးခြင်းတို့အပြင် လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကိုပင် ယူကြကာ ထိုအရာတို့ကို ဘုရားသခင်အား ယုံကြည်ခြင်းနှင့် သူ့နောက်လိုက်ခြင်းတို့အတွက် “အရင်းအနှီး” နှင့် “လက်နက်အမျိုးမျိုး” အဖြစ် ပြုလုပ်ကြသည်သာမကဘဲ ဘုရားသခင်အား ၎င်းတို့ယုံကြည်ခြင်းနှင့် သူ့နောက် ၎င်းတို့လိုက်ခြင်းတို့အတွက် အခြေခံအုတ်မြစ်များအဖြစ်ပင် ပြုလုပ်ကြလေသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်၏ စစ်ဆေးခြင်းများ၊ စမ်းသပ်ခြင်းများ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရင်ဆိုင်ခြင်းနှင့် ဖြေရှင်းခြင်းတို့အတွက် ဤအရင်းအနှီးနှင့် လက်နက်အမျိုးမျိုးတို့ကို ယူကာ ဘုရားသခင်ကို သိကျွမ်းဖို့ အသုံးပြုသည့် မှော်အဆောင်လက်ဖွဲ့များအဖြစ် ပြုလုပ်ကြသည်။ အဆုံး၌ ၎င်းတို့ရှာမှီးသည့်အရာတွင် ဘုရားသခင်အကြောင်း ကောက်ချက်များဖြစ်သည့် ဘာသာရေးဂယက်အနက်တွင်လည်းကောင်း၊ ခေတ်နောက်ကျနေသည့် အယူသီးမှုတွင်လည်းကောင်း၊ စိတ်ကူးယဉ်ဆန်ကာ သဘာဝမကျသကဲ့သို့ ပဟေဠိဆန်သောအရာအားလုံးထဲတွင်လည်းကောင်း စုံးစုံးမြုပ်နေသည့် ကောက်ချက်များသာ ပါဝင်နေသည်။ ဘုရားသခင်ကို ၎င်းတို့သိကျွမ်းပြီး အဓိပ္ပာယ်ဖွင့်သည့်ပုံမှာ အထက်ကောင်းကင်ဘုံကိုသာ ယုံကြည်သော၊ သို့မဟုတ် မိုးကောင်းကင်ရှိ အဘိုးအိုကိုသာ ယုံကြည်ကြသော လူများနှင့် တစ်ထေရာတည်းပင်ဖြစ်သည်၊ သို့သော်လည်း စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်နှင့် ဆက်နွှယ်လျက်ရှိသော အရာအားလုံးဖြစ်သည့် ဘုရားသခင်၏ စစ်မှန်မှု၊ သူ၏အနှစ်သာရ၊ သူ၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းစသည်တို့မှာမူ ၎င်းတို့၏ အသိပညာက နားလည်နိုင်ခြင်းမရှိသည့် အရာများဖြစ်နေသည်၊ ထိုအရာများသည် ၎င်းတို့၏ အသိပညာနှင့် လုံးလုံးကင်းကွာပြီး၊ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတမျှပင် ဝေးကွာလေသည်။ ဤနည်းအားဖြင့် ဤလူများသည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုနှင့် အာဟာရဖြည့်ပေးခြင်းကို ခံယူလျက် အသက်ရှင်ကြသော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း လမ်းကြောင်းကို အမှန်တကယ် လျှောက်လှမ်းနိုင်ခြင်းမရှိကြပေ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းမှန်မှာ ၎င်းတို့သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သိကျွမ်းခဲ့ဖူးခြင်းမရှိသကဲ့သို့၊ သူနှင့် စစ်မှန်သော ဆက်သွယ်မှု၊ သို့မဟုတ် စစ်မှန်သော ဆက်ဆံရေးလည်း မရှိသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့် အပြန်အလှန် နားလည်သဘောပေါက်မှု ရရှိဖို့ မဖြစ်နိုင်သကဲ့သို့၊ ၎င်းတို့အတွင်း၌ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း၊ ဘုရားသခင်နောက်ကို လိုက်ခြင်း၊ သို့မဟုတ် ဘုရားသခင်ကို ကိုးကွယ်ခြင်းတို့ နိုးကြားလာအောင် လုပ်ရန်လည်း မဖြစ်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ကို ဤနည်းဖြင့် သဘောထားကြသည်- ဤအမြင်ရှုထောင့်နှင့် သဘောထားတို့က ၎င်းတို့ကို ၎င်းတို့၏ အားထုတ်ကြိုးပမ်းမှုများမှ လက်ချည်းသက်သက်လှည့်ပြန်ရကိန်း ဆိုက်စေခဲ့ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း လမ်းကြောင်းကို ထာဝရလျှောက်လှမ်းနိုင်စွမ်း မရှိသည့်ကိန်း ဆိုက်စေသည်။ ၎င်းတို့ရည်မှန်းနေသည့် ပန်းတိုင်နှင့် ၎င်းတို့သွားနေသည့် ဦးတည်ချက်တို့က ၎င်းတို့သည် ထာဝရကာလတိုင် ဘုရားသခင်၏ရန်သူများ ဖြစ်လာမည် ဖြစ်ကြောင်းနှင့် ကယ်တင်ခြင်းကို ထာဝရကာလတိုင် လုံးဝရရှိနိုင်မည် မဟုတ်ကြောင်း ညွှန်ပြနေပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏” မှ

ဘုရားသခင်သည် သမ္မာတရားကို ဆာငတ်သည့်၊ သမ္မာတရားကို ရှာဖွေသည့်၊ ပြီးလျှင် သမ္မာတရားကို ချစ်မြတ်နိုးသည့် လူများအတွက် သမ္မာတရားကို ဖော်ပြပေသည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများတို့ကိုသာ စိတ်ဝင်စားသည့်သူများနှင့် ရှည်လျားပြီး ခမ်းကြီးနားကြီးနိုင်သော မိန့်ခွန်းများကို ဟောကြားလိုသည့် သူများအတွက်မူ၊ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အရူးလုပ်နေကြသည်။ ထိုကဲ့သို့သော လူများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သက်ဆိုင်သည့် မမှန်ကန်သော အမြင်ရှုထောင့်တစ်ခု ရှိသည်။ ၎င်းတို့သည် ဖြောင့်မတ်သောအရာကို ဖတ်ဖို့ ၎င်းတို့၏ဇက်များကို လိမ်ကြသည်- ၎င်းတို့၏ အမြင်ရှုထောင့်အားလုံးသည် မှားယွင်းလေသည်။ လူအချို့သည် ကောင်းချီး မင်္ဂလာခံစားရခြင်းနှင့် လူသား၏ ခရီးပန်းတိုင်တို့အကြောင်း သူပြောသည့်အရာကို လေ့လာလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သုတေသန လုပ်ဖို့သာ သိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီပါက၊ ၎င်းတို့သည် အပျက်သဘောဆောင်လာပြီး၊ ၎င်းတို့၏ ရှာဖွေလိုက်စားခြင်းကို ရပ်တန့်လိုက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားကြောင်းကို ဤအရာက ပြနေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို အလေးအနက် မထားကြချေ။ ၎င်းတို့သည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးတို့နှင့် သက်ဆိုင်သည့် သမ္မာတရားကို လက်ခံခြင်းသာ တတ်နိုင်စွမ်း ကြသည်။ ထိုကဲ့သို့သော လူများသည် ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ရာ၌ စိတ်ထက်သန်ကြပြီး၊ ကောင်းမှုအချို့ကို လုပ်ဆောင်ဖို့ နည်းလမ်းမျိုးစုံ ကြိုးစားကာ၊ အခြားသူများအား မိမိတို့ကိုယ်ကိုယ် ကောင်းမွန်စွာ ဟန်ရေးပြကြ သော်လည်း၊ ၎င်းတို့သည် အနာဂတ်တွင် ခရီးပန်းတိုင်ကောင်းတစ်ခု ရှိဖို့အလို့ငှာသာ လုပ်ဆောင်နေကြခြင်း ဖြစ်ပေသည်။ ၎င်းတို့သည် အသင်းတော်အသက်တာတွင်လည်း ပါဝင်ပြီး၊ အခြားလူတိုင်းနှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေကြသော်လည်း၊ ၎င်းတို့သည် သမ္မာတရား လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းနှင့် သမ္မာတရားကို ရရှိခြင်းတို့တွင် အခက်အခဲ ရှိနေပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့် အခြားသူများရှိသေးသော်လည်း၊ ဟန်ဆောင်လုပ်ပြရုံမျှသာ လုပ်ပြကြသည့်သူများ ဖြစ်သည်။ ၎င်းတို့သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒအနည်းငယ်တို့ကို နားလည်လာခြင်းသက်သက်ဖြင့် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့သည် မိုက်မဲလိုက်လေတကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် သမ္မာတရားကို သေချာပေါက် နားလည်ပြီး ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်ခြင်းမရှိပါက၊ သင်ရရှိသည့်အရာများသည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်မည်။ သမ္မာတရားကို ရရှိခြင်းသည် မည်သည့်အရာကို ဆိုလိုမှန်း သင်မသိပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်ဖဝါးထဲတွင် ကိုင်ထားနိုင်သော်လည်း၊ ထိုနှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက် ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်နိုင်သေးဘဲ၊ သင်သည် ကျမ်းဟောင်းတရားနှင့် အယူဝါဒ အချို့ကိုသာ ရရှိသည်။ ပထမဦးစွာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လွယ်ကူရှင်းလင်းခြင်း မရှိသည်ကို သင်သဘောပေါက်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လုံးလုံးလျားလျား နက်နဲပေသည်။ နှစ်များစွာ၏ အတွေ့အကြုံမရှိဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မည်သို့ အမှန်တကယ် နားလည်ရန် ဖြစ်နိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဝါကျတစ်ကြောင်းသည်ပင် သင် ပြည့်ဝစွာ တွေ့ကြုံခံစားရန် သင်၏တစ်သက်တာ လိုအပ်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သော်လည်း၊ ဘုရားသခင်၏ အလိုတော်ကို နားမလည်ချေ။ ဘုရားနှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်များ၊ ၎င်းတို့၏ မူလဇာစ်မြစ်၊ ၎င်းတို့ရရှိဖို့ ကြိုးစားသည့် အကျိုးသက်ရောက်မှု သို့မဟုတ် ၎င်းတို့ ဖြစ်မြောက်ဖို့ ကြိုးစားသည့် အရာတို့ကို သင်နားမလည်ချေ။ ဤအရာများထဲမှ တစ်ခုကိုမျှ သင်နားမလည်ပါက၊ သမ္မာတရားကို သင်မည်သို့ နားလည်နိုင်မည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကြိမ်ပေါင်းများစွာ ဖတ်ပြီးနိုင်လောက်ကာ၊ ကျမ်းချက်များစွာကိုပင် အလွတ်ရွတ်ဆိုကောင်း ဆိုနိုင်လိမ့်မည် ဖြစ်သော်လည်း၊ သင်သည် လုံးဝ မပြောင်းလဲသေးသကဲ့သို့၊ မည်သည့်တိုးတက်မှု တစ်ခုမျှလည်း မပြုလုပ်ရသေးပေ။ ဘုရားသခင်နှင့် သင်၏ ပေါင်းသင်းဆက်ဆံရေးသည် ယခင်ကကဲ့သို့ပင် ဝေးကွာပြီး ခပ်တန်းတန်း ဖြစ်နေသည်။ ယခင်ကကဲ့သို့ပင်၊ သင်နှင့် ဘုရားသခင်တို့ကြားတွင် အတားအဆီးများ ရှိနေဆဲဖြစ်ပြီး၊ သူ့ကို သင် သံသယရှိနေဆဲ ဖြစ်လေသည်။ သင်သည် ဘုရားသခင်ကို နားမလည်ရုံမျှသာမက၊ သူ့ကို ဆင်ခြေများပေးကာ၊ သူနှင့် သက်ဆိုင်သည့် အယူအဆများ သင်၌ရှိနေသည်။ သင်သည် သူ့ကို အာခံပြီး၊ သူ့ကို ပြစ်မှားစော်ကားခြင်းပင် ပြုလေသည်။ ဤအရာက သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု မည်သို့ဆိုလိုနိုင်သနည်း။ လူတိုင်း၌ ၎င်းတို့နေ့စဉ်ဖတ်ရှုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်အုပ်ရှိပြီး သမ္မာတရားအပေါ် မိတ်သဟာယ ပြုခြင်းမှ ၎င်းတို့ရရှိသည့် ဉာဏ်အလင်းပွင့်ခြင်းကို ၎င်းတို့ ရေးချထားသော်လည်း အဆုံးတွင် လူအမျိုးမျိုးသည် ကွဲပြားခြားနားသည့် အကျိုးသက်ရောက်မှုများကို စွမ်းဆောင် ရရှိကြသည်။ အချို့က အယူဝါဒများအပေါ် အာရုံစိုက်သော်လည်း အခြားလူများကမူ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်ကြသည်။ အချို့က အလွန်လေးနက်ပြီး နက်နဲသောအရာကို လေ့လာဖို့ သာ၍ နှစ်သက်ကြသော်လည်း အခြားသူများက လူ၏အနာဂတ် ပန်းတိုင်အကြောင်း သင်ယူဖို့ သာ၍ နှစ်သက်ကြသည်။ အချို့က စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို လေ့လာဖို့ သာ၍ နှစ်သက်ကြသော်လည်း အချို့က နှစ်သိမ့်ခြင်းနှင့် သက်ဆိုင်သည့် နှုတ်ကပတ်တော်များကို ရှာဖွေကြပြီး အခြားသူများက ပရောဖက်ပြုခြင်းများကို ဖတ်ဖို့ သာ၍ နှစ်သက်ကြသည်— လူများအာရုံစိုက်သည့် အရာများသည် ကွဲပြားခြားနားကြ၏။ လူအချို့က အသင်းတော်တို့အား သန့်ရှင်းသောဝိညာဉ်တော် မိန့်မြွက်သည့် နှုတ်ကပတ်တော်များကို ဖတ်ဖို့ သာ၍ နှစ်သက်ကြပြီး “ငါ၏သားများ” ဖြစ်လိုကြသည်။ သို့ရာတွင် ထိုသို့သော လူများသည် အဆုံးတွင် မည်သည့်အရာကို ရရှိမည်နည်း။ “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မည်မျှနှစ်သိမ့်မှုပေးသည်ကို ကြည့်ကြလော့။ ‘ငါ့သားတို့၊ ငါ့သားတို့’ ဟုဆို၏။ ထိုသို့သော နှစ်သိမ့်မှုကို လောကတွင် အခြားမည်သူက ပေးနိုင်မည်နည်း” ဟု ပြောသည့် ယုံကြည်သူအသစ်အချို့ ယခုခေတ်တွင် ရှိကြသည်။ ဤနှုတ်ကပတ်တော်များသည် မည်သူအတွက် ရည်ရွယ်ထားသည်ကို ၎င်းတို့နားမလည်ကြပေ။ ဘုရားသခင်၏ အမှုတော်အသစ်ကို တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်ကြာ လက်ခံပြီးသည့်နောက်တွင်ပင် လူအချို့က နားမလည်နိုင်သေးဘဲ၊ ရှက်သွေးဖြာခြင်း အရှက်ရခြင်း မရှိဘဲ ဤအရာများကို အရှက်မရှိ ပြောကြဆဲဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို နားလည်ခြင်းဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကိုပင် နားမလည်ကြပေ၊ သို့သော်လည်း ဘုရားသခင်၏ သားများဟူသော ဂုဏ်ဒြပ်ကို ခံယူဝံ့ကြသည်တကား။ ထိုသို့သော လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်မှ မည်သည့်အရာကို သင်ယူကြသနည်း။ ၎င်းတို့လုပ်ဆောင်သမျှမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အဓိပ္ပာယ်ကောက်လွဲခြင်းသာ ဖြစ်တော့၏။ သမ္မာတရားကို မချစ်သူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်သော်လည်း သမ္မာတရားကို မည်သည့်အခါမျှ ရရှိမည် မဟုတ်ပေ။ တစ်စုံတစ်ဦး၌ သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ မရှိသည့်အခါ သင်သည် ၎င်းတို့နှင့် မည်မျှမိတ်သဟာယပြုပါစေ ၎င်းတို့က သမ္မာတရားကို အာရုံစိုက်ကြမည် မဟုတ်ပေ။ သမ္မာတရားကို ချစ်သူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှု ပြီးသည့်နောက် ဘုရားသခင်၏အလိုတော်ကို နားလည်ဖို့ ကြိုးစားကြလိမ့်မည်။ ၎င်းတို့က သမ္မာတရားကို လေ့လာစုံစမ်းပြီး သမ္မာတရားအကြောင်း အခြားသူများနှင့် မိတ်သဟာယပြုကြလိမ့်မည်။ ဤလူစားမျိုးသာလျှင် သမ္မာတရားကို ရရှိဖို့ မျှော်လင့်ချက် ရှိပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏ လက်တွေ့အရှိတရား ရှိသူများသာလျှင် ဦးဆောင်လမ်းပြနိုင်သည်” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို လိုက်နာခြင်းသည် ကောင်းကင်ဘုံက စေလွှတ်သော လူသား၏အလုပ်တာဝန်ဖြစ်သည်။ ဘုရားသခင်ပြောသည့်အရာသည် လူသား၏ အရေးကိစ္စမဟုတ်ပေ။ မည်သည့်အရာကို ဘုရားသခင်ပြောသည်ဖြစ်စေ၊ လူသားနှင့်သက်ဆိုင်၍ မည်သည့်အရာကို ဘုရားသခင်တောင်းဆိုသည်ဖြစ်စေ၊ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ အနှစ်သာရနှင့် အဆင့်အတန်းတို့သည် မပြောင်းလဲပေ- သူသည် အစဉ် ဘုရားသခင်ဖြစ်၏။ သူသည် ဘုရားသခင်ဖြစ်သည်ဟု သင်သံသယမရှိသည့်အချိန်တွင်၊ သင်၏တစ်ခုတည်းသော တာဝန်၊ သင်လုပ်ဆောင်သင့်သည့် တစ်ခုတည်းသောအရာမှာ သူပြောသည့်အရာကို နားထောင်ဖို့ ဖြစ်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ဖြစ်၏။ ဘုရားသခင်၏ သတ္တဝါတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မလေ့လာသင့်၊ မစိစစ်သင့်၊ မစူးစမ်းမစစ်ဆေးသင့်၊ မငြင်းပယ်သင့်၊ ဆန့်ကျင်ဘက်မပြောသင့်၊ မနာခံဘဲမနေသင့်၊ သို့မဟုတ် ငြင်းဆိုသင့်ပေ။ ဤအရာကို ဘုရားသခင် စက်ဆုပ်သကဲ့သို့ လူသားထဲတွင် သူမြင်တွေ့ရန် ဆန္ဒရှိသည့်အရာ မဟုတ်ပေ။ သို့ဆိုလျှင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမှာ အဘယ်နည်း။ ယင်းသည် အမှန်တကယ်တွင် အလွန်ရိုးရှင်း၏။ နားထောင်ဖို့ သင်ယူလော့၊ သင်၏စိတ်နှလုံးဖြင့် နားထောင်လော့၊ သင်၏စိတ်နှလုံးဖြင့် လက်ခံလော့၊ သင်၏စိတ်နှလုံးဖြင့် နားလည်ကာ သဘောပေါက်လော့၊ ထို့နောက် သင်၏စိတ်နှလုံးဖြင့် သွား၍ လုပ်ဆောင်ကာ ဆောင်ရွက်ပြီး အကောင်အထည်ဖော်လော့။ သင်၏စိတ်နှလုံးထဲတွင် သင်ကြားပြီး သဘောပေါက်သည့်အရာသည် သင်လက်တွေ့လုပ်ဆောင်သည့်အရာနှင့် နီးစပ်စွာ ဆက်စပ်၏။ နှစ်ခုကို မခွဲခြားနှင့်။ အရာရာတိုင်း- သင်လက်တွေ့လုပ်ဆောင်သည့်အရာ၊ သင်နာခံသည့်အရာ၊ သင်ကိုယ်တိုင်၏ လက်ဖြင့် သင်လုပ်ဆောင်သည့်အရာ၊ သင်အလုပ်များနေရသည့် အရာရာတိုင်းသည်- သင်၏စိတ်နှလုံးထဲတွင် သင်ကြားပြီး သဘောပေါက်သည့်အရာနှင့် ဆက်စပ်၏၊ ဤအရာတွင်၊ သင်သည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို နာခံမှုအား စွမ်းဆောင်ရရှိလိမ့်မည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၂)” မှ

