စုံလင်စေခြင်းခံရဖို့ ကြိုးစားခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁)မိမိ၏ စိတ်နှလုံးကို ဘုရားသခင်ထံ လွှဲအပ်ဖို့၊ မိမိကိုယ်ကိုယ် ဘုရားသခင်အဖို့ လုံးဝ ဆက်ကပ်ပြီး သူ့အတွက် မိမိကိုယ်ကိုယ် အသုံးခံဖို့၊ သူ၏ နှုတ်ကပတ်တော်များကို အလေးအနက် ဖတ်ရှုရန်နှင့် သူနှင့်အတူ သူ၏ နှုတ်ကပတ်တော်များဖြင့် မိတ်သဟာယပြုရန် လိုအပ်သည်။

(၂) ဘုရားသခင်အတွက် သင့်ကိုယ်သင် စစ်မှန်စွာ အသုံးခံပြီး၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွက် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေလော့။ စိတ်သဘောထားညီညွှတ်ခြင်းဖြင့် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ကာ သင်၏ တာဝန်ကို ကျေနပ်ဖွယ်ရာ ထမ်းဆောင်လော့။

(၃)ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် တရားစီရင်ခံရခြင်း၊ ပြစ်တင်ဆုံးမခံရခြင်း၊ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို လက်ခံပြီး အလိမ်အညာများ၊ မမှန်ကန်မှု၊ လှည့်ဖြားမှုနှင့် ဝတ်ကျေတမ်းကျေ၊ ပေါ့ပေါ့ဆဆဖြစ်သော အလုပ်ကို လုံးဝ အဆုံးသတ်လော့။ ရိုးသားသော လူတစ်ဦး ဖြစ်လော့။

(၄) စမ်းသပ်မှု မျိုးစုံတွင်၊ သမ္မာတရားကို ရှာဖွေလော့၊ အယူအဆများနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို ဖြေရှင်းလော့၊ ဘုရားသခင်၏ အလိုတော်ကို ထောက်ထားမှုပြရန်နှင့် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံလာဖို့ သင်ယူလော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းအားဖြင့်သာ လူသားကို စုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ ၎င်းတို့က “အကယ်၍ ဘုရားသခင်သည် လူသားကို ကျိန်ဆဲမည်ဆိုလျှင်၊ လူသားသည် သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကို တရားစီရင်မည်ဆိုလျှင် လူသားသည် ပြစ်ဒဏ်ချမှတ်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း” ဟု ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများက ပြောသော စကားများ ဖြစ်သည်။ ဘုရားသခင်ကျိန်ဆဲသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူတရားစီရင်သည့်အရာမှာ လူသား၏ အပြစ်များကို ဖြစ်သည်။ ဘုရားသခင်သည် မညှာမတာ၊ ပြင်းပြင်းထန်ထန် ပြောဆိုသော်လည်း သူသည် ဤခက်ထန်သော နှုတ်ကပတ်တော်များ အားဖြင့် လူသားအတွင်း၌ မုချလိုအပ်သောအရာကို ဖော်ထုတ်လျက် လူသားအတွင်းမှ အရာအားလုံးကို ထုတ်ဖော်လေ၏၊ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့် သူသည် လူသားအား လူ့ဇာတိဆိုင်ရာ အနှစ်သာရ၏ နက်နဲသိမ်မွေ့သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းဖြစ်သည်။ လူသား၏ ဇာတိပကတိသည် အပြစ်ဖြစ်ပြီး စာတန်နှင့်သက်ဆိုင်သည်၊ ယင်းသည် နာခံမှုမရှိ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံရသည့်အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်ရမည်ဖြစ်ကာ စစ်ဆေးခြင်း အမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ

ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေဖို့၊ ဦးစွာပထမ သူ၏ စုံလင်စေခြင်းသည် မည်သည့်အရာ ဆိုလိုသည်၊ စုံလင်စေခြင်းခံရဖို့အလို့ငှာ မည်သည့်သတ်မှတ်ချက်များကို ဖြည့်ဆည်းရမည်ဆိုသည်တို့ကို သိနားလည်ရမည်။ လူတစ်ဦးသည် ထိုသို့သော ကိစ္စရပ်များကို သဘောပေါက်သည်နှင့်တစ်ပြိုင်နက်၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ရှာဖွေရမည်။ စုံလင်စေခြင်းခံရဖို့ရန်၊ အရည်အချင်းတစ်ခုခု ပိုင်ဆိုင်ရမည်ဖြစ်သည်။ လူများစွာတို့သည် ပင်ကိုအားဖြင့် လုံလောက်သည့် မြင့်မားမှုရှိသော အရည်အချင်း မရှိကြပေ၊ ထိုအခြေအနေတွင် သင့်အနေဖြင့် အဖိုးအခပေးရမည်ဖြစ်ပြီး ပုဂ္ဂလဓိဋ္ဌာန်ကျကျ ကြိုးစားလုပ်ဆောင်ရမည် ဖြစ်သည်။ သင်၏ အရည်အချင်း ဆိုးရွားလေလေ၊ နှလုံးသွင်းအားထုတ်မှုကို သင် စိုက်ထုတ်ရလေလေ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော သင်၏ သိနားလည်မှု ကြီးမားလေလေနှင့် ၎င်းတို့ကို သင် လက်တွေ့ လုပ်ဆောင်လေလေ၊ စုံလင်ခြင်း လမ်းကြောင်းပေါ်သို့ သင် ခြေချနိုင်ရန် လျင်မြန်လေလေ ဖြစ်သည်။ ဆုတောင်းခြင်းမှတစ်ဆင့်၊ ဆုတောင်းခြင်း နယ်ပယ်တွင် သင်သည် စုံလင်စေခြင်း ခံရနိုင်၏။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ၎င်းတို့၏ အနှစ်သာရကို သဘောပေါက်ခြင်းနှင့် ၎င်းတို့၏ လက်တွေ့ အရှိတရားကို အသက်ရှင်နေထိုင်ခြင်းအားဖြင့်လည်း သင်သည် စုံလင်စေခြင်း ခံရနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်နှင့်အမျှ တွေ့ကြုံခြင်းအားဖြင့်၊ သင်သည် မိမိ၌ မည်သည့်အရာ ချို့တဲ့သည်ကို သိရှိလာသင့်သည်၊ ထို့အပြင် သင်၏ သေစေနိုင်သော အပြစ်အနာအဆာနှင့် သင်၏အားနည်းချက်များကို သတိပြုမိသင့်ပြီး၊ ဘုရားသခင်ထံ ဆုတောင်းကာ အသနားခံသင့်ပေသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် တဖြည်းဖြည်း စုံလင်စေခြင်း ခံရလိမ့်မည်။ စုံလင်စေခြင်းခံရသည့် လမ်းကြောင်းမှာ- ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သဘောပေါက်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အတွေ့အကြုံထဲ ဝင်ရောက်ခြင်းကို ရရှိခြင်း၊ မိမိ၌ မည်သည့်အရာ ချို့တဲ့သည်ကို သိရှိလာခြင်း၊ ဘုရားသခင်၏အမှုတော်ကို နာခံခြင်း၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိခြင်းနှင့်၊ ဘုရားသခင်အပေါ် သင်၏ ချစ်ခြင်းမေတ္တာအားဖြင့် ဇာတိပကတိကို စွန့်လွှတ်ခြင်းနှင့် သင့်အတွေ့အကြုံများကို ကြွယ်ဝစေနိုင်သည့် သင်၏ညီအစ်ကို မောင်နှမများနှင့် မကြာခဏမိတ်သဟာယပြုခြင်းတွင် ပါဝင်ခြင်းတို့ ဖြစ်သည်။ အများနှင့်ဆိုင်သော အသက်တာဖြစ်စေ သင်၏ ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သည့် အသက်တာဖြစ်စေ၊ ကြီးမားသော စုဝေးခြင်းများဖြစ်စေ‌ သေးငယ်သော စုဝေးခြင်းများဖြစ်စေ၊ ထိုအရာအားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး သူ့ထံ ပြန်လာနိုင်ဖို့အလို့ငှာ သင့်ကို အတွေ့အကြုံ ဆည်းပူးခွင့်ပေးပြီး လေ့ကျင့်မှုကို ရရှိခွင့်ပေးသည်။ ဤအရာအားလုံးသည် စုံလင်စေခြင်းဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပေသည်။ ယခင်က ပြောဆိုထားသည့်အတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဆိုသည်မှာ သင့်အနေဖြင့် ဘုရားသခင်အပေါ် သာ၍ ကြီးမားသော ယုံကြည်ခြင်းနှင့် ချစ်ခြင်း ရရှိဖို့အလို့ငှာ ထိုနှုတ်ကပတ်တော်များကို အမှန်တကယ် မြည်းစမ်းပြီး ၎င်းတို့ကို အသက်ရှင်နေထိုင်ဖို့ မိမိကိုယ်ကိုယ် အခွင့်ပေးခြင်း ဖြစ်သည်ဟု ဆိုလိုပေသည်။ ဤပုံစံဖြင့်၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားကို တဖြည်းဖြည်း ခွာချလိမ့်မည်၊ မိမိထံမှ မသင့်လျော်သော ကြံရွယ်မှုများ ကင်းမဲ့စေလိမ့်မည်ဖြစ်ပြီး၊ ပုံမှန်လူတစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင် နေထိုင်လိမ့်မည် ဖြစ်သည်။ သင့်အတွင်း၌ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ကြီးမားလေလေ- ဆိုလိုသည်မှာ၊ ဘုရားသခင်၏ စုံလင်စေခြင်းကို သင် ခံရလေလေ- စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း၏ လွှမ်းမိုးခံရမှု နည်းလေလေ ဖြစ်သည်။ သင်၏ လက်တွေ့ကျသော အတွေ့အကြုံများမှတစ်ဆင့်၊ စုံလင်စေခြင်း လမ်းကြောင်းပေါ်သို့ သင်သည် တဖြည်းဖြည် ခြေချလိမ့်မည် ဖြစ်သည်။ သို့ဖြစ်၍၊ သင့်အနေဖြင့် စုံလင်စေခြင်းခံရရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏ အလိုတော်ကို သတိရှိဖို့နှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံဖို့မှာ အထူးသဖြင့် အရေးကြီးပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့” မှ

သင်သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရဖို့ အမှန်တကယ် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းခံရဖို့ အမှန်တကယ် ဆန္ဒရှိလျှင်၊ သင်၏ ဇာတိပကတိကို စွန့်ပယ်ဖို့သတ္တိ သင့်မှာရှိလိမ့်မည်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး အပျက်သဘော ဆောင်မည် သို့မဟုတ် အားနည်းမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံမှ လာသမျှအားလုံးကို နာခံနိုင်လိမ့်မည်ဖြစ်ပြီး၊ လူရှေ့သူရှေ့၌ ဖြစ်စေ သို့မဟုတ် တစ်ဦးတည်းသီးသန့်ဖြစ်စေ၊ သင်၏အပြုအမူအားလုံးသည် ဘုရားသခင်အတွက် ရှုချင်စဖွယ်ဖြစ်လိမ့်မည်။ သင်သည် ရိုးသားသောလူ တစ်ယောက်ဖြစ်ပြီး အရာခပ်သိမ်း၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရလိမ့်မည်။ လူများရှေ့၌ တစ်မျိုး၊ လူတို့နောက်ကွယ်၌ တစ်မျိုး ပြုမူတတ်သည့် လိမ်လည်လှည့်ဖြားသော လူတို့သည် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရရန် ဆန္ဒမရှိကြပေ။ သူတို့ အားလုံးသည် ထာဝရပြစ်ဒဏ်ခံရခြင်းနှင့် ပျက်စီးခြင်း၏သားများ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်နှင့် မဟုတ်ဘဲ၊ စာတန်နှင့် ဆိုင်သောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ရွေးချယ်သည့် လူအမျိုးအစား မဟုတ်ပါတကား။ အကယ်၍ သင့်အပြုအမူများနှင့် အမူအကျင့်တို့ကို ဘုရားသခင်၏ရှေ့၌ ပြရန် သို့မဟုတ် ဘုရားသခင်၏ ဝိညာဉ်တော် ကြည့်ရှုရန် မဖြစ်နိုင်ပါက၊ ယင်းမှာ သင်၌ တစ်ခုခုမှားနေကြောင်း သက်သေဖြစ်သည်။ သင်သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံပြီး သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်းကို အရေးစိုက်မှသာ၊ သင်သည် စုံလင်စေခြင်းခံရမည့် လမ်းကြောင်းပေါ်၌ ရပ်တည်နေနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရရန်နှင့် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန် သင်အမှန်တကယ် ဆန္ဒရှိလျှင်၊ ညည်းညူသည့်စကား တစ်ခွန်းမျှမဟဘဲ၊ ဘုရားသခင်၏အမှုကို ချင့်တွက်ရန် သို့မဟုတ် အကဲဖြတ်ရန် ဝံ့ရဲခြင်းမရှိဘဲ၊ ဘုရားသခင်၏ အမှုခပ်သိမ်းကို သင်နာခံသင့်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့အတွက် အနည်းဆုံး သတ်မှတ်ချက်များ ဖြစ်ပါသည်။ ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေသောသူတို့အတွက် လိုအပ်သော သတ်မှတ်ချက်တစ်ခုက ဤသို့ဖြစ်သည်- အရာခပ်သိမ်းတွင် ဘုရားသခင်ကိုချစ်သော နှလုံးသားဖြင့် ပြုမူလုပ်ဆောင်လော့။ အရာခပ်သိမ်းတွင် ဘုရားသခင်ကိုချစ်သော နှလုံးသားဖြင့် ပြုမူလုပ်ဆောင်ခြင်း ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏ အပြုအမူများနှင့် အမူအကျင့်အားလုံးမှာ ဘုရားသခင်၏ရှေ့၌ ပြ၍ရသည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ထို့ပြင် သင်၌ မှန်ကန်သော ရည်ရွယ်ချက်များ ရှိသောကြောင့် သင်၏အပြုအမူများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သင်သည် ၎င်းတို့ကို ဘုရားသခင်အား (သို့မဟုတ်) သင်၏ညီအစ်ကို မောင်နှမများအား ပြသရန် မကြောက်ရွံ့ဘဲ၊ ဘုရားသခင်၏ရှေ့၌ သင်သစ္စာဆိုရဲလေသည်။ သင်သည် သင်၏ ရည်ရွယ်ချက်တိုင်း၊ အတွေးတိုင်းနှင့် စိတ်ကူးတိုင်းကို ဘုရားသခင်၏ရှေ့၌ သူစိစစ်ဖို့ရန်အတွက် ပြရမည်။ သင်သည် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်လျှင်၊ သင့်အသက်တာထဲက တိုးတက်မှုမှာ မြန်ဆန်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်” မှ

