၁၈။ ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏ လက်များထဲတွင်ရှိသည်ကို ယုံကြည်ခြင်းရှိဖို့ လိုအပ်သည်။ ထိုသို့ဖြင့်သာ တစ်ဦးတစ်ယောက်သည် သူ့အပေါ် အမှန်တကယ် မှီခိုနိုင်ပြီး သူ့ကို ကြည်ညိုနိုင်ပေသည်။

(၂) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကိုကြည်ညိုခြင်းတို့အား လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့်၊ တစ်ဦးတစ်ယောက်သည် သူ၏ လုပ်ရပ်များကို မြင်နိုင်ပြီး သူ့ကို တဖြည်းဖြည်း ကြောက်ရွံ့လာကာ ကျိုးနွံနာခံလာရင်း၊ သူ၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့ကို သိရှိနိုင်ပေသည်။

(၃) ခရစ်တော်ကို ကြီးမြတ်သူအဖြစ် ချီးမြှောက်ဖို့ လိုအပ်သည်။ ခရစ်တော် တစ်ပါးတည်းသာ သမ္မာတရားကို ဖော်ပြနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အရာအားလုံး ပြီးမြောက်စေသည်ဟူသော ယုံကြည်ခြင်းဖြင့်၊ တစ်ဦးတစ်ယောက်သည် ခရစ်တော်နောက် အလိုအလျောက် လိုက်လျှောက်နိုင်ပြီး သူ့ကို သက်သေခံနိုင်ပေသည်။

(၄) စမ်းသပ်မှုများနှင့် အတိဒုက္ခများဖြင့် ရင်ဆိုင်ရသည့်အခါ၊ သမ္မာတရားကို ရှာဖွေဖို့နှင့် သူ၏ အလိုတော်ကို သဘောပေါက်ဖို့ ကြိုးပမ်းခြင်းဖြင့် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ ဘုရားသခင်ထံ ဆုတောင်းဖို့ လိုအပ်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ တစ်ဦးတစ်ယောက်သည် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ခပ်သိမ်းသော အရာများနှင့် ဖြစ်ရပ်များကို ချုပ်ကိုင်ထားသည်တကား။ ငါတို့သည် သူ့ကို ငါတို့၏စိတ်နှလုံးထဲမှ အချိန်တိုင်း ကြည်ညိုပြီး စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်ကာ သူနှင့် မိတ်သဟာယဖွဲ့နေသရွေ့ သူသည် ငါတို့ ရှာဖွေသော အရာခပ်သိမ်းကို ငါ့တို့အား ပြသပြီး သူ၏ အလိုတော်ကို ငါတို့အား ထုတ်ဖော်ပြမည်မှာ သေချာပေသည်။ ထိုအခါ ငါတို့၏ စိတ်နှလုံးများသည် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းရှိပြီး၊ ပကတိရှင်းလင်းခြင်းနှင့် တည်ငြိမ်နေမည် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နိုင်စွမ်းရှိရန် အရေးကြီးလေသည်။ သူ၏ အလိုတော်ကို နားလည်သဘောပေါက်နိုင်စွမ်းရှိပြီး သူ၏ နှုတ်ကပတ်တော်များအပေါ် အမှီပြုလျက် အသက်ရှင်နိုင်စွမ်းရှိခြင်းကို သာ စစ်မှန်သော အတွေ့အကြုံအဖြစ် သတ်မှတ်လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ခပ်သိမ်းသော အရာတို့၏ ဦးသျှောင် ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ ရှင်ဘုရင်တန်ခိုးအာဏာကို သူ၏ပလ္လင်ထက်မှ စွဲကိုင်၏။ သူသည် စကြဝဠာနှင့် ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးပြီး၊ ကမ္ဘာမြေ တစ်ခုလုံးပေါ်၌ ငါတို့အား လမ်းပြလျက်ရှိသည်။ ငါတို့သည် သူနှင့် အချိန်တိုင်းတွင် နီးကပ်နေရမည် ဖြစ်ပြီး၊ အခိုက်အတန့်တစ်ခုကိုမျှ လုံးဝ လက်မလွှတ်ဘဲနှင့် ငါတို့အတွက် အချိန်တိုင်း သင်ယူဖို့ သင်ခန်းစာများဖြင့်၊ သူ၏ရှေ့မှောက်သို့ ဆိတ်ငြိမ်လျက် ရောက်ရှိကြရမည် ဖြစ်သည်။ ငါတို့၏ ပတ်လည်၌ရှိသည့် ပတ်ဝန်းကျင်မှသည် လူများ၊ အရေးကိစ္စများနှင့် အရာဝတ္ထုများအထိ၊ အားလုံးသည် သူ၏ ပလ္လင်တော်၏ ခွင့်ပြုချက်အားဖြင့် တည်ရှိကြခြင်း ဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် မည်သည့် အကြောင်းကြောင့်မျှ မကျေနပ်ချက်များ မရှိစေနှင့်၊ သို့မဟုတ် ဘုရားသခင်သည် သင်တို့အပေါ် သူ၏ ကျေးဇူးတော်ကို အပ်နှင်းလိမ့်မည် မဟုတ်။ နာမကျန်းမှု ပေါ်ပေါက်သည့်အခါတွင်၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အတွင်းတွင် သူ၏ ကြင်နာသော ရည်ရွယ်ချက်များ မုချ ရှိပေ၏။ သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသော်လည်း၊ စာတန်ထံမှ မည်သည့်စိတ်ကူးမျှ လက်သင့်မခံနှင့်။ ဖျားနာခြင်းအလယ်တွင် ဘုရားသခင်ကို ချီးမွမ်းကာ၊ သင်၏ ချီးမွမ်းခြင်း အလယ်တွင် ဘုရားသခင်၌ မွေ့လျော်လော့။ နာမကျန်းဖြစ်ခြင်းကို ရင်ဆိုင်ရာတွင် စိတ်ပျက်ခြင်း မရှိနှင့်၊ အဖန်ဖန် ကြိုးစားမြဲကြိုးစားကာ လက်မလျှော့နှင့်၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို သူ၏ အလင်းဖြင့် အလင်းပေးလိမ့်မည်။ ယောဘ၏ ယုံကြည်ခြင်းသည် အဘယ်သို့ဖြစ်ခဲ့သနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး‌‌‌‌ ပေတကား။ နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။ သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။

ငါတို့သည် ငါတို့အတွင်း၌ ခရစ်တော်၏ ရှင်ပြန်ထမြောက်သော အသက်ကို ပိုင်ဆိုင်၏။ ငါတို့သည် ဘုရားသခင်၏ မျက်မှောက်၌ သိသိသာသာ ယုံကြည်ခြင်း ကင်းမဲ့ကြပေသည်- ဘုရားသခင်သည် ငါတို့၏အတွင်း၌ စစ်မှန်သော ယုံကြည်ခြင်းကို ထည့်ပေးမည်သာပင်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဧကန်အမှန် ချိုမြိန်သည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထိရောက်သောဆေးဝါး ဖြစ်ပေသည်တကား။ ယင်းက နတ်ဆိုးများ နှင့် စာတန်ကို အရှက်ရစေသည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သဘောပေါက်ခြင်းက ငါတို့ကို ထောက်ပံ့မှုပေး၏။ သူ၏ နှုတ်ကပတ်တော်သည် ငါတို့၏ စိတ်နှလုံးများကို ကယ်တင်ဖို့ အလျင်အမြန် လုပ်ဆောင်လေသည်။ ယင်းက အရာအားလုံးကို ပပျောက်စေပြီး၊ အရာအားလုံးကို အေးချမ်းစေ၏။ ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန် ဖြစ်နိုင်သမျှသောနည်းလမ်းတိုင်းကို ကြိုးစားနေ၏။ ငါတို့ကို သူ၏အလင်းဖြင့် အလင်းပေးဖို့ အချိန်တိုင်း ဘုရားသခင်ထံ ငါတို့ ဆုတောင်းသင့်သည်၊ ငါတို့အတွင်းမှ စာတန်၏ အဆိပ်အတောက်ကို သန့်စင်စေရန် ဘုရားသခင်အပေါ် အချိန်တိုင်း ငါတို့ မှီခိုသင့်သည်၊ ဘုရားသခင်နှင့် မည်သို့နီးကပ်လာရမည်ဆိုသည်ကို ငါတို့၏ စိတ်ဝိညာဉ်အတွင်း၌ အချိန်တိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးအပေါ် ဘုရားသခင်ကို အုပ်စိုးခွင့်ပေးသင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

သင်သည် အပြုသဘောဆောင်သည့်ဘက်မှ ဝင်ရောက်မှုကို ရယူရမည်။ မလှုပ်မယှက် စောင့်စားနေခဲ့လျှင် သင်သည် အပျက်သဘောဆောင်နေဆဲသာ ဖြစ်သည်။ သင်သည် ငါနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးယူရာ၌ လိုလားတက်ကြွနေရမည် ဖြစ်သည်။ လုံ့လဝီရိယရှိပြီး ဘယ်သောအခါမျှ မပျင်းရိလေနှင့်။ ငါနှင့် အမြဲတစေ မိတ်သဟာယဖွဲ့ပြီး၊ ငါနှင့် ပို၍ပင် နက်ရှိုင်းသော ရင်းနှီးကျွမ်းဝင်ခြင်းကို ရယူလော့။ အကယ်၍ သင်နားမလည်ပါက၊ မြန်ဆန်သော ရလဒ်များ ရရှိရန် ဆန္ဒမစောလေနှင့်။ ငါသည် သင့်အား မပြောပြဘဲ နေမည် မဟုတ်။ သင်သည် ငါ့မျက်မှောက်တွင်ရှိစဥ် ငါ့အပေါ် အမှီပြုခြင်း ရှိမရှိနှင့်၊ ငါ့အပေါ် သင်၏ မှီခိုအားထားမှုတွင် သင်သည် ယုံကြည်စိတ်ချခြင်း