နောဧသည် ဘုရားသခင်ကို ကိုးကွယ်ပြီး ဘုရားသခင်နောက်တော်သို့လိုက်သော သာမန်လူသားမျိုးနွယ်ဝင်တစ်ယောက်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က သူ့အပေါ် ကျရောက်လာသည့်အခါ သူ၏သဘောထားမှာ အချိန်ဆွဲမနေရန်၊ မနှောင့်နှေးရန်၊ သို့မဟုတ် အချိန်ယူမနေရန်ဖြစ်သည်။ ဤအစား သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို အလွန်အလေးအနက် နားထောင်ခဲ့သည်။ ဘုရားသခင်က သူ့အား အမိန့်ပေးသည့် အရာတိုင်းကို နားလည်ပြီး မှတ်မိရန် လုံ့လဝီရိယရှိစွာ ကြိုးစားလျက်၊ မည်သည့်အရာမျှ ကျော်မသွားစေဝံ့ဘဲ ဘုရားသခင်၏ မိန့်မြွက်ချက်တိုင်းကို အလွန်ဂရုစိုက်၊ အာရုံစိုက်လျက် နားထောင်ခဲ့သည်။ ဘုရားသခင်အပေါ်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ် သူ၏သဘောထားသည် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းဖြစ်သည်။ ဤသည်မှာ သူ၏စိတ်နှလုံးတွင် ဘုရားသခင်အတွက် တစ်နေရာရှိသည်၊ သူသည် ဘုရားသခင်အပေါ် နာခံသည်ဆိုသည်တို့ကို ပြသည်။ ဘုရားသခင်ပြောသည့်အရာ၊ ဘုရားနှုတ်ကပတ်တော်တို့တွင် ပါဝင်သည့် အကြောင်းအရာ၊ ဘုရားသခင်က သူ့အား စေခိုင်းသည့်အရာတို့ကို ဂရုတစိုက် နားထောင်ခဲ့သည်။ အာရုံစိုက်လျက် နားထောင်ခဲ့သည်။ ပိုင်းခြားစိစစ်ခြင်းမဟုတ်ဘဲ လက်ခံခြင်းဖြင့် နားထောင်ခဲ့သည်။ သူ၏စိတ်နှလုံးတွင် ငြင်းပယ်ခြင်း၊ ရွံ့မုန်းခြင်း၊ သို့မဟုတ် စိတ်မရှည်ခြင်းမရှိ။ ဤအစား ဘုရားသခင်က သူ့အား စေခိုင်းသည့် အရာတိုင်း၊ စကားလုံးတိုင်းကို သူ၏စိတ်နှလုံးတွင် တည်ငြိမ်စွာ၊ ဂရုစိုက်စွာ၊ အာရုံစိုက်စွာ မှတ်သားထားခဲ့သည်။ ဘုရားသခင်က သူ့အား ညွှန်ကြားချက်တစ်ခုစီကို ပေးပြီးနောက်တွင် နောဧသည် ဘုရားသခင်က သူ့အား ပြောဆိုပြီး အပ်နှံခဲ့သည့်အရာတိုင်းကို အသေးစိတ်၊ သူ၏ကိုယ်ပိုင်နည်းလမ်းတို့ဖြင့် မှတ်သားခဲ့သည်။ ထို့နောက်တွင် သူ၏ကိုယ်ပိုင်အလုပ်တို့ကို ဘေးဖယ်လိုက်သည်။ သူ၏အသက်တာဟောင်းက လုပ်ရိုးလုပ်စဉ်အလုပ်များနှင့် အစီအစဉ်များကို ဖြတ်တောက်ထားခဲ့သည်။ ပြီးလျှင် ဘုရားသခင်က သူ့အား လုပ်ဆောင်ရန် အပ်နှံထားခဲ့သည့်အရာအားလုံး၊ ဘုရားသခင်က သူ့ကို တည်ဆောက်ခိုင်းသည့် သင်္ဘောအတွက်လိုအပ်သော ပစ္စည်းများအားလုံးကို စတင်ပြင်ဆင်သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ခုတလေကိုမျှ၊ သို့မဟုတ် ဘုရားသခင်တောင်းဆိုသည့်အရာ တစ်ခုတလေကိုမျှ၊ သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်တွင် သူ့ကို တောင်းဆိုထားသည့်အရာ၏ အသေးစိတ်အချက်အလက် တစ်ခုတလေကိုမျှ လျစ်လျူမရှုဝံ့ပေ။ သူ၏ကိုယ်ပိုင်နည်းလမ်းများဖြင့် သူ့အပေါ် ဘုရားသခင်စေခိုင်းပြီး အပ်နှံခဲ့သည့်အရာအားလုံး၏ အဓိကအချက်များနှင့် အသေးစိတ်အချက်အလက်များကို မှတ်တမ်းတင်ခဲ့ပြီး ထို့နောက် ၎င်းတို့ကို အကြိမ်ကြိမ်အခါခါ ချင့်ချိန်စဉ်းစားကာ ဆင်ခြင်ခဲ့သည်။ ထို့နောက်တွင် နောဧသည် ဘုရားသခင်က သူ့အားပြင်ဆင်ခိုင်းသည့် ပစ္စည်းများအားလုံးကို သွားရောက်ရှာဖွေခဲ့သည်။ ဘုရားသခင်က ညွှန်ကြားချက်တစ်ခုစီကို ပေးပြီးနောက်တွင် နောဧသည် ပုံမှန်ပင် သူ၏ကိုယ်ပိုင်နည်းလမ်းဖြင့် ဘုရားသခင်က သူ့အား တာဝန်ပေးစေခိုင်းသည့်၊ လုပ်ဆောင်ရန်ညွှန်ကြားသည့် အရာအားလုံးအတွက် အသေးစိတ်စီမံမှုများ၊ အစီအစဉ်များကို ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် သူ၏စီမံမှုများ၊ အစီအစဉ်များအပြင် ဘုရားသခင်စေခိုင်းထားသည့်အရာ၏ အသေးစိတ်အချက်အလက်တိုင်းနှင့် အဆင့်တစ်ခုချင်းစီကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ပြီး စီမံဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးတွင် နောဧလုပ်ဆောင်ခဲ့သည့်အရာရာတိုင်းသည် ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ လူသားအမြင်တွင် ထူးခြားသည်ဖြစ်စေ၊ မထူးခြားသည်ဖြစ်စေ ဘုရားသခင်က သူ့အား လုပ်ဆောင်ရန် ညွှန်ကြားခဲ့သောအရာ၊ ဘုရားသခင်က ပြောဆိုခဲ့ပြီး တောင်းဆိုခဲ့သည့်အရာဖြစ်သည်။ နောဧသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက်တွင် သူဖော်ပြခဲ့သည့် အရာအားလုံးကို ကြည့်လျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ် သူ၏သဘောထားသည် နားထောင်ခြင်းသက်သက်ထက်မပိုခြင်းမျှသာ မဟုတ်ဘဲ ဤနှုတ်ကပတ်တော်တို့ကို ကြားပြီးနောက်တွင် နောဧသည် စိတ်ပါသည့်အချိန်၊ ပတ်ဝန်းကျင်အခြေအနေက သင့်လျော်သည့်အချိန်၊ သို့မဟုတ် ဤအရာကို ဆောင်ရွက်ရန် အချိန်ကောင်းဖြစ်သည့်အချိန်ကို ရွေးချယ်ခြင်းမျိုး သာ၍ပင် မဟုတ်ဆိုသည်မှာ ထင်ရှားသည်။ ဤအစား သူ၏ကိုယ်ပိုင်အလုပ်များကို ဘေးဖယ်ခဲ့သည်။ သူ့ဘဝ၏ လုပ်ရိုးလုပ်စဉ်အလုပ်များကို ဖြတ်တောက်ခဲ့သည်။ ထိုအချိန်မှစပြီး ဘုရားသခင်က အမိန့်ပေးခဲ့သည့် သင်္ဘောတည်ဆောက်ခြင်းကို သူ့ဘဝနှင့် သူ၏ဖြစ်တည်မှုတွင် အကြီးမားဆုံးသော ဦးစားပေးအရာအဖြစ် ထားရှိခဲ့သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၏သဘောထားသည် ငြင်းပယ်ခြင်းဖြစ်ရန် မဆိုထားနှင့်၊ ပေါ့ပေါ့တန်တန်ဖြစ်ခြင်း၊ အပေါ်ယံဆန်ခြင်း၊ သို့မဟုတ် ပြောင်းလဲလွယ်ခြင်းပင် မရှိပေ။ ဤအစား သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဂရုစိုက်၍ နားထောင်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှတ်မိရန်၊ ချင့်ချိန်တွေးတောရန် စိတ်နှစ်၍ လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၏သဘောထားသည် လက်ခံခြင်းနှင့် နာခံခြင်းသဘောထားဖြစ်သည်။ ဘုရားသခင်အတွက် ဤအရာသည်သာ ဘုရားသခင်၏ ဖန်ဆင်းခံအစစ်အမှန်က သူ၏နှုတ်ကပတ်တော်တို့အပေါ် ထားရှိသင့်သည့် သဘောထားဖြစ်သည်။ ဤသဘောထားတွင် ငြင်းပယ်ခြင်း၊ စိတ်မပါခြင်း၊ ဆန္ဒမရှိခြင်းတို့ မရှိသကဲ့သို့ လူ့အကြံတို့ ရောနှောထားခြင်းလည်းမရှိပေ။ ယင်းသည် အလုံးစုံနှင့် ပြည့်စုံစွာပင် ဖန်ဆင်းခံတစ်ဦး ရှိရမည့် သဘောထားဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၂)” မှ

