၇၇။ ဘုရားသခင့် အိမ်တော်၏ အလုပ်ကို ကာကွယ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

၁။ အယောင်ဆောင် ခေါင်းဆောင်များ၊ အန္တိခရစ်များ၊ ဆိုးယုတ်သော လူများနှင့် မယုံကြည်သူများကို ခွဲခြားရန်နှင့် ၎င်းတို့ကို ရှာတွေ့ပါက၊ အသင်းတော်၏ ပုံမှန် အသက်တာကို ကာကွယ်ဖို့ ၎င်းတို့ကို လက်တန်းဖော်ထုတ်ပြီး စီမံဖို့ရန် လိုအပ်သည်။

၂။ အယောင်ဆောင်သော ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးက လက်တွေ့ကျသော အလုပ် မလုပ်နိုင်သည်ကို ရှာတွေ့ပါက၊ ၎င်းတို့ကို ခွဲခြားဖို့နှင့် ၎င်းတို့ကို တားမြစ်ပိတ်ပင်ကာ ချက်ချင်း ဖယ်ထုတ်ဖို့ ဘုရားသခင်၏ ရွေးချယ်ထားသည့် လူများကို ဆက်သွယ်သင့်သည်။

၃။ မိစ္ဆာအယူနှင့် အတွေးမှားမျိုးစုံကို ဖော်ထုတ်ကာ ချေပဖို့ရန် လိုအပ်သည်။ ၎င်းတို့ လှည့်ဖြားခံလာရမည်စိုး၍ ဘုရားသခင်၏ ရွေးချယ်ထားသည့် လူများအာ ထိုသူတို့ကို သိမြင်နိုင်စေပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားက အသင်းတော်တွင် အုပ်စိုးသည်ကို သေချာစေလော့။

၄။ အသင်းတော် အသက်တာကို အထက်မှ အလုပ်အစီအစဉ်များနှင့်အညီ အတိအကျ အသက်ရှင်ရန် လိုအပ်သည်။ အန္တိခရစ်များနှင့် မိမိတို့၏ ကိုယ်ပိုင် လမ်းခရီးကို သွားပြီး ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အား လှည့်ဖြားကြသည့် ဆိုးယုတ်သော လူတို့ကို သတိထားလော့။

၅။ အသင်းတော် ခေါင်းဆောင်များနှင့် အလုပ်သမားများကို ၎င်းတို့ ဝိုင်းထားခဲ့လျှင်၊ တစ်ဦးတစ်ယောက်သည် အန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့ကို ခွဲခြားဖို့ သင်ယူသင့်သည်။ စာတန်၏ အကြံများကို ရိပ်စားမိပြီး ခေါင်းဆောင်များနှင့် အလုပ်သမားများကို ကာကွယ်လော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အသင်းတော်သည် တည်ဆောက်ဆဲဖြစ်ပြီး၊ စာတန်သည် အသင်းတော်ကို ဖြိုချရန် အစွမ်းကုန် ကြိုးစားနေသည်။ ၎င်းသည် ငါ၏ တည်ဆောက်ခြင်းကို ဖြစ်နိုင်သမျှသော မည်သည့် နည်းလမ်းမဆိုဖြင့် ဖြိုချလို၏။ ဤအကြောင်းကြောင့်၊ အသင်းတော်ကို လျင်မြန်စွာ သန့်စင်ရမည်ဖြစ်သည်။ ဆိုးယုတ်မှုနှင့်ဆိုင်သည့် အသုံးမဝင်သည့်အရာ အနည်းငယ်မျှ မကျန်ကြွင်းစေရ။ အသင်းတော်သည် ဆက်လက် စင်ကြယ်လာကာ ယခင်အတိုင်း အပြစ်အနာအဆာ ကင်းမဲ့သည်အထိ သန့်စင်ခြင်းခံရမည်။ သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သတိပြုရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။ ငါ၏ နှုတ်ကပတ်တော်များကိုလည်း သင်တို့ သာ၍ စားသောက်ရမည် ဖြစ်ပြီး၊ ပို၍အရေးကြီးသည်မှာ၊ သင်တို့အနေဖြင့် ထိုနှုတ်ကပတ်တော်များကို မိမိတို့ဘာသာ စားသောက်နိုင်ရမည် ဖြစ်သည်။ သင်တို့၏ ဝိညာဉ်ရေးရာ မျက်စိများကို ငါဖွင့်ပေးနိုင်ဖို့နှင့် စိတ်ဝိညာဉ်အတွင်း တည်ရှိသော နက်နဲမှုများအားလုံးကို သင်တို့အား မြင်တွေ့ခွင့်ပေးနိုင်ဖို့အလို့ငှာ၊ သင်တို့သည် သမ္မာတရားအားလုံးဖြင့် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ထားကြပြီး၊ ငါ၏ ရှေ့မှောက်သို့ လာကြလော့။...အသင်းတော်သည် ၎င်း၏ တည်ဆောက်ခြင်း အဆင့်ထဲသို့ ဝင်ရောက်သည့်အချိန်တွင်၊ သန့်ရှင်းသူများသည် တိုက်ပွဲဆီသို့ ချီတက်ကြသည်။ စာတန်၏ အမျိုးမျိုးသော အကျည်းတန်သည့် မျက်နှာပေါက်တို့ကို သင်တို့ရှေ့တွင် ချပြထား၏။ သင်တို့သည် ရပ်တန့်ကာ နောက်သို့ ပြန်ရွေ့သွားကြသလော၊ သို့မဟုတ် သင်တို့သည် ငါ့ကို အားထားရင်း မတ်တပ်ရပ်ပြီး ရှေ့ဆက်သွားကြသလော။ စာတန်၏ ဖောက်ပြန်ပျက်စီးပြီး အကျည်းတန်သော မျက်နှာပေါက်များကို စေ့စေ့စပ်စပ် ဖော်ထုတ်လော့၊ ၎င်း စိတ်မချမ်းသာဖြစ်မည်ကို လုံးဝ မစိုးရိမ်လေနှင့်၊ ပြီးလျှင် သက်ညှာခြင်းမရှိလေနှင့်။ စာတန်ကို သေသည့်တိုင်အောင် တိုက်ခိုက်လော့။ ငါသည် သင်၏ အထောက်အပံ့ ဖြစ်ပြီး၊ သင်သည် ယောက်ျားသား၏ စိတ်ဓါတ်ရှိရမည်။ စာတန်သည် ၎င်း၏ နောက်ဆုံးသော မချိတင်ကဲ သေဆုံးခြင်း၌ ရုတ်တရက် ဒေါသတကြီး တိုက်ခိုက်နေသော်လည်း၊ ၎င်းသည် ငါ၏ တရားစီရင်ခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်သေးပေ။ စာတန်သည် ငါ၏ ခြေအောက်တွင် ရှိနေပြီး၊ သင်တို့၏ ခြေအောက်တွင်လည်း အနင်းခံရလျက်ရှိသည်- ဤသည်မှာ အမှန်တရားဖြစ်၏။