အကယ်၍ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စုံလင်အောင်ပြုပေးခြင်း ခံရလိုပါက- သင်၌ ဒုက္ခခံလိုစိတ်၊ ယုံကြည်ခြင်း၊ သည်းခံခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်၏အမှုကို တွေ့ကြုံနိုင်စွမ်း၊ သူ၏အလိုတော်ကို နားလည် သဘောပေါက်နိုင်စွမ်း၊ သူ၏ဝမ်းနည်းပူဆွေးခြင်းကို အရေးထားနိုင်စွမ်း အစရှိသည့် အရာတိုင်းကို လုပ်ဆောင်နိုင်စွမ်း ရှိရမည်။ လူတစ်ဦးကို စုံလင်စေခြင်းမှာ မလွယ်ကူဘဲ သင်တွေ့ကြုံရသော စစ်ဆေးခြင်း တစ်ခုစီတိုင်းတွင် သင်၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း လိုအပ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရလိုပါက၊ ထိုလမ်းကြောင်းပေါ်သို့ အလောတကြီးထွက်သွားရုံမျှနှင့် မလုံလောက်သည် သာမက၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရုံမျှနှင့်လည်း မလုံလောက်ပါ။ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းကို ခံရသောသူတစ်ဦး ဖြစ်လာနိုင်ရန် သင်၌ အရာများစွာကို ပိုင်ဆိုင်ရမည်။ ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို စွန့်လွှတ်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန်အတွက် တစ်ကိုယ်ရေဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်- အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ဝန်ထုပ်ကို လက်ခံခြင်းနှင့် ဘုရားသခင် သင့်ကို အပ်နှံသည့် လုပ်ငန်းတာဝန်များကို လက်ခံခြင်း- ဤအရာအားလုံးသည် သင့်ရှေ့တွင် လမ်းကြောင်းတစ်ခု ရှိနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ အပ်နှံမှု ဝန်ထုပ် သင့်အပေါ် ဖိစီးလေလေ၊ သူ၏ စုံလင်စေခြင်းခံရဖို့ သင့်အတွက် လွယ်ကူလေလေ ဖြစ်လိမ့်မည်။ အချို့သော သူတို့သည် ခေါ်ခြင်းခံရသည့်အချိန်တွင်ပင် ဘုရားသခင်ကို အစေခံရာ၌ အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားခြင်းမရှိကြချေ။ ဤလူများသည် သက်တောင့်သက်သာရှိခြင်းတွင် သောက်စားမြူးထူးဖို့သာ ဆန္ဒရှိသည့် ပျင်းရိသောလူများ ဖြစ်ကြသည်။ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ သင် စေခိုင်းခံရလေလေ၊ သင်သည် အတွေ့အကြုံ ရရှိလေလေ ဖြစ်လိမ့်မည်။ သာ၍ များသော ဝန်ထုပ်များနှင့် အတွေ့အကြုံများရှိခြင်းကြောင့်၊ စုံလင်ခြင်းခံရဖို့ အခွင့်အရေးများ သင် သာ၍ ရရှိလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို စစ်မှန်ရိုးသားမှုဖြင့် အစေခံနိုင်ပါက၊ ဘုရားသခင်၏ဝန်ထုပ်ဝန်ပိုးအပေါ် သင် သတိရှိလိမ့်မည်။ ထိုသို့ဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများ သာ၍ ရှိလိမ့်မည်။ လောလောဆယ်တွင် စုံလင်စေခြင်း ခံရလျက်ရှိသည်မှာ ထိုသို့သော လူစုတစ်စုသာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို တို့ထိလေလေ၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိဖို့အချိန်ကို သင် ဆက်ကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် သူ၏ ရယူခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်- နောက်ဆုံးတွင် သင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး ဖြစ်လာမည့်အချိန်အထိ ဖြစ်သည်။ လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါက၊ မည်သည့် ဝန်ထုပ်ကိုမျှ သင် သယ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင့်ထံ သူ အပ်နှံသည့် ဝန်ထုပ်သည် ကြီးမားလေလေ ဖြစ်လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူများသည် ထိုသို့သောအရာများကို ဒုက္ခခံရန် လိုလားခြင်းမရှိကြချေ။ ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်း မရှိကြသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့် အခွင့်အရေးများကို ၎င်းတို့ လက်လွတ်သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ဆောင်နေကြခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်၏အလိုတော်ကို သတိရှိသူတစ်ဦးဖြစ်ပါက၊ အသင်းတော်အတွက် စစ်မှန်သော ဝန်ထုပ်တစ်ခုကို သင် ဖြစ်ပေါ်စေလိမ့်မည်။ အမှန်တွင်၊ အသင်းတော်အတွက် သင် ဖြစ်ပေါ်စေသည့် ဤဝန်ထုပ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုသို့သော အတွေ့အကြုံများအား သင့်ကို အသုံးပြုစေဖို့ဖြစ်သောကြောင့် ဤအရာကို အသင်းတော်အတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်မည့်အစား၊ သင်ကိုယ်တိုင်၏ အသက်တာအတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်ဖို့ ပိုကောင်းပေမည်။ ထို့ကြောင့် အသင်းတော်အတွက် အကြီးမားဆုံးသော ဝန်ထုပ်ကို သယ်ဆောင်သူ မည်သူမဆို၊ အသက်တာထဲသို့ ဝင်ရောက်ခြင်းအတွက် ဝန်ထုပ်တစ်ခုကို သယ်ဆောင်သူ မည်သူမဆို- ၎င်းတို့သည် ဘုရားသခင်၏စုံလင်စေခြင်းခံရမည့် သူများဖြစ်ကြလိမ့်မည်။ ဤအရာကို သင်ရှင်းလင်းစွာ မြင်ပြီးပြီလော။ သင်ပါဝင်သောအသင်းတော်သည် သဲကဲ့သို့ လူစုကွဲနေသော်လည်း သင်သည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိပါက၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်း မရှိသည့်အခါ သင်သည် မသိကျိုးကျွန်ပင်ပြုထားပါက၊ သင်သည် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်နေခြင်း မရှိပေ။ ထိုသို့သောလူများသည် ဘုရားသခင် အထူးနှစ်သက်သည့် သူမျိုး မဟုတ်ပေ။ ဘုရားသခင် အထူးနှစ်သက်သည့်သူမျိုးက ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်မွတ်သိပ်ပြီး သူ၏အလိုတော်အပေါ် သတိရှိ၏။ ထို့ကြောင့်၊ သင်တို့သည် လက်ရှိအချိန်တွင် ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိသင့်ပေသည်။ သင်သည် ဘုရားသခင်၏ဝန်ထုပ်များအပေါ် သတိရှိခြင်း မကြီးထွားမီ၊ ဘုရားသခင်က သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားမျိုးနွယ် အားလုံးထံသို့ ထုတ်ဖော်ပြဖို့ရန်အတွက် မစောင့်ဆိုင်းသင့်ပေ။ ထိုအချိန်အရောက်တွင် အလွန် နောက်ကျသွားမည် မဟုတ်လော။ ယခုအချိန်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အခွင့်ကောင်းတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပါက၊ မောရှေသည် ခါနန်ပြည်သို့ မဝင်ရောက်နိုင်ခဲ့သဖြင့်၊ သူ့ဘဝ၏ ကျန်ရှိသည့်အချိန်များတွင် နောင်တရကာ ကြေကွဲဝမ်းနည်းခြင်းဖြင့် သေအံ့ဆဲဆဲ ဖြစ်ခဲ့သကဲ့သို့၊ သင်၏ကျန်ရှိသည့် ဘဝအချိန်များတွင် ထိုအရာအတွက် သင် နောင်တရလိမ့်မည်။ ဘုရားသခင်သည် လူအားလုံးထံ မိမိ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြပြီးသည်နှင့် တစ်ပြိုင်နက် သင်သည် ဝမ်းနည်းမှုဖြင့် ပြည့်လိမ့်မည်။ ဘုရားသခင်က သင့်ကို ပြစ်တင်ဆုံးမခြင်းမရှိလျှင်ပင်၊ သင်ကိုယ်တိုင်၏ နောင်တကြောင့် သင်သည် မိမိကိုယ်ကိုယ် ပြစ်တင်ဆုံးမလိမ့်မည် ဖြစ်သည်။ အချို့သည် ဤအရာကို ယုံကြည်လက်ခံခြင်း မရှိကြသော်လည်း၊ သင် မယုံကြည်ပါက၊ စောင့်သာ ကြည့်လော့။ ၎င်းတို့၏ တစ်ခုတည်းသော ရည်မှန်းချက်က ဤနှုတ်ကပတ်တော်များကို ပြည့်စုံစေဖို့သာဖြစ်သည့် လူအချို့ ရှိပေသည်။ ဤနှုတ်ကပတ်တော်များအတွက် သင်သည် မိမိကိုယ်ကိုယ် စွန့်လွှတ်ဖို့ လိုလိုလားလား ရှိသလော။

သင်သည် ဘုရားသခင်၏စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများကို မရှာဖွေပါက၊ ထို့အပြင် စုံလင်ခြင်းကို သင်ရှာဖွေမှုတွင် အုပ်စုရှေ့တွင်ရှိဖို့ သင် မကြိုးပမ်းပါက၊ သင်သည် နောက်ဆုံးတွင် နောင်တဖြင့် ပြည့်မည်ဖြစ်သည်။ စုံလင်ခြင်းကိုရရှိဖို့ အကောင်းဆုံး အခွင့်အရေးမှာ ယခုဖြစ်သည်။ ယခုအချိန်သည် အလွန့်အလွန် ကောင်းမွန်သောအချိန် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အလေးအနက် မကြိုးစားပါက၊ သူ၏အမှု အဆုံးသတ်သည်နှင့်တစ်ပြိုင်နက် အလွန် နောက်ကျသွားလိမ့်မည်- သင် အခွင့်အရေးကို လက်လွတ်သွားပြီး ဖြစ်လိမ့်မည်။ သင့် ရည်မှန်းချက်များ မည်မျှပင် ကြီးမားပါစေ၊ ဘုရားသခင်သည် အမှုကို ဆောင်ရွက်နေခြင်း မရှိတော့ပါက၊ သင် မည်မျှပင် အားထုတ်သည်ဖြစ်စေ၊ စုံလင်ခြင်းကို ဘယ်သောအခါမျှ ရရှိနိုင်လိမ့်မည်မဟုတ်။ သင်သည် ဤအခွင့်အရေးကို လက်မလွတ်တမ်း အသုံးချရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က သူ၏ကြီးမြတ်သောအမှုကို လုပ်ဆောင်စဉ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ ဤအခွင့်အရေးကို သင် လက်လွတ်သွားပါက၊ မည်သည့် အားထုတ်မှုကို သင် ပြုပါစေ၊ သင့်ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမည်မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့” မှ