အာဗြဟံသည် ရိုးသားသောသူတစ်ယောက်ဖြစ်သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ်တွင် သဘောထားတစ်ခုသာရှိသည်- နားထောင်ရန်၊ လက်ခံရန်နှင့် နာခံရန်ဖြစ်သည်။ ဘုရားသခင်မိန့်ဆိုသည့် မည်သည့်အရာကိုမဆို သူနားထောင်ခဲ့သည်။ တစ်စုံတစ်ခုသည် အနက်ရောင်ဖြစ်သည်ဟု ဘုရားသခင်ဆိုလျှင် ယင်းက သူ့အတွက် အနက်ရောင်ဖြစ်သည့်ပုံမပေါ်လျှင်ပင် အနက်ရောင်ဖြစ်သည်ဟု အမေးအမြန်းမရှိ အာဗြဟံယုံကြည်ခဲ့သည်။ တစ်စုံတစ်ခုသည် အဖြူရောင်ဖြစ်သည်ဟု ဘုရားသခင်ဆိုလျှင် ယင်းသည် အဖြူရောင်ဖြစ်၏။ ဤမျှရိုးရှင်းသည်။ ဘုရားသခင်က သူ့အား ကလေးတစ်ယောက်ပေးမည်ဟုဆိုသောအခါ အာဗြဟံက “ငါသည် အသက်နှစ်တစ်ရာရှိပြီ။ ဘုရားသခင်က ငါ့အား ကလေးတစ်ယောက်ပေးမည်ဟု ဆိုလျှင် ဘုရားသခင်ကို ငါကျေးဇူးတင်သည်။ ငါ၏သခင်ကို ကျေးဇူးတင်သည်” ဟု တွေးခဲ့၏။ သူသည် အမှုအရာများကို အလွန်အကျွံ စဉ်းစားတွေးတောခြင်းမရှိ။ ဘုရားသခင်ကိုသာ သူယုံကြည်ခဲ့သည်။ ဤယုံကြည်မှု၏ အဖြစ်အနေသည် အဘယ်နည်း။ ဘုရားသခင်၏ အဖြစ်အနေနှင့် ကိုယ်ပိုင်လက္ခဏာကို သူယုံကြည်ခဲ့သည်။ ဖန်ဆင်းရှင်အပေါ် သူ၏သိမြင်မှုသည် မှန်ကန်သည်။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန်စွမ်းအားကို ပိုင်ဆိုင်ကြောင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သည်ဟု ကျယ်လောင်စွာ ပြောဆိုသော်လည်း “ငါတို့သည် မျောက်ဝံများမှတစ်ဆင့် ဆင့်ကဲပြောင်းလဲပြီး ဖြစ်ပေါ်လာသည်မဟုတ်လော။ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းသည့်အခါတွင် အဘယ်ကြောင့် ငါမမြင်ခဲ့ရသနည်း” ဟူ၍ မိမိတို့၏စိတ်နှလုံးတွင် သံသယရှိသော လူအချို့ကဲ့သို့ အာဗြဟံမဟုတ်ပေ။ ဘုရားသခင်ပြောဆိုသည်ကို ၎င်းတို့ကြားသည့်အခါတိုင်း ၎င်းတို့၏ စိတ်နှလုံးတွင် မေးခွန်းကြီးများရှိနေသည်။ ဘုရားသခင်ပြောဆိုသည့် အချက်အလက်၊ အမှုကိစ္စနှင့် ညွှန်ကြားချက်တိုင်းကို ၎င်းတို့က လုံ့လဝီရိယရှိစွာ၊ သတိရှိစွာဖြင့် ခရေစေ့တွင်းကျ လေ့လာပြီး စိစစ်ရသည်။ ဤသို့မဟုတ်ဘဲ ၎င်းတို့က ဂရုမစိုက်လျှင် လှည့်စားခံရနိုင်သည်၊ အသုံးချခံရနိုင်သည်။ သို့သော် အာဗြဟံက ထိုကဲ့သို့မဟုတ်ပေ။ သူ၏စိတ်နှလုံးသည် စင်ကြယ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို စင်ကြယ်သောနှလုံးသားဖြင့် သူနားထောင်ခဲ့သည်။ ဤတစ်ကြိမ်တွင် ဘုရားသခင်က ပြောဆိုသည့်အခါ သူ့ကို နာကျင်စေသော်လည်း ယုံကြည်ပြီး နာခံရန်ကိုသာ သူရွေးချယ်မြဲဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် မပြောင်းလဲ၊ လက်တွေ့ဖြစ်ပေါ်လာမည်၊ ဖန်ဆင်းခံလူသားမျိုးနွယ်က ဆောင်ရွက်ပြီး နာခံသင့်သည့်အရာများဖြစ်သည်ဟု သူယုံကြည်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရင်ဆိုင်ရသည့်အခါ ဖန်ဆင်းခံလူသားမျိုးနွယ်သည် လေ့လာရန်၊ သို့မဟုတ် စိစစ်ရန် မဆိုထားနှင့်၊ ရွေးချယ်ပိုင်ခွင့်ပင် မရှိ။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ် အာဗြဟံ၏ သဘောထားဖြစ်သည်။ ထို့ကြောင့် သူသည် အလွန်ပင်နာကျင်ရသော်လည်း၊ သူ့သားအပေါ် သူ၏တွယ်တာခြင်း၊ ချစ်ခြင်းနှင့် မြတ်နိုးခြင်းတို့ကြောင့် အဆုံးစွန်သောဖိစီးမှုနှင့် ဆင်းရဲဒုက္ခကို ခံစားခဲ့ရသော်လည်း သူ့သားကို ဘုရားသခင်အား ပြန်ပေးရန်ကိုသာ ရွေးချယ်ခဲ့သည်။ သူ့သားကို ဘုရားသခင်ထံသို့ အဘယ်ကြောင့် ပြန်လည်ပေးအပ်ရသနည်း။ ဘုရားသခင်က မတောင်းဆိုခဲ့လျှင် သူ၏သားကို ပြန်လည်ပေးအပ်ရန် သူ့သဘောနှင့်သူ လုပ်ဆောင်ဖို့ မလိုပေ။ သို့သော် ဘုရားသခင်က တောင်းဆိုသည့်အခါ သူ့သားကို ဘုရားသခင်ထံသို့ ပြန်လည်ပေးအပ်ရသည်။ သူ့တွင် ဆင်ခြေမရှိပေ။ လူတို့သည် ဘုရားသခင်နှင့် ကျိုးကြောင်းပြပြောဆိုရန် မကြိုးစားသင့်။ ဤသည်မှာ အာဗြဟံ၏ သဘောထားဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သူနာခံသည့် စင်ကြယ်သောနှလုံးသားဖြစ်သည်။ ဤသည်မှာ ဘုရားသခင် အလိုရှိသောအရာ၊ ဘုရားသခင် မြင်တွေ့လိုသောအရာဖြစ်သည်။ ဣဇက်ကို ယဇ်ပူဇော်ရာ၌ အာဗြဟံဖြစ်မြောက်စေခဲ့သောအရာ၊ ဘုရားသခင်ရှေ့မှောက်တွင် သူပြသခဲ့သည့်အရာသည် ဘုရားသခင် မြင်တွေ့လိုသောအရာဖြစ်ပြီး သူ့အပေါ် ဘုရားသခင်၏ စမ်းသပ်မှုဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင်သည် နောဧကို ဆက်ဆံသည့်ပုံစံကဲ့သို့ အာဗြဟံကို မဆက်ဆံပေ။ သူသည် အာဗြဟံအား အကြောင်းအရာတစ်ခုလုံး၊ ဖြစ်စဉ်၊ ဤအမှုကိစ္စနောက်ကွယ်ရှိ အရာအားလုံးကို မပြောပြခဲ့ပေ။ အာဗြဟံသည် တစ်ခုသာ သိသည်- ဘုရားသခင်သည် ဣဇက်ကို ပြန်လည်ပေးအပ်ရန် သူ့ကို တောင်းဆိုသည်။ ဤအရာသာ ဖြစ်သည်။ ဤသို့လုပ်ဆောင်ရာတွင် ဘုရားသခင်သည် သူ့အား စမ်းသပ်နေခြင်းဖြစ်သည်ကို သူမသိသကဲ့သို့ ဤစမ်းသပ်မှုကို