ဘာသာရေးနှောင့်ယှက်သူများနှင့် အသင်းတော်၏ အဆောက်အဦးကို ဖြိုချသူများအားလုံးကို သည်းခံခြင်း အနည်းငယ်မျှ ပြရလိမ့်မည်မဟုတ်ဘဲ၊ ချက်ချင်း တရားစီရင်‌ခြင်းခံရလိမ့်မည်။ စာတန်သည် ဖော်ထုတ်ခံရလိမ့်မည်၊ နင်းခြေခံရလိမ့်မည်၊ လုံးဝ ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ ပုန်းကွယ်စရာ နေရာမရှိဘဲ ကျန်ရစ်လိမ့်မည်။ မကောင်းဆိုးဝါးများနှင့် တစ္ဆေမျိုးစုံတို့သည် ၎င်းတို့၏ ပုံသဏ္ဌာန်အစစ်အမှန်တို့ကို ငါ၏ ရှေ့မှောက် ဧကန်မုချ ထုတ်ဖော်ပြကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့ ဘယ်သောအခါမျှ လွတ်မြောက်လိမ့်မည် မဟုတ်သည့် အနက်ဆုံးသော တွင်းထဲသို့ ၎င်းတို့အားလုံးကို ငါပစ်ချမည်။ ၎င်းတို့အားလုံးသည် ငါတို့၏ ခြေအောက်၌ ရှိကြလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရား အတွက် ကောင်းသော တိုက်ခိုက်ခြင်းကို ပြုလိုပါက၊ ပထမဦးဆုံး အနေဖြင့်၊ စာတန်ကို အလုပ်လုပ်စေရန် မည်သည့် အခွင့်အရေးမျှ မပေးရ- ဤရည်ရွယ်ချက် အထမြောက်ဖို့ရန်၊ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိဖို့နှင့်၊ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံနိုင်ဖို့၊ သင်၏ ကိုယ်ပိုင်အယူအဆများ၊ ထင်မြင်ချက်များ၊ အမြင်များနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများ အားလုံးကို စွန့်လွှတ်နိုင်ဖို့၊ ငါ၏အတွင်းတွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စေနိုင်ဖို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏အသံကို အာရုံစိုက်နိုင်ဖို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု အပေါ် အာရုံစိုက်ပြီး ဘုရားသခင်၏ နူတ်ကပတ်တော်များကို အသေးစိတ် တွေ့ကြုံခံစားနိုင်ဖို့တို့ကိုလိုအပ်လိမ့်မည် ဖြစ်သည်။ သင်တို့တွင် ရည်ရွယ်ချက် တစ်ခုသာ ရှိရမည်ဖြစ်ပြီး၊ ယင်းသည် ငါ၏ အလိုကို ပြည့်စုံစေဖို့ ဖြစ်သည်။ ဤအရာမှလွဲ၍ အခြားရည်ရွယ်ချက် သင်တို့၌ မရှိသင့်ပေ။ သင်၏ စိတ်နှလုံး အကြွင်းမဲ့ဖြင့် ငါ့ကို ကြည့်ရမည်၊ ငါ၏ လုပ်ဆောင်ချက်များနှင့် ငါ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများအား သေချာစွာ ကြည့်ရမည် ဖြစ်ပြီး၊ လုံးဝ မပေါ့ဆရပေ။ သင်၏ စိတ်ဝိညာဉ်သည် ထက်မြက်ရမည်၊ သင်၏ မျက်စိများ ဖွင့်ထားရမည်။ သာမန်အားဖြင့်၊ မိမိတို့၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ မှန်ကန်မှုမရှိသည့် သူများအပြင်၊ အခြားသူများ မြင်သည်ကို နှစ်သက်သောသူများ အမှုအရာများကို လုပ်ဆောင်ရန် စိတ်အားထက်သန်သော သူများ၊ အနှောင့်အယှက်များကို ဖြစ်စေတတ်သူများ၊ ဘာသာရေး အယူဝါဒကို လေကြောရှည်ရာတွင် တော်သောသူများ၊ စာတန်၏ လက်ပါးစေများ စသည်တို့ကဲ့သို့သောသူများနှင့် ပတ်သက်လာသည့်အခါတွင်- ဤလူများ ထရပ်သည့်အခါ၊ ထိုသူတို့သည် အသင်းတော်အတွက် အခက်အခဲများ ဖြစ်လာကြပြီး၊ ဤအရာက ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းကို အချည်းနှီး ဖြစ်သွားစေသည်။ ထိုသို့သော လူများ ဟန်ဆောင်ခြင်းကို သင် ကြုံရချိန်တွင် ချက်ချင်း တားမြစ်လော့။ အဖန်ဖန် သတိပေးခံရသော်လည်း၊ ၎င်းတို့ မပြောင်းလဲပါက၊ ၎င်းတို့ ဆုံးရှုံးခြင်း ခံစားရလိမ့်မည်။ အကယ်၍ မိမိတို့၏ နည်းလမ်းများ အတိုင်း ခေါင်းမာမာနှင့် မရမကလုပ်ဆောင်သူများသည် မိမိတို့ကိုယ်ကိုယ် ကာကွယ်ဖို့ကြိုးပမ်းပြီး မိမိတို့၏အပြစ်များကို ဖုံးကွယ်ရန် ကြိုးစားပါက၊ အသင်းတော်က ၎င်းတို့ကို ချက်ချင်း ဖြတ်တောက်ပစ်သင့်ပြီး၊ ၎င်းတို့ လှုပ်ရှားဆောင်ရွက်ဖို့ အခွင့်အလမ်း မရှိစေသင့်ပေ။ အနည်းငယ်ကို ကယ်တင်ရန် ကြိုးစားခြင်းဖြင့် များစွာ မဆုံးရှုံးစေနှင့်။ အခြေအနေတစ်ရပ်လုံးကို ကြည့်နေလော့။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၇” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

