၁၇၂။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တုံ့ပြန်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို သင် ကြုံရကာ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာကို သိရှိပြီး လူသားအတွက် ဘုရားသခင့် ချစ်ခြင်းမေတ္တာ၏ ကြီးမြတ်မှုကို မြင်သည်နှင့်အမျှ၊ သူ့ကို ချစ်ဖို့ သင် တတ်နိုင်သမျှ လုပ်ဆောင်လော့။

(၂) ဘုရားသခင်သည် သမ္မာတရား၏ ကြီးမားမှုကို ဖော်ပြပြီး ယင်းကို လူသားအပေါ် ၎င်းတို့၏ အသက်အဖြစ် အသုံးတော်ခံဖို့ အပ်နှင်းသည်။ သူ၏ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် ကျေးဇူးတော်သည် ကြီးမား၏။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တုံ့ပြန်ရန် သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့ လိုလားလျက်ရှိလော့။

(၃) တစ်ဦးတစ်ယောက်သည် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ကြုံရသည်နှင့်အမျှ၊ ၎င်းတို့သည် ဘုရားသခင်၏ ကွယ်ကာခြင်းခံရသည်၊ ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပြီး၊ ဘုရားသခင့် ကျေးဇူးတော်၏ ကြီးမားသော အလျှံပယ်ဖြစ်ခြင်းကို မွေ့လျော်ခံစားကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် တစ်သက်တာနှင့် အစဉ်ထာဝရ သက်သေကို ခံဖို့ လိုလားလျက် ရှိသင့်ပေသည်။

(၄) ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရာတွင်၊ တစ်ဦးတစ်ယောက်၏ ဖောက်ပြန်ပျက်စီးခြင်းသည် သန့်စင်ခံရသည်၊ ၎င်းတို့၏ အသက် စိတ်သဘောထားသည် ပြောင်းလဲကာ ဘုရားသခင်၏ ကြီးမားသော ချစ်ဖွယ်ဖြစ်ခြင်းကို ၎င်းတို့ မြင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ အသက်တာ တစ်ခုလုံးကို သူ့အတွက် အသုံးတော်ခံဖို့ လိုလားနေသင့်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယခု သင်တို့အပေါ် ငါ အပ်နှင်းသည့်အရာသည် မောရှေထက် သာလွန်ပြီး ဒါဝိဒ်ကို ညှိုးမှိန်သွားစေသည်၊ ထို့ကြောင့် အလားတူ သင်တို့၏ သက်သေခံချက်သည် မောရှေ၏ သက်သေခံချက်ထက် သာလွန်ရန်နှင့် သင်တို့၏စကားများသည် ဒါဝိဒ်ထက် ကြီးမြတ်ရန် ငါတောင်းဆို၏။ ငါသည် သင်တို့ကို အဆတစ်ရာပေး၏- ထို့ကြောင့် ထိုနည်းတူ ငါ့ကိုလည်း သင်တို့ သာတူညီမျှ ပြန်ပေးရန် ငါတောင်းဆို၏။ ငါသည် လူသားမျိုးနွယ်ထံ အသက် ပေးသူဖြစ်ပြီး၊ ငါ့ထံမှ အသက်ကို ရရှိပြီး ငါ့အတွက် သက်သေခံရမည့်သူမှာ သင်တို့ ဖြစ်သည်ကို သင်တို့သိရမည်။ ဤသည်မှာ သင်တို့အပေါ် ငါ ချမှတ်ပြီး ငါ့အတွက် သင်တို့ လုပ်ပေးသင့်သည့် သင်တို့၏ တာဝန် ဖြစ်သည်။ ငါ၏ ဘုန်းအသရေ အားလုံးကို သင်တို့အား ငါ အပ်နှင်းပြီးဖြစ်သည်၊ ရွေးချယ်ခံရသူများ၊ ဣသရေလအမျိုးတို့ မည်သည့်အခါမျှ မရခဲ့ဖူးသည့် အသက်ကို သင်တို့အား အပ်နှင်းပြီး ဖြစ်သည်။ တရားသဖြင့်ဆိုလျှင်၊ သင်တို့သည် ငါ့အဖို့ သက်သေခံသင့်ပြီး၊ သင်တို့၏ ပျိုရွယ်မှုကို ငါ့ထံ ဆက်ကပ်ကာ သင်တို့အသက်ကို စွန့်သင့်သည်။ ငါ၏ဘုန်းအသရေကို ပေးခံရသော သူ မည်သူမဆိုသည် ငါ၏ သက်သေခံရမည် ဖြစ်ပြီး ငါ့အတွက် ၎င်းတို့၏ အသက်ပေးရမည်။ ဤသည်ကို အချိန်ကြာမြင့်စွာက ငါ ကြိုတင်ပြဋ္ဌာန်းထားပေသည်။ သင်တို့ထံ ငါ၏ဘုန်းအသရေကို ငါ ပေးသည်မှာ သင်တို့၏ ကောင်းမွန်သော အခွင့်အလမ်းဖြစ်ပြီး၊ သင်တို့၏တာဝန်မှာ ငါ၏ ဘုန်းအသရေကို သက်သေခံရန်ဖြစ်၏။‌ ကောင်းချီးမင်္ဂလာများ ရရှိဖို့သာ သင်တို့သည် ငါ့ကိုယုံကြည်လျှင်၊ ငါ၏အမှုသည် အရေးပါမှု အနည်းငယ်သာ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏တာဝန်ကို သင်တို့ ဖြည့်ဆည်းမည် မဟုတ်ပေ။ ဣသရေလအမျိုးတို့သည် ငါ၏သနားကရုဏာ၊ မေတ္တာနှင့် ကြီးမြတ်မှုတို့ကိုသာ မြင်ခဲ့ကြပြီး၊ ဂျူးလူမျိုးတို့သည် ငါ၏ သည်းခံခြင်းနှင့် ရွေးနုတ်ခြင်းတို့ကိုသာ မျက်မြင်တွေ့ခဲ့ကြသည်။ အလွန့်အလွန် နည်းပါးသည့် ငါ့ဝိညာဉ်တော်၏ အမှုကိုသာ ၎င်းတို့ မြင်ခဲ့ကြသည်မှာ သင်တို့ ကြားကာ မြင်ခဲ့သည့် အရာ၏ တစ်ထောင်ပုံ တစ်ပုံမျှသာ နားလည်ခဲ့ကြသည်အထိ ဖြစ်သည်။ သင်တို့ မြင်ကြပြီး ဖြစ်သည့်အရာမှာ ၎င်းတို့ထဲမှ ယဇ်ပရောဟိတ် အကြီးများထက်ပင် ကျော်လွန်၏။ မျက်မှောက်ခေတ်တွင် သင်တို့ နားလည်ကြသည့် သမ္မာတရားသည် ၎င်းတို့ နားလည်သည်ထက် သာလွန်၏။ မျက်မှောက်ခေတ်တွင် သင်တို့ တွေ့ကြပြီး ဖြစ်သည့်အရာသည် ပညတ်တော်ခေတ်အပြင် ကျေးဇူးတော်ခေတ်တွင် တွေ့ရှိခဲ့သည့်အရာကို ကျော်လွန်ပြီး သင်တို့ ကြုံတွေ့ပြီး ဖြစ်သည့်အရာသည် မောရှေနှင့် ဧလိယတို့ထက်ပင် သာလွန်၏။ အကြောင်းမူကား ဣသရေလအမျိုးတို့ နားလည်ခဲ့ကြသည်မှာ ယေဟောဝါ၏ ပညတ်တရား သာဖြစ်ပြီး၊ ၎င်းတို့မြင်တွေ့ခဲ့သည်မှာ ယေဟောဝါ၏ ကျောသာ ဖြစ်သောကြောင့် ဖြစ်သည်။ ဂျူးလူမျိုးများ နားလည်ခဲ့ကြသည်မှာ ယေရှု၏ ရွေးနုတ်ခြင်းသာ ဖြစ်သည်၊ ၎င်းတို့ ရရှိခဲ့ကြသည်မှာ ယေရှု အပ်နှင်းခဲ့သော ကျေးဇူးတော်သာ ဖြစ်ပြီး၊ ၎င်းတို့ မြင်ခဲ့ကြသည်မှာ ဂျူးလူမျိုးများ၏ အိမ်အတွင်းရှိ ယေရှု၏ ပုံသဏ္ဌာန်ကိုသာ ဖြစ်သည်။ ဤခေတ်၌ သင်တို့ မြင်ကြသည်မှာ ယေဟောဝါ၏ ဘုန်းအသရေ၊ ယေရှု၏ ရွေးနုတ်ခြင်းနှင့် ဤခေတ် ငါ၏လုပ်ဆောင်ချက်အားလုံးဖြစ်၏။ ထို့ကြောင့် သင်တို့သည် ငါ့ဝိညာဉ်၏ စကားများကိုလည်း ကြားကြပြီး ဖြစ်သည်၊ ငါ၏ ဉာဏ်ပညာကို အသိအမှတ်ပြုကြပြီး ဖြစ်သည်၊ ငါ၏အံ့သြဖွယ်ရာ အမှုကို သိလာကြပြီးဖြစ်ကာ၊ ငါ၏ စိတ်သဘောထားကို သင်ယူကြပြီးဖြစ်သည်။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ် အားလုံးကိုလည်း သင်တို့အား ငါပြောပြပြီးဖြစ်၏။ သင်တို့ တွေ့မြင်ပြီးဖြစ်သည်မှာ ချစ်ခင်တတ်ပြီး သနားကရုဏာနှင့်ပြည့်စုံသော ဘုရားသခင်မျှ မဟုတ်ဘဲ၊ ဖြောင့်မတ်ခြင်းနှင့် ပြည့်သည့် ဘုရားသခင် ဖြစ်၏။ သင်သည် ငါ၏အံ့သြဖွယ်ရာအမှုကို တွေ့မြင်ပြီးဖြစ်သကဲ့သို့၊ ငါသည် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ဖြင့် ပြည့်လျှမ်းသည်ကို သိရှိပြီးဖြစ်သည်။ ထို့အပြင် တစ်ချိန်က ဣသရေလအမျိုးတို့၏ အိမ်ပေါ်သို့ ငါ၏ ပြင်းထန်သော အမျက်ဒေါသ ကျရောက်စေခဲ့သည်ကို သင်တို့ သိရှိကြပြီး၊ ယခုခေတ်တွင် ယင်းသည် သင်တို့အပေါ် ရောက်လာပြီးဖြစ်သည်ကို သင်တို့ သင်ကြပေသည်။ သင်တို့သည် ကောင်းကင်ဘုံရှိ ငါ၏နက်နဲသောအရာများကို ဟေရှာယနှင့် ယောဟန်တို့ထက် ပို၍ နားလည်ပေသည်။ သင်တို့သည် ငါ၏ ချစ်ခင်ဖွယ်ကောင်းခြင်းနှင့် ကြည်ညို ကိုင်းရှိုင်းဖွယ် ကောင်းခြင်းတို့ကို အတိတ်ခေတ် ကာလများ၏ သန့်ရှင်းသူအားလုံးထက် ပို၍ သိကြ၏။ သင်တို့ ရရှိပြီးဖြစ်သည်မှာ ငါ၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်မျှ ဖြစ်သည်သာမက ယောဟန် ထက်သာ၍ ကြီးမြတ်သော ရူပါရုံနှင့်ဗျာဒိတ်လည်း ဖြစ်၏။ သင်တို့သည် သာ၍များပြားသော နက်နဲသည့် အရာများကို နားလည်ကြကာ၊ ငါ၏ စစ်မှန်သော မျက်နှာထားကိုလည်း ဖူးမြင်ကြပြီး ဖြစ်သည်။ သင်တို့သည် ငါ၏တရားစီရင်ခြင်းကို ပို၍ လက်ခံကြပြီးဖြစ်ကာ ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုသိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့သည် နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့ကြသော်လည်း၊ သင်တို့၏ သိနားလည်မှုသည် ယခင်နှင့်အတိတ်က နားလည်မှု ဖြစ်ပြီး၊ ယနေ့ခေတ်၏ အမှုအရာများကိုလည်း သင်တို့ တွေ့ကြုံကြပြီးဖြစ်ကာ ဤအရာကို ငါ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ငါသည် သင်တို့ကို အလွန်များလှစွာ ပေးပြီးဖြစ်သကဲ့သို့ သင်တို့သည် ငါ့အထဲ၌ များစွာ တွေ့မြင်ကြပြီး ဖြစ်သည့်အတွက်၊ သင်တို့ကို ငါ တောင်းဆိုသည့်အရာသည် လွန်ကဲသောအရာ မဟုတ်ပေ။ ထို့ကြောင့် အတိတ်ကာလများ၏ သန့်ရှင်းသူတို့ထံ ငါ့အဖို့ သက်သေခံပေးရန် သင်တို့ကို ငါစေခိုင်းခြင်း ဖြစ်ပြီး ဤသည်မှာ ငါ့နှလုံးသား၏ တစ်ခုတည်းသော ဆန္ဒ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း” မှ

ယနေ့ သင်တို့ အမွေခံပြီးဖြစ်သည့်အရာသည် ခေတ်ကာလများတစ်လျှောက် တမန်တော်များနှင့် ပရောဖက်များ အမွေခံခဲ့ရသည့်အရာများထက် သာလွန်သကဲ့သို့၊ မောရှေနှင့် ပေတရုတို့ အမွေခံခဲ့ရသည့်အရာများထက်ပင် သာ၍ကြီးမားပေသည်။ ကောင်းချီးမင်္ဂလာများကို တစ်ရက် နှစ်ရက်အတွင်း မရရှိနိုင်ပေ။ ယင်းတို့ကို ကြီးမားသော စွန့်လွှတ်ခြင်းမှတစ်ဆင့် ရရှိရမည်ဖြစ်သည်။ ယင်းမှာ၊ သင်တို့သည် စစ်ဆေးခြင်း ကြုံရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာတစ်ခုကို ပိုင်ဆိုင်ရမည်၊ ကြီးမားသောယုံကြည်ခြင်းကို သင်တို့ ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ သင်တို့ ကြိုးပမ်းရရှိဖို့ ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားများစွာ ရှိရမည်ဟု ဆိုလိုပေသည်။ ထို့အပြင်၊ သင်တို့သည် ချိုးနှိမ်ခြင်းကိုမခံဘဲ သို့မဟုတ် တိမ်းရှောင်ခြင်း မရှိဘဲ၊ တရားမျှတမှုဘက်သို့ လှည့်ရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို ခိုင်မြဲပြီး မလျှော့သော ချစ်ခြင်းမေတ္တာ ရှိရမည်ဖြစ်သည်။ သင့်၌ စိတ်ပိုင်းဖြတ်ချက် ရှိရမည်၊ သင်တို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုများ ဖြစ်ပေါ်ရမည်၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ကုစားရမည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများ အားလုံးကို ညည်းညူခြင်းမပြုဘဲ လက်ခံရမည်ဖြစ်ပြီး၊ သေသည်အထိ သင်တို့ နာခံရမည်ဖြစ်သည်။ ဤသည်မှာ သင်တို့ ရရှိသင့်သည့်အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏အမှု နောက်ဆုံးရည်မှန်းချက်ဖြစ်ပြီး၊ ဤလူစုကို ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။ သူသည် သင်တို့ကို ပေးအပ်သည့်အတွက်၊ အပြန်အလှန်အားဖြင့် သင်တို့ကို ဧကန်မုချ တောင်းဆိုလိမ့်မည်ဖြစ်ပြီး၊ သင်တို့နှင့်သက်ဆိုင်၍ သင့်တော်သည့် တောင်းဆိုချက်များ ဧကန်မုချ သူ ပြုလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်ပြုသောအမှုတိုင်း၌ အကြောင်းရင်းရှိ၏၊ ယင်းမှာ ဘုရားသခင်သည် အသေးစိတ်နှင့် တိကျသော အမှုကို အဖန်အဖန် လုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းဖြင့် ပြည့်သင့်သည်မှာ ဤအရာကြောင့် ဖြစ်သည်။ တိုတိုပြောရလျှင်၊ သင်တို့အနေဖြင့် ဘုရားသခင်၏အမွေဥစ္စာကို ရရှိထိုက်လာနိုင်ကြဖို့အလို့ငှာ ဘုရားသခင်၏အမှုအားလုံးသည် သင်တို့အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ ဘုန်းအသရေအတွက်ထက် သင်တို့၏ ကယ်တင်ခြင်းအတွက် ဖြစ်ပြီး၊ ညစ်ညူးသောပြည်တွင် အလွန် အကြီးအကျယ် ဖိစီးနှိပ်စက်ခံရပြီးဖြစ်သည့် ဤလူစုကို စုံလင်စေခြင်းအတွက် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏အလိုကို နားလည်သင့်ကြပေသည်။ သို့ဖြစ်၍ မည်သည့်ထိုးထွင်းသိမြင်မှု သို့မဟုတ် အသိစိတ်မျှမရှိသည့် မသိနားမလည်သော လူများစွာကို ငါ တိုက်တွန်း၏- ဘုရားသခင်ကို မစမ်းကြနှင့်၊ ပြီးလျှင် နောက်ထပ်မခုခံကြတော့နှင့်။ ဘုရားသခင်သည် မည်သည့်လူသားကမျှ လုံးဝ မခံရပ်ဖူးသည့် ဆင်းရဲဒုက္ခကို ကြုံရနှင့်ပြီးဖြစ်သကဲ့သို့၊ လူသားကိုယ်စား သာ၍ပင် ကြီးမားသော အရှက်ကွဲခြင်းကို အချိန်ကြာမြင့်စွာက ခံရပ်ခဲ့ရပြီး ဖြစ်သည်။ အခြား မည်သည့်အရာကို သင် လက်မလွှတ်နိုင်သနည်း။ ဘုရားသခင်၏အလိုထက် အဘယ်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာထက် အဘယ်အရာသည် သာ၍မြင့်မားနိုင်သနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော” မှ

သင်သည် ခေတ်အသီးသီးတွင် ဘုရားသခင် ဖော်ပြသည့် စိတ်သဘောထားကို ခိုင်လုံသော နည်းလမ်းဖြင့်၊ ခေတ်ကာလ၏ အရေးပါမှုကို အလိုက်အထိုက်အားဖြင့် သိရှိစေသည့် ဘာသာစကားဖြင့် ဖော်ပြနိုင်သလော။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုကို ကြုံတွေ့ရသည့် သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို အသေးစိတ် ဖော်ပြနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားကို ရှင်းရှင်းလင်းလင်းနှင့် မှန်ကန်တိကျစွာ သင် ဖော်ပြနိုင်သလော။ ဖြောင့်မတ်ခြင်းတရားကို ဆာလောင်ကာ ငတ်မွတ်ပြီး ၎င်းတို့အား ထိန်းကျောင်းဖို့ သင့်ကို စောင့်မျှော်နေသည့် သနားစရာကောင်းပြီး၊ ဆင်းရဲမွဲတေကာ ဘုရားတရားရိုသေကိုင်းရှိုင်းသော ဘာသာရေး ယုံကြည်သူများကို သင် မြင်ဖူး ကြုံဖူးထားသည့်အရာကို မည်သို့ လက်ဆင့်ကမ်းမည်နည်း။ မည်သို့သော လူစားမျိုးများက ၎င်းတို့အား ထိန်းကျောင်းပေးရန်အတွက် သင့်ကို စောင့်မျှော်နေကြသနည်း။ သင် စိတ်ကူးကြည့်နိုင်သလော။ သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။ နောင်လာမည့်ခေတ်တွင် သခင်အဖြစ် သင် မည်သို့ ပြည့်ပြည့်ဝဝ အစေခံမည်နည်း။ သခင်ဘဝနှင့်သက်ဆိုင်၍ အားကောင်းသော အသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ သင့်ကို ၎င်းတို့၏ သိုးထိန်းအဖြစ် လူမည်မျှက စောင့်မျှော်နေကြပါသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည်- လမ်း အဘယ်မှာ ရှိသနည်းဟု အမှောင်ထဲတွင် မြည်တမ်းလျက်- ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။ ဥက္ကာပျံကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့ စိုးရိမ်တကြီး မျှော်လင့်သည့် အရာနှင့် ဤအရာအတွက် နေ့ရောညပါ ၎င်းတို့ အောက်မေ့တမ်းတကြပုံ အဆုံးစွန်အတိုင်းအတာကို မည်သူသိနိုင်သနည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် နေ့တွင်ပင်၊ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ၊ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့ မငိုတော့ဘဲနေမည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်မှာ ဆိုးရွားလှပြီး ရက်စက်သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မျက်မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။ နောက်ဆုံး စာရင်းချုပ်လိုက်ပါက၊ သင်၏ ထူးခြားသော အသက်တာကို အသက်ရှင်ရန် ဘုရားသခင်၏အသုံးပြုခံရခြင်းကို သင်မည်သို့ အဓိပ္ပာယ် ကောက်မည်နည်း။ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ဘုရားသခင်ကို အစေခံသည့် လူတစ်ဦး၏ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ဖို့ သန္နိဌာန်နှင့် ယုံကြည်စိတ်ချမှုတို့ အမှန်တကယ် ရှိသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း” မှ