ခံယူပြီးနောက်တွင် ဘုရားသခင်သည် သူနှင့် သူ၏သားစဉ်မြေးဆက်တို့အပေါ် မည်သည့်အရာကို ပြီးမြောက်စေလိုသည်ကိုလည်း သတိမပြုမိပေ။ ဘုရားသခင်က သူ့အား အရာအားလုံးကို မပြောပြခဲ့ပေ။ ရိုးရှင်းသော ညွှန်ကြားချက်တစ်ခု၊ တောင်းဆိုမှုတစ်ခုကိုသာ ပြုခဲ့သည်။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်တို့သည် အလွန်ရိုးရှင်းသော်လည်း၊ သွေးအေးရက်စက်သော်လည်း မျှော်လင့်ထားသည့်အတိုင်းပင် အာဗြဟံသည် ဘုရားသခင်ဆန္ဒရှိပြီး တောင်းဆိုခဲ့သည့်အတိုင်း လုပ်ဆောင်ခဲ့သည်။ သူသည် ယဇ်ပလ္လင်တွင် ဣဇာက်ကို ပူဇော်ခဲ့သည်။ သူ၏ယဇ်ပူဇော်မှုသည် လုပ်ရိုးလုပ်စဉ်တစ်ခုသာ မဟုတ်၊ သူသည် ဟန်ပြလုပ်ဆောင်နေခြင်းမျှသာ မဟုတ်ဘဲ သူ၏စိတ်နှလုံးအတွင်းမှ ရိုးသားစစ်မှန်ကြောင်းကို သူလုပ်ဆောင်သမျှ အရာရာတိုင်းက ပြသနေသည်။ သူသည် မခံယူနိုင်သော်လည်း၊ နာကျင်ရသော်လည်း ဖန်ဆင်းရှင်တောင်းဆိုသည့်အရာကို ရင်ဆိုင်ရသည့်အခါတွင် အာဗြဟံသည် မည်သည့်လူသားမျိုးနွယ်ဝင်ကမျှ ပြုလုပ်မည်မဟုတ်သည့် ထိုနည်းလမ်းကို ရွေးချယ်ခဲ့သည်။ ဖန်ဆင်းရှင်တောင်းဆိုသည့်အရာအပေါ် အပြည့်အဝနာခံခြင်း၊ ညှိနှိုင်းမှုမရှိသော၊ ဆင်ခြေများမရှိသော၊ မည်သည့်သတ်မှတ်ချက်မျှမရှိသော နာခံခြင်းဖြစ်သည်။ ဘုရားသခင်တောင်းဆိုသည့်အရာတိုင်းကို သူလုပ်ဆောင်ခဲ့သည်။ ဘုရားသခင်တောင်းဆိုသည့်အရာကို သူလုပ်ဆောင်နိုင်သည့် မည်သည့်အရာကို သူ့တွင် တွေ့ရှိရသနည်း။ တစ်ဖက်တွင် သူ၌ ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်မှုရှိသည်။ ဖန်ဆင်းရှင်သည် ဘုရားသခင်ဖြစ်ကြောင်း၊ သူ၏ဘုရားဖြစ်ကြောင်း၊ သူ၏သခင်ဖြစ်ကြောင်း၊ အရာအားလုံးအပေါ် အုပ်စိုးပြီး လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သောသူဖြစ်ကြောင်းကို သူသေချာခဲ့သည်။ ဤသည်မှာ စစ်မှန်သော ယုံကြည်မှုဖြစ်၏။ တစ်ဖက်တွင် သူ၌ စင်ကြယ်သောနှလုံးသားရှိသည်။ ဖန်ဆင်းရှင်မိန့်မြွက်ခဲ့သည့် စကားလုံးတိုင်းကို သူယုံကြည်ခဲ့သည်။ ဖန်ဆင်းရှင်မိန့်မြွက်ခဲ့သည့် စကားလုံးတိုင်းကို ရိုးရှင်းစွာနှင့် ရှင်းရှင်းလင်းလင်း လက်ခံနိုင်ခဲ့သည်။ အခြားတစ်ဖက်တွင် ဖန်ဆင်းရှင်တောင်းဆိုသည့်အရာသည် မည်မျှခက်ခဲပါစေ၊ သူ့ကို မည်မျှနာကျင်စေမည်ဖြစ်ပါစေ သူရွေးချယ်ခဲ့သော သဘောထားသည် နာခံမှုဖြစ်ပြီး ဘုရားသခင်နှင့် ကျိုးကြောင်းပြပြောဆိုခြင်း၊ သို့မဟုတ် ပြန်လည်တွန်းကန်ခြင်း၊ သို့မဟုတ် ငြင်းပယ်ခြင်းမဟုတ်ဘဲ ဘုရားသခင်တောင်းဆိုသည့်အရာနှင့်အညီ၊ ဘုရားသခင်၏ စကားလုံးတိုင်း၊ ထုတ်ပြန်ခဲ့သည့် အမိန့်တိုင်းနှင့်အညီ ဆောင်ရွက်ပြီး အကောင်အထည်ဖော်လျက် အပြည့်အဝ၊ အလုံးစုံနာခံခြင်းဖြစ်သည်။ ဘုရားသခင်တောင်းဆိုပြီး တွေ့မြင်လိုသည့်အတိုင်း အာဗြဟံသည် ဣဇာက်ကို ယဇ်ပလ္လင်တွင် ပူဇော်ခဲ့သည်။ ဣဇက်ကို ဘုရားသခင်ထံ ပူဇော်ခဲ့သည်။ ဘုရားသခင်သည် သင့်တော်သောသူကို ရွေးချယ်ခဲ့ကြောင်း၊ ဘုရားသခင်၏ အမြင်တွင် သူသည် ဖြောင့်မတ်ကြောင်းကို သူလုပ်ဆောင်ခဲ့သမျှ အရာအားလုံးက သက်သေပြခဲ့သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၂)” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဖိုးထားသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ချစ်မြတ်နိုးသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမွန်အမြတ်ထားသောသူများ၊ ဘုရားသခင်မိန့်ဆိုသည့် နှုတ်ကပတ်တော်နှင့် စာကြောင်းတိုင်းအပြင် ဘုရားသခင်ပြောဆိုသည့်ပုံစံကို လေးစားသောသူများ၊ ဘုရားသခင်ပြောဆိုသည့် ရှုထောင့်နှင့် ကျမ်းပိုဒ်တစ်ခုစီတွင် သူပြောဆိုသည့်အရာကို လေးစားသောသူများမှာ ဘုရားသခင်၏လူများဖြစ်ကြသည်။ ဘုရားသခင်၏ရန်သူများသာ သူ၏နှုတ်ကပတ်တော်များကို မကြာခဏလှောင်ပြောင်ကာ အထင်သေးကြသည်။ မထီမဲ့မြင်ပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်၊ ဖန်ဆင်းရှင်မှ ကြေညာသော စကားများအဖြစ် မမှတ်ယူပေ။ ထိုကဲ့သို့ပင် ၎င်းတို့၏စိတ်နှလုံးများ၌ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖျက်လိုဖျက်ဆီးလုပ်ပြီး စိတ်ထင်သလို အဓိပ္ပာယ်ကောက်ရန် မကြာခဏ ဆန္ဒရှိကြသည်။ ၎င်းတို့သည် အဆုံးတွင် ပိုမိုများပြားသောလူတို့၏ ချီးမွမ်းမှုကို ရယူရန် အားစိုက်ထုတ်သည့်အနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖောက်ပြန်ပျက်စီးသော လူသား၏ အကြိုက်များ၊ ဖောက်ပြန်ပျက်စီးသော လူသား၏ ရှုထောင့်အမြင်များ၊ ဖောက်ပြန်ပျက်စီးသော လူသား၏ စဉ်းစားပုံနှင့် အတွေးအခေါ်တို့ဖြင့် ကိုက်ညီစေဖို့၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ပြောင်းလဲရန် ၎င်းတို့၏ နည်းလမ်းများ၊ တွေးခေါ်ပုံနှင့် စဉ်းစားပုံနည်းလမ်းတို့ကို အသုံးပြုဖို့် ကြိုးစားကြသည်။ မည်သည့်အကြောင်းအရာဖြစ်စေ၊ မည်သို့ဆက်သွယ်ပြောဆိုထားသည်ဖြစ်စေ၊ မည်သည့်ရှုထောင့်မှ ပြောဆိုထားသည်ဖြစ်စေ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ပင် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များတွင်ရှိသော သမ္မာတရားကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် နားလည်နိုင်ရန်အလို့ငှာ၊ ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့ ပို၍ အဆင်သင့်နားလည်နိုင်ရန်၊ ပို၍တန်ဖိုးထားနိုင်ရန်၊ ပို၍လွယ်ကူစွာရယူနိုင်ရန် ဘုရားသခင်သည် သူ၏အလိုတော်ကိုရှင်းပြပြီး လူသားမျိုးနွယ်ဝင်ရောက်သင့်သည့်အရာကို ပြောပြရန်အတွက် လူတို့အတွက် သဘောပေါက်ဖို့ သာ၍များစွာ လွယ်ကူသော လူသားဘာသာစကားများ၊ လူသားနည်းလမ်းများအပြင် လမ်းကြောင်းများ၊ ပြောပုံဆိုပုံနှင့် စဉ်းစားတွေးပုံပုံတို့ကို အသုံးပြုလေ့ရှိသည်။ သို့တိုင်အောင် ဘုရားသခင်အား စွပ်စွဲရန်၊ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်ကို ငြင်းပယ်ရန် အန္တိခရစ်များ အသုံးချသည့် အရာတို့မှာ ဤမထင်ရှားသည့် နည်းလမ်းများ၊ ဤမထင်ရှားသည့် လေသံနှင့် မထင်ရှားသောစကားများ အတိအကျပင်ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျော်ကြားသောသူတို့၏ အသိပညာနှင့် အရေးအသားတို့ဖြင့် မကြာခဏ နှိုင်းယှဉ်ကြပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကို လူသိများသောသူတို့၏ မိန့်ခွန်းများ၊ စကားစုများ၊ လေသံ၊ ကိုယ်ကျင့်သိက္ခာတို့နှင့်ပင် နှိုင်းယှဉ်ကြသည်။ ၎င်းတို့သည် ထိုသို့ နှိုင်းယှဉ်လေလေ၊ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ပြောဆိုရန် ထိုက်တန်သည်ဟု မခံစားရလေဖြစ်သည်၊ လေးနက်မှုမရှိဟု ၎င်းတို့ ထင်မြင်လေလေဖြစ်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်၊ ဘုရားသခင်၏လေသံနှင့် ပုံစံတို့အပြင် ဘုရားသခင် ပြောဆိုသော ရှုထောင့်တို့ကို ပြောင်းလဲချင်လေလေ၊ ပြုပြင်ချင်လေလေဖြစ်သည်။ ဘုရားသခင်သည် မည်သို့ပြောဆိုသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ပြောဆိုသည့်အရာမှ လူသားမျိုးနွယ်သည် အကျိုးကျေးဇူးမည်မျှရရှိသည်ဖြစ်စေ အန္တိခရစ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် မမှတ်ယူကြပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များတွင် ၎င်းတို့သည် သမ္မာတရား၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ၊ သို့မဟုတ် အသက်ဝင်ရောက်မှု နည်းလမ်းတို့ကို မရှာဖွေကြ။ ထို့ထက်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အပြင်းအထန် သုတေသနပြု၊ စုံစမ်းစစ်ဆေးသည့် သဘောထားတစ်ခုဖြင့် မှတ်ယူလျက် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သုတေသနပြုရန်၊ လေ့လာရန် စိတ်တစ်ခုဖြင့် မပျက်မကွက် ချဉ်းကပ်ကြသည်။ ပြီးလျှင် ဤသို့၊ ထိုသို့ သုတေသနပြုလျက်၊ နှံ့နှံ့စပ်စပ် စုံစမ်းစစ်ဆေးလျက်၊ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များတွင် ပြောင်းလဲဖို့၊ “ပြုပြင်ဖို့” လိုအပ်သည့် နေရာများစွာရှိသည်ဟု ဆက်လက်ယုံကြည်ကြသည်။ ထို့ကြောင့် အန္တိခရစ်တစ်ယောက်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ထိတွေ့သည့်နေ့မှစ၍၊ ဆယ်နှစ်၊ နှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ်ကြာ ယုံကြည်သူဖြစ်ပြီးနောက်တွင်ပင် အခြားသူများပြောသည့်အရာတို့နှင့် ကွဲလွဲဆန့်ကျင်လျက် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ရှိသည်၊ သို့မဟုတ် သမ္မာတရားရှိသည်ဟု ထင်မြင်ခြင်းမရှိသေးရုံသာမက၊ ဘုရားသခင်၏နှုတ်ကပတ်တော်သည် နိုင်ငံတော်သို့သွားသည့် ဂိတ်တံခါး၊ သို့မဟုတ် ကောင်းကင်နိုင်ငံသို့ ဦးတည်သည့် လမ်းဆိုသည်ကို ၎င်းတို့ မယုံကြည်ပေ။ ယင်းကို ၎င်းတို့ မမြင်ကြပေ။ မရှာဖွေနိုင်ကြပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့စဉ်းစားသနည်း။ “ငါသည် ယုံကြည်သည်မှာ ကြာမြှင့်လေလေ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များက ထူးခြားမှုတစ်ခုမျှမရှိဟု ခံစားရလေလေ ဖြစ်သည်မှာ အဘယ့်ကြောင့်နည်း။ ငါယုံကြည်သည်မှာ ကြာမြှင့်လေလေ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များတွင် သမ္မာတရားမရှိဟု ယုံကြည်လေလေဖြစ်သည်။” ဤသည်မှာ အဘယ်နည်း။ ကောင်းသောလက္ခဏာလော၊ သို့မဟုတ် ဆိုးသောလက္ခဏာလော။ (မကောင်းသောအရာဖြစ်သည်။) အဘယ်သို့ မကောင်းသနည်း။ သင်၏ ယုံကြည်ခြင်းသည် ထိုသို့သော အခြေအနေသို့ရောက်လာသည့်အခါတွင် ဤမျှသာဖြစ်လိမ့်မည်လော။ သင် ယုံကြည်ခြင်း ပြီးဆုံးသွားမည်လော။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို လူသိရှင်ကြား မထီမဲ့မြင်ပြုပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၅)” မှ