အသင်းတော်တိုင်း၌ အသင်းတော်ကို ဒုက္ခပေးသူများ သို့မဟုတ် ဘုရားသခင်၏အမှုတော်၌ စွက်ဖက်သော သူများရှိသည်။ ၎င်းတို့အားလုံးသည် ရုပ်ဖျက်ကာ ဘုရားသခင်၏ အိမ်တော်ကို ထိုးဖောက်ဝင်ရောက်သည့် စာတန်များဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် သရုပ်ဆောင်ကောင်းကြ၏။ ငါ၏ ရှေ့မှောက်သို့ ပျပ်ဝပ်ကာ၊ စုတ်ပြတ်လျက် ခွေးဝဲစားများကဲ့သို့ အသက်ရှင်ရင်းနှင့် မိမိတို့၏ ရည်ရွယ်ချက်များ အထမြောက်စိမ့်သောငှာ သူတို့၏ “အစွမ်းကုန်” ဆက်ကပ်ကြလျက် ကြီးမားသော ချစ်ကြောက်ရိုသေမှုဖြင့် လာကြသော်လည်း၊ ညီအစ်ကို မောင်နှမများရှေ့တွင် ၎င်းတို့၏ အကျည်းတန်သည့်ဘက်ကို ပြကြလေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူများကို ၎င်းတို့မြင်သောအခါ၊ ထိုးနှက်ကြပြီး တွန်းဖယ်ကြလေသည်။ သူတို့ကိုယ်တိုင်ထက် ခံ့ညားလောက်သော လူတို့ကို မြင်သောအခါ၊ မြှောက်ပင့်ပြီး မျက်နှာလုပ်တတ်ကြသည်။ အသင်းတော်ထဲတွင် ၎င်းတို့ အထိန်းအကွပ်မဲ့ကြလေသည်။ အသင်းတော်အများစုတွင် ထိုသို့သော “ဒေသခံ ဗိုလ်ကျသူများ”၊ ထိုသို့သော “ခိုင်းဖတ်များ” သည် အသင်းတော် အများစု၌ ရှိသည်ဟု ပြော၍ရသည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး မျက်စိမှိတ်ပြကာ လျှို့ဝှက် အချက်ပြကြလျက်၊ ဟိုဟိုသည်သည် ခိုးကြောင်ခိုးဝှက် အတူတကွ သွားကြပြီး၊ ၎င်းတို့ထဲမှ မည်သူမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြချေ။ အဆိပ်အများဆုံးရှိသောသူသည် “မကောင်းဆိုးဝါးခေါင်းဆောင်” ဖြစ်ပြီး ဂုဏ်ဒြပ် အမြင့်ဆုံးဖြစ်သည့် သူသည် ဦးဆောင်ကာ ၎င်းတို့၏အလံကို လေထဲတွင် လွှင့်ထူပြီး သယ်ဆောင်လေသည်။ ဤလူများသည် ၎င်းတို့၏ အပျက်သဘောကို ဖြန့်ဝေလျက်၊ သေခြင်းတရားကို ထုတ်လွှတ်လျက်၊ မိမိတို့ သဘောရှိ လုပ်ဆောင်လျက်၊ မိမိတို့ သဘောရှိ ပြောဆိုလျက်နှင့် ၎င်းတို့ကို တားဆီးရန် မည်သူမျှ မဝံ့ရဲကြဘဲ၊ အသင်းတော်တွင် ဆူပူရမ်းကား ကြလေသည်။ ၎င်းတို့သည် စာတန်၏ စိတ်သဘောထားများဖြင့် ပြည့်လျှံကြလေသည်။ ဆူပူလှုပ်ရှားမှုကို ၎င်းတို့ ဖြစ်စေသည်နှင့် တစ်ပြိုင်နက် သေခြင်းတရား၏ အငွေ့အသက်တစ်ခုသည် အသင်းတော်ထဲကို ဝင်ရောက်လာသည်။ အသင်းတော်အတွင်း သမ္မာတရားကို လက်တွေ့ဆောင်ရွက်သောသူများသည် စွန့်ပစ်ခြင်းခံရပြီး သူတို့၏ ရှိသမျှ အစွမ်းကုန် မကြိုးစားနိုင်ကြသော်လည်း အသင်းတော်ကို နှောင့်ယှက်၍ အသင်းတော်အတွင်း သေခြင်းတရားကို ပြန့်စေသော သူများသည် စည်းလွတ်ဘောင်လွတ် ဖြစ်နေကြ၏၊ ထို့အပြင် လူအများစုက သူတို့နောက်သို့ လိုက်ကြသည်။ ဤကဲ့သို့သော အသင်းတော်မျိုးသည် အကယ်ပင် စာတန်၏ ထိန်းချုပ်မှုအောက်၌ရှိပြီး နတ်ဆိုးသည် သူတို့၏ဘုရင်ဖြစ်သည်။ အကယ်၍ အသင်းတော်က လူများသည် ထကြွကာ ထိုမကောင်းဆိုးဝါး ခေါင်းဆောင်များကို မငြင်းပယ်ပါက၊ သူတို့သည်လည်း အနှေးနှင့်အမြန် ပျက်စီးသွားမည်ဖြစ်သည်။ ယခုမှစ၍ ဤကဲ့သို့သော အသင်းတော်များကို အရေးယူရပေမည်။ အကယ်၍ သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသူတို့သည် မကြိုးပမ်းပါက၊ ထိုအသင်းတော်သည် ဖျက်ပစ်ခံရမည်ဖြစ်သည်။ အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို “သေခြင်းကို မြေမြှုပ်ခြင်း” ဟုခေါ်သည်၊ ယင်းသည် စာတန်ကိုနှင်ထုတ်ခြင်းကို ဆိုလိုသည်။ အကယ်၍ အသင်းတော်တွင် ဒေသခံ ဗိုလ်ကျသူအချို့ ပါရှိပြီး ၎င်းတို့နောက်သို့ ချင့်ချိန်နိုင်စွမ်း လုံးဝကင်းမဲ့သည့် “ယင်ကောင်ငယ်များ” လိုက်ပါက၊ ထို့အပြင် အသင်းသားများသည် သမ္မာတရားကို မြင်ပြီးနောက်တွင်ပင် ဤဗိုလ်ကျသူများ၏ အနှောင်အဖွဲ့များနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ငြင်းပယ်နိုင်စွမ်းမရှိသေးပါက၊ ထိုမိုက်မဲသူများ အားလုံးသည် အဆုံးတွင် သုတ်သင်ဖယ်ရှင်းခံရမည်ဖြစ်သည်။ ဤယင်ကောင်ငယ်များသည် မည်သည့် ဆိုးရွားသောအရာကိုမျှ မလုပ်ခဲ့ သော်ငြားလည်း၊ ၎င်းတို့သည် ပို၍ပင် လှည့်ဖြားတတ်ကာ၊ ပို၍ပင် ပါးနပ်ပြီး တိမ်းရှောင်တတ်၍၊ ဤကဲ့သို့သော လူတိုင်းသည် သုတ်သင်ဖယ်ရှင်း ခံရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်မျှ ကြွင်းကျန်ရစ်မည် မဟုတ်။ စာတန်နှင့်သက်ဆိုင်သော သူများသည် စာတန်ထံ ပြန်သွားကြ ရမည်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူများကမူ သမ္မာတရားကို ဧကန်အမှန်ပင် ရှာဖို့ကြိုးစား ကြလိမ့်မည်။ ဤအရာကို သူတို့၏သဘာဝဗီဇများအရ သတ်မှတ်ပိုင်းခြားထားခြင်း ဖြစ်သည်။ စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။ ထိုကဲ့သို့သော လူများကို မည်သည့်သနားခြင်းမျှ ပြသမည် မဟုတ်ပေ။ သမ္မာတရားကိုရှာသော သူများအား ထောက်ပံ့မှုများ ရရှိစေလော့၊ ပြီးလျှင်သူတို့၏စိတ်နှလုံးများ တင်းတိမ်ရောင့်ရဲသည်အထိ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သက် ပျော်မွေ့ကြပါစေ။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် မည်သူကိုမျှ မျက်နှာမလိုက်။ အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ရန် သင် မတတ်စွမ်းနိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေသော သူတစ်ယောက်ဆိုပါက၊ စာတန်၏ ဖမ်းချုပ်ထားခြင်းကို ဧကန်အမှန် သင်ခံရမည် မဟုတ်ပေ။ ဤသည်ကား ယုံမှားဖွယ်ရာ လုံး၀မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားသည် မည်သည့်အရာဖြစ်သည်နှင့် စပ်လျဉ်း၍” မှ

ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ဝန်ထုပ်ကို လက်ခံခြင်းနှင့် ဘုရားသခင် သင့်ကို အပ်နှံသည့် လုပ်ငန်းတာဝန်များကို လက်ခံခြင်း- ဤအရာအားလုံးသည် သင့်ရှေ့တွင် လမ်းကြောင်းတစ်ခု ရှိနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ အပ်နှံမှု ဝန်ထုပ် သင့်အပေါ် ဖိစီးလေလေ၊ သူ၏ စုံလင်စေခြင်းခံရဖို့ သင့်အတွက် လွယ်ကူလေလေ ဖြစ်လိမ့်မည်။ အချို့သော သူတို့သည် ခေါ်ခြင်းခံရသည့်အချိန်တွင်ပင် ဘုရားသခင်ကို အစေခံရာ၌ အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားခြင်းမရှိကြချေ။ ဤလူများသည် သက်တောင့်သက်သာရှိခြင်းတွင် သောက်စားမြူးထူးဖို့သာ ဆန္ဒရှိသည့် ပျင်းရိသောလူများ ဖြစ်ကြသည်။ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ သင် စေခိုင်းခံရလေလေ၊ သင်သည် အတွေ့အကြုံ ရရှိလေလေ ဖြစ်လိမ့်မည်။ သာ၍ များသော ဝန်ထုပ်များနှင့် အတွေ့အကြုံများရှိခြင်းကြောင့်၊ စုံလင်ခြင်းခံရဖို့ အခွင့်အရေးများ သင် သာ၍ ရရှိလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို စစ်မှန်ရိုးသားမှုဖြင့် အစေခံနိုင်ပါက၊ ဘုရားသခင်၏ဝန်ထုပ်ဝန်ပိုးအပေါ် သင် သတိရှိလိမ့်မည်။ ထိုသို့ဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများ သာ၍ ရှိလိမ့်မည်။ လောလောဆယ်တွင် စုံလင်စေခြင်း ခံရလျက်ရှိသည်မှာ ထိုသို့သော လူစုတစ်စုသာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို တို့ထိလေလေ၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိဖို့အချိန်ကို သင် ဆက်ကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် သူ၏ ရယူခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်- နောက်ဆုံးတွင် သင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး ဖြစ်လာမည့်အချိန်အထိ ဖြစ်သည်။ လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါက၊ မည်သည့် ဝန်ထုပ်ကိုမျှ သင် သယ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင့်ထံ သူ အပ်နှံသည့် ဝန်ထုပ်သည် ကြီးမားလေလေ ဖြစ်လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူများသည် ထိုသို့သောအရာများကို ဒုက္ခခံရန် လိုလားခြင်းမရှိကြချေ။ ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်း မရှိကြသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့် အခွင့်အရေးများကို ၎င်းတို့ လက်လွတ်သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ဆောင်နေကြခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်၏အလိုတော်ကို သတိရှိသူတစ်ဦးဖြစ်ပါက၊ အသင်းတော်အတွက် စစ်မှန်သော ဝန်ထုပ်တစ်ခုကို သင် ဖြစ်ပေါ်စေလိမ့်မည်။ အမှန်တွင်၊ အသင်းတော်အတွက် သင် ဖြစ်ပေါ်စေသည့် ဤဝန်ထုပ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုသို့သော အတွေ့အကြုံများအား သင့်ကို အသုံးပြုစေဖို့ဖြစ်သောကြောင့် ဤအရာကို အသင်းတော်အတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်မည့်အစား၊ သင်ကိုယ်တိုင်၏ အသက်တာအတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်ဖို့ ပိုကောင်းပေမည်။ ထို့ကြောင့် အသင်းတော်အတွက် အကြီးမားဆုံးသော ဝန်ထုပ်ကို သယ်ဆောင်သူ မည်သူမဆို၊ အသက်တာထဲသို့ ဝင်ရောက်ခြင်းအတွက် ဝန်ထုပ်တစ်ခုကို သယ်ဆောင်သူ မည်သူမဆို- ၎င်းတို့သည် ဘုရားသခင်၏စုံလင်စေခြင်းခံရမည့် သူများဖြစ်ကြလိမ့်မည်။ ဤအရာကို သင်ရှင်းလင်းစွာ မြင်ပြီးပြီလော။ သင်ပါဝင်သောအသင်းတော်သည် သဲကဲ့သို့ လူစုကွဲနေသော်လည်း သင်သည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိပါက၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်း မရှိသည့်အခါ သင်သည် မသိကျိုးကျွန်ပင်ပြုထားပါက၊ သင်သည် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်နေခြင်း မရှိပေ။ ထိုသို့သောလူများသည် ဘုရားသခင် အထူးနှစ်သက်သည့် သူမျိုး မဟုတ်ပေ။ ဘုရားသခင် အထူးနှစ်သက်သည့်သူမျိုးက ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်မွတ်သိပ်ပြီး သူ၏အလိုတော်အပေါ် သတိရှိ၏။ ထို့ကြောင့်၊ သင်တို့သည် လက်ရှိအချိန်တွင် ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိသင့်ပေသည်။ သင်သည် ဘုရားသခင်၏ဝန်ထုပ်များအပေါ် သတိရှိခြင်း မကြီးထွားမီ၊ ဘုရားသခင်က သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားမျိုးနွယ် အားလုံးထံသို့ ထုတ်ဖော်ပြဖို့ရန်အတွက် မစောင့်ဆိုင်းသင့်ပေ။ ထိုအချိန်အရောက်တွင် အလွန် နောက်ကျသွားမည် မဟုတ်လော။ ယခုအချိန်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အခွင့်ကောင်းတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပါက၊ မောရှေသည် ခါနန်ပြည်သို့ မဝင်ရောက်နိုင်ခဲ့သဖြင့်၊ သူ့ဘဝ၏ ကျန်ရှိသည့်အချိန်များတွင် နောင်တရကာ ကြေကွဲဝမ်းနည်းခြင်းဖြင့် သေအံ့ဆဲဆဲ ဖြစ်ခဲ့သကဲ့သို့၊ သင်၏ကျန်ရှိသည့် ဘဝအချိန်များတွင် ထိုအရာအတွက် သင် နောင်တရလိမ့်မည်။ ဘုရားသခင်သည် လူအားလုံးထံ မိမိ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြပြီးသည်နှင့် တစ်ပြိုင်နက် သင်သည် ဝမ်းနည်းမှုဖြင့် ပြည့်လိမ့်မည်။ ဘုရားသခင်က သင့်ကို ပြစ်တင်ဆုံးမခြင်းမရှိလျှင်ပင်၊ သင်ကိုယ်တိုင်၏ နောင်တကြောင့် သင်သည် မိမိကိုယ်ကိုယ် ပြစ်တင်ဆုံးမလိမ့်မည် ဖြစ်သည်။ အချို့သည် ဤအရာကို ယုံကြည်လက်ခံခြင်း မရှိကြသော်လည်း၊ သင် မယုံကြည်ပါက၊ စောင့်သာ ကြည့်လော့။ ၎င်းတို့၏ တစ်ခုတည်းသော ရည်မှန်းချက်က ဤနှုတ်ကပတ်တော်များကို ပြည့်စုံစေဖို့သာဖြစ်သည့် လူအချို့ ရှိပေသည်။ ဤနှုတ်ကပတ်တော်များအတွက် သင်သည် မိမိကိုယ်ကိုယ် စွန့်လွှတ်ဖို့ လိုလိုလားလား ရှိသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့” မှ

ဘုရားသခင်၏ တာ၀န်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သင့်ကို ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့၊ အပြစ်ပေးခံရသင့်ပေသည်။ ဘုရားသခင် အပ်နှံသည့် မည်သည့် တာဝန်များကိုမဆို ပြည့်စုံစေဖို့မှာ လူသားများအတွက် ကောင်းကင်ဘုံ၏ ဥပဒေဖြစ်ပြီး မြေကြီး၏ အခြေခံသဘောတရား ဖြစ်ပေသည်၊ ဤသည်မှာ ၎င်းတို့၏ အမြင့်ဆုံး တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ တကယ့် အသက်တမျှပင် အရေးကြီးပေသည်။ ဘုရားသခင်၏ တာ၀န်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်၊ ဤတွင်၊ သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။ လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင် အပ်နှံသည့်အရာကို ရှုမြင်ပုံနှင့်ပတ်သက်၍ အကုန်အစင် သိနားလည်မှုတစ်ခု ရရှိရမည်ဖြစ်ပြီး၊ အနည်းဆုံးအနေဖြင့်၊ လူသားမျိုးနွယ်ကို သူ အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်များသည် ဘုရားသခင်ထံမှ ချီးမြှောက်ခြင်းများနှင့် အထူး မျက်နှာသာပေးခြင်းများ ဖြစ်သည်၊ ၎င်းတို့သည် ဂုဏ်ကျက်သရေအရှိဆုံးသော အရာများ ဖြစ်သည်ကို သဘောပေါက်ရမည်။ အခြားအရာအားလုံးကို စွန့်ပစ်နိုင်သည်- လူတစ်ဦးသည် မိမိ၏ အသက်ကို စွန့်လွှတ်ရမည်ဖြစ်လျှင်ပင်၊ သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းမြဲ ဖြည့်ဆည်းရမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

“ဘုရားသခင်၏အမှုအတွက် အကျိုးရှိသည့်အရာတိုင်းကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ ဘုရားသခင်၏နာမတော်၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတော်တို့ကို ကာကွယ်ရမည်။”

ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ဆက်နွှယ်သည့် မည်သည့်အရာမဆို သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ နာမတော်တို့နှင့် သက်ဆိုင်သည့်အရာ မည်သည့်အရာမဆိုအတွက် သင်သည် ထိန်းသိမ်းသင့်ပြီး တာဝန်ယူသင့်သည်။ သင်တို့ အယောက်စီတိုင်းတွင် ဤတာဝန်၊ ဤဝတ္တရားရှိပြီး ယင်းမှာ သင်တို့ လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအကြောင်း စကားပြောခြင်း” မှ

အသင်းတော်တွင်၊ ငါ့အတွက် သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်လော့၊ သမ္မာတရားကို ထိန်းသိမ်းလော့။ အမှန်သည် အမှန်၊ အမှားသည် အမှား ဖြစ်၏။ အဖြူနှင့် အမည်းကို ရောထွေးခြင်း မရှိနှင့်။ သင်သည် စာတန်နှင့် တိုက်ပွဲဖြစ်လိမ့်မည် ဖြစ်ပြီး ၎င်းကို အဘယ်သောအခါမျှ တစ်ဖန် မထကြွစေဖို့အလို့ငှာ အလျှင်း နှိမ်နင်းရမည်။ ငါ၏ သက်သေခံချက်ကို ကာကွယ်ရန်အတွက် သင်၌ ရှိသမျှအရာရာကို ပေးရမည်။ ဤအရာသည် သင်တို့ အပြုအမူများ၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်ရလိမ့်မည်- ဤအရာကို မမေ့လျော့နှင့်။ သို့သော် ယခုတွင်၊ သင်တို့သည် ယုံကြည်ခြင်းနှင့် အမှုအရာများကို ပိုင်းခြားသိမြင်သော အစွမ်းအစတို့တွင် ချို့တဲ့နေကြပြီး၊ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ ရည်ရွယ်ချက်များကို သင်တို့ အမြဲပင် နားမလည်နိုင်ကြပေ။ မည်သို့ပင်ဆိုစေကာမူ၊ စိုးရိမ်ပူပန်ခြင်း မရှိနှင့်။ အရာရာသည် ငါ၏ ခြေလှမ်းများအတိုင်း ရှေ့ဆက်နေပြီး၊ စိုးရိမ်ပူပန်ခြင်းသည် ဒုက္ခကိုသာ ဖြစ်စေသည်။ ငါ၏ရှေ့တွင် အချိန် သာ၍ ကုန်ဆုံးပြီး၊ ကာယခန္ဓာအတွက်ဖြစ်သည့် အစားအစာနှင့် အဝတ်အစားတို့ကို အရေးကြီးသည်ဟု မထင်နှင့်။ ငါ၏ ရည်ရွယ်ချက်များကို မကြာခဏ ရှာဖွေလော့၊ ပြီးလျှင် ၎င်းတို့ အဘယ်အရာဖြစ်သည်ကို သင်တို့အား ရှင်းလင်းစွာ ငါ ပြမည်။ ငါသည် လူသားတိုင်းအတွက် ပိတ်ပင်တားဆီးခြင်းမရှိဘဲ အဝင်လမ်းတစ်ခု ရှိဖို့အလို့ငှာ အရာရာတိုင်း၌ သင်သည် ငါ၏ ရည်ရွယ်ချက်များကို တဖြည်းဖြည်း ရှာတွေ့လိမ့်မည်။ ဤအရာက ငါ၏ စိတ်နှလုံးကို ကျေနပ်စေလိမ့်မည် ဖြစ်ပြီး၊ သင်တို့သည် ငါနှင့်အတူ ကောင်းချီးမင်္ဂလာများကို ကာလအစဉ်အမြဲ ရရှိကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၁” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

သမ္မာတရားက သင်၏ အသက်ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ တစ်စုံတစ်ဦးက ဘုရားသခင်ကို ပြစ်မှားစော်ကားပါက၊ သူ့ကို ကြောက်ရွံ့ခြင်း မရှိပါက၊ သူ၏ တာဝန်ကို ဖြည့်ဆည်းရာတွင် ဝတ်ကျေတမ်းကျေဖြစ်ပြီး ဟန်ဆောင်လုပ်ပြရုံသာ လုပ်ပြပါက၊ သို့မဟုတ် ဘုရားသခင်၏အိမ်တော်၏ အမှုကို နှောင့်ယှက်ခြင်းများ၊ အတားအဆီးများ ဖြစ်စေပါက၊ ဤအရာကို မြင်သည့်အခါ သင်သည် သိမြင်သင့်သည့်အရာကို သိမြင်ကာ၊ ဖော်ထုတ်သင့်သည့်အရာကို ဖော်ထုတ်ခြင်းဖြင့် သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ ထိုအရာကို ချဉ်းကပ်နိုင်လိမ့်မည်ဖြစ်သည်။ သမ္မာတရားသည် သင်၏ အသက် ဖြစ်မလာသေးသကဲ့သို့ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ဆဲဖြစ်ပါက၊ ဘုရားသခင်၏ အိမ်တော်၏အမှုကို တုန့်ဆိုင်းခြင်းနှင့် အနှောင့်အယှက်များ ဖြစ်စေသည့် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကို သင် ကြုံရသည့်အခါ၊ သင်သည် မသိကျိုးကျွန်ပြုလိမ့်မည်ဖြစ်ပြီး ဂရုစိုက်လိမ့်မည်မဟုတ်။ သင်၏ အသိစိတ်မှ အပြစ်တင်ခြင်းမရှိဘဲ၊ ယင်းတို့ကို သင် ဘေးဖယ်ထားလိုက်လိမ့်မည်ဖြစ်သည်။ ဘုရားအိမ်တော်၏ အမှုကို အနှောင့်အယှက်ဖြစ်စေနေသည့် သူတစ်ဦးသည် သင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟုပင် သင် တွေးလိမ့်မည်။ ဘုရားသခင်၏ အမှုအဖို့ မည်မျှကြီးမားသည့် ဆုံးရှုံးမှုဖြစ်စေ၊ သင်သည် သင်၏ အသိစိတ်မှ အပြစ်တင်ခြင်း ခံစားရလိမ့်မည်မဟုတ်၊ ယင်းမှာ သင်သည် မိမိ၏ စာတန်သော စိတ်သဘောထားဖြင့် အသက်ရှင်သည့် သူတစ်ဦး ဖြစ်လိမ့်မည်ဟု ဆိုလိုသည်။ စာတန်သည် သင့်ကို ထိန်းချုပ်ပြီး သင့်အား လူသားလည်း အတော်အတန် မဟုတ်သကဲ့သို့ မကောင်းဆိုးဝါးလည်း အတော်အတန် မဟုတ်သည့် တစ်စုံတစ်ရာအဖြစ် အသက်ရှင်စေသည်။ ဘုရားသခင် ပိုင်ဆိုင်သည့်အရာကို သင် စားသည်၊ ဘုရားသခင် ပိုင်ဆိုင်သည့်အရာကို သင် သောက်ပြီး သူ့ထံမှ လာသည့်အရာအားလုံးကို သင် မွေ့လျော်ခံစားသော်လည်း၊ ဘုရားအိမ်တော်၏ အမှုက ဆုံးရှုံးမှု တစ်စုံတစ်ရာ ခံစားရသည့်အခါ၊ ယင်းသည် သင်နှင့် မည်သည့် ပတ်သက်မှုမျှမရှိဟု သင် ထင်ပြီး ထိုအရာ ဖြစ်ပျက်သည်ကို သင် မြင်သည့်အခါ၊ သင်သည် “တံတောင်ကိုတွန်းထုတ်”က ခြင်းပင် ပြုပြီး ဘုရားသခင်၏ဘက်တွင် မနေသကဲ့သို့ ဘုရားသခင်၏အမှု သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မထိန်းသိမ်းကြချေ။ ဤသည်မှာ စာတန်သည် သင့်အပေါ် တန်ခိုးအာဏာရှိသည်ဟု ဆိုလို၏၊ ဟုတ်သည် မဟုတ်လော။ ထိုသို့သော လူများသည် လူသားများကဲ့သို့ အသက်ရှင်ကြသလော။ ၎င်းတို့သည် လူသားများ မဟုတ်၊ မကောင်းဆိုးဝါးများ ဖြစ်သည်မှာ သိသာထင်ရှားပေ၏။ သို့သော်၊ သမ္မာတရားသည် သင်၏ စိတ်နှလုံးတွင် ဩဇာလွမ်းမိုးပြီး သင်၏အသက် ဖြစ်လာသည့်အခါ၊ မတုန်မလှုပ်၊ အပျက်သဘောဆောင်သည့် သို့မဟုတ် ဆိုးယုတ်သည့် တစ်စုံတစ်ရာ ထွက်ပေါ်ခြင်းကို သင် မြင်သည့်အခါ သင့်စိတ်နှလုံးထဲက တုန့်‌ပြန်မှုသည် လုံးဝ ကွဲပြား၏။ ပထမဦးစွာ၊ သင်သည် အပြစ်တင်မှုနှင့် စိုးရိမ်ပူပန်မှု အသိစိတ်တစ်ခု ခံစားရပြီးနောက် “ကျွန်ုပ်အနေဖြင့် အလဟဿနေမြဲနေပြီး မသိကျိုးကျွန် မပြုနိုင်။ ကျွန်ုပ် ထရပ်ပြီး စကားပြောရမည်၊ ကျွန်ုပ် ထရပ်ပြီး တာဝန်ယူရမည်” ဟူသည့် ခံစားချက်က ချက်ချင်း လိုက်လာသည်။ ထိုအခါ သင်သည် ထရပ်ပြီး ယင်းတို့ကို ဖော်ထုတ်ရင်း၊ ဘုရားသခင်၏ အိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးရန်နှင့် ဘုရားသခင်၏ အလုပ်ကို အနှောင့်အယှက် ပေးခံရခြင်းမှ တားဆီးရန် ကြိုးပမ်းရင်း ဤဆိုးယုတ်သော လုပ်ရပ်များကို သင် ရပ်တန့်နိုင်သည်။ သင်သည် ဤသတ္တိနှင့် စိတ်ဆုံးဖြတ်ချက် ရှိပြီး ကိစ္စရပ်ကို လုံးဝ သိနားလည်နိုင်စွမ်း ရှိလိမ့်မည်သာမက၊ ဘုရားသခင်၏အမှုနှင့် သူ၏အိမ်တော် အကျိုးစီးပွားများအတွက် ယူသင့်သည့် တာဝန်ကိုလည်း သင် ဖြည့်ဆည်းလိမ့်မည် ဖြစ်ပြီး ထိုသို့ဖြင့် သင်၏ တာဝန်သည် ကျေပွန်လိမ့်မည်။ ယင်းကို မည်သို့ ဖြည့်ဆည်းမည်နည်း။ သမ္မာတရားက ယင်း၏ အကျိုးသက်ရောက်မှုကို သင့်အပေါ် အသုံးပြုခြင်းနှင့် သင်၏ အသက်ဖြစ်လာခြင်းမှတစ်ဆင့် ယင်းကို ဖြည့်ဆည်းလိမ့်မည်။ ဤနည်းဖြင့် သင်၏တာဝန် ကျေပွန်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်က သင့်ကို ဆုလာဘ်တစ်ခု ပေးနိုင်ခြင်း ရှိမရှိ၊ သင်၏ လုပ်ရပ်များကို သူ မြင်ခဲ့ခြင်း ရှိမရှိ သို့မဟုတ် ယင်းတို့ကို သူ လက်ခံခြင်း ရှိမရှိဆိုသည်တို့ကို သင် မေးလိမ့်မည် မဟုတ်ပေ။ ထိုအစား၊ ယင်းသည် သင် တာဝန်ယူသင့်သည့် တာဝန်ဖြစ်သည်ဟုသာ သင် ယုံကြည်လိမ့်မည်။ ထိုသို့ဖြင့် သင်သည် အသိတရား၊ ဆင်ခြင်တုံတရား၊ လူ့သဘာဝ၊ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာတို့ဖြင့် အသက်ရှင်နေထိုင်နေခြင်း ဖြစ်မည် မဟုတ်လော။ သင်၏ လုပ်ဆောင်ချက်များနှင့် အပြုအမူတို့သည် သူ ပြောဆိုသည့် “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း” ဖြစ်ပေမည်။ သင်သည် ဤနှုတ်ကပတ်တော်တို့၏ အနှစ်သာရကို ဆောင်ရွက်နေမည်ဖြစ်ပြီး၊ ယင်းတို့၏ လက်တွေ့အရှိတရားအတိုင်း အသက်ရှင်နေထိုင်နေပေမည်။ သမ္မာတရားက လူတစ်ဦး၏ အသက်ဖြစ်လာချိန်တွင်၊ ၎င်းသည် ဤလက်တွေ့အရှိတရားအတိုင်း အသက်ရှင်နေထိုင်နိုင်ကြသည်။ သို့သော် သင်သည် ဤလက်တွေ့အရှိတရားထဲသို့ မဝင်ရောက်ရသေးပါက၊ လှည့်စားမှု၊ လှည့်ဖြားမှု သို့မဟုတ် အယောင်ဆောင်ခြင်းတို့ကို သင် ပြသည့်အခါ၊ သို့မဟုတ် ဆိုးယုတ်သော လူများ သက်ဝင်လှုပ်ရှားပုံ သို့မဟုတ် ဆိုးယုတ်သော အင်အားစုများက ဘုရားသခင်၏အမှုကို နှောင့်ယှက်နေခြင်းနှင့် တုန့်ဆိုင်းစေခြင်းတို့ကို သင် မြင်သည့်အခါ၊ သင်သည် မည်သည့်အရာကိုမျှ မခံစားရသကဲ့သို့ မည်သည့်အရာကိုမျှ မသိမြင်ပေ။ ဤအရာများက သင်၏ မျက်စိအောက်တွင် ဖြစ်ပျက်သည့်အချိန်တွင်ပင်၊ သင်သည် ရယ်မောနိုင်ဆဲဖြစ်ပြီး အေးဆေးသော အသိစိတ်တစ်ခုဖြင့် စားနိုင်၊ အိပ်နိုင်ဆဲဖြစ်သကဲ့သို့ မိမိကိုယ်ကိုယ် ပြစ်တင်မှု စိုးစဉ်းမျှ သင် မခံစားရပေ။ သင် အသက်ရှင်နေထိုင်နိုင်သည့် ဤအသက်တာနှစ်ခုထဲမှ၊ မည်သည့်အသက်တာကို သင် ရွေးချယ်သနည်း။ မည်သည့် အသက်တာသည် စစ်မှန်သော လူသားပုံသဏ္ဍာန်ရှိသနည်း၊ မည်သည့်အသက်တာဖြင့် သင်သည် အပြုသဘောဆောင်သော အရာများ၏ လက်တွေ့အရှိတရားအတိုင်း အသက်ရှင်နေထိုင်ပြီး၊ မည်သည့် အသက်တာသည် မကောင်းသည့်၊ ဆိုးယုတ်သော အသက်တာတစ်ခု ဖြစ်သနည်း။ အဖြေမှာ ပကတိအတိုင်း ရှင်းနေပြီး ဖြစ်သည်။ သမ္မာတရားက လူတို့၏ လက်တွေ့အရှိတရား သို့မဟုတ် အသက်တာများ ဖြစ်မလာသည့်အခါတွင်၊ ၎င်းတို့ အသက်ရှင်သည့်အရာမှာ အတော်အတန် သနားဖွယ်ဖြစ်ပြီး ဝမ်းနည်းစရာဖြစ်ကာ၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အသက်တာများကို မထိန်းချုပ်နိုင်ကြပေ။ သမ္မာတရားသည် ၎င်းတို့အတွင်းရှိ အသက် ဖြစ်မလာသေးသောကြောင့်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိသကဲ့သို့၊ ဤအရာနှင့်ပတ်သက်၍ ၎င်းတို့ အနည်းငယ် ဝမ်းနည်မှု ခံစားရကောင်း ခံစားရနိုင်သော်လည်း၊ ခံစားချက်က အလွန် လျင်မြန်စွာ ကုန်လွန်သွားပြီး မည်သည့်နောင်တမျှ မခံစားရပေ။ ယင်းမှာ ဤအသက်တာ နှစ်မျိုးနှစ်စားများကြား ကွာခြားချက် မည်မျှ ကြီးမားပုံ ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်” မှ

အောက်ခြေမှတ်စု(များ)-

က။ “မိမိ၏ တံတောင်ကို တွန်းထုတ်သည်” ဆိုသည်မှာ တရုတ် ဥပစာစကားတစ်ခု ဖြစ်သည်၊ ယင်းမှာ လူတစ်ဦးသည် အခြားသူများအား ထိုသူနှင့် ရင်းနှီးသောလူများ၊ ဥပမာအားဖြင့် မိဘများ၊ သားသမီးများ၊ ဆွေမျိုးများ သို့မဟုတ် တစ်အူတုံဆင်း ညီရင်းအစ်ကို မောင်နှမများကို အထိခိုက်ခံလျက် ကူညီနေသည်ဟု ဆိုလိုသည်။

အရှေ့သို့- ၇၆။ မိမိကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးပြုခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၇၈။ မိမိ၏ တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေလူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင်ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံးဘုရားသည် ကျွန်ုပ်တို့ထဲ၌...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်