သင်သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သည်၊ ထို့ကြောင့် သင်၏ စိတ်နှလုံးသားထဲတွင် သင်သည် ဘုရားသခင်အား ချစ်ရပေမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဘေးဖယ်ထားရမည်၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် သင် ကြိုးစားရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို သင် ထမ်းဆောင်ရပေမည်။ သင်သည် ဘုရားသခင်အား ယုံကြည်ကာ ဘုရားသခင် နောက်ကို လိုက်သည့်အတွက်၊ သင်သည် အရာရာကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှု များ မပြုလုပ်သင့်သကဲ့သို့၊ ဘုရားသခင်၏ စိတ်ဆန္ဒအား ဖြည့်ဆည်းခြင်းကို သင် စွမ်းဆောင် ရရှိသင့်ပေသည်။ သင်သည် ဖန်ဆင်းခြင်း ခံခဲ့ရသည့်အတွက်၊ ပင်ကိုအားဖြင့် မိမိကိုယ်ကိုယ်အပေါ် အုပ်စိုးခြင်း မရှိသကဲ့သို့၊ မိမိ၏ ကိုယ်ပိုင် ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက်၊ သင့်ကို ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့်ပေသည်။ သင်သည် ဘုရားသခင်အား ယုံကြည်သော လူတစ်ဦး ဖြစ်သည့်အတွက်၊ သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို လိုက်နာစောင့်ထိန်းသင့်ပြီး၊ သင်၏ နေရာကို ထိန်းသိမ်းသင့်ကာ၊ သင်၏ တာဝန်ကို ဘောင်မကျော်သင့်ပေ။ ဤသည်မှာ သင့်အား ဘောင်ခတ်ရန်၊ သို့မဟုတ် သင့်ကို အယူဝါဒမှတစ်ဆင့် ချိုးနှိမ်ရန် မဟုတ်ဘဲ၊ ထိုအစား ဤသည်မှာ သင်၏ တာဝန်ကို သင် ထမ်းဆောင်နိုင်သည့် လမ်းကြောင်း ဖြစ်ပြီး၊ ယင်းကို ဖြောင့်မတ်ခြင်း ပြုသော သူအားလုံးက စွမ်းဆောင်ရရှိနိုင်သည် စွမ်းဆောင် ရရှိသင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

သင်တို့သည် အသိစိတ် အမှန်တကယ် ပိုင်ဆိုင်ပါက၊ သင်သည် ဝန်ထုပ်တစ်ခုနှင့် တာဝန်သိစိတ်တစ်ခု ရှိရမည်ဖြစ်သည်။ သင့်အနေဖြင့်၊ “အကျွန်ုပ် အသိမ်းပိုက်ခံရမည် ဖြစ်စေ၊ စုံလင်စေခြင်း ခံရမည် ဖြစ်စေ၊ သက်သေခံချက်၏ ဤအဆင့်ကို မှန်ကန်စွာ ကျွန်ုပ် သက်သေခံရမည်” ဟု သင်ပြောရမည်။ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦး အနေနှင့်၊ လူတစ်ဦးသည် ဘုရားသခင်၏ လုံးဝ သိမ်းပိုက်ခြင်းခံရနိုင်ပြီး၊ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတစ်ခုဖြင့်၊ ပြီးလျှင် မိမိကိုယ်ကိုယ် ဘုရားသခင်ထံ လုံးဝ ဆက်ကပ်ခြင်းဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရင်း နောက်ဆုံးတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်လာပေသည်။ ဤသည်မှာ လူသား၏ တာဝန်ဝတ္တရား ဖြစ်သည်၊ လူသားက ထမ်းဆောင်သင့်သည့် ဝတ္တရား ဖြစ်ပြီး၊ လူသားက သယ်ဆောင်သင့်သည့် ဝန်ထုပ်ဖြစ်ကာ ဤစေခိုင်းချက်ကို လူသားက ပြည့်စုံစေရမည်ဖြစ်သည်။ ထိုအခါမျှသာ သူသည် ဘုရားသခင်ကို ဧကန်အမှန် ယုံကြည်ပေသည်။ ယနေ့တွင်၊ အသင်းတော်ထဲ၌ သင်လုပ်ဆောင်သည့် အရာသည် သင်၏တာဝန်ကို ဖြည့်ဆည်းခြင်းလော။ ဤသည်မှာ သင်သည် ဝန်လေးခြင်းရှိမရှိ ဆိုသည့်အပေါ် မူတည်ပြီး၊ သင်၏ ကိုယ်ပိုင်အသိပညာပေါ်တွင် မူတည်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၃)” မှ

လူအချို့က၊ “ဘုရားသခင်နောက်ကို နှစ်များစွာ ငါလိုက်ခဲ့ပြီးဖြစ်သလို၊ ကိုယ်တော့်၏ ကျေးဇူးတော်များစွာ၊ ကောင်းချီးမင်္ဂလာများစွာတို့ကို ငါ မွေ့လျော်ခဲ့ပြီးလေပြီ။ ငါသည် ကိုယ်တော်၏ နှုတ်ကပတ်တော်များမှ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းတို့ကို ခံရပြီးဖြစ်သည်။ ထို့ကြောင့်၊ ငါသည် များစွာ နားလည်လာပြီးဖြစ်ကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်ပြီးလေပြီ။ ကိုယ်တော့်ကို ငါကျေးဇူးတင်ရမည်၊ ကိုယ်တော်၏ ကျေးဇူးတော်ကို ငါပြန်ပေးဆပ်ရမည်။ ဘုရားသခင်ကို သေခြင်းနှင့် ငါစိတ်ကျေနပ်စေမည်၊ ပြီးလျှင် ကိုယ်တော့်အတွက် ငါ၏ချစ်ခြင်းကို ငါ၏အသိစိတ်အပေါ်တွင် အခြေပြုမည်” ဟူ၍ ပြောကြသည်။ လူတို့သည် မိမိတို့အသိစိတ်၏ ခံစားချက်များကိုသာ နားထောင်ပါက၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို ၎င်းတို့ ခံစားနိုင်မည် မဟုတ်။ ၎င်းတို့သည် မိမိတို့၏ အသိစိတ်အပေါ်၌သာ မှီခိုပါက ဘုရားသခင်အတွက် ၎င်းတို့၏ ချစ်ခြင်း အားနည်းလိမ့်မည်။ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ချစ်ခြင်းကို ပြန်လည်ပေးဆပ်ခြင်းကိုသာ ပြောဆိုပါက၊ သူ့အတွက် သင်၏ချစ်ခြင်း၌ မည်သည့်စိတ်ဓာတ်ခွန်အားမျှ ရှိမည်မဟုတ်ချေ။ သင့်အသိစိတ်၏ ခံစားချက်များအပေါ် အခြေခံ၍ သူ့ကိုချစ်ခြင်းသည် တက်ကြွလှုပ်ရှားမှုမရှိသော ချဉ်းကပ်မှုသာဖြစ်သည်။ တက်ကြွလှုပ်ရှားမှု မရှိသော ချဉ်းကပ်မှုဟု အဘယ်ကြောင့် ငါပြောသနည်း။ ဤသည်မှာ လက်တွေ့ကျသော ပြဿနာတစ်ခုဖြစ်၏။ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းမေတ္တာမှာ မည်သို့သော ချစ်ခြင်းမျိုးနည်း။ ယင်းမှာ ဘုရားသခင်ကို လှည့်စားခြင်းနှင့် သူ့အတွက် ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို ချစ်ခြင်းအတွက် ဆုလာဘ်မရှိသည့်အပြင် သူ့ကိုမချစ်ခြင်းအတွက် ပြစ်တင်ဆုံးမခြင်းခံရမည် ဖြစ်သည့်အတွက်၊ ခြုံကြည့်လျှင် အပြစ်မလုပ်ခြင်းသက်သက်က လုံလောက်သည်ဟု လူအများစုက ယုံကြည်ကြသည်။ ထို့ကြောင့် မိမိအသိစိတ် ခံစားချက်များပေါ်အခြေခံ၍ ဘုရားသခင်ကို ချစ်ခြင်းနှင့် သူ၏ ချစ်ခြင်းမေတ္တာအတွက် ပြန်ပေးဆပ်ခြင်းသည် တက်ကြွလှုပ်ရှားမှုမရှိသော ချဉ်းကပ်မှုဖြစ်ပြီး ယင်းသည် မိမိစိတ်နှလုံးမှ သဘာဝအလျောက်လာသော ဘုရားသခင်အတွက် ချစ်ခြင်း မဟုတ်ပေ။ ဘုရားသခင်အတွက် ချစ်ခြင်းသည် လူတစ်ဦးနှလုံးသား၏ နက်ရှိုင်းသောနေရာမှ စစ်မှန်သည့် ခံစားချက်တစ်ခု ဖြစ်သင့်ပေသည်။ လူအချို့က၊ “ကျွန်ုပ်ကိုယ်တိုင် ဘုရားသခင်ကို ရှာဖွေပြီး သူ့နောက်လိုက်ဖို့ ဆန္ဒရှိသည်။ ယခု ဘုရားသခင်က ကျွန်ုပ်ကို စွန့်ပစ်ချင်လျှင်ပင်၊ သူ့နောက် ကျွန်ုပ် လိုက်နေဦးမည်ဖြစ်သည်။ သူ ကျွန်ုပ်ကို လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ သူ့ကို ကျွန်ုပ် ချစ်နေဦးမည်ဖြစ်ပြီး၊ အဆုံးတွင် သူ့ကို ကျွန်ုပ် ရရှိရမည်။ ကျွန်ုပ်သည် ကျွန်ုပ်နှလုံးသားကို ဘုရားသခင်အား ပူဇော်ပြီး၊ သူ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ကျွန်ုပ်၏ တစ်သက်တာလုံး သူ့နောက်လိုက်ပါမည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်ကို ကျွန်ုပ် ချစ်ရမည်ဖြစ်ပြီး သူ့ကို ရရှိရမည်။ သူ့ကို မရမချင်း ကျွန်ုပ် နားမည်မဟုတ်” ဟူ၍ ပြောကြသည်။ သင်၌ ဤသန္နိဌာန်မျိုး ရှိသလော။

ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းနှင့် သူ့ကိုချစ်ခြင်း လမ်းကြောင်းသည် တစ်ခုတည်းပင်ဖြစ်၏။ သင်သည် သူ့ကို ယုံကြည်ပါက သူ့ကို ချစ်ရမည်။ သို့သော် သူ့ကိုချစ်ခြင်းသည် သူ၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ခြင်း သို့မဟုတ် သင်၏အသိစိတ်၏ ခံစားချက်များပေါ် အခြေခံ၍ သူ့ကို ချစ်ခြင်းအား မရည်ညွှန်းပေ- ယင်းသည် ဘုရားသခင်အတွက် ဖြူစင်သည့် ချစ်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် လူတို့သည် မိမိတို့၏ အသိစိတ်တစ်ခုတည်းပေါ် အခြေခံ၍ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မခံစားနိုင်ကြပေ။ “ဘုရားသခင်၏ ဝိညာဉ်တော်သည် ငါတို့၏ စိတ်ဝိညာဉ်များကို တို့ထိပါစေ” ဟု အဘယ်ကြောင့် ငါအမြဲပြောသနည်း။ ဘုရားသခင်ကို ချစ်ရန် လူတို့၏ အသိစိတ်များကို နှိုးဆော်ခြင်းအား အဘယ်ကြောင့် ငါမပြောခဲ့သနည်း။ ယင်းမှာ လူတို့၏ အသိစိတ်သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို မခံစားနိုင်သောကြောင့် ဖြစ်သည်။ သင်သည် ဤနှုတ်ကပတ်တော်များအားဖြင့် ယုံကြည်လက်ခံခြင်းမရှိပါက၊ သူ၏ချစ်ခြင်းကို ခံစားရရန် သင်၏ အသိစိတ်ကို အသုံးပြုဖို့ ကြိုးစားကြည့်လော့။ သင်သည် ခဏတာ စိတ်ဓာတ်ခွန်အား ရှိလိမ့်မည်ဖြစ်သော်လည်း မကြာမီ ပျောက်ကွယ်သွားမည် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို သင်၏ အသိစိတ်ဖြင့်သာ သင် ခံစားပါက၊ သင်ဆုတောင်းစဉ်တွင် လှုံ့ဆော်ခံရမည်ဖြစ်သော်လည်း မရှေးမနှောင်းပင် တက်ကြွမှုသည် လျော့ပါးကာ ကွယ်ပျောက်သွားလိမ့်မည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ သင်သည် မိမိ၏ အသိစိတ်ကိုသာ အသုံးပြုပါက ဘုရားသခင်အတွက် သင်၏ချစ်ခြင်းကို သင်နှိုးဆွနိုင်မည် မဟုတ်ပေ။ သင့်နှလုံးသားထဲ၌ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို အမှန်တကယ် ခံစားရသောအခါ၊ သင်၏ စိတ်ဝိညာဉ်သည် သူ၏ တို့ထိခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး သင်၏ အသိစိတ်က ၎င်း၏ နဂိုအခန်းကဏ္ဍကို ဆောင်ရွက် နိုင်လိမ့်မည်မှာ ဤအချိန်တွင်သာ ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ စိတ်ဝိညာဉ်ကို ဘုရားသခင် တို့ထိသောအခါ၊ ပြီးလျှင် လူသားသည် အသိပညာရှိပြီး သူ၏ စိတ်နှလုံးထဲတွင် တိုက်တွန်းခြင်းခံရသည့်အခါ၊ ဆိုလိုသည်မှာ အတွေ့အကြုံ ရရှိသည့်အခါ၊ ထိုအခါတွင်မှ သူသည် မိမိ၏ အသိစိတ်ဖြင့် ဘုရားသခင်ကို ထိရောက်စွာ ချစ်နိုင်မည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏အသိစိတ်ဖြင့် ချစ်ခြင်းက မမှားပေ- ဤသည်မှာ ဘုရားသခင်အတွက် ချစ်ခြင်း၏ အနိမ့်ဆုံး အတိုင်းအတာ ဖြစ်သည်။ “ဘုရားသခင်၏ ကျေးဇူးတော်ကို ထိုက်တန်ရုံမျှသာ” ချစ်ခြင်းသည် မိမိဘက်မှ စ၍ တက်ကြွစွာ ဝင်ရောက်ဖို့ လူသားကို တကယ် စေ့ဆော်လိမ့်မည် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုအချို့ကို လူတို့ရရှိသည့်အခါ၊ ဆိုလိုသည်မှာ၊ ၎င်းတို့၏ လက်တွေ့အတွေ့အကြုံထဲ၌ ဘုရားသခင်၏ ချစ်ခြင်းကို မြင်တွေ့ပြီး ခံစားရသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်နှင့်ဆိုင်သော အသိပညာအချို့ရှိပြီး ဘုရားသခင်သည် လူသားမျိုးနွယ်၏ ချစ်ခြင်းနှင့် အလွန်ထိုက်တန်ပြီး အဘယ်မျှ ချစ်ဖွယ်ကောင်းသည်ကို အမှန်တကယ် သိမြင်သည့်အခါ၊ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်ကြပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် သဘာဝအလျောက် ဖြစ်သည်” မှ

ယနေ့ ဘုရားသခင်ကို သင်မည်မျှချစ်သနည်း။ ထို့ပြင် သင့်အထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော အရာအားလုံးကို သင်မည်မျှသိသနည်း။ ဤအရာများမှာ သင့်အနေဖြင့် သင်ယူသင့်သည့် အရာများဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ရောက်ရှိလာသည့်အချိန်တွင် လူသားအထဲ၌ သူလုပ်ဆောင်ထားပြီး လူသားကို တွေ့မြင် ခွင့်ပေးထားသော အရာအားလုံးမှာ လူသားအနေဖြင့် သူ့ကိုချစ်လာပြီး အမှန်တကယ်သိကျွမ်းရန်အလို့ငှာ ဖြစ်သည်။ လူသားသည် ဘုရားသခင်အတွက် ဝေဒနာခံစားနိုင်ပြီး ဤအချိန်အထိ ရောက်ရှိ လာနိုင်သည်မှာ တစ်ဖက်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပြီး၊ အခြားတစ်ဖက်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် ဖြစ်သည်၊ ထိုမျှမက လူသားအထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့တွင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဘုရားသခင်၏ စမ်းသပ်ခြင်းတို့ မရှိပါက၊ ထို့ပြင် ဘုရားသခင်သည် သင်တို့ကို ဝေဒနာမခံစားစေပါက ပွင့်ပွင့်လင်းလင်းပြောရသော် သင်တို့သည် ဘုရားသခင်ကို အမှန်တကယ်မချစ်ပေ။ လူသားအထဲ၌ ဘုရားသခင်၏ အမှုက ပိုကြီးပြီး လူသား၏ ဒုက္ခဝေဒနာက ပိုကြီးမားလေ၊ ဘုရားသခင်၏အမှုမှာ မည်မျှအဓိပ္ပာယ်ပြည့်ဝကြောင်း ပိုထင်ရှားလေ ဖြစ်ပြီး လူသား၏စိတ်နှလုံးမှာ ဘုရားသခင်ကို အမှန်တကယ် ပိုချစ်နိုင်လေဖြစ်သည်။ ဘုရားသခင်ကို မည်သို့ချစ်ရမည့်အကြောင်းကို သင်မည်ကဲ့သို့သင်ယူမည်နည်း။ ညှဉ်းဆဲခြင်းနှင့် စစ်ဆေးခြင်းတို့ မရှိပါက၊ နာကျင်သည့် စမ်းသပ်မှုများ မရှိပါက၊ ထို့ပြင် လူသားကို ဘုရားသခင်ပေးခဲ့သည်တို့မှာ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သာဖြစ်ပါက၊ ဘုရားသခင်အပေါ် စစ်မှန်စွာ ချစ်ခြင်း အဆင့်တစ်ခုအထိ သင်ရောက်နိုင်မည်လော။ တစ်ဖက်တွင် လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုကာလများအတွင်း သူ၏အားနည်းချက်များကို သိလာပြီး သူသည် အရေးမပါကြောင်း၊ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း၊ နိမ့်ကျကြောင်း၊ သူ၌ မည်သည့်အရာမျှ မရှိကြောင်းနှင့် သူသည် အနတ္တဖြစ်ကြောင်း မြင်လေ၏။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် သူ၏စမ်းသပ်မှု ကာလများအတွင်း သူ၏နှစ်လိုဖွယ်ကောင်းခြင်းကို လူသားအား ပိုမိုတွေ့ကြုံခံစားနိုင်စေသည့် မတူညီသော ပတ်ဝန်းကျင်များကို လူသား အတွက် ဖန်တီးပေး၏။ နာကျင်မှုသည် ကြီးမားပြီး တစ်ခါတစ်ရံ ပြင်းထန်သော ပူဆွေးမှုအဆင့်ကို ရောက်သည်အထိပင် မကျော်လွှားနိုင် ဖြစ်ရသော်လည်း၊ ၎င်းကို တွေ့ကြုံခံစားပြီးနောက် လူသားသည် သူ့အထဲ၌ ဘုရားသခင်၏အမှုမှာ မည်မျှနှစ်လိုဖွယ်ကောင်းကြောင်း မြင်လေ၏၊ ထို့ပြင် ဤအုတ်မြစ် အပေါ်၌သာ လူသားအတွင်းတွင် ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ မွေးဖွားလာခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ

ယခုတွင် ပေတရု လျှောက်လှမ်းခဲ့သည့် တိကျသည့်လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သင့်ပေသည်။ ပေတရု၏ လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်လျှင် ယနေ့ လုပ်ဆောင်နေသည့် အမှုနှင့်ပတ်သက်၍ သင် သေချာလိမ့်မည်၊ ထို့ကြောင့် သင်သည် ညည်းညူခြင်း ရှိမည်မဟုတ် သို့မဟုတ် မတုန်မလှုပ် ဖြစ်မည်မဟုတ်၊ သို့မဟုတ် မည်သည့်အရာကိုမျှ တောင့်တမည်မဟုတ်ပေ။ ထိုအချိန်က ပေတရု၏ စိတ်နေစိတ်ထားကို သင် တွေ့ကြုံသင့်သည်။ သူသည် ဝမ်းနည်းမှု ဖိစီးနေခဲ့သည်။ အနာဂတ်တစ်ခု သို့မဟုတ် မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ သူ မတောင်းဆိုခဲ့တော့ပေ။ အကျိုးအမြတ်၊ ပျော်ရွှင်ခြင်း၊ ကျော်ကြားမှု သို့မဟုတ် လောကထဲရှိ ပစ္စည်းဥစ္စာတို့ကို သူ မရှာဖွေခဲ့ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပေးဆပ်ဖို့နှင့် သူ လုံးဝအဖိုးတန်ဆုံးဟု ယူဆသည့် အရာကို ဘုရားသခင်အား ဆက်ကပ်ဖို့ဖြစ်သော အဓိပ္ပါယ်အရှိဆုံး အသက်တာကို အသက်ရှင်ဖို့သာ သူ ကြိုးစားခဲ့သည်။ ထို့နောက်တွင် သူ၏ စိတ်နှလုံးထဲ၌ ကျေနပ်ခဲ့ရသည်။ သူက၊ “သခင်ယေရှုခရစ်တော်၊ တစ်ချိန်က ကိုယ်တော့်ကို ကျွန်ုပ် ချစ်ခဲ့သော်လည်း ကိုယ်တော့်ကို ကျွန်ုပ် ဘယ်သောအခါမျှ စစ်မှန်စွာမချစ်ခဲ့ပါ။ ကိုယ်တော့်၌ ကျွန်ုပ် ယုံကြည်ခြင်းရှိသည်ဟု ပြောခဲ့သော်လည်း၊ စစ်မှန်သော နှလုံးသားဖြင့် ကိုယ်တော့်ကို ကျွန်ုပ် ဘယ်သောအခါမျှ မချစ်ခဲ့ပါ။ ကိုယ်တော့်ကို အထင်ကြီးရုံ ကြီးခဲ့သည်၊ ကြည်ညိုရုံကြည်ညိုခဲ့ပြီး ကိုယ်တော့်ကို လွမ်းဆွတ်ရုံသာ ဖြစ်ခဲ့သော်လည်း ကိုယ်တော့်ကို ဘယ်သောအခါမျှ မချစ်ခဲ့သကဲ့သို့ ကိုယ်တော်၌ ယုံကြည်ခြင်း စစ်မှန်စွာမရှိခဲ့ပါ” ဟူသော စကားများဖြင့် ယေရှုထံ မကြာခဏ ဆုတောင်းခဲ့သည်။ သူ သန္နိဋ္ဌာန်ချဖို့ရန် သူစဉ်ဆက်မပြတ် ဆုတောင်းခဲ့ပြီး သူသည် ယေရှု၏ နှုတ်ကပတ်တော်များအားဖြင့် အမြဲ ခွန်အားရခဲ့ကာ ၎င်းတို့မှ စိတ်လှုံ့ဆော်မှုကို ရယူခဲ့သည်။ နောက်ပိုင်းတွင်၊ အတွေ့အကြုံ ကာလတစ်ခု အပြီးနောက်၊ ယေရှုက သူ့ကို နောက်ထပ် တမ်းတဖို့ ဆွပေးရင်း ပေတရုကို စစ်ဆေးခဲ့သည်။ သူက၊ “သခင်ယေရှုခရစ်တော်။ ကိုယ်တော့်ကို ကျွန်ုပ် လွမ်းဆွတ်လှပြီး ကိုယ်တော့်ကို ဖူးမျှော်ဖို့ တောင့်တမိပါ၏။ ကျွန်ုပ် ချို့တဲ့လွန်းလှပြီး ကိုယ်တော်၏ ချစ်ခြင်းကို ထေမိစေရန် မပြုနိုင်ပါ။ မကြာမီ ကျွန်ုပ်ကို ခေါ်ဆောင်သွားဖို့ ကိုယ်တော့်ကို ကျွန်ုပ် အနူးအညွတ် တောင်းပန်ပါ၏။ မည်သည့်အချိန်တွင် ကျွန်ုပ်ကို ကိုယ်တော် လိုအပ်မည်နည်း။ မည်သည့်အချိန်တွင် ကျွန်ုပ်ကို ခေါ်ဆောင်သွားမည်နည်း။ ကိုယ်တော်၏ မျက်နှာကို မည်သည့်အချိန်တွင် ကျွန်ုပ် ဖူးမျှော်ရမည်နည်း။ ဤခန္ဓာကိုယ်၌ အသက်မရှင်လိုတော့ပါ၊ ဖောက်ပြန်ပျက်စီးသောသူ ဆက်ဖြစ်လာဖို့ ကျွန်ုပ် ဆန္ဒမရှိတော့သကဲ့သို့ ဆက်လက်၍ ပုန်ကန်ဖို့လည်း ကျွန်ုပ် ဆန္ဒမရှိပါ” ဟု ပြောခဲ့သည်။ ကျွန်ုပ်၌ ရှိသမျှအရာရာကို ကိုယ်တော့်အား ချက်ချင်းပင် ဆက်ကပ်ရန် အသင့်ရှိပါ၏၊ ကိုယ်တော့်ကို ဆက်လက်၍ ဝမ်းနည်းစေဖို့ ကျွန်ုပ် ဆန္ဒမရှိပါ။ ဤသည်မှာ သူ ဆုတောင်းသည့်ပုံဖြစ်သော်လည်း ယေရှုက သူ့အထဲတွင် မည်သည့်အရာ စုံလင်စေမည်ကို ထိုအချိန်က သူ မသိခဲ့ပါ။ သူ၏ စစ်ဆေးခံရခြင်းနှင့်ဆိုင်သည့် မချိတင်ကဲဝေဒနာ အတော အတွင်းတွင်၊ ယေရှုသည် သူ့ထံ တစ်ဖန် ပေါ်လာခဲ့ပြီး၊ “ပေတရု၊ ငါ၏ စုံလင်ခြင်း ပုံဆောင်ခဲတစ်ခုဖြစ်သည့် အသီးအပွင့်တစ်ခုနှင့် ငါ မွေ့လျော်မည့်အရာ သင်ဖြစ်လာသည်အထိ ငါသည် သင့်ကို စုံလင်အောင် ပြုဖို့ ဆန္ဒရှိသည်။ ငါ့အတွက် သင် အမှန်တကယ် သက်သေခံနိုင်သလော။ သင်လုပ်ဆောင်ရန် ငါ စေခိုင်းသည့်အရာကို လုပ်ဆောင်ပြီးပြီလော။ ငါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင် အသက်ရှင်နေထိုင် ပြီးပြီလော။ တစ်ချိန်က သင် ငါ့ကို ချစ်ခဲ့သည်၊ သို့သော် သင်ငါ့ကို ချစ်ခဲ့သော်လည်း ငါ့ကို သင် အသက်ရှင်နေထိုင်ပြီးပြီလော။ ငါ့အတွက် သင် မည်သည့်အရာ လုပ်ဆောင်ပြီးပြီနည်း။ သင်သည် ငါ၏ ချစ်ခြင်းမေတ္တာနှင့် မထိုက်သည်ကို သင်သတိပြုမိသော်လည်း ငါ့အတွက် သင် မည်သည့်အရာကို လုပ်ဆောင်ပြီးပြီနည်း” ဟု ဆိုခဲ့သည်။ ယေရှုအတွက် သူ ဘာမျှ မလုပ်ဆောင်ခဲ့သည်ကို ပေတရုမြင်ခဲ့ပြီး ဘုရားသခင်အား သူ၏ အသက်တာကို ပေးရန် သူ၏ယခင်ကျမ်းသစ္စာကို သူ သတိရခဲ့သည်။ ထို့ကြောင့်၊ သူသည် နောက်ထပ် မညည်းညူတော့သကဲ့သို့ ထိုအချိန်မှစ၍ သူ၏ ဆုတောင်းချက်များက များစွာ သာ၍ကောင်းမွန်လာခဲ့သည်။ သူက၊ “သခင်ယေရှုခရစ်တော်။ တစ်ချိန်က ကိုယ်တော့်ကို ကျွန်ုပ် စွန့်ခွာခဲ့ပြီး ကိုယ်တော်ကလည်း ကျွန်ုပ်ကို စွန့်ခွာခဲ့ပါ၏။ ကျွန်ုပ်တို့သည် ခွဲခွာသည့်အချိန်နှင့် အဖော်ပြုလျက် အတူတကွ ရှိချိန်တို့ ရှိခဲ့ကြပါ၏။ သို့သော်လည်း အခြားအရာအားလုံးထက် ကိုယ်တော်သည် ကျွန်ုပ်ကို ပိုချစ်ပါ၏။ ကိုယ်တော့်ကို ကျွန်ုပ် အဖန်ဖန် ပုန်ကန်မိခဲ့ပြီး အဖန်ဖန် ဝမ်းနည်းကြေကွဲစေခဲ့ပါ၏။ ထိုသို့သော အရာများကို အကျွန်ုပ် အဘယ်သို့ မေ့လျော့နိုင်ပါမည်နည်း။ အကျွန်ုပ်အပေါ် ကိုယ်တော်ပြုခဲ့သည့် အမှုနှင့် ကျွန်ုပ်ကို ကိုယ်တော် အပ်နှံခဲ့သည့်အရာကို စိတ်ထဲတွင် အစဉ်မှတ်ထားလျက်နေပြီး ကျွန်ုပ် ဘယ်သောအခါမျှ မမေ့လျော့ပါ။ ကျွန်ုပ်အပေါ် ကိုယ်တော်ပြုခဲ့သည့် အမှုအတွက် ကျွန်ုပ်တတ်နိုင်သမျှ အရာရာကို ကျွန်ုပ် လုပ်ဆောင်ပြီးပါပြီ။ ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို ကိုယ်တော်သိပြီး ထိုထက် မည်သည့် ကဏ္ဍ၌ ကျွန်ုပ် ပါ၀င်နိုင်သည်ကို ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများကို နာခံဖို့ ကျွန်ုပ် ဆန္ဒရှိပြီး ကျွန်ုပ်၌ ရှိသမျှအရာရာကို ကိုယ်တော့်အား ဆက်ကပ်ပါမည်။ ကိုယ်တော့်အတွက် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို ကိုယ်တော်သာ သိပါ၏။ စာတန်က ကျွန်ုပ်ကို အလွန် အရူးလုပ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် ပုန်ကန်မိခဲ့သော်လည်း၊ ထိုအပြစ်များအတွက် ကျွန်ုပ်ကို ကိုယ်တော် အမှတ်ရသည် မဟုတ်ကြောင်းနှင့် ထိုအပြစ်များအပေါ် အခြေခံ၍ ကျွန်ုပ်ကို မဆက်ဆံကြောင်းကို ကျွန်ုပ် ယုံကြည်ပါ၏။ ကျွန်ုပ်၏ အသက်တာ တစ်ခုလုံးကို ကိုယ်တော့်အား ဆက်ကပ်ဖို့ ကျွန်ုပ် ဆန္ဒရှိပါ၏။ မည်သည့်အရာကိုမျှ ကျွန်ုပ် မတောင်းဆိုသကဲ့သို့ အခြားသော မျှော်လင့်ချက်များ သို့မဟုတ် အစီအစဉ်များ ကျွန်ုပ်တွင် မရှိပါ။ ကိုယ်တော်၏ ရည်ရွယ်ချက်များအတိုင်း ပြုမူဖို့နှင့် ကိုယ်တော်၏ အလိုတော်ကို လုပ်ဆောင်ဖို့သာ ကျွန်ုပ် ဆန္ဒရှိပါ၏။ ကိုယ်တော်၏ ခါးသောခွက်မှ ကျွန်ုပ်သောက်ပါမည်၊ ကျွန်ုပ်ကို စေခိုင်းဖို့ ကိုယ်တော်ပိုင်ပါ၏” ဟု ပြောရင်း ဆုတောင်းခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ” မှ

ဘုရားသခင်သည် သူ၏ အမှုက လိုအပ်သောကြောင့်အပြင်၊ လူသားက လိုအပ်သောကြောင့်၊ လူကို ပြစ်တင်ဆုံးမပြီး တရားစီရင်သည်။ လူသည် ပြစ်တင်ဆုံးမခံရဖို့နှင့် တရားစီရင်ခံရဖို့ လိုအပ်ပြီး၊ ထိုအခါမှသာ ဘုရားသခင်ကို ချစ်ခြင်းအား စွမ်းဆောင် ရရှိနိုင်ပေသည်။ ယနေ့တွင် သင်တို့ လုံးဝ လက်ခံယုံကြည်သွားပြီ ဖြစ်သော်လည်း၊ သင်တို့သည် အနည်းငယ်မျှသော ဆုတ်ဆိုင်းမှုကို ကြုံရသည့်အခါ၊ ဒုက္ခ ရောက်တော့သည်။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်ဆဲဖြစ်ပြီး၊ သင်သည် ပိုမိုနက်ရှိုင်းသော အသိကို ရရှိရန်အလို့ငှာ ထိုသို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ပိုမိုကြုံတွေ့ရန် လိုအပ်ဆဲဖြစ်သည်။ ယနေ့တွင် သင်တို့သည် ဘုရားသခင်ကို ရိုသေလေးမြတ်မှု အချို့ရှိပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့သည်၊ ပြီးလျှင် သူသည် စစ်မှန်သော ဘုရားသခင်ဖြစ်သည်ကို သင်တို့သိသော်လည်း၊ ဖြူစင်သော ချစ်ခြင်းကို သင်တို့ရရှိရန် မဆိုထားနှင့် သူ့ကို ကြီးမားသောချစ်ခြင်း မရှိပေ။ သင်တို့၏ အသိပညာသည် အလွန်အပေါ်ယံဖြစ်ကာ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် မလုံလောက်သေးပေ။ သင်တို့သည် ပတ်ဝန်းကျင်တစ်ခုကို အမှန်တကယ် ကြုံရချိန်တွင်၊ သင်တို့သည် သက်သေခံခြင်း မရှိသေးသကဲ့သို့၊ သင်တို့၏ အလွန်နည်းပါးသော ဝင်ရောက်မှုကသာ အခြေအနေဖန်တီးလုပ်ဆောင်ပြီး၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်တို့မသိပေ။ လူအများစုသည် မတုန်မလှုပ်နှင့် တက်ကြွမှု မရှိကြ။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့၏ နှလုံးသားများ၌သာ တိတ်တဆိတ် ချစ်ကြသော်လည်း၊ လက်တွေ့လုပ်ဆောင်မှု နည်းလမ်း မရှိကြသကဲ့သို့၊ ၎င်းတို့၏ ရည်မှန်းချက်များက မည်သည့်အရာများဖြစ်သည် ဆိုသည်နှင့် ပတ်သက်၍ မရှင်းလင်းကြချေ။ စုံလင်စေခြင်းခံရပြီးသောသူများသည် သာမန်လူ့သဘာဝကို ပိုင်ဆိုင်သည်သာမက၊ အသိစိတ်၏ စံနှုန်းများထက် မြင့်မားသည့် အသိစိတ် အတိုင်းအတာများကို ကျော်လွန်သည့် သမ္မာတရားများကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် ၎င်းတို့၏ အသိစိတ်ကို အသုံးပြုရုံသာမက၊ ထို့ထက်ပို၍ ၎င်းတို့သည် ဘုရားသခင်ကို သိရှိကြပြီးဖြစ်ကာ၊ ဘုရားသခင်သည် ချစ်ခင်ဖွယ် ဖြစ်ကာ၊ လူသား၏ ချစ်ခြင်းနှင့် ထိုက်တန်ပြီး၊ ဘုရားသခင်၏ အထဲတွင် ချစ်ဖို့ အရာများလှစွာ ရှိသည်ကို တွေ့မြင်ပြီးဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မချစ်ဘဲ မနေနိုင်ပေ။ စုံလင်စေခြင်း ခံရပြီးသောသူတို့၏ ဘုရားသခင်ကို ချစ်ခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင် ပြင်းပြသော စိတ်ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ ဖြစ်သည်။ ၎င်းတို့၏ ချစ်ခြင်းသည် အလိုအလျောက်ဖြစ်သော ချစ်ခြင်း၊ အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုသကဲ့သို့၊ အပေးအယူမဟုတ်သည့် ချစ်ခြင်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာကြောင့်သာ ဘုရားသခင်ကို ချစ်ကြပေသည်။ ထိုသို့သော လူများသည် ၎င်းတို့အပေါ် ဘုရားသခင်က ကျေးဇူးတော်များ အပ်နှင်းသည်၊ မအပ်နှင်းသည်ကို ဂရုမစိုက်ကြသကဲ့သို့၊ ဘုရားသခင်အား ကျေနပ်စေခြင်းဖြင့်သာ ကျေနပ်ရောင့်ရဲကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူ မလုပ်ကြသကဲ့သို့၊ ဘုရားသခင်နှင့် ဆိုင်သည့် ၎င်းတို့၏ ချစ်ခြင်းကို အသိစိတ်ဖြင့် မတိုင်းတာကြပေ- “ကိုယ်တော် ကျွန်ုပ်ကို ပေးပြီးဖြစ်သည်၊ ထို့ကြောင့် အပြန်အလှန်အားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်သည်။ ကျွန်ုပ်အား ကိုယ်တော်မပေးလျှင်၊ အပြန်အလှန်အားဖြင့် ကိုယ်တော့်အတွက် မည်သည့်အရာမျှ ကျွန်ုပ်တွင် မရှိပါ။” စုံလင်စေခြင်း ခံရပြီးသောသူများက- “ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး သူသည် ကျွန်ုပ်တို့အပေါ်၌ သူ့အမှုကို ဆောင်ရွက်သည်။ ကျွန်ုပ်သည် စုံလင်စေခြင်းခံရဖို့ ဤအခွင့်အရေး၊ အခြေအနေနှင့် အရည်အချင်းများ ရှိသည့်အတွက်၊ ကျွန်ုပ်၏ လိုက်စားမှုသည် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ရန်ဖြစ်ပြီး၊ ဘုရားသခင်ကို ကျွန်ုပ် စိတ်ကျေနပ်စေသင့်သည်” ဟု အမြဲ ယုံကြည်ကြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

အရှေ့သို့- ၁၇၁။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သိရှိခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်