ရှိမရှိကို ငါမြင်တွေ့လိုခြင်း ဖြစ်သည်။ သင်သည် အစဉ်အမြဲ ငါနှင့် နီးကပ်စွာ ရှိနေပြီး၊ အမှုအရာခပ်သိမ်းကို ငါ့လက်ထဲတွင် ထားရှိရမည်။ အချည်းနှီး ပြန်လှည့်မသွားနှင့်။ သင်သည် အချိန်ကာလတစ်ခုအထိ သတိမမူမိဘဲ ငါနှင့် နီးကပ်စွာရှိနေပြီးနောက်တွင် သင့်အား ငါ၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ပြသမည်။ သင်သည် ယင်းတို့ကို သဘောပေါက်နားလည်လျှင် ငါနှင့် အမှန်တကယ် မျက်နှာချင်းဆိုင် တွေ့ဆုံရမည်ဖြစ်ပြီး၊ သင်သည် ငါ၏ မျက်နှာကို အမှန်တကယ် တွေ့ရှိပြီး ဖြစ်လိမ့်မည်။ သင်သည် အတွင်းထဲ၌ များစွာသော ရှင်းလင်းမှုနှင့် တည်ကြည်ခိုင်မာမှုကို ရရှိလိမ့်မည်ဖြစ်ပြီး၊ သင်၌ မှီခိုအားထားစရာ တစ်စုံတစ်ရာ ရှိလိမ့်မည်ဖြစ်သည်။ ထို့နောက် သင်သည် လုပ်နိုင်စွမ်းနှင့် ယုံကြည်စိတ်ချမှုကိုလည်း ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ သင်သည် ရှေ့ဆက်ရမည့် လမ်းကြောင်း ရှိလိမ့်မည်ဖြစ်သည်။ အရာအားလုံးမှာ သင့်အတွက် လွယ်ကူပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဝန်မလေးနှင့်၊ ပြီးလျှင် အားမငယ်နှင့် သို့မဟုတ် ပျော့ညံ့ခြင်း မရှိနှင့်။ သင်၏ စိတ်ဝိညာဉ်၌ ငါနှင့် တိုက်ရိုက် သာ၍မိတ်သဟာယပြုလော့၊ စိတ်ရှည်စွာဖြင့် စောင့်မျှော်လော့၊ ပြီးလျှင် ငါရွေးချယ်သည့် အချိန်တွင် ငါသည် သင်တို့အား ဧကန်မုချ ထုတ်ဖော်ပြမည်။ သင့်အနေဖြင့် လုံးဝ ဂရုစိုက်ရမည်ဖြစ်ပြီး သင့်အပေါ် ငါ၏ကြိုးစားအားထုတ်မှုကို အလဟဿ မဖြစ်စေလေနှင့်။ တစ်ခဏကိုမျှ လက်လွတ်မခံလေနှင့်။ သင်၏ စိတ်နှလုံးသည် ငါနှင့် စဉ်ဆက်မပြတ် မိတ်သဟာယပြုလျက် ရှိသည့်အခါ၊ သင်၏ စိတ်နှလုံးသည် ငါ၏ရှေ့မှောက်တွင် စဉ်ဆက်မပြတ် အသက်ရှင်သည့်အခါ၊ သင်၏ စိတ်နှလုံးတွင်းက ငါနှင့် သင်၏ မိတ်သဟာယကို မည်သူမျှ၊ မည်သည့်ဖြစ်ရပ်မျှ၊ မည့်သည့်အရာကမျှ၊ မည့်သည့်ခင်ပွန်း၊ မည်သည့် သားသမီးကမျှ မနှောင့်ယှက်နိုင်ပေ။ သင်၏ စိတ်နှလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ချုပ်ချယ်ခြင်းကို စဉ်ဆက်မပြတ် ခံရသောအခါ၊ သင်သည် ငါနှင့် အချိန်တိုင်းတွင် မိတ်သဟာယပြုသောအခါ ငါ၏ အလိုတော်ကို သင့်အား ဧကန်မုချ ထုတ်ဖော်ပြပေမည်။ သင်သည် ဤသို့ ငါ့ထံ စဉ်ဆက်မပြတ် တိုးဝင်ချဉ်းကပ်နေသည့်အခါ၊ သင်၏ မည်သည့် ပတ်ဝန်းကျင်များ၊ သို့မဟုတ် မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာတို့ကို ကြုံရပါစေ၊ သင်သည် စိတ်မရှုပ်ဘဲ ရှေ့ဆက်ရမည့် လမ်းတစ်ခု ရှိလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၈” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

လက်ရှိတွင် စီစဉ်ထားသော အရာအားလုံး၏ ရည်ရွယ်ချက်မှာ သင်တို့၏ အသက်တာများတွင် သင်တို့ ကြီးထွားနိုင်ကြဖို့အလို့ငှာ သင်တို့ကို လေ့ကျင့်ပေးဖို့၊ သင်တို့၏ စိတ်ဝိညာဉ်တို့ကို စိတ်အားထက်သန်စေကာ ထက်မြက်စေဖို့နှင့် ဘုရားသခင်ထံမှ မည်သည့်အရာများ လာသည်ကို သင်တို့ သတိပြုမိဖို့အလို့ငှာ သင်တို့၏ ဝိညာဉ်ရေးရာ မျက်စိများကို ဖွင့်ပေးဖို့ဖြစ်သည်။ ဘုရားသခင်ထံမှလာသော အရာသည် သင့်အား တတ်စွမ်းနိုင်ခြင်းနှင့် ဝန်ထုပ်ဝန်ပိုးတို့ဖြင့် အစေခံနိုင်စေပြီး စိတ်ဝိညာဉ် တည်ကြည်ခိုင်မာစေသည်။ ငါ့ထံမှ မလာသော အရာအားလုံးသည် အနှစ်မဲ့၏။ ထိုအရာများက သင်တို့ကို မည်သည့်အရာမျှ မပေးပေ၊ ၎င်းတို့သည် သင်၏စိတ်ဝိညာဉ်၌ ဟာကွက်ဖြစ်စေပြီ၊ သင်၏ယုံကြည်ခြင်း ပျောက်ဆုံးစေကာ၊ သင့်ကို သင်ကိုယ်တိုင်၏ စိတ်ထဲတွင် ပိတ်မိစေလျက် ငါနှင့် သင့်ကြားတွင် ဝေးကွာစေသည်။ သင်သည် စိတ်ဝိညာဉ်၌ အသက်ရှင်သောအခါ လောကီကမ္ဘာရှိ အရာအားလုံးကို ယခု ကျော်လွန်နိုင်သော်လည်း၊ သင်၏ စိတ်ထဲတွင် အသက်ရှင်ခြင်းသည် စာတန်၏ သိမ်းယူခြင်းခံရဖို့ ဖြစ်သည်။ ဤသည်မှာ လမ်းဆုံးဖြစ်၏။ ယခု အလွန်ရိုးစင်းသည်။ သင်၏ နှလုံးသားဖြင့် ငါ့အား မျှော်ကြည့်လော့၊ သို့ဖြစ်လျှင် သင်၏ စိတ်ဝိညာဉ်သည် ချက်ချင်း တိုး၍ သန်မာလိမ့်မည်။ သင်သည် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း တစ်ခု ရှိလိမ့်မည် ဖြစ်ပြီး၊ သင်၏ ခြေလှမ်းတိုင်းကို ငါ ဦးဆောင်လမ်းပြမည်။ ငါ၏ နှုတ်ကပတ်တော်ကို သင့်အား အချိန်တိုင်း နှင့် နေရာတိုင်းတွင် ထုတ်ဖော်ပြ လိမ့်မည်ဖြစ်သည်။ မည်သည့်နေရာ မည်သည့်အချိန်တွင် ဖြစ်စေ၊ သို့မဟုတ် ပတ်ဝန်းကျင် မည်မျှ ဆိုးရွားသည်ဖြစ်စေ၊ အကယ်၍ သင်၏ နှလုံးသားဖြင့် ငါ့အား အားထားပါက၊ ငါသည် သင့်အား ရှင်းလင်းစွာ မြင်စေမည်ဖြစ်ပြီး ငါ့နှလုံးသားကို သင့်အား ထုတ်ဖော်ပြမည်။ ဤပုံစံဖြင့်၊ သင်သည် ရှေ့တွင်ရှိသော လမ်းတွင် ပြေးသွားလိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ လမ်းပျောက်လိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၃” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

သင်၏ယုံကြည်ခြင်းသည် ကောင်းမွန်သည်၊ သို့မဟုတ် သန့်စင်သည် မဟုတ်၊ သို့သော် ထိုထက် ငါ၏အမှုသည် အံ့ဩဖွယ်ဖြစ်ခြင်း ဖြစ်၏။ အရာရာတိုင်းသည် ငါ၏သနားကြင်နာခြင်းကြောင့် ဖြစ်သည်။ သင့်ထံတွင် တကိုယ်ကောင်းဆန်မှု သို့မဟုတ် မာနထောင်လွှားမှုတို့နှင့် သက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အနည်းငယ်မျှ မရှိရ၊ သို့မဟုတ်ပါက ငါသည် သင့်အပေါ် အမှုပြုလိမ့်မည် မဟုတ်။ သင်သည် ရှင်းလင်းစွာ နားလည်ရမည်မှာ လူတို့သည် လဲကျသည်ဖြစ်စေ၊ ခိုင်ခိုင်မာမာရပ်သည်ဖြစ်စေ ယင်းတို့မှာ ၎င်းတို့ကြောင့်မဟုတ်၊ ငါ့ကြောင့်သာဖြစ်သည်။ ယနေ့တွင် သင်သည် ဤအဆင့်ကို ရှင်းရှင်းလင်းလင်း နားမလည်ပါက၊ သင်သည် နိုင်ငံတော်သို့ ဝင်ရောက်ရန်အတွက် မအောင်မြင်မည်မှာ သေချာလိမ့်မည်။ ယနေ့ လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏ အံ့ဖွယ်သောအမှု ဖြစ်သည်ကို သင်နားလည်ရမည်၊ ထိုအရာသည် လူသားနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။ လူသား၏လုပ်ရပ်တို့သည် မည်သည့်အရေးပါမှုရှိသနည်း။ ၎င်းတို့ တကိုယ်ကောင်းမဆန်၊ မာနထောင်လွှားမှုမရှိ၊ ဂုဏ်မမောက်ချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုကို နှောင့်ယှက်နေ၍ ကိုယ်တော်၏ အကြံအစည်တို့ကို ဖျက်ဆီးနေလေသည်။ အိုဖောက်ပြန်ပျက်စီးသောသူတို့။ သင်တို့သည် ယနေ့တွင် ငါ့ကို အမှီပြုရန် လာရမည်၊ အကယ်၍ သင်တို့မလာလျှင်၊ သင်တို့သည် ဘယ်သောအခါမှ မည်သည့်အရာကိုမျှ ရရှိလိမ့်မည်မဟုတ်ဟု ယနေ့ ငါဆိုသည်။ အားလုံးတို့သည် အချည်းနှီးသက်သက် ဖြစ်လိမ့်မည်ဖြစ်ပြီး သင်တာဝန်ယူနေသည့်အရာတို့မှာ တန်ဖိုးမဲ့ ဖြစ်ကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၈” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

လူတို့သည် ၎င်းတို့၏ အချိန်အများစုကို သတိလစ်နေခြင်း အခြေအနေတစ်ခုတွင် အသက်ရှင်ရင်း ကုန်ဆုံးကြသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်အပေါ် မှီခိုသင့်သည် သို့မဟုတ် မိမိတို့ကိုယ်ကိုယ်အပေါ် မှီခိုသင့်သည်ကို မသိကြချေ။ ထို့နောက် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် မိမိတို့၏ အနီးအနားက အကျိုးရှိသည့် အခြေအနေများနှင့် ပတ်ဝန်းကျင်များအပြင် မည်သည့်လူများမဆို၊ အဖြစ်အပျက်များနှင့် ၎င်းတို့၏ အကျိုးအဖို့ဖြစ်သည့် အမှုအရာများအပေါ် မှီခိုဖို့ ရွေးချယ်လေ့ရှိကြသည်။ ဤသည်မှာ လူတို့ အကျွမ်းကျင်ဆုံးသောအရာ ဖြစ်သည်။ ၎င်းတို့ အညံ့ဆုံးသောအရာမှာ ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်း ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ထိုသို့လုပ်ဆောင်ခြင်းသည် အလွန် စိတ်အနှောင့်အယှက် ဖြစ်ရလွန်းသည်ဟု ခံစားကြရသောကြောင့် ဖြစ်သည်။ ၎င်းတို့က ဘုရားသခင်ကို ကြည်ညိုခြင်းသည် မြင်၍မရနိုင်သကဲ့သို့ ထိတွေ့၍မရနိုင်၊ ထိုသို့လုပ်ဆောင်ခြင်းသည် မရေရာသကဲ့သို့ လက်တွေ့မကျဟု ခံစားကြရလေသည်။ ထို့ကြောင့် ၎င်းတို့ သင်ခန်းစာများ၏ ဤကဏ္ဍတွင်၊ လူတို့ စွမ်းဆောင်သည်မှာ အညံ့ဆုံးဖြစ်ပြီး၊ ယင်းထဲသို့ ၎င်းတို့၏ ဝင်ရောက်မှုသည် အပေါ့တန်ဆုံး ဖြစ်သည်။ သင်သည် ဘုရားသခင်ကို မည်သို့ ကြည်ညိုပြီး မှီခိုဖို့ကို မသင်ယူပါက၊ ဘုရားသခင်က သင့်အထဲ၍ အမှုပြုသည်၊ သင့်ကို လမ်းပြသည် သို့မဟုတ် သင့်ကို အသိဉာဏ်ပွင့်လင်းစေသည်ကို သင် လုံးဝ မြင်ရလိမ့်မည် မဟုတ်။ ဤအရာများကို သင် မမြင်နိုင်ပါက၊ “ ဘုရားသခင် တည်ရှိခြင်း ရှိ မရှိဆိုသည်နှင့် လူသားမျိုးနွယ်၏ အသက်တာတွင် သူသည် အရာရာကို လမ်းပြခြင်း ရှိ မရှိ” ဆိုသကဲ့သို့သော မေးခွန်းများသည် သင်၏ စိတ်နှလုံး အတွင်းနက်နက် နေရာများ၌ ဝါကျအဆုံးပြ သင်္ကေတတစ်ခု သို့မဟုတ် အာမေဍိတ် သင်္ကေတတစ်ခုထက် မေးခွန်းသင်္ကေတတစ်ခုဖြင့် အဆုံးသတ်လိမ့်မည် ဖြစ်သည်။ “ဘုရားသခင်သည် လူသားမျိုးနွယ်၏ အသက်တာ၌ အရာရာကို လမ်းပြပါသလော။” “လူ့စိတ်နှလုံး၏ အတွင်းနက်နက်နေရာများကို ဘုရားသခင် လေ့လာပါသလော။” မည်သည့် အကြောင်းရင်းအတွက် ဤအရာများကို မေးခွန်းများအဖြစ်သို့ သင် ဖန်တီးသနည်း။ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် မမှီခိုပါက သို့မဟုတ် မကြည်ညိုပါက၊ သင်သည် သူ၌ စစ်မှန်သော ယုံကြည်ခြင်းကို ဖြစ်ပေါ်စေနိုင်လိမ့်မည် မဟုတ်ပေ။ သူ့၌ စစ်မှန်သော ယုံကြည်ခြင်းကို သင် မဖြစ်ပေါ်စေနိုင်ပါက၊ ဘုရားသခင် လုပ်ဆောင်သည့် အရာရာတိုင်းနှင့်အတူ ပါရှိလျက်၊ ထိုမေးခွန်း သင်္ကေတများသည် သင့်အတွက် အစဉ်ထာဝရ ရှိလိမ့်မည် ဖြစ်ပြီး၊ ဝါကျအဆုံးပြ သင်္ကေတတစ်ခု ရှိလိမ့်မည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ယုံကြည်သူများသည် လောကကြီး၏ မကောင်းသောရေစီးကြောင်းများကို ဦးစွာပထမ မြင်ရန်လိုအပ်သည်” မှ

ဘုရားသခင်ကို သင် အားကိုးသည့်အခါ၊ ရှင်းလင်းသော မည်သည့် လမ်းညွှန်ချက်မျှ ပေးဖို့မပြောနှင့်၊ မည်သည့် ခံစားချက်မျှ သို့မဟုတ် ရှင်းလင်းသည့် မည်သည့် စိတ်ကူးမျှ သင့်ကို သူမပေးဖို့မှာ ဖြစ်နိုင်သော်လည်း၊ သင့်ကို နားလည်ခြင်းအချို့ သူ ခွင့်ပြုသည်။ သို့မဟုတ် ဤအချိန်တွင် သင် မည်သည့်အရာကိုမျှ နားမလည်ဘဲ ဖြစ်နေနိုင်သော်လည်း၊ ဘုရားသခင်ကို သင် အားကိုးသည်မှာ မှန်ပေသည်။ လူတို့ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်နေခြင်းသည် စည်းမျဉ်းများကို လိုက်လျှောက်ဖို့ လုပ်ဆောင်ကြသည်မဟုတ်ဘဲ၊ ယင်းထက် ထိုအရာသည် ၎င်းတို့ စိတ်နှလုံးများ၏ လိုအပ်ချက်ဖြစ်ပြီး လူသားက လက်တွေ့လုပ်ဆောင်သင့်ပုံ ဖြစ်သည်။ ဘုရားသခင်ကို သင် အားကိုးပြီး ဘုရားသခင်ထံ အော်ခေါ်သည့်အခါတိုင်း ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုကို ရရှိနိုင်သည်မဟုတ်ပေ၊ လူ့အသက်တာထဲက ဤဝိညာဉ်ရေးအခြေအနေသည် ပုံမှန်နှင့် သဘာဝဖြစ်ပြီး၊ ဘုရားသခင်ကို အားကိုးခြင်းသည် လူတို့ စိတ်နှလုံးများ၌ ဘုရားသခင်နှင့် ပုံမှန် အပြန်အလှန်ဆက်ဆံခြင်း ဖြစ်၏။

တစ်ခါတစ်ရံ ဘုရားသခင်ကို မျှော်ကြည့်ခြင်းမှာ တိကျသောစကားလုံးများကို အသုံးပြု၍ ဘုရားသခင်အား တစ်စုံတစ်ရာကို လုပ်စေခြင်း၊ သို့မဟုတ် သူ့အား တိကျသောလမ်းပြခြင်းအတွက် သို့မဟုတ် အကာအကွယ်အတွက် တောင်းဆိုခြင်းကို မဆိုလိုပေ။ ထိုသို့မဟုတ်ဘဲ ၎င်းမှာ လူတို့သည် ပြဿနာ တစ်ခုနှင့် တွေ့ကြုံသောအခါ၌ ၎င်းတို့သည် ကိုယ့်တော်ကို ရိုးသားစွာ တောင်းလျှောက်နိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ကိုယ်တော့်ကို တောင်းလျှောက်သောအခါ ဘုရားသခင်သည် ထိုနေရာတွင် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ လူတစ်ဦး၏စိတ်နှလုံး နိုးကြား၍ ၎င်းတို့၌ “အိုဘုရားသခင်၊ ဤအရာကို ကျွန်ုပ်ကိုယ်တိုင် မလုပ်နိုင်ပါ၊ ၎င်းကို အဘယ်သို့လုပ်ရမည်ကို ကျွန်ုပ်မသိပါ၊ ထို့အပြင် ကျွန်ုပ်သည် ခွန်အားနည်းပြီး အပျက်သဘောဆောင်သကဲ့သို့ ခံစားရပါ၏၊” ဟူသော ဤသို့အတွေးရှိကြကာ ဤအတွေးများက ၎င်းတို့အထဲတွင် ဖြစ်ပေါ်လာသောအခါ၊ ဘုရားသခင်က ထိုအကြောင်းကို မသိသလော။ ဤအတွေးများ လူတို့ထဲ၌ ဝင်သောအခါ ၎င်းတို့၏စိတ်နှလုံးများမှာ စစ်မှန်သလော။ ၎င်းတို့သည် ဤနည်းဖြင့် ဘုရားသခင်ကို ရိုးသားစွာ တောင်းလျှောက်သောအခါ ဘုရားသခင်သည် ၎င်းတို့ကို ကူညီရန်သဘောတူသလော။ ၎င်းတို့သည် စကားတစ်လုံးကိုမျှ မပြောခဲ့သော်လည်း ၎င်းတို့သည် စစ်မှန်ခြင်းကို ပြသသဖြင့် ဘုရားသခင်သည် ၎င်းတို့ကိုကူညီရန် သဘောတူလေ၏။ တစ်စုံတစ်ဦးသည် အထူးဖြင့် ဆူးညှောင့်ပေါသော အခက်အခဲတစ်ခုကို တွေ့ကြုံရသောအခါ၊ ၎င်းတို့၌ အားထားရန်တစ်စုံတစ်ဦးမျှ မရှိသောအခါနှင့် ၎င်းတို့သည် အထူးသဖြင့် ခိုကိုးရာမဲ့သည်ဟု ခံစားရသောအခါ၊ ၎င်းတို့၏ တစ်ခုတည်းသောယုံကြည်ခြင်းကို ဘုရားသခင်ပေါ်၌ ထားကြ၏။ ၎င်းတို့၏ ဆုတောင်းသံများမှာ မည်သို့နည်း။ ၎င်းတို့၏ စိတ်အခြေအနေမှာ အဘယ်နည်း။ ၎င်းတို့ ရိုးသားကြသလော။ ထိုအချိန်က ရောနှောခြင်းတစ်စုံတစ်ရာ ရှိသလော။ သင်၏အသက်ကို ကယ်တင်ရန်အတွက် ဘုရားသခင်သည် သင် ဖမ်းဆုပ်သောနောက်ဆုံး ကောက်ရိုးမျှင်အလား သူ့ကို သင် ယုံကြည်ပြီး၊ သူသည် သင့်ကို ကူညီမည်၊ သင်၏စိတ်နှလုံးသည် ရိုးဖြောင့်သည်ဟု မျှော်လင့်သောအခါ၌သာ ဖြစ်၏။ သင်သည် များစွာပြောခဲ့ပြီးခြင်း ရှိချင်းမှရှိမည် ဖြစ်သော်လည်း သင်၏စိတ်နှလုံးမှာ နိုးကြားနှင့်ပြီဖြစ်၏။ တစ်နည်းဆိုသော် သင်သည် သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်အား ပေးပြီး၊ ဘုရားသခင်သည် နားထောင်တော်မူ၏။ ဘုရားသခင်သည် နားထောင်သည့်အခါ သင်၏ အခက်အခဲများကို သူမြင်သည်ဖြစ်၍ သူသည် သင့်ကို ဉာဏ်အလင်းပေးမည်၊ လမ်းပြပြီး၊ ကူညီမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ယုံကြည်သူများသည် လောကကြီး၏ မကောင်းသောရေစီးကြောင်းများကို ဦးစွာပထမ မြင်ရန်လိုအပ်သည်” မှ

သမ္မာတရားကို လူတစ်ဦးမည်မျှနားလည်သည်ဖြစ်စေ၊ တာဝန်မည်မျှကို ဖြည့်ဆည်းပြီးဖြစ်ပါစေ၊ ထိုတာဝန်များကို ဖြည့်ဆည်းစဉ်တွင် မည်မျှ တွေ့ကြုံရပြီးဖြစ်ပါစေ၊ လူတစ်ဦး၏ ဝိညာဥ်ရင့်ကျက်မှုသည် မည်မျှကြီးမားပါစေ သို့မဟုတ် မည်မျှ သေးငယ်ပါစေ၊ သို့မဟုတ် လူတစ်ဦးသည် မည်ကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ရှိနေပါစေ၊ မရှိမဖြစ် အရာတစ်ခုမှာ မိမိလုပ်သမျှတိုင်းတွင်၊ ဘုရားသခင်ကို အားကိုးပြီး ဘုရားသခင်အပေါ် မှီခိုရမည်ဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံးသော ဉာဏ်ပညာအမျိုးအစား ဖြစ်၏။ ဤသည်ကို အကြီးမားဆုံးသော ဉာဏ်ပညာဖြစ်သည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ လူတစ်ဦးက သမ္မာတရားများစွာကို နားလည်လာပြီးသော်လည်း၊ ဘုရားသခင်အပေါ် သူမမှီခိုလျှင် ယင်းက အလုပ်ဖြစ်လိမ့်မည်လော။ အချိန်အနည်းငယ်ကြာ ဘုရားသခင်ကို ယုံကြည်လျက်ရှိပြီးနောက်တွင်၊ လူအချို့သည် သမ္မာတရားအချို့ကို သိနားလည်လာကြပြီး စမ်းသပ်မှုအနည်းငယ်ကို ကြုံကြရပြီးဖြစ်သည်။ လက်တွေ့ကျသော အတွေ့အကြုံအချို့ သူတို့ ရရှိကောင်းရရှိပြီးဖြစ်နိုင်သော်လည်း၊ ဘုရားသခင်ကို မှီခိုရန် သူတို့မသိကြသကဲ့သို့၊ ဘုရားသခင်ကို မည်သို့အားကိုးပြီး သူ့အပေါ် မည်သို့မှီခိုရမည်ကို သူတို့ နားမလည်ကြချေ။ ထိုသို့သော လူတို့သည် ဉာဏ်ပညာကို ပိုင်ဆိုင်ကြပါသလော။ ၎င်းတို့သည် အမိုက်မဲဆုံးသော လူများဖြစ်ကြပြီး၊ မိမိတို့ကိုယ်ကိုယ် တော်သည်ဟု ထင်ကြသည့် အတန်းစား ဖြစ်သည်၊ ဘုရားသခင်ကို သူတို့ မကြောက်ရွံ့သကဲ့သို့ မကောင်းမှုကို မရှောင်ကြဉ်ကြချေ။ လူအချို့က၊ “များစွာသော သမ္မာတရားများကို ငါ နားလည်ပြီး သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်၏။ ကိုယ်ကျင့်တရားကောင်းသည့် ပုံစံဖြင့် အမှုအရာများကိုသာ လုပ်ဆောင်ခြင်းသည် အဆင်ပြေသည်။ ဘုရားသခင်ကို ငါ သစ္စာရှိပြီး သူ့ထံ မည်သို့ တိုးဝင်ချဉ်းကပ်ရမည်ကို ငါသိ၏။ သမ္မာတရားအပေါ် ငါ မှီခိုသည်မှာ လုံလောက်သည် မဟုတ်လော”ဟု ပြောဆိုကြသည်။ အယူဝါဒအရ ပြောရပါက၊ “သမ္မာတရားအပေါ် မှီခိုခြင်း”သည် ကောင်းကောင်း အလုပ်ဖြစ်ပေ၏။ သို့သော် သမ္မာတရားက မည်သည့်အရာဖြစ်သည် သို့မဟုတ် သမ္မာတရား အခြေခံသဘောတရားများက မည်သည့်အရာဖြစ်သည်တို့ကို လူတို့ မသိကြသည့် အချိန်များစွာနှင့် အခြေအနေများစွာ ရှိလေသည်။ လက်တွေ့ကျသည့် အတွေ့အကြုံများရှိသူအားလုံးက ဤအရာကိုသိကြ၏။ ဥပမာ ပြဿနာအချို့ကို သင် ကြုံရသည့်အခါ၊ ဤကိစ္စရပ်နှင့် ဆီလျော်သော သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည် သို့မဟုတ် မည်သို့ အသုံးပြုသင့်သည်ကို သင် သိကောင်းသိမည်မဟုတ်ပေ။ ဤသို့သော အချိန်များတွင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်ပါသနည်း။ လက်တွေ့ကျသည့် အတွေ့အကြုံ မည်မျှ သင်၌ရှိပါစေ၊ အခြေအနေအားလုံးတွင် သမ္မာတရားကို သင် မပိုင်ဆိုင်နိုင်ချေ။ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးပါစေ၊ အမှုအရာများကို မည်မျှ သင် တွေ့ကြုံပြီးပါစေ၊ ပြီးလျှင် မည်မျှ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းတို့ကို သင် တွေ့ကြုံပြီးပါစေ၊ သင်သည် သမ္မာတရား၏ အရင်းအမြစ် ဖြစ်ပါသလော။ လူအချို့က၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက ထိုလူသိများသည့် မိန့်မြွက်ချက်များနှင့် စာပိုဒ်များအားလုံးကို ငါ အလွတ်ရ၏။ ဘုရားသခင်အပေါ် ငါ မှီခိုစရာ မလို၊ သို့မဟုတ် သူ့ကို ကို ကြည်ညိုလေးစားစရာမလို။ အချိန်ရောက်လာသည့်အခါ၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များအပေါ် မှီခိုခြင်းအားဖြင့်သာ ငါ အဆင်ပြေလိမ့်မည်” ဟု ပြောကြသည်။ သင် အလွတ်ကျက်မှတ်ပြီးသည့် စကားများမှာ တည်ငြိမ်သော်လည်း၊ သင် ကြုံရသည့် ပတ်ဝန်းကျင်များအပြင် သင်၏ အခြေအနေများသည် ရွေ့လျား ပြောင်းလဲ၏။ စကားလုံးများ၏ တိုက်ရိုက်အဓိပ္ပာယ်ကို သဘောပေါက်ခြင်းနှင့် ဝိညာဉ်ရေးရာ အယူဝါဒများစွာအကြောင်း ပြောဆိုခြင်းတို့သည် ဘုရားသခင်၏ အလိုကို အခြေအနေတိုင်း၌ သိနားလည်ခြင်းနှင့် ညီမျှဖို့နေနေသာသာ၊ သမ္မာတရားကို သိနားလည်ခြင်းနှင့်ပင် မညီမျှပေ။ ထို့ကြောင့်၊ ဤနေရာတွင် သင်ယူရမည့် အလွန်အရေးကြီးသော သင်ခန်းစာတစ်ခု ရှိ၏။ ယင်းမှာ လူတို့သည် အရာခပ်သိမ်းတွင် ဘုရားသခင်ကို အားကိုးဖို့လိုအပ်ပြီး ထိုသို့လုပ်ဆောင်ခြင်းအားဖြင့်၊ ၎င်းတို့သည် ဘုရားသခင်အပေါ် အားထားမှု ရရှိနိုင်သည်။ ဘုရားသခင်အပေါ် အားထားခြင်း အားဖြင့်သာလျှင် ၎င်းတို့သည် လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု ရှိလေသည်။ သို့မဟုတ်လျှင် တစ်စုံတစ်ရာကို မှန်မှန်ကန်ကန်နှင့် သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ သင် လုပ်ဆောင်နိုင်သော်လည်း၊ ဘုရားသခင်အပေါ် သင် မမှီခိုလျှင် သင်၏ လုပ်ရပ်များသည် လူသား၏ လုပ်ဆောင်ချက်များမျှသာဖြစ်ပြီး၊ ယင်းတို့သည် ဘုရားသခင်ကို သေချာပေါက် စိတ်ကျေနပ်စေလိမ့်မည် မဟုတ်ပေ။ လူတို့သည် သမ္မာတရားအပေါ် ထိုသို့သော ပေါ့တန်သည့် သိနားလည်မှု ရှိကြသောကြောင့်၊ ၎င်းတို့သည် အမျိုးမျိုးသော အခြေအနေများကို ရင်ဆိုင်ရသည့်အခါ၊ ထိုအလားတူသမ္မာတရားကို အသုံးပြုခြင်းအားဖြင့် စည်းမျဉ်းများကို လိုက်လျှောက်ဖို့နှင့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ခေါင်းမာစွာဖြင့် ဖက်တွယ်ဖို့ အလားအလာရှိပေသည်။ ကိစ္စရပ်များစွာကို သမ္မာတရားအခြေခံသဘောတရားများနှင့် ယေဘုယျ ကိုက်ညီမှုဖြင့် ၎င်းတို့ ပြည့်စုံစေနိုင်သည်မှာ ဖြစ်နိုင်သော်လည်း၊ ဘုရားသခင်၏ လမ်းပြမှုကို ဤအရာတွင် မြင်၍မရနိုင်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကိုလည်း မြင်၍မရနိုင်ပေ။ ဤနေရာတွင် ဆိုးရွားသည့် ပြဿနာတစ်ခုရှိ၏၊ ယင်းမှာ လူတို့သည် မိမိတို့၏ အတွေ့အကြုံနှင့် ၎င်းတို့ နားလည်ခဲ့ကြသည့် စည်းမျဉ်းများအပေါ်နှင့် အချို့သော လူ့စိတ်ကူးစိတ်သန်းများအပေါ် မှီခိုကာ အမှုအရာများစွာကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အားကိုးခြင်းနှင့် သူ့ထံ ဆုတောင်းခြင်းတို့အားဖြင့် ဘုရားသခင်၏ အလိုတော်ကို ရှင်းလင်းစွာ နားလည်ခြင်းနှင့်၊ ပြီးနောက် သူ၏အမှုနှင့် လမ်းပြမှုတို့ကို မှီခိုခြင်းမှတစ်ဆင့် လာသည့် တကယ့် အကောင်းဆုံးသော ရလဒ်များကို စွမ်းဆောင်မရရှိနိုင်သလောက် ဖြစ်ကြသည်။ ဤအကြောင်းရင်းကြောင့် အကြီးမြတ်ဆုံးသော ဉာဏ်ပညာမှာ အရာခပ်သိမ်းတွင် ဘုရားသခင်ကို အားကိုးပြီး သူ့ကို မှီခိုရန် ဖြစ်သည်ဟု ငါ ဆိုခြင်း ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ယုံကြည်သူများသည် လောကကြီး၏ မကောင်းသောရေစီးကြောင်းများကို ဦးစွာပထမ မြင်ရန်လိုအပ်သည်” မှ

အရှေ့သို့- ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ဘုရားသခင်နှင့်အတူ ပုံမှန်ဆက်ဆံရေတစ်ခုကို ကာကွယ်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်