အသက်တာထဲဝင်ရောက်ခြင်းကို လူတို့ရရှိအောင်အားထုတ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံသည်။ ယခင်က၊ အရာရာသည် သူ၏ နှုတ်ကပတ်တော်ကြောင့် ပြီးမြောက်သည်ဟု ဆိုခဲ့သော်လည်း၊ ဤအမှန်တရားကို မည်သူမျှ မမြင်ခဲ့ကြပေ။ မျက်မှောက်အဆင့်ကို တွေ့ကြုံခြင်းထဲသို့ သင် ဝင်ရောက်ပါက၊ သင့်အဖို့ အရာအားလုံး ရှင်းလင်းသွားမည်ဖြစ်ပြီး၊ သင်သည် အနာဂတ် စမ်းသပ်မှုများအတွက် ကောင်းမွန်သော အခြေခံအုတ်မြစ်ကို တည်ဆောက်နေလိမ့်မည် ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်းကိုသာ အာရုံစိုက်လော့။ ဘုရားသခင်က သူသည် လူတို့ကို စတင်ပြစ်တင်ဆုံးမမည်ဟုပြောသည့်အခါ သူ၏ ပြစ်တင်ဆုံးမခြင်းကို လက်ခံလော့။ ဘုရားသခင်က လူတို့ကို သေဖို့စေခိုင်းသည့်အခါ၊ ထိုစမ်းသပ်မှုကို လက်ခံလော့။ သင်သည် သူ၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များအတွင်းတွင် အမြဲ အသက်ရှင်နေပါက၊ အဆုံး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ကို စုံလင်စေလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲသို့ သင် ဝင်ရောက်လေလေ၊ သင်သည် လျင်မြန်စွာ စုံလင်ခံရလေလေ ဖြစ်လိမ့်မည်။ အကြိမ်ကြိမ် မိတ်သဟာယပြုပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ဖို့ သင်တို့ကို ငါ အဘယ်ကြောင့် တောင်းဆိုသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သင် ရှာဖွေလိုက်စားပြီး တွေ့ကြုံကာ၊ သူ၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်သည့်အခါမှသာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်ရန် အခွင့်အရေးရှိပေသည်။ ထို့ကြောင့် သင်တို့အားလုံးသည် ဘုရားသခင် အမှုပြုသည့် နည်းလမ်းတိုင်းတွင် ပါဝင်သောသူများ ဖြစ်ပြီး၊ သင်တို့၏ ဆင်းရဲဒုက္ခ မည်သည့်အတိုင်းအတာ ရှိသည်ဖြစ်စေ၊ နောက်ဆုံးတွင် “အမှတ်တရ လက်ဆောင်” ကို သင်တို့အားလုံး ရရှိလိမ့်မည်။ သင်တို့၏ နောက်ဆုံးစုံလင်ခြင်းကို ရရှိဖို့အလို့ငှာ၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးထဲသို့ ဝင်ရောက်ရမည် ဖြစ်သည်။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်စေခြင်းသည် တစ်ဖက်သတ်မဟုတ်ပေ။ သူသည် လူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်၊ အယောက်တိုင်း သတိရှိစွာ သူနှင့် ပူးပေါင်းလုပ်ဆောင်ရန် သူ လိုအပ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်းကိုသာ အာရုံစိုက်လော့ - ဤအရာသည် သင်တို့၏အသက်တာအတွက် သာ၍အကျိုးရှိလိမ့်မည်။ အရာရာသည် သင်တို့၏စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိခြင်းအတွက် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်သည့်အခါ၊ သင်၏စိတ်နှလုံးသည် သူ၏တို့ထိခြင်း ခံရမည်ဖြစ်ပြီး သူ၏ အမှုနှင့်ဆိုင်သည့် ဤအဆင့်တွင် ဘုရားသခင် ရရှိရန် ဆန္ဒရှိသည့် အရာတိုင်းကို သင် သိရှိနိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး ထိုအရာကို ရရှိဖို့ စိတ်ဆုံးဖြတ်ချက် ရှိလိမ့်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်” မှ

လက်ရှိအချိန်တွင်၊ သင်တို့ အဓိက ရှာဖွေသင့်သည့်အရာမှာ အရာခပ်သိမ်း၌ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန်နှင့် သင်တို့အထဲတွင် ဘုရားသခင်၏ ဖြစ်ခြင်း သာ၍ဖြစ်ပေါ်စေဖို့အလို့ငှာ၊ သင် ရင်ဆိုင်ရသည့် လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများအားလုံးမှတစ်ဆင့် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ဖြစ်သည်။ သင်သည် ဦးစွာပထမ ဘုရားသခင်၏ အမွေဥစ္စာ ရရှိရမည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်ထံမှ သာ၍များပြားပြီး သာ၍ကြီးမားသော ကောင်းချီးမင်္ဂလာများကို အမွေခံရန် အရည်အချင်း ပြည့်မီလာလိမ့်မည် ဖြစ်သည်။ ဤအရာအားလုံးသည် အခြားအရာများအားလုံးမတိုင်မီ သင်တို့ ရှာဖွေသင့်ပြီး နားလည်သင့်သည့်အရာများ ဖြစ်သည်။ အရာခပ်သိမ်းတွင် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ သင် ကြိုးစားလေလေ၊ အရာခပ်သိမ်းတွင် ဘုရားသခင်၏လက်ကို သင်မြင်လေလေ ဖြစ်လိမ့်မည်၊ ယင်း၏ အကျိုးဆက်အနေဖြင့် သင်သည် ကွဲပြားသော ရှုထောင့်များမှတစ်ဆင့်နှင့် ကွဲပြားသော ကိစ္စရပ်များတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဖြစ်တည်မှုထဲသို့ ဝင်ရောက်ဖို့နှင့် သူ၏ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ဖို့ တက်ကြွစွာ ကြိုးစားလိမ့်မည် ဖြစ်သည်။ အပြစ်များကို မကျူးလွန်ခြင်း၊ သို့မဟုတ် အယူအဆများ မရှိခြင်း၊ ရှင်သန်ခြင်းအတွက် ဒဿနမရှိခြင်းနှင့် လူသား အလိုဆန္ဒ မရှိခြင်းမျှကဲ့သို့သော မတုန်မလှုပ်အခြေအနေများဖြင့် သင်သည် ကျေနပ်ရောင့်ရဲ၍ မဖြစ်ပေ။ ဘုရားသခင်သည် လူသားကို နည်းလမ်း အမြောက်အများဖြင့် စုံလင်စေသည်။ သင် ရရှိသောအရာကို သာ၍အလျှံပယ်ဖြစ်စေဖို့ရန် သူသည် သင့်ကို အပြုသဘောဆောင်သော အခြေအနေများဖြင့်သာမက၊ အပျက်သဘောဆောင်သော အခြေအနေများဖြင့်လည်း စုံလင်စေနိုင်ပေသည်။ နေ့ရက်စဉ်တိုင်းတွင် စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများနှင့် ဘုရားသခင်၏ ရယူခြင်းခံရဖို့ အချိန်အခါများ ရှိပေသည်။ ထိုသို့ အချိန်တစ်ခုကြာ တွေ့ကြုံပြီးနောက်တွင်၊ သင်သည် ကြီးမားစွာ ပြောင်းလဲလိမ့်မည်ဖြစ်ပြီး၊ ယခင်က သင် မသိနားမလည်ခဲ့သည့် အရာများစွာကို အလိုအလျောက် သင် နားလည်လိမ့်မည် ဖြစ်သည်။ အခြားသူများထံမှ ညွှန်ကြားချက် လိုအပ်လိမ့်မည် မဟုတ်။ သင် မသိလိုက်ဘဲနှင့်၊ သင်သည် အရာခပ်သိမ်းတွင် ဉာဏ်အလင်းပေးခြင်းကို ရရှိပြီး သင်၏ အတွေ့အကြုံများအားလုံးထဲသို့ အသေးစိတ်ကျကျ ဝင်ရောက်ဖို့အလို့ငှာ၊ ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းပေးလိမ့်မည် ဖြစ်သည်။ သင်သည် လက်ဝဲ သို့မဟုတ် လက်ျာဘက်သို့ သွေလွဲမသွားဖို့အလို့ငှာ ဘုရားသခင်သည် သင့်ကို ဧကန်မုချ လမ်းပြလိမ့်မည်ဖြစ်ပြီး၊ ထို့ကြောင့် သင်သည် သူ၏ စုံလင်စေခြင်းထံ လမ်းကြောင်းပေါ်သို့ ခြေချမိလိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ” မှ

သင်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရရန် ဆန္ဒရှိပါက၊ ကိစ္စရပ်အားလုံးတွင် မည်သို့ တွေ့ကြုံရမည်ကို သင်ယူရမည်ဖြစ်ပြီး၊ သင်၌ ဖြစ်ပျက်သည့် အရာရာတိုင်း၌ ဉာဏ်အလင်းပေးခြင်းကို ရယူနိုင်ရမည်ဖြစ်သည်။ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ယင်းသည် သင့်ကို အကျိုးကျေးဇူး ယူဆောင်လာပေးသင့်ပြီး၊ သင့်ကို အပျက်သဘော မဆောင်စေသင့်ပေ။ မည်သို့ဆိုစေ၊ သင်သည် ဘုရားသခင်၏ဘက်တွင် ရပ်နေစဉ် အမှုအရာများကို သုံးသပ်ဆင်ခြင်နိုင်သင့်ပြီး လူသား၏ ရှုထောင့်မှ ၎င်းတို့ကို မစိစစ်သင့်ပေ သို့မဟုတ် မလေ့လာသင့်ပေ (ဤသည်မှာ သင်၏အတွေ့အကြုံ၌ သွေဖည်မှု ဖြစ်ပေမည်)။ သင်သည် ထိုသို့တွေ့ကြုံပါက၊ သင်၏ စိတ်နှလုံးသည် သင့်အသက်တာ၏ ဝန်ထုပ်များဖြင့် ပြည့်နေလိမ့်မည်။ သင်သည် သင်၏ လက်တွေ့လုပ်ဆောင်မှုတွင် လွယ်လင့်တကူ မသွေဖည်ဘဲလျက်၊ ဘုရားသခင်၏ မျက်နှာအလင်းတွင် စဉ်ဆက်မပြတ် အသက်ရှင်လိမ့်မည် ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့ရှေ့တွင် တောက်ပသော အနာဂတ်ရှိလေသည်။ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အလွန်များလှစွာသော အခွင့်အရေးများ ရှိပေသည်။ ယင်းသည် သင်တို့အနေဖြင့် ဘုရားသခင်ကို အမှန်ချစ်သောသူတစ်ဦး ဖြစ်၊ မဖြစ်ဆိုသည်နှင့် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့နှင့် ဘုရားသခင်၏ ရယူခြင်းခံရဖို့၊ ပြီးလျှင် သူ၏ ကောင်းချီးမင်္ဂလာများနှင့် အမွေဥစ္စာကိုရရှိရန် သန္နိဌာန်ရှိသည်၊ မရှိသည် ဆိုသည့်အပေါ် အားလုံးမူတည်ပေသည်။ သန္နိဌာန်ရှိရုံမျှသည် မလုံလောက်ပေ။ သင်တို့အနေဖြင့် များစွာသော အသိပညာများ ရှိရမည်၊ သို့မဟုတ်ပါက သင်တို့၏ လက်တွေ့လုပ်ဆောင်ခြင်းတွင် သင်တို့ အမြဲ သွေဖည်နေကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် သင်တို့ တစ်ဦးစီတိုင်းကို စုံလင်စေရန် လိုလားလျက်ရှိ၏။ ယခုအခြေအနေတွင်၊ လူအများစုသည် ဘုရားသခင်၏အမှုကို အလွန်ကြာမြင့်စွာ လက်ခံနှင့်ကြပြီး ဖြစ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ အရိပ်ခိုခြင်းမျှထိသာ မိမိတို့ကိုယ်ကိုယ် ကန့်သတ်ထားကြကာ ဇာတိပကတိ၏ သက်သာမှုအနည်းငယ်ကို ၎င်းတို့အား ပေးရန်သာ ဘုရားသခင်ကို အခွင့်ပေးဖို့ လိုလားနေကြသော်လည်း၊ သာ၍များပြီး သာ၍ မြင့်မားသော ထုတ်ဖော်ခြင်းများကို ရရှိရန် လိုလားလျက်မရှိကြပေ။ ဤရာက လူသား၏စိတ်နှလုံးသည် အမြဲ ပြင်ပတွင် ရှိနေသေးသည်ကို ပြသပေသည်။ လူသား၏အလုပ်၊ သူ၏အစေခံခြင်းနှင့် သူ၏ဘုရားသခင်ကိုချစ်ခြင်း နှလုံးသားသည် မစင်ကြယ်မှုများ သာ၍ နည်းပါးသော်လည်း၊ သူ၏ အတွင်းပိုင်း အနှစ်သာရနှင့် မတိုးတက်သော အတွေးခေါ်ခြင်းတို့နှင့် ပတ်သက်သရွေ့၊ လူသားသည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို အစဉ်မပြတ် ရှာဖွေနေသေးကာ၊ လူသားကို ဘုရားသခင် စုံလင်စေခြင်း၏ သတ်မှတ်ချက်များနှင့် ရည်ရွယ်ချက်များ မည်သည့်အရာများ ဖြစ်နိုင်သည်ကို ဘာမျှအရေးမထားပေ။ ထို့ကြောင့် လူအများစု၏ အသက်တာများသည် အောက်တန်းကျကာ ယိုယွင်းဆဲ ဖြစ်သည်။ ၎င်းတို့၏ အသက်တာများသည် စိုးစဉ်းမျှ ပြောင်းလဲခြင်းမရှိလေပြီ။ ၎င်းတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းကို အရေးကြီးသည့်ကိစ္စတစ်ခုအဖြစ် လုံးဝမယူမှတ်ကြချေ၊ ယင်းမှာ ၎င်းတို့အနေဖြင့် ဟန်ဆောင်လုပ်ပြနေကြပြီး ဖြစ်ကတတ်ဆန်း နေရင်း၊ မရေရာသော တည်ရှိခြင်းတွင် လွင့်မျောလျက်၊ အခြားသူများအတွက်သာ ယုံကြည်ခြင်း ရှိသည့်အလား ဖြစ်သည်။ သာ၍များပြီး သာ၍ ကြွယ်ဝသော အရာများကို ရရှိရင်း၊ ယနေ့တွင် ဘုရားသခင်၏အိမ်၌ သာ၍ကြီးမြတ်သော ကြွယ်ဝမှုနှင့်ဆိုင်သည့် လူများ ဖြစ်လာရင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို သာ၍ ရရှိရင်း၊ အရာခပ်သိမ်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်နိုင်သောသူ နည်းပါးပေသည်။ သင်သည် အရာခပ်သိမ်း၌ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ကြိုးစားပြီး၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင် ကတိပေးထားသည့်အရာကို ရရှိနိုင်ပါက၊ အရာခပ်သိမ်း၌ သင်သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခံရဖို့ ကြိုးစားပြီး၊ နှစ်ကာလများကို အလဟဿ လက်လွတ်မသွားစေပါက၊ ဤသည်မှာ တက်ကြွစွာ ဝင်ရောက်ရန် အကောင်းဆုံးသော လမ်းကြောင်းဖြစ်သည်။ ထိုသို့ဖြင့်သာ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုက်တန်ကာ အရည်အချင်း ပြည့်မီလာလိမ့်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ” မှ

သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် အသုံးပြုခြင်းခံရသည့် လူအချို့၌သာ အလုပ်မလုပ်သည်သာမက၊ ထို့ထက်ပို၍ အသင်းတော်၌ အလုပ်လုပ်သည်။ သူသည် မည်သူ့အထဲ၌မဆို အလုပ်လုပ်နေနိုင်သည်။ သူသည် ပစ္စုပ္ပန်ကာလ၌ သင့်အထဲမှာ အလုပ်လုပ်ကောင်း လုပ်လိမ့်မည်ဖြစ်ပြီး ဤအမှုကို သင်တွေ့ကြုံရလိမ့်မည်။ နောက်ထပ်ကာလအတွင်း၌ သူသည် အခြားလူတစ်ယောက်အထဲ၌ အလုပ်လုပ်ကောင်းလုပ်နိုင်ပြီး၊ ထိုအခြေအနေတွင် သင်မြန်မြန်လိုက်ရမည်။ ပစ္စုပ္ပန်ကာလ၏ အလင်းကို သင် ပို၍နီးကပ်စွာ လိုက်လေလေ၊ သင်၏အသက်တာ ပို၍ ကြီးထွားနိုင်လေလေ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်ပုဂ္ဂိုလ်အမျိုးအစား ဖြစ်ပါစေ၊ သူ့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပါက သင်လိုက်ရမည်။ သူတို့၏ အတွေ့အကြုံများကို သင့်အတွေ့အကြုံများမှတစ်ဆင့် ခံစားလော့၊ ထိုအခါ သင်သည် ပို၍ပင် အဆင့်မြင့်သော အရာများကို ရရှိလိမ့်မည်။ ထိုသို့လုပ်ခြင်းဖြင့် သင်သည် ပိုမိုလျင်မြန်စွာ တိုးတက်လာလိမ့်မည်။ ဤသည်မှာ လူသားအတွက် စုံလင်ခြင်း၏ လမ်းကြောင်းဖြစ်ပြီး အသက်တာ ကြီးထွားသည့် နည်းလမ်းဖြစ်သည်။ စုံလင်စေခြင်းလမ်းကြောင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအား သင်၏နာခံမှုအားဖြင့် ရောက်ရှိလေသည်။ ဘုရားသခင်က မည်သည့်လူအမျိုးအစားအားဖြင့် သင့်ကို စုံလင်စေမည်ကိုလည်းကောင်း၊ သူက မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာအားဖြင့် သင့်အား အမှုအရာများကို ရရှိခွင့်ပြုမည် သို့မဟုတ် မြင်ခွင့်ပြုမည်ကိုလည်းကောင်း သင်မသိချေ။ သင်သည် ဤလမ်းမှန်ပေါ်၌ လျှောက်လှမ်းနိုင်လျှင်၊ သင့်အနေဖြင့် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံရဖို့ ကြီးမားသော မျှော်လင့်ချက်ရှိကြောင်း ယင်းကပြသသည်။ သင်မလျှောက်လှမ်းနိုင်ပါက၊ သင့်အနာဂတ်သည် မျှော်လင့်ချက်မရှိ၊ အလင်းရောင်ကင်းမဲ့သော အနာဂတ်ဖြစ်ကြောင်း ယင်းကပြသသည်။ သင်သည် လမ်းမှန်ပေါ်သို့ ရောက်သောအခါ၊ အရာခပ်သိမ်း၌ ဖွင့်ပြမှုကို ရရှိလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အခြားသူများကို မည်သည့်အရာ ဖွင့်ပြသည်ဖြစ်စေ၊ သင်သည် သူတို့၏ သိကျွမ်းခြင်းအပေါ် အခြေခံပြီး အမှုအရာများကို သင်ကိုယ်တိုင် ကြုံတွေ့ခံစားရအောင် ဆက်လက်လုပ်ဆောင်လျှင်၊ ဤအတွေ့အကြုံသည် သင့်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး၊ သင်သည် ဤအတွေ့အကြုံမှနေ၍ အခြားသူများကို ကူညီထောက်ပံ့နိုင်လိမ့်မည်။ စကားလုံးများ သံယောင်လိုက်ခြင်းအားဖြင့် အခြားသူများကို ကူညီထောက်ပံ့သော သူများသည် မည်သည့်အတွေ့အကြုံမျှ မရှိသောလူတို့ဖြစ်သည်။ သင်ကိုယ်တိုင်၏ တကယ့်အတွေ့အကြုံနှင့် သိကျွမ်းခြင်းအကြောင်းကို စမပြောနိုင်သေးခင်၌၊ သင်သည် အခြားသူများ၏ အလင်းဖွင့်ပြခြင်းနှင့် ဉာဏ်အလင်းပေးမှုအားဖြင့် လက်တွေ့လုပ်ဆောင်နည်းကို တွေ့ရှိရန် သင်ယူရမည်။ ဤအရာက သင်ကိုယ်တိုင်၏ အသက်တာအတွက် သာ၍ ကြီးမားသော အကျိုးကျေးဇူး ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ဆီမှ လာသော အရာမှန်သမျှကို နာခံလျက် ထိုကဲ့သို့ တွေ့ကြုံသင့်သည်။ သင်၏အသက်တာ ကြီးထွားနိုင်စေရန်အတွက် သင်သည် အရာရာ၌ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး အရာရာ၌ သင်ခန်းစာများကို သင်ယူလေ့လာသင့်သည်။ ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်ခြင်းက အလျင်မြန်ဆုံးသော တိုးတက်မှုကို ဖြစ်စေနိုင်လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်” မှ

ပေတရု ကြိုးစားခဲ့သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းနှင့် သူ့အတွက် ဘုရားသခင် ပေးခဲ့သည့် အမျိုးမျိုးသော စမ်းသပ်မှုများ အတွင်းမှတစ်ဆင့် သူ့ကိုယ်သူ သိရှိလာဖို့ရန်နှင့် သူ့အထဲတွင် ထုတ်ဖော်ပြခဲ့ပြီး ဖြစ်သည့်အရာကို မြင်လာဖို့ရန် ဖြစ်၏။ မိမိကိုယ်ကိုယ် အမှန်တကယ် သူ သိနားလည်လာခဲ့သည့် အချိန်တွင်၊ လူသားများက မည်မျှနက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်နှင့် ၎င်းတို့ ဘုရားသခင်ကို အစေခံခြင်းငှာ မည်မျှ တန်ဖိုးမဲ့ပြီး မထိုက်တန်ပုံနှင့် သူ၏ရှေ့မှောက်တွင် အသက်ရှင်ရန် လူသားက မထိုက်တန်သည်ဆိုသည်တို့ကိုသာ ပေတရု နားလည်ခဲ့ရသည်။ ထို့နောက် ပေတရုသည် ဘုရားသခင်၏ ရှေ့တွင် လဲကျပျပ်ဝပ်ခဲ့သည်။ နောက်ဆုံးတွင် သူက၊ “ဘုရားသခင်ကို သိကျွမ်းခြင်းသည် တန်ဖိုးအရှိဆုံးသော အရာဖြစ်၏။ ဘုရားသခင်ကို မသိကျွမ်းမီ ငါသေခဲ့လျှင်၊ အင်မတန် ဝမ်းနည်းစရာ ဖြစ်လိမ့်မည်၊ ဘုရားသခင်ကို သိကျွမ်းခြင်းသည် အရေးကြီးဆုံး၊ အဓိပ္ပာယ်အရှိဆုံးသော အရာဖြစ်သည်ဟု ကျွန်ုပ် ခံစားရ၏။ လူသားသည် ဘုရားသခင်ကို မသိလျှင်၊ အသက်ရှင်ဖို့ မထိုက်သကဲ့သို့ အသက်မရှိပါ” ဟု တွေးခဲ့သည်။ ပေတရု၏ အတွေ့အကြုံ ဤအဆင့်သို့ ရောက်ရှိသည့် အချိန်တွင်၊ သူသည် မိမိ၏ ကိုယ်ပိုင် သဘာဝကို အတော်အတန် တိုး၍ နှံ့စပ်ခဲ့ပြီးဖြစ်ကာ ယင်းနှင့်သက်ဆိုင်သည့် အတော်အတန် ကောင်းမွန်သော သိနားလည်မှု ရရှိခဲ့ပြီးဖြစ်သည်။ လူတို့ ယနေ့ခေတ်တွင် စိတ်ကူးကြသည့်အရာနှင့် ကိုက်ညီမည့် ဝေါဟာရများဖြင့် သူသည် ယင်းကို စေ့စေ့စပ်စပ် ရှင်းပြနိုင်ခဲ့လိမ့်မည် မဟုတ်သော်လည်း၊ ပေတရုသည် ဤအခြေအနေသို့ ဧကန်အမှန် ူရောက်ရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အသက်ကို လိုက်စားရှာဖွေခြင်းနှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ကြိုးပမ်းရရှိခြင်း လမ်းကြောင်းတွင် ဘုရားသခင်၏ မိန့်မြွက်ချက်များအတွင်းမှ မိမိ၏ ကိုယ်ပိုင်သဘာဝကို ပိုမိုနက်ရှိုင်းစွာ သိနားလည်ခြင်းကို ရရှိခြင်းအပြင် မိမိသဘာဝ၏ ရှုထောင့်များကို သဘောပေါက်ခြင်းနှင့် ယင်းကို စကားလုံးများဖြင့် တိတိကျကျ ဖော်ပြခြင်းတို့ ပါဝင်လေသည်။ ဆိုးယုတ်သည့် အိုဟောင်းသော သဘာဝနှင့်ဆိုင်သော အသက်တာဖြစ်သည့် မိမိ၏ ဟောင်းသော အသက်တာကို စေ့စေ့စပ်စပ် သိနားလည်ဖို့ဟူသည်မှာ ဘုရားသခင် တောင်းဆိုသော ရလဒ်များရရှိဖို့ရန်ကို ဆိုလိုသည်။ သင်၏ အသိပညာသည် ဤအဆင့်သို့ မရောက်သေးသော်လည်း၊ သင်က မိမိကိုယ်ကိုယ် သိရှိပြီး၊ အသက်ရရှိပြီးဖြစ်သည်ဟု အခိုင်အမာဆိုလျှင်၊ သင် လေလုံးထွားနေခြင်း သက်သက်သာ မဟုတ်လော။ သင်သည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့၊ ဘုရားသခင်ရှေ့တွင် သင် မည်သည့်အရာ ဖြစ်သည်၊ လူသား ဖြစ်ခြင်း၏ စံနှုန်းများကို သင် အမှန်တကယ် ပြည့်မီသည် မပြည့်မီသည် သို့မဟုတ် သင့်အတွင်းတွင် ဆိုးယုတ်သော အရိပ်လက္ခဏာများ မည်မျှ သင် ရှိသေးသည်ကိုလည်း သင် မသိပေ။ သင် မည်သူနှင့် သက်ဆိုင်သည်ကို မရှင်းလင်းသေးသကဲ့သို့၊ မိမိကိုယ်ကိုယ် သိရှိခြင်း တစ်ခုတလေမျှပင် သင် မရှိပေ၊ ထို့ကြောင့် ဘုရားသခင်ရှေ့တွင် သင် မည်သို့ ဆင်ခြင်တုံတရား ပိုင်ဆိုင်နိုင်မည်နည်း။ ပေတရုက အသက်ကို ရှာဖွေလိုက်စားသည့် အချိန်တွင်၊ မိမိကိုယ်ကိုယ် သိနားလည်ခြင်းနှင့် သူ၏ စမ်းသပ်မှုများ ဖြစ်စဉ်တစ်လျှောက် မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲခြင်း အပေါ် သူ အာရုံစိုက်ခဲ့ပြီး၊ ဘုရားသခင်ကို သိရှိရန် သူကြိုးပမ်းခဲ့ကာ၊ နောက်ဆုံးတွင် သူက၊ “လူတို့သည် ဘဝတွင် ဘုရားသခင်ကို သိနားလည်မှု ရှာဖွေရမည်၊ ကိုယ်တော့်ကို သိရှိခြင်းသည် အရေးပါဆုံးသောအရာ ဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ် မသိလျှင်၊ ကျွန်ုပ်သေဆုံးသည့်အခါ ငြိမ်းချမ်းစွာ အနားယူနိုင်မည် မဟုတ်ပါ။ ကျွန်ုပ် သူ့ကို သိရှိသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်က ကျွန်ုပ်ကို ထိုအချိန်တွင် သေစေလျှင်၊ ထိုသို့လုပ်ဆောင်ရန် ကျွန်ုပ် အဝမ်းမြောက်ဆုံး ခံစားရလိမ့်ဦးမည် ဖြစ်သည်၊ ကျွန်ုပ် စိုးစဉ်းမျှ ညည်းညူလိမ့်မည် မဟုတ်သကဲ့သို့၊ ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကျေနပ်ရပါလိမ့်မည်” ဟု တွေးသည်။ ပေတရုသည် ဘုရားသခင်ကို စတင်ယုံကြည်ခဲ့ပြီးသည့်နောက်တွင် ချက်ချင်း ဤသိနားလည်မှု အဆင့်ကို ရရှိနိုင်ခဲ့သည်မဟုတ်ပါ သို့မဟုတ် ဤအခြေအနေကို ရောက်ရှိနိုင်ခဲ့သည် မဟုတ်ပါ၊ ဦးစွာပထမ ကြီးမားသော စမ်းသပ်မှုများစွာ သူ ကြုံခဲ့ရသည်။ သူ၏ အတွေ့အကြုံသည် သမိုင်းမှတ်တိုင် တစ်ခုခုသို့ ရောက်ခဲ့ရပြီး၊ ဘုရားသခင်ကို သိရှိခြင်း၏ တန်ဖိုးကို သူ မသိနိုင်မီ မိမိကိုယ်ကိုယ် လုံးဝ နားလည်ဖို့ရန် ဖြစ်ခဲ့သည်။ ထို့ကြောင့် ပေတရု လျှောက်ခဲ့သည့် လမ်းကြောင်းသည် အသက်ကို ရရှိခြင်းနှင့် စုံလင်ခံရခြင်း လမ်းကြောင်းတစ်ခု ဖြစ်ခဲ့သည်။ ဤသည်မှာ သူ၏ တိကျသော လက်တွေ့လုပ်ဆောင်မှုကို အဓိက အာရုံစိုက်ခဲ့သည့် ရှုထောင့်တစ်ခု ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

စုံလင်စေခြင်းခံရပြီးသောသူများသည် သာမန်လူ့သဘာဝကို ပိုင်ဆိုင်သည်သာမက၊ အသိစိတ်၏ စံနှုန်းများထက် မြင့်မားသည့် အသိစိတ် အတိုင်းအတာများကို ကျော်လွန်သည့် သမ္မာတရားများကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် ၎င်းတို့၏ အသိစိတ်ကို အသုံးပြုရုံသာမက၊ ထို့ထက်ပို၍ ၎င်းတို့သည် ဘုရားသခင်ကို သိရှိကြပြီးဖြစ်ကာ၊ ဘုရားသခင်သည် ချစ်ခင်ဖွယ် ဖြစ်ကာ၊ လူသား၏ ချစ်ခြင်းနှင့် ထိုက်တန်ပြီး၊ ဘုရားသခင်၏ အထဲတွင် ချစ်ဖို့ အရာများလှစွာ ရှိသည်ကို တွေ့မြင်ပြီးဖြစ်သည်။ လူသားကို ဘုရားသခင်ကို မချစ်ဘဲ မနေနိုင်ပေ။ စုံလင်စေခြင်း ခံရပြီးသောသူတို့၏ ဘုရားသခင်ကို ချစ်ခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင် ပြင်းပြသော စိတ်ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ ဖြစ်သည်။ ၎င်းတို့၏ ချစ်ခြင်းသည် အလိုအလျောက်ဖြစ်သော ချစ်ခြင်း၊ အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုသကဲ့သို့၊ အပေးအယူမဟုတ်သည့် ချစ်ခြင်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာကြောင့်သာ ဘုရားသခင်ကို ချစ်ကြပေသည်။ ထိုသို့သော လူများသည် ၎င်းတို့အပေါ် ဘုရားသခင်က ကျေးဇူးတော်များ အပ်နှင်းသည်၊ မအပ်နှင်းသည်ကို ဂရုမစိုက်ကြသကဲ့သို့၊ ဘုရားသခင်အား ကျေနပ်စေခြင်းဖြင့်သာ ကျေနပ်ရောင့်ရဲကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူ မလုပ်ကြသကဲ့သို့၊ ဘုရားသခင်နှင့် ဆိုင်သည့် ၎င်းတို့၏ ချစ်ခြင်းကို အသိစိတ်ဖြင့် မတိုင်းတာကြပေ- “ကိုယ်တော် ကျွန်ုပ်ကို ပေးပြီးဖြစ်သည်၊ ထို့ကြောင့် အပြန်အလှန်အားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်သည်။ ကျွန်ုပ်အား ကိုယ်တော်မပေးလျှင်၊ အပြန်အလှန်အားဖြင့် ကိုယ်တော့်အတွက် မည်သည့်အရာမျှ ကျွန်ုပ်တွင် မရှိပါ။” စုံလင်စေခြင်း ခံရပြီးသောသူများက- “ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး သူသည် ကျွန်ုပ်တို့အပေါ်၌ သူ့အမှုကို ဆောင်ရွက်သည်။ ကျွန်ုပ်သည် စုံလင်စေခြင်းခံရဖို့ ဤအခွင့်အရေး၊ အခြေအနေနှင့် အရည်အချင်းများ ရှိသည့်အတွက်၊ ကျွန်ုပ်၏ လိုက်စားမှုသည် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ရန်ဖြစ်ပြီး၊ ဘုရားသခင်ကို ကျွန်ုပ် စိတ်ကျေနပ်စေသင့်သည်” ဟု အမြဲ ယုံကြည်ကြလေသည်။ ယင်းမှာ ပေတရု တွေ့ကြုံခဲ့သည့် အရာကဲ့သို့သာ ဖြစ်သည်- သူ၏ အားအနည်းဆုံး ဖြစ်ခဲ့ချိန်တွင်၊ သူသည် ဘုရားသခင်ထံ ဆုတောင်းခဲ့ပြီး၊ “အို ဘုရားသခင်။ အချိန် သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ကိုယ်တော့်ကို ကျွန်ုပ်အမြဲ သတိရသည်ကို ကိုယ်တော်သိပါ၏။ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဖြစ်စေ၊ ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုသည်ကို ကိုယ်တော်သိပါ၏၊ သို့သော် ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်ပါ၏၊ ကျွန်ုပ်သည် အလွန်အားနည်းပြီး အစွမ်းမဲ့လှပါ၏။ ကျွန်ုပ်၏ ချစ်ခြင်းသည် အလွန်နည်းပါးပြီး၊ ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ရိုးသားစစ်မှန်မှုမှာ အလွန် နည်းပါးလှပါ၏။ ကိုယ်တော်၏ မေတ္တာနှင့် နှိုင်းစာလျှင် ကျွန်ုပ်သည် အသက်ရှင်ရန်ပင် မသင့်တော်ပါ။ ကျွန်ုပ်၏အသက်တာ အချည်းနှီးမဖြစ်ရန်နှင့် ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ် ပြန်လည်ပေးနိုင်ရုံသာမက၊ ထို့အပြင် ကျွန်ုပ်တွင် ရှိသမျှအားလုံးကို ကိုယ်တော့်ထံ အပ်နှံနိုင်ရန်သာ ကျွန်ုပ် ဆန္ဒရှိပါသည်။ ကိုယ်တော့်ကို ကျွန်ုပ် စိတ်ကျေနပ်စေနိုင်ပါက၊ သတ္တဝါတစ်ဦးအနေဖြင့် ကျွန်ုပ် စိတ်ငြိမ်သက်မှု ရှိလိမ့်မည်ဖြစ်ပြီး မည်သည့်အရာကိုမျှ ကျွန်ုပ် ထပ်တောင်းဆိုမည် မဟုတ်ပါ။ ကျွန်ုပ်သည် ယခု အားနည်းပြီး အစွမ်းမဲ့သော်လည်း၊ ကိုယ်တော်၏ အားပေးတိုက်တွန်းမှုများကို ကျွန်ုပ်မေ့မည်မဟုတ်သကဲ့သို့၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကိုလည်း ကျွန်ုပ်မေ့မည်မဟုတ်ပါ။ ယခု ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်ပါ။ အို ဘုရားသခင်၊ ကျွန်ုပ် စိတ်မသက်သာပါ။ ကျွန်ုပ်၏ နှလုံးသားထဲက ချစ်ခြင်းမေတ္တာကို ကိုယ်တော့်ထံ ကျွန်ုပ် မည်သို့ပေးနိုင်မည်နည်း၊ ကျွန်ုပ် လုပ်ဆောင်နိုင်သမျှအားလုံးကို မည်သို့ လုပ်ဆောင်ပြီး၊ ကိုယ်တော်၏ စိတ်ဆန္ဒများကို မည်သို့ ဖြည့်ဆည်းကာ ကျွန်ုပ်ရှိသမျှ အားလုံးကို ကိုယ်တော့်ထံ မည်သို့ ဆက်ကပ်အပ်နှံနိုင်မည်နည်း။ လူ၏အားနည်းချက်ကို ကိုယ်တော် သိပါ၏၊ ကိုယ်တော်၏ မေတ္တာနှင့် ကျွန်ုပ် မည်သို့ထိုက်တန်နိုင်မည်နည်း။ အို ဘုရားသခင်။ ကျွန်ုပ်သည် သေးငယ်သော ဝိညာဉ်ရင့်ကျက်မှု ရှိသူဖြစ်ပြီး၊ ကျွန်ုပ်၏ချစ်ခြင်းက အလွန်နည်းပါးလှသည်ကို ကိုယ်တော် သိပါ၏။ ဤသို့သော ပတ်ဝန်းကျင်တွင် ကျွန်ုပ် လုပ်နိုင်သမျှ အစွမ်းကုန် မည်သို့ လုပ်ဆောင်နိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကို ပြန်ပေးဆပ်သင့်သည်ကို ကျွန်ုပ်သိပါ၏၊ ကျွန်ုပ် ရှိသမျှအရာ အားလုံးကို ကိုယ်တော့်ထံ ပေးအပ်သင့်သည်ကို ကျွန်ုပ်သိပါ၏၊ သို့သော် ယနေ့တွင် ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်နေပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံရန် ဖြူစင်သောမေတ္တာကို ပိုမိုပိုင်ဆိုင်နိုင်ပြီး ကျွန်ုပ်ရှိသမျှအရာအားလုံးကို ကိုယ်တော့်ထံ သာ၍ ဆက်ကပ်အပ်နှံနိုင်ဖို့အလို့ငှာ၊ ကျွန်ုပ်အား ခွန်အားနှင့် မိမိကိုယ်ကို ယုံကြည်မှုကို ပေးဖို့ ကိုယ်တော့်ထံ တောင်းလျှောက်ပါ၏။ ကိုယ်တော်၏ မေတ္တာကို ပေးဆပ်နိုင်မည်သာမက၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်၊ စမ်းသပ်မှုများ၊ ပြီးလျှင် သာ၍ ပြင်းထန်သော ကျိန်ခြင်းတို့ကိုပင် တွေ့ကြုံနိုင်ပါမည်။ ကိုယ်တော်၏ မေတ္တာကို ရှုမြင်ရန် ကျွန်ုပ်အား ကိုယ်တော် အခွင့်ပေးပြီးဖြစ်သကဲ့သို့၊ ကျွန်ုပ်သည် ကိုယ်တော်ကို ချစ်နိုင်စွမ်းမရှိပါ၊ ပြီးလျှင် ယနေ့တွင် ကျွန်ုပ်သည် အားနည်းပြီး အစွမ်းမဲ့သော်လည်း၊ ကိုယ်တော့်ကို ကျွန်ုပ် မည်သို့မေ့နိုင်ပါမည်နည်း။ ကိုယ်တော်၏မေတ္တာ၊ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းအားလုံးသည် ကျွန်ုပ်အား ကိုယ်တော့်ကို သိရှိစေပြီးဖြစ်သည်၊ သို့သော် ကိုယ်တော်သည် အလွန် ကြီးမြတ်တော်မူ သည့်အတွက် ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ဖြည့်ဆည်းနိုင်စွမ်းမရှိဟုလည်း ကျွန်ုပ်ခံစားရသည်။ ကျွန်ုပ် ရှိသမျှအရာအားလုံးကို ဖန်ဆင်းရှင်ထံ မည်သို့ ဆက်အပ်နှံနိုင်မည်နည်း” ဟု ဆိုခဲ့သည်။ ယင်းသည် ပေတရု၏ တောင်းဆိုချက်ဖြစ်သည်၊ သို့သော် သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ ချို့ငဲ့လွန်းလှသည်။ ဤအခိုက်အတန့်တွင် သူ့နှလုံးသားထဲကို ဓားဖြင့် အမွှေခံခဲ့ရသည့်အလား ခံစားရသည်။ သူ မချိမဆန့်ဝေဒနာ ခံစားနေရသည်။ ထိုသို့သော အခြေအနေများအောက်တွင် မည်သည့်အရာ လုပ်ဆောင်ရမည်ကို သူ မသိခဲ့ပေ။ သို့တိုင် သူက “အို ဘုရားသခင်။ လူသည် ကလေးဆန်သော ဝိညာဉ်ရင့်ကျက်မှု ရှိပါ၏၊ သူ၏အသိစိတ်မှာ ချည့်နဲ့ပြီး ကျွန်ုပ် စွမ်းဆောင်ရရှိနိုင်သည့် တစ်ခုတည်းသောအရာမှာ ကိုယ်တော်၏ မေတ္တာကို ပြန်ပေးဆပ်ရန်ပင် ဖြစ်သည်။ ယနေ့တွင် ကိုယ်တော်၏ စိတ်ဆန္ဒများကို မည်ကဲ့သို့ဖြည့်ဆည်းရမည်ကို ကျွန်ုပ်မသိသကဲ့သို့၊ ကျွန်ုပ်တတ်နိုင်သမျှ လုပ်ဆောင်ရန်၊ ကျွန်ုပ်တွင် ရှိသမျှကို ပေးအပ်ရန်နှင့် ကျွန်ုပ်တွင် ရှိသမျှကို ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံရန်သာ ကျွန်ုပ်ဆန္ဒရှိပါ၏။ ကိုယ်တော်၏ တရားစီရင်မှု မည်သို့ဖြစ်ပါစေ၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှု မည်သို့ဖြစ်ပါစေ၊ ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသည့်အရာများ မည်သို့ဖြစ်ပါစေ၊ ကျွန်ုပ်ထံမှ ယူဆောင်သွားသောအရာများ မည်သို့ဖြစ်ပါစေ၊ ကိုယ်တော့်အပေါ် အနည်းငယ်မျှ စောဒကတက်ခြင်းမှ ကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။ ကိုယ်တော် ကျွန်ုပ်ကို ကြိမ်ဖန်များစွာ ပြစ်တင်ဆုံးမပြီး တရားစီရင်သည့်အခါ၊ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ညည်းမိခဲ့ပြီး ဖြူစင်မှုကို စွမ်းဆောင်ရရှိနိုင်စွမ်း မရှိခဲ့ပါ သို့မဟုတ် ကိုယ်တော်၏ စိတ်ဆန္ဒများကို ဖြည့်ဆည်းနိုင်စွမ်း မရှိခဲ့ပါ။ ကိုယ်တော်၏မေတ္တာနှင့်ဆိုင်သည့် ကျွန်ုပ်၏ ပြန်လည်ပေးဆပ်မှုသည် မလုပ်မနေလုပ်ရခြင်းမှ ပေါက်ဖွားပြီး၊ ဤအခိုက်အတန့်တွင် ကျွန်ုပ်ကိုယ်ကျွန်ုပ် ပို၍ပင် မုန်းမိပါသည်” ဟု ဆက်လက် ဆုတောင်းဆဲ ဖြစ်သည်။ ဤနည်းဖြင့် ပေတရုဆုတောင်းခဲ့သည်မှာ ဘုရားသခင်ကို ပိုမိုဖြူစင်သည့်မေတ္တာဖြင့် ချစ်ခြင်းကို သူ ရှာဖွေခဲ့သောကြောင့် ဖြစ်သည်။ သူသည် ရှာဖွေနေခဲ့ပြီး တောင်းပန်တိုးလျှိုးနေခဲ့သည်၊ ထို့အပြင် သူ့ကိုယ်သူ တန်ပြန် စွပ်စွဲနေခဲ့ပြီး သူ၏အပြစ်များကို ဘုရားသခင်ထံ ဝန်ခံနေခဲ့သည်။ သူသည် ဘုရားသခင်ထံ အကြွေးတင်သကဲ့သို့ ခံစားခဲ့ရပြီး သူ့ကိုယ်သူ မုန်းတီးခဲ့သည်၊ သို့သော် သူသည် အတော်အတန် ဝမ်းနည်းခဲ့ပြီး မတုန်မလှုပ်ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်ဆန္ဒများအတွက် လုံလောက်အောင် မကောင်းမွန်သည့်အလား ထိုသို့ သူ အမြဲခံစားခဲ့ရပြီး၊ သူသည် အစွမ်းကုန် မလုပ်ဆောင်နိုင်ပေ။ ထိုသို့သော အခြေအနေများအောက်တွင်၊ ပေတရုသည် ယောဘ၏ ယုံကြည်မှုကို လိုက်စားဆဲဖြစ်သည်။ ယောဘက သူရှိခဲ့သည့် အရာရာတိုင်းကို ဘုရားသခင်က အပ်နှင်းထားခဲ့ခြင်း ဖြစ်ကာ၊ သူ့ထံမှ အရာရာတိုင်းကို ယူဆောင်ရန်သည် ဘုရားသခင်အတွက် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း၊ ဘုရားသခင်သည် သူ ဆန္ဒရှိသည့်သူ မည်သူမဆိုကို ပေးမည်ဖြစ်ကြောင်းတို့ကို သိရှိခဲ့သည့်အတွက်၊ ယောဘ၏ ယုံကြည်ခြင်း မည်မျှကြီးမားခဲ့ပြီး ဖြစ်သည်ကို သူမြင်ခဲ့သည်- ယင်းမှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်သည်။ ယောဘသည် စောဒကတက်ခြင်းများ မရှိခဲ့သကဲ့သို့၊ ဘုရားသခင်ကို ချီးမွမ်းနိုင်ဆဲ ဖြစ်ခဲ့သည်။ ပေတရုသည်လည်း မိမိကိုယ်ကိုယ် သိခဲ့ပြီး သူ၏စိတ်နှလုံးထဲတွင်၊ “ကျွန်ုပ်၏အတွေးများသည် အလွန် ဖောက်ပြန်ပျက်စီးသောကြောင့်၊ ပြီးလျှင် ကိုယ်တော့်ကို ဖန်ဆင်းရှင်အဖြစ် ကျွန်ုပ် မြင်နိုင်စွမ်း မရှိသောကြောင့်၊ ယနေ့တွင် ကျွန်ုပ်၏အသိစိတ်ကို အသုံးပြုလျက်၊ ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ခြင်းနှင့် ကိုယ်တော့်ထံသို့ ကျွန်ုပ်ပြန်ပေးခဲ့သည့် ချစ်ခြင်းမေတ္တာ မည်ရွေ့မည်မျှဖြင့် ကျွန်ုပ် မကျေနပ်မရောင့်ရဲသင့်ပါ။ ကျွန်ုပ်သည် ကိုယ်တော့်ကို ချစ်ရန် မသင့်တော်သေးသောကြာင့်၊ ကျွန်ုပ်တွင်ရှိသမျှ အရာများအားလုံးကို ကိုယ်တော့်ထံသို့ ဆက်ကပ်အပ်နှံနိုင်စွမ်းကို ကျွန်ုပ် ပျိုးထောင်ရမည်၊ ယင်းကို ကျွန်ုပ် လိုလိုလားလား လုပ်ဆောင်ပါမည်။ ကိုယ်တော် လုပ်ဆောင်ပြီးသည့် အရာအားလုံးကို ကျွန်ုပ်သိရမည်ဖြစ်ပြီး၊ ကျွန်ုပ်တွင် ရွေးချယ်စရာမရှိပါ၊ ပြီးလျှင် ကိုယ်တော်၏မေတ္တာကို ကျွန်ုပ် ရှုမြင်ရမည်ဖြစ်ပြီး၊ ကိုယ်တော်သည် ကျွန်ုပ်မှတစ်ဆင့် ကြီးမြတ်သော ဘုန်းအသရေကို ရရှိနိုင်ဖို့အလို့ငှာ ကိုယ်တော်၏ ချီးမွမ်းခြင်းများကို ကျွန်ုပ် ပြောနိုင်ရမည်ဖြစ်ပြီး ကိုယ်တော်၏ သန့်ရှင်းသော နာမတော်ကို ချီးမြှောက်နိုင်ရပါမည်။ ကိုယ်တော့်အဖို့ ဤသက်သေခံချက်တွင် ကျွန်ုပ်မြဲမြံစွာ ရပ်တည်ရန် လိုလားနေပါသည်။ အို ဘုရားသခင်။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် အလွန် အဖိုးတန်ပြီး လှပလွန်းလှပါ၏။ ဆိုးယုတ်သောသူတစ်ဦး၏ လက်ထဲတွင် ကျွန်ုပ် မည်သို့ အသက်ရှင်ရန် ဆန္ဒရှိနိုင်ပါမည်နည်း။ ကျွန်ုပ်ကို ကိုယ်တော် ဖန်ဆင်းခဲ့သည် မဟုတ်ပါလော။ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ် မည်သို့ အသက်ရှင်နိုင်ပါမည်နည်း။ ကျွန်ုပ်၏ ဖြစ်တည်မှု တစ်ခုလုံး ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုအလယ် အသက်ရှင်ရန် ကျွန်ုပ်သာ၍ နှစ်သက်ပါမည်။ ကျွန်ုပ်သည် ဆိုးယုတ်သောသူ၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ရန် လိုလားခြင်းမရှိပါ။ ကျွန်ုပ်သည် ဖြူစင်စေခြင်းခံရနိုင်ကာ ကျွန်ုပ်၏အလုံးစုံကို ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ စာတန်ကို ကျွန်ုပ်စက်ဆုပ်ပြီး သူ၏အုပ်စိုးမှု အောက်တွင် အသက်မရှင်လိုသည့်အတွက်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ ခန္ဓာနှင့်စိတ်ကို ကိုယ်တော်၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့အတွက် ပူဇော်ဆက်ကပ်ဖို့ ကျွန်ုပ် လိုလားနေပါ၏။ ကျွန်ုပ်ကို တရားစီရင်ခြင်းမှတစ်ဆင့်၊ ကိုယ်တော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပြသပါသည်။ ကျွန်ုပ်သည် ပျော်ရွှင်ပြီး စောဒက အနည်းငယ်မျှ မရှိပါ။ သတ္တဝါတစ်ဦး၏ တာဝန်ကို ကျွန်ုပ်ထမ်းဆောင်နိုင်ပါက၊ ကျွန်ုပ်၏ ဘဝတစ်ခုလုံးတွင် ကိုယ်တော်၏ တရားစီရင်မှု အတူပါရှိရန် လိုလားပါသည်၊ ယင်းမှတစ်ဆင့် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်သိလာမည်ဖြစ်ကာ၊ ဆိုးယုတ်သောသူ၏ သြဇာလွှမ်းမိုးမှုမှ မိမိကိုယ်ကိုယ် ကျွန်ုပ်ဖယ်ရှားနိုင်ပါမည်” ဟု ဆုတောင်းခဲ့သည်။ ပေတရုသည် ထိုသို့ အမြဲဆုတောင်းခဲ့သည်၊ ထိုသို့ အမြဲရှာဖွေခဲ့သည်၊ ပြီးလျှင် နှိုင်းယှဉ်ချက်အားဖြင့် ပြောရမည်ဆိုပါက၊ မြင့်မားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိခဲ့သည်။ ဘုရားသခင်၏မေတ္တာကို သူ ပြန်လည်ပေးဆပ်နိုင်ခဲ့သည်သာမက၊ သာ၍အရေးကြီးသည်မှာ သတ္တဝါတစ်ဦးအဖြစ် သူ၏ တာဝန်ကိုလည်း သူ ဖြည့်ဆည်းခဲ့သည်။ သူသည် သူ၏ အသိစိတ်အားဖြင့် စွပ်စွဲမခံရရုံသာမက၊ အသိစိတ်၏ စံနှုန်းများကို ကျော်လွန်နိုင်ခဲ့သည်။ သူ၏ ဆုတောင်းချက်များသည် ဘုရားသခင်၏ ရှေ့မှောက်သို့ ဆက်လက်တက်သွားခဲ့သည်မှာ သူ၏ ပြင်းပြသော ဆန္ဒများသည် ယခင်ထက် ပိုမိုမြင့်မားပြီး၊ သူ၏ ဘုရားသခင်ကို ချစ်ခြင်းသည် ယခင်ထက် ပိုမိုကြီးမားခဲ့သည်။ သူသည် မချိမဆံ့ နာကျင်မှုကို ခံစားခဲ့ရသော်လည်း၊ ဘုရားသခင်အား ချစ်ရန် သူ မမေ့ခဲ့သေးသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်းအား ရရှိရန် သူ ကြိုးစားဆဲ ဖြစ်ခဲ့သည်။ သူ၏ ဆုတောင်းချက်များတွင် သူသည် အောက်ပါစကားများကို မြွက်ဆိုခဲ့သည်- “ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ခြင်းထက် မည်သည့်အရာကိုမျှ မပြီးမြောက်လေပြီ။ စာတန်၏ရှေ့တွင် ကိုယ်တော့်အတွက် ကျွန်ုပ် သက်သေခံခြင်း မရှိသေးပါ၊ စာတန်၏ စွမ်းအားမှ ကျွန်ုပ် မိမိကိုယ်ကိုယ် မလွတ်မြောက်စေသေးသကဲ့သို့၊ ဇာတိပကတိအလယ်၌ အသက်ရှင်ဆဲ ဖြစ်သည်။ စာတန်ကို အနိုင်ယူရန်၊ ၎င်းကို အရှက်ရစေရန် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာကို အသုံးပြုရန်နှင့် ထိုသို့ဖြင့် ကိုယ်တော်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် ကျွန်ုပ်ဆန္ဒရှိပါသည်။ စာတန်သည် ကိုယ်တော်၏ ရန်သူ ဖြစ်သည့်အတွက်၊ စာတန်ထံ မိမိကိုယ်ကိုယ် အနည်းငယ်မျှ မပေးဖို့၊ ကိုယ်တော့်ထံ ကျွန်ုပ်၏ အလုံးစုံကို ပေးအပ်ရန် ကျွန်ုပ်ဆန္ဒရှိပါသည်။” ဤလမ်းကြောင်းတွင် သူပိုမိုရှာဖွေခဲ့လေလေ၊ သူပိုမို တို့ထိခံခဲ့ရလေဖြစ်ပြီး၊ ဤကိစ္စများနှင့်ဆိုင်သည့် သူ၏ အသိပညာ သာ၍ မြင့်မားလေလေ ဖြစ်သည်။ ယင်းကို နားမလည်လိုက်ဘဲနှင့်၊ သူသည် မိမိကိုယ်ကိုယ် စာတန်၏စွမ်းအားမှ လွတ်မြောက်စေသင့်ပြီး၊ ဘုရားသခင်ထံ မိမိကိုယ်ကိုယ် လုံးဝ ပြန်သွားသင့်သည်ကို သူသိလာခဲ့သည်။ ယင်းမှာ သူ ကြိုးပမ်းရရှိခဲ့သော နယ်ပယ်ဖြစ်သည်။ သူသည် စာတန်၏စွမ်းအားကို ကျော်လွန်ခဲ့ပြီး၊ ဇာတိပကတိ၏ သာယာမှုများနှင့် ပျော်ရွှင်မှုများမှ မိမိကိုယ်ကိုယ် ဖယ်ရှားခဲ့ကာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း နှစ်ခုလုံးကို သာ၍ နက်နဲစွာ တွေ့ကြုံရန် လိုလားနေခဲ့သည်။ သူက၊ “ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှု အလယ်၌ အသက်ရှင်ရသော်လည်း၊ ဖြစ်ပေါ်စေသော အခက်အခဲများကို ပဓာနမထားဘဲ၊ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ် အသက်ရှင်ရန် လိုလားခြင်း မရှိသေး၊ စာတန်၏လှည့်စားမှုကို ခံစားရန် ကျွန်ုပ် လိုလားခြင်းမရှိသေးပါ။ ကိုယ်တော်၏ ကျိန်ခြင်းများအလယ် အသက်ရှင်ခြင်းမှ ဝမ်းမြောက်မှုကို ကျွန်ုပ် ရယူပြီး စာတန်၏ ကောင်းချီးများ အကြားတွင် အသက်ရှင်ခြင်းက ကျွန်ုပ်ကို နာကျင်စေပါသည်။ ကိုယ်တော်၏ တရားစီရင်ခြင်း အလယ်၌ အသက်ရှင်ခြင်းအားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပြီး၊ ဤအရာက ကျွန်ုပ်ကို ကြီးမားသော ဝမ်းမြောက်ခြင်း ဆောင်ကြဉ်း ပေးပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ယင်းသည် ကျွန်ုပ်ကို သန့်ရှင်းစေဖို့နှင့် ထို့ထက်ပို၍ပင် ကျွန်ုပ်ကို ကယ်တင်ရန်အလို့ငှာ ဖြစ်သည်။ ကိုယ်တော်၏ စောင့်ရှောက်မှု အောက်တွင် ကျွန်ုပ်ရှိနိုင်ဖို့အလို့ငှာ၊ ကိုယ်တော်၏ တရားစီရင်မှု အလယ်၌ ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကုန်ဆုံးသွားရန် ကျွန်ုပ်သာ၍ နှစ်သက်ပါသည်။ စာတန်၏ အုပ်စိုးမှုအောက်တွင် တစ်ခဏလေးမျှ ကျွန်ုပ် အသက်ရှင်ရန် လိုလားခြင်းမရှိပါ။ ကိုယ်တော်၏ သန့်စင်စေခြင်းကို ကျွန်ုပ်ခံရန် ဆန္ဒရှိပါ၏။ အခက်အခဲကို ခံစားရလျှင်ပင်၊ စာတန်၏ အသုံးချမှုနှင့် လှည့်စားမှုကို ခံရန် ကျွန်ုပ် လိုလားခြင်းမရှိပါ။ ဤသတ္တဝါဖြစ်သော ကျွန်ုပ်အား ကိုယ်တော် အသုံးပြုသင့်ပါသည်၊ ကိုယ်တော် ပိုင်ဆိုင်သင့်ပါသည်၊ ကိုယ်တော် တရားစီရင်သင့်ပြီး၊ ပြစ်တင်ဆုံးမသင့်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ကျိန်ခြင်းကိုပင် ခံသင့်ပါသည်။ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်မြင်ရပြီးဖြစ်သည့်အတွက်၊ ကျွန်ုပ်အား ကိုယ်တော် ကောင်းချီး ပေးရန် လိုလားသည့်အခါ၊ ကျွန်ုပ်၏ စိတ်နှလုံးသည် ဝမ်းမြောက်ပါ၏။ ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်ပြီး ကျွန်ုပ်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်။ ကျွန်ုပ်သည် ကိုယ်တော်ကို သစ္စာဖောက်ပြီး စာတန်၏အုပ်စိုးမှုအောက်တွင် အသက်မရှင်သင့်သကဲ့သို့၊ စာတန်၏ အသုံးချခြင်းကို မခံသင့်ပါ။ ကျွန်ုပ်သည် စာတန်အတွက် အသက်ရှင်မည့်အစား ကိုယ်တော်၏မြင်း၊ သို့မဟုတ် နွားဖြစ်သင့်ပါသည်။ ကျွန်ုပ်သည် ရုပ်ပိုင်းဆိုင်ရာသုခများ မရှိဘဲ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှု အလယ်၌သာ အသက်ရှင်ပါမည်၊ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်ုပ်ဆုံးရှုံးရလျှင်ပင် ဤအရာက ကျွန်ုပ်အား ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးပါလိမ့်မည်။ ကိုယ်တော်၏ ကျေးဇူးတော်သည် ကျွန်ုပ်နှင့်အတူမရှိသော်လည်း၊ ကိုယ်တော်အားဖြင့် ပြစ်တင်ဆုံးမခံရခြင်းနှင့် တရားစီရင် ခံရခြင်းတို့ကို ကျွန်ုပ်ပျော်မွေ့ပါသည်။ ဤသည်မှာ ကိုယ်တော်၏ အကောင်းဆုံးသော ကောင်းချီးမင်္ဂလာ၊ ကိုယ်တော်၏ အကြီးမားဆုံးသော ကျေးဇူးတော်ဖြစ်သည်။ ကိုယ်တော်သည် အမြဲ ဘုန်းအာနုဘော်ရှိပြီး၊ ကျွန်ုပ်အပေါ် အမျက်ဒေါသ ရှိသော်လည်း၊ ကျွန်ုပ်သည် ကိုယ်တော့်ကို စွန့်ခွာနိုင်စွမ်း မရှိသေးသကဲ့သို့၊ ကိုယ်တော်ကို လုံလောက်စွာ မချစ်နိုင်သေးပါ။ ကိုယ်တော်၏ အိမ်တော်တွင် ကျွန်ုပ်အသက်ရှင်ရန် သာ၍ နှစ်သက်ပါမည်၊ ကိုယ်တော်အားဖြင့် ကျိန်ခြင်းခံရဖို့၊ ပြစ်တင်ဆုံးမခြင်းခံရကာ၊ ရိုက်နှက်ခြင်းခံရဖို့ ကျွန်ုပ်သာ၍ နှစ်သက်ပြီး၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ရန် လိုလားခြင်း မရှိသကဲ့သို့၊ ဇာတိပကတိအတွက် အသက်ရှင်ဖို့ မဆိုထားနှင့် ဇာတိပကတိအတွက်သာ ပြေးလွှားကာ မိမိကိုယ်ကိုယ် အလုပ်များစေရန် ကျွန်ုပ် လိုလားခြင်း မရှိပါ” ဟု ပြောခဲ့သည်။ ပေတရု၏ မေတ္တာသည် စင်ကြယ်သော မေတ္တာတစ်ခု ဖြစ်သည်။ ဤသည်မှာ စုံလင်စေခြင်းခံရခြင်းနှင့်ဆိုင်သော အတွေ့အကြုံဖြစ်ပြီး စုံလင်စေခြင်းခံရခြင်း၏ အမြင့်မားဆုံး နယ်ပယ်ဖြစ်သည်။ သာ၍ အဓိပ္ပာယ်ရှိသော အသက်တာ မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် လူသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို လိုက်စားဖို့ မဆိုထားနှင့်၊ အသက်နှင့်ဆိုင်သည့် အမှုကိစ္စများအကြောင်းကို အလေးအနက်မထားလျှင်၊ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းကို မလိုက်စားလျှင်၊ သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို မလိုက်စားလျှင်၊ သူသည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်သည် စုံလင်စေခြင်းခံရရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏အမှုကို သင် နားလည်ရမည်။ အထူးသဖြင့် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ အရေးပါမှုနှင့် ဤအမှုကို လူသားအပေါ် အဘယ်ကြောင့် လုပ်ဆောင်ရသည်ကို နားလည်ရမည်။ သင် လက်ခံနိုင်ပါသလော။ ဤပြစ်တင်ဆုံးမခြင်းမျိုးအတောအတွင်းတွင်၊ သင်သည် ပေတရုကဲ့သို့ တူညီသည့်အတွေ့အကြုံနှင့် အသိပညာတို့ကို စွမ်းဆောင် ရရှိနိုင်သလော။ အကယ်၍ သင်သည် ဘုရားသခင်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သည့် အသိပညာကို လိုက်စားပါက၊ ပြီးလျှင် သင့်စိတ်သဘောထား၌ ပြောင်းလဲမှုများကို သင် လိုက်စားပါက၊ သင်သည် စုံလင်စေခြင်းခံရဖို့ အခွင့်အရေး ရှိပေသည်။

စုံလင်စေခြင်းခံရမည့်သူများအတွက်၊ သိမ်းပိုက်ခံရခြင်းနှင့် ဆိုင်သော အမှု၏ ဤအဆင့်သည် မရှိမဖြစ် ဖြစ်သည်။ လူသည် သိမ်းပိုက်ခံရပြီးသည်နှင့်တစ်ပြိုင်နက်မှသာ၊ သူသည် စုံလင်စေခြင်း အမှုကို တွေ့ကြုံနိုင်ပေသည်။ သိမ်းပိုက်ခံရခြင်း အခန်းကဏ္ဍကိုသာ ဆောင်ရွက်ခြင်းတွင် ကြီးမားသော တန်ဖိုးမရှိပေ၊ ယင်းသည် သင့်အား ဘုရားသခင် အသုံးပြုခြင်းအတွက် သင့်တော်စေလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်ကို မလိုက်စားသကဲ့သို့၊ မိမိကိုယ်ကိုယ်၌ ပြောင်းလဲမှုနှင့် အသစ်ပြုပြင်ခြင်းတို့ကို မလိုက်စားသည့်အတွက်၊ ဧဝံဂေလိတရား ဖြန့်ဝေရာတွင် သင်၏ အခန်းကဏ္ဍကို သင် လုံးဝ ဆောင်ရွက်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် သင်သည် စစ်မှန်သော ဘဝ အတွေ့အကြုံ မရှိပေ။ ဤအဆင့်ဆင့်ဖြစ်သော အမှုအတောအတွင်းတွင်၊ တစ်ချိန်က သင်သည် အစေခံသူတစ်ဦးအဖြစ်နှင့် အဖြည့်ခံတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သော်လည်း၊ နောက်ဆုံးတွင် သင်သည် ပေတရုအဖြစ် မလိုက်စားသကဲ့သို့၊ သင်၏ လိုက်စားမှုသည် ပေတရု စုံလင်စေခြင်းခံခဲ့ရသည့် လမ်းကြောင်းအတိုင်း မဟုတ်ပါက၊ သင့်စိတ်သဘောထား၌ အလိုအလျောက် ပြောင်းလဲမှုကို သင်တွေ့ကြုံရလိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်သည် စုံလင်စေခြင်းခံရခြင်းကို မလိုက်စားသည့် သူတစ်ဦးဖြစ်ပါက၊ သက်သေခံပြီးဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သင်က “ဘုရားသခင်၏ ဤအဆင့်ဆင့်ဖြစ်သော အမှုတွင်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုကို လက်ခံပြီးဖြစ်ကာ၊ ကျွန်ုပ်သည် ကြီးစွာသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရပြီးဖြစ်သော်လည်း၊ ဘုရားသခင်သည် လူသားအား မည်သို့ စုံလင်စေသည်ကို ကျွန်ုပ်သိလာရပြီးဖြစ်ပါသည်၊ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သော အမှုကို ကျွန်ုပ်ရရှိပြီးဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် အသိပညာကို ကျွန်ုပ်သိရှိပြီးဖြစ်ကာ သူ၏ ပြစ်တင်ဆုံးမခြင်းက ကျွန်ုပ်ကို ကယ်တင်ပြီးဖြစ်သည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ကျွန်ုပ်အပေါ်သို့ ရောက်လာပြီးဖြစ်ကာ ကျွန်ုပ်ထံ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော် ဆောင်ကြဉ်းပြီးဖြစ်သည်။ ကျွန်ုပ်ကို ကွယ်ကာကာ သန့်စင်စေပြီးဖြစ်သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်ပါ၏။ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံခဲ့ရပြီးဖြစ်ပါက၊ ပြီးလျှင် ဘုရားသခင်၏ ကြမ်းတမ်းသော နှုတ်ကပတ်တော်များ ကျွန်ုပ်အပေါ်သို့ မရောက်လာခဲ့ပြီးဖြစ်ပါက၊ ကျွန်ုပ်သည် ဘုရားသခင်အား သိရှိနိုင်ပြီးဖြစ်မည်မဟုတ်သကဲ့သို့၊ ကျွန်ုပ်သည် ကယ်တင်ခံရပြီးဖြစ်နိုင်မည် မဟုတ်ပါ။ ယနေ့တွင် ကျွန်ုပ်မြင်ရသည်- ဘုရားသခင်၏ စိတ်သဘောထားသည် လူသားတို့ မွေ့လျော်ထိုက်သောကြောင့်၊ သတ္တဝါတစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဖန်ဆင်းရှင် ပြုလုပ်ခဲ့သောအရာများ အားလုံးကို မွေ့လျော်ရသည်သာမက၊ သာ၍ အရေးကြီးသည်မှာ၊ သတ္တဝါအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းတို့ကိုလည်း မွေ့လျော်သင့်ပေသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် သတ္တဝါ တစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မွေ့လျော် သင့်သည်။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အပြင်၊ ကြီးစွာသော မေတ္တာ ရှိပါသည်။ ကျွန်ုပ်သည် ယနေ့ ဘုရားသခင်၏ မေတ္တာကို လုံးဝ ရရှိနိုင်စွမ်းမရှိသော်လည်း၊ ယင်းကိုသိမြင်ရန် ကျွန်ုပ်တွင် အခွင့်ကောင်း ရှိလေပြီ၊ ဤတွင် ကျွန်ုပ် ကောင်းချီးခံစားရပါသည်” ဟု ပြောလိမ့်မည်။ ဤသည်မှာ စုံလင်စေခြင်းခံရခြင်းကို တွေ့ကြုံရသည့်သူများ လျှောက်လှမ်းခဲ့သော လမ်းကြောင်း ဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့ပြောဆိုသော အသိပညာဖြစ်ပါသည်။ ထိုသို့သော လူများသည် ပေတရုနှင့်တူကြပေသည်။ ပေတရုကဲ့သို့ တူညီသော အတွေ့အကြုံများ ရှိကြသည်။ ထိုသို့သော လူများသည် အသက်ကို ရရှိပြီးသူများ၊ အမှန်တရားကို ပိုင်ဆိုင်သော သူများလည်း ဖြစ်သည်။ ၎င်းတို့သည် တကယ့်အဆုံးထိ တွေ့ကြုံသောအခါ၊ ဘုရားသခင်၏ တရားစီရင်ခြင်းအတောအတွင်းတွင် ၎င်းတို့သည် စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် လုံးဝ ဧကန်မုချ ဖယ်ရှားကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းကို ခံရကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

အလားအလာများ တစ်ခုတစ်လေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ တကယ့်အဆုံးထိ သင် လိုက်နာနိုင်ရမည် ဖြစ်ပြီး ပတ်ဝန်းကျင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို မဆုံးရှုံရ။ နောက်ဆုံးတွင်၊ သက်သေခံချက်နှင့်ဆိုင်သည့် ရှုထောင့်နှစ်ခုကို သင် စွမ်းဆောင်ရရှိရမည်- ယောဘ၏ သက်သေခံချက်-သေသည်အထိ နာခံခြင်းနှင့်၊ ပေတရု၏ သက်သေခံချက်- ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်းတို့ ဖြစ်သည်။ ရှုထောင့် တစ်ခုအနေဖြင့်၊ သင်သည် ယောဘကဲ့သို့ ဖြစ်ရမည်- သူသည် ရုပ်ဝတ္ထုပိုင်ဆိုင်မှု အားလုံးကို ဆုံးရှုံးသွားခဲ့ပြီး၊ အသွေးအသား နာကျင်မှုဖြင့် ဝန်းရံဖိစီးခြင်း ခံခဲ့ရသော်လည်း ယေဟောဝါ၏ အမည်နာမကို မစွန့်လွှတ်ခဲ့ပေ။ ဤသည်မှာ ယောဘ၏ သက်သေခံချက် ဖြစ်သည်။ ပေတရုသည် ဘုရားသခင်ကို သေသည့်တိုင်အောင် ချစ်နိုင်ခဲ့သည်။ သူသည် ကားစင်တင်ခံရပြီး သူ၏ သေခြင်းကို ရင်ဆိုင်ခဲ့ရချိန်တွင်၊ ဘုရားသခင်ကို သူ ချစ်ဆဲ ဖြစ်သည်။ သူ၏ကိုယ်ပိုင်ရှေ့ရေးကို မစဉ်းစားခဲ့၊ သို့မဟုတ် နှစ်သက်ဖွယ် မျှော်လင့်ချက်များ သို့မဟုတ် လွန်ကဲသော အတွေးများနောက် မလိုက်ခဲ့ဘဲ၊ ဘုရားသခင်ကို ချစ်ဖို့နှင့် ဘုရားသခင်၏ စီစဉ်မှုများအားလုံးကို လိုက်နာဖို့သာ သူကြိုးစားခဲ့သည်။ ယင်းမှာ သင့်အနေဖြင့် သက်သေခံပြီးဖြစ်သည်ဟု မမှတ်ယူမီ၊ သိမ်းပိုက်ခြင်းခံရပြီးနောက် စုံလင်စေခြင်းခံရပြီး သူတစ်ဦး ဖြစ်မလာမီ၊ သင် စွမ်းဆောင်ရရှိရမည့် စံနှုန်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)” မှ

လူတို့သည် စုံလင်စေခြင်း လမ်းကြောင်းပေါ်သို့ ခြေချသောအခါတွင်၊ ၎င်းတို့၏ ဟောင်းနွမ်းသော စိတ်သဘောထား ပြောင်းလဲဖို့ ဖြစ်နိုင်လာသည်။ ထို့အပြင်၊ ၎င်းတို့၏ အသက်တာသည် ဆက်လက်ကြီးထွားပြီး၊ သမ္မာတရားထဲသို့ သာ၍နက်ရှိုင်းစွာ ၎င်းတို့ တဖြည်းဖြည်း ဝင်ရောက်ကြလေသည်။ ၎င်းတို့သည် လောကနှင့် သမ္မာတရားကို မလိုက်စားသောသူ အားလုံးအား စက်ဆုပ်ရွံရှာ နိုင်ကြ၏။ အထူးသဖြင့် မိမိတို့ကိုယ်ကိုယ် စက်ဆုပ် ရွံရှာကြသည်၊ သို့သော် ထို့ထက်ပို၍၊ မိမိတို့ကိုယ်ကိုယ် ရှင်းလင်းစွာ သိရှိကြလေသည်။ ၎င်းတို့သည် သမ္မာတရားဖြင့် အသက်ရှင်ရန် လိုလားနေကြပြီး၊ သမ္မာတရားကို လိုက်စားဖို့ကို မိမိတို့၏ ရည်မှန်းချက် ဖြစ်စေကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဦးနှောက်မှ ဖြစ်ပေါ်သော အတွေးများအတွင်းတွင် အသက်ရှင်ဖို့ လိုလားလျက် မရှိကြသကဲ့သို့၊ လူသား၏ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မှတ်ယူခြင်း၊ မောက်မာခြင်းနှင့် မိမိကိုယ်ကိုယ် စိတ်ကြီးဝင်ခြင်းတို့ကို စက်ဆုပ်ရွံရှာမှု ခံစားရလေသည်။ ၎င်းတို့သည် အားကောင်းသည့် ရည်မွန်သော အသိစိတ်ဖြင့် စကားပြောဆိုကြသည်၊ ချင့်ချိန်နိုင်စွမ်းနှင့် ဉာဏ်ပညာဖြင့် အမှုအရာများကို ကိုင်တွယ်ကြပြီး၊ ဘုရားသခင်ကို သစ္စာစောင့်သိကာ နာခံကြလေသည်။ ၎င်းတို့သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်း ဖြစ်စဉ်တစ်ခုကို တွေ့ကြုံရပါက၊ ၎င်းတို့သည် မတုန်မလှုပ် ဖြစ်ခြင်း သို့မဟုတ် အားနည်းခြင်း ဖြစ်လာကြရုံသာမက၊ ဘုရားသခင်ထံမှလာသော ဤပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းအတွက် ကျေးဇူးတင်ရှိတတ်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်း မပါဘဲ၊ မဖြစ်နိုင်သကဲ့သို့ ယင်းသည် ၎င်းတို့အား ကွယ်ကာသည်ကို ၎င်းတို့ ယုံကြည်ကြလေသည်။ ၎င်းတို့သည် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ဆာလောင်မှုကို ဖြည့်ဆည်းရန် မုန့်ကိုရှာဖွေခြင်းတို့နှင့်ဆိုင်သည့် ယုံကြည်ခြင်းကို မလိုက်စားကြပေ။ ဇာတိပကတိနှင့်ဆိုင်သော တစ်ခဏတာ ပျော်ရွှင်မှုများကိုလည်း ၎င်းတို့ မလိုက်စားကြချေ။ ဤသည်မှာ စုံလင်စေခြင်းခံရသူတို့၌ ဖြစ်ပေါ်သည့်အရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)” မှ

အကယ်၍ လူတစ်ဦးသည် မိမိ၏တာဝန်ကို ဖြည့်ဆည်းစဉ်တွင် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ကာ၊ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး၊ သမ္မာတရား၏ လက္ခဏာသွင်ပြင်များ အားလုံး၌ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပါက၊ ထိုသူသည် ဘုရားသခင်အားဖြင့် စုံလင်လာရသည့် လူတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် ထိုသို့သော လူတို့အတွက် လုံးလုံး ထိရောက်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ၏အသက် ဖြစ်လာပြီးဖြစ်သည်၊ သမ္မာတရားကို ၎င်းတို့ ရရှိပြီးဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ကြသည်ဟု ဆိုနိုင်သည်။ ထို့နောက်တွင် ၎င်းတို့ဇာတိပကတိ၏ သဘာဝသည်၊ ဆိုလိုသည်မှာ ၎င်းတို့ မူလတည်ရှိခြင်း၏ တကယ့်အခြေခံအုတ်မြစ်သည် တစ်ပိုင်းတစ်စစီ တုန်လှုပ်၍ ပြိုလဲလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် ပိုင်ဆိုင် ပြီးသည့်နောက်တွင်၊ လူသစ်များ ဖြစ်လာကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဘုရားသခင် အမှု၏ ရူပါရုံ၊ လူသားမျိုးနွယ် အပေါ်ထားရှိသည့် သူ၏ သတ်မှတ်ချက်များ၊ လူသားများထံ သူ၏ဖွင့်ပြချက်များနှင့် ၎င်းတို့ ဖြည့်ဆည်းဖို့ ဘုရားသခင် တောင်းဆိုသည့် စစ်မှန်သော အသက်တာအတွက် စံနှုန်းများသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများအတိုင်း ၎င်းတို့ အသက်ရှင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်စေခြင်း ခံရပေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ပြန်လည်မွေးဖွားသူများ ဖြစ်ကြပြီး၊ လူသစ်များ ဖြစ်လာကြပြီးဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ပေတရုရှာဖွေလိုက်စားခဲ့သော လမ်းကြောင်းဖြစ်၏၊ ယင်းသည် စုံလင်စေခြင်းခံရသည့် လမ်းကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် စုံလင်စေခြင်းခံရသည့် လမ်းကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အသက်ရခြင်း လမ်းကြောင်း ဖြစ်၏။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် သူ၏အသက်ဖြစ်လာပြီး ထိုအခါမှသာ သူသည် သမ္မာတရားကို ရရှိထားသူတစ်ဦး ဖြစ်လာ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

အရှေ့သို့- လူသားကို ဘုရားသခင်၏ စုံလင်စေခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၄၄။ မိမိ၏ အကျင့်စရိုက်နှင့် အပြုအမူတို့ကို စေ့ငုစွာ သုံးသပ်ဆင်ခြင်ခြင်းအားဖြင့် မိမိကိုယ်မိမိ သိခြင်းဆိုင်ရာ မူများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကို ဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်