မူလက၊ ငါသည် သင်တို့ကို သာ၍များသော သမ္မာတရားများဖြင့် ထောက်ပံ့ရန် ဆန္ဒရှိခဲ့သော်လည်း၊ သမ္မာတရားအပေါ် သင်တို့၏ သဘောထားသည် များစွာအေးစက်လွန်းကာ စိတ်မဝင်စားသောကြောင့်၊ ဤအရာမှ ငါ ရှောင်ကြဉ်ခဲ့ရသည်။ ငါ၏ အားထုတ်မှုများ ဖြုန်းတီး ခံရဖို့အတွက် ငါဆန္ဒမရှိသကဲ့သို့၊ လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို ကိုင်စွဲလျက်ရှိကြသော်လည်း၊ အခြေအနေ အားလုံးတွင် ငါ့ကို ခုခံသည့်အရာ၊ အပုပ်ချပြီး ပြစ်မှားစော်ကားသည့် အရာကို လုပ်ဆောင်နေကြသည်ကိုလည်း တွေ့မြင်ရန် ဆန္ဒမရှိပေ။ သင်တို့၏ သဘောထားများနှင့် လူ့သဘောသဘာဝကြောင့်၊ ငါသည် သင်တို့ကို လူသားမျိုးနွယ်အလယ် ငါ၏စမ်းသပ်ခြင်းအမှုအဖြစ် အသုံးတော်ခံသော ငါ၏နှုတ်ကပတ်တော်များ၏ သေးငယ်ပြီး သင်တို့အတွက် အလွန်အရေးကြီးသည့် အစိတ်အပိုင်းကို ထောက်ပံ့ပေးရုံမျှ ငါပြုသည်။ ငါပြုပြီးသည့် ဆုံးဖြတ်ချက်များနှင့် အစီအစဉ်သည် သင်တို့၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသည့်အပြင်၊ လူသားမျိုးနွယ်အပေါ် ငါ၏သဘောထားသည် မှန်ကန်သော သဘောထား တစ်ခုဖြစ်သည်ကို ယခုအချိန်မှသာ ငါ အမှန်တကယ် အတည်ပြုရ၏။ ငါ့ရှေ့တွင် သင်တို့၏နှစ်ပေါင်းများစွာ အပြုအမူသည် ယခင်က ငါတစ်ကြိမ်တစ်ခါမျှ မရဖူးသော အဖြေကို ငါ့အား ပေးခဲ့ပြီး ဤအဖြေ၏ မေးခွန်းမှာ- “သမ္မာတရားနှင့် စစ်မှန်သော ဘုရားသခင် ရှေ့တွင် လူသား၏ သဘောထားသည် အဘယ်နည်း။” ဟူ၍ ဖြစ်သည်။ လူသားအဖို့ ငါဆက်ကပ်သော အားထုတ်မှုများသည် လူသားအတွက် ငါ၏ချစ်ခြင်းမေတ္တာ၏ အနှစ်သာရကို သက်သေပြပြီး၊ ငါ၏ရှေ့မှောက်က လူသား၏ လုပ်ရပ်တိုင်းသည် သမ္မာတရားအပေါ် ၎င်း၏ စက်ဆုပ်ရွံရှာမှုနှင့် ငါ့ကို ဆန့်ကျင်ခြင်းတို့၏ အနှစ်သာရကို သက်သေပြပေသည်။ အချိန်တိုင်း၊ ငါသည် ငါ့နောက်သို့ လိုက်သောသူ အားလုံးအတွက် စိတ်ပူပန်၏၊ သို့ရာတွင် ငါ့နောက်လိုက်သူများသည် ငါ၏နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ လက်ခံနိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ငါ၏အကြံပေးချက်များကိုပင် လက်မခံနိုင်ကြ။ ဤသည်မှာ ငါ့ကို အားလုံးထဲမှ ဝမ်းအနည်းစေဆုံးသော အရာ ဖြစ်သည်။ ငါ၏သဘောထားသည် စစ်မှန်ပြီး ငါ၏နှုတ်ကပတ်တော်များသည် နူးညံ့သော်လည်း၊ မည်သူမျှ ငါ့ကို နားမလည်နိုင်ဖူးကြသည့်အပြင်၊ ငါ့အား မည်သူမျှ လက်မခံနိုင်ဖူးကြပေ။ အယောက်တိုင်းသည် ၎င်းတို့အား ငါပေးအပ်သည့် အလုပ်ကို မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း လုပ်ဆောင်ဖို့ ကြိုးစားကြသည်။ ၎င်းတို့အား ငါ တောင်းဆိုသည့်အရာကို မေးမြန်းဖို့ မဆိုထားနှင့်၊ ငါ၏ ရည်ရွယ်ချက်များကို ၎င်းတို့ မရှာဖွေကြပေ။ ၎င်းတို့သည် ငါ့ကို ဆန့်ကျင်ပုန်ကန်ကြစဉ်တွင်၊ ငါ့ကို သစ္စာစောင့်သိစွာ အစေခံကြောင်း အခိုင်အမာဆိုကြသေး၏။ များစွာသောသူတို့သည် ၎င်းတို့ လက်မခံနိုင်သည့် သမ္မာတရားများ သို့မဟုတ် ၎င်းတို့ လက်တွေ့မကျင့်သုံးနိုင်သည့် သမ္မာတရားများသည် သမ္မာတရားများ မဟုတ်ဟု ယုံကြည်ကြသည်။ ထိုသို့သော လူသားများတွင်၊ ငါ၏သမ္မာတရားများသည် ငြင်းပယ်ခံရကာ ဘေးဖယ်ထားခံရသည့် အရာတစ်ခု ဖြစ်လာသည်။ တစ်ချိန်တည်းတွင်၊ ငါ့ကို ဘုရားသခင်အဖြစ် လူတို့သည် စကားဖြင့် အသိအမှတ်ပြုသော်လည်း၊ သမ္မာတရား၊ လမ်းခရီး သို့မဟုတ် အသက်မဟုတ်သည့် အပြင်လူတစ်ဦးအဖြစ်လည်း ငါ့ကို ယုံကြည်ကြလေသည်။ ဤအမှန်တရားကို မည်သူမျှ မသိပေ- ငါ၏ နှုတ်ကပတ်တော်များသည် ထာဝရမပြောင်းလဲသော သမ္မာတရား ဖြစ်၏။ ငါသည် လူသားအတွက် အသက်နှင့်ဆိုင်သည့် အထောက်အပံ့ဖြစ်ပြီး လူသားမျိုးနွယ်အတွက် တစ်ဦးတည်းသော လမ်းပြ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အဓိပ္ပာယ်သည် ၎င်းတို့ကို လူသားမျိုးနွယ်က အသိအမှတ်ပြု၊ မပြု သို့မဟုတ် လက်ခံခြင်း ရှိ၊ မရှိ ဆိုသည့်အရာဖြင့် သတ်မှတ်ထားခြင်း မဟုတ်ဘဲ၊ နှုတ်ကပတ်တော်များ ကိုယ်တိုင်၏ အနှစ်သာရဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်မှ လူတစ်ဦးကမျှ ငါ၏နှုတ်ကပတ်တော်များကို လက်မခံနိုင်လျှင်ပင်၊ မည်သည့်လူသားမျှ ငါ၏နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် လူသားမျိုးနွယ်အား ၎င်းတို့၏မစမှုကို ခန့်မှန်း၍မရနိုင်ပေ။ သို့ဖြစ်၍၊ ငါ၏ နှုတ်ကပတ်တော်များကို ပုန်ကန်သော၊ ချေပ ပြောဆိုသော သို့မဟုတ် လုံးဝ အထင်သေးသော လူများစွာနှင့် ရင်ဆိုင်ရသည့်အခါ၊ ငါ၏ ရပ်တည်မှုသည်- အချိန်နှင့် အမှန်တရားများသည် ငါ၏ သက်သေဖြစ်ပြီး ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ကို ပြသပါစေဟူ၍သာ ဖြစ်သည်။ ၎င်းတို့သည် ငါပြောသမျှအားလုံး မှန်ကန်သည်၊ ယင်းမှာ လူသားအနေဖြင့် ဖြည့်ဆည်းထားသင့်သည့်အရာ ဖြစ်သည်၊ ထို့အပြင် လူသားက လက်ခံသင့်သည့်အရာဖြစ်သည်ကို ပြသပါစေ။ ငါ၏ နှုတ်ကပတ်တော်များကို အပြည့်အဝ လက်မခံနိုင်သော သူများ၊ ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့မကျင့်သုံးနိုင်သူများ၊ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ရည်ရွယ်ချက်တစ်ခုကို ရှာမတွေ့နိုင် သူများနှင့် ငါ၏နှုတ်ကပတ်တော်များကြောင့် ကယ်တင်ခြင်းကို မရရှိနိုင်သူများသည် ငါ့နှုတ်ကပတ်တော်များအားဖြင့် ပြစ်တင်ရှုတ်ချခြင်းခံ ရပြီးဖြစ်သည့်အပြင် ငါ၏ ကယ်တင်ခြင်းကို ဆုံးရှုံးပြီးသောသူများ ဖြစ်ကာ ငါ၏ တုတ်သည် ၎င်းတို့ထံမှ မည်သည့်အခါတွင်မျှ သွေဖည်မည် မဟုတ်ပေ- ဟူသည့် အမှန်တရားကို ငါ့နောက်လိုက်သော သူအားလုံးအား ငါ သိရှိစေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်” မှ

အရှေ့သို့- ၃) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၅) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိခြင်း